Nyo Chaw

Nyo Chaw

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nyo Chaw, Art, Naypyidaw.

Visit TikTok to discover videos! 10/09/2023

Visit TikTok to discover videos! Watch, follow, and discover more trending content.

23/08/2023

မှာဝတ်ရတော့မယ်

Fa ဖြစ်တာ ဂုဏ်ယူစမ်းပါ 😉
c r e d i t

Photos from Nyo Chaw's post 21/08/2023

အချစ်တို့နဲ့

Photos from Nyo Chaw's post 21/08/2023

အမှတ်တရ

Photos from Nyo Chaw's post 19/08/2023

ချစ်လိုက်တာ ကောင်မလေးရေ

Photos from ငမူး's post 19/08/2023
17/08/2023

သူတို့ခေတ်ကိုလိုက်မမှီနိုင်ပါဘူးဟယ်🙄🙄

17/08/2023
16/08/2023

အလကားလူ မဖြစ်စေနဲ့
***********************

ကိုယ့်မှာ အားနည်းချက်ရှိရင်
သူတစ်ပါး ပျော့ကွက်ကို ချမနင်းဘဲ
နေတတ်ရမယ် ။

ကိုယ့်မှာ ခံနိုင်ရည် မရှိရင်
သူတစ်ပါး နစ်နာစရာ စကားကို
ဆင်ခြင် ပြောဆိုတတ်ရမယ် ။

ကိုယ့်မှာ ဒုက္ခဆိုတာရှိရင်
သူတစ်ပါးဘဝ ပျက်စီးကြောင်းကို
ရှောင်ရှားတတ်ရမယ် ။

ကိုယ့်မှာ အရှက်ရှိရင်
သူတစ်ပါး ဂုဏ်သိက္ခာကို
ငဲ့ညှာတတ်ရမယ် ။

ကိုယ့်အပေါ် မပြုစေချင်တဲ့ အရာရှိရင်
သူတစ်ပါး မနှစ်သက်တာကို
မလုပ်မိအောင် စာနာတတ်ရမယ် ။

ကိုယ့်မှာ အပြစ်နဲ့မကင်းရင်
သူတစ်ပါး အမှားကို
လက်ညှိုးမထိုးမိအောင် နေတတ်ရမယ်။

ကိုယ့်မှာ ဝေဒနာရှိရင်
သူတစ်ပါး နာကျင်မှုကို
ခံစားပေးတတ်ရမယ် ။

ကိုယ့်ကို ကဲ့ရဲ့တာ မကြိုက်ရင်
သူတစ်ပါး မကောင်းကြောင်းကို
မပုတ်ခတ်မိအောင် သတိထားရမယ် ။

ကိုယ့်မှာ အမာရွတ်ရှိရင်
သူတစ်ပါး ဒဏ်ရာကို
နားလည်ပေးနိုင်ရမယ် ။

ဒါဟာ ကိုယ်ချင်းစာတရားပဲ။

ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ
ဘယ်လောက်ပဲ တော်တော်
ဘယ်လောက်ပဲ တတ်တတ်
ကိုယ်ချင်းစာတရားမရှိရင် အလကားပဲ....

14/08/2023

ကိုယ်တယောက်ထဲနဲ့တင် ပြည်စုံလုံလောက်ပါတယ်ဆိုတဲ့ သူမျိုးကိုပဲလိုချင်တယ်

13/08/2023

😘😘

09/08/2023

“ငယ်ဘဝက ဆင်းရဲခဲ့ရင်”

🔳 ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ကြတာချင်း တူပေမဲ့ ဘဝဆိုတဲ့ ခရီးကို စတင်ရတဲ့ တာထွက်မှတ်ချင်းကတော့ မတူကြပါဘူး။ တချို့က ဆင်းဆင်းရဲရဲ၊ တချို့က ချမ်းချမ်းသာသာ၊ တချို့က ချို့ချို့တဲ့တဲ့၊ တချို့က ပြည့်ပြည့်စုံစုံ။ ရွေးချယ်လို့လည်း ရတဲ့ကိစ္စ မဟုတ်ဘူး။

အဲဒီလို ငယ်ဘဝက ဆင်းရဲခဲ့တဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာအရ တွေ့ရတတ်တာလေးတွေ ရှိတယ်။

