Play & Learn

Playing is just more than fun. To play is to learn.

Photos from Play & Learn's post 29/01/2024

Sight words လေးတွေ လေ့ကျင့်ပေးဖို့။

Photos from Play & Learn's post 27/01/2024

Action Verb လေးတွေကို ပုံပြ သင်ကြမယ်။
မြန်မာလို အနက်ကို တိုက်ရိုက်မပြောဘဲ ကိုယ်တိုင် လုပ်ပြပီး What am I doing? I'm jogging.
ဒါပီးရင် အတူတူ What are we doing? We are jogging ဆိုပီး အတူတူလုပ်ပီး သင်ပေးပါ။

Photos from Play & Learn's post 26/01/2024

ဆရာမ မမာနွယ်အေးရဲ့ Nature Classroom ကို အလည်ရောက်။
စိတ်လှုပ်ရှားစရာ စာသင်ခန်း၊
ရုပ်လှုပ်ရှားစရာ စာသင်ခန်း၊

26/01/2024

Phonics ဆိုတာ ဘာလဲ။
What's Phonics?

25/01/2024

တချို့ကလေးတွေက spelling ကို အခက်အခဲ မရှိ၊ အထူးအထွေ ကျက်မှတ်ခြင်းမရှိဘဲ ဘာလို့ ရနေတာလဲ။
မနေ့က သူငယ်ချင်းရဲ့ language center တခုမှာ Training လုပ်ပေးရင်း ငယ်ငယ်က spelling ကျက်မှတ်ရတာနဲ့ ပတ်သက်ပီးပြောဖြစ်တယ်။ ကိုယ့်သူငယ်ချင်းတချို့ အတူတူကျက်ကြ‌တာချင်းတူပေမယ့် တချိူ့က ခဏလေးကြည့်ပီးရတယ်၊ တချို့က အတော်ကြာကြီး ကျက်မှတ်ယူကြရတယ်။ အခုမှ ဒီစကားလုံးကို မြင်ဖူးကြတာချင်းတူပေမယ့်၊ ကျက်ချိန်လဲ တူပေမယ့် ဘာလို့ ဒီလို သူတို့ကျ အရင်ရပီး တခြားသူတွေက မရရတာလဲ။
အဖြေကတော့ စကားလုံး‌တွေရဲ့ အဆငိအကွက် pattern ကို မြင်တတ်ခြင်း၊ ဒီအမြင်ရှိခြင်းကြောင့်ပါပဲ။ spellingကို မပင်မပန်းရတဲ့ကလေးတွေဟာ စကားလုံးတေကို မြင်တဲ့အခါ ဒီစကားလုံးရဲ့ pattern တွေကို အရင်က ရှိပီးသား စကားလုံးနဲ့ ချိတ်ဆက်မြင်တတ်တယ်။ blue ဆိုတဲ့ စကားလုံးကို အရင်က မြင်၊မှတ်၊သိဖူးထားတာနဲ့ blame, black မှာလဲ bl ဆိုတဲ့ consonant cluster ပါတာသိ၊ ဘယ်လို အသံထုတ်ထွက်ရမလဲဆိုတာပါ သိ‌တယ်။
အ့လိုပဲ -ame ကိုလဲ c-ame, s-ame ဆိုတာနဲ့ ယှဉ်ချိန်ထိုးတတ်တယ်။ ဒါက အဲ့ဒီကလတွေ spelling ကို အထူးအထွေ အားမထုတ်ရတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။(ဒါက brain ကိုယ်တိုင်က pattern finding အလေ့ရှိတာကြောင့် phonics Knowledge အလိုလို ရှိသွားတာ ဖြစ်ပါတယ်)။
Spelling ခက်ခဲနေတာကလဲ ဒီအမြင်မရှိတာကြောင့် ဖြစ်ပါတယ်။
ဘာ့ကြောင့် phonics သင်ရင် spelling ပါ ဘာလို့ရသွားတာလဲဆိုတာလဲ အထက်က ဆိုထားတဲ့အတိုင်းသာ ဖြစ်ပါတယ်။
တကယ်တော့ ကျနော်တို့ ဦးနှောက်က အဆင်အကွက်၊ အစဉ်အတန်း တွေကို ရှာဖွေသိမ်းဆည်းပါတယ်။ ဒီpattern, sequenceတွေက စွဲမြဲတဲ့မှတ်ဉာဏ်တွေကို ဖြစ်စေပီး ကျနော်တို့ သိထားတဲ့၊မှတ်ထားတဲ့အရာကို ပြန်ထုတ်ယူတဲ့အခါ အလိုအလျောက်ဖြစ်စေတယ်။ pattern, sequence အမြင်၊ခွဲခြားမြင်တတ်ခြင်းက automaticity ကို ဖြစ်စေပီး fluency ကိုလဲ ဖြစ်စေတယ်။ ဒီတော့ spelling အားနည်းတဲ့ကလေးတွေကို ဒီလို pattern, sequence အမြင်၊ခွဲခြားသိခြင်းကို သင်ပေးဖို့ လိုပါတယ်။ သင်ပေးတဲ့အခါမှာလဲ ဒီ pattern တွေကို အဓိပ္ပါယ်ရှိရှိ၊ ကြောင်းကျိုးဆက်စပ်ပြပီး မျက်လုံးနဲ့မြင်၊နားနဲ့ကြားအောင် အကြိမ်ကြိမ်ခါခါ ချိတ်ဆက်ပြပေးရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် Goswami က analytic/analogy Phonics က လွန်စွာမှ အရေးကြီးတယ်လို့ ဆိုထားတယ်ထင်ပါတယ်။

24/01/2024

Oxford Phonics level 2သင်ပြီး sight words reading booksလေးတွေနဲ့ စာဖတ် စလေ့ကျင့်နေတဲ့ KGမီးမီးလေးတွေ။

&Learn

Photos from Play & Learn's post 24/01/2024

Sight words အရေးကြီးလား??

စာကိုချော့မွေ့သက်လက်စွာဖတ်နိုင်ဖို့အတွက် Sight Wordsက လွန်စွာမှ အရေးကြီးပါတယ်။ ဒါတင်ပဲလားဆိုတော့ သာမန် စာဖတ်လေးသူ၊နှေးသူအများစုဟာ sight words တွေနဲ့ပတ်သက်ပီး လေ့ကျင့်မှုအလေ့အထနည်းခဲ့တာကြောင့် automaticity အားနည်းရာက Reading Fluency ဖြစ်မှုကိုအနှောင့်အယှက်ဖြစ်သွားစေတာပဲဖြစ်ပါတယ်။
အောက်မှာပေးထားတဲ့ sight words picturesလေးတွေက ထပ်ကျော့ဖတ်ခြင်းကနေ automaticity ဖြစ်စေဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

Play & Learn

23/01/2024

Sight Words Recognition အမြင်စွဲစကားလုံးသိမှုရဲ့ အရေးပါပုံ။

Photos from Play & Learn's post 23/01/2024

Grade 1 အရွယ်အတွက် work list လေးပါ။

22/01/2024

Reading ရဲ့ components တွေထဲက Fluency အကြောင်း။
Fluency ဆိုတာ ဘာလဲ၊
Fluency ကို အပိုင်းအဆစ် ဘယ်နှစ်ခုခွဲပီးမြင်ရမလဲ၊
Fluency ရအောင် ဘယ်လိုသင်ရမလဲ ဆိုတာတွေ ဖြစ်ပါတယ်။
Comment မှာ ဝင်ရောက်ဆွေးနွေးပေးကြပါဦး။
Play & Learn

Photos from Play & Learn's post 22/01/2024

ရာသီဥတုအခြေအနေလေး‌ေတွေကို မေးတတ် ပြောတတ်အောင် သင်ကြမယ်။

ပထမဆုံး သင်ခန်းစာနဲ့ ပတ်သတ်တဲ့စကားလုံးတွေကိုစုထားမယ်။ sunny,rainy,windy,cloudy,snowy,hot,
cold,stromy, look outsideစသဖြင့်။

နောက်ပီး Flash Cards တွေလည်း လုပ်ထားရမယ်။

ပြီးပီဆိုရင် How's the weather? သီချင်းလေး ဖွင့်ပြပီး အနည်းဆုံး နှစ်ခေါက်လောက် တူတူဆိုကြမယ်။

ဒါပီးရင် အမေးအဖြေလေး စလုပ်ကြမယ်။

Let's start our lesson. 💜

Teacher:. How's the weather?
Student: It's sunny ( rainy,cloudy, stormy,စသဖြင့် အစားထိုးပါ)
Teacher:. What's it like outside? အပြင်မှာအခု ဘယ်လိုလဲ။
Student: It's really sunny now. အခု တကယ်နေပူနေတယ်။
Teacher: Do you like sunny weather?
Student:. Yes, I do.
No, I don't

