Daw San Saw Htwe

Daw San Saw Htwe

A Member of National League for Democray

Photos from Daw San Saw Htwe's post 16/11/2020

အမျိုးသမီးတစ်​သီးပုဂ္ဂလကိုယ်​စားလှယ်​​လောင်းတစ်​ဦးအ​နေဖြင့်
ကိုယ်​စွမ်းဥာဏ်​စွမ်းရှိသ၍ မနားမ​နေအားကုန်​ ကြိုးစားကာ
ရွေး​ကောက်​ပွဲဥပ​ဒေ နည်းဥပ​ဒေများနှင့်​အညီ
တိုင်းရင်းသားပြည်​သူအားလုံးအတွက်​ ကိုယ်​စားပြု၍
ရိုးသားဆုံးစွာ ယှဉ်​ပြိုင်​ခဲ့ပါတယ်​။

မိမိအ​ပေါ်ယုံကြည်​စွာဖြင့်
စည်းရုံး​ရေးကာလမှ​ရွေး​ကောက်​ပွဲပီးသည်​အထိ
လူကိုယ်​တိုင်​လိုက်​ပါ အား​ပေးဝန်းရံခဲ့ကြသူလူငယ်​များနှင့်
အနီးကပ်​အား​ပေး​ပေးသည့်​ပုဂ္ဂိုလ်​တစ်​ဦးချင်းစီကို​သော်​လည်း​ကောင်း၊

ငွေအား ပစ္စည်းအားဖြင့်​​ကူညီဝန်းရံ​ပေးကြ​သော
ပုဂ္ဂိုလ်​တစ်​ဦးချင်းဆီကို​သော်​လည်း​ကောင်း၊

ကျွန်​မရဲ့​ရွေး​ကောက်​ပွဲဆိုင်​ရာအငြင်းပွား​မှုပဋိပက္ခ ညှိနှိုင်း​ဖြေရှင်း​ရေးကိုယ်​စားလှယ်​အဖြစ်​သာမက စည်းရုံး​ရေးကာလအစမှအဆုံးတိုင်
လိုက်​ပါကူညီ​ဆောင်​ရွက်​​ပေးသည့်
လေးစားရပါ​သော ဦးစိုင်း​ကျော်​ဝင်းအားလည်း​ကောင်း၊

ကျွန်​မရဲ့​ရွေး​ကောက်​ပွဲကိုယ်​စားလှယ်​အဖြစ်
တာဝန်​ယူ​ပေးခဲ့​သော ကိုစိုင်းဆိုင်​ဝမ်းအားလည်း​ကောင်း၊

မဲဆန္ဒရှင်​တိုင်းရင်းသားပြည်​သူတစ်​ဦးချင်းဆီကို​သော်​လည်း​ကောင်း၊

ကျွန်မရဲ့ ​မဲရုံကိုယ်​စားလှယ်​များအဖြစ်​​ အပင်​ပန်းခံ
ဆောင်​ရွက်​​ပေးကြသူတစ်​ဦးချင်းဆီအားလည်း​ကောင်း၊

လိုအပ်​သည်​များကိုကူညီ​ပေးကြ​ပါ​သော
ခရိုင်​နှင့်​မြို့နယ်​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​အဖွဲ့ခွဲမှ
တာဝန်​ရှိပုဂ္ဂိုလ်​အားလုံးတို့အားလည်း​ကောင်း၊
ရပ်​​ကျေး​ကော်​မရှင်​အသီးသီးနှင့်
ရပ်​​ကျေးအုပ်​ချုပ်​​ရေးမှုးများအားလည်း​ကောင်း၊
မဲရုံတာဝန်​ကျ ဌာနဆိုင်​ရာဝန်​ထမ်းများအားလုံးနှင့်
ဆရာ ဆရာမများအားလည်း​ကောင်း
ဌာနဆိုင်​ရာအသီးသီးမှတာဝန်​ရှိပုဂ္ဂိုလ်​အားလုံးတို့အားလည်း​ကောင်း၊
မဲဆန္ဒရှင်​များ လုံခြုံစိတ်​ချစွာမဲ​ပေးနိုင်​​ရေးအတွက်
တာဝန်​ယူ​ဆောင်​ရွက်​​ပေးကြ​သော
လုံခြုံ​ရေးအဖွဲ့အသီးသီးအားလည်း​ကောင်း

သတင်းဌာနအသီးသီးမှ သတင်း​ထောက်​များအားလည်း​ကောင်း

ဂါရဝတရား​ရှေ.ထား၍ ​လေးစားစွာဖြင့်
လေး​လေးနက်​နက်​ အထူး​ကျေးဇူးတင်​ရှိပါ​တယ်​ရှင့်​။

ပုဂ္ဂိုလ်​တစ်​ဦးချင်းဆီ၏
ကျေးဇူးတရားများအား အမြဲမ​မေ့မ​လျှော့ဘဲ
ရှေ.ဆက်​၍လည်း
မူဆယ်​​ဒေသနှင့်​တိုင်းရင်းသား​မောင်​နှမအားလုံးအတွက်
ကိုယ်​စွမ်းဥာဏ်​စွမ်းရှိသ၍
အနိုင်​ရကိုယ်​စားလှယ်​များနှင့်​အတူ
လက်​တွဲ ​ပူး​ပေါင်းကူညီ​ဆောင်​ရွက်​​ပေးသွားပါမယ်​ရှင့်​။

လေးစားစွာဖြင့်
 ​ဒေါ်စန်းစန်း​ထွေး

Photos from Daw San Saw Htwe's post 06/11/2020

(၆.၁၁.၂၀၂၀)ရက်​​နေ့ ည​နေ
တုန်​ခန်​​ကျေးရွာ ရှမ်းလူငယ်​ဇရပ်

ဒေသခံတိုင်းရင်းသားများနှင့်
ရင်းနှီးပွင့်​လင်းစွာ​တွေ့ဆုံ၍
ရွေး​ကောက်​ပွဲအသိပညာ​ပေးရှင်းလင်းပြခြင်း
မဲ​ပေးခြင်းလက်​​တွေ့ပညာ​ပေးခြင်း တို့ကို​ဆောင်​ရွက်​ခဲ့သည်​။

Photos from Daw San Saw Htwe's post 06/11/2020

(၆.၁၁.၂၀၂၀)ရက်​​နေ့ နံနက်​ပိုင်းတွင်
မူဆယ်​မြို့နယ်​ ​အောက်​တုန်​ခန်​​ကျေးရွာသို့သွား​ရောက်​၍
ဒေသခံတိုင်းရင်းသားများနှင့်
ရင်းနှီးချစ်​ခင်​စွာ​​​​တွေ့ဆုံ​ဆွေး​နွေး၍
မဲ​ပေးနည်းလက်​​တွေ့ပညာ​ပေးခဲ့သည်​။

Photos from Daw San Saw Htwe's post 05/11/2020

နိုဝင်​ဘာ၅ရက်​​နေ့ ည​ပိုင်းအချိန်​က
မူဆယ်​မြို့ ဟိုမွန်​ရပ်​ကွက်​ ​၄၅ကုန်းတွင်​ 
ဒေသခံတိုင်းရင်းသားများနှင့်
ရင်းနှီးချစ်​ခင်​စွာ ​အပြန်​အလှန်​​တွေ့ဆုံ​ဆွေး​နွေး၍
မဲ​ပေးခြင်းကို လက်​​တွေ့အသိပညာ​ပေးခဲ့သည်​။

Photos from Daw San Saw Htwe's post 04/11/2020

(၄.၁၁.၂၀၂၀)ရက်​​နေ့
-------------------------
ရပ်​​ကျေး​ကော်​မရှင်​​ရုံးများထံသို့ သွား​ရောက်​၍
နောက်​ဆုံးအကြိမ်​ကပ်​ထား​သော မဲဆန္ဒရှင်​ပြည်​သူများ၏
မဲစာရင်းများကို ကြည်​ရှူ့​လေ့လာခဲ့သည်​။

Photos from Daw San Saw Htwe's post 31/10/2020

(၃၁.၁၀.၂၀၂၀)ရက်​​နေ့
နမ့်​ကပ်​​ကျေးရွာ ရွာဇရပ်

ဒေသခံတိုင်းရင်းသားများထံ
ဒုတိယအကြိမ်​သွား​ရောက်​​ ​တွေ့ဆုံ​ဆွေး​နွေးအပီး
မဲ​ပေးခြင်းလက်​​တွေ့ပညာ​ပေးခဲ့။

Photos from Daw San Saw Htwe's post 28/10/2020

(၂၈.၁၀.၂၀၂၀)ရက်​​နေ့

မူဆယ်​မြို့​ပေါ်ရပ်​ကွက်​ရှိ မဲဆန္ဒရှင်​အချို့ထံ
အိမ်​အ​ရောက်​​သွား​ရောက်​ ​တွေ့ဆုံ​၍
ရွေး​ကောက်​ပွဲအသိပညာ​ပေးခြင်း
ရွေးချယ်​မဲ​ပေးတက်​​စေရန်​ ရှင်းလင်း​ပြောကြား၍
လက်​​တွေ့မဲ​ပေးနည်း ပညာ​ပေးခြင်း​ဆောင်​ရွက်​ခဲ့ခြင်း။

