အောင်ပြည့်စုံ ဆေးဆိုင်

Pharmacy

Photos from အောင်ပြည့်စုံ ဆေးဆိုင်'s post 23/01/2024

Syrup လေးက ပစ္စည်းပြတ်နေတော့
သူနဲ့တူပြီး ဈေးနှုန်း သင့်တင့်တာလေးရှာနေရင်
လေး တိုက်ဖို့ ညွှန်ပေးပါရစေရှင့်🍒

𝗡𝗨𝗧𝗥𝗜𝗞𝗜𝗗 မှာတစ်နေ့တာလိုအပ်တဲ့ 𝑽𝒊𝒕𝒂𝒎𝒊𝒏𝒔, 𝑴𝒊𝒏𝒆𝒓𝒂𝒍𝒔 အပြင်
✅ ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေဖို့ 𝑫𝑯𝑨
✅ အမြင်အာရုံတိုးတက်ကောင်းမွန်စေဖို့ ထပ်ပေါင်းထည့်ပေးထားတဲ့
𝑵𝒂𝒕𝒖𝒓𝒂𝒍 𝑪𝒂𝒓𝒐𝒕𝒆𝒏𝒐𝒊𝒅𝒔 (3) မျိုး
✅ ကိုယ်ခံအားကို အထူးထောက်ပံ့ပေးသော 𝑨𝒏𝒕𝒊𝒐𝒙𝒊𝒅𝒂𝒏𝒕𝒔 များမျိုးစုံပါဝင်တာကြောင့်ကျန်းမာဉာဏ်ကောင်းပြီး အာဟာရပြည့်ဝတဲ့ကလေးဘဝကိုပိုင်ဆိုင်နိုင်မှာအသေအချာပါပဲ

အောင်ပြည့်စုံ ဆေးဆိုင်


09262718437. 09255306661

Photos from အောင်ပြည့်စုံ ဆေးဆိုင်'s post 21/01/2024

𝑪𝒐𝒍𝒍𝒂𝒈𝒆𝒏 ဆိုတာ အလှအပအတွက် ကောင်းတယ်
ဆံပင်တွေ၊ လက်သည်းတွေကို သန်စွမ်းစေတယ်လို့
ကြားဖူးကြမှာပါ 🥰🥰

ဒါဆို 𝑻𝒚𝒑𝒆 𝑰𝑰 𝑪𝒐𝒍𝒍𝒂𝒈𝒆𝒏 ဆိုတာကရော ဘာဖြစ်မလဲ ❓❓

အလှအပအတွက်သောက်တဲ့ 𝑪𝒐𝒍𝒍𝒂𝒈𝒆𝒏 က
𝑻𝒚𝒑𝒆 1 ဖြစ်ပြီးတော့ 𝑻𝒚𝒑𝒆 𝑰𝑰 𝑪𝒐𝒍𝒍𝒂𝒈𝒆𝒏 ဆိုတာကတော့
အရိုးအဆစ်အတွက် အဓိကကောင်းစေတဲ့
𝑪𝒐𝒍𝒍𝒂𝒈𝒆𝒏 တစ်မျိုးပဲဖြစ်ပါတယ် 🦴🦴

🔹 𝑻𝒚𝒑𝒆 𝑰𝑰 𝑪𝒐𝒍𝒍𝒂𝒈𝒆𝒏 က အရိုးနုအတွက် အရေးပါတဲ့
𝙎𝙩𝙧𝙪𝙘𝙩𝙪𝙖𝙡 𝙋𝙧𝙤𝙩𝙚𝙞𝙣 တစ်မျိုးဖြစ်တာကြောင့်
ဖြည့်စွက်ဆေးအနေနဲ့ သောက်သုံးမယ်ဆိုရင်
အရိုးနုတွေ အရွတ်တွေကို အဓိကကြံ့ခိုင်သန်မာစေပါတယ် 💪💪

🔹 အရိုးနုအသစ်ဖြစ်ပေါ်ဖို့ ထောက်ပံ့ပေးတာကြောင့်
အဆစ်တွေကို ကောင်းမွန်စွာ ရွေ့လျားစေပါတယ် 🦴🦴

🔹 အရိုးအဆစ်ရောင်ရမ်းခြင်းများကို သက်သာစေတာကြောင့်
အလှုပ်အရှားများလို့ အဆစ်အမြစ်ရောင်ရမ်းနာကျင်ခြင်းကိုလည်း
သက်သာစေပါတယ် 😍😍

🔹 အရိုးနုများထိခိုက်ပျက်စီးတာကို ပြန်လည်ကောင်းမွန်စေတာကြောင့်
အသက် ၄၀ ကျော် ၅၀ ကျော်အရွယ်များ အရိုးနုပျက်စီးခြင်း၏
နောက်ဆက်တွဲ ဒူးနာခြင်းကိုလည်း သက်သာကောင်းမွန်စေပါတယ် 🥰🥰

ပုံမှန်သောက်သုံးပေးမယ်ဆိုရင် . . .
🔘 အရိုးပွခြင်း
🔘 အရိုးပါးခြင်း
🔘 အရိုးကျိုးခြင်းများကိုလည်း ကာကွယ်ပေးနိုင်ပါတယ် 🛡🛡
အောင်ပြည့်စုံ ဆေးဆိုင်မှာဝယ်ယူရရှိနိုငိပါတယိရှင့်
09262718437 09255306661

21/01/2024

"လူတိုင်း" "လူတိုင်း" လုံးဝမပေါ့ဆသင့်တဲ့ ရောဂါတစ်မျိုးအကြောင်း သင်သိပြီးပြီလား?? ( တစ်ချို့မှာ ရောဂါလက္ခဏာတွေခံစားနေရလည်း သတိမထားမိတာများပါတယ်)

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဟာ လိင်ဆက်ဆံရာမှတစ်ဆင့်လဲ ရောဂါပိုးဝင်ရောက်နိုင်သလို ရေသောက်နည်းတာ၊ အတွင်းခံစိုစို အဝတ်များတာ ၊ ဆီးအောင့်တာ ( သို့ ) Pad များကို သတ်မှတ်နာရီတွေထက်ပိုသုံးတာတွေကြောင့် ဆီးပိုးဝေဒနာကို ခံစားရတာတွေရှိပါတယ် 🥲🥲

ဆီးလမ်းကြောင်းပိုးဝင်ခြင်းဟာ လူတိုင်းမရွေးဖြစ်နိုင်ပေမဲ့ အမျိုးသမီးတွေမှာတော့ ပိုမိုအဖြစ်များတာတွေ့ရပါတယ်. ပေါ့ဆစွာ နေထိုင်မယ်ဆို အသက်အန္တရာယ် ကိုထိခိုက်လာသည်အထိ ဆိုးရွားနိင်ပါတယ်
အကယ်၍ သင်ဟာ..
🔴ဆီးသွားနည်းတာ
🔴ဆီးခဏခဏသွားတာ
🔴ဆီးနံ့ပြင်းတာ
🔴ဆီးကျင်တာ
🔴စအိုနားနာကျင်ကိုက်ခဲတာ
🔴ဆီးအောင့်တာ စတဲ့ လက္ခဏာတွေ ကြုံနေရပြီဆိုရင်တော့ ဆီးလမ်းကြောင်းပိုးဝင်တာဖြစ်နိုင်တာမို့မပေါ့ဆသင့်ပါဘူး..

ဒီလို ဆီးလမ်းကြောင်းပိုးဝင်တဲ့ ပြဿနာတွေကို ကင်းဝေးဖို့ဆို 𝗖𝗿𝗮𝗻𝗯𝗲𝗿𝗿𝘆 𝗘𝘅𝘁𝗿𝗮𝗰𝘁 ပါဝင်တဲ့ Urocare ကိုသောက်သုံးပေးရပါမယ်။ 𝗖𝗿𝗮𝗻𝗯𝗲𝗿𝗿𝘆 ဆိုတာက ဆီးလမ်းကြောင်းအတွက်သာမက ကျောက်ကပ်ကျောက်တည်ခြင်းကိုလည်း သက်သာစေတာမို့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် ကာကွယ်ရေးနဲ့ကုသရေးမှာ အသုံးများကြတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ Urocare မှာတော့ 𝗖𝗿𝗮𝗻𝗯𝗲𝗿𝗿𝘆 အပြင် 𝑷𝒂𝒏𝒕𝒐𝒕𝒉𝒆𝒏𝒊𝒄 𝑨𝒄𝒊𝒅, 𝑽𝒊𝒕𝒂𝒎𝒊𝒏 𝑫 နှင့် 𝑳-𝑴𝒆𝒕𝒉𝒊𝒐𝒏𝒊𝒏𝒆 တို့လည်း ထပ်မံပါဝင်တာမို့ ပိုးမွှားတွယ်ကပ်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။
အောင်ပြည့်စုံ ဆေးဆိုင်မှာ ဝယ်ယူရှိနိုင်ပါတယ်ရှင်
09262718437. 09255306661

