Aung Tha Pyay Health & Vaccination Centre

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Tha Pyay Health & Vaccination Centre, Pharmacy / Drugstore, A3, Dhamma Dar Na Street, Nat Chaung District, Tamwe.

20/11/2023

အသည်းရောင်အသားဝါရောဂါ ကိုကာကွယ်ကြမယ် …👨‍⚕️💉💉

အသည်းရောင်အသားဝါရောဂါဆိုတာ ရောဂါပိုးရှိသူနဲ့ထိတွေ့မိရင် အလွယ်တကူကူးစက်နိုင်တဲ့ရောဂါပါနော် …🦠

အသည်းရောင်အသားဝါရောဂါဟာ အသည်းကင်ဆာ အထိအဆင့်တိုးကာဖြစ်ပွါးစေနိုင်တဲ့ရောဂါဆိုးလည်းဖြစ်ပါတယ် …😥

📌ကျွန်တော်တို့ အောင်သပြေမှာတော့ အသည်းရောင်အသားဝါ A ပိုးကာကွယ်ဆေးနဲ့ B ပိုးကာကွယ်ဆေးများကိုထိုးနှံနိုင်ပါတယ် …

*******************
▪️အသည်းရောင်အသားဝါ A ရောဂါ ပုံမှန်အားဖြင့် အစာသွင်းတဲ့လမ်းကြောင်းနှင့် စအိုလမ်းကြောင်းမှ ပြန့်ပွါးကူးစက်တဲ့ရောဂါဖြစ်ပါတယ်။

▪️ပိုးရှိနေသည့် အစားအစာ၊ သောက်သုံးရေ နဲ့ ပိုးရှိသူနဲ့တိုက်ရိုက်ထိတွေ့ခြင်းကနေကူးစက်ခြင်းဖြစ်ပါတယ်။

******************
▪️အသည်းရောင်အသားဝါ B ပိုးရောဂါကတော့ ရောဂါရှိသူရဲ့ သွေး၊တံတွေး တို့နဲ့ မိမိကိုယ်မှာ ထိခိုက်ပွန်းပဲ့ထားသောအနာများနဲ့တိုက်ရိုက်ထိတွေ့ခြင်း၊ နှာချေ၊ချောင်းဆိုးခြင်း၊ ရေချိုးခန်း၊ အိမ်သာ တွဲသုံးခြင်း၊ ပွေ့ဖက်ခြင်း၊ မိခင်မှကလေးနို့တိုက်ခြင်း၊ အကာကွယ်မဲ့ လိင်ဆက်ဆံခြင်းတို့မှ ကူးစက်နိုင်ပါတယ်။

*****************
ကာကွယ်ဆေးစျေးနှုန်းများ

📌အသည်းရောင်အသားဝါ A ပိုးကာကွယ်ဆေး(ကလေး)(HepatitisA)(AVAXIM 80U)- 120,000 ks

📌အသည်းရောင်အသားဝါ A ပိုးကာကွယ်ဆေး(လူကြီး) (Hepatits A)(
160U)- 180,000 ks

📌အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေး Hepatitis B - 20,000 ks

ဒါကြောင့် အသည်းရောင်အသားဝါရောဂါများကိုကာကွယ်ဖို့စိတ်ချရတဲ့ အောင်သပြေ ဆေးခန်းကိုရွေးချယ်ကြစို့နော် …👨‍⚕️💉

✅အောင်သပြေဆေးခန်း လိပ်စာ : တာ​​မွေမြို့နယ်,နတ်​ချောင်းရပ်ကွက်, ကမ်းနားလမ်း,တိုက် B, ​မြေညီထပ်,​အောင်သ​​​ပြေ​ဆေးခန်း။

✅ဆက်သွယ်ရန် : 09767976738

16/11/2023

ရောဂါအမျိုးမျိုးကြိုတင်ကာကွယ်ဖို့”အောင်သပြေ” မှာကာကွယ်ဆေးထိုးကြပါစို့…💉💉

🔺စျေးနှုန်းများအသေးစိတ်ပုံတွင်ဖော်ပြပေးထားပါတယ်။

ရောဂါတွေဆိုတာ ကိုယ်ခံအားနည်းနေသော ခန္ဓာကိုယ်ထဲကို ဘယ်အချိန်၊ ဘယ်ရာသီမဆိုအချိန်မရွေးဝင်ရောက်လာနိုင်ပါတယ်နော် …😥

ဒါကြောင့် ကြိုတင်ကာကွယ်မှုတွေလုပ်ထားဖို့လိုပါတယ်…🛡️

ဒီလိုမျိုးစိတ်ချရအောင်ကာကွယ်ချင်ပြီဆိုရင်တော့ စိတ်ချရသောကာကွယ်ဆေးများကိုသာထိုးနှံပေးတဲ့ အောင်သပြေ ဆေးခန်းကိုသတိရလိုက်ပါနော် …🤗💉💉

ကျွမ်းကျင်သော ဝါရင့်ဆရာဝန်ကြီးများနဲ့ ထိုးနှံလိုသောကာကွယ်ဆေးနှင့်ပက်သက်သမျှကိုအသေးစိတ်ဆွေးနွေးတိုင်ပင်ကာ ထိုးနှံနိုင်သောဝန်ဆောင်မှုများကိုလည်းရရှိနိုင်ပါတယ်👨‍⚕️

▪️အောင်သပြေ ဆေးခန်းမှာ လူပေါင်း (၁၀၀၀၀) ကျော်ကိုလည်းကာကွယ်ဆေးများထိုးနှံပေးပြီးဖြစ်ပါတယ် …🤩

▪️ကျောင်းများ၊ အသင်း၊ အဖွဲ့အစည်းများ၊ Agency များအနေနဲ့လည်း ကာကွယ်ဆေးများထိုးနှံလိုပါက အထူးအစီအစဉ်များဖြင့်လာရောက်ထိုးနှံပေးလျက်ရှိပါတယ်။

▪️နိုင်ငံခြား၊ ပြည်ပသွားမယ့်သူများအတွက်ကာကွယ်ဆေးနဲ့ပက်သက်သမျှအားလုံးကိုတစ်နေရာတည်းမှာ ဆေးစစ်ခြင်းကစလိို့လိုအပ်သမျှကိုလည်း One Stop Service များဖြင့်ရယူနိုင်ပါတယ်။

🔺ကာကွယ်ဆေးများထိုးနှံပြီးပါကလည်း နိုင်ငံတကာအသိအမှတ်ပြု Vaccination Certificate ကို ချက်ချင်းထုတ်ပေးပါတယ်။

▪️ကိုဗစ်ကာကွယ်ဆေးအပါအဝင်အခြားသောကာကွယ်ဆေးများအားလုံးအတွက်သိလိုသမျှကိုလည်းအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

▪️ ကာကွယ်ဆေးများကိုသတ်မှတ်ထားသော Cold Chain Box များနဲ့ 24 နာရီလျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန်အတွက်သေချာစီစဉ်ထားရှိပါတယ်။

ဒါကြောင့် WHO ရဲ့သတ်မှတ်ချက်အတိုင်းစနစ်တကျသိမ်းဆည်းထားရှိကာ အရည်အသွေးမြင့်ကာကွယ်ဆေးများကိုထိုးနှံဖို့ရာအတွက် အောင်သပြေ ဆေးခန်းမှဆရာဝန်ကြီးများနဲ့ သူနာပြုများမှနွေးထွေးစွာဝန်ဆောင်မှုပေးဖို့ကြိုဆိုလျက်ပါခင်ဗျာ ….🤗💕

✅အောင်သပြေဆေးခန်း လိပ်စာ : တာ​​မွေမြို့နယ်,နတ်​ချောင်းရပ်ကွက်, ကမ်းနားလမ်း,တိုက် B, ​မြေညီထပ်,​အောင်သ​​​ပြေ​ဆေးခန်း။