📌 ၁။ သိမ်ငယ်စိတ်

အတွေ့ရအများဆုံးပဲလို့တောင် ပြောလို့ရတယ်။ ငယ်ငယ်ကတည်းက သူများသုံးသလို မသုံးရဘူး။ အတန်းတစ်တန်းတက်ရင် သူများတွေက ကျောပိုးအိတ်အသစ်ကလေးတွေ ကိုင်တယ်။ ကိုယ်ကတော့ မနှစ်ကဟာပဲ။ ကျောင်းကနေ ဘာဖိုးညာဖိုး တောင်းပြီဆိုလည်း အမြဲမျက်နှာငယ်ရတယ်။ ဆရာ၊ ဆရာမတွေကလည်း အပစားမပေးဘူး။ အဲဒီအရွယ်ကတည်းကနေ သိမ်ငယ်စိတ်က စတာပဲ။

အသက်ကြီးလာတော့ ပိုဆိုးတယ်။ သူများတွေက အိမ်က ကားနဲ့၊ ကိုယ်ပိုင်ကားနဲ့ တက္ကသိုလ် လာကြတယ်။ ကိုယ်ကတော့ ဘတ်စ်ကားစီးလို့။ မီးပွိုင့်မှာများ ကားချင်းယှဉ်ရပ်နေရင် မမြင်ချင်ယောင် ဆောင်နေရတယ်။ နှုတ်ဆက်နေရမှာစိုးလို့။

ကျောင်းပိတ်ရက်ဆို ဘယ်မှ မသွားနိုင်ဘူး။ အမေ့ဆိုင်မှာ ဝင်လုပ်။ အဖေ့အလုပ်မှာ ဝင်ကူ။ အဲဒီဆိုင်ကိုများ သူငယ်ချင်းတွေ လာကြရင် မျက်နှာပူရသေးတယ်။ ကိုယ့်မိဘကများ သူငယ်ချင်းမိဘဆီမှာ အလုပ်လုပ်နေတယ်ဆို ပိုတောင်ဆိုးဦးမယ်။

ဒီအခါ မိဘကိုလည်း မကျေနပ်ဘူး။ ဘဝကိုလည်း မကျေနပ်ဘူး။ လောကကြီးကိုလည်း မကျေနပ်တော့ဘူး။

အိမ်ကိုလည်း အလည်မခေါ်ရဲဘူး။ ရပ်ကွက်ကလည်း ညစ်ပတ်။ အိမ်ကလေးက ကျဉ်းကျဉ်း။ ကိုယ်ပိုင်အခန်းရယ်လို့လည်း မရှိ။ ရောက်လာပြီဆိုရင် ပြာပြာသလဲ ဧည့်ခံ။ မရှိရှိတာလေးတွေ ချကျွေး။

အပြင်သွားလည်ပြီဆိုလည်း ငွေမထုတ်နိုင်။ သူငယ်ချင်းတွေကပဲ အမြဲစိုက်ပေးနေရတော့ အားနာလာတယ်။ ဒီတော့ ဘာပဲဖြစ်ဖြစ် သည်းခံတော့တယ်။ ငါ့လိုလူကိုတောင် အပေါင်းအသင်း လုပ်ပေးကြတယ်ပေါ့။ ဘယ်လိုစစလည်း ပြုံးပြုံးပဲ။ အနိုင်ကျင့်လည်း ငြိမ်ခံနေတယ်။ ရည်းစားများ ရလာခဲ့ရင်လည်း သိပ်အနွံတာခံတယ်။

လောကမှာ Unconditional love ဆိုတာ မရှိဘူး။ အချစ်ခံရဖို့ ကိုယ့်မှာ အကြောင်းရင်းတစ်ခုခုတော့ ရှိရတာပဲ။ ငွေကြေးမတတ်နိုင်တဲ့အခါ သည်းခံခြင်းကသာ သူအချစ်ခံရဖို့အတွက် Condition ဖြစ်လာတော့တယ်။ ကြာတော့ သူ့ကိုယ်သူ ပျောက်ဆုံးလာတယ်။ ပိုပိုပြီး သိမ်ငယ်လာတယ်။

