I T Finishing School

IT ကျောင်းသားများအား Software ပိုင်းမှာ Professi

16/01/2024

Chiang Mai University ကနေ အယောက် 200 တိတိ scholarship ပေးမဲ့ CMU Presidential Scholarships 2024

CMU ကနေ Doctooral & Master Degree အတွက် scholarship အယောက် 200ထိ ပေးနေပြီဖြစ်လို့ တက်ရောက်ချင်တဲ့သူတွေလျှောက်သင့်ပါတယ်ရှင့်
Bachelor အတွက်တော့မပါသေးဘူးရှင့်

👉 Doctoral Degree Scholarships: 100 (in total per year)
👉 Master’s Degree Scholarships: 100 (in total per year)
Details :

For the 2024 academic year, the scholarship application process will consist of two regular rounds corresponding to the opening for admission to the first semester of the academic year 2024. However, for those interested in commencing their studies in the second semester of 2024, it is advised to reach out directly to the Program Administrative Committee Chair. This allows applicants to explore research topics, find a suitable Thesis Advisor, and apply for the scholarship in advance.

https://w3.grad.cmu.ac.th/news/01hm85p7hd6v346s2pnfejqywd

ကျောင်းသားတွေ အထွေထွေ စုံစမ်းမေးမြန်းနိုင်ရန် Facebook Groupလေးလည်းရှိတာမို့ Groupလေး Joinထားဖို့လည်းမမေ့ကြနဲ့နော်
Group Link 👇
https://www.facebook.com/groups/707289004533779/?ref=share_group_link

10/01/2024

Here are 10 lessons from the book "The Game of Life and How to Play It" by Florence Scovel Shinn.

1. Your thoughts and words create your reality. "Whatsoever a man soweth, that shall he also reap." This means that your thoughts and words are powerful tools, and you should use them carefully.

2. You can change your circumstances by changing your thoughts. "Man is master of thought, the mold in which he casts his life." This means that you have the power to create your own destiny by controlling your thoughts.

3. You should focus on positive thoughts and words. "As a man thinketh in his heart, so is he." This means that your thoughts and words shape your character and your life.

4. You should have faith in yourself and in the power of your thoughts. "Faith is the substance of things hoped for, the evidence of things not seen." This means that you should believe in yourself and in your ability to create the life you want.

5. You should be grateful for what you have. "Gratitude is the key to happiness." This means that you should appreciate the good things in your life, big and small.

6. You should forgive others and yourself. "Holding on to anger is like drinking poison and expecting the other person to die." This means that forgiveness is good for your own mental and emotional health.

7. You should love yourself and others unconditionally. "Love is the greatest force in the universe." This means that you should treat yourself and others with kindness and compassion.

8. You should live in the present moment. "Do not worry about tomorrow, for tomorrow will worry about itself. Each day has enough trouble of its own." This means that you should focus on enjoying the present moment and not worrying about the future.

9. You should trust the divine guidance. "There is a divinity that shapes our ends, rough-hew them how we will." This means that there is a higher power that is guiding you, even when you can't see it.

10. You should have a positive attitude. "Life is a game, and the prize is living." This means that you should enjoy the journey and not focus on the destination.

The Game of Life and How to Play It is a classic self-help book that has helped millions of people to improve their lives. If you are looking for a way to create a more fulfilling and joyful life for yourself, I highly recommend reading this book.

05/01/2024

🎄Important of 7 Cs in Life

27/12/2023

We can develop by reading စာဖက်ကြမယ်

#မိမိဘ၀တိုးတက်ဖို့ရာ

19/12/2023

❣️The 3 C's of life. 💦💐🏝️

18/12/2023

✅The Strategic Planning for any New Business.❣️

12/12/2023

🪴Google free online courses 📢📢

https://drasmajabeen.com/google-free-online-courses-with-certificates/?fbclid=IwAR1hQu76TmLnni6D4rVEGcSvmEGCP1PWT5UzB9Tq1qIxLP5cm5KgOE4MvkE

Please learn through with above links & develop ur skills 🙏🙏

01/12/2023

#♦️Strategy

#မိမိဘ၀တိုးတက်ဖို့ရာ

30/11/2023

သင်တန်ကြေး 100% အခမဲ့ဖြင့်တက်ရောက်နိုင်မယ့်

Hotel Management


Hotel Management ပညာဒါန သင်တန်းတွင်
တက်ရောက်သင့်သူများ

Management နှင့်ပတ်သက်၍လုပ်ငန်းများတွင် ဦးဆောင်လိုသူများ

# Hotel Management မှုနှင့်ပတ်သက်သည့် ဌာနများတွင် အလုပ်လုပ်နေသူများနှင့် လုပ်ငန်းခွင်ဝင်လိုသူများ

လုပ်ငန်းအကြောငါးနားလည်လိုသူများ

#မိမိဘ၀တိုးတက်ဖို့ရာ လမ်းစရှာဖွေနေသူများအတွက်ဖွင့်လှစ်ပေးလိုက်သည့် Hotel Management
ပညာဒါန သင်တန်းဖြစ်ပါတယ်။

သင်တန်းတက်ရောက် မည့်သူများအနေဖြင့်HMဟု မန့်၍
အောက်က Groupများသို့ join ပေးပါ ။

Hotel Management Group

https://www.facebook.com/groups/1039306857065022/?ref=share_group_link
ပညာဒါန gp link

https://www.facebook.com/groups/348870363957530/?ref=share

22/11/2023

♣️ အာဆီယံနဲ့ အမေရိကန် ပူးပေါင်းပြီး အမေရိကန် တက္ကသိုလ်တွေရဲ့ ပါမောက္ခတွေ သင်တဲ့ အခမဲ့ သင်တန်းများ....♦️♦️

ဒီသင်တန်းတွေကိုတော့ US Mission to Asean လို့ ခေါ်ပါတယ်...။ ဘယ်လို သင်တန်းတွေ ပါလဲဆိုတော့ စီးပွားရေးနဲ့ပတ်သက်တဲ့ သင်တန်းအများစု ပါပါတယ်..။

အားလုံးကို အခမဲ့ လေ့လာခွင့်ပြုထားပြီးတော့ အသက်အရွယ် ပညာအရည်အချင်း မကန့်သတ်ထားပါဘူး...။ ဒါပေမယ့် စာအုပ်တော့ လိုပါတယိ။ ဘာလို့လဲဆိုတော့ စာသင်ရင်း မှတ်စု ရေးရမယ်လေ..။

ကဲ ဟုတ်ပြီ။ အောက်က Link ကို ဝင်လိုက်ရင် အတန်းတွေ တွေ့ရပါလိမ့်မယ်... ။ အာ့ထဲကနေ ကိုယ်ဝါသနာပါတဲ့ အတန်းကို နှိပ်ပြီး တက်လို့ရပါပြီဗျာ... ။

