Nay Myo

Artwork collection of artist Nay Myo

09/05/2024

မန္တလေးက စာရေးဆရာနေမျိုးကို သိလားလို့မေးတယ်။
ဖြေတဲ့သူက မသိဘူး၊ မဝင်းမေပဲသိတယ်လို့ ဖြေသတဲ့ - အမှတ်တရပါပဲ

#နေမျိုး
#မုံလာချဉ်ပုလင်းကလေး

Photos from Kyay Yote Myoe Taw's post 25/08/2023

ကဗျာလက်ရေးမူ ပထမစီးရီး

Photos from Nay Myo's post 24/08/2023

သြဂုတ်လနေ့လည်ခင်းမှာ ကဗျာလက်ရေးမူအတွက် ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်နေတာ။

Photos from Kyay Yote Myoe Taw's post 18/06/2023

ကြေးရုပ်မြို့တော် အနုပညာစျေးဆိုင်မှာ နေမျိုးရဲ့ အနုပညာလက်ရာကို စိတ်ဝင်စားသူတွေအတွက် ပန်းချီလက်ရာအချို့နဲ့ ကဗျာစာအုပ်အချို့ မှာယူနိုင်ပါပြီ

19/05/2023

မှာယူလို့ရပါပြီ

ယခုပဲ ... မှာယူနိုင်ပါပြီ ...

ဆရာနေမျိုးရဲ့ "ငါ့ကိုအမှောင်ထဲ တစ်ယောက်တည်းမထားရစ်ခဲ့ကြပါနဲ့" ကဗျာစာအုပ်ကို ကြေးရုပ်မြို့တော်ကနေ မှာယူလို့ရပါပြီ ...
ဆရာနေမျိုးရဲ့ အမှတ်တရ လက်မှတ်ထိုးနှင့်အတူ ကြေးရုပ်မြို့တော်ရဲ့ Bookmark & Sticker လေးတွေကိုပါ အမှတ်တရလက်ဆောင်အဖြစ် ထည့်ပေးသွားမှာဖြစ်ပါတယ် ...

ကြေးရုပ်မြို့တော်ကနေ မှာယူနိုင်တဲ့ စာအုပ်အရေအတွက်ကတော့ အုပ်(၅၀)ပဲ ရရှိနိုင်တော့မှာ ဖြစ်တာမို့ ယခုပဲ အမြန်ဆုံးမှာယူထားဖို့တော့ လိုပါမယ်

စာအုပ်မှာယူချင်တယ်ဆို Page ရဲ့ Messenger ကနေတိုက်ရိုက်မှာယူလို့ရသလို
ဖုန်းနံပါတ် 09 402661949 ကိုလည်း တိုက်ရိုက်ဆက်သွယ် မှာယူနိုင်ပါတယ်။

ဆိုင်များသို့ ကိုယ်တိုင်သွားရောက် ဝယ်ယူလိုပါက
မန္တလေးမှာဆိုရင်တော့ ထွန်းဦး ၊ နဂါး ၊ Read It ဆိုင်တို့တွင် ဝယ်ယူလို့ရသလို
ရန်ကုန်မှာဆိုရင်တော့ ကိုလတ်စာပေကနေ မှာယူနိုင်ပါတယ်

စာအုပ်တန်ဖိုး - ၂၅၀၀ ကျပ်


#ကြေးရုပ်မြို့တော် #စာအုပ်အမှတ်(၃) #ကဗျာရှည်

13/05/2023

နေပူစာထဲကခွေး
#နေမျိုး . . . . . . . . . .

