Aung Thukha General Clinic
အောင်သုခအထွေထွေရောဂါကုဆေးခန်း မှာ Ja
ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခြင်း (Su***de) နဲ့ ပက်သက်ပြီး Responsible Media Reporting ဆိုတာ ရှိပါတယ်။ Su***de နဲ့ ပက်သက်တဲ့ သတင်းတွေရေးကြရင် (post တွေတင်ကြရင်) လိုက်နာကြရမဲ့ ရှောင်ရန်၊ ဆောင်ရန်တွေ အကြောင်းပါ။
အကြမ်းဖျဥ်းပြောရရင်
❌️❌️ရှောင်ရန်တွေက❌️❌️
၁။ public ကို အတွေး၊ အမြင် တိမ်းစောင်းစေနိုင်တဲ့ အရေးအသား၊ စကားလုံး အသုံးအနှုန်းတွေကို ရှောင်ရပါမယ်။
ဥပမာ - "ကြပ်တည်းတဲ့ကာလမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းက လူတွေရဲ့ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ရေပန်းစားလာပါတယ်" ဆိုတဲ့ အရေးအသားမျိုး။
"နောက်ဆုံးမှာတော့ ကို A သည် သူ့လွတ်မြောက်ရာလမ်းကို ရှာတွေ့သွားခဲ့သည်" ဆိုတာမျိုး။
ဒါမျိုး အရေးအသားတွေက စာဖတ်သူတွေကို su***de ဟာ အကြပ်အတည်းကာလမှာ မှန်ကန်သောလုပ်ရပ်/ဖြေရှင်းနည်း၊ ဖြစ်သင့်သောလုပ်ရပ်၊ ဖြစ်နေကြဖြစ်ရပ်၊ တစ်ခုတည်းသော စိတ်ထွက်ပေါက်လို့ အထင်ရောက်သွားစေနိုင်လို့ပါ။
Su***de သတင်းကိုဖော်ပြတဲ့အခါမှ drama ဇာတ်လမ်းတစ်ပုဒ်လို၊ လွမ်းမောဖွယ် ကဗျာတစ်ပုဒ်လိုလဲ မရေးသင့်ပါဘူး။ လေ့လာချက်တွေအရ ဒီလိုအရေးအသားတွေက တစ်ချို့သောသူတွေ (ဥပမာ - စိတ်ထိခိုက်ခံစားလွယ်နေသူတွေ၊ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရသူတွေ၊ စိတ်ဓါတ်ကျနေသူတွေ) ကို တွန်းအားပေးသလိုဖြစ်စေနိုင်ပြီး su***de case တွေ များလာစေနိုင်ပါတယ်။
၂။ Su***de case တစ်ခုရဲ့ နေရာကိုရေးသားဖော်ပြတဲ့ အခါမှာ အသေးစိပ်ရေးသားတာ၊ နေရာအခေါ်အဝေါ်ကို su***de နဲ့ ပက်သက်ပြီး တစ်နည်းတစ်ဖုံ တင်စားသုံးနှုန်းရေးသားတာမျိုးတွေကို ရှောင်ကြဥ်ရပါမယ်။
၃။ Su***de လုပ်သွားတဲ့ နည်းလမ်းကို အသေးစိပ်ရေးသားတာမျိုးကို ရှောင်ကြဥ်ရပါမယ်။ ဒီလိုရေးသားဖော်ပြတာက su***de လုပ်ဖို့ စဥ်းစားမိနေသူကို နည်းလမ်းပေးသလို၊ တွန်းအားပေးသလို ဖြစ်သွားစေနိုင်လို့ပါ။
၄။ Su***de ပြုလုပ်သွားသူရဲ့ ဓါတ်ပုံ၊ သူ့မိသားစုရဲ့ ဓါတ်ပုံ က စလို့ ဒီဖြစ်စဥ်နဲ့ ပက်သက်တဲ့ အခြားဘယ်ဓါတ်ပုံ၊ video၊ အသံ file ကိုမှ မဖော်ပြရပါဘူး။ Su***de မလုပ်မီနောက်ဆုံးရေးခဲ့တဲ့ နှုတ်ဆက်စာ၊ သေတမ်းစာ၊ စကားပြော file၊ video file ဘာကိုမှ မဖော်ပြရပါဘူး။ (အခု online ပေါ်မှာ တော်တော်များများ တွေ့နေရတဲ့ ဖိနပ်ပုံကိုလဲ မတင်သင့်ပါဘူး။)
