SEIN GYI《2》Pharmacy
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SEIN GYI《2》Pharmacy, Medical and health, Pakokku.
Paracetamol ပါရာစီတမော
ထိုဆေးကိုသည်းခြေမှအစာခြေရည်များကဖြိုဖျက်လိုက်တဲ့အခါမှာ သေစေတဲ့ အဆိပ်အင်ဇိုင်းများကို ထွက်ပေါ်
စေပါတယ် အဲ့ဒီအဆိပ်ပမာဏဟာ...
ကဖိန်းနဲ့တွေ့တဲ့အခါအဆိပ်အင်အားကို၃ဆအထိ
မြင့်တက်သွားစေပါတယ်...
ပါရာစီတမောကို ကော်ဖီ, ကိုကာကိုလာအအေး တို့နဲ့ တွဲမသောက်သင့်ပါဘူး
အသက်သေစေတဲ့အထိဖြစ်စေပါတယ်။
အသဲကိုပျက်စီးစေတတ်ပါတယ် ဘာလို့လဲဆိုရင်
ကော်ဖီမှာပါတဲ့ကဖိန်းဓာတ်ကြောင့်လို့
သိပ္ပံပညာရှင်များကဆိုထားတယ်လို့သိရပါတယ်။
ပါရာစီတမောမှမဟုတ်ပါဘူး
ဘယ်ဆေးကိုမဆိုကော်ဖီ ၊နွားနို့တို့နှင့် တွဲမသောက်ဖို့
အတတ်နိုင်ဆုံးရှောင်တာကောင်းပါတယ်......။
ပါရာစီတမောကို အလွန်အကျွံသောက်မိရင်....
အသည်းပျက်စီးစေပြီးသေစေနိုင်ပါတယ်...
ဒီလိုပဲ အရက်နဲ့တွဲသောက်မိရင်လည်းအသည်းကို
ပျက်စီးစေတဲ့အထိသေနိုင်ပါတယ်....
ပါရာစီတမောကို တာရှည်သုံးစွဲရင်
ကျောက်ကပ်နဲ့အသည်းပျက်စီးစေတတ်ပြီး
သွေးတိုးခြင်းနဲ့လေဖြတ်ခြင်းများလည်း
ဖြစ်စေနိုင်ပါတယ် ဒါကိုလည်းသိထားသင့်ပါတယ်။
ပါရာစီတမောရဲ့ကောင်းကျိူးကတော့ သားအိမ်ကင်ဆာကိုလျော့ပါးစေတယ်ဆိုတာလည်းတွေ့ရှိထားပါတယ်..
သုတေသီတွေတွေ့ရှိချက်အရ
ပါရာစီတမောသောက်သုံးနေတဲ့အမျိူးသမီးများမှာ
သားအိမ်ကင်ဆာအန္တရာယ်ဖြစ်ဖို့ ၃၀%ပိုနည်းပါးတာ
တွေ့ရပါတယ်တဲ့....။
ပါရာစီတမောမှမဟုတ်ပါဘူး ဆေးဝါးတိုင်းမှာ side effect ရှိပါတယ်
ဘယ်ဆေးဝါးကိုမဆို ဆရာဝန်မညွှန်ကြားဘဲ မလိုအပ်ဘဲ တာရှည်သုံးစွဲရင်မကောင်းဘူးဆိုတာ သိထားကြဖို့လိုအပ်ပါတယ်....။
Credit Health Care
နှလုံးရောဂါသံသယဖြစ်နိုင်သည့်လက္ခဏာများ
အမောမခံနိုင်တာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှူမ၀တာတွေလိုမျိုးဖြစ်ရင် နှလုံးရောဂါဖြစ်နေတယ်လို့ သံသယ ရှိနိုင်ပါတယ်။ အဲဒီလို ရိုးရှင်းတဲ့လက္ခဏာတွေ မပြဘဲနဲ့လည်း ခန္ဓာကိုယ်အတွင်း အောက်ဖော်ပြပါလက္ခဏာတွေဖြစ်ပေါ်နေရင် နှလုံးရောဂါအတွက် သံသယဖြစ်နိုင်တာကြောင့် ဆရာ၀န်နဲ့ ပြသဆွေးနွေးသင့်ပါတယ်။ ....................................................
●အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း
အိပ်ရင် ဟောက်တတ်တဲ့အတွက် အသက်ရှူရပ်သွားတဲ့အခါမှာ ဦးနှောက်ကနေ အောက်ဆီဂျင်ကို လုံလုံလောက်လောက် ရရှိမှာမဟုတ်တော့ပါဘူး။ ဒါကြောင့် ဦးနှောက်ထဲကို သွေးရောက်ရှိဖို့အတွက် နှလုံးနဲ့သွေးကြောတွေကို အလုပ်ပိုလုပ်ဖို့ အချက်ပေးလိုက်တာကြောင့် သွေးဖိအားမြင့်တက်လာတာ၊ နှလုံးခုန်နှုန်း ပုံမမှန်ဖြစ်တာ၊ လေဖြတ်တာနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေ မြင့်မားလာပါတယ်။ အိပ်ပျော်နေစဉ် အသက်ရှူရပ်တာက ကုသလို့ ပျောက်ကင်းနိုင်တဲ့ ရောဂါပါ။....................................................
●လိမ္မော်ဝါရောင် အဖုအပိမ့်များ ထွက်ခြင်း
ခန္ဓာကိုယ်ထဲမှာ ထရိုင်ဂလစ်စရိုက်တွေ အလွန်များပြားနေခဲ့ရင် လက်ဆစ်၊ ခြေဆစ်နဲ့ တင်ပါးပတ်၀န်းကျင်က အရေပြားပေါ်မှာ လိမ္မော်ဝါရောင် အဖုအပိမ့်တွေ ထွက်လာတတ်ပါတယ်။ သွေးကြောအတွင်းမှာ ဒီအဆီတွေ အများအပြားရှိနေတာကြောင့် သွေးကြောတွေ မာကျောလာပြီး ဒီလိမ္မော်ဝါရောင် အဖုအပိမ့်တွေ အများအပြားရှိနေတာ ဖြစ်ပြီး နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေ မြင့်မားတာနဲ့ ဆက်စပ်မှုရှိပါတယ်။ ....................................................
●ဆုပ်ကိုင်နိုင်အား လျော့နည်းခြင်း
သင့်လက်ရဲ့ ဆုပ်ကိုင်အားက သင့်နှလုံးသန်မာမှု ဘယ်လောက်ရှိသလဲဆိုတာကို ဖော်ပြနိုင်ပါတယ်။ ပစ္စည်းတွေကို ကောင်းကောင်းညှစ်နိုင်တာက နှလုံးရောဂါဖြစ်နိုင်ခြေ နည်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ....................................................
လက်သည်းအောက်တွင် အမည်းရောင်အစက်အပြောက်ပေါ်ခြင်း
သင့်လက်သည်းတွေ မတော်တဆ ထိခိုက်မိတာမရှိဘဲ လက်သည်းအောက်မှာ သွေးခြည်ဥသလို အမည်းရောင်အစက်ပေါ်နေတာက နှလုံး ဒါမှမဟုတ် နှလုံးအဆို့ရှင်မှာ ရောဂါပိုး၀င်ရောက်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာလည်း ဒီလိုလက္ခဏာတွေ ပြတတ်ပါတယ်။ ဒီလက္ခဏာပြသူတွေက နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေ နှစ်ဆကနေ လေးဆအထိ ပိုများပါတယ်။ ....................................................
●ခေါင်းမူးခြင်း
ခေါင်းမူးနေတာက နှလုံးချို့ယွင်းနေတာနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိပါတယ်။ ဦးနှောက်ထဲကို သွေးလုံလုံလောက်လောက် ရောက်ရှိအောင် နှလုံးက ပို့မပေးနိုင်တာကြောင့်ပါ။ ခေါင်းမူးတာက နှလုံးခုန်နှုန်းပုံမမှန်ဖြစ်တာရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ နှလုံးကြွက်သားအားနည်းတာကြောင့် နှလုံးအလုပ်မလုပ်နိုင်တဲ့အတွက်လည်း ခေါင်းမူးနိုင်ပါတယ်။ ....................................................
●အသားအရေအရောင်ပြောင်းလဲခြင်း
လက်ချောင်းနဲ့ ခြေချောင်းတွေမှာ အပြာရောင် ဒါမှမဟုတ် အညိုရောင်ဖြစ်နေတာက မွေးရာပါ နှလုံးချို့ယွင်းတာ၊ သွေးကြောကျဉ်းတာ ဒါမှမဟုတ် သွေးကြောပိတ်တာကြောင့် ဖြစ်တဲ့ သွေးလှည့်ပတ်မှုမကောင်းတာကြောင့်ပါ။ အသားအရေမှာ သွေးခြည်ဥသလို ဖြစ်နေတာက သွေးကြောထဲမှာ ကပ်ငြိနေတဲ့ ကိုလက်စထရောဖတ်တွေက ပြိုကွဲသွားပြီး အရေပြားအောက်ကို ရောက်ရှိသွားတာကြောင့်ပါ။ များသောအားဖြင့် လက်ဖဝါးနဲ့ ခြေဖဝါးနေရာတွေမှာ အဖြစ်များပါတယ်။ ....................................................
●သွားဖုံးသွေးယိုခြင်း
သွားဖုံးရောဂါနဲ့ နှလုံးရောဂါက ဆက်စပ်မှုရှိပါတယ်။ သွားဖုံးမှ ဘက်တီးရီးယားပိုးတွေက သွေးကြောကတစ်ဆင့် နှလုံးထဲရောက်သွားပြီး နှလုံးရောင်ရမ်းမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ....................................................