✅ဆက်သွယ်ရန် : 09767976738

12/11/2023

🎊 Happy Deepavali Day 🎊

ပျော်ရွှင်စရာ ဒီဝါလီနေ့အချိန်အခါလေးဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ ….🙏

11/11/2023

ငြိမ်နေပေမယ့်ပေါ့ဆလို့မရတဲ့ကိုဗစ်အန္တရာယ် …‼️‼️

ကိုဗစ်ကပ်ရောဂါဆိုးကြီးဟာ မြန်မာပြည်သူလူထုကိုဒုက္ခပေးခဲ့သော ကပ်ရောဂါဆိုးကြီးပါနော် ….🦠🦠

ခုဆိုရင် သူ့ရဲ့အင်အားဟာအတော်အတန်လျော့နည်းလာပြီဆိုပေမယ့် ကိုယ့်ဘက်ကနေအပြည့်အဝကာကွယ်မှုတွေလုပ်ထားဖို့လိုပါတယ်…💉💉

ကိုဗစ်ရောဂါကိုအဓိကတွန်းလှန်ကာကွယ်နိုင်မယ့် လက်နက်ကတော့ ကာကွယ်ဆေးသေချာထိုးနှံခြင်းပဲဖြစ်ပါတယ်…💉‼️

📌ကာကွယ်ဆေးတစ်ကြိမ်မှမထိုးနှံရသေးတဲ့သူများအနေနဲ့လည်း ကိုဗစ်ကာကွယ်ဆေးကိုအကြိမ်ပြည့်ထိုးနှံထားဖို့လိုပါတယ်နော်။

📌ကာကွယ်ဆေးထိုးနှံပြီးထားသူများအနေနဲ့လည်း Booster Dose ကိုလည်း (၆) လတစ်ကြိမ်ပုံမှန်ထိုးနေသင့်ပါတယ်။

📌ကိုယ်ခံအားနည်းတဲ့သူများ၊ သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများ၊ ကလေးငယ်လေးများအနေနဲ့ ကိုဗစ်ရောဂါကိုပိုမိုပြီးကာကွယ်ထားကြသင့်ပါတယ်။

🔺ကိုဗစ်ကာကွယ်ဆေးရဲ့ ထပ်ဆောင်းအားဖြည့် Booster ကိုထပ်မံထိုးနှံဖို့အချိန်ကျရောက်နေမယ့် တကယ်တမ်း Booster ထိုးနှုန်းက ၁၇% ပဲရှိပါတယ်။

ထိုးနှံသင့်တဲ့ ကိုဗစ်ကာကွယ်ဆေး Booster Dose အမျိုးအစားများကတော့-
▪️Covishield
▪️Sinopharm
▪️Sinovac
▪️Moderna Bivalent Booster
▪️Pfizer Bivalent Booster တို့ဖြစ်ပါတယ်။

ဒါကြောင့် တစ်ချိန်ကနှိပ်စက်ခဲ့တဲ့ကပ်ရောဂါဆိုးကို မမေ့မလျော့ ထိထိရောက်ရောက်ကာကွယ်ကြဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ…💉💉

ကိုဗစ်ကာကွယ်ဆေးထိုးခြင်းနဲ့ပက်သက်သောအကြောင်းအရာများကိုအသေးစိတ်မေးမြန်းဆွေးနွေးလိုပါက အောင်သပြေဆေးခန်းသို့ဆက်သွယ်နိုင်ပါတယ်…👨‍⚕️

✅အောင်သပြေဆေးခန်း လိပ်စာ : တာ​​မွေမြို့နယ်,နတ်​ချောင်းရပ်ကွက်, ကမ်းနားလမ်း,တိုက် B, ​မြေညီထပ်,​အောင်သ​​​ပြေ​ဆေးခန်း။

✅ဆက်သွယ်ရန် : 09767976738

05/11/2023

အရည်အသွေးပြည့်ဝသောကာကွယ်ဆေးများကိုသာထိုးနှံလိုပါသလား …❓❓

ကာကွယ်ဆေးထိုးနှံခြင်းဆိုတာ ရောဂါဆိုးများကိုကြိုတင်ကာကွယ်နိုင်မယ့်အထိရောက်ဆုံးလက်နက်ဖြစ်တာကြောင့် အရည်အသွေးပြည့်ဝသောကာကွယ်ဆေးများကိုထိုးနှံမှသာ ပိုပြီးထိရောက်မှုရှိမှာပါ…✅

ဒါကြောင့်စိတ်ချရသောကာကွယ်ဆေးများအတွက်ဆိုရင်တော့ အောင်သပြေဆေးခန်း ကိုလာရောက်ထိုးနှံဖို့ဖိတ်ခေါ်ပါရစေ…💉💉

🔺ကာကွယ်ဆေးများကိုလည်းအထူးသက်သာသောနှုန်းထားများနဲ့ထိုးနှံပေးနေတာမို့ အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အောင်သပြေ ဆေးခန်းမှာဆိုရင် :

📌WHO အသိမှတ်ပြုသောကာကာကွယ်ဆေးများကိုသာထိုးနှံပါတယ်။

📌ကာကွယ်ဆေးများကိုသတ်မှတ်ထားသော Cold Chain Box များနဲ့ 24 နာရီလျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန်အတွက်သေချာစီစဉ်ထားရှိပါတယ်။

📌သွားလာရခက်ခဲသက်ကြီးရွယ်အိုများ၊ ကလေးငယ်များအတွက်လည်း အိမ်အရောက်ထိုးနှံပေးသော Home Service အစီအစဉ်များရှိပါတယ်။

📌နိုင်ငံခြားသွားရန်အတွက်လည်း လိုအပ်သမျှ ကျန်းမာရေးဝန်ဆောင်မှုများကို One Stop Service ဖြင့် တစ်နေရာတည်းမှာရရှိနိုင်ပါတယ်။

📌နိုင်ငံခြားသွားရန်လိုအပ်သောကာကွယ်ဆေးများထိုးခြင်းနှင့်ပက်သက်သမျှကိုလည်းအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

📌Agency များထိုးနှံလိုပါကလည်းအထူးအစီအစဉ်များဖြင့်ထိုးနှံပေးနေပါတယ်။

📌ကာကွယ်ဆေးထိုးခြင်းနဲ့ပက်သက်သမျှ Before and After care များကိုလည်းဂရုတစိုက်ပြုလုပ်ညွှန်ကြားပေးပါတယ်။

🔺ကာကွယ်ဆေးများထိုးနှံပြီးပါကလည်း နိုင်ငံတကာအသိအမှတ်ပြု Vaccination Certificate ကို ချက်ခင်းထုတ်ပေးပါတယ်။
🔺နိုတြီပြန်ပြီးသား Soft Copy PDF File များနဲ့ပါထုတ်ပေးတာမို့ဘယ်နေရာသွားသွားအလွယ်တကူသယ်သွားနိုင်မှာပါနော်။

▫️သန့်ရှင်းသပ်ရပ်သောဆေးခန်းနေရာ၊ နွေးထွေးပျူငှါသောသူနာပြုများ၊ ကျွမ်းကျင်သောဝါရင့်ဆရာဝန်ကြီးများနဲ့ စိတ်ချရသောကာကွယ်ဆေးများထိုးနှံလိုပါက အောင်သပြေ ဆေးခန်း လူကြီးတို့အတွက်အသင့်ရှိနေပါတယ်…👩‍⚕️

✅အောင်သပြေဆေးခန်း လိပ်စာ : တာ​​မွေမြို့နယ်,နတ်​ချောင်းရပ်ကွက်, ကမ်းနားလမ်း,တိုက် B, ​မြေညီထပ်,​အောင်သ​​​ပြေ​ဆေးခန်း။

✅ဆက်သွယ်ရန် : 09767976738

19/10/2023

🌟သားအိမ်ခေါင်းကင်ဆာမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ 🌟

သားအိမ်ခေါင်းကင်ဆာဆိုတာဘယ်လိုရောဂါမျိုးလဲ ❓❓

👉အမျိုးသမီးတွေရဲ့သားအိမ်ထိပ်ဝ ထူထူလုံးလုံးလေးလေးဖြစ်နေတဲ့နေရာကို "သားအိမ်ခေါင်း"လို့ခေါ်ပါတယ်။ "သားအိမ်ခေါင်းကင်ဆာ"ဆိုတာအဲ့နေရာမှာရှိတဲ့ဆဲလ်လေးတွေ ပုံမှန်မဟုတ်တဲ့ကြီးထွားမှုနူန်းနဲ့ကြီးထွားလာပြီး
အလုံး၊ အကျိတ်၊ အဖု၊ အနာတွေဖြစ်လာတာကိုခေါ်တာပါနော်။

သားအိမ်ခေါင်းကင်ဆာဘာကြောင့်ဖြစ်ရတာလဲ??

