Beautify U
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beautify U, Cosmetics Store, MyaeMyint, Myitkyina.
ဟိုင်းယားးး 🤸 ဒိုးပြန်လာဘီ 😇
Local Brand သဘာဝမျက်နှာသစ်ဆပ်ပြာလေးတစ်ခုနဲ့ မိတ်ဆက်ပေးရင်း ပြန်လည်နှုတ်ဆက်ပါရစေရှင့်✌️😘
Skincare တဲ့ကိစ္စမာ မပါမဖြစ် အဓိကကျလှတဲ့ အချက်ထဲမှာ Cleansing Step ကလဲ အရေးကြီးတယ်ဆိုတာ ပျိုမေတိုင်းသိကြပါတယ်နော် 😇
ချစ်တို့ သုံးနေတဲ့ Products တွေထဲမာ Niacinamide, AHA, BHA, Retional စတဲ့ အနည်းငယ်ပြင်းတဲ့ ပစ္စည်းလေးတွေပါမယ်ဆိုရင် ချစ်တို့သုံးတဲ့ cleansing water, cleanser, toner စတဲ့အရာလေးတွေက အနုစားလေးတွေဖြစ်နေမှ ပိုပီးအဆင်ပြေမှာပါနော် 😇
မင်မင်ကိုယ်တိုင်လဲ Niacinamide သုံးတဲ့သူမို့ ဆပ်ပြာအနုစားလေးနဲ့ပဲ မျက်နှာသန့်စင်ပါတယ် 😇✌️
အခု Local Product လေးတခုဖြစ်တဲ့ Chan's Handmade Soap လေးဟာဆိုရင်လဲ သဘာဝပစ္စည်းလေးတွေနဲ့ပဲ ထုတ်လုပ်ထားတာဖြစ်လို့ မျက်နှာအသားအရေပျက်စီးမှာကို နဲနဲမှစိုးရိမ်စရာမရှိပဲ စိတ်ချလက်ချ သုံးစွဲလို့ရပါတယ်ရှင့် 😘
Product တစ်ခုချင်းစီကို တစ်ပုံချင်းသေချာလေ့လာဝယ်ယူနိုင်ပါတယ်နော် 😘
Customer feedback ကောင်းလေးတွေနဲ့ ဒိုးရဲ့ Chan's Handmade Soap လေးတွေနဲ့ မျက်နှာသန့်စင်ရင်း အလှတွေတိုးကြပါစေလို့🥰🥰🥰
Chan's ပေ့ဂျ်လေးမှာလဲ ရီဗြူးလေးတွေဝင်ဖတ်ကြည့်လို့ရပါတယ်နော်✌️
Chan's Handmade Soapလေးတွေကို
Bamboo Chacoal (ဝါးမီးသွေး)
Moringa(ဒန့်သလွန်)
Rice(ဆန်)
Honey Tumeric(ပျားရည်နနွင်း)
Alum(ကျောက်ချဥ်)
ဆိုပြီးငါးမျိုးထုတ်လုပ်ထားပါတယ်ရှင့်😇
All items 4500ks
အမြှုပ်အိတ်(bubble net) လေးတွေလဲ တစ်အိတ် 200ks နဲ့ဝယ်ယူနိုင်ပါတယ်😊
Soap အားလုံး Instock ပါနော်
Page Messenger ကနေ မှာယူနိုင်သလို
09 776 026 212 ကိုလဲဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင့်✌️😇🙆🏻♀️
❄️ ဆောင်းအကုန် နွေအကူးကာလမှာ မချမ်းတော့ မအေးတော့ဘူးဆိုပြီး ကိုယ့်ရဲ့ Lip Balm လေးတွေကို ပလစ်ဖို့ အတွေးမမှားကြပါနဲ့နော် အချောလေးတို့ရေ😘....
ဘယ်လို Lipstick အမျိုးအစားမဆို မသုံးခင်မှာ နှုတ်ခမ်းကို Balm လေးခံပြီးဆိုးမှ နှုတ်ခမ်းနီရဲ့ အသားလေးညက်ညောပြီး အရောင်ထွက်လေးလှမှာပါနော် 🥰
ကိုယ်တွေရဲ့ Luscious Beauty Lip Balm လေးတွေက Colour ကို စုံစုံလင်လင်ထုတ်လုပ်ထားတဲ့အတွက် ကြိုက်နှစ်သက်ရာ Lipstick နဲ့တွဲဆိုးဖို့ အဆင်ပြေနေမှာပါနော် 👌😉
အခုလို နေရောင်ခြည်အရှိန်ပြင်းလာတဲ့ နွေဦးအချိန်အခါလေးမှာလဲ မိမိတို့ Skin အတွက် Sunscreen လိမ်းဖို့အရေးတကြီးလိုအပ်သလို နှုတ်ခမ်းသားအတွက် Spf ပါဝင်တဲ့ နှုတ်ခမ်းနီလေးက မရှိမဖြစ်အရေးပါလာပါတယ် အချောလေးတို့ရေ 🙆♀️
အဲဒီအတွက် Luscious_Beautyက ထုတ်လုပ်တဲ့ Lip Balm လေးက ချစ်တို့ရဲ့ နှုတ်ခမ်းတွေ လှပနေစေဖို့အတွက် အဆင်သင့် ရှိနေပါတယ်နော် 😇😘
ပြီးတော့ တပတ်တကြိမ် မဖြစ်မနေလုပ်သင့်တဲ့ Lip Scrubing အတွက် Lip Scrub လေးတွေလဲ ချစ်တို့အတွက် အဆင်သင့်မှာယူနိုင်အောင် စီစဥ်ပေးထားပါတယ်နော် 😘
တွေဝေမနေဘဲ Page Messenger ကနေရော
မင်မင်ရဲ့ ဖုန်းနံပါတ် 09787443180 ကနေပါ
ဆက်သွယ်မှာယူအားပေးလိုက်ကြပါလို့ သတင်းကောင်းပါးလိုက်ပါရစေ အချောလေးတို့ရေ 😇😘😘
မူရင်း post လေးကိုလဲ ဒီမှာ ဝင်ကြည့်လို့ရပါတယ်နော် 😘 https://m.facebook.com/story.php?story_fbid=110464988126069&id=106455538527014
Lets Support Local Products 😍😍😘
ကျန်းမာရေး လက်ဆောင်😊
ဆီနှင့်ပလုတ်ကျင်းခြင်း၏
ကျန်းမာရေးကောင်းကျိုးများ
***************************************
တန်ဖိုးထားရပါသောမိတ်ဆွေများအား
မိမိတို့၏ခံတွင်းကို အုန်းဆီ နှမ်းဆီ
သံလွင်ဆီတစ်မျိုးမျိုးဖြင့်
တစ်ပတ်လျှင်နှစ်ကြိမ်သုံးကြိမ်ခန့်
ပလုတ်ကျင်းပေးခြင်းဖြင့်
ပြန်လည်ရရှိမည့်
ကျန်းမာရေး အကျိုးကျေးဇူးများနှင့်
ခံတွင်းက အာပုတ်ရည်များ
အစာအိမ်သို့ မရောက်ရှိတော့ဘဲ
အစာအိမ်ရောဂါနှင့်ကင်ဆာရောဂါကိုပါ
ကာကွယ်ပြီးသားဖြစ်ပါကြောင်း
ပြောပြဆွေးနွေးလိုပါတယ်ခင်ဗျာ
ကျွန်တော်တို့ငယ်ငယ်တုန်းကမြန်မာပြည်မှာ
မြန်မာဆရာဝန်များနှင့်အတူ
အိန္ဒိယနိုင်ငံကပန်ချာဘီဆရာဝန်တွေပါ
ဆေးရုံ ဆေးပေးခန်းတွေမှာ
အများအပြားတွေ့ရှိရတတ်တာကို
ကောင်းစွာ မှတ်မိနေပါသေးတယ်
ကျွန်တော်ငယ်ငယ်ကနေ့ယနေ့တိုင်း
ကောင်းကောင်းမှတ်မိနေသေးတာက
ကျွန်တော့်အမေဒူးအရမ်းနာနေ၍
ပခုက္ကူမြို့ထင်းတန်းရပ်မှာ
ဆေးခန်းဖွင့်ထားတဲ့
ပန်ချာဘီဆရာဝန်ကြီး
ဒေါက်တာမာဒေးထံသို့
သွားရောက်ပြသခဲ့တာဘဲဖြစ်ပါတယ်
အမေ၏ဒူးတစ်ဘက်ကရောင်ကိုင်းနေပြီး
လမ်းတောင်မလျှောက်နိုင်လို့
ဆေးခန်းသွားမယ်ဆိုရင်လည်း
အမေကိုဦးလေးတွေကချီမပြီး
ခေါ်သွားလေ့ရှိပါတယ်
ဆရာဝန်ကြီးဒေါက်တာမာဒေးမှအမေကို
သေသေချာချာ စစ်ဆေးပြီးနောက်
သွားတွေကောင်းရဲ့လားလို့မေးတော့
အမေမျက်နာအမူအရာက
ဒူးနာတာနဲ့သွားကောင်းတာမကောင်းတာ
ဆိုင်လို့လားဟုထင်နေဟန်တူပါတယ်
