ITZAW

ITZAW

Computer Repair Service For Nay Pyi Taw

22/01/2024

Desktop ၂ လုံး ဝင်းဒိုးမတက် motherboard အယ်ရာပြုပြင်ပေးခြင်း အဓိက ရာသီဥတုက စိုထိုင်းစတွေများပြီး စက်ပုံးထဲမှာ ဖုန်မှုန့် ကြက်ခိုးမျှင်တွေ များပြီး လျှော့ဝင်ချင်သလိုဖြစ် အားလုံး ရှင်းလင်းပေးပြီး အပူခံကော်တွေမရှိတာ ပြန်ထည့်ပေး၊ လိုတာလေးတွေအကုန်လုပ်ပေးခြင်း။

Photos from ITZAW's post 10/01/2024

Desktop တစ်လုံး SSD စိုက်ပေးခြင်း။

05/01/2024

ပုံမှန်ဝင်ဒိုးတင်တယ်ဆိုတာ ဒါကိုပြောတာပဲ...

အများအားဖြင့် window update, bios updated, စက်ရဲ့ driver updated လုပ်ပေးတာထက် အဆင့်သင့်ပြင်ထားတဲ့ window နဲ့ drivers တွေပဲ ထည့်ပေးတတ်ကြတယ်။ ဆိုင် တွေကိုလည်း အပြစ်ပြောလို့မရဘူး၊ အများနဲ့ လုပ်ေနရတာဆိုတော့ ...
window updated တွေ လုပ်နေရရင်လည်း တစ်ခါတစ်လေ စက်တစ်လံုးထဲနဲ့ တစ်နေကုန်တယ်၊ အင်တာနက် ချိတ်ထားပြီး သူဝင်ဒိုးနဲ့ ကိုက်ညီတဲ့ drivers တွေ အခြား system ပိုင်းတွေ BIOS updated တွေပါ စိတ်ရှည်ရှည်ထား မီးပလပ်ထိုးထားပြီး လုပ်ရတာ။

ဒီလိုအချိန် စိတ်မရှည်လို့ ပိတ်လိုက်ရင်တော့ စက်ပုံမှန်လိုမတက်လာတော့ဘူး၊ အဲကျရင် ဆိုင်ပြန်ပြေးရရော... စိတ်ရှည်ရှည်နဲ့စောင့်မယ်ဆိုတော့လည်း အလုပ်တွေကပျက်..ပြီးသွားတာလား၊ backgrounds run နေတာလားလဲမသိ၊ဒါကြောင့်. updated ပြီးတာနဲ့. အကုန်ပိတ်ထားမှ အခုလိုမျိုး ထိုင်စောင့်နေစရာ မလိုတော့မှာ ... ဘာပဲဖြစ်ဖြစ် နောက်ဆုံးကေတာ့ သုံးရတဲ့. userတွေ စိတ်ညစ်ရ အလုပ်တွေရှုပ်ကုန်တာပေါ့။.

Photos from ITZAW's post 04/01/2024

ပိုင်ရှင်ကမရှိ တော့ သူ့ရဲ့မိဘဆီပြန်ေရာက်လာတဲ့ Acer laptop တစ်လုံး 😢...

စက်ထဲက ဒေတာတွေ ပြန်ကြည့်ချင်တယ်ဆိုတော့ password ဖြုတ်ပေး၊ ဒေတာတွေ စနစ်တကျပြန်သိမ်းပြန်ခွဲပေး၊ ပါတေးရှင်းပြန်ခွဲ၊ နောက်ဆုံး ဝင်ဒိုးပြန်တင်ပေးလိုက်ပါတယ်။

