Naing Win ဆေးနှင့်ဆေးပစ္စည်း
ရေဓာတ်ဖြည့်ဆေး မှာယူနိုင်ပါပြီ
ါဝင်ခြင်း
မှန်တစ်ခုမှာ ပေါ်မှာပါတဲ့ ရောင်ပြေးလေးတွေကို ခေါ်တာ ဖြစ်ပါတယ်။
Multicoating ပါခြင်းကြောင့် အထိုက်အလျောက် မျက်စိကို အေးစေပါတယ်။ မှန်အသစ်လည်း လုပ်ထားတယ် ခဏခဏ Multicoatingတွေ ကွာတယ်၊ ကွက်တယ် ကြုံရတတ်ပါတယ်။ အခုပြောပြမဲ့အချက်ကို လိုက်နာ လိုက်ရင်တော့ ပိုအကျိုးရှိစေပါမယ်။
သတိထားရမဲ့အချက်ကတော့....
ကျနော်တို့ ဘာအလုပ်လုပ်တယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ မိမိက စက်သုံးဆီ၊ ကားဆီဆိုင်၊ ဆီရောင်းတာ၊ စားသုံးဆီ စသည် လုပ်ငန်းတွေမှာ လုပ်ရတယ်ဆိုရင်တော့ ခဏတိုင်း မှန်ကို ဆီမပေအောင် သုတ်နေဖို့လိုအပ်ပါတယ်။ ဆီတွေကြောင့် ရောင်ပြန်လေးတွေ ပိုကွက်တတ်ပါတယ်။ မိမိက ဆီနဲ့ အလုပ်လုပ်ရရင်တော့ ဒီအချက်ကို ရှောင်ပြီး ရိုးရိုးမှန်သား CR နဲ့ပဲ လုပ်ပါ။
မိမိက မျက်မှန်အပိုဆောင် ထားတယ်၊ ပျောက်တတ်တယ် ကောင်းတဲ့အချက်လေးတစ်ခုပါပဲ။ သို့ပေမဲ့ ရောင်ပြန်ပါတာ၊ polar နေကာတွေကိုတော့ ကားထဲထားခြင်းကို ရှောင်ရှားပေးရပါမယ်။ ကားရဲ့ အပူရှိန်ကြောင့် ကွက်တာတွေ ဖြစ်ပေါ်လာစေပါတယ်။
တစ်ခါထဲပဲ ထပ်ပြောပြချင်တာက.....
အအေးခန်းကနေ ထွက်လာတယ် YBS (or) Air- con ရေငွေ့ရိုက်တယ် ကိုယ်က အမြဲဖြစ်ရင်တော့ မှန်သား 1.61 (or) 1.67 မှန်မျိုးကို သုံးထားပါ ရေငွေ့ပျံ မြန်စေပါတယ်။
BC မှန်မျိုးကို သုံးခြင်းက ဖုန်း ကွန်ပျူတာ အသုံးများသူအဖို့ မျက်ရိုးကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။ မျက်ရိုးကိုက်တာ မသက်သာရင်တော့ Burplex တည့်ရင် Betex ကို မနက်၁ ည၁ ၃ရက် သောက်သုံးနိုင်ပါတယ်။
ရေရှည် မျက်မှန်၁လက်ကို ရိုရိုသေသေသုံးချင်ရင်
မျက်မှန်အတွက် မှန်ကြည်ဆေးနဲ့ သုတ်စကိုပဲ သုံးပါ ကျန်အလွယ် တွေ့ရာအဝတ်နဲ့ ပွတ်တာကို ရှောင်ပါ။
မျက်မှန်ကို အသုံးပြုပြီးတိုင်း စနစ်တကျ သုတ်စပတ်ပြီး ဗူးထဲ ပြန်ထည့်ပါ၊ မျက်မှန်ကို မှောက်ထားခြင်းမျိုးကို ရှောင်ပါ၊
မျက်မှန်ကို ဝတ်ဆင်ချိန်မှာ ၂ဖက်တပ် ၂ဖက်ချွတ်ပါ၊ မိမိက တစ်ဖက်ထဲ တပ်တယ်၊ တစ်ဖက်ထဲချွတ်တယ်ဆို မိမိဘေးကိုင်းကို ကားစေပါတယ်။
မိတ်ဆွေ၊ လူနာရှင်များ အားလုံး
ကျန်းမာ၊ ချမ်းသာ ကြပါစေ🙏🙏🙏🙏🙏
Aung Lay ( Health ) မူရင်း
ဒီနေရာမှာ နေရာတွေနဲ့ ထားပုံထားနည်း နိုင်ငံစည်းကမ်း အယူအဆ မတူတာတွေ ရှိနိုင်တာကြောင့် ဖြည့်စွက်နားလည်ပေးကြပါ ခင်ဗျာ။
Eye Bank ( မျက်စိဘဏ် )
မျက်စိဘဏ်၏ အဓိကလုပ်ဆောင်ချက်မှာ အရည်အသွေးကောင်းမွန်သော အလှူရှင်၏ မျက်ကြည်လွှာကို စုဆောင်းသိမ်းဆည်းမှုများ ပြုလုပ်ရန်ဖြစ်သည်။ ကုထုံးအသုံးပြုမှုနှင့် သုတေသနအတွက် မျက်ကြည်လွှာအစားထိုးခြင်းအတွက် ရနိုင်ပါသည်။
မျက်စိဘဏ်၏ရည်ရွယ်ချက်......
မျက်စိဘဏ်၏ အဓိက ရည်ရွယ်ချက်များကို အောက်ပါအတိုင်း အကျဉ်းချုံးပေးလိုက်ပါသည်။
၁။ အလှူရှင်မျက်လုံးများ စုဆောင်းခြင်း။
၂။ အလှူရှင်မျက်ကြည်လွှာကို ထိန်းသိမ်းခြင်း။
၃ ။မျက်ကြည်လွှာအစားထိုးခြင်းအတွက် အလှူရှင်တစ်သျှူးများ၏ အရည်အသွေးအကောင်းဆုံး ဖြန့်ဝေပေးခြင်း
၄။ အလားအလာရှိသော အလှူရှင်များမှ မျက်စိလှူဒါန်းခြင်းဆိုင်ရာ အသိပညာပေးခြင်း၊ သင်ကြားရေးတို့ ဖြစ်ပါတယ်။
မျက်စိထုတ်ယူပုံ.....
၁. သေပြီးပြီးချင်း မျက်လုံးကို ထုတ်ယူရင် 4-6 နာရီကြားကို သတ်မှတ်နိုင်ပါတယ်။
ဆောင်းရာသီဖြစ်သော် နွေရာသီတွင် သေဆုံးခြင်းနှင့်ထုတ်ယူခြင်းကြား ၂-၃ နာရီထက် မပိုသင့်ပါ။
၂. မျက်စိတစ်ခုလုံး ထုတ်ယူခြင်းမဟုတ်ဘဲ မျက်ကြည်လွှာကိုသာ ယူတာဖြစ်ပါတယ်။
၃. မျက်နှာ နှင့် မျက်စိ ပုံပန်းသဏ္ဍာန် မပျက်စီးပါက မျက်ကြည်လွှာ လှူဒါန်းနိုင်ပါတယ်။
မျက်စိအလှူရှင်နှင့်ပတ်သက်သော အောက်ပါအချက်အလက်များကို သိထားသင့်ပါသည်။
၁။ အသက်အရွယ်နှင့် လိင်
၂။ သေဆုံးရခြင်းအကြောင်း
၃။ သေဆုံးမည့်ရက်နှင့် အချိန်
၄။ လျှောက်ထားရမည့်အချိန်နှင့် ရက်စွဲ
၅။ မိဘအုပ်ထိန်းသူ သဘောတူညီရင် လှူဒါန်းနိုင်ပါတယ်
၆။ အုပ်ထိန်းသူ မရှိပါက အသိသတ်သေရှိရင် လှူဒါန်းနိုင်ပါတယ်
အလှူရှင်မျက်လုံးများ စုဆောင်းခြင်းအတွက် တားမြစ်ချက်များ အလှူရှင်၏မျက်လုံးသည် မျက်ကြည်လွှာအစားထိုးကုသမှုအတွက် မသင့်လျော်သည့်အခါ အချို့သောအခြေအနေများရှိပါသည်။
၁။ အဆိုပါ သေဆုံးမှုများ ရောဂါဖြစ်သူများ၏ မျက်စိများကို လက်ခံလေ့မရှိကြပါဘူး။
# AIDS (HIV positive)၊
# အသည်းရောင်အသားဝါ B
# ခွေးရူးပြန်ရောဂါ
# အဆိပ်မိသူ
# ပြင်းထန်စွာ လောင်ကျွမ်းခြင်း။
# ကင်ဆာရောဂါ၊ သွေးကင်ဆာ၊ Lymphoma
# အမျိုးအမည်မသိ အကြောင်းအရင်းဖြင့် သေဆုံးခြင်း။
၂။ အမြင်အာရုံအကြောင်းတရားများကတော့...
