Shwe Yaung Lynn Dental Clinic - Naypyitaw,Pyinmana

တနင်္လာနေ့တိုင်းဆေးခန်းပိတ်ပါသည်

29/11/2023

#ဆေးခန်းခေတ္တပိတ်ခြင်း 🚨

ဒေါက်တာရဲရင့်ပိုင် သင်တန်းသွားတက်ရန် ရှိပါသဖြင့်

၄.၁၂.၂၀၂၃ ( တနင်္လာနေ့ ) မှ

၁၅.၁၂.၂၀၂၃ ( သောကြာနေ့ ) ထိ

🚨 ဆေးခန်း ပိတ်ထားမှာ ဖြစ်ပါတယ် 🚨

၁၆.၁၂.၂၀၂၃ ( စနေနေ့ )မှာ ဆေးခန်းပြန်လည်ဖွင့်လှစ်ပြီး

ကုသမှုများအား ပြန်လည်လုပ်ဆောင်‌ပေးသွားမှာ ဖြစ်ပါတယ် 🙏

23/11/2023

Making Confident Smile 😄❤️

#အံကပ် #သွားအရှင်စိုက်ခြင်း

✨🦷 Shwe Yaung Lynn
Your Reliable Dental Clinic in Naypyitaw

Photos from Shwe Yaung Lynn Dental Clinic - Naypyitaw,Pyinmana's post 12/11/2023

✨ Happy Diwali 🪔

ဟိန္ဒူဘာသာဝင်များ၏ မီးထွန်းပွဲတော် အခါသမယ ဖြစ်သော ဒေပါဝလီနေ့ တွင်

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နှင့်
ပြည့်စုံကြပါစေလို့

✨🦷 ရွှေရောင်လင်းမိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်ခင်မျာ 😊

Photos from Shwe Yaung Lynn Dental Clinic - Naypyitaw,Pyinmana's post 09/11/2023

🦷 ယခု case ဟာ ကျွန်တော်တို့ ရွှေရောင်လင်း သွားဆေးခန်းမှ အပေါ် အကြို အံသွားအတွက်
🔩 သွားမြစ်တု အစားထိုးကုသပြီး သွားစိုက်ပေးထားတာဖြစ်ပါတယ်

🚨 အရိုးသိမ်၍ လိုအပ်ချက်များရှိနေလို့ Bone Graft ( အရိုးအစားထိုး )ပါ ထည့်သွင်းကုသပေးထားတာ ဖြစ်ပါတယ် 🚨

ကျွန်တော်တို့ Clinic Pageမှ ကုသမှုပုံများအားလုံးဟာ ✨ ရွှေရောင်လင်း သွားဆေးခန်းမှ တာ၀န်ယူ ကုသမှုပေးထားသော ပုံများဖြစ်ပါတယ် 😊

🚨 အခြားမည်သည့်နေရာကမှ ကူးယူဖော်ပြထားခြင်းမျိုး မရှိပါဘူး 🚨

🦷 သွားမြစ်တု အစားထိုးကုသ၍ သွားစိုက်ခြင်း
🔩 Dental Implantအကြောင်းကို ပြောပြချင်ပါတယ် ☺️

⚙️ သွားမြစ်တု အစားထိုး ကုသခြင်းဆိုတာ သွားအမြစ်နဲ့ ပုံစံတူ 🔩Titaniumတိုင်တစ်ခုကို မေးရိုးတွင်းသို့ ခွဲစိတ်ထည့်သွင်း၍ 🦷သွားစိုက်ကုသခြင်းပဲဖြစ်ပါတယ်

🔩သွားမြစ်တု အစားထိုးကုသ၍ သွားစိုက်ခြင်းဟာ သဘာ၀သွားနဲ့ 99.99%တူညီပြီး သဘာ၀သွားကဲ့သို့ လုပ်ဆောင်နိုင်တဲ့ နောက်ဆုံးပေါ် သွားစိုက်နည်း တစ်ခုဖြစ်ပါတယ်

♦️အခြားသွားစိုက်နည်းများထက် ဘာပိုကောင်းလဲဆိုရင်

🔹သွားအသေစိုက်ကုသနည်း ( Dental Bridge)လို ဘေးသွားအကောင်းတွေကို စက်နဲ့စားစရာ မလိုပါဘူး

🔹သွားအရှင်စိုက် ကုသနည်း(Denture)လို သွားတုမှာ သွားဖုံးသား (Fl**ge area)များ မပါ၀င်တဲ့အတွက် သက်တောင့်သက်သာရှိပြီး လျှင်လျှင်မြန်မြန် ခန္ဓာကိုယ်နဲ့ အသားတကျဖြစ်ပါတယ်

🛑 သွားမြစ်တု အစားထိုးကုသပြီး သွားစိုက်တာဟာ အသေးစားခွဲစိတ်မှုတစ်ခု ဖြစ်ပါတယ်
အဲဒိအတွက် ☢️ ဓာတ်မှန်အရင်ရိုက်ရပါမယ်

⛑️ကိုယ်တွင်းရောဂါအခံများရှိလျှင် မိမိပြနေကြဆရာ၀န်နဲ့ ကြိုတင်ဆွေးနွေးမှု ယူထားရပါမယ် ( ဉပမာ နှလုံး၊သွေးတိုး၊ ဆီးချို ၊ လေးဘက်နာ စသည်ဖြင့် )

💠ပထမအဆင့်အနေနဲ့ 🔩သွားမြစ်တု(Fixture)ကို အရိုးထဲခွဲစိတ်ပြီး ထည့်သွင်းပါမယ်

🔷အရိုးနှင့်သွားမြစ်တု(Fixture)တို့ ဆက်နွယ် တည်ငြိမ်သွားစေရန် အချိန်တစ်ခု စောင့်ရပါတယ်

🔷များသောအားဖြင့်အောက်သွားတွေမှာ ၃လမှ ၄လ စောင့်ဆိုင်းရတတ်ပြီး အပေါ်သွားတွေမှာ ၄လမှ ၅လအထိ စောင့်ဆိုင်းရပါတယ် 😊

💠အရိုးနဲ့သွားမြစ်တု(Fixture) ဆက်နွယ် တည်ငြိမ်သွားပြီဆိုရင်တော့⚙️ Abutment လို့ခေါ်တဲ့ အစိတ်အပိုင်းတစ်ခုကို ထပ်မံထည့်သွင်းရပါတယ်

💠ပြီးမှ သွားတု( Crown)ကို ထည့်သွင်းပြီး ပုံမှန် သဘာ၀သွားကဲ့သို့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ် 🤗

💉ခွဲစိတ်ကုသမှု အဆင့်တိုင်းမှာ ထုံဆေးများကို အတိအကျ သုံးပေးမှာမို့ နာကျင်မှု လုံး၀ ရှိမှာ မဟုတ်ပါဘူး

♦️ခန့်မှန်းခြေ လေးကြိမ်ခန့် ဆေးခန်းသို့ လာရောက်ပေးရမှာ ဖြစ်ပါတယ်

🌟အဲဒိအတွက် #ကုန်ကျစားရိတ်အား #သုံးကြိမ်တိတိ #အရစ်ကျခွဲ၍ သွင်းလို့ရပါတယ် 🌟

✨🦷 ရွှေရောင်လင်း သွားနှင့်ခံတွင်းဆေးခန်းမှာ

⭐Osstem implant systemကို အသုံးပြုမှာ ဖြစ်ပါတယ်

😊အသေးစိတ် ထပ်မံသိရှိလိုပါက ဆေးခန်းမှာ ဆရာဝန်နဲ့ #အခမဲ့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်

✨🦷ရွှေရောင်လင်း သွားနှင့်ခံတွင်း အထူးကုဆေးခန်းကို အမှတ် ၇/၇ဃ ၊ ဗိုလ်ချုပ်လမ်း ၊ သုခမြိုင်မိုတယ်ရှေ့ ၊ပျဉ်းမနား၊ နေပြည်တော်တွင့် ဖွင့်လှစ်ထားပါတယ်

⏰ ဆေးခန်းဖွင့်ချိန် - မနက် ၁၀နာရီမှ ည ၇နာရီထိ

🟥 တနင်္လာနေ့တိုင်း ဆေးခန်းပိတ်ပါသည် 🟥

🌕 လပြည့်၊လကွယ် နှင့် အစိုးရရုံးပိတ်ရက် များ ဆေးခန်း မပိတ်ပါ 🌒

☎️ Ph. 09 9 5550 8857

Photos from Shwe Yaung Lynn Dental Clinic - Naypyitaw,Pyinmana's post 09/11/2023

🦷 ယခု case ဟာ ကျွန်တော်တို့ ရွှေရောင်လင်း သွားဆေးခန်းမှ အောက်အံသွားအတွက်
🔩 သွားမြစ်တု အစားထိုးကုသပြီး သွားစိုက်ပေးထားတာပဲ ဖြစ်ပါတယ်

