Naypyitaw Safari-ဆာဖာရီဥယ်ာဥ္

The area is 291.52 acres in total and the area was selected based on natural tree compositions, topo Public & Government Service

14/12/2023

အပြည်ပြည်ဆိုင်ရာ မျောက်များနေ့
(International Monkey Day) ၊🐒🐒🐒

ဒီဇင်ဘာလ(၁၄)ရက်နေ့၊ မျောက်များနေ့(Monkey Day)မှာ ဆာဖာရီဥယျာဉ်ထဲက မျောက်လေးတွေအကြောင်းကို ဗဟုသုတအနည်းငယ်မျှဝေချင်ပါတယ်။

မျောက်တွေကို အမြီးပါမျောက်နှင့် အမြီးမပါမျောက်ဟူ၍ နှစ်မျိုးခွဲခြားထားပါတယ်။ ဒါ့အပြင် အမြီးပါ မျောက်တွေကိုလည်း(၂)မျိုးပြန်ပြီး ထပ်မံခွဲခြားထားပါတယ်။

ဒီနေ့ကျရောက်တဲ့ မျောက်များနေ့(Monkey Day) မှာ အမြီးပါမျောက်ကလေးတွေအကြောင်းကို ဗဟုသုတအနည်းငယ် မျှဝေပါရစေ…

ပထမဦးဆုံးအနေနဲ့…အမြီးပါမျောက်တွေကို…အင်္ဂလိပ်လို(Monkeys) လို့ခေါ်ပြီး၊ အမြီးမပါတဲ့ မျောက်တွေကိုတော့ (Ape) လို့ခေါ်ပါတယ်။

အမြီးပါမျောက်နှင့် အမြီးမပါ မျောက်တွေကို သတ္တဗေဒဘာသာရပ်အခေါ်ဝေါ်အနေနဲ့ မျိုးစဉ်(Order) လိုခေါ်တဲ့ ၊ ပရိုင်းမိတ် (Primates) အတွင်းမှာ ပါရှိတဲ့အတွက် ကျွနှ်ပ်တို့လူသားတွေနဲ့ မျိုးစဉ်တစ်ခုတည်းမှာ အတူတည်ရှိနေတာကြောင့် မျောက်တွေဟာ လူတွေနဲ့ပိုမိုနီးစပ်ပြီး အခြားသောတိရစ္ဆာန်များထက် အသိဉာဏ်ကိုမိုမြင့်မားကြပါတယ်။

အမြီးပါတဲ့မျောက်တွေကို ထပ်မံပြီးခွဲခြားပြရရင် ကမ္ဘာဟောင်းမျောက်(Old World Monkeys) နှင့် ကမ္ဘာသစ်မျောက်(New World Monkeys) ဆိုပြီး (၂)မျိုးထပ်မံခွဲခြားကြပြန်ပါတယ်။

ကမ္ဘာသစ်မျောက်တွေဟာ တောင်အမေရိကတိုက်ထဲမှာနေထိုင်ပြီး ကမ္ဘာဟောင်းမျောက်တွေကတော့ အာရှတိုက်နှင့် အာဖရိကတိုက်တွေမှာ နေထိုင်ကြပါတယ်။

ကမ္ဘာသစ်မျောက်နဲ့ ကမ္ဘာဟောင်းမျောက်တွေကို ယခုလို ခွဲခြားလေ့လာနိုင်ပါတယ်။

ကမ္ဘာဟောင်းမျောက် :

▫️အစာသိုလှောင်နိုင်သည့် ပါးစောင်အိတ်ပါရှိသည်။
▫️အမြီးပါရှိသော်လည်း ထိုအမြီးဖြင့် သစ်ပင်/သစ်ကိုင်းများကို မတွယ်ချိတ်နိုင်ပါ။
▫️နှာခေါင်းပေါက်တစ်ခုနှင့် တစ်ခုနီးကပ်သည်။
▫️တင်ပါးချပ်ပါရှိသည်။
▫️မြေပင်နှင့် သစ်ပင်များပေါ်တွင် နေထိုင်သည်။
▫️အရောင်မျိုးစုံကို မြင်နိုင်စွမ်းရှိသည်။
▫️ကမ္ဘာသစ်မျောက်ထက် များစွာအရွယ်အစား ကြီးမားပါသည်။

ကမ္ဘာသစ်မျောက် :

▫️အစာသိုလှောင်နိုင်သည့် ပါးစောင်အိတ်မပါရှိပါ။
▫️သစ်ပင်ကိုချိတ်လို့ရသည့်အမြီးပါရှိသည်။
▫️နှာခေါင်းပေါက်တစ်ခုနှင့်တစ်ခု ကွာဝေးသည်။
▫️တင်ပါးချပ်မပါရှိပါ။
▫️သစ်ပင်များပေါ်တွင် အနေများပါသည်။
▫️အရောင်မျိုးစုံကို မြင်နိုင်စွမ်းမရှိပါ။
▫️ကမ္ဘာဟောင်းမျောက်များထက် အရွယ် အစားသေးငယ်ပါသည်။

ဒီလိုကွဲပြားခြားနားချက်တွေကို သိပြီးပြီးဆိုရင်တော့ နေပြည်တော်ဆာဖာရီဥယျာဉ်ကို အလည်ရောက်ခဲ့ရင် ကမ္ဘာဟောင်းမျောက်တွေနဲ့ အမြီးမပါတဲ့(Ape) လို့ခေါ်တဲ့ မျောက်မျိုးစိတ်တွေအကြောင်း ခွဲခြားလေ့လာမှတ်သားကြည့်ကြဖို့ မမေ့နဲ့ဦးနော် 🤗🤗🤗

07/12/2023

🇲🇲 အမျိုးသားနေ့ ဒို့မမေ့ 🇲🇲
🎉 𝐇𝐚𝐩𝐩𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 🎉
၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၇ရက်၊ ကြာသပတေးနေ့တွင် ကျရောက်သော
(၁၀၃)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အား ဂုဏ်ပြုကြိုဆိုရင်း
မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြည်သာကြစေကြောင်း နေပြည်တော်ဆာဖာရီဥယျာဉ်မိသားစုမှ တောင်းဆုမေတ္တာပို့သအပ်ပါသည်။

27/11/2023

တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)

သာမညဖလသုတ်ခေါ် (ရဟန်းပြုခြင်း၏ အကျိုးတရားကို) မြတ်စွာဘုရားသည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် ဟောပြောတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ (သာမညဖလအခါတော်နေ့) ဟု သတ်မှတ်ကျင်းပကြခြင်း ဖြစ်ပါတယ်။
မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်(သမညဖလအခါတော်)နေ့မှာ မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြည်သာပြီး မိမိတို့လိုရာဆန္ဒများပြည့်ဝကြစေကြောင်း နေပြည်တော်ဆာဖာရီဥယျာဉ်မိသားစုမှ တောင်းဆုမေတ္တာပို့သအပ်ပါသည်။

23/11/2023

🪶ကက်ဆိုဝါရီ (Cassowary)🪶

မြန်မာအမည်-ကက်ဆိုဝါရီ
အင်္ဂလိပ်အမည်-Cassowary
သိပ္ပံအမည်-Casuarius

🪶 ကက်ဆိုဝါရီ (Cassowary) ဆိုတာအရွယ်အစားကြီးမားပြီး အရောင်အသွေးတောက်ပကာ ဒိုင်နိုဆောခြေထောက်ကဲ့သို့ သန်မာလှသည့် ခြေထောက်များရှိပြီး မပျံသန်းနိုင်တဲ့ ငှက်ကြီးမျိုးဖြစ်ပါတယ်၊

🪶 ခန္ဓာကိုယ်မှာ တောက်ပသော အနက်ရောင်အမွေးများရှိပြီး ဦးခေါင်းတွင် ကြီးမားသည့် အမောက်ပါရှိပါတယ်၊ လည်ပင်းသည် ခရမ်းရောင် (သို့) အပြာရောင်ရှိပြီး ရှည်လျား၍ တွဲလောင်းကျနေသော အနီရောင်အရေပြားချပ် (Red wattles) ပါရှိပါတယ်၊ ခြေထောက်တွင် ခြေချောင်း (၃) ချောင်းသာပါရှိပြီး ခြေချောင်းများတွင် ရှည်လျားသော ခြေသည်းချွန်များပါရှိပါတယ်၊

🪶 အမများက ဥ ဥ၊ အထီးတွေကဥဝပ်ပြီး ၊ ဥဝပ်ချိန်မှစ၍ သားပေါက်များအရွယ်ရောက်ပြီး အစာရှာဖွေနိုင်သည်အထိ အထီးများကသာ ကျွေးမွေးပြုစုစောင့်ရှောက်လေ့ ရှိကြပါတယ်၊