ယောက်ျားလေးတွေဆို ဖိုဝါဒရဲ့ ဖိစီးမှုကိုပါ ခံရတယ်။ ချစ်သူကောင်မလေး၊ သို့မဟုတ် သူကြိုက်တဲ့ မိန်းကလေးက ပိုက်ဆံရှိတဲ့လူ၊ ကားစီးနိုင်တဲ့လူနဲ့ ကြိုက်သွားပြီဆို ပိုခံပြင်းရတယ်။

သိမ်ငယ်စိတ်ရဲ့ နောက်ပုံစံတစ်မျိုးကတော့ ဆတ်ဆတ်ထိမခံ ဖြစ်လာတာပဲ။ ဘာမဟုတ်တာလေးကအစ သူ့အတွက် ပြဿနာဖြစ်နေတယ်။ မာနကို လာထိပါးသလို ခံစားရတယ်။ ဒီတော့ ဆက်ဆံရေးတွေ အဆင်မပြေတော့ဘူး။ အရက်၊ မူးယစ်ဆေးဝါး စတာတွေနဲ့ပါ ထွက်ပေါက်ပေးလာနိုင်တယ်။

📌 ၂။ ကြွားဝါလိုစိတ်

သူများသုံးသလို မသုံးခဲ့ရတဲ့အတွက် ကိုယ့်မှာ သုံးခွင့်ရှိလာပြီ ဆိုတဲ့အခါ ကြွားဝါချင်တယ်။ ဒါလည်း အဆန်းမဟုတ်ဘူး။ ကျွန်တော်တို့တွေ ပထမဆုံး နိုင်ငံခြား ရောက်တဲ့အချိန်တို့၊ လေယာဉ်စီးတဲ့အချိန်တို့ဆို ပျော်ပြီး တွေ့တဲ့နေရာ ဓါတ်ပုံတွေ လျှောက်ရိုက်တတ်ကြတာမို့လား။ သွားပါများလာတော့လည်း ရိုးသွားတာပဲပေါ့။

ငယ်ငယ်ကတည်းက ငွေကြေးပြည့်စုံလို့ ဒါတွေ သွားဖူး၊ လာဖူးပါတယ် ဆိုတဲ့သူတွေလည်း သူတို့ မတွေ့ဖူး၊ မစားဖူး၊ မရောက်ဖူးတာတွေနဲ့ ကြုံရင် ဒီလိုပဲ ဖြစ်တတ်တာပဲ။ (ရည်းစားမရဖူးတဲ့သူတွေ ရည်းစားရသွားရင် Unfollow လုပ်ချင်လောက်အောင်ကို ပုံတွေ တင်တော့သလိုပေါ့။)

ဆင်းရဲတဲ့သူတွေမှာတော့ အဲ့ဒီလို မလုပ်ဖူးတာတွေ တအားများတဲ့အခါ လုပ်ခွင့်ကြုံပြီလည်း ဆိုရော၊ လိုတာထက်ပိုပြီး ကြွားဝါကြတယ်။ ပပလွှားလွှား နေချင်တယ်။

တချို့ကျ အလွယ်လမ်းလိုက်တယ်။ ဒီနေရာမှာ ဖိုဝါဒက ပြဿနာပေးလာပြန်တယ်။ မိန်းကလေးတွေဟာ ယောက်ျားလေးတွေလောက် ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ မရကြဘူး။ ဒီတော့ အသုံးပြုစရာ တစ်ခုပဲကျန်တယ်။ ခန္ဓာကိုယ်ပဲ။ ဒီလိုနဲ့ စင်တင်တေးဂီတတွေမှာ ဖျော်ဖြေကုန်ကြတယ်။

အဲဒီမိန်းကလေးတွေကို သွားမေးကြည့်ရင် ဒီအလုပ်လုပ်နေရတာ နောက်မှာ မှီခိုနေရတဲ့ မိသားစုကြောင့် ပါသလို၊ သူတို့ကိုယ်တိုင်ရဲ့ သုံးချင်စွဲချင်စိတ်ကြောင့်လည်း ပါတယ်။ တချို့မှာဆို အဲဒီအကြောင်းရင်းကတောင် ပိုချင်ပိုနေဦးမယ်။ ဖုန်းအကောင်းစား ကိုင်ချင်တယ်။ အဝတ်လှလှလေးတွေ ဝတ်ချင်တယ်။ ကောင်လေးက ကားနဲ့လာကြိုတာကို သဘောကျတယ်။