29/10/2023

✨ ရွှေရောင်လင်း သီတင်းကျွတ် 🕯️

🌕 သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့🙏

Photos from Shwe Yaung Lynn Dental Clinic - Naypyitaw,Pyinmana's post 22/10/2023

🦷ဒေါက်တာရဲရင့်ပိုင်၏ အံဆုံးခွဲထုတ်ကုသမှုများအား

ဖော်ပြပါပုံများသာမက အောက်ပါ linkများမှာပါ ထပ်မံ ကြည့်ရှူနိုင်ပါတယ် 😊

https://m.facebook.com/story.php?story_fbid=633147395491000&id=100063872354517&mibextid=Nif5oz

https://m.facebook.com/story.php?story_fbid=672511470093187&id=573774283300240

https://m.facebook.com/story.php?story_fbid=619040486901691&id=100063872354517&mibextid=Nif5oz

https://m.facebook.com/story.php?story_fbid=870588700285462&id=573774283300240

https://m.facebook.com/story.php?story_fbid=890073761670289&id=573774283300240

https://m.facebook.com/story.php?story_fbid=983216795689318&id=573774283300240

https://m.facebook.com/story.php?story_fbid=508332981305776&id=100063872354517

ကျွန်တော်တို့ Clinic Pageမှ ကုသမှုပုံများအားလုံးဟာ ရွှေရောင်လင်း သွားဆေးခန်းက ဒေါက်တာရဲရင့်ပိုင်မှ တာ၀န်ယူ ကုသမှုပေးထားသော ပုံများဖြစ်ပါတယ် 😊

🚨 အခြားမည်သည်နေရာကမှ ကူးယူဖော်ပြထားခြင်းမျိုး မရှိပါဘူး 🚨

X-ray ( ဓာတ်မှန်စက် )လည်း အဆင်သင့်ရှိနေတာဖြစ်လို့ မခွဲခင်ရော ခွဲထုတ်ကုသပြီး သွားအစိတ်အပိုင်းနှင့် အရိုးအစအနများ ကျန် / မကျန်ကိုပါ တစ်ခါတည်း စစ်ဆေးနိုင်မှာဖြစ်ပါတယ် 👍

Photos from Shwe Yaung Lynn Dental Clinic - Naypyitaw,Pyinmana's post 21/10/2023

🦷ဒေါက်တာရဲရင့်ပိုင် ၏ သွားအကြောထုတ် အစားထိုးကုသမှုများအား

ဖော်ပြပါပုံများသာမက အောက်ပါ linkများမှာပါ ထပ်မံ ကြည့်ရှူနိုင်ပါတယ် 😊

https://m.facebook.com/story.php?story_fbid=658602516278821&id=100063872354517

https://www.facebook.com/573774283300240/posts/870185083659157/

https://m.facebook.com/story.php?story_fbid=617604580378615&id=100063872354517

https://m.facebook.com/story.php?story_fbid=953067252037606&id=573774283300240

https://m.facebook.com/story.php?story_fbid=889897475021251&id=573774283300240

https://m.facebook.com/story.php?story_fbid=508321687973572&id=100063872354517

https://m.facebook.com/story.php?story_fbid=694044049401334&id=100063872354517&mibextid=Nif5oz

ကျွန်တော်တို့ Clinic Pageမှ ကုသမှုပုံများအားလုံးဟာ ရွှေရောင်လင်း သွားဆေးခန်းက ဒေါက်တာရဲရင့်ပိုင်မှ တာ၀န်ယူ ကုသမှုပေးထားသော ပုံများဖြစ်ပါတယ် 😊

🚨 အခြားမည်သည်နေရာကမှ ကူးယူဖော်ပြထားခြင်းမျိုး မရှိပါဘူး 🚨

ကျွန်တော်တို့ဆေးခန်းမှာ X-ray ( ဓာတ်မှန်စက် )လည်း အဆင်သင့်ရှိနေတာဖြစ်လို့ ရောဂါအခြေအနေသာမက ကုသပြီးအခြေအနေများကိုပါ တစ်ခါတည်း စစ်ဆေးနိုင်မှာဖြစ်ပါတယ် 👍

19/10/2023

Smile with Confidence 🤍✨

Case by Dr. Ye Yint Paing

✨🦷
Your Reliable Dental Clinic in Naypyitaw

Photos from Shwe Yaung Lynn Dental Clinic - Naypyitaw,Pyinmana's post 17/10/2023

Nearly Natural 🤍✨

by Dr. Ye Yint Paing
#သွားတု #သွားအသေစိုက်ခြင်း

✨🦷
Your Reliable Dental Clinic in Naypyitaw

15/10/2023

Smile with Confidence' Uncle 🤍✨
U look so handsome right now 😀👍

by Dr. Ye Yint Paing
#အံကပ် #သွားအရှင်စိုက်ခြင်း

✨🦷
Your Reliable Dental Clinic in Naypyitaw

04/10/2023

Smile with Confidence 🤍✨

Orthodontist Treatment
1.10.2021 - 1.10.2023 / Case Complete

✨🦷
Your Reliable Dental Clinic in Naypyitaw

Photos from Shwe Yaung Lynn Dental Clinic - Naypyitaw,Pyinmana's post 02/10/2023

ကျွန်တော့်ရဲ့ လူနာကုသမှု ပုံစံအရ တစ်နေ့ကို လူနာဦးရေ ဆယ်ဦး၀န်းကျင်ထက် ပိုပြီး မကြည့်ပေးနိုင်ပါဘူး

လူနာရဲ့လက်ရှိ သွားနဲ့ခံတွင်း အခြေအနေနဲ့ ရောဂါကို နားလည်တဲ့အထိ ရှင်းပြပေးရပါတယ်

ကျွန်တော်ရဲ့ ကုသမှုပုံစံတွေကိုလည်း ရှင်းပြပေးရပါတယ်

လူနာအနေနဲ့ ရောဂါကို နားလည်ပြီး ကုသမှုပုံစံကို လက်ခံမှ ကုသမှုကို စတာ ဖြစ်ပါတယ်

🚨 ဆွေးနွေးပြီး ဒီအတိုင်း ကုသမှု မယူပဲ ပြန်သွားလည်း ရပါတယ်ခင်မျာ 🚨

ဆွေးနွေးတာအတွက် ဘာကုန်ကျစားရိတ်မှ မရှိပါဘူးခင်မျာ
စာအုပ်ဖိုးတွေ ဆေးခန်း service chargesတွေ ဘယ်တော့မှ ယူလေ့ မရှိပါဘူး

လူနာကို မြင်ရ စမ်းသပ်ပြီးမှ အသေအချာ ရှင်းပြ ဆွေးနွေးရတာကို ကြိုက်လို့ ဖုန်းတွေ Facebook‌ Pageတွေ Messenger ကနေ ကုသမူတွေ၊ ကုန်ကျစားရိတ် ဈေးနှုန်းမေးမြန်းမူတွေကို အကုန်အစင် ဖြေကြားပေးလေ့ မရှိပါဘူး

ကျွန်တော် ကိုယ်တိုင် မမြင်ရ မစမ်းသပ်ရပဲ ဘာမှ အတိအကျ မပြောနိုင်တဲ့အတွက် ဖြစ်ပါတယ်

အဲဒိအတွက်ကြောင့် ဖုန်းဆက်မေးမြန်းမှုတွေ messengerမှ page commentမှ မေးမြန်းမှုတွေမှာ ၀န်ထမ်းကလေးတွေကသာ ယေဘူယျ အဖြေများ ဖြေကြားပေးနေတာ ဖြစ်ပြီး အဆင်မပြေတာတွေရှိခဲ့ရင် ကျွန်တော်က တောင်းပန်လိုပါတယ်ခင်မျာ

Appointmentကြိုတင် မယူထားလို့ အချိန်မပေးနိုင်တော့တဲ့အတွက် ဆေးခန်းကို ရောက်လာပြီးမှ ပြန်လွှတ်ရတာတွေအတွက်လည်း အင်မတန်မှ အားနာရပါတယ်