21/12/2023

ဝယ်ယူအားပေးတဲ့ Customer များကျေးဇူးအထူးတင်ပ့တယ်ရှင့်🙏🙏🙏

Photos from အောင်ပြည့်စုံ ဆေးဆိုင်'s post 12/11/2023

𝐕𝐢𝐭𝐞' 𝐂𝐨𝐥𝐥𝐚 မှာ ဘာတွေပါလဲ ❓

𝐕𝐢𝐭𝐞' 𝐂𝐨𝐥𝐥𝐚 ရဲ့ထူးခြားချက်က အစွမ်းထက် 𝐈𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 ဆယ်မျိုးထိပါဝင်နေလို့ပါပဲ 😱

ကျန်းမာနုပျိုလှပစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနေတဲ့ 𝐂𝐨𝐥𝐥𝐚𝐠𝐞𝐧 𝐓𝐫𝐢 𝐏𝐞𝐩𝐭𝐢𝐝𝐞 🧬 𝐂𝐨𝐥𝐥𝐚𝐠𝐞𝐧 𝐃𝐢 𝐏𝐞𝐩𝐭𝐢𝐝𝐞 🧬 𝐋 - 𝐆𝐥𝐮𝐭𝐚𝐭𝐡𝐢𝐨𝐧𝐞 🧬 ဆိုတဲ့ အစွမ်းထက် 𝐂𝐨𝐥𝐥𝐚𝐠𝐞𝐧 သုံးမျိုး

အသားရေချောမွေ့နူးညံ့စေဖို့အတွက်အဓိကအားဖြည့်ပေးတဲ့ နာမည်ကျော် 𝐉𝐚𝐩𝐚𝐧 𝐑𝐢𝐜𝐞 𝐄𝐱𝐭𝐫𝐚𝐜𝐭 𝐏𝐡𝐲𝐭𝐨𝐜𝐞𝐫𝐚 🇯🇵🍚

နေလောင်ဒဏ်နဲ့အသားရေညိုမဲခြင်းတွေကနေကာကွယ်ပေးတဲ့အပြင် ခန္ဓာကိုယ်ပေါ်ကဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားရေကိုကြည်လင်လာစေတဲ့ စတော်ဘယ်ရီ 🍓

အိုမင်းရင့်ရော်မှုနဲ့ အသားရေခြောက်သွေ့မှုတွေကိုတားဆီးပေးပြီး တင်းတိတ်၊ မှဲ့ခြောက်နဲ့အမဲစက်တွေကိုဖယ်ရှားကာ လှပတင်းရင်းတဲ့အသားအရေကိုပေးစွမ်းမယ့် မက်မွန်သီး 🍑

အသားရေရောင်ရမ်းတာတွေနဲ့ အရေပြားရောဂါဖြစ်တာတွေအတွက် ကုသနိုင်စွမ်းအမြင့်ဆုံးမှာရှိလို့ ဘရာဇီးကနေတကူးတကတင်သွင်းလာရတဲ့ 𝐂𝐚𝐦𝐮 𝐂𝐚𝐦𝐮 𝐅𝐫𝐮𝐢𝐭 ❤

𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐂 အများဆုံးပါဝင်တဲ့ သံပုရာသီးကလည်း အသားရေကြည်လင်စေနိုင်သလို နှလုံးရောဂါနဲ့ ကင်ဆာဖြစ်စေတဲ့ 𝐀𝐧𝐭𝐢𝐨𝐱𝐢𝐝𝐚𝐧𝐭 ဓာတ်ကိုခုခံပေးနိုင်လို့ မပါမဖြစ် 🍋

𝐕𝐢𝐭𝐞' 𝐂𝐨𝐥𝐥𝐚 မှာ ပါဝင်မှုအများဆုံးအသီး 𝐀𝐂𝐄𝐑𝐎𝐋𝐀 𝐂𝐇𝐄𝐑𝐑𝐘 🍒 က အသားရေနဲ့ဆံသားကျန်းမာရေးအတွက်ကောင်းမွန်သလို မယ်လနင်ဓာတ်ထုတ်လုပ်မှုကိုလည်းတားဆီးပေးပြီး ကြည်လင်ဖြူဝင်းမှုကိုပေးစွမ်းနိုင်ပါတယ်။

𝐖𝐡𝐢𝐭𝐞 𝐉𝐞𝐥𝐥𝐲 𝐅𝐮𝐧𝐠𝐮𝐬 လို့ခေါ်တဲ့ကျောက်ပွင့်ကလည်း အစွမ်းထက်ပါဝင်ပစ္စည်းတွေထဲကတစ်ခုပါ 🤍 သူကလည်းအသားရေကိုတင်းရင်းစေပြီး ဝက်ခြံနဲ့အရေးအကြောင်းတွေကိုသက်သာစေသလို မယ်လနင်ဓာတ်တွေထုတ်ပေးတဲ့ အင်ဇိုင်းတွေကိုအဓိကချေဖျက်ပေးပါတယ်။

ဒါတွေအပြင် အရွယ်တင်နုပျိုစေတဲ့ 𝐀𝐧𝐭𝐢𝐨𝐱𝐢𝐝𝐚𝐧𝐭 တွေလည်းကြွယ်ဝစွာပါဝင်လို့ 𝐕𝐢𝐭𝐞' 𝐂𝐨𝐥𝐥𝐚 သာပုံမှန်သောက်ရင် အသက်မကြီးတော့ဘူးလားလို့တောင် အမေးခံနေရဦးမှာ 🤭

#𝐯𝐢𝐭𝐞𝐜𝐨𝐥𝐥𝐚 #𝐜𝐨𝐥𝐥𝐚𝐠𝐞𝐧 #𝐬𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭 #𝐝𝐚𝐢𝐥𝐲𝐝𝐫𝐢𝐧𝐤 #𝐦𝐚𝐝𝐞𝐢𝐧𝐣𝐚𝐩𝐚𝐧 #𝐡𝐞𝐚𝐥𝐭𝐡𝐚𝐧𝐝𝐛𝐞𝐚𝐮𝐭𝐲 #𝐬𝐩𝐞𝐜𝐢𝐚𝐥 #𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 #𝐭𝐞𝐧𝐭𝐲𝐩𝐞𝐬𝐨𝐟𝐢𝐧𝐠𝐫𝐞𝐝𝐢𝐧𝐞𝐭

Photos from အောင်ပြည့်စုံ ဆေးဆိုင်'s post 08/11/2023

အမျိုးသမီးများတွက် အားထားရာ Jolly လေး ရပါပီနော်

Photos from အောင်ပြည့်စုံ ဆေးဆိုင်'s post 28/09/2023

ဆိုင်မှာ လာရောက်ကြည့်ရှု့ အားပေးနိုင်ပါတယ်ရှင့်

လက်ကားမှာယူလိုပါက ဆေးစရင်းများကို

📞📞Viber no. 09262718437 09255306661

တို့မှတစ်ဆင့် မှာယူနိုငိပါတယ်ရှင့်

လက်လီ လက်ကားအားပေးသော မိတ်ဟောင်း မိတ်သစ်များကို ကျေးဇူးအထူးတင်ပါတယ်ရှင့်🥰🥰🥰

Photos from အောင်ပြည့်စုံ ဆေးဆိုင်'s post 24/08/2023

မနောပျိုမယ် မေးနေတဲ့ Customer များတွက် တင်ထားပေးပါပီရှင့်

01/08/2023

ယနေ့ကျရောက်သည့် ဝါဆိုလပြည့်ဓမ္မစင်္ကြာအခါတော်နေ့တွင် ကိုယ်စိတ်
နှလုံးရွှင်လန်း ချမ်းမြေ့ကြပါစေလို့ အောင်ပြည့်စုံဆေးဆိုင် မိသားစုမှ
ဆုမွန်ကောင်း တောင်းအပ်ပါသည်။

15/07/2023

ဈေးရောင်း ပါးတယ်
ရေ က တက်တယ်
ဘယ်ကုမ္ပဏီ မှ အကြွေး လာ မတောင်းနက်

13/07/2023

🔮 ငယ်ငယ်က အမှတ်တရပုံလေးတွေကို ထုတ်ကြည့်မိတိုင်း အရင်ကလို သွယ်သွယ်လျလျ၊ လှလှပပခန္ဓာကိုယ်လေးကို ဘယ်တော့မှပြန်မရနိုင်တော့ပါဘူးလို့ ထင်နေမိရင်တော့...🙍🏻‍♀️