ဒါတွေက သေဆုံးသွားသူ (နှင့် ကျန်ရစ်သူ မိသားစု) ရဲ့ privacy နဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သလို ကြည့်မြင် ဖတ်ရှုရတဲ့ စာဖတ်သူတွေရဲ့ စိတ်ကိုလဲ တစ်နည်းတစ်ဖုံ တိမ်းညွှတ်သွားစေနိုင်လို့ပါ။
✅✅️️ လိုက်နာသင့်တာတွေက✅️✅️
၁။ စာဖတ်သူကို စိတ်ကျန်းမာရေး ဗဟုသုတ တိုးစေမဲ့ အချက်တွေကို ထည့်သွင်းရေးသားရပါမယ်။ (ဥပမာ - ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုတဲ့စိတ်က စိတ်ဓါတ်ကျသူတွေ၊ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရသူတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ မိသားစု၊ သူငယ်ချင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေ ကို ရင်ဖွင့်တိုင်ပင်ရပါမယ်)
၂။ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုစိတ် ဖြစ်ပေါ်ခဲ့ရင်၊ အလွန်အမင်းစိတ်ဖိစီးမှု နဲ့ ရင်ဆိုင်ရရင် ဆက်သွယ်နိုင်မဲ့ ဝန်ဆောင်မှုပေးတဲ့ အဖွဲ့တွေနဲ့ပက်သက်ပြီး ဖော်ပြထားရပါမယ်။ (ဥပမာ - online နှစ်သိမ့်ဆွေးနွေးပေးတဲ့ အဖွဲ့တွေရဲ့ page, phone number, hotlines, Link)
၃။ စိတ်ကျန်းမာရေးပြသနာတွေ၊ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်တာတွေ နဲ့ ပက်သက်ပြီး အယူအဆလွဲမှားမှု၊ ခွဲခြားဆက်ဆံမှုတွေ လျော့နည်းအောင် ရေးသားဖော်ပြရပါမယ်။ ကျန်းမာရေးအသိပညာပေးတဲ့အချက်တွေ ထည့်သွင်းရေးသားရပါမယ်။
၄။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုတဲ့ စိတ်ကို တောင့်ခံကျော်လွှားနိုင်ခဲ့တဲ့ သူတွေအကြောင်းကို အသားပေးရေးသားရပါမယ်။
ပြည့်ပြည့်စုံစုံဖတ်ချင်ရင် WHO က ထုတ်တဲ့ "Preventing Su***de: A resource for media professionals" ဆိုတဲ့ စာအုပ်ကို ဖတ်ကြည့်ပါနော်။
ဒီ post က ကိုယ်ရေးတတ်သလို၊ ရေးတတ်သလောက် ရေးတာမို့ မပြည့်စုံလို့ပါ။
*** ပုံလေးကတော့ စိတ်ဖိစီးမှုတွေနဲ့ စိတ်ကျန်းမာရေးပြသနာတွေအတွက် အခမဲဲ့ တိုင်ပင်ဆွေးနွေးနိုင်တဲ့ ဝန်ဆောင်မှုတွေရှိကြောင်း information ပေးတာပါ။
Credit Moan Thawdar
🍚ထမင်းစားများလေ ဆီးချိုပိုတက်လေဆိုတာ တကယ်ပဲလား 🍚
တော်တော်များများ ကြားဖူးကြလိမ့်မယ်ထင်တယ်။ ထမင်းကိုအများကြီးမစားရဘူး၊ စားရင် ဆီးချိုဖြစ်နိုင်တယ်ဆိုတာမျိုးပေါ့။
💭ဒါဆိုဘာလို့ အဲ့လိုမျိုးပြောကြတာလဲ။
အဓိကအကြောင်းအရင်းကတော့ ထမင်းထဲမှာက ဆီးချိုကိုတက်စေတဲ့ ကစီဓာတ်တွေအများဆုံးပါဝင်ပါတယ်။
အဲ့တော့ ထမင်းစားလေ ထမင်းထဲက ကစီဓာတ်တွေကို ပိုစားသုံးသလိုဖြစ်ပြီး ဆီးချို တက်လေပါပဲ။