၁။ မျက်ကြည်လွှာ အလင်းပိတ်ခြင်းနှင့် dystrophy
၂။ Retinoblastoma၊ Malignant melanoma၊
၃။ Active inflammatory disease မျက်မြှေးရောင်ခြင်း။
၄။ အစောပိုင်း အလင်းယပ်လုပ်ထုံးလုပ်နည်းများ- radical keratoglobus၊ လေဆာဓါတ်ပုံဖြတ်ခြင်း။
၅။ အတွင်းပိုင်းခွဲစိတ်မှု လုပ်ငန်းစဉ်များ (အတွင်းတိမ်၊ ရေတိမ်)
အလှူရှင်တစ်ရှူး များကို စစ်ဆေးခြင်း....
1. မျက်စိအပြင်ပိုင်း စစ်ဆေးခြင်း
2. Slit-lamp စစ်ဆေးခြင်း။
3. Seculars microscopy ( endothelial cell count & morphology အတွက် )
အလှူရှင်မျက်လုံးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းများ......
၁။ ရေတိုထိန်းသိမ်းခြင်း (၉၆ နာရီအထိ)
- စိုစွတ်သောအခန်းနည်းလမ်း - စိုစွတ်သောအခန်းတွင် ၂၄ ဒီဂရီစင်တီဂရိတ်တွင် ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားသည်။
၂။ အလယ်အလတ်သက်တမ်း ထိန်းသိမ်းခြင်း (2 wks အထိ)
၃။ ရေရှည်ထိန်းသိမ်းခြင်း (လမှနှစ်အထိ) ဖြစ်ကြပါတယ်။
မျက်လုံးလှူဒါန်းခြင်းနှင့် ပတ်သက်၍ ဗဟုသုတနှင့် အသိပညာပေးခြင်း......
ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် အလှူရှင်မျက်စိပြတ်လပ်မှုများစွာ ရှိနေပါသည်။ မျက်ကြည်လွှာ မျက်စိကွယ်ခြင်းမှာ ၁.၅ သိန်း တစ်ဖက်သတ် မျက်စိကွယ်ခြင်း ဖြစ်ပြီး ၅.၉ သိန်း နှစ်ဖက် မျက်စိကွယ်ခြင်း ဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် ၁၂,၀၀၀ ဖြင့် ကောက်ယူခဲ့ရာ 50 ရာခိုင်နှုန်းသော မျက်လုံးများသာ အသုံးပြုနိုင်သော အဆင့်ရှိကြပါတယ်။
အကြံဉာဏ်ပေးခြင်း.....
ယေဘုယျအားဖြင့်၊ မိသားစုဝင်တစ်ဦးသေဆုံးချိန်တွင် မျက်လုံးလှူဒါန်းခြင်းနှင့်ပတ်သက်၍ အလွန်တွန့်ဆုတ်နေတတ်ကြပါတယ်။ မျက်စိ လှူဒါန်းမှုများဟာ အလွန်နည်းပါတယ်။ မိသားစုဝင်တစ်ဦးသည် ဝမ်းနည်းပူဆွေးသည့်အခိုက်အတန့်ကို ကျော်လွှားရန် အကူအညီလိုအပ်သည်။ မျက်စိလှူဒါန်းခြင်းတွင် လူထုအသိပညာပေးခြင်းသည် အလွန်အရေးကြီးပါသည်။ သတင်းစာကဲ့သို့သော လူသိရှင်ကြားနည်းလမ်းများစွာရှိပြီး မျက်စိလှူဒါန်းခြင်းဆိုင်ရာ အသုံးဝင်သော အချက်အလက်များကို ပေးရန်အတွက် မီဒီယာများ၊ ရုပ်မြင်သံကြားအကူအညီများနှင့် ဟောပြောပွဲများစွာဖြင့်လည်းကို အသိပညာပေးနိုင်ပါသည်။မျက်စိအလှူအတွက် အများသူငှာ ကတိခံကတ်များ ဖြန့်ဝေခြင်းနှင့် စုဆောင်းခြင်းတို့ ပြုလုပ်ရန် လိုအပ်ပါသည်။
အမျိုးသား မျက်စိဘဏ် (ရန်ကုန်)
အမှတ် (၃၀) နတ်မောက်လမ်း
မျက်စီဆေးရုံအပေါ်ထပ်၊ ရန်ကုန်မြို့။
ဖုန်း - ၅၄၁၃၀၆ ၊ ၅၅၇၉၅၆၊ ၅၄၉၁၇၁ ၊
ဖုန်း 09409236295
အမျိုးသားမျက်စိဘဏ် (မန္တလေး)
၂၃လမ်း၊ လမ်း၈၀လမ်း နှင့် ၈၁ လမ်းကြား၊
မျက်စိနားနှာခေါင်းဆေးရုံကြီး ၊ မန္တလေး။
ဖုန်း 024039450
မိတ်ဆွေ၊ လူနာရှင်များ အားလုံး
ကျန်းမာ၊ ချမ်းသာကြပါစေ🙏🙏🙏🙏🙏
Aung Lay ( Eye Health )
Filamentary keratitis ရောဂါ
Filamentary keratitis ရောဂါက နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး ချွဲနှင့်မျက်ကြည်လွှာအမျှင်များသည် မျက်ကြည်လွှာမျက်နှာပြင်ပေါ်တွင် တည်ရှိပါတယ်။ Filaments များသည် မျက်ကြည်လွှာမျက်နှာပြင်၏ တစ်ဖက်စွန်းတွင် ကပ်နေသော ပျော့ပြောင်းနေသော epithelial ဆဲလ်များနှင့် အကျိအချွဲများ ပေါင်းစပ်ပြီး ရှိတတ်ကြပါတယ်။ အမျှင်များသည် မျက်ကြည်လွှာ၏ ရှေ့မျက်နှာပြင်တွင် သေးငယ်ပြီး gelatinous အမျှင်များအဖြစ် ရှိကြပြီး အရွယ်အစား၊ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ရှိတတ်ကြပါတယ်။
မျက်စိခြောက်ပြီး မျက်ရည်ထုတ်လုပ်မှု နည်းပါးခြင်းသည် မျက်မြှေးတွင်းဆဲလ်များမှ အကျိအချွဲများ ထုတ်လုပ်မှုကို တိုးလာစေနိုင်ပါတယ်။ Aqueous-deficiency မျက်လုံးသည် ပုံမှန်မဟုတ်သော အပျက်အစီးများနှင့် အကျိအချွဲများ များလွန်းသဖြင့် မျက်ကြည်လွှာ epithelium နှင့် နောက်ခန်းအမြှေးပါးများ ပျက်စီးသွားသော နေရာကို တွယ်ကပ်ကာ မျက်ကြည်လွှာ အမျှင်များ ဖြစ်ပေါ်လာသည်။ မျက်ကြည်လွှာ epithelium နှင့် တွဲဆက်ထားသော အောက်ဘက်တွင် မီးခိုးရောင် အလွှာခွဲသားအမြှေးလိုက် အကြည်များ ရှိနိုင်သည်။ မျက်ကြည်လွှာ အမျှင်များသည် အောက်ခံမျက်ကြည်လွှာ epithelium နှင့် ခိုင်မြဲစွာ တွဲလျက်ရှိပြီး မျက်ကြည်လွှာနှင့် အပေါ်ဖုံးကြား ပွတ်တိုက်မှုကြောင့် နာကျင်ခြင်း၊ epithelial မျက်ရည် နှင့် ရောင်ရမ်းခြင်းတို့ကို ဖြစ်ပေါ်စေပြီး အမျှင်လွှာများ ထပ်မံတိုးပွားလာစေပါတယ်။
Filamentary keratitis သည် မျက်လုံးရဲ့လုပ်ဆောင်မှုတွေကို အားနည်းစေပြီး အမြင်အာရုံကို ခြိမ်းခြောက်နိုင်သည့် ရောဂါတစ်ခုပင် ဖြစ်ပါတယ်။
အဖြစ်များတာတွေကတော့
နာတာရှည်အဆစ်အမြစ်ရောင်ရောဂါ၊ သိုင်းရွိုက်ရောင်ခြင်း
ကြောင့် ပိုဖြစ်တတ်ကြပြီး
- မျက်စိခြောက် မျက်ရည်ထုတ်မှု နည်းပါးခြင်း
- မျက်ကြည်လွှာ ဖောခြင်း၊ ဖောင်းခြင်း
- မျက်ကြည်လွှာခွဲစိတ်ခြင်း
- အတွင်းတိမ် ခွဲစိတ်ခြင်း