လေ့ကျင့်ခန်း လုပ်ရမယ်..။ မှန်ရင် သင်တန်းဆင်းလက်မှတ်တွေ ရပါမယ်ဗျား။

https://asean.usmission.gov/online-courses/

အဆင်ပြေကြပါစေဗျ... ။
Credit

29/10/2023

❤️❤️Happy Thadikyut to you all 🙏🙏
&peaceful holiday ♣️♣️

21/10/2023

💎Blockchain နည်းပညာနှင့် ယုံကြည်စိတ်ချနိုင်မှု♣️♣️

🎈ဒီနေ့မှာတော့ နည်းပညာဆိုင်ရာ အကြောင်းအရာတွေထဲကတစ်ခုကိုထပ်မံတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ကျွန်​ေတာ်တို့ နေ့စဥ်နှင့်အမျှ အသုံးပြုနေတဲ့ Programs တွေ Applications တွေ မှာပါ၀င်တဲ့ Data ( အချက်အလက် ) များကို Database ( အချက်အလက်များသိမ်းဆည်းရာနေရာ ) တမျိုးမျိုးမှာ သိမ်းထားလေ့ရှိပါတယ်။ တမျိုးမျိုးလို့ ပြောရခြင်းမှာ Centralized Database, Distributed Database, SQL Database, NoSQL Database, Cloud Database စသဖြင့် Database အမျိုးအစားများစွာရှိခြင်းကြောင့်ဖြစ်သည်။

Blockchain ကိုယ်တိုင်ကလည်း Database တစ်ခုဖြစ်ပါတယ်။ Blockchain သည် Decentralized (သို့မဟုတ်) Distributed database အမျိုးအစားဖြစ်ပါတယ်။ Digital Ledger လို့လည်းတွဲသိကြပါတယ်။

ပုံမှန် databases များဖြစ်သော RDBMS, Hadoop နှင့် SQL တို့တွင် Data သိမ်းဆည်းရာနေရာနှင့် အသုံးပြုရာနေရာမှာ သီးခြားတစ်နေရာစီဖြစ်သည်။ Blockchain နည်းပညာမှာတော့ သီးခြား Administration ( စီမံခန့်ခွဲခြင်း ) မျိုး မလိုအပ်ပါ။

Blockchain ဆိုတာဘာလဲ?

Blockchain သည် ကြားဖြတ်၀င်ရောက်ပြင်ဆင်ခြင်း၊ hack ခြင်း နှင့် လိမ်လည်လှည့်စားခြင်းတွေ မလုပ်နိုင်တဲ့ ပုံစံဖြင့် အချက်အလက်များကို သိမ်းဆည်းသော System တစ်ခုဖြစ်သည်။

ဘယ်လိုအလုပ်လုပ်ပါသလဲ ?

ပုံမှန် database များတွင်အချက်အလက်သိမ်းဆည်းရာနေရာကို ``Tables´´ ဟုခေါ်သလို Blockchain မှာတော့ ``Blocks´´ ဟုခေါ်ပါတယ်။

တနည်းအားဖြင့် Blockchain ထဲမှာပါ၀င်တဲ့ Computer System တစ်ခုချင်းစီမှာ Digital ledger of transactions ( Transaction အချက်အလက်) များကိုပွားပြီး သိမ်းဆည်းထားတာပါ။ မိတ္တူ ပွားထားသလိုမျိုးပေါ့နော်။

Data Blocks တွေဟာတစ်ခုနှင့်တစ်ခု Auto ချိတ်ဆက်နေ၍ Data အသစ်၀င်လာချိန်တွင် မူလ Data များနှင့် ချိတ်ပြီး Blockchain ထဲမှာ ပါ၀င်သော Participant အားလုံး၏ Ledger များတွင် အလိုအလျောက်ထည့်လိုက်ခြင်းဖြစ်သည်။ ခုလို Participants များစွာပါ၀င်ပြီး Decentralised အနေဖြင့် စီမံထားသော နည်းပညာကို Distributed Ledger Technology ( DLT ) ဟုခေါ်ပါတယ်။

ဘာတွေထူးခြားသလဲ?

Digital စနစ်သုံး ငွေကြေးစနစ်တွေများစွာပေါ်ခဲ့ပေမဲ့ ဆုံးရှုံးမှုတွေလည်း အမြဲလိုလိုရှိနေခဲ့ပါတယ်။ အဓိက ပြသနာက ယုံကြည်မှုရရှိရေးပါ။

တစ်စုံတစ်ယောက်က X ဆိုတဲ့ Digital ငွေကြေးစနစ်တစ်ခုဖန်တီးခဲ့ရင် မိမိအနေနဲ့ ဒီ X စနစ်ကိုဘယ်လိုယုံကြည်နိုင်မလဲ။ ဘာကြောင့်လဲဆိုတော့ X ကိုယ်တိုင်ဖြစ်ဖြစ်၊ ပြင်ပ Hackersများကဖြစ်ဖြစ် ငွေတွေကို ခိုးယူနိုင်ခြေတွေအများကြီးရှိပါတယ်။

ဒါပေမဲ့ Bitcoin ကဲ့သို့ blockchain နည်းပညာကတော့ဒီပြသနာကိုဖြေရှင်းနိုင်ပါတယ်။ ပုံမှန် SQL database တွေမှာ Data ကိုပြင်ဆင်နိုင်သော ( In case: လိမ်လည်နိုင်ချေရှိသော ) စီမံခန့်ခွဲသူရှိပါတယ်။

Blockchain နည်းပညာမှာတော့ ဒီလိုပုဂ္ဂိုလ်မျိုးမလိုဘဲ အသုံးပြုသူ ( User ) များသာရှိပါတယ်။ အသုံးပြုသူ ( User) တိုးပွားလာတာနဲ့ အမျှ Blockchain ရဲ့ Security ကလည်းပိုကောင်းလာတဲ့အနေအထားမျိုးဖြစ်ပါတယ်။ဒါကြောင့် ယုံကြည်စိတ်ချရတယ်လို့ဆိုနိုငိပါတယ်။

Blockchain နှင့်ပတ်သက်ပြီး မိတ်ဆွေသိထားတဲ့ အချက်အလက်များ ဒါမှမဟုတ် သိချင်တာများရှိရင် Comment မှာ ဆွေးနွေးနိုင်ပါတယ်။

11/10/2023

📗📕📙📒စာဖတ်လို့.ဘာအကျိုးရှိမှာလဲ။📚📚

ဒီစာလေးကနဲနဲရှည်တယ်။.ဒါပေမဲ့.အေးအေးဆေးဆေးလေးဖတ်ရင်တောင်.-၅မိနစ်ထက်ပိုမကြာပါဘူး။.မိနစ်ပေါင်းသိန်းသန်းချီကျန်ရှိနေသေးတဲ့မိမိဘဝကောင်းစားရေးအတွက်.-၅မိနစ်ဆိုတဲ့အချိန်လေးတော့.ပေးနိုင်ကြမယ်လို့ထင်ပါတယ်။

စာရေးဆရာတွေက.စာပေဟောပြောပွဲတွေမှာ.အမြဲတမ်းပြောလေ့ရှိတဲ့စကားတခုက."လူငယ်တွေစာဖတ်ကြပါ"တဲ့။.တကယ်တော့.လူငယ်တွေမှ.စာဖတ်ရမှာမဟုတ်ပါဘူး။.လူကြီးတွေလဲ.စာဖတ်ဖို့လိုပါတယ်။.ဘာကြောင့်လဲ။.စာဖတ်ခြင်းကြောင့်အကျိုးများစွာရပါတယ်။.အကျိုးများစွာထဲက.အဓိကကျတဲ့အချက်လေးတွေကိုပဲ.ဖေါ်ပြချင်ပါတယ်။