👉 သားအိမ်ခေါင်းကင်ဆာ အဓိကဖြစ်ရတဲ့အကြောင်းရင်းက ကြွက်နို့ဗိုင်းရပ်စ် HPV(Human Papilloma Virus) ကြောင့်ပါ။ ဒီဗိုင်းရပ်စ်ပိုးက ၁၂၀ ကျော်ရှိတဲ့ထဲမှ ၁၆ နဲ့၁၈ အမျိုးအစားက ကင်ဆာကိုဖြစ်စေတဲ့မျိုးကွဲတွေပါ။

ဘယ်လိုအမျိုးသမီးတွေကူးစက်နိုင်ချေပိုရှိလဲ??

☑ အရွယ်ရောက်ပြီး လိင်ဆက်ဆံမူရှိပြီးတဲ့အမျိုးသမီးတိုင်းမှာ ကြွက်နို့ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ချေရှိပါတယ်။

ဒါကြောင့် :

☑ လိင်ဆက်ဆံမူများတဲ့အမျိုးသမီးတွေ
☑ ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ပြုပြီး ကလေးမွေးထားတဲ့အမျိုးသမီးတွေ
☑ ကလေးအများကြီးမွေးထားတဲ့အမျိုးသမီးတွေ
စသည့်အချက်တွေနဲ့ကိုက်ညီမူရှိတဲ့အမျိုးသမီးတွေကတော့ကူးစက်နိုင်ချေပိုများပါတယ်✋

❗နောက်တစ်ခုကကိုယ်ဝန်ဆောင်ထားတဲ့အမျိုးသမီးကကိုယ်ဝန်ဆောင်ထားလျက်နဲ့ DES (Diethylstilbestrol) ဆိုတဲ့ဟော်မုန်းထိတွေ့မိတဲ့အခါ မွေးလာတဲ့ကလေးမှာ"သားအိမ်ခေါင်းကင်ဆာ"ဖြစ်နိုင်ချေပိုများပါတယ်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကိုဘယ်အရွယ်မှာစပြီးထိုးလို့ရလဲ❓❓

✅ အသက်(၉)နှစ်မှစပြီးထိုးနိုင်ပါတယ်။ လိင်ဆက်ဆံမူမရှိသေးတဲ့အရွယ်အသက်(၉)နစ်မှ(၁၄)နှစ်အတွင်းထိုးခြင်းကအထိရောက်ဆုံးဖြစ်ပါတယ်။

✅ အသက်(၉)နှစ်နှစ်ကျော်ပြီး လိင်ဆက်ဆံမူတခါမှမရှိဖူးသေးတဲ့အမျိုးသမီးများလည်းကာကွယ်ဆေးထိုးနှံနိုင်ပါတယ်။

✅ အိမ်ထောင်သည်အမျိုးသမီးများ(သို့မဟုတ်) လိင်ဆက်ဆံမူရှိပြီးသား အမျိုးသမီးများအနေဖြင့် ကာကွယ်ဆေးမထိုးမှီ သားအိမ်ခေါင်းချွဲမြှေး(Pep semar) ကိုအရင်စစ်ဆေးပြီးမှထိုးနှံသင့်ပါတယ်။

သားအိမ်ခေါင်ကင်ဆာကာကွယ်ဆေးထိုးထားရင်ကင်ဆာဖြစ်မှုနူန်းကိုဘယ်လောက်ထိကာကွယ်ပေးနိုင်လဲ❓❓

လေ့လာတွေ့ရှိချက်အရ သားအိမ်ခေါင်းကင်ဆာ မဖြစ်ခင်အကြိုအဆင့်ကိုတောင် 94.2 ရာခိုင်နူန်းအထိကာကွယ်ပေးနိုင်တာကိုတွေ့ရှိရပါတယ်။

▪️Gardasil 9 One Dose : 440,000 ks

▪️Gardasil 4 One Dose : 90,000 ks

(ယခုသီတင်းကျွတ်အထူးပရိုမိုးရှင်းအနေနဲ့ ကာကွယ်ဆေးအားလုံးကို 20% Off Discount ရရှိနိုင်ပါတယ်)

📌 ရွှေသပြေ မှာသားဖွားမီးယပ်ဆရာဝန်ကြီးများကိုယ်တိုင်သေချာဆွေးနွေးတိုင်ပင်ပြီး ဆေးထိုးနှံပေးတာဖြစ်တာကြောင့် စိတ်ချယုံကြည်စွာလာရောက်ထိုးနှံနိုင်ပါတယ်ရှင့် ❤️

သားအိမ်ခေါင်းကင်ဆာရောဂါ အကြောင်းကိုသိရှိပြီး အမျိုးသမီးတိုင်း သားအိမ်ခေါင်းကင်ဆာရောဂါ အန္တရာယ်ဆိုးမှ ကင်းဝေးနိုင်ကြပါစေနော် ❤

ရွှေသပြေ ဆေးခန်းဖုန်းနံပါတ်- 09 767976738

15/10/2023

ဆီကြော်စာတွေအစားများရင် ဘာတွေဖြစ်နိုင်လဲ …❓❓

📌လူတော်တော်များများက ကြော်ထားတဲ့အရာတွေစားသုံးရတာကိုခံတွင်းတွေ့ကြပါတယ်။ ဆီနဲ့ကြော်ထားတဲ့အစားအစာတွေဟာ ကယ်လိုရီပါဝင်မှုများသလို အသွင်ပြောင်းအဆီတွေပါဝင်မှုလည်းများပါတယ်။ ဒါကြောင့်ဆီနဲ့ကြော်ထားတဲ့အစားအစာတွေစားခြင်းဟာ ကျန်းမာရေးကိုထိခိုက်နိုင်တဲ့အတိုင်းအတာတော်တော်လေးများပါတယ်။

📌ဆီကြော်စာတွေစားသုံးခြင်းဟာ နာတာရှည်ရောဂါဖြစ်နိုင်ချေ ပုံမှန်ထက်ပိုများတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဆီကြော်စာတွေစားသုံးခြင်းကြောင့် ဒီရောဂါတွေခံစားရနိုင်ပါတယ်။

☑️နှလုံးရောဂါ

ဆီကြော်စာတွေစားသုံးခြင်းက သွေးပေါင်ချိန်ကိုတက်စေနိုင်ပြီး အကျိုးပြုကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပါတယ်။ ဒီအခြေအနေကနှလုံးရောဂါ ဖြစ်စေဖို့အတွက်အကောင်းဆုံးတွန်းအားပေးနေတာပါ။ ဆီကြော်မုန့်တွေက ရုတ်တရက်နှလုံးရပ်ခြင်းကိုလည်းပိုများစေနိုင်ပါတယ်။

☑️အမျိုးအစား(၂)ဆီးချိုရောဂါ

လေ့လာချက်တွေအရဆီကြော်စာစားသုံးခြင်းကအမျိုးအစား (၂)ဆီးချိုရောဂါဖြစ်နိုင်ခြေကိုတိုးစေတယ်လို့လေ့လာတွေ့ရှိရပါတယ်။ တစ်ပတ်ကိုနှစ်ကြိမ်ထက်ပိုပြီးဆီကြော်စာစားသုံးခြင်းက အင်ဆူလင်တိုးခြင်းကိုပိုမိုခံစားရနိုင်ပါတယ်။

