မေရီ ဆေးဆိုင် - Merry Pharmacy

မေရီ ဆေးဆိုင် - Merry Pharmacy

You may also like

Yoga with Gaby
Yoga with Gaby

Medicine & Medical knowledge

20/08/2023

😍𝗘𝗽𝗼𝘀𝗼𝗳𝘁 ကိုသောက်သုံးခြင်းဖြင့် ဘယ်လိုကောင်းကျိုးတွေရရှိနိုင်သလဲ...

📌အမျိုးသမီးတိုင်းအတွက် 𝗘𝗽𝗼𝘀𝗼𝗳𝘁 မှာ 𝗘𝘃𝗲𝗻𝗶𝗻𝗴 𝗣𝗿𝗶𝗺𝗿𝗼𝘀𝗲 𝗢𝗶𝗹 - 𝟭𝟬𝟬𝟬 𝗺𝗴 နဲ့ 𝗡𝗮𝘁𝘂𝗿𝗮𝗹 𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗘 - 𝟳.𝟱 𝗜𝗨 (၂) မျိုးပါဝင်ပါတယ်။

👉𝗘𝗽𝗼𝘀𝗼𝗳𝘁 မှာပါတဲ့ 𝗘𝘃𝗲𝗻𝗶𝗻𝗴 𝗣𝗿𝗶𝗺𝗿𝗼𝘀𝗲 𝗢𝗶𝗹 (𝗘𝗣𝗢) ဟာ ရာသီမလာခင်ခံစားရတဲ့ ရောဂါလက္ခဏာတွေကို သက်သာစေတဲ့အပြင် ရင်သားကိုက်ခဲတာ၊ တင်းရင်းတာတွေကို ဖြစ်စေတဲ့ 𝗣𝗿𝗼𝗹𝗮𝗰𝘁𝗶𝗻 ဆိုတဲ့ ဟော်မုန်းရဲ့အစွမ်းသတ္တိကို လျှော့ချပေးတဲ့အတွက် ရင်သားနာကျင်တာတွေကိုပါ သက်သာပျောက်ကင်းစေပါတယ်။

👉ဒါ့အပြင် 𝗡𝗮𝘁𝘂𝗿𝗮𝗹 𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗘 ကတော့ အသားအရေစိုပြေချောမွေ့စေခြင်း၊ 𝗔𝗻𝘁𝗶-𝗼𝘅𝗶𝗱𝗮𝗻𝘁 𝗔𝗰𝘁𝗶𝗼𝗻 ရှိတဲ့အတွက် အရွယ်တင်နုပျိုစေခြင်း၊ အရွယ်မတိုင်ခင်အိုမင်းခြင်းကို ကာကွယ်ပေးခြင်းနှင့် 𝗘𝗣𝗢 ရဲ့အာနိသင်ကိုပိုမို ကောင်းစေခြင်းဆိုတဲ့ အစွမ်းသတ္တိတွေရှိပါတယ်။

❤️ဒါကြောင့် 𝗘𝗽𝗼𝘀𝗼𝗳𝘁 က ရာသီလာစဉ်အတွင်းခံစားရတဲ့ နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်တာဖြစ်လို့ ရာသီလာတဲ့အရွယ်မှစပြီး အမျိုးသမီးတိုင်းတစ်နေ့တစ်လုံးပုံမှန်သောက်ပေးလို့ရပါတယ်။

----------------------------

👉အမျိုးသမီးများနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတတွေကို ပိုမိုသိရှိလိုပါက အောက်ဖော်ပြပါ 𝗭𝗶𝗳𝗮𝗺 𝗟𝗮𝗱𝘆 𝗣𝗮𝗴𝗲 မှာ အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
📌 https://www.facebook.com/zifamlady/

----------------------------

သင့်တစ်လတာကို လန်းဆန်းစွာ ဖြတ်ကျော်ပါ။
Page မှ ကူးယူဖော်ပြသည်။

Photos from မေရီ ဆေးဆိုင် - Merry Pharmacy's post 09/07/2023

CIFRAN ကြောင့် သေတဲ့သူရှိတယ်
=========================

တခါက..

ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်မကြီးတယောက် ရုတ်တရက်ဆုံးပါးသွားတယ်..

ဒါနဲ့ သူငယ်ချင်းဆရာဝန်နဲ့ ဆုံတုန်း
မေးကြည့်မိတယ်အအေးမိတာနဲ့ cifran သောက်လိုက်မိတယ် တဲ့အဲဒီဆေးနဲ့ ဓါတ်မတည့်လို့ သေဆုံးသွားတာပါ..

cifran ဟာ ခေတ်ပေါ် ပိုးသတ်ဆေး တမျိုးပါတနေ့ ၂ ကြိမ် ၁၂ နာရီခြား သောက်ရတယ်ခဏ ခဏ မသောက်ရတော့ လူကြိုက်များတယ်..
ဆေးကပြင်းတော့ ရောဂါလည်း မြန်မြန်ပျောက်တယ်..

ဒါပေမဲ့ သတိထားရပါမယ်
သူနဲ့ မတည့်ရင် သေတတ်ပါတယ်
ကျွန်တော်နဲ့တည့်တယ်ဒါကြောင့် သွားနာ သွားကိုက်ရင် သွားကို မနှုတ်နဲ့ cifran သောက်လို့ စေတနာနဲ့ရေးမိပေမဲ့ cifran က မတည့်ရင် သေတတ်တယ် ဆိုတာ ထပ်ပြောရပါတယ်..

Norbactin
==========
သူလည်း ပိုးသတ်ဆေး တမျိုးပါဘဲ
ဝမ်းလျော ဝမ်းပျက် ရောဂါ အမြန်သက်သာစေတဲ့ ဆေးပါ..

တခါက ရန်ကုန်မှ ဆရာဝန်မိသားစု
ပုဂံဘုရားဖူး ကိုယ်ပိုင်ကားနဲ့သွားတယ်လမ်းခရီးမှာ အစားစုံတော့ အိမ်လဲပြန်ရောက်ရော ဆရာဝန့်မိန်းမ ဝမ်းလျောတယ်ဆေးရုံ ပို့ရတယ်..
ဆေးရုံမှာ drip ချိတ်တော့ သက်သာသွားတယ်ဆေးရုံက ဆရာဝန်ပေါက်စလေးတွေကို
cifran နဲ့မတည့်ကြောင်း ပြောပြထားတယ်..
သူတို့ ကုနေကြ မိသားစုဆရာဝန်ကြီးကိုဖုန်းနဲ့ အကြောင်းကြားတော့
လူနာကို Norbactin တိုက်ဖို့ ပြောတယ်..
ဒါနဲ့ တာဝန်ကျဆရာဝန်လေးက
သမားတော်ကြီးပြောတဲ့အတိုင်း
Norbactin တိုက်လိုက်တာပေါ့
လူနာဟာ Norbactin နဲ့မတည့်လို့
ညကဆေးရုံတက်တာ မနက်ကျ ဆုံးသွားတယ်..

အမှန်က cifran နဲ့ မတည့်ရင်
norbactin နဲ့လည်း မတည့်ဘူး
သူတို့ ၂ မျိုးက နံမည်သာကွဲတာ
ဆေးအမျိုးအစားက ဆင်တူတယ်
တမျိုးနဲ့မတည့်ရင် နောက်တမျိုးနဲ့လည်း မတည့်ဘူး..
ဒါကို ဆရာဝန်လေးက မသိဘူး
မသိတော့ norbactin တိုက်မိတာပေါ့..
ဆရာဝန်ကြီးကလည်း ညွှန်ကြားထားတာကိုး ဆေးနဲ့ဓါတ်မတည့်တော့ လူနာ ဆုံးပါးသွားတယ်..

ဒါကြောင့် ဆေး တမျိုးမျိုး သောက်တော့မယ်ဆိုရင် ငါ နဲ့တည့်ပါ့မလား ဆိုတာ ဆင်ခြင်ဖို့ လိုပါတယ်
ဆေး နဲ့ တည့်-မတည့် ဆေးကို လျှာနဲ့ တို့ကြည့်ပေးပါ..

သို့မဟုတ် ဆေးကို ရေနဲနဲဆွတ်ပီး
လက်မောင်းမှာ လိမ်းကြည့်ပါ
ယားလာရင် အဖုအပိန့်ထွက်လာရင် မတည့်ဘူးလို့ သိပေးပါ..

ဆေးဝါးတွေ အားလုံး ဆရာဝန်ညွှန်ကြားမှပဲသောက်သင့်ပါတယ်..

မသောက်ခင် တည့်-မတည့် တော့
စစ်ကြည့်ကြပါ..

