Kids Library Online Bookstore
Nearby shops
Romblon
Hood Avenue, New City
Dhaka, Rangpur
Avenida Travessa de Be-Fonte Bairo Formosa, Dili
Estados Unidos, New City
Rajshahi Division
Mumbai 400001
E State Street, North Aurora
Division Street, New York
New York 10013
Confucius Place, New York
شبرامنت
Zaman Square, Rajshahi Division
စာရေးဆရာကြီးဆရာကြီးတွေရဲ့ စာအုပ်များ သုတ ရသ စုံလင်စွာ ရနိုင်မည့် စာအုပ်များ ကလေးတို့အတွက် စာအုပ်များ
အသစ်ထပ်ရောက်တဲ့စာအုပ်များ
မှာယူအားပေးတဲ့စာချစ်သူတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်လျက်ပါနော်
တစ်ပိုင်းချင်းစီကို စောင့်ပြီးဖတ်တာ အရမ်းကြိုက်ပါတယ်
ဆရာမ လမင်းမိုမိုရဲ့ စာဖတ်ပရိသတ်တွေ အကြိုက်ဖြစ်မယ့်စာအုပ်လေးပါပဲ
စာပုပ်ကောင်းတွေကိုတင်ပေးတဲ့ ရသလွင်ပြင်ကို like လုပ်ထားကြပါဦးလို့ တိုက်တွန်းပါရစေ
#လမင်းမိုမို
#ဝတ္ထု #ရသစာပေ
* ပုံပြင်လေးတစ်ပုဒ် * { ပ ဒု စဆုံး }
လမင်းမိုမို
{ ပထမပိုင်း စဆုံး }
၁။https://www.facebook.com/100057496927584/posts/980018643924691/
၂။https://www.facebook.com/100057496927584/posts/980082987251590/
၃။https://www.facebook.com/100057496927584/posts/980584227201466/
၄။https://www.facebook.com/100057496927584/posts/981112810481941/
၅။https://www.facebook.com/100057496927584/posts/981240560469166/
၆။https://www.facebook.com/100057496927584/posts/981295853796970/
၇။https://www.facebook.com/100057496927584/posts/981373413789214/
၈။https://www.facebook.com/100057496927584/posts/981456403780915/
၉။https://www.facebook.com/100057496927584/posts/981787330414489/
၁၀။https://www.facebook.com/100057496927584/posts/981861347073754/
၁၁။https://www.facebook.com/100057496927584/posts/981888703737685/
၁၂။https://www.facebook.com/100057496927584/posts/981936287066260/
{ ဒုတိယပိုင်း စဆုံး }
၁၃။https://www.facebook.com/100057496927584/posts/982032713723284/
၁၄။https://www.facebook.com/100057496927584/posts/982095637050325/
၁၅။https://www.facebook.com/100057496927584/posts/982389053687650/
၁၆။https://www.facebook.com/100057496927584/posts/982512833675272/
၁၇။https://www.facebook.com/100057496927584/posts/982553227004566/
၁၈။https://www.facebook.com/100057496927584/posts/982604036999485/
၁၉။https://www.facebook.com/100057496927584/posts/982665193660036/
၂၀။https://www.facebook.com/100057496927584/posts/982763553650200/
၂၁။https://www.facebook.com/100057496927584/posts/983093603617195/
၂၂။https://www.facebook.com/100057496927584/posts/983166563609899/
၂၃။https://www.facebook.com/100057496927584/posts/983270453599510/
၂၄။https://www.facebook.com/100057496927584/posts/983315416928347/
၂၅။https://www.facebook.com/100057496927584/posts/983373736922515/
၂၆။https://www.facebook.com/100057496927584/posts/983403490252873/
၂၇။https://www.facebook.com/100057496927584/posts/983421503584405/
နာမည်ကြီးစာရေးဆရာမ ပုညခင်ရဲ့စာအုပ်ကောင်းများစုစည်းမှု့
အချိန်ရရင် ဖတ်ရအောင် saveထားလိုက်တော့နော်
ဆရာမ ပုညခင် စာအုပ်များစုစည်းမှု Pdf ( ၈ ) အုပ် 📖 📖 📖
၁။ အထက်တန်းစားရေ
https://www.mediafire.com/file/9h6ffrvsj20hvsc
၂။ အရှေ့တံခါးအဝင်
https://www.mediafire.com/file/hhfb8tvxcygfccv
၃။ မိန်းမတယောက်ရဲ့ အတ္ထုပ္ပတ္တိ
https://www.mediafire.com/file/xt26vcnr5wqghg6
၄။ တောင်တန်းတွေရဲ့အလွန်
https://www.mediafire.com/file/kfdk366u176gk78
၅။ မင်္ဂလာပါဆရာမ
https://www.mediafire.com/file/shgsrl8c812e1uj/
၆။ အနောက်တောင်အရပ်မှ လာခဲ့သူ
https://www.mediafire.com/file/09o48q9ds6ltyz6
၇။ နင့်
https://www.mediafire.com/file/uv7p8dq4illd2fp
၈။ လက်ကျန်လရောင်
https://www.mediafire.com/file/t17nx8e1ube9nd5
--- original uploader
စေတနာဖြင့်ပြန်လည်မျှဝေသည်။
#ဈာန်လှိုင်းတက်
မေတ္တာရှင်မလေး ပေါ်လီယာနာ
မဖတ်ရသေးတဲ့ စာချစ်သူတို့အတွက် shareလိုက်ပါတယ်
မူရင်းရေးပေးသူကို full crd ပါနော်
မေတ္တာရှင်မလေး ပေါ်လီယာနာ (အစ/အဆုံး)
#ထင်လင်း
ဘာသာပြန်သူ၏ အမှာစာ
https://m.facebook.com/story.php?story_fbid=1056860868634959&id=100029331673935&mibextid=Nif5oz
အပိုင်း ၁
https://m.facebook.com/story.php?story_fbid=1056877528633293&id=100029331673935&mibextid=Nif5oz
အပိုင်း ၂
https://m.facebook.com/story.php?story_fbid=1056901825297530&id=100029331673935&mibextid=Nif5oz
အပိုင်း ၃
https://m.facebook.com/story.php?story_fbid=1057593371895042&id=100029331673935&mibextid=Nif5oz
အပိုင်း ၄
https://m.facebook.com/story.php?story_fbid=1057761721878207&id=100029331673935&mibextid=Nif5oz
အပိုင်း ၅
https://m.facebook.com/story.php?story_fbid=1057775731876806&id=100029331673935&mibextid=Nif5oz
အပိုင်း ၆
https://m.facebook.com/story.php?story_fbid=1057792915208421&id=100029331673935&mibextid=Nif5oz
အပိုင်း ၇
https://m.facebook.com/story.php?story_fbid=1058238015163911&id=100029331673935&mibextid=Nif5oz
အပိုင်း ၈
https://m.facebook.com/story.php?story_fbid=1058248251829554&id=100029331673935&mibextid=Nif5oz
အပိုင်း ၉
https://m.facebook.com/story.php?story_fbid=1058254291828950&id=100029331673935&mibextid=Nif5oz
အပိုင်း ၁၀
https://m.facebook.com/story.php?story_fbid=1059388348382211&id=100029331673935&mibextid=Nif5oz
အပိုင်း ၁၁
https://m.facebook.com/story.php?story_fbid=1059917751662604&id=100029331673935&mibextid=Nif5oz
အပိုင်း ၁၂
https://m.facebook.com/story.php?story_fbid=1060228498298196&id=100029331673935&mibextid=Nif5oz