အရေပြားပေါ်တွင် ပုံမှန်ထက် အရောင်ရင့်သော အကွက်များထွက်ခြင်း
လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံလိုမျိုး အသားအရေတွန့်ခေါက်တဲ့နေရာတွေမှာ ပုံမှန်ထက် အရောင်ရင့်ပြီး ထူထပ်လာတဲ့အသားအရေဖြစ်ပေါ်လာတာက အင်ဆူလင်ဟော်မုန်းကို အသုံးပြုရာမှာ အခက်အခဲဖြစ်လာတာကြောင့်ပါ။ ဆီးချိုရောဂါဖြစ်နိုင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့နဲ့ နှလုံးရောဂါကာကွယ်ဖို့အတွက် ဆရာ၀န်နဲ့ ပြသသင့်ပါတယ်။ ....................................................
●ခြေထောက်ဖောရောင်ခြင်း
အချိန်အကြာကြီးမတ်တတ်ရပ်ရသူ ဒါမှမဟုတ် ထိုင်နေရသူတွေမှာ ခြေထောက် ဖောရောင်တတ်ပြီး များသောအားဖြင့် ကိုယ်၀န်ဆောင်သူတွေမှာ အဖြစ်များပါတယ်။ နှလုံးအလုပ်မလုပ်နိုင်တဲ့အတွက် ခြေထောက်အတွင်း သွေးလှည့်ပတ်မှု မကောင်းတာကြောင့်လည်း အရည်တွေ စုဆောင်းမှုဖြစ်ကာ ခြေထောက်ဖောရောင်နိုင်ပါတယ်။ ရုတ်တရက် ခြေထောက်ဖောရောင်လာခဲ့ရင် ဆရာ၀န်နဲ့ ပြသသင့်ပါတယ်။ ....................................................
●အသက်ရှူရခက်ခဲခြင်း
အသက်ရှူမ၀တာက နှလုံးအလုပ်မလုပ်နိုင်တာ၊ နှလုံးခုန်နှုန်းပုံမမှန်ဖြစ်တာ ဒါမှမဟုတ် နှလုံးတိုက်ခိုက်ခံရတဲ့ လက္ခဏာဖြစ်တာမို့ ဆရာ၀န်နဲ့ ပြသသင့်ပါတယ်။ အထူးသဖြင့် လဲလျောင်းနေစဉ် အသက်ရှူမ၀တာ ဒါမှမဟုတ် အရင်က သင် လွယ်လွယ်ကူကူလုပ်နေကျအလုပ်တွေ လုပ်အပြီး အသက်ရှူရခက်ခဲနေရင်ပါ။ ....................................................
●မောပန်းခြင်း
နှလုံးအလုပ်မလုပ်နိုင်တာကြောင့် မောပန်းတတ်တာက ခန္ဓာကိုယ်အတွက် သွေး လိုအပ်သလောက် အတိုင်းအတရောက်အောင် ပို့ဖို့ နှလုံးကြွက်သားတွေက မညှစ်နိုင်တာကြောင့်ပါ။ ချောင်းဆိုးတာနဲ့ ခြေထောက်ဖောရောင်တဲ့ လက္ခဏာ ရှိ မရှိကိုလည်း စစ်ဆေးသင့်ပါတယ်။ မောပန်းတာက ကင်ဆာရောဂါ၊ သွေးအားနည်းရောဂါ ဒါမှမဟုတ် စိတ်ကျဝေဒနာလိုမျိုး ရောဂါတွေရဲ့ လက္ခဏာတွေလည်း ဖြစ်နိုင်တာကြောင့်ပါ။
ဒေါက်တာခင်မိုးမိုး
သွေးတိုးရှိတဲ့သူတွေ ကျောက်ကပ်ပျက်စီးတော့မယ်ဆိုရင် ဒီလို လက္ခဏာတွေ ပြတတ်ပါတယ်
crd health care
ရေအိတ်အကြောင်း သိကောင်းစရာ
ရေအိတ်ဖြစ်ရတဲ့ အကြောင်း ရင်းကို အတိအကျ မပြော နိုင်ပေမဲ့နေထိုင်စား သောက်မှု ပုံစံ ပြောင်းလဲ လာတာ၊စိတ်ဖိစီး မှုများ လာ တာ တွေနဲ့အဓိကသက် ဆိုင်တယ်၊ ဓာတုဆိုးဆေးမကင်း တဲ့ အစား အ သောက်တွေအစား များ လာ တယ်၊ အဲဒီဆိုးဆေး၊ ပလတ်စတစ်၊ ဟော်မုန်းဆေး၊ တာရှည်ခံ ဆေးတွေထဲ မှာ xenon estrogen တွေ ပါလာတယ်၊ အဲဒါတွေ က အမျိုး သမီးတွေမှာသွားပြီး ဒုက္ခ ပေးတာ လို့ ပြော ပါတယ်။
သည်လိုရေအိတ်တည်တာက မျိုးရိုးနဲ့လည်း သက်ဆိုင်သလို ခပ် ဝဝ ဗိုက်ခေါက် ထူထူအမျိုးသမီး တွေမှာ ဖြစ်နိုင်ခြေပိုများတယ်လို့ ဆိုတယ်။ မမျိုးဥအိမ် မှာ အ ဓိက ဖြစ်တာက အလုံးအကျိတ်နှစ်မျိုး ရှိပါတယ်။ရေအိတ်တည်တာနဲ့ကင်ဆာ ဖြစ်တာပါ။
သည်နေရာမှာ အရေးကြီးတာက screening test (ကြိုတင်စစ် ဆေးမှု) လည်း လုပ်လို့ မရသေးဘူး။ မမျိုးဥအိမ်ကင်ဆာက လက္ခဏာမပြ ပါ ဘူး။နောက်ကျ မှသိရတာများတာ ကြောင့် မမျိုးဥ အိမ်ကင်ဆာက ကြောက်စ ရာ ကောင်းတဲ့ ရောဂါတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။မမျိုးဥအိမ်မှာ ရေအိတ်တည် တာကလည်း လက္ခဏာမပြတတ်ဘူး။တခြားရောဂါ တစ်ခုခုကြောင့် သွားပြရင်း ဓာတ်မှန်ရိုက်မှ တွေ့တတ်တာမျိုးပါ။ရေအိတ်တည်တာ အမျိုးမျိုးရှိပါတယ်။
Demoid cyst ခေါ်တဲ့ ရေအိတ် တည် တာက အများ ဆုံး ဖြစ်တာ များပါ တယ်။ ၉၅ ရာခိုင်နှုန်းက ကင်ဆာ မ ဟုတ်ပါ ဘူး။
PCOS လို့ ခေါ်တဲ့ မမျိုးဥအိမ်မှာ အရေကြည်အိတ် ၁၂ လုံးအထက်ရှိတဲ့ရောဂါက အသက် ၃၀ ဝန်း ကျင်အမျိုးသမီးတွေမှာ အဖြစ်များ တယ်၊ ကလေးမရ နိုင်တဲ့အ ကြောင်း ရင်းတွေ ထဲမှာ င်္ဖှုံဆ ကြောင့် က ၃၀ ရာခိုင်နှုန်း လောက်သက်ဆိုင် တယ်၊ မမျိုးဥ အိမ်(PCOS)မှာ ရေအိတ် တည်တာကနောက်ဆက်တွဲ ပြဿနာ တွေအနေနဲ့ ရေရှည်မှာ ဆီးချို၊ သွေးတိုး ရောဂါ၊ သွေးတွင်း အဆီ များတာ၊ သားအိမ်ကင်ဆာ ဖြစ်နိုင် ခြေနဲ့လဲဆက်စပ်နေတယ်လို့ ပြောပါတယ်။
မမျိုးဥအိမ်မှာ ရေအိတ်တည် တာကသားဥကြွေတဲ့ အချိန်မှာ အ ဖြစ်များပါတယ်။ တချို့သူတွေမှာ ရေအိတ်ကြောင့် ပုံမှန်ရာသီမလာ ဘဲ နောက်ကျတာရှိသလို သွေး ဆင်းများတာတွေလည်း ဖြစ်လာ ပါတယ်။တချို့ကျတော့ ရေအိတ်ဖြစ် နေမှန်းကို မသိဘူး၊ ရေအိတ်က ကြီးပြီးတင်းလာမှ နာလာမှ၊ ပေါက် ထွက်သွားတာမျိုး၊အထဲမှာ လိမ်သွားပြီးနာလာမှ အရေးပေါ်ခွဲ စိတ်ကုသရတာလဲ ရှိတယ်၊
ရေ အိတ်တည်သူတွေ မှာ ဟော် မုန်းတွေ ပုံမမှန်ဖြစ်ပြီး ရာသီ မမှန်တာ၊ဝက်ခြံ ထွက်တာ၊မျက်နှာ မှာ အဆီတွေထွက်လာတာ၊အမွေး အမျှင်တွေ ထူလာတာ လည်း ရှိပါတယ်။ ဟော်မုန်း ပုံမမှန်ဖြစ်ရတဲ့ အ ကြောင်းရင်းများစွာထဲမှာ စိတ် ဝင် စားစရာက ဥပမာ- မွေးမြူရေး ဝက်တွေ စားသုံးတာနဲ့လည်း ဆက် စပ်နေတယ်လို့ ယူဆတယ်။ မွေုးမြူ ရေးဝက်တွေကပုံမှန် တစ်နှစ် လောက် နဲ့ ကြီးထွားရမှာကို အခု နောက်ပိုင်း ခြောက်လနဲ့ အ မြန် ကြီးထွားအာင် ဟော် မုန်း ဆေးတွေ ကျွေးလာကြတယ်လို့ ဆို တယ်။အဲသည်ဟော်မုန်းဓာတ် တွေက အမျိုးသမီးရဲ့ မမျိုးဥအိမ်မှာ ရေအိတ်တည်ဖို့ တွန်းအားပေးသလို ဖြစ်လာနိုင် တယ်လို့ ဆိုပါ တယ်။ရေအိတ်တည်တဲ့အခါ အမျိုး သမီးတွေကို အာထရာဆောင်း ရိုက်တာ၊ဟော်မုန်း ဓါတ် စစ်တာတွေလုပ်ပြီး လိုအပ်ရင်သောက်ဆေးပေးတာ ပြုလုပ်ပါတယ်။