တချို့ကျတော့ ငွေမစုမိတော့ဘူး။ ပိုက်ဆံနည်းနည်း ရလာပြီဆို စုထားပြီး အိမ်ဝယ်ဖို့ အရင်ကြိုးစားမယ် မရှိဘူး။ ကြွားချင်တာနဲ့ iPhone ကောက်ဝယ်လိုက်တာတို့၊ ကားကို အရစ်ကျနဲ့ ဝယ်လိုက်တာတို့တွေ လုပ်မိတတ်တယ်။ အလုပ်အတွက် လိုအပ်လို့လည်း မဟုတ်ဘူး။ လူအထင်ကြီးခံလိုစိတ်ကြောင့်ပဲ။

ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်တာ ဘာမှမဖြစ်ပေမဲ့ ကိုယ့်ရဲ့ Personal Finance အတွက်တော့ အဲဒီစိတ်က ပြဿနာ အတော်ပေးတယ်။

ဂျက်ကီချန်းမှာတောင် အဲဒီလိုစိတ်မျိုး ရှိခဲ့တယ်လို့ ဖတ်ဖူးတယ်။ ပိုက်ဆံချမ်းသာလာတဲ့အခါ လိုလို မလိုလို တွေ့သမျှ အကုန်လျှောက်ဝယ်ပစ်တာမျိုးပေါ့။ သူကတော့ ကမ္ဘာကျော်မင်းသားမို့ ပြဿနာမရှိပေမဲ့ ကိုယ်ကတော့ ဝင်ငွေထက် ထွက်ငွေပိုများအောင် သုံးမိရင် အကြွေးနွံနစ်သွားတာ၊ လောင်းကစား လုပ်မိတာတွေ ဖြစ်တတ်ပါတယ်။

📌 ၃။ အကောင်းနဲ့ ထိုက်တန်တယ် မထင်တော့တာ

ချမ်းသာလာတဲ့အထိတောင် အဝတ်အစားဆိုလည်း ခပ်နွမ်းနွမ်းပဲ ဝတ်တာ၊ မုန့်ဟင်းခါးကို ထမင်းနဲ့ပဲ စားတတ်တော့တာ၊ ဖုန်းကောင်းကောင်း ဝယ်ဖို့ကို တွန့်ဆုတ်နေမိတာ၊ ကိုယ့်သားသမီး၊ ကိုယ့်အိမ်ထောင်ဖက်၊ သူတို့ကိုပဲ အကောင်းစားတွေ ပေးသုံးနေမိတော့တာမျိုးပေါ့။

သားသားနားနား ဝတ်ရင်ကိုပဲ နေလို့မကျတော့တာ၊ ပိုက်ဆံသုံးမိရင်ပဲ အပြစ်ရှိသလို ခံစားနေရတော့တာပါ။ ရှေ့နှစ်ခုလောက်တော့ ပြဿနာမပေးပေမဲ့ ကိုယ်ရှာဖွေထားသမျှက သူများအတွက်ချည်း ဖြစ်နေပြန်ရင်လည်း မကောင်းပါဘူး။ ထိုက်သင့်သလောက်တော့ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ လိုပါတယ်။

🔳 ခုခေတ်ကျ ပိုဆိုးပါတယ်။ ကျွန်တော်တို့ငယ်ငယ်ကမှ သုံးစရာ၊ စွဲစရာ သိပ်မရှိတော့ သူသူကိုယ်ကိုယ် ဒီလိုပဲ ထင်ရတယ်။ ခုကျ ငွေသုံးနိုင်တဲ့သူနဲ့ မသုံးနိုင်တဲ့သူက တအားကို ကွာခြားသွားပြီ။ ဆိုရှယ်မီဒီယာလည်း ပေါ်လာတော့ ဘယ်သူက ဘယ်လိုသုံးနိုင်တယ်၊ ဘာတွေ စားနိုင်တယ်၊ ဘယ်တွေ သွားနိုင်တယ် အကုန်မြင်နေ၊ တွေ့နေရပြီကိုး။ အတော်လေးကို Handle လုပ်နိုင်မှ တန်ကာကျလိမ့်မယ်။ လူတိုင်းကို သိမ်ငယ်စိတ် ဖြစ်စေနိုင်တဲ့ခေတ်ကြီး ဖြစ်လာနေပြီလေ။