ဆရာဝန်ကြီးက ပါးစပ်ဟစမ်းဆိုတော့
အံသွားပေါက်တွေကိုတွေ့သွားပါတယ်
အံသွားတွေကပြည်ပုပ်တွေဟာ
ဒူးကိုရောက်သွားပြီး
ဒူးနာတဲ့ပြဿနာကိုဖြစ်စေတာပါပဲ
ထိုသွားတွေကိုဖာထေးပြုပြင်လိုက်တော့
အမေဒူးနာလည်းကောင်းသွားတာကို
လက်တွေ့မြင်တွေ့ခဲ့ရဘူးပါတယ်
ဆက်လက်၍ဒေါက်တာမာဒေးမှ
အမေအားနေ့စဉ် နှမ်းဆီ ဟင်းစားဇွန်းတစ်ဇွန်းဖြင့်
ပလုတ်ကျင်းခိုင်းရာ
အမေဒူးနာပြန်မဖြစ်တော့တာကိုလည်း
သတိထားမိပါတယ်
နောက်တစ်ယောက်ကတော့
သိုင်းရွိုက်ရောဂါဖြစ်တဲ့
ကျွန်တော့်မိတ်ဆွေတစ်ယောက်ပါပဲ
သူ့ရဲ့သိုင်းရွိုက်ဂလင်းကနေ
ဟိုမုန်းအထွက်နဲတော့
လူကလေးလံထိုင်းမှိုင်းပြီး
ကိုယ်အလေးချိန်လည်းတက်လာတယ်
ရုပ်ပါပြောင်းသွားလို့သူ့ကိုမမှတ်မိနိုင်ပါဘူး
ခံတွင်းကဗက်တီးရီးယားနဲ့အဆိပ်တွေက
သိုင်းရွိုက်ဂလင်းရဲ့Pumpတွေကို
blockလုပ္ထားလို့
ဟိုမုန်းကောင်းကောင်းမထွက်တဲ့အတွက်
သွားဆရာဝန်ဆီမှာ
သေချာကုသလိုက်တဲ့နောက်မှာတော့
ပြန်ကောင်းသွားတာကိုတွေ့ရှိရပါတယ်
သူလည်းသံလွင်ဆီကို
နေ့စဉ်ဟင်းစားဇွန်းတစ်ဇွန်းစာဖြင့်
ဆယ်မိနစ်ခန့်ပလုတ်ကျင်းရာ
ပြန်ပြီးရောဂါမဖြစ်တော့တာကို
လေ့လာတွေ့ရှိရပါတယ်
ထပ်မှန်၍ ကျောက်ကပ်ရောင်နေတဲ့
သူတစ်ယောက်အကြောင်းကို
ပြောပြဆွေးနွေးလိုပါသေးတယ်
သူ့မှာကျောက်ကပ်က
ကောင်းကောင်းအလုပ်မလုပ်တော့လူကဖောသွပ်သွပ်ဖြစ်လာပြီး
မျက်ခွံပါမို့ပြီးရုပ်ပါပြောင်းသွားပါတယ်
ခြေထောက်တွေကလည်း
ဖောပြီးရောင်ကိုင်းနေပါတော့တယ်
ကျောက်ကပ်ဆေးတွေသောက်လည်း
လူကသိပ်မသက်သာရှာပါဘူး
တစ်နေ့ သူသွားအရမ်းနာနေလို့
သွားဆရာဝန်ကိုသွားရောက်ပြသတဲ့
အခါကြတော့မှ သွားဆရာဝန်တွေက
သူ့ပါးစပ်ထဲမှာပျက်စီးနေတဲ့သွားနဲ့
သွားဖုံးတွေကိုပြန်ကောင်းအောင်
ကုပေးလိုက်တော့မှ
ကျောက်ကပ်လည်းပြန်ကောင်း
သွားတာကိုတွေ့ရှိရပါတယ်
သူလည်းအုန်းဆီဟင်းစားဇွန်းတစ်ဇွန်းစာ
နေ့စဉ်ပလုတ်ကျင်းတယ်ဟုသတိရပါတယ်
ကျွန်တော်နဲ့အရမ်းခင်မင်တဲ့
ငယ်သူငယ်ချင်းတစ်ယောက်လည်း
ငယ်ငယ်ကတည်းက
ပါးစပ်တော်တော်နံတဲ့သူတစ်ယောက်ပါပဲ
ဘယ်လောက်တောင်းနံသလည်းဆိုရင်
မျက်နှာချင်းဆိုင်စကားပြောလို့တောင်
အဆင်သိပ်မပြေချင်ပါဘူး
ခံတွင်းအနံ့ကဆိုးဝါးတာလည်းမပြောနဲ့.
သွားတိုက်လည်းအတော်လေး
ပျင်းသူဖြစ်တဲ့အတွက်
နှစ်တွေကြာလာတော့
ခံတွင်းရောဂါခံစားလာရတာဖြစ်ပါတယ်
ခံတွင်းရောဂါတွေနဲ့သူငယ်ချင်းဟာ
ငယ်ငယ်ကတည်းကလည်း
သိပ်မကျန်းမာရှာတဲ့အတွက် အသက်(၄၅)နှစ်လောက်မှာဘဲ
ဆုံးသွားတာကိုတွေ့ခဲ့ရဘူးပါတယ်
ယခုအချိန်အခါမှာလည်း
ရာသီဥတုအစားအသောက်
အပြုအမူအနေအထိုင်တွေကြောင့်
လူတော်တော်များများဖြစ်နေတဲ့
ရောဂါဝေဒနာတွေကတော့
အသည်းရောဂါ အဆုတ်ရောဂါ
အစာအိမ် ကျောက်ကပ် နှလုံး
အူလမ်းကြောင်း၊ဆီးချိုနှလုံးသွေးကြော
ဦးနှောက်၊အသက်ရှူလမ်းကြောင်း၊
ဆီးလမ်းကြောင်းနဲ့ကင်ဆာရောဂါမျိုးစုံ
အရိုးအဆစ်နာကျင်ကိုက်ခဲခြင်းတို့ဟာ
ခံတွင်းမှာရှိနေတဲ့
ဗက်တီးရီးယားရောဂါပိုးမွှားတွေကနေ
ထုတ်ပေးလိုက်တဲ့အဆိပ်တွေကြောင့်
အများဆုံးဖြစ်နေကြတာကို
အားလုံးသတိထားမိစေချင်ပါတယ်
ခံတွင်းမသန့်လေ
ရောဂါထူလေဘဲဖြစ်ပြီး
ပါးစပ်နံလေရောဂါများလေ
အသက်တိုလေပဲဖြစ်ပါတယ်
သွားဖုံးအရင်းမှာ
အစိမ်းရောင်အဝါရောင်ရှိတဲ့
ပြည်တွေထဲမှာအလွန်အဆိပ်ပြင်းတဲ့
ရောဂါပိုးတွေရှိပါတယ်
ဒါကြောင့်ခံတွင်းထဲဗက်တီးရီးယားတွေကို
အမြဲတန်းရှင်းလင်းပေးဖို့လိုအပ်ပါတယ်
ခံတွင်းကရောဂါပိုးနဲ့အဆိပ်တွေကို
ဖယ်ထုတ်ရှင်းလင်းဖို့
အကောင်းဆုံးနည်းကတော့
အုန်းဆီ နှမ်းဆီ သံလွင်ဆီတို့ဖြင်
ပလုတ်ကျင်းပေးခြင်းဖြစ်ပါတယ်
ဘာကြောင့်လည်းဆိုတော့
ဆီကအဆိပ်စုပ်အားကောင်းပြီး
သွားတွေအကြားနဲ့သွားဖုံးရင်းတွေမှာ
အိမ်ဖွဲ့နေကြတဲ့အဏုဇီဝရောဂါပိုးတွေကို
ဆီကဆွဲထုတ်ပေးနိုင်လိုဘဲဖြစ်ပါတယ်
နံနက်စောစောအိပ်ယာထတာနဲ့
ဆီတစ်ငုံစာကို၁၀မိနစ်လောက်ငုံထားပြီး
ပလုတ်ကျင်းပေးပါက
ရောဂါပိုးတွေထွက်သွားလိမ့်ပါမယ်
ထိုကဲ့သို့ဆီဖြင့်ပလုပ်ကျင်းပြီးမှ
သွားတိုက်တာသည်အကောင်းဆုံးပါပဲ
ပလုပ်ကျင်းပြီးရင်တော့
ရေနွေးနွေးလေးဖြင့်ပါစပ်ကို
ပြန်လည်ဆေးကြောပေးရင်ဖြင့်
အကောင်းဆုံးပါပဲခင်ဗျာ
ပလုတ်ကျင်းဖို့အကောင်းဆုံးဆီကတော့
မြန်မာနိုင်ငံမှာအလွယ်တကူဝယ်လို့ရတဲ့
အုန်းဆီဘဲဖြစ်ပါတယ်
အုန်းဆီအပြင်သံလွင်ဆီ၊
နှမ်းဆီတွေနဲ့လည်း
ပလုတ်ကျင်းလို့လည်းရပါတယ်
ပဲဆီ နေကြာဆီ စားအုန်ဆီတွေနဲ့တော့
ပလုတ်မကျင်းစေချင်ပါဘူး
ကျွန်တော့်၏မိတ်ဆွေများအနေဖြင့်
ဆီဖြင့်ပလုပ်ကျင်းတာကို
နေ့စဉ်မလုပ်နိုင်ရင်တောင်မှ
တစ်ပတ်ကို(၂)ခါ(၃)ခါလောက်
လုပ်ပေးသင့်တယ်ဟုအကြံပေးလိုပါတယ်
ယခုအခါဆီနဲ့ပလုပ်ကျင်းပြီး
ခံတွင်းသန့်ရှင်းအောင်ပြုလုပ်ကာ
ကျန်းမာနေထိုင်တဲ့နည်းကို
နိုင်ငံတော်တော်များများအထူးသဖြင့်
ထိုင်နိုင်ငံမှာလက်ခံကျင့်သုံးနေတာကို
သိရှိရပါတယ်ခင်ဗျာ
ကျွန်တော့်၏မိတ်ဆွေများအနေဖြင့်
ခံတွင်းမသန့်လေ
ကျန်းမာရေးထူလေဆိုတာကိုသတိပြုပြီး
ခန္ဓာကိုယ်တစ်ခုလုံး၏ကျန်းမာရေးအတွက်
ခံတွင်းကိုသန့်ရှင်အောင်ထားပြီး
ကျန်ရှိနေသော အချိန်ခဏလေးကို
ကျန်းမာစွာဖြင့်ရှင်သန်
နေထိုင်ကြရအောင်ပါခင်ဗျာ
Credit.......