တယောက်ချင်းစီကို အ‌ေမးအဖြေစုံစုံငင လုပ်ပီးရင် အောက်မှာပေးတဲ့ worksheets လေးတွေနဲ့ လေ့ကျင့်ခန်းလေး လုပ်ပီး
Good bye လိုက်ကြရအောင် နော်။💜💜

တီချယ်သုံးတဲ့ ကလေးလေးတွေအကြိုက်များ/ဆိုလို့လဲကောင်းတဲ့ သီချင်းလေးပါ ထည့်ပေးထားတယ်နော်
👉👉https://youtu.be/6MGRkUlFZws

Photos from Play & Learn's post 21/01/2024

Oxford Phonics world level 3

Unit အလိုက် အလွယ်တကူ လေ့ကျင့်အသူံပြုနိုင်မဲ့ worksheets လေးတွေ လုပ်ပေးထားပါတယ်။
အဓိပ္ာယ်လေးတွေသိအောင် ပုံလေးတွေပါ ထည့်ပေးထားပါတယ်။

တီချယ်တို့၊မေမေတို့ အိမ်မှာ လေ့ကျင့် ပေးကြပါနော်💜💜

20/01/2024

Firetruck ဆိုတဲ့ စာအုပ်လေးပါ။
ဒီထဲမှာ firefighter,တွေ ဘယ်လို အလုပ်လုပ်ကြရသလဲဆိုတဲ့ အကြောင်းတွေပါပါတယ်။ ဒါလေဖတ်ပီး
A daily life of a Firefighter ဆိုတာမျိုး၊
How to be a firefighter ဆိုတာမျိုးတွေရေးနိုင်ဖို့အတွက် အိုင်ဒီယာတွေ ဖြစ်စေပါတယ်။

18/01/2024

မ‌‌ေပြာသင့်၊မသုံးသင့်တော့တဲ့ ဆုံးမစကား။

ပန်းရောင်းရတဲ့ကလေးတွေ၊အမှိုက်ကောက်ရတဲ့ကလေးတွေ၊စားပွဲထိုးလုပ်နေတဲ့ကလေးတွေကိုတွေ့ရင် မိဘအများစုက ဒါကို ဆုံးမစရာ အကွက် လို့မြင်ပီး ကိုယ့်ကလေးကို "မိဘစကားနားထောင်၊စာသေချာသင်နော်၊ နားမထောင်ရင် ဒီလို ပန်းရောင်း/အမှိုက်ကောက်/ စားပွဲထိုးရမယ်" ဆိုပီး ဥပမာ ပေး ဆုံးမတတ်ကြတယ်။ ဒါက အတော်ကို လွဲတာ၊ကိုယ့်ကလေးကို ဘဝအမြင်၊လူမှုအမြင်၊လူတန်းစားအမြင် ကန်းအောင် သူ့မျက်လုံးကို ထိုးဖောက်လိုက်တာနဲ့ တူတယ်။
တကယ်ဆို ဒီကလေးတွေရဲ့ အခြေခံလူသားဂုဏ်ရည်( ရှင်သန်ရပ်တည်နိုင်စွမ်း)ကိုပြောပြပီး လက်ရှိသူတို့အလုပ်နဲ့ သူတို့ရဲ့ လူမှုစီးပွားနောက်ခံအကြောင်းကိုဆက်စပ်ပြတာက ပိုပီး ဖြစ်သင့်တဲ့အနေအထားတခုပါ။
တကယ်ဆို အလုပ်တိုင်းက သူ့တန်ဖိုးနဲ့သူရှိတယ်၊ ဥပမာ အမှို‌ကောက်တာမျိုးဆိုရင် ဒါဟာ လူမှုအကျုိးပြုအလုပ် ( social work) လို့ သိရမယ်။ ဒါကို နိမ့်ကျတဲ့ အလုပ်လို့ မြင်နေတာကိုက မှားနေတာပဲ၊၊ ဒါ့ကြောင့် အမှိုက်ကောက် ကမ်ပိန်းတွေသာ လုပ်နေကြတယ်၊၊ တကယ် အမှိုက်ကောက်သူ ဖြစ်မလာကြတာ ဒီ dominant narrativeတွေကြောင့် ထင်ပါတယ်။ မြန်မာ့လူ့ဘောင်ထဲက စွဲမြဲနေတဲ့ "အမှိုက်ကောက်တာ နိမ့်ကျတယ်၊ " ဆိုတဲ့ အတွေး‌အကောက်အယူတွေကို မိဘတွေက သားသမီးတွေကို လက်ဆင့်မကမ်းကြဖို့ လိုနေပီ။ အမှိုက်ကောက် ကမ်ပိန်းတွေကျ သွားပီး ဓာတ်ပုံရိုက်ခံကြပီး အမှိုက်ကောက်တဲ့ ကလေးတွေနဲ့ အမှိုက်ကောက်ခြင်းအလုပ်ကိုကျ မတူသလိုမတန်သလို ထင်မြင်နှိမ့်ချနေကြတာ တော်တော် ရီစရာကောင်းတယ်။
နောက် ကိုယ့်အားကိုယ်ကိုးတတ်မှု။ ခင်ဗျားတို့ ကားပေါ်မှာ အခန့်သား ထိုင်နေတဲ့ကောင်တွေက အခုချိန်မှာ ဘာလုပ်တတ်နေလို့လဲ။စာဖတ်တတ်တာစာရေးတတ်တာ ဒါပဲလား။ ကိုယ်လိုချင်တာ မရရင် လူးလှိမ့်ငို ဒါတွေလား။ KFC ကြက်ကြော်စားရရင် Lotteria ကြက်ကြော် မစားရလို့ စိတ်ကောက်တဲ့ ကလေးတွေမလား။ အရုပ် မဝယ်ရရင် Centre ထဲမှာ အရှက်ကွဲအောင်လုပ်တတ်တဲ့ကလေးတွေမလား ဘယ်မှာလဲ လူသားဂုဏ်ရည် ဖြစ်တဲ့ အမှီအခိုကင်းမှု၊ကိုယ့်ဖာသာကိုယ် ရပ်တည်နိုင်မှုတွေ။ ကိုယ့်ကလေးမှာ မရှိတဲ့ စကေးတွေ ဒီကလေးတွေဆီမှာ ရှိနေတာကို မိဘတယောက်အနေနဲ့ ကိုယ့်ကလေးကို ပြောပြသင့်တာ မဟုတ်ဘူးလား။
နောက် ဒီကလေးတွေ စာသင်ရမယ့်အချိန်မှာ စာမသင်ရဘဲ အမှိုက်ကောက်နေရတာ သူတို့ရဲ့ လူမှုစီးပွားနောက်ခံ(socioeconomic background) ကြောင့် ဆိုတာမျိုး ပြောပြသင့်တယ်။ ပီး သူတို့ဟာ အဆိုးကျော့သံသရာ vicious cycle မှာ လည်နေကြရတဲ့အကြောင်းရောပေါ့။ ဒီကနေ ဆက်ပီး ကူညီနိုင်က ကူညီဖေးမကြဖို့ပေါ့။
နောက်ထပ်ရွေးစရာက ကောင်း၏ဆိုး၏ ဘာမှ မပြောဖို့ပါပဲ။ ကလေးတေကို မချီးမြှောက်ချင်နေ ယှဉ်ထိုးပီး မနှိမ့်ချဖို့ပါပဲ။ အမေ၊အဖေ ဘွဲ့တခုရ၊ အလုပ်‌ေကာင်း‌ေကာင်းတခုရှိလို့ ကျောင်းတက်နိုင်နေတဲ့ကလေးကို ကိုယ့်ထမင်း၊ကိုယ့်ရေ၊ကိုယ့်အကွယ်အကာ ကွကိုယ်ရှာ‌ဖွေနေထိုင်နေရတဲ့ ကလေး ဘာမှ နှိုင်းယှဉ်စရာမလို၊ ချနင်း ဆုံးမစရာမလို။
#တွေးမိ‌တွေးရာ
#ကလေးနဲ့လူတန်းစားအသိ