တစ်ချို့ အဆင်မပြေမှုလေးတွေကို ပြန်ကြားရ သိရတော့ စိတ်မကောင်းဖြစ်ရပါတယ်

အဆင်မပြေမှုတွေကြားထဲက အခုလို အားပေးစကားတွေကို မြင်ရကြားရတဲ့အတွက် အင်မတန်မှ အားတက်ရပါတယ်ခင်မျာ

နားလည် လက်ခံပေးတဲ့သူတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်

နောက်လည်း အခုထပ်ပိုပြီး အကောင်းဆုံး ကုသမှုတွေ စိတ်ကျေနပ်မှုတွေပေးနိုင်အောင်

ကျွန်တော်တို့ ဆက်ကြိုးစားသွားပါ့မယ်ခင်မျာ

😊

Photos from Shwe Yaung Lynn Dental Clinic - Naypyitaw,Pyinmana's post 30/09/2023

Smile with Confidence 🤍✨

Case by Dr. Ye Yint Paing

✨🦷
Your Reliable Dental Clinic in Naypyitaw

23/09/2023

✨🦷ရွှေရောင်လင်း သွားနှင့်ခံတွင်း အထူးကုဆေးခန်းကို
အမှတ် ၇/၇ဃ ၊ ဗိုလ်ချုပ်လမ်း ၊ သုခမြိုင်မိုတယ်ရှေ့ ၊ပျဉ်းမနား၊ နေပြည်တော်တွင် ဖွင့်လှစ်ထားပါတယ်

⏰ ဆေးခန်းဖွင့်ချိန် - မနက် ၁၀နာရီမှ ည ၇နာရီထိ

☎️ Ph. 09 9 5550 8857

🟥 တနင်္လာနေ့တိုင်း ဆေးခန်းပိတ်ပါသည် 🟥

🌕 လပြည့်၊လကွယ် နှင့် အစိုးရရုံးပိတ်ရက် များ ဆေးခန်း မပိတ်ပါ 🌒

✨ 🦷 ရွှေရောင်လင်းသွားဆေးခန်းတွင် ရရှိနိုင်သော ကုသမှုများ🦷

🍁သွားနှုတ်ခြင်း

🍁အံဆုံးခွဲထုတ်ခြင်း

🍁သွားဆေးထည့်ခြင်း

🍁သွားဖာခြင်း(လေဆာ)

🍁 သွားမျက်နှာပြင်အား လေဆာဖြင့် ကြွေလွှာကပ်ခြင်း

🍁 ကိုက်ခဲနေသော သွားများ၊ ပြည်တည်နေသော သွားများ၊ ကျိုးပဲ့ပျက်စီးသွားသော သွားများအား နှုတ်ပစ်စရာမလိုသော

♦️ သွားအကြောထုတ် အစားထိုးကုသခြင်း ♦️

(သွားနှုတ်ရန် ကြောက်သောလူနာများနှင့် မူလကိုယ်တွင်း ရောဂါအခံများကြောင့် သွားနှုတ်ရန် မသင့်တော်သော လူနာများအတွက် အထူးသင့်လျော်သော ကုသမှု ဖြစ်ပါသည် )

🍁သွားသန့်ရှင်းရေးလုပ်ခြင်း Scaling

🍁ကွမ်းဂျိုးချွတ် အရောင်တင်ခြင်း

🍁သွားဖြူစေရန်ကုသခြင်း (လေဆာ) Whitening

🍁သွားစိန်ကပ်ခြင်း (လေဆာ)

🍁မညီညာသော သွားများအား ညီစေရန်

♦️ သွားညှိကုသခြင်း ( Bracket & Wire) ♦️

🔹Traditional Bracket & Wire ( Metal Braces )

🔹Traditional Bracket & Wire အကြည် ( Ceramic Braces )

🔷Self ligation Bracket & Wire ( SL Metal Braces )

🔷Self ligation Bracket & Wire အကြည် ( SL Ceramic Braces )

💠Tomy Bracket & Wire / Self ligation Metal Braces

💠Tomy Bracket & Wire/ Self ligation Ceramic Braces

🟦 Damon Bracket & Wire / Self Ligation Metal Braces

🟦 Damon Bracket & Wire / Self Ligation Ceramic Braces

♦️ အကြည်ရောင် အစွပ်ဖြင့် သွားညှိကုသခြင်း (Clear Aligner)♦️

🚨 Dental X ray

ကျွန်တော်တို့ ဆေးခန်းမှာ

☢️ Periapical

☢️ Bitewing

☢️ Standard Occlusal X rayများကို Filmနဲ့ရော Digital Sensor နဲ့ပါ ရိုက်ကူးလို့ ရနိုင်ပြီး

🚨 Panoramic X ray ( OPG ) နှင့် Lateral Cephalometric X rayများ ရိုက်ကူးလို့ မရနိုင်သေးပါဘူးခင်မျာ 🚨

🦷သွားအသေစိုက်ခြင်း🦷

🌼သတ္တုအပြည့်သွားတု

🌼ကြွေတစ်၀က် + သတ္တု‌အောက်ခံသွားတု

🌼ကြွေအပြည့် + သတ္တု‌အောက်ခံသွားတု

🌼ကြွေနှစ်ထပ် သွားတု

💠 သွားမြစ်တု Dental Implant 💠

🦷သွားအရှင်စိုက်ခြင်း🦷

🏵️အံကပ်အမာ

🏵️အံကပ်အပျော့

🏵️အံကပ် သတ္တုကိုယ်ထည်

✨ ကျွန်တော်တို့ ရွှေရောင်လင်း သွားနှင့်ခံတွင်းဆေးခန်းမှာ တတ်နိုင်သမျှ #တစ်ခါသုံးပစ္စည်းများသာ အများဆုံး သုံးပါတယ် ✨

ဒါပင်မယ့် အချို့သော ပစ္စည်းကိရိယာများဟာ ကုန်ကျစားရိတ် သောင်းကျော် သိန်းချီရှိတာကြောင့် တစ်ခါသုံးပြီး လွှင့်ပစ်လိုက်ဖို့ မဖြစ်နိုင်ပါဘူး

အဲဒိအတွက်ကြောင့် #ပိုးသတ်ခြင်းစနစ်ကို အတိအကျလုပ်ရပါတယ်

ကျွန်တော်တို့ ရွှေရောင်လင်း သွားနှင့်ခံတွင်း အထူးကုဆေးခန်းမှာ #အဆင့်လေးဆင့်ဖြင့်ပိုးသတ်ပါတယ်

💧အသုံးပြုပြီးသော ပစ္စည်းကိရိယာများအား ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောပါတယ်

♦️(A) ပိုးသတ်ဆေးရည်ဖြင့် အနည်းဆုံး သုံးနာရီ စိမ်ပါတယ်

♦️(B) အဆင့်မီ Autoclave ပိုးသတ်စက်ဖြင့် ပိုးသတ်ပါတယ် ( 121°C မှ 134°Cထိ မြင့်တင် ပိုးသတ်နိုင်တာကြောင့် Bacteria/ပိုးတင်မက ပိုးဉများ/Sporeများကိုပါ သတ်နိုင်ပါတယ်)

♦️(C) Instrument Drainerထဲမှာ ရေစစ်နေစဥ် UV Lightဖြင့် ပိုးသတ်ထားပါတယ်

♦️(D) Disinfection Cabinetထဲမှာ အပူပေး ပိုးသတ်ပြီးမှ သိမ်းဆည်းပါတယ်

ထို #အဆင့်လေးဆင့်ကို အတိအကျ ဖြတ်ကျော်ပြီးမှသာ ပစ္စည်းကိရိယာများကို ပြန်လည် အသုံးပြုပါတယ်

💠 Dental Chair / လူနာစမ်းသပ်ကုသသောခုံကိုလည်း လူနာတစ်ဦးကုသမှုပြီးတိုင်းမှာ ပိုးသတ်ဆေးရည်ဖြင့် ပိုးသတ်ပါတယ်

🔷 စမ်းသပ် ကုသခန်းကြမ်းပြင်များကိုလည်း ပိုးသတ်ဆေးရည်ဖြင့် ပိုးသတ်ပါတယ်

💠 တစ်နေ့တာ ကုသမှုများ ပြီးသွားသော အချိန်မှာ သန့်ရှင်းရေးပြုလုပ်ပြီး ဆေးကုသခန်းတစ်ခုလုံးကို UV Lightဖြင့် ပိုးသတ်ပါတယ်ခင်မျာ