ချမ်းသာကြပါစေ...🙏



(ဦးအုန်းမောင် စိတ် ဆရာဝန်ပေ့ခ်ျမှကူးယူသည်)

26/06/2023

🌹🌹🌹ရာသီလာနေချိန်မှာ ဘယ်လိုနေထိုင်စားသောက်သင့်သလဲ
------------------------------------------------------

ရာသီလာတယ်ဆိုတာက အရွယ်ရောက်လာတဲ့ အမျိုးသမီးတွေတိုင်း ကြုံရမယ့် သဘာဝဖြစ်စဉ် တစ်ခုပါ။ ဒီလို ရာသီ လာချိန်မှာ အမျိုးသမီး တော်တော်များများက နာကျင်ကိုက်ခဲတာ၊ လေပွတာ၊ ခြေကုန်လက်ပမ်းကျတာမျိုး တွေကို ခံစားရနိုင်ပါတယ်။ ဒီလို ရာသီလာချိန်မှာ တစ်ကိုယ်ရေ သန့်ရှင်းရေးကို သေချာ ဂရုစိုက်ဖို့ လိုသလို ရောဂါပိုးတွေ ကူးစက်တာမျိုး မဖြစ်အောင် ကာကွယ်ဖို့လည်း လိုမှာပါ။

ဒီတစ်ခေါက်တော့ ရာသီလာချိန်မှာ အမျိုးသမီးလေးတွေ အနေနဲ့ ဘယ်လို နေထိုင်စားသောက်သင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ရာသီလာချိန်မှာ ကျန်းမာစေဖို့ ဒီအချက်လေးတွေကို လိုက်နာပါ

ရာသီလာချိန်မှာ ကျန်းမာစေဖို့ဆိုရင်တော့ လိုက်နာရမယ့် အချက်လေးတွေ အများကြီး ရှိသလို သတိထား ရှောင်ကြဉ်ရမယ့် အချက်တွေလည်း အများကြီးပါ။ လိုက်နာရမယ့် အချက်လေးတွေကို အရင်ပြောပြပါမယ်။

◾️ မိန်းမကိုယ်ကို သေချာလေး သန့်စင်ပါ။ ဒီလို လုပ်ပေးတာက ရာသီသွေးတွေကြောင့် ညစ်ပေစေတာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို ဘက်တီးရီးယားတွေနဲ့ အနံ့ဆိုးတွေ မဖြစ်အောင်လည်း ကာကွယ်ရာရောက်ပါတယ်။

◾️ ပုံမှန် ၄ နာရီ ကနေ ၈ နာရီအတွင်း လစဉ်သုံးကို လဲပေးပါ။

◾️ လေဝင်လေထွက် ကောင်းစေဖို့ ချည်သား အတွင်းခံ ချောင်ချောင်ချိချိလေးတွေကို ဝတ်ဆင်ပါ။

◾️ ရေများများ သောက်ပါ။ ရေဓာတ် ပြည့်ဝတာက ရာသီသွေးဆင်းတာကြောင့် ခြေကုန်လက်ပမ်းကျတာကို သက်သာစေမှာပါ။

◾️ အရည်ရွှမ်းတဲ့ အသီးအနှံလေးတွေ စားပေးပါ။

◾️ အာဟာရ ပြည့်ဝတာလေးတွေ စားပေးပါ။

နောက်ပြီး ရိုးရာနည်းလေး ဖြစ်တဲ့ ချင်းပြုတ်ရည်လေးကို သောက်ပေးလို့လည်း ရပါတယ်။
အရမ်း ကိုက်ခဲမယ်ဆိုရင် OTC အကိုက်အခဲပျောက်ဆေး တစ်မျိုးမျိုးကို သောက်ပေးလို့ ရပါတယ်။

❌❌❌ရာသီလာချိန်မှာ ရှောင်ကြဉ်ရမယ့် အချက်လေးတွေကရော ဘာတွေများဖြစ်မလဲ?

ရာသီလာချိန်မှာ ကျန်းမာစေဖို့ ရှောင်ကြဉ်ရမယ့် အချက်လေးတွေကတော့

◾️ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာမျိုးကို ရှောင်ပါ။ နာကျင်ကိုက်ခဲမှု သက်သာစပြုလာချိန်မျိုးမှာတော့ အပေါ့စားလေ့ကျင့်ခန်းလေးတွေ လုပ်ဆောင်ပေးလို့ရပါတယ်။

◾️ အမွှေးနံ့ပါတဲ့ လစဉ်သုံးတွေ မိန်းမကိုယ် သန့်စင်ဆေးရည်တွေ သုံးတာကို ရှောင်ပါ
အတွင်းခံ တင်းတင်းကျပ်ကျပ်တွေ မဝတ်ပါနဲ့။ ဘက်တီးရီးယားတွေကို ပေါက်ဖွားစေနိုင်သလို အနံ့ဆိုးတွေကို ဖြစ်စေနိုင်ပါတယ်။

◾️ အိပ်ရေးပျက်ခံတာမျိုး မလုပ်ပါနဲ့။

◾️ မိန်းမကိုယ်ကို အနောက်ကနေ ရှေ့ကို ဆွဲယူသန့်စင်တာမျိုး မလုပ်ပါနဲ့

◾️ ရက်လွန်နေတဲ့ လစဉ်သုံးတွေကို မသုံးပါနဲ့

◾️ အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံ သောက်တာမျိုး မလုပ်ပါနဲ့

◾️ ကဖင်းပါတဲ့ သောက်စရာတွေကို ရှောင်ပါ (ဥပမာ - လက်ဖက်ရည်၊ ကော်ဖီ၊ အားဖြည့်အချိုရည် နဲ့ ကိုလာလိုမျိုး သောက်စရာတွေ)

◾️ လက်ဖက်လိုမျိုး သံဓာတ် အားနည်းစေနိုင်တဲ့ အစားအစာတွေ စားတာမျိုး မလုပ်ပါနဲ့

◾️ အပူအစပ်တွေ အရမ်းစားတာမျိုး မလုပ်ပါနဲ့

◾️ အငန်ကဲတာမျိုးတွေကို မစားပါနဲ့

◾️ အရက်သောက်တာမျိုးတွေကို မလုပ်ပါနဲ့။

ဒီအချက်လေးတွေကို သေချာ လိုက်နာမယ်ဆိုရင်တော့ ရာသီလာချိန်မှာ ကျန်းကျန်းမာမာ အဆင်ပြေပြေနဲ့ ဖြတ်ကျော်နိုင်မှာပါနော်။

29/05/2023

🔺လူအများသောက်တဲ့ {Betex} အကြောင်း
================================

✅Betex ဆိုတာ ဗီတာမင်ဘီ သုံးမျိုးကို အချိုးကျပေါင်းစပ်ထားတဲ့ အာရုံကြောဆေး တစ်မျိုးပါ

✅အာရုံခံဆဲလ်၊ နာ့ဖ်ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုပေါ် အကျိုးသက်ရောက်တယ်။

✅နာတာရှည် ထုံကျင်၊ ညောင်းညာကိုက်ခဲ၊

✅အကြောတင်းနေသူ၊ ထိတွေ့မှုအာရုံ နည်းပါးသူ၊

✅အသက်အရွယ်ကြီးသူတွေမှာ လိုအပ်တဲ့ ဗီတာမင် ဘီဝမ်း၊ စစ်၊ တွဲကို အချိုးကျပေါင်းစပ်ထားတယ်

✅Neurobion အပြာကဒ်၊ Neurorubin, Neurovit ဆိုတဲ့ကဒ်တွေနဲ့ ပါဝင်တာ အတူတူပါပဲ

🚩ကွာခြားတာက စျေးနှုန်းနဲ့ ကဒ်ပျော့ဖြစ်နေတာလောက်ပါပဲ။

🚩မြန်မာနိုင်ငံက ဆရာဝန်အများစုက အသက်ကြီးသူအတွက် အာရုံကြောအားဆေးထည့်တဲ့အခါ

🚩Neurobion အပြာကဒ်(သို့) Betex ကို အသုံးပြုကြတယ်

🚩Betex က Neurobion ထက် သုံးဆမက စျေးပိုကြီးတယ်

🇹🇭 ထိုင်းနိုင်ငံ Favorexက ထုတ်လုပ်ထားတယ်


Betex ထဲမှာ ပါဝင်တာတွေက
————————————

Vitamin B1 (Thiamine Mononitrate) 100mg

Vitamin B6 (Pyridoxine) 200mg

Vitamin B12 (Cyanocobalamine) 200mcg
စတာတွေ ဖြစ်ပါတယ်။

- ဗီတာမင်ဘီရဲ့ အာနိသင်တွေက များတယ်

- သက်ရှိ ဆဲလ်တိုင်းရဲ့ စွမ်းအင်အတွက် ဗီတာမင်ဘီ လိုအပ်ပါတယ်

- ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုအတွက် အရေးပါတယ်

- စားလိုက်တဲ့ ကာဗို ဟိုက်ဒရိတ် က စွမ်းအင် ထုတ်ရာ မှာ အဓိက အခန်း ကဏ္ဍက ပါဝင် ကူညီ ပေးနေတယ်

- မျိုးဗီဇ ဖွဲ့စည်း တည်ဆောက် ခြင်း ဖြစ်စဉ် မှာလည်း အရေးကြီးပြန်တယ်

- နာဖ့်ဆဲလ် တွေမှာရှိ တဲ့ Acetylcholine ဖွဲ့စည်းရာမှာလည်း ပါဝင်တယ်

- အာရုံကြော နဲ့ ကြွက်သား လုပ်ဆောင်ချက် ကောင်းမွန်စေဖို့ ကူညီပေးတယ်

- နာ့ဖ်ကြောမျှင်၊ နာ့ဖ်ကို အုပ်ထားတဲ့ မိုင်ရာလင် အလွှာ (Myelin Sheath) တွေကို ပြန်လည်တည်ဆောက်ပေးတယ်၊ ပြုပြင်ပေးတယ်

- အရက်၊ ဆေးဝါး၊ ဆီးချိုသမားတွေမှာ ဖြစ်လေ့ရှိတဲ့ Mono And Polyneuropathics အာရုံကြော ရောင်ရမ်းပျက်ဆီးခြင်းအတွက် ကောင်းမွန်စေတယ်

- အာရုံကြော အဖွဲ့အစည်းမှာ အရေးပါတဲ့ GABA၊Dopamine နဲ့ Serotonin ဓာတ်တွေဖွဲ့စည်းဖို့ လည်း ကူညီလုပ်ဆောင်ပေးတယ်