&Learn

18/01/2024

Tr.Thae Su အတန်းလေးမှာ တက်ရင်း အရမ်းအဆင်ပြေလို့ ပေးထားတဲ့ မေမေတစ်ယောက်ရဲ့ reviewလေးပါရှင့်။ ကျေးဇူးပါရှင့်။
Play & Learn သင်တန်းတွေမှာ သင်ကြားပေးတဲ့ Trတွေကို နှစ်ပတ်တစ်ခါ အမြဲ meetingလုပ်လေ့ရှိပါတယ်ရှင့်။meeting မှာ အတန်းတွင်း အခက်အခဲတွေ၊သင်ကြားရေးပြသနာတွေ၊မမျှော်လင့်ထားသော အကြောင်းအရာတွေ ဒါတွေကို ဘယ်လို‌ အကောင်းဆုံးဖြေရှင်းမလဲ၊အကောင်းဆုံး ဘယ်လို သင်ကြားမလဲ အမြဲ ဝိုင်းဝန်းဆွေးနွေးကြပါတယ်ရှင့်။ Tr.Thae Suကို ပေးထားတဲ့ reviewလိုပဲ အခြားသော ဆရာ၊ဆရာမတွေကလဲ သင်ကြားရေးမှာ activeဖြစ်ပြီး အရမ်းကို ဖော်ရွေကြပါတယ်ရှင့်။
မိဘတွေဆီက reviewကောင်းတွေ အများကြီးရအောင် Trတွေနှင့် Play & Learnမှ အများကြီး ကြိုးစားသွားပါဦးမယ်ရှင့်။

Play & Learn

18/01/2024

ဆရာ ကိုအောင်ပိုင်ဦး ‌ဆွေးနွေးသွားတဲ့ Physical Education အကြောင်း

17/01/2024

KG မီးမီးလေး တယောက် အသံထွက်ဖတ်ထားတာလေးပါ။ final sounds လေးတွေ ပီပီသသ ထွက်တတ်လာပီ။ ပီး word recognition skill လဲ အတန်ရှိပီး အသံ၊ရုပ် အဆက်အစပ်ရှိမှုကို သိနေပီ။ သတိထားနားထောင်ရင် r သံကို w သံ 'ဝ' လိုမျိုး ထွက်နေတာမျိုး ကြားရလိမ့်မယ်။ ဒါက သာမန်ဖြစ်နေကျ မပီတာမျိုးသာဖြစ်ပါတယ်။စိုးရိမ်စရာမရှိပါ။
Phonics level 2
Play & Learn

17/01/2024

နွေကျောင်းပိတ် နီးလာပီ ဆိုတော့ နွေကျောင်းပိတ်မှာ စာမသင်ရင် ကလေးက စာတွေမေ့သွားတယ်၊ စာမရတော့ဘူး၊ ပျင်းသွားတယ် ဆိုတဲ့ Summer learning loss သို့မဟုတ် Summer Slide ဆိုတာနဲ့ ပတ်သက်ပီး ဆရာ၊မိဘ တို့ ဘယ်လို ထင်ပါသလဲ။
၁။ နွေမှာ academic training school / camp တွေက ပို့ကို ပို့ရမှာလား၊
၂။ တကယ်ပဲ summer learning loss ဖြစ်သလား။
ဝင်ရောက်ဆွေးနွေးငြင်းခုံရင်းအဖြေရှာကြပါစို့။

17/01/2024

လုံလောက်အောင်ကစားခွင့်မရတဲ့ ကလေးက ကလေးမဟုတ်တဲ့ကလေးပဲ။
The Decline of Play
အခုခေတ်‌ကလေးတွေ လုံလုံလောက်လောက် ကစားခွင့်ရသလား။
အရင်ခေတ်ကကလေးတွေလောက် မကစားရတော့ဘူး၊ကစားခွင့်မရှိတော့ဘူး ဆိုတာ ပြောစရာကို မလိုတော့ပါဘူး။ နစ်နစ်၊ နစ်နှစ်ခွဲလောက်ကတည်းက flash card တွေနဲ့ brain training လုပ်နေကြရတယ်။ Phonics ဆိုတာကို သင်နေရပီ။ English ကိုလည်း the earlier the better ဆိုတဲ့စကား‌ကြောင့် စောနိုင်သမျှစောစောသင်လာကြတယ်။ သင်ချာသင်တာပျော်စရာ ဆိုပီး ကလေးတွေ နစ်နစ်သုံးနစ်နဲ့ သင်ချာ သင်လာရတယ်။ ပေသီးသင်ချာ၊စိတ်တွက်သင်ချာ နဲ့ ချာချာလည်နေရတယိ။
နောက်တချက် မြို့ပြဖြစ်‌ခြင်းကြောင့် အရင်လို ညောင်ပင်တစ္ဆဝေလေလေ လုပ်လို့မရဘူး။ ထုပ်ဆီးထိုးစရာ နေရာမရှိတော့ဘူး။ ပြေးတမ်းလိုက်တမ်းကစားစရာလမ်းက ယာဉ်ကျောကျပ်ပီး အန္တရာယ်များလွန်းနေတယ်။ ဇယ်တောက်၊ကြိူးခုန်၊ပုံရိုက်တာမျိုးလည်း မလုပ်ရတော့ဘူး။ ယောက်ျားလေးမိန်းကလေး တွဲဖက်ကစားဖို့ကိစ္စကလည်း s*x education နဲ့အတူ အကြောက်ကြီးကုန်ကြပီ။
အဘက်ဘက်ကကို ဆော့ကစားခြင်း၊ဆော့ကစားချိန်က ကျဆင်းလာတယ်။ မရှိသလောက်ကို နည်းလာတယ်။
ရိုးရာ ကစားနည်းတွေ၊ သဘာဝနဲ့ထိတွေ့ကစားရတဲ့ unstructured play တွေက ကလေးတွေနဲ့ ဝေးသထက်ဝေးလာပီ။
ကစားခြင်းက သင်ယူခြင်း ဆိုတာကို တိရစ္ဆာန်လောကမှာ အရှင်းသား တွေ့နိုင်တယ်။
ကျနော်တို့နဲ့မျိုးနွယ်မတူတဲ့ တိရစ္ဆာန်တွေအတွက် ကစားခြင်းက မဖြစ်မနေကိုသင်ယူရမယ့်၊ကေ‌ျာ်ဖြတ်ကြရမယ့် အဆင့်တခုပဲ။ ဘာလို့လဲ ကစားခြင်းကိုယ်၌က သင်ယူခြင်း ဖြစ်လို့ပါပဲ။
ကျနော်တို့လူသားတွေက သဘာဝကိုသင်ယူခြင်း ဖြစ်တဲ့ ကစားခြင်းနဲ့ အလှမ်းဝေးလာနေပီ။
ကလေးမဟုတ်တဲ့ကလေးတွေ ဖြစ်နေပီ။
မကစားရတဲ့ ကလေးက ကလေးမဟုတ်တဲ့ကလေးပဲ။
ကိုယ်တိုင်သင်ယူခြင်းရဲ့သဘောသဘာဝ၊ကိုယ်တိုင်သင်ယူရခြင်းရဲ့အရသာကို ငယ်စဉ်ကတည်းက သိခွင့်မရတဲ့ကလေးတွေပဲ။
အောက်ကပုံကတော့ အရင်ခေတ်က လူတွေ လမ်းတွေပေါ်မှာ ပျောိရွှင်စွာ ကစားခဲ့ကြပုံဖြစ်ပါတယ်။
လမ်းတွေပေါ်မှာ ပြေးလွှားကစားခဲ့တာ သမိုင်းတခုလို အတိတ်က ဖြစ်ရပ်ဖြစ်သွားပါပီ။
Decline of Play
children are suffering a severe play deficit

17/01/2024

Oxford Phonics for Kids
Level 1/ Level 2 /Level 3/Level 4

Weekend classes , Weekdays classes(Online Class)

ဖေဖော်ဝါရီလ နှင့် မတ်လအတွက် Oxford phonics Level 1 , Level 2 ၊level 3၊level4 အတန်းလေးများကို weekends‌, weekdays အတန်းနှစ်မျိုးလုံး ထပ်ဖွင့်လိုက်ပါတယ်ရှင့်။

Weekendsအတန်းလေးတွေကလူပြည့်မြန်တဲ့အတန်းလေးတွေမို့ ကြိုတင်စာရင်းသွင်းထားပါရှင့်။လူဦးရေ အကန့်အသတ်နဲ့အတန်းလေးတွေမို့ သင်တန်းလေးကို အမှန်တကယ် တက်ဖြစ်မှသာ confirmလုပ်ပေးပါရှင့်။confirmလုပ်ပြီး ပြန် cancelလို့မရပါရှင့်။

ဒီအတန်းလေးက ကလေးများအတွက်အင်္ဂလိပ်စာအဖတ်အရွတ်စွမ်းရည်ရှိစေဖို့ဖြစ်ပါတယ်။

⚜️⚜️⚜️Level 1 မှာ ကလေးကို Synthetic phonics နဲ့ Phonemic awareness အခြေ‌‌ခိုင်စေဖို့ အဓိက ထားပီး Segmenting, Blending လုပ်နိုင်ဖို့၊ဘာသာစကားအဆင်အကွက်မြင်ဖို့ ဦးတည်ထားတဲ့အတန်းဖြစ်ပါတယ်။

ကျွဲကူးရေပါ ဆိုသလို တပါတည်းရလာမယ့်အရာ‌ေတွက

🔷 Pronunciation.