တွေးမိတဲ့အတွေးတွေကို အပြီးမေ့ပစ်လိုက်ပါနော်...😉

တစ်စတစ်စတက်လာတဲ့ဝိတ်ကြောင့် နောက်ထပ်တစ်ဖန် သွယ်လျလှပမှုတွေကို ပြန်ရဖို့မဖြစ်နိုင်တော့ပါဘူးဆိုတာကလည်း CALO BURN ဆိုတဲ့ သဘာဝအဆီကျဖြည့်စွက်စာလေးကို မသောက်ဘူးသေးလို့ပါပဲ...🤗

💙 မလိုအပ်ဘဲ ပိုလျှံလာတဲ့အဆီပိုတွေကို သဘာဝအတိုင်းလောင်ကျွမ်းချေဖျက်ပေးမယ်

💙 အလွန်အမင်း အစားစားချင်တဲ့စိတ်ကို လျှော့ချပေးမယ်

ကဲ ဒါဆိုရင် လှလှပပခန္ဓာကိုယ်လေးကိုပြန်ရဖို့ နီးစပ်လာပြီမဟုတ်လား ? 💁

တကယ်ကိုပဲ နုပျိုသွယ်လျတဲ့ ပုံစံလေးကိုအလွယ်တကူ ပြန်လည်ရယူကြဖို့အတွက် CALO BURN လေးက ကူညီပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ...💪🏻

အစားလျော့စားပြီး လေ့ကျင့်ခန်းလေးတွဲလုပ်ပေးရင်တော့ ဝိတ်ကျမြန်ပြီး သွယ်လျမှုတွေကို မြန်မြန်ဆန်ဆန်ပဲ ရရှိစေနိုင်မှာပါ..✨

(Myanmar FDA ထောက်ခံချက်ရရှိပြီး)


#သဘာဝအဆီကျဖြည့်စွက်စာ

06/07/2023

နာကျင်ကိုက်ခဲမှုတွေကို သက်သာဖို့ Voltex ကို လိမ်းကြတဲ့အခါ ဆေးလိမ်းနည်းမမှန်တဲ့အတွက် ထင်သလောက် မသက်သာတာမျိုးဖြစ်နေသူများအတွက် Voltex လိမ်းနည်းလေးကို မျှဝေပေးချင်ပါတယ်နော်။

နာကျင်ကိုက်ခဲခြင်းကို သက်သာစေမယ့် Voltex Cream ဟာ လိမ်းလိုက်တာနဲ့ ပူရှိန်းပြီး နွေးတဲ့ဓာတ်ကို ခံစားရမှာဖြစ်ပြီး တစ်ခါတည်းနဲ့ အများကြီးလိမ်းဖို့မလိုအပ်ပါဘူး။ တစ်နေ့ ၃ကြိမ်အထိလိမ်းနိုင်ပြီး လိမ်းပြီးတဲ့အခါ အဝတ်ပါးလေးနှင့် စည်းထားမယ်ဆိုရင် ပိုပြီးထိရောက်ပါတယ်။

Gel Type နဲ့ထုတ်လုပ်ထားတဲ့ Voltex Kool ဟာ ရောင်ရမ်းတာနဲ့ နာကျင်ကိုက်ခဲခြင်းတွေကို သက်သာစေပါတယ်။ လိမ်းတဲ့အခါ အရေပြားပေါ်မှာ ၂ မိနစ်ခန့် ပါးပါးလေး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးသင့်ပါတယ်။ Voltex Kool လိမ်းပြီးတဲ့အခါ အပေါ်ကနေ အဝတ်တွေ မအုပ်ထားသင့်ပါဘူးနော်။

အသားထဲကို မြန်မြန်စိမ့်ဝင်လွယ်တဲ့ Voltex Spray ကို အသုံးပြုမယ်ဆိုရင်တော့ မဖျန်းခင်မှာ ဘူးကိုလှုပ်ပေးရန်လိုအပ်ပြီး 5 cm အကွာလောက်မှ ဖျန်းပေးရန်လိုအပ်ပါတယ်။ ဖျန်းပြီးတဲ့အခါ အဝတ်ပါးလေးဖြင့် အုပ်ထားပေးရင် ဆေးရဲ့ အာနိသင်ကို ပိုရရှိမှာဖြစ်ပါတယ်။

26/06/2023

မျက်မှောင်ကျုံ့ကြည့်စရာ မလိုတော့ပါဘူး..👀
စိုက်ကြည့်နေရပြီလား👀

သူတကာ လွယ်လွယ်ကူကူ မြင်နေရတဲ့ အရာလေးတွေကို သင်မျက်မှောင်ကျုံ့ပြီး ကြည့်
နေရတယ်ဆိုရင် အမြင်အာရုံ ကို ဂရုစိုက်ဖို့လိုနေပါပြီ..👩🏼‍⚕️

💁🏻‍♀️Nutrum Gold အားဆေးမှာဆိုရင် မျက်စိကို အထူးကောင်းမွန်စေတဲ့ Lutein ဓာတ်ပါဝင်ပါတယ်

Lutein ရဲ့ အကျိုးပြုပုံတွေကတော့

✓အရွယ်ကြောင့် ဖြစ်လာတဲ့ မျက်စိမှုန်ခြင်းကို ကာကွယ်ပေးနိုင်တယ်
✓ဖုန်းနဲ့ ကွန်ပြူတာအကြည့်များလို့ အမြင်ဝေဝါးခြင်းတွေကို ကာကွယ်ပေးနိုင်တဲ့အပြင်
✓နှလုံးသွေးကြောလည်ပတ်မှုကိုပါ ကောင်းမွန်စေပါတယ်

အမြင်အာရုံမှာ ရွယ်တူတွေထက် တပမ်းသာချင်ရင်တော့ အရွယ်မတိုင်ခင် ကြိုတင်ကာကွယ်မှုတွေ လုပ်သင့်ပါပြီ....💁🏻‍♀️💊

Nutrum Gold နဲ့ဆိုရင် သင့် သူငယ်ချင်းတွေလို မျက်မှောင်ကျုံ့ကြည့်စရာမလိုဘဲ အမြင်ရှင်းနေမှာပါ..

(၃)လစာ အလုံး (၁၀၀) ပါ ဆေးဘူး ၁ဘူးကို ၄၅၀၀၀ ကျပ်နှင့်မှာယူနိုင်ပါတယ်.

🛒ဝယ်ယူနိုင်သည့်နေရာများ 🛒......................................
🔸ရန်ကုန်မြို့တွင်းရှိ ဆေးဆိုင်များ
🔸Page Messenger ( delivery ဖြင့် မြို့ပေါင်း ၁၈၀ ကျော်သို့ )
🔸Phone : 09-979926932 ( delivery ဖြင့် မြို့ပေါင်း ၁၈၀ ကျော်သို့ )အမြန်ဆုံးပို့ဆောင်ပေးနေပါပြီ

ဒ့ါအပြင် Nutrum Gold က အမြဲအားပေးနေတဲ့ customer ကြီးများအတွက် အခမဲ့ ကျန်းမာရေး စစ်ဆေးနိုင်မယ့် နေရာလေးတစ်ခုလည်း စီစဉ်ပေးထားပါတယ်...👩🏼‍⚕️

Website Link - https://bit.ly/3qwVlf3

#အားဆေး #ဗီတာမင်ချို့တဲ့မှု Nutrum Gold နဲ့အဖော်ပြု # တစ်လုံးတည်းနှင့်ပြည့်စုံစေသည်

13/04/2023

ဆိုင်ပိတ်ထားပေမဲ့
On Call ပါဗျ
☎️ 09255306661
☎️ 09262718437

16/03/2023

Vaxigrip Tetra 2023 (Seasonal Influenza Vaccine)
ရောက်ပါပီ😍😍😍

အများ​စျေး...cb

ရာသီတုပ်ကွေးကာကွယ်ဆေးကို မိုးမကျခင် စောစောလေး ထိုးပီးကာကွယ်ချင်သူများအတွက်

✅ ဘယ်သူတွေ မဖြစ်မနေ ထိုးသင့်သလဲ???