စာဖတ်ခြင်းဆိုတာ.ဝတ္ထု.ဆောင်းပါး.အထုပ္ပတိ.ကဗျာ.ပုံပြင်အပါအဝင်.စာကောင်းပေကောင်းများကိုရည်ညွှန်းခြင်းဖြစ်ပါတယ်။

"ကျနော်တို့လဲ.facebookမှာရေးထားတဲ့စာတွေ.နေ့တိုင်းအမြဲဖတ်နေတာပဲ"လို့အထွန့်တက်ကြပါလိမ့်မယ်။.Facebookက.ပေါက်ကရစာတွေ.ဆဲစာတွေဖတ်ပြီး.အောက်ကရေးထားတဲ့အကျိုးတွေရနိုင်.မရနိုင်ဆိုတာ.မိမိဖါသာဆုံးဖြတ်နိုင်ပါတယ်။

1. Mental Simulation (စိတ်ဓါတ်ကိုလှံု့ဆော်ပေးခြင်း)
အထုပ္ပတိလိုစာအုပ်မျိုးပေါ့။.ငယ်စဉ်အတန်းကျောင်းမှာခနပဲနေဖူးးခဲ့သူက.စာတွေဖတ်ပြီး.နောက်ဆုံးအမေရိကန်သမတကြီးဖြစ်သွားတဲ့လင်ကွန်းအကြောင်းရေးထားတဲ့စာအုပ်တို့.သေနတ်တလက်မကိုင်ပဲ.နေမဝင်ဗြိတိသျှအင်ပိုင်ယာကြီးကို.ငြိမ်းချမ်းစွာနဲ့တိုက်ယူပြီး.အိန္ဒိယနိုင်ငံကြီးရဲ့လွတ်လပ်ရေးရယူပေးခဲ့တဲ့ခေါင်းဆောင်ကြီးမဟ္တမဂန္ဒီအကြောင်းတွေ.ဖတ်ပြီးရင်.စိတ်ဓါတ်တက်လာတယ်။.သူတို့လို.ရည်ရွယ်ချက်ကြီးကြီးမားမားထားချင်လာတယ်။

2. Knowledge (ဗဟုသုတတိုးပွားခြင်း)
စာအမျိုးမျိုးဖတ်ထားသူဟာ.ဗဟုသုတကြွယ်ဝမယ်ဆိုတာ.လက်ခံကြမှာပါ။.ကိုယ့်လုပ်ငန်းနဲ့ပတ်သက်တဲ့စာအုပ်တွေဖတ်ထားသူဟာ.စာမဖတ်တဲ့ကိုယ့်လုပ်ဖေါ်ကိုင်ဖက်တွေထက်.အသိဉာဏ်မှာ.ခေါင်းတလုံးသာနေပါလိမ့်မယ်။.လုပ်ရည်ကိုင်ရည်လဲသာပါလိမ့်မယ်။.ကမ္ဘာကြီးမှာဘာတွေဖြစ်ပျက်နေသလဲသိဖို့.သတင်းစာကိုလဲ.နေ့စဉ်ဖတ်ပေးဖို့လိုပါတယ်။

3. Vocabulary Expansion (စကားလုံးကြွယ်ဝခြင်း)
ဒါကတော့အထူးအထွေရှင်းပြစရာမလိုဘူးထင်ပါတယ်။.မြန်မာစာအုပ်ဖတ်ရင်လဲ.ကိုယ်မသိသေးတဲ့ဝေါဟာရအသုံးအနူံးတွေတွေ့လာမှာပါ။.အင်္ဂလိပ်စာအုပ်ဖတ်ရင်.အဓိပ္ပါယ်မသိတဲ့စကားလုံးတွေတွေ့လာမှာပါ။.အဘိဓါန်ကနေ.အဓိပ္ပါယ်ရှာပြီးမှတ်သားမယ်ဆိုရင်.အင်္ဂလိပ်စကားလုံးတွေအတော်များများတတ်လာမှာပါ။.စကားလုံးကြွယ်ဝသူဟာ.စကားပြောတဲ့အခါ.စကားလုံးတွေကို.လိုအပ်သလို.ထိထိရောက်ရောက်သုံးတတ်လို့စကားပြောကောင်းကြပါတယ်။

4. Memory Improvement (မှတ်ဉာဏ်တိုးတက်ခြင်း)
ဝတ္ထုစာအုပ်တအုပ်ဖတ်တယ်ပဲဆိုပါစို့။.ဖတ်ရင်းနဲ့.ဝတ္ထုထဲက.ဇာတ်ကောင်တွေရဲ့နာမည်တွေကို.မှတ်ထားရမယ်။.သူတို့ရဲ့အမူအကျင့်.ပြုမူပုံလေးတွေကိုလဲမှတ်ထားရမယ်။.ဘယ်နေရာ.ဘယ်မြို့ဆိုတာလေူတွေလဲမှတ်ထားရမယ်။.မမှတ်ထားဘူးဆိုရင်.ဝတ္ထုကိုဆက်ဖတ်ရင်.အဆက်အစပ်သိတော့မှာ.မဟုတ်ဘူး။.စာဖတ်ရင်း.အဲဒီအချက်တွေကိုဦးနှောက်ရဲ့မသိစိတ်ကမှတ်နေရလို့.မှတ်ဉာဏ်ကိုတိုးတက်စေပါတယ်။.အသက်ကြီးသူတွေ.မှတ်ဥာဏ်မမေ့ဖို့.ဝတ္ထုများများဖတ်သင့်တယ်လို.စိတ်ပညာရှင်တွေကပြောထားပါတယ်။

5. Analytical Thinking Skill (တွေးခေါ်ဆင်ခြင်တတ်ခြင်း)
အတွေးအခေါ်အသိအမြင်ပွားစေတဲ့စာပေ.ဆောင်းပါး.စုံထောက်ဝတ္ထုလိုစာအုပ်မျိုးပေါ့။.စုံထောက်ဝတ္ထုဖတ်ရင်.လူသတ်မှုတခုကို.စုံထောက်တယောက်ကဘယ်လို.အချက်အလက်တွေရှာဖွေစုဆောင်း.ကွင်းဆက်ဖေါ်ပြီး.တရားခံကိုဖေါ်ထုတ်သွားတာဟာ.စိတ်ဝင်စားစရာကောင်းသလို.ဖတ်သူမှာလဲ.အဲဒီလိုတွေးခေါ်ဆက်စပ်တတ်တဲ့အသိဉာဏ်ရလာပါလိမ့်မယ်။

6. Improved Focus and Concentration (အာရုံစူးစိုက်မှုကောင်းလာခြင်း)
အာရုံများတတ်သူတွေ.စာအုပ်ဖတ်သင့်တယ်။.စာအုပ်ဖတ်ရင်း.စာထဲစိတ်ဝင်စားသွားရင်.မိမိဘေးပတ်ဝန်းကျင်.ကမ္ဘာလောကကြီးကိုမေ့သွားပြီး.ဖတ်နေတဲ့အကြောင်းအရာပေါ်ပဲအာရုံထားလို့.အာရုံစူးစိုက်အားပိုကောင်းလာစေပါတယ်။