ငါဟာ အဲဒီခွေးခါးကျိုးအကြောင်းကို ညနေခင်းတစ်ခုလုံး စဥ်းစားနေမိတယ်။ သူ အညစ်အကြေးတွေ ဘယ်လိုစွန့်မလဲ၊ သူ့ကျင်ကြီးကျင်ငယ် ထွက်ပေါက်တွေက အညစ်အကြေး စွန့်လို့ရနိုင်သေးသလား၊ ဖုန်မှုန့်တွေ၊ မြေကြီးတွေ၊ ရွှံ့တွေနဲ့ ပိတ်ဆို့နေမလား။

ငါဟာ ခွေးခါးကျိုးကို သေသေချာချာ ကြည့်တယ်။ ဒါပေမဲ့ သူဟာ အထီးလား၊ အမလားဆိုတာ မကွဲပြားပါဘူးကွာ။

ခွေးခါးကျိူး - မှ
. . . . . . . . . .

မိုးမိလာတဲ့ခွေးဟာ အမှိုက်တောင်းကို နှုတ်သီးနဲ့ ထိုးဆွနေတုန်းပဲ။ ဘာမျှ မရှိပါဘူး။ ရေစိုနေတဲ့ စက္ကူတွေသာ။ မိုးမိလာတဲ့ခွေးဟာ တစ်ကိုယ်လုံး မိုးရေတွေနဲ့ စွတ်စိုနေတယ်။ သူ တစ်ခုခုစားရဖို့ လိုနေတယ်ဆိုတာ သူသိတယ်။ သူ့ကိုကြည့်ပြီး ကျုပ်လည်း အဲဒီလို သိလိုက်ရဲ့။ ကျုပ် ကော်ဖီခွက်ကိုချပြီး မီးဖိုချောင်ထဲကို ဝင်ကြည့်တော့ ဘာမျှမရှိပါဘူး။ ငရုတ်သီးတောင့်နဲ့ မန်ကျည်းသီးမှည့်တွေပဲ ရှိတယ်။

မိုးမိနေတဲ့ခွေး - မှ
. . . . . . . . . .

အဲဒီအချိန် စျေးပြန်မိန်းမကြီးတစ်ယောက် ဘတ်(စ်)ကား ခြေနင်းခုံပေါ် တက်လိုက်ပါတယ်။ သူ့လက်ထဲမှာ ဆွဲလာတဲ့ ဆိတ်သွေးခဲထုပ်က ဘုတ်ခနဲ အောက်ကို ပြုတ်ကျသွားတယ်။ အဲဒီအချိန် စပယ်ရာက အော်တယ်။

ဆွဲ... ဆရာရေ.... တဲ့။ ဘတ်(စ်)ကားထွက်သွားပြီ။ စျေးပြန်မိန်းမကြီး ဘတ်(စ်)ကားပေါ် တွဲလောင်းကြီး ပါသွားတယ်။ ဆိတ်သွေးခဲထုတ်က မြေကြီးပေါ်မှာ။ အဲဒီအချိန် ဘတ်(စ်)ကားမှတ်တိုင်က ခွေးတစ်အုပ် ချက်ချင်းရောက်လာတယ်။

ဘတ်(စ်)ကားမှတ်တိုင်က ခွေးတွေ - မှ
. . . . . . . . . .

ကျုပ် လမ်းမဘက်ကို ထွက်လာတော့ လမ်းမှာ ခွေးမကြီးတစ်ကောင်ကို တွေ့ရတယ်။ ခွေးမကြီးရဲ့ အရေပြားဟာ လန်ထွက်ပြီး ဝါကျင်နီရဲနေတယ်။ ခွေးမကြီးဟာ သူအရေပြားလန်ထွက်ပြီး ဝါကျင်နီရဲနေပေမယ့် နာကျင်ဟန်ကို မတွေ့ရပေဘူး။ သူ့အဖို့ နာကျင်မှုဟာ မထူးဆန်းတော့တာလည်း ဖြစ်နိုင်တယ်။

ခွေးသားအုပ်မကြီး - မှ
. . . . . . . . . .