☑️အဝလွန်ခြင်း

ကြော်ထားတဲ့အစားအစာတွေကအခြားအစားအစာတွေထက် ကယ်လိုရီပါဝင်မှုပိုများပါတယ်။ ကယ်လိုရီပါဝင်မှုပိုများတဲ့ အစားအစာတွေစားသုံးခြင်း၊ အသွင်ပြောင်းအဆီတွေစားသုံးခြင်းဟာ ဗိုက်အဆီတက်စေနိုင်သလို
ကိုယ်အလေးချိန်လည်းတက်လာစေနိုင်ပါတယ်။

☑️အသည်းအဆီဖုံးခြင်း

ဆီတွေပြည့်ဝနေအောင်ကြော်ထားတဲ့ဆီကြော်တွေကို အစဉ်အမြဲစားသုံးမယ်ဆိုရင် အသည်းအဆီဖုံးခြင်းကိုပါဖြစ်လာစေနိုင်ပါတယ်။

ဒါကြောင့် ဆီတွေအများကြီးနဲ့ Deep Fry ကြော်ထားတဲ့ အစားအစာတွေကိုတတ်နိုင်သမျှရှောင်ကျဉ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားစာများကိုသာရွေးချယ်စားသောက်ကြဖို့အကြံပြုပါရစေ …💕

ရွှေသပြေ ကနေမျှဝေပေးတဲ့အကြောင်းအရာကိုသိရှိပြီး ဆီကြော်စာတွေစားခြင်းကိုအတတ်နိုင်ဆုံးရှောင်ကြဉ်နိုင်ကြကာ ကျန်းမာအလှတိုးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။🥰

ရွှေသပြေ သို့ဆက်သွယ်ရန် : 09767976738

08/10/2023

မျက်စိ ကျန်းမာရေးအတွက်ဘာတွေလုပ်ဖို့လိုအပ်လဲ …❓❓

မျက်လုံးဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးမှာအရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုဆိုလည်းမမှားပါဘူး …‼️

အနူးညံ့ဆုံးအစိတ်အပိုင်းဆိုလည်းမမှားပါဘူးနော်…‼️

ဒါကြောင့်ကိုယ့်ရဲ့နုနယ်တဲ့ မျက်လုံးလေးတွေကိုမထိခိုက်စေဖို့ ဘယ်လိုလေးတွေ ဂရုစိုက်ပေးရမလဲဆိုတာကို ရွှေသပြေမှမျှဝေပေးသွားပါမယ်နော် …🤗

▪️အသီးအရွက် နဲ့ အာဟာရ ဖြစ်တာတွေ များများ စားပါ

မျက်လုံးကျန်းမာရေးအတွက်ဆို ဗီတာမင် A ကြွယ်ဝတဲ့ မုန်လာဥနီ၊ မြင်းခွာရွက်၊ ဟင်းနုနွယ်တို့ကို စားပေးဖို့လိုအပ်ပါတယ်။

▪️ ဆေးလိပ် ဖြတ်ပါ

ဆေးလိပ်ကြောင့် အမြင်အာရုံကြော ထိခိုက်သွားပြီး acular degeneration ဆိုတဲ့ အမြင်အာရုံ ချို့တဲ့တဲ့ ရောဂါ ရနိုင်သလို ဆေးလိပ်သောက်သူတွေက အတွင်းတိမ် ဖြစ်ဖို့ အလားအလာ ပိုများနိုင်ပါတယ်။

▪️နေကာမျက်မှန် တပ်ပါ

မျက်စိကို နေရောင်ခြည် တိုက်ရိုက် ထိတွေ့နေရတဲ့ အလုပ်ခွင်တွေမှာ နေရသူတွေ၊ ဘာကြောင့်ပဲဖြစ်ဖြစ် နေပူထဲ ထွက်ရတဲ့အခါ နေကာမျက်မှန်တပ်သင့်ပါတယ်။နေရောင် ထဲမှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေအတွက် သာမက မျက်လုံး ကိုပါ ဒုက္ခပေးနိုင်တဲ့အတွက် အမြင်အာရုံကို ပျက်စီးစေတဲ့အထိ ကြောက်စရာကောင်းပါတယ်။

▪️ အန္တရာယ်ရှိတဲ့ အလုပ်ခွင်ထဲ ရောက်နေရင် မျက်စိ အကာအကွယ် ဝတ်ထားပါ

ဂဟေ ဆော်တဲ့ အလုပ်၊ ဓာတုပစ္စည်း တွေနဲ့ ထိတွေ့နေရတဲ့ အလုပ်၊ မျက်လုံး ထဲ အမှုန်အမွှားတွေ ဝင်နိုင်တဲ့ အလုပ်တွေ လုပ်နေရတဲ့သူတွေဆို ကြိုပြီး သတိရှိရှိနဲ့ မျက်လုံး အကာအကွယ် တပ်ဆင်ထားဖို့ အရေးကြီးပါတယ်။

▪️ကွန်ပျူုတာ၊ ဖုန်း တို့ကို အကြာကြီး မကြည့်ပါနဲ့

နည်းပညာတွေတိုးတက်လာတဲ့ခေတ်မှာ ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ကင်းနိုင်သူတော့ရှိကြမယ်မထင်ပါဘူးနော်။ ဒါပေမယ့်မျက်စိကိုမထိခိုက်စေဖို့အကြာကြီးကြည့်တာ၊ ဆက်တိုက်ကြည့်တာမျိုးမလုပ်ဘဲ ဆင်ခြင်သင့်ပါတယ်။

▪️မျက်စိ ကျန်းမာရေး ပုံမှန် စစ်ဆေးပါ

မျက်မှန်ပါဝါတိုးသင့်ပြီလား၊ မျက်စိတွေမှုန်နေပြီလား၊ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့မျကိစိကျန်းမာရေးအတွက်ပုံမှန် စစ်ဆေးနေသင့်ပါတယ်။

ကျန်းမာတဲ့မျက်လုံးလေးတွေပိုင်ဆိုင်နိုင်ဖို့ဆိုရင်တော့ ယခုဖော်ပြပေးခဲ့တဲ့အချက်လေးတွေကိုဂရုတစိုက် လိုက်နာပေးသင့်ပါတယ်နော်….👀👀

ကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ….❤️

ရွှေသပြေ ဆေးခန်းလိပ်စာ : A3၊ ဓမ္မဒါနလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်။

04/10/2023

Yellow Fever အကြောင်းသိကောင်းစရာ …🔰🔰

▪️Yellow Fever ကာကွယ်ဆေးကိုမြန်မာနိုင်ငံမှာဆိုရင်တော့ နိုင်ငံရပ်ခြားသို့အလုပ်သွားလုပ်မယ့် သင်္ဘောသားများမဖြစ်မနေထိုးကြရပါတယ်။

ဒါကြောင့် Yellow Fever ကာကွယ်ဆေးနဲ့ပက်သက်တဲ့အကြောင်းအရာ များကိုမျှဝေပေးလိုက်ပါတယ်ခင်ဗျာ…🤗

▪️Yellow Fever ကာကွယ်ဆေးကိုဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ Yellow Fever ခေါ် အသားဝါရောဂါတစ်မျိုး ကူးစက်ခံရခြင်းမှ ကာကွယ်ဖို့အတွက် အသုံးပြုပါတယ်။

▪️ Yellow Fever ကာကွယ်ဆေးကိုအရေပြားအောက် အဆီပြင်ထဲသို့မဟုတ် ကြွက်သားထဲထိုးနှံရတာဖြစ်ပါတယ်။