🥰အသက် ၆လမှ ၅ နှစ်အောက် ကလေးများ

🥰၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ

🥰ပန်းနာရင်ကြပ်၊ ဆီးချိုနှင့် နာတာရှည် ခုခံမှုအားနည်းသော ရောဂါသည်များ

🥰ကိုယ်ဝန်ဆောင်များ
(ကိုယ်ဝန်ဆောင်များ စောထိုးနိုင်လျှင် ကာကွယ်မှု စောစောရသည်။ မည်သည့်လမဆို ထိုးနိုင်သည်။ ကိုယ်ဝန်ဆောင် တုပ်ကွေးဖြစ်လျှင် လက္ခဏာ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိ၍ ထိုးသင့်ပါသည်။ ကိုယ်ဝန်ဆောင်မိခင် ထိုးခြင်းဖြင့် မွေးလာမည့် ကလေးကို အသက် ၆ လအထိ တုပ်ကွေးရောဂါ ကာကွယ်ပေးနိုင်သည်။)

🥰လူနာနှင့်တိုက်ရိုက် ထိတွေ့နေသော ကျန်းမာရေးဝန်ထမ်းများ

✅ ဘယ်လိုထိုးရမလဲ????

❤️အသက် ၉ နှစ်အောက်ကလေးများ

ပထမဆုံးအကြိမ် ဖြစ်ပါက တစ်လခြား၍

၂ ကြိမ် ထိုးနှံပေးရပါမယ် (0,1 month)

❤️နောက်နှစ်တွေမှာ တစ်နှစ်ကို တစ်ကြိမ်ပါ

Credit.......

09262718437
09255306661

10/03/2023

Vaxigrip tetra 2023
ရာသီတုပ်ကွေး(၄) မျိုးစပ် ကာကွယ်ဆေးများကို Pre order များလက်ခံနေပါပီ။အသက်သာဆုံးဈေးနုန်းနဲ့ ရမှာမို့ အမြန် Order တင်ထားဖို့ သတင်းကောင်းလေး ပါးပါရစေရှင့်😊😊😊

08/03/2023

Calo Burn သဘာဝအဆီကျဖြည့်စွက်စာရဲ့မပါမဖြစ်အရေးကြီးဆုံးပါဝင်ပစ္စည်းလေးက ?

Calo Burn မှာအဓိကပါဝင်ပြီး Diet miracle လို့တင်စားကြတဲ့ အသီးတစ်မျိုးအကြောင်းလေး ပြောပြပေးမယ်နော်..!

အသီးနာမည်က Garcinia Cambogia (ဂါစီးနီးယား ကမ်ဘိုဂျီးယား) လို့ခေါ်ပြီး အပူပိုင်းဒေသတွေမှာ တွေ့ရလေ့ရှိပါတယ်..။

မူရင်းဒေသကတော့ အင်ဒိုနီးရှား ဖြစ်ပြီး အိန္ဒိယ၊ သီရိလင်္ကာ နဲ့ မလေးရှားနိုင်ငံတွေမှာလည်း တွေ့နိုင်ပါတယ်..။

အသီးပုံစံက ဖရဲသီးပုံစံနဲ့ဆင်တူပြီး အဝါရောင် (သို့) စိမ်းဖန့်ဖန့်အရောင်ရှိကာ အရွယ်အစားကတော့ ခရမ်းချဉ်သီးကိုမှ ခပ်ကြီးကြီးအရွယ်အစားလောက်ရှိပြီး အရသာကတော့ ချဉ်တဲ့အတွက် ဟင်းချက်ရာမှာပဲ သုံးလေ့ရှိကြပါတယ်..။

သူ့ရဲ့အခွံမှာ Hydroxycytric Acid (HCA) ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်မှာ အဆီပိုဖြစ်ပေါ်မှုကို တားဆီးပေးနိုင်တာကြောင့် Weight Loss Supplement အဖြစ် အသုံးပြုလာကြပါတယ်နော်..။

ပုံမှန်သုံးစွဲမယ်ဆိုရင် ဗိုက်မှအဆီပိုများကို လျော့ကျစေပြီး သွေးထဲမှ မကောင်းတဲ့ Cholesterol အဆီဓါတ်များကိုလည်း လျော့ပါးစေပါတယ်..။

ဒါ့အပြင် Happy Hormone တစ်မျိုးဖြစ်တဲ့ Serotonin ဟော်မုန်းများစွာကို ထွက်စေတာကြောင့် စိတ်ရွှင်လန်းတက်ကြွစေပြီး စိတ်ဖိစီးမှုကြောင့် အစားများများစားမိခြင်းကိုလည်း လျော့နည်းစေပါတယ်..။

အဆာခံနိုင်စေတဲ့အပြင် အစာအိမ် နဲ့ အူလမ်းကြောင်းစနစ်ကိုပါ ပိုမိုကောင်းမွန်စေလို့ အန္တရာယ်ကင်းစွာ ဝိတ်ကျလိုသူများအတွက် အထူးသင့်တော်တဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်နော်..။

အခြားအကျိုးကျေးဇူးတွေအနေနဲ့ -

ဓါတ်တိုးဆန့်ကျင်နိုင်ခြင်း၊
မကောင်းတဲ့မှိုများကို ဖယ်ရှားပေးနိုင်ခြင်း၊
အစာမှစွမ်းအင်အဖြစ်သို့ မြန်မြန်ဆန်ဆန် ပြောင်းလဲပေးနိုင်ခြင်းတို့ကြောင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေပြီး အမောခံနိုင်စေမှာ ဖြစ်ပါတယ်။

CALO BURN အဆီကျသဘာဝဖြည့်စွက်စာဟာလည်း ဒီလိုကောင်းကျိုးများစွာပေးနိုင်တဲ့ Garcinia Cambogia အသီးမှ ထုတ်လုပ်ထားပြီး Green Tea Extract ၊ Grape Seed Extract စတဲ့ အဆီကျဆေးဖက်ဝင်ပစ္စည်းများနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်လို့

ခန္ဓာကိုယ်မှ မလိုအပ်တဲ့အဆီပိုတွေ ဖယ်ရှားပြီး ကျန်းမာကျစ်လျစ်သွယ်လျတဲ့ အလှကို ပိုင်ဆိုင်လိုသူတိုင်း ရွေးချယ်သောက်သုံးသင့်တဲ့ အဆီကျဖြည့်စွက်စာတစ်မျိုးပဲ ဖြစ်ပါတယ်နော်..။




#100%Natural

08/03/2023

📣Protec Plus Antioxidant ဖြည့်စွက်အားဆေး နဲ့ပတ်သက်ပြီး Customer များအမေးများသော မေးခွန်းများ....
(သင့်ကျန်မာရေးကို Protec Plus နှင့် ထပ်လောင်းအားဖြည့်ကာကွယ်လိုက်ပါ...)

📌Healthier Life Fan များနှင့် Protec Plus အားဆေးကိုသောက်သုံးနေကြတဲ့ Customer များအတွက် အမေးများသော မေးခွန်းများကို တစ်စုတစ်စည်းထဲ သိရှိနိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်....

⁉️Protec Plus ကိုသောက်သုံးခြင်းဖြင့် ဘယ်လိုရောဂါတွေကာကွယ်နိုင်သလဲ။
💊Protec Plus ကို ပုံမှန်သောက်သုံးခြင်းဖြင့် လူနေမှုပုံစံ မမှန်ကန်လို့ ဖြစ်လာတဲ့ နာတာရှည်ရောဂါတွေ (Lifestyle diseases) တွေကို ကာကွယ်နိုင်ပါတယ်။ (ဥပမာ - ဆီးချို ၊ နှလုံးသွေးကြောကျဉ်း၊ သွေးတိုး၊ ကင်ဆာ၊ သွေးအဆီဓါတ်များခြင်း)

⁉️Protec Plus ကိုဘယ်အရွယ်ကနေစပြီးသောက်သုံးနိုင်သလဲ။
💊Protec Plus ကို အသက် (၁၆) နှစ်မှစပီး သောက်နိုင်ပါတယ်။

⁉️Protec Plus ကို ဘယ်လိုသောက်သုံးရမလဲ။ ထမင်းမစားခင်လား၊ စားပြီးချိန်လား။ ဘယ်အချိန်သောက်သင့်သလဲ။
💊Protec Plus ကို တနေ့ (၁) လုံး အစာစားပီး သောက်နိုင်ပါတယ်။

⁉️တစ်နေ့အများဆုံးဘယ်နှစ်လုံးသောက်လို့ရပါသလဲ။
💊Protec Plus ကို အများဆုံး တစ်နေ့ (၂) လုံးထိသောက်နိုင်ပါတယ်။

⁉️နေ့စဉ်သောက်လို့ရလား။ ရေရှည်စွဲသောက်ရင်ဘေးထွက်ဆိုးကျိုးရှိနိုင်လား။
💊Protec Plus ကို နေ့စဉ်သောက်ဖို့ လိုအပ်တဲ့ Antioxidant ဖြည့်စွက်အားဆေးပါ။ ဘေးထွက်ဆိုးကျိုးလည်း လုံးဝမရှိပါ။