- ဦးနှောက်နဲ့အာရုံကြောရောဂါတွေမှာ အဓိက အထောက်အကူပေးတယ်


အသုံးဝင်ပုံ။
----------

- ခြေဖျား၊ လက်ဖျား ထုံကျဉ် ကိုက်ခဲခြင်း၊

- ပူစပ် ပူလောင် ဖြစ်ခြင်း၊

- အာရုံကြော ရောင်ရမ်းခြင်း၊

- အာရုံကြော အားနည်းခြင်း၊


ဗီတာမင်ဘီ လိုအပ်သူများ။
------------------------

- အရက်အလွန်အကျွံ သောက်သုံးသူ၊

- ဆီးချိုရောဂါသည်၊

- အသက်ကြီးရင့်သူ၊

- ဘီတာမင်ဘီ ချို့တဲ့သူ၊

- နာတာရှည် ရောဂါသည်၊


ဆေးညွှန်း။
----------

- တစ်ခါသောက် တစ်လုံး၊ တစ်နေ့ ၂-၃ ကြိမ် အစာစားပြီး သောက်ပါ

- ရေရှည်စွဲသောက်နိုင်ပါတယ်

- ဝါးစားတာ၊ အမှုန့်ကြိတ်တိုက်တာတွေက ဆေးအာနိသင်ကို လျှော့ပါးစေမယ်

- ကိုယ်ဝန်ဆောင်တွေ တစ်န့ တစ်ကြိမ်(သို့) နှစ်ကြိမ်သောက်သုံးနိုင်တယ်

- ပါဝင်တဲ့ ပမာဏဟာ လိုတာထက်ပိုများလို့ ကလေးတွေမှာ သတိထားတိုက်ကျွေးရမယ်

- အာရုံကြောဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးသင့်တယ်


ဘေးထွက်ဆိုးကျိုး။
-----------------

- ချွေးထွက် များတာ

- နှလုံးခုန် မြန်တာ

- ရင်တုန်တာ

- အရေပြား ယားယံတာ

- အင်ပြင် ထွက်တာ


- Vitamin B6 ပါတဲ့အားဆေးတွေကို L-Dopa ဆေးနဲ့ တွဲမသောက်သင့်ဘူး

- L-Dopa ရဲ့ အာနိသင် ယုတ်လျှော့စေမယ်

- ရေမှာ ပျော်ဝင်တာကြောင့် တော်ရုံများတာလောက်ကို ခန္ဓာကိုယ်က စွန့်ထုတ်နိုင်တယ်


မေးသူအတွက် ဖြေကြားချက်
--------------------------

- ခေါင်းမူး၊ ခေါင်းကိုက်ကို သက်သာစေတာတော့ မဟုတ်ပါ

- ဇက်ကျော၊ ဂုတ်ကျောတက်သူများကို ပေးလေ့ရှိတယ်

- ထုံကျဉ်တဲ့ဝေဒနာတွေကို အဓိကသက်သာစေတယ်

- အထူးသဖြင့် အာရုံကြော ရောင်ရမ်းတယ်လို့ ယူဆတဲ့အခါမျိုးမှာပေါ့

- အကိုက်အခဲပျောက်ဆေး မဟုတ်လို့ ရေရှည်စွဲသောက်ရုံနဲ့ အစာအိမ် မထိခိုက်စေပါ

- အသက်အရွယ်မရွေး သောက်သုံးနိုင်တယ်

- စွဲသောက်တဲ့အတွက်လည်း ပြဿနာမရှိပါ

(Michael Bilမှ ရေးသားတင်ပြသည်)
(Matu Health Information ပေ့ချ်မှ ကူးယူဖော်ပြပါသည်)

01/05/2023

သွေးပျစ်ရင် သွေးတွင်း အောက်စီဂျင် ကျတာကြောင့် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင် စောင့်ရှောက်ဖို့ လိုပါတယ်။ သွေးပျစ်ရတဲ့ အကြောင်းက စိတ်နဲ့ ပတ်သက်တဲ့ခံစားချက်၊ ခန္ဓာနဲ့ ပတ်သက်တဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ပတ်သက်ပါတယ်။

သွေးပျစ်လာရင် ခန္ဓာကပေးတဲ့ မက်ဆေ့ ၄မျိုးကတော့_

၁။ မနက်ထလာရင် ခေါင်းမူးတယ်၊ အားမရှိဖြစ်တယ်။ မနက်စာစားပြီးမှ တဖြည်းဖြည်း နိုးကြားလာပြီး ညနက်လေ လန်းဆန်းလေ ဖြစ်လာတယ်။

၂။ နေ့လည်စာစားပြီးရင် အရမ်းအိပ်ချင်တယ်၊ မအိပ်လို့ မရတာမျိုး။

၃။ ဆောင့်ကြောင့်ထိုင်ချလိုက်တာနဲ့ မွန်းကြပ်ပြီး အသက်ရှူလို့မကောင်းတာ၊ ခန္ဓာကိုယ် ဝဖြိုးတာ။

၄၊ အမြင်အာရုံ ရုတ်တရက် ဝေဝါးတာ၊ ချက်ချင်း
ကောင်းကောင်းမမြင်ရတာ။
ခန္ဓာက သွေးပျစ်ကြောင်း အချက်ပြလာပြီဆိုရင်
အမြန်ကုစားကြပါ။

🩸သွေးပျစ်တဲ့အခါ အခြားဘယ်လိုရောဂါလက္ခဏာတွေ ခံစားရမလဲ ?

အများစုက သွေးပျစ်တာကနေ သွေးခဲတွေဖြစ်လာတဲ့အခါမှ ရောဂါလက္ခဏာတွေစတင်ခံစားရတတ်ပါတယ်။ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့…

* အမြင်အာရုံဝေဝါးခြင်း

* မူးဝေခြင်း

* သွေးခြေဥလွယ်ခြင်း

* ရာသီသွေးအဆင်းများခြင်း

* ခေါင်းကိုက်ခြင်း

* သွေးပေါင်ချိန်တက်ခြင်း

* အရေပြားယားယံခြင်း

* အားအင်မရှိ နုံးချိခြင်း

* အသက်ရှူမဝခြင်းတို့ ဖြစ်ပါတယ်။

အကယ်၍ ဘာအကြောင်းကြောင့်မှန်းမသိဘဲ သွေးခဲလေးတွေ ခဏခဏဖြစ်တဲ့အခါနဲ့ ထပ်ခါထပ်ခါကိုယ်ဝန်ပျက်ကျနေတဲ့အခါမျိုးမှာ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး သွေးစစ်ဆေးရပါမယ်။

သွေးပျစ်တာကို သက်သာစေဖို့ နည်းလမ်း၅မျိုးကတော့_

၁။ ရေများများသောက်ပါ။

၂။ ကိုလက်စထရောကို တားဆီးနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေဟာ ရေဓာတ် အများကြီးပါတဲ့အပြင် ကြွယ်ဝတဲ့ ဗီတာမင်စီနဲ့ ဖိုက်ဘာအမျှင်ဓာတ်တွေပါပါတယ်၊ ဒါကြောင့် ဟင်းသီးဟင်းရွက်၊ ပြောင်းဖူး၊ အသီးအနှံ အစေ့အဆံ အစုံစားပါ။

၃။ တိရိစ္ဆာန် ဝမ်းတွင်းကလီစာ လျှော့စားပါ ။

၄။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။

၅။ အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ။

သွေးပျစ်ရင် ရေများများသောက်ဖို့ "ပထမ" ဆိုတော့
ရေ နဲ့ ပတ်သက်တာကို နည်းနည်းထပ်ပြီး မျှဝေပါမယ်။

ဒါကြောင့် သွေးပျစ်တာမဖြစ်အောင် သွေးတွင်း အောက်စီဂျင်များအောင် ရေများများသောက်ပါ။ အထူးသဖြင့် ရေနွေးများများသောက်ပါ။ ရေနွေးက အဆီတှကျေို ခြေဖျက်နိုင်တယ်၊ အစာကြေတယ်၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်။

ရေသောက်ခြင်းရဲ့ အကျိုးအာနိသင် ( ၈ )မျိုးကတော့_

၁။ အဆိပ်အတောက်တွေကို သန့်စင်စေတယ်။
၂။ အရေပြားကို သန့်ရှင်း ကျန်းမာစေတယ်။
၃။ ကြွက်သားကို သန်မာစေတယ်။
၄။ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတယ်။
၅။ စွမ်းအင် တိုးပွားစေတယ်။
၆။ ဝိတ်ကျစေတယ်။
၇။ ခေါင်းကိုက်တာကို သက်သာစေတယ်။
၈။ မှတ်သားနိုင်တဲ့စွမ်းရည်ကို တိုးပွားစေတယ်။

- ရေခဲရေကို ရှောင်ပါ။
- ရိုးရိုးရေကို များများသောက်ပါ။
- ရေနွေးကို များများသောက်ပါ။

- ရိုးရိုးရေနွေးဖြူအပြင်၊ ရေနွေးကို လက်ဖက်ခြောက် ခတ်သောက်တာ၊
- ပျားရည်နဲ့ သံပရာ ညှစ်သောက်တာကလည်း ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

Credit
ပြန်လည်မျှဝေပါသည်။

10/02/2023

သားအိမ် အသားလုံးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ ❓❓❓

သားအိမ် အသားလုံးဟာ အသက် ၃၀ နှင့် ၅၀ကြား အမျိုးသမီး ၂၀-၈၀ ရာခိုင်နှုန်းမှာ ဖြစ်တတ်ပါတယ်။ သားအိမ်အသားလုံး ဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့ အောက်ပါနည်းလမ်းတွေကို သိထားသင့်ပါတယ်။