▪️ခန္ဓာကိုယ်ထဲသို့ထိုးသွင်းရတဲ့ဆေးဖြစ်တာကြောင့် Side Effect အနည်းနဲ့အများရှိနိုင်ပါတယ်။ဒါကြောင့်အကယ်လို့ကာကွယ်ဆေးထိုးပြီးချိန်မှာအောက်ပါလက္ခဏာတွေရှိလာရင် ဆရာဝန်ဆီအမြန်ဆုံးပြသပြီးကုသမှုခံယူသင့်ပါတယ်။

🔺ဆိုးဆိုးဝါးဝါး ကြွက်သားနာကျင်ခြင်းသို့မဟုတ် ခေါင်းကိုက်ခြင်း
🔺အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း
🔺အသက်ရှူရခက်ခြင်း
🔺အသည်းပျက်စီးသည့်လက္ခဏာများ – ဆီးအရောင်ရင့်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ အစာအိမ်အောင့်ခြင်း၊ ဝမ်းအရောင်ဖျော့ဖျော့သွားခြင်း၊ မျက်စိဝါခြင်း၊ အသားဝါခြင်း
🔺အကြောင်းရင်းမရှိဘဲအညိုမဲစွဲခြင်း၊ သွေးယိုခြင်း
🔺ကျောက်ကပ်ပျက်စီးသည့်လက္ခဏာများ – ဆီးမသွားနိုင်ခြင်း၊ သွားနေကျ ဆီးပမာဏပြောင်းလဲခြင်း

▪️Yellow Fever ကာကွယ်ဆေးမထိုးခင် လတ်တလောထိုးထားတဲ့ ကာကွယ်ဆေးတွေအကြောင်းသင့်ဆရာဝန်ကို အသိပေးပါ။

▪️လက်ရှိမှာသောက်သုံးနေရသောဆေးဝါးများရှိပါကလည်း ဆေးမထိုးနှံခင်မှာဆရာဝန်ကိုသေချာပြောပြပါ။

ဒါကြောင့်ကာကွယ်ဆေးများထိုးနှံမယ်ဆိုရင် ဆေးရဲ့သဘောသဘာဝများကိုသေချာစွာရှင်းပြပြီး စိတ်ချရသော ရွှေသပြေကိုအရောက်လှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်…🤗

ရွှေသပြေ သို့ဆက်သွယ်ရန် : 09767976738

ရွှေသပြေ ဆေးခန်းလိပ်စာ : A3၊ ဓမ္မဒါနလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်။

29/09/2023

ရေကျောက်ရောဂါကာကွယ်ဆေးရွှေသပြေမှာထိုးနှံနိုင်ပါပြီ…🤗🤗

🔰ရေကျောက်ကာကွယ်ဆေး One Dose : 150,000 ks

▪️ရေကျောက်ရောဂါ ဆိုတာ မျက်နှာ နဲ့ ခန္ဓာကိုယ်ပေါ်ရှိ အရေပြား နဲ့ နံရံအမြှေးပါးတို့တွင် အဖုအပိန့်ထွက်ပြီး Varicella Zoster ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။

▪️ရေကျောက်ရောဂါဟာ အသက်အရွယ်အပိုင်းအခြားမရွေး ကူးစက်နိုင်တဲ့ရောဂါဖြစ်ကာ ၁၅ နှစ်အောက် အရွယ်များတွင် ပို၍အဖြစ်များတတ်ပါတယ်။

▪️ကလေးများ ၊ကိုယ်ဝန်ဆောင်မိခင်များ ၊သက်ကြီးရွယ်အိုများတွင်လည်း ဖြစ်တတ်ပါတယ်။

ရေကျောက်ရောဂါနဲ့ပက်သက်လို့အောက်ပါအခြေအနေများတွေ့ကြုံလာရရင်တော့ ဆရာဝန်များနဲ့အမြန်ဆုံးပြသသင့်ပါတယ်ခင်ဗျာ…‼️

🔺မျက်လုံးတစ်ဖက်သို့မဟုတ်နှစ်ဖက်စလုံးတွင်အနီစက်များဖြစ်ပေါ်လာခြင်း။

🔺အနီစက်များပိုးဝင်၍ပူစပ်နာကျင်လာခြင်း။

🔺ခေါင်းမူးခြင်း၊ရင်တုန်ခြင်း၊အသက်ရူကျပ်ခြင်း၊ခြေလက်များတုန်ရီခြင်း၊ မူးမေ့ခြင်း၊ချောင်းတအားဆိုးခြင်း၊အန်ခြင်း၊ဇက် ကြောတက်ခြင်း၊အဖျားကြီးခြင်း။

🔺ခြောက်လအောက်ကလေးများနှင့်ကိုယ်ခံအား နည်းသူများတွင်ဖြစ်ခြင်း။

ဒါကြောင့် ကာကွယ်ဆေးထိုးခြင်းဖြင့် ရေကျောက်ရောဂါ ကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်သလို၊ ရေကျောက်ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးများကိုပါကြိုတင်ကာကွယ်နိုင်ပါတယ်။

အားလုံးပဲကျန်းမာကြပါစေခင်ဗျာ …❤️
ရွှေသပြေ သို့ဆက်သွယ်ရန် : 09767976738

ရွှေသပြေ ဆေးခန်းလိပ်စာ : A3၊ ဓမ္မဒါနလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်။

24/09/2023

ထိကရုံးပင်ကလည်းဆေးဖက်ဝင်ပါတယ်…‼️

ဟုတ်ပါတယ်ခင်ဗျာ … ကျွန်တော်ကို အလွယ်တကူမြင်တွေ့နေကြ ထိလိုက်ရင်အိပ်သွားတယ်လို့ကလေးတွေဆော့ကြတဲ့ထိကရုံးပင်လေးတွေဟာလည်းဆေးဖက်ဆိုင်ရာမှာအသုံးဝင်ပါတယ်တဲ့ခင်ဗျာ….🤔

ဒါဆိုဘယ်လိုလေးတွေဆေးဖက်ဝင်တာလဲဆိုတာကျွန်တော်တို့ရွှေသပြေက ဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ပါတယ်နော် …🤗🤗

✔️Antioxidants ကြွယ်ဝခြင်း၊

✔️ဆီးချိုနဲ့သွေးတိုးရောဂါအတွက်အထောက်အကူဖြစ်ခြင်း၊

✔️အူကျန်းမာရေးအတွက်ကောင်းမွန်ခြင်း၊

✔️အဆစ်အမြစ်နာကျင်ရောင်ရမ်းခြင်းများကိုသက်သာစေခြင်း၊

✔️မမြင်နိုင်တဲ့ပိုးမွှားတွေကိုသတ်နိုင်စွမ်းရှိခြင်း၊

✔️ထိခိုက်ရှနာတွေကိုသက်သာစေခြင်း၊

✔️ခံတွင်းကျန်းမာရေးအတွက်ကောင်းမွန်ခြင်း၊

✔️ဆီးရောဂါနဲ့ပက်သက်သမျှကိုသက်သာစေနိုင်ခြင်း၊

စတဲ့ရောဂါတို့အတွက်ဆေးဖက်ဝင်ပါတယ်ခင်ဗျာ…။

ဒါကြောင့် ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအလွယ်တကူတွေ့ရှိနိုင်တဲ့ ထိကရုံးပင်လေးတွေရဲ့ကောင်းကျိုးကိုသိရှိပြီး တန်ဖိုးထားအသုံးပြုတတ်ကြပါစေခင်ဗျာ…🤗

ရွှေသပြေ သို့ဆက်သွယ်ရန် : 09767976738

ရွှေသပြေ ဆေးခန်းလိပ်စာ : A3၊ ဓမ္မဒါနလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်။

22/09/2023

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကိုဘာကြောင့်ထိုးနှံသင့်တာလဲ ….❓❓❓