#ကြေးရုပ်မြို့တော် #နေမျိုး #နေပူစာထဲကခွေး

Photos from Kyay Yote Myoe Taw's post 08/05/2023

Available for Collection 💛

Photos from Kyay Yote Myoe Taw's post 30/04/2023
Photos from Kyay Yote Myoe Taw's post 28/04/2023

#ငါ့ကိုအမှောင်ထဲတစ်ယောက်တည်းမထားရစ်ခဲ့ကြပါနဲ့
#ကဗျာရှည်
#နေမျိုး

#ကြေးရုပ်မြို့တော်

26/04/2023

🔶 မကြာမီ ထွက်ရှိပါမည် 😃

ငါ့ကိုအမှောင်ထဲ တစ်ယောက်တည်း မထားရစ်ခဲ့ကြပါနဲ့

နေမျိုး


#ကြေးရုပ်မြို့တော် #ကဗျာရှည် #မကြာမီ

ငါ့ကိုအမှောင်ထဲ တစ်ယောက်တည်း မထားရစ်ခဲ့ကြပါနဲ့

မနော်ရမ္မံကွင်းမှာ ခေတ်ပေါ်ကဗျာကို ရွတ်ဖတ်နေကြသည့်ပွဲသို့ သွားရောက်နားထောင်ဖူးပါသည်။ ကဗျာဆရာတစ်ယောက်သည် စင်ပေါ်မှာ တကူကူးကူး.... တကူကူးကူးဟု အသံထွက်ကာ ချိုးငှက်ကဲ့သို့ ကူနေပါသည်။ သူ့အသံကို ကြားရသည်မှာ ရင်ထဲတွင် ဟာလာပါသည်။ လူတစ်ယောက်​ဖြေရှင်းနိုင်စွမ်းထက် ပိုမိုလေးလံသော ဒြပ်ထည်များကို ကျတော် ကြုံတွေ့ဖူးပါသည်။ ၄င်းတို့မှာ ခေတ်အဆက်ဆက် ဝန်ထုပ်ဝန်ပိုးများဖြစ်သည်။ ကလီယိုပတ်ထရာ၏ နှာတံကြောင့် ကမ္ဘာ့သမိုင်းသည် အနည်းငယ် ကွေ့ကောက်သွားရသည်ဟု ခေတ်သစ်သမိုင်းဋီကာ၏ အဆိုကို ဆရာမြသန်းတင့်က ရှင်းပြခဲ့သည်။

နေမျိုး
၂၉-၃-၂၀၂၃


#ကြေးရုပ်မြို့တော် #ကဗျာရှည် #မကြာမီ

Photos from Kyay Yote Myoe Taw's post 20/04/2023

#ကြေးရုပ်မြို့တော် 💛

Photos from Art Corner's post 06/03/2023

ဆရာက ပြခန်းမှာ ၆ရက်နေ့ညနေထိ ရှိနေမှာပါနော် 😃

Photos from Nay Myo's post 04/03/2023

#သင်္ဘောသီးကလေးရဲ့အိပ်မက် ပန်းချီပြပွဲ ဖွင့်ပွဲ
ပထမနေ့ 😍
ရန်ကုန် Art Corner Gallery မှာ မတ်လ၄ရက်နေ့ ကနေ ၈ ရက်နေ့ထိ ရှိပါတယ်

Photos from Nay Myo's post 01/03/2023

ပန်းချီ ဆရာနေမျိုးရဲ့ ၅ကြိမ်မြောက် တကိုယ်တော်ပန်းချီပြပွဲ

" သင်္ဘောသ်ီးကလေးရဲ့ အိပ်မက် " ကို

၅ရက်ကြာချိတ်ဆွဲပြသ သွားမှာဖြစ်လို့ အနုပညာချစ်မြတ်နိုးသူ မိတ်ဆွေများအားလုံးကို လာရောက်ကြည့်ရှု ခံစားပေးပါရန် လေးစားစွာ ဖိတ်ကြားလိုက်ပါတယ်

▪️4 ~ 8 March 2023
▪️10:00 am to 5:00pm
▪️No.4019, Level 3, Taw Win Centre, Pyay Road, Dagon Township, Yangon Myanmar
▪️+959 43030444