အပိုင်း ၁၃
https://m.facebook.com/story.php?story_fbid=1060251448295901&id=100029331673935&mibextid=Nif5oz
အပိုင်း ၁၄
https://m.facebook.com/story.php?story_fbid=1060271278293918&id=100029331673935&mibextid=Nif5oz
အပိုင်း ၁၅
https://m.facebook.com/story.php?story_fbid=353256027041845&id=100070723514638&mibextid=Nif5oz
အပိုင်း ၁၆
https://m.facebook.com/story.php?story_fbid=353294660371315&id=100070723514638&mibextid=Nif5oz
အပိုင်း ၁၇
https://m.facebook.com/story.php?story_fbid=353334910367290&id=100070723514638&mibextid=Nif5oz
အပိုင်း ၁၈
https://m.facebook.com/story.php?story_fbid=353798790320902&id=100070723514638&mibextid=Nif5oz
အပိုင်း ၁၉
https://m.facebook.com/story.php?story_fbid=353805986986849&id=100070723514638&mibextid=Nif5oz
အပိုင်း ၂၀
https://m.facebook.com/story.php?story_fbid=353833023650812&id=100070723514638&mibextid=Nif5oz
အပိုင်း ၂၁
https://m.facebook.com/story.php?story_fbid=353897640311017&id=100070723514638&mibextid=Nif5oz
အပိုင်း ၂၂
https://m.facebook.com/story.php?story_fbid=353915390309242&id=100070723514638&mibextid=Nif5oz
အပိုင်း ၂၃
https://m.facebook.com/story.php?story_fbid=354336820267099&id=100070723514638&mibextid=Nif5oz
အပိုင်း ၂၄
https://m.facebook.com/story.php?story_fbid=354387016928746&id=100070723514638&mibextid=Nif5oz
အပိုင်း ၂၅
https://m.facebook.com/story.php?story_fbid=354398536927594&id=100070723514638&mibextid=Nif5oz
အပိုင်း ၂၆
https://m.facebook.com/story.php?story_fbid=354407083593406&id=100070723514638&mibextid=Nif5oz
အပ်ိုင်း ၂၇
https://m.facebook.com/story.php?story_fbid=354600483574066&id=100070723514638&mibextid=Nif5oz
အပိုင်း ၂၈
https://m.facebook.com/story.php?story_fbid=355076333526481&id=100070723514638&mibextid=Nif5oz
အပိုင်း ၂၉
https://m.facebook.com/story.php?story_fbid=355158086851639&id=100070723514638&mibextid=Nif5oz
အပိုင်း ၃၀
https://m.facebook.com/story.php?story_fbid=355415806825867&id=100070723514638&mibextid=Nif5oz
အပိုင်း ၃၁ (ဇာတ်သိမ်းပိုင်း)
https://m.facebook.com/story.php?story_fbid=355463383487776&id=100070723514638&mibextid=Nif5oz
မေတ္တာရှင်မလေး ပေါ်လီယာနာ
(ထင်လင်း-ဘာသာပြန်)
မေတ္တာဖြင့်
ရသလွင်ပြင် စာပေပေ့ခ်ျထဲမှ ကူးယူမျှဝေပေးပါသည်။
ရသစာအုပ်ကောင်းလေးတွေ
ဖတ်ချင်တယ်
ဘာစာအုပ်ဖတ်ရမလဲ
တွေးနေသူတွေအတွက်
အရမ်းဖတ်လို့ကောင်းမယ့်
စာအုပ်လေးတွေပြထားပေးပါတယ်နော်
စာဖတ်ဝါသနာပါတဲ့မိတ်ဆွေသူငယ်ချင်းကို
လက်ဆောင်ပေးချင်တယ်ဆိုရွေးလိုက်ပါတော့နော်
မွေးနေ့လက်ဆောင်ပေးမယ်ဆိုလည်း အရမ်းကောင်း၊စာအုပ်စုဆောင်းချင်သူတွေအကြိုက်
အိမ်အရောက်ငွေချေဝန်ဆောင်မှု့ဖြင့်
ပို့ပေးနေပါပြီနော်
ကားဂိတ်ကလည်းပို့ပေးပါတယ်နော်
#ရသစာပေ #ဝတ္ထု
#စာအုပ်
ကလေးတို့ဖတ်ချင့်စဖွယ်
designလှလှလေးနဲ့ ဖလင်သားစာအုပ်လေးများ
ရေစိုစုတ်ပြဲမှာပူစရာမလိုအောင် ကတ်ထူသားနဲ့စာအုပ်လေးတွေ
တန်ဖိုးငွေ ၃၀၀၀ကျပ်ဖြင့် ဝယ်ယူနိုင်ပါပြီနော်
အိမ်အရောက်ငွေချေ ဝန်ဆောင်မှု့ရှိပါတယ်နော်
ကားဂိတ်ကလည်းပို့ပေးပါတယ်နော်
လက်ဆောင်ပေးလို့ကောင်းပြီး
အမှတ်တရလည်းဖြစ်လို့ ဝယ်ယူလိုက်ပါတော့နော်
#ရုပ်ပြ
#ကလေးတို့အကြိုက်
🎉🎉Giveaway ကံထူးရှင်လေးတွေကို ရွေးချယ်ပေးလိုက်ပါပြီနော် 📗📗📗
💚Bái Mûdān ပျော်ရွှင်ဖို့ဒီလောက်မခက်ခဲပါနဲ့
💚Helena Wang favourite personသို့ပေးစာ
💚 Hmone Phoo မိမိကိုယ်ကိုချစ်ပါ
💚Aye Pyae Sone စိတ်ကလေးပျော်ရွှင်ပါစေ
💚Amara Cho Thel Right Time Right Person
တို့ဖြစ်ပါတယ်ရှင့်
ကံထူးရှင်လေးတွေ Page cb မှာပို့ရမယ့်လိပ်စာလေး ပြောပြပေးပါဦးနော်
ပါဝင်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်လျက်ပါနော်
ကိုယ်ချစ်ခင်ရတဲ့သူ မိဘဆွေမျိုး၊
မိတ်ဆွေသူငယ်ချင်း ၊ Idolအတွက်
အမှတ်တရ giveawayပေးချင်လို့ဖြစ်စေ
စာအုပ်လက်ဆောင်ပို့ပေးချင်လို့ဖြစ်စေ
စာအုပ်လှူချင်လို့ဖြစ်စေ အကောင်းဆုံး ဝန်ဆောင်မှု့ပေးနေပါတယ်ရှင်
သုတရသစာအုပ်အစုံမှာယူရရှိနိုင်ပါတယ်နော်
🎊🎉Giveaway📗📘📗🎉💚
ဒီကနေ့ August လ၅၇က်နေ့တွင်ကျရောက်တဲ့
ရုပ်ရှင်သရုပ်ဆောင် အဆိုတော် Wang Yibo ရဲ့ ၂၇နှစ်ပြည့်မွေးနေအတွက်
စာအုပ်လက်ဆောင်ပေးလှူထားပါတယ်နော်
🍀မိမိနှစ်သက်ရာစာအုပ်လေးကို comment မှာရေးပေးပါနော်
Happy Birthday Wang Yibo 🎉💚
ကျန်းမာပျော်ရွှင်ပါစေ
ဘေးအန္တရာယ်ကင်းပါစေ
လိုရာဆန္ဒပြည့်ဝပါစေ
လို့ မွေးနေ့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်
27 Iconic Years With Wang Yibo
ကလေးတို့အတွက်ပုံပြင်စာအုပ်၊ရုပ်ပြစာအုပ် ၊ဗုဒ္ဓဝင်၊ဇာတ်နိပါတ် ဗဟုသုတရဖွယ်စာအုပ်များကို မှာယူန်ုင်ပါပြီနော်
အိမ်အရောက်ငွေချေဝန်ဆောက်မှု့ရှိပါတယ်
ကားဂိတ်ကလည်းပို့ပေးပါတယ်
#ပုံပြင် #ဗုဒ္ဓဝင်
#ရုပ်ပြ
ရသစာအုပ်ကောင်းများ ဖတ်ရှု့လိုပါက
ဝယ်ယူအားပေးနိုင်ပါတယ်နော်
နေပြည်တော်မြို့တွင်း နေ့ချင်းပို့ပေးလျက်ရှိပါတယ် dilivery serviceရှိတဲ့မြို့တိုင်း အိမ်အရောက်ငွေချေရပါတယ်
ကားဂိတ်ကလည်း ပို့ပေးပါတယ်နော်
ကိုယ်တိုင်ဖတ်ဖို့ ၊ လက်ဆောင်ပေးချင်လို့၊ လှူချင်လို့ စသဖြင့် ဝန်ဆောင်မှု့ပေးပါတယ်နော်
#ရသ #သုတ
📗📔📓ကိုယ်တိုင်ပဲဖတ်မလား
ကိုယ်ချစ်ခင်ရတဲ့သူတွေကိုပဲ
လက်ဆောင်ပေးမလား
အရမ်းဖတ်လို့ကောင်းပြီးစိတ်ကိုအေးချမ်းစေတဲ့စာအုပ်များ
နေပြည်တော်မြို့တွင်းဆို နေ့ချင်းအရောက်ပို့ပေးပါတယ်နော်
🚚delivery serviceရှိတဲ့နေရာတိုင်း အိမ်အရောက်ငွေချေဝန်ဆောင်မှု့ရှိပါတယ်
ကားဂိတ်ကဆို ငွေကြိုလွှဲပါရှင်
မွေးနေ့လက်ဆောင် ၊
စာအုပ်အလှူ
အမှတ်တရလက်ဆောင် ပေးချင်တာ အားလုံးအတွက်ဆောင်ရွက်ပေးပါတယ်
#သုတ #ရသ #စာအုပ်ကောင်း
ပိတ်ရက်မှာ စာအုပ်ကောင်းလေးတွေဖတ်ဖို့အတွက်
အမြန်သာမှာယူလိုက်ပါတော့နော်😍
နေပြည်တော်တွင်းဆို နေ့ချင်းပို့ပေးနေပါတယ်နော်
delivery ရောက်တဲ့မြို့တိုင်းကို အိမ်အရောက်ငွေချေဖြင့်ပို့ပေးပါတယ်
မွေးနေ့၊အမှတ်တရလက်ဆောင်ပေးပို့လိုပါကလည်း ဆောင်ရွက်ပေးလျက်ပါ