27/10/2020

ချစ်​ခင်​​လေးစားရပါ​သော
မူဆယ်​မြို့နယ်​ ​တော်​ရွက်​ရပ်​ကွက်​အတွင်းရှိ မဲဆန္ဒရှင်
တိုင်းရင်းသားပြည်​သူများသို့ ​အသိ​ပေးခြင်း
---------------------------------------
ရွေး​ကောက်​ပွဲကျင်းပခြင်း မပြု​ကြောင်း နယ်​​မြေစာရင်းမှ
ပယ်​ဖျက်​၍
မူဆယ်​မြို့နယ်​ ​တော်​ရွက်​ရပ်​ကွက်​ကို
ရွေး​ကောက်​ပွဲများ ကျင်းပပြုလုပ်​​ပေးမည်​ဖြစ်​​ကြောင်း
ပြည်​​ထောင်​စု​ရွေး​ကောက်​ပွဲ​ကော်​မရှင်​မှ
ပြန်​လည်​အတည်​ပြု သတ်​မှတ်​​ပေးလိုက်​ပါတယ်​ရှင်​။

Photos from Daw San Saw Htwe's post 25/10/2020

(၂၅.၁၀.၂၀၂၀)ရက်​​နေ့
ဒုတိယခရီးစဉ်

တောင်​​ပေါ်နမ့်​ငူး​ကျေးရွာအုပ်​စု
ဒေသခံကချင်​တိုင်းရင်းသားများနှင့်
ဒုတိယအကြိမ်​ သွား​ရောက်​​တွေ့ဆုံ​ ​ဆွေး​နွေးအပီး
မဲ​ပေးခြင်း လက်​​တွေ့ပညာ​ပေး။

Photos from Daw San Saw Htwe's post 25/10/2020

(၂၅.၁၀.၂၀၂၀) ရက်​​နေ့
နံနက်​ပိုင်းခရီး

နမ့်​ပတီး​ကျေးရွာအုပ်​စုသို့ ဒုတိယအကြိမ်​သွား​ရောက်၍
ဒေသခံကချင်​တိုင်းရင်းသားနှင့်​​တွေ့ဆုံ​ဆွေး​နွေးအပြီး
မဲ​ပေးမမှား​စေရန်
မဲ​ပေးခြင်းလက်​​တွေ့ပညာ​ပေးကြစဉ်​။

Photos from Daw San Saw Htwe's post 24/10/2020

(၂၄.၁၀.၂၀၂၀) ရက်​​နေ့

မူဆယ်​မြို့​ပေါ် ရပ်​ကွက်​အချို့၌

ကိုယ်​စားလှယ်​​လောင်း၏

လက်​ကမ်းစာ​စောင်​များအား ဝန်းရံသူများက လိုက်​လံ​ဝေစဉ်

အတူလိုက်​ပါ အားဖြည့်​​ပေး။

Photos from Daw San Saw Htwe's post 23/10/2020

(၂၃.၁၀.၂၀၂၀) ရက်​​နေ့

မူဆယ်​မြို့​ပေါ် မဲဆန္ဒရှင်​များထံ
အိမ်​အ​ရောက်​ သွား​ရောက်​​တွေ့ဆုံ​ဆွေး​နွေး၍
မဲ​ပေးနည်း လက်​​တွေ့ပညာ​ပေးခဲ့။

Photos from Daw San Saw Htwe's post 20/10/2020

(၁၉.၁၀.၂၀၂၀) ရက်​​နေ့
ခရိုင်​​ရွေး​ကောက်​ပွဲ​ကော်​မရှငိအဖွဲ့ခွဲရုံး၊

- ပြည်​​ထောင်​စု​ရွေး​ကောက်​ပွဲ ​ကော်​မရှင်​မှ
ထုတ်​ပြန်​​ကြေညာလိုက်​သည့်
ရွေး​ကောက်​ပွဲကျင်းပနိုင်​ခြင်းမရှိသည့်
မူဆယ်​ခရိုင် မူဆယ်​မြို့​ပေါ် ​တော်​ရွက်​ရပ်​ကွက်​အပါအဝင်
အချို့​ကျေးရွာများအတွက်
မူဆယ်​ခရိုင်​​ရွေး​ကောက်​ပွဲ​ကော်​ရှင်​အဖွဲ့ခွဲရုံးတွင်
တွေ့ဆုံစည်း​ဝေးခဲ့ကြပါတယ်​။

- အစည်းအ​ဝေးတွင်​ ​​တော်​ရွက်​ရပ်​ကွက်​မှ မဲဆန္ဒရှင်​ပြည်​သူများ
နိုင်​ငံသားအခွင့်​အ​ရေးမဆုံးရှုံးရ​စေရန်​ SNDP ၊ USDP ၊ SNLD ၊
TNP ၊ UBP ပါတီတို့နှင့်​ တစ်​သီးပုဂ္ဂလကိုယ်​စားလှယ်​​လောင်း တို့မှ
တော်​ရွက်​ရပ်​ကွက်​၏ လက်​ရှိနယ်​​မြေအ​ခြေအ​နေသည်
ရွေး​ကောက်​ပွဲဥပ​ဒေ ပုဒ်​မ ၁၀(စ) နှင့်​ ပုဒ်​မ ၅၀ (က ၊ ခ)
တို့အရ ငြိစွန်းခြင်းမရှိ ၊တည်​ငြိမ်​​အေးချမ်း​လျက်​ရှိပီး
ရွေး​ကောက်​ပွဲကျင်းပပြုနိုင်​​ကြောင်းကို အသီးသီးရှင်းလင်းတင်​ပြ​ထောက်​ခံခဲ့ကြပါတယ်​။
နိုင်​ငံ​ရေးပါတီများ၊ ကိုယ်​စားလှယ်​​လောင်းများအ​နေနှင့်​လဲ
ရွေး​ကောက်​ပွဲကျင်းပသင့်​​ကြောင်းကို ခရိုင်​​ရွေး​ကော်​နှင့်​ပြည်​နယ်​၊
နှင်​ ပြည်​​ထောင်​စုအဆင့်​ဆင့်​သို့ (၂၀.၁ဝ.၂၀၂၀)တွင်​ အမြန်​ဆုံး
စာဖြင့်​ဆက်​လက်​တင်​ပြကြရန်​ ​ဆွေး​နွေးဆုံးဇြတ်​ခဲ့ကြပါတယ်​။

- SNDP နှင့်​ USDP ပါတီတို့မှ ပြည်​​ထောင်​စု​ရွေး​ကောက်​ပွဲ​ကော်​မရှင်​မှ ထိုသို့ထုတ်​ပြန်​​ကြေညာခြင်းသည်​ မမှန်​မကန်​သတင်းမှား​ပေးပို့ခြင်း​ကြောင့်​လဲ ဖြစ်​နိုင်​သဖြင့်​ ထိုသို့မမှန်​မကန်​သတင်း​ပေးပို့သည့်​ ပါတီအဖွဲ့အစည်း(သို့)ကိုယ်​စားလှယ်​​လောင်းကို
စုံစမ်း​ဖေါ်ထုတ်​အ​ရေးယူရန်​ တင်​ပြခဲ့ရာ တက်​​ရောက်​လာသည့်
SNLD ၊ TNP ၊ UBP ပါတီနှင့်​ တစ်​သီးပုဂ္ဂလကိုယ်​စားလှယ်​​လောင်းတို့မှ မဲဆန္ဒရှင်​ပြည်​သူများစိတ်​ရှင်း​စေရန်​နှင့်
မူဆယ်​​ရွေး​ကောက်​ပွဲသမိုင်းတွင်​ အမဲစက်​မထင်​​စေရန်
ထောက်​ခံ​ဆွေး​နွေးတင်​ပြခဲ့ကြပါတယ်​။
ခရိုငိ​ရွေး​ကောက်​ပွဲ​ကော်​မရှင်​မှလဲ ဆက်​လက်
စစ်​​ဆေးစုံစမ်းသွားမည်​ ဖြစ်​​ကြောင်း​ဖြေကြားခဲ့ပါတယ်​။

- NLD ပါတီမှ စုံစမ်း​ဖေါ်ထုတ်​အ​ရေးယူရန်​ ယခုအခါ
အချိန်​မရှိသဖြင့်​ ​ရွေး​ကောက်​ပွဲကျင်းပနိုင်​​ရေးကိုသာ အရင်​ရက်​သတ်​မှတ်​၍စာတင်​ပြရန်​နှင့်​ အချင်းချင်းအထင်မမှားကြရန်​၊
တခါတရံ လွဲမှားမှုများဖြစ်​တက်​​ကြောင်း​ ​ဆွေး​နွေးသွားပါတယ်​။

18/10/2020

မန့်​ဟီးရိုးမြို့နယ်​ခွဲသို့
ပါတီစည်းရုံး​ရေးခရီးသွားစဉ်
နောင်​ဟင်​ဆိပ်​ ​ရွှေလီမြစ်​အတွင်း
ယာဉ်​မ​တော်​တဆဖြစ်​စဉ်​တွင်
ကွယ်​လွန်​သွားကြ​သူ (၄) ဦးအတွက်

ကျန်​ရစ်​သူမိသားစုဝင်​များနှင့်​ထပ်​တူ၊

SNLD (ရှမ်းတိုင်းရင်းသားများဒီမိုက​ရေစီအဖွဲ့ချုပ်​) ပါတီနှင့်​ထပ်​တူ
အထူးဝမ်းနည်းစိတ်​မ​ကောင်းဖြစ်​ရပါတယ်​။

ကောင်းရာသုဂတိသို့ ​ရောက်​ရှိပါ​စေ​ကြောင်း
ဆု​တောင်း​မေတ္တာပို့သအပ်​ပါတယ်။

ဒေါ်စန်းစန်း​ထွေး
၁၈.၁၀.၂၀၂၀

Photos from Daw San Saw Htwe's post 18/10/2020

(၁၈.၁၀.၂၀၂၀) ရက်​​နေ့.......................