ရေ အိတ်အရွယ်အစားက နှစ်စင်တီမီတာ လောက်ဆို စောင့်ကြည့်တာ မျိုးရှိပေမဲ့ ငါးစင်တီမီတာအထက် ရှိနေမယ်။တဖြည်းဖြည်းနဲ့ ကြီး လာမယ်ဆိုရင် ခွဲစိတ်ပြီး ကုသ ရတယ် လို့ သိရတယ်။
အခု နောက်ပိုင်း ဆေးရုံဆေးခန်းတွေ မှာ ဒီလိုမျိုး လူနာတွေအတွေ့ရများ လာတယ်၊အမျိုးသမီးတွေအနေနဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲရမယ်၊ စိတ်ဖိစီးမှု နည်း အောင်နေရမယ်၊ လေ့ကျင့်ခန်း ပုံမှန် လုပ်သင့်တယ်၊ ကိုယ့်မှာ ရှိတဲ့ ကိုယ်အလေးချိန်ရဲ့ ငါးရာခိုင်နှုန်း လောက် ချဖို့ လို တယ်၊ အဝမလွန် စေနဲ့၊ နောက်ဓာတုဆိုးဆေး၊ပလတ်စတစ်၊ဟော်မုန်းဆေး၊ တာ ရှည်ခံဆေးတွေ ပါတဲ့ အစားအစာတွေ ကို တတ်နိုင်ရင် ရှောင်ရမယ်လို့ အ ကြံပြုပါတယ်။
to
ကျန်းမာရေးနဲ့ အမျိုးသမီး - သုတအဖြာဖြာ page
from
ဒေါက်တာဖြိုးဇော်
အပူများခြင်းကြောင့် ချောင်းခြောက် (ချွဲမပါ) ဆိုးတဲ့အခါ လည်ချောင်း ယားယံတာ လည်ချောင်းနာတာ၊ လည်ချောင်းခြောက်တာတွေပါ တွဲပြီးဖြစ်ပွားတတ်ပါတယ်။
ချောင်းခြောက်ဆိုးခြင်းကို သက်သာစေဖို့ dextromethophan ပါဝင်တဲ့ ချောင်းဆိုးပျောက်ဆေးကို တစ်နေ့ (၂)ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
သာမန်အပူများလို့ ချောင်းဆိုးခြင်းမျိုးအတွက် နည်းလမ်းများ
(၁) ရေများများသောက်ပါ
(၂) Humidifier သုံးပါ
(၃) ချောင်းဆိုးပျောက်ငုံဆေး ငုံပါ
(၄) ဆားရည်နဲ့ပလုတ်ကျင်းပါ
(၅) ရေနွေးသောက်ပါ
(၆) ရေနွေးငွေ့ရှူပါ
သတိပြုရန် - ချောင်းဆိုးခြင်းက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တာကြောင့် ချောင်းဆိုးနေစဥ် ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခါးနာခြင်း၊ အသက်ရှူကြပ်ခြင်း၊ အသက်ရှူစဥ် တရွှီရွှီမြည်ခြင်း စတာတွေပါ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့သွားရောက်ပြသပြီး စစ်ဆေးကုသမှု ခံယူရမှာဖြစ်ပါတယ်။
Credit- Dr. Aye Myat Mon
Gout ဂေါက်ရောဂါ Uric acid ဓာတ်များရင်ဖြစ်ပါတယ်။
ရောဂါလက္ခဏာက ခြေမအရင်းနှင့် ဒူးခေါင်းမှာ အဆစ် တစ်ခု သို့ နှစ်ခု ရောင်ပီး နာတယ်။
🚫 Cells ဆဲလ်များသော ရှောင်ရမယ့် အစာတွေက
- Red meat (အမဲသား၊ ဝက်သား၊ဆိတ်သား)
- ဝမ်းတွင်းသား ကလီဆာတွေ
- အစေ့အဆံတွေ ၊ အညွန့်အငြှောင့်တွေ (ပဲပင်ပေါက်၊ပဲအမျိုးမျိုး)
- အရက်၊ ဘီယာ
- ငါးဥ🚫
အဆစ်ဆိုတာ အရိုးနှစ်ခုရဲ့ အဆုံးတွေကို အရွတ်တွေ ကြွက်သားတွေနဲ့ တွဲဆက်ထားပါတယ်။
Uric acid ဆိုတာက အဆစ်တွေမှာစုရတာကိုကြိုက်ပါတယ်။
ခန္ဓာကိုယ်ထဲမှာ Uric acid များလာတော့ အဆစ်တွေမှာ သွားစုပါတယ်။
Uric Acid ကအပ်သေးသေးလေးတွေနဲ့တူတယ်။အပ်တွေလာစိုက်နေလို နာပီးရောင်နေတော့ သွေးဖြူဥတွေ က ရန်သူလာတယ် ဆိုပြီး အဲ့ဒီအဆစ်ကို ဝိုင်းပြီးတိုက်ခိုက်ကြပါတယ်။အဲ့တော့ အဆစ်က ရောင်သထက်ရောင် နာသထက်နာ နေပါတော့တယ်။
- ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုဖြစ်တော့ အဖျားနည်းနည်းရှိတတ်ပါတယ်
👉 ဘာလို့ Uric acid က များရတာလဲ !!!
၁။ စားတာများရင်
၂။ စွန့်ထုတ်တာ နည်းရင်
၁။ Cells ဆဲလ်ထဲမှာ Nucleus ရှိလို့ ဆဲလ်များရင် နယူကလီရက်စ် ကများတယ် ။ Nucleus ထဲက Nucleuic acid က ခန္တာကိုယ်ထဲမှာ Uric acid အဖြစ်ပြောင်းတယ်။ ဆဲလ်များတဲ့အစားအစာများရှောင်ရမယ်။
၂။ Uric acid စွန့်ထုတ်တာနည်းရင်
ဥပမာ - ဆီးဆေးသောက်နေရတဲ့သူတွေပေါ့
အဲ့ဒီလူတွေမှာ Uric acid များပါတယ်။
💉 ဆေးထိုး၊ 💊 ဆေးစားလိုက်ရင် သက်သာသွားပါတယ်။
ခဏ ခဏ ဖြစ်ရင် အဆစ်တွေပျက်စီးပါမယ်။ကျောက်ကပ်မှာကျောက်တည်ပါမယ်။
Gout က ဖြစ်ဖူးထားရင် ကိုယ့် Life style ကို မပြင်ရင် ပြန်ဖြစ်တတ်ပါတယ်။
ဒူးခေါင်း စတဲ့ အဆစ်တစ်ခုပဲ ရောင်ရင် တခြားဖြစ်တတ်တာ (၂) ခုရှိပါသေးတယ်
- Septic arthritis (အဆစ်ထဲပိုးဝင်တဲ့ရောဂါ)
- Hemarthrosis ( သွေးရောဂါတစ်မျိုး)
Credit Dr ဘုန်းစည်သူလွင်
Amoxicillin အမောက်စလင် သည် ပိုးသတ်ဆေးဖြစ်သည်။ သတိပြုရန် - Penicillin ပင်နယ်စလင် ဆေးနှင့်မတည့်လျှင် Amoxicillin ကို မသောက်ရပါ။
ချောင်းဆိုးသလိပ်ဝါထွက်လျှင် တနေ့၃ကြိမ် ၅ရက်သောက်ရန်
Credit- ဒေါက်တာ ဖြိုးဇော်
Amoxicillin is a newer version of penicillin that covers more types of bacteria. Amoxicillin and penicillin are both antibiotics in the penicillin class.
Having an allergy to penicillin means you must avoid all medications in this class of antibiotics including medications like Amoxicillin, Augmentin, and Ampicillin.
#အကြောထုံးခြင်း ( Varicose Veins )
****************
အကြောများဆိုင်းပြီး သွေးကြောပိတ်ဆို့ရောင်ရမ်းလာခြင်းကို ဆေးပညာအရ varicose veins လို့ခေါ်ပါတယ်.. များသောအား ဖြင့် ခြေသလုံး ခြေမျက်စေ့ နဲ့ ခြေထောက်တစ်ခွင်မှာ ဖြစ်လေ့ရှိပြီး
သွေးကြောအဆို့ရှင်များအားနည်း၍ ကောင်းစွာအလုပ်မလုပ်နိုင်ခြင်း လှုပ်ရှားမှုနည်းလို့ သွေးလည်ပတ်မှုနည်းခြင်း နဲ့ ခန္ဓာကိုယ်ဖိအားကို ခြေထောက်ကမတန်တဆခံရခြင်းစတာတွေကြောင့် ဒီရောဂါဖြစ်လာပါတော့တယ်..
အဲဒီလိုပိတ်ဆို့ခြင်းက ကြီးကြီးမားမားပြဿနာမဟုတ်ပေမယ့် လွန်ကဲစွာ အကြောထုံးလာခဲ့ရင်တော့ နောက်ဆက်တွဲရောဂါအန္တာရာယ်များဖြစ်ပေါ်လာစေပါတယ်..