#စာအုပ်ကောင်းများ
Birthday present 🎁📘🎉🎂
"Happy birthday ဆရာမ🎂🎉🤍
ကျန်းမာပါစေ
အသက်ရှည်ပါစေ
စီးပွားဥစ္စာတိုးတက်ပါစေ
မျှော်မှန်းသော ရည်ရွယ်ချက်ကောင်းများ
အမြန်ဆုံးပြည့်မြောက်ပါစေလို့
ဆုမွန်ကောင်းတောင်းလျက်ပါ"ဆိုတဲ့
ဆုတောင်းစကားလေးနဲ့အတူ စာအုပ်လက်ဆောင်လေး📘📓📗မှာယူပေးထားပါတယ်နော်
Happy birthday ပါနော်မွေးနေ့ရှင်လေး
ကိုယ်ချစ်ခင်ရတဲ့သူတွေအတွက် မွေးနေ့လက်ဆောင်၊စာအုပ်လှူချင်တာ၊ လက်ဆောင်ပေးချင်တာတွေအတွက် ရှိပါတယ်နော်
#လက်ဆောင်
Birthday present 📙🍀
စာအုပ်လက်ဆောင်လေး
မှာယူပေးထားပါတယ်နော်
🤍🩵💛💙💜🎁🎉🎂
"Happy birthday ပါမွေးနေ့ရှင်လေး
ကျန်းမာပျော်ရွှင်ပါစေ
အလုပ်စီးပွားတိုးတက်ပါစေ
စိတ်ခွန်အားအပြည့်ရှိပါစေ
အမြဲအားပေးလျက်ပါနော်"တဲ့
Sande Lwin မွေးနေ့ရှင်လေး
Happy Birthday ပါနော်🎂🎉🎁
ကိုယ်ချစ်ခင်ရတဲ့သူ၊idol အတွက် စာအုပ်လက်ဆောင်ပေးရန်၊ အမှတ်တရ စာအုပ်လှူဒါန်းလိုပါက အကောင်းဆုံးဆောင်ရွက်ပေးပါတယ်နော်
#လက်ဆောင်
လက်ဆောင်ကံထူးရှင်လေး
Thaw Zin Myo ဖြစ်ပါတယ်ရှင့်
👏👏👏🎉🎉🎉📘🥰
စာအုပ်လက်ဆောင်လေးပို့ပေးလိုက်ပါ့မယ်နော်
ပါဝင်ကံစမ်းပေးတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်လျက်ပါနော်🙏
နောက်ထပ် လက်ဆောင်အစီအစဉ်တွေရှိသေးလို့ စောင့်မျှော်အားပေးကြပါဦးနော်🍀🍀🍀
မွေးနေ့လက်ဆောင်ပေးချင်တာ
ကိုယ့်မိဘ၊ မောင်နှမ၊သူငယ်ချင်း၊ idol အတွက် အမှတ်တရအနေနဲ့
စာအုပ်လက်ဆောင်ပေးချင်တာ ဒါမှမဟုတ်
မွေးနေ့ကုသိုလ်အဖြစ် စာအုပ်လှူဒါန်းလိုတယ်ဆို
ကို
သတိရပေးပါနော်🥰🥰🥰
#လက်ဆောင်
ကျွန်မတန်ဖိုးထားချစ်တဲ့သူမွေးနေ့ဖြစ်လို့
အမှတ်တရလက်ဆောင်စာအုပ်လေးပေးချင်တာပါ
🎁🎁🎁🎁📗📘📙🍀🍀🍀
Comment မှာနှစ်သက်ရာတစ်ခုခုရေးပြီးပါဝင်ကံစမ်းနိုင်ပါတယ်နော် 🥰🥰🥰🥰🥰
ကျန်းမာချမ်းသာဘေးရန်ကွာ
အလုံးစုံအဆင်ပြေပါစေလို့
ဆုမွန်ကောင်းတောင်းလျက်ပါ🙏
#လက်ဆောင်
📢📢📢📢📢
ကလောင်စုံ ရသစာပေ
စာအုပ်ကောင်းလေးတွေ အများကြီးရှိလို့
ဝယ်ယူအားပေးနိုင်ပါတယ်နော် 📗📙📓📘
ဖတ်ချင်တဲ့စာအုပ်နာမည် သို့မဟုတ် ပုံလေးပြပြီးမေးမြန်းနိုင်ပါတယ်နော်
ရေမစိုစေဖို့လည်းသေချာထုပ်ပေးပါတယ်နော်
ဖုန်းနံပါတ်📞 09782579066
သို့ ဆက်သွယ်မှာယူနိုင်ပါတယ်နော်
တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေချေဖြင့် ပို့ပေးနေပါပြီ🚚🚚🚚🛵
🎁🎁🎁လက်ဆောင်ပေးချင်လို့ဖြစ်စေ
စာအုပ်လှူဒါန်းချင်လို့ဖြစ်စေ
သေချာစွာဝန်ဆောင်မှု့ပေးပါတယ်🥰
#ရသစာပေ
#လက်ဆောင်
#စာအုပ်ဖတ်ခြင်း
မိန်းကလေးတစ်ယောက် နေတဲ့ နေရာ - ဂျူး
🔲🔲🔲🔲🔲🔲🔲🔲🔲🔲🔲🔲
ပါဝင်သော ဇာတ်ကောင်များ
မီမီ။ ။ အသက် ၂၅ နှစ်၊ ချောမောလှပသူ အလှအပ မက်မောသူ၊ လှပအောင် ပြင်ဆင်တတ်သူ၊ အသိဥာဏ်ရှိသော်လည်း ဘဝကို ရေစုန်မှာ သက်သက်သာသာ မျှော၍ လိုက်လိုသူ။
စမ်းစမ်း။ ။ အသက် ၂၅ နှစ်၊ ရိုးသားတည်ငြိမ်သော ကျောင်းဆရာမလေး၊ မီမီနှင့် ငယ်သူငယ်ချင်း၊ အင်္ကျီအဖြူနှင့် လုံချည်စိမ်း (ကျောင်းဝတ်စုံ) ကို ဝတ်ဆင်သည်။
ကိုလတ်။ ။ အသက် ၂၅ နှစ်၊ ရိုးသားကြိုးစားသော ဘွဲ့ရလူငယ်တစ်ဦး။
ပြဇာတ်နေရာ
မိမိ နေထိုင်သော ရန်ကုန်မြို့ရှိ အလယ်အလတ်စား တိုက်ခန်းတစ်ခုနှင့် စမ်းစမ်း အလုပ်လုပ်သော နယ်မြို့ကလေး တစ်မြို့ရှိ ကျောင်းစာသင်ခန်း တစ်ခု။
ပြဇာတ်အချိန်
လက်ရှိ အချိန်ကာလ။
* * *
အခန်း (၁)
မတူညီသော နေရာနှစ်ခုကို ဇာတ်ခုံပေါ်တွင် တစ်ပြိုင်တည်း ပြရန်။
မီမီသည် သူမနေထိုင် သောတိုက်ခန်းမှာ ပန်းနုရောင် ဇာလွှာကွန်ချာဖြင့် ဖုံးကွယ်လျက် အတွင်းမှာ ရပ်နေသည်။ အချင်း ငါးပေ, ခြောက်ပေရှိသော ကြိမ်ကွင်းတစ်ခုတွင် ပန်းနုရောင် ခြင်ထောင်ဇာစကို စွပ်လျက် ကွင်းအပေါ်မှ ဇာစကို စုချည်ကာ မျက်နှာကြက်တွင် ကြိုးဖြင့် ဆွဲထား နိုင်သည်။ ဇာနံရံပတ်လည် ဝိုင်းထားသည့် အခန်းကလေးသဖွယ် ဖြစ်သွားသည့် ကွန်ချာထဲတွင် မီမီသည် လမ်းလျှောက်နိုင်သည်။ ရပ်နိုင်သည်။ ထိုင်နိုင်သည်။ ပရိသတ်သည် သူမအား ဇာလွှာစ ဖြတ်လျက်သား မြင်တွေ့နိုင်သည်။ အဝတ်အစားကို ဂရုစိုက်သူပီပီ အထက်အောက် ဆင်တူဝတ်စုံ ခပ်ပွပွ ဝတ်ထားသည်။
စမ်းစမ်းသည် သူမ အလုပ်လုပ်ရာ အစိုးရအထက်တန်းကျောင်း စာသင်ခန်း အတွင်းမှာ မတ်တပ်ရပ်နေသည်။ လက်တစ်ဖက်မှာ နဝမတန်း အင်္ဂလိပ်စာ ဖတ်စာ စာအုပ်၊ အခြားဖက်မှာ မြေဖြူခဲရှည်ရှည် တစ်တောင့် ကိုင်ထားသည်။
မီမီ။ ။ (ပန်းနုရောင် ဇာလွှာစ အတွင်းမှာ ကိုယ်ဟန်ပြမယ်ပမာ လမ်းလျှောက်ကျင့်နေရာမှ တစ်ကိုယ်တည်း စကားပြော) သိပ်ခက်တဲ့ လူပဲနော်၊ လိပ်စာကို မသိစေချင်ခါမှပဲ လူကို တကောက်ကောက် လိုက်ကြည့်နေတော့တာပဲ။ ရုပ်ကတော့ ခပ်ဖြောင့်ဖြောင့်၊ ပုံစံက သားသားနားနား မွန်မွန်ရည်ရည်ပဲ။ (အနည်းငယ် ကျေနပ်နှစ်သိမ့်စွာ ပြုံး၍ ပရိသတ်ဘက် လှည့်ပြော) ကျွန်မကို မြင်ကတည်းက သူ့ရင်ထဲမှာ စွဲငြိသွားတော့တာပဲတဲ့။ (ခဏကြာမှ) အို ဘယ်တတ်နိုင်မလဲကွယ်။ ဟိုက သိသွားရင် မိုးမီးလောင်မှာ ဥစ္စာ။
စမ်းစမ်း။ ။ သူငယ်ချင်း မီမီ၊ ဒီနေ့ နင့်ကို သိပ်သတိရတာပဲ။ ဒီနေ့ ငါ့ကျောင်းသားတွေကို အင်္ဂလိပ်စာ စာစီစာကုံး ရေးခိုင်းတယ်လေ။ My Hobby ဆိုတဲ့ ခေါင်းစဉ်နဲ့ပေါ့။ ကျောင်းသူလေး တစ်ယောက် ရေးထားတဲ့ စာစီစာကုံးကို ဖတ်ရပြီး နင့်ကိုငါ သတိရသွားတော့တယ်။ (ငယ်ဘဝကို ပြန်လည်တွေးမိသည့် အပြုံးရေးရေးဖြင့်) သူက လိပ်ပြာလေးတွေ၊ ပုစဉ်းလေးတွေ ဖမ်းပြီး ဖန်ဘူးထဲ ထည့်ရတာကို ဝါသနာပါသတဲ့ မီမီရယ်၊ နင် ငယ်ငယ်ကလိုပဲနော်။
မီမီ။ ။ ဒီနေ့ညနေ ရလာတဲ့အင်္ကျီတွေကဖြင့် တစ်ထည်မှ ဝတ်လို့ အဆင်ပြေမယ့်ပုံ မပေါ်ပါဘူး။ အဖြူရောင် ဇာအင်္ကျီကလေးက ခါးကျပ်နေတယ်။ အဝါရောင် အပွင့်အင်္ကျီက ကြယ်သီးပေါက်တွေ ကျယ်နေတယ်။ ခရမ်းရောင်က ခါးနည်းနည်း တိုနေတယ်။ (ပင့်သက်ရှိုက်) ဘယ့်နှယ် လုပ်ရမလဲ။ မနက်ဖြန် ကပွဲခန်းမကို သွားတဲ့အခါ ဘာဝတ်ရမှာလဲ။
စမ်းစမ်း။ ။ (ပြတင်းပေါက်မှ လှမ်းမျှော်ကြည့်သည့် ဟန်ဖြင့်) ငါတို့ကျောင်းရဲ့ ရှေ့က ဘောလုံးကွင်းကျယ်ကြီးရဲ့ အလွန်မှာ တော်တော် စိမ်းစိုတဲ့ တောအုပ်ကလေး ရှိတယ်။ မီမီရဲ့၊ အဲဒီတောအုပ် အစပ်က ခြံဝိုင်းထဲမှာ ဒန်းလေးတစ်ခု တွေ့တယ်။ အဲဒီဒန်းလေးကို မြင်တိုင်းလဲ နင့်ကို သတိရတယ်။ နင်နဲ့ငါနဲ့ အိမ်ကလေးတစ်လုံး ငှားနေမယ်ဆိုရင် ဒန်းလေးပါတဲ့ အိမ်ကို ရှာကြရအောင်လို့ နင်ပြောတယ် မဟုတ်လား။