ဒါဆို ထမင်းစားများလေ ဆီးချိုပိုတက်လေဆိုတဲ့စကားက တကယ်ပဲပေါ့။
ဒီတော့ အဲ့လိုမဖြစ်ရလေအောင် ဘယ်လို ဆင်ခြင် ကြမလဲဆိုတော့ 👇
✅အဆာခံမယ့် ထမင်းမျိုးကို ရွေးပါ။ ဥပမာ - ဆန်လုံးညို၊ rice berry
✅ကစီဓါတ်လျှော့ထားတဲ့ ထမင်း ကိုရွေးချယ်ပါ။
✅အသားဓါတ်ပြည့်ဝအောင်စားပါ
✅အရွက်များများစားပါ
✅လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ
✅ကစီဓါတ် ပါဝင်တဲ့ အစားအစာ (ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ) စတာတွေ စားရင် ပမာဏ သတိထားပြီးစားပါ။
🍛ဆီးချိုသမားများအတွက် အရေးအကြီးဆုံးက portion control (ပမာဏထိန်းစားခြင်း) ပါ။ ဘယ်လောက်ပဲ ဆီးချို နဲ့ တည့်ပါတယ် ဆိုတဲ့ ထမင်း၊ ခေါက်ဆွဲ ပဲ ဖြစ်ဖြစ် ပမာဏ မထိန်းနိုင်ရင် ဆီးချို က ဆက်တက်နေပါလိမ့်မယ်။
နောက်ထပ် အမျှင်များတာတွေ နဲ့ တွဲ စားပေးခြင်းဖြင့်လဲ ဆီးချို တက်နှုန်း ကို တဖက်တလမ်း က နေ ထိန်းသိမ်းပေးနိုင်တာ ကို တွေ့လာရပါတယ်။
ဒါဆို ဆီးချိုကိုထိန်းနိုင်စေဖို့ ထမင်းစားရင် ဘယ်လို အချက်တွေ သတိထားရမလဲဆိုတော့ 👇
🍚ပန်းကန်ကို လေးပုံပုံပြီး တစ်ပုံ ကို ထမင်း၊ ခေါက်ဆွဲ၊ ပေါင်မုန့်၊ အာလူး
🍚ကျန် တစ်ပုံ ကို အသား၊ ငါး၊ ပဲ၊ ဥ
🍚ကျန် နှစ်ပုံကို အရွက် ထည့်စားပါ
🍚ဇွန်း၊ ခက်ရင်းနဲ့ စားရင် ပိုကောင်းပါတယ်။ အစားစားချိန်ကြာပြီး 🍚အစားစားချင်စိတ်လျော့နည်းစေပါတယ်။
🍚ပန်းကန်သေးသေးထဲ ထည့်စားပါ။ အမြင် အားဖြင့် အများကြီးစားရမယ်ဆိုတဲ့ ခံစားချက်ကိုရစေပါတယ်။
🍚ထမင်းမစားခင်၊ စားနေတုန်း၊ စားပြီး ရေသောက်ပါ။ ဗိုက်ပြည့်စေပြီး 🍚ထမင်းစားချင်စိတ်ကိုလျှော့ချပေးနိုင်ပါတယ်။
🍚အစာစားပြီးတာနဲ့ အသီး ချက်ချင်းစားတာမျိုး ဆီးချိုဝေဒနာရှင်တွေမှာ မလုပ်သင့်ပါ။ ဆီးချို အရမ်း တက်သွားနိုင်လို့ပါ။
အထက်ပါအချက်တွေ ကို စနစ်တကျလိုက်လုပ်ပြီး ဆီးချို ထိန်းကြပါလို့ အကြံပြုချင်ပါတယ် ခင်ဗျာ။
💃နောက်ပြီးအရေးအကြီးဆုံးတခု ကတော့ ကိုယ်လက်လေ့ကျင့်ခန်း တခုခု လုပ်ပေးဖို့လဲ အလွန်အရေးကြီးပါတယ်။ မိနစ် ၃၀ လောက် အနည်းဆုံး လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့ထဲမှာဆိုရင် Zumba အကကခြင်းက လူကိုတစ်ကိုယ်လုံးနာကျင်ကိုက်ခဲမှုမရှိစေဘဲ ဆီးချိုအတွက် အထောက်အကူပြုတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။
crd:
ဒေါက်တာ ညီညီကျော်
#သွေးအားနည်းရောဂါ နှင့် #သံဓါတ်ချို့တဲ့ခြင်း
ကလေးတွေ မှာ အဖြစ်များတဲ့ သွေးအားနည်းရောဂါ ကတော့ သံဓါတ် ချို့တဲ့ လို့ အဖြစ်များပါတယ်။
ဘာကြောင့် သံဓါတ် ချို့တဲ့ ရတာလဲ????