🪶 ကက်ဆိုဝါရီငှက်များဟာ အကြောင်းအရင်းမရှိဘဲ အန္တရာယ်ပြုတိုက်ခိုက်လေ့မရှိသော်လည်း ယင်းတို့၏ ကလေးငယ်များနှင့် အစာစားနေချိန်တွင် တစ်စုံတစ်ယောက်မှ အန္တရာယ်ပြုနိုင်သည်ဟု ထင်မြင် ယူဆလျှင် ကလေးများကို ကာကွယ်ရန် ယင်းတို့၏ သန်မာသည့်ခြေထောက်ကို အသုံးပြု၍ လူကို သေစေနိုင်သည့်အထိ တိုက်ခိုက်တတ်ပါတယ်၊

🪶 ကက်ဆိုဝါရီငှက်များဟာ မိုးသစ်တောများတွင် ပေါက်ရောက်သည့် အပင်မျိုးစိတ်ပေါင်း (၂၄၀) ကျော်အား စားသုံးပြီး‌ ဝေးလံသည့် နေရာများတွင် အစေ့များ စွန့်ထုတ်ခြင်းဖြင့် အပင်သစ်များကို ပေါက်ရောက်စေသဖြင့် ကက်ဆိုဝါရီငှက်များသည် မိုးသစ်တောများအတွက် သဘာဝဥယျာဉ်မှူးအဖြစ် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။

🪶 ကက်ဆိုဝါရီငှက်များကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ IUCN Red List တွင် VU-Vulnerable “မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သောမျိုးစိတ်” အဖြစ် သတ်မှတ်ထားပါတယ်၊

မျိုးသုဉ်းရန် အန္တရာယ်ကြုံတွေ့နေရသော ရှားပါးမျိုးစိတ်တိရစ္ဆာန်များကိုထိန်းသိမ်းပြသထားတာမို့ နေပြည်တော်ဆာဖာရီဥယျာဉ်သို့ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🤗🤗🤗

18/11/2023

“နေပြည်တော် ဆာဖာရီဥယျာဉ်မှာ ဘယ်လိုလျှောက်လည်ကြမလဲ”

ပထမဆုံး ဥယျာဉ်ဝင်ပေါက်ဂိတ်ကို ဖြတ်လာရင် ကားရပ်နားကွင်းကို ရောက်မှာဖြစ်ပြီး ဧည့်သည်များစီးနင်းလာတဲ့ ကား၊ ဆိုင်ကယ်များကို ရပ်နားထားနိုင်ပါတယ်။ 🛵🚗

ထို့နောက် လက်မှတ်ဂိတ်မှာ ဆာဖာရီအတွင်း လှည့်လည်ကြည့်ရှုဖို့အတွက် လူဝင်ကြေးနဲ့ ကားလက်မှတ်များကို ဝယ်ယူရမှာဖြစ်ပါတယ်။ 🎫🎟️

(၂၉၁.၅၂) ဧကကျယ်ဝန်းတဲ့ နေပြည်တော်ဆာဖာရီဥယျာဉ်ကြီးကိုရောက်လာပြီဆိုရင်တော့ တောရိုင်းတိရစ္ဆာန်များရဲ့ တောတွင်းသဘာဝအမူအကျင့်များကို စတင်လေ့လာတွေ့ရှိနိုင်မှာဖြစ်ပါတယ်။🐅🦒

နေပြည်တော်ဆာဖာရီဥယျာဉ်ကြီးဟာ ကျယ်ဝန်း‌လှပ‌တာကြောင့် သဘာဝအတိုင်းကျက်စားနေထိုင်တဲ့ တိရစ္ဆာန်လေးများကို အနီးကပ်ကြည့်ရှုနိုင်ဖို့ရာ ဆာဖာရီဥယျာဉ်အတွင်း မောင်းနှင်တဲ့ကားတွေကို စီးရမှာဖြစ်ပါတယ်။ 🚌🚐

ဆာဖာရီအတွင်း လှည့်လည်ကြည့်ရှုတဲ့ကားလေးတွေကို စီးပြီး တိရစ္ဆာန်လေးတွေကို အစာကျွေးရင်း ကြည့်ရှုအပန်းဖြေ အနားယူနိုင်တာမို့ မိသားစု သူငယ်ချင်းများနဲ့ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🤗🤗🤗

Photos from Naypyitaw Safari-ဆာဖာရီဥယ်ာဥ္'s post 16/11/2023

မလေးရှားနိုင်ငံ၊ Penang၊ Taiping၊ Grand Baron Hotel တွင် (၅−၁၁−၂၀၂၃)ရက်နေ့မှ (၈−၁၁−၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အာရှနှင့် အာဆီယံဒေသတွင်း တိရစ္ဆာန်ဥယျာဉ်များနှင့် ငါးပြတိုက်များအစည်းအရုံး (Southeast Asia Zoos and Aquariums Association-SEAZA) ၏ အကြိမ် (၃၁) ကြိမ်မြောက်ညီလာခံကို အစည်းအရုံးအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှ နိုင်ငံကိုယ်စားပြု Htoo Zoos and Gardens Business Unit မှ အမှုဆောင်အရာရှိချုပ် (CEO) နှင့် ဝန်ထမ်းများ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ပါမောက္ခ (ဌာနမှူး)နှင့် သစ်တောဦးစီးဌာန (ရန်ကုန်တိုင်း)မှ ဒုတိယညွန်ကြားရေးမှူး၊ စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါညီလာခံတွင် နိုင်ငံပေါင်း (၂၅) နိုင်ငံမှ တက်ရောက်သူ (၂၅၉) ဦးရှိခဲ့ပြီး သုတေသနစာတမ်းပေါင်း (၅၉) စောင် ဖတ်ကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု Htoo Zoos and Gardens Business Unit မှ သုတေသနစာတမ်း (၄) စောင် ဖတ်ကြားတင်သွင်းခဲ့ပါတယ်။

Photos from Naypyitaw Safari-ဆာဖာရီဥယ်ာဥ္'s post 10/11/2023

ကျားဖြူ (White Tiger)

မြန်မာအမည်- ကျားဖြူ

အင်္ဂလိပ်အမည်- White Tiger

သိပ္ပံအမည်- Panthera tigris tigris

အမျိုးအစား- နို့တိုက်သတ္တဝါ (Mammal)

နေထိုင်သည့်စနစ်- ကုန်းပေါ်တွင် ကျက်စားသည့် သတ္တဝါ၊ (Terrestrial) ပျံ့နှံ့ကျက်စားရာဒေသ- အိန္ဒိယ၊ ဘူတန်၊ ပါကစ္စတန်၊ နီပေါနိုင်ငံတို့တွင် ရှင်သန်ကျက်စား ပေါက်ပွားပါတယ်။

နေရင်းဒေသ- အပူပိုင်းသစ်တောများ၊ ရွံ့နွံ့တောများ၊ ဒီရေရောက်တောများ၊ ရေချိုချောင်းပေါများပြီး စွတ်စိုထူထပ်သည့် တောများတွင် နေထိုင်ကျက်စားလေ့ရှိပါတယ်။

အလေ့အထနှင့် အမူအကျင့်- အသားစားသည့် မျိုးစိတ်ဖြစ်ပါတယ်။ နေ့ဘက်တွင် ကျက်စားသည့်သတ္တဝါဖြစ်သော်လည်း ညအချိန်တွင်သာ အမဲလိုက်တတ်ပါတယ်။ အမှောင်ထဲတွင် ငြိမ်သက်စွာ ပုန်းအောင်းနေထိုင်ပြီး အကြားနှင့် အမြင်အာရုံကို အသုံးပြု၍ အမဲလိုက်ပါတယ်။ အထီးများသည် ယင်းတို့၏ ပိုင်နက်နယ်မြေကို သစ်ပင်များတွင် လက်သည်းများဖြင့် အမှတ်အသားပြုလုပ်ခြင်း၊ ကျင်ငယ်ရေပက်ဖြန်းခြင်းတို့ပြုလုပ်၍ ပိုင်နက်နယ်မြေကို သတ်မှတ်ကြပါတယ်။ ယင်းတို့၏ပိုင်နက်နယ်မြေကို အခြားအထီးတစ်ကောင်မှ ကျူးကျော်ဝင်ရောက်လာပါက အပြင်းအထန် ခုခံကာကွယ်တိုက်ခိုက်တတ်ပါတယ်။
မျိုးပွားခြင်း- တစ်ကောင်တည်းနေတတ်သည့် အလေ့အထရှိပြီး မိတ်လိုက်ရာသီမှသာ အထီးအမစုံတွဲ နေထိုင်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ (၁၀၃)ရက် (၃ လခွဲခန့်) ကြာမြင့်ပြီး (၅) ကောင်မှ (၅) ကောင်အထက် မွေးဖွားပါတယ်။ မွေးဖွားလာသော သားပေါက်ငယ်များတွင် အဖြူရောင်အပြင် သာမန်လိမ္မော်ရောင်ရှိသည့် သားပေါက်ငယ်များလည်း ပါဝင်ပါတယ်။ (၆) လခန့်အရွယ်အထိ မိခင်မှ နို့တိုက်ကျွေးပါတယ်။ တစ်နှစ်ခွဲအရွယ်တွင် မိခင်ထံမှခွဲခွာ၍ တစ် ကောင်တည်း ကျက်စားနေထိုင်ကြပါသည်။ (၃) နှစ်မှ (၄) နှစ် အတွင်း မျိုးပွားရန် အရွယ်ရောက်ပါတယ်။