ဒေသခံတိုင်းရင်းသားများထံသွား​ရောက်​​တွေ့ဆုံ​ဆွေး​နွေး​ရေးနှင့်
မဲ လက်​​တွေ့​ ပညာ​ပေး
ရွာ(၃)ခရီးစဉ်​တွင်

ပထမဆုံး မန်​ကန်​ရွာ​၌ ​ဆွေး​နွေးပွဲနှင့်​မဲ​ပေးနည်း လက်​​တွေ့ပညာ​ပေးခြင်းအပီး
ဒုတိယရွာသို့ ဆက်​လက်​ထွက်​ခွာ။

Photos from Daw San Saw Htwe's post 17/10/2020

ည​နေမှာ​တော့

ဒေသခံလူငယ်​​တွေ တစ်​သင်းနဲ့တစ်​သင်း

ချစ်​ကြည်​​ရေး​ဘောလုံးပွဲကို လာအား​ပေးဘို့ ​ဖိတ်​​ခေါ်​တာနဲ့

ဘောလုံးပွဲကြည့်​အား​ပေးတာ​ပေါ့၊

တခါမှမနိုင်​ဘူးတဲ့အသင်းက

၅ ဂိုး - ၃ ဂိုး နဲ့သူတို့နိုင်​​တော့

အန်​တီလာအား​ပေးလို့လားမသိဘူး၊ နိုင်​ပီတဲ့...😍

ဘောလုံးပွဲပီး​တော့

ရွေး​ကောက်​ပွဲနဲ့ပက်​သက်​ပီး အန်​တီရှင်းပြ​ပေးပါအုံးဆိုလို့

ရှင်းပြ​ပေးခဲ့ရပြန်​တယ်​။

Photos from Daw San Saw Htwe's post 17/10/2020

မဲဆန္ဒရှင်​ပြည်​သူများအား

မဲ​ပေးရမည့်​ပုံစံအား ရှင်းပြပီး

တစ်​ဦးချင်းဆီ လက်​​တွေ့တံဆိပ်​တုံးနှိပ်​စေ၍

မဲ​ပေးခြင်းနမူနာများ ပြုလုပ်​​စေခဲ့။

Photos from Daw San Saw Htwe's post 17/10/2020

ချစ်​ခင်​​လေးစားရပါ​သော မဲဆန္ဒရှင်
တိုင်းရင်းသားပြည်​သူများသို့ အသိ​ပေးတင်ပြခြင်း
--------------------------------------
(၁၆.၁၀.၂၀၂၀)ရက်​​နေ့ ရက်​စွဲဖြင့်
ထုတ်​ပြန်​​ကြေညာချက်​တွင်
မူဆယ်​ခရိုင်​ မူဆယ်​မြို့နယ်​အတွင်းရှိ ​တော်​ရွက်​ရပ်​ကွက်​၊
နောင်​ဆိုင်​​ကျေးရွာအုပ်​စု၊ နမ့်​မြဲကချင်​​ကျေးရွာ နှင့်
အခြား​ကျေးရွာအချို့၊
ကွတ်​ခိုင်​မြို့နယ်​အတွင်းရှိ ​ကျေးရွာအချို့ တို့ကို
လွတ်​လပ်​၍တရားမျှတမှုရှိ​သော ​ရွေး​ကောက်​ပွဲကျင်းပရန်
မဖြစ်​နိုင်​သည့်​ ​နေရာများအဖြစ်​ ထုတ်​ပြန်​​ကြေညာခဲ့ပါတယ်​။

ဒီ​နေ့မနက်​မှာ ပြည်​သူကိုကိုယ်​စားပြုပီး
ရွေး​ကောက်​ပွဲဝင်​​ရောက်​ယှဉ်​ပြိုင်​မယ့်
မူဆယ်​ မဲဆန္ဒနယ်​အမှတ်​(၁)ကိုယ်​စားလှယ်​​လောင်းတစ်​ဦးအ​နေနဲ့
မဲဆန္ဒရှင်​ပြည်​သူများ ရပိုင်​ခွင့်​အခွင့်​အ​ရေးမဆုံးရှုံးရ​စေရန်
ခရိုင်​ရွေး​ကောက်​ပွဲ​ကော်​မရှင်​အဖွဲ့ခွဲ
တာဝန်​ရှိသူနဲ့ အခြားတာဝန်​ရှိသူတို့ထံ
၎င်းထုတ်​ပြန်​ချက်​နှင့်​ပက်​သက်​၍
၂၀၁၅ ​ရွေး​ကောက်​ပွဲကာလအ​ခြေအ​နေနှင့်​နှိုင်းယှဉ်​ပြခြင်း
လက်​ရှိအ​ခြေအ​နေတွင်​လဲ တည်​ငြိမ်​​အေးချမ်းလျက်​ရှိ​နေခြင်းတို့ကို
နယ်​​မြေအ​ခြေအ​နေအရပ်​ရပ်​အ​ပေါ် သုံးသပ်​ရှင်းပြပီး
မေးမြန်း​ဆွေး​နွေးခဲ့ပါတယ်​။

မူဆယ်​ခရိုင်​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​အ​နေနဲ့
၎င်းထုတ်​ပြန်​​ကြေညာချက်​ ထွက်​ရှိလာမှသာ သိရှိခဲ့ရပီး
ဒေသအ​ခြေအ​နေနှင့်​ပက်​သက်​၍ အသိဆုံးဖြစ်​သည့်
ခရိုင်​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ကို ​မေးမြန်းခြင်းမရှိဘဲ
ထုတ်​ပြန်​​ကြေညာလိုက်​ခြင်းသာဖြစ်​​ကြောင်း၊
ပြန်​လည်​​ဖြေရှင်းတင်​ပြပီး ​ရွေး​ကောက်​ပွဲကျင်းပနိုင်​​ကြောင်းကို
ရပ်ေ​ကျး​ကော်​မရှင်​များ၊ မြို့နယ်​​ကော်​မရှင်​များမှလဲ
ပြန်​လည်​​ဖြေရှင်​တင်​ပြ​ပေးသွားမည်​ဖြစ်​​ကြောင်း၊

ခရိုင်​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​အ​နေဖြင့်​လဲ
အမြန်​ဆုံး အစည်းအ​ဝေး​ခေါ်ယူ၍ မှတ်​တမ်းများ၊
အချက်​အလက်​များနှင့်​တစ်​ကွ
ုပြည်​​ထောင်​စု​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ထံ
ရွေး​ကောက်​ပွဲ​ကော်​မရှင်​ ဥပ​ဒေ နည်းဥပ​ဒေများနှင့်​အညီ
ဖြေရှင်းတင်​ပြပီး
မဲဆန္ဒရှင်​ တိုင်းရင်းသားပြည်​သူများအားလုံး၏
အခွင့်​အ​ရေးမဆုံးရှုံး​စေရန်​ သက်​ဆိုင်​ရာဌာနများနှင့်​အတူ
ကြိုးစား ​ဖြေရှင်း​ဆောင်​ရွက်​​ပေးသွားမှာဖြစ်​ပါ​ကြောင်း
လေးစားစွာအသိ​ပေးအပ်​ပါတယ်​ရှင်​။

Photos from Daw San Saw Htwe's post 17/10/2020

(၁၇.၁၀.၂၀၂၀)ရက်​​နေ့ နံနက်​ပိုင်းမှာ

မူဆယ်​မြို့​ပေါ် မဲဆန္ဒရှင်​အချို့ထံ
သွား​ရောက်​​တွေ့ဆုံ ​ဆွေး​နွေးခဲ့ပါတယ်​။

မဲဆန္ဒရှင်​ပြည်​သူ​တွေရဲ့ ​နွေး​ထွေးမှု၊ အား​ပေးမှု
သူတို့​မျှော်​လင့်​ချက်​​တွေ​နဲ့ သူတို့ရဲ့
စိတ်​အားထက်​သန်​​နေကျတဲ့ စိတ်​​တွေက
ကျွန်​မအတွက်​ ခွန်​အား​ပိုတိုး​စေပါတယ်​။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ရွေးကောက်ပွဲကျင်းပခြင်းမပြုနိုင်သည့်နယ်မြေများ ထုတ်ပြန် ကြေညာခြင်း