🔳 ငယ်ဘ၀ ဆင်းရဲခဲ့သူတွေမှာ ကောင်းတဲ့အချက်ကတော့ ငွေတန်ဖိုးကို သိတယ်။ အောက်သက်ကြေတယ်။ လက်ကြောတင်းတယ်။ ရင့်ကျက်တာ မြန်တယ်။ ကြိုးစားတယ်။ ကိုယ်ချင်းလည်း စာတတ်တယ်။

ချမ်းသာတိုင်းလည်း ကောင်းတာတော့ မဟုတ်ပါဘူး။ သူတို့က သိမ်ငယ်စိတ်တော့ နည်းမယ်။ ငယ်ငယ်ကတည်းက သူများနဲ့ နှိုင်းယှဉ်ခံခဲ့ရတာမှ သိပ်မရှိတာ။ အကုန်သုံးဖူး စွဲဖူးနေတော့လည်း လိုတာထက် ပိုပြီး ထုတ်ပြမနေတော့ဘူး။ မိဘ ထောင်ထားပေးတဲ့ လှေကားပေါ် တက်ရတဲ့အခါကျ ပိုပြီးလည်း လွယ်ကူတယ်။ တစ်ဆင့်ထက်တစ်ဆင့် မြင့်သွားအောင်လည်း လုပ်နိုင်တယ်။

မကောင်းတာကျတော့ မိဘရဲ့ လောင်းရိပ်မိပြီး ကိုယ်ရည်ကိုယ်သွေး ညံ့ကုန်တာ၊ ကိုယ်ချင်းမစာတတ်တာ၊ ရေပေါ်ဆီဆန်တာတွေ ဖြစ်တတ်တယ်။

အကောင်းအဆိုးကတော့ ဒွန်တွဲနေတာချည်းပဲမို့ အခြေအနေထက် ဒီအခြေအနေကို ကိုယ်ဘယ်လိုတုံ့ပြန်သလဲ ဆိုတဲ့အပေါ် အဓိက မူတည်သွားမှာ ဖြစ်ပါတယ်။

🔳 မိဘရဲ့ ပြုစုပျိုးထောင်မှုကလည်း အရေးပါပေမဲ့ ဆင်းရဲတဲ့မိဘဆို ကောင်းကောင်းမွန်မွန် ထိန်းကျောင်းပေးနိုင်ဖို့ မလွယ်ဘူး။ သူတို့ကိုယ်တိုင်တောင် ခုပြောခဲ့တဲ့ အချက်တွေ ရှိနေနိုင်တာကိုး။ သိမ်ငယ်စိတ်ဝင်နေတော့ သားသမီးက တစ်ခုခုပြန်ပြောရင်တောင် မင်းတို့က ငွေမရှာပေးနိုင်တဲ့ အဖေမို့၊ အမေမို့ မလေးစားတာလား ဆိုပြီး မဆိုင်တာတွေ ဆွဲချိတ်ပြောတတ်ကြသေးတယ်လေ။

အဓိကအားကိုးရာကတော့ “စာပေ” ပါပဲ။ စာပေက ပေးတဲ့အသိ၊ စာပေက ပေးတဲ့စိတ်ခွန်အား၊ စာပေက ပေးတဲ့ဉာဏ်ပညာတွေကပဲ ဆင်းရဲခြင်းကို လွန်မြောက်ဖို့၊ ဆင်းရဲတဲ့ဘဝကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့ အကောင်းဆုံး ကူညီပေးပါလိမ့်မယ်။