အလှုပ်အရှားနည်းသည့် သက်ကြီးရွယ်အိုများ၊ အရွယ်မတိုင်မီအ၀လွန်သူများ နှင့် ကိုယ်၀န်ဆောင်အမျိုးသမီးများ ဖြစ်လေ့ရှိပါတယ်.. မျိုးရိုးရှိလို့ဖြစ်တာမျိုးလည်းရှိပါတယ်..
ရောဂါလက္ခဏာများကတော့
(၁)ခြေထောက်ရောင်ကိုင်းခြင်း
(၂) သွေးကြောများယားယံခြင်း
(၃) အရေပြားအရောင် ပြောင်းလဲသွားခြင်းတို့ဖြစ်ပါတယ်..
အနေအထိုင်ဆင်ခြင်ပါ✅
(၁) ကောင်းစွာသွေးလည်ပတ်စီးဆင်းခြင်းက အကြောထုံးဝေဒနာ (လုံး၀)မဖြစ်စေနိုင်ပါ။ ထို့ကြောင့် လမ်းများများလျှောက်/ခပ် ဖွဖွပြေး/စက်ဘီးစီး/ရေကူး စသည့်လေ့ကျင့်ခန်း တစ်ခုခုကို နာရီ၀က်(သို့မဟုတ်)၄၅မိနစ်ခန့် နေ့စဉ် ပုံမှန်လုပ်ပေးခြင်း ဖြင့် သွေးလည်ပတ်မှုကောင်းစေသည့်အပြင် ကိုယ်အလေးချိန်ပါကျစေပါတယ်..
(၂) ကြာမြင့်စွာ မတ်တပ်ရပ်အလုပ်လုပ်ခြင်းက ခြေထောက်ကို၀န်ပိစေပြီး၊ အကြောထုံးလာစေလို့သတိပြုပါ..
(၃) ခုံပေါ်မှာအကြာကြီးထိုင်၍အလုပ်လုပ်ခြင်း၊ တီဗွီကြည့်ခြင်း (သို့မဟုတ်)ကွန်ပြူတာကြာမြင့်စွာသုံးခြင်း၊ ခြေထောက်၂-ချောင်းချိပ်ထိုင်ခြင်း၊ ပေါင်ပေါ်သို့လေးလံသောပစ္စည်းတင်၍ ထိုင်ခြင်း စသည်တို့က သွေးလည်ပတ်မှုကို တားဆီးပိတ်ဆို့စေပါတယ်..
(၅) ဒေါက်မြင့်ဖိနပ်စီးပြီး ခရီးဝေးလမ်းလျှောက်ခြင်း(သို့မ ဟုတ်)မတ်တပ်ရပ်ခြင်းကလည်း သွေးကြောပိတ်ဆို့စေနိုင်ပါတယ်..
(၆) မိမိခြေထောက်ထက်သေးငယ်သည့် ဖိနပ်စီးခြင်း၊ ခြေ အိပ်သေးသေး၀တ်ဆင်ခြင်း တို့ကလည်း ခြေထောက်သွေးကြောထုံးစေတဲ့ ပြဿနာတွေပါပဲ..
(၇) တခါတရံမှာ အကြောထုံး များက သည်းမခံနိုင်လောက်အောင်ယားယံစေသော်လဲ၊ ကုတ်ခြစ်ခြင်းမပြုပါနဲ့.. သွေးထွက်အနာဖြစ်စေပါတယ်..
အစားအသောက်ဖြင့်ထိန်းပါ✅
(၁) သကြား၊ အချိုကဲသောအစားအစာများ၊ ရေခဲမုန့်၊ ဆီကြော်မုန့်များ၊ အဆီများသောအစားအစာများ၊ တိရိစ္ဆာန်မှရသော အ ဆီအနှစ်များ၊ ပြန်လည်ပြုပြင်ထားသောအသင့်စား အစားအစာများ၊ ဆား နှင့် ငန်သောအစားအစာများ…စသည်တို့ကိုရှောင်ပါ (သို့မဟုတ်)အနည်းငယ်သာစားပါ..
(၂) ဆေးလိပ် နှင့် အရက်ကိုတတ်နိုင်သလောက်ရှောင်ပါ..
(၃) ငါးများများစားပါ..
(၄) ပဲပိစပ်၊ ကြက်သွန်နီ၊ ဂျင်း တို့က သွေးလည်ပတ်မှုကိုများစွာကောင်းးကျိုးပြုပါတယ်..
(၅) နာနတ်သီး၊ ချယ်ရီသီး နှင့် ဘယ်ရီသီး တို့က အကြောထုံးပိတ်ဆို့ခြင်းအတွက် အကောင်းဆုံးဓာတ်စာများဖြစ်ကြပါတယ်..
(၆) ၀မ်းချုပ်ခြင်းက အကြောထုံးခြင်းနှင့် ပတ်သက် ဆက်နွယ်နေတာမို့၊ ၀မ်းမချုပ်အောင် အမျှင်ဓာတ်များသောအစားအစာများစားပေးပါ..
(၇) မုန်လာဥနီနှင့်ဟင်းနုနယ်ကိုတွဲ ဖက်စားပေးခြင်းဖြင့်၊ ၄င်း ၂-မျိုးဓာတ်ပြုခြင်းက အကြောထုံးရောဂါကို ဆေးစွမ်းထက်မြတ်စေပါတယ်..
လွယ်ကူသက်သာအိမ်တွင်းကုထုံး
****************************
(၁) #ခရမ်းချဉ်သီးစေ့ ထဲမှာ salicylic acid ပါဝင်တာကြောင့် သွေးကြောပိတ်ခြင်းတွေ မဖြစ်အောင် တားဆီးကာကွယ်ပေးပြီး သွေးလည်ပတ်မှု အားကောင်းစေပါတယ်.. နောက်ပြီး အရေပြားအတွင်းထဲထိ စိမ့်ဝင်နိုင်တာကြောင့် သွေးကြောထုံးနေတာတွေကိုလည်း ပြန်လည်ကောင်းမွန်လာစေပါတယ်..
အသုံးပြုနည်းကတော့
ခရမ်းချဉ်သီး(၂)လုံးကို ကြိတ်ချေလိုက်ပါ..
ကြေညက်သွားပြီ ဆိုရင်တော့ အကြောထုံးနေတဲ့ နေရာကို လိမ်းပေးလိုက်ရုံပါပဲ..
ပူစပ်စပ်လေးခံစားလာရပြီဆိုရင် ရေအေးအေးလေးနဲ့ဆေးချပေးပြီး တစ်နေ့ကို (၄) ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်.. တစ်ပါတ်လောက်မှန်မှန်လိမ်းပေးရင် ပျောက်ပါပြီ..
(၂) #ဂေါ်ဖီထုပ် ဟာလည်း ဗီတာမင် B1, B6, K, E, နဲ့ C ပါဝင်ရုံသာမက သတ္တုဓာတ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်.. ဒါကြောင့် သွေးကြော ပိတ်တာတွေကို ကာကွယ်ပေးပြီး သွေးကြောထုံးတွေကို ပျောက်ကင်းစေပါတယ်..
အသုံးပြုနည်းကတော့
ဂေါ်ဖီရွက် (၃)ရွက်ကိုယူပြီး သေးသေးလေးတွေ ဖြစ်အောင်လှီးလိုက်ပါ..
ပြီးရင် ကြိတ်စက်ထဲ ထည့်ကြိတ်ပါ..
ပြီးရင်တော့ ရလာတဲ့အရည်ကို ယူပြီး တစ်နေ့(၃)ကြိမ် အကြောထုံးတွေ အပေါ်မှာ လိမ်းပေးလိုက်ပါ.. တစ်ပါတ်လောက်တော့ လိမ်းပေးရပါမယ်..
ဒါမှမဟုတ်..
(၃) #ပန်းသီးရှာလကာရည် ကလည်း အကြောအထုံးများကိုပြေပျောက်စေလို့ မကြာခဏလိမ်းပေးပြီး ကုသလို့ရပါတယ်..
(၄) Varicose Vein Cream လို့ခေါ်တဲ့ လိမ်းဆေးကို နီးစပ်ရာဆေးခန်းမှမေးဝယ်ပြီး အညွှန်းအတိုင်းလိမ်းပေးရပါမယ်..
(၅) နာကျင်မှုသက်သာစေရန် နှင့် သွေးလည်ပတ်မှု ကောင်းစေရန်အတွက် ရေအေးအေးဖြင့် အကြောအထုံးများပေါ်သို့ မကြာခဏလောင်းချပေးပါ..
သာမန်အကြောထုံးခြင်းကို အနေအထိုင်အစားအသောက်နဲ့ အိမ်တွင်းကုထုံးများနဲ့ ကုသခြင်း ထိန်းထားခြင်း ပြုလုပ်နိုင်ပေမယ့်
သာမန်ထက်ဆိုးရွားလာရင်တော့ လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ပြီး ရောဂါအတိမ်အနက်ပေါ်မူတည်ပြီး
(၁) လေဆာပစ်ခြင်း
(၂) ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း
(၃) Catheterထည့်၍ကုသခြင်း
(၄) ခွဲစိပ်ခြင်း
စသဖြင့် ကုသမှုခံယူသင့်ပါတယ်နော်..