- မျက်ကပ်မှန် ရေရှည်အသုံးပြုခြင်း
- မျက်မြှေးရောင်၊ နာတာရှည် မျက်စိနာခြင်း
- မျက်ကြည်လွှာ ပိုးဝင်ခြင်း၊ မျက်ကြည်လွှာ အမာရွတ်ဖြစ်ခြင်း HSV (Herpes Simplex Virus)
- မျက်စိပိုးဝင်ခြင်းများ
- အခြားမျက်ကြည်လွှာ ရောဂါများ
- Blepharospasm (မျက်ခွံကြွက်သားများ ပုံမှန်မဟုတ်သော ကျုံ့ခြင်း)
- Ptosis ( မျက်ကြောသေခြင်း (သို့) မျက်ခွံတွဲကျခြင်း ) တို့ ဖြစ်တတ်ပါတယ်။
မျက်လုံးခြောက်ခြင်းသည် filamentary keratitis နှင့်ဆက်စပ်မှုအများဆုံးရောဂါ တစ်ခုပါ။ အကျိအချွဲနှင့် aqueous အချိုးကို တိုးလာစေသည့် aqueous tear secretion သို့မဟုတ် tear film stasis တိုးလာခြင်းကြောင့် မျက်ရည်ဖလင် osmolarity တိုးလာပါသည်။ အဆိုပါအကျိအချွဲနှင့် မျက်ရည်အချိုးမညီမျှမှုသည် epithelial ( ဂလင်းများကို စီတန်းထားသော ဆဲလ်အလွှာများ) ဆဲလ်များကို ဖယ်ထုတ်ပြီး epithelialဆဲလ် များကို ပျက်ဆီးစေပါတယ်။
မျက်ကြည်လွှာရောင်ရမ်းခြင်းကဲ့သို့သော ရောင်ရမ်းခြင်းများဖြစ်လာပါက ကြိုတင်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။
မိမိမျက်စိအတွက် လိုအပ်သော အတွင်းတိမ်၊ ရေတိမ်သောက်ဆေး၊ ပါဝါထိန်းဆေး၊ ရေဓာတ်ဖြည့်ဆေး
Color blind သောက်ဆေး၊ color blind မျက်မှန်၊ color blind မျက်ကပ်မှန်၊ color blind စာအုပ်များ မှာယူနိုင်ပါတယ် ခင်ဗျာ။
မိတ်ဆွေ၊ လူနာရှင်များ အားလုံး
ကျန်းမာ၊ ချမ်းသာ ကြပါစေ🙏🙏🙏🙏🙏
Aung Lay ( Eye Health )
မူရင်းရေးသားသည်။
Lasikဖြင့်ပါဝါလျော့ခြင်း
ပထမဆုံး လေဆာပစ်သူများက အသက် ၂၁ နှစ်ပြည့်သူဖြစ်ရပါမယ်။ လေဆာမပစ်ခင် မိမိရဲ့ပါဝါ၊ မျက်ကြည်လွှာ အထူ အပါး၊ မျက်စိခြောက်မနေရ၊ မျက်စိရဲ့ အကျယ်၊ သွေးတိုး ဆီးချို၊ Bပိုး၊ C ပိုး၊ HIV စစ်ဆေးရပါမယ်။
မျက်လုံးပါဝါ အရမ်းများသူတွေဆိုရင် လေဆာပစ်ပြီးလည်း ပါဝါအနည်းငယ်ကျန်တာမျိုး ဖြစ်နိုင်ပါတယ်။ ပြီးတော့ ပါဝါဖျောက်တာက တသက်လုံးခံတယ်ဆို ပြောမရပါဘူး။ ဥပမာ - မိမိရဲ့ပါဝါက ၈၀၀ ဆိုရင် လေဆာပစ်ပြီး ၁၀၀ (သို့) ၂၀၀ လောက် ကျန်လို့ မျက်မှန်ပြန်တပ်ရသူလည်း ရှိပါတယ်။ တချို့က ပါဝါအကုန်ပျောက်ပြီး အာရုံကြောအားနည်းခြင်းကြောင့် ပါဝါပြန်တက်လာတာ မြန်ဆန်မျိုးလည်း တွေ့ရပါတယ်။
ဘေးထွက် ဆိုးကျိုးတွေကတော့ ခွဲစိတ်ခြင်းကြောင့် မျက်သားခြောက်သွေ့ခြင်း ၊ အလင်းရောင်ကို အာရုံခံမှုလွန်ကဲခြင်း ၊အလင်းစူးစူးကို မကြည့်နိုင်ခြင်း ၊ မျက်ကြည်လွှာကို လိုသည်ထက်ပိုပြီး ပုံသွင်းမိခြင်း (သို့) လိုသလောက် ပုံမသွင်းနိုင်ခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ မျက်ကြည်လွှာရောင်ရမ်းခြင်း ၊ လေဆာကုထုံးအပြီးမှာ မျက်ကြည်လွှာထူလာခြင်းတွေ ဖြစ်လာနိုင်သလို Dry eye ( မျက်စိခြောက်ခြင်း) နှင့် Eye floaters ( မျက်လုံးတွင်း ရေမြုပ်များ) ဖြစ်နိုင်ချေလည်း များပါတယ်။
မိတ်ဆွေ၊ လူနာရှင်များ အားလုံး
ကျန်းမာ၊ ချမ်းသာ ကြပါစေ🙏🙏🙏🙏🙏
Aung Lay ( Eye Health )
မှားနိုင်သော ဆေး
Optomycin and Optomycin D
Optomycin ပိုးသတ်ဆေးအမျိုးအစား
မျက်ဝတ်များရင်၊ မျက်စိစွံချင်တာ၊ မျက်ခမ်းရောင်၊ မျက်မှေးရောင်၊ မျက်ထောင့်ရောင်၊ မျက်ရည်လမ်းကြောင်းပိတ်ချင်၊ မျက်စိနာ မှာသုံးလို့ရပါတယ်။
Optomycin D
မျက်လုံးထိခိုက်မိတာ၊ သွေးဝိုင်းတာ၊ မျက်အိမ်မပျက်ရင် ခပ်လို့ရတယ်၊ မျက်ခွံရောင်တာ မျက်သားယောင်ရင်လည်း ခပ်ပါတယ်။
Optomycin Dက သာမာန်လူတစ်ယောက် ၂ပတ်ထပ် ပိုခပ်မိရင်တောင် ရေပေါင်ချိန်တက်ပြီး ရေဖိအားတက်စေပါတယ်။ အဆိုပါ မျက်စဉ်းက မျက်စိကိုပူတာ စပ်တာ၊ဖုန်းကြည့်များတာ အတွက် ခပ်တဲ့မျက်စဉ်းမဟုတ်ပါဘူး။ ရောဂါပိုးသတ်ဆေး နဲ့ အရောင်ကျဆေး ပေါင်းစပ်ပါဝင်တာကြောင့် ဆရာဝန်ညွန်ကြားမှသာ သုံးသင့်။ မိမိသဘောအတိုင်းသုံးရင်တော့ အန္တရာယ်ရှိပါတယ်။
သူ့ထဲမှာပါတဲ့ အရောင်ကျဆေး steroidကြောင့် မျက်စိပူတာ၊ မျက်စိစပ်တာတော့ ခဏတာ သက်သာစေနိုင်ပါတယ်။ အထူးသဖြင့် G6PD သမားတွေ သုံးရင် အန္တရာယ်ရှိပါတယ်။
မိတ်ဆွေ၊ လူနာရှင်များ အားလုံး
ကျန်းမာ၊ ချမ်းသာကြပါစေ🙏🙏🙏🙏🙏
Aung Lay ( Eye Health )
မျက်စိခြောက်ခြင်းကို
နွေရာသီ နှင့် ဆောင်းရာသီမှာ
ပိုခံစားရတတ်ပါတယ်
မြန်မာနိုင်ငံမှာ
မျက်စိခြောက်သူ ၊ မျက်သားတက်သူတွေ
အရမ်း များပြားလာခြင်းကြောင့်
ကြိုတင်ပြီး ကာကွယ်ကြပါ။
လိုအပ်တဲ့ မျက်စဥ်း နဲ့ သောက်ဆေး ဆောင်းထားပါ
အပြင်သွား နေကာ (သို့) ထီး (သို့) အဆောင်းတစ်ခုခုပါမှ
အပြင်သွားကြပါ ၊ ရေများများ သောက်ပါ ၊ အရည်များတဲ့ အသီးစားပါ။
မိတ်ဆွေ၊ လူနာရှင်များ အားလုံး
ကျန်းမာ၊ ချမ်းသာ ကြပါစေ🙏🙏🙏🙏🙏
Aung Lay ( Eye Health )
ဆေးမှာတာ မေးချင်တာရှိရင် ကျနော့်အကောင့်ကနေပဲ မေးပေးပါ
ဦးနှောက်ရဲ့ လုပ်ဆောင်မှု
ဦးနှောက် ၂ပိုင်းရှိတာကိုတော့ ထွေထွေထူးထူး ရှင်းမပြတော့ပါ။
ညာဘက်အခြမ်းက စတင်ဖွံ့ဖြိုးပြီး ဘယ်ဘက်အခြမ်းက အနည်းငယ် နောက်ကျတတ်ပါတယ်။
ညာဘက်ခြမ်း.....