နေပြည်တော်၊ အောက်တိုဘာလ ၁၆ ရက်

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုနိုင်သည့် မြို့နယ်အလိုက် ရပ်ကွက်/ကျေးရွာအုပ်စုအမည်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ Website ဖြစ်သော www.uec.gov.mm တွင် အသေးစိတ်ဖော်ပြထားရှိပါသဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

Photos from Daw San Saw Htwe's post 16/10/2020

(၁၆.၁၀.၂၀၂၀)ရက်​​နေ့

မူဆယ်​မြို့တွင်​ အလုပ်​လုပ်​ကိုင်​ရန်​​ရောက်​ရှိလာပီး
အလုပ်​ရှာမရဘဲ အပြန်​စရိတ်​လဲမရှိ၍
မန္တ​လေးတိုင်း​ဒေသကြီး နွားထိုးကြီးသို့
လမ်း​လျှောက်​ပြန်​မည်​ဟုဆိုကာ အဝတ်​အိတ်​​လေးပိုက်​ပီး
တစ်​ဦးတည်း လမ်း​လျှောက်​လာ​နေ​သော
အမျိုးသမီးငယ်​​လေး မသန့်​သန့်​​အေး အား
လမ်း​မ​ပေါ်တွင်​ ​တွေ့၍ ​မေးမြန်းပီး
အန္တရာယ်​တစ်​စုံတစ်​ခုနှင့်​ကြုံ​တွေ့မည်​ စိုးရိမ်​သဖြင့်
မူဆယ်​မြို့ တရုတ်​စာသင်​​ကျောင်း(Quarentine Center) တွင်
ဖွင့်​လှစ်​ထား​သော ​နေရပ်​ပြန်​လည်​ပို့​ဆောင်​​ရေး
တာဝန်​ရှိသူတို့ထံ ပို့​ဆောင်​အပ်​နှံခဲ့ပီး
၎င်းအမျိုးသမီးငယ်​​လေးအတွက်
ခရီးစရိတ်​ နှင့်​ အသုံးစရိတ်​အတွက်
ကျပ်​​ငွေ ငါး​သောင်း​ထောက်​ပံ့​ပေးအပ်​ခဲ့ပီး
အန္တရာယ်​ကင်းစွာ ​နေရပ်​ပြန်​နိုင်​ရန်​ ကူညီ​ပေးခဲ့ပါတယ်​ရှင်​။

Photos from Daw San Saw Htwe's post 15/10/2020

(၁၅.၁၀.၂၀၂၀)ရက်​​နေ့-
ဒေသခံတိုင်းရင်းသားများထံ သွား​ရောက်​​တွေ့ဆုံ...

ဒေသခံများနှင့်​အပြန်​အလှန်​​မေးမြန်း​ဆွေး​နွေးရာ
ဒေသခံများမှ မိမိတို့​ရွေးချယ်​​ပေးလိုက်​ရမည့်
လွှတ်​​တော်​သုံးရပ်​မှ ကိုယ်​စားလှယ်​များ၏
တာဝန်​များအား ​မေးမြန်း​ဆွေး​နွေးလာ၍
ရှင်းပြ​ပေးခဲ့ပါတယ်​။

- တိုင်းရင်းသားများအတွက်​ တန်းတူအခွင့်​အ​ရေးဆိုသည့်
အဓိပ္ပါယ်​၏ ​လေးနက်​ချက်​၊
- မူဆယ်​မြို့အတွက်​အဓိကလိုအပ်​​သော တရားဥပ​ဒေစိုးမိုးမှု
မရှိခြင်း၊ တရားဥပ​ဒေဆိုသည်​ မိမိတို့ကို အမှန်​တစ်​ကယ်
လက်​​တွေ့ကာကွယ်​​ပေး​မှု မရှိခြင်း၊
- တစ်​ဘက်​နိုင်​ငံတွင်​ သွား​ရောက်​အလုပ်​လုပ်​ကိုင်​​နေရသည့်
အလုပ်​သမားများ မိမိနိုင်ငံ၏​စောင့်​​ရှောက်​မှု​အောက်​တွင်
တရားဝင်​အလုပ်​လုပ်​ကိုင်​ခွင့်​ ရရှိ​စေ​ရေး တို့ကို
အပြန်​အလှန်​​ဆွေး​နွေးခဲ့ကြပါတယ်​။

- ၄င်း​နောက်​ မဲ​ပေးနည်းကို ရှင်းပြ၍ မဲ​ပေးနည်း
လက်​​တွေ့ပညာ​ပေးခဲ့ပါတယ်​။

Photos from Daw San Saw Htwe's post 13/10/2020

ယ​နေ့
(၁၃.၁၀.၂၀၂၀) ရက်​​နေ့ ခရီးတွင်

ဒေသခံတိုင်းရင်းသားများနှင့်​​တွေ့ဆုံ​ဆွေး​နွေးရာမှာ

- ​ဒေသခံများအတွက်​ အလုပ်​အကို​င်​အတည်​တကျရရှိ​ရေး၊
- ​ကျေးရွာများအတွက်​ မြန်​မာလျှပ်​စစ်​မီးရရှိ​ရေး
- ​ဒေသတွင်းသီးနှံထွက်​ကုန်​များ တစ်​ဘက်​နိုင်​ငံသို့
အဆင်​​ပြေ​ချော​မွေ့စွာ ​ရောင်းချနိုင်​​ရေး တို့နှင့်​ပတ်​သက်​၍

အပြန်​အလှန်​ ​ဆွေး​နွေးခဲ့ကြပါတယ်​။

Photos from Daw San Saw Htwe's post 11/10/2020

အမှန်​တရားအတွက်​ဘဲ၊
နလ်​ဆင်​မင်​ဒဲလား (Nelson Mandela)
ပြောသလို​ပေါ့၊

" we must use time wisely and
forever realize that the time is
always ripe to do right."

" အချိန်​ကို ကျွန်​မတို့ ဥာဏ်​နဲ့ယှဉ်​ပီးသုံးရမယ်​။
အမြဲတမ်း နှလုံးသွင်းထားရမယ့်​အချက်​က​တော့
အမှန်​ကို လုပ်​ဖို့အတွက်​ အမြဲတမ်း အချိန်​တန်​​နေပီဆိုတာဘဲ "

ကျွန်​မအ​နေနဲ့ ​တွေ​ဝေ တွန့်​ဆုတ်​​နေဘို့ မလိုဘူး။
အချိန်​မရှိဘူး​လေ။

" challenge and obstacle လား၊
ဒါ​တွေက​တော့ ရှိ​နေမှာ​ပေါ့၊
ဒါ​တွေက ကျွန်​မအတွက်
ကျွန်​မကို polish လုပ်​​ပေး​နေတဲ့
ခွန်​အား​တွေလို့ဘဲ သတ်​မှတ်​တယ်​ "

(သတင်းဌာနနှင့်​အ​မေးအ​ဖြေ မှ ကျွန်​မပြန်​လည်​​ဖြေကြားမှု​ကောက်​နှုတ်​ချက်​)

Photos from Daw San Saw Htwe's post 08/10/2020

ပြည်​​ထောင်​စု​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ရဲ့
---------------------------------
ထုတ်​ပြန်​ညွှန်​ကြားချက်​​များရဲ့ အထက်​မှာ ရှိ​နေတဲ့
------------------------------------------
အချို့​သော ရပ်​​ကျေးအုပ်​ချုပ်​​ရေးမှုး​များနဲ့
----------------------------------
ရပ်​​ကျေး​ကော်​မရှင်​အချို့ရဲ့ သတ်​မှတ်​ကန့်​သတ်​ချက်​​များ
------------------------------------------------

မဲ​ပေးခွင့်​ အမှန်​တစ်​ကယ်​ရှိပါလျှက်
ပြည်​သူ​တွေရဲ့ မဲ​ပေးပိုင်​ခွင့်
အခွင့်​အ​ရေး ရရှိပါ့မလား။

ပြည်​​ထောင်​စု​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ရဲ.
ထုတ်​ပြန်​​ကြေညာထားချက်​​တွေနဲ့
တစ်​ကယ်​တမ်း ​မြေပြင်​မှာ​ရော
အဲ့ဒီထုတ်​ပြန်​​ကြေညာချက်​​တွေအ​ပေါ်
အတားအဆီး​တွေ​ ဘယ်ေ​လာက်​ရှိ​နေလဲ။

ပြည်​​ထောင်​စု​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ရဲ့
ထုတ်​ပြန်​​ကြေညာထားချက်​​တွေဟာ
မဲဆန္ဒရှင်​ပြည်​သူတစ်​​ယောက်​ချင်းစီရဲ့
ရပိုင်​ခွင့်​ အခွင့်​အ​ရေးအတွက်
ထိ​ရောက်​မှု ရှိရဲ့လား။

ဒိ​နေ့လဲ တစ်​​နေကုန်​​အောင်
ပြည်​သူ့အခွင့်​အ​ရေး မဆုံးရှုံးရ​အောင်
ပြည်​သူကိုယ်​စား လိုက်​လံ​ဆောင်​ရွက်​​ပေးရင်း
စကားစစ်​ထိုးရတာ ခုချိန်​ထိ။