ဒေါက်တာလှဝင်းအောင်(ခ)ဘစိုးဥ
Original Uploader
ကျန်းမာရေးဗဟုသုတများကို နေ့စဉ်နဲ့အမျှတင်ပေးနေတာမို့pageထဲကိုဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါရစေ🙏
☃️❄️ တနှစ်တာကာလရဲ့ အအေးဆုံးအချိန် ❄️☃️
Covid 4th wave "Omicron" ကလည်းလာနေတော့
ကိုယ်ခံအားကောင်းနေဖို့နဲ့ ရာသီတုတ်ကွေး အစချီတဲ့ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ ဖျားနာခြင်းတွေ မဖြစ်အောင် အတတ်နိုင်ဆုံးကာကွယ်ထားသင့်ပါတယ်
ဒီလိုကာကွယ်နိုင်ဖို့ရာအတွက်
👉 "ဂျင်း၊ကွမ်း၊ထန်းလျက်မှုန့်" 👈ကို နေ့စဉ်မှန်မှန် မှီဝဲပါ 😘
သဘာဝ organic ဂျင်းမှုန့်........ ၃၅%
ကွမ်းရွက်မှုန့် စစ်စစ် ............... ၁၀%
ထန်းသကြားအမှုန့် ............. .. ၅၅% တို့
အချိုးကျကျ ပါဝင်ပေါင်းစပ်ထားပြီး မည်သည့်ဓာတုဆေးဝါးမှ မပါဝင်ကြောင်း အာမခံအပြည့်အဝပေးတာမို့
🥶 ရေချိုးမှား - အအေးမိခြင်းကိုကာကွယ်ဖို့
🙆♂️ ကိုယ်လက်ကျန်းမာပေါ့ပါးစေဖို့
🙆♀️ ဆောင်းတွင်းအေးအေးမှာ ကိုယ်ခန္ဓာလေးနွေးစေဖို့အတွက် "ဂျင်း၊ကွမ်း၊ထန်းလျက်အမှုန့်ပြုတ်ရည်လေး" ကို မှီဝဲသုံးဆောင်သင့်ပါတယ်နော် 🥰
"ဂျင်း၊ကွမ်းရွက်၊ထန်းလျက်ပြုတ်ရည်" လေးကို ဘာကြောင့် သောက်သင့်သလဲ ?
1!❄️ အစာခြေစနစ်ကို အားပေးတယ်။
ပူရှိန်းရှိန်းတဲ့ အရသာရှိတဲ့ ဂျင်း၊ကွမ်း၊ထန်းလျက်ပြုတ်ရည်ဟာ သင့်အစာခြေစနစ်ကို ကောင်းမွန်စေဦးမှာပါ။
Stomach Emptying Time ကို မြန်စေပြီး အစာခြေဖျက်ခြင်းကို အားပေးတာကြောင့် အစာမကြေလွယ်တဲ့သူတွေအတွက်ဆို "ဂျင်း၊ကွမ်း၊ထန်းလျက်ပြုတ်ရည်"က အားထားရာတစ်ခုပါ။ 🙆♀️
2!❄️ ရောင်ရမ်းတာကို လျော့ကျစေတဲ့ အာနိသင်ရှိတယ်။
"ဂျင်း၊ကွမ်း၊ထန်းလျက်ပြုတ်ရည်" တစ်ခွက်မှာ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို သက်သာစေတဲ့ Gingerols လို့ခေါ်တဲ့ ပစ္စည်း တစ်မျိုးပါဝင်ပါတယ်။ ဒါကြောင့်မို့ မနက်ပိုင်းကိုယ်လက် လေ့ကျင့်ခန်းလုပ်ပြီးချိန်တိုင်းမှာ ကိုယ်လက်ကိုက်ခဲတာကို သက်သာစေဖို့အတွက် "ဂျင်း၊ကွမ်း၊ထန်းလျက်ပြုတ်ရည်" တစ်ခွက်ကသာ အသင့်တော်ဆုံးပါရှင့် 🥰
3!❄️ မကောင်းတဲ့ (ကိုလက်စရော) ကို လျော့ကျစေတယ်။
နှလုံးရောဂါ ဖြစ်အောင် တွန်းအားပေးတဲ့ (LDL ကိုလက်စရော) ကို "ဂျင်း၊ကွမ်း၊ထန်းလျက်ပြုတ်ရည်" တစ်ခွက်က ကောင်းကောင်းကြီး အနိုင်ယူနိုင်ပါတယ် 😍
4!❄️ အမျိုးသမီးများ လစဉ်ဓမ္မတာလာလို့ နာကျင်ကိုက်ခဲမှုကိုလည်း သက်သာစေပြီး သွေးသန့်ကြည်လင် လန်းဆန်းစေပါတယ်။ သန္ဓေတားဆေးသုံးတဲ့ အိမ်ထောင်ရှင်အမျိုးသမီးများလဲ တလတခါသောက်သုံးပေးခြင်းဖြင့် သွေးသားသန့်စင်လှပစေပါတယ်နော် 🙆♀️
ဒီလောက်ကောင်းမွန်လှတဲ့ "ဂျင်း၊ကွမ်း၊ထန်းလျက်ပြုတ်ရည်" တစ်ခွက်ကို ဘယ်လိုပြင်ဆင်ပြီးသောက်ရမလဲ ? 🤔
❄️ ဂျင်းထန်းလျက်ပြုတ်ရည် တစ်ခွက်လုပ်ရတာ အင်မတန်မှ ရိုးရှင်းလွယ်ကူလှပါတယ်နော် 🥰
ဂျင်းထန်းလျက်မှုန့်လေးကို ရေနွေးပူပူလေးနဲ့ အသင့်အလွယ်တကူဖျော်သောက်ရုံပါပဲ
- ကော်ဖီတခွက်စာ ရေနွေးပူပူထဲသို့ လက်ဖက်စားဇွန်း ၁ ဇွန်းမောက်မောက်ထည့်ပြီး အသင့်သောက်သုံးနိုင်ပါတယ်နော် 🥰
တဘူး 3500ks 😍
09787443180 ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် 🥰
ဆံနွယ်မို့ သန်ပါ့မလားဆိုသူတွေအတွက် မင်မင်က ဆံနွယ်မှဆံနွယ်စစ်စစ်လေးပါနော်...
သန်သလား မသန်လား။ နက်မလား ကျွတ်မလား။
အတွေးတွေ ဝေဝါးမနေရအောင် ပုံတွေသာကြည့်လိုက်ပါတော့😘
🌿လက်ဖက်ဆီ 🌿
🌿ဦးရေပြားအေးမြစေသည်။
🌿ဆံသားတောက်ပြောင်စေသည်။
🌿 ဆံပင်ကို သိသိသာသာနက်စေသည်။
🌿ဆံပင်ထူပြီး အရှည်မြန်စေသည်။
🌿ဆံပင်ကျဲခြင်း
🌿ဆံပင်ရှုပ်ခြင်း
🌿ဆံသားကြမ်းခြင်း
🌿ဆံပင်နှစ်ခွဖြစ်ခြင်း
🌿ဆံသားပျက်စီးခြင်း
🌿ဆံပင်ခွဲကြောင်းကျဲခြင်း
🌿ဆံသားခြောက်သွေ့ခြင်း
🌿အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း
🌿သားရေပင်ကဲ့သို့ ဆွဲဆန့်၍ရနေခြင်း
🌿ကောက်၊ဖြောင့်၊ဆိုဆေး၊ အပူဒဏ်ကြောင့် ဆံသားနီခြင်း
🌿ထိပ်ပြောင်၍ အလှောင်ခံရခြင်မှ ကင်းဝေးစေပါတယ်။
သဘာဝ လက်ဖက်ဆီ ၁ ဆကို အုန်းဆီ ၃ ဆဖြင့် ရောကာ (အနည်းဆုံး ခေါင်းမလျှော်ခင် တစ်နာရီ နှစ်နာရီအလိုကတည်းက လိမ်းထားပါ။)
ထို့နောက်နှစ်သက်ရာခေါင်းလျော်ရည်ဖြင့် ပြောင်စင်အောင်လျှော်ပါ။ အဆီအနှစ်နဲ့နှပ်ထားတာဖြစ်လို့ သေချာတော့လျှော်ပါရှင့်။
ပြောင်းဖူးမွှေးကဲ့သို့ ပျက်စီးနေသော ဆံပင်တောင် ပျော့ပျောင်းနူးညံ့ပြီး တောက်ပြောင်လာမှာပါ။
လက်ဖက်ဆီကို လက်ဖက်ရည်ကြမ်းသောက်ရာတွင် တစ်စက်နှစ်စက်ခန့် ထဲ့သောက်ပါက လက်ဖက်နံ့လေးသင်းကာ သောက်လို့အလွန်ကောင်းပါတယ်။
လက်ဖက်ဆီတဘူး............ 3500ks ပါရှင့်
🥥အုန်းဆီ🥥
🥥 သဘာဝ အုန်းဆီ ဖြစ်ပါတယ်ရှင့်🥥
🥥မီးနဲ့ ကြိုချက်ထားခြင်းမဟုတ်ပါဘူး
မီးနဲ့ ကြိုချက်ထားသောအုန်းဆီများ ဆံပင်ကျွတ်ပါတယ်
🥥sun dried coconut oil အမျိူးစား ဖြစ် ပြီး
နေလှန်းအခြောက်ခံ ပြီးမှ ကြိတ်တာ ဖြစ်လို့ 100% သဘာဝအုန်းဆီအပြည့်ဝဖြစ်ပါတယ်
🥥cooking coconut oil မဟုတ်လို့ အနံ့ မကောင်းမှာ စိုးရိမ်စရာမလိုသလို အုန်းဆီကြောင့်ဘေးထွက်ဆိုးကျိူး စိတ်ပူပန်စရာမလိုပါဘူးရှင်
🥥မိဘရိုးရာ နည်းအတိုင်းမို့ လူကြီးမင်းတို့ရဲ့အလှကုန်လုပ်ငန်း ကျန်းမာရေးလုပ်ငန်းတွေမှာ 100%စိတ်ချယုံ ကြည်စွာ အသုံးပြုလို့ရပါတယ်ရှင်
100%ကျန်းမာရေးအတွက်ပါ အထူးသင့်လျော်ပါတယ်ရှင်
🥥virgin oil ဖြစ် လို့ စိတ်ချယုံ ကြည်စွာအသုံးပြု လို့ရပါတယ်ရှင်
အုန်းဆီ..................125ml 2500ks
.................280ml 4500ks🥰❤️
Page Messenger သို့မဟုတ်
09787443180 သို့ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်🥰🙆🏻♀️
ကိုယ်တွေရဲ့ 🌿လက်ဖက်ဆီ..🥥အုန်းဆီအစွမ်းအံ့မခန်း🥰🥰မမလှလှရဲ့ကိုယ်တွေ့ရီဗြူးလေး💓💓😘
https://www.facebook.com/459023414848298/posts/1098466874237279/
🌿 လက်ဖက်ဆီ 🌿
✅ဆံပင်ကျွတ်ပြီး ဆံပင်မသန်သူများ
✅ဆံပင်ဖြူသူများ
✅ဆံသား weight မရှိသူများ အတွက် အထူးသင့်လျော်ပါတယ်...