Credit to original writer
Fatty Liver Disease (FLD) အသည်းအဆီဖုံးခြင်း
အသည်းအဆီဖုံးခြင်းကို Hepatic Steatosis လို့လည်းခေါ်တယ်။ အသည်းအဆီဖုံးရောဂါသည် အရေအတွက်ဟာ လူအားလုံးပေါင်းရဲ့ ၁ဝ-၂၄% ရှိတယ်။ အဝလွန်သူတွေထဲမှာ ၇၅% က ဒီလိုဖြစ်နေမယ်။ အရက်မသောက်သူတွေက ၃၅% ရှိတယ်။ အသည်းမှာအဆီလာဖုံးနေတဲ့ရောဂါ ကလေး-လူကြီး၊ ယောက်ျား-မိန်းမအားလုံးမှာ ဖြစ်နိုင်တယ်။ အသည်းမှာအဆီတွေ လိုတာထက် ပိုစုဝေးလာရင် အသည်း (ဆဲလ်) တွေဟာ နေရာဖယ်ပေးလိုက်ရမယ်၊ သူတို့လုပ်ရမဲ့ အဆိပ်အတောက် ဖယ်ရှားရေးကို အရင်လိုမလုပ်နိုင်တာ ဖြစ်လာတယ်။
(ဖက်တီး-လစ်ဗာ) ဘာလို့ဖြစ်သလဲ၊ အမျိုးမျိုး ဖြစ်နိုင်တယ်။ ရောဂါဗေဒအရပြောရရင် ကိုယ်ထဲက တခြားနေရာတွေက အဆီတွေ အသည်းမှာလာစုနေလို့၊ အူထဲကအဆီကိုအသည်းကနေများများစုပ်ယူလို့၊ အသည်းကနေ အဆီကို ချေဖျက်တာ သိပ်မလုပ်နိုင်လို့။ ဒါပေမဲ့ အဆီများများစားတိုင်း အသည်းမှာအဲလိုအဆီမများစေပါ။
●ဘာလို့ဖြစ်ရသလဲ
အရက်၊ အဝလွန်တာ၊ အစာငတ်ခံတာ၊ ဆီးချို၊ (စတီရွိုက်ဆေး)၊ Carbon tetrachloride နဲ့ Yellow phosphorus အဆိပ်သင့်ခြင်း၊ Cushing's syndrome ရောဂါ နဲ့ Hyperlipidemia သွေးထဲမှာအဆီများရောဂါတွေကနေ ဖြစ်လာစေနိုင်တယ်။ Microvesicular fatty liver ဆိုတဲ့ အသည်းအဆီများနေတာမျိုးကတော့ Valproic acid နဲ့ မသင့်တာ၊ (တက်ထွာဆိုက်ကလင်း) ဆေးများတာ၊ ရက်လွန်တာနဲ့ ကိုယ်ဝန်ဆောင်တာတွေကနေ ဖြစ်စေနိုင်တယ်။
Amiodarone, Methotrexate, Diltiazem, Highly active antiretroviral therapy, Glucocorticoids, Tamoxifen, Phosphorus, Mushroom poisoning ဆေးတွေကြောင့်လဲ ဖြစ်စေနိုင်တယ်။ Inflammatory bowel disease, HIV, Hepatitis C (genotype 3), Alpha 1-antitrypsin deficiency ရောဂါတွေနဲ့လဲဆက်ဖြစ်နိုင်တယ်။
အရက်နဲ့ ဆက်ဖြစ်တာကို Alcoholic steatosis ခေါ်တယ်။ အရက်မဟုတ်တာကို Non-alcoholic fatty liver disease ခေါ်တယ်။ အရက်ကနေဖြစ်စေတဲ့ ပိုဆိုးတာကို Alcoholic steatohepatitisနဲ့ Non-alcoholic steatohepatitisလို့ ခေါ်တယ်။ အရက်ကြောင့် မဟုတ်တာဟာ Metabolic syndrome ခေါ်ပြီး Diabetes ဆီးချို၊ Hypertension သွေးတိုး၊ Obesity အဝလွန်ခြင်းနဲ့ Dyslipidemia သွေးထဲအဆီများရောဂါအပြင် တခြားရောဂါတွေကနေ ဖြစ်စေနိုင်တယ်။ Hepatitis အသည်းရောင်တာနဲ့ တွဲနေသူလဲရှိတယ်။
လူအတော်များများ အသည်းအဆီဖုံးရောဂါ ရှိနေပေမဲ့ လူကောင်းလိုနေကြသေးတယ်။ စမ်းသပ်တဲ့အခါ အသည်း ကြီးနေတာ တွေ့ရနိုင်တယ်။ အသည်းလုပ်ငန်းကိုသိဘို့ သွေးစစ်ရင် Alanine transaminase (ALT) နဲ့ Aspartate aminotransferase (AST) ခေါ်တဲ့ အသည်းမှာ (အင်ဇိုင်းမ်) တွေ များနေမယ်။ (ALT) နဲ့ (AST) (အင်ဇိုင်းမ်) တွေ များနေတာကအသည်းရောဂါ ရမှသာ ဖြစ်တာမဟုတ်ပါ။ ကြွက်သားရောဂါ ကြောင့်လဲရစေတယ်။ CT scan နဲ့ MRI လုပ်ရင် ပိုသိနိုင်တယ်။ Liver biopsy အသည်းက အသားစထုတ်ယူစစ်ဆေးမှ ရောဂါရှိတာသေချာမယ်။
●ရောဂါလက္ခဏာများ
• အသည်းနေရာတချို့မှာနာနေတယ်။ သူ့ကိုဖိကြည့်ရင် နာမယ်။
• အားယုတ်မယ်။ အစားပျက်မယ်။
• အသား-ဆီးဝါနေမယ်။
• ကိုယ် (ဗိုက်-ခြေထောက်) ရောင်နိုင်တယ်။
●သတိပြုရန်
•ဆရာဝန်ထံသို့သွားရောက်ပြသပါ။ဆရာဝန်ညွှန်ကြားချက်အတိုင်းလိုက်နာဆောင်ရွက်ပါ။✅
ပိုဆိုးလာရင် အသည်း (ဆဲလ်) တွေ သေတော့ အမာရွတ် ဖြစ်တာကြောင့် အသည်းခြောက် ရောဂါ ဖြစ်လာမယ်။ ပြန်မကောင်းတော့ပါ။ အသည်းအစားထိုးရမယ်။
ဆေးမကုဘဲနေရင် တချိန်မှာ ဦးနှောက် ထိခိုက်တာ ဖြစ်လာနိုင်တယ်။
အရက်ကြောင့်ဖြစ်တဲ့ အသည်းခြောက်နေသူတွေထဲက ၁ဝ% ဟာတချိန်မှာ အသည်းကင်ဆာ ဖြစ်လာနိုင်တယ်။
အရက်ကြောင့်မဟုတ်ပဲဖြစ်ရတဲ့ အသည်းအဆီဖုံးရောဂါကနေ အသည်းရောဂါမဖြစ်တာ ၈ဝ% ရှိတယ်။ ၂ဝ% ကတော့ (NASH) ဖြစ်မယ်။ အဲဒီ NASH ထဲက ၂ဝ-၃ဝ% ဟာ အသည်းခြောက်တာနဲ့ အသည်းမကောင်းတော့တာတွေ ဖြစ်လာနိုင်တယ်။
ဘာလို့ဖြစ်သလဲကိုသိမှ ကုသတာမှန်မယ်။ ရိုးရိုးအသည်းအဆီဖုံးတာကို ကုစရာမလိုပါ။ Steatosis ကြောင့်ဖြစ်ရင် ပြန်ကောင်းနိုင်တယ်။ ဖြစ်လာမှတော့ နဂိုလို ပြန်မရောက်နိုင်တာများတယ်။ ရောဂါဖြစ်နေတာ နှေးအောင် လုပ်လို့တော့ ရတယ်။ အစောပိုင်းအဆင့် အစားအသောက် ဆင်ခြင်တာ၊ လူနေပုံ ပြင်တာနဲ့ ပြန်ကောင်းနိုင်တယ်။
●လိုက်နာရန်အချက်များ
• ကိုယ်အလေးချိန် လျှော့ချပါ။
• ကိုယ်လက်-လေ့ကျင့်ခန်းလုပ်ပါ။
• အဆီလျှော့စားပါ။ အချိုပါ လျှော့စားပါ။
• အရက်ဖြတ်ပါ။
• ဆားခါး၊ ဗီတာမင် စီနဲ့ အီးတွေကအထောက်အကူပေးနိုင်တယ်။
• ဆန်လုံးညို၊ သိပ်ဖြူစင်အောင်ချွတ်မထားတဲ့ အစေ့အဆီတွေကကောင်းတယ်။
•အသီးတွေနဲ့ အသီးအရွက်တွေကိုနေ့တိုင်းစားပါ။
•နွားနို့ထဲမှာအဆိပ်ပျယ်ဓါတ်ပါလို့ ကောင်းတယ်။
•(စတိရွိုက်)ဆေး၊ ကြီးထွားဆေး၊ ပဋိဇီဝဆေးတွေ မပါတဲ့ အသားငါးသာရွေးစားပါ။
•ရေများများသောက်ပါ။
●ရှောင်ရန်အချက်များ
•Phytic acid ပါနေလို့ ဂျုံကမကောင်းပါ။
• ပေါင်မုံ့ဖြူ၊ ကြက်ဥခေါက်ဆွဲ၊ ကိတ်မုံ့၊ သွားရည်စာတချို့တွေကိုရှောင်ပါ။
• ကြာကြာကျော်ထားတဲ့အစာတွေ၊ နှစ်ခါပြန်ကြော်တာတွေ၊ အဆီများအစာတွေ၊ စက်ရုံကနေ ပြုပြင် ထုပ်ပိုးထားတဲ့ အစာတွေ ရှောင်ပါ။
• ဝက်အူတောင့်၊ (ဟော-ဒေါ့ခ်) မတည့်ပါ။
• ကြက်ဥနည်းနည်းသာစားပါ။
• အချိုရည်၊ ကော်ဖီ၊ အရက်ပါအရည်တွေ မတည့်ပါ။
• အမဲသား၊ ဝက်သားနဲ့စာရင် ကြက်သားကတော်သေးတယ်။
ဗိုက်ဖေါင်းတာဟာ ဖျင်းခေါ် ဗိုက်ထဲမှာ အရည်ပိုတွေအောင်းတာဖြစ်တယ်။ လိုအပ်ရင်ဖေါက်ထုတ်ရတယ်။ ဆေးတွေလိုမယ်။ ဗီတာမင် ဘီ-၁ နဲ့ တခြားဗီတာမင်တွေလိုနိုင်တယ်။ ပိုတက်ဆီယမ်ဓါတ်ဆား လိုနိုင်တယ်။ ဆီးသွားစေတဲ့ဆေးလိုနိုင်တယ်။ အနာသက်သာဆေး လိုနိုင်တယ်။
Credit ဒေါက်တာတင့်ဆွေ
Ischemic Heart Disease နှလုံးသွေးကြောကျဉ်းရောဂါ