06/10/2020

ယ​နေ့ အ​မေးအ​ဖြေအချို့မှ ​ကောက်​နှုတ်​ချက်
--------------------------------------

- ကျွန်​မတို့နိုင်​ငံရဲ့ လွှတ်​​တော်​တွင်း
အမျိုးသမီးများ ပါဝင်​မှုနှုန်းဟာ
အာဆီယံနိုင်​ငံ​တွေအတွင်းမှာ​​တောင်​ အနိမ့်​ဆုံးမှာရှိတယ်​၊
အမြင့်​ဆုံးဖြစ်​တဲ့ ဖိလစ်​ပိုင်​မှာ​တောင်​ ၂၇.၉၆%
ကျွန်​မတို့နိုင်​ငံက ပြည်​သူ့လွှတ်​​တော်​မှာ ၁၁.၃%
အမျိုးသားလွှတ်​​တော်​မှာ ၁၂.၁%
တိုင်း​ဒေသကြီး ပြည်​နယ်​လွှတ်​​တော်​မှာ ၉.၈%
လွှ​တ်​​တော်​သုံးခုလုံးကိုကြည့်​ရင်​ ၁၁.၃၁% ဘဲရှိတယ်
အဲ့ဒီ​တော့ စဉ်းစားသာကြည့်​​တော့​လေ၊

- နိုင်​ငံ​ရေးသမားတစ်​​ယောက်​ဟာ
နိုင်​ငံအတွက်​ ပြည်​သူ​အတွက်​ အလုပ်​လုပ်​​ပေးမယ်​ဆိုတာ
တာဝန်​ဆိုပီး​စေခိုင်းလာမှ လုပ်​ရမယ်​ဆိုရင်
ကိုယ်​ပိုင်​ခံယူချက်​မရှိတဲ့ နိုင်​ငံ​ရေးသမားဖြစ်​သွားမှာ​ပေါ့၊
ကိုယ်​တိုင်​တာဝန်​ယူချင်​တဲ့စိတ်​ မရှိတဲ့
နိုင်​ငံ​ရေးသမားဘဲ​ပေါ့၊
ကျွန်​မက​တော့ အဲလိုဘဲသတ်​မှတ်​တယ်​၊
ကိုယ်​တိုင်​တာဝန်​သိစိတ်​နဲ့ တာဝန်​ယူ​ပေးတာ
စိတ်​မ​ကောင်းစရာလား၊
ရှင်​တို့ နိုင်​ငံမှာဆိုရင်​​ရော
နိုငိငံအတွက်​စိတ်​မ​ကောင်းစရာလို့ သတ်​မှတ်​မလား၊
ရှင်​တို့နိုင်​ငံနဲ့လဲ ပြန်​​တွေးကြည့်​လိုက်​​လေ။

- ကျွန်​မတို့နိုင်​ငံရဲ့
ခေတ်​အဆက်​ဆက်​ နိုင်​ငံ​ရေးသမား​တွေ
ခေါင်း​ဆောင်​​တွေအားလုံးက​ရော
ခိုင်းမှ ပြည်​သူနဲ့နိုင်​ငံအတွက်​ လုပ်​​ပေးခဲ့တာလား၊
ကိုယ့်​အသိစိတ်​ တာဝန်​ရှိစိတ်​နဲ့လုပ်​ခဲ့တာလား၊
ရှင်​တို့ဆီမှာ​ရော ခိုင်းမှဘဲလုပ်​​ပေးခွင့်​ရှိတာလား၊

- အထူးသဖြင့်​ ဒီလို​ဒေသမှာ
ပြည်​သူ့ကိုယ်​စားလှယ်​​လောင်းတစ်​​ယောက်​ဟာ
ပြည်​သူ​တွေရှိတဲ့ ဘယ်​​နေရာမဆို သွားရဲရမယ်​၊
မေးရဲရမယ်​ နား​ထောင်​​ပေးရဲရမယ်​၊
ကူညီ​ပေးရမယ်​ ၊ ​ဖြေရှင်း​ပေးရဲရမယ်​၊
အခက်​အခဲ​တွေ စိန်ေ​ခ်ါမှု​တွေက​တော့ ရှိတာ​ပေါ့၊
ယုံကြည်​ချက်​ နဲ့ ​လျှောက်​ရဲဘို့ဘဲ လိုပါတယ်​၊

အဲ့ဒါ ကျွန်​မရဲ့ယုံကြည်​မှုနဲ့ ​လျှောက်​​နေတဲ့လမ်းဘဲ။

Photos from Daw San Saw Htwe's post 01/10/2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်
ကြေငြာချက်အမှတ်(ကြေငြာချက်အမှတ်(ကြေငြာချက်အမှတ် ( ၁၈၂/၂၀၂၀)အား ထုတ်ပြန်

Photos from Daw San Saw Htwe's post 30/09/2020

(၃၀.၉.၂၀၂၀) ရက်​​နေ့ခရီး.........................

ဒီ​နေ့ ​တွေ့ဆုံ​ဆွေး​နွေးမှုက​တော့
မ​မျှော်​လင့်​ဘဲ
အင်​မတန်​မှ စိတ်​ဝင်​စားစရာ စိတ်​လှုပ်​ရှားစရာ
အပြန်​အလှန်​ ​ဆွေး​နွေးမှုဖြစ်​ခဲ့ပါတယ်​။
ကျွန်​မရဲ့ ​ရွေး​ကောက်​ပွဲဆိုင်​ရာ ​စေ့စပ်​ညှိနှိုင်း​ရေးကိုယ်​စားလှယ်
ဦးစိုင်း​ကျော်​ဝင်းကို အထူးကို​ ​ကျေးဇူးတင်​​လေးစားမိပါတယ်​။

ဆွေး​နွေးမှုအပီးမှာ
ဒေသမှာရှိ​နေတဲ့ လူငယ်​ပြုပြင်​ထိန်းသိမ်း​စောင့်​​ရှောက်​​ရေးစခန်း
တရားဝင်​အသိအမှတ်​ပြု ရရှိ​စေ​ရန်​အတွက်​လဲ 
ကျေးရွာလူကြီးများနဲ့အတူ ​ဆွေး​နွေးညှိနှိုင်းခဲ့ပါတယ်​။

လေးစားချစ်​ခင်​ရတဲ့ တိုင်းရင်းသားများအားလုံး
ရောဂါ​ဘေးကင်း​ဝေးကြပါ​စေ။

Photos from Daw San Saw Htwe's post 29/09/2020

(၂၉.၉.၂၀၂၀)ရက်​​နေ့ ဒုတိယပိုင်းခရီး...................................
ဒေသခံတိုင်းရင်းသားများထံ သွား​ရောက်​​တွေ့ဆုံ​ဆွေး​နွေး၊

ဒေသခံများမှ ပြန်​လည်​​ဆွေး​နွေးရာ
မိမိတို့အတွက်​ စိုက်​ပျိုး​ရေးလုပ်​ငန်းသည်သာ အဓိကဖြစ်​၍
ဆန်​စပါးနှင့်​အခြားစိုက်​ပျိုး​ရေးထွက်​ကုန်​များ
အဆင်​​ပြေ​ချော​မွေ့စွာ ​ရောင်းချနိုင်​​ရေးသည်
အဓိက အ​ရေးကြီးဆုံးဖြစ်​​၍
သက်​ဆိုင်​ရာများအ​နေဖြင့်​လဲ ဦးစား​ပေး
စဉ်းစား​ဆောင်​ရွက်​​ပေးသင့်​​ကြောင်း
ဆွေး​နွေးတင်​ပြလာပါတယ်​။

တွေ့ဆုံမှုကို ကျန်းမာ​ရေးညွှန်​ကြားချက်​များအတိုင်း
ဆောင်​ရွက်​ခဲ့ပါတယ်​။

လေးစားချစ်​ခင်​ရတဲ့ တိုင်းရင်းသားများ
ရောဂါ​ဘေးကင်း​ဝေးကြပါ​စေ။

Photos from Daw San Saw Htwe's post 29/09/2020

(၂၉.၉.၂၀၂၀) ရက်​​နေ့ ပထမပိုင်းခရီးစဉ်​......................................
ဒေသခံတိုင်းရင်းသားများထံ သွား​ရောက်​​တွေ့ဆုံအပီး

ဒေသခံများဘက်​မှ ပြန်​လည်​တင်​ပြ​ဆွေး​နွေးလာရာမှာ
အဓိကစိုက်​ပျိုး​ရေးသီးနှံတစ်​မျိုးဖြစ်​သည့်
ပြောင်းဖူးစိမ်းများသည်
၂/၃ရက်​ခန့်​သာအထားခံသဖြင့်
တစ်​ဘက်​နိုင်​ငံသို့
အဆင်​​ပြေ​ချော​မွေ့စွာ တင်​ပို့​ရောင်းချနိုင်​​ရေး
တင်​ပြ​ဆွေး​နွေးလာမှုကို