သက်တမ်း- သဘာဝတောများတွင် ပျမ်းမျှသက်တမ်း(၁၀ မှ ၂၀)နှစ်ခန့်လောက်နေထိုင်နိုင်ပြီး ထိန်းသိမ်းမွေးမြူထားသည့် နေရာများတွင် သက်တမ်းပိုမို နေထိုင်နိုင်မည်ဟု ခန့်မှန်းပါတယ်။ ယခုအခါ ကျားဖြူမျိုးစိတ်များမှာ သဘာဝတောအတွင်း မျိုးသုဉ်းပျောက်ကွယ်သွားပြီး လူတို့ထိန်းသိမ်းမွေးမြူထားသည့် တိရစ္ဆာန်ဥယျာဉ်များ၊ ပုဂ္ဂလိကများမှ မွေးမြူထားသည့် နေရာများတွင်သာ ရှင်သန်နေထိုင်လျက်ရှိသည်ကို တွေ့ရှိရပါတယ်။
ခန္ဓာကိုယ်အတိုင်းအတာနှင့်အလေးချိန်- ခေါင်းမှ အမြီးဖျားအထိ (၆.၈ ပေမှ ၁၁ ပေအထိရှည်လျားပါတယ်။ ခန္ဓာကိုယ်အလေးချိန် (၃၀၉ ပေါင် မှ ၆၆၀ ပေါင်) အထိရှိပါတယ်။

နိုင်ငံတကာ ကာကွယ်ထိန်းသိမ်းမှု အဆင့်အတန်း- ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (IUCN-Red list) တွင် (Endangered-EN) ဟုဖော်ပြထားပြီး မျိုးသုဉ်းရန်အန္တရာယ်ရှိသော ဇီဝမျိုးစိတ်အဖြစ် ထည့်သွင်း၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားပါတယ်။ မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန် များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်းမှလည်း (CITES - Appendix-I) တွင် ထည့်သွင်း၍ ထိန်းသိမ်းကာကွယ်မှု အဆင့်အတန်း နောက်ဆက်တွဲ(က) ဖြင့် ဖော်ပြ၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားပါတယ်။ မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာ ကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေး ဥပဒေပုဒ်မ၊ ၁၅(က) အရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်အဖြစ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားပါတယ်။

မှတ်ချက်။ ။ကျားဖြူများသည် မိခင်၊ ဖခင် ကျားဝါတို့မှ မျိုးရိုဗီဇချို့ယွင်းချက်ကြောင့် ပေါက်ဖွားလာခြင်းဖြစ် သည်ဟု သိပ္ပံပညာရှင်အများစုမှ ယူဆသည့်အတွက် မျိုးစိတ်ကွဲဟု သတ်မှတ်ခြင်းမပြုပေ။ မိခင်၊ ဖခင်တို့၏ မျိုးစိတ်ဖြစ်သော ဘင်္ဂလားကျားများအဖြစ်သာ အသိအမှတ်ပြု သတ်မှတ်ကြပါတယ်။ ကျားဖြူတို့၏ ထင်ရှားသောအမှတ်အသားမှာ အမွေးအရောင်သည် ကျားဝါများကဲ့သို့ အဝါ ရောင်မဟုတ်ဘဲ အဖြူရောင် တောက်တောက်ဖြစ်ခြင်း၊ ကျားဝါ၏မျက်ဝန်းမှာ အဝါရောင်ဖြစ်ပြီး၊ ကျားဖြူ၏မျက်ဝန်းမှာ အပြာရောင်အဖြစ် ထူးခြားစွာ တွေ့မြင်ရပါတယ်။

ကျားဖြူများကဲ့သို့ ထူးဆန်းရှားပါး‌တဲ့ တောရိုင်းတိရစ္ဆာန်များကို သဘာဝအတိုင်း ထိန်းသိမ်းစောင့်ရှောက်ပြသထားတာမို့ နေပြည်တော်ဆာဖာရီဥယျာဉ်သို့ လာရောက်လေ့လာလည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Photos from Naypyitaw Safari-ဆာဖာရီဥယ်ာဥ္'s post 02/11/2023

ရေမြင်း (Hippopotamus)

မြန်မာအမည်- ရေမြင်း
အင်္ဂလိပ်အမည်- Hippopotamus
သိပ္ပံအမည်- Hippopotamus Amphibius

🦛🦛🦛ရေမြင်းများဟာ ကမ္ဘာပေါ်ရှိ ကုန်းနေနို့တိုက်သတ္တဝါများထဲမှာ တတိယအကြီးဆုံးဖြစ်ပြီး ကုန်းတစ်ပိုင်းရေတစ်ပိုင်းနေထိုင်တဲ့ သတ္တဝါတွေဖြစ်ကြပါတယ်။ ရိုးရိုးရေမြင်း (Common Hippopotamus) နှင့် ရေမြင်းပု (Pygmy Hippopotamus) ဟူ၍ ရေမြင်းမျိုးစိတ်နှစ်မျိုးရှိပါတယ်။

ရေမြင်းများဟာ ခန္ဓာကိုယ်အရွယ်အစား ကြီးမားကြသော်လည်း ကုန်းပေါ်ရော ရေထဲတွင်ပါ လျင်မြန်စွာလှုပ်ရှားနိုင်ကြပြီး ကုန်းပေါ်တွင် တစ်နာရီ မိုင်(၃၀) နှုန်းဖြင့် ပြေးနိုင်ကြပါတယ်။

ရေမြင်းများဟာ 🥬 အရွက်များကိုသာ စားသုံးတဲ့ အရွက်စားသတ္တဝါများ ဖြစ်ပြီး ညဖက်တွင် ပိုမိုရှင်သန်ကျက်စားလေ့ရှိကြပါတယ်၊

ရေမြင်းတွေရဲ့ခန္ဓာကိုယ်မှာ အမွေး အမျှင်တွေမပါရှိပဲ ချောမွတ်တဲ့အရေပြားနဲ့ ဖုံးအုပ်ထားပါတယ်

ရေမြင်းများဟာ ရေထဲတွင် ရေမကူးပဲ လမ်းလျှောက်ခြင်းကိုသာ ပြုလုပ်သည့်အပြင် မိတ်လိုက်ခြင်း ၊ မျိုးပွားခြင်းနှင့် အညစ်အကြေးစွန့်ခြင်းတို့ကို ပါ ပြုလုပ်ကြပါတယ်။

ရေမြင်းများဟာ အုပ်စုဖွဲ့နေထိုင်ကြပြီး အုပ်စုတစ်စုတွင် (၅) ကောင်မှ အကောင်ရေ (၃၀) အထိ ပါဝင်ကြပါတယ်။

ရေမြင်းများဟာ သဘာဝထဲတွင် ပျမ်းမျှ နှစ်၄၀ခန့် နေထိုင်နိုင်ပြီး ထိန်းသိမ်းစောင့်ရှောက်ထားသည့် တိရစ္ဆာန်ဥယျာဉ်များထဲတွင် ၅၅နှစ်ခန့်နေထိုင်နိုင်ကြပါတယ်။

နေပြည်တော်ဆာဖာရီဥယျာဉ်မှာ တောရိုင်းတိရစ္ဆာန်များကို သဘာဝအတိုင်းထိန်းသိမ်းစောင့်ရှောက် ပြသထားတာမို့ ဗဟုသုတရချင်လို့ပဲဖြစ်ဖြစ်၊ မိသားစု သူငယ်ချင်းအပေါင်းအသင်းများနဲ့ အတူ အပန်းဖြေချင်လို့ပဲဖြစ်ဖြစ် လာရောက်လေ့လာလည်ပတ်ဖို့ လှိုက်လှဲပျူငှာစွာ ဖိတ်ခေါ်လိုက်ပါတယ်။ 🤗🤗🤗