▪️သားအိမ်ခေါင်းကင်ဆာဟာ HPV Virus ကဖြစ်တာလို့အကြမ်းဖျင်းပြောလို့ရပါတယ်။

▪️တခြားအကြောင်းရင်းတွေလည်းရှိပါတယ်။ ရောဂါအစမှာ လက္ခဏာမပြတာကြောင့် တကယ်လည်းသိရော နောက်ကျနေတာမျိုးဖြစ်ကြတာများပါတယ်။

🔺ဒီလိုမဖြစ်ရအောင် အစကတည်းက ကာကွယ်ဆေးတွေထိုးပါ။အန္တရာယ်ရှိတဲ့ အပြုအမူတွေကိုရှောင်ပါ။

🔺ရောဂါလက္ခဏာပြလာရင်လည်း သက်ဆိုင်ရာကျွမ်းကျင်ဆရာဝန်တွေနဲ့တတ်နိုင်သမျှအမြန်ဆုံးကုသမှုခံယူသင့်ပါတယ်။

သားအိမ်ခေါင်းကင်ဆာဟာအမျိုးသမီးတွေမှာပဲဖြစ်တဲ့ကြောက်စရာရောဂါဆိုးဖြစ်တာကြောင့် အသက် ၉ နှစ်အရွယ်မှစလို့ အရွယ်ရောက်ပြီးသူမိန်းကလေးတိုင်းသားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကိုကြိုတင်ထိုးထားကြဖို့တိုက်တွန်းပါရစေ ….‼️

သားအိမ်ခေါင်းကင်ဆာဆိုတာ ကြိုတင်ကာကွယ်နိုင်တဲ့ကာကွယ်ဆေးရှိပေမယ့် ကမ္ဘာပေါ်မှာဒုတိယအဖြစ်အများဆုံးရောဂါတစ်မျိုးပဲဖြစ်ပါတယ်…‼️

📌အိမ်ထောင်သည်အမျိုးသမီးများ(သို့မဟုတ်) လိင်ဆက်ဆံမှုရှိပြီးသား အမျိုးသမီးများအနေဖြင့် ကာကွယ်ဆေးမထိုးမှီ သားအိမ်ခေါင်းချွဲမြှေး(Pep semar) ကိုအရင်စစ်ဆေးပြီးမှထိုးနှံသင့်ပါတယ်နော်။

✅ လေ့လာတွေ့ရှိချက်အရ ကာကွယ်ဆေးက သားအိမ်ခေါင်းကင်ဆာ မဖြစ်ခင်အကြိုအဆင့်ကိုတောင် 94.2 ရာခိုင်နှုန်းအထိကာကွယ်ပေးနိုင်တာကိုတွေ့ရှိရပါတယ်။

အဓိကအားဖြင့် :
🔺လိင်ဆက်ဆံဖော်များတဲ့အမျိုးသမီးများ၊ 🔺အသက်ငယ်ငယ်နဲ့ကလေးမွေးထားသူများ၊
🔺ကလေးအများကြီးမွေးထားသူများမှာပိုအဖြစ်များတာတွေ့ရှိရပါတယ်။

📌 နောက်တစ်ခုကကိုယ်ဝန်ဆောင်ထားတဲ့အမျိုးသမီးကကိုယ်ဝန်ဆောင်ထားလျက်နဲ့ DES (Diethylstilbestrol) ဆိုတဲ့ဟော်မုန်းထိတွေ့မိတဲ့အခါ မွေးလာတဲ့ကလေးမှာ""သားအိမ်ခေါင်းကင်ဆာ""ဖြစ်နိုင်ချေပိုများပါတယ်။

ဒါကြောင့် အမျိုးသမီးငယ်များအနေနဲ့ ကျွန်တော်တို့ ရွှေသပြေဆေးခန်း မှာရှိတဲ့ ကျွမ်းကျင်ဆရာဝန်ကြီးများနဲ့တိုင်ပင်ပြီး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကိုခုပဲထိုးနှံလိုက်ပါ …‼️‼️

ရွှေသပြေမှာထိုးနှံနိုင်သောသားအိမ်ခေါင်းကာကွယ်ဆေးစျေးနှုန်းများ :

✅Gardasil 9 One Dose ကို (၃၉၅,၀၀၀) ကျပ်

✅Gardasil 4 One Dose ကို (၉၅,၀၀၀) ကျပ် ပါခင်ဗျာ….💉

ရွှေသပြေ ဆေးခန်းဖုန်းနံပါတ်☎-𝟎𝟗𝟕𝟔𝟕𝟗𝟕𝟔𝟕𝟑𝟖

🏠 ရွှေသပြေဆေးခန်းလိပ်စာ : A3၊ ဓမ္မဒါနလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်။

20/09/2023

နိုင်ငံခြားသွားမယ့်သူများအတွက် ကာကွယ်ဆေးနဲ့ပက်သက်သော One Stop Service များ ရွှေသပြေ ဆေးခန်း မှာရယူပါ ….‼️‼️

သင်္ဘောသားများ၊ နိုင်ငံရပ်ခြားသို့ ပညာသင်သွားမယ့်သူများ၊ အလည်အပတ်ခရီးထွက်မယ့်သူများ၊ အလုပ်လုပ်မယ့်သူများ အတွက် လိုအပ်သမျှကို တစ်နေရာတည်းမှာပြုလုပ်လိုရင်တော့ ရွှေသပြေ ကိုသာလှမ်းခဲ့ပါခင်ဗျာ ….👋👋

📌နိုင်ငံခြားသွားမယ့်သူများအထူးလိုအပ်တဲ့နိုတြီပြန်တဲ့ Service များရရှိနိုင်ခြင်း၊

📌လိုအပ်သောကာကွယ်ဆေးများကိုထိုးနှံနိုင်ခြင်း

📌ကျန်းမာရေးလိုအပ်ချက်အတွက်ဆေးစစ်ခြင်း

စတဲ့လိုအပ်သမျှကို One Stop Service အနေနဲ့ ရွှေသပြေ မှာရရှိနိုင်ပါပြီ ….✅

▪️သင်္ဘောသားအေဂျင်စီများ
▪️နိုင်ငံခြားအေဂျင်စီများ နှင့်ချိတ်ဆက်၍လည်းအထူးအစီအစဉ်များနဲ့လိုက်လံထိုးနှံပေးနေပါပြီခင်ဗျာ ….✅

ရွှေသပြေဆေးခန်း မှာ ဆိုရင် :
▪️Private ဆေးရုံမှဆေးရုံအုပ်ကြီးကိုယ်တိုင်ကြပ်မတ်ထိုးနှံပေးနေတာဖြစ်ပါတယ်။

▪️Expired Date ဝေးသောကာကွယ်ဆေးများကိုသာထိုးနှံပေးတာဖြစ်ပါတယ်။

▪️ကာကွယ်ဆေးများကိုလည်း သတ်မှတ်ထားသော Cold Chain Box များဖြင့်ထားရှိပါတယ်။

▪️ဆေးခန်းသို့လာရောက်ထိုးနှံသူများအတွက်လည်း ကျယ်ဝန်းသောကားပါကင်၊ လူနာစောင့် Area များရှိပါတယ်။

ဒါကြောင့် နိုင်ငံရပ်ခြား၊ ပြည်ပသို့သွားရောက်ရန်အတွက် ကာကွယ်ဆေးနဲ့ပက်သက်သမျှလိုအပ်သော Service အားလုံးကို ရွှေသပြေ မှာရယူလိုက်ပါ …✅✅

ရွှေသပြေ သို့ဆက်သွယ်ရန် : 09767976738

ဆေးခန်းလိပ်စာ : A3၊ ဓမ္မဒါနလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်။

18/09/2023

ဆီးချိုရောဂါရုတ်တရက်တက်လာစေတဲ့အကြောင်းအရင်းတွေကိုသိကြလားဗျ…❓❓

▪️ဆီးချိုတက်တယ်ဆိုတာ…အစာမစားဘဲ ၈ နာရီအကြာတွင်တိုင်းချိန်မှာ သွေးတွင်းသကြားဓာတ် 130 mg/dL ထက်ကျော်လွန်နေခြင်း နဲ့ အစာစားပြီး ၂ နာရီအကြာတွင်တိုင်းချိန်မှာ သွေးတွင်းသကြားဓာတ် 180 mg/dL ကျော်နေခြင်းပဲဖြစ်ပါတယ်။