လက်ဖက်ဆီဆိုတာ.....
🌿လက်ဖက်ရွက်ပေါင်းလို့ရတဲ့အရည်ကို အစေးကျအောင် ပြန်ကြိုထားတဲ့ သဘာဝအဆီအနှစ်တစ်မျိုးပါ...
🌿မိုးပြဲဒယ်နဲ့ အချိန်၂ နာရီ ၃နာရီကြိုမှသာ အဆီ ၂ပိသာလောက်ရတာမျိုးပါ
အချိန်လည်းပေးရသလို ထင်းလည်းတော်တော်ကုန်ပါတယ်
🌿လက်အရမ်းဝင်ပြီး အချိန်ကုန်တာမို့ မှာတဲ့သူရှိမှကြိုပေးပါတယ် မဟုတ်ရင် လက်ဖက်ပေါင်းရည်တွေကို သွန်ပစ်ကြပါတယ်
🌿လက်ဖက်ဆီချက်တဲ့အခါ လက်ဖက်စိုအိတ်ကထွက်လာတဲ့အရည်ကို ချက်တာမျိုးမဟုတ်ပဲ လက်ဖက်ပေါင်းရည် သန့်သန့်ကိုသာ ချက်တဲ့အတွက်
အနံ့နံတာမျိုးမရှိပဲ လက်ဖက်လှော်နံ့သင်းသင်းလေးထွက်တဲ့ 100% သန့်စင်တဲ့ လက်ဖက်ဆီကိုပဲရောင်းချပါတယ်ရှင်....။
🌿ဆံပင်သန်လက်ဖက်ဆီ🌿
သဘာဝလက်ဖက်ဆီကို လိမ်းပေးခြင်းဖြင့်
✔ဦးရေပြားအေးမျှစေတယ်
✔ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းကိုသက်သာစေပီး ထပ်မကွဲအောင်ကာကွယ်ပေးတယ်
✔ဆံသားကို တောက်ပြောင်စေတယ်
✔ သဘာဝ လက်ဖက်သင်းရနှံ့လေးနဲ့ စိတ်ကိုကြည်လင်လန်းဆန်းစေတယ်
✔ဆံသားကို ပျော့ပျောင်းလာစေတယ်.....
✔ ခေါင်းချွေးနံ့ နံခြင်းကို ပျောက်ကင်းစေတယ်
✔ဆံပင်ကျွတ်ခြင်းကို သက်သာစေတယ်....
✔ ဆံပင်ကို သိသိသာသာမဲနက်လာစေပါတယ်
✔မျက်ခုံးမွှေးထူချင်လဲ လက်ဖက်ဆီလေးကို လိမ်းပေးလို့ရပါတယ်
💁ဒါကတော့ အဖက်ဖက်က အသုံးဝင်တဲ့ လက်ဖက်ဆီ အကြောင်းပါနော်
👉ကဲ....အသုံးပြုပုံကတော့
လက်ဖက်ဆီ အစစ်ဖြစ်သောကြောင့် အရမ်းစေးကပ် ပါတယ်.... ဒါကြောင့်မို့ သူ့ချည်းပဲ သုံးလို့ မရပါဘူးနော်
လက်ဖက်ဆီကို ရှားစောင်းလတ်ပတ်အဆီ (သို့) အုန်းဆီ (သို့) သံလွင်ဆီဖြင့် ရောစပ်၍ ဆံသားနှင့် ခေါင်းဦးရည်ကို နှံစပ်အောင်လိမ်းပါ တနာရီခန့်ထားပေးပါ ခြောက်၍ တောင့်လာလျှင် ခေါင်းလျှော်ချလို့ရပါပီနော်
🔖လက်ဖက်ဆီ တစ်ဆ ဆို ကျန်တဲ့ရောစပ်ပြီး အသုံးပြုမယ့် အဆီ ကို ၂ ဆ ၃ ဆ ထည့်နိုင်ပါတယ်
💜လက်ဖက်ဆီ ၁ ဘူး - 3,500 ks
📱09787443180ကိုဆက်သွယ်မှာယူနိုင်ပါတယ်🙆🏻♀️ မြစ်ကြီးနားမြို့တွင်း Deli ခသက်သာစွာပို့ဆောင်ပေးပါတယ်ရှင့်🥰✌️တခြားအနီးနားမြို့တွေလဲပို့ဆောင်ပေးပါတယ်ရှင့်🙆🏻♀️💓💓💓
Soap Nut(ကင်ပွန်းသီး)
ကင်ပွန်းသီးက လူသိများတဲ့ဆေးဖက်ဝင်အပင်တွေထဲတစ်မျိုးပါ။ သဘာဝရဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သလို၊ ကုန်ကျစရိတ်လည်းသက်သာပြီး ပြန်လည်းအသုံးပြုလို့ရပါတယ်။
ကင်ပွန်းသီးကို ရေနဲ့ထိတွေ့လိုက်တဲ့အခါ ဆပ်ပြာလိုမျိုး အမြှုပ်လေးတွေ ထွက်လာတတ်ပါတယ်။ ကင်ပွန်းသီးကို အဝတ်တွေလျှော်တာကနေစလို့ လက်ဝတ်ရတနာတွေအ ရောင်တင်တာမျိုးအထိ အမျိုမျိုးအသုံးပြုနိုင်ပါတယ်။
လူတော်တော်များများကတော့ ကင်ပွန်းသီးက ဆံသားအတွက် ကိုကျန်းမာသန်စွမ်းစေတယ်လို့သိထားကြပါတယ်။ ကင်ပွန်းသီးက ဆံသားအတွက်တင်မကဘူး။ အရေပြားနဲ့ ကျန်းမာရေးအတွက်လည်းအထောက်ကူပြုနိုင်ပါတယ်။
ကင်ပွန်းသီးကို ရှေးယခင်နှစ်ပေါင်းများစွာကတည်းက သဘာဝဆံသားထိန်းသိမ်းတဲ့ထုတ်ကုန်တွေထဲမှာ ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။ ကင်ပွန်းပင်မှာ ဆံသားကိုနက်မှောင်သန်စွမ်းစေတဲ့ ဆာဖိုနင်ဓာတ်ပါဝင်နေပါတယ်။
ကင်ပွန်းသီးက အထိခိုက်လွယ်တဲ့အရေပြားပိုင်ရှင်တွေအနေနဲ့လည်း ရွေးချယ်သင့်တဲ့ သဘာယအလှအပထိန်းသိမ်းရေး ပစ္စည်းတစ်မျိုးပါ။
အရေပြားအတွက် ကင်ပွန်းသီးရဲ့ အကျိုးကျေးဇူး
အရေပြားသန့်စင်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း
ကင်ပွန်းသီးက သဘာဝသန့်စင်ဆေးတစ်မျိုးပါ။ ဆပ်ပြာအစားအသုံးပြုလို့ရပါတယ်။ အရေပြားကိုအေးမြစေပြီး လန်းဆန်းစေမှာဖြစ်ပါတယ်။ အရေပြားကိုနူးညံံ့စေပြီး ခြောက်သွေ့မှုကင်းဝေးစေပါတယ်။
အသားအရေအရောင်ကို တောက်ပစေခြင်း
ကင်ပွန်းသီးကို ဆပ်ပြာအစားအသုံးပြုပေးမယ်ဆိုရင် အရေပြားကိုနူးညံ့စိုပြေစေမှာဖြစ်ပါတယ်။ ကင်ပွန်းသီးကို မျက်နှာအရေပြားပေါ်က ဝက်ခြံတွေနဲ့ ဆားဝက်ခြံတွေသက်သာစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။ မျက်နှာအသားအရေ ကိုလည်းပိုမိုတောက်ပစေပါတယ်။
မျက်နှာသစ်ဆပ်ပြာအဖြစ်အသုံးပြုနိုင်ခြင်း
ကင်ပွန်းသီးကို မျက်နှာသစ်ဆပ်ပြာအဖြစ်လည်း အသုံးပြုလို့ရပါတယ်။ နေ့စဉ်အသုံးပြုနေတဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့ မျက်နှာသစ်ဆေးတွေက မျက်နှာကိုဖြူစေတယ်ဆိုပေမယ့် အရေပြားခြောက်သွေ့စေပါတယ်။ ကင်ပွန်းသီးကို မျက်နှာသစ်ဆေးအဖြစ်အသုံးပြုမယ်ဆိုရင် ဆိုးကျိုးမရှိဘဲ မျက်နှာအသားအရေကို ဖြူဝင်းချောမွေ့စေမှာဖြစ်ပါတယ်။
ဓာတ်မတည့်မှုကင်းဝေးစေခြင်း
ကင်ပွန်းသီးကနေ ရရှိနိုင်တဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ရပ်က အရေပြားဓာတ်မတည့်မှု မဖြစ်စေတာဘဲဖြစ်ပါတယ်။ အထိအခိုက်လွယ်တဲ့ အရေပြားပိုင်ရှင်တွေအတွက် အထူးသင့်တော်ပါတယ်။ ကလေးငယ်လေးတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။
အရေပြားပြဿနာတွေကို သက်သာစေနိုင်ခြင်း
ကင်ပွန်းသီးကရာနှုန်းပြည့် သဘာဝပစ္စည်းစစ်စစ်ဖြစ်တာကြောင့် ကင်ပွန်းသီးဆပ်ပြာကို သုံးပြီးအရေပြားကိုနေ့စဉ် သန့်ရှင်းပေးတာက ရောဂါတော်တော်များများကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဓာတုဗေဒပစ္စည်းတွေနဲပ လုပ်ထားတဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေမှာပါတဲ့ ဓာတုဓာတ်ပစ္စည်းတွေကနေ အရေပြားကနေတဆင့် သွေးကြောထဲရောက်ရှိသွားပြီး အရေပြားဆိုင်ရာရောဂါတွေကို ဖြစ်ပေါ်ခံစားရစေတာဖြစ်ပါတယ်။