#သင်္ဘောသီးကလေးရဲ့အိပ်မက်

17/12/2022

✅နေပူစာထဲက ခွေး

နေပူစာထဲမှာ ခွေးတစ်ကောင် ။
ဆောင်းတစ်ရက် နံနက်ခင်း မြူနှင်းတို့
ပြယ်စအချိန် ။

နေရောင်ခြည် ထိုးဆင်းလာခိုက်
မြေကြီး‌နွေးနွေး နေပူစာထဲမှာ
ခွေး‌တစ်ကောင် ။

သူ့ဦးခေါင်းကို မြေကြီးထက် တင်လို့
သူ့ခြေ ၊ သူ့လက် ကိုယ်ခန္ဓာထဲ
သိမ်းဝှက် ငြိမ်ငြိမ်သက်သက် ၀ပ်လို့ ။

ခွေးတစ်ကောင် နေပူစာထဲမှာ
နှစ်နှစ်ခြိုက်ခြိုက် အိပ်နေလိုက်ပုံ ။
ဒီဇင်ဘာဆောင်းလေက တိုက်နေလို့ ။

နေရောင်ခြည်က ဟိုးအမြင့်ကြီးထဲကနေ
ဖြာကျလို့ မြေကြီးက နွေးလို့၊
ခွေးတစ်ကောင်က ကမ္ဘာမြေကို
စိတ်ချလက်ချနဲ့ အိပ်မောကျနေလေရဲ့ ...
---------------------------------------------------။

✅နေပူစာထဲက ခွေး

နေပူစာထဲမှာ ခွေးတစ်ကောင် ။
ဆောင်းတစ်ရက် နံနက်ခင်း မြူနှင်းတို့
ပြယ်စအချိန် ။

နေရောင်ခြည် ထိုးဆင်းလာခိုက်
မြေကြီး‌နွေးနွေး နေပူစာထဲမှာ
ခွေး‌တစ်ကောင် ။

သူ့ဦးခေါင်းကို မြေကြီးထက် တင်လို့
သူ့ခြေ ၊ သူ့လက် ကိုယ်ခန္ဓာထဲ
သိမ်းဝှက် ငြိမ်ငြိမ်သက်သက် ၀ပ်လို့ ။

ခွေးတစ်ကောင် နေပူစာထဲမှာ
နှစ်နှစ်ခြိုက်ခြိုက် အိပ်နေလိုက်ပုံ ။
ဒီဇင်ဘာဆောင်းလေက တိုက်နေလို့ ။

နေရောင်ခြည်က ဟိုးအမြင့်ကြီးထဲကနေ
ဖြာကျလို့ မြေကြီးက နွေးလို့၊
ခွေးတစ်ကောင်က ကမ္ဘာမြေကို
စိတ်ချလက်ချနဲ့ အိပ်မောကျနေလေရဲ့ ...
---------------------------------------------------။
ဆရာနေမျိုးရဲ့ စကားပြေကဗျာအရေးအသား (၁၅)ပုဒ်ကို အင်္ဂလိပ် + မြန်မာ နှစ်ဘာသာဖြင့် ဖတ်ရှု့ရမှာဖြစ်ပါတယ် ။

✅တန်ဖိုး - (၃၀၀၀) ကျပ်
✅ပို့ခ - ၁၂၀၀ ကျပ် (စာအုပ်သံတမန်မြို့များ)