🔳 နောက်ဆုံးတစ်ချက်ကတော့ ဆင်းရဲခြင်းကို လက်ဆင့်မကမ်းကြဖို့ပါ။

မိဘက ဆင်းရဲတော့ ကိုယ်လည်း အငုံ့စိတ်တွေ၊ မကျေနပ်စိတ်တွေ တလှေကြီးနဲ့ ဘဝကို ရှင်သန်။ ပညာရေးအားနည်း။ ဝင်ငွေမကောင်း။ ဒီအခါ ကိုယ်ကနေ မွေးလာတဲ့ ကလေးကလည်း ကိုယ့်လိုပဲ တစ်ခါပြန်ဖြစ်။ ဆင်းရဲခြင်းတွေ သံသရာလည်နေရလိမ့်မယ်။ အဲဒါကို Intergenerational Poverty လို့ ခေါ်တယ်။

ဒီတော့ ကိုယ့်အလှည့်မှာ တတ်နိုင်သမျှ ကြိုးစားပြီး ဒီသံသရာကို ဖြတ်တောက်။ ဘဝကို မြင့်မားအောင် ကြိုးစား။ လူတန်းစေ့နေနိုင်အောင် လုပ်။

ငယ်တုန်းရွယ်တုန်းမှာ ပိုက်ဆံစု။ မျိုးစုံ ဆွဲဆောင်နေတဲ့ တပ်မက်စရာတွေနောက်ကို လိုက်မသွားနဲ့။ ကိုယ့်ဘဝနဲ့ကိုယ်ပဲမို့ သူသုံးသလို ကိုယ်လိုက်သုံးစရာ မလိုဘူး။ ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့်တန်းတန်း လျှောက်။ ဒါမှသာ ဒီသံသရာကနေ ရုန်းထွက်နိုင်ပါလိမ့်မယ်။

တစ်ဖက်မှာလည်း ကိုယ့်တစ်ကိုယ်စာ မိသားစု မဆင်းရဲတော့အောင်ပဲ မကြိုးစားနဲ့။ တစ်တိုင်းပြည်လုံးက မိသားစုတွေ ဆင်းရဲတွင်းထဲကနေ တက်လာနိုင်အောင်ပါ ကြိုးစား။

ဒါဟာ ဘာကြောင့်မှန်းမသိဘဲ ကိုယ့်ဆီရောက်လာတဲ့ ဆင်းရဲခြင်း၊ မပြည့်စုံခြင်း၊ ချို့တဲ့ခြင်းတွေကို အကောင်းဆုံး တုံ့ပြန်တဲ့ နည်းတစ်ခု ဖြစ်မယ်ထင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၈.၈.၂၀၂၃

Photo credit - Pixabay

06/08/2023

😘😘😘

Photos from Nyo Chaw's post 06/08/2023

အချစ်တို့ရေ မိုးအေးအေးမှာ ငါးပိရည်စပ်ပ်လေးနဲ့
အသားကြော်လေးနဲ့ စားလိုက်ရရင်ဖြင့်

Want your establishment to be the top-listed Arts & Entertainment in Naypyidaw?
Click here to claim your Sponsored Listing.

Category

Art

Address

Naypyidaw

Other Art in Naypyidaw (show all)
Wai   Wai Wai Wai
Naypyidaw

မရွိ

Rainbow flower Arts club Rainbow flower Arts club
Than Lwin Street, Zabu Thiri Township. Nay Pyi Taw . Near Family Hot Pot/Ayeyawady Road
Naypyidaw

Every Child is an artist(Picasso)

Pyae Phyoe Hein Pyae Phyoe Hein
နေပြည်တော်
Naypyidaw

Hein Thu Auto CAD Design Hein Thu Auto CAD Design
Naypyidaw

Hi! Please let us know how we can help.

Myanmar Beauty Girls Myanmar Beauty Girls
Naypyidaw

Sexy

Sana မိတ်ကပ် နှင့် အလှပြုပြင်ရေး Sana မိတ်ကပ် နှင့် အလှပြုပြင်ရေး
Naypyidaw

no 196,29st upper, 4th floor right pabedan township yangon

Min Khant Kyaw Min Khant Kyaw
ဇယောသုခလမျး
Naypyidaw

Gym

Feeling Zone Feeling Zone
Naypyidaw

Heart Broken Heart Broken
Naypyidaw

Hart Broken

Yadanar Yadanar
Naypyidaw

ရောက်တတ်ရာရာ

Cristal handmade hair accessories Cristal handmade hair accessories
Naypyidaw

Enjoy,relax and order