▪️ သွေးတွင်းသကြားဓာတ်မကြာခဏ သို့မဟုတ် ဆက်တိုက်မြင့်တက်နေမယ်ဆိုရင် အာရုံကြောတွေ၊ သွေးကြောတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီကနေ တခြားဆိုးရွားတဲ့အခြေအနေတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

▪️ဆီးချိုတက်ခြင်း(သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း) ကိုဖြစ်ပေါ်စေတဲ့အဓိကအကြောင်းအရင်းများကိုဆက်လေ့လာကြည့်ရအောင်နော်….🤗

🔺အင်ဆူလင်ထိုးဖို့ မေ့ခြင်း သို့မဟုတ် ဆီးချိုထိန်းဆေးသောက်ဖို့ မေ့ခြင်း

🔺ဆေးထိုးထားတဲ့ အင်ဆူလင်ပမာဏ နဲ့ကိုက်ညီတဲ့ အတိုင်းအတာထက်ကျော်လွန်တဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏကိုစားသုံးမိခြင်း

🔺ရောဂါတစ်စုံတစ်ခု ကူးစက်ခံရခြင်း

🔺နာမကျန်းဖြစ်ခြင်း

🔺စိတ်ဖိစီးမှုခံစားနေရခြင်း

🔺ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

🔺အင်ဆူလင်ကျနေချိန်နဲ့ သွေးတွင်းသကြားဓာတ်အနည်းငယ်မြင့်နေချိန်မှာ အားစိုက်ရတဲ့လေ့ကျင့်ခန်းများလုပ်ခြင်း

စတဲ့အကြောင်းအရာများကတော့ ဆီးချိုတက်စေတဲ့အဓိကအကြောင်းအရာတွေပါခင်ဗျာ…🤗

ဒါကြောင့် ဆီးချိုသမားများအနေနဲ့ :

✔️အစားအသောက်ကိုချင့်ချိန်စားသောက်ပါ။

✔️တတ်နိုင်သမျှအချိုများကိုရှောင်ပါ။

✔️ကိုယ်လက်လှုပ်ရှားမှုမှန်မှန်လုပ်ပါ။

✔️ဆီးချိုကိုပုံမှန်စစ်နေပေးပါ။

✔️နေမကောင်းဖြစ်ရင်ပိုဂရုစိုက်ပါ။

စတဲ့အချက်များကိုသတိထားလိုက်နာရင်း ကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်ကြပါစေခင်ဗျာ ….💕

ရွှေသပြေ သို့ဆက်သွယ်ရန် : 09767976738

ရွှေသပြေ ဆေးခန်းလိပ်စာ : A3၊ ဓမ္မဒါနလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်။

16/09/2023

ဒန့်သလွန်ပင် က လူသားတွေအတွက်ဒီလိုအသုံးဝင်ပါတယ်နော် ….‼️

✔️ဒန့်သလွန်သီး နဲ့ ဒန့်သလွန်ရွက်တို့မှာအာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။

✔️ဒန့်သလွန်ရွက်မှာခန္ဓါကိုယ်အတွက်လိုအပ်တဲ့ အမိုင်နို အက်ဆစ်တွေလည်းပါဝင်ပါတယ်။

ဒန့်သလွန်ရွက်နဲ့ဒန့်သလွန်သီးတွေမှာ :

✔️ဗီတာမင်အေ၊ ဗီတာမင်B1 (သိုင်ရာမင်)၊ B2 (ရီဗိုဖလာပင်), B3 (နီရာဆင်), B-6၊ Folate နဲ့ Ascorbic အက်ဆစ် (ဗီတာမင် C)၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ဖော့ဖရိတ်နဲ့ဇင့်တို့လည်းပါဝင်နေပါသေးတယ်။

✔️အဆီပါဝင်မှုအရမ်းနည်းသလို အန္တရာယ်ရှိတဲ့ ကိုလက်စထရောတွေလည်းမပါဝင်ပါဘူး။

ဒါ့အပြင် လူတိုင်းအတွက်လည်း ခန္ဓာကိုယ်ကျန်းမာရေးအတွက်အောက်ပါအတိုင်းများစွာအထောက်အကူပြုနေပါသေးတယ်…🤗

▪️အသည်းကို ကျန်းမာစေနိုင်တယ်။

▪️ကင်ဆာကာကွယ်ပေးနိုင်တယ်။

▪️အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေနိုင်တယ်။

▪️ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်။

▪️အရိုးတွေကို သန်မာစေနိုင်တယ်။

▪️စိတ်ခံစားမှု ကောင်းစေနိုင်တယ်။

▪️နှလုံးသွေးကြောဆိုင်ရာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

▪️အနာကျက်စေနိုင်တယ်။

▪️ဆီးချိုအတွက် သင့်တော်တယ်။

▪️ပန်းနာရင်ကျပ် သက်သာစေနိုင်တယ်။

▪️ကျောက်ကပ် ကျန်းမာစေတယ်။

▪️သွေးတိုးကျစေနိုင်တယ်။

▪️မျက်လုံး ကျန်းမာစေနိုင်တယ်။

ယခုလိုမျိုးလူ့ဘဝအတွက်များစွာအကျိုးဖြစ်ထွန်းတဲ့ ဒန့်သလွန်ကိုစျေးတွေထဲမှာလည်းအလွယ်တကူဝယ်ယူနိုင်သလို ဒန့်သလွန်နဲ့ပြုလုပ်ထားသော ဖြည့်စွက်စာဆေးဝါးများလည်းပေါ်ပေါက်လာနေပြီဖြစ်တာကြောင့် အလွယ်တကူပဲမှီဝဲနိုင်နေပါပြီနော် ….🤗

ဒါကြောင့် ယနေ့ ရွှေသပြေမှ ဆေးဖက်ဝင်သောဒန့်သလွန်ပင်ရဲ့ကောင်းကျိုးများကိုမျှဝေပေးလိုက်ပါတယ်ခင်ဗျာ …💕

ရွှေသပြေ သို့ဆက်သွယ်ရန် : 09767976738

ရွှေသပြေ ဆေးခန်းလိပ်စာ : A3၊ ဓမ္မဒါနလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်။

13/09/2023

ကာကွယ်ဆေးများကိုအထူးအစီအစဉ်များဖြင့်လာရောက်ထိုးနှံပေးနေပါပြီ…📣📣

ဟုတ်ပါတယ်ခင်ဗျာ …ကျွန်တော်တို့ ရွှေသပြေမှ :
✅အိမ်များ
✅ရုံးများ
✅ကျောင်းများ
✅အေဂျင်စီများ
ကိုအထူးအစီအစဉ်များဖြင့်လိုက်လံပြီးကာကွယ်ဆေးထိုးနှံပေးနေပြီဖြစ်တာကြောင့် ကာကွယ်ဆေးကိုလူအများထိုးနှံလိုသူများအနေနဲ့ ယခုပဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ …💉💉

▪️Private ဆေးရုံအုပ်ကြီးကိုယ်တိုင်ဦးစီးကာ ကာကွယ်ဆေးများစနစ်တကျထိုးနှံပေးနေသောရွှေသပြေမှာ လူပေါင်း (တစ်သောင်း) ကျော် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ပါတယ်။

▪️ကာကွယ်ဆေးများထိုးနှံပြီးတာနဲ့လည်း QR Code Approved ဖြစ်သော Certificate များကိုချက်ချင်းထုတ်ပေးပါတယ်။