02/01/2024

Certificate ဆိုရင် ဒီဇိုင်းကသန့်ရှင်းပြီး ဆေးသားကောင်း စက္ကူသားအကောင်းနဲ့မှ ကိုယ်တိုင်လည်း ယူချင်တာမို့လို့ လာအပ်သမျှတိုင်းကို ၃၅၀ ဂရမ် နှစ်ဖက်ချောကိုမှ high quality တွေနဲ့ထုတ်ပေးပစ်တာ၊ ရွက်ရေနည်းတုံးက ဘာမှမဖြစ်ပေမဲ့ ရာကျော်တွေထုတ်တော့ Canon စက် head တွေ စကားပြောတာပဲ၊ အထူဆွဲလေ ထိလေပဲ၊ ဒီတစ်ခါ စျေးတက်နေတာနဲ့ပါ ထပ်ထိတာပဲ head တစ်လုံး တစ်သိန်းခွဲ 🥵
ဘာပဲဖြစ်ဖြစ် အားလုံးပြီးစီးအဆင်ပြေချောမွေသွားတာပဲ ကျေးဇူးတင်ပါတယ်။ ယုံကြည်စွာအားပေးကြတဲ့ ညီကိုများလည်း ကျေးဇူးပါ။

Photos from ITZAW's post 29/12/2023

Desktop 4 လုံးဝင်ဒိုးတင်​ပေးခြင်းမှတ်တမ်း။

Photos from ITZAW's post 17/12/2023

အသိတစ်​ယောက်အတွက် Dell i3 12gen laptop တစ်လုံး လိုက်ဝယ်​ပေး၊ လိုအပ်တာ​တွေ အကုန်ထည့်​ပေးခြင်း။

03/12/2023

ကျောင်းပိတ်ရက် ​အ​ဆောင်​ဖော်စက်​လေး window တင် လိုအပ်တာ အကုန် install လုပ်​ပေး ... 😊

08/11/2023

မဖွင့်တာကြာသွားတဲ့ HP laptop လေး ပြုပြင်ပေးခြင်း။

08/11/2023

Dell Desktop စက်ကြီး ပြုပြင်ပေးခြင်း။

Photos from ITZAW's post 04/11/2023

အိမ်၊ ရုံး​တွေမှာ window လိုက်တင်​ပေးရင် ၂၀၀၀၀ က​နေ ၂၅၀၀၀ ကြား ယူ​နေကြ​ပေမဲ့ ဆိုင်မှာသွားတင်တဲ့​ စျေးနှုန်း​လေးနဲ့ပဲ လုပ်​ပေးပါတယ်။
"Desktop 10 လုံး ဂို​ထောင်ကထုတ်လာပြီး မြန်မာစာ​တွေရိုက်မရ၊ google ဝင်မရ၊ အခြား error​တွေတက်​နေလို့ ဝင်းဒိုးတင်​ပေးခဲ့ခြင်း။"

Photos from ITZAW's post 02/11/2023

မကြီးတစ်​ယောက်ရဲ့အ​ဖေပုံ ဝါး​နေတာ​လေး ကြည်ကြည်လင်လင်​လေးဖြစ်​အောင်ပြင်​ပေးခြင်း

28/10/2023

Lenovo laptop, Window installation.
Well done!

Photos from ITZAW's post 27/10/2023

ဒီအလုပ်​တွေက အချိန်အရမ်း​ပေးရတဲ့အလုပ်ပဲ ...
စိတ်မရှည်လို့က​တော့ အကုန်​ပျောက်ပဲ 😬

09/10/2023

laptop တစ်လုံး HDD ပျက်ခါနီး error ပြလို့ data ​တွေ recovery လုပ်​ပေးခြင်း။ ကံ​ကောင်းတာ data ​တွေအကုန်ပြန်ရလိုက်ပါတယ်။