နှလုံးဟာ ခန္ဓာကိုယ်တခုလုံးကို သွေးလည်ပတ်စီးဆင်းဖို့ လုပ်ဆောင်ပေးတဲ့ သွေးညှစ်စက်တခုပဲဖြစ်ပါတယ်။ လူ့သက်တမ်း တလျှောက်လုံး မရပ်မနား စည်းချက်မှန်မှန် အချိန်ပြည့် လုပ်ဆောင်နိုင်အောင် နှလုံးကြွက်သားအတွက် အောက်စီဂျင်နဲ့ အာဟာရကို နှလုံးသွေးကြော (ကိုရိုနရီ) များက ထောက်ပံ့ပေးနေရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နှလုံးသွေးကြောများဟာ ကျဉ်းမြောင်းလာပြီး နှလုံးကြွက်သားအတွက် အောက်စီဂျင်နဲ့ အာဟာရကို လုံလောက်စွာ မထောက်ပံ့နိုင်တော့တဲ့အခါ နှလုံးသွေးကြောကျဉ်း လက္ခဏာများ ပေါ်ပေါက်လာပါတယ်။
နှလုံးသွေးကြော ကျဉ်းစေသော အဓိက အချက်(၃)ချက်မှာ
(၁) သွေးတိုးရောဂါ (Hypertension)
(၂) သွေးတွင်း ကိုလက်စထရော များခြင်း (Hypercholesterolaemia)
(၃) ဆေးလိပ်သောက်ခြင်းတို့ဖြစ်ပါတယ်။
နှလုံးသွေးကြော ကျဉ်းစေသော အခြား အကြောင်းများကတော့ ဆီးချိုသွေးချိုရောဂါ၊ စိတ်ဖိစီးမှုများခြင်း၊ အဝလွန်ခြင်း၊ လှုပ်ရှားမှုနည်းသော ထိုင်၍ အလုပ်လုပ်ကိုင်ရခြင်းတို့ဖြစ်ပါတယ်။
အဲဒီအကြောင်းတွေကြောင့် သွေးကြောရဲ့ အတွင်းနံရံဟာ အနည်ကျ စုပုံ ထူအမ်းလာပြီး ကျဉ်းမြောင်းလာတယ်။ အနည်ကျ စုပုံတဲ့အထဲမှာ ကိုလက်စထရော၊ ကယ်လ်စီယမ်၊ ဆဲလ်သေအစအနတွေ၊ သွေးမွှားဥများများပါတယ်။ အနည်ကျစုပုံခဲဟာ သွေးကြောနံရံမှ ပြုတ်ထွက်ပြီး သွေးကြောတနေရာမှာပိတ်တတ်တယ်။ နှလုံးသွေးကြောမှာ ပိတ်မိရင် နှလုံးပုပ်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ရင် လေဖြတ်ခြင်း (Stroke)၊ ခြေလက်ရှိသွေးကြောများ ပိတ်ရင် နာကျင်ခြင်း၊ အသားပုပ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
Angina Pectoris နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာများ
ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ် အလယ်တွင် တင်းကျပ်စွာ ခံစားရခြင်း၊ လေးလံနေခြင်း၊ ရင်ပူခြင်း ရံဖန်ရံခါ ဘယ်ဘက် ပုခုံးနဲ့ ဘယ်ဘက်လက်မောင်း၊ လည်ပင်းနှင့် မေးစေ့တဝိုက် ပြန်နှံ့နာကျင် တတ်တယ်။ ရင်ဘတ်အောင့်ခြင်းဟာ ရုတ်တရက် ပြေးလွှားခြင်း၊ အားစိုက်အလုပ် လုပ်ရခြင်းကြောင့် ဖြစ်ပေါ်တတ်ပြီး အများအားဖြင့် စက္ကန့် (၃ဝ) ကနေ (၅) မိနစ်ထိ ကြာတတ်တယ်။ အသက်ရှူမြန်ခြင်း၊ အသက်ရှူကြပ်သကဲ့သို့ ခံစားရခြင်း၊ မူးဝေလာခြင်း၊ ပျို့အန်ခြင်း၊ အလွန်အမင်း ချွေးထွက်လာခြင်း၊ ရင်ဘတ်အောင့်ခြင်း မသက်သာပါရင် နှလုံးသွေးကြောပိတ်ခြင်း (Heart Attack) ဖြစ်နိုင်တယ်။
ရောဂါစမ်းသပ်စစ်ဆေးချက်များ
• Exercise Electrocardiogram (ECG) ရိုက်ခြင်း၊
• Cardiac Catheterization ပိုက်အသေးစား တမျိုးအား ခြေထောက် (သို့) လက်မောင်း သွေးကြောမှတဆင့် နှလုံးသွေးကြောသို့ ရောက်အောင်လုပ်ပြီး ဆိုးဆေးတမျိုး ထုတ်လွှတ်ပြီး ဓါတ်မှန်ရိုက်ကြည့်ခြင်း၊
• ရင်ဘတ်ဓါတ်မှန် ရိုက်ခြင်းဖြင့် နှလုံးအခြေအနေကို ကြည့်ခြင်း၊
• သွေးတွင်း ကိုလက်စထရော စစ်ဆေးခြင်း၊ ဆီးချိုသွေးချို စစ်ဆေးခြင်း၊ တို့ ပြုလုပ်ရန် လိုအပ်တယ်။
ဆေးဝါးတွေကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိုက်နာသောက်သုံးပါ။
လိုက်နာရမည့်အချက်များ
တိရိစ္ဆာန်အဆီများ၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ကြက်ဥ၊ မလိုင်ပါ နွားနို့နှင့် နို့ထွက်ပစ္စည်းများစတဲ့ ကိုလက်စထရော ကြွယ်ဝတဲ့အစားအစာတွေကိုရှောင်ပါ။
ဟင်းသီးဟင်းရွက်အသီးအနှံများ၊ မလိုင်ထုတ်ထားတဲ့နွားနို့၊ ငါး၊ ကြက်ဘဲအသား၊ ဂျုံ၊ ပြောင်း၊ လူးဆပ်၊ အနှံများ စားသုံးပါ။ သဘော်သီးမှည့် စားသုံးပါ။
ဆေးလိပ်ဖြတ်ပါ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ပါ၊ သွေးတိုးနဲ့ ဆီးချို ရောဂါရှိရင် စနစ်တကျကုသနေပါ၊ စိတ်ဖိစီးမှုတွေကို ရှောင်ကြဉ်ရန်။ ကိုယ်အလေးချိန် လျှော့ချပါ။
Credit Dr Tint Swe
Pr*****ed Intervertebral Disc အရိုးကြားအရိုးနု ကျွံခြင်း
Pr*****ed Intervertebral Disc (Slipped Disc) လို့ခေါ်တယ်။ အရိုးကြားအရိုးနု ကျွံတာ။ အရိုးအထူးကုဆရာဝန်နဲ့ ပြသ ကုသသင့်တယ်။
လည်ပင်းနဲ့ ခါးမှာ ဖြစ်နိုင်တယ်။ အဲတာလေးတွေက အရိုးမာတခုခုနဲ့တခုကြား ကွတ်ရှင်လိုခံထားတာလေးတွေ။ အကြောင်းတခုခုကြောင့် နောက်ကိုကျွံနိုင်တယ်။ ကျွံတာကနေ အနားမှာရှိတဲ့ အာရုံကြောကို ဖိမိနိုင်တယ်။ အာရုံကြောဆိုင်ရာ ခံစားရတာတွေရှိမယ်။
အဲတာလေးတွေက အရိုးမဟုတ်။ ဖိုက်ဘရပ််စ် တစ်ရူးခေါ်တယ်။ အဝိုင်းပြားလေးတွေ။ ဂျဲလ်လိုပဲ။ ခါးရိုးဆစ်တွေ ကြားတိုင်းမှာ အာရုံကြောတွေထွက်တယ်။ ဖိခံထားရတဲ့ အာရုံကြောတလျှောက် နာမယ်။
ထိခိုက်လို့မဟုတ်ပဲ အသက်ကြီးလာသူတချို့မှာလည်း ဖြစ်တယ်။
တချို့ နားနေရင်း ၄-၆ ပတ်လောက်နဲ့ သက်သာသွားနိုင်တယ်။ အနာသက်သာဆေးတခုခု လိုမယ်။ အပူကပ်နည်း၊ အပူတလှည့် အအေးတလှည့်ကပ်နည်းလည်းလုပ်နိုင်တယ်။ တချို့မှာ ခွဲစိတ်ကုသမှုလိုတယ်။ အရိုးအထူးကုဆရာဝန် ညွှန်ကြားထားသော စားဆေးများကို ဆေးပတ်လည်အောင်သောက်ပါ။
Cervical spondylosis ခေါ် ကျီးပေါင်းတက်တာနဲ့ မတူပါ။
Credit Dr Tint Swe
“ဆီးကျိတ်ကြီးခြင်း” ကို ဆေးပညာမှာ “Benign Prostatic Enlargement - BPE” လို့ ခေါ်ပါတယ်။
- Benign = ကင်ဆာမဟုတ်သော
- Prostatic = ဆီးကြိတ်
- Enlargement = ပုံမှန်ထက်ကြီးလာခြင်း
ဘာလို့ Benign လို့ ခွဲခြား ပြောရတာလည်း ဆိုတော့ ဆီးကျိတ်ကြီးခြင်းမှာ “ရိုးရိုး/ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်း” နဲ့ “ဆီးကျိတ်ကင်ဆာ” ကို ခွဲခြားဖို့လိုလို့ ဖြစ်ပါတယ်။
အခုမျှဝေပေးမှာကတော့ အသက်ကြီးလာတဲ့ အမျိုးသားတိုင်း တချိန်မှာ ကြုံကိုကြုံရနိုင်တဲ့ “ဆီးကျိတ်ကြီးခြင်း” အကြောင်း ဖြစ်ပါတယ်။
“ဟော်မုန်း” တွေရဲ့ သက်ရောက်မှုများကြောင့် အသက် (၄၀) ကျော်လာတဲ့ အမျိုးသားတွေမှာ ဆီးကျိတ်ရဲ့အရွယ်အစား (ထုထည်) ဟာ ၁ နှစ်ကို ၂.၄ ကျုပစ်စင်တီမီတာ (2.4 cm3) လောက် ကြီးလာတာကို တွေ့ရပါတယ်။
ဒါကြောင့် အသက် (၄၀) ကျော်ကစပြီး ကြီးတာတဲ့ ဆီးကျိတ်ကြောင့် အသက် (၈၀) အထက် အမျိုးသားတွေရဲ့ တဝက်လောက်ဟာ “ဆီးကျိတ်ကြီးခြင်း” ကို ခံစားရမှာလို့ ဆိုပါတယ်။
ဆီးကျိတ်ကြီးရင် ဘာလက္ခဏာတွေ ဖြစ်တတ်ပါသလဲ?