✅စာအုပ်မှာယူရန်လင့် http://webookbot.yammobots.com/Order/ShareInfo?ID=8723
-------------------------------------------------------------
👍ဖုန်းနဲ့ဆက်သွယ်မှာယူလိုပါက
☎️09250091913
☎️09254192489
☎️09972293371 တို့ကို နေ့စဉ်
မနက်ကိုးနာရီမှညနေ ငါးနာရီအတွင်း
(တနင်္ဂနွေမပါ) မှာယူနိုင်ပါတယ်။
👍WE Bookstore App နဲ့လည်း
မှာယူနိုင်ပါပြီ၊ App ဒေါင်းလုတ်ရယူရန်လင့်ခ်
https://play.google.com/store/apps/details...
👍မြန်မာပြည်အနှံက စာအုပ်သံတမန်ရှိတဲ့
မြို့ပေါင်း ၁၀၀ ဝန်းကျင်ကို
ပို့ခ တစ်အုပ် ၁၂၀၀ကျပ် ထပ်တိုး တစ်အုပ် (၂၀၀)ကျပ်နဲ့မှာယူနိုင်ပါပြီ။
(မြို့စာရင်းနဲ့မှာယူပုံတွေက ကွန်မန့်မှာကြည့်ပါ)

28/11/2022

ထရပ်ကားပေါ်က သစ်သီးတွေ
—————————————
အမှာစာ

🔹 မေး- ကျွန်တော်တို့ အခုလက်ရှိရေးသားနေတဲ့ ခေတ်ပေါ်ကဗျာဟာ နောက်နှစ်ပေါင်းများစွာကြာတဲ့အခါ ဘယ်သူမှမရေးသားတော့မယ့် အနေအထားတစ်ခုကို ရောက်ရှိသွားနိုင်ပါသလား ဆရာ။
🔹 ဖြေ- နောက်နှစ်ပေါင်းများစွာကြာမြင့်တဲ့အခါ ခေတ်ပေါ်ကဗျာကို နှောင်းလူတွေ လေ့လာကြလိမ့်မယ်။ ဘာသာစကားတန်ဖိုးပါဝင်မှု စာရိတ္တတန်ဖိုးပါဝင်မှု၊ နာကျင်မှုတန်ဖိုးပါဝင်မှု၊ ဆင်ခြင်တုံတရားပါဝင်မှုစတဲ့ ရှုထောင့်အမျိုးမျိုးကနေ လေ့လာကြလိမ့်မယ်။ နှောင်းလူတွေအဖို့ ခေတ်ပေါ်ကဗျာဟာ အတိတ်ကာလက ပေးပို့လိုက်တဲ့ ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်ကောင်းဖြစ်လာပါလိမ့်မယ်။ ဘာသာစကားရဲ့ အညွှန်းပြုပုံနဲ့ လူတစ်ယောက်ရဲ့စိတ်နေသဘာဝ ဆက်စပ်ပုံကို နှောင်းလူပညာရှင်တွေ လေ့လာကြတဲ့အခါ ခေတ်ပေါ်ကဗျာပါဝင်လာပါလိမ့်မယ်။ အနာဂါတ်မှာ လူသားဆန်မှုနဲ့ ယန္တရားဆန်မှု ယှဥ်တွဲဖြစ်တည်ချိန်ရောက်ခဲ့ရင် ခေတ်ပေါ်ကဗျာက လူသာဆန်မှုကို ကျေးဇူးပြုပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ် အတွင်းတည်ရှိနေပုံကို XRay ဓာတ်မှန်မှာ မြင်တွေ့နိုင်သလို လူသားရဲ့ အတွင်းစိတ်ရုန်းကြွမှုတွေကို ခေတ်ပေါ်ကဗျာတွေမှာ မြင်တွေ့ဖတ်ရှု လေ့လာနိုင်ကြလိမ့်မယ်။ အနာဂါတ်ကာလမှာ ခေတ်ပေါ်ကဗျာဟာ သိပ္ပံပညာရဲ့ အဂါရပ်တစ်ခု ဖြစ်လာပါလိမ့်မယ် ။

မေး- ဥက္ကံမှူး
ဖြေ- နေမျိုး
( ဂျင်းဘောင်းဘီမဝတ်တဲ့ ခေတ်ပေါ်ကဗျာဆရာနဲ့ စကားပြောခြင်းမှ)