7. Better Writing Skill (စာအရေးအသားကောင်းလာခြင်း)
စာရေးဆရာတိုင်းဟာ.စာဖတ်သူတွေဖြစ်ကြတယ်။.စာများများဖတ်ထားတော့.စာရေးဆရာပေါင်းစုံရဲ့အရေးအသားတွေကိုလေ့လာပြီးသားဖြစ်သွားတယ်။.အဲဒီတော့.ကိုယ်ကြိုက်တဲ့စတိုင်နဲ့စာရေးလို့ရတယ်။.စာများများဖတ်ထားလို့.ဘာအကြောင်းအရာဖြစ်ဖြစ်.စာဖတ်သူစိတ်ဝင်စားပြီး.နားလည်အောင်ရေးတတ်လာတယ်။.ဒါကြောင့်.စာရေးဆရာတွေ.စကားပြောကောင်းကြတာပဲ။.နောက်ပြီး.စာအဖတ်များတဲ့ကျောင်းသားဟာ.စာစီစာကုံးအရေးအသားတော်ကြတယ်။

8. Tranquility (စိတ်အေးချမ်းမှု)
တနေ့လုံးကျောင်းတက်ရလို့.ရုံးမှာအလုပ်များလွန်းလို့စိတ်ပန်း.လူပန်းဖြစ်နေပြီလား။.အိမ်ရောက်လို့.ထမင်းစားပြီး.ဝတ္ထုစာအုပ်တအုပ်ကိုကောက်ကိုင်ဖတ်ကြည့်လိုက်ပါ။.ဝတ္ထုထဲက.ဇာတ်လမ်းထဲမျောပါသွားပြီး.နေ့ခင်းကစိတ်ပင်ပန်းတာတွေမေ့ပျောက်သွားပြီး.စိတ်ငြိမ်းချမ်းမှုရပါလိမ့်မယ်။။.Self_Help.စာအုပ်တွေကတော့.စိတ်အားငယ်နေလို့.စိတ်ဓါတ်မြင့်တင်လိုသူတွေ.ဘဝမှာအောင်မြင်မှုရချင်သူတွေဖတ်ရမဲ့စာအုပ်မျိုးပါ။.အဲဒီစာအုပ်မျိုးကို.နှလုံးသားရဲ့အဟာရစာအုပ်များလို့ခေါ်ကြပါတယ်။.တရားဓမ္မစာအုပ်တွေဖတ်ခြင်းဟာလဲ.စိတ်ကိုအေးချမ်းစေသလို.လောကဓံတရားကိုလဲ.ကြံ့ကြံ့ခံနိုင်စိတ်ဖြစ်ပေါ်လာစေပါတယ်။

9. Entertainment (ဖျော်ဖြေမှု)
ပုံပြင်တို.ဝတ္ထုတို့ဖတ်ပေးခြင်းဖြင့်စိတ်အပန်းပြေမှုရပါတယ်။.တီဗွီ.-ရုပ်ရှင်ကြည့်မှစိတ်အပန်းပြေတာမဟုတ်ပါဘူး။.စာအုပ်ဖတ်ရင်းနဲ့လဲ.စိတ်အပန်းဖြေနိုင်ပါတယ်။.စိတ်အပန်းပြေပြီး.အသိဉာဏ်တိုးစေတာ.စာဖတ်ခြင်းပါပဲ။.စာဖတ်ဖူးမှသိပါလိမ့်မယ်။

10. Taking Journey (ခရီးသွားအတွေ့အကြုံ)
ဒေသန္တရဗဟုသုတပါတဲ့စာအုပ်.တခြားနိုင်ငံကအဖြစ်အပျက်ကိုအခြေခံတဲ့ဝတ္ထုမျိုးပေါ့။.အဲဒီစာမျိုးဖတ်ရင်း.မိမိကိုယ်တိုင်.တခြားမြို.တခြားနိုင်ငံတခုရောက်သွားသလိုပဲ။.အဲဒီနေရာကိုမျက်စိနဲ့ကိုယ်တိုင်မြင်တွေ့သလို.ခံစားမိလာလိမ့်မယ်။.အဲဒီနိင်ငံတွေကို.ခရီးစရိတ်အများကြီးမပေးရပဲ.စာအုပ်ဖိုးလေးအကုန်ခံရုံ(စာအုပ်ငှားရတဲ့ဒုက္ခလေးခံရုံ)နဲ့သွားရောက်လည်ပတ်လို့ရပါတယ်။

11. Boost Creativity (တီထွင်ကြံဆမှုတိုးတက်ခြင်း)
သိပ္ပံဝတ္ထုတို့.သိပ္ပံဆောင်းပါး.သုတေသနဆောင်းပါးစာတွေဖတ်ရင်း.တီထွင်ကြံဆနိုင်တဲ့အကြံကောင်းဉာဏ်ကောင်းတွေရနိုင်ပါတယ်။ဒီလိုစာတွေဖတ်မှ.ယနေ့ကမ္ဘာကြီးရဲ့သိပ္ပံပညာတိုးတက်ဖြစ်ထွန်းမှုတွေကို.ခေတ်နဲ့အညီ.သိနားလည်အမှီလိုက်နိုင်ပါလိမ့်မယ်။

12. Gentleness and Mature (စိတ်ထားသိမ့်မွေ့နူးညံ့ပြီး.ရင့်ကျက်လာခြင်း)
အချစ်ဝတ္ထုတို့.ကဗျာစတာတွေဟာ.ဖတ်သူကို.ခံစားမှုတွေဖြစ်စေတယ်။.အဲဒီစာမျိုးကို.ဖတ်ပြီး.လွမ်းဆွေးမှု.ကြင်နာသနားစိတ်.ကိုယ်ချင်းစာစိတ်တွေဖြစ်လာလို့.စိတ်နှလုံးဟာသိမ်မွေ့နူးညံ့လာမယ်။.စိတ်ဓါတ်လဲ.တည်ငြိမ်ရင့်ကျက်လာမယ်။

13. Seeing Future Obstacles (အနာဂတ်မှကြုံတွေ့မဲ့ပြဿနာကိုကြိုတင်သိနေခြင်း)
အထူးသဖြင့်.Businessနဲ့Managementဆိုင်ရာစာအုပ်တွေပါ။.ဒီစာအုပ်မျိုးတွေကိုရေးသူတွေဟာ.လုပ်ငန်းကြီးတွေလုပ်ခဲ့ဖူးသူ.ကုမ္ပဏီမှာအမြင့်ဆုံးရာထူးနဲ့လုပ်ခဲ့သူတွေဖြစ်ကြတယ်။.ပြီးတော့.သူတို့နှစ်ပေါင်းများစွလုပ်ကိုင်ရင်းနဲ့ကြုံတွေ့ခဲ့ရတဲ့ပြဿနာတွေ.အဲဒီပြဿနာတွေကို.ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့ကြတယ်ဆိုတဲ့ကိုယ်တွေ့အကြောင်းအရာတွေကိုရေးပြထားတယ်။.တချိန်.မိမိအဲဒီလိုလုပ်ငန်းမျိုးလုပ်ရရင်.အဲဒီရာထူးနေရာရောက်လာရင်.သူတို့စာအုပ်တွေဖတ်ထားလို့.ပြဿနာကိုကြိုသိနေပြီ။.ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့အဖြေကိုလဲသိနေပြီလေ။

14. Fantasy World (စိတ်ကူးယဉ်ကမ္ဘာ)
ဒီကမ္ဘာကြီးကနေ.ခနထွက်ခွာပြီး.စိတ်ကူးယဉ်ကမ္ဘာထဲသွားလိုသူများအတွက်.Harry Potter.လိုစိတ်ကူးယဉ်ဝတ္ထုမျိုးဖတ်နိုင်ပါတယ်။