မီမီ။ ။ (စိတ်တိုဟန်ဖြင့်) လူတွေဟာ တော်တော် စိတ်ပျက်ဖို့ ကောင်းတာပဲ။ ကိုယ့်ထမင်း ကိုယ်စားပြီး သူများ ကိုယ်ရေးကိုယ်တာကို လိုက်စပ်စုကြတယ်။ ကျွန်မတို့နှစ်ယောက် ဘာတော်တော်၊ ဒါ သူတို့ ကိစ္စလား၊ ကျွန်မကြောင့် ပတ်ဝန်းကျင် အိမ်နီးချင်း အနှောင့်အယှက် မဖြစ်စေရဘူး။ သူများ အခန်းလို အချိန်မဟုတ် အခါမဟုတ် သီချင်းတွေ အကျယ်ကြီး ဖွင့်ပြီး အော်ကြီးဟစ်ကျယ် ရန်သတ် နေတာမှ မဟုတ်ဘဲ။
စမ်းစမ်း။ ။ ဒီနေ့ အတန်းထဲမှာ လူတော်တော် နည်းတယ်။ ဘာဖြစ်လို့လဲ သိလား။ အခန်းထဲက ကျောင်းသားလေးတွေ ကျောင်းမတက်ကြလို့ပေါ့။ ဆော့ချင် ကစားချင်စိတ်နဲ့ ကျောင်းလစ်တာ မဟုတ်တော့လဲ အပြစ်တင်ရ ခက်သားပဲ သူငယ်ချင်းရယ်၊ လယ်တွေ ရိတ်ကုန်ပြီလေ။ ဒီလိုအချိန်မျိုးမှာ မိဘတွေ အလုပ်ရှုပ်နေသလို အသက်နည်းနည်း ကြီးတဲ့ ကလေးတွေခမျာ မိဘတွေနဲ့အတူ လယ်ထဲဆင်းပြီး အလုပ်လုပ်ရတယ်။ ဒီတော့ ကလေးတွေ ကျောင်းပျက်ကြတာပေါ့။
မီမီ။ ။ ကျွန်မတို့နှစ်ယောက် ကားထဲက ဆင်းလာတာမြင်တော့ မိန်းမတွေ မိန်းမတွေ ဖြစ်သွား လိုက်ကြတဲ့ မျက်နှာတွေ၊ မေးဦးလေ ... ဘယ်မှာ အလုပ် လုပ်တာလဲတို့၊ လခ ဘယ်လောက် ရသလဲတို့ မေးဦးလေ။ ၂ခ Mark II ကားနဲ့ အိမ်ပြန်လာတော့ သူတို့ ဘာပြောစရာ ရှိဦးမှာလဲ။ ပါးစပ် အဟောင်းသားနဲ့ ငေးနေရုံပဲပေါ့။
စမ်းစမ်း။ ။ လခထုတ်တယ် ဆိုတာလဲ နာမည်ခံပါပဲ။ ဆန်ဖိုးဖြတ်၊ ဘာကြေးညာကြေး ဖြတ်နဲ့ နောက်ဆုံးကျန်တော့ လေးထောင် မပြည့်တော့ဘူး။ ဒီလေးထောင်ကို တစ်လစာ စားစရိတ် လောက်အောင် ခြိုးခြံချွေတာရဦးမှာ။ နင်ကတော့ ကုမ္ပဏီမှာ အလုပ်လုပ်တာဆိုတော့ လခ ရှစ်ထောင်, တစ်သောင်း ရနေရော့မယ်။ သူတို့က ပေးထားတဲ့ လစာနဲ့ တန်အောင် မညှာမတာ ခိုင်းတာတဲ့။ ငါကြားဖူးတယ်။ နင်ရော အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား။
မီမီ။ ။ ဘယ်သူတွေ ဘာပြောပြော သေချာတာ တစ်ခုကတော့ (လက်ဖျောက်တစ်ချက် တီးလျက်) မီမီ လက်ဖျောက်တစ်ချက် တီးလိုက်တာနဲ့ ဟောဒီတိုက်ခန်းဟာ မီမီ နာမည်နဲ့ ဖြစ်သွားမှာပဲ။ (အနည်းငယ် တွေသွား) အင်း စိတ်ရှည်ရှည် သည်းညည်းခံဖို့တော့ လိုမှာပေါ့လေ။ တချို့တချို့သော အနိုင်ကျင့်မှုကို သည်းခံဖို့၊ တချို့တချို့သော လိုအင်ဆန္ဒတွေကို သည်းခံဖို့ ပတ်ဝန်းကျင်ရဲ့မျက်လုံးတွေကို ဂရုမစိုက်ဖို့ ပတ်ဝန်းကျင် ဆိုတာက ကိုယ့်ကို ထမင်းကျွေးနေတဲ့သူ မဟုတ်ဘူး။
စမ်းစမ်း။ ။ သူငယ်ချင်း မီမီ နင့်သတင်းကို ငါ ဘာမှ မကြားရဘူး။ ငါ့စာတွေ နင့်ဆီရောက်မှ ရောက်ရဲ့လား။ နင် အရင်အဆောင်မှာ မနေတော့ဘူးလား။ ငါ့စာတွေကို ရတယ်ဆိုရင်တော့ နင် ဘယ်နည်းနဲ့မဆို ငါ့ဆီ စာပြန်မှာပဲ မဟုတ်လား။
မီမီ။ ။ ကျွန်မ လိုချင်တာ ဘာလဲ၊ ကျွန်မဘဝမှာ ကျွန်မက ဘာကို လိုချင်နေတာလဲ၊ သူတို့ မျက်လုံးတွေက မေးနေကြတယ်။ ကျွန်မ ပြောလိုက်မယ်။ ကျွန်မ လိုအပ်သမျှက လူတန်းစေ့နေနိုင်ဖို့ သေသပ်လုံခြုံတဲ့ တိုက်ခန်းလေး တစ်ခုပါပဲ။ လိုအပ်တဲ့သူနဲ့ ပေးတဲ့သူရဲ့ ကြားမှာ နားလည်မှုတွေ ရှိတယ်။ စောင့်စည်းရမယ့် ကတိတွေ ရှိတယ်။ လိုက်နာရမယ့် စည်းကမ်းတွေ ရှိတယ်။
စမ်းစမ်း။ ။ မီမီရေ (စကားသံ နူးညံ့သွား) ငါ သိပ်မကြာခင်မှာ လက်ထပ်ဖြစ်မလား မသိဘူး။ အချစ်ဟာ ဘဝမှာ အရေးမကြီးဘူးလို့ ငါထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒါ မှားတယ် မီမီရေ။ အချစ်ဟာ လူ့ဘဝကို ပိုပြီး နေပျော်အောင် ဖန်ဆင်းပေးနိုင်တယ် သိလား။ အခု ငါ့ဘဝလေးဟာ အဓိပ္ပါယ် အပြည့် ရှိသွားပြီ။ ဘဝကို တပ်မက်အောင်လဲ အချစ်ကပဲ ပြုပြင်ပေးခဲ့တယ်။ (ခဏနားလျက်) နင်ရော တစ်ယောက်ယောက်ကို ချစ်တတ်ခဲ့ပြီလားကွယ်။
မီမီ။ ။ အချစ်ဟာ မိန်းမတစ်ယောက်အတွက် ကြီးကျယ်တဲ့အရာ ဖြစ်ချင်ဖြစ်နိုင်မယ်၊ လုံခြုံမှုလောက်တော့ အရေးမကြီးဘူး။ ကျွန်မကတော့ အချစ်နဲ့ လုံခြုံမှုကို ရွေးယူရမယ်ဆိုရင် လုံခြုံမှုကိုပဲ ရွေးမယ်။
စမ်းစမ်း။ ။ ငါတို့နှစ်ယောက် လက်ထပ်တဲ့အခါ အနားမှာ နင်ရှိနေရင် ဘယ်လောက်ကောင်းမလဲ။
မီမီ။ ။ ဟောဒီ ရန်ကုန်မြို့တော်ကြီးမှာ မိန်းမသား တစ်ယောက်အတွက် လိုအပ်တဲ့ ဘဝလုံခြုံမှုဟာ သိပ်ဈေးကြီးပါတယ်။
စမ်းစမ်း။ ။ ငါလက်ထပ်မယ့် ငါ့ချစ်သူကို နင်သိရရင် နင် အံ့သြတကြီး ရယ်လိုက်မိမှာ သေချာတယ်။
မီမီ။ ။ ချစ်သော သူငယ်ချင်း စမ်းစမ်းရေ၊ နင့်စာတွေကို အခုမှပဲ အားလုံး ဖတ်ရတယ်။ ငါက အဆောင်မှာ မနေတော့ဘူးလေ။ တစ်နေ့ကမှ အဆောင်ကို ခဏရောက်လို့ နင့်စာတွေကို ရခဲ့တာ။ ငါအခုနေတဲ့ နေရာကို ဘယ်သူမှမသိလို့ သူတို့ အကြောင်းမကြား ပေးနိုင်ဘူးပေါ့။ နင့်စာတွေကို ဖတ်ရတော့ ငါတို့ရဲ့ ငယ်ဘဝလေးကို ပြန်လွမ်းမိတယ်။
စမ်းစမ်း။ ။ (အံ့ဩဝမ်းသာစွာ) အို ဒီလိုဆိုတော့ မီမီက တိုက်ခန်းနဲ့ အေးအေးဆေးဆေး သီးသန့်နေနိုင်တဲ့ ဘဝကို ရောက်သွားပြီပေါ့။ လစာကောင်းကောင်း ရလို့ ဖြစ်မှာပေါ့။ ဝမ်းသာစရာပဲ မီမီရယ်။
မီမီ။ ။ အကောင်းဆုံးလို့ ကိုယ်ယူဆတဲ့ အရာတွေကို ကိုယ်လုပ်ကြတာချည်း ပါပဲ။ ငါ တစ်ခုခု လုပ်တယ်ဆိုရင် အဲဒါဟာ ငါလုပ်ရမယ့် အလုပ်လို့ ယူဆလို့ပါပဲ။ အမှားတွေ အမှန်တွေ ပြောနေလို့လဲ လည်ပတ်နေတဲ့ ဘဝကြီးက ရပ်မှမသွားတာ။
စမ်းစမ်း။ ။ (ဇဝေဇဝါ) မီမီ နင်မပျော်ဘူးလား။
မီမီ။ ။ (ပခုံးအသာတွန့်လျက်) ပျော်ရွှင်မှုဆိုတာ တစ်ခါသုံးပစ္စည်းပါပဲ။
စမ်းစမ်း။ ။ (အနည်းငယ် စိုးရိမ်ပူပန်စွာ) မီမီရေ လောကကြီးမှာ ကိုယ်လုပ်လို့ မရတဲ့အရာတော့ အများကြီးရှိတယ်။ ကိုယ်မနိုင်နိုင်တဲ့ စစ်ပွဲတွေလဲ အများကြီး ရှိတယ်နော်။ လိုချင်တာ ဘယ်လောက်ပဲ များများ ရနိုင်တာက နည်နည်းလေးရယ်။
မီမီ။ ။ (ပင့်သက်တစ်ချက်ရှိုက်) ကျွန်မသူငယ်ချင်း စမ်းစမ်းဟာ ငယ်ငယ်ကတည်းက ဘာလုပ်လုပ် တွန့်တွန့်ဆုတ်ဆုတ်နဲ့၊ တစ်ခုခု လုပ်တော့မယ်ကြံရင် ဘယ်တော့မှ မဖြစ်လာဘူး။ ဒါကြောင့် ဘဝမှာ သူတစ်ခါမှလဲ မမှားဖူးဘူး။ တစ်ခါမှ မမှားတာကိုပဲ သူက ဂုဏ်ယူတတ်တယ်။ သူ ဘာမှ ဖြစ်မလာတာကို သူစိတ်မပျက်တတ်ဘူး။
စမ်းစမ်း။ ။ မီမီရေ၊ ငါသိချင်လိုက်တာ၊ နင်ဘဝကို ဘယ်လို ချဉ်းကပ်ချင်တာလဲ၊ ပျော်ရွှင်မှုကို ဘယ်လိုရှုထောင့်ကနေ မြင်တတ်တာလဲ။ နင့်ရဲ့ ပန်းတိုင်ဟာ ဝေးသလား၊ နီးသလား။ ပန်းတိုင်ဟာ မြေပြင်ညီမှာ ရှိတာလား၊ တောင်ကုန်းပေါ်မှာ ရှိတာလား၊ ခဏခိုနားစရာ အရိပ်အာဝါသင်္ကျီ ရွေးတဲ့အခါ ဘယ်လိုစံနှုန်းတွေနဲ့ ရွေးမှာလဲ။ အဲဒီအရိပ်ဆီ ရောက်ဖို့ နင်ခြေလှမ်း ဘယ်နှစ်လှမ်း လှမ်းဖို့ လိုသလဲ။ ခြေလှမ်း ဘယ်နှစ်လှမ်းဟာ မှန်ပြီး ဘယ်နှစ်လှမ်းက မှားနေခဲ့ပြီလဲ။ ငါသိချင်လိုက်တာ။ ဒီဇင်ဘာ ကျောင်းပိတ်ရက်ကျရင် နင့်ဆီကို ငါလာခဲ့မယ်နော်။
မီမီ စကား ဆွံ့အသွားကာ ခေါင်းကိုသာ ခပ်ဖြည်းဖြည်း ယမ်းနေသည်။
စမ်းစမ်း။ ။ သူငယ်ချင်း မီမီရေ ... (မီမီက မျက်လုံးအသာ မှိုတ်ကာ ပင့်သက်ရှိုက်၍ ခေါင်းယမ်း နေသည်။) မီမီရေ ...