⁉️ဆီးချိုရောဂါရှိသူတွေသောက်လို့ရသလား။
💊Protec Plus ကို ဆီးချိုရောဂါရှိသူတွေ သောက်နိုင်ပါတယ်။
GSE ခေါ်တဲ့ စပျစ်စေ့ ကရတဲ့ Antioxidant ပါဝင်မှုကြောင့် သွေးတွင်းသကြားဓါတ်ကို လျှော့ချပေးနိုင်တာအပြင် Alpha Lipoic Acid ပါဝင်တာကြောင့် ဆီးချိုကြောင့်နောက်ဆက်တွဲ ဖြစ်တဲ့ မြင်လွှာပျက်စီးမှုတွေနဲ့ အာရုံကြောပျက်စီးမှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် C E နဲ့အတူ Zinc နဲ့ Selenium လည်း ပါဝင်တာကြောင့် ကိုယ်ခံအားကို ပိုမိုကောင်းမွန်စေလို့ ဆီးချိုရောဂါ ရှိသူတွေနဲ့ အထူးသင့်လျော်ပါတယ်။

⁉️သွေးတိုး​ရောဂါရှိရင်သောက်လို့ရသလား။
💊Protec Plus ကို သွေးတိုးရောဂါရှိသူတွေလည်းသောက်နိုင်ပါတယ်။
သွေးတွင်းအဆီဓါတ်တွေကိုလျှော့ချပေးနိုင်တာအပြင် နှလုံးကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

⁉️အာရုံကြောအားနည်းတာတွေအတွက်သောက်လို့ရသလား။
💊Protec Plus ကို အာရုံကြောအားနည်းတဲ့သူတွေလည်း သောက်နိုင်ပါတယ်။ Alpha Lipoic Acid ပါဝင်တဲ့အတွက် အာရုံကြောပျက်စီးမှုတွေကို ကာကွယ်ပေးနိုင်ပြီးတော့ အာရုံကြောလုပ်ဆောင်မှု တွေကို ပိုမိုကောင်းမွန်စေပါတယ်။

⁉️နှလုံးသွေးကြောကျဉ်းရောဂါရှိသူတွေရောသောက်လို့ရလား။
💊Protec Plus ဟာ နှလုံးသွေးကြောကျဉ်းသူများအတွက် အထူးသင့်တော်ပါတယ်။ သွေးကြောနံရံတွင်မကောင်းသောအဆီများစုခြင်းကို တားဆီးပေးနိုင်ပါတယ်။ နှလုံးကျန်းမာရေးအတွက်ကိုလည်းကောင်းမွန်စေပါတယ်။

⁉️နှလုံးရောဂါရှိတဲ့သူတွေသောက်လို့ရလား။
💊နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ၊ နှလုံးအားနည်းနေသူများ၊ နှလုံးကြီးသူများမှာ နေ့စဉ်သောက်သုံးနိုင်ပါတယ်။ Protec Plus ဟာ ဓာတ်တိုးဆန့်ကျင်တဲ့အာနိသင်ကြွယ်ဝသောကြောင့် နှလုံးနှင့်သွေးကြောကျန်းမာရေးအတွက်အထူးကောင်းမွန်သည့် ဖြည့်စွက်အားဆေးဖြစ်ပါတယ်။ Co Enzyme Q10 လည်း ပါဝင်ပြီးသားဆိုတော့ နှလုံးနှင့် သွေးကြော ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။

⁉️ကျောက်ကပ်ရောဂါရှိသူတွေသောက်လို့ရလား၊ သောက်ရင်ဘယ်လိုကောင်းကျိုးရနိုင်သလဲ။
💊ကျောက်ကပ်ဆေးနေရသောသူများ၊ ကျောက်ကပ် အဆိပ်တက်သူများ၊ နာတာရှည်ကျောက်ကပ် အားနည်းသူများ မှာတော့ ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

⁉️Protec Plus သောက်ရင်ပိန်သွားလား။ ဝိတ်ကျစေလား။
💊Protec Plus က Antioxidant (၁၃) မျိုး ပေါင်းစပ်ထားတဲ့ ဖြည့်စွက်အားဆေးဖြစ်ပါတယ်၊ Protec Plus ကို ပုံမှန်သောက်သုံးခြင်းဖြင့် ကိုယ်အလေးချိန် တက်တာကျတာတွေ မဖြစ်စေနိုင်ပါဘူး။

⁉️Protec Plus ကိုသောက်ဖို့ဆရာဝန်ညွှန်ကြားချက်လိုပါသလား။
💊Protec Plus ကို ဆရာဝန်ညွန်ကြားချက်မပါပဲ သောက်သုံးနိုင်ပါတယ်၊ ဒါပေမဲ့ ကျောက်ကပ်ဆေးနေရသောသူများ၊ ကျောက်ကပ် အဆိပ်တက်သူများ၊ နာတာရှည်ကျောက်ကပ် အားနည်းသူများ မှာတော့ ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

⁉️မနက်၊ ည ဘယ်အချိန်သောက်ရမလဲ၊ တခြားအားဆေးနဲ့တွဲသောက်လို့ရပါသလား။
💊Protec Plus ကို မနက် သို့မဟုတ် ည အစာစားပြီးချိန် (၁)လုံး ကို ရေတခွက်ဖြင့် သောက်သုံးနိုင်ပါတယ်။ တခြား ဗီတာမင်နှင့် သတ္ထုဓါတ်အားဆေးများနှင့်လည်း တွဲဖက်သောက်သုံးနိုင်ပါတယ်။

⁉️ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေရော သောက်လို့ရလား။
💊Protec Plus ကို ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာတော့ ဆရာဝန်နှင့်တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

⁉️ဘယ်လိုအခြေအနေမျိုးဆို ဆက်မသောက်သင့်သလဲ။
💊Antioxidant ဖြည့်စွက်အားဆေးများနှင့် ဓါတ်မတည့်သူများ မသောက်ရပါ။ ဓါတ်မတည့်တဲ့ လက္ခဏာတွေ (မျက်နှာတွေရဲလာတာ၊ ယားလာတာ၊ နှုတ်ခမ်းတွေထူလာတာ) တွေရှိရင်တော့ ဆက်မသောက်သင့်ပါဘူး။

⁉️တစ်ခြားဆေးများနဲ့တွဲသောက်လို့ရလား၊ အတူတွဲမသောက်သင့်တဲ့ဆေးရှိပါသလား။
💊ပုံမှန်အားဖြင့် တွဲမသောက်သင့်တဲ့ ဆေးတော့ မရှိပါဘူး။ ဒါပေမဲ့ မိမိမှာ တခြားဆေးတွေ သောက်နေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်တာ ပိုကောင်းပါတယ်။
Crd. .......
အောင်ပြည့်စုံဆေးဆိုင် တွင်ဝယ်ယူရရှိနိုင်ပါသည်😊😊😊

Photos from အောင်ပြည့်စုံ ဆေးဆိုင်'s post 01/01/2023
24/11/2022

သင့်အသည်းရဲ့အဆိပ်အတောက်တွေကိုဖယ်ရှားဖို့ ZiLiv အဆင့်မြင့်အသည်းအားဆေး...

👍 သြစတြေးလျ နိုင်ငံထုတ် အသည်းအားဆေးတွင် အသည်းကို အထောက်အကူပြုတဲ့ အစွမ်းထက် Silymarin (Milk Thistle) အဓိကပါဝင်ပြီး အခြားသဘာဝဆေးဘက်ဝင် အပင်များနှင့်တကွ Vitamin C, Choline, Inositol နှင့် Taurine တို့လည်းပေါင်းစပ်ပါဝင်ပါတယ်။

🌟 Advanced Liver Detox Formula ဖြင့်ထုတ်လုပ်ထားတဲ့ ဟာအသည်းကို
အန္တရာယ်ဖြစ်စေသော အဆိပ်အတောက်များမှ ကာကွယ်ပေးနိုင်ပြီး အသည်းအတွက်
Anti-oxidant အဖြစ်လည်း လုပ်ဆောင်ပေးပါတယ်။

🌟အသည်းဆဲလ်များပျက်စီးခြင်းမှကာကွယ်ပေးပြီး အသစ်တဖန်ပြန်ဖြစ်အောင်
ကူညီပေးနိုင်ပါတယ်။

အသည်းကိုအဆိပ်အတောက်ဖြစ်စေတဲ့ရောဂါများဖြစ်တဲ့
=====================================
👉 အသည်းရောင်အသားဝါ B ပိုး၊ C ပိုး တို့ကြောင့်ဖြစ်တဲ့ အသည်းရောဂါအမျိုးမျိုးရှိသူများ၊
👉 အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါရှိသူများ၊
👉 အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံး/ရောင်ရမ်းခြင်းရောဂါခံစားနေရသူများ၊
👉 သွေးတွင်းအဆီများပြီး အသည်းအဆီဖုံးရောဂါရှိသူများ အနေနဲ့