စာဖတ်ချိန်မရှိဘူးလို့ပြောမလား။.Facebookကြည့်တာတို့.ဗီဒီယိုကြည့်တာတို.ဂိမ်းဆော့တာတို့.လက်ဖက်ရည်ဆိုင်ထိုင်တာတို့့လျှော့ပြီး.မိမိဘဝတိုးတက်ဖို့အတွက်.နေ့စဉ်တနေ့ကိုနာရီဝက်လောက်လေးကို.စာဖတ်ဖို့အချိန်လေးမပေးနိုင်ဘူးလား။.ဘတ်စ့်ကားစောင့်နေရင်း.ရထားစီးရင်း.ကားစီးရင်း.စာမဖတ်နိုင်ဘူးလား။

ကြိုက်ချင်မှကြိုက်လိမ့်မယ်။.အမှန်တရားလေးတခုပြောပြချင်ပါတယ်။.စာမဖတ်သူဟာ.စဉ်းစားအဆင်ခြင်ဉာဏ်နူံနဲလို့.သူများပြောသမျှယုံလွယ်တယ်။.သူများရဲ့အလိမ်အညာခံရလေ့ရှိတယ်။.သူများနောက်လိုက်ဘဝနဲ့ပဲ.တသက်တာကိုကုန်ဆုံးသွားကြရတယ်။

ပညာရေးစံနစ်မကောင်းဘူလို့ငြီးတွားနေကြတဲ့လူငယ်တွေကို.ဆင်းရဲဒုက္ခတွင်းထဲက.လွန်မြောက်နိုင်ဖို့.စာများများဖတ်ခြင်းမှတပါး.အခြားနည်းလမ်းမရှိပါ။.စာဖတ်တဲ့အလေ့အကျင့်ကို.တရက်၂ရက်နဲ့လုပ်ယူလို့မရပါဘူး။.နေ့စဉ်.ဖတ်သွားမှ.အလေ့အကျင့်ဖြစ်လာပြီး.အပေါ်ကရေးပြတဲ့အကျိုးတွေခံစားလာရမှာပါ။

All readers are not leaders but all leaders are readers.နိုင်ငံ့ခေါင်းဆောင်တိုင်း.စာဖတ်ကြသည်။.မြန်မာနိုင်ငံက.အစိုးရခေါင်းဆောင်တွေ.စာဖတ်.မဖတ်တော့မသိပါ

ဗန်းမော်သိန်းဖေ
၂၀၁၅ ခုနှစ် ဇွန်လ ၄ ရက်
SSource # hyper

22/09/2023

💢 Self Actualization .. မိမိကိုယ် မိမိ နာလည်ခြင်း♠️♠️

04/09/2023

⭐️⭐️သင့်အတွက် ​အောင်မြင်းခြင်းဆိုတာဘာလဲ♥️

29/08/2023

25/08/2023

Motivation 🔥

Photos from I T Finishing School's post 13/08/2023

10/08/2023

02/08/2023

16/07/2023

💢Scholarship ​ရှောက်ရှင်​သော​ကျောင်းသားများအတွက်

1) DAAD Scholarship

https://www2.daad.de/deutschland/stipendium/datenbank/en/21148-scholarship-database/?detail=50076777

2) Chevening Scholarship 2023 in the UK | Fully Funded
Link: https://scholarshipscorner.website/chevening-scholarship/

3) Schwarzman Scholarship Program 2023-24 in China | Fully Funded
Link: https://scholarshipscorner.website/schwarzman-scholars-programme/

4) Singapore International Graduate Award 2023 | Fully Funded
Link: https://scholarshipscorner.website/fully-funded-singapore-international-graduate-award/

5) Lester B. Pearson Scholarship 2023 in Canada | Fully Funded
Link: https://scholarshipscorner.website/lester-b-pearson-scholarship-canada/

6) Australian Awards Scholarship :

https://www.dfat.gov.au/people-to-people/australia-awards

7) Harvard University Scholarships Website :

https://scholarships.harvard.edu/international-students

8) Fullbright Scholarship Official Website :

https://foreign.fulbrightonline.org/

9) Lukasiewicz Scholarship by Government of Poland

https://nawa.gov.pl/en/students/

Development-Related Postgraduate Courses (EPOS) - DAAD - Deutscher Akademischer Austauschdienst Postgraduate or Master's degree completed in Germany for graduates from development and newly industrialised countries