ဒေါသထွက်တာ၊ ပျော်တာ၊ ဝမ်းနည်းတာ
ဒေါသထွက်ရင် မျက်နှာတင်းလာတာ၊ ပျော်ရွှင်ရင် မျက်နှာလင်းလက်လာပြီး ပြုံးတာ၊ ဝမ်းသာ ဝမ်းနည်းရင် မျက်နှာပျက်သွားတာ၊ အသံတင်းလာတာ၊ မာလာတာ၊ ပျော်ရင် အသံဖြစ်တာတွေ အဆင့်ဆင့်လုပ်ဆောင်ကြပါတယ်။
ဘယ်ဘက်ခြမ်း....
ကောင်းသလား ဆိုးသလား၊ တွေးခေါ်တာ၊ စဥ်းစားတာ၊ လူတစ်ယောက်ကို နာမည်တပ်ခေါ်တာ စသည်တို့ လုပ်ဆောင်ကြပါတယ်။
ဦးနှောက်ရဲ့ ညာဘက်အခြမ်း စတင်ဖွံဖြိုးလာတာကြောင့်
ဘာကိုဒေါသထွက်မှန်းမသိ၊ မိမိကိုယ်ကို မထိန်းတတ်တာ၊ ချော်လဲတာ၊ တစ်ခုခုကိုင်ရင် လက်မမြဲတာ ဖြစ်ကြပါတယ်။
ကတာ၊ အော်တာ၊ ဂျီကျတာ ကန်တာ၊ ရိုင်းတာတွေ ဖြစ်တတ်ကြပါတယ်။
ဘယ်ဘက်အခြမ်း စတင်ဖွံ့ဖြိုးလာတဲ့အခါ အီးပါရင် ရွံ့စရာမှန်းသိလာမယ်၊ ပန်းကန်တွေ ကျကွဲတတ်မှန်းသိလာမယ်၊ ပြုတ်ကျရင် ချော်လဲရင် နာမှန်းသိလာမယ်၊ ကြောက်တတ်တာ၊ လန့်တတ်တာတွေသိလာမယ်၊ နာမည်တွေခေါ်တတ်လာမယ်၊ ကောင်းတာ မကောင်းတာ၊ ချဥ်တာ စပ်တာ ချိုတာ သိလာမယ် စသည်ဖြင့်ပါ။
ညာဘက်ခြမ်း လုပ်ဆောင်မှု....
ပင်ကိုယ်စရိုက်ရှိတာ၊ တီထွင် ဖန်တီးနိုင်စွမ်းရှိတာ၊ စိတ်ခံစားမှုရှိတာ၊ ခံစားချက်ရှိတာ၊ အနုပညာကိုသိတာ၊ ဂီတကို နားလည်တာ၊ အသံတွေ ခွဲခြားတတ်တာ၊ အကြားအမြင်ရှိတာ၊ စိတ်အရမ်းမြန်တာ၊ စိတ်ကူးလည်း ယဥ်တတ်ပါတယ်။
ဘယ်ဘက်ခြမ်း လုပ်ဆောင်မှု....
ကောင်းမကောင်း ခွဲခြမ်းစိတ်ဖြာတတ်တာ၊ ယုတ္တိရှိတာ၊ အိုင်ဒီယာရှိတာ၊ မှန်သလား မှားသလား သိတာ၊ တွက်ချက်တတ်တာ၊ အစီအစဥ်ချတတ်တာ၊ အတိအကျ လုပ်ဆောင်တာ လိုက်နာတတ်တာ၊ အစားအသောက် စားနိုင်မစားနိုင် လောက်မလောက်တာ သိတာ၊ လက်တွေ့ လုပ်ဆောင်တတ်တာ၊ ကိုယ်လက်လေ့ကျင့်ခန်းတို့ စသည်တို့ လုပ်ဆောင်တတ်ပါတယ်။
ဒါကြောင့် မိမိကိုယ်တိုင်၊ မိမိ မိသားစုထဲမှာ ခလေးငယ်တွေရှိရင်လည်း ကြိုတင်သိနိုင်သလို၊ လူကြီး အဘိုးအဘွားတွေ လေဖြတ်ရင် ဦးနှောက် တစ်ခြမ်းပါခဲ့ရင်လည်း ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သိရှိနိုင်ပါမယ်။
မိတ်ဆွေ၊ လူနာရှင်များ အားလုံး
ကျန်းမာ၊ ချမ်းသာ ကြပါစေ🙏🙏🙏🙏🙏
Aung Lay ( Eye Health )
စာကျန်၊ စာမှားတာ ရှိခဲ့ရင် နားလည်ပေးကြပါ
မှားယွင်းခြင်း.....
အတွေ့အများဆုံး တစ်ခုကို တင်ပြ ဆွေးနွေးချင်ပါတယ်။
တိမ်ခွဲစိတ်ခြင်း အပိုင်း စျေးတွေက များတယ်နော်၊ တစ်ချို့ဆိုင်က များတယ် တစ်ချို့စျေးနည်းတယ် ဘာတွေများ ကွာလို့လည်း???????
စျေးကွာတဲ့အပိုင်းမှာ... သိထားရမဲ့အချက် ၃ခု
၁။ မျက်တွင်းမျက်ကပ်မှန်ခေါ် IOL ရွေးချယ်မှူ
၂။ မိမိ ခွဲစိတ်မဲ့ ဆရာဝန် ယူစျေး
၃။ ခွဲစိတ်မဲ့ ဆေးခန်း ထိုအချက်တွေကို ပထမဆုံး သိရှိဖို့ လိုအပ်ပါတယ်။
မိမိအနေနဲ့ အလွယ်ဆုံး မှတ်ထားလို့ လွယ်အောင် ရှင်းပြပေးပါမယ်။
၁။ IOL မှာ အမျိုးအစားတွေနဲ့ နိုင်ငံပေါ် မှုတည်ပြီး စျေးကွာကြပါတယ်။ မိမိသုံးချင်တဲ့မှုတည်ပြီး ၃သိန်း ၄သိန်း ၅သိန်း အစားစားဖြစ်ပါမယ်။
၂။ ဒီအချက်ကတော့ ထွေထွေထူးထူး ရှင်းမပြတော့ပါ။ ဆရာဝန်ကြီးတွေက တစ်မျိုးယူကြသလို၊ ရိုးရိုးခွဲစိတ်ဆရာဝန်တွေက တစ်မျိုးယူကြပါတယ်။
၃။ ခွဲမဲ့ဆေးခန်းမှာက ပိုးသတ်ခ၊ ဝတ်စုံ၊ ဆေးဖိုး၊ သန့်ရှင်းရေး စသည်တို့ပါ ပေါင်းထည့်ပြီး ယူတာကြောင့် ဆေးခန်းတစ်ခုနဲ့ တစ်ခု စျေးမတူကြတာပါ။
အရေးအကြီးဆုံး....
မိတ်ဆွေတစ်ယောက်က ၁သိန်းခွဲ မှန်နဲ့ခွဲပြီး ၊ ကျနော်၊ကျမ ၅သိန်းနဲ့ပိုကောင်းအောင် ခွဲစိတ်ပေမဲ့ ကောင်းစွာ မမြင်ရဘူး ရောဝန်ကြောင့်လား၊ မှန်မကောင်းတာလား စသည်တို့ဖြစ်ကြပါတယ်။
အဓိက သိရမှာက မိမိဘာသာ ဘယ်မှန်ထည့်ထည့်၊ မြန်မာပြည်မှာမက နိုင်ငံခြားမှာ ခွဲခွဲ၊ မိမိရဲ့ အာရုံကြော ကောင်းသလောက်သာ ပြန်မြင်ရပါတယ်။ ဒါက အရေးအကြီးဆုံး အချက်ပါ။ ဒါ့ကြောင့် ခွဲပြီးရင် ကောင်းစွာ မြင်ရခြင်း၊ ကောင်းစွာ မမြင်ရခြင်းက လူနာအပေါ်မှာသာ မူတည်နေခြင်းဖြစ်ပါသည်။
မိတ်ဆွေ၊ လူနာရှင်များ အားလုံး
ကျန်းမာ၊ ချမ်းသာကြပါစေ🙏🙏🙏🙏🙏
Aung Lay ( Eye Health )
မူရင်း ( 25.Oct.2022 )
****အစိုပါIOLပုံက ကိုယ်တိုင်ရိုက်ကူးထားခြင်းဖြစ်သည်***
Eye strain ( Asthenopic )
မျက်စိအသုံးပြုများခြင်းကြောင့် မျက်စိပင်ပန်းနွမ်းနယ်ခြင်း၊ မသက်မသာဖြစ်ခြင်း၊ မျက်ရည်ကျခြင်း၊ မျက်စိနီခြင်း၊ ခေါင်းကိုက်ခြင်း၊ နာကျင်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ အလင်းရောင်ကို အာရုံမခံနိုင်ခြင်း၊ မျက်လုံးကို မဖွင့်နိုင်ခြင်းတို့ကြောင့် အားနည်းခြင်း၊ မျက်လုံးများ ပင်ပန်းနွမ်းနယ်ခြင်း။
နေထိုင်မှု.....