ဆံသားအတွက် ကင်ပွန်းသီးရဲ့ အကျိုးကျေးဇူး
ဆံပင်ကျွတ်သက်သာစေခြင်း
ကင်ပွန်းသီးက ဆံသားအတွက်အကျိုးပြုတယ်ဆိုတာကိုတော့ တော်တော်များများသိပြီးဖြစ်ပါတယ်။ ခေါင်းလျှော်၇ည်တော်တော်များများထဲမှာ ကင်ပွန်းသီးကို ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်းဆံသားတွေသန်စွမ်းတောက်ပြောင်စေဖို့အတွက် တရော် ကင်ပွန်းသီးနဲ့ခေါင်းလျှော်တာမျိုးလုပ်လာခဲ့တာ ရှေးယခင်ကာလတွေကတည်းစလို့ ယနေ့ထိတိုင်ပဲဖြစ်ပါတယ်။ ကင်ပွန်သီးက ဆံပင်ကျွတ်တာကို သက်သာစေနိုင်တဲ့ တိုင်းရင်းဆေးတစ်မျိုးဖြစ်ပါတယ်။ ဦးခေါင်းပေါ်ကသန်းတွေကို ဖယ်ရှားဖို့အတွက်လည်း အရမ်းအသုံးဝင်ပါတယ်။
ဆံပင်ပျက်စီးတာကို သက်သာစေနိုင်ခြင်း
ကျန်းမာ တောက်ပတဲ့ ဆံနွယ်တွေကို ပိုင်ဆိုင်ချင်သူတွေအနေနဲ့ကတော့ ကင်ပွန်းသီးကိုအသုံးပြုတာစိတ်အချရဆုံးလို့ပဲ အကြံပြုပါရစေ။ ကင်ပွန်းသီးနဲ့ခေါင်းလျှော်ပြီးတိုင်း ဆံသားကချောမွေ့သွားတာကို ခံစားရမှာဖြစ်ပါတယ်။ ကင်ပွန်းသီးက ဆံသားကို ပိုမိုတောင်ပစေနိုင်စွမ်းလည်းရှိပါတယ်။
ဆံပင်ပျော့ဆေးအဖြစ်အသုံးပြုနိုင်ခြင်း
ကင်ပွန်းသီးကို ဆံပင်သန်ဆေးအဖြစ်ရော၊ ဆံပင်ပျော့ဆေးအဖြစ်ရော အသုံးပြုပေးနိုင်ပါတယ်။ ကင်ပွန်းသီးက ဆံသားတွေ ခြောက်သွေ့ ဖွာထွက်နေတာမျိုး မဖြစ်အောင်ကာကွယ်ပေးသလို ဆံပင်အရောင်မွဲတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ကင်ပွန်းသီးက ပိုးမွှားတွေကို သေစေနိုင်တဲ့ အာနိသင်နဲ့ မှိုပိုးကိုသေစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ဆံသားကို ကျန်းမာသန်စွမ်းစေမှာဖြစ်ပါတယ်။
ဆံပင်ခြောက်သွေ့တာကို ကာကွယ်ပေးနိုင်ခြင်း
ကင်ပွန်းသီးက ဦးရေကိုအေးမြစေပြီး သဘာဝပစ္စည်း စစ်စစ်ဖြစ်တာကြောင့် ကင်ပွန်းသီးနဲ့ တစ်ပတ်တစ်ခါခါင်းလျှော်ပေးမယ်ဆိုရင် ဆံသားခြောက်သွေ့မှုကနေ ကင်းဝေးစေမှာဖြစ်ပါတယ်။
အဖျား နှစ်ခွမဖြစ်အောင်ကာကွယ်ပေးနိုင်ခြင်း
ဆံပင်ကို ကင်ပွန်းသီးနဲ့လျှော်ပေးမယ်ဆိုရင် ဓာတုပစ္စည်းတွေနဲ့ ခေါင်းလျှော်သလိုမျိုး ဆံသားနှစ်ခွဖြစ်တာမျိုးတွေကနေ ကင်းဝေးမှာဖြစ်ပါတယ်။ ကင်ပွန်းသီးက ဆံသားတွေကို ကျန်းမာစေပြီး ဆံပင်အဖျားနှစ်ခွ ဖြစ်ပေါ်မှုကိုလျှော့ချပေးပါတယ်။
ကျန်းမာရေးအတွက် ကင်ပွန်းသီးရဲအကျိုးကျေးဇူး
အဆိပ်တွေ ဖယ်ရှားပေးနိုင်ခြင်း
ကင်ပွန်းသီးရဲ့ အရေးအပါဆုံးသော ကျန်းမာရေးအကျိုးကျေးဇူးကတော့ အဆိပ်ပြေစေနိုင်တဲ့ အစွမ်းသတ္တိပဲဖြစ်ပါတယ်။ ကင်ပွန်းသီးကို မြွေအဆိပ်ထုတ်ရာမှာလည်း အသုံးပြုကြပါတယ်။ ကင်းမြီးကောက်နဲ့ အခြားအဆိပ်ရှိတြ့ အကောင်တွေကိုက်ခံရတယ်ဆိုရင်လည်း ကင်ပွန်းသီးကို အသုံးပြုပြီး အဆိပ်ထုတ်လို့ရပါတယ်။
အကျင့်ဆိုးတွေကို ကာကွယ်ရာမှာ အထောက်အကူပြုနိုင်ခြင်း
ကင်ပွန်းသီးကို ဆေးလိပ်သောက်သုံးသူတွေ၊ ဆေးရွက်ကြီးစွဲလန်းသူတွေကို ဆေးလိပ်ဖြတ်တာနဲပ ဆေးရွက်ကြီးစွဲလန်းမှုကို ဖြတ်ရာမှာလည်းအသုံးပြုပေးလို့ရပါတယ်။
ကင်ဆာ အကျိတ်ဆဲလ်ကြီးထွားမှုကို တားဆီးပေးနိုင်ခြင်း
သုတေသနအချို့မှာ ကင်ပွန်းသီးက လူ့ခန္ဓာကိုယ်မှာဖြစ်တတ်တဲ့ ကင်ဆာကျိတ်ဆဲလ်တွေ ကြီးထွားမလာအောင် ဟန့်တားပေးနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။
Psoriasis (အရေပြားလေးဖက်နာ) နဲ့ နှင်းခူနာတွေကို သက်သာစေခြင်း
ကင်ပွန်းသီးမှာ သတ္တုဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အရေပြားလေးဖက်နာရောဂါနဲ့ နှင်းခူနာတွေလိုမျိုး အရေပြားဝေဒနာတွေကို ကုသရာမှာအသုံးပြုနိုင်ပါတယ်။ တင်းတိပ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ ကင်ပွန်းသီးမှာ ပိုးမွှားတွေကို သေစေနိုင်တဲ့အာနိသင်လည်းရှိပါတယ်။
-ကင်ပွန်းသီးမှာ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။
-တံတွေးအထွက်များတာကို သက်သာစေနိုင်ခြင်း
-ရောင်ရမ်းမှုကို သက်သာစေနိုင်စွမ်းရှိတာကြောင့် အဆစ်အမြစ်ရောင်ရမ်းနာကျင်မှုကို သက်သာစေနိုင်စွမ်းရှိပါတယ်။
-ကိုယ်ခံအားစနစ်ကိုလည်း အားကောင်းစေနိုင်တာကြောင့် E.coli လိုမျိုး ဝေဒနာတွေဖြစ်ပေါ်မှုကို ကာကွယ်ပေးနိုင်ပါတယ်။
-ကင်ပွန်းသီးက သဘာဝဝမ်းနုတ်ဆေးတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ် အပူချိန်ကိုလည်း ထိန်းညှိပေးပါတယ်။
-ကင်ပွန်းသီးက ကိုလက်စထရောပမာဏကိုလည်း ထိန်းညှိပေးပါတယ်။
-ကင်ပွန်းသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း က ကင်ဆာရောဂါအချို့ကနေ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
-ကင်ပွန်းသီးက ဆီးချိုကိုကာကွယ်ပေးနိုင်သလို သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိရာမှာလည်း အထောက်အကူပြုပါတယ်။
-ဝမ်းလျှောတာ၊ အစာမကြေတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
ကင်ပွန်းသီးရဲ့ ဆေးဖက်ဝင်ပုံများ
