Play & Learn, Naypyidaw Videos

Videos by Play & Learn in Naypyidaw. Playing is just more than fun. To play is to learn.

Phonics ဆိုတာ ဘာလဲ။
What's Phonics?

Click to enable sound Next

Other Play & Learn videos

Phonics ဆိုတာ ဘာလဲ။ What's Phonics?

Oxford Phonics level 2သင်ပြီး sight words reading booksလေးတွေနဲ့ စာဖတ် စလေ့ကျင့်နေတဲ့ KGမီးမီးလေးတွေ။ #Play&Learn #oxfordphonicslevel2

Sight Words Recognition အမြင်စွဲစကားလုံးသိမှုရဲ့ အရေးပါပုံ။

Reading ရဲ့ components တွေထဲက Fluency အကြောင်း။ Fluency ဆိုတာ ဘာလဲ၊ Fluency ကို အပိုင်းအဆစ် ဘယ်နှစ်ခုခွဲပီးမြင်ရမလဲ၊ Fluency ရအောင် ဘယ်လိုသင်ရမလဲ ဆိုတာတွေ ဖြစ်ပါတယ်။ Comment မှာ ဝင်ရောက်ဆွေးနွေးပေးကြပါဦး။ Play & Learn

Firetruck ဆိုတဲ့ စာအုပ်လေးပါ။ ဒီထဲမှာ firefighter,တွေ ဘယ်လို အလုပ်လုပ်ကြရသလဲဆိုတဲ့ အကြောင်းတွေပါပါတယ်။ ဒါလေဖတ်ပီး A daily life of a Firefighter ဆိုတာမျိုး၊ How to be a firefighter ဆိုတာမျိုးတွေရေးနိုင်ဖို့အတွက် အိုင်ဒီယာတွေ ဖြစ်စေပါတယ်။

ဆရာ ကိုအောင်ပိုင်ဦး ‌ဆွေးနွေးသွားတဲ့ Physical Education အကြောင်း

KG မီးမီးလေး တယောက် အသံထွက်ဖတ်ထားတာလေးပါ။ final sounds လေးတွေ ပီပီသသ ထွက်တတ်လာပီ။ ပီး word recognition skill လဲ အတန်ရှိပီး အသံ၊ရုပ် အဆက်အစပ်ရှိမှုကို သိနေပီ။ သတိထားနားထောင်ရင် r သံကို w သံ 'ဝ' လိုမျိုး ထွက်နေတာမျိုး ကြားရလိမ့်မယ်။ ဒါက သာမန်ဖြစ်နေကျ မပီတာမျိုးသာဖြစ်ပါတယ်။စိုးရိမ်စရာမရှိပါ။ #Oxford Phonics level 2 Play & Learn

Accuracy တိကျစွာ အသံထွက် ဖတ်နိုင်စွမ်း ရှိသွားပြီးချိန်မှာ Automaticity အလိုအလျောက် ပေါ့ပါးသွက်လက်စွာ ဖတ်နိုင်ဖို့ လေ့ကျင့်မှု ( practice) လိုပါတယ်။ ဒီလို လေ့ကျင့်ဖို့အတွက် ကျနော်တို့မှာ word lists သို့ word family ဇယားတွေ လိုပါတယ်။ မရှိကလဲ ပူစရာတော့ မရှိပါ။ Reading Experts အများက Decoding ကို အဓိက ရစေရန် Non sense words များကို သုံးနိုင်တယ်၊သုံးလို့ရတယ် လို့ အဆိုရှိပါတယ်။ Non sense words ဆိုတာ တကယ်မရှိသော၊ အဘိဓာန်ထဲလဲ မပါသော စကားများ ဖြစ်ပါတယ်။ ဥပမာ-zat ( at ကိုသင်ရင်း တခါတည်း Decoding ရအောင် တွေ့ရာ ဗျည်းများနဲ့ တွဲစပ်ခြင်း) ဒီတော့ non sense words တွေဟာ ကလေးတွေကို Decoding သေချာကျေလည်စွာရနိုင်ဖို့အတွက် လွန်စွာမှ အသုံးဝင်ပါတယ်။ အောက်ပါ ဗီဒီယိုကတော့ ကလေးများကို အလေ့အကျင့်များရန် word lists သုံးပီး လေ့ကျင့်စေခြင်းဖြစ်ပါတယ်။

Oxford Phonics level 2သင်ထားတဲ့ KGသားသားကို word recognitionပိုင်နိုင်အောင် အမြဲ ရွတ်ဖတ်ခိုင်းတယ်။ accuracy ကနေ automaticity ထိရောက်အောင်ပေါ့။