Photos from Shwe Yaung Lynn Dental Clinic - Naypyitaw,Pyinmana's post 03/09/2023

ကျွန်တော်တို့ Clinic Pageမှ ကုသမှုပုံများအားလုံးဟာ ရွှေရောင်လင်း သွားဆေးခန်းက ဒေါက်တာရဲရင့်ပိုင်မှ တာ၀န်ယူ ကုသမှုပေးထားသော ပုံများဖြစ်ပါတယ် 😊

🚨 အခြားမည်သည်နေရာကမှ ကူးယူဖော်ပြထားခြင်းမျိုး မရှိပါဘူး 🚨

ကျွန်တော်တို့ဆေးခန်းမှာ X-ray ( ဓာတ်မှန်စက် )လည်း အဆင်သင့်ရှိနေတာဖြစ်လို့ ရောဂါအခြေအနေသာမက ​ကုသပြီးအခြေအနေများကိုပါ တစ်ခါတည်း စစ်ဆေးနိုင်မှာဖြစ်ပါတယ် 👍

01/09/2023

✨🦷 ဒီသွားလေးကို 10.6.2022မှာ GC Solare Composite လေဆာဖြင့် သွားဖာပေးခဲ့တာဖြစ်ပြီး

ယခု 1.9.2023 တစ်နှစ်ကျော်အကြာမှာ ပြန်တွေ့ရတဲ့ Resultပဲဖြစ်ပါတယ် 😊

💠 အလစ်အဟမရှိ၊ သွားဖာပစ္စည်း လှုပ်နေတာမရှိ၊ အရောင်ပြောင်းလဲခြင်းလည်းမရှိ၊ အတွင်းထဲကနေ ပိုးပြန်စားနေခြင်းလည်း မရှိ၊ အကောင်းပကတိအတိုင်း ရှိနေတာဖြစ်လို့ အတော်လေး ၀မ်းသာရပါတယ်ခင်မျာ 👍

🔷သွားဖာခြင်းရဲ့ ရေရှည်အဆင်ပြေမှု၊ ခိုင်ခံ့မှုဟာ လူနာရဲ့

🔺စားသောက်တဲ့အစားအစာ (အရိုးတွေ၊ စေးကပ်တဲ့အစားအစာတွေ ကြိုက်သူလား)

🔺အံကြိတ်တဲ့အကျင့်၊ ပုလင်းဖုံးကိုက်ဖွင့်တဲ့အကျင့်

🔺သွားဖာသည့် အရွယ်အစား (အကြီး ၊ အသေး)

🔺သွားဖာရသည့် အနေအထား ( အပေါက်ထဲဖြည့်တာလား ၊ မျက်နှာပြင်မှာ ကပ်တာလား)

🔺သွားနှင့်ခံတွင်း သန့်ရှင်းရေးအပေါ် ဂရုစိုက်မှု စသည်ဖြင့် အခြေအနေ အများကြီးပေါ် မူတည်နေပါတယ်

💠 ဆရာ၀န် အနေနဲ့လည်း လေဆာဖြင့် သွားဖာခြင်းဟာ အရောင်လည်း တတ်နိုင်သမျှ ထပ်တူညီရသလို သွားရဲ့ မူရင်းပုံစံကိုလည်း ပြန်လည်ရရှိအောင် ကြိုးစားရပါတယ်

🔷 သွား နှစ်ချောင်းကြား အစာမညပ်အောင် ကြိုးစားပေးရသလို အကာအရံပစ္စည်းများ မသုံးပဲ ဒီအတိုင်း သွားဖာပစ္စည်းကိုထည့်ပြီး ဖာပေးလိုက်လို့ မရပါဘူး

⚪ သွားဖာပစ္စည်း အလွယ်တကူ ပြန်လည် ပြုတ်မထွက်သွားအောင်လည်း ကြိုးစားပေးရပါတယ်

ထို့အတွက်ကြောင့် ပစ္စည်းကိရိယာတွေလည်း အများကြီး အသုံးပြုရသလို အချိန်လည်း ပေးရပါတယ်ခင်မျာ

🟥 သွားဖာရင် ဘယ်လောက်ကြာမလဲ မေးတက်ကြပါတယ်

🟦 သေချာတာတော့ 15မိနစ် / မိနစ်20လောက်နဲ့ သွားဖာလို့ မပြီးပါဘူးခင်မျာ

ထို့အတွက်ကြောင့် သွားလေးပိုးစားနေတာ ဖာရုံပါပဲ ခနလေးပဲကြာမှာပါလို့ မတွေးပဲ အချိန်သေချာယူပြီး ကုသမှုယူနိုင်ဖို့

☎️ ဆေးခန်းကို ဖုန်းဖြင့် appointment ကြိုတင်ယူခိုင်းရခြင်း ဖြစ်ပါတယ် 🙏

✨🦷ရွှေရောင်လင်း သွားနှင့်ခံတွင်း အထူးကုဆေးခန်းကို
အမှတ် ၇/၇ဃ ၊ ဗိုလ်ချုပ်လမ်း ၊ သုခမြိုင်မိုတယ်ရှေ့ ၊ပျဉ်းမနား၊ နေပြည်တော်တွင် ဖွင့်လှစ်ထားပါတယ်

⏰ ဆေးခန်းဖွင့်ချိန် - မနက် ၁၀နာရီမှ ည ၇နာရီထိ

🟥 တနင်္လာနေ့တိုင်း ဆေးခန်းပိတ်ပါသည် 🟥

🌕 လပြည့်၊လကွယ် နှင့် အစိုးရရုံးပိတ်ရက် များ ဆေးခန်း မပိတ်ပါ 🌒

☎️ Ph. 09 9 5550 8857

Photos from Shwe Yaung Lynn Dental Clinic - Naypyitaw,Pyinmana's post 22/08/2023

🌟 သုံးနှစ်ပြည့် အမှတ်တရလက်ဆောင်ပေးခြင်းအစီအစဉ်

✨🦷ရွှေရောင်လင်း သွားနှင့်ခံတွင်းဆေးခန်းကို 18.8.2020မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်

😊 18.8.2023မှာ ဆေးခန်းသက်တမ်း သုံးနှစ်ပြည့်ခဲ့တာဖြစ်တဲ့အတွက်

⭐ ယနေ့မှ စ၍ ဆေးခန်းလာပြပြီး ကုသမှုယူသောသူတိုင်းကို

#အမှတ်တရလက်ဆောင် ☂️ထီး တစ်ချောင်းစီ ပေးမှာ ဖြစ်ပါတယ်

🚨ထီးအရေအတွက် ၆၀သာ ကန့်သတ်ထားပါတယ်

🚨 အခြား မည်သည့် ကန့်သတ်ချက်မှ မရှိပါဘူး

✨🦷ရွှေရောင်လင်း သွားနှင့်ခံတွင်း အထူးကုဆေးခန်းကို
အမှတ် ၇/၇ဃ ၊ ဗိုလ်ချုပ်လမ်း ၊ သုခမြိုင်မိုတယ်ရှေ့ ၊ပျဉ်းမနား၊ နေပြည်တော်တွင် ဖွင့်လှစ်ထားပါတယ်

⏰ ဆေးခန်းဖွင့်ချိန် - မနက် ၁၀နာရီမှ ည ၇နာရီထိ

🟥 တနင်္လာနေ့တိုင်း ဆေးခန်းပိတ်ပါသည် 🟥

🌕 လပြည့်၊လကွယ် နှင့် အစိုးရရုံးပိတ်ရက် များ ဆေးခန်း မပိတ်ပါ 🌒

Photos from Shwe Yaung Lynn Dental Clinic - Naypyitaw,Pyinmana's post 20/08/2023

အခုလို အားပေးစကားတွေကို မြင်ရကြားရတဲ့အတွက် အင်မတန်မှ အားတက်ရပါတယ်ခင်မျာ 😊
ကျေးဇူးလည်း တကယ်ကို တင်ပါတယ်

ကျွန်တော့်ရဲ့ လူနာကုသမှု ပုံစံအရ တစ်နေ့ကို လူနာဦးရေ ဆယ်ဦး၀န်းကျင်ထက် ပိုပြီး မကြည့်ပေးနိုင်ပါဘူး

Appointmentကြိုတင် မယူထားလို့ အချိန်မပေးနိုင်တော့တဲ့အတွက် ပြန်လွှတ်ရတာတွေအတွက်လည်း အင်မတန်မှ အားနာရပါတယ်