-ကင်ပွန်းသီးမှာ ဓာတ်မတည့်မှုကို တိုက်ဖျက်ပေးပြီး ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အစွမ်းရှိတာကြောင့် လက်သန့်ဆေးရည်တွေထဲမှာ အသုံးပြုလေ့ရှိပါတယ်။
-အရေပြားသန့်ဆေးတွေအနေနဲ့လည်း အသုံးပြုကြပါတယ်။
-အဆိပ်ပြေစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် သစ်သီးတွေနဲ့ ဟင်းသီဒဟင်းရွက်တွေမှာ ကပ်ညှိနေနိုင်တဲ့အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။
– ရောဂါပိုးတွေကိုသေစေနိုင်တဲ့ အာနိသင်အနည်းငယ်ရှိတာကြောင့် အလှကုန်တွေမှာ ထည့်သွင်းအသုံးပြုကြပါတယ်။
-ကင်ပွန်းသီးမှုန့်၊ကျောက်ချဉ် (alum) နဲ့ရေတို့ကို ရောစပ်ပြီး သွားတိုက်ဆေးအဖြစ်အသုံးပြုပေးလို့လည်းရပါတယ်။
ကင်ပွန်းသီးရဲ့ အခြားအသုံးဝင်ပုံများ
– သစ်သားတွေ၊သိုးမွှေးတွေ၊ဖန်ထည်တွေနဲ့ အခြားအိမ်သုံးပစ္စည်းတွေကိုဆေးကြောရာမှာ အသုံးပြုလို့ရပါတယ်။
-မြေဆီလွှာတွေကို အဆိပ်အတောက်ကင်းစင်အောင်လည်း ကင်ပွန်းသီးအသုံးပြုပေးလို့ရပါတယ်။
-အရောင်ချွတ်ဆေးအဖြစ်အသုံးပြုလို့လည်းရပါတယ်။
-အနာတွေပိုးမဝင်စေဖို့အတွက်နဲ့ အနာမရင်းစေဖို့အတွက်လည်း ကင်ပွန်းသီးကိုအသုံးပြုလို့ရပါတယ်။
-ကင်ပွန်းရည်ကိုသုံးပြီး ပန်းကန်တွေ ဇွန်းတွေဆေးလို့ရပါတယ်။
-ကြမ်းတိုက်ဆေးရည်အဖြစ်အသုံးပြုလို့ရသလို ဘက်တီးရီးယားတွေ ကင်းစင်စေဖို့အတွက် အိမ်သန့်ရှင်းရေးလုပ်ရာမှာလည်း အသုံးပြုပေးလို့ရပါတယ်။ ရေချိုးခန်းတိုက်ရာမှာ သုံးနိုင်သလို ပြတင်းပေါက်မှန်တွေသန့်ရှင်းရေး လုပ်ရာမှာလည်း အသုံးပြုလို့ရပါတယ်။
-ကော်ဇောတွေနဲ့ ခန်းဆီးလိုက်အဟောင်းတွေကို လျှော်ဖွတ်ရာမှာလည်း အသုံးပြုလို့ရပါတယ်။
-ပိုးသတ်ဆေးအဖြစ်နဲ့လည်း အသုံးပြုလို့ရပါသေးတယ်။
သတိပြုစရာ အချက်များ
-ကင်ပွန်းသီးက အရေပြား၊ဆံသားနဲ့ကျန်းမာရေးကို အကျိုးပြုတယ်ဆိုပေမယ့် ကင်ပွန်းသီးနဲ့ ဓာတ်မတည့်သူတွေအနေနဲ့တော့ ကင်ပွန်းသီးကို အသုံးမပြုသင့်ပါဘူး။
-မျက်စိထဲကိုမဝင်အောင်ဂရုစိုက်သင့်ပါတယ်။ ကင်ပွန်းသီးမှာ ပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းရှိတာကြောင့် ဓာတ်မတည့်မှုကို ဖြစ်စေနိုင်သလို မျက်ခမ်းတွေရောင်ရမ်းတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ crd
❄️❄️ ဆံပင်ကျွတ်ခြင်းကို တာ့တာပြ 👋
Angel Shampoo လေးသုံးမှ 🥰 ❄️❄️
👋👋 Hello Everyone 🥰🥰
ခေါင်းလျှော်တိုင်း ဆံပင်တွေ အများကြီးကျွတ်လို့ စိတ်ညစ်နေကြရလား ပျိုမေတို့ရေ 😥
စိတ်မပူနဲ့တော့နော် ဒီပြဿနာအတွက် မင်မင်ရဲ့ Beautify U မှာ အဖြေရှိပါတယ် 🥰
Chemical တွေ ပါ၀င်မှုများတဲ့ Shampoo တွေကြောင့် ခေါင်းလျှော်ချိန်တွေမှာ ဆံပင်တွေအများကြီးကျွတ်လို့ ကုန်ပါပြီဟဲ့ ဆိုပြီး စိတ်ညစ်မနေနဲ့တော့နော် 🙆♀️
😇 Angel Products ကနေ ထုတ်လုပ်တဲ့
✨ ဒီ Butterfly Pea Shampoo လေးက ဓါတုပစ္စည်းများမပါဝင်ပဲဖန်တီးထားတဲ့ သဘာ၀ခေါင်းလျှော်ရည် ဖြစ်တာကြောင့်မို့ ဆံပင်ကျွတ်ခြင်းကို အထိရောက်ဆုံး ဖြေရှင်းပေးနိုင်မှာပါ 🥰
🍃💜 အောင်မဲညိုပန်းနဲ့ ဖန်တီးပြုလုပ်ထားတဲ့ ဒီ Butterfly Pea Shampoo လေးကို အသုံးပြုပေးမယ်ဆိုရင် ဆံသားနုလေးတွေ ပြန်ပေါက်ပြီး နက်မှောင် သန်စွမ်းလာမှာပါနော်
❄️ ဗောက်လဲမထတော့ဘူးဆိုတော့ အခုလိုဆောင်းတွင်းအချိန်မှာ ကွက်တိပဲပေါ့ ❄️
ပျိုမေတို့ဆံသားအတွက် ပိုမိုထိရောက်တဲ့ အကျိုးကို ခံစားချင်ရင်တော့ ခေါင်းမလျှော်ခင်မှာ ✨ Butterfly Pea Hair Serum လေးနဲ့ နှပ်ထားပြီး ခေါင်းလျှော်ပြီးသွားတဲ့အခါမှာ
✨ Butterfly Pea Conditioner လေးပါ တွဲသုံးပေးမယ်ဆိုရင် ထူထဲနက်မှောင်တောက်ပြောင်နေတဲ့ ဆံသားအလှနဲ့ ချေမိုးနိုင်ကြပြီပေါ့နော် 😍
5000 ကျပ်တည်းနဲ့ ဆံပင်ကျွတ်ခြင်းကို အနိုင်ယူနိုင်ဖို့
📱09787443180 ကို ဆက်သွယ်မှာယူနိုင်ပါတယ်နော် 🥰🙆🏻♀️
ဆံသားလေးတွေ နူးညံ့ပျော့အိစေမယ့် Conditioner ကိုလည်း အဆင်သင့်ဝယ်ယူအားပေးနိုင်ပါတယ်လို့ 😘😘
Shampoo..........................5000 ks 🥰
Conditioner.......................6000 ks 🥰
#အုန်းဆီဖြင့်အာလုတ်ကျင်းခြင်း
အုန်းဆီမှာပါဝင်တဲ့ lauric acid က ခံတွင်းနံဆိုးခြင်း နှင့် သွားဖုံးရောဂါကိုဖြစ်စေသော ဘက်တီးရီးယားပိုးများကို သေစေပါတယ်။ သွားပိုးစားခြင်းရဲ့ အဓိက တရားခံဖြစ်သော Streptococcus mutans ကိုလည်း သတ်ပစ်နိုင်စွမ်းရှိပါတယ်။ အုန်းဆီက အခြားသော ပါးစပ်သန့်ဆေးတွေမှာပါဝင်တဲ့ chlorhexidine ကဲ့သို့ သွားပိုးစားခြင်းကို ဖြစ်စေတဲ့ Streptococcus mutans နှင့် Lactobacillus ဘက်တီးရီးယားကို သတ်ပေးနိုင်ပါတယ်။
ပါးစပ်အတွင်းရှိ အန္တာရာယ်ရှိသော ဘက်တီးရီးယားများက သွားချေးတက်ခြင်းကိုဖြစ်စေပြီး သွားဖုံးများကို ရောင်ရမ်းစေပါတယ်။ အုန်းဆီက သွားချေးတက်ခြင်းကို ကာကွယ်ပေးပြီး သွားဖုံးရောဂါများကို ကာကွယ်ပေးပါတယ်။ ၇ ရက်ခန့် အုန်းဆီဖြင့် ပလုတ်ကျင်းပြီးနောက် သွားချေးတက်ခြင်း သိသိသာသာလျော့နည်းလာပါတယ်။ အုန်းဆီဖြင့် ပလုတ်ကျင်းပြီးတစ်လခန့်အကြာမှာ သွားချေတက်ခြင်း ၆၈% လောက်ကျဆင်သွားတယ်ပြောပါတယ်။ သွားဖုံးရောဂါဖြစ်နိုင်ချေ ၅၆% လျော့နည်းသွားတယ်ရေးပါတယ်။