[အခန်းကူးပြောင်း ဂီတနှင့်အတူ မီးအလင်းရောင် မှိုန်လာ၊ မီးရောင် ပျောက်ကာ ဇာတ်ခုံ တစ်ခုလုံး မှောင်ကျသွား။]
* * *
အခန်းစဉ် (၂)
မီမီ၏ တိုက်ခန်း၊ မီမီသည် ဇာလွှာကွန်ချာ၏ အတွင်းမှာ ရှိပြီး တစ်စုံတစ်ခုကို မကျေနပ်ဟန် ဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။
မီမီ။ ။ နေစမ်းပါဦး။ ကျွန်မကို အဖက်မတန်သလို အချိုးမျိုးနဲ့ ကြည့်ရအောင် သူက ဘယ်လောက် ချမ်းသာပြီး ဘယ်လောက် ဂုဏ်သရေတွေ အရည်အချင်းတွေ ရှိနေလို့လဲ။ (နှုတ်ခမ်းကို မဲ့၍) သူ့ယောက်ျား မယားငယ် ယူထားတာ ဟောဒီ တိုက်ခန်းအားလုံး သိပြီးသား။ ဘာကြောင့် မယားငယ် ယူတယ် ဆိုတာလဲ အားလုံး ရိပ်မိပြီးသား၊ ယူမှာပေါ့ သူက ရုပ်ရည်က ငါးမူးသုံးမတ်တန်မှာ စကားပြောက ဆိုးလိုက်သေးတယ်။ ယောက်ျားကို စကားပြောရင် မယုံသင်္ကာ လေသံနဲ့၊ ခနဲ့တဲ့တဲ့ လေသံနဲ့ ယောက်ျားစိတ်ညစ်အောင် ပူညံပူညံ လုပ်လိုက်သေးတယ်။ ဘယ်ယောက်ျားက သည်းခံ ချင်မှာလဲ။ ယောက်ျားဆိုတာမျိုးက (တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့်) ဪ လက်စသတ်တော့ ဒီမိန်းမ ကျွန်မကို မနာလို ဖြစ်နေတာပါလား။ (သူ့ကိုယ်သူ တစ်ချက်ငုံ့ကြည့်ကာ လက်ဖြန့်၍ ဟန်ပါပါ ပြလျက်) ဒီလို ရုပ်ရည်မျိုး၊ ဒီလို ခန္ဓာကိုယ်မျိုးကိုမှ ယောက်ျားတွေ မက်မော တတ်တာကိုး။ ကျွန်မကို သူ့ယောက်ျား ဂရုစိုက်မိသွားမှာ စိုးရိမ်ရှာတယ် ထင်ပါရဲ့။ (တစ်ချက် ခပ်လှောင်လှောင် ရယ်မော) စိတ်ချ စိတ်ချ၊ မီမီတို့က အဲဒီအဆင့်မျိုး မဟုတ်ဘူး။ ဒီလောက်နဲ့တော့ မီမီ့ဆီ မလာခဲ့နဲ့။
ထိုအချိန်တွင် ဇာတ်ခုံအပြင်ဘက်မှ ကလေးမလေး တစ်ယောက်၏ ရယ်မောသံ ထွက်လာသည်။ အသက် သုံးလေးနှစ်အရွယ် ကလေးမလေး၏ ရယ်သံ၊ စကားသံ ဖြစ်သည်။ ထိုအသံကြောင့် မီမီ ရုတ်တရက် မျက်နှာထား နူးညံ့ပျော့ပျောင်း သွားသည်။ မီမီသည် ကလေးမလေး၏ အသံလာရာဆီသို့ (ပရိသတ်ဆီသို့) တစ်လှမ်း နှစ်လှမ်း ချဉ်းကပ်လာ၊ ဇာလွှာနှင့် မျက်နှာအပ်လျက် ပရိသတ်ဘက်သို့ (ပြတင်းပေါက်မှ ငုံ့ကြည့်ဟန်ဖြင့်) ငုံ့ကြည့်သည်။ ကလေးမလေးကို မြင်သွားကာ ကြည်နူးစွာ ပြုံးလိုက်သည်။
မီမီ။ ။ ဟော ကလေးမလေးတောင် သူ့အမေနဲ့ လမ်းလျှောက် ထွက်နေပြီ။ ကြည့်စမ်း သွက်လိုက်တဲ့ ကလေး၊ အသားဖြူဖြူလေးက ဂါဝန်အဝါလေးနဲ့ ထင်းနေတာပဲ။ ချစ်စရာ ကောင်းလိုက်တာ။ (နောက်ပြန်ဆုတ်၍ လက်မှနာရီကို ငုံ့ကြည့်) ပုံမှန်အချိန်ပဲ။ သူတို့သားအမိ လမ်းလျှောက်ထွက်တာ နေ့တိုင်း ဒီအချိန်ပဲ။ (အားကျဟန်ဖြင့်) ဒီလို ကလေးလေး တစ်ယောက်ရဲ့ အမေဖြစ်ရတာ တော်တော် ကြည်နူးစရာ ကောင်းမှာပဲ။ (အတွေးထဲ ခဏနစ်မျောသွား) ကျွန်မမှာ အဲဒီလို ချစ်စရာကောင်းတဲ့ သမီးကလေးတစ်ယောက်ရှိရင် ဘယ်လောက် ကောင်းမလဲနော်။ (ခဏ ငြိမ်သက်သွားပြီးနောက် ဝမ်းနည်းစိတ် အားငယ်ဟန်ဖြင့်) ဘယ်တော့မှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ သူက ကျွန်မကို ကလေးမရှိစေနဲ့တဲ့။ အင်း သူပြောတာ အဲဒီစကား မဟုတ်ပါဘူး။ သူပြောပုံက အင်း ကလေးနဲ့ငါ့ကို ကြိုးချည်ဖို့ ကြိုးစားမယ် မကြံနဲ့တဲ့။ ကလေးဟာ တို့နှစ်ယောက်ရဲ့ ဆက်သွယ်မှုကို ပိုပြီး ခိုင်မြဲမလာစေတဲ့ အပြင် ပိုပြီး ယိုယွင်းပျက်စီး သွားစေလိမ့်မယ်တဲ့။ သူက ကလေး မချစ်တတ်ဘူးလား။ သိပ်ချစ်တတ်တာပေါ့။ ဒါပေမဲ့ သူ့မှာ သားသမီးတွေ ရှိပြီးသားလေ။ သူ့သမီး အငယ်ဆုံးတောင် လေးတန်း ရောက်နေပြီ။ အဲဒီသမီးကို သူငုံထားမတတ် ချစ်တာ။ သူ နောက်ထပ် ကလေးမလိုချင်ဘူး။ မဟုတ်ဘူး။ သူ နောက်ထပ် ကလေးမလိုချင်တာ ဟုတ်ပုံ မရဘူး။ ကျွန်မကိုသာ ကလေးမယူစေချင်တာ။ ဘာကြောင့်လဲ။
(ခြေလှမ်း နှစ်လှမ်း သုံးလှမ်း လမ်းလျှောက်နေပြီးမှ) ဘာကြောင့်လဲ ... ဘာကြောင့်လဲဆိုတော့ ကျွန်မ အလှပျက်သွားမှာစိုးလို့။ (ချက်ချင်းပင် ခါးသီးစွာရယ်မော) မဟုတ်ဘူး။ အဲဒီလို မဟုတ်ဘူး။ ကျွန်မ မလှရင် ကျွန်မထက်လှတဲ့သူ တစ်ယောက် သူ့အနား ရောက်လာမှာပဲ ဥစ္စာ၊ ကျွန်မကို ကလေးမယူစေတာက သူ့ကိုချည်ဖို့ ကြိုးစားမှာစိုးလို့၊ တာဝန်ယူမှုတွေ ရှုပ်ထွေးကုန်မှာ စိုးလို့၊ ဒါပါပဲ။ ဒါကြောင့် ကျွန်မ ကလေးမယူရဘူး။
(နက်နက်နဲနဲ စဉ်းစားနေပြီးနောက်) တကယ်လို့ ကျွန်မ ကလေးယူလိုက်မယ် ဆိုရင် ဘာဖြစ်လာမလဲ။ ဟုတ်တယ်။ ကျွန်မ သိချင်လိုက်တာ။ ကျွန်မ ကလေးယူလိုက်ရင် သူ ဘယ်လိုတုံ့ပြန်မလဲ။
(ခြေလှမ်းအနည်းငယ် လမ်းလျှောက်နေပြီးမှ) ကလေးကို သူ သံယောဇဉ် တွယ်လာမှာ ပါပဲနော်။ အဲဒီအခါကျရင် သူနဲ့ကျွန်မကို ကြိုးချည်ပြီးသား ဖြစ်သွားနိုင်မလား။ လက်ထပ်ဖို့ စိတ်ပါသွား လေမလား။ ဒါမှမဟုတ် ...။
ဇာတ်စင် ဘယ်ဘက်ထောင့်ဆီမှ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။
မီမီ။ ။ (တံခါးဆီသို့ ဖျတ်ခနဲ လှည့်ကြည့်) သူ ဒီနေ့လာတာ စောလိုက်တာ။
ဇာတ်စင် ဘယ်ဘက်မှ စမ်းစမ်း ဝင်လာသည်။ လက်ထဲတွင် ခရီးဆောင်အိတ်တစ်ခု ဆွဲထားသည်။ စမ်းစမ်းသည် မီမီ၏ ဇာလွှာကွန်ချာ နောက်ကွယ်ကာ အဖြစ်ကို ဂရုမပြုရ။
မီမီ။ ။ (မျှော်လင့်မထားသူကို တွေ့လိုက်ရသဖြင့် အံ့ဩတုန်လှုပ်သွား) အို စမ်းစမ်း ပါလား။
စမ်းစမ်း။ ။ မီမီ ကြည့်စမ်း၊ နင် အရင်ကထက်တောင် ချောလို့၊ ငါဟယ် နင်နဲ့ တွေ့မှ တွေ့ရပါ့မလား စိုးရိမ်လိုက်ရတာ။ (မီမီက ပြုံးနေသည်။)
စမ်းစမ်း။ ။ (အခန်း ပတ်ပတ်လည်ကို တအံ့တဩ လှည့်ပတ်ကြည့်ရှုရင်း) နင် တစ်ယောက်တည်းလား၊ နင့်မိဘတွေရော။ (အိတ်ကို ကြမ်းပြင်ပေါ် ချလိုက်သည်။)
မီမီ။ ။ ဖေဖေက ဆုံးသွားတာ တစ်နှစ်ခွဲလောက် ရှိပြီလေ။ မေမေက ...