KG မီးမီးလေး Sight Words ဖတ်ကျင့်နေတာပါ။ Sight Words Recognition အရေးကြီးလား။ Sight words Recognition အရေးပါပုံကို 2001 reading rope model က စပီးထည့်လာတယ်။ ဘာလို့လဲလို့မေးစရာရှိတယ်။ Sight words တွေ အားနည်းရင်၊မပိုင်နိုင်ရင် ဘာဖြစ်တတ်လဲ။ သေချာတာကတော့ 1. slow reading speed စာဖတ်နှေးမယ်။ 2. Poor reading fluency စာဖတ်ချောမွေ့သက်လက်မှု အားနည်းမယ်။ 3. အထက်ကနှစ်ချက်နဲ့ဆက်စပ်ပီး စာဖတ်ပီးနားလည်ခြင်းမှာလဲ အခက်ကြုံလာရမယ်( comprehension challenges) 4. ဒီ နားလည်မှုအားနည်းခြင်းက ကျန်တဲ့ Academic performance အပေါ်လဲ အတိုင်းအတာတခုအထိသက်ရောက်မှုရှိမယ်။ Saya Myint Zaw Play & Learn

၂တန်းအရွယ် ဗီယက်နမ်ကလေးတယောက် ဖတ်ထားတာလေးပါ။ Fluency ကို ခွဲခြမ်းပြောရရင် accuracy နဲ့ automaticity တော့ ရှိနေပီလို့ ပြောလို့ရတယ်။ word Recognition skill ကောင်းကောင်းရှိနေပီ။ ဒါပေသိ fluent ဖြစ်တယ်လို့ ဆိုလို့မရသေးဘူး။ Prosody ကျန်နေသေးလို့ပဲ။ ဒီ Prosody ကို ဆရာက ဦးဆောင်ဖတ်ပြ Model reading လုပ်ပီး အဓိပ္ပါယ်ရှိသော စကားလုံးအစု၊ပုဒ်အစုလေးတွေကို ခွဲခြားသိပိး ဖတ်တတ်အောင် လုပ်ရမယ်။ မြန်မာ မဟုတ်တော့ "သချင်း" ကို "သီချင်း" ဆိုပီး အသံထွက်ဖတ်နေတာမျိုး ကြားရမယ်။ ဒါကို ကလေးဟာ Basic Phonic Skill ရပီလို့ မြင်တတ်ရမယ်။/မြင်သင့်တယ်။ ဒါက မတြာဝက် အဖြစ် ဖတ်ရခြင်း၊၊ complex code လေ။ သူ့အတွက် decode လုပ်နိုင်ဖို့ ခက်သေးတယ်။ ပုံ- နွယ်နီကံဝင်းရဲ့ သံစဉ်ဖတ်စာ။ # Phonic method အသံနည်း(ဦးကွန်းရဲ့စကားကိုယူသုံးရရင်)

ကလေးတွေ သင်ဖို့ လိုအပ်တဲ့ Oxford Phonicsအတန်းဆိုတာ... 🔷 Pronunciation ( Letters and wordsတွေကို အသံထွက်မှန်မှန်ကန်ကန်နဲ့ ရှင်းလင်းပြတ်သားစွာ ထွက်နိုင်စေဖို့) 🔷 Reading skill (Oxford Phonics courseတွင်ပါ‌ေသာ reding‌ေတွသာမက Oxford Phonics redersတွေမှ story readingတွေပါ ဆရာနဲ့အတူ တပါတည်း လေ့ကျင့်ရမှာဖြစ်တဲ့အတွက် စာဖတ်တဲ့နေရာမှာ ကလေးက ချောမွေ့ပီသလာစေဖို့ အလေ့အကျင့်ဖြစ်စေပါတယ်) 🔷Spelling (စကားလုံးတွေရဲ့ အသံတွေကို ခွဲခြမ်းသိလာနိုင်တာကြောင့် spellingအော်ကျက်ရတဲ့ ဒုက္ခမှ ကင်းဝေးစေပြီး အသံကြားတာနဲ့ စာလုံးပေါင်းနိုင်တာမျိုး၊စာလုံးမြင်တာနဲ့ အသံမှန်ကန်စွာ ထွက်နိုင်တာမျိုး ဖြစ်လာပါမယ်) 🔷Vocabulary (Lesson တစ်ခုစီတိုင်းမှာ wordsအသစ်တွေထပ်ထပ်တိုးလာတာမို့ ဝေါဟာရ ကြွယ်ဝစေပါတယ်) 🔷Sight words (Course မှာ အမြင်စွဲ စကားလုံးတွေပါ တပါးတည်း ပါတာမို့ စာဖတ်ရာမှာ အထောက်အကူဖြစ်စေပါတယ်) Oxford Phonics World coursebookနဲ့ သင်ကြားပြီး Trတွေက E to E(Language Exposureများစေရန်)