ဆီဖြင့်အာလုတ်ကျင်းခြင်းက အယူအဆအသစ် မဟုတ်ပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်ခန့်လောက် ကတည်းက India မှာ ဆီဖြင့်အာလုတ်ကျင်းခြင်းအသုံးပြုခဲ့တယ်ဆိုပါတယ်။ ၁၅ မိနစ် သို့မဟုတ် မိနစ် ၂၀ ခန့် ဆီဖြင့် အာလုတ်ကျင်းပြီး ဆီကိုထွေးထုတ်ရမည်လို့ ပြောပါတယ်။
အုန်းဆီဖြစ်အာလုတ်ကျင်းတဲ့အခါ အုန်းဆီ ထမင်းစားဇွန်းတစ်ဇွန်းကို ပါးစပ်ထဲထည့်ပါ။ ပါးစပ်အတွင်း ၁၅ မိနစ် သို့မဟုတ် မိနစ် ၂၀ ခန့် ဆီဖြင့်အာလုတ်ကျင်းပြီး ဆီကိုထွေးထုတ်ပါ။ ဆီဖြင့် အာလုတ်ကျင်းပြီးမှသွားတိုက်ပါ။
မနက်စောစော အစားမစားခက် သို့မဟုတ် အရည် ( ရေ ) မသောက်ခင် အုန်းဆီဖြင့် အာလုတ်ကျင်းခြင်းက သွားကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်တယ်လို့ဆိုပါတယ်။
125ml.2500ks
280ml.4500ks
500ml.8000ks
📱09787443180 ကိုဆက်သွယ်မှာယူနိုင်ပါတယ်🥰🙆🏻♀️
FYI 🥰🥰🙆🏻♀️🙆🏻♀️
2021 ရဲ့ မကောင်းတဲ့ skincare habits တွေထားခဲ့ရအောင်
1. Cleanser ကို ပြင်းတဲ့ chemical ပါတာမျိုးတွေသုံးခြင်း
မျက်နှာသစ်တဲ့အဆင့်ကို အဆင်ပြေတဲ့ကြုံတဲ့ပစ္စည်းမျိုးသုံးတတ်တာဆို လုံးဝ ဆက်မလုပ်ပါနဲ့
Alcohol ပါတဲ့ cleanser မျိုးဆို ဘယ်အရေပြားကိုမဆို ပျက်ဆီးစေပါတယ်
ဝက်ခြံလဲထွက်လေ့မရှိပဲ salicylic acid ပါတာမျိုးလဲရှောင်ပါ
Gentle cleanser မျိုးကိုရွေးသုံးပါ
2. Double cleansing
ကျွန်မ page မှာ 2021 တစ်နှစ်လုံးပြောခဲ့တဲ့ topic ပါ… ဒါတောင် ကျွန်မကိုလာမေးကြသူများ 100 မှာ 99 လောက်က ခုထိ မလုပ်ကြသေးပါဘူး
makeup မသုံးလို့ makeup remover မသုံးဘူးဆိုတဲ့စကားပဲပြောကြပါတယ်
Link လေးပေးထားလို့ ပြန်ကြည့်ကြည့်ပါနော်
https://youtu.be/HXfuuCzs3Yc
3. Physical Exfoliation
Scrub တွေသုံးတာပါ အသုံးမတတ်ရင် အဆင်မပြေလို့ ကျွန်မကတော့ ဝက်ခြံသမားဆို လုံးဝ မသုံးခိုင်းပါဘူး
Glycolic acid လိုမျိုး chemical exfoliant တော့ သုံးလို့ရပါတယ်
4. Moisturizer မသုံးခြင်း
လာပြတဲ့သူတွေဟာ toner တော့သုံးပြီး moisturizer မပါပါဘူး
Moisturizer က လုံးဝသုံးသင့်တဲ့ main step ပါ
အဆီပြန်တာနဲ့ ရေဓါတ်ဖြည့်တာနဲ့ မတူပါဘူး သတ်သတ်ထပ်ရေးပေးပါ့မယ်
5. မျက်နှာသစ်ပြီး ချက်ချင်း skincare မလိမ်းခြင်း
မျက်နှာသစ်ပြီး မစိုမခြောက်အနေအထားလေးမှာ skincare တွေလိမ်းပေးသင့်ပါတယ် အဲ့အချိန်ဟာ ပိုစိမ့်ဝင်မှုအားကောင်းလို့ပါတဲ့
6. Sunscreen မလိမ်းခြင်း
မနက်မိုးလင်းတာနဲ့ အပြင်မထွက်လဲ sunscreen လိမ်းသင့်ကြောင့်ပြောရတာ မောလှပါပြီ ပြန်ကြည့်ကြပါနော်
https://youtu.be/SzejUqZplUM
7. Skincare များ result ပြဖို့စိတ်မရှည်ခြင်း
တစ်ချို့ product တွေဟာ စသုံးတဲ့အချိန်မှာ အဆင်မပြေတတ်ကြပါဘူး acid တို့ retinol တို့လိုမျိုးပေါ့ ဖြေးဖြေးမှန်မှန်လေးသုံးမှ အကျိုးရလဒ်ကိုသိရမှာပါ
8. Facial treatment မလုပ်ကြတာ
တစ်လတစ်ကြိမ်လောက်တော့ medical grade facial လေးတွေလုပ်သင့်ပါတယ်
အိမ်သုံးပစ္စည်းတွေလောက်နဲ့ အဆင်မပြေတဲ့ skin concern တွေကို ဆေးခန်းတွေမှာပဲဖြေရှင်းလို့ရတာပါ
9. ခန္ဓာကိုယ်အတွက် မကောင်းတာတွေစားနေတာ
New year eve မှာ alcohol သောက်ဖို့ plan တွေရှိရင် နှစ်သစ်ကစပြီး ပြန် detox ဖို့မမေ့နဲ့နော်
အသီးအရွက်တွေ သစ်သီးတွေလဲ ထည့်စားပါ ရေတစ်နေ့ကို ၂ လီတာသောက်ပါ
သကြားနဲ့ တာရှည်ခံအစားအသောက်တွေတတ်နိုင်သလောက်ရှောင်ပါ
10. ခေါင်းအုံးစွပ်နဲ့ ဖုန်းမျက်နှာပြင် မသန့်ရှင်းတာ
ခေါင်းအုံးစွပ်ကို ၃/၄ ရက် တစ်ခါတော့အနဲဆုံးလဲပေးပါ
ဖုန်းမျက်နှာပြင်ကိုလဲ alcohol swab တို့ hand gel တို့နဲ့သန့်ရှင်းရေးလုပ်ပေးပါ
ဝက်ခြံရှောင်ရန် ဆောင်ရန်မှာလဲရေးဖူးပါတယ် ပြန်ဖတ်ကြည့်ပါနော်
https://www.facebook.com/dermtalksbydrsuri/photos/a.103621361024688/292669142119908/?type=3
ဒါကတော့ မနှစ်ကရေးတဲ့ SkinCare Resolution 2021 ပါ
https://www.facebook.com/dermtalksbydrsuri/photos/a.103621361024688/472864790767008/?type=3
ဘလော့ဂါမမအမိုက်စားများရဲ့ ရီဗြူးကောင်းများနဲ့ ကိုယ်တွေရဲ့ Luscious Beauty Lip Balmလေးများ🥰🥰💓💓😘😘
09787443180 ကိုဆက်သွယ်မှာယူအားပေးနိုင်ပါတယ်ရှင့်🥰🥰🥰
🌿 လက်ဖက်ဆီ 🌿
💠 လက်ဖက်ဆီ အသုံးပြုပုံ
❄️ လက်ဖက်ဆီ ၁ ဆ ၊ အုန်းဆီ ၂ ဆ ရောပြီး ဆံပင်အရင်းအမြစ်ထိ လိမ်းပေးလို့ရပါတယ်။
အုန်းဆီကို အညိုရောင်သန်းရုံလောက်ပဲ လက်ဖက်ဆီထည့်ပါနော် လက်ဖက်ဆီများသွားရင် ဆံပင်များ ကြပ်ခဲနေမှာမို့ပါ။
❄️ နောက်တစ်ခုကတော့ ခေါင်းမလျှော်ခင် တစ်နာရီအလိုလောက်မှာ ဆံပင်ကို လက်ဖက်ဆီလိမ်းပြီး နှပ်ထားလိုက်ပါ။
ဆံသားခြောက်ပြီး တောင့်လာရင် ခေါင်းလျှော်နိုင်ပါတယ်နော် 🙆♀️
အမြဲတမ်း မလိမ်းချင်ဘူးဆိုရင် တစ်ပတ်လျှင်တစ်ကြိမ် ညဘက်လိမ်းအိပ်ပြီး မနက်မှာ ခေါင်းလျှော်ပေးလို့လည်းရပါတယ်နော် 🥰
🌿 လက်ဖက်ဆီ၏ ကောင်းကျိုးတွေကတော့ 👇👇
💠 ဆံပင်ပါးခြင်း ၊ ဆံပင်ကျွတ်ခြင်း ၊ ဆံပင်မသန်ခြင်း ၊ ဆံပင်နှစ်ခွဖြစ်ခြင်း ၊ အရောင်မွဲခြောက်ခြင်းနှင့် ဦးခေါင်းထိပ်ပြောင်ခြင်းများမှ ကာကွယ်၍ထူးခြားစွာ နက်မှောင်သန်စွမ်းလာပါလိမ့်မယ်။
💠 ဦးရေပြားအေးမြစေပါတယ် ၊ ဆံသားကို ပျော့ပျောင်းလာစေတယ် ၊ ဗောက်ပျောက်စေတယ် ၊ ပုံမှန်သုံးစွဲပေးခြင်းအားဖြင့် ဆံပင်ထူပြီး ဆံပင်ရှည်မြန်စေပါတယ်ရှင့်