စမ်းစမ်း။ ။ (မျက်နှာမကောင်းဘဲ တောင်းပန်) ဟုတ်လား။ စိတ်မကောင်းစရာဟယ်။ ဆောရီးနော် မီမီ၊ ငါ ဘာမှမသိရဘူးလေ။ မီမီ။ ။ အို ကိစ္စမရှိပါဘူး။ အားလုံး ကောင်းသွားမှာပါ။ ငါခံနိုင်ရည် ရှိသွားပြီလေ။ မေမေကတော့ နယ်မှာပဲ နေတယ်။
စမ်းစမ်း။ ။ ဪ ဒါဖြင့် ဒီမှာ နင်တစ်ယောက်တည်းပေါ့။
မီမီ။ ။ တစ်ယောက်တည်းလား ဆိုတော့ အင်း တစ်ယောက်တည်းပဲ ဆိုပါတော့။ (တံခါးဘက်သို့ စိုးရိမ်တကြီး လှမ်းမျှော်ကြည့်သည်။)
စမ်းစမ်း။ ။ အတော်ပဲ။ ဒါဖြင့် ငါ ဒီမှာ တည်းလို့ ရမှာပေါ့နော်။
မီမီ။ ။ (ကပျာကယာ) အို မဖြစ်နိုင်ဘူး ထင်တယ် စမ်းစမ်းရယ်။
စမ်းစမ်း။ ။ (နားမလည်ဟန်ဖြင့် ဟိုဟိုသည်သည်ကြည့်) ဘာဖြစ်လို့လဲ မီမီရဲ့။
မီမီ။ ။ တိုက်ခန်းပိုင်ရှင် ဆီမှာ ခွင့်တောင်းရဦးမှာ၊ သူက လူပိုခွင့်ပြုမှာ မဟုတ်ဘူး။
စမ်းစမ်း။ ။ (အနည်းငယ် မျက်မှောင်ကြုတ်) ဒီအခန်းက နင်ပိုင်တာ မဟုတ်ဘူးလား။
မီမီ။ ။ ဒါ ငှားထားတဲ့အခန်းလေ။ (စိုးရိမ်ပူပန်ဟန် မျက်နှာထားဖြင့် တံခါးဘက်သို့ နောက်တစ်ကြိမ် လှမ်းကြည့်)
စမ်းစမ်း။ ။ ဟုတ်ပြီလေ၊ နင် ငှားထားတာ မဟုတ်ဘူးလား။ ကိုယ်ငှားထားတဲ့ အခန်းမှာ ကိုယ့်သူငယ်ချင်းကို လေးငါးရက် တည်းခိုခွင့်ပေးဖို့ နင်က ဘယ်သူ့ဆီ ခွင့်တောင်းရမှာလဲ။
မီမီ။ ။ (ဘယ်လိုရှင်းရမှန်း မသိတော့သည့် အူကြောင်ကြောင် အပြုံးဖြင့်) ဒီလိုဟာ ဒီအခန်းကို ငှားတဲ့သူက ငါ့မိတ်ဆွေတစ်ယောက် ဆိုပါတော့။ သူက ဒီမှာ အမြဲတမ်း မနေဘူး။ တစ်ခါတစ်ခါ လာတယ်။ သူက ငါ့ကို ကူညီတဲ့အနေနဲ့ ဒီမှာ နေခွင့်ပေးထားတာ ဆိုတော့ သူမသိဘဲ တခြားသူ တစ်ယောက်ကို နေဖို့ ငါက ခွင့်ပြုလို့ မကောင်းဘူးလေ။ နင့်ကို မကူညီနိုင်တဲ့အတွက် ငါ့ကို စိတ်မဆိုးပါနဲ့ စမ်းစမ်းရယ်။ ဘယ်လိုမှ မဖြစ်နိုင်လို့ပါ။
စမ်းစမ်း။ ။ (စိတ်ညစ်သွားသည်ကို ဟန်ဆောင်ပြုံးရယ်လျက်) အို ရပါတယ် မီမီရယ်၊ နင်အဆင် မပြေရင် နေပါစေ။
မီမီ။ ။ (စိတ်အေးသွားဟန်) အေးအေး နင် ငါ့ကို နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဟာ။ (ခဏနား) ဒါဖြင့် နင်တည်းခိုဖို့ နေရာတစ်ခုခု ရှာရမှာပေါ့။ အချိန်နောက်မကျခင် သွားရှာ ထားဦးလေ။ (ပရိသတ်ဘက်လှည့်) အရေးကြီးတာက စမ်းစမ်း သူနဲ့မဆုံမိဖို့ပဲ၊ ဘုရား ဘုရား ကယ်တော်မူပါ။
စမ်းစမ်း။ ။ (ပြုံးရယ်လျက် နှစ်သိမ့်) စိတ်မပူပါနဲ့ကွယ်၊ ဝိုင်ဒဗလျူစီအေမှာ တည်းလို့ရမှာပါ။ နောက်ဆုံးကွယ် ဝိုင်ဒဗလျူစီအေမှာ တည်းစရာ မရှိရင်တောင် ဘုန်းကြီးအသိရှိတဲ့ ဘုန်းကြီးကျောင်းမှာ တည်းမှာပေါ့။ ကိုလတ်တောင် ဘုန်းကြီးကျောင်းမှာ နေနေတာပဲ။ ကိုလတ်ကို နင် မှတ်မိလား။
မီမီက အခန်းတံခါးဆီသို့ စိုးရိမ်ပူပန်စွာ အာရုံရောက်နေသည်။
စမ်းစမ်း။ ။ ကိုလတ်လေ မီမီ။
မီမီ။ ။ (စမ်းစမ်း၏ စကားကို ပြန်အာရုံစိုက်) ဘာ ...
စမ်းစမ်း။ ။ ကိုလတ်လေ၊ တို့ကျောင်းမှာတုန်းက တို့နဲ့မတည့်တဲ့ ဝတုတ်တို့ အုပ်စုထဲက ...
မီမီ။ ။ (ဇဝေဇဝါ) ဝတုတ်တို့ အုပ်စုထဲက ဘယ်တစ်ယောက်လဲ၊ (ပရိသတ်ဘက်လှည့်) မတော်တဆ အခုအချိန်များ သူရောက်လာလိုက်ရင် ...။
စမ်းစမ်း။ ။ အသားညိုညို အရပ်ရှည်ရှည်နဲ့ တစ်ယောက်လေ။ လွယ်အိတ်ကြိုးကို တိုအောင် ပခုံးထက်မှာ ထုံးပြီး လွယ်တဲ့လူ။
မီမီ။ ။ (အာရုံထဲမှာ ပုံဖော်၍မရ) ဟင့်အင်း ... မသိဘူး။ အဲဒီလူ ဘာဖြစ်လို့လဲ။
စမ်းစမ်း။ ။ (စိတ်ကိုလျှော့ကာ သက်ပြင်းချ) ဪ ဘာမှမဖြစ်ပါဘူးဟာ၊ သူလဲ ဘုန်းကြီးကျောင်းမှာ နေပြီး အလုပ်လုပ်နေတာလို့ ပြောမလို့ပါ။
မီမီ။ ။ (စိတ်မပါ့တပါ) ဪ ...
စမ်းစမ်း။ ။ ဒါနဲ့ နင်အလုပ်လုပ်တဲ့ ရုံးက ဝေးလား။
မီမီ။ ။ ငါ အလုပ်လုပ်တဲ့ ရုံး ... (ပရိသတ်ဘက် လှည့်၍ တိုးတိုး) ကျွန်မ အလုပ်လုပ်တဲ့ ရုံး ... တဲ့။ (စမ်းစမ်းဘက် ပြန်လှည့်ပြော) အင်း ရုံးက သိပ်မဝေးပါဘူး။
စမ်းစမ်း။ ။ အလုပ်ပင်ပန်း သလားဟင်၊ ဘာတွေ လုပ်ရသလဲ။
မီမီ။ ။ (အဖြေကို ကမန်းကတန်း စဉ်းစားပြီး) အဲ အလုပ်လား၊ အလုပ်က သိပ်မပင်ပန်းပါဘူး။
စမ်းစမ်း။ ။ နင့်ကို ငါမြင်ရသလောက်တော့ နင့်ရဲ့ လွတ်လပ်မှုတွေ ပေါ့ပါးမှုတွေ ပျောက်ကွယ် သွားသလိုပဲ မီမီ၊ နင့်အတောင်ပံတွေကို ဘယ်သူက ဘယ်အရာက ချိုးဖြတ်ထားလိုက်သလဲ။
မီမီ။ ။ (ဇာလွှာကွန်ချာထဲတွင် စိတ်မတည်ငြိမ်ဟန် လမ်းလျှောက်ရင်း) ငါ့အတောင်ပံတွေ ငါ့ အတောင်ပံတွေ ...