12/07/2023

🩸🩸ယနေ့ အိုင်တီခေတ် ကြီးမှာ Apple ကွန်ပျူတာ၊ အိုင်ဖုန်း၊ အိုင်ပတ် ဆိုတာ တွေဟာ ကမ္ဘာတစ်လွှားမှာလူအကြိုက်အများဆုံးနဲ့ ရောင်းအကောင်းဆူံး အိုင်တီ ပစ္စည်းတွေ ဆိုတာ လူတိုင်းနီးပါးလက်ခံကြမှာပါ။ ဒီပစ္စည်းတွေရဲ့ တီထွင်ပညာရှင်ကြီး စတီးဗ်ဂျော့ရဲ့ ဘဝပေး သင်ခန်းစာကို မိတ်ဆက် ပါရစေ။
Steve jobs ဟာ ၁၉၅၅ ခုနစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့ အမေရီကန်ရဲ့ ကာလီဖိူးနီးယား ပြည်နယ်မှာ မွေးဖွားခဲ့ပြီး မွေးစားမိဘတွေ လက်ထဲမှာ ကြီးပြင်းလာခဲ့ပါတယ်။ Steve jobs ဟာ ငယ်စဥ်ဘဝထဲက IT နဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို စိတ်ဝင်စားလာခဲ့တယ်။ စတီးဗ်ဂျော့ဟာ ဉာဏ်ကောင်းသလို တီထွင်ဉာဏ်လည်း အလွန်ကောင်းပါတယ်။IT မှာအောင်မြင်လိုတယ့် စိတ်ဓာတ် မြင့်တက်မူလည်း ရှိခဲ့တယ်။
✨၁၉၇၁ ခုနစ်မှာ စတီးဗ်ဂျော့ ဟာအထက်တန်းကျောင်းစတက်ခဲ့ပြီးနောက် အထက်တန်းကျောင်း အောင်တော့ ရီးဒ် တက္ကသိုလ်ကို သွားတက်ခဲ့တယ်။ ၆လအကြာမှာ တက္ကသိုလ်ထွက်ခဲ့ရပါတယ်။ ၁၉၇၄ ခုနစ်မှာ အိုင်တီနဲ့ ပတ်သတ်တယ့် ဗီဒီယိုဂိမ်းတွေ ထုတ်လုပ်ရောင်းချတယ့် ကုမ္ပဏီမှာ အလုပ်ဝင်ခဲ့တယ်။ ၁၉၇၆ မှာ အသက် ၂၁နှစ် ပြည့်ပြီးတော့ အမေရီကန်နိုင်ငံကို ပြန်လာပြီး သူဝါသနာပါတယ့် အီလက်ထရောနစ် ပစ္စည်းတွေကို တီထွင်ဖို့ ဆုံးြဖတ်ချက်ချ လိုက်ခဲ့တယ်။ စတီးဗ်ဂျော့နဲ့ ဝုဇနိုက် နှယောက်ဟာ Apple လို့ နာမည်ပေးထားတယ့် ကွန်ပျူတာ အသေးတစ်မျိုးကို တီထွင်ပြီး အောင်မြင်မူလည်းရခဲ့ကြတယ်။
✨သူတို့ဟာ ၁၉၈၀ပြည့်နှစ်မှာ Apple ကုမ္ပဏီကို ထူထောင်လိုက်ပြီးနောက်ပိုင်းမှာ Apple ကထုတ်တယ့်ပစ္စည်းတွေကို လူကြိုက်နည်း လာလို့ သိပ်မရောင်းရတော့ဘူး ဖြစ်ခဲ့တယ် ။ စတီးဗ်ဂျော့ကို သူရဲ့စျေးကွက်နည်းပျူဟာ အမှားကြောင့်ဆို့ပြီး Apple ကုမ္ပဏီက ၁၉၈၅ ခုနှစ်မှာ ထုတ်ပယ်ခဲ့ပြီး၊ ထိုနောက် ၁၉၉၀ မှာ တော့ စတီးဗ်ဂျော့ဟာ Apple ကုမ္ပဏီကို ပြန်လာခဲ့တယ်။ CEO ရာထူးကိုမယူပဲ တီထွင်သူအဖြစ်နဲနေပြီး စတော့ရှယ်ယာ ပြန်တက်လာအောင် ကြိုးစားကူညီပေးတယ့် အနေနဲ့ တစ်နှစ်စာ လစာကို ၁ဒေါ်လာသာ ယူခဲ့တယ်။
✨၂၀၁၃ခုနစ် ကတည်းကအလုပ်အလွန်ကြိုးစားမူကြောင့် အကြိတ်တစ်ခု ရှိလာခဲ့တယ်။ အကြိတ်ဟာ အသက် အန္တရာယ် ထိခိုက်မယ်​ြ အဆင့် ဖြစ်လာလို့ ခွဲလိုက်ရပြီး ၂၀၀၉ မှာလည်း အသည်းအစားထိုး ကုခဲ့ရတယ်။ သူဟာ ဟိုမုန်းဓာတ် မူမမှန်လို့ ပိန်ကျလာတာပါလို ပြောခဲ့တယ်။ အမှန်တော့ Apple ရှယ်ယာ ကျမှာ ဆိူးလို့ စိတ်ပူလိုဖြစ်ပါတယ်။ ၂၀၁၁ ခုနစ်အောက်တိုဘာလ ၅ ရက်နေ့ မှာ ကွယ်လွန်ခြင်း ကိုရင်ဆိုင်ရသော်လည်း Steve jobs ကို ယနေ့တိုင် Apple ရဲ့ ဖခင်ကြီး လို့ လူတွေ ဂုဏ်ပြုပြောနေကြသလို ကျွန်တော်တို့ IT Finishing မှလည်း ဂုဏ်ယူစမြဲပါ။


Wecangrowtogether✨

07/07/2023

# Friday _Inspiration

ယနေ့မှာတော့🔯 Google ရဲ့ CEO အကြောင်းလေးပြောပြ ပေးချင်ပါတယ်။ သူ၏ အမည်မှာ Sundar Pichai ဖြစ်ပြီး အိန္ဒိယ-အမေရိကန် စီးပွားရေး အမှုဆောင် တစ်ဦးလည်း ဖြစ်ပါသည်။ Pichai ရဲ့ မွေးနေ့ဟာ ၁၉၇၂၊ ဇွန်လ ၁၀ရက်နေ့ဖြစ်ပြီး အိန္ဒိယနိုင်ငံ ၌ မွေးဖွားခဲ့ပါသည်။

ယခု အမေရိကမှာ လစာအမြင့်ဆုံးရတဲ့ CEO တစ်ယောက်ဖြစ်တဲ့အထိ အောင်မြင်နေတဲ့ Sundar ဟာ ငယ်စဉ်ကတည်းက စည်းစိမ်ကို လုံးဝ မခံစားခဲ့ရသူပါ။သူတို့အိမ်က အခန်းကျဉ်းလေး နှစ်ခန်းသာဖြစ်ပြီး အဲဒီအခန်းနှစ်ခန်းထဲမှာပဲ ချက်ပြုတ်စားသောက်နေထိုင်ခဲ့ရပါတယ်။ဖုန်းတို့ TV တို့ မရှိတာကြောင့် ကျောင်းမှာလည်း လူတောမတိုးရဲတဲ့အပြင် ခဏခဏလည်း အနိုင်ကျင့်ခံခဲ့ရပါတယ်။ဒီလိုနဲ့ပဲ အားလုံးကို ကြိတ်မှိတ်ခံနေခဲ့ပြီး Metallurgical Engineering
( သတ္တုတွေအကြောင်း လေ့လာတဲ့ ဘာသာရပ် )နဲ့ ဒီဂရီတစ်ခုရခဲ့ပါတယ်။နောက်ပြီး အမေရိကမှာ MS ဆက်တက်ဖို့ Standford တက္ကသိုလ်ကနေ ပညာသင်ဆုကိုရရှိခဲ့ပြီး စရိတ်ငြိမ်းတက်ရောက်နိုင်သော်လည်း အမေရိကကို သွားဖို့လေယာဉ်ခ လုံလုံလောက်လောက်မရှိသောကြောင့် သူ့မိဘများက ပိုက်ဆံချေးငှားပြီး ပို့ပေးခဲ့ပါတယ်။
ပြီးတော့ တက္ကသိုလ်နောက်တစ်ခုမှာ MBA ဆက်တက်ခဲ့ပြီး အမေရိကမှာတင် အလုပ်တစ်ခုလည်းရခဲ့ပါတယ်။ ဒီမှာအလုပ်လုပ်နေရင်း 2004 ခုနှစ်မှာ Sundar က Google ကုမ္ပဏီမှာ အလုပ်လျှောက်ခဲ့ပြီး ကံကောင်းစွာနဲ့ပဲ အလုပ်ရရှိခဲ့ပါတယ်။