1. အာဟာရ စုံလင်စွာ မစားခြင်း (အထူးသဖြင့် သံဓါတ် ကြွယ်ဝ တဲ့ အစားအစာ များ -အသား၊ငါး၊ ပဲ၊ ကြက်ဥ၊ အစိမ်းရင့်ရောင် အရွက်)
2. သွေးထွက်များခြင်း
3. အူလမ်းကြောင်းရောဂါ ရှိနေခြင်း (သံဓါတ် ကို မစုပ်ယူနိုင်ခြင်း)
4. ကိုယ်ဝန်ဆောင် မိခင်များ
သံဓါတ် ချို့တဲ့ ရင် တွေ့ရသော လက္ခဏာများ
1. မောပန်းလွယ်ခြင်း
2. နုံးခြင်း
3. အသားဖြူဖျော့ခြင်း
4. ရင်ဘက်အောင့်ခြင်း၊ အသက်ရှူမဝသလို ဖြစ်ခြင်း
5. ခေါင်းကိုက်ခြင်း
6. ဖြေဖျား၊ လက်ဖျား အေးစက်ခြင်း
7. လျှာယောင်ခြင်း၊ လျှာနာခြင်း
8. လက်သည်းများ ကျွတ်ဆတ်လွယ်ခြင်း
9. အစားအသောက် ပျက်ခြင်း (အထူးသဖြင့် ကလေးများ)
10. ပုံမှန်မဟုတ်သော အစားအစာ များ တောင်းတ ခြင်း (ဥပမာ - ရေခဲ၊ မြေဖြူ၊ မီးသွေး စတာတွေ စားချင်နေခြင်း)
ဒီလို လက္ခဏာ တွေ တွေ့ရရင်တော့ သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန် များ နှင့် ပြပြီး ဆေးကုသမှု့ ခံယူပါ။
1. သံဓါတ်အားဆေးသောက်ဖို့လိုအပ်သလို
2. သံဓါတ် ကြွယ်ဝသော အစားအစာ များ လဲ ကျွေးပေးဖို့လိုအပ်ပါတယ်
သံဓါတ် ကြွယ်ဝ တဲ့ အစားအစာ များ
1. ကွကျသား၊ ငါး၊
2. ပင်လယ်စာ
3. ဝက်သား၊ အမဲသား၊ ဆိတ်သား
4. အစိမ်းရင့်ရောင် အရွက်များ
5. ကွကျဥ၊ ဘဲဥ၊
6. အသီးခြောက်
7. ပဲအမျိုးမျိုး
8. သံဓါတ် ထပ်ထည့်ထားသော cereal များ
ဒီအပြင် အထက်ပါ အစားအစာ တွေ စားတဲ့ နေရာမှာ ဗီတာမင်စီ ကြွယ်ဝ တဲ့ အသီးအနှံ တွေ နဲ့ပါ ရောစားပေးရင် ပိုကောင်းပါတယ်။
1. မာလကာသီး
2. ငရုတ်ပွ
3. စတော်ဘယ်ရီ၊ လိမ္မော်သီး
4. ခရမ်းချဉ်သီး
5. အရည်ရွှမ်းသော အသီးအနှံများ
အခုဖော်ပြထားတဲ့ လက္ခဏာတွေရှိနေပြီ ဆိုရင် ဆရာဝန်နှင့် ပြဖို့လိုအပ်သလို သံဓါတ်ပါဝင်တဲ့ အစားအစာတွေပါ ရွေးချယ်စားသောက်သင့်ပါတယ်။
Credit to ဒေါက်တာ ညီညီကျော်
ယခုနှစ် အစ ထဲက သွေးလွန်တုပ်ကွေးရောဂါနဲ့ဆေးရုံ တက်ရတဲ့ကလေးတွေ ပါရမီဆေးရုံကြီးမှာ အမြဲရှိ နေပါတယ် ရန်ကင်း နဲ့ ရန်ကုန် ကလေး ဆေးရုံကြီး တွေမှာ လည်းရှိတယ် လို့ သိရပါတယ်
သွေးလန့်တဲ့ကလေးတွေ သွေးရည်ကြည် အထိ သွင်းရတဲ့ ကလေးတွေလည်း ရှိပါတယ်
မိုးကျလါတာနဲ့ ကျောင်းဖွင့်ချိန်နဲ့ ပိုပြီးတွေ့လာနိုင်စရာရှိပါတယ်
အရေးအကြီးဆုံးကတော့ သွေးလွန်တုပ်ကွေး ကို ဖြစ်မှန်းသိ ဆေးရုံတင်သင့်တဲ့ကလေးတွေ တင် ထားပြီး စံနစ်တကျကုသရင် အဆင်ပြေပါတယ်
ဆရာဝန်များကျန်းမာရေးဝန်ထမ်းများ မိဘများ သတိထားနိုင်ဖို့ပါ