💠 ဆံပင်ဖြူတာတွေကို သိသိသာသာ မဲနက်လာစေပါတယ်
💠 မျက်ခုံးမွှေးများကို လိမ်းပေးခြင်းဖြင့် မျက်ခုံးမွှေးများကိုထူထဲလာစေပါတယ်နော်
💠 ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်ကို လက်ဖက်ဆီလေး တို့ထားပေးပါက အမာရွတ် သိသိသာသာပါးသွားစေမှာပါရှင့် (ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ်အပြင် နှစ်ချို့နေတဲ့အမာရွတ်တွေ အားလုံးကို လိမ်းနိုင်ပါတယ်နော်) ✌️
💠 သဘာဝလက်ဖက်ဆီစစ်စစ်ကို ရေဖန်ခွက်ရှိတဲ့အထဲကို အစက် ၅ စက်လောက်ချပြီး အဲ့ဒီရေနဲ့ သွားကိုပွတ်တိုက်ပေးမယ်ဆိုရင် သွားတွေ ဖြူဖွေးလာစေပါတယ်
💠 နှုတ်ခမ်းကို ပွတ်လိမ်းပေးမယ်ဆိုရင်တော့ သွေးကြောလေးတွေကောင်းမွန်ပြီး ပန်းနုရောင်နှုတ်ခမ်းလေးကို ရရှိစေမှာဖြစ်ပါတယ်နော် 🥰
(အမြဲတမ်းပြုလုပ်စရာမလိုပဲတစ်ပတ်မှာ တကြိမ်လောက်သာ ပြုလုပ်ရန် လိုအပ်ပါတယ်)
💠 ဆီပူလောင်ခြင်း ၊ ရေနွေးပူလောင်ခြင်းနှင့် အခြားအပူလောင်ခြင်းများကိုလည်း လက်ဖက်ဆီလေးလိမ်းပေးပါက သက်သာစေပါတယ်ရှင့်
💠 ဝမ်းသွားခြင်း ၊ ဝမ်းကိုက်ခြင်းဖြစ်လျှင် လက်ဖက်ဆီခါးခါး နဲ့ သကြားချိုချိုကို ရေနွေးနှင့်ဖျော်သောက်ပါက သက်သာပျောက်ကင်းစေပါတယ်ရှင့်
💠 ရေနွေးပူပူတွင် လက်ဖက်ဆီကို အနည်းငယ်ထည့်သောက်ပါက အနံ့အရသာနှင့်ပြည့်စုံသော ရေနွေးကြမ်းဖြစ်လာပါလိမ့်မည် ။ ခရီးသွားရာတွင် ဆောင်သွားပါက ရေနွေးရှိရုံဖြင့် အရသာရှိသော ရေနွေးကြမ်း ကို အသင့်ရရှိနိုင်မှာပါနော်။
အထက်ပါ အကြောင်းအရာများအားလုံး credit ပါရှင့် 😘
ဆက်သွယ်မှာယူချင်တယ်ဆိုရင်တော့
ဖုန်းနံပါတ် 09787443180 ကို ဆက်သွယ်လိုက်ပါရှင့် 🥰
❄️စျေးနှုန်းလေးကတော့ ၃၅၀၀ ကျပ် ပါရှင့် ❄️
ပျိုမေတို့အားလုံး ပြီးပြည့်စုံသော အလှပိုင်ရှင်လေးများ ဖြစ်ကြပါစေကြောင်း ဆုတောင်းပေးနေပါတယ်နော် 😘😘
👋👋Hello Everyone 🥰🥰
Beautify U pageကနေ ဒီတခါရောင်းပေးချင်တာလေးတွေနဲ့မိတ်ဆက်ပါရစေရှင့် 🥰
အက်ဒါလေးတွေကတော့ မြန်မာ့ရိုးရာသဘာဝထုတ်ကုန်လေးတွေဖြစ်တဲ့ .....
🌿 လက်ဖက်ဆီ 🌿
🥥 အုန်းဆီ 🥥
🕳️ ကင်ပွန်းသီးအလှော်မှုန့် 🕳️ လေးတွေဘဲဖြစ်ပါတယ် 😇😇
❄️ သဘာဝအတိုင်း ဆံသားနက်မှောင်သန်စွမ်းဖို့ အကောင်းဆုံးနည်းက ဘာလဲမေးရင် သဘာဝနည်းများနဲ့ ထုတ်လုပ်ထားတဲ့ လက်ဖက်ဆီလေးနဲ့ အအေးချက်အုန်းဆီလေးတော့ ရှိဖို့လိုမယ်နော် ..... 🙆♀️
🌿 သဘာဝလက်ဖက်ဆီ ဆိုတာလေးကတော့ ဘာအရောအနှောမှမပါတဲ့ သဘာဝအဆီအနှစ်ဖြစ်တဲ့အပြင် နှစ်ရှည်သိုလှောင်ထားတဲ့ပစ္စည်းမဟုတ်ပဲ လတ်လတ်ဆတ်ဆတ်
အခုချက်အခုပို့တာဖြစ်တဲ့အတွက် အဖုံးလေးဖွင့်လိုက်တာနဲ့ လက်ဖက်ခင်းထဲရောက်သွားသလို လက်ဖက်နံ့လေးသင်းနေမှာပါ ..... 🙆♀️
🥥 အအေးချက်အုန်းဆီကလည်း Cooking Coconut Oil မဟုတ်ပဲ တကယ်ကို နေလှမ်းအခြောက်ခံပြီး ကြိတ်ထားတဲ့ Virgin Cool-Pressed Coconut Oil အစစ်ဖြစ်တဲ့အတွက် အချိန်ကြာလာလို့ ဆီဂျေးနံ့နံတာမျိုး လုံးဝမရှိဘူးနော်။ဓာတ်စာအဖြစ်ပါ သောက်သုံးနိုင်ပါတယ်ရှင့်။ အရောင်အနံမွှေးတွေလည်းမပါဝင်တာမို့ကြည်လင်တဲ့အုန်းဆီစစ်စစ်လေးရရှိမှာပါရှင် ..... 🥰
စျေးနှုန်းလေးတွေကတော့ဖြင့်
🌿 လက်ဖက်ဆီ 🌿 - 3500 /ks
🥥 အုန်းဆီ 🥥 125ml - 2500 /ks
280ml - 4500 /ks
500ml - 8000 /ks
🕳️ ကင်ပွန်းသီးအလှော်မှုန့် 🕳️ - 2500 /ks ပါရှင့် 🥰🙆♀️
❄️ အသုံးပြုပုံ 🙆♀️🙆♀️
🌿 လက်ဖက်ဆီ ၁ဆ အုန်းဆီ ၂ဆ ရောနှောပြီး ခေါင်းမလျှော်ခင် တစ်နာရီအလိုမှာ ဆံသားအရင်းလေးတွေကို သုတ်လိမ်းထားပေးပါ
🥥 အုန်းဆီလေးကိုတော့ ဆံပင်အဖျားလေးထိပါလိမ်းထားပေးပါ
🥥🥥 ဆံသားတောင့်တောင့်လေး ဖြစ်လာပီဆိုတဲ့အခါမှာ ခေါင်းလျှော်လို့ရပါပြီနော် !! အဆီအနှစ်တွေနဲ့ပေါင်းတင်ထားတဲ့အတွက် shampoo နဲ့ နှစ်ကြိမ်လျှော်ပေးပါရှင့် !!
🕳️ ကင်ပွန်းသီးမှုန့် 🕳️
ကင်ပွန်းသီးမှုန့် Scrub ၏ ကောင်းကျိုးများ
❄️ အသားအရေကို ကြည်လင်စိုပြေစေပါတယ်
❄ အမာရွတ် အမဲစက်တွေကိုသက်သာစေပါတယ်
❄️ တံတောင်ဆစ် ဒူးခေါင်း ည်ိုမဲတာများကို တဖြည်းဖြည်းအရောင်မှိန်လာစေပါတယ်
❄️ အကြောပြတ်ရာတွေ ပါးလာစေတယ်
❄️ ခြေမျက်စိလို အသားမာတက်တဲ့နေရာတွေကို အသားနဲ့ တပြေးညီချောမွေ့လာစေပါတယ်
❄️ ကင်ပွန်းသီးမှုန့်က အနံ့ဆိုးတွေပါပျောက်စေလို့ ဂျိုင်းနဲ့ခြေဖဝါးတို့ကိုပါ အသုံးပြုလို့ရပါတယ်နော်
❄️ တပတ်ကို ( 2-3 )ကြိမ်သေချာစွဲသုံးပေးပါက အသားအရေကို စိုဝင်းတောက်ပလာစေမှာပါရှင့် 🥰🥰
🖤 ကင်ပွန်းသီးမှုန့်ကို ပျားရည်၊ သံလွင်ဆီ၊ ဂရစ်စလင်း တို့နဲ့တွဲသုံးပေးရင် ပိုကောင်းပါတယ်နော်၊ တွဲဖက်ပစ္စည်းဘာမှမရှိလဲ ရေနဲ့ပျစ်ပျစ်လေးရောသုံးလို့ရပါတယ်၊ Sucrb သုံးပြီးတိုင်း Lotion လိမ်းပေးဖို့ မမေ့ပါနဲ့ရှင့် 🥰🥰
ဝယ်ယူအားပေးချင်တယ်ဆိုရင်တော့
📱09787443180 ကို ဆက်သွယ်မှာယူနိုင်ပါတယ် 🥰✌️ပစ္စည်းအားလုံး instock ပါ cash on deli နဲ့ ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်🙆🏻♀️🙆🏻♀️
#သဘာဝလက်ဖက်ဆီ
#သဘာ၀အုန်းဆီ
#သဘာ၀ကင်ပွန်းသီးအလှော်မှုန့်
Click here to claim your Sponsored Listing.
Category
Website
Address
MyaeMyint
Myitkyina
01011