29/10/2023

“ဝါလကင်းလွတ် သီတင်းကျွတ်”

မြန်မာသက္ကရာဇ် (၁၃၈၅)ခုနှစ်၊ တနင်္ဂနွေနေ့တွင်ကျရောက်‌သော" သီတင်းကျွတ်လပြည့် ( အဘိဓမ္မာအခါတော်နေ့) နေ့ထူးရက်မြတ်အခါသမယ တွင် မြန်မာပြည်သူပြည်သားအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစေကြောင်း နေပြည်တော်ဆာဖာရီဥယျာဉ် မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🙏🙏🙏

24/10/2023

အပြည်ပြည်ဆိုင်ရာမျောက်လွှဲကျော်များထိန်းသိမ်းရေးနေ့ (International Gibbon Day)

တောတွင်းသီချင်းဆိုသူများ (Forest Singer) ဖြစ်ကြသော မျောက်လွှဲကျော်တို့နှင့် ပတ်သက်သည့် အကြောင်းအရာများအား ပညာပေးဆောင်ရွက်ရန်အတွက် အောက်တိုဘာလ (၂၄) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမျောက်လွှဲကျော်များထိန်းသိမ်းရေးနေ့အဖြစ် နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။

ကမ္ဘာပေါ်တွင် Apes အုပ်စုဝင်များဖြစ်သည့် မျောက်လွှဲကျော် မျိုးစိတ်ပေါင်း (၂၀) ရှိပြီး ၎င်းတို့သည် နေရင်းဒေသများ ဆုံးရှုံးခြင်းကြောင့် မျိုးသုဉ်းရန် အန္တရာယ်ရှိ‌သော အခြေအနေမျိုးနှင့် ရင်ဆိုင်နေရပါတယ်။ မျောက်လွှဲကျော်များသည် Seed Disperser (သစ်စေ့ဖြန့်သူ) လည်းဖြစ်ပြီး အပင်မျိုးစိတ်များဖြန့်ပွားခြင်းအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်၍ အမြဲစိမ်း သစ်တောများထိန်းသိမ်းခြင်းနှင့် ပြုစုပေးသော ဥယျာဉ်မှူးများဟုလည်း တင်စားခေါ်ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံတွင် မျောက်လွှဲကျော် မျိုးစိတ် (၄) မျိုးအား တွေ့ရှိရပါသည်။ အနောက်ပိုင်းမျက်ခုံးဖြူမျောက်လွှဲကျော်၊ အရှေ့ပိုင်းမျက်ခုံးဖြူမျောက်လွှဲကျော်၊ Skywalker မျောက်လွှဲကျော်၊ မျောက်လွှဲကျော်လက်ဖြူတို့ဖြစ်ပါတယ်။ ၎င်းနေထိုင်ရာ သစ်တောများလျော့နည်းလာခြင်း (habitat loss) နှင့် သစ်တောများအစိတ်စိတ်ကွဲပြားလာခြင်း (habitat fragmentation) တို့သည် ၎င်းတို့ အဓိက ကြုံတွေ့နေရသည့် ပြဿနာများဖြစ်ပါတယ်။ မျောက်လွှဲကျော်များ ထိန်းသိမ်းခြင်းသည် သဘာဝသစ်တောများနှင့် ဂေဟစနစ်အား ထိန်းသိမ်းခြင်းလည်းဖြစ်သဖြင့် မျောက်လွှဲကျော်များအား ထိန်းသိမ်းကာကွယ်ပေးရန် လိုအပ်ပါတယ်။

မျောက်လွှဲကျော်များကဲ့သို့ မျိုးသုဉ်းရန် အန္တရာယ်ကြုံတွေ့နေရသော ရှားပါးမျိုးစိတ်တိရစ္ဆာန်များသာမက ဆန်းပြားလှပတဲ့ ငှက်မျိုးစိတ်များကိုပါ ထိန်းသိမ်းပြသထားတာမို့ နေပြည်တော်ဆာဖာရီဥယျာဉ်သို့ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🤗🤗🤗

21/10/2023

“တွားသွားသတ္တဝါ ထိန်းသိမ်းရေးအသိပညာမြှင့်တင်သည့်နေ့”

(Reptile Awareness Day)

နှစ်စဉ် အောက်တိုဘာလ (၂၁) ရက်ကို တွားသွားသတ္တဝါများထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် တန်ဖိုးထားလေးစားမှုမြှင့်တင်သည့်နေ့ဖြစ်ပြီး တွားသွားသတ္တဝါများ၏အကြောင်းကို အသိပညာပေးသည့်နေ့ ဖြစ်ပါတယ်။ ပညာပေးဟောပြောရေး ကြိုးပမ်းမှုများမှတစ်ဆင့် ဤစိတ်ဝင်စားဖွယ်ကောင်းသော တွားသွားသတ္တဝါများအကြောင်း၊ အမှန်တရားနှင့် နားလည်မှုကို ပြန့်ပွားစေနိုင်ပါတယ်။

တွားသွားသတ္တဝါများ “Reptiles” ဟူသောဝေါဟာရသည် လက်တင်ဘာသာစကား “Repton”မှ ဆင်းသက်လာပြီး အဓိပ္ပါယ်မှာ “Creep” တွားသွားခြင်းဟူသော ရွေ့လျားမှုပုံသဏ္ဍာန်ကိုကြည့်၍ အမည်ပေးထားခြင်းဖြစ်ပါတယ်။ ထို့ကြောင့် မျိုးပေါင်း (Class-Reptilia) တွင်ပါဝင်သော သတ္တဝါများကို တွားသွားသတ္တဝါများ “Reptiles” ဟုခေါ်ပါတယ်။ တွားသွားသတ္တဝါများသည် ကမ္ဘာ့ကုန်းမြေပေါ်တွင် လုံးလုံးလျားလျား အောင်မြင်စွာ နေထိုင်ကျက်စားနိုင်သော ပထမဦးဆုံး ကျောရိုးရှိသတ္တဝါများ ဖြစ်ကြပါတယ်။

တွားသွားသတ္တဝါမျိုးပေါင်းတွင် မိကျောင်း (Crocodile and Alligator) ၊ လိပ် (Turtle and Tortoise)၊ ပုတ်သင်မျိုးနွယ်များနှင့် မြွေ (Lizard and Snake) ၊ ပုတ်သင်နှင့်တူသောတွားသွားသတ္တဝါ (Tuatara) ဟူ၍ မျိုးစဉ် (၄) မျိုးရှိပါတယ်။

တွားသွားသတ္တဝါများကို ဒဏ္ဍာရီ၊ ပုံဝတ္တုများနှင့် ရုပ်ရှင်ဇာတ်လမ်းများတွင် ကြောက်စရာကောင်းစေရန်နှင့် သဘာဝလွန်စွမ်းအင်များကို ပိုင်ဆိုင်ထားကြသည်ဟု ပုံဖော်ရေးသား ရိုက်ကူးကြသဖြင့် လူအများသည် တွားသွားသတ္တဝါများကို ရွံ့ရှာမုန်းတီးကြောက်ရွံ့နေကြပါတယ်။

တွားသွားသတ္တဝါများသည် သဘာဝဂေဟဗေဒစနစ်တွင် ကျရာအခန်းကဏ္ဍမှ လူသားတို့အသက်ရှင်နေထိုင်နိုင်ရေးအတွက် အထောက်အကူပြုနေကြသူများ (Life Support System) ဖြစ်သဖြင့် တွားသွားသတ္တဝါ ထိန်းသိမ်းရေးအသိပညာမြှင့်တင်ရေးနေ့တွင် ထိန်းသိမ်းရေးအသိအမြင်များ တိုးပွားစေရန် ရည်ရွယ်၍ တိုက်တွန်းရေးသားနှိုးဆော်လိုက်ပါတယ်။

Photos from Naypyitaw Safari-ဆာဖာရီဥယ်ာဥ္'s post 13/10/2023

ဘာဘရီသိုး (BARBARY SHEEP)