ကို ပုံမှန်သောက်သုံးသင့်ပါတယ်။

ကို တစ်လုံး (သို့) နှစ်လုံး တစ်နေ့တစ်ကြိမ်သောက်သုံးခြင်းဖြင့် အသည်းကို အန္တာရယ်ပြုနိုင်သောအဆိပ်အတောက်များကိုဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။

အသည်းရောဂါမရှိသူများလည်းကြိုတင်ကာကွယ်တဲ့အနေနဲ့သောက်သုံးနိုင်ပါတယ်။

22/11/2022

Complete Antioxidant Formula အားဆေး Protec

📌Protec မှာအစွမ်းအထက်ဆုံး Antioxidant တစ်ခု ဖြစ်တဲ့ Grape Seed Extract (GSE) အဓိကပါဝင်ပြီး GSE ဟာ Vitamin C ထက် အဆ(၂၀)၊ Vitamin E ထက်အဆ(၅၀) နဲ့ Beta-carotene ထက်အဆ (၂၀၀) Antioxidant စွမ်းအားသာလွန်ပါတယ်။ ဒါ့အပြင် Vitamin Antioxidant တွေဖြစ်တဲ့ Vitamin A၊ Vitamin Cနဲ့ Vitamin E တို့လည်းပါဝင်ပါတယ်။ သတ္ထုဓါတ် Antioxidant ဖြစ်တဲ့ Zinc လည်းပါဝင်ပါတယ်။

👉 Liver (အသည်း) Antioxidant ဖြစ်တဲ့ Silymarin လည်း ပါဝင်လို့ အသည်းရောဂါအမျိုးမျိုးကိုလည်း ကောင်းစွာကာကွယ်ပေးနိုင်ပါတယ်။ Heart Vitamins လို့ ခေါ်တဲ့ Vitamin B6, Vitamin B12 နဲ့ Folic Acid တို့ ပါဝင်တာကြောင့် နှလုံးနှင့်သွေးကြောရောဂါ၊ လေဖြတ်ရောဂါနဲ့ ဆီးချိုရောဂါတို့ကိုလည်း ကာကွယ်ပေးပါတယ်။

📌 ဒါ့အပြင် ဆဲလ်တွေရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေတဲ့ Vitamin B1 နှင့် Calcium Pantothenate တို့ပါဝင်တဲ့အတွက် ခန္ဓာကိုယ် အတွင်းဇီဝကမ္မဖြစ်စဉ်တွေကို ကူညီထောက်ပံ့ပေးနိုင်ပါတယ်။

👨‍🦳 အသက်လေးဆယ်ကျော်ပြီဆိုရင် Protec ကို မုချသောက်သင့်ပါတယ်။ အသက်လေးဆယ်အောက်တွေမှာလည်းပုံမှန် Protec ကိုသောက်နိုင်သလို အထူးအားဖြင့် Free Radical နှင့် ဆက်နွယ်တဲ့ ရောဂါခံစားနေသူတွေဟာ Protec ကိုဖြည့်စွက်သောက်သင့်ပါတယ်။
Protec ဟာရောဂါဖြစ်စဉ်ကို ဟန့်တားပေးတဲ့အပြင် ရောဂါကြောင့် သောက်နေတဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကိုလည်း လျော့နည်းစေပါတယ်။

📌 ဒါ့ကြောင့် GSE, Vitamin နှင့် Mineral Antioxidant များပေါင်းစပ်ပါဝင်သော Protec ကို နေ့စဉ်သောက်သုံးခြင်းဖြင့် ရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပြီး အရွယ်တင်နုပျိုကျန်းမာစေပါတယ်။

🇦🇺 Australia နိုင်ငံမှာထုတ်လုပ်ထားတဲ့အတွက် အရည်အသွေးအထူး ကောင်းမွန် စိတ်ချရပါတယ်။

🤗 Protec ကို အသက် ၁၆ နှစ်မှစပြီးသောက်သုံးနိုင်ပါတယ်။ တစ်နေ့ကိုတစ်လုံး အစာစားပြီးသောက်သုံးနိုင်ပါတယ်။ အများဆုံး တစ်နေ့ ၂ လုံးအထိ သောက်သုံးနိုင်ပါတယ်။

19/11/2022

မေမေတို့ရေ.....
Mega 3 Chewable ဆိုတာ အခြားသော
ဗီတာမင်အားဆေးများနှင့်မတူပဲ ကလေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်သော Omega 3 Fatty Acid များကို ဖြည့်ဆည်းပေးထားတာမို့လို့သင့်ကလေး ရဲ့မှတ်ဥာဏ်ကို ပိုကောင်းစေပါတယ်... သင်ယူထားသမျှကို အလွယ်တကူ မှတ်မိနိုင်သောကြောင့် သူများထက်လည်း ပိုမိုထူးချွန်ထက်မြက်နိုင်ပါတယ်.

17/11/2022

Omega 3 ကဝိတ်မကျပါဘူးရှင်🚫

သွေးတွင်းမှမလိုအပ်တဲ့ အဆီကိုကျတာရှင့် ✅

တချို့က ဝိတ်ကျတယ်လို့ ပြောနေကြလို့ပါ😄

🤩ဒီနေ့တော့ Omega 3 ရဲ့ အကြောင်းလေးကို ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်။

💊💊💊💊💊💊💊💊💊💊💊💊💊💊💊💊💊

အသက်အရွယ်မရွေးသောက်နိုင်တဲ့ Omega 3 ကို မိမိတို့ကိုယ်ခန္တာမှ အလိုအလျောက်မထုတ်ပေးနိုင်ပါဘူး။ ဒါကြောင့် မိမိတို့အနေနဲ့ Omega 3 ထုတ်နိုင်တဲ့ ငါးများကိုစားပေးခြင်း သို့မဟုတ် Omega 3 ထုတ်နိုင်တဲ့ ငါးများမှ ထုတ်လုပ်ထားသော ဆေးများကို သောက်ပေးခြင်းဖြင့် Omega 3 ကိုရရှိစေနိုင်ပါတယ်။

ဆိုတော့ မြန်မာလို ငါးကြီးဆီ လို့ ခေါ်တဲ့ Omega 3 ဆေးရဲ့ ကောင်းကျိုးတွေက ဘာတွေဖြစ်မလဲ။

👀မျက်စိအတွက်ကောင်းကျိုး

-ကိုယ်ဝန်ဆောင်မိခင်များတွင် Omega 3 ငါးကြီးဆီကိုသောက်သုံးခြင်းဖြင့် မွေးဖွားလာသော ရင်သွေးငယ်၏ မျက်စိအမြင်အာရုံဖွံဖြိုးမှုကို အထောက်အကူဖြစ်စေပါတယ်။

-လူကြီးများတွင် Omega 3 ငါးကြီးဆီကိုသောက်သုံးခြင်းဖြင့် macular degeneration dry eye syndrome တို့ကိုကာကွယ်ပေးပါတယ်။

🧠ဦးနှောက်အတွက် ကောင်းကျိုး

-Omega 3 ငါးကြီးဆီကို ကိုယ်ဝန်ဆောင်မိခင်များသောက်သုံးခြင်းဖြင့် ရင်သွေးငယ်၏ ဦးနှောက်နှင့် အမြင်အာရုံဖွံဖြိုးမှုကို တိုးတက်စေပါတယ်။

-နို့တိုက်မိခင်များတွင် သောက်သုံးခြင်းဖြင့် ကလေးငယ်၏ ညဏ်ရည်နှင့်သင်ကြားမှု စွမ်းရည်ကိုဖွံဖြိုး တိုးတက်စေပါတယ်။

-အရွယ်ရောက် ကလေးငယ်များအတွက် Omega 3 သောက်ပေးခြင်းဖြင့် ဉာဏ်ရည်ကို တိုးတက်စေနိုင်ပါတယ်။

-လူကြီးများအတွက် မှတ်ဉာဏ်အားကောင်းစေပြီ အသက်ကြီးပိုင်း ဖိုးဖိုးဖွားဖွားများအတွက်ကတော့ မှတ်ဉာဏ်အားဆုတ်ယုတ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

-Omega 3 ကို ပုံမှန်သောက်သုံးခြင်းဖြင့် ပျက်စီးသွားသောအာရုံကြောများ (nerves) များကိုအသစ်ပြန်လည်ဖြစ်စေပြီး အာရုံကြောနာကျင်ရောင်ရမ်းခြင်းများကိုလည်း သက်သာစေပါတယ်။