အလင်းရောင်မျှတအောင်နေပါ မှောင်နေပြီထင်ရင် မီးအလင်းရောင်ဖွင့်ပါ၊ အမှောင်ခန်းထဲ သို့ မီးရောင်ဖျော့နေတဲ့အခန်းထဲ TV ၊ computerသုံးခြင်း ရှောင်ပါ။ မကြာခဏ မျက်စိကို အနားပေးပါ၊
မျက်ရည်တု ပုံမှန်ခပ်ပါ၊
ရေဓာတ်ဖြည့်ဆေး ပုံမှန်သောက်သုံးပါ၊ ရေများများသောက်ပါ။
မျက်မှန်တပ်ရသူဆိုရင် ကိုင်းပေါ့တာရွေးတပ်ပါ
မျက်စိနာတာ၊ မောပန်းတာ၊ ယားယံတာတွေဖြစ်လာရင် လက်နဲ့ပွတ်တာမျိုးမလုပ်ပါနဲ့။ ကွန်ပျူတာ၊ ဖုန်း ၁နာရီအသုံးပြုပြီးတိုင်း ၅မိနစ်ခန့် မျက်စိကို အနားပေးပါ။ အရည်များတဲ့ အသီးတွေကို နေ့တိုင်း (သို့) ၁ရက်ခြား စားသုံးပေးပါ။
မိတ်ဆွေ၊ လူနာရှင်များ အားလုံး
ကျန်းမာ၊ ချမ်းသာ ကြပါစေ🙏🙏🙏🙏🙏
Aung Lay ( Eye Health )
မညီညာခြင်း
တစ်ချို့က စိတ်ဆင်းရဲကြတယ်၊ မျက်မှန် အဆင်မပြေဖြစ်ကြတယ်၊ ဒီအချက်လေးကို နားလည်အောင် ရှင်းပြပါမယ်။
မည်သူမှ ပြည့်စုံတယ်ဆိုတာ မရှိပါဘူး၊ တစ်မျိုးလုံး အမြင်ကောင်းကြတယ် ကိုယ့်လှည့်ကျမှ ပါဝါတွေအရမ်းတက်တာ၊ ဆိုးနေတာမျိုးတွေ ကြုံရတတ်ပါတယ်။
တစ်ချို့ မျက်မှန်သမားတွေမှာ မညီညာခြင်း အကြောင်းတရား ပိုများတာလေးကြုံရတတ်ပါတယ်။
မညီညာခြင်းမှာ
၁။ နားမညီညာခြင်း
၂။ မျက်ခုံးမညီညာခြင်း
၃။ နှာခေါင်းမညီညာခြင်း
၄။ မျက်ခွံမညီညာခြင်း တို့ဖြစ်ပါတယ်။
၁။ နားမညီညာခြင်း
မိမိရဲ့ ဘယ်ဘက်နားက ပုံမှန်ရှိပေမဲ့ ညာဘက်နားက အောက်နည်းနည်းကျတဲ့အခါ မျက်မှန်အသစ် တပ်လိုက်ချိန်မှာ စောင်းနေတာတွေဖြစ်ရပါတယ်။ ထိုသူတွေအတွက်က ရွေးချယ်စရာ ၂ခုပဲ ရှိပါတယ်။
၁. မိမိမျက်နှာပေါ် ကိုင်းညီညာတယ် ကိုင်းကိုအောက်ချချိန်တော့ ဘေးကိုင်းထောင်နေတာမျိုးဖြစ်ပါမယ်။
၂. မျက်နှာပေါ်မညီ၊ အောက်ချချိန် ကိုင်းညီညာမယ်။
၂။ မျက်ခုံးမညီညာခြင်း
ဒီအချက်ကတော့ လူတိုင်း ဖြစ်ကြတယ်၊ ဒီလူတွေမှာတော့ အောက်ချလို့ ကိုင်းညီညာနေရင် မပြင်တာပိုကောင်းပါတယ်။ ပြင်လို့ ကိုင်းပျက်ဆီးနိုင်ချေ ပိုမို များပြားပါမယ်။
၃။နှာခေါင်း မညီညာခြင်း
ဒီအချက်က ကြိုးကိုင်းတွေအတွက် ပြဿနာမရှိပေမဲ့လို့ ကော်ကိုင်းတပ်တဲ့သူတွေအတွက် ပိုမိုပြဿနာရှိပါတယ်။ နှာထောက်အထိန်းမပါသော်ကြောင့် ချွေးထွက်ချိန် မျက်မှန်ကိုပင့်တင်ရတာ အလုပ်တစ်ခု ဖြစ်စေပါတယ်။
၄။ မျက်ခွံမညီညာခြင်း
မျက်ခွံက အမြင်ကို မထိခိုက်ဘူး ဘာမှမဖြစ်ဘူးဆို မပြုပြင်တာပိုကောင်းပါတယ်။ မွေးရာပါ ဘုရားပေးတဲ့ ခန္ဓာကိုယ်ကိုပဲ တန်ဖိုးထားပါ။
မိတ်ဆွေ၊ လူနာရှင်များ အားလုံး
ကျန်းမာ၊ ချမ်းသာ ကြပါစေ🙏🙏🙏🙏🙏
Aung Lay ( Eye Health )
မူရင်းရေးသားသည်
မဂ်လာပါ
ရေဓာတ်ဖြည့်အားဆေး ဆိုတာ
အရွယ်မတိုင်ခင် မျက်စိတိမ်ဖြစ်ခြင်းကာကွယ်ပေးပါတယ်၊ မျက်သားတက်တာကို တားဆီးပေးတယ်၊ မျက်စိအာရုံခံလွှာ ရောင်ရမ်းမှုများကို သက်သာစေတယ်၊ ပါဝါကျစေနိုင်ပါတယ်၊
မျက်စိခြောက်ခြင်းကို ကာကွယ်ပေးတယ်၊ မျက်ရည်ပမာဏကို ထိန်းညှိပေးတယ်၊ အမြင်ကြည်လင်စေတယ် ဆီးချို သွေးချို ကြောင့် မြင်လွှာ ပျက်ဆီး ထိခိုက်ခြင်းကို ကာကွယ်ပေးတယ်၊ ဖုန်း ကွန်ပျူတာ၊ TV သုံးစွဲမှု များခြင်းကြောင့် မျက်ရိုးကိုက်၊ ခေါင်းနောက်တာကို သက်သာစေပါတယ်။
Vitreous gelကို အထောက်အပံ့ပေးခြင်းကြောင့် Eye floaters ရောဂါခံစားရသူများအတွက် ပိုမို အဆင်ပြေစေပါတယ်။
မျက်စိအတွက် လိုအပ်သော ရေဓာတ်များကို ပြန်လည် ဖြည့်တင်းပေးခြင်းကြောင့် ကြည်လင်တောက်ပသော အမြင်အားကိုလည်း ပိုင်ဆိုင်နိုင်စေပါတယ်။
ကျနော့်ဆီက မှာယူသော မိတ်ဆွေများအတွက်
မြန်မာပြည်တွင်း အနှံ့နှင့် ပြည်ပနိုင်ငံများ ဖြစ်သော
US, UK, Australia, Japan, Malaysia, Thailand, Singapore,Philippines, Indonesia, Korea, Canada
အိမ်ရောက်ငွေချေ (သို့) ဂိတ်တင် (သို့) ငွေကြိုလွှဲ ပြီး ပစ္စည်းရောက်သည်အထိ တာဝန်ယူပေးနေပါပြီ။
ထို့အပြင် နေကာ (သို့) Blue cutပါ ကိုင်းလေးများလည်း လက်ဆောင်ပေးနေပါပြီ။
လက်ဆောင်ကိုင်းများကိုလည်း မိမိဆေးစာရွက်ရှိလျှင် ပါဝါမှန်ပါ တစ်ခါတည်း ထည့်လို့ရနေပါပြီ။
အပြင်တွေ သိပ်မထွက်ပါနဲ့ အိမ်ကနေပဲမှာပါ။
မျက်ရည်ကျခြင်း
ပုံမှန် သမ်းခြင်းကြောင့် ကျတတ်သလို၊ ဖုန် သဲ မျက်စိအတွင်းဝင်ရောက်တဲ့အခါ အလိုအလျောက် မျက်ရည်ထုတ်ပေးခြင်းများ ရှိပါတယ်။
မျက်ရည် အလုံအလောက်မရရှိခြင်း၊ ထုတ်မပေးနိုင်ခြင်းကြောင့်.....