မြန်မာအမည်- ဘာဘရီသိုး
အင်္ဂလိပ်အမည်- BARBARY SHEEP
သိပ္ပံအမည်- Ammotragus Lervia

🐐🐐🐐ဘာဘရီသိုးများဟာ အရွယ်အစားကြီးမားသော သိုးအကြီးစားများ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို အညိုရောင်အမွေးများဖြင့် ဖုံးအုပ်ထားပါတယ်။ သို့သော်လည်း မေးစေ့၊ လည်တိုင်တစ်လျှောက်၊ ရင်ဘတ်နှင့် ရှေ့ခြေချောင်းများ၏ အတွင်းဘက်တွင် အဖြူရောင်အမွေးရှည်များဖြင့် ဖုံးအုပ်ထားပါသည်။ အဖြူရောင်အမွေးရှည်များကို ရင်ဘတ်မွေးဟုလည်းခေါ်ပါသည်။ အထီး/အမခွဲခြားရန် အလွန်လွယ်ကူပြီး အထီးများမှာ အမများထက် ခန္ဓာကိုယ်အရွယ်အစား ပိုကြီးပါတယ်။ အထီးရော အမပါ ဦးချို(ဂျို)များပါရှိပြီး ဦးချို(ဂျို)များမှာ နောက်ဘက်သို့ ကွေးပြီး ဂုတ်ပေါ်သို့ ပြန်လည်ကွေးညွှတ်နေပါသည်။ အမများ၏ဦးချိုများမှာ သေးငယ်သော်လည်း အထီးများကဲ့သို့ပင် ပါရှိပါသည်။ အထီးများ၏ဦးချိုသည် အမများ၏ ဦးချိုထက် ပိုမိုတုတ်ခိုင်ပါတယ်။ ရှည်လျားသော လည်ဆံမွေးများသည် လည်ပင်း၊ ရင်ဘတ်နှင့် ရှေ့ခြေထောက်များ၏ အရှေ့အထိ ဖုံးအုပ်ထားပါတယ်။ လည်ဆံမွေးများသည် အထီးများတွင်သာ ရင်ဘတ်နှင့် ရှေ့ခြေထောက်များအထိ ဖုံးအုပ်ထားသော်လည်း အမများတွင်မူ လည်ပင်းတစ်လျှောက်တွင်သာ ပါရှိပါတယ်။ အသီးအရွက်မျိုးစုံနှင့် မြက်ကို အဓိကစားသုံးသော သတ္တဝါဖြစ်ပါတယ်။ အရည်ရွှမ်းပြီး မြက်နှင့်တူသော အပင်များကို စားသုံးသည့်အတွက် ရေမသောက်ဘဲ ကာလကြာရှည်စွာ (တစ်နှစ်ခန့်) နေနိုင်ပါတယ်။ အဓိကအားဖြင့် ကျောက်တောင်ထူထပ်သောတောင်များ၊ ကျောက်နံရံ ချောက်ကမ်းပါးများတွင် နေထိုင်ပါတယ်။ သဘာဝတောများတွင် (၁၀) နှစ်ခန့် နေထိုင်နိုင်ပြီး၊ မွေးမြူထိန်းသိမ်းထားသည့် နေရာများတွင် အနှစ် (၂၀) ခန့် နေထိုင်နိုင်ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားပါတယ်။
ဘာဘရီသိုးများကဲ့သို့ ထူးဆန်းရှားပါး‌တဲ့ တောရိုင်းတိရစ္ဆာန်များရှိသလို အခြားဆန်းပြားလှပတဲ့ ငှက်မျိုးစိတ်များလည်းရှိတာမို့ နေပြည်တော်ဆာဖာရီဥယျာဉ်သို့ လာရောက်လည်ပတ်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🤗🤗🤗

04/10/2023

အပြည်ပြည်ဆိုင်ရာတိရစ္ဆာန်ထိန်းများနေ့ (International Zookeeper Day )

🦁 တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာကို ဖော်ဆောင်ပေးနေသူများကို တိရစ္ဆာန်ထိန်းများ ဟုခေါ်ဆိုပါတယ်။

🐻 တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူများသည် တိရစ္ဆာန်များကို အဓိကတာဝန်ယူစောင့်ရှောက်ပေးနေသူများဖြစ်ပြီး တိရစ္ဆာန်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေရန်အတွက်သာမက တိရစ္ဆာန်ဥယျာဉ်များ၏ ရည်ရွယ်ချက်များဖြစ်သည့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးလုပ်ငန်း၊ ပညာပေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် အဓိက အထောက်အကူပြုပေးနေသူများလည်း ဖြစ်ကြပါတယ်

🐯 တိရစ္ဆာန်ထိန်းများ၏ ဝါသနာ၊ အနစ်နာ၊ လုပ်ငန်းကျွမ်းကျင်မှုတို့ဟာတိရစ္ဆာန်ဥယျာဉ်များ၏ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရေးနှင့် ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်‌ရေးတွင် ရှေ့တန်းမှ တာဝန်ယူဆောင်ရွက်ပေးနေရသောသူများ ဖြစ်ကြပါတယ်၊

🐘ကမ္ဘာပေါ်ရှိ တိရစ္ဆာန်ဥယျာဉ်များတွင် တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသော တိရစ္ဆာန်ထိန်း (Zoo Keepers) များကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် အောက်တိုဘာလ (၄) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာတိရစ္ဆာန်ထိန်းများ နေ့အဖြစ် သတ်မှတ်ထားပြီး တိရစ္ဆာန်ထိန်းများ၏ ကြိုးစားအားထုတ်မှုအားလုံးကို အသိအမှတ်ပြုတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။

26/09/2023

🪶 ကမ္ဘာ့ကက်ဆိုဝါရီငှက်များနေ့ (World Cassowary Day) 🪶

🪶 ကက်ဆိုဝါရီ (Cassowary) ဆိုတာအရွယ်အစားကြီးမားပြီး အရောင်အသွေးတောက်ပကာ ဒိုင်နိုဆောခြေထောက်ကဲ့သို့ သန်မာလှသည့် ခြေထောက်များရှိပြီး မပျံသန်းနိုင်တဲ့ ငှက်ကြီးမျိုးဖြစ်ပါတယ်၊

🪶 ခန္ဓာကိုယ်မှာ တောက်ပသော အနက်ရောင်အမွေးများရှိပြီး ဦးခေါင်းတွင် ကြီးမားသည့် အမောက်ပါရှိပါတယ်၊ လည်ပင်းသည် ခရမ်းရောင် (သို့) အပြာရောင်ရှိပြီး ရှည်လျား၍ တွဲလောင်းကျနေသော အနီရောင်အရေပြားချပ် (Red wattles) ပါရှိပါတယ်၊ ခြေထောက်တွင် ခြေချောင်း (၃) ချောင်းသာပါရှိပြီး ခြေချောင်းများတွင် ရှည်လျားသော ခြေသည်းချွန်များပါရှိပါတယ်၊

🪶 အမများက ဥ ဥ၊ အထီးတွေကဥဝပ်ပြီး ၊ ဥဝပ်ချိန်မှစ၍ သားပေါက်များအရွယ်ရောက်ပြီး အစာရှာဖွေနိုင်သည်အထိ အထီးများကသာ ကျွေးမွေးပြုစုစောင့်ရှောက်လေ့ ရှိကြပါတယ်၊

🪶 ကက်ဆိုဝါရီငှက်များဟာ အကြောင်းအရင်းမရှိဘဲ အန္တရာယ်ပြုတိုက်ခိုက်လေ့မရှိသော်လည်း ယင်းတို့၏ ကလေးငယ်များနှင့် အစာစားနေချိန်တွင် တစ်စုံတစ်ယောက်မှ အန္တရာယ်ပြုနိုင်သည်ဟု ထင်မြင် ယူဆလျှင် ကလေးများကို ကာကွယ်ရန် ယင်းတို့၏ သန်မာသည့်ခြေထောက်ကို အသုံးပြု၍ လူကို သေစေနိုင်သည့်အထိ တိုက်ခိုက်တတ်ပါတယ်၊

🪶 ကက်ဆိုဝါရီငှက်များဟာ မိုးသစ်တောများတွင် ပေါက်ရောက်သည့် အပင်မျိုးစိတ်ပေါင်း (၂၄၀) ကျော်အား စားသုံးပြီး‌ ဝေးလံသည့် နေရာများတွင် အစေ့များ စွန့်ထုတ်ခြင်းဖြင့် အပင်သစ်များကို ပေါက်ရောက်စေသဖြင့် ကက်ဆိုဝါရီငှက်များသည် မိုးသစ်တောများအတွက် သဘာဝဥယျာဉ်မှူးအဖြစ် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။

🪶 ကက်ဆိုဝါရီငှက်များကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ IUCN Red List တွင် VU-Vulnerable “မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သောမျိုးစိတ်” အဖြစ် သတ်မှတ်ထားပါတယ်။

22/09/2023

🦏 ကမ္ဘာ့ကြံ့ထိန်းသိမ်းရေးနေ့ 🦏 (World Rhino Day)