💪ခန္တာကိုယ်အတွက်ကောင်းကျိုး

-Omega 3 ငါးကြီးဆီကို သောက်သုံးခြင်းဖြင့် သွေးတွင်းမကောင်းသောအဆီများကို ဖယ်ရှားပေးပါတယ်။

-Omega 3 ကိုပုံမှန်သောက်သုံးခြင်းဖြင့် ကိုယ်အလေးချိန်တက်တာ ကျတာတွေကိုတော့မဖြစ်စေနိုင်ပါဘူး။ Weight Gain ဖြစ်ချင်တဲ့သူ Weight Loss ဖြစ်ချင်တဲ့သူတိုင်း ကိုယ်အလေးချိန်ကို ထိခိုက်မှုမရှိပဲ သောက်လို့ရပါတယ်။

-Omega 3 ငါးကြီးဆီကို သောက်သုံးခြင်းဖြင့် အရိုးအဆစ်နာကျင်ကိုက်ခဲမှု ရောဂါတွေနဲ့ လေးဘက်နာဝေဒနာရှင်တွေမှာ အဆစ်ရောင်ရမ်းမှု နံနက်အိပ်ယာထတောင့်တင်းမှု မလှုပ်ရှားနိုင်မှုတို့ကိုသက်သာစေပါတယ်။

-နှလုံးရောဂါရှိသူတွေမှာ Omega 3 ငါးကြီးဆီကိုသောက်သုံးခြင်း ဖြင့် သွေးတွင်းမကောင်းသော အဆီများကို ဖယ်ရှားပေးပြီး ရုတ်တရက် နှလုံးရပ်သေဆုံးခြင်း၊ နှလုံးခုန်မမှန်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။ သွေးပျစ်ခြင်း၊ သွေကြောကျဉ်းခြင်းတို့မှလဲကာကွယ်ပေးပါတယ်။

-ဆီးချိုရောဂါရှိသူများလည်း Omega 3 ငါးကြီးဆီကို ဆီးချိုဆေးနှင့်အတူတွဲဖက် သောက်သုံးနိုင်ပါတယ်။ ဆီးချိုကြောင့်ဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

-Omega 3ကို သွေးတိုးရောဂါရှိသူများလည်း သောက်သုံးနိုင်ပါတယ်။ သွေတိုးကြောင့်ဖြစ်တဲ့ နှလုံးရောဂါ၊ သွေကြောကျဉ်းရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပြီး သွေးပေါင်ပုံမှန်ရှိစေရန် ထိန်သိမ်းပေးပါတယ်။

-Omega 3ကိုသောက်သုံးခြင်းဖြင့် သွေးတွင်းမကောင်းသော အဆီများကို လျှော့နည်းစေတာကြောင့် အသည်းအဆီဖုံးလူနာများ အတွက်လည်းသောက်သုံးဖို့ ပိုမိုသင့်တော်ပါတယ်။

-အစာအိမ်ရောဂါရှိသူများလည်း သောက်သုံးနိုင်သလို အသည်းရောဂါရှိသူများလည်း အသည်းဆေးများနှင့် တွဲသောက်လို့ရပါတယ်။

-Omega 3 ဟာအသားအရည်ကိုကြည်လင်စေပြီး အရေပြားရောဂါများနှင့် နှင်းခူရောဂါတို့တွင် သမာရိုးကျဆေးများနှင့် တွဲဖက်သောက်သုံးနိုင်ပြီး ရောင်ရမ်းခြင်းနှင့်ဖျားနာခြင်း တို့ကိုလျင်မြန်စွာ သက်သာစေပါတယ်။

‼️သောက်သုံးရန်မသင့်သူများ မရှိသလောက်နည်းပေမယ့် ဓာတ်မတည့်တဲ့လက္ခဏာများဖြစ်တဲ့ မျက်နှာတွေနီလာတာ၊ ယားလာတာ၊ နှုတ်ခမ်းတွေထူလာတာတွေရှိရင်တော့ ဆက်မသောက်သင့်ပါဘူး။‼️

သြစီနိုင်ငံထုတ် Mega 3 တံဆိပ် chewable (for kid) နဲ့ နယူးဇီးလန်နိုင်ငံထုတ် Omega 3 တံဆိပ် အပြင် အခြားတံဆိပ်များပါ ရှိပါတယ်။

CRD #

18/09/2022

ဘာကြောင့် ကျွတ်ကျဲတာလဲ🤔

👉 ဆံပင် အပင် ၅၀ ကနေ ၁၀၀ ကြား နေ့စဥ် ကျွတ်တာက ပုံမှန်ပဲ ဖြစ်တယ်လို့ American Academy of Dermatologists တွေက ဆိုထားပါတယ်။

🥺ဆံပင်ကျွတ်တယ်ဆိုတာ ပုံမှန်ပဲ ဖြစ်ပေမယ့် ဆံကေသာကို ကိုင်လိုက်တာနဲ့ ဆံပင်ပါလာတယ်၊ ပုံမှန်ထက် ပိုပြီးဆံပင်ကျွတ်တယ်လို့ခံစားလာရရင်တော့ အောက်ပါ အကြောင်းအရင်းတစ်ခုခု ကြောင့် ဖြစ်နိုင်ပါတယ်နော်။

📌အိပ်ရေးပျက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း
📌အာဟာရ ညီညွတ်အောင် မစားသုံးခြင်း
📌ဦးရေပြားမှာရောဂါပိုးဝင်ခြင်း
📌မျိုးရိုးဗီဇကြောင့် ဆံပင်ကျွတ်ခြင်း
📌ဓါတုကုထုံးများကြောင့် ဆံပင်ကွက်ကျွတ်ခြင်း၊ထိပ်ပြောင်ခြင်း
📌သန္ဓေတားဆေးသောက်သုံးခြင်း
📌ကလေးမွေးဖွားခြင်း/ ကိုယ်ဝန်ဆောင်ခြင်း (ဟော်မုန်းမညီမျှခြင်း)
📌ရောဂါလက္ခဏာကြောင့်ဆံပင်ကျွတ်ခြင်း
📌 ဒါ့အပြင် မိမိသောက်သုံးနေတဲ့ဆေးတွေကလည်း ဆံပင်ကျွတ်စေတဲ့အကြောင်းအရင်းတစ်ခုလည်း ဖြစ်နိုင်ပါသေးတယ်။

👉 ဖော်ပြပါ အကြောင်းအရင်းများအပြင် အခြားသော ကျွတ်စေသည့် အကြောင်းအရင်းများရှိရင်လည်း မျှဝေပေးပါအုံး။

👉မိမိ အသိသူငယ်ချင်းတွေမှာ ပုံမှန်ထက် ဆံပင်ပိုကျွတ်တယ်လို့ ခံစားနေရတဲ့သူများရှိနေရင် ဘာကြောင့် ကျွတ်လဲဆိုတာကို Mention ခေါ်ပြီး မျှဝေပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

✅ဒါ့ကြောင့် Horsetail ပါဝင်တဲ့ Faciaကို တစ်နေ့နှစ်လုံးသောက်သုံးပြီး ကျန်းမာလှပတဲ့ ဆံကေသာကို ရယူပိုင်ဆိုင်လိုက်ပါ။

✅Facia မှာ ပါဝင်တဲ့ Horsetail ဟာဆိုရင် ဦးရေပြားအောက်ကို သွေးလည်ပတ်မှု ကောင်းစေတဲ့အတွက် ဆံပင်အရင်းအမြစ်ကို သန်စွမ်းစေပြီး ဆံပင်ကျွတ်ခြင်းကို သက်သာစေသည့် အပြင် ဆံပင်ဆံသားကို နက်မှောင်သန်စွမ်းစေပါတယ်။
#တမူထူးခြားသောသဘာ၀ရဲ့အလှဓာတ်စာ

18/09/2022

💊သင့်ရင်သွေးကျန်းမာဖွံ့ဖြိုးဉာဏ်ရည်ကောင်းဖို့ MEGA 3 ငါးကြီးဆီသောက်ကြစို့💊

💊Mega 3 တွင် Omega 3 ငါးကြီးဆီ 1000mg ပါဝင်ပြီး EPA 18% နှင့် DHA 12% ပါဝင်သည်။

💊ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်သော အဆီဓာတ်များဖြစ်သည့် EPA နှင့် DHA တို့ကို စားလိုက်သော အစာထဲမှရရှိနိုင်ပြီး ကိုယ်ခန္ဓာအတွင်းမှ ချက်လုပ်နိုင်ခြင်းမရှိပေ။

🍛နေ့စဉ်စားသုံးနေသော အစာထဲတွင် Omega 3 ငါးကြီးဆီကို လုံလောက်စွာမစားနိုင်ပါက Mega 3 ဆေးတောင့်ကို ဖြည့်စွက်စားသုံးသင့်ပါသည်။