(၁) သားအိမ်အသားလုံး ဖြစ်စေနိုင်သည့် အန္တရာယ်ကို သိနားလည်ပါ။
အမျိုးသမီးတွေအသက်ကြီးလာလေလေ၊ သားအိမ်အသားလုံး ဖြစ်နိုင်ခြေပိုများလေလေပါ။ မိသားစုရာဇဝင်မှာ သားအိမ်အသားလုံးဖြစ်သူရှိရင် သင့်မှာ သားအိမ်အသားလုံး ဖြစ်နိုင်ခြေ ယေဘုယျအားဖြင့် သုံးဆ ပိုများတယ်လို့ ဆိုပါတယ်။

(၂) လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပါ။
လေ့လာမှုတွေအရ အမျိုးသမီးတစ်ဦးဟာ လေ့ကျင့်ခန်းပုံမှန် လုပ်တယ်ဆိုရင် သားအိမ်အသားလုံး ဖြစ်နိုင်ခြေမရှိဘူးလို့ သိရပါတယ်။

(၃) 🤱ကိုယ်ဝန်ဆောင်၊ ကလေးမွေးခြင်းကြောင့် သားအိမ်အသားလုံး မဖြစ်စေရန် ကာကွယ်နိုင်။
ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးတာဟာ အမျိုးသမီးတွေကို သားအိမ်အသားလုံးမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း အနည်းငယ် ရှိတတ်ပါတယ်။

(၄)💊ပဋိသန္ဓေတားဆေးသောက်ပါ။
ပဋိသန္ဓေတားဆေးသောက်တာကြောင့် သားအိမ်အသားလုံး ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၅) ကိုယ်အလေးချိန်ကို ထိန်းချုပ်ပါ။
အဝလွန်တာကြောင့် သားအိမ်အသားလုံးဖြစ်နိုင်ခြေ နှစ်ဆ၊ သုံးဆပိုများစေပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်အမျိုးအစားနဲ့ အရပ်အမောင်းပေါ် အခြေခံပြီး ကိုယ်အလေးချိန်ကို ထိန်းချုပ်သင့်ပါတယ်။ သင့်ခန္ဓာကိုယ်အညွှန်းကိန်း BMI က ၁၈.၅ နဲ့ ၂၅ ကြားရှိသင့်ပါတယ်။ ၂၅ ထက်ကျော်တယ်ဆိုရင် သင့်ကိုယ်အလေးချိန်ကို အခုပဲ လျှော့ချသင့်ပါပြီ။

(၆) အနီရောင်အသား စားသုံးမှုကိုလျှော့ချပါ။
လေ့လာမှုတွေအရ အနီရောင်အသား (ဥပမာ-အမဲသား) ကိုများများစားတာကြောင့် သားအိမ်အသားလုံးဖြစ်နိုင်တဲ့ အန္တာရယ်ကို ပိုမိုမြင့်တတ်စေတယ်လို့ သိရပါတယ်။ ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါးနဲ့ အတူနာငါးတို့လို ငါးကိုစားတာက သားအိမ်သားလုံးကြောင့် တစ်သျှူးရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

(၇) 🥦အစိမ်းရောင် ဟင်းသီးဟင်းရွက်များ စားပါ။
အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများစားတာကြောင့် အမျိုးသမီးတစ်ယောက်မှာ သားအိမ်အသားလုံး မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

(၈) သားအိမ်အသားလုံးဖြစ်လျှင် ပေါ်တတ်သော လက္ခဏာများကို သိနားလည်ပါ။
သားအိမ်အသားလုံး ဖြစ်တဲ့အခါ နာကျင်တာ၊ ရာသီလာရင် သွေးဆင်းများတာ၊ သွေးဆင်းများတဲ့အတွက် သွေးအားနည်းတာ၊ ဆီးအိတ်နဲ့ အစာဟောင်းအိမ်အပေါ် ဖိအားသက်ရောက်တာနဲ့ ဝမ်းဗိုက်ရောင်ရမ်းတာတို့ ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေ ခံစားရရင် သားအိမ်အသားလုံးဖြစ်နေပြီးလားဆိုတာ သိနိုင်ဖို့ သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ တွေ့ဆုံ ဆွေးနွေးသင့်ပါတယ်။

ကြယ်စင်

Credit: Good Health & အမျိုးသမီးနှင့် ကျန်းမာရေး

06/02/2023

🙏 မင်္ဂလာပါရှင့် 🙏 😊
ဒီတစ်ခါမှာတော့ ဆေးသောက်နည်းမမှန်တာလေးတွေကြောင့် ဆေးကထင်သလောက်မထိရောက်တာမျိုးတွေရှိတတ်တာမို့လို့ ဆေးသောက်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်နော် 🥰

အစာမရှိမှသောက်ရမည့် ဆေး(၉)မျိုး
🔸🔹🔸🔹🔸🔹🔸🔹
ရောဂါဖြစ်ရင် ဆေးသောက်တယ်ဆိုပေမဲ့ ဆေးသောက်ပုံ၊ သောက်နည်း မှန်ကန်ဖို့လိုတယ်။
ဆေးသောက်နည်းမှန်မှ ဆေးအာနိသင်ကို ပြည့်ပြည့်ဝဝရမယ်။ ရောဂါပျောက်ကင်းမယ်။
ဒါကြောင့် ရောဂါဖြစ်လို့ ဆရာဝန်သွားပြရင် ဆရာဝန်က ဆေးပေးလိုက်တာမှန်ပေမဲ့ ပေးလိုက်တဲ့ ဆေးကို အစာနဲ့တွဲသောက်ရမလား၊ အစာနဲ့ခွာသောက်ရမလား( အစာမရှိချိန်သောက်ရမလား) ဆိုတာကို ဆရာဝန်ကို သေသေချာချာ မေးထားဖို့ လိုပါတယ်။ ဆေးကို သောက်သာသောက်တယ်။ ရောဂါဝေဒနာ မသက်သာဘူးဆိုတာသည် ဆေးသောက်နည်းမမှန်ခြင်းက အကြောင်းတချက်အနေနဲ့ ပါဝင်တယ်။ ဆေးသောက်နည်းတစ်ခုဖြစ်တဲ့ အစာနဲ့ခွာသောက်ရမယ့် ဆေး(၉) မျိုးရှိပါတယ်။ မိတ်ဆွေတို့ လက်ရှိသောက်သုံးနေရတဲ့ ဆေးဝါးများသည် အောက်ပါ ဆေးဝါးများ ၉ မျိုးထဲမှာ ပါနေတယ်ဆိုရင် အစာနဲ့ခွာသောက်ရမှာ ဖြစ်ပါတယ်။ ဒါမှ ဆေးအာနိသင်ကို အပြည့်အဝရပြီး ရောဂါဝေဒနာများ သက်သာမှာ ဖြစ်ပါတယ်။

အချို့ဆေးကို ဘာကြောင့် အစာနဲ့ခွာသောက်သင့်သလဲ
🔸🔹🔸🔹🔸🔹🔸🔹
အချို့ဆေးတွေက အစာနဲ့ဝေးဝေးသောက်ပါ သောက်သင့်တယ်။ ဘာကြောင့်လဲဆိုတော့
စုပ်ယူမှု့နှေးခြင်းအစာက အချို့ဆေးတွေကို ကိုယ်ကနေစုပ်ယူမှု့နှေးစေတယ်။ ဒါကြောင့် ဆေးကကိုယ်ထဲမှာ အချိန်ကြာကြာနေပြီး ဆေးအာနိသင်ကို ကြာကြာရစေတယ်။
စုပ်ယူမှု့နည်းခြင်း
အချို့အစားအစာ၊ အချိုရည်၊ ဖြည့်စွက်စာများက ကိုယ်ထဲက ဆေးပမာဏ ကိုနည်းစေတယ်။
ဆေးဖြိုခွဲမှု့ နှေးခြင်း သို့မဟုတ် မြန်ခြင်း
လိုအချို့အသီးများသည် ကိုယ်ထဲမှာ အချို့ဆေးများရဲ့ ဖြိုခွဲမှု့နှုန်းကို မြန်စေတယ်။ အဲလိုမြန်ရင် ဆေးတွေက ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ဘူး။ ဖျော်ရည်တွေက ကိုယ်ထဲမှာ ဆေးများရဲ့ ဖြိုခွဲမှု့ကို နှေးစေတယ်။ ဒါဆိုရင် ကိုယ်ထဲမှာ ဆေးတွေ စုပုံလာပြီး ဘေးထွက်ဆိုးကျိုးကို ခံစားရနိုင်ပါတယ်

အစာမရှိချိန်ဆေးသောက်ဆိုတာဘာကို ဆိုလိုတာလဲ
🔸🔹🔸🔹🔸🔹🔸🔹
အစာမရှိချိန်ဆေးသောက်ဆိုတာဟာ အစာမစားခင် ၁ နာရီ နဲ့ အစာစားပြီး ၂ နာရီကို ဆိုလိုတာဖြစ်တယ်။ အစာစားပြီးရင် အစာအိမ်ထဲက အဲအစာကုန်သွားဖို့ ၁ နာရီခွဲကနေ ၂ နာရီကြာတယ်။
ဒါပေမဲ့ စားတဲ့အစားအစာမျိုးအစားပေါ်မူတည်လည်းမူတယ်ပါတယ်။ ဥပမာ အဆီများတဲ့အစားအစားတွေဆိုရင် အစာအိမ်ထဲကနေ အစာတွေကုန်သွားဖို့ အချိန်ကို ပိုကြာစေတယ်။