(Letter sounds ကိုမှန်မှန်ကန်ကန် ထွက်တတ်လာမယ်။ ဒါကိုပဲ phonics သင်ရင် အသံထွက်ကောင်းတယ်လို့ ဆိုခြင်းဖြစ်ပါတယ်)

🔷Vocabulary.

(ဝေါဟာရသိမှု တိုးလာမယ်)

🔷Spelling

(စကားလုံးရဲ့ အစသံ‌၊ အဆုံးသံ ‌ေတွကို ခွဲခြားသိလာနိုင်တာကြောင့် စာလုံးပေါင်းခက်ခဲခြင်းများ ကင်းလာမယ်။)

🔷 Reading

(Sight Words တွေ ရလာတာနှင့်အမျှ စာကို ချောချော‌ေမွ့‌ေမွ့ ဖတ်နိုင်လာမယ်)

⚜️⚜️Level 1အတွက် အသက် 5နှစ်ဝန်းကျင် ကလေးများ တက်ရောက်လို့ရပါတယ်ရှင့်။

⚜️⚜️Level 2 ကတော့ Analogy Phonics ရဲ့သဘောအတိုင်း ဘာသာစကား အဆင်အကွက်တွေ၊အစဉ်အတန်းတွေရဲ့ သဘောကို word Family များနဲ့ပြပီး decoding စွမ်းရည်ကို တိုးမြှင့်ပေးမယ့် အတန်းဖြစ်ပါတယ်။

⚜️⚜️ Level 2 အတွက် သံရင်း‌တွေပိုင်နိုင်ပြီးသော ကလေးများ တက်ရောက်လို့ရပါတယ်ရှင့်။

⚜️⚜️Level 3အတန်းလေးအတွက် short vowelsတွေပိုင်နိုင်ပြီးသော ကလေးများ တက်ရောက်လို့ရပါတယ်ရှင့်။

⚜️⚜️⚜️ Level 4အတန်းလေးက long vowelsပိုင်နိုင်ပြီးသော ကလေးများ တက်ရောက်လို့ရပါတယ်ရှင့်။

သင်တန်းတက်ရောက်လိုသော သားသား၊မီးမီးများအတွက် Play&Learn Page messengerသို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

📞📞09971185832

Zoom Platform အသုံးပြုပြီးသင်ကြားသွားပြီ Telegram groupတွင် သင်ပြီးသားအသံစစ်၊workbookစစ် များ ပြုလုပ်ပေးပါမည်ရှင့်။

သင်တန်းအချိန်ဇယားလေးကို comment တွင် ကြည့်‌ေပးပါရှင့်။

Photos from Play & Learn's post 16/01/2024

Oral Reading Fluency အ‌တွက် Assessment လုပ်လို့ရတဲ့လေ့ကျင့်ခန်းလေးတွေပါ။
ORF ဆိုတာ WCPM တွက်ပီး စစ်ဆေးတာဖြစ်ပီး Word Recognition skill ကို စစ်ဆေးနိုင်သေည စစ်ဆေးမှုဖြစ်ပါတယ်။(Fluency ဟုဆိုသော်လဲ)
WCPM(Word Correct Per Minute)

WCPMဆိုတာ Oral Reading Fluencyကို စစ်ဆေးတဲ့ နည်း တစ်ခုပါ။Reading Teacherတွေအနေနဲ့ မသိမနေရ သိထားသင့်တဲ့ Assessment Tool တစ်ခုလဲ ဖြစ်ပါတယ်။
စစ်ဆေးကြည့်ဖို့

၁။ မဖတ်ဖူး ၊မလေ့ကျင့်ဖူးသေးတဲ့ စာပိုဒ်ကိုယူ ။စာလုံးအရေအတွက်ကို ရေထား

၂။ ကလေးကို ဒီစာပိုဒ်ဖတ်ခိုင်း။မှားတဲ့ စကားလုံးအရေအတွက်ကို မှတ်၊စုစုပေါင်းထဲက နှုတ်ပြီး ရလာတာကို မိနစ်နဲ့ စားရင် WCPMကို ရပါတယ်။

အခုကလေးကို WCPM စစ်ဆေးကြည့်တဲ့အခါ စုစုပေါင်းအမှန် ရွတ်နိုင်တဲ့ စကားလုံးက 70, စုစုပေါင်း စာလုံးရေက 76,
ကြာချိန်က ၁မိနစ် ၃စက္ကန့်

၁မိနစ်ပဲထားပါ ။အကြမ်းဖျင်း 70WCPMရှိတယ်။Grade 2အရွယ်မှာ 50-90 WCPM ကြားရှိရမယ်လို့ ဆိုပါတယ်။

Play & Learn

Photos from Play & Learn's post 15/01/2024

Oxford Phonics level 2
Short vowels -ad familyလေးတွေ သင်ပြီးရင် ဒီworksheetsလေးတွေနဲ့ အိမ်မှာ လေ့ကျင့် ဖတ်ခိုင်းကြည့်ပါနော် မေမေတို့။

Photos from Play & Learn's post 14/01/2024

Reading skill လည်းရ writing လည်း ကျင့်လို့ရတဲ့ worksheets လေးတွေပါ။
ပထမ ဖတ်မယ်။ ဖတ်ပီး ဘယ်လောက်သိမှတ်နားလည်သွားလဲဆိုတာ သိဖို့ ပေးထားတဲ့ မေးခွန်းလေးတွေ ဖြေရမယ်။
ပီးရင်တော့ ကိုယ်တိုင် ရေးကြည့်ရမယ်။
ပထမ တိရစ္ဆာန်အမျိုးအစား I am a kangaroo.
ဒုတိယ ဘာလုပ်ရတာ ကြိုက်သလဲဆိုတာ. I like to hop
တတိယ ကိုယ်ကြိုက်တဲ့ အစားအစာ My favourite food is ......
စတုတ္ထ ကိုယ်လုပ်နိုင်တဲ့အရာ I can run very fast.
ကဲ ကိုယ်ကြိုက်တဲ့ သတ္တဝါလေးတွေ ရွေးပီး စမ်းရေးကြည့်မယ်နော်။

14/01/2024

ပညာရေးက အလွန်ရှည်လျားတဲ့ ဝာာဝေးပြိုင်ပွဲကြီးနဲ့တူတယ်။
မြန်မြန်ရောက်ချင်လို့ မြန်မြန်ပြေးလို့မရဘူး။ ဘာလို့လဲဆိုတော့ တာဝေးမှာ သက်လုံ၊သန်မာမှု၊စူးစိုက်မှု၊ဇွဲ တို့က
အနိုင်အရှုံးကို အဆုံးအဖြတ်ပေးလို့ပဲ။
မြန်မြန်ပြေးတိုင်း အရင်ဆုံး မရောက်နိုင်လို့ပဲ။
အ့တော့ ပညာရေးမှာ Cheetah ချီတာကျားသစ်လို ကျောင်းသား၊သူ တွေနဲ့ ချီတာကျားသစ်လို ဖြစ်စေချင်တဲ့ သူတို့ရဲ့ မိဘတွေဟာ များသောအားဖြင့် ပန်းတိုင်အထိ မရောက်ကြဘူး။ မရောက်ကြတာများတယ်။
ဘာလို့လဲဆိုတော့ သူတို့က အမြန်ဆုံးပြေးန်ုင်ရင် အမြန်ဆုံးရောက်မယ်ထင်နေလို့ပဲ။
တကယ်ဆို Cheetah က အမြန်ဆုံးတိရစ္ဆာန်ဆိုပေမယ့် သူ့top speedပြေးနိုင်တဲ့ အကွာအဝေးက တစ်မိုင်တောင် မရှိဘူး။
လုံးဝ တာတိုသမားပဲ။ သက်လုံလည်း မကောင်းဘူး။
နောက်တချက်အနေနဲ့
ငယ်ငယ်မှာ အစွမ်းတေသိပ်ပြတဲ့ child prodigyတွေက သိပ်မအောင်မြင်တတ်ကြဘူး။ပီး‌ေတာ့ ငယ်ကတည်းက စိတ်ဖိစီးမှုဒဏ်တွေကို ခံစားရတယ်။
ကျနော်ကြိုက်တဲ့ Peter Gray ကတော့
"Early academic training produces long-term harm. စောစီးစွာ ပို့ချသင်ကြားခြငိးက ရေရှည်ထိခိုက်မှုကို ဖြစ်စေတယ်" လို့ ဆိုခဲ့ပါတယ်။
Cheetah ကို အပုပ်ချတာမဟုတ်ပါဘူး။
ချီတာလို တာတိုအပြေးသမားနဲ့ တာဝေးပြိုင်ပွဲဟာ မအပ်စပ်တဲ့အရာလို့ သိစေချင်တာပါ။
စာဖတ်တဲ့အခါ ပထမတခန်းထဲဖတ်ပီး ကောက်ချက်ချလို့မရဘဲ အဆုံးထိပီးအောင် ဖတ်ဖို့တော့ လိုတယ်မလား။
အ့လိုပဲပေါ့ ကိုယ့်ကလေးပညာရေးကိုလဲ မအပ်မစပ် Cheetah လိုအမြန်ဆုံးပြေးခိုင်းတာတို့၊ ကိုယ့်ကလေးရဲ့ ပညာရည်မှတ်တမ်းကို ပထမအခန်းပဲ ဖတ်ပီး တော်သင့်ညံ့ ဆုံးဖြတ်သုံးသပ်နေတာတို့ပေါ့။