Photos from ITZAW's post 08/10/2023

မိသားစုပုံ​ဟောင်းပြင်

Photos from ITZAW's post 06/10/2023

HP Desktop 3 လုံး window တင်
IT Zaw မှာဝင်းဒိုးတင်ရင် ...
✅ မစခင် စက်ရဲ့ desktop, download, picture, document ထဲကဖိုင်​တွေ အကုန် backup လုပ်ပြီးသိမ်း​ပေးတယ်။
✅ စက်ရဲ့ cpu, memory, graphic card ပါ/မပါ​တွေ ကြည့်ပြီး window 7, 8, 10, 11 & other protable window စတဲ့ စက်နဲ့ကိုက်ညီပြီး ​ပေါ့ပါး​စေတဲ့ window ​ခွေကို ​​ရွေးချယ်တင်​ပေးပါတယ်။
✅ window တင်ပြီးရင်လည်း စက်ကိုwindow updated ​ပေး ​ပေးပါတယ်။ ပြီးရင် Driver​တွေကိုလည်း အကုန် Updated လုပ်​ပေးပါတယ်။(အချိန်အားဖြင့် တစ်နာရီခွဲ​လောက်ကြာပါတယ်။)(​အောက်ကပုံဆိုရင် BIOSထဲပါဝင်ပြီး Updated လုပ်​ပေးပါတယ်)
✅ စက်က brand စက်ဆိုရင် သူ့ရဲ product drivers ​တွေ ရှာ​ဖွေပြီး ဆက်သွင်း​ပေးပါတယ်။
✅ ပြီးရင်​တော့ Graphic card driver ကို မှန်ကန်တဲ့ driver ကို ရ​အောင်ရှာပြီး updated လုပ်​ပေးပါတယ်။
✅ အဲတာ​တွေပြီး​တော့မှ စက်ထဲကို standard software ​တွေဖြစ်တဲ့ microsoft office, pdf reader, dvd buner, internet browser စတာ​တွေ သွင်း​ပေးပါတယ်။
✅ softwareသွင်းရင်လည်း သွင်းပြီး​ရောမဟုတ်ပါ။ user များ အလွယ်တကူအဆင့်သင့်လက်တင် သုံးလို့ရ​အောင် တစ်ချို့အရာ​တွေ ကိုယ်သုံး​နေသလိုပြင်ဆင်​ပေးထားပါတယ်။
✅ စက်ကို အားလုံးသွင်းပြီးပြီဆိုရင် ပြင်ဆင်သင့်တာ​လေး​တွေလိုက်ပြင်ဆင်၊ ပိတ်သင့်တာ​တွေပိတ်၊ ဘာလို့ဆို တစ်ချို့ဟာ​တွေက မလိုအပ်ပဲ ဖွင့်ထား​နေရတာ​တွေရှိတယ်။ ပိတ်သင့်တာပိတ်ထားပြီး တကယ်သုံးသင့်တာ ဖွင့်ထားမှစက်သုံးရတာ မြန်ဆန်​ချော​မွေ့မှာပါ။
✅ ​နောက်ဆုံးက​တော့ စက်ရပြီး ဗိုင်းရပ်စ်တစ်ခု​ကြောင့် စက်ပြုတ်ကျသွားမှာကို ကာကွယ်တဲ့အ​နေနဲ့ kaspersky antivirus 2 months သက်တမ်းရှိ ​ဆော့ဝဲလ်ထည့်​ပေးပြီး updated​ပေးထား​ပေးလို့ ၂ လအတွင်းက​တော့ စက်ကို virus ရန်က​နေ ကာကွယ်​ပေး​နေမှာပါ။ ( ဒီအဆင့်ဟာ အချိန်အရမ်း​ပေးရပါတယ်။)
✅ အားလုံးပြီးလို့ user ဆီပို့​တော့လည်း သူတို့မှာရှိတဲ့ print driver ​တွေအကုန် ဖရီး သွင်း​ပေးပါတယ်။
✅ ပြီးတာနဲ့ စက်ရဲ့အ​ကြောင်း စက်ရဲ့လုပ်နိုင်စွမ်းအား၊ စက်ထဲက ​ဆော့ဝဲလ်​တွေအသုံးပြုပုံ၊ ​ဆောင်ရန် ​ရှောင်ရန်​တွေ ရှင်းပြ​ပေးလို့ အသုံးပြုသူတစ်​ယောက်အတွက် အရမ်းလွယ်ကူသွား​စေပါတယ်။ ​ပြောရရင်​တော့ ကိုယ်​မောင်းရမဲ့ကားအထာကိုကြိုသိသွား​တော့ ကြိုတင်ပြင်ဆင်​မောင်းနှင်တတ်သွားသလိုပါပဲ။
✅ ဒါ​တွေက​တော့ ဝင်းဒိုးတင်တဲ့အခါ IT Zawက service ​​ပေး​နေတာ​တွေပါ။
😊😊😊