🦏 ကြံ့များဟာ ကမ္ဘာပေါ်ရှိ ကုန်းနေနို့တိုက်သတ္တဝါများအနက် ဆင်ပြီးလျှင် ဒုတိယခန္ဓာကိုယ်အကြီးမားဆုံးသတ္တဝါများဖြစ်ကြပြီး ကမ္ဘာပေါ်တွင် ကြံ့မျိုးစိတ်ပေါင်း (၅) မျိုး ရှင်သန်ကျက်စား နေထိုင်ကြပါတယ်၊

🦏 ကြီးမားသောနို့တိုက်သတ္တဝါများဖြစ်ကြသည့်အတွက် ကြံ့များကို အန္တရာယ်ပြု ခြိမ်းခြောက်နိုင်သည့် လူသားများမှလွဲ၍ သဘာဝတွင် ကြံ့များကို သတ်ဖြတ်နိုင်သည့် သားရဲများမရှိကြပါ၊

🦏 နေ့စဉ် ကြံ့ကောင်ရေ (၃) ကောင်ခန့်သည် ဦးချိုအတွက် အမဲလိုက်ခြင်းကို ခံနေရပြီး မုဆိုးအများစုသည် သတ္တဝါများ၏ နာကျင်ကိုက်ခဲမှုကို မြင်နိုင်ရန် လောဘမျက်လုံးကွယ်နေသောကြောင့် ခေတ်မီဆန်းသစ်သော လက်နက်များကို ကိုင်ဆောင်၍ မေ့ဆေးသေနတ်များကို အသုံးပြုကာ ကြံ့များကို လူမဆန်စွာ သတ်ဖြတ်ပြီး ၎င်းတို့၏ဦးချိုများကို ဖြတ်ယူနေကြပါတယ်၊

🦏 ကြံ့ချိုကို အရိုးလို့ ယူဆကြသော်လည်း အရိုးမဟုတ်ပါ၊ လက်သည်း၊ ခြေသည်းများနှင့် ဆံပင် ကဲ့သို့သော အမွေးအမျှင်များတွင်ပါဝင်သည့် ပရိုတိန်းတစ်မျိုး (keratin) ဖြစ်ပြီး အာရှတိုင်းရင်းဆေးပညာတွင် ကြံ့ချိုကို သိပ္ပံနည်းကျပံ့ပိုးကူညီမှု ရယူခြင်းမရှိဘဲ ဆေးဘက်ဆိုင်ရာ အစွမ်းသတ္တိရှိသည်ဟု ထင်မြင်ယူဆကြသည့်အတွက် ကြံ့ဦးချို(ဂျို)နှင့် သွေးကို ရလိုမှုကြောင့် တရားမဝင် အလွန်အကျွံ့အမဲလိုက်ခြင်းကို ခံနေကြရပါတယ်၊

🦏 တောင်အာဖရိကတွင် (၂၀၀၈) ခုနှစ်မှ (၂၀၁၇) ခုနှစ်အတွင်း ကြံ့ကောင်ရေ (၇,၀၀၀) ကျော် သတ်ဖြတ်ခံခဲ့ရပြီး ကမ္ဘာ့ကြံ့ဦးရေ၏ (၇၀) ရာခိုင်နှုန်း ကျော် တရားမဝင် အမဲလိုက်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်၊(၂၀၁၁) ခုနှစ်တွင် အလွန်အကျွံ့ အမဲလိုက်သတ်ဖြတ်မှုများကြောင့် အာဖရိက ကြံ့နက် (African black rhino) မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ရပါတယ်၊

🦏 ယခုအခါ ကမ္ဘာတစ်ဝှမ်းလုံးရှိ ကြံ့မျိုးစိတ်များမှာ ခြိမ်းခြောက်ခံနေရပြီး မျိုးသုဉ်းလုနီးပါးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ ကြံ့ဖြူများကို တောင်အာဖရိကမှ ဘော့ဆွာနာသို့ အောင်မြင်စွာ ပြောင်းရွှေ့နိုင်ခဲ့သည့် (၁၉၉၇) ခုနှစ် စက်တင်ဘာလ (၂၂) ရက်နေ့ကို ဂုဏ်ပြု၍ ၎င်းနေ့အား ကမ္ဘာ့ကြံ့များနေ့ (World Rhind Day) အဖြစ် သတ်မှတ်ပြီး ကြံ့ထိန်းသိမ်းရေးအသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ကမ္ဘာနှင့်အဝှမ်း ကျင်းပပြုလုပ်ကြပါတယ်။

16/09/2023

🦝အပြည်ပြည်ဆိုင်ရာ ပန်ဒါနီထိန်းသိမ်းရေးနေ့🦝(International Red Panda Day)🪅

🦝 အရမ်းချစ်စရာကောင်းပြီး အရောင်အသွေးစုံလင်လှတဲ့ ကြောင်နီ(ခေါ်)ပန်ဒါနီများဟာ ဟိမဝန္တာတောင်တန်းအရှေ့ဘက်ဒေသများဖြစ်သော ဘူတန်၊ တရုတ်၊ အိန္ဒိယ၊ နီပေါနှင့် မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်မြောက်ဖျား သမပိုင်းရာသီဥတုရှိသော ဒေသများတွင်နေထိုင်ကျက်စားကြပါတယ်၊

🦝 ပန်ဒါနီများဟာ ဘယ်ရီသီးများ၊ ပန်းပွင့်များ၊ ငှက်ဥများ၊ ဝါးရွက်များနှင့် အခြားအပင်များ၏ အရွက်နုများကိုသာ စားသုံးကြပြီး ဝါးရွက်‌ဟာ ပန်ဒါနီ၏ အဓိကအစာအရင်းအမြစ်ဖြစ်ပါတယ်၊

🦝 ညတွင်ကျက်စားတတ်တဲ့သတ္တဝါ‌ဖြစ်ပြီး တစ်နေ့လျှင် (၁၇) နာရီခန့် အိပ်စက်လေ့ရှိကာ နေဝင်ရီတရော အချိန်နှင့် အရုဏ်တက်ချိန်များတွင် ပိုမိုကျက်စားလေ့ရှိပါတယ်၊

🦝ပန်ဒါနီများဟာ သစ်တောများအတွင်းပေါက်ရောက်နေတဲ့ဝါးပင်ပေါက်ရောက်မှုကို ပုံမှန်ထိန်းညှိပေးနေပြီး သစ်တောဂေဟစနစ်ကို ချိန်ခွင်ရှာညီမျှအောင် ထိန်းညှိပေးနေသူများ ဖြစ်တဲ့အပြင် အသီးအနှံများကို စားသုံးတဲ့အတွက် သစ်စေ့များဖြန့်ကျဲသူအဖြစ် ယင်းတို့၏ နေရင်းဒေသနှင့် အခြားသောဒေသများရှိ သဘာဝတောများ၏ အရည်အသွေးကောင်းမွန်စေရန် ဖန်တီးပေးနေသူများလည်း ဖြစ်ကြပါတယ်၊

🦝 ယခုအခါ လူတို့၏ပယောဂများကြောင့် ပန်ဒါနီများ၏ နေရင်းဒေသများ ပျက်ဆီးဆုံးရှုံးလာခြင်း၊🌳 သစ်တောများပြုန်းတီးလာခြင်း၊ 🥵ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုများဖောက်ပြန်ပြောင်းလဲလာခြင်း၊ ပန်ဒါနီများအား တရားမဝင်ကူးသန်းရောင်းဝယ်ဖောက်ကားခြင်း၊ အလွန်အကျွံ အမဲလိုက် ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ပန်ဒါနီများ၏အရေခွံကိုအသုံးပြု၍ လူအသုံးအဆောင်များဖြစ်သည့် ဦးထုတ်၊ အင်္ကျီများပြုလုပ်သည့်အတွက် မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရပါတယ်၊

🦝 လူတို့အား ဆိုးကျိုးတစ်စုံတရာမျှ ပေးစွမ်းခြင်းလည်းမရှိ၊ သဘာဝပတ်ဝန်းကျင် ချိန်ခွင်ရှာ ညီမျှစေရန်နှင့် သဘာဝတောများကို ပြန်လည်သန်စွမ်းစေရန် သမိုင်းပေးတာဝန်များကို ထမ်းဆောင်နေသော ပန်ဒါနီလေးများကို သဘာဝရဲ့သက်ရှိရတနာအဖြစ် ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ရန်နှင့် ထိန်းသိမ်းရေးအသိပညာမြှင့်တင်နိုင်စေရန် ရည်ရွယ်၍ နှစ်စဉ် စက်တင်ဘာလ၏ တတိယပတ်၊ စနေနေ့ကို အပြည်ပြည်ဆိုင်ရာ ပန်ဒါနီ ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ကျင်းပ ပြုလုပ်ကြပါတယ်။🤗