ညှိနှိုင်း​ဆွေး​နွေး​နေဆဲ
အ​ခြေအ​နေနှင့်​ပက်​သက်​၍
ပြန်​လည်​ရှင်းလင်း​ဖြေကြား​ပေးခဲ့ပါတယ်​။

တွေ့ဆုံ​ဆွေး​နွေးမှုကို ကျန်းမာ​ရေးညွှန်​ကြားချက်​များအတိုင်း
လိုက်​နာ​ဆောင်​ရွက်​ခဲ့ပါတယ်​။

လေးစားချစ်​ခင်​ရတဲ့ တိုင်းရင်းသားများ
ရောဂါ​ဘေး ကင်း​ဝေးကြပါ​စေ။

Photos from Daw San Saw Htwe's post 28/09/2020

(၂၈.၉.၂၀၂၀) ရက်​​နေ့ခရီး........................
ဒေသခံတိုင်းရင်းသားများထံသို့ သွား​ရောက်​​တွေ့ဆုံ၊

ဒေသခံများတိုင်းရင်းသားများမှ ပြန်​လည်​​ဆွေး​နွေးကြရာမှာ

တိုင်းရင်းသားများတန်းတူညီမျှ အခွင့်​အ​ရေးခံစားခွင့်​နဲ့
တရားဥပ​ဒေအကာကွယ်​မဲ့​နေတဲ့
တိုင်းရင်းသား​တွေဦး​နှောက်​ထဲက
ယ​နေ့ထိ ကြီးစိုး​နေတဲ့ အ​ကြောက်​တရား၊

မိမိတို့သည်​လဲ ​မြေပြန့်​မှလူများလိုသက်​ရှိလူသား
တိုင်းရင်းသားစစ်​စစ်​များဖြစ်​​သော်​လည်း
မိမိတို့၏ဆန္ဒကိုမျက်​ကွယ်​ပြုခံထားရပီး
ယခင်​က ဖြတ်​​လေးဖြတ်​နဲ့စစ်​​ပြေး​ရှောင်​ဘဝခံစားခဲ့ရပုံ၊

ထိုမှတစ်​ဆင့်​ ယခုတိုးတက်​ခံစားလာ​နေရပုံက
တိုက်​ပွဲ​ရှောင်​ဘဝ၊
ယခုတဖန်​ ပြန်​လည်​​နေရာချထား​ပေးတဲ့​တောင်​​ပေါ်မှာ
မိမိတို့ရဲ့ ဘဝလုံခြုံစွာရပ်​တည်​ရှင်​သန်​နိုင်​​ရေးနဲ့
တာဝန်ရှိသူတို့အ​နေနဲ့ ပြန်​လည်​​နေရာချထား​ရေးအတွက်
ထောက်​ပံ့ကူညီ​ပေးမည့်​ အ​နေအထား ရှိ/မရှိ၊

မိမိတို့ဘဝ ​ပြောင်​လဲတိုးတက်​မှုကို
အမှန်​တစ်​ကယ်​လိုလားခဲ့ကြ​သော်​လည်း
လက်​​တွေ့တိုးတက်​လာမှု​တွေဟာ
မြို့​ပေါ်​တွေသာမက ​ကျေးရွာ​တွေအထိ
မူးယစ်​​ဆေးဝါးနဲ့​လောင်းကစားဆိုင်​​တွေ
ဥပ​ဒေမဲ့ အနိုင်​ကျင့်​မှု​တွေသာတိုးသထက်​တိုး မြင်​​တွေ့ခံစားလာကြရပီး
လက်​​တွေ့တွင်​မူ မိမိတို့အမှန်​တစ်​ကယ်​​မျှော်​လင့်​​နေတဲ့
ပြောင်းလဲမှုဟာ
အိပ်​မက်​တစ်​ခုအဖြစ်​သာခံစား​နေရပုံ တို့ကို
အကျယ်​တဝင့်​ ​ဆွေး​နွေးတင်​ပြသွားပါတယ်​၊

တိုင်းရင်းသား​တွေ ​ရောဂါ​ဘေးကင်း​ဝေး​စေဘို့
ကျန်းမာ​ရေးညွှန်​ကြားချက်​များအတိုင်း
အ​လေးထား​တွေ့ဆုံခဲ့ပါတယ်​။

လေးစားချစ်​ခင်​ရ​သော
တိုင်းရင်းသား​မောင်​နှများ ​ရောဂါ​ဘေးကင်း​ဝေးကြပါ​စေ...

Photos from Daw San Saw Htwe's post 27/09/2020

(၂၇.၉.၂၀၂၀) ရက်​​နေ့ခရီးစဉ်​...........................
ဒေသခံတိုင်းရင်းသားများထံသို့ သွား​ရောက်​​တွေ့ဆုံ၊
တိုင်းရင်းသားများ ​ရောဂါကင်း​ဝေး​စေရန်​အတွက်
ကျန်းမာ​ရေးညွှန်​ကြားချက်​များ အတိုင်း​ဆောင်​ရွက်​ခဲ့ပါတယ်​။

ချစ်​ခင်​​လေးစားရတဲ့ တိုင်းရင်းသား​ပြည်​သူများ
ရောဂါ​ဘေး ကင်း​ဝေးကြပါ​စေ...

နံနက်​(၈း၃၀)နာရီခွဲ မှာ မူဆယ်​မှစတင်​ထွက်​ခွာကြပီး
အပြန်​မှာ ​ရေတက်​​နေလို့ ​သောင်​တင်
စက်​​လှေအ​သေးနဲ့ပြန်​ကူး
အိမ်​ပြန်​​ရောက်​ကြ​တော့ ည(၉းဝဝ)နာရီ​ကျော်​ပီ။

Photos from Daw San Saw Htwe's post 26/09/2020

(၂၆.၉.၂၀၂၀) ရက်​​နေ့ခရီး........................

ဒေသခံ တိုင်းရင်းသားများထံ
သွား​ရောက်​ ​တွေ့ဆုံ​ဆွေး​နွေးခဲ့ပါတယ်​။

တွေ့ဆုံ​ဆွေး​နွေးမှုအပီးမှာ
ဒေသခံတိုင်းရင်းသား​များမှ ပြန်​လည်​​ဆွေး​နွေးရာမှာ

တိုင်းရင်းသားများတန်းတူအခွင့်​အ​ရေးရရှိ​စေဘို့
အထူး​မျှော်​လင့်​​နေကြသလို
တရားဥပ​​ဒေစိုးမိုး​ရေးနဲ့ပက်​သက်​လို့
တရားမဝင်​​လောင်းကစားဝိုင်း​နဲ့
တရားမဝင်​အ​ပေါင်​ဆိုင်​​တွေ ​လျော့နဲလာ​စေ​ရေးအတွက်
တင်​ပြ​ဆွေး​နွေးချက်​​တွေကို
ပြန်​လည်​ရှင်းလင်း ​ဖြေကြားခဲ့ပါတယ်​။

ဒေသခံများ ​ရောဂါကင်း​​ဝေး​စေ​ရေးအတွက်
ကျန်းမာ​ရေးညွှန်​ကြားချက်​များအတိုင်းလဲ
အ​လေးထား​ဆောင်​ရွက်​ခဲ့ပါတယ်​။

ချစ်​ခင်​​လေးစားရတဲ့ တိုင်းရင်းသား​မောင်​နှများအားလုံး
ရောဂါ​ဘေး ကင်း​ဝေးကြပါ​စေ...

Photos from Daw San Saw Htwe's post 25/09/2020

(၂၅.၉.၂၀၂၀) ရက်​​နေ့ခရီး.........................
တွေ့ဆုံ​ဆွေး​နွေးအပီးမှာ

ပြန်​လည်​​မေးမြန်းချက်​များကို ​ဖြေကြား​ပေးခဲ့ပါတယ်​။

ဒေသခံတိုင်းရင်းသားများ ​ရောဂါကင်း​ဝေး​စေ​ရေးအတွက်​လဲ

ကျန်းမာ​ရေးညွှန်​ကြားချက်​များအတိုင်း ​ဆောင်​ရွက်​ခဲ့ပါတယ်​။

လေးစားချစ်​ခင်​ရတဲ့ တိုင်းရင်းသားညီအကို​မောင်​နှမများ
ရောဂါခပ်​သိမ်း ကင်း​ဝေးကြပါ​စေ။

23/09/2020

(၂၃.၉.၂၀၂၀) ရက်​​နေ့ခရီးစဉ်​.............................
ဒေသခံတိုင်းရင်းသား​တွေနဲ့ ​တွေ့ဆုံနိုင်​ဖို့
ဒီ​နေ့ခရီးစဉ်​ကို ကျွန်​မကြိုးစားပီး​ရောက်​​အောင်
သွားခဲ့ပါတယ်​။

နဂိုထဲက လမ်းကအရမ်းကိုဆိုးလှသလို
မိုးကလဲရွာထား​တဲ့အတွက်
ကားနဲ့​တောင်​​ပေါ်တက်​မရရင်
လမ်း​လျှောက်​ပီးရ​အောင်​ သွားမယ်​လို့
ဆုံးဖြတ်​ထား​ပေမယ့်