Saya Myint Zaw
Play & Learn

13/01/2024

Accuracy တိကျစွာ အသံထွက် ဖတ်နိုင်စွမ်း ရှိသွားပြီးချိန်မှာ Automaticity အလိုအလျောက် ပေါ့ပါးသွက်လက်စွာ ဖတ်နိုင်ဖို့ လေ့ကျင့်မှု ( practice) လိုပါတယ်။ ဒီလို လေ့ကျင့်ဖို့အတွက် ကျနော်တို့မှာ word lists သို့ word family ဇယားတွေ လိုပါတယ်။ မရှိကလဲ ပူစရာတော့ မရှိပါ။ Reading Experts အများက Decoding ကို အဓိက ရစေရန် Non sense words များကို သုံးနိုင်တယ်၊သုံးလို့ရတယ် လို့ အဆိုရှိပါတယ်။ Non sense words ဆိုတာ တကယ်မရှိသော၊ အဘိဓာန်ထဲလဲ မပါသော စကားများ ဖြစ်ပါတယ်။ ဥပမာ-zat ( at ကိုသင်ရင်း တခါတည်း Decoding ရအောင် တွေ့ရာ ဗျည်းများနဲ့ တွဲစပ်ခြင်း)
ဒီတော့ non sense words တွေဟာ ကလေးတွေကို Decoding သေချာကျေလည်စွာရနိုင်ဖို့အတွက် လွန်စွာမှ အသုံးဝင်ပါတယ်။
အောက်ပါ ဗီဒီယိုကတော့ ကလေးများကို အလေ့အကျင့်များရန် word lists သုံးပီး လေ့ကျင့်စေခြင်းဖြစ်ပါတယ်။