🦁🐯ဆာဖာရီဥယျာဉ် (နေပြည်တော်) မှာလည်း ရှားပါးပြီး ချစ်စရာကောင်းတဲ့ 🦝ပန်ဒါနီလေးတွေကို ထိန်းသိမ်းစောင့်ရှောက် မွေးမြူ ပြသထားတာမို့ လာရောက် ကြည့်ရှုလေ့လာ အပန်းဖြေ အနားယူကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်၊🦊🦊🦊

Photos from Naypyitaw Safari-ဆာဖာရီဥယ်ာဥ္'s post 08/09/2023

🦁အဆော့သန်ပြီးချွဲတတ်တဲ့ခြင်္သေ့မလေး 😘

🦁ဆာဖာရီဥယျာဉ်(နေပြည်တော်) မှာတော့ ခြင်္သေ့တွေကို သဘာဝအတိုင်း မွေးမြူထိန်းသိမ်း စောင့်ရှောက် ပြသထားပါတယ်၊

🦁အဆော့သန်ပြီး ချွဲတတ်တဲ့ခြင်္သေ့မလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်😘❤️❤️

02/09/2023

🪶 အပြည်ပြည်ဆိုင်ရာ လင်းတထိန်းသိမ်းရေး အသိပညာမြှင့်တင်ရေးနေ့ 🪶
(International Vulture Awareness Day)

🪶 ကမ္ဘာပေါ်တွင် ကမ္ဘာဟောင်းလင်းတနှင့် ကမ္ဘာသစ်လင်းတဟူ၍ နှစ်မျိုးခွဲခြားထားပြီး စုစုပေါင်း လင်းတမျိုးစိတ် (၂၃) မျိုးရှင်သန်ပေါက်ဖွားနေထိုင်ပါတယ်၊မြန်မာနိုင်ငံမှာတွေ့ရသော လင်းတ(၆)မျိုးမှာ လင်းတနှုတ်သီးရှည်၊ လင်းတကျောဖြူ၊ လင်းတခေါင်းနီ၊ ဟိမဝန္တာလင်းတ၊ လင်းတဖြူနှင့် လင်းတမဲတို့ဖြစ်ပါတယ်၊

🪶 မြန်မာနိုင်ငံမှာ လင်းတများကို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရှမ်း ပြည်နယ်တို့တွင် တွေ့ရှိရသော်လည်း အကောင်ရေ တဖြည်းဖြည်းလျော့နည်းကျဆင်းလာပြီး ၊ယခုအခါ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင်သာ တွေ့ရှိရပါတော့တယ်၊

🪶 လင်းတများဟာ ပတ်ဝန်းကျင်ရှိ အသေကောင်များနှင့် အခြားသော အော်ဂဲနစ်စွန့်ပစ်ပစ္စည်းများကို ရှင်းလင်းခြင်းဖြင့် အရေးကြီးသော ဂေဟစနစ်ဝန်ဆောင်မှုများကို ပေးနေသည့် ငှက်များလည်းဖြစ်ကြပါတယ်၊ သဘာဝတရားကြီးကိုလည်း အခမဲ့သန့်ရှင်းရေးပြုလုပ်ပေးနေသူများ 'Nature's Clean-Up Crew' ဟု တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်၊

🪶 လူသားတို့အတွက် ရောဂါဖြစ်လာနိုင်သော အသေကောင်ပုပ်များကို စားသုံးပေးခြင်းဖြင့် ခွေးရူးရောဂါနှင့် တီဘီရောဂါကဲ့သို့သောရောဂါများပျံ့ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လူသားများကို များစွာကူညီပေးနေသောငှက်များ ဖြစ်ကြပါတယ်၊

🪶 လင်းတများဟာ နေထိုင်ရာနေရင်းဒေသ သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာခြင်း၊ လူအများ အခြေချနေထိုင်လာခြင်းနှင့် နေရင်း ဒေသများ ပျက်စီးဆုံးရှုံးလာခြင်း၊ ဓာတုဆေးဝါးများအသုံးပြုသည့်အတွက် အဆိပ်သင့်သေဆုံး နေသော အသေကောင်များကို စားသုံးမိခြင်း၊ အစားအစာရရှိရန် ခက်ခဲလာခြင်းတို့ကြောင့် လင်းတမျိုးစိတ် (၂၃) မျိုးအနက် ထက်ဝက်ကျော်သည် ခြိမ်းခြောက်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရပြီး အချို့သောမျိုးစိတ်များမှာ မျိုးသုဉ်းလုနီးပါးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေသို့ ရောက်ရှိနေပါတယ်၊

🪶 သဘာဝဂေဟစနစ် ထိန်းသိမ်းရေးတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ပြီး သဘာဝပတ်ဝန်းကျင်ကို အခမဲ့သန့်ရှင်းရေးပြုလုပ်ပေးနေသည့်အပြင် ကူးစက်ရောဂါများကို မပြန့်ပွားစေရန် ထိန်းချုပ်ပေးနေသည့် လင်းတငှက်များ မျိုးသုဉ်းပျောက်ကွယ်မသွားစေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပါတယ်။

Photos from Naypyitaw Safari-ဆာဖာရီဥယ်ာဥ္'s post 25/08/2023

🦁🐯🐻 ဆာဖာရီဥယျာဉ် (နေပြည်‌တော်)ကို အခါကြီး ရက်ကြီးများနှင့်🌕 လပြည့်လကွယ်နေ့များမှာပါ 🗓️ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားပါတယ်၊🤗

🐵 ထူးခြားပြီးရှားပါးတဲ့ 🦜🐦 ကျေးဌက်များ🐯🦓🐻 တိရစ္ဆာန်များကို အများပြည်သူကြည့်ရှုလေ့လာနိုင်စေရန် ပြသထားရှိတာမို့ ဆာဖာရီဥယျာဉ် (နေပြည်တော်)ကို လာရောက်လေ့လာ အပန်းဖြေအနားယူ လည်ပတ်ကြဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။ 🤗

17/08/2023

🦩 New Born Baby Flamingo 🦩
တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)ရဲ့ မိသားစုဝင်အသစ် “ကြိုးကြာနီလေး"

🦩 တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) တွင် ထိန်းသိမ်းမွေးမြူထားသောကြိုးကြာနီများမှ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့မှာ ပေါက်ဖွားသော 🦩 ကြိုးကြာနီလေးကိုတိရစ္ဆာန်ထိန်းသိမ်းမွေးမြူရေးနှင့် ဆေးကုသရေးဌာနမှ ဆရာဝန်များနှင့် ဥယျာဉ်ရှိတာဝန်ရှိသူများ၏ စောင့်ရှောက်ကြည့်ရှုမှုဖြင့် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။🤗

🦩 ကြိုးကြာနီ များဟာတစ်နှစ်တစ်ကြိမ်သားပေါက်ပြီး (၅−၆) နှစ်အရွယ်တွင် မိတ်လိုက်မျိုးပွားရန် အရွယ်ရောက်ကြပါတယ်။ သားပေါက်ပြီးနောက် သားပေါက် ငယ်အတွက် မိခင်နှင့်ဖခင်တို့၏ ပါးစပ်မှ အနီရောင်အာဟာရအရည်(Crop Milk)ကို အစာပြွန်မှအန်ထုတ်ပြီး သားပေါက်ငယ်ကို တိုက်ကျွေးပါတယ်။ သားပေါက်ငယ်များသည် အခြားသောအရွယ်မရောက်သေးသည့် သားပေါက်များနှင့်အတူ နေထိုင်ပြီး အန္တရာယ်မကျရောက်စေရန် သားပေါက်မရှိသော အခြားအရွယ်ရောက် ကြိုးကြာနီများမှ စောင့်ရှောက်တတ်ပါတယ်၊

🦩 တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) မှာလည်း ကြိုးကြာနီများသာမက ထူးခြားရှားပါးသော အခြားငှက်မျိုးစိတ်များလည်းရှိတာကြောင့် လာရောက်လည်ပတ်ဖို့ လှိုက်လှဲစွာဖိတ်ခေါ်လိုက်ပါတယ်။

12/08/2023

🐘ကမ္ဘာ့ဆင်များနေ့ 🐘
(World Elephant Day, 12 August)

🐘 ဆင်များဟာ ကမ္ဘာပေါ်တွင် အကြီးဆုံးကုန်းနေနို့တိုက်သတ္တဝါဖြစ်ပြီး ကြီးမားလှသည့် ခန္ဓာကိုယ်၊ ကြီးမားကျယ်ပြန့်သည့် နားရွက်များနှင့် ရှည်လျားသွယ်တန်းသော နှာမောင်းရှိကာ သူမတူကွဲပြားနေသည့် သတ္တဝါများဖြစ်ကြပါတယ်၊