- ဆီးကျိတ်ကြီးလာခြင်းကြောင့် ဆီးလမ်းကြောင်းကို ဖိမိကာ ဆီးလမ်းကြောင်းပိတ်ခြင်းရဲ့ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။
- ဆီးစသွားချိန်မှာ အချိန်ကြာကြာယူရခြင်း၊
- ဆီးသွားတဲ့အခါ ဆီးသွားနှုန်း လျော့လာခြင်း၊
- အတင်းညှစ်ကာ ဆီးသွားရခြင်း၊
- ဆီးသွားပြီးသော်လည်း ဆီးကျန်နေသလို ခံစားရခြင်း၊
- ဆီးသွားရတာ အားမရခြင်း တို့ ဖြစ်တတ်ပါတယ်။
- ဆီးလမ်းကြောင်းသည် ဆီးကျိတ်ကြီးလို့ ပိတ်နေတဲ့အခါ ဆီးအိမ်အတွင်း ဆီးကျန်များလာပါတယ်။
- အဲ့လိုအချိန်မှာ
- ဆီးခဏ ခဏ သွားခြင်း၊ (ညဘက်တွေမှာ ပိုပြီး သိသာကာ ဆီးသွားရတဲ့ အကြိမ်ရေ စိပ်လာခြင်း)
- ဆီးသွားချင်ပြီဆို ဆီးကိုမထိန်းထားနိုင်တော့ခြင်း၊ နဲ့
- ဆီးထွက်ကျခြင်း တွေလည်း ဖြစ်နိုင်ပါတယ်။
- အချို့သော လူနာတွေမှာ ရုတ်တရက် ဆီးလုံးဝ မသွားနိုင်တော့ခြင်း ကိုလည်း ကြုံရနိုင်ပါတယ်။
- ဆီးအိမ်အတွင်း ဆီးကျန်များခြင်းကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ကာ “ဆီးကျင်ခြင်း” လည်း ဖြစ်နိုင်ပါတယ်။
“ဆီးကျိတ်ကြီးခြင်း” ကို ဘယ်လို စမ်းသပ်သိရှိနိုင်မလဲ?
- အပေါ်ကပြောခဲ့တဲ့ ရောဂါလက္ခဏာတွေလည်း ရှိနေတယ်၊ အသက်က (၅၀) ကျော် အမျိုးသားလည်း ဖြစ်တယ် ဆိုရင် ဆီး နှင့် ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန် နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
- သက်ဆိုင်ရာ ဆရာဝန်က အာတရာဆောင်း လို့ ခေါ်တဲ့ အသံလှိုင်းသုံး ပုံရိပ်ဖော်စက် (တယ်လီဗေးရှင်း ဓာတ်မှန်) ကို သုံးပြီး ဆီးကျိတ်အရွယ်အစားကို တိုင်းတာဖို့ ညွှန်ကြားမှာ ဖြစ်ပါတယ်။
- ဒီနေရာမှာ “ရိုးရိုး/ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်း” နဲ့ “ဆီးကျိတ်ကင်ဆာ” ကို ခွဲခြား သိရှိနိုင်ဖို့ စမ်းသပ်စစ်ဆေးမှုတွေအပြင် သွေးဖောက်စစ်ဆေးတာတွေလည်း လုပ်ရမှာ ဖြစ်ပါတယ်။
- ဒါမှသာ သက်ဆိုင်တဲ့ရောဂါအတွက် ထိရောက်တဲ့ကုသမှုကို ပေးနိုင်မှာ ဖြစ်ပါတယ်။
ဘယ်လို ဆရာဝန် နဲ့ပြသတိုင်ပင်သင့်ပါသလဲ?
- ကြီးလာတဲ့ ဆီးကျိတ်အရွယ်အစားပေါ်မူတည်ပြီး “သောက်ဆေး” နဲ့ ကုသမှုပေးရတာလည်း ရှိသလို “ခွဲစိတ်ကုသမှု” ပေးရတာလည်း ရှိပါတယ်။
- ဒါ့ကြောင့် အဓိကအားဖြင့်တော့ ဆီး နှင့် ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန်များ (Urologist / Uro-surgeon) နဲ့ တိုင်ပင်ကာ ကုသမှုခံယူရမှာ ဖြစ်ပါတယ်။
- သောက်ဆေးနဲ့ကုသပေမယ့်လည်း ရောဂါလက္ခဏာတွေ မသက်သာတဲ့အခါ ခွဲစိတ်ကုသဖို့ လိုကောင်းလိုလာနိုင်တယ်။
ဘယ်လိုခွဲစိတ်ကုသမှုတွေ လုပ်ရလေ့ရှိပါသလဲ?