သွေးလွန်တုပ်ကွေး အနှစ် ချုပ်
သွေးလွန်တုပ်ကွေး ဖြစ် နိုင် သည် ဟုသတ်မှတ် ခြင်း (propable dengue )
ဖျား ခြင်း နှင့် အောက်ပါ အချက် များ ထဲ မှ ၂ချက် ရှိ လျှင်
၁. အော့ အံ ခြင်း
၂. အရေပြား ပေါ် တွင် အပိန့့်ထွက် ခြင်း rash
၃. ကိုယ်လက် ကိုက်ခဲ ခြင်း
၄. သွေးပေါင် ချိန် တိုင်းကရိယာ ဖြင့် စမ်းသပ်ရာတွင် + ဖြစ် ခြင်း Hess Test
၅. သွေး ဖြူ ဥ နည်း ခြင်း leukopenia
၆. အန္တရာယ် လက္ခဏာ တခုခု ရှိ ခြင်း
၇. နှာခေါင်းသွေးလျှံခြင်း ကေါ်ဖီနှစ် ရောင်အံခြင်း
အလွယ်ဆိုရင်တော့ အဖျား ကြီး ပြီး မလန်းဆန်းရင် မှိန်း ရင် အစားအသောက် ပျက် လျင် ဖြစ်နိုင်တယ်လို့ မှတ်ရပါ မယ်
အန္တရာယ် လ က္ခဏာ များ
၁. ဝမ်း ဗိုက်နာ ခြင်း ဖိလျှင် နာ ခြင်း
၂. ဆက် တိုက် အန် ခြင်း
၃. အဆုတ်နှလုံး ဝမ်းဗိုက်တို့တွင် အရည် စု ခြင်း
၄. မှိန်း ခြင်း သို.မဟုတ့်ကယောင်ကတမ်း ဖြစ် ခြင်း
၅. အသည်း ၂ စင်တီမီတာ ထက် ကြီး ခြင်း
၆. သွေးဖြူဥ ကျလာ ခြင်း သွေးပြစ်နှုံး pcv တက်လာ ခြင်း
ဆေးရုံတက်သင့် သော လုနာများ
၁. အန္တရာယ် လက္ခ ဏာ တခုခု ရှိ ခြင်း
၂. တနှစ် အောက် ကလေး
၃. အဝလွန်သော သူ
၄. အ ခြား ရာ ဂါ ရှိ သော သူ ဥပမာ thalassaemia ရောဂါရှိသူ
၅. ဆေးရုံ နှင့် ဝေးသော သူ
သွေးလွန်တုပ်ကွေးထောင်ချောက်
အရေး ကြီးသည့် သွေး လန့် ခြင်း မဖြစ် မှီ တွင် အဖျားကျ သွားတတ် သည်နေကောင်းသွားပြီ ဟု မှားယွင်းစွာယူဆတတ်သည်
အဖျား ကျ ပြီး မလန်းဆန်းလျှင် မှိန်း လျှင် ကယောင် ကတမ်း ဖြစ် လျှင် မူးဝေအော့ အံ လျှင် ဆေးရုံ သ်ို့ အမြန် သွားရပါ မည်
စားသောက် ဆော့ ကစားနေ လျှင် မစိုးရိမ် ရပါ
သွေး လွန် တုပ် ကွေး အန္တရာယ်ကင်း ဂါ ထာ
ရာသီတိုင်းတွင် ဖျားနာ လျှင်
သွေးလွန် တုပ် ကွေး မှတ်
အဖျားကျ စဉ် မလန်း လျှင်
အစဉ် သတိ ချပ်
ပါမောက္ခ ဦးစောဝင်း
ပါမောက္ခ/ ဌာနမှူး (ငြိမ်း)
ကလေးကျန်းမာပညာဌာန ဆေး(၁)
ဒေါက်တာစောဝင်း (ကလေးကျန်မာရေး )
မဂ်လာပါရှင့်👩⚕️👩⚕️
ကျန်းမာခြင်းက လာဘ်တပါးမို့..ကျန်းမာလိုသူတိုင်း မိမိကျန်းမာရေးကိုအထူးဂရုစိုက်သင့်ပါတယ်နော်😷
ကိုဗစ်ကာလမို့ လူတိုင်းအပြင်ထွက်လျှင် 😷 Mask😷 တက်သင့်ပါတယ်နော်
အိမ်တိုင်းHandgel နဲ့ Handspray တွေကို အသုံးပြုသင့်ပါတယ်👏🙌👐👍👍
ကဲ....ကိုဗစ်ကာလမို့ မိမိကျန်းမာရေးအတွက် စိတ်မချဖြစ်လာရင်တော့..👩⚕️.အောင်သုခဆေးခန်းကိုသာ လှမ်းခဲ့ပါနော်👩⚕️👩⚕️