13/01/2024

Anti-Parenting Tips
ပထမဦးဆုံးအနေနဲ့ Parenting ဆိုတာကို သင့်သလောက်၊လိုသလောက် ပြုစုပျိုးထောင်ခြင်းမဟုတ်ဘဲ အပြုစုအပျိုးထောင်လွန်ကဲခြင်း လို့ လက်ရှိလူမှုဘဝမှာတွေ့ကြုံမြင်နေရတဲ့ ခံစားသိမှုအရ အဓိပ္ပါယ်ဖွင့်လိုပါတယ်။ ဒီအတိုင်းလဲ လက်တွေ့လူမှုဘဝမှာ ဖြစ်နေပါတယ်။
လူမှုမီဒီယာပလက်ဖောင်းတွေမှာ အရမ်းကိုခေတ်စားလာပီး Parenting က ခက်ထန်တဲ့ယဉ်ကျေးမှုဆူနာမီလှိုင်းသဖွယ် Parents မိဘတွေကို ဝန်ထုပ်ဝန်ပိုးအပိုတွေ၊ စိတ်ဖိစီးမှုတွေ၊ သောကတွေ ပေးလာပါတယ်။ ပြုစုပျိုးထောင်ခြင်းဆိုတာ မိဘနဲ့သားသမီးကြား ဆက်ဆံရေးတခုပဲမဟုတ်လား။ ဒါပေမယ့် parenting tips ပဲရင့်တင်းနည်းနာတွေက ဘာလို့ ကလေးကိုပျော်အောင်ထား၊ကလေးအတွက်အချိန်ပေး၊ ကလေး၊ကလေး....နဲ့ တ ကလေး တည်း ကလေးပီး မိဘတွေရဲ့ အကြောင်း ပါမလာရတာလဲ။
အခု ဒီပို့စ်ကတော့ မိဘတွေအတွက် စိတ်အေးရမယ့်၊ သောကဗျာပါဒ လျော့နည်းစေမယ့်၊ တနည်း ချေသင့်တာကို ခပ်ချေချေနေပီး မိဘ‌ေတွလည်း ကိုယ်ပိုင်အချိန် ၊ကိုယ်ပိုင်လွတ်လပ်မှု/ခွင့်၊ ကိုယ်ပိုင်အပျော် ဖန်တီးလို့ရတယ်/ဖန်တီးရမယ်/ ဖန်တီးသင့်တယ်ဆိုတဲ့အကြောင်းပါပဲ။ ငါ မပျော်ရချင်နေ ငါ့ကလေးပျော်ရမယ် ဆိုတာမျိုးကို ထားခဲ့။ ငါ (ငွေ) မသုံးရချင်နေ ငါ့ကလေးအတွက် သုံးမယ် ဆိုတာမျိုးလဲ ထားခဲ့။ ငါရော၊ ငါ့ကလေးရော ဆိုတဲ့ တဖက်သတ်မဟုတ်တဲ့အပြန်အလှန် သဘောမျိုး၊ နှစ်ဦးနှစ်ဖက်စလုံးအပြုသဘောဆောင်တာမျိုးကသာ တကယ်ကောင်းမွန်တဲ့ဆက်ဆံရေးပုံစံဖြစ်ပါတယ်။ တကယ်ကောင်းမွန်တဲ့ဆက်ဆံရေးကသာ စစ်မှန်သော ပြုစုပျိုးထောင်ခြင်း မည်ပါလိမ့်မယ်။
ဒါကတော့
Dorsa Amir ရဲ့ Twitter ပေါ်မှာအတော်ပေါက်သွားတဲ့ ပို့စ် ကို မှီငြမ်းပီးရေးထားတာဖြစ်ပါတယ်။
၁။ အရာအားလုံးက ပညာရေးဆိုင်ရာတန်ဖိုးတစုံတရာရှိနေဖို့ မလိုပါဘူး။ ပညာရေးနဲ့ဆက်စပ်ပတ်သတ်နေဖို့မလိုဘူး။ ဥပမာ "သူများကလေးတွေက scribble ကစားတာ၊ နင်က မျောက်ရှုံး‌‌ေအာင်ဆော့တာ။ ကစားတာနဲ့ဆော့တာ မတူဘူး။" ဒီဥပမာ မှာ ကလေးက သူ့သဘာဝ အလျောက် ကစားတာတောင်မှ ပညာရေးတန်ဖိုး တစုံတရာ ၊ဆက်စပ်ပတ်သတ်မှု မရှိလို့ မိဘက သူများကလေးနဲ့ ချိန်ထိုးပီး ဆုံးမ တာကို ‌ေ‌တွ့ရတယ်။ တကယ်တော့ ကစားတာက ကစားဖို့အတွက်ပဲ။ ဘာမှ play and learn လာမလုပ်နဲ့။ ဘာမှ ကစားရင်းသင်ယူ မလုပ်နဲ့။ Play for Play's sake ပဲ။ ကိုယ့်ကလေး သူ့ဖာသာသူ စိတ်ကူးလေးအတိုင်း ကလေးနေရင် ပစ်ထားလိုက်ပါ။ ဒါကို သောကရောက်‌ေနစရာ ဘာအကြောင်းမှမရှိပါဘူး။ ပစ်ထားပီး ခပ်ချေချေပဲအေးဆေးနေပလိုက်။
၂။ ကလေးကို ပျင်းခွင့်ပေးပါ။ ကလေးကို ပျင်းခွင့် ပေးပါ။ သူများတွေက ဒီအချိန်မှာ Phonics, hand abacus, mental maths, art, sports ဒါတွေ သင်နေတာဆိုပီး ကိုယ့်ကလေး သူ့ဖာသာသူ အားလပ်နေတာ၊ ပျင်းစရာအချိန်လေးရှိနေတာကို အားမရ ၊ မကျေမနပ် ၊စနိုးစနောင့် မဖြစ်ပါနဲ့။ ပျင်းတာလဲ လူသားသဘာဝပဲမလား။
၃။ လူမှုဆက်ဆံရေးပဋိပက္ခ ဖြစ်စေပါ။ သူ့သူငယ်ချင်းတေနဲ့ပဲဖြစ်ဖြစ်၊ သူနဲ့နီးစပ်ပတ်သတ်သူ ကြီး၊ငယ် အရွယ်မရွေး မည်သူနဲ့ မဆို သဘောထားကွဲလွဲတာ၊ ငြင်းခုန်တာမျိုး ခွင့်ပြုပါ။ ပြဿနာတွေကနေ သူ့ဖာသာသူ သင်ယူစရာရှိတာ သင်ယူပါလိမ့်မယ်။ နေရာတကာ ကာကွယ်ဖြေရှင်းပေးနေတဲ့ ဆူပါမေမေ၊ဆူပါဖေဖေ လုပ်နေစရာ မလိုပါ။ ပစ်ထားစမ်းပါ။ သန်မာလာလိမ့်မယ်။
၄။ စိတ်တိုတာ၊ဒေါသထွက်တာ၊ အော်ငိုတာ စတဲ့ စိတ်ခံစားချက်များက ကလေးတွေအတွက် မကောင်းတဲ့အရာတွေမဟုတ်ပါဘူး။ ဒီတော့ မငိုအောင် ဘယ်လိုလုပ်မလဲ ဆိုတာမျိုးတွေ၊ ဒေါသမထွက်အောင် ဘယ်လို ထရိန်းမလဲဆိုတာမျိုးတွေ လုပ်နေစရာ မလိုပါဘူး။ သဘာဝက သဘာဝပါပဲ။ လူသားကို ပရိုဂရမ်ဆွဲပီးစက်ရုပ်လို ထရိန်းနေတာမျိုးလုပ်စရာမလိုပါဘူး။ ကျောင်းသွားတဲ့အခါ မငိုအောင်တို့ ဘာတို့ ဆိုတဲ့ အပိုတွေလုပ်ပီး ကိုယ့်ကိုယ်ကိုယ် ဝန်ပိုတွေ မိပစေပါနဲ့။ ခပ်ချေချေခပ်အေးအေးနေစမ်းပါ။ ၁၉၈၀ လောက်က မိဘတွေ အတော်ချေသနော်။ အ့လိုချေစမ်းပါ။
၅။ ကလေးပျော်အောင် အချိန်ပြည့် လူရွှင်တော်လုပ်၊မြှူနေစရာမလိုပါဘူး။ ပျင်းစရာကောင်းတဲ့ မိဘ ဖြစ်ချင်ဖြစ်နေပါစေ ဖြစ်လို့ရပါတယ်။ အနောက်နိုင်ငံက ‌မိဘတွေလို ကလေးတွေကို ဆော့ပေး၊မြှူပေး၊ အချိန်တွေ အများကြီး ပေးတာတွေကို ကြည့်ပီး လိုက်လုပ်စရာလဲ မလိုပါဘူး။ မိဘမှာလဲ ကိုယ့်အကြိုက်၊ကိုယ့်ဖြစ်တည်မှု ကိုယ့်ပုံစံရှိပါတယ်။ အိုဗာတင်းတွေမဖျော်ပါနဲ့။ သင့်ရုံပေါ့။ သင့်သလောက်ပေါ့။ ဘဝက ဇာတ်ကားရိုက်နေတာမှ မဟုတ်ပါ။ ထပ် ချေလိုက်ပါဦး။အေးဆေးပေါ့။
၆။ လိုင်းပေါ်က နာမည်ကျော်/နာမည်ကြီးတွေလျှောက်ပြောတိုင်း အရုပ်တွေဝယ်၊စာအုပ်တွေ ဇွတ်ဝယ်‌ေပးနေတာမျိုးမလုပ်ပါနဲ့။ မဝယ်ပေးနိုင်လို့လဲ ဘာမှ ခံစားနေစရာအကြောင်းမရှိပါ။ အ့ နာမည်ကျောိတွေက စီးပွားရေးလုပ်နေတာပါ။ ကလေးတွေအတွက် စာဖတ်challenge လုပ်မယ်။ ဟိုစာအုပ်ဝယ်ပါ။ ဒီစာအုပ်ဝယ်ပါ။ ကလေးရဲ့ ဘာ ဖွံ့ဖြိုးဖို့ ဒီအရုပ်လေး ဝယ်ပါ။ ကလေးအကြောင်း သိရဖို့ ကျယ်မရဲ့ ဘယ်စာအုပ်လေး ဖတ်ပါ ဆိုတာနဲ့ လိုင်းပေါ်က တွေ့ရာတွေ လျှောက်ဝယ်နေဖို့ မလိုပါဘူး။ လိုအပ်မှ ဝယ်ပါ။ တကယ် လိုအပ်မှ ဝယ်ပါ။ သုံးမှ ဝယ်ပါ၊၊ တကယ် သုံးမှ ဝယ်ပါ။ ကလေးက မပြောဘဲ လိုတရ သလို ‌ဖြည့်ဆည်းပေးနေရင် ကလေးက သူကိုယ်တိုင် ဘာလိုအပ်နေသလဲဆိုတာ သူ့ဖာသာသူ စစ်မေးတာမျိုး ရှိမှာ မဟုတ်တော့ဘူး။ များလွန်းတာက ဘာမှ မကောင်းပါဘူး။
၇။ အိမ်အလုပ်တွေ ခိုင်းပါ။ မခိုင်းရင် မတတ်ဘူး။ "ငါက ငါ့ကလေးကို ဘာမှ မခိုင်းဘူး။ စာပဲ တော်အောင်သင်ခိုင်းတာ" ဆိုပီး ဂုဏ်ဆာနေစရာမလိုဘူး။ လုပ်တတ်ကိုင်တတ်ရှိအောင် နေတတ်ထိုင်တတ်ရှိအောင် ခိုင်း။ မနိုင်ဝန်မဖြစ်ပီးတာပဲ။
၈။ နောက်ဆုံးတခုကတော့ individual difference ဆိုတာကို လက်ခံ၊သိ၊နားလည်ထားပါ။ ဒါကရှင်းရှင်းလေးပဲ တမိတည်းပေါက်တဲ့ ညီကိုမောင်ဘွားတေ ညီအမတွေတောင် တယောက်နဲ့တယောက် ဉာဏ်ရည်၊လူမှုဆက်ဆံရေးစွမ်းရည် အခြားအခြားသော ကိစ္စများမှာ ကွာကြခြားကြတယ်။ လိုင်းပေါ်က နစ်နစ်နဲ့ စာတွေဖတ်တတ်နေလို့ ဘာမှ ကိုယ့်ကလေးကို ဖိအားပေးစရာမလိုသလို ကွကိုယ်လည်း အပြစ်ရှိသလို ခံစားစရာမလိုဘူး။ လိုင်းပေါ်က စာတော်တဲ့ကလေးတွေရဲ့ အသက်က ဆယ်နှစ်မကျော်ကြတာများတယ်။ ဘာလို့လဲဆိုတော့ ဆယ်နစ်၊ဆယ့်နှစ်နဲ့အထက်ရောက်တာနဲ့ အကုန်လုံး ထူးမခြားနား မကွာသလိုပဲဖြစ်နေလို့ပေါ့။ နောက်တချက်က child prodigy ကလေးဘွမှာ အံဖွယ်ထူးချွန်တဲ့ကလေးများက သိပ်မအောင်မြင်တတ်ကြဘူး။ ဘာလို့လဲဆိုတော့ ဖြစ်နိုင်တာက ငယ်ဘဝထဲက ဖိအားတွေထဲမှာ နစ်ခဲ့ကြလို့ပဲ။ ဒီတော့ ငါ့ကလေးက ငါ့ကလေးပဲ။ သူများကလေးတော်တိုင်း ငါ့ကလေး တော်ရမယ်ဆိုတာ မဟုတ်ဘူး။ ငါ့ကလေးက ငါ့ကလေးနှုန်းအတိုင်း တော်ရင် ရပီဆိုတဲ့ individual difference ကို သိရမယ်။ ဒါက မိဘကို ကလေးရဲ့ ပညာရေးဆောင်ရွက်ချက်တွေနဲ့ပတ်သတ်ပီး စိတ်ဖိစီးမှုနည်းစေတယ်။ မိဘက စိတ်ဖိစီးနေရင် ကလေးကို ဖိအားပေးတတ်တော့ ကလေးလည်း ဖိစီးရတယ်။ မိဘက ပေါ့ပေါ့ပါးပါးဆိုရင် ကလေးလဲ ပေါ့ပေါ့ပါးပါးပဲပေါ့။ ပေါ့ပေါ့ဆဆ မဟုတ်ရင် ပီးတာပဲ။
ကဲ အချုပ်ပြောရရင် လိုင်းပေါ်က Parenting tips ဆိုတာတွေ လျော့ဖတ်ပါ။ လိုင်းပေါ်က ဖလန်းဖလန်းကလေးပညာရေး အာဝါထား တွေကိုလည်း လျှော့ကြည့်ပါ။ ကိုယ့်ကလေးကို ကိုယ်သာအသိဆုံး မလား။ ခပ်ချေချေနဲ့ ပေါ့ပေါ့ပါးပါးသာနေပါ။ ကလေးကိစ္စနေရာတကာဝင်ပါပီး ကိုယ့်အချိန်ကို မဖြုန်းနဲ့။
Saya Myint Zaw
Play & Learn