(၁) #သိုင်းရွက်ရောဂါကုဆေးများ
🔸🔹🔸🔹🔸🔹🔸🔹
hypothyroid လည်ပင်းဟော်မုန်းနည်းတဲ့ရောဂါရှိရင် ဆေးသောက်ရတယ်။ မနက်ပိုင်း အစာမရှိချိန်သောက်ရတယ်။ အချို့အစားအစာနဲ့ဖျော်ရည်တွေက ဆေးရဲ့ အလုပ်လုပ်ပုံကို ပြောင်းလဲစေလို့ဖြစ်တယ်။ ဥပမာ အခွံမာသီး၊ အမျှင်ဓာတ်များတဲ့ အစားအစာများ၊ ပဲပုပ်တို့သည် ကိုယ်ကနေ levothyroxine စုပ်ယူမှု့ကို ထိခိုက်စေတယ်။ မနက်ခင်း ဖျော်ရည်များ၊ ဂရိတ်ဖရုသီး၊ ကော်ဖီ၊ နွားနို့ များကလည်း အလားတူ အကျိုးသက်ရောက်စေတယ်။ Levofloxacin ကို မနက်စာ မစာခင် မိနစ် ၃၀ အလိုမှာ သောက်ရတယ်။ အခြားဆေးများ မသောက်ခင် ၄ နာရီ အခြားဆေးများသောက်ပြီး ၄ နာရီ အကြာမှ ဆေးကို သောက်ရမယ်။

(၂)
🔸🔹🔸🔹🔸🔹🔸🔹
(Fosamax), (Boniva), (actonel) တို့သည် ဆေးများဖြစ်တယ်။ #အရိုးပွရောဂါကို ကုသပေးပြီး အရိုးကျိုးခြင်းကနေ ကာကွယ်ပေးတယ်။ အချို့အစားတွေ၊ ၊ ဖြည့်စွက်စာများက အစာအိမ်ထဲမှာ များနဲ့ တွယ်ကပ်ပြီး ဆေးများကို စုပ်ယူမှု့ကို နှောင့်ယှက်နိုင်တယ်။ ဖျော်ရည်များနဲ့တွဲသောက်တာကိုလည် ရှောင်ရမယ်။
ရေနဲ့ယှဉ်လိုက်ရင် လိမ္မော်ရည်က စုပ်ယူမှု့ကို ၆၀ ရာခိုင်နှုန်း နှောက်ယှက်နိုင်တယ်။ alendronate, risedronate ဆေးများကို အစာမစားခင် နာရီဝက်အလိုမှာ သောက်ပါ။ ကိုတော့ အစာမစားခင် ၁ နာရီအလိုမှာသောက်ပါ။ ဆေးကို ရေတဖန်ခွက်ပြည့်ပြည့်နဲ့သောက်ပါ။ အစာအိမ်ထဲကို မြန်မြန်ရောက်ပြီး အစာရေမျိုပြွန်ကို ထိခိုက်တာကနေကာကွယ်နိုင်မှာ ဖြစ်တယ်။

(၃)
🔸🔹🔸🔹
အူလမ်းကြောင်းအနာကို ကုသရာမှာသုံးတဲ့ဆေးဖြစ်တယ်။ အနာကို အလွှာပါးအနေနဲ့ ကာကွယ်ပေးတယ်။ ဆေးကို အစာမရှိတဲ့အချိန်မှာ သောက်ရမယ်။ အစာစားပြီး အနည်းဆုံး ၁ နာရီ သို့မဟုတ် ၂ နာရီကြာမှ သောက်ရမယ်။ အစာနဲ့တွဲသောက်ရင် ဆေးက အနာကို ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး။ Antacid သောက်နေတယ်ဆိုရင်တော့ Sucralfate မသောက်ခင် သို့မဟုတ် သောက်ပြီး မိနစ်(၃၀)ကြာမှ ဆေးကိုသောက်ပါ။ မဟုတ်ရင် အနာကို Sucralfate က တွယ်ကပ်ကာကွယ်နိုင်မှု့ ကျဆင်းသွားစေနိုင်တယ်။

(၄) (Vi**ra)
🔸🔹🔸🔹🔸🔹🔸🔹
Sildenafil သည် ပန်းသေပန်းညှိုးရောဂါဖြစ်တဲ့ Dysfunction ကိုကုသတဲ့ဆေးဖြစ်တယ်။ ဆေးကို အစာနဲ့ဖြစ်စေ၊ အစာမရှိတဲ့အချိန်မှာဖြစ်စေ သောက်နိုင်တယ်။ ထောပတ်လိုအဆီများတဲ့အစားအစာများကို စားပြီးသောက်ရင် ဆေးကို ကြာရှည်အလုပ်လုပ်တယ်။

(၅)
🔸🔹🔸🔹
သွေးတိုးနဲ့နှလုံးရောဂါကို ကုသရာမှာသုံးတဲ့ဆေးဖြစ်တယ်။ ဆီးချိုကြောင့်ဖြစ်တဲ့ ကျောက်ကပ်ရောဂါ ကိုကုသရာမှာလည်း သုံးတယ်။ အစာနဲ့တွဲသောက်ရင် ဆေးကိုစုပ်ယူနိင်စွမ်းကျဆင်းစေလို့ အစာနဲ့တွဲမသောက်သင့်ဘူး။ အစာမစားခင် ၁ နာရီ သို့မဟုတ် အစာစားပြီး ၂ နာရီကြာမှ သောက်ရင် ဆေးစုပ်ယူမှု့ကောင်းစေတယ်။

(၆)
🔸🔹🔸🔹🔸🔹
ဆီးလမ်းကြောင်းတင်းခြင်းကို ကုသရာမှာသုံးတဲ့ဆေးဖြစ်တယ်။ ပျို့အန်ခြင်းရှောင်ရှားနိုင်ဖို့ အစာနဲ့ဝေးဝေးသောက်ရမယ်။ အစာမစားခင် ၁ နာရီ သို့မဟုတ် အစာစားပြီး ၂ နာရီကြာမှ သောက်ရမယ်။ တနေ့ကို ၃ ကြိမ် သို့မဟုတ် ၄ ကြိမ် သောက်ရပါမယ်။

(၇)
🔸🔹🔸🔹🔸
အချို့ပိုးသတ်ဆေးတွေက အစာနဲ့ဖြစ်စေ အစာမရှိဘဲဖြစ်စေ သောက်နိုင်တယ်။ ampicillin ကိုတော့ အစာမရှိတဲ့အချိန်မှာ သောက်ရမယ်။ အစာနဲ့တွဲသောက်ရင် ဆေးစုပ်ယူမှု့ကို ကျဆင်းစေလို့ဖြစ်တယ်။ ရောဂါပိုးသတ်တာကို နှောက်ယှက်နိုင်တယ်။ အစာမစားခင် ၁ နာရီ သို့မဟုတ် အစာစားပြီး ၂ နာရီကြာမှ သောက်ဖို့ညွှန်ကြားထားတယ်။

(၈)
🔸🔹🔸🔹🔸
အစာကနေ အနှောက်အယှက်ပေးနိုင်တဲ့ ဆေးတစ်မျိုးကတော့ Zafirlukast ဖြစ်တယ်။ ကလေးနဲ့လူကြီး ပန်းနာရင်ကျပ်ဝေဒနာသည်များ ရောဂါကာကွယ်ဖို့ တနေ့ကို ၂ ကြိမ် သောက်ရတယ်။ အစာနဲ့တွဲသောက်ရင် Zafirlukast ဆေးစုပ်ယူမှု့ကို ၄၀ ရာခိုင်နှုန်း ထိကျဆင်းစေတယ်။ အစာမစားခင် ၁ နာရီ သို့မဟုတ် အစာစားပြီး ၂ နာရီကြာမှ သောက်ဖို့ညွှန်ကြားထားတယ်။

(၉) pump inhibitors
🔸🔹🔸🔹🔸🔹🔸🔹
အစာရေမျိုပြွန်ထဲကို အက်ဆစ်ဓာတ်များ ပြန်ဆန်တက်တဲ့ရောဂါဖြစ်တဲ့ ရောဂါကိုကုသရာမှာ သုံးတဲ့ဆေးများဖြစ်ပါတယ်။ အစာအိမ်ကနေ အက်ဆစ်ထုတ်လုပ်မှု့ကို ကျဆင်းစေတယ်။ အစာက အက်ဆစ်ထွက်စေတယ်။ ဒါကြောင့်အက်ဆစ်မထွက်ခင် PPI ဆေးများကို သောက်ရမယ်။ ဒါကြောင့် များကို အစာမစားခင် မိနစ် ၃၀ အလိုမှာ သောက်ရတာ ဖြစ်တယ်။

အစားအသောက်အများစုသည် အချို့ဆေးများရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေတယ်။ ဒါကြောင့် အစာမရှိတဲ့အချိန်မှာ ဆေးကိုသောက်ရတာဖြစ်တယ်။ ဆေးပေါ်မှာ လည်း မူတည်ပါတယ်။ ဒါကြောင့် ဆေးမသောက်ခင် အဆိုပါဆေးသည် အစာနဲ့တွဲမသောက်သင့်တဲ့ဆေးလားဆိုတာကို သေချာမေးမြန်းပြီး သောက်မှာသာ ထိရောက်မှာ ဖြစ်ပါတယ်။

#ဒေါက်တာထွန်းမြတ်ဝင်း ( #ဆေးဝါးပညာ )

🏪 Saittathukha Street, Pakokku.