#ထရပ်ကားပေါ်ကသစ်သီးတွေ
#နေမျိုး
#ကြေးရုပ်မြို့တော်

တန်ဖိုး- ၁၅၀၀ကျပ်၊
စာမျက်နှာ - ၆၂၊ ကဗျာ ၅၄ပုဒ်ပါဝင်ပြီး သေးငယ်သော ကဗျာလေးများဖြစ်သည်။

🔷 ဝယ်ယူရရှိနိုင်သောဆိုင်များ

↪ မန္တလေး
လူထု
ထွန်းဦးစာပေ
ဥတ္တရလွင်ပြင်
စိတ်ကူးချိုချို
ညိုစာပေ
မင်းမဟော်
Read It
အုတ်ကျစ်ကျော်အေး
မိုးကောင်းကင်
အင်းဝ

↪ ရန်ကုန်
ကိုလတ်စာပေ

21/11/2022

" နေပူစာထဲကခွေး "

လူတစ်ယောက်ဟာ ခွေးတစ်ကောင်ကို သတိပြုမိလိုက်ခြင်းဖြစ်တယ်။ ရှေးဟောင်းအုတ်ချပ်တစ်ခုမှာ ခွေးတစ်ကောင်ရဲ့ ခြေရာတစ်ဖက်ကို သုတေသီတစ်ချို့ တွေ့ခဲ့တယ်။ ကလေးဘဝ အိမ်မွေးခွေးကြီးတစ်ကောင်က ကျွန်တော့်ကိုကိုက်တယ်။ အစာငတ်နေတဲ့ခွေးဟာ မြေကြီးကိုနမ်းတယ်။ ကျွန်တော်တို့ရပ်ကွက်ကလေးထဲမှာ ခွေးတစ်ကောင်ဟောင်နေတယ်။ သူ့အသံကို ကောင်းကင်ဘုံကတောင် ကြားနိုင်တယ်။ ကျွန်တော့်ရဲ့ ခက်ခဲပင်ပန်းခဲ့တဲ့နေ့စွဲတစ်ချို့က နူးညံ့သော စာပေလက်ရာ။
#နေမျိုး
#နေပူစာထဲကခွေး
#ကြေးရုပ်မြို့တော်

တန်ဖိုး - ၃၀၀၀ ကျပ်၊ စာမျက်နှာ ၉၅၊ အဂ်လိပ်မြန်မာနှစ်ဘာသာ

ဝယ်ယူရရှိနိုင်သောဆိုင်များ
————————————
🔹 မန္တလေး
လူထု
ထွန်းဦးစာပေ
နဂါးစာပေ
ဥတ္တရလွင်ပြင်
စိတ်ကူးချိုချို
ညိုစာပေ
မင်းမဟော်
Read It
အုတ်ကျစ်ကျော်အေး
မိုးကောင်းကင်
အင်းဝ

🔹 ရန်ကုန်
ကိုလတ်စာပေ
ငါတို့စာပေ

Photos from Nay Myo's post 06/11/2022

ဆရာ့ရဲ့ သစ်ခုတ်သမားစီးရီး ကားလေးတွေ ရောင်းချင်ပါတယ်
တစ်ကားချင်းစီ အသေးစိတ်ကို ​ အောက်မှာဖော်ပြထားပါတယ်
ဘောင်ထည့်ပေးမှာပါ
k pay လက်ခံပါတယ်

Photos from Nay Myo's post 30/10/2022

ဆရာ့ပန်းချီကားလေးတွေရောင်းချင်ပါတယ်
တစ်ကားချင်းစီအသေးစိတ်ကို အောက်မှာဖော်ပြထားပါတယ်
ဘောင်ထည့်ပေးမှာပါ
kpay လက်ခံပါတယ်