12/01/2024

ညအခါ လသာသာ ကစားမလား၊ နားမလား။
ငယ်ငယ်က ဒီစကားစု "ညအခါခါ လသာသာ ကစားမလား နားမလား" ကနေ " လသားအရွယ် ကလေးငယ် brain train မလား၊ စာသင်မလား" ဆိုတဲ့ ခေတ်ကို ရောက်လာပီ။ ဦးနှောက်က ရေမြှုပ်ကြီးမို့ အကုန်စုပ်ယူနိုင်တယ်ဆိုပီး စောစောသင်ရမယ်ဆိုတာတွေ၊ ဒုတိယ ဘာသာစကားသင်ယူမှုဟာ စောလေ ကောင်းလေ the earlier the better ဆိုတာတွေ၊ ငယ်စဉ်မှာ ဦးနှောက်ထဲက နယူရွန်တွေက အရမ်းတက်ကြွလှုပ်ရှားပီး ချိတ်ဆက်မှု အားကောင်းတာမို့ သင်ကိုသင်သင့်တယ်၊ သုံးနှစ်အရွယ်မှာ ဒုတိယ ဘာသာစကား မသင်သင့်ဘူးလို့ တွေးနေရင် သင်မှားနေပါပီ ဆိုတာတွေ စတဲ့ ဖြာစီး (ဖြီးစာ) တွေ ဖတ်ပီး စောစီးစွာ အကဲဒမီက ဘာသာရပ်များသင်ကြကာ "ကစားခြင်း" ကို ကလေးဘဝထဲကနေ မတူသလို မတန်သလို ဆွဲထုတ်လာကြပီ။ (ဒါက မြို့ဘက်မှာတင်မဟုတ် ရွှေဘိုလို နယ်မြို့မှာတောင် ကူးစက်နေပီ။)
ဒီတော့ ကျနော်တို့ ပြောနေ‌တဲ့ ကစားခြင်းက ခင်ဗျားတို့ သိပ်လိုချင်တပ်မက်နေတဲ့ ဦးနှောက် ဆိုင်ရာ အကျိုးကျေးဇူး တစုံတရာမှ မရှိဘူးလား။
ဒါနဲ့ပတ်သက်ပီး 2017 November ထုတ် " Neuroscience and learning through Play : A review of the evidence" စာတမ်းရဲ့ ကစားခြင်းမှရသော ဦးနှောက်ဆိုင်ရာ အကျိုးကျေးဇူးကို သုတေသန ပြုလုပ်ထားသော အချက်အလက်များကို သိသလောက်မှတ်သလောက်လေးဖော်ပြပါရစေ။
ဒီစာတမ်းမှာတော့ ကစားခြင်း၏ ဝိသေသလက္ခဏာ (၅) ခုကိုသာ ဖော်ပြထားပါတယ်။
၁။ Joy
၂။ Meaningful
၃။ Actively engaging
၄။ Iterative
၅။ Socially Interactive
(ကလေးတယောက် ကစားတဲ့အခါ အထက်ပါ ဝိသေသ လက္ခဏာများ တွေ့ရပါတယ်။
၁။ကစားရင် ကလေးက ပျော်တယ်၊အကြည်ဓာတ်ရတယ်၊ ၂။ကစားတာက အဓိပ္ပါယ်မဲ့ ဖြစ်စဉ်တခု ၊ လှုပ်ရှားမှု မဟုတ်ဘူး။ ၃။တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပီး ကစားတယ်။ ၄။ထပ်ကျော့ ကစားကြတယ်။ ၅။ တဦးထက် ပိုတဲ့ ကစားခြင်းမှာ လူမှုရေးအရ အပြန်အလှန် လုပ်ဆောင်မှု တွေ ပါလာတယ်။)
Joy
ခံစားချက်ဆိုတာ သင်ယူမှုနဲ့ ဆိုင်သော အာရုံကြော ကွန်ယက်နဲ့ တဆက်စပ်တည်းချိတ်ဆက်နေပါတယ်။ အကြည်ဓာတ်(တနည်း ပျော်ရွှင်မှု) ဟာ ဦးနှောက်ရဲ့ ဆုပေးစနစ်အရ dopamine ဟော်မုန်း လယ်ဗယ် မြင့်တက်လာခြင်းနဲ့ ဆက်နွယ်ပီး ဒါက မှတ်ဉာဏ် တိုးမြင့်စေခြင်း ၊ အာရုံစူးစိုက်နိုင်ခြင်း၊ စိတ်ကို အပြောင်းအရွေ့လုပ်နိုင်ခြင်း၊တီထွင်ဖန်တီးခြင်း၊ စိတ်အားတက်ကြွလာခြင်း တို့နဲ့ ချိတ်ဆက်နေပါတယ်။
ဒီ အကြည်ဓာတ်က ပတ်ဝန်းကျင်ဆီက သင်ယူပီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဆက်လက်ဖြစ်နေဖို့ ကျနော်တို့ကို တွန်းမားပေးရန် ရှိနေသောအရာ ဖြစ်ပါတယ်။ Anthonio Damasio ဆိုတဲ့ neuroscientist က We feel , therefore we learn တဲ့။ ခံစားချက်နဲ့ သင်ယူမှု သို့ သိမှတ်နားလည်ခြင်း/သိမြင်ခြင်း ဟာ သီးခြားမဟုတ် ရောထွေးနေသော ကိစ္စသာဖြစ်တယ်။ ခံစားချက်ကောင်းမှသင်ယူမယ်၊သင်ယူမှု‌ေကာင်းမယ်၊စွဲမြဲမယ်၊ဝင်စားမယ်၊ပေါ့ပါးပျော်ရွှင်ပီး သင်ယူဖို့ အသင့်ဖြစ်နေတဲ့ စိတ်/ရုပ်အနေအထား လိုအပ်တယ်။ ဒါကို ကစားခြင်းကနေ ကလေးဟာ ရယူတယ်လို့ ဆိုရမယ်ထင်တယ်။(မိမိအမြင်)
Meaningful
သင်ယူခြင်းဟာ မသိမှုမှ သိမှု၊ အားစိုက်ကျိုးကုတ်ရခြင်းမှ အလိုအလျောက် ဖြစ်ခြင်းဆီကိုရွေ့လျောသွားခြင်းဖြစ်တယ်။ အဓိပ္ပါယ်ရှိသော အတွေ့အကြုံများက ဒီလို တိုးတက်ဖြစ်ထွန်းဖို့အတွက် နေရာတခု ဖြည့်စွမ်းပေးနိုင်တယ်။ အဆက်အစပ်နဲ့သင်ယူခြင်း၊ ဆင်တူတာတွေဆင်ခြင်စဉ်းစားခြင်း၊ ကိုယ့်အတွေးဖြစ်စဉ်ကိုနားလည်ဖို့ပြန်လည်ဆင်ခြင်ခြင်း၊ သိမှုကူး‌ေပြာင်းခြင်း၊ စိတ်တက်ကြွခြင်း ဖြစ်ဖို့ အခွင့်အလမ်းများက ပိုပီးနားလည်စေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ လက်သင်အပျော်တမ်းသမားနဲ့ ပါရဂူမြောက် ကျွမ်းကျင်သူကြား ကွာခြားချက်ဟာ သူတို့ ဘယ်လောက်သိတယ်ဆိုတာ မဟုတ်ဘဲ အဓိပ္ပါယ်ရှိသော အဆက်အကွက်တွေကို မှတ်သားနိုင်စွမ်း၊ ဒီ့ကြားကဆက်နွယ်မှုတေကို မြင်နိုင်စွမ်းသာ ဖြစ်ပါတယ်။ hexagon မှာ အနားခြောက်နား၊ထောင့်ခြောက်ထောင့် ရှိတယ်လို့ သိခြင်းက surface learning အပေါ်ယံ သင်ယူခြင်းအဆင့်သာဖြစ်ပီး ပျားအုံထဲကအကွက်လေးတွေက hexagon ပုံလေးတွေဖြစ်တယ်၊ ဒီ အဆင်အကွက်ကြောင့် ပျားဖယောင်းအနည်းဆုံးကိုသုံးပီး ပျားရည်ပမာဏအများကြီးကို ထိန်းထားနိုင်တာ ဖြစ်တယ်ဆိုတာကိုသိမြင်လာနိုင်ခြင်းကိုတော့ deeper learning လို့ခေါ်တယ်။ အဓိပ္ပါယ်ရှိသော တွေ့ကြုံသိမှုက ဒီလို deeper learning ကို ဖြစ်စေတယ်။ ( ကစားခြင်း၊ကစားနည်းများဟာ ဒီလို အဓိပ္ပါယ်ရှိသော တွေ့ကြုံသာ ဖြစ်တာမို့ surface learning အပေါ်ယံ မဟုတ်ဘဲ deeper learning ကိုဖြစ်စေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ပညာရှင်အများက play is a serious learning. ကစားတယ်ဆိုတာ ပြင်းပြင်းထန်ထန် သင်ယူတာ ဖြစ်တယ်လို့ ဆိုကြတာဖြစ်ပါတယ်)။
ကစားခြင်းရဲ့ဝိသေသလက္ခဏာများအကြောင်း
https://m.facebook.com/story.php?story_fbid=472450011728331&id=100068900070390&mibextid=Nif5oz
ဆက်ရန်
#အတိအကျဘာသာပြန်ထားခြင်းမဟုတ်ပါ။