30/09/2023

အသိတစ်​ယောက်က memory stick ထဲက​နေ စာ​တွေ အခြားအီး​မေးလ်တမခုကိုပို့ချင်လို့ လာအကူအညီ​တောင်းတယ်၊ stick က ဗိုင်းရပ်စ်ရှိရဲ့လား​မေး​တော့ မရှိဘူး သန့်တယ် ဆို​တော့ ကိုယ်ကလည်း သူအ​ရေးကြီး​နေ​တော့ ကူညီ​ပေးမယ်​လေဆိုပြီး စက်မှာထိုးပြီး ဖွင့်​တော့ stick ကလုံးဝတက်မလာဘူး အဲကတည်းက​တော့သိလိုက်ပြီ စက်​တော့ ကူးသွားပြီလို့ ..😓
သူက​တော့ stick ကဘာလို့မတက်တာလဲ ဟိုဘက်မှာတက်ပါတယ်​ပြောလို့ ၇ ခါ​​​လောက် အ​ပေါက်​တွေ​ပြောင်း ထိုး​ပေးလိုက်​တော့ ဗိုင်းရပ်စ်က စက်ထဲပိုလို​ဝင်လို့ ပျော်ကုန်ကြမှာ​ပေါ့ ...🤣🤣
ကဲ အဲတာနဲ့ကိုယ်က မတင်းတိမ်နိုင်​သေး ကိုယ်စက်က usbအ​ပေါက်မ​ကောင်းတာလားဆိုပြီး အိမ်က stick ထိုးကြည့်​တော့ ပုံမှန်တက်ပါတယ်​ပေါ့ ...
​နောက်တစ်ခါပြန်ထိုးကြည့်​တော့ ကိုယ် memory stick ပါ သူလို​ပျောက်သွား​ရော 😅
ဒါနဲ့ ကပြာကရာ Kaspersky antivirus ​လေး အမြန်ထည့်ပြီးသတ်မယ်လို့စိတ်ကူးပြီး ထည့်ပါတယ်။
kasper က စာပြန်လာပါတယ်။ ​(အောက်ကပုံ) မင်းစက်ကိုvirusကထိန်းသွားပြီတဲ့ 😢😢
​နောက် system restore က​နေ လိုက်​ပေမဲ့ system local C Driveကို ဗိုင်းရပ်စ်က ကိုင်ထား​​တော့ မရ​တော့ပါဘူး။ Disc error ရှိတယ်ဆိုပြီး restart ပဲခဏခဏပြန်တက်ခိုင်း​နေတာနဲ့ ​နောက်ဆုံး​တော့window ပြန်တင်လိုက်ရပါပြီ။ 😭😭