လူနာတစ်ဦးကို အချိန် တစ်နာရီ အပြည့်အ၀ ပေးထားတာဖြစ်ပါတယ်

လူနာရဲ့လက်ရှိ သွားနဲ့ခံတွင်း အခြေအနေနဲ့ ရောဂါကို နားလည်တဲ့အထိ ရှင်းပြပေးရပါတယ်

ကျွန်တော်ရဲ့ ကုသမှုပုံစံတွေကိုလည်း ရှင်းပြပေးရပါတယ်

💠လူနာအနေနဲ့ ရောဂါကို နားလည်ပြီး ကုသမှုပုံစံကို လက်ခံမှ ကုသမှုကို စတာ ဖြစ်ပါတယ်💠

🚨ဆွေးနွေးပြီး ဒီအတိုင်း ကုသမှု မယူပဲ ပြန်သွားလည်း ရပါတယ်ခင်မျာ 🚨

လူနာတစ်ဦး ကုသမှုပြီးတိုင်းမှာလည်း ကုသခန်းနဲ့ ကုသခုံကို ပိုးသတ် သန့်ရှင်းရေး ထပ်လုပ်ရသေးတာမို့ အချိန်ထပ်ယူရပါတယ်ခင်မျာ

အဲဒိအတွက်ကြောင့် အချိန်ကန့်သက်ချက် appointmentကန့်သက်ချက်တွေ ရှိနေရတာဖြစ်လို့

တစ်ချို့ အဆင်မပြေမှုလေးတွေကို ပြန်ကြားရ သိရတော့ စိတ်မကောင်းဖြစ်ရပါတယ်

နားလည် လက်ခံပေးတဲ့သူတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်မျာ

အခုထပ်ပိုပြီး အကောင်းဆုံး ကုသမှုတွေ စိတ်ကျေနပ်မှုတွေပေးနိုင်အောင် ကျွန်တော်တို့ ဆက်ကြိုးစားသွားပါ့မယ်ခင်မျာ 😊

Photos from Shwe Yaung Lynn Dental Clinic - Naypyitaw,Pyinmana's post 18/08/2023

✨🦷 ရွှေရောင်လင်း သွားနှင့်ခံတွင်းဆေးခန်းကို
18.8.2020 မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ် 😊

💠 ယနေ့ကတော့ ဆေးခန်းသက်တမ်း သုံးနှစ်မြောက် နှစ်ပတ်လည် နေ့လေးပဲ ဖြစ်ပါတယ် ✨

First Anniversary မှာ ထမင်းဘူး 100 နဲ့ ပံ့သကူငွေများ လှူဒါန်းဖြစ်ခဲ့ပါတယ် 🙏

2 Years Anniversaryမှာတော့ ဆေးခန်းလာပြသော သူများကို ကော်ဖီခွက် 80တိတိ လက်ဆောင်ပေးနိုင်ခဲ့ပါတယ် ☕

ယခု 3 Years Anniversary မှာတော့ ထီးအလက်ရေ 60 တိတိ လက်ဆောင်ပေးဖို့ ပြင်ဆင်ထားပါတယ် 🌂

☂️ ထီးများ မှာယူထားတာ ရောက်တာနဲ့ မည်သည့် ကန့်သက်ချက်မှ မရှိပဲ ဆေးခန်းလာပြသော သူတိုင်းကို လက်ဆောင်ပေးမှာ ဖြစ်ပါတယ် 😊

စကားကောင်းတွေ၊ ဆုမွန်ကောင်းတွေ
နှုတ်၏ဆောင်မခြင်း၊ လမ်းညွှန်ကူညီခြင်းတွေကြောင့်

ကျွန်တော်တို့ဆေးခန်းဟာ အချိန်တိုလေးအတွင်းမှာ
ယုံကြည်မှုတစ်ခုကိုရရှိပြီး ရှေ့ဆက်နိုင်နေတာ ဖြစ်ပါတယ်

အင်မတန်မှ ၀မ်းသာ အားတက်ရပါတယ်ခင်မျာ 😊

ကျွန်တော်တို့ ဆေးခန်း ကောင်းမွန်စွာ လည်ပတ်နိုင်နေတာဟာ ဆရာ၀န်တွေ ၀န်ထမ်းတွေ တော်လို့ ကောင်းလို့ပဲ မဟုတ်ပါဘူး

လာရောက် တိုင်ပင် ပြသကြတဲ့ သူတွေရဲ့ ယုံကြည်ပေးမှုတွေ စိတ်ရှည် သည်းခံပေးမှုတွေကြောင့်လည်း အများကြီးပါပါတယ်

ဆေးခန်းဘက်မှ လိုအပ်ချက်တွေကိုလည်း တတ်နိုင်သမျှ ပြင်ဆင်ပြီး

ကျွန်တော်တို့ အခုထက်ပိုပြီး စိတ်ကျေနပ်မှုတွေ ပေးနိုင်အောင် အကောင်းဆုံး ကြိုးစားသွားပါ့မယ်ခင်မျာ 🙏

Photos from Shwe Yaung Lynn Dental Clinic - Naypyitaw,Pyinmana's post 07/08/2023

ကျွန်တော်တို့ Clinic Pageမှ ကုသမှုပုံများအားလုံးဟာ ရွှေရောင်လင်း သွားဆေးခန်းက ဒေါက်တာရဲရင့်ပိုင်မှ တာ၀န်ယူ ကုသမှုပေးထားသော ပုံများဖြစ်ပါတယ် 😊

🚨 အခြားမည်သည်နေရာကမှ ကူးယူဖော်ပြထားခြင်းမျိုး မရှိပါဘူး 🚨

ကျွန်တော်တို့ဆေးခန်းမှာ X-ray ( ဓာတ်မှန်စက် )လည်း အဆင်သင့်ရှိနေတာဖြစ်လို့ ရောဂါအခြေအနေသာမက ကုသပြီးအခြေအနေများကိုပါ တစ်ခါတည်း စစ်ဆေးနိုင်မှာဖြစ်ပါတယ် 👍

Photos from Shwe Yaung Lynn Dental Clinic - Naypyitaw,Pyinmana's post 04/08/2023

🔴 သွားဖြူအောင်ကုသခြင်းနဲ့ သွားသန့်ရှင်းရေးလုပ်ခြင်း (ကျောက်ခြစ်ခြင်း / ကွမ်းဂျိုးခြစ်ခြင်း)ဟာ မတူညီပါဘူး

အောက်ပါပုံများဟာ ကွမ်းဂျိုးခြစ် / သွားသန့်ရှင်းရေးကုသမူယူထားရုံသာ ဖြစ်ပါတယ် 🦷
သွားဖြူစေရန် လေဆာဖြင့် ကုသခြင်းကို မပြုလုပ်ထားပါဘူး✨

🚨ကွာခြားမူကိုသိသာစေရန် အပေါ်သွား သုံးချောင်းသာ သန့်ရှင်းရေးလုပ်ပြီး မပြုလုပ်ရသေးသောဘက်နှင်​့ နှိုင်းယျဉ်ပြပေးထားတာ ဖြစ်ပါတယ်

♦️သွားသန့်ရှင်းရေးလုပ်ခြင်း (ကျောက်ခြစ်ခြင်း / ကွမ်းဂျိုးခြစ်ခြင်း)ဟာ သွားပက်ပက်လည်နဲ့ သွားဖုံးကြားထဲမှာကပ်နေတဲ့ ကျောက်များ အညစ်အကြေးများ ကွမ်းဂျိုး ထုံးဂျိုးများကို သန့်ရှင်းစေရန် ဖယ်ရှားပေးရုံသာ ဖြစ်ပါတယ်

◻️သွားဖြူအောင် ကုသခြင်းကတော့ အကြောင်းအမျိုးမျိုးကြောင့် ဝါနေတဲ့သွားများကို ဖြူဖွေးတောက်ပလာအောင် လေဆာဖြင့် ကုသခြင်းဖြစ်ပါတယ်

🔶သွားသန့်ရှင်းရေးလုပ်ခြင်း (ကျောက်ခြစ်ခြင်း / ကွမ်းဂျိုးခြစ်ခြင်း)ဟာ နဂိုမူလ သွားအရောင်ကိုသာ ပြန်လည်ရရိှစေပါတယ်
🔸မိမိနဂိုသွားက ဖြူနေရင် ပြန်ဖြူလာမှာဖြစ်ပြီး ဝါနေရင် နဂိုအဝါရောင်သာ ပြန်ရပါလိမ့်မယ်