20/10/2022

ဆေးကို ချိုးပြီးသောက်ရင် ဘာဖြစ်နိုင်လဲ❓❓❓

တစ်ချို့သူတွေ ဆေးသောက်တဲ့အခါ ဆေးလုံးကို မမျိုနိုင်တာ၊ ဆေးသောက်ရတာအခက်အခဲရှိတာစတဲ့ ပြဿနာတွေကြောင့် ဆေးကို ချိုးပြီး ၊ တစ်ဝက်ခြမ်းပြီး သောက်ကြတာလဲရှိပါတယ်။ တစ်ချို့ကလဲ ဆေးကို အလုံးလိုက်မဟုတ်ပဲ ချိုးပြီး သောက်မှ၊ ဝါးစားမှပဲ အာနိသင်ရှိတယ်လို့ ယူဆကြတာလဲရှိပါတယ်။ ဒီတော့… အလုံးလိုက်မဟုတ်ပဲ ခွဲခြမ်းပြီး သောက်တဲ့အခါ ဘာဖြစ်နိုင်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ပုံမှန်အားဖြင့် ဆေးသောက်လိုက်ပြီးနောက် ခန္ဓာကိုယ်ထဲမှာ ဘာတွေဖြစ်နိုင်မလဲ?
ဆေးကို အလုံးလိုက် ရေနဲ့အတူ မျိုချလိုက်တဲ့အခါ ဆေးက အစာအိမ်ထဲကို ရောက်သွားပါမယ်။ အစာအိမ်ထဲမှာရှိတဲ့ အရည်တွေကြောင့် ဆေးက အရည်ပျော်သွားပြီး စတင်ကွဲလာပါတယ်…. ဒီလိုနဲ့ အချိန်တစ်ခုရောက်တဲ့အခါမှာ ဆေးက သွေးထဲကို စိမ့်ဝင်သွားပြီး သူ့ကို လိုအပ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရောက်သွားပြီး အာနိသင်ကို စပေးပါတယ်။ တကယ်လို့ ဆေးကို အလုံးလိုက်သောက်ရမယ့်အချိန်မှာ ဝါးစားတာ၊ တစ်ခြမ်းချိုးတာတွေလုပ်တဲ့အခါ ခန္ဓာကိုယ်တွင်း ဆေးရဲ့ ချေဖျက်မှုအပေါ် အကျိုးသက်ရောက်နိုင်ပြီး ဆေးရဲ့ အာနိသင်ကိုလဲ ထိခိုက်နိုင်ပါတယ်။

(၁) ဆေးအာနိသင် များသွားတာ
တစ်ချို့သော ဆေးတွေက အစာအိမ်ထဲမှာ တဖြေးဖြေးချင်း ဆေးကို စိမ့်ထွက်စေပြီး ဖြေးဖြေးချင်း အာနိသင်ရအောင် ဖန်တီးထားတာပါ။ တကယ်လို့ ဆေးကို ချိုးပြီးသောက်မယ် ကျေအောင် ဝါးစားမယ်ဆိုရင် ဆေးရဲ့ ပမာဏများများကို တစ်ကြိမ်ထဲရစေလို့ ဆေးလွန်တာ၊ overdose ဖြစ်တာတွေလဲ ဖြစ်နိုင်ပါတယ်။

(၂) ဆေးရဲ့ ပုံစံအနေအထားပျက်စီးတာ
ဒါ့အပြင် တစ်ချို့ဆေးတွေက အစာအိမ်ထဲမှာရှိတဲ့ အက်စစ်တွေကြောင့် ပျက်စီးနိုင်ပါတယ်။ ဒီလိုဆေးတွေကို Enteric coated လို့ခေါ်တဲ့ အပေါ် coating တစ်ထပ်နဲ့ အုပ်ထားပါတယ်။ ဒီ coating ကြောင့် ဆေးက အစာအိမ်ထဲမှာ ဆေးကို မထွက်စေပဲ အူလမ်းကြောင်းထဲရောက်မှပဲ ဆေးကို ဖြေးဖြေးချင်းထွက်စေပါတယ်။ တကယ်လို့ ဆေးကို ဝါးစားတာ ၊ ခြမ်းပြီးသောက်တာမျိုးလုပ်လိုက်မယ်ဆိုရင် ဆေးရဲ့အပေါ်ယံ တစ်ထပ်ကို ပျက်စီးစေလို့ ဆေးအာနိသင်အလုံအလောက်မရတာ ဖြစ်နိုင်ပါတယ်။

(၃) ဆေးရဲ့ အရသာဆိုးရွားတာ
တစ်ချို့ဆေးတွေက အရသာအလွန်ဆိုးတာ၊ အနံ့ဆိုးတာတွေကြောင့် အပြင်ကနေ coating တစ်ထပ်နဲ့ ကာရံထားတာလဲ ရှိတတ်ပါတယ်။ ဒီလိုဆေးမျိုးကို ဝါးစားမိရင်လဲ ဆေးသောက်ရတာ အဆင်မပြေတာ ဖြစ်နိုင်ပါတယ်။

ဒါဆိုရင်… ဆေးတွေအကုန်လုံး ချိုးသောက်လို့ မဖြစ်နိုင်တာလား???
မဟုတ်ပါဘူး…. တစ်ချို့သော ဆေးတွေက မဖြစ်မနေ ချိုးပြီး သောက်ရတာ၊ ဝါးစားဖို့ လိုအပ်တဲ့ ဆေးတွေလဲ ရှိပါတယ်။ အထူးသဖြင့် ကလေးတွေအတွက် ထုတ်ထားတဲ့ အားဆေးတွေနဲ့ တစ်ချို့သော ဗီတာမင်ဆေးတွေကတော့ ဝါးစားရတာလဲ ရှိပါတယ်။ တစ်ချို့ဆေးတွေမှာလဲ အလယ်မှာ ချိုးလို့ရတဲ့ break line လေးပါဝင်ပြီး ချိုးသောက်လို့ရတာတွေလဲ ရှိပါတယ်။
တစ်ခါတစ်လေ ဆေးရဲ့ label မှာ ဆေးကို ချိုးသောက်ခြင်း၊ ဝါးစားခြင်းများမလုပ်ရပါလို့ ရေးထားတာ ရှိပါတယ်။ တစ်ချို့ဆေးတွေမှာတော့ tablet ကို ဆေးလုံးကို သေချာ ဝါးစားပါရန်လို့ ညွှန်ကြားထားတာလဲ ရှိပါတယ်။ ဒါ့ကြောင့် ဆေးကို နည်းစနစ်ကျ မှန်မှန်ကန်ကန် သောက်ဖို့ဆိုရင် ဆေးရဲ့ အချက်အလက်တွေကို သေသေချာချာ ဖတ်ဖို့ အရေးကြီးပါတယ်။
တကယ်လို့ သင့်အနေနဲ့ ဆေးလုံးတွေကို မျိုချရတာ အခက်အခဲရှိနေမယ်… ဝါးစားမှပဲ အဆင်ပြေမယ်… ဆေးကို ချိုးပြီး သောက်ချင်တယ်ဆိုရင်… ဆရာဝန် ဒါမှမဟုတ် ဆေးဝါးပညာရှင်ကို သေချာမေးမြန်းပြီး ကိုယ်နဲ့ အဆင်ပြေနိုင်မယ့် တခြားဆေးတစ်ခုကို ပြောင်းပေးဖို့… အကြံဉာဏ်တောင်းဖို့ လိုအပ်ပါတယ်နော်…..
ဒါ့ကြောင့်…. အရေးကြီးဆုံးက… ဆေးမသောက်ခင်… ဆေးညွှန်းကို သေသေချာချာဖတ်ပါ…. တတ်ကျွမ်းနားလည်တဲ့သူနဲ့ တိုင်ပင်ပါလို့ မျှဝေလိုက်ရပါတယ်နော်….

ယုဝါ (ဆေးဝါးကျွမ်းကျင်)

12/10/2022

ကျောက်ကပ်ကိုထိခိုက်စေသော အမူအကျင့်များ
(၁) နံနက်စာ မစားခြင်း။
(၂) ဆား စားသုံးမှု များနေခြင်း။
(၃) ဆေးလိပ်သောက်ခြင်း။
(၄) ရေသောက်နည်းခြင်း။
(၅) ဆေးဝါများ အလွန်အကျွံ မှီဝဲနေခြင်း။
(၆) လုံလောက်သော အနားယူခြင်း မရှိခြင်း။
(၇) တစ်ခါတစ်လေ အလွန်အကျွံ စားခြင်း။
(၈) အသားများကို အလွန်အကျွံစားခြင်း။
(၉) အရက်အလွန်အကျွံ့သောက်ခြင်း။
(၁၀) မနက်အိပ်ယာထ ဆီးသွားချင်သည်ကို
မသွားပဲ ချုပ်တည်းထားခြင်း။

_______________________________________

ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်တာကြောင့်ဆင်ခြင်သင့်တဲ့အမူအကျင့်(၁၀)မျိုး

ကျောက်ကပ်က သွေးကြောထဲမှာ လှည့်ပတ်နေတဲ့သွေးတွေကို သန့်စင်အောင်စစ်ထုတ်ပေးပြီး အစားအစာတွေကနေဗီတာမင်၊ သတ္တုဓာတ်တွေကို စုပ်ယူကာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရေတြကို ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဟော်မုန်းထုတ်လုပ်မှုမှာလည်း ကူညီပေးပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာရေးက ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးတယ်လို့ပြောလို့ရပါတယ်။ ဒါကြောင့် သင့်ရဲ့နေ့စဉ်အမူအကျင့်တွေထဲကနေ ကျောက်ကပ်ကျန်းမာရေး ပျက်စီးစေမယ့် အပြုအမူတွေကို ဆင်ခြင်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