ဒီတော့ အလုပ်ကောင်းတစ်ခုရယ် ကိုယ်ပိုင်မိသားစုလေးနဲ့ ဘဝဟာ ုစတင်အဆင်ပြေလာခဲ့ပြီး သူ့ရဲ့ Google ခရီးစဉ်လည်း စတင်လာခဲ့ပါတယ်။
အဲဒီအချိန်မှာ Internet ကနေအကြောင်းအရာတစ်ခုခု ရှာချင်ရင် Internet Explorer ဆိုတဲ့ Browser တစ်ခုကိုပဲ အများဆုံးသုံးနေခဲ့ကြတယ်။ဒါကြောင့် Sundar က Google ကုမ္ပဏီကနေ Google Chrome ဆိုတဲ့ Browser အသစ်တစ်မျိုးတည်ထောင်လိုက်ရင် လူတွေစိတ်ဝင်စားလာကြမယ်လို့ ကြံဆခဲ့ပြီး ဒီအကြံကို အဲဒီအချိန်က Google ရဲ့ CEO ကိုတင်ပြခဲ့ပါတယ်။သူကတော့ မဖြစ်နိုင်ဘူးလို့ ရှုတ်ချခဲ့သော်လည်း Sundar က နောက်မဆုတ်ပဲ Google Chrome ကိုတည်ဆောင်ဖို့အတွက် ပြီးပြည့်စုံတဲ့အစီအစဉ်တစ်ခု ချဆွဲခဲ့ပြီး ဒီတစ်ခေါက်တော့ Google ရဲ့ Founder, Lary Page ဆီကို တင်ပြပြီး သူ့ရဲ့ အကျိုးသက်ရောက်မှုတွေကို ရှင်းပြခဲ့ပါတယ်။အလုပ်ဝင်တာ မကြာသေးတဲ့ အင်ဂျင်နီယာလေးတစ်ယောက်ဖြစ်ပေမဲ့ Sundar ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ( self-confidence )ကို အားကျပြီး ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ Lary Page ကလည်း ကြီးမားတဲ့ငွေအင်အားနဲ့ လူအင်အား ထောက်ပံ့ပြီး အားပေးခဲ့ပါတယ်။ဒီလိုနဲ့ အားလုံး ပင်ပင်ပန်းပန်းနဲ့ နေ့ညလုပ်ကိုင်ခဲ့ကြပြီး Google Chrome ဟာသုံးဖို့ အသင့်ဖြစ်တော့ ခွင့်ပြုချက်မရှိဘဲနဲ့ ဒီ software ဟာ အင်တာနက်ပေါ်မှာ ပျံနှံ့ခဲ့ပြီး သုံးတဲ့လူတွေကလည်း စပြီးသုံးနေကြပါပြီ။ကုမ္ပဏီကအရာရှိတွေကလည်း ဒီလောက်ပိုက်ဆံအကုန်အကျခံပြီး လုပ်ထားတာကို ပေါ့ပေါ့ဆဆကိုင်တွယ်လို့ Sundar ကို ဝိုင်းပြီးပြစ်တင်ခဲ့ကြပါတယ်။အဖွဲ့ထဲက တစ်ယောက်က မှားပြီးလုပ်လိုက်မိတာကို သိရက်နဲ့ အပြစ်တွေအားလုံးကို ခံယူပြီး စိတ်ဓာတ်မကျဘဲ Google Chrome ကို တရားဝင် ပြန်ပြီး Launch လုပ်ခဲ့ပါတယ်။

တစ်ကမ္ဘာလုံးက အသုံးပြုနေခဲ့တဲ့ ပိုင်ဆိုင်တဲ့ Internet Explorer နဲ့အပြိုင် Google ကုမ္ပဏီမှ Sundar Pichai က Chrome ဆိုတဲ့ Browser အသေးစားလေး တစ်ခုကို တည်ထောင်ခဲ့တဲ့ကာလ , ၂ နှစ်အတွင်းမှာတင် ထူးဆန်းစွာနဲ့ပဲ အင်တာနက်သုံးစွဲသူတွေထဲက ၉၀% က Chrome ကို စမ်းသုံးခဲ့ပြီးကြပြီး ၆၀% က Bill Gates ရဲ့ Window OS မှာပါတဲ့ default app , Internet Explorer ကိုဖြတ်ပြီး Google ရဲ့ Chrome ကိုအသုံးပြုခဲ့ကြပါတယ်။ ဒါဟာ Sundar ရဲ့ပထမဦးဆုံး အောင်မြင်မှုဖြစ်ပြီး ဒါတွေကိုစောင့်ကြည့်နေတဲ့ Google Founder,Lary page ကလည်း Sundar pichai ကို သဘောကျခဲ့ပြီး Android ဆိုတဲ့ ကြီးမားတဲ့ Project တစ်ခုကို သူ့ကိုတာဝန်ပေးခဲ့ပါတယ်။ ဒါကိုလည်း အောင်မြင်အောင် ဆောင်ရွက်နေတဲ့ Sundar Pichai ရဲ့စွမ်းရည်ကိုမြင်ပြီး သူ့ကို Google ရဲ့ CEOအသစ်အဖြစ် တင်မြောက်ဖို့ ရည်ရွယ်နေခဲ့ပါတယ်။

ဒါတွေအားလုံးကိုကြားသိနေတဲ့ ကုမ္ပဏီကလည်း Sundar ရဲ့စွမ်းရည်တွေကြောင့် သူ့ကို Twitter ဘက်မှာ လာရောက်လုပ်ကိုင်ဖို့ ငွေကြေးအမြောက်အမြား ပေးပြီး ကမ်းလှမ်းခဲ့ပါတယ်။ဒါပေမဲ့ သစ္စာရှိတဲ့ Sundar ဟာ Twitter ရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့ပြီး Google မှာပဲ ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။

ကုမ္ပဏီကလည်း သူတို့ဘက်မှာ CEO အဖြစ် လာရောက်လုပ်ကိုင်ဖို့ Sundar Pichai ကို ကမ်းလှမ်းခဲ့ပါတယ်။ဒါကိုသိလာတဲ့ Lary page က လစာငွေအမြောက်အမြားထောက်ပံ့ပြီး သူ့ရဲ့ သစ္စာတရားနဲ့ စွမ်းရည်ကို သဘောကျတဲ့အတွက် Sundar Pichai ကို ၂၀၁၅ ဩဂုတ်လ ၁၀ရက်နေ့မှာ Google ရဲ့ CEO အသစ်အဖြစ် ကြေညာခဲ့ပါတယ်။ နောက်ပြီး သူ့ကိုအင်တာဗျူးရာမှ သူဟာ India ကလာခဲ့ပြီး Tamil တစ်ယောက်ဖြစ်တယ်လို့ အားလုံးသိခဲ့ကြပါတယ်။

India မှာ နေထိုင်ခဲ့တဲ့ လူလတ်တန်းစားတစ်ယောက်ကနေ ယခုကမ္ဘာကို လွှမ်းမိုးနေတဲ့ Google ရဲ့ခေါင်းဆောင် CEO တစ်ယောက်အနေထိပြောင်းလဲခဲ့ပါတယ်။
ဒါကြောင့် ကျွန်တော် တို့ IT Finishing School မှ ကျောင်းသူကျောင်းသား များလည်း Sundar Pichai အတုယူရန် မမေ့ဖို့ တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။

Photos from I T Finishing School's post 06/07/2023

✨️Best Tips for English Leaner for IELTS.🏆🏆
✨️အ​ကောင်းဆုံး English စာသင်ယူမှု့ပုံစံ 🏆🏆

04/07/2023

🎗Very useful linking words ✨️🎗

27/06/2023

🎆 ဤရာစု၌ လူငယ်၊ လူကြီးမရွေး ရင်းနှီးသော နည်းပညာ တစ်ခုဖြစ်ပြီး လူတိုင်းနီးနီး အသုံးပြုနေသော Social Media တစ်ခု မှာ Facebook သာလျှင် ဖြစ်ပါသည်။ ဤကဲ့သို့ ကျော်ကြားအောင်မြင်သည့် Facebook ၏ စတင်လာပုံ နှင့် တီထွင်မှု နိရာမ ကို အနည်းငယ် မျှဝေပေးချင်ပါတယ်။