စမ်းစမ်း။ ။ (မီမီ၏ ဇာကွန်ချာကို လှည့်ပတ်၍ မီမီကို အားမလိုအားမရ ကြည့်ရင်း) နောက်ပြီး နင်ဟာ အရင်တုန်းက မီမီ မဟုတ်သလိုပဲ၊ နင်နဲ့ ငါ့ကြားမှာ တစ်ခုခုက ခြားသွားပြီ၊ ဘာလဲတော့ ငါမသိဘူး မီမီ။
မီမီ။ ။ (လမ်းလျှောက်ရာမှ ချက်ချင်းရပ်ကာ စမ်းစမ်းဘက်သို့ ဆတ်ခနဲ လှည့်ကြည့်) ငါ အရင်က မီမီပဲ။ နင်နဲ့ငါ့ရဲ့ကြားမှာ တစ်ခုခုက ခြားထားတယ်ဆိုရင် အဲဒါဟာ စည်းစိမ်းဥစ္စာပဲ ဖြစ်လိမ့်မယ်။ တို့နှစ်ယောက်ဟာ ပိုင်ဆိုင်မှုချင်း မတူကြဘူး။ စမ်းစမ်း။ ။ (စဉ်းစဉ်းစားစားကြည့်) နင့်ကိုယ်ခန္ဓာက အလင်းရောင်ဟာ ဟိုတုန်းကထက် မှေးမှိုန် နေသလိုပဲ။ ဟိုတုန်းက နင့်ကိုယ်ခန္ဓာက အလင်းရောင် သိပ်တောက်ပခဲ့တယ်။
မီမီ။ ။ (စိတ်မတည်ငြိမ်ဟန် လမ်းလျှောက်ပြန်) အလင်းရောင် ... အလင်းရောင် ... ကျွန်မကိုယ်ခန္ဓာက အလင်းရောင် ... စမ်းစမ်း။ ။ (စိုးရိမ်ပူပန်ဟန်) နင်ဘာတွေ ဖြစ်နေသလဲ မီမီ၊ ဘာပြဿနာတွေ ဖြစ်နေသလဲ။
မီမီ။ ။ (လမ်းလျှောက်ရင်း) ကျွန်မ ဘာဖြစ်နေသလဲ ... ကျွန်မ ဘာဖြစ်နေသလဲ။
စမ်းစမ်း။ ။ (မီမီ ဇာလွှာနှင့် ထိကပ်လုနီးပါး တိုးကပ်လာ) မီမီ ဘာဖြစ်နေသလဲ။
ထိုအချိန်တွင် ဇာတ်ခုံဘယ်ဘက်ထောင့်ဆီမှ တံခါးခေါက်သံ ကြားရသည်။ တံခါးခေါက်သံကြောင့် မီမီ တုန်လှုပ်သွားသည်။ သူမ၏ ရင်ညွှန့်အား လက်ဖြင့် အသာဖိလိုက်သည်။
မီမီ။ ။ အဲ သွားပြီး။ (တံခါးဆီသို့ အားတင်း၍ လှမ်းကြည့်လိုက်သည်။)
သို့သော် မည်သူမျှ ဝင်မလာ။ စမ်းစမ်းသည် မီမီ့ အဖြစ်အား နားမလည်နိုင်သလို ကြည့်သည်။ ထို့နောက် ခေါင်းယမ်းကာ အနီးမှထွက်ခွာ၊ ဟိုဟိုသည်သည် လျှောက်ကြည့်သည်။
စမ်းစမ်း။ ။ (တစ်ကိုယ်တည်းပြော) မီမီ တစ်ခုခုကို ဖုံးကွယ်ထားတယ်။ အခန်းကတော့ တော်တော် ကောင်းတာပဲ။ အလို ယောက်ျားအသုံးအဆောင် ပစ္စည်းတွေလဲ အများကြီးပါလား။ လေ့ကျင့်ခန်းယူတဲ့ ပစ္စည်းတွေရော၊ ရေမွှေး၊ ခေါင်းလျှော်ရည်၊ ဇိမ်ခံပစ္စည်းတွေ၊ ဟိုဟာက ဘာပါလိမ့်။ (စပ်စုစိတ်ကို ပြန်ထိန်းချုပ်) အို ... မီမီ မသိစေချင်တဲ့ အရာတွေ ဒီအခန်းထဲမှာ အများကြီး ကျန်ဦးမှာပါ။ မီမီဟာ ဘယ်လိုဘဝမှာ အသက်ရှင်နေတာပါလိမ့်။ (မီမီ့ဆီ လျှောက်သွား) မီမီ နင် ဘာပြဿနာတွေနဲ့ ရင်ဆိုင်ရသလဲဟင်။
မီမီ။ ။ (အားတင်း၍ ခေါင်းကိုမော့) ငါ ဘာမှ မဖြစ်ပါဘူး။
စမ်းစမ်း။ ။ သေချာရဲ့လားဟင်။
မီမီ။ ။ သေချာပါတယ်။
စမ်းစမ်း။ ။ နင် ငါ့ကို ပြောချင်တာ တစ်ခုခုရှိရင် ပြောလိုက်ပါ မီမီ၊ နင်သိပါတယ်၊ ငါဟာ နင့် သောကတွေကို မင်စုပ်စက္ကူတစ်ချပ်လိုပဲ အမြဲ စုပ်ယူလက်ခံနေခဲ့တာပါ။ နင်ဘာတွေ ခံစားနေရသလဲ။
မီမီ။ ။ ဘာမှ မခံစားရဘူး။
စမ်းစမ်း။ ။ နင် ဝမ်းနည်းနေခဲ့ရင် ...
မီမီ။ ။ ဝမ်းမနည်းပါဘူး၊ ငါ့ရုပ်က ဝမ်းနည်းနေတဲ့ရုပ် ဖြစ်နေသလား။
စမ်းစမ်း။ ။ နာကြည်းနေခဲ့ရင် (မီမီ ငြိမ်သက်နေသည်) အားငယ်နေခဲ့ရင် (မီမီ တစ်ဖက်သို့ မျက်နှာ လွှဲသွားသည်) ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုကို ခံစားနေခဲ့ရရင် (မီမီ အံကြိတ်လိုက်သည်) တစ်ယောက်ယောက်ရဲ့ စော်ကားမှုကို ခံခဲ့ရရင် ...
မီမီ။ ။ (ဒေါသဖြင့် စမ်းစမ်းအား လှည့်ကြည့်) တော်တော့ ...။
(ဇာကွန်ချာထဲတွင် မငြိမ်မသက် လမ်းလျှောက်) နင်တို့ သိထားရမှာက မီမီဟာ သူများ ခင်ပွန်းတစ်ယောက်ရဲ့ စိတ်အပန်းဖြေစရာ ကိုယ် အညောင်းဖြေစရာ လေ့ကျင့်ခန်းပစ္စည်း ကိရိယာ တစ်ခု မဟုတ်ဘူး။
စမ်းစမ်း။ ။ အို ... (စိုးရိမ်ထိတ်လန့်စွာ ယောင်ယမ်း၍ ကိုယ့်ပါးစပ်ကိုယ့် လက်ဖဝါးဖြင့်ပိတ်)
မီမီ။ ။ ငါ့ကိုယ်ခန္ဓာပေါ်က အလှအပတွေဟာ ဘယ်တော့မှ ပျက်စီးမသွားဘူး။
စမ်းစမ်း။ ။ ဘုရားရေး ...
မီမီ။ ။ ငါ့နေရာမှာ နောက်ထပ်တစ်ယောက်ကို ဘယ်တော့မှ အစားထိုးလို့ရမှာ မဟုတ်ဘူး။
စမ်းစမ်း။ ။ ဘယ်သူက အစားထိုးမှာလဲ။
မီမီ။ ။ ငါဟာ ယောက်ျားတွေ သဘောကျတတ်တဲ့ ကစားစရာ အရုပ်တစ်ရုပ် မဟုတ်ဘူး ... မဟုတ်ဘူး။
စမ်းစမ်း။ ။ ကိုယ်တို့ မိန်းမတွေဟာ သက်ရှိလူသားတွေပါ မီမီ၊ ယောက်ျားတွေလိုပဲ သွေးသားနဲ့ ခံစားတတ်၊ ဦးနှောက်နဲ့ ဆင်ခြင်တတ်၊ ဥာဏ်ရည်နဲ့ ဆုံးဖြတ်တတ်၊ အရည်အချင်းနဲ့ ပြုမူလှုပ်ရှား တတ်တဲ့ လူသားတွေပါ။ တို့ကို မြင့်မားတဲ့ လူသားအဆင့်ကနေ ရုပ်ဝတ္ထုပစ္စည်း အဆင့်ထိရောက်အောင် ယောက်ျားတွေက နှိမ့်ချပစ်မှာကို တော်လှန်ယူရမှာ။
မီမီ။ ။ ငါဟာ ပျက်စီးသွားတဲ့ အရုပ်တစ်ရုပ်လို အမှိုက်ပုံထဲ ဘယ်တော့မှ အရောက်မခံနိုင်ဘူး။
စမ်းစမ်း။ ။ ဟင့်အင်း၊ ဘယ်အမှိုက်ပုံထဲမှ နင်မရောက်နိုင်ပါဘူး။
မီမီ။ ။ (တွေးရင်း တွေးရင်း ဝမ်းနည်းလာကာ မျက်နှာကို လက်ဖဝါးနှစ်ဖက်ဖြင့် အုပ်၍ ခပ်တိုးတိုး) ဘုရားရေ ... ကျွန်မ ဘာတွေ လုပ်ခဲ့မိပြီလဲ။
မီမီသည် တဖြည်းဖြည်း တုန်လှုပ်စွာ ဒူးထောက်လျက်သား ကျသွားသည်။
စမ်းစမ်းက မီမီဆီသို့ သတိဖြင့် ချည်းကပ်လာ။ ဇာလွှာနှင့် ထိလုနီးပါး ဖြစ်သည့်အခါ ဒူးထောက် ထိုင်ချလိုက်သည်။
စမ်းစမ်း။ ။ (ခပ်တိုးတိုး) မီမီ ...
မီမီ။ ။ (လက်ဖဝါးများကို ဖယ်ကာ စမ်းစမ်းအား ကြည့်) ငါ ဒီစစ်ပွဲကို နိုင်အောင်တိုက်မှ ဖြစ်မယ်။
စမ်းစမ်း။ ။ စစ်ပွဲ ဘယ်သူနဲ့ စစ်ပွဲလဲ။
မီမီ။ ။ ပတ်ဝန်းကျင်နဲ့။
စမ်းစမ်း။ ။ အို ...