မျက်စိနီ၊ ယား၊ စပ်၊ အောင့်၊ အလင်းစူးမခံနိုင်တာ ဖြစ်တတ်ကြပါတယ်။ ထိုမှတစ်ဆင့် မျက်စိနာခြင်း၊ အလာဂျီ၊ ပိုးဝင်ခြင်း၊ မျက်သားတက်ခြင်း ဝေဒနာတွေကို ခံစားရတတ်ပါတယ်။
မျက်ရည်လမ်းကြောင်း ပြဿနာဖြစ်ခြင်းကြောင့်.... မျက်ရည်များ အတိုင်းအဆမရှိထွက်တာမျိုးတွေ လူကြီးတွေနဲ့ တစ်ချို့ လူငယ်တွေမှာ ကြုံရတတ်ပါတယ်။
ထိုသို့ အတိုင်းအဆမရှိကျလာခဲ့ရင် မျက်စိထောင့် နဲ့ နှာခေါင်းရင်း ဆုံရာနေရာကနေ အောက်သို့ ဖြေးဖြေးချင်း ဖိဆွဲချခြင်းဖြင့် မျက်ရည်လမ်းကြောင်း ပြန်လည်ဖွင့်ပေးနိုင်ပါတယ်။
မိတ်ဆွေ၊ လူနာရှင်များ အားလုံး
ကျန်းမာ၊ ချမ်းသာ ကြပါစေ🙏🙏🙏🙏🙏
Aung Lay ( Eye Health )
မူရင်း
သောက်ဆေး၊ လိမ်းဆေး နှင့် မျက်စဥ်းများအကြောင်း
လွဲမှားနေတာတဲ့ အသုံးပြုပုံများနှင့် အထားအသို
Exp date ကိုသာ ကျနော်တို့ကြည့်ကြပါတယ် ဥပမာ ( ၂၀၂၃ကုန်မှာပဲ ဆိုပြီး ၂လကျော် သုံးကြပါတယ်)
မျက်စဥ်းဆေးလေး ကျန်သေးလို့ ဆက်သုံးသူတွေလည်း ရှိကြပါတယ်။ ဆေးဗူးက ဗူးဖွင့်ပြီး အများဆုံး ၄ပတ်သာ သုံးသင့်ပါတယ် ပိုနေတယ်ဆိုရင် ပစ်ပြီး အသစ်သုံးရပါမယ်။
ဆေးခပ်ချိန် လှုပ်ပြီးမှ ခပ်ရင် ဆေးအာနိသင် ပိုမိုထိရောက်စေပါမယ်။
လိမ်းဆေးများကို သုံးပြီးတာနဲ့ သေချာဘေးပတ်လည်ကို ပြောင်အောင်သပ်ပြီးမှ သိမ်းဆည်းပါ။
သောက်ဆေးဆိုရင်လည်း ထို့အတူ ဗူးဖွင့်ပြီး ၄ပတ်သောက်ပါ။ ကဒ်တွေဆို ပိုသတိထားရပါမယ် ပေါက်နေတာ၊ တစ်လုံးကို သောက်ဖို့ဖောက်ရင်း ကျန်တစ်လုံးက နောက်ခံအပြားလေး ပေါ်သွားတာမျိုးတွေဆို ဖုန်တွေ သဲတွေ ဆေးလုံးထဲဝင်နိုင်တာမို့ မသောက်သင့်ပါဘူး။
မျက်စဥ်းဆေးရော သောက်ဆေးရော နေရောင်မကျတဲ့နေရာ၊ ပူတဲ့နေရာတွေမှာ မထားဖို့ အရေးကြီးပါတယ်။ ပိုးသတ်ဆေးများ၊ အိမ်သုံးဆေးများ၊ သူငယ်အိမ်ဆေးများ နှင့် အလာဂျီ ဆေးများဟာ မိမိသဘောဖြင့် သုံးလို့၊ ဝယ်လို့ မသင့်တော်နိုင်ပါဘူး၊ သေချာစစ်ဆေးပြီးမှ သုံးရပါမည်။
မိတ်ဆွေ၊ လူနာများ အားလုံး
ကျန်းမာ၊ ချမ်းသာ ကြပါစေ🙏🙏🙏🙏🙏
Aung Lay ( Eye Health )
**မူရင်းရေးသားသည်**
မျက်စိ၊ မျက်မှန် အခြေခံ နားလည်ရန်
အခြေခံ သဘောတရားလေး သိထားခြင်းက ဆေးခန်းတစ်ခုပြချိန် ပိုမို ထိရောက်ရန် မှတ်သားထားသင့်...........
အစဆုံး ကျနော်တို့ သိထားသင့်သည်များ
၁။ အသက်၄၀ အောက် လူငယ်များနှင့် လူလတ်ပိုင်းများသည် အဝေး၊ အနီး ပါဝါ ၁ခုထဲကို တပ်ဆင်ရပါမည်။ ( ပါဝါရဲ့ လက္ခဏ အပေါင်း၊ အနုတ် တော့ ရှိပါမယ်၊ Cylinder ပါတာ မပါတာလည်း ရှိပါမယ် )
၂။ အသက် ၄၀မှ ၆၀အောက် လူကြီးများကတော့
အဝေးပါဝါနှင့် အနီးပါဝါ ၂ခုတွဲ တပ်ရပါမယ်။ တစ်ချို့က မတပ်ချင်တာမျိုးရှိပါတယ်။ ၁ပတ်ကျင့်တပ်ပါက အဆင်ပြေပြေ ဖြစ်သွားပါလိမ့်မယ်။
ကျင့်သားရအောင် တပ်ဆင်ခြင်း
ကျနော်တို့ ကိုင်းအပြောင်းအလဲ၊ မှန်ပါဝါ အပြောင်းအလဲမှာ ၆၀% လောက် အဆင်မပြေတာ ရှိကြပါတယ်။ ပုံမှန် ၆လတစ်ခါ၊ ၁နှစ်တစ်ခါ ပါဝါမစမ်းသပ်သူတွေနဲ့ ကိုင်းတစ်လက်ကို နှစ်ရှည်တပ်သူ အများစုမှာ ပိုမို ဖြစ်တတ်ပါတယ်။
ပါဝါစမ်းသပ်ချိန် သက်တောင့်သက်သာ ဖြစ်ဖို့သာ လိုအပ် ထိုမှသာ အပြင်မှာ မှန်လုပ်ချိန် ပါဝါကိုက်ညီလာပါမယ်။ ဆရာဝန်မှ မှန်ချပ်ထည့်စမ်းသပ်ချိန် စာလုံးများကို လက်တန်းဖတ်ဖို့ လိုအပ်ပါတယ်၊ အာရုံစိုက်ဖတ်ခဲ့ပါက အပြင်တွင် မှန်နဲ့ မကိုက်ညီတာမျိုးတွေ ကြုံရတတ်ပါတယ်။
ရွေးချယ်မှုအပိုင်း....