(၁) ရေအလုံအလောက္မသောက်ဘူး

ခန္ဓာကိုယ်မှာရေဓာတ်အလုံအလောက်ရရှိမှ ကိုယ်တွင်းကလီစာတွေကောင်းကောင်းအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် ကျောက်ကပ်ပေါ့။ ရေက ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေဖယ်ရှားပေးတဲ့နေရာမှာ အရမ်းအကူအညီဖြစ်တာကြောင့် ကြောကျကပျမှာကြောက်မတညျအောငျတားဆီးပေးနိုငျပါတယျ။ ဒါပေမဲ့ လိုအပ်တာထက်အလွန်အကျွံ့သောက်တာလည်းမကောင်းပါဘူး။ တစျရက်မှာ ရေနှစ်လီတာလောက်သောက်ရင်အတော်ပါပဲ။

(၂) ဆေးတွေကိုအညွှန်းအတိုင်းမသောက်ဘူး

နေမကောင်းဖြစ်တဲ့အခါ၊ တစ်ခုခုဖြစ်တဲ့အခါတွေမှာ ဆေးတွေကိုသောက်ချင်သလိုသောက်တဲ့အကျင့်ကလည်း ကျောက်ကပ်ပျက်စီးရတဲ့အကြောင်းရင်းထဲကတစ်ချက်ပါပဲ။ ဆေးမြီးတိုတွေအရမ်းသောက်ရင် ပိုဆိုးပါတယ်။ ဒါကြောင့် အကြောင်းတစ်ခုခုကြောင့်ဆေးသောက်တော့မယ်ဆို ကိုယ့်သဘောနဲ့ကိုယ်သောက်ချင်သလိုမသောက်ပါနဲ့၊ ဆရာ၀န်ညွှန်ကြားချက်နဲ့ သေချာလိုက်နာပြီးသောက်ပါ။

(၃) အငန်တွေအရမ်းစားတယ်

အရွယ်ရောက်ပြီးတဲ့သူတစ်ယောက်က ဆိုဒီယမ် ၂၃၀၀မီလီဂရမ်လောက်ပဲစားသုံးသင့်တယ်လို့ ကျန်းမာရေးဌာနထုတ်ပြန်ထားခဲ့ပေမဲ့ လူတိုင်းကအဲ့ဒီပမာဏထက်ပိုအောင်စားသောက်နေကြပါတယ်။ အခုနောက်ပိုင်းအစားအစာတွေမှာ ဆိုဒီယမ်ပမာဏများများထည့်ပြီးအရသာပိုရှိအောင်ထုတ်လုပ်တာကို လူတွေကအရမ်းကြိုက်ကြပါတယ်။ဆိုဒီယမ်စားသုံးမှုများတဲ့အခါ ခန္ဓာကိုယ်ထဲမှာအငန်ဓာတ်တွေအရမ်းများလာပြီး ကျောက်ကပ်ကသန့်စင်နိုင်စွမ်းမရှိတော့ ကျောက်ကပ်ထိခိုက်လာပါတယ်။ ဒါကြောင့် အငန်ဓာတ်များတဲ့အစားအစာတွေကိုလျှော့စားပြီး အသီးအနှံနဲ့အရွက်စိမ်းတွေကိုလည်းသင့်တင့်သလောက်စားပေးပါ။

(၄) သွေးဖိအားနဲ့ပတ်သက်လို့ဂရုမစိုက်ဘူး

ကျန်းမာရေးလိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ သွေးဖိအားတိုင်းတာကိုမကြာခဏလုပ်ပေးသင့်ပါတယ်။ သွေးဖိအားများတယ်ဆိုတာ နှလုံးသွေးကြောနဲ့ပတ်သက်လို့ ပြဿနာရှိနေတာဖြစ်ပြီး သွေးတိုးရောဂါဖြစ်လာရင်သွေးလွှတ်ကြောတွေကျဉ်းမြောင်းလာပါတယ်။ အဲ့ဒီအခါ သွေးထဲမှာ ကိုလက်စထရောနဲ့အဆိပ်အတောက်တွေစုပုံလာပြီး ဒါကို ကျောက်ကပ်ကသန့်စင်နိုင်စွမ်းနည်းလာပါတယ်။ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေဖြစ်နေတဲ့အခါ ကျောက်ကပ်တစ်သျှူးတွေက လိုအပ်တဲ့အာဟာရတွေကို ကောင်းကောင်းမစုပ်ယူနိုင်တော့ဘဲ ကျောက်ကပ်မှာထိခိုက်လာပါတယ်။

(၅) ဆီးသွားချင်တာကိုအချိန်အကြာကြီးအောင့်ထားတတ်တယ်

ဆီးအိတ္က အရည်နှစ်ခွက်စာပမာဏကို သုံးနာရီကနေ၊လေးနာရီအထိထိန်းပေးထားနိုင်ပါတယ်။ တခါတ လေ သန့်စင်ခန်းမရှိတဲ့နေရာတွေမှာ ဆီးသွားချင်လာတာကို အချိန်တွေအကြာကြီးအောင့်ထားလိုက်တဲ့အခါ ကျောက်ကပ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်လာနိုင်ပြီး မကြာခဏဆီးသွားချင်တာမျိုးဖြစ်လာနိုင်ပါတယ်။ အဲ့ဒီလိုဖြစ်လာရင် တင်ပါးဆုံရိုးနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးတွေလုပ်ပေးဖို့လိုပါတယ်။

(၆) အချိုနဲ့သရေစာတွေအလွန်အကျွံစားသုံးတယ်

အငန်တွေအရမ်းစားတဲ့အခါ ကျောက်ကပ်ကအဆိပ်အတောက်တွေဖယ်ရှားနိုင်စွမ်းနည်းလာသလိုပဲ ၊ အချိုနဲ့သရေစာတွေအလွန်အကျွံစားတာကလည်း အဲ့ဒီအတိုင်းဖြစ်စေတာကြောင့် ကျောက်ကပ်ကိုပျက်စီးစေနိုင်ပါတယ်။

(၇) အရက်နဲ့ဆေးလိပ်သုံးစွဲတယ်

သင်ဟာ အရက်နဲ့ဆေးလိပ်သောက်တဲ့သူဆိုရင် အဲ့ဒီအရာတွေကနေခန္ဓာကိုယ်ကိုဒုက္ခပေးတဲ့ ကယျမီကယျလ် တွေထုတ်လွှတ်နိုင်ပြီး ကျောက်ကပ်က အဲ့ဒါတွေကို ချေဖျက်သန့်စင်ဖို့ မတတ်နိုင်တော့တဲ့အခါ ထိခိုက်ပျက်စီးလာပါတယ်။

(၈) အနီရောင်အသားတွေအလွန်အကျွံစားတယ်

အနီရောင်အသားတွေက သံဓာတ်နဲ့ပရိုတင်းဓာတ်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်တယ်ဆိုပေမယ့် အမိုးနီးယားနဲ့နိုက်ထရိုဂျင်ဓာတ်တွေလည်းပါနေတာကြောင့် နေ့တိုင်းစားရင် ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။

(၉) အထိုင်များပြီးလေ့ကျင့်ခန်းမလုပ်ဘူး

အထိုင်များပြီးလေ့ကျင့်ခန်းမလုပ်တာက ဆီးချိုရောဂါ၊ ကင်ဆာရောဂါ နဲ့ Heart attack တွေဖြစ်စေနိုင်ပါတယ်။ပြီးတော့ တစျရက်မှာ ၈နာရီနဲ့အထက်ထိုင်တဲ့သူတွေဟာ တခြားသူတွေထက်ကျောက်ကပ်ရောဂါဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်းပိုများပါတယ်။

(၁၀) ကောင်းကောင်းမအိပ်ဘူး

ညဘက်မှာကောငျးကောငျးအိပျမှ နောက်နေ့အတွက်ခန္ဓာကိုယ်က အားအင်ပြည့်၀မှာပါ။ တကယ်လို့ အိပ်ချိန်မလုံလောက်ဘူးဆိုရင် သွေးလှည့်ပတ်မှုမကောင်းတော့ဘဲ၊ သွေးဖိအားများလာမယ်၊ အဲ့ဒါက ကျောက်ကပ်ကိုသွားထိခိုက်စေပါတယ်။
ဒါကြောင့် ပုံမှန်အိပ်ချိန်အတိုင်းကောင်းကောင်းအိပ်ဖို့ လိုအပ်ပါတယ်။

Photos from မေရီ ဆေးဆိုင် - Merry Pharmacy's post 06/10/2022

အစာအိမ်နာ နှင့် အစာအိမ်ဆေးများ 💊💊
———————————
လူတိုင်း တစ်နေ့မဟုတ် တစ်နေ့တော့ အစာအိမ်ရောဂါ ဖြစ်ဖူးကြပါတယ် 😣😣

အပူအစပ်လည်း စားတယ်၊ စားချိန်လည်း မမှန်ဘူး၊ တခါစားတော့လည်း အများကြီး စားတယ် အရက်လည်း တခါတေလေသာက်တယ်၊ အကိုက်အခဲ ပျောက်ဆေးနဲ့ စတီးရွိက်ပါတဲ့ဆေး တွေ သုံးတယ် 🍻🍻