- အများအားဖြင့် “ဆီးကျိတ်ကိုခြစ်ထုတ်ခြင်း” - “Transurethral Resection of Prostate - TURB” လုပ်ရလေ့ရှိပါတယ်။
- ဗိုက်ကိုခွဲကာ ဆီးကျိတ်ထုတ်ရတဲ့လူနာကတော့ နည်းပါတယ်။
အခုလောက်ဆို “ဆီးကျိတ်ကြီးခြင်း” ရောဂါအကြောင်း သိသင့်သလောက်သိကြပြီလို့ ထင်ပါတယ်။
Credit ဒေါက်တာစိုးသီဟမောင် ကျန်းမာရေးဆိုင်ရာ
ဗိုက်ဆိုတာ လူ့ကိုယ်မှာ နေရာအများဆုံး ယူထားတယ်။ အထဲမှာ အင်္ဂါတွေကလည်း စုံလှတယ်။ နှလုံးနဲ့ အဆုပ်သာရှိတဲ့ ရင်ခေါင်းအောက်က ဗိုက်ဖြစ်တယ်။ ရင်ခေါင်းနဲ့ ဗိုက်ကို ဒိုင်ယာဖရမ် ခေါ် ကြွက်သား ခုံးခုံးကြီး တခုနဲ့ နယ်နိမိတ် ခြားထားတယ်။ အစာအိမ်၊ အူသိမ်၊ အူမကြီး၊ အစာဟောင်းအိမ်၊ အသဲ၊ ဘေလုံး၊ သည်းခြေအိပ်၊ ကျောက်ကပ်၊ ဆီးပြွန်ဆိုတဲ့ အင်္ဂါတွေရယ် သူတို့နဲ့ တွဲနေတဲ့ သွေးကြောတွေ၊ (လင့်ဖ်) ကြောတွေ၊ အာရုံကြောတွေ၊ အမြှေးတွေ ရှိကြတယ်။ ဗိုက်နဲ့တဆက်တည်း အောက်မှာရှိတာက တင်ပါးဆုံပိုင်း။ သူအထဲမှာ ဆီးအိမ်၊ သားအိမ် (အမျိုးသမီး)၊ ဆီးအကျိတ် (အမျိုးသား) နဲ့ အစာဟောင်းအိမ်တွေ ရှိကြတယ်။
လေနာမဟုတ်ဘဲ ဗိုက်နာတာတွေ အများကြီး ရှိတယ်။တချို့ ခွဲစိတ်ခံကြရတယ်။ ဗိုက်နာခြင်းအကြောင်းဟာ ခွဲစိတ်ဆေးပညာမှာ အများကြီးရှိတယ်။
၁။ Acute pain in abdomen ချက်ချင်းဖြစ်-အတင်းနာတာတွေကို ခေါ်တယ်။
❌ရမ်းကုဆရာတွေက နာတဲ့နေရာမှာ ဆေးထိုးတယ် မလုပ်သင့်ပါ❌
✅နာတာကိုသိတဲ့ အာရုံကြောက အမျိုးမျိုးရှိနေလို့ ဗိုက်နာတာကို ရိုးရိုးစင်းစင်း၊ စဉ်းစားလို့ မရဘူး။✅
ခွဲစိတ်ပညာမှာ အရေးပေါ်ဖြစ်တယ်။
၂။ Visceral pain မျိုးက အထဲအင်္ဂါတွေမှာ တခုခုဖြစ်လို့ ဟိုနားကလို၊ ဒီနားကလို အောင့်တာမျိုး။ Vague, Dull, Nauseating အန်ချင်သလိုလဲ နေတတ်တယ်။ ဗိုက်အပေါ်ပိုင်းမှာ ရှိကြတဲ့ အစာအိမ်၊ အူသိမ်အစပိုင်း၊ အသဲ၊ သရက်ရွက်တွေမှာ ဖြစ်ရင် ဗိုက်အပေါ်ပိုင်းမှာ နာတယ်။ အူသိမ်၊ အူအတက်နဲ့ အူမကြီးအစပိုင်းက ဖြစ်ရင် ချက်တဝှိုက်မှာ နာတယ်။ အူမကြီးနဲ့ ဆီးလမ်းကဖြစ်ရင် ဗိုက်အောက်ပိုင်းမှာ နာတယ်။ Autonomic nerve ဆိုတဲ့ အာရုံကြောတွေ ကြောင့်ဘဲ။
Credit Dr tint swe
အရေပြားယားယံရင် (လူကြီး) Loratidine (မနက် ၁ပြား) သို့မဟုတ် Cetirizine ( ည ၁ပြား) သောက်နိုင်တယ်။
Calamine lotion လိမ်းဆေးက မိတ်ပေါက်လို့ ယားတာသက်သာမယ်။ အင်းဆက်လို အကောင်ကိုက်တာ သက်သာမယ်။
🚫ဆေးနဲ့မတည့်သူ မသုံးရပါ။🚫
❌ကိုယ်ဝန်ဆောင်နေချိန်၊ ကလေး နို့တိုက်နေချိန်တွေမှာ မသုံးရပါ။ မျက်စိထဲမဝင်ရ။ အရေပြားနုကိုမလိမ်းရပါ။ ၆ လအောက်ကလေးတွေကို မသုံးရပါ။ ❌
ဆေးနဲ့မတည့်ရင် ဆေးလိမ်းရာမှာ နီရဲပြီး ယားလာမယ်။ သိပ်ဆိုးရင် အသက်ရှူခက်တာဖြစ်မယ်။
Credit Dr Tint Swe
ဆီးချိုသွေးချို ရှိနေကြောင်း ပြသနေတဲ့ ရှေ့ပြေလက္ခဏာများကို မိတ်ဆွေတို့အတွက် မျှဝေပေးလိုက်ပါတယ်။
လူတစ်ယောက်ဟာ
- ပုံမှန်ထက် ပိုပြီး ပင်ပန်း နွမ်းနယ် နေတာ၊
- စိတ်အနှာင့်အယှက် ဖြစ်လွယ်တာ၊
- ရေ အလွန် ငတ်တာ၊
- ခြေဖျား အောက်မှာ အစူး စူးနေသလို ခံစားနေရတာ၊
- အမြင် ဝေဝါးလာတာ
- အနာကျက် နှေးတာ
- ကိုယ်အလေးချိန် လျှော့ကျလာတာ
- ပိုး မကြာခဏ ဝင်တာ ဥပမာ - သွားဖုံးနဲ့ အရေပြား ပိုးဝင်တာ၊ မိန်းမကိုယ် ပိုးဝင်တာ။
- ဗိုက် ခဏခဏ ဆာနေတာ၊
- အလွန်အမင်း ဆာလောင်တာ၊
- ဆီး ခဏခဏ သွားနေရတာမျိုး ခံစားနေရပြီ ဆိုရင်
ဆီချိုသွေးချို ဖြစ်နိုင်ချေများ တာမို့ အထူး သတိထား ဆင်ခြဖို့ လိုပါတယ်။
လိုအပ်ရင် ဆရာဝန်နဲ့ ပြသ တိုင်ပင်ပြီး စနစ်တကျ ကုသမှုကို ခံယူသင့်ပါတယ်။
Credit..
#ဆီးချို #သွေးချို
သွေးလေးဖက်နာရောဂါ ရှိသူများ အနေနဲ့
အနေအထိုင်၊ အစားအသောက်ကို
မှန်ကန်အောင် ပြုမူ နေထိုင် စားသောက်ရင်
ရောဂါ သက်သာ ပျောက်ကင်းဖို့ အများကြီး အထောက်အကူပြုပါတယ်။
(၁) ဆေးလိပ် သောက်ရင် ဆေးလိပ် ဖြတ်ရပါမယ်။ ဆေးလိပ်ဟာ ရောဂါကို ပိုဆိုးစေတဲ့အပြင် နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေ၊ ခြေလက်များကို သွေးမလျှောက်လို့ ပုပ်သွားတာတွေကို ဖြစ်စေဖို့ အားပေးပါတယ်။
(၂) အဆစ်အမြစ်တွေ ရောင်နေတဲ့ အချိန်မှာ ရောင်နေတဲ့ အဆစ်တွေကို အနားပေးရပါမယ်။ ဥပမာ လက်ဆစ်တွေ ရောင်နေတဲ့ အချိန်မှာ ပစ္စည်းတွေကို လက်နဲ့ မတာမျိုး၊ လက်ကို များစွာ အသုံးပြုတာမျိုးတွေ ရှောင်ရပါမယ်။ လိုအပ်ရင် အရောင်ကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ သုံးပြီး သက်သာအောင် ကုသရပါမယ်။ တစ်ကိုယ်လုံးမှာ ရှိတဲ့ အဆစ်တွေ ရောင်ရင်တော့ အိပ်ရာပေါ်မှာ အနားယူဖို့လိုပါလိမ့်မယ်။
(၃) နားတာနဲ့ တစ်ဆက်တည်း လုပ်ရမှာက လေ့ကျင့်ခန်း ဖြစ်ပါတယ်။ နားလို့ သက်သာလာပြီ ဆိုတာနဲ့ ခုနက နားထားတဲ့ အဆစ်တွေကို လေ့ကျင့်ခန်း တဖြည်းဖြည်းချင်း လုပ်ပေးရပါမယ်။ ဒါမှ မဟုတ်ရင် အဆစ်တွေဟာ ခိုင်သွားပြီး နောက်ပိုင်းမှာ လှုပ်ရှားလို့မရ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် လိုအပ်ရင် နားလည် တတ်ကျွမ်းတဲ့ ပညာရှင် (Physiotherapist) နဲ့ တိုင်ပင်ပြီး ပြုလုပ်ရပါမယ်။
(၄) အစားအစာအနေနဲ့ အာဟာရ ပြည့်ဝအောင် စားရပါမယ်။
အထူးသဖြင့် အရိုးအဆစ်တွေ အတွက် လိုအပ်တဲ့ ကယ်လ်စီယမ် နဲ့ ဗီတာမင်ဒီ ပါဝင်တဲ့ အစားအစာတွေ စားပေးဖို့ လိုပါတယ်။ ဥပမာအားဖြင့် နွားနို့၊ ကြက်ဥ၊ ဟင်းရွက်စိမ်းတွေ စားပေးရပါမယ်။
အရောင်ကျစေတဲ့ အစားအစာတွေကို ပိုစားပေးရပါမယ်။ ဥပမာ နာနတ်သီး၊ ဘယ်ရီသီး၊ နနွင်း၊ လက်ဖက်စိမ်း တို့ဖြစ်ပါတယ်။
အိုမီဂါ-၃ ကြွယ်ဝတဲ့ အစားအစာတွေ ပိုစားရ ပါမယ်။ ဥပမာ အဆီပါတဲ့ ငါးတွေ၊ အခွံမာတဲ့ သစ်စေ့တွေ ဖြစ်ပါတယ်။
ပရိုဘိုင်အိုတစ် ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့ ဒိန်ချဉ်လိုမျိုးတွေ မကြာခဏ စားပေးသင့်ပါတယ်။
ရှောင်သင့်တဲ့ အစားအစာတွေ ကတော့ ဆီကြော်မုန့်တွေ၊ ဓာတုပစ္စည်းတွေ ထည့်ထားတဲ့ အစားအစာတွေ၊ ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာတွေ၊ အချိုမှုန့် စတာတွေကို ရှောင်ရပါမယ်။
Crd Drခင်မောင်လွင် (FAME)
မိတ်ဆွေများ အားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ 🙏
Click here to claim your Sponsored Listing.
Category
Website
Address
အမှတ်/၁၁၊ မြိုင်လမ်း၊ တက္ကသိုလ်အရှေ့၊ ပခုက္ကူမြို့။
Pakokku, 04201
တိုင်းရင်းဆေးစွမ်းကောင်းတွေကို ထုတ်လုပ်ဖြန့်ချိရောင်းချပေးပါတယ်။
Pakokku
ဦးကျော်အေး ဆေးမျိုးစုံ ရောင်းဝယ်ရေး
No (5), (6) Street
Pakokku
မှန်ကန်သောစျေးနှူံး ကြင်နာသောဝန်ဆောင်မူဖြင့် #ငြိမ်း
Corner Of Ar Zar Ni Road And Tat Ma Road, (7) Quarter
Pakokku
1985-manufactured and traded traditional medicines and raws. 1995-Launched products to nationwide.