Level 2 ကသားသားလေးတယောက် ဖတ်ထားတာလေးပါ။ Final sounds လေးတွေကို သတိထားတတ်နေပီ။ အခြေခံ Decoding ကိုလဲ မြင်တတ်နေပီ။ များများဖတ်ဖို့ပဲလိုတယ်။

Myint Zaw's Personal Meeting Room

Myint Zaw's Personal Meeting Room
Play awareness

Oxford Phonics level 2သင်ထားပြီးတဲ့ Year1ကလေး သူ့ရဲ့ IS textbookကိုအေးအေးဆေးဆေး ဖတ်နိုင်နေပြီ။ Phonicsသင်ထားရခြင်းရဲ့ အားသာချက်က Local textbookပဲဖြစ်ဖြစ်၊IS textbookပဲဖြစ်ဖြစ်၊real booksတွေပဲဖြစ်ဖြစ် လွယ်လင့်တကူ ကောင်းကောင်းဖတ်နိုင်လာတယ်။ Phonicsသင်တာ ကျောင်းစာတွေကို အနှောင့်အယှက်ဖြစ်လား မေးတဲ့ မေမေတို့အတွက်။ မဖြစ်ပါဘူး မေမေတို့ရေ ။ Phonicsသင်ရင် သူတို့ရဲ့ textbookတွေကိုပါ အများကြီး အထောက်အကူဖြစ်ပါတယ်ရှင့်။ Play & Learn

Oxford Phonics level 1အတန်းက ကလေးအချို့ရဲ့ readingလေးတွေပါ။ စာတွေကို အသံမှန်မှန်ကန်ကန်နဲ့ ဖတ်နိုင်အောင် ကြိုးစားနေပါတယ်ရှင့်။ Level 1အတန်းလေးက အသက် လေးနှစ်ခွဲမှ စပြီး လက်ခံပါတယ်ရှင့်။ Play & Learn

Reading War : Phonics Vs Whole Language Free Webinarလေးရဲ့ recorded videoလေးပါ။ ၁။ Reading War ဆိုတာ ဘာလဲ?? ၂။ Phonicsဆိုတာ ဘာလဲ ?? ၃။ Whole Languageဆိုတာဘာလဲ ?? ၄။ ဘာလို့ သူတို့က ကာလကြာအောင် တိုက်ပွဲ ဖြစ်နေသလဲ ?? စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးထားကြတဲ့ webinarလေးဖြစ်ပါတယ်။ Webinar မjoinလိုက်ရတဲ့ ဖေဖေ၊မေမေ၊ဆရာ၊ဆရာမတို့အတွက် ပြန်တင်ပေးလိုက်ပါတယ်ရှင့်။ Play & Learn

Oxford Phonics level 3 reading ကို ဖတ်နေတဲ့ သားသား။တဖြည်းဖြည်း ချောမွေ့လာပြီး အသံအများစု မှန်မှန်ကန်ကန် ဖတ်နိုင်လာပြီ❤️❤️❤️

WCPM(Word Correct Per Minute) WCPMဆိုတာ Oral Reading Fluencyကို စစ်ဆေးတဲ့ နည်း တစ်ခုပါ။Reading Teacherတွေအနေနဲ့ မသိမနေရ သိထားသင့်တဲ့ Assessment Tool တစ်ခုလဲ ဖြစ်ပါတယ်။ စစ်ဆေးကြည့်ဖို့ ၁။ မဖတ်ဖူး ၊မလေ့ကျင့်ဖူးသေးတဲ့ စာပိုဒ်ကိုယူ ။စာလုံးအရေအတွက်ကို ရေထား ၂။ ကလေးကို ဒီစာပိုဒ်ဖတ်ခိုင်း။မှားတဲ့ စကားလုံးအရေအတွက်ကို မှတ်၊စုစုပေါင်းထဲက နှုတ်ပြီး ရလာတာကို မိနစ်နဲ့ စားရင် WCPMကို ရပါတယ်။ အခုကလေးကို WCPM စစ်ဆေးကြည့်တဲ့အခါ စုစုပေါင်းအမှန် ရွတ်နိုင်တဲ့ စကားလုံးက 70, စုစုပေါင်း စာလုံးရေက 76, ကြာချိန်က ၁မိနစ် ၃စက္ကန့် ၁မိနစ်ပဲထားပါ ။အကြမ်းဖျင်း 70WCPMရှိတယ်။Grade 2အရွယ်မှာ 50-90 WCPM ကြားရှိရမယ်လို့ ဆိုပါတယ်။ Oxford Phonics level 3သင်နေတဲ့ကလေးပါ Play & Learn