12/01/2024

Reading 101
Fluency
မထစ်မငေါ့ချောမွေ့ပီးအသံနေအသံထားမှန်ကန်တိကျစွာ ဖတ်နိုင်တာကို Fluency လို့ ခေါ်ပါတယ်။ word recognition (စကားလုံးခွဲခြားသိမှတ်ခြင်း) နဲ့ Comprehension ( စကားလုံးရဲ့အနက်ကိုနားလည်ခြင်း) တို့ တပါတည်း တွဲပါပီး ရှောရှောရှုရှုဖတ်နိုင်ခြင်းဖြစ်ပါတယ်။ တနည်းဆိုရရင်တော့ စကားလုံးရော၊အနက်ကိုရော ဖတ်ရင်းနဲ့ တပြိုင်တည်းသိနေတာမျိုးပေါ့။(phonics သင်တဲ့အခါ အသံကို Decoding လုပ်တာပဲ အားစိုက်ပီး meaning အားနည်းနေခဲ့ရင်လည်း ကလေးက fluent reader ဖြစ်လာမှာ မဟုတ်ပါဘူး။)
စာကိုချောချောမွေ့‌မွေ့အသံနေအသံထားမှန်စွာနဲ့ဖတ်နိုင်ခြင်းက နောင်တက်ရမယ့် အတန်းများအတွက် အခြေခံ အုတ်မြစ်တခုဖြစ်ပါတယ်။
Fluency အားနည်းတဲ့ စာဖတ်သူ(အထူးသဖြင့် ကလေး) ဟာ စကားလုံးကို အထူးအားပြုမှတ်သားနေရလို့ အနက်အဓိပ္ပါယ်သိမှုပိုငိးမှာ အားနည်းသွားတတ်ပါတယ်။
ဒီတော့
Fluent reading= strong Decoding × strong language compression
ရယ်လို့ အကြမ်းဖျင်း ဆိုနိုင်ပါတယ်။
ဒီတော့ fluency ကို အတိုချုပ်မြင်သာအောင်ပြန်ရှင်းရရင်
Accuracy (တိကျမှု)
Automaticity (ထစ်ငေါ့မနေဘဲ အလိုအလျောက်ဖြစ်မှု)
Prosody ( အသံနေအသံထား(ဖိဖော့၊လေယူလေသိမ်း)မှန်ကန်မှု)
ဖြင့် စာဖတ်နိုင်တာ ဖြစ်ပါတယ်။
ဒီနေရာမှာ အခြေခံ ပုဒ်ဖြတ်၊ပုဒ်ရပ်သဘောများပါပီးဖြစ်ပါတယ်။ full stop ကိုမြင်ရင် စာကြောင်းဆုံးတာကို သိပီး comma နေရာ စဉ်းငယ် ရပ်(pause)ပီးမှ ဆိုရမှာ ဆိုတာမျိုးပေါ့။
Saya Myint Zaw
ိုဖတ်ရင်းကိုယ်နားလည်သလောက်ပြန်ရေးထားတာဖြစ်ပါတယ်။


&Learn

Want your school to be the top-listed School/college in Naypyidaw?
Click here to claim your Sponsored Listing.

Videos (show all)

Phonics ဆိုတာ ဘာလဲ။What's Phonics?
Oxford Phonics level 2သင်ပြီး sight words reading booksလေးတွေနဲ့ စာဖတ် စလေ့ကျင့်နေတဲ့ KGမီးမီးလေးတွေ။#Play&Learn #oxford...
Sight Words Recognition အမြင်စွဲစကားလုံးသိမှုရဲ့ အရေးပါပုံ။
Reading ရဲ့ components တွေထဲက Fluency အကြောင်း။Fluency ဆိုတာ ဘာလဲ၊Fluency ကို အပိုင်းအဆစ် ဘယ်နှစ်ခုခွဲပီးမြင်ရမလဲ၊Fluenc...
Firetruck ဆိုတဲ့ စာအုပ်လေးပါ။ဒီထဲမှာ firefighter,တွေ ဘယ်လို အလုပ်လုပ်ကြရသလဲဆိုတဲ့ အကြောင်းတွေပါပါတယ်။ ဒါလေဖတ်ပီးA daily ...
ဆရာ ကိုအောင်ပိုင်ဦး ‌ဆွေးနွေးသွားတဲ့ Physical Education အကြောင်း
KG မီးမီးလေး တယောက်  အသံထွက်ဖတ်ထားတာလေးပါ။ final sounds လေးတွေ ပီပီသသ ထွက်တတ်လာပီ။ ပီး word recognition skill လဲ အတန်ရှိ...
Accuracy တိကျစွာ အသံထွက် ဖတ်နိုင်စွမ်း ရှိသွားပြီးချိန်မှာ Automaticity အလိုအလျောက် ပေါ့ပါးသွက်လက်စွာ ဖတ်နိုင်ဖို့ လေ့ကျ...
Oxford Phonics level 2သင်ထားတဲ့ KGသားသားကို word recognitionပိုင်နိုင်အောင် အမြဲ ရွတ်ဖတ်ခိုင်းတယ်။ accuracy ကနေ automati...
KG မီးမီးလေး Sight Words ဖတ်ကျင့်နေတာပါ။Sight Words Recognition အရေးကြီးလား။Sight words Recognition အရေးပါပုံကို 2001 re...
၂တန်းအရွယ် ဗီယက်နမ်ကလေးတယောက် ဖတ်ထားတာလေးပါ။ Fluency ကို ခွဲခြမ်းပြောရရင် accuracy နဲ့ automaticity တော့ ရှိနေပီလို့ ပြေ...
ကလေးတွေ သင်ဖို့ လိုအပ်တဲ့ Oxford Phonicsအတန်းဆိုတာ...🔷 Pronunciation ( Letters and wordsတွေကို အသံထွက်မှန်မှန်ကန်ကန်နဲ့ ...

Category

Telephone

Website

Address


Zabuthiri Township
Naypyidaw
15015

Other Tutors/Teachers in Naypyidaw (show all)
Learning how to teach English With Teacher Pauk Learning how to teach English With Teacher Pauk
Naypyidaw

Hi there!!!I am Teacher Pauk and I have been in the education field for almost two decades.

English Proficiency Classes by Tr.Khaing English Proficiency Classes by Tr.Khaing
Nay Pyi Daw
Naypyidaw, 15014

Learning English is a lifelong process

Teacher Zîn Linñ Teacher Zîn Linñ
Zabuthiri
Naypyidaw

Naypyitaw Burmese Language Center- NBLC Naypyitaw Burmese Language Center- NBLC
Naypyidaw, 15011

Learning Burmese Langauage is also learning the heart of Burmese people

OIAC.2 ကိုယ်ပိုင်အထက်တန်းကျောင်း OIAC.2 ကိုယ်ပိုင်အထက်တန်းကျောင်း
Naypyidaw, 15031

The best education is the best fashion! Education Society, Nurturing Souls..