ဝင်းဒိုးတင်ရတာမပင်ပန်းပါ။ သို့​ပေမဲ့ မိမိသုံး​နေကျ လုပ်​နေကျ software ​တွေ setting​တွေ ပြန်ချိန်ရတာ အချိန် အရမ်း​ပေးရပါတယ်။ printer, tablet drivers ​တွေ အကုန်ပြန်ချိတ်ရတာ၊ ဝင်းဒိုးတစ်ခါတင်ရင် driver​တွေပါ updatedပြန်လုပ်ရင် အနဲဆုံး ၅ နာရီ​လောက်အချိန်​ပေးရတာ။ မနက်မှာ သင်တန်းတစ်ခုရဲ့ ဘာသာရပ်တစ်ခုစာ​မေးပွဲ​ဖြေရဦးမယ်။ စာလဲကြည့်ရ စက်ကလဲပြန်ရ​အောင် လိုက်ရ။ စက်ရမှ စက်ထဲက မနက်​ဖြေရမဲ့ video recording ​တွေ ကြည့်လို့ရမှာ 😭😭
ဘာပဲဖြစ်ဖြစ် အားနာခြင်းရဲ့သင်ခန်းစာတစ်ခုလို့ပဲ မှတ်ယူပါတယ်။ ​နောက်​နောင် အိမ်တွင် memory stick ဖြင့် လာခြင်းကို​တော့ ကန်​တော့ပါ​သေးရဲ့ခင်ဗျာ။
​နောက်တစ်ချက်က memory stick က ကိုက်တဲ့ဗိုင်းရပ်စ်က စက်ကို ချက်ချင်းကြီး စက်ဖွင့်မရ​တော့ ​အောင်လုပ်လိုက်တာ မဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့
ဟိုဟာဖွင့်မရ၊ ဒီဟာထည့်မရ၊ စက်က​လေး၊ ဖွင့်​နေကျ ​ဆော့ဝဲလ်​တွေအလုပ်မလုပ်တာ​တွေဖြစ်လာတာ၊ အများစုက စက်ဝင်ဒိုးတင်ပြီးရင် ကိုယ့်မှာရှိတဲ့ memory stick ​တွေကို ဗိုင်းရစ်မသတ်ပဲ ပြန်ထည့်သုံးကြတယ်၊ ပြီး​တော့ အချိန်နဲနဲကြာလာ​တော့ စက်က စပြီးအယ်ရာ​တွေပြလာ​တော့ window မ​ကောင်းတာဆိုပြီး ​ပေါ့သွား​အောင် ပြန်တင်တယ်၊ စက်ပြန်​ကောင်းရင် ပြန်ထိုးသုံးတယ်၊ ဂျာ​အေးသူအ​မေရိုက်လို လုံးလည်ချာလည်လိုက်​နေတာ၊ အ​ကောင်းဆုံးက​တော့ ကိုယ်ရဲ့ stick ကို သံသယရှိရင်မသုံးပါနဲ့။ kasperskyနဲ့ ​ကောင်း​ကောင်း သတ်ပါ။ဗိုင်းရပ်စ်ကင်းစင်မှ ခုနဝင်းဒိုးတင်ထားတဲ့ စက်မှာထိုးပြီး အသုံးပြုတာ ကိုယ်​ရဲ့စက်အတွက်လည်း ​ရေရှည်စိတ်ချရပြီး အများကိုလည်း ဒုက္ခ​ပေးရာမကျ​တော့ဘူး​ပေါ့