အဲဒါဆိုရင် တော့ အစာအိမ် ဗိုက်အောင့်ဖို့က မလွဲမသွေပါပဲ
အစာအိမ်ဆေးကတော့ လူတိုင်းရင်းနှီးပီးသား ဖြစ်သလို ဆေးဆိုင်တော်တော်များများမှာလည်း အလွယ်တကူ မေးဝယ်လို့ ရပါတယ်👨‍⚕️👨‍⚕️

လူတွေ မသိသေးတဲ့ အချက်က ဘယ်ဆေးကို ဘယ်လို နေရာမှာ သုံးလဲဆိုတာနဲ့ ဘယ်အချိန်မှာ ဆေးသောက် ရုံနဲ့ မပီးဘဲ လိုအပ်တာတွေ ထပ်စစ်သင့်လဲ ဆိုတာပါ🔬🔬

အစာအိမ်နာဆိုတာက အစာအိမ်ထဲက အက်ဆစ်တွေကြောင့် ဖြစ်နိုင်သလို အစာအိမ်နံရံက အလွှာတွေ ပါးလို့လဲ ဖြစ်နိုင်ပါတယ်

✅ ပထမအုပ်စု ဖြစ်တဲ့ အစာအိမ်နာရင် အရင်ဆုံး ပေးတဲ့ဆေးကေတာ့ ဂျယ် လို Antacid သောက်ဆေးတွေပါ သူတို့က အစာအိမ်ထဲက အက်ဆစ်ကို အားနည်းသွားအောင် လုပ်တဲ့ဆေးတွေပါ 😶‍🌫️😶‍🌫️
ဥပမာ Siloxogene, Kremil S, Tricaine gel

တစ်နေ့ကို ၃ ကြိမ်ခန့် သောက်လို့ ရသလို နာရင် နာသလိုလည်း သောက်လို့ရပါတယ်
အခဲဆိုရင်တော့ ဝါးစားတာ ပိုကောင်းပါတယ်

✅ ဒုတိယ အုပ်စုကတော့ အစာအိမ်က ထွက်တဲ့ အက်ဆစ်ကို ပိတ်တာပါ
ဥပမာ Omeprazole, Pantoprazole, Rabeprazole, Ranitidine, Famotidine
ဒီဆေးတွေကတော့ အက်ဆစ်ကို ပိတ်တဲ့ ဆေးတွေဖြစ်ပီး အနည်းဆုံး တစ်ပတ်ခန့်ကနေ အများဆုံး ၃ လ ထိ ပေးလေ့ ရှိပါတယ်

အစာအိမ်နာရင် ပထမအုပ်စုက မပါမဖြစ်ပါ၊ ဒုတိယ အုပ်စုက ဆေးအာနိသင် ပြတာကြာပီး ထွက်ပီးသား အက်ဆစ်ကို သက်ရောက်မှု မရှိတဲ့ အတွက် ပထမ အုပ်စုနဲ့ပဲ တွဲပေးလေ့ ရှိပါတယ်

✅ တတိယ အုပ်စုကတော့ အစာအနာကို အပေါ်က အလွှာတစ်ခုနဲ့ ဖုံးလိုက်သလိုမျိုး အာနိသင်ရှိတဲ့ ဆေးပါ
ဥပမာ sucrate gel လိုဆေးပါ
အစာအိမ်နာ ရှိမှ ဆေးက အာနိသင် ရှိပါတယ်
ပထမ နဲ့ တတိယ အုပ်စုကို တူတူတွဲမသောက်ရတာလည်း ရှိပါတယ်

နိုင်ငံခြားမှာ ဆိုရင်တော့ ဆေးပေးလို့မှ မသက်သာရင် အစာအိမ်ပိုး ⚠️H.pylori စစ်တာ၊ ⚠️မှန်ပြောင်း ကြည့်တာတွေ လုပ်ရပါတယ်

‼️အကယ်လို့ အစားအသောက်ပျက်တာ၊ ရုတ်တရက် ဝိတ်ကျတာ၊ သွေးအားနည်းတာ အစ ရှိတာတွေ ဖြစ်နေရင်လည်း မှန်ပြောင်း တခါတည်း တန်းကြည့်တတ်ပါတယ်

❗️အစာအိမ်ရောင်ရမ်းတာ ကာလကြာရှည်တယ်၊ အစာအိမ်ပိုးလည်း ရှိတယ်ဆိုရင်တော့ တစ်ချိန်ကျရင် အစာအိမ်ကင်ဆာ ဖြစ်ဖို့ အလားအလာ ပိုများပါတယ်

အဲဒါကြောင့် အစာအိမ်ရောင်ရမ်းတာကို ပုံမှန်လေးပဲ ထင်ပီး ဂရုမစိုက်သလို မလုပ်ဘဲ နီးစပ်ရာ ဆရာဝန်နှင့် သေချာ ပြသပီး ကုသမှု ခံယူသင့်ပါတယ်

Dr. Kevin
MBBS, MRCP (UK)
#အစာအိမ်
#အစာအိမ်နာ
#အစာအိမ်ဆေး
#ဆေးဝါး

Photos from မေရီ ဆေးဆိုင် - Merry Pharmacy's post 03/09/2022

💦အကိုက်အခဲပျောက်ပလာစတာကပ်နည်းပါ

👉အကိုက်အခဲပျောက် ဆေးပလာစတာဆိုရင် အများစုကတစ်ချပ်လုံး ပြင်လိုက်ကြီးကပ်ကြတာများပါတယ်
အဲ့လိုကပ်တာ ကပ်နည်း 🙅🙅🙅❌❌❌ပါတယ်နော်
ပိုပြီးထိရောက်မှုရှိအောင်လို့ 👇ပုံလေးတွေကြည့်ပြီး လိုက်ကပ်ကြည့်နော်🥰

👉Medical knowledge လေးတွေကို sharing လုပ်ပေးမှာမို့ Merry Pharmacy Page လေးကို Like & Follow လေး လုပ်ထားပေးနော် 🫰🫰🫰

🏪Merry Pharmacy
Saittathukha Street,
Pakokku
#အကိုက်အခဲပျောက်ပလာစတာ

Credit to Dr. Kaung Htet Kyaw

Photos from မေရီ ဆေးဆိုင် - Merry Pharmacy's post 29/08/2022

မင်္ဂလာပါရှင့် " Merry Pharmacy " မှ ကြိုဆိုပါတယ်ရှင့် 🙏🥰

ဆိုင်အပြင်အဆင်လေးပြောင်းထားလို့ နဲနဲလေးကြွားခွင့်ပြုပါဦးနော် 😁😁😁

မင်မင်တို့ရဲ့ Merry Pharmacy မှာ ဆေးမျိုးစုံကို 💯💯💯 ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်ပါတယ်နော်😊😊😊

ထိုးဆေး/သောက်ဆေး/ လိမ်းဆေး မျိုးစုံ နဲ့ 😊😊

🌹တိုင်းရင်းဆေးမျိုးစုံကိုလဲ ‌ဝယ်ယူရရှိနိုင်ပါတယ်နော် 🤗🤗🤗

မိတ်ဆွေတို့ရဲ့ကျန်းမာရေးအတွက် လိုအပ်တဲ့ဆေးဝါးများကို " Merry Pharmacy " မှ တာဝန်ယူပါရစေရှင့် 🥰🥰🥰

🏪 Merry Pharmacy
Saittathukha Street,
Pakokku.

Want your practice to be the top-listed Clinic in Pakokku?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Saittathukha Street
Pakokku

Other Medical & Health in Pakokku (show all)
ပွင့်မေတ္တာတိုင်းရင်းဆေး - Pwint Myitta ပွင့်မေတ္တာတိုင်းရင်းဆေး - Pwint Myitta
အမှတ်/၁၁၊ မြိုင်လမ်း၊ တက္ကသိုလ်အရှေ့၊ ပခုက္ကူမြို့။
Pakokku, 04201

တိုင်းရင်းဆေးစွမ်းကောင်းတွေကို ထုတ်လုပ်ဖြန့်ချိရောင်းချပေးပါတယ်။

U Kyaw Aye & Sons Pharmacy-ဦးကျော်အေးနှင့်သားများ  ဆေးဆိုင် U Kyaw Aye & Sons Pharmacy-ဦးကျော်အေးနှင့်သားများ ဆေးဆိုင်
Pakokku

ဦးကျော်အေး ဆေးမျိုးစုံ ရောင်းဝယ်ရေး

Nyein Pharmacy and Clinic Nyein Pharmacy and Clinic
No (5), (6) Street
Pakokku

မှန်ကန်သောစျေးနှူံး ကြင်နာသောဝန်ဆောင်မူဖြင့် #ငြိမ်း

Nyein Pharmacy & Clinic Nyein Pharmacy & Clinic
No(5)Qtr, 6Streets
Pakokku

Thukha Aung Pharmacy Thukha Aung Pharmacy
အမှတ်(၁၁)၊(၊၁၅)လမ်း
Pakokku

Health & Beauty

Chann Saint Pharmaceuticals Chann Saint Pharmaceuticals
Corner Of Ar Zar Ni Road And Tat Ma Road, (7) Quarter
Pakokku

1985-manufactured and traded traditional medicines and raws. 1995-Launched products to nationwide.

Oxygen Hunter Pakokku Oxygen Hunter Pakokku
Aungzayti Pagoda Street
Pakokku

We are hunters.

Aung Kaung Myat Pharmacy Aung Kaung Myat Pharmacy
Htintan Street
Pakokku

Pharmacy