🐘 ကြီးမားလှသည့် နှာမောင်းများဟာ အစာများကို ဆွဲယူစားသောက်နိုင်ခြင်း၊ ရေကိုစုပ်ယူ၍သောက်နိုင်ခြင်းနှင့် ပက်ဖြန်းနိုင်ခြင်းတို့တွင် အသုံးပြုပြီး ၊အစွယ်များသည် အပေါ်ရှေ့အံသွားများမှ ရှည်ထွက်လာခြင်းဖြစ်ကာ အရာဝတ္ထုများကို ရွှေ့ရန်နှင့် တူးဆွရန်အတွက် အသုံးပြုလေ့ရှိကြပါတယ်၊

🐘 ဆင်များနှင့် လူသားများဟာ လူ့ယဉ်ကျေးမှုသမိုင်းတစ်လျောက်မှာ ရှည်လျားစွာ အတူတကွ ဒွန်တွဲနေထိုင်လာခဲ့ပြီး မျက်မှောက်ခေတ်တွင်လည်း ဆက်လက်၍ အတူတကွ အကျိုးပြုနေထိုင်လျက်ရှိပါတယ်၊

🐘 ဆင်များဟာ ဥာဏ်ရည်မြင့်မားပြီး အသိဉာဏ်ရှိကာအမိန့်နာခံတတ်သည့် သတ္တဝါလည်း ဖြစ်ကြပါတယ်၊

🐘 အသီးအရွက်စားသတ္တဝါများဖြစ်ကြပြီး တစ်နေ့လျှင် (၁၈) နာရီကြာ အစာစားခြင်းဖြင့် အချိန်ကုန်လေ့ရှိကြကာ ၊မြက်များ၊ အမြစ်၊ အသီး၊ အရွက်၊ အခေါက်များကိုသာ အဓိကစားသုံးလေ့ရှိကြပါတယ်၊

🐘 လူသားများဟာ ဆင်စွယ်များကိုရယူလိုတဲ့အတွက် တရားမဝင် အလွန်အကျွံအမဲလိုက် သတ်ဖြတ်ခံနေရခြင်း၊ ဆင်များကျက်စားရာ နေရာများအား လူတို့မှ ကျူးကျော်အခြေချနေထိုင်လာခြင်းနှင့် စိုက်ပျိုးမြေများ ချဲ့ထွင်လာခြင်းတို့ကြောင့် နေရင်းဒေသများဆုံးရှုံးလာရသည့် အခြေအနေများကို ရင်ဆိုင် ကြုံတွေ့နေရပါတယ်၊

🐘 သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ်နှင့် လူသားတို့အတွက် အရေးပါလှသည့် ဆင်များအား ထိန်းသိမ်းကာကွယ်စောင့်ကြရန်၊

🐘 ဆင်များ၏ နေရင်းဒေသများအား ထိန်းသိမ်းရန်၊ အလွန်အကျွံအမဲလိုက်သတ်ဖြတ်ဖမ်းဆီးနေခြင်း၊ တရားမဝင် အရိုး၊ အသား၊ အရေခွံတို့နှင့် ဆင်စွယ်တို့အားရောင်းဝယ်ခြင်းမပြုကြစေရန်ရည်ရွယ်၍ နှစ်စဉ် ဩဂုတ်လ (၁၂) ရက်နေ့ကို ကမ္ဘာ့ဆင်များနေ့အဖြစ် သတ်မှတ်ကာ

🐘 "ဆင်များကိုကူညီရန် ကမ္ဘာကြီးကိုပေါင်းစည်းပါ" “Bringing the world together to help elephants” ဟူသည့် ဆောင်ပုဒ်ဖြင့် ကမ္ဘာနှင့်အဝှမ်း ကျင်းပပြုလုပ်ကြခြင်းဖြစ်ပါသည်။

10/08/2023

🦁 ကမ္ဘာ့ခြင်္သေ့များနေ့ 🦁
(World Lion Day ) August 10🗓️

🦁 ခြင်္သေ့များဟာ ကမ္ဘာပေါ်မှာ ထူးခြားပြီးအထင်ရှားဆုံးသော မျိုးစိတ်ဖြစ်ကာ ကမ္ဘာ့တိုက်ကြီးများနှင့် ယဉ်ကျေးမှု ထောင်ပေါင်းများစွာတို့တွင် ခြင်္သေ့များကို ကြီးကျယ်ခမ်းနားလှသော ရဲစွမ်းသတ္တိနှင့်ပြည့်စုံသည့် အမဲလိုက်သားရဲတိရိစ္ဆာန်များအနေဖြင့် လူသားတို့အား စွဲဆောင်မှုပြုနေသည်ကို တွေ့ရှိနိုင်ပါတယ်၊

🦁 ခြင်္သေ့များနေထိုင်ရာ သဘာဝနေရင်းဒေသများဖြစ်တဲ့ အာဖရိကနှင့် အိန္ဒိယနိုင်ငံတို့မှာ တိတ်တဆိတ် မျိုးသုဉ်းမည့်အန္တရာယ်ကို တဖြည်းဖြည်းကျရောက်လို့လာနေပြီး အဓိကရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာမှာ နေရင်းဒေသများ ဆုံးရှုံးလာခြင်းနှင့် အလွန်အကျွံ အမဲလိုက်ခံရခြင်းတို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်း (၅၀) အတွင်း ကမ္ဘာ့ခြင်္သေ့ဦးရေ၏ (၉၅) ရာခိုင်နှုန်းခန့် ဆုံးရှုံးပျောက်ကွယ်ခဲ့ရပြီဖြစ်ပါတယ်၊

🦁 ခြင်္သေ့များဟာ အသားစားအမဲလိုက်မုဆိုးများ ဖြစ်တဲ့အတွက် အသီးအရွက်နှင့်မြက်ကိုစားသော သတ္တဝါများ၏ အကောင်အရေအတွက်ကို ထိန်းညှိပေးနိုင်သည့်အပြင် ၊ အားနည်းသော သားကောင်များကို ပစ်မှတ်ထားအမဲလိုက်တဲ့အတွက် သားကောင်များ၏ ဦးရေထိန်းညှိမှုနှင့် ရောဂါပျံ့ ပွားရေးထိန်းချုပ်မှုကိုလည်း သွယ်ဝိုက်သောနည်းအားဖြင့် ကူညီပေးရာရောက်ပါတယ်၊

🦁 သဘာဝတောတွင်း ခြင်္သေ့များ ခံစားရင်ဆိုင်ကြုံတွေ့ နေရသည့် အခက်အခဲများကိုသိရှိစေရန်၊ အမျိုးသားဥယျာဉ်များ တည်ထောင်ခြင်းနှင့် လူများအခြေချနေထိုင်သည့် ဧရိယာများကို ကန့်သတ်၍ ခြင်္သေ့များ၏ သဘာဝနေရင်းဒေသကို ထိန်းသိမ်းရေး အစီအမံများကို အကောင်အထည်ဖော်ဆောင်ရန်နှင့် ၊
🦁 ခြင်္သေ့များ၏ နေရင်းဒေသအနီး အခြေချနေထိုင်သူများအား ခြင်္သေ့များနှင့် အတူတကွယှဥ်တွဲနေထိုင်နိုင်စေရန်အတွက် ပညာပေးရန် နှစ်စဉ် ဩဂုတ်လ ၁၀ ရက်နေ့ကို ကမ္ဘာ့ခြင်္သေ့များနေ့ အဖြစ် နိုင်ငံတကာမှာ သတ်မှတ်ကျင်းပကြခြင်းဖြစ်ပါတယ်။

ဆာဖာရီဥယျာဉ်(နေပြည်တော်) မှာလည်းထူးခြားပြီးရှားပါးတဲ့ 🐯🦓🐻 တိရစ္ဆာန်များကို အများပြည်သူများကြည့်ရှုလေ့လာနိုင်စေရန်အတွက် ပြသထားရှိတာမို့ လာရောက်လေ့လာ အပန်းဖြေအနားယူ လည်ပတ်ကြဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။ 🤗

Want your business to be the top-listed Pet Store/pet Service in Naypyidaw?
Click here to claim your Sponsored Listing.

Category

Telephone

Address


Between Yangon-Mandalay Old Highway Between 256/2 And 257/0 Miles Near Ye Sein Dam
Naypyidaw

Other Zoos in Naypyidaw (show all)
Naypyitaw Zoological Garden Naypyitaw Zoological Garden
Between Yangon-Mandalay Old Highway Between 256/2 And 257/0 Miles Near Ye Sein Dam
Naypyidaw

Ninety species of animals and numerically 420 are exhibited in Zoological Garden (Nay Pyi Taw). There