ထင်​မှတ်​မထားဘဲ
ကျွန်​မတို့ အန္တရာယ်​ကင်း​အောင်
ခက်​ခဲကြမ်းတမ်းလှတဲ့လမ်းမှာ 
တောင်​​ပေါ်က ​တောင်​​အောက်​ထိ
အသွားအပြန်
တကူးတကလာကြို​ပေး​ ​တောင်​​အောက်​ပြန်​ပို့​ပေးကြတဲ့
ဦး​အောင်​လီ၊ ဦးဆိုင်းခုမ်​၊ ဦးဆိုင်း​နော်

ရွာအ​ရောက်​မှာ ​နွေး​ထွေးဝမ်းသာစွာကြို​ပေး​နေတဲ့
ဦးနန်​​အောင်​၊ ဆရာမ​ဒေါ်ရွယ်​​တောင်​နဲ့
လေးစားချစ်​ခင်​ရတဲ့ တိုင်းရင်းသား​မောင်​နှ​တွေ

ကျေးရွာအတွက်​ လိုအပ်​ချက်​​တွေကို
အပြန်​အလှန်​ ​နွေး​ထွေးစွာ​ဆွေး​နွေးတိုင်​ပင်​ကြတဲ့အပြင်

ဝမ်းသာစွာဆု​တောင်း​ ​မေတ္တာပို့သ​ပေးတဲ့
သင်းအုပ်​ဆရာ​တော်​ ဦးချန်း​ယော်

ဆေး​နွေးအပီးမှာ ​တောင်​​ပေါ်​ဒေသထွက်
အသီးအရွက်​​တွေနဲ့ ရိုးရာမပျက်​ ချက်​​ကျွေးလိုက်​တဲ့
ထမင်းဟင်း သဘာဝအရသာက
အရမ်းကိုစားလို့​ကောင်းလှပါတယ်​။
စေတနာအားလုံးအတွက်
အရမ်း​ကျေးဇူးတင်​ရပါတယ်​ရှင်​။

သန့်​ရှင်းလှတဲ့​ဒေသက
တိုင်းရင်းသား ညီအကို​မောင်​နှမ​တွေ
ရောဂါကင်း​ဝေး​ရေးအတွက်
ကျန်းမာ​ရေးညွှန်​ကြားချက်​​တွေအတိုင်း
အ​ထူးအ​လေးထား​ဆောင်​ရွက်​ပီး ​တွေ့ဆုံ​ဆွေး​နွေးခဲ့ပါတယ်​။
လေးစားချစ်​ခင်​ရတဲ့

တိုင်းရင်းသား​မောင်​နှမအားလုံး
ရောဂါခပ်​သိမ်း ကင်း​ဝေးကြပါ​စေ...

Photos from Daw San Saw Htwe's post 22/09/2020

- တိုင်းရင်းသားများ တန်းတူအခွင့်​အ​ရေးရရှိ​စေဖို့

- မူဆယ်​​ဒေသအတွင်း တရားဥပ​ဒေစိုးမိုး​ရေးနှင့်​ဖွံ့ဖြိုးတိုးတက်​​စေဖို့

- ​ရွှေ.​ပြောင်းအလုပ်​သမားများဘဝ မြင့်​မားတိုးတက်​​စေဖို့

ဒေါ်စန်းစန်း​ထွေးကို မဲ​ပေးကြပါစို့

(မဲဆန္ဒရှင်​ တိုင်းရင်းသားပြည်​သူအားလုံး၏ ​ရောဂါကင်း​ဝေး​စေ​ရေးသည်
အဓိကအ​ရေးကြီးဆုံးဖြစ်​ပါသဖြင့်​ လူစုလူ​ဝေးဖြင့်​ သွားလာခြင်းအား
အ​လေးထား​ရှောင်​ကြဉ်​သွားမည်​ ဖြစ်​ပါသည်​။)

(ကျွန်​မရဲ့ကျန်းမာ​ရေးအတွက်​၃ရက်​ခန့်​အနားယူရန်​ ဆရာဝန်​မှအကြံပြုထားပါသဖြင့်​ ​ကျေးရွာများမှ တိုင်းရင်းသားများထံအ​ရောက်​သွား​တွေ့ဆုံခြင်းကို ရက်​အနည်းငယ်​​ရွှေ.ဆိုင်းထား​ပါ​ကြောင်း ​လေးစား
စွာ​မေတ္တာရပ်​ခံအပ်​ပါတယ်​ရှင့်​)

20/09/2020

၂၀၂၀ အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲတွင်​
မူဆယ်​မြို့နယ်​၊ မဲဆန္ဒနယ်​အမှတ်​(၁) မှ
ပြည်​နယ်​လွှတ်​​တော်​တစ်​သီးပုဂ္ဂလ
ကိုယ်​စားလှယ်​​လောင်းအဖြစ်​
ဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်

ဒေါ်စန်းစန်းထွေး၏
မူဆယ်​မြို့နယ်​အတွက်​
၂၀၁၆ခုနှစ်​မှ၂၀၂၀ခုနှစ်​အတွင်း
ဆောင်​ရွက်​ချက်​များ...............................................

လူမှု​ရေးကဏ္ဍ​ -

၂၀၁၆ခုနှစ်​ နိုဝင်​ဘာလနှင့်ဒီဇင်​ဘာလတို့တွင်​
မူဆယ်​မြို့နယ်​အတွင်း ဒေသအချို့တွင်
ဖြစ်​ပွားခဲ့​သော တိုက်​ပွဲကာလတွင်​ ထိုခိုက်​နစ်​နာခဲ့သည်ပြည်​သူများအား ကယ်​ဆယ်​​ရေးလုပ်​ငန်းများ၊ လူသားချင်းစာနာ​ထောက်​ထားမှုအကူအညီများ​ပေးခြင်း၊ တိုက်​ပွဲ​ရှောင်​ကာလ ကာကွယ်​​စောင့်​ရှောက်​​ပေးခြင်းတို့ကို ဌာနဆိုင်​ရာများ၊ နမ့်ခွမ်​ဓမ္မရံသီအဖွဲ.၊ လူမှု​ရေးအသင်းအဖွဲ့များနှင့်အတူပူ​ပေါင်​း​ဆောင်​ရွက်​​ပေးခြင်း၊ ကောင်းဝှက်​​ ကုမာရာရာမမိုးကုတ်​ဝိပသာနာ​ကျောင်းတိုက်​ ရာသက်​ပန်​တရားစခန်း တည်​ရှိရာ​မြေ (၁၉.၇၅)ဧကအား သစ်​​တောကြိုးဝိုင်းဧရိယာမှစွန်​့လွှတ်​၍ အခွန်​လွတ်​သာသနာ့​မြေအဖြစ်​ရရှိ​အောင်​ ​ဆောင်​ရွက်​​ပေးခြင်း၊ မိုင်းဆတ်​​အောင်​တံခွန်​ဆု​တောင်းပြည့်တိုင်​ရင်းသားခ​လေးငယ်​များ​စောင့်ရှောက်​​ရေး​ဂေဟာအား လူမှုဝန်​ထမ်းအသိအမှတ်​ပြု​ဂေဟာဖြစ်​​အောင်​ ဆောင်​ရွက်​​ပေးခြင်း။

ပညာ​ရေးနှင့် ကျန်းမာ​ရေးကဏ္ဍ -

၂၀၁၆ခုနှစ်​တွင်​ မူဆယ်​မြို့​ပေါ်နှင့်ကျေးရွာများမှ နွမ်းပါး​ကျောင်းသား/သူ (၅၀၀၀)​ကျော်​အတွက်​ ​ကျောင်းသုံးစာအုပ်​နှင့်စာ​ရေးကိရိယာများထောက်​ပံ့ လှုဒါန်းပေးခြင်း၊
၂၀၁၈ခုနှစ်​ တွင်​ နမ့်စန်​ဂို​ဒေါင်​​ကျေးရွာမူလတန်းကျောင်းအတွက်​ ဆရာ/မများနှင့် ​ကျောင်းသူ/သား ခ​လေးငယ်​များ လုံခြုံစိတ်​ချစွာ ပညာသင်​ကြားနိုင်​​ရေးအတွက်​ ကျောင်းခြံစည်းရိုးအုတ်​တံတိုင်းကာရံနိုင်​​အောင်​ဆောင်​ရွက်​​ပေးခြင်း၊ ၂၀၁၉ခုနှစ်​တွင်​ ​ကောင်းဝှက်​​ကျေးရွာမူလတန်းကျောင်းခွဲအတွက်​ ကျောင်း​မြေ(၃.၇၅)ဧကအား သစ်​​တောစိုက်​ခင်ဧရိယာမှစွန့်လွှတ်​၍ ပညာ​ရေးဌာနပိုင်​​မြေအဖြစ်​ရရှိ​အောင်​ ကူညီ​ ​ဆောင်​ရွက်​​ပေးခြင်း၊ ဖာဖိတ်​​ကျေးရွာအုပ်​စုအတွက်​ ကျန်းမာ​ရေးဆရာမရရှိ​အောင်​ ​ဆောင်​ရွက်​​ပေးခြင်း။