၁။ CR ရိုးရိုး အဖြူထည်မှန်
၂။ MC
၃။ BC
၄။ PG
မိမိက အိမ်ထဲမှာပဲနေတဲ့သူဆို CRမှန် (သို့) MC အဆင်ပြေပါတယ်။ ဖုန်းသုံး၊ ကွန်ပျူတာ သုံးများတယ်ဆိုရင်တော့ BC မှန်ကိုသာ ရွေးချယ်ရပါမယ်။ မိမိက အပြင်သွားရလာရတဲ့သူဆို BC PG မှန်ကိုသာရွေးချယ်ပါ၊ နေကာသီးသန့်ဝယ်စရာ မလိုအပ်တော့ပါဘူး။
မှတ်ချက် ( တစ်ချို့ လူတွေက ဆီတွေနဲ့အလုပ်လုပ်ကြတာ၊ ဝရိန်သမားတွေ နဲ့ ကားပေါ် မျက်မှန်တင်ထားမှုတွေကြောင့် မှန်မှာပါသော ကာလာများ ကွာခြင်း၊ ကွက်ခြင်းများ ဖြစ်ပေါ်စေပါတယ်။)
မျက်စိနီတာ၊ ယားတာ၊ စပ်တာ၊ အောင့်တာ၊ ခုနေသလိုဖြစ်တာ၊ အလင်းစူးမခံနိုင်တာ ဖြစ်ပေါ်လာလျှင် Hameron ခပ်လို့ရပါတယ်။ မျက်စိအတွက် လိုအပ်သော မျက်စဥ်းနဲ့ အားဆေးများလည်း ကျနော့်ဆီတွင် ဝယ်ယူနိုင်ပါတယ် ခင်ဗျာ။
စာကျန်၊ စာမှားတာ ရှိခဲ့ရင် နားလည်ပေးကြပါရန်
မိတ်ဆွေ၊ လူနာများ အားလုံး
ကျန်းမာ၊ ချမ်းသာ ကြပါစေ🙏🙏🙏🙏🙏
Aung Lay ( Eye Health )
''နေရာ''
ဗဟုသုတရဖွယ်ရာတစ်ခုကို တင်ပြချင်ပါတယ် ခင်ဗျာ
ခေါင်းစဥ်နဲ့လည်း လိုက်ဖက်အောင် စဥ်းစားမိတာလေးပါ။
စာပေ၊ ဗဟုသုတဆိုတာ အကျိုးမရှိတဲ့နေရာ မရှိပါဘူး တစ်နေ့နေ့၊ တစ်ချိန်ချိန် အကျိုးရှိစေတဲ့ အရာတစ်ခုပါ။
မိမိကိုယ်တိုင်လည်း လိုက်လုပ်ဖို့ရာ လိုအပ်ပါတယ် ဥပမာ- မိမိ အိတ်ကပ်ထဲ ငွေ၁၀၀၀ရှိတယ် ဗဟုသုတနဲ့ စာပေ ဖတ်နေရုံနဲ့ တိုးလာမှာတော့ မဟုတ်ပါဘူး။
စျေးကွက် စီးပွားရေးစနစ် တစ်ခုမှာ အကိုတို့ဆို လူနာမှာတဲ့ ရှာမရတဲ့ဆေးတွေ လိုက်ရှာပေးပြီး ပြန်လည်ရောင်းချပါတယ် စျေးကွာတဲ့အပိုင်းကတော့ စီးပွားရေးသမားအနေနဲ့ ထည့်မစဥ်းစားပေမဲ့ လူကမြင်တတ်ကြပါတယ်။ မြင်တယ် မမြင်တာက အလုပ်လုပ်မဲ့သူက စဥ်းစားနေဖို့ မလိုပါဘူး အဓိကက အချိန်မပေးနိုင်သူတွေ၊ ရှာဖွေမရသူတွေကတော့ သင့်ဆီက ဝယ်ယူကြမှာပါ စျေးကွာလို့ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပြောတဲ့ လူတွေအတွက် သင်စီးပွားရေး လုပ်နေတာမဟုတ်တဲ့အတွက် ထည့်သွင်းစဥ်းစားနေဖို့ မလိုအပ်ပါဘူး။ မိမိဆီက ဝယ်ယူတဲ့ သူတွေကိုသာ ဘယ်လိုစိတ်ကျေနပ်အောင် လုပ်ရမယ်ဆိုတာကသာ အဓိကကျပါတယ်။
ကျနော်ကြုံရတဲ့အကြောင်းလေး ပြောပါမယ် ရန်ကုန်မြို့ထဲက အီကြာကွေးကြော်သည်အကြောင်း ရန်ကုန်မြို့ထဲရှိ လက်ဖက်ရည်ဆိုင်အားလုံးနီးပါးက အီကြာကွေး၊ စမူဆာ ကြော်မရောင်းပါဘူး၊ ဘာလို့ဆိုရင် ကြော်တဲ့သူတွေရှိနေတော့ ဖောက်သည်ပြန်ယူပြီး မိမိဆိုင်မှာ ပြန်ရောင်းချပါတယ်။ ဆိုင်သမားအတွက် အကြော်ဆရာ လခ သက်သာသွားမယ်၊ အကြော်သမားအတွက် နေရာပေးစရာမလိုအပ်တော့ပါဘူး။
နောက်တစ်မျိုးက ကျနော်တို့ လက်ဖက်ရည်ဆိုင်မှာ အီကြာကွေး တစ်ချောင်း ၂၀၀ဆို စက်ဘီးနဲ့လိုက်ရောင်းသူဆီမှာ ၃၀၀ပါ မိမိအနေနဲ့ မတန်ဘူးထင်ပေမဲ့ အိပ်ယာထနောက်ကျသူတွေ၊ အလုပ်များသူအတွက်တော့ တန်နေသေးပါတယ်။
နေရာဆိုတဲ့ ခေါင်းစဥ်လေးမှာက ရိုးရိုးလေးပါပဲ
မိမိက ရပ်ကွက်နေတယ် လက်ဖက်ရည်ဆိုင်မှာ ပုံမှန်သောက်တယ် တစ်ခွက် ၅၀၀အောက်၊ ရပ်ကွက်ထဲမှာ ဆိုင်ကောင်းကောင်းနဲ့ အပြင်အဆင်မိုက်မိုက် တစ်ခွက် ၄၀၀၀ ဆိုင် ယောင်လို့တောင် သွားမသောက်ဘူး ကျနော့်အနေနဲ့ ဒီလိုနေရာမှာ ထိုဆိုင်စီးပွားပျက်၊ အရင်းပြုတ်မှာပါပဲ။ ဒီလိုပါပဲ သူဌေးတွေရှိတဲ့ ရပ်ကွက်မှာ တစ်ခွက်၅၀၀ ထပ်၊ ၄၀၀၀ကို ပိုကြိုက်ကြတယ်။ အကြောင်းက သန့်ရှင်းတယ်၊ သပ်ရပ်တယ် စသည်ဖြင့်ပေါ့။ အောင်မြင်ကြတယ် စီးပွားတက်တယ်ဆိုတာ မိမိရောင်းမဲ့ပစ္စည်းကို သုံးနိုင်တဲ့သူ ရှိဖို့တဲ့ နေရာအနေအထားပေါ် များစွာမှုတည်နေပါတယ်။
ကျနော်တို့လည်း ထို့အတူပါပဲ လိုတဲ့ဆေး ပြန်ရှာပြီး ပြန်ရောင်းပေတာပါ၊ မိမိအချိန်ရတယ် ဆေးဆိုင်၊ ဆေးခန်း နီးသူတွေအတွက် ရောင်းချပေးခြင်း လုံးဝ မဟုတ်ပါဘူး။ အများစုက နယ်က လူနာတွေနဲ့ ပြည်ပ နိုင်ငံတွေကို အကိုတို့ အဓိကထားပေးတာမျိုးပါ။
ဗဟုသုတ နဲ့ ကျန်းမာရေး ပြန်လည်မျှဝေပေးတာကတော့ မိမိဘာလူမျိုး ဘာကိုးကွယ်တာနဲ့မဆိုင်၊ ကျနော့်ဆီက ဝယ်ယူသူဖြစ်ဖြစ်မဖြစ်ဖြစ် အကုန် တန်းတူညီတူ အခွင့်အရေးပဲရရှိမှာပါ ကျနော်ညက စိတ်ကူးပေါက်လို့ရေးမိတဲ့ ကဗျာလေးလိုပါ။
ကျနော့်.... နှလုံးသား ရဲ့
မိတ်ဆွေ.... နားနေခန်းမှာ
VIP ခန်းတွေ၊ အထူးခန်းတွေ၊ ရိုးရိုးခန်းတွေ မရှိပါဘူး
အားလုံးကို....