Photos from ITZAW's post 27/09/2023

HDD က ၂၀၁၅ ​လောက်ကထုတ်ထားတာရယ်၊ စက်က second ပြန်ဝယ်ထားတာ ဖြစ်​နေတာ​ကြောင့်HDDက အယ်ရာ​တွေတက်လာလို့ SSD​ပြောင်းစိုက်တဲ့ Acer laptop ​လေးပါ။

27/09/2023

ဖွင့်မရလို့ပိတ်ထားတဲ့ Dell ​လေး အကုန်အဆင်​ပြေသွားပါပြီ 😊 အားသွင်းကြိုးက​တော့ ​ပျောက်သွားတယ်ဆို​တော့ အသစ်ဝယ်ရပါတယ်။

Photos from ITZAW's post 23/09/2023

Dell laptop
HDD ဖြုတ်ပြီး SSD 512 GB စိုက်​ပေးခြင်း။

Photos from ITZAW's post 23/09/2023

Acer laptop
memory 2 GB ကနေ 4GB ထပ်တိုးစိုက်ပေးခြင်းနှင့် window 8.1 တင်​ပေးခြင်း။

16/09/2023

Dell တစ်လုံး
HDD က သက်တမ်းလွန်လာ​တော့ တဂျစ်ဂျစ်နဲ့ အသံ​တွေထွက်လာပြီး ဝင်းဒိုးတစ်ခါတက်ရင် အကြာကြီးအဝိုင်း​လေးလည်တာထိုင်ကြည့်​နေရတာ ..
ခု SSD​ပြောင်းစိုက်ပြီး နဂိုHDDကို data storage ပုံစံလုပ်၊ DVD drive ကလည်းပျက်ခါနီးဆို​တော့ သူ​နေရာ​ပြောင်းစိုက်လိုက်တယ်။
ဝင်းဒိုးပြန်တင်ပြီး adobe PS, AI, ID CS6, autoCAD, sketchUp, corel DRAW, စွယ်စုံသုံး pdf software, 2021 version ​တွေသွင်းထည့်​ပေးလိုက်ပါတယ်။
Driver အတွက်လည်း window updatedကို အပြီးအစီး လုပ်​ပေးပြီး၊ radeon graphic driver နဲ့ dell laptop model အတွက်လိုအပ်တဲ့ driver, BIO updated​တွေအကုန်လုပ်ပြီး Update ကိုလည်း ပိတ်ထားပြီးဖြစ်လို့ အသုံးပြု​နေစဥ် updatedလုပ်ဖို့လာ​မေးတာလည်းမရှိ​တော့ပါဘူး။

SSD​ ပြောင်းစိုက်ပြီး windowတက်ကြာချိန် ၃၈စက္ကန့်ပဲကြာပါတယ်။

04/09/2023

သတိထားဖို့ !

28/08/2023

အမတစ်​ယောက်အတွက် MSI laptop လိုက်ဝယ်​ပေးခြင်း။

20/08/2023

exam​, report, meeting ​တွေနဲ့ ရှုပ်​နေလို့ စက်ပြင်တာ ခဏနားထား​ပေမဲ့ အ​ရေး​ပေါ်ရှိ​နေ​တော့လည်း မအားတဲ့ကြားကပဲ လုပ်​ပေးလိုက်ပါတယ် 😊

Photos from ITZAW's post 31/07/2023

အမျိုးအရင်းရဲ့စက်​တွေပြင်​ပေးခြင်း 😁

27/07/2023

1TB HDD ထပ်စိုက်ပေးခြင်း

Photos from ITZAW's post 26/07/2023

ရုံးကအကိုတစ်​ယောက်ရဲ့ laptop ​က တဖြည်းဖြည်းသုံးရတာလေးလာလို့ SSD​ပြောင်းလဲတပ်ဆင်​ပေးခြင်း၊ DVD drive က ပျက်​နေ​တော့ အဲ​နေရာကို HDD ပြန်ထည့်​ပေးလိုက်​တော့ Data​တွေလည်း အရင်အတိုင်း သုံးလို့ရမယ်၊ စက်ကလည်း SSDစိုက်လိုက်​တော့ ကဲလို့ရသွားတဲ့စက်​လေး ...

24/07/2023

မကြာခင်မှာ ကွန်ပြူတာနဲ့ပတ်သက်ပြီး သင်တန်း​လေး​တွေစပါ​တော့မယ်။ 🥳🥳
၆ ဦး​လောက်က​တော့ ​တစ်ပိုင်တစ်နိုင် အေး​ဆေးစာသင်လို့ရမဲ့အခန်း​လေး ယာထားပြင်ဆင်ထားပြီးပါပြီ
အများကြီး​တော့ ထပ်လုပ်ရဦးမယ်။😫

Want your business to be the top-listed Computer & Electronics Service in Naypyidaw?
Click here to claim your Sponsored Listing.

Videos (show all)

Dell တစ်လုံး HDD က သက်တမ်းလွန်လာ​တော့ တဂျစ်ဂျစ်နဲ့ အသံ​တွေထွက်လာပြီး ဝင်းဒိုးတစ်ခါတက်ရင် အကြာကြီးအဝိုင်း​လေးလည်တာထိုင်ကြ...
ဝင်းဒိုးတင်ပြီး ကွန်ပြူတာ စသုံးဖို့ စက်ဖွင့်လိုက်ရင် အဝိုင်းတွေလည်ပြီး update တွေ လုပ်နေတယ်၊ စက်ပြန်ပိတ်လိုက်ရင်လည်း အဝိ...

Telephone

Website

Address


Nay Pyi Taw
Naypyidaw

Opening Hours

Monday 09:00 - 20:30
Tuesday 09:00 - 20:30
Wednesday 09:00 - 20:30
Thursday 09:00 - 20:30
Friday 09:00 - 20:30
Saturday 09:00 - 20:30
Sunday 09:00 - 20:30