🤰ကိုယ်ဝန်ဆောင်မိခင်များအတွက် Mega 3 သည် ရင်သွေးငယ်၏ ဦးနှောက်နှင့်အမြင်အာရုံ ဖွံ့ဖြိုးမှုကို တိုးတက်စေသည်။

🤰နေ့မစေ့လမစေ့မွေးခြင်းနှင့် ပေါင်မပြည့်သော ကလေးမွေးခြင်းကို ကာကွယ်ပေးသည်။

🤰နို့တိုက်မိခင်များအတွက် ကလေးငယ်၏ဉာဏ်ရည်နှင့် သင်ကြားမှုစွမ်းရည်ကို အထူးဖွံ့ဖြိုးတိုးတက်စေသည်။

💊ဒါကြောင့် Mega 3 ဟာ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအနေဖြင့် နေ့စဉ်ပုံမှန် သောက်သုံးသင့်သော Omega 3 ငါးကြီးဆီဖြစ်ပါသည်။

#ငါးကြီးဆီ

16/09/2022

EV-prim လား..❓ EV-O3 လား..❓

EV-prim နဲ့ EV-O3 နှစ်မျိုးလုံးကို မနက်၊ ညတစ်မျိုးစီ သောက်နေပေမဲ့ ဘယ်လိုတွေကွာခြားပြီး ဘာတွေကောင်းတယ် ဆိုတာကို တိတိကျကျသိချင်တဲ့ ချစ်တို့အတွက် ပြောပြပေးလိုက်ပါတယ်နော် ✨

💛 EV-prim 💛
****************
EV-prim က Epo လို့အတိုကောက်ခေါ်တဲ့ Evening Primrose Oil 1000 mg အဓိကပါဝင်ပြီး သဘာဝ Vitamin E 25 mg နဲ့ ပေါင်းစပ်ထားတဲ့ အမျိုးသမီးကျန်းမာရေးဖြည့်စွက်စာလေးပဲ ဖြစ်ပါတယ်နော်..။

EV-prim လေးက -

👉 အမျိုးသမီးများ လစဉ်ဓမ္မတာမလာခင် နဲ့ လာနေစဉ်မှာ ကြုံတွေ့ရတဲ့

- ခါးကိုက်၊ ဗိုက်အောင့်၊ ခေါင်းမူး၊ ရင်သားတင်းရင်းနာကျင်၊ ကိုယ်လက်မအီမသာ စတဲ့ ရုပ်ပိုင်းဆိုင်ရာဝေဒနာတွေကို သက်သာစေသလို

- စိတ်တို၊ စိတ်ဓါတ်ကျ၊ စိတ်ဖိစီးမှုများ၊ Mood Swing ဖြစ်၊ ပင်ပန်းနွမ်းနယ် စတဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကိုပါ သက်သာစေပါတယ်။

👉 သွေးဆုံးကိုင် ဝေဒနာများကိုပါ လျော့ပါးသက်သာစေပြီး သွေးဆုံးပြီးနောက်ပိုင်း နောက်ဆက်တွဲရောဂါတွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။

👉 ဟော်မုန်းတွေ ညီမျှနေအောင် ထိန်းညှိပေးလို့ အသားအရေကို ဝင်းဝါစိုပြေ တင်းရင်းစေပါတယ်။

👉 သားအိမ်အားကောင်းစေလို့ ကလေးရစေဖို့ အထောက်အကူပြုပေးပါတယ်။

ဘယ်သူတွေအဓိကရွေးချယ်သင့်လဲ..❓

📍ဓမ္မတာကြောင့် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်ကိုက်ခဲမှုများ မခံစားချင်သူတွေ၊ ရာသီစက်ဝန်း မှန်ကန်စွာ လည်ပတ်ချင်သူတွေ၊ ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံ၊ တင်းတိတ် နဲ့ ဆံပင်ကျွတ်လေ့ရှိသူတွေ နဲ့ သွေးဆုံးခါနီး အမျိုးသမီးတွေအနေနဲ့ အဓိကထား ရွေးချယ်သင့်တဲ့ ဖြည့်စွက်စာလေးပါနော်..။

💙 EV-O3 💙
****************
EV-O3 မှာ ခေါင်းအစခြေအဆုံး အလှတရားအတွက် သဘာဝ Vitamin E 400 iu အပြင် Wheat Germ Oil နဲ့ Omega 3 တို့ပါ ပေါင်းစပ်ပါဝင်တဲ့ အလှအပ နဲ့ ကျန်းမာရေး ဖြည့်စွက်စာလေးပဲ ဖြစ်ပါတယ်..။

EV-O3 လေးက -

🔹 အစွမ်းထက် Antioxidant ဖြစ်လို့ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမှ ကင်းဝေးစေတယ်။

🔹 နေလောင်ဒဏ်၊ ဝက်ခြံ၊ အမဲစက် နဲ့ အသားအရေပျက်စီးမှုကို လျော့ပါးသက်သာစေပြီး သဘာဝအတိုင်း ကြည်လင်စိုပြေစေတယ်။

🔹 ဆံကေသာကို နက်မှောင်သန်စွမ်းပြီး ဆံပင်ကျွတ်ခြင်း၊ ပါးခြင်းများကို လျော့ပါးစေတယ်။

🔹 ခြေသည်းလက်သည်း ကြွပ်ဆက်ကွဲအက်ခြင်းကိုသက်သာစေပြီး ကြည်လင်တောက်ပစေတယ်။

🔹 ကလေးရစေဖို့ အထောက်အကူပြုပေးတယ်။

🔹 ကင်ဆာရောဂါ၊ နှလုံးရောဂါ နဲ့ အခြားနာတာရှည်ရောဂါများ ဖြစ်နိုင်ချေကို လျှော့ချပေးတယ်။

🔹 မျက်စိအမြင်အာရုံ နဲ့ မှတ်ဉာဏ်အားကို ကောင်းမွန်စေတယ်။

ဘယ်သူတွေအဓိကရွေးချယ်သင့်လဲ..❓

📍 ခေါင်းအစခြေအဆုံး အသားအရေ၊ ဆံကေသာ နဲ့ ခြေသည်းလက်သည်းတို့ရဲ့ အလှအပကို ဂရုစိုက်ထိန်းသိမ်းချင်သူတွေ၊ တစ်နေ့တာလိုအပ်တဲ့ Vitamin E ဓါတ်ကို ဖြည့်တင်းပေးပြီး ကျန်းမာလှပလိုသူ အမျိုးသား၊ အမျိုးသမီးတိုင်း အဓိကထား ရွေးချယ်သင့်တဲ့ ဖြည့်စွက်စာလေးပါနော်..။

ကဲ...
EV-O3 လေးကို ရွေးချယ်မှာလား?
EV-prim လေးကို ရွေးချယ်မှာလား​?
အနှစ်သက်ဆုံးလေးက ဘယ်တစ်ခုလဲ ဆိုတာကို ပြောပြပေးခဲ့ပါဦးနော် 🥰💛💙

[ နှစ်မျိုးလုံးသောက်မယ်ဆိုရင်လည်း တွဲသောက်နိုင်သလို မနက် နဲ့ ည အချိန်လေး ခွဲပြီးတော့လည်း သောက်သုံးနိုင်ပါတယ်။ ]

✅ FDA ထောက်ခံချက်ရရှိပြီး ✅

Want your business to be the top-listed Health & Beauty Business in Tachileik?
Click here to claim your Sponsored Listing.

Videos (show all)

ဈေးရောင်း ပါးတယ် ရေ က တက်တယ် ဘယ်ကုမ္ပဏီ မှ အကြွေး လာ မတောင်းနက်

Telephone

Website

Address


Tachileik

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 09:00 - 17:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Other Pharmacies / Drugstores in Tachileik (show all)
BBB Pharmacy BBB Pharmacy
Tachileik
Tachileik

Pharmacy in Tachileik, Eastern Shan State, Myanmar.

Shwe Pyae Eain Shwe Pyae Eain
Tachileik

Pharmacy and Clinic Tachileik

Cherry Pharmacy Cherry Pharmacy
Tachileik

จำหน่ายยา อุปกรณ์การแพทย์ บริการฉีดวัคซีน ให้คำปรึกษาเรื่องยา

All kinds of pharmacies  ราค่าถูก สุดคุ่ม สำหรับทุกคน All kinds of pharmacies ราค่าถูก สุดคุ่ม สำหรับทุกคน
ท่าขี้เหล็ก
Tachileik

All kinds of pharmacies ราค่าถูก สุดคุ่ม สำหรับทุกคน สนใจสอบถามก่อนจะซื้อ

Mun Mun Store Mun Mun Store
De Par Kyaw Plaza
Tachileik, 113

Do your best!