သန့်ရှင်းတဲ့... အဖြူရောင်ပိတ်စဖြင့်သာ
ခင်းကျင်း ... ကာရံထားတာပါ.....။
ခေတ်ကာလအရ သတိပေးချင်တာကတော့ ကျန်းမာရေး ဂရုစိုက်ပါ၊ အစိုးရက ဆေးမှာယူ ခွင့်မချပေးတာကြောင့် စျေးတွေ အရမ်းတက်ပြီး ပစ္စည်းတွေ ပျက်လာနေပါပြီ။
ထို့ကြောင့် မိမိ လိုအပ်တဲ့ ဆေးဝါးတွေ ကြိုတင် ဝယ်ယူထားကြဖို့ပါ။
မိတ်ဆွေ၊ လူနာရှင်များ အားလုံး
ကျန်းမာ၊ ချမ်းသာ ကြပါစေ🙏🙏🙏🙏🙏
Aung Lay ( Eye Health )
အမှတ်မှား ရောဂါ ၃ခု
၁။ မျက်သားတက်ခြင်း
မျက်စိခြောက်လို့ မျက်သားတက်
မျက်သားတက်တာ စချိန်ဆိုရင် မျက်စဥ်း အားဆေးနဲ့ ပျောက်နိုင်ချေ ပိုများပါတယ်။ ကိုယ်က မျက်သားတက်တာ အရမ်းများတယ် တစ်ပါးသူက ပျောက်တယ်ဆိုတိုင်း ဆေးပြင်းတွေ၊ အရောတွေ သုံးလို့ မျက်သားရောင်ပြီး၊ မျက်သားပျက်ဆီးသူတွေ ပိုများလာရပါတယ်။
၂။ အတွင်းတိမ်ဖြစ်ခြင်း
အသက်ကြီးလာတဲ့အခါ မွေးရာပါ မှန်ဘီလူး ပျက်ဆီးတယ်လို့ အလွယ်ပြောကြပါတယ်။ အတွင်းတိမ်ရဲ့အစမှာ အတွင်းတိမ်နှေးဆေးလေးသုံးလိုက်လို့ အမြင်ကြည်သွားတာမျိုး၊ ဝါးတာမရှိတာမျိုး ကြုံရတတ်ပါတယ်။ အတွင်းတိမ်ဖြစ်လို့ အမြင်ဝါး ဆေးသုံးလိုက်တော့ အမြင်ကြည်သွားတယ်။ ဒီအရာကိုမှတ်ယူပြီး ထိုဆေးသည် အတွင်းတိမ်ကို ပျောက်သောဆေးအဖြစ် လူနာတော်တော်များများ မှတ်ယူထားကြပါတယ်။
၃။ Eye floaters ဖြစ်ခြင်း
စတင်ပြီး အစက် အမှုန် မြင်ချိန်မှာ မျက်စဥ်း အားဆေး သုံးတာနဲ့ ပျောက်နိုင်ချေရှိပါတယ်။ ဆေးသုံးနေစဥ် များလာတယ် ဆိုရင်တော့ သေချာဆေးခန်းပြဖို့ လိုအပ်ပါတယ်။ တစ်ချို့က မပျောက်ဘူး ပြောတာကို စိတ်ကမှတ်ထားပြီး မပျောက်တော့ဘူးလို့ စိတ်ဒုက္ခရောက်ရတာတွေ ရှိပါတယ်။
မိတ်ဆွေ၊ လူနာရှင်များ အားလုံး
ကျန်းမာ၊ ချမ်းသာ ကြပါစေ🙏🙏🙏🙏🙏
Aung Lay ( Eye Health )
အဆိုးထဲက အကောင်း
မျက်စိကို ခွဲစိတ်တော့မယ်ဆိုရင် တော့ မှတ်သားထားဖို့လိုပါတယ်။
တွေ့ရှိရတာတွေမှာ သာမာန် Eye floater ဖြစ်သူထက်ပိုပြီးတော့ မျက်စိတိမ်ခွဲသူ၊ ပါဝါလေဆာပစ်သူတွေ ပိုဖြစ်တာတွေ့ရပါတယ်။
တစ်ချို့က ဆေးလပိုင်းသုံးတာနဲ့ ပျောက်သွားသလို တစ်ချို့ကတော့ ရေရှည်ဖြစ်တတ်ပါတယ်။ တိမ်ရင့်သွားပြန်ရင်လည်း ခွဲရခက်တာမျိုးတွေ၊ ခွဲမရတာမျိုးတွေလည်း ဖြစ်ရပါတယ်။
တစ်ချို့ကမှားတတ်တယ်
ညီမ တိမ်ခွဲတုန်းက စျေးကြီးတဲ့ IOL မှန်နဲ့ခွဲတာပါ ကြည့်မကောင်းဘူး။ မိတ်ဆွေတစ်ယောက်က IOL စျေးပေါတာနဲ့ခွဲပြီးကြည့်ကောင်းတာ ဘယ်လိုဖြစ်ရတာလည်းလို့ မေးတာတွေ ရှိပါတယ်။
တကယ်တော့......
ဘယ် IOL အမျိုးအစားကို ထည့်ထည့် မိမိအာရုံကြော ကောင်းသလောက်ပဲ မြင်ရမှာပါ ဒါလေးတော့ သိထားပေးပါ။ IOL ကွာတာက ဂျီးတက် နှေးတာ၊ မြန်တာပဲ ကွာပါတယ်။ ဂျီးတက်တဲ့အခါ လေဆာနဲ့ပြန်ဆေးလို့ရပါတယ်။
စာကျန်၊ စာမှားတာရှိရင် နားလည်ပေးပါခင်ဗျာ
မိတ်ဆွေ၊ လူနာရှင်များအားလုံး
ကျန်မာ၊ ချမ်းသာ ကြပါစေ🙏🙏🙏🙏🙏
Aung Lay ( Eye Health )
Dry eye ရဲ့ နောက်ဆက်တွဲ ရောဂါ
Pterygium မျက်သားတက် နှင့်
pinguecula အဆီဖု
ဖြစ်စဥ် တူညီတတ်ပေမဲ့ နာမည် ၂မျိုးကွဲခြင်း
Pterygium မျက်သားတက် ( ရောဂါပုံစံ )
မျက်စိနီ၊ ယား၊ စပ်၊ အောင့်၊ အလင်းစူးမခံနိုင်တာ၊ ခုလုခုလုဖြစ်တာ၊ မျက်ရည်ပူကျတာ အများဆုံး ဖြစ်ပါတယ်။ ပြီးရင် ပထမပုံလို မျက်သားတက်လာပါမယ်။
pinguecula အဆီဖု ( ရောဂါပုံစံ )
ခုလုခုလုဖြစ်တာ၊ အမြင်ဝါးတာ၊ ယားယံတာ၊
စူးသလိုဖြစ်တာ၊ ပူစပ်တာ၊ မျက်စိနီတာ ဖြစ်လာပါမယ်။ ဒုတိယပုံ
တစ်ခုရှိတာကတော့....
Pterygiumနဲ့ pinguecula မှာ
pinguecula က pterygium ရဲ့ early stage တစ်ခုပါ။
မိတ်ဆွေ၊ လူနာရှင်များ အားလုံး
ကျန်းမာ၊ ချမ်းသာ ကြပါစေ🙏🙏🙏🙏🙏
Aung Lay ( Eye Health )
Lasikဖြင့်ပါဝါလျော့ခြင်း
ပထမဆုံး လေဆာပစ်သူများက အသက် ၂၁ နှစ်ပြည့်သူဖြစ်ရပါမယ်။ လေဆာမပစ်ခင် မိမိရဲ့ပါဝါ၊ မျက်ကြည်လွှာ အထူ အပါး၊ မျက်စိခြောက်မနေရ၊ မျက်စိရဲ့ အကျယ်၊ သွေးတိုး ဆီးချို၊ Bပိုး၊ C ပိုး၊ HIV စစ်ဆေးရပါမယ်။
မျက်လုံးပါဝါ အရမ်းများသူတွေဆိုရင် လေဆာပစ်ပြီးလည်း ပါဝါအနည်းငယ်ကျန်တာမျိုး ဖြစ်နိုင်ပါတယ်။ ပြီးတော့ ပါဝါဖျောက်တာက တသက်လုံးခံတယ်ဆို ပြောမရပါဘူး။ ဥပမာ - မိမိရဲ့ပါဝါက ၈၀၀ ဆိုရင် လေဆာပစ်ပြီး ၁၀၀ (သို့) ၂၀၀ လောက် ကျန်လို့ မျက်မှန်ပြန်တပ်ရသူလည်း ရှိပါတယ်။ တချို့က ပါဝါအကုန်ပျောက်ပြီး အာရုံကြောအားနည်းခြင်းကြောင့် ပါဝါပြန်တက်လာတာ မြန်ဆန်မျိုးလည်း တွေ့ရပါတယ်။
ဘေးထွက် ဆိုးကျိုးတွေကတော့ ခွဲစိတ်ခြင်းကြောင့် မျက်သားခြောက်သွေ့ခြင်း ၊ အလင်းရောင်ကို အာရုံခံမှုလွန်ကဲခြင်း ၊အလင်းစူးစူးကို မကြည့်နိုင်ခြင်း ၊ မျက်ကြည်လွှာကို လိုသည်ထက်ပိုပြီး ပုံသွင်းမိခြင်း (သို့) လိုသလောက် ပုံမသွင်းနိုင်ခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ မျက်ကြည်လွှာရောင်ရမ်းခြင်း ၊ လေဆာကုထုံးအပြီးမှာ မျက်ကြည်လွှာထူလာခြင်းတွေ ဖြစ်လာနိုင်သလို Dry eye ( မျက်စိခြောက်ခြင်း) နှင့် Eye floaters ( မျက်လုံးတွင်း ရေမြုပ်များ) ဖြစ်နိုင်ချေလည်း များလှပါတယ်။
မိတ်ဆွေ၊ လူနာရှင်များ အားလုံး
ကျန်းမာ၊ ချမ်းသာ ကြပါစေ🙏🙏🙏🙏🙏
Aung Lay ( Eye Health )
Click here to claim your Sponsored Listing.
Category
Website
Address
Myaungmya
Myaungmya
ကြင်နာသနားမေတ္တာပွား၍ လူသားတိုင်းကိုကူညီမည်
Ngar Myar Tan Kone Street
Myaungmya, 11011
ကျန်းမာရေးအတွက်ဝန်ဆောင်မှု