​ဒေသဖွံ့ဖြိုး​တိုးတက်​​ရေးကဏ္ဍ -

၂၀၁ရခုနှစ်​တွင်​ ဖိုင်​​ကျောင်း၊ တိန်းဝိန်း၊ ​ကောင်းနား၊ ဖိုင်တုံ​၊ ​ဆော်​​ဟော ​ကျေးရွာများအတွက်​ ဆက်​သွယ်​​ရေး ဖုန်းလိုင်းများ ရရှိ​စေရန်နှင့် မြန်​မာလျှပ်​စစ်​မီး ရရှိ​စေရန်​အတွက်​လည်း ကောင်း၊၂၀၁၉ခုနှစ်​တွင်​ နမ့်လောင့်၊​နောင်​​လောင်း၊နမ့်မြဲလွယ်​၊မန့်နင်​၊နမ့်စန်​၊ နမ့်မြဲကချင်​စု၊နမ့်စန့်ဂို​ဒေါင်​၊မန့်ဟောင်းလွယ်​၊​ကောင်းမူး ကျေးရွာ(၉)ရွာနှင့်နမ့်ကပ်​၊မန်​ကန်​၊မိုင်းဆတ်​​ကျေးရွာများအား မြန်မာလျှပ်​စစ်​မီးရရှိ​အောင် ကူညီ​ဆောင်​ရွက်​​ပေးခြင်း။

တရားဥပ​ဒေစိုးမိုး​ရေးနှင့် တိုင်းရင်းသားအ​ရေးကဏ္ဍ -

၂၀၁၈-၂၀၁၉ခုနှစ်​ တို့တွင်​
လက်​နက်​ကိုင်​အဖွဲ့အစည်းအချို့နှင့် တိုင်းရင်းသားပြည်​သူ အချို့ကြား ဖြစ်​ပွားခဲ့​သော ပဋိပက္ခဖြစ်​စဉ်​တွင်​ ပြည်​သူဘက်​မှ မားမားမတ်​မတ်​ရပ်​တည်​၍ သက်​ဆိုင်​ရာဌာနဆိုင်​ရာများနှင့် တရားဥပ​ဒေ​ဘောင်​အတွင်း ကူညီ​ဖြေရှင်းဆောင်​ရွက်​​ပေးခြင်း၊ တိုင်းရင်းသားများ​နေထိုင်​သည့်နမ့် ကပ်​​ကျေးရွာအုပ်​စု၊ နမ္ပတီး​ကျေးရွာအုပ်​စု၊ နမ့်ငူး​ကျေးရွာအုပ်​စု၊ မန့်ဟန်​​ကျေးရွာအုပ်​စုများအဖြစ်​သီးခြားရရှိ​စေရန်​ ​ဒေသခံများ၊ ဌာနဆိုင်​ရာများနှင့်အတူ ကူညီ​ဆောင်​ရွက်​​ပေးခြင်း၊ ၂၀၁၆ခုနှစ်​မှ၂၀၁၈ခုနှစ်​အတွင်း နမ့်အွမ်​​ကျေးရွာရှိ ​ဒေသခံတိုင်းရင်းသား၏
အသိမ်းဆည်းခံ​မြေ ဧရိယာ(၁၂၆.၉၇)ဧက အား မူရင်းတောင်​သူ ​ဒေသခံတိုင်းရင်းသားများ လက်​ဝယ် ပြန်​လည်​ရရှိ​အောင်​ ကူညီ​ဆောင်​ရွက်​​ပေးခြင်းနှင့် ထိုသို့​ကူညီ​ဆောင်​ရွက်​​ပေးချိန်​တွင်​ မြေသိမ်းထားသည့် လုပ်​ငန်းရှင်​ဘက်​မှ ဒေါ်စန်းစန်းထွေးအပါအဝင်​ ဦး​ဆောင်​သည့် ရွာသူ/ရွာသားအချို့အား တရားစွဲဆိုခြင်းကိုခံခဲ့ရပီးမူဆယ်​မြို့နယ်​တရားရုံးတွင်​ ၂နှစ်​ခန့် ကြာ ရင်​ဆိုင်​ခဲ့ပီး​နောက်​ ၂၀၁၈ခုနှစ်​တွင်​ မူဆယ်​မြို့နယ်​တရားရုံးမှ ​ဒေါ်စန်းစန်းထွေးသည်​ အများပြည်​သူအကျိုးစီးပွားအား ကာကွယ် ကူညီ​ ဆောင်ရွက်​​ပေးခြင်းသာဖြစ်​သဖြင့် စွပ်​စွဲထား​သော တရားဥပ​ဒေပုဒ်​မများနှင့် ငြိစွန်းခြင်းမရှိည့်အတွက်​ စွဲချက်​မတင်​​ခင်​ ပလပ်​လိုက်​​ကြောင်း စီရင်​ချက်​ချခဲ့သည်​။

​ရွေ.​ပြောင်းအလုပ်​သမားများအ​ရေး -

တရုတ်​နိုင်​ငံသို့ လူကုန်​ကူး​ရောင်းစားခံရ​သော
အမျိုးသမီးများ မိမိနိုင်​ငံတွင်းနှင့်မိဘရပ်​ထံ​ရောက်​​အောင်​ သက်​ဆိုင်​ရာဌာနဆိုင်​ရာများနှင့်ပူး​ပေါင်း၍ ကူညီ​ဆောင်​ရွက်​​ပေးခြင်း၊ တရုတ်​နိုင်​ငံတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရ​သော ​ရွှေ့​ပြောင်း အလုပ်​သမား ၆ဦးအား အန္တရာယ်​ကင်းစွာ နိုင်​ငံတွင်းပြန်​လည်​​ရောက်​ရှိ​စေ​ရေးအတွက်​ သက်​ဆိုင်​ရာဌာနဆိုင်​ရာများများနှင့်ပူး​ပေါင်း ကူညီ​ဆောင်​ရွက်​​ပေးခြင်း တို့​ဆောင်​ရွက်​ခဲ့သည်​။

20/09/2020

ပြည်​နယ်​လွှတ်​​တော်
မူဆယ်​မြို့နယ်​အတွက်
လူမှု​ရေးကဏ္ဍ​ -
ဖြစ်​ပွားခဲ့​သော တိုက်​ပွဲကာလတွင်​ ထိုခိုက်​နစ်​နာခဲ့သည့်
တိုင်းရင်းသားခ​လေးငယ်​များ​စောင့်​​ရှောက်​​ရေး​ဂေဟာအား
လူမှုဝန်​ထမ်းအငိအမှတ်​ပြု​ဂေဟာဖြစ်​​အောင်
ဆောင်​ရွက်​​ပေးခြင်း၊

၂၀၁၆ခုနှစ်​တွင်
၂၀၁၈ခုနှစ်​တွင်
ဆောင်​ရွက်​​ပေးခြင်း၊
၂၀၁၉ခုနှစ်​တွင်​ 
ကျောင်း​မြေ(၃.၇၅)ဧကအား သစ်​​တောစိုက်​ခင်းဧရိယာမှ

၂၀၁၇ခုနှစ်​တွင်
၂၀၁၉ခုနှစ်​တွင်
နမ့်​​လောင်း၊​နောင်​​လောင်း၊နမ့်​မြဲလွယ်​၊မန့်​နင်​၊နမ့်​စန်​၊

တရားဥပ​ဒေ​ဘောင်​အတွင်းမှ ကူညီ​ဖြေရှင်း​ဆောင်​ရွက်​​ပေးခြင်း၊
ကူညီေ​ဆာင်​ရွက်​​ပေးခြင်းသာဖြစ်​သဖြင့်

တရုတ်​နိုင်​ငံတွင်း

Want your public figure to be the top-listed Public Figure in Mu-se?
Click here to claim your Sponsored Listing.

Category

Website

Address


Mu-Se
06401

Other Mu-Se public figures (show all)
Seing Nwe Seing Nwe
Mu-Se

👋大家好!👋 👪我喜欢和家人在一起👪

Aa Mÿîñt Aa Mÿîñt
Mu-Se

Xiao Li Vlog Xiao Li Vlog
Mu-Se

ဘုရင်တစ်ပါးလိုနေမဟုရင် ဘုရင်တစ်ပါးကိုတောင်ဂရုမစိုက်တဲ့လူမျိုးဖစ်အောင်နေ

Jay Jay Jay Jay
Mingalar Muse
Mu-Se

Personal Branding Knowledge Sharing 🔛 Online Marketing

Win Htut Ko Win Htut Ko
Unnamed Road
Mu-Se, 06402

� � � � � � � ��� ❤� ▓▓ WHK ▓▓ �❤

Xiancaicui Xiancaicui
缅甸
Mu-Se

Jai Yi Lain Jai Yi Lain
Mu-Se

Photos and videos

Myat Noe MyatNoe Myat Noe MyatNoe
Mu-Se

Myat Noe

Daphne Aesthetic Daphne Aesthetic
Cherry Street No. 4
Mu-Se

follow for aesthetic pictures, songs and memes

Mr.Right-pencil Art. Mr.Right-pencil Art.
Mu-Se

Pencils Art

Su Lae Htwe Su Lae Htwe
Mu-Se, HELLO