ကျောက်များ ကွမ်းဂျိုးများ အညစ်အကြေးများကို ဖယ်ရှားပြီး ကျမ်းမာတဲ့သွားဖုံးသားနဲ့ သွားများကို ပြန်လည်ရရိှရုံသာဖြစ်ပါတယ် 🛑

🔷နဂိုထက် ပိုမိုဖြူဖွေးချင်ရင်တော့ သွားဖြူစေရန် လေဆာဖြင့်ကုသခြင်းကိုပြုလုပ်ရပါတယ်

💠သွားသန့်ရှင်းရေးလုပ်ရင် သွားတွေဖြူလာမှာလားလို့ အမေးများတဲ့အတွက် ရှင်းပြရခြင်း ဖြစ်ပါတယ်

💬Clinic Pageသို့ အမေးများသော မေးခွန်းများကို ကျွန်တော်အားလပ်ချိန်တိုင်းမှာ သေချာနားလည်အောင် ပြန်လည်စုစည်းရေးသားပေးသွားပါမယ် 😊

✨🦷ရွှေရောင်လင်း သွားနှင့်ခံတွင်း အထူးကုဆေးခန်းကို
အမှတ် ၇/၇ဃ ၊ ဗိုလ်ချုပ်လမ်း ၊ သုခမြိုင်မိုတယ်ရှေ့ ၊ပျဉ်းမနား၊ နေပြည်တော်တွင် ဖွင့်လှစ်ထားပါတယ်

⏰ ဆေးခန်းဖွင့်ချိန် - မနက် ၁၀နာရီမှ ည ၇နာရီအထိ

🟥 တနင်္လာနေ့တိုင်း ဆေးခန်းပိတ်ပါသည် 🟥

🌕 လပြည့်၊လကွယ် နှင့် အစိုးရရုံးပိတ်ရက် များ ဆေးခန်း မပိတ်ပါ 🌒

Hotline ☎️ Ph. 09 95550 8857

31/07/2023

မနက်ဖန် ဝါဆိုလပြည့်နေ့ ဆေးခန်း မပိတ်ပါဘူးခင်မျာ 🪷

ရွှေရောင်လင်း သွားနှင့်ခံတွင်းဆေးခန်းကို အမြဲ တနင်္လာနေ့တိုင်းသာ ပိတ်လေ့ရှိပြီး 🚨

လပြည့်၊လကွယ် နှင့် အစိုးရရုံးပိတ်ရက် များ ဆေးခန်း မပိတ်ပါဘူးခင်မျာ 😊

“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ” ဆိုသည့်အတိုင်း

ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း၊ တောထွက်တော်မူခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော

ဗုဒ္ဓဘာသာဝင်တို့၏ ထူးမြတ်သည့် ဝါဆိုလပြည့်နေ့ အချိန်အခါသမယတွင် ခုနှစ်ရက်သားသမီး အပေါင်း ဘေးအန္တရာယ်များမှ ကင်းဝေးကာ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်း ပြည့်စုံပါစေကြောင်း

✨🦷ရွှေရောင်လင်း သွားနှင့်ခံတွင်းဆေးခန်းမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်မျာ 🙏

Photos from Shwe Yaung Lynn Dental Clinic - Naypyitaw,Pyinmana's post 09/07/2023

💠 တစ်နေ့တာ ကုသမှုများ ပြီးသွားသော အချိန်မှာ သန့်ရှင်းရေးပြုလုပ်ပြီး ဆေးကုသခန်းတစ်ခုလုံးကို UV Lightဖြင့် ပိုးသတ်ပါတယ် 💠

✨🦷 ကျွန်တော်တို့ဆေးခန်းဟာ သန့်ရှင်းသပ်ရပ်မှုကို အထူးအလေးထားပြီး ပိုးသတ်ခြင်းစနစ်များကို အမြဲ အတိအကျလုပ်ဆောင်နိုင်အောင် ကြိုးစားနေပါတယ် 💪

🌿 တနင်္လာနေ့ဟာ ကျွန်တော်တို့ ရွှေရောင်လင်း သွားဆေးခန်းရဲ့ ပုံမှန်ပိတ်ရက်ဖြစ်တာကြောင့် ဖုန်းခေါ်ဆိုမှုများအား ပြန်လည်ဖြေကြားပေးနိုင်မှာ မဟုတ်ပါဘူး

☎️ Miss Callများကို ဆေးခန်းဖွင့်ရက် အင်္ဂါနေ့မှသာ ပြန်လည်ခေါ်ဆိုပေးနိုင်မှာ ဖြစ်ပါတယ်
📱online မှ ဖြေကြားမှုများအားလည်း အင်္ဂါနေ့မှသာ ပြန်လည်ဖြေကြားပေးနိုင်မှာ ဖြစ်ပါတယ်

🦷✨

Photos from Shwe Yaung Lynn Dental Clinic - Naypyitaw,Pyinmana's post 09/07/2023

Accidental Injury Management by
🦷 Dr Ye Yint Paing

ထိခိုက်ဒဏ်ရာရ၍ ကျိုးပဲ့ ပျက်ဆီးသွားသော သွားတိုင်းအား နှုတ်ပစ်စရာ မလိုပါ

🚨 ထိခိုက်မှု အခြေအနေပေါ် မူတည်၍ ကုသမှုမျိုးစုံ ရှိပါသည် 🚨

ကျွန်တော်တို့ ✨ရွှေရောင်လင်းဆေးခန်းမှ
🦷သွားအကြောထုတ် အစားထိုးကုသမှုများအား အောက်ပါ linkများမှာ ထပ်မံ ကြည့်ရှူနိုင်ပါတယ်

https://m.facebook.com/story.php?story_fbid=658602516278821&id=100063872354517

https://www.facebook.com/573774283300240/posts/870185083659157/

https://m.facebook.com/story.php?story_fbid=617604580378615&id=100063872354517

https://m.facebook.com/story.php?story_fbid=953067252037606&id=573774283300240

https://m.facebook.com/story.php?story_fbid=889897475021251&id=573774283300240

https://m.facebook.com/story.php?story_fbid=508321687973572&id=100063872354517

💠 ဖော်ပြပါ ပုံများအားလုံးဟာ ကျွန်တော်တို့ ရွှေရောင်လင်း သွားဆေးခန်းက ဒေါက်တာရဲရင့်ပိုင်မှ တာ၀န်ယူ ကုသမှုပေးထားသော ပုံများဖြစ်ပါတယ် 💠

04/07/2023

ကျွန်တော့်ရဲ့ ပုံမှန် နေ့စဉ် လူမှုဘ၀မှာရော
Professional lifeဖြစ်တဲ့ ဆေးကုသမှုမှာပါ

' သူက ယုံကြည်စိတ်ချရတယ် 'ဆိုတဲ့ Recommendation မျိုးကို အမြဲ လိုချင်ခဲ့မိပါတယ်

အမြဲလည်း အဲဒိလို အသိအမှတ်ပြုခံရဖို့အတွက် ကြိုးစားနေပါတယ်ခင်မျာ

ကျွန်တော့်ကို ယုံကြည် လက်ခံပေးကြတဲ့သူတွေကြောင့်လည်း ရွှေရောင်လင်း သွားနှင့်ခံတွင်း ဆေးခန်းဟာ အချိန်တိုအတွင်း အခုလို ရပ်တည်နိုင်လာတာ ဖြစ်ပါတယ်

ရွှေရောင်လင်းရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ Your Reliable Dental Clinic in Naypyitaw ဆိုတဲ့အတိုင်း Reliable အမြဲဖြစ်ရပါစေမယ်

အခုလို စကားကောင်းတွေ ပြန်မြင်ရ ကြားခွင့်ရတဲ့အတွက်၊

ကျွန်တော်နဲ့ ကျွန်တော့်၀န်ထမ်းကလေးတွေရဲ့ ကြိုးစားမှုတွေကို အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ခင်မျာ

😊

10/06/2023

slowly growing memories of

2020 & 2023

✨ 🦷

04/06/2023

🦷 သွား နှစ်ချောင်းကြား ပိုးစားနေတာကို ဖာတာဟာ ထင်သလောက် မလွယ်ကူသလို မရိုးရှင်း မမြန်ဆန်ပါဘူး

💠 လေဆာဖြင့် သွားဖာခြင်းဟာ အရောင်လည်း တတ်နိုင်သမျှ ထပ်တူညီရသလို သွားရဲ့ မူရင်းပုံစံကိုလည်း ပြန်လည်ရရှိအောင် ကြိုးစားရပါတယ်