Photos from Nay Myo's post 23/10/2022

ဆရာနေမျိုးပန်းချီကားလေးတွေ ဝယ်ယူစုဆောင်းချင်သူများအတွက်ပါ

🔵 Available for collection

တစ်ကားချင်းစီ အသေးစိတ်ကို အောက်မှာဖော်ပြထားပါတယ်
*ဘောင်မပါ
k pay လက်ခံပါတယ်

Photos from Nay Myo's post 17/10/2022

ဆရာ​နေမျိုးရဲ့ " Women Series " ပန်းချီကားလေးတွေရောင်းချင်ပါတယ်
တစ်ကားချင်းစီအသေးစိတ်ကို အောက်မှာဖော်ပြထားပါတယ်
ဘောင်ထည့်ပေးမှာပါ
kpay လက်ခံပါတယ်

Photos from Nay Myo's post 02/10/2022

ဒီတစ်ပတ် ဆရာနေမျိုးကားလေးတွေ စုဆောင်းချင်တဲ့ collectorများအတွက်ပါ
Available for collection

*/ ဘောင်ထည့်ပေးမှာပါ
k pay
AYA mobile banking လက်ခံပါတယ်*/

28/09/2022

မန္တလေးပန်းချီဆရာတွေစုပေါင်းပြတဲ့ Manndalay Identity Art Exhibition မှာ ပြသထားတဲ့ ဆရာ့ကားတွေပါ
ဒီနေ့က ပြပွဲနောက်ဆုံးနေ့ပါ 😃

photo crd-

#လောကနတ်ဂယ်လာရီ
26/27/28
#2022

Photos from Nay Myo's post 20/09/2022

Edited ⏩ All Sold Out!

ဆရာ့ပန်းချီကားလေးတွေရောင်းချင်ပါတယ်
တစ်ကားချင်းစီအသေးစိတ်ကို အောက်မှာဖော်ပြထားပါတယ်
ဘောင်ထည့်ပေးမှာပါ
kpay လက်ခံပါတယ်

Photos from Nay Myo's post 04/09/2022

ဆရာ့ရဲ့ Woman series ကားလေးတွေ ရောင်းချင်ပါတယ်
တစ်ကားချင်းစီ အသေးစိတ်ကို ​ အောက်မှာဖော်ပြထားပါတယ်
ဘောင်ထည့်ပေးမှာပါ
k pay လက်ခံပါတယ်

Photos from Nay Myo's post 28/08/2022

ဒီတစ်ပတ် ဆရာနေမျိုးကားလေးတွေ စုဆောင်းချင်တဲ့ collectorများအတွက်ပါ
Available for collection

Photos from Nay Myo's post 21/08/2022

ဆရာ့ပန်းချီကားလေးတွေ ရောင်းချင်ပါတယ်
တကားချင်းစီအသေးစိတ်ကို အောက်မှာဖော်ပြထားပါတယ်
ဘောင်ထည့်ပေးမှာပါ
k pay လက်ခံပါတယ်

Want your public figure to be the top-listed Public Figure in Myaing?
Click here to claim your Sponsored Listing.

Short Bio

Nay Myo the second son of U Sein Tin Han(Burmese Saing Sayar) and Daw Sein Tin, was born on March 4, 1963 in Mandalay. He went to No.14 high school in Mandalay. He attended the State School of Fine Art(Mandalay) in 1981 and got his diploma in painting in 1984. In 1989, he married Ma Win May and three children were born. In 1990, he started to enter the world of Burmese literature and started to write short stories in Han Thit edited by Dr. Tin Ko Aung. His short story " Kyay Yoke Myot Daw (Bronze City)" is very famous. He has written about fifteen books. In 2000, his wife passed away. He lives on writing and painting. He loves drawing poem illustration.He has a great interest in abstract painting. His first illustration appeared in Shwe Wutyee magazine in 1990. Now he lives in Mandalay.

Videos (show all)

Category

Website

Address


Myaing
<<NOT-APPLICABLE>>

Other Artists in Myaing (show all)
Digital Art & Paint - Myanmar Digital Art & Paint - Myanmar
Myaing

AdobeDraw, Infinite Design,Autodesk SketchBook နဲ့ပတ်သတ်တာတွေကို ?