🎆 Facebook ကို စတင်တီထွင်သူကတော့ MaskZuckerberg ဖြစ်ပြီး သူကို ၁၉၈၄ ခုနစ် မေလ ၁၄ ရက်နေ့မှာ အမေရီကန်နိုင်ငံ နယူးယောက်ပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ သူ့အဖေက သူကို အခြေခံ Programming ရေးနည်းတွေ သင်ပေးခဲ့ပြီး အလယ်တန်းကျောင်းသားလေး ဘဝကတည်းက ကွန်ပျူတာပရိုဂရမ်တွေ ရေးတတ်နေခဲ့ပြီး ဖြစ်ပါသည်။ နောက်တစ်ချိန်မှာ Programming နည်းပညာကျွမ်းကျင် လာပြီး ကျောင်းက သူငယ်ချင်းတွေ ကစားနိုင်ဖို့ ကွန်ပျူတာ ဂိမ်းဆောဖ်ဝဲ တွေ ေရးနိုင်ခဲ့ပါသည်။

🎆၂၀၀၃ ခုနစ် အသက် ၂၀ မှာ နာမည်ကြီး Harvest တက္ကသိုလ်မှာ Mask ဟာ Website တစ်ခုတည်ဆောက်၍ Online ပေါ်တင်ပြီး တက္ကသိုလ် ကျောင်းသား ကျောင်းသူ တွေချိတ်ဆက် အသုံးပြု ဖို့ ရည်ရွယ်ခဲ့ပါတယ်။ ထို Website နာမည်ကတော့ Facemash ပဲ ဖြစ်ပါသည်။ Website ထဲ ဝင်ကြည့်သူဟာ တစ်ချိန်တည်းမှာ ကျောင်းသူနှစ်ယောက်ရဲ့ ဓာတ်ပုံ နှစ်ပုံကို ယှဥ်တွဲကြည့်နိုင်ပြီး ဘယ်ကျောင်းသူက ဆွဲဆောင်မှုကောင်းတယ်၊ စိတ်ဝင်စားမှု ဖြစ်ပေါ်စေပြီး အမှတ်ပေးလို့ ရတဲ့ စနစ်နှင့် စတင်တီထွင် ရေးဆွဲထားခြင်း ဖြစ်ပါသည်။ ထို Website ဟာ ကျောင်းသား၊ ကျောင်းသူ တွေကြားထဲမှာ တစ်ချိန်ထိုး ရေပန်းစား စိတ်ဝင်စားသွားခဲ့ပါသည့်အပြင် တစ်ပတ်အကြာမှာ တက္ကသိုလ် အာဏာပိုင် တွေက မတ်ခ်ကိုခေါ်တွေ့ ပြီး Website ကို ချက်ခြင်းပိတ်ဖို့ ပြောခဲ့ပါတယ်။ အကယ်၍ မဖျက်ပါက ကျောင်းထုတ် ပစ်မယ်လို့လဲ သတိပေးခဲ့တဲ့အထိ ကျော်ကြားအောင်မြင်လူသိများ သွားခဲ့ခြင်းဖြစ်ပါတယ်။ ထိုနောက် Mask ဟာကျောင်းထွက်ပြီး သူရဲ့ Website ကို တိုးချဲ့စွာ ေဆာင်ရွက်ခဲ့ပါသည်။

ဒါအပြင် Facemash ကို Facebook လို့လည်း နာမည်ပြောင်းပြီး လူထုများသို့ စတင်မိတ်ဆက် အသုံးပြုခဲ့ပြီး စတင်အသုံးပြု မိတ်ဆက်စဥ်မှာပဲ သူထက်အတန်းကြီးတဲ့ ကျောင်းသားသုံးယောက်က မတ်ခ်ဟာ သူတို့ရဲ့ စိတ်ကူးအကြံဉာဏ်တွေကိုခိုးယူပြီး Facebook မှာသုံးထားတယ်လို့ တရားရုံးမှာ တရားစွဲခဲ့တဲ့အထိ ဒုက္ခရောက်ခဲ့ပါသည်။ မတ်ခ်က ဒေါ်လာ တစ်သန်းခွဲ တန်တဲ့ Facebook ကရှယ်ယာတွေကို ပေးလိုက်လို့ အမှု ကြေအေး သွားနိုင်ခဲ့တဲ့ အထိ အခက်ခဲများ ကျော်လွှား ခဲ့ရပါသည်။

ဤသို့ဖြင်​့ ယနေ့ ကျွန်တော်တို့ အသုံးပြုနေသော Facebook ပေါ်ပေါက်လာခြင်းဖြစ်သည်။ Facebook ပိုင်ရှင် မတ်ခ် ဟာ ကမ္ဘာ IQ အမြင့်ဆူံးပုဂ္ဂိုလ် (၁၀) ဦးတွင် တစ်ဉီးအပါအဝင်ဖြစ်ပြီး သူ့ IQ မှာ 152 ဖြစ်ပါသည်။ ဒါ့အပြင် ၂၀၀၈ ခုနစ် အသက် ၂၃ နှစ် အရွယ်နဲ့ ကမ္ဘာအသက်ငယ်ဆူံး ဘီလျံနာ သူဌေး အဖြစ် ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီး က အသိမှတ်ပြုခဲ့ပါသည်။ အသက် ၃၀ သာရှိသေးတဲ့ မတ်ခ်ရဲ့ ပိုင်ဆိုင်မှု စုစုပေါင်း ဟာ အမေရိကန် ဒေါ်လာ ၃၅ ဘီလီယံ ထိ မြင့်တက်နိုင်ခဲ့ပြီး ယနေ့ခေတ်မှာ သူရဲ့ Facebook ကိုသုံနေကြ သူပေါင်း ၁.၃ ဘီလီယံ ဦးရေ ရှိနေပါတယ်။ သူ Facebook စတီထွင်တုန်းက ဒီလောက်အောင်မြင်ခဲ့မယ်လို့ Mask ကိုယ်တိုင်မထင်မိခဲ့ဘူးလို့ ပြောခဲ့လေ့ရှိပါတယ်။ အမှန်တကယ်တော့လေ ဝါသနာရယ်၊ မြင့်မားသော ဆန္ဒ နှင့် ယုံကြည်မှု၊ စိတ်ကူးစိတ်သန်းကောင်းတာရယ်၊ ဝတ္တိရရှိမှု တွေ ပေါင်းစုလိုက်ခဲ့ပြီး ငယ်ငယ်ရွယ်ရွယ် နဲ့ ဘီလျံနာ သူဌေးတယောက် ဖြစ်သွားတဲ့အထိ အောင်မြင်ခဲ့တဲ့ မတ်ခ် ကို ယနေ့ခေတ် လူငယ်တွေ အားကျ အတုယူ နိုင်ဖို့ မျှဝေးပေးလိုက်ခြင်း ဖြစ်ပါတယ်။
ITFinishingschool
We can grow together

26/06/2023

&formal Words 💢

23/06/2023

of Management အ​ကြောင်း တ​စေ့တ​​တေသ🌎

S

12/06/2023

To Apply

Want your business to be the top-listed Computer & Electronics Service in Myaungmya?
Click here to claim your Sponsored Listing.

Website

Address


195, Seik Kan Thar Road, Kyutada Township
Myaungmya
11303

Other Computer Training in Myaungmya (show all)
Myaungmya MCC Myaungmya MCC
184/C, U Ba Cho Road
Myaungmya, 10211

IT & Business Training

KMD Computer Centre - Myaung Mya KMD Computer Centre - Myaung Mya
အမှတ် (၃၅၅)၊ အနောက်စံပြ (၂)လမ်း
Myaungmya, 1200