🔷 သွား နှစ်ချောင်းကြား အစာမညပ်အောင် ကြိုးစားပေးရသလို အကာအရံပစ္စည်းများ မသုံးပဲ ဒီအတိုင်း သွားဖာပစ္စည်းကိုထည့်ပြီး သွားနှစ်ချောင်းကို ဆက်မိနေအောင် ဖာပေးလိုက်လို့ မရပါဘူး

⚪ သွားဖာပစ္စည်း အလွယ်တကူ ပြန်လည် ပြုတ်မထွက်သွားအောင်လည်း ကြိုးစားပေးရပါတယ်
ထို့အတွက်ကြောင့် ပစ္စည်းကိရိယာတွေလည်း အများကြီး အသုံးပြုရသလို အချိန်လည်း ပေးရပါတယ်ခင်မျာ

🟥 သွားဖာရင် ဘယ်လောက်ကြာမလဲ မေးတက်ကြပါတယ်

🟦 သေချာတာတော့ 15မိနစ် / မိနစ်20လောက်နဲ့ သွားဖာလို့ မပြီးပါဘူးခင်မျာ

ထို့အတွက်ကြောင့် သွားလေးပိုးစားနေတာ ဖာရုံပါပဲ ခနလေးပဲကြာမှာပါလို့ မတွေးပဲ အချိန်သေချာယူပြီး ကုသမှုယူနိုင်ဖို့ ဆေးခန်းကို ဖုန်းဖြင့် appointment ကြိုတင်ယူခိုင်းရခြင်း ဖြစ်ပါတယ် 🙏

ကျွန်တော် အားလပ်ချိန်များမှာ လူနာများ အမေးများသော မေးခွန်းများကို pageမှာ အခုလို ကျွန်တော်ကုသမှုပေးခဲ့သော treatment record ပုံလေးများနဲ့ ရှင်းပြဖြေကြားပေးပါ့မယ်ခင်မျာ 😊

31/05/2023

ဒီ review လေး မြင်လိုက်ရတော့ ပြောပြချင်တာတွေ အများကြီး ရှိလာပါတယ်။

ကျွန်တော့်ဆေးခန်းမှာ အားနည်းချက်တွေ အများကြီးရှိပါတယ်။ အဓိကက အချိန်နဲ့ ပက်သက်တာပါ။

အချို့‌သော အထူးပြုကုသမှုတွေအတွက် သက်ဆိုင်ရာ အထူးကုဆရာ၀န်တွေ ရှိပင်မယ့် ကုသမှုအများစုကိုတော့ ကျွန်တော် ဒေါက်တာရဲရင့်ပိုင် တစ်ဦးတည်းကသာ တာ၀န်ယူကုသပေးနေတာဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ ပုံစံက လူနာသည် ရောဂါကို နားလည်ရပါမယ်။ ကိုယ့်သွားနဲ့ ခံတွင်းရဲ့ အခြေအနေကို သိတဲ့အထိ လိုအပ်ရင် ပုံပါဆွဲပြီး ရှင်းပြတက်ပါတယ်။

ပြီးရင် ကျွန်တော့်ရဲ့ ကုသမှုအစီအစဉ်ကို အစအဆုံးနားလည်ရပါမယ်။ အကုန်လုံးကို ကြိုတင်ရှင်းပြပြီးမှသာ ကုသမှုကို စတင်တာဖြစ်ပါတယ်။

အကယ်၍ စဉ်းစားချင်သေးတယ်ဆိုလည်း နောက်တစ်ခါမှ ပြန်လာလို့ရပါတယ်။ ကျွန်တော်နဲ့ စကားပြောတာအတွက် ဘာကုန်ကျစားရိတ်မှ မရှိပါဘူး။

လူနာတစ်ဦးကို ဆွေးနွေးပြီး ကုသမှုအတွက် ပျမ်းမျှ အချိန်တစ်နာရီ၀န်းကျင် ကြာတက်ပါတယ်။ အံဆုံးခွဲထုတ်ကုသမှုတွေ သွားအကြောထုတ် အစားထိုးကုသမူတွေအတွက် နှစ်နာရီ၀န်းကျင် အချိန်ပေးပါတယ်။

အဲဒိအတွက်ကြောင့် ရက်ချိန်း ကြိုတင်ယူရပါတယ်။ ဖုန်းကြိုတင်ဆက်ရပါတယ်။ လူနာနဲ့ ဆေးခန်းreception မှ ညှိနှိုင်း ချိန်းဆိုထားသော အချိန် အတိအကျရောက်အောင် လာရပါတယ်။

လူနာဘက်က ၁၅မိနစ် နောက်ကျရင် ကျွန်တော် ၄၅မိနစ်ပဲ ပြန်ပေးနိုင်ပါတယ်။ လူနာဘက်က နာရီ၀က် နောက်ကျရင် ကျွန်တော့်ဘက်က အချိန်နာရီ၀က်ပဲ ပြန်ပေးနိုင်ပါတယ်။

ဖုန်းဖြင့် ကြိုတင် မဆက်သွယ်ထားပဲ ဒီအတိုင်းဆေးခန်းလာပြတဲ့ လူနာအများစုကို ကြည့်ရှူဖို့ အချိန်မရှိလို့ ပြန်လွှတ်ရတာတွေအတွက်လည်း အင်မတန်မှ အားနာရပါတယ်။

အချို့က အရမ်းနာကျင် ကိုက်ခဲနေလို့ ချက်ခြင်းအမြန်၀င်ပြချင်ပင်မယ့် ချိန်းဆိုထားပြီးသားလူနာတွေရှိနေလို့ ကျွန်တော်အချိန်မပေးနိုင်ပြန်ပါဘူး။

အဲဒါကြောင့် ချိန်းဆိုပြီး မအားလပ်လို့ မလာရောက်ဖြစ်ရင်လည်း ကြိုတင်ဆက်သွယ်စေလိုပါတယ်။ အခြားလူနာများအား အချိန်ပေးနိုင်ရန်အတွက်ဖြစ်ပါတယ်။

နောက်တစ်ခုက ကျွန်တော် ကိုယ်တိုင် မမြင်ရ မစမ်းသပ်ရပဲ ဘာမှ အတိအကျ မပြောနိုင်တဲ့အတွက် ဖုန်းတွေ Facebook‌ Pageတွေ Messenger ကနေ ကုသမှုတွေ၊ ကုသစားရိတ် ဈေးနှုန်းမေးမြန်းမှုတွေကို အကုန်အစင် ဖြေကြားပေးလေ့ မရှိပါဘူး။

အဲဒိလို ကန့်သက်ချက်တွေကြားထဲမှာ ကျွန်တော့်ကို ယုံကြည်ပြီး ကျွန်တော့်စည်းကမ်းတွေအတိုင်း လာရောက်တိုင်ပင် ပြသပေးတဲ့ လူနာတွေကို ကျေးဇူးတကယ်ကို တင်ရပါတယ်။

အခုလို review တွေ မြင်ရရင် ငါ့ကို နားလည်ပေးတာပဲဆိုတဲ့စိတ်နဲ့ လှိုက်လှိုက်လှဲလှဲကို ကျေးဇူးတင်မိတာပါ။

ပြီးတော့ ကလေးတွေနဲ့ ပက်သက်လာရင် ဆရာ၀န်က စိတ်ရှည်ရုံနဲ့ မရပါဘူး။ မိဘရဲ့ ကြိုတင် ပြောဆိုထားမှုတွေအပေါ်မှာလည်း အင်မတန်မှ အရေးပါပါတယ်။

ကျွန်တော် ကလေးတွေကို ဘယ်တော့မှ ဇွတ်အတင်းကုသမှု မပေးပါဘူး။ ကလေးတွေကို လုံး၀ မချုပ်ပါဘူး။

ကလေးကို လူကြီးတွေလိုပဲ အကုန်ပြောပြ ရှင်းပြပြီး ကလေးက နားလည် လက်ခံပြီး ကြည်ကြည်ဖြူဖြူ ပါးစပ်ဟပေးမှသာ ကုသမှုပေးပါတယ်။

ကလေးက ကုသမှုခုံပေါ်တက်ဖို့ မဝံ့မရဲဖြစ်နေရင် သူ့အချစ်ဆုံး လူကြီးတစ်ဦးနဲ့ အတူတက်ပြီး ကုသမှုယူလို့ရပါတယ်။

ဇွတ်အတင်းကုသမှုပေးတာတွေ ချုပ်တာတွေ ကုသမှုကို လက်မခံလို့ မိဘက ရိုက်တာတွေက ကလေးကို စိတ်ဒဏ်ရာဖြစ်စေနိုင်ပါတယ်။