အောင်သုခဆေးခန်း တွင် အောက်ဆီဂျင်အိုးများ ၊ စက်များအသင့်ထားရှိပေးထားပါတယ် ၊ wheelchair လည်းရှိပါတယ် ၊
လူနာများကို စိတ်ရှည်လက်ရှည် ရှင်းပြပေးပီး စေတနာအပြည့်ထားတဲ့ ဆရာမဝန်မလေး👩⚕️ Dr. Khin Thuzar Aung ရဲ့🏥 အောင်သုခဆေးခန်းကို မဂ်လာတောင်ညွှန်မြို့နယ်မှာ ဖွင့်လှစ်ပေးထားပါတယ်နော်
ဆေးကုသခ..2000ကျပ်သာ ကောက်ခံပေးတဲ🏥 အောင်သုခဆေးခန်းကို ညနေ ၃နာရီမှ ည ၉နာရီထိတနလာ်နေ့မှ စနေနေ့အထိ ဖွင့်လှစ်ပေးထားပါတယ်နော်
Booking☎ ကြိုယူစနစ်ဖြင့် ဆေးခန်းပြလို့ရနေပါပြီ
Booking ph☎..09951733673/09661518694
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Pazundaung
Opening Hours
Monday | 15:00 - 20:00 |
Tuesday | 15:00 - 20:00 |
Wednesday | 15:00 - 20:00 |
Thursday | 15:00 - 20:00 |
Friday | 15:00 - 20:00 |
Saturday | 15:00 - 20:00 |
9 Yay Kyaw Road
Pazundaung
Official Page of Benehal NIOSH Respirators. The Benehal masks are marketed and distributed in Myanma
No(170/172), 49 Street, Pazundaung Township
Pazundaung, 11171
စိတ်ချယုံကြည်မှုအတွက်မရှိမဖြစ် EV Mix
519/521, Lower Pazundaung Street
Pazundaung, 11171
PadaukOo Pharmacy Chain is the Retail Unit of Myanmar Padauk Health Company Limited.
No(61) Ground Floor, Upper Pazundaung Road, Opposite Of Pazundaung Zay
Pazundaung, 11171
One stop Pharmacy for all medicines and medical equipment
No. (214/B), Bo Myat Htun Street (Middle Block), Between Mahar Bandula Road & Anawrahta Rd
Pazundaung, 11171
Kaung Pyae Sone Advanced Laboratory and Specialist Clinic
No. 216/222, 8B, 8C, 8D, Corner Of Bo Myat Htun Road & Mahabandoola Road
Pazundaung, 11171
79/81, Central Tower, Room 103-104, Anawyahtar Road, At The Corner Of 39th Street, Kyauktadar Township
Pazundaung, 11182
Good Health Journal is the top Myanmar health and beauty journal published by Swe Sone Media Group. It is published every Monday since 2004 featuring health and beauty tip, artic...
9 Yay Kyaw Road
Pazundaung
Siri Lifesciences is a healthcare division of MTE Group