မီမီ။ ။ နောက်ပြီး သူ့ဇနီးနဲ့။
စမ်းစမ်း။ ။ ဘုရား ... ဘုရား။
မီမီ။ ။ အသေအကျေ တိုက်ရမယ်။
စမ်းစမ်း။ ။ ဘယ်လို တိုက်မှာလဲ။
မီမီ။ ။ (တစ်ခဏ ငြိမ်သွားပြီးနောက် သွေးရူးသွေးတမ်း) ငါ့ကို သူ လက်ထပ်ဖြစ်အောင် အစွမ်းကုန် ကြိုးစားရမယ်။
စမ်းစမ်း။ ။ (လန့်ဖျပ်သွား) ဘုရားရေ ... သူဆိုတာ ... သူဆိုတာ နင့်ချစ်သူလား။
မီမီ။ ။ ချစ်သူ ချစ်သူဆိုတာ ဘာလဲ။
စမ်းစမ်း။ ။ ချစ်သူဆိုတာ ကိုယ့်မှာရှိတဲ့ ပျော်ရွှင်မှု၊ စည်းစိမ်ဥစ္စာ၊ အောင်မြင်မှု အစစအရာရာ ကိုတောင် စွန့်လွှတ်ရဲတဲ့ သတ္တိနဲ့ ကောင်းတူဆိုးဖက် မျှဝေခံစားပြီး တာဝန်ယူရမယ့် တစ်ယောက်ယောက်ကို ခေါ်တယ်။
မီမီ။ ။ အမြင့်ကို ပျံသန်းချင်သူ တစ်ယောက်အတွက် ချစ်သူဟာ အတောင်ပံတစ်စုံ ဖြစ်သလား။
စမ်းစမ်း။ ။ အတောင်ပံတစ်စုံ ဟုတ်မဟုတ်တော့ မသေချာဘူး။ သေချာတာ တစ်ခုက ချစ်သူဆိုတာ အမြင့်ကနေ ပြုတ်ကျလာသူ တစ်ယောက်အတွက် အောက်ကနေ ခံပေးတဲ့ ပိုက်ကွန်တစ်ခုပဲ။
မီမီ။ ။ အိုး အချစ်ဟာ ဘာအသုံးကျမလဲ။ အချစ်ကို စည်းစိမ်ချမ်းသာနဲ့ ဝယ်ယူလို့ရတယ်။ စည်းစိမ်ချမ်းသာကို အချစ်နဲ့ ဝယ်ယူလို့ မရဘူး။
စမ်းစမ်း။ ။ အချစ်ဆိုတာ ပေးလို့ယူလို့ ရတဲ့ပစ္စည်း မဟုတ်ဘူး။ အချစ်ဆိုတာ တာဝန်ယူမှု တစ်ခုပဲ။
မီမီ။ ။ အချစ်နဲ့ ဘဝလုံခြုံမှု နှစ်မျိုးမှာ ငါကတော့ ဘ၀လုံခြုံမှုကိုပဲ ရွေးမယ်။
စမ်းစမ်း။ ။ ဘဝလုံခြုံမှု အစစ်ကိုတော့ ခွဲခြားသိတတ်ဖို့ လိုမှာပေါ့။
မီမီ။ ။ ဘဝလုံခြုံမှု အစစ်ဆိုတာ ဘာလဲ။
စမ်းစမ်း။ ။ စီးပွားရေး၊ ငွေကြေးဆိုင်ရာ လုံခြုံမှုသာမက လူမှုရေးဆိုင်ရာ ကိုယ်ကျင့်သိက္ခာဆိုင်ရာ လုံခြုံမှုပါ ပေါင်းစပ်မှ တကယ့် လုံခြုံမှုအစစ် ဖြစ်တယ်။
မီမီ။ ။ အချစ်နဲ့ ဘဝလုံခြုံမှု နှစ်မျိုးထဲက တစ်မျိုး ရွေးမယ်ဆိုရင် ဘဝလုံခြုံမှုကိုပဲ ရွေးမယ်။
စမ်းစမ်း။ ။ ဘာကြောင့် နှစ်မျိုးထဲက တစ်မျိုးလို့ စဉ်းစားသလဲ၊ နှစ်မျိုးလုံး တစ်ပြိုင်တည်းရဖို့ ဘာလို့ မစဉ်းစားတာလဲ။ အချစ်ရော ဘဝလုံခြုံမှုရောလေ။
မီမီ။ ။ အချစ်ရော၊ လုံခြုံမှုရော နှစ်မျိုးလုံး။ အို အဲဒီလိုသာဆိုရင် ဘဝဟာ ဘယ်လောက်များ ပြီးပြည့်စုံလိုက်မလဲကွယ်။
စမ်းစမ်း။ ။ ဟုတ်တယ်။ အချစ်ကြောင့် ကမ်းတဲ့လက်ဟာ ခိုင်မြဲတယ်။ နွေးထွေးတယ်။
မီမီ။ ။ (ကြည်နူးစွာပြုံး) ခိုင်မြဲတယ်။ နွေးထွေးတယ်။
စမ်းစမ်း။ ။အချစ်မှာ အနိုင်ကျင့်တာတွေ ကျရှုံးတာတွေ မရှိဘူး။ တူညီစွာ မျှဝေခံစားမှုပဲ ရှိတယ်။
မီမီ။ ။ (တိုးတိတ်စွာ ရေရွတ်) တူညီစွာ မျှဝေခံစားမှု။
[အခန်းကူးပြောင်း ဂီတ၊ အလင်းရောင် တဖြည်းဖြည်း မှိုန်ကျပြီး စင်တစ်ခုလုံး မှောင်သွား]
* * *
အခန်းစဉ် (၃)
မီမီသည် ဇာလွှာကွန်ချာထဲတွင် အနောက်တိုင်းဂီတသံ တစ်ခုနှင့်အတူ က,နေသည်။ ခဏအကြာတွင် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။ ရုတ်တရက် မီမီက မကြား။ ဂီတသံနှင့် အကထဲတွင် အာရုံနစ်မျော နေသည်။ တံခါးခေါက်သံ ဒုတိယတစ်ကြိမ် ခပ်ကျယ်ကျယ် ပေါ်ထွက် လာသည်။ ထိုအခါ မီမီ ကြားသွားပြီး တံခါးဆီသို့ လှည့်ကြည့်သည်။ ထိုအချိန်မှာ မီမီက ကက်ဆက်ခလုတ်ကို ပိတ်လိုက်သည့် သဘောဖြင့် ဂီတသံ ရပ်သွားသည်။
မီမီ။ ။ ဘယ်သူလဲ ...
ကိုလတ်။ ။ (အသံသက်သက်) ကျွန်တော်တို့ သုခ ဆောက်လုပ်ရေး ကုမ္ပဏီကပါ။ ဒီအခန်းကို မွမ်းမံပြင်ဆင်ဖို့ ဦးသိန်းဦးက အလုပ်အပ်ထားလို့ပါ ခင်ဗျာ။
မီမီ။ ။ (ကျေနပ်စွာ ပြုံးလျက်) ဝင်ခဲ့ပါ။
ဇာတ်စင်ထောင့်မှ ကိုလတ် ဝင်လာသည်။
မီမီ။ ။ (အံ့ဩဟန်ဖြင့် ပရိသတ်ဘက် လှည့်ပြုံး) ကြည့်စမ်း ... သူ ကျွန်မကို လက်ထပ်ယူတော့မယ် ထင်တယ်။ ဒီအတိုင်းဆို စစ်ပွဲမှာ ကျွန်မ မရှုံးတော့ဘူးပေါ့ ...။
ကိုလတ်။ ။ (မီမီရှိရာသို့ လျှောက်လာ) ကျွန်တော့်နာမည် ဇော်လတ်ပါ ခင်ဗျာ။ သုခ ဆောက်လုပ် ရေးကုမ္ပဏီက ဝန်ထမ်းပါ။
မီမီ။ ။ (ကိုလတ်အား ခပ်စိုက်စိုက် ငေးကြည့်) ဪ ဟုတ်ကဲ့။
(ပရိသတ်ဘက်လှည့်) သူ့မျက်လုံးတွေဟာ ကျွန်မနဲ့ ရင်းနှီးနေသလိုပဲ။ ဒီမျက်လုံးတွေကို ကျွန်မ သိနေတယ်။
ကိုလတ်။ ။ ကျွန်တော်တို့ ဒီတိုက်ခန်းကို ဆေးအသစ်သုတ်မယ်။ လျှပ်စစ်မီးကြိုးတွေ မီးအလှ ပန်းဆိုင်းတွေ ပြင်မယ်။ လေအေးစက်တွေ တပ်ရပါမယ်။
(ပရိသတ်ဘက်လှည့်) ဒီအမျိုးသမီး တော်တော် လှတာပါလား။ သူ့မျက်လုံးတွေဟာ ကျွန်တော့် ရင်ထဲထိအောင် ထိုးဖောက်စူးဝင် သွားတော့တာပဲ။ မဖြစ်ဘူး၊ ကိုယ့်အလုပ်ကိုယ်ပဲ အာရုံ စိုက်တာ ကောင်းပါတယ်။
(ဇာတ်စင်နောက်ခံ ပိတ်ကားဘက်လှည့်) ကဲ ကိုယ့်လူတို့ ဆေးအဟောင်းတွေကို စပြီး ဖျက်ပေတော့။
ကိုလတ်သည် အလုပ်သမားများရှိရာသို့ သွားဟန်ဖြင့် လျှောက်သွားသည်။
မီမီ။ ။ (ဇာကွန်ချာထဲတွင် တစ်စုံတစ်ခုကို ကျေနပ်နှစ်သိမ့်ဟန်ဖြင့် ပြုံးလျက် လမ်းလျှောက်နေရာမှ) ဪ ဒီမှာရှင့်၊ ဒီအခန်းကို ပန်းနုရောင် ဖျော့ဖျော့လေး သုတ်ပေးပါနော်။
ကိုလတ်။ ။ (အားနာဟန်လှည့်ကြည့်) ကျွန်တော့်ကို ဦးသိန်းဦးက အဖြူရောင် သုတ်ပေးဖို့ မှာ ထားပါတယ် ခင်ဗျာ။
မီမီ မျက်နှာညိုသွားသည်။
[ဂီတသံဖြင့် အချိန်ပြောင်းလဲပေးရန်။]
ကိုလတ်သည် ဇာတ်ခုံနောက်ဘက် ပိတ်ကားနားတွင် ဆေးသုတ်သူများအား ကြီးကြပ်သည့်ဟန်ဖြင့် ဟန်ပါပါ ခါးထောက်၍ ရပ်ကြည့်နေသည်။ မီမီက သူမ၏ ဇာကွန်ချာထဲတွင် ကနွဲ့ကလျ ရပ်၍ ကိုလတ် ရှိရာသို့ ကြည့်နေသည်။
မီမီ။ ။ ကျေးဇူးတင်ပါတယ် ကိုလတ်ရယ်၊ အခုမှပဲ အခန်းလေးဟာ ချစ်စရာကောင်းလိုက်တာ၊ နံရံကပ် မီးပွင့်လေးတွေကလဲ လှလိုက်တာနော်။
(ပရိသတ်ဘက်လှည့်) သူ့မျက်လုံးလေးတွေက အဲဒီ မီးပွင့်ကလေးတွေထက် လှတယ်။ အဲဒီ မျက်ဝန်းလေးတွေဟာ ကျွန်မနှလုံးသားကို ဆွဲထုတ်ယူသွားတော့မှာပါ။
(ကိုလတ်ဘက်ပြန်လှည့်) ခဏနားပြီး ကော်ဖီလေး သောက်လိုက်ပါဦးကွယ်။
ကိုလတ်။ ။ (မီမီဘက်ကို လှည့်ပြုံး) ကျေးဇူးတင်ပါတယ် မီ။
(ပရိသတ်ဘက် လျှောက်လာပြီး ပရိသတ်အားပြော) သူ့အကြင်နာတွေပါ ထည့်ထားလို့လား မသိဘူး၊ ကော်ဖီက သိပ်ကောင်းတာပဲ။
မီမီ
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Address
Pyinmana
15012