ဆေးရုံ ဆေးခန်းကို တစ်သက်လုံး ကြောက်သွားပြီး အရေးတကြီး emergency ကုသမှုတွေ လုပ်ဖို့ လိုအပ်လာတဲ့အခါ ကုသမှုယူဖို့ လုံး၀ ငြင်းဆန်တာတွေအထိ ကလေးတွေမှာ ဖြစ်သွားနိုင်ပါတယ်။

အဲဒါကြောင့် ကလေးတွေကို လုံး၀ မချုပ် မအော် မငေါက်သလို ကုသမှုယူဖို့ မိဘက ဇွတ်အတင်း ရိုက်တာတွေကိုလည်း လက်မခံပါဘူး။

ကလေးဘက်က ကြည်ကြည်ဖြူဖြူ ပါးစပ်မဟရင် ကုသမှုကိုမပေးသေးပဲ နာကျင်နေရင် ဆေးပဲအရင်ပေးပြီး ရင်းနှီးမှုယူတာကနေပဲ စပါတယ်။

ကလေးက နားလည် လက်ခံမှသာ ကုသမှုကို ပေးပါတယ်။ သူလက်သင့်ခံပေးသလောက်ကို ချီးကျူး သူ့ကိုမနာကျင်စေဖူးဆိုတဲ့ အသိလေးပေးပြီး ချစ်ကြောင်းပြမှသာ ကုသမှုက အောင်မြင်နိုင်တာပါ။

အဲဒိအတွက် အချိန်လိုပါတယ်။ ကလေးမို့လို့ ၁၅မိနစ်နဲ့ ပြီးမှာပေါ့ဆိုပြီး လာပြလို့ မရပါဘူး။

ကျွန်တော့်ဆီမှာ ၁၅မိနစ်က ပစ္စည်းပြင် သန့်ရှင်းရေးလုပ်ချိန်တောင် မရှိပါဘူး။
ကျွန်တော့်အတွက် အချိန် တကယ်ကို လိုအပ်ပါတယ်။

ကျွန်တော့်ကို နားလည်လက်ခံပေးတဲ့ သူတွေအကုန်လုံးကို တကယ်ကို ကျေးဇူးတင်ရပါတယ်။

ကျွန်တော် ဒိထက်ပို ကုသမှုတွေကောင်းအောင် စိတ်ကျေနပ်မှုတွေ ပေးနိုင်အောင် ကြိုးစားပါ့မယ်။

🙏

26/05/2023

🦷😄 ယခုလို ရေပလုတ်ကျင်းရင် ပြုတ်မထွက်၊ ရီတဲ့ ပြုံးတဲ့ စကားပြောတဲ့အချိန် ပြုတ်မကျ၊ အစာလည်း ကောင်းကောင်းဝါးလို့ရတဲ့ အံကပ်တစ်ခုရဖို့ဆိုရင် အခြေခံအဆင့် ငါးဆင့် လိုအပ်ပါတယ်ခင်မျာ

🔹ပုံစံအကြမ်း အရင်ယူရပါတယ် (Primary Impression )

🔹လူနာအတွက် သီးသန့်ပုံစံယူခွက်ပြုလုပ်ပြီး ပုံချောယူရပါတယ် ( Secondary Impression )

🔹မျက်နှာနဲ့ မေးရိုးရဲ့ မူလအမြင့်ကို ပြန်လည်တိုင်းတာရပါတယ် ( JRR )

🔹ဖယောင်းဖြင့် အံကပ်ပုံကြမ်း ထုတ်ရပါတယ် ( Try in Wax Pattern )

🔹လူနာက ဖယောင်းအံကပ်ကို နှစ်သက်တယ် အဆင်ပြေတယ်ဆိုမှ နောက်ဆုံး အံကပ်ကို ပြုလုပ်ရပါတယ် ( Complete Denture )

🤗 ယခုလို အံကပ်ကောင်းတစ်ခုရဖို့ ဆေးခန်းကို အနည်းဆုံး လေးကြိမ်မှ ငါးကြိမ် လာပေးရပါတယ်🚨

🦷ဆရာ၀န်ကလည်း အားထုတ်ကျိုးစားရသလို

⚪လူနာကလည်း စိတ်ရှည်သည်းခံပြီး

🚅လူနာရှင်ကလည်း ဆေးခန်းမှ ရက်ချိန်းခေါ်ယူတိုင်း အချိန်ပေးပြီး လူနာကို လိုက်ပို့ပေးရပါတယ်ခင်မျာ

😄ကုန်ကျစားရိတ်များအားလည်း တစ်ခါတည်းပေးသွင်းစရာမလိုပဲ ရက်ချိန်းအလိုက် အရစ်ကျ ပေးချေလို့ရပါတယ်ခင်မျာ 👍

✨🦷ရွှေရောင်လင်း သွားနှင့်ခံတွင်း အထူးကုဆေးခန်းကို
အမှတ် ၇/၇ဃ ၊ ဗိုလ်ချုပ်လမ်း ၊ သုခမြိုင်မိုတယ်ရှေ့ ၊ပျဉ်းမနား၊ နေပြည်တော်တွင် ဖွင့်လှစ်ထားပါတယ်

⏰ ဆေးခန်းဖွင့်ချိန် - မနက် ၁၀နာရီမှ ည ၇နာရီထိ

☎️ Ph. 09 9 5550 8857

🟥 တနင်္လာနေ့တိုင်း ဆေးခန်းပိတ်ပါသည် 🟥

🌕 လပြည့်၊လကွယ် နှင့် အစိုးရရုံးပိတ်ရက် များ ဆေးခန်း မပိတ်ပါ 🌒

Want your practice to be the top-listed Dentist in Pyinmana?
Click here to claim your Sponsored Listing.

Videos (show all)

✨🦷ရွှေရောင်လင်း သွားနှင့်ခံတွင်း အထူးကုဆေးခန်းကိုအမှတ် ၇/၇ဃ ၊ ဗိုလ်ချုပ်လမ်း ၊ သုခမြိုင်မိုတယ်ရှေ့ ၊ပျဉ်းမနား၊ နေပြည်တော...
slowly growing memories of#Shwe_Yaung_Lynn  2020 & 2023 ✨ 🦷
🦷😄 ယခုလို ရေပလုတ်ကျင်းရင် ပြုတ်မထွက်၊ ရီတဲ့ ပြုံးတဲ့ စကားပြောတဲ့အချိန် ပြုတ်မကျ၊ အစာလည်း ကောင်းကောင်းဝါးလို့ရတဲ့ အံကပ်တစ...
🚨လူနာများ မေးလေ့ရှိတဲ့ မေးခွန်းကတော့ ကုသမှုတိုင်းမှာ တစ်ခါသုံးပစ္စည်းများပဲ သုံးပေးလားဆိုတာပါပဲ🛑သွားဆေးခန်းကနေ ပိုးကူးလာ...
🚨လူနာများ မေးလေ့ရှိတဲ့ မေးခွန်းကတော့ ကုသမှုတိုင်းမှာ တစ်ခါသုံးပစ္စည်းများပဲ သုံးပေးလားဆိုတာပါပဲ🛑သွားဆေးခန်းကနေ ပိုးကူးလာ...
💠 သွားညှိကုသမှုအပြီး တပ်ဆင်ရသည့် သွားထိန်း (Clear Retainer) 💠 Whitening Tray  💠 Night Guard များကို ✨🦷 ရွှေရောင်လင်း သွာ...
✨🦷ရွှေရောင်လင်း သွားနှင့်ခံတွင်း ဆေးခန်း နှစ်နှစ်ပြည့်  ⭐ အထူးအစီအစဉ်
သွားဖြူစေရန် လေဆာဖြင့် ကုသခြင်း ဘယ်လိုလုပ်လဲ အောက်ပါ videoလေးမှာ ကြည့်ရှူနိုင်ပါတယ် 😊✨🦷 ရွှေရောင်လင်း သွားနှင့်ခံတွင်းဆေ...

Category

Telephone

Website

Address

၇/၇ဃ၊ ဗိုလ်ချုပ်လမ်း ၊ သုခမြိုင်မိုတယ်ရှေ့၊ ပျဉ်းမနား
Pyinmana
15012

Opening Hours

Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Other Pyinmana dentists (show all)
Your Orthodontist Your Orthodontist
Taung Nyo Road, Nay Pyi Taw, Burma (Myanmar)
Pyinmana