▪️ထိုးနှံသူတိုင်းအတွက်

✔️ Swab Test စစ်ဆေးပေးခြင်း
✔️ နှလုံးခုန်နှုန်းစစ်ဆေးပေးခြင်း
✔️ ဆီးချိုရှိ၊ မရှိစစ်ဆေးပေးခြင်း
✔️ သွေးပေါင်ချိန်တိုင်းပေးခြင်း
✔️ သွေးတွင်း Oxygen တိုင်းပေးခြင်း
✔️ လိုအပ်သောဆေးဝါးများပေးခြင်း
အစရှိသည်တို့ကို အခမဲ့လုပ်ဆောင်ပေးပါတယ်နော် …🤗

▪️မြို့နယ်အလိုက် Service Charges လေးတော့ကောက်ခံပါတယ်ခင်ဗျာ…🤗

ဒါကြောင့် နိုင်ငံခြား၊ ပြည်ပသို့ခရီးသွားမယ့်သူများ၊ ပြည်တွင်းခရီးသွားလိုသူများ ကာကွယ်ဆေးထိုးနှံထားလိုသူများအနေနဲ့ ကာကွယ်ဆေးများကို WHO လမ်းညွှန်ချက်အတိုင်းစနစ်တကျသိမ်းဆည်းကာ အရည်သွေးမြင့်ကာကွယ်ဆေးများကိုသာထိုးနှံပေးနေသော ရွှေသပြေကို ရွေးချယ်လိုက်ပါ ခင်ဗျာ…‼️‼️

ရွှေသပြေ သို့ဆက်သွယ်ရန် : 09767976738

ရွှေသပြေ ဆေးခန်းလိပ်စာ : A3၊ ဓမ္မဒါနလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်။

11/09/2023

ပြင်းထန်အဆုတ်ရောင်ရောဂါဆ်ိုတာဘာလဲ …❓❓

ပြင်းထန်အဆုတ်ရောင်ရောဂါဆိုတာ အသက်ရှုလမ်းကြောင်းကနေကူးစက်တဲ့ အဆုတ်လေပြွန်ရောင်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။

▪️အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါဖြစ်တာကြောင့်လျင်မြန်စွာကူးစက်လွယ်ပါတယ်..‼️

▪️ကူးစက်လျင်မြန်တာကြောင့် လူအစုအဝေးများတဲ့နေရာများဥပမာ - ကျောင်း၊ ဘတ်စ်ကား စတဲ့နေရာတွေမှာဆိုရင်ပိုမိုကူးစက်မြန်ပါတယ်။

▪️ဒါကြောင့် ကျောင်းနေအရွယ်ကလေးများရှိသောမိဘများအနေနဲ့ ကိုယ်ခံအားနည်းတတ်သောကလေးများအတွက်စိတ်ချရစေဖို့ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေးကိုထိုးနှံပေးထားသင့်ပါတယ်။

📌ကျွန်တော်တို့ ရွှေသပြေ မှာပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေး Prevaner 13 ကို (၃၅,၀၀၀) ကျပ်ဖြင့်ထိုးနှံနိုင်ပါပြီ….‼️

ပြင်းထန်အဆုတ်ရောင်ရဲ့အဓိကကလက္ခဏာများကတော့ :
🔺နှာစေးခြင်း
🔺ချောင်းဆိုးခြင်း
🔺ဖျားခြင်း
နောက်ပိုင်းကျရင် ချောင်းဆိုးကြာလာတာနဲ့အမျှ လေပြွန်ယောင်ပြီး အသက်ရှုကြပ် မောလာတဲ့ အဆင့်ထိဖြစ်လာစေပါတယ်။

ဒါကြောင့် ကလေးတွေ အနေနဲ့ ဂရုတစိုက် လက်ဆေးကြဖို့၊ မက်စ်တပ်ကြဖို့၊ အချိုနဲ့ အေးခဲစာတွေ စားသောက်တာ လျော့ဖို့၊ အအေးမခံဖို့မေမေတွေ၊ ဖေဖေတွေအနေနဲ့လည်းဂရုစိုက်ကြပါနော် ….‼️

လူကြီးတွေမှာလည်းဖြစ်တတ်တာမို့ ကလေး၊ လူကြီးမရွေးကြိုတင်ကာကွယ်ဆေးများကိုမပျက်မကွက်ထိုးနှံထားသင့်ပါတယ်။

မိဘပြည်သူများအားလုံးရောဂါများကိုကာကွယ်ဆေးထိုးခြင်းဖြင့်အချိန်မှီကာကွယ်နိုင်ကြပါစေခင်ဗျာ ….💉💉

ရွှေသပြေ သို့ဆက်သွယ်ရန် : 09767976738

#ပြင်းထန်အဆုတ်ရောင်ရောဂါ

08/09/2023

ခွေးရူးရောဂါကာကွယ်ဆေးကိုဘယ်လိုလူတွေထိုးသင့်လဲ …❓❓

ခွေးရူးရောဂါကာကွယ်ဆေးကို ခွေး၊ ကြောင် ဒါမှမဟုတ် တောရိုင်းတိရစ္ဆာန် တစ်ကောင်ကောင် ကိုက်ခံရပြီ၊ ကုတ်ခံရပြီဆိုတာနဲ့ ချက်ချင်း မြန်နိုင်သမျှ မြန်မြန် ကာကွယ်ဆေးထိုးဖို့ လိုပါမယ် …‼️

✔️ခွေးရူးပြန် ကာကွယ်ဆေးကိုအရင်ဆုံး ပထမ တစ်ကြိမ်ကို အဆိပ်ဖြေဆေးနဲ့အတူထိုးရပါမယ်။

✔️၇ ရက်အကြာမှာ ဒုတိယ တစ်ကြိမ်နဲ့ ပထမဆုံး ဆေးထိုးရက်ကနေ ၂၁ ရက် ဒါမှမဟုတ် ၂၈ ရက်အတွင်းမှာ တတိယ အကြိမ် ကာကွယ်ဆေး ထိုးနှံရပါမယ်။ ၃ ကြိမ်ထိုးပြီးပြီဆိုရင်တာ့ ခွေးရူးပြန်ရောဂါကို အထိရောက်ဆုံး ကာကွယ်လိုက်နိုင်ပါပြီ။

✔️ဆေးအမျိုးအစားပေါ် မူတည်ပြီး ၃ခါ ဒါမှမဟုတ် ၄ခါ ထိုးရတတ်ပါတယ်။

✔️ခွေးရူးပြန် ကာကွယ်ဆေးက တစ်ခါ ထိုးထားရုံနဲ့ တစ်သက်တာ မလုံလောက်ပါဘူး။ အချိန်အတိုင်းအတာ တစ်ခု အထိပဲ ကာကွယ်ပေးနိုင်တာပါ။

✔️ဒါကြောင့် ခွေးရူးရောဂါပိုး ရှိနိုင်တယ်လို့ ယူဆရတဲ့ လူ ဒါမှမဟုတ် တိရစ္ဆာန် ကိုက်တာ၊ ကုတ်တာ ခံရတိုင်း ကာကွယ်ဆေး ထိုးပေးဖို့ လိုပါမယ်။

ကျွန်တော်တို့ ရွှေသပြေမှာ ခွေးရူးရောဂါကာကွယ်ဆေး One Dose ကို (၄၀,၀၀၀) ကျပ်ဖြင့်ထိုးနှံနိုင်ပါတယ်ခင်ဗျာ ….✅

ဒါကြောင့် ကာကွယ်ဆေးများထိုးနှံတော့မယ်ဆိုရင် ရွှေသပြေကိုသတိရလိုက်ပါ …🤗💕

ရွှေသပြေ သို့ဆက်သွယ်ရန် : 09767976738

ရွှေသပြေ ဆေးခန်းလိပ်စာ : A3၊ ဓမ္မဒါနလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်။

#ခွေးရူးရောဂါကာကွယ်ဆေး

06/09/2023

Yellow Fever ကာကွယ်ဆေးမထိုးနှံမီဘာတွေသိထားသင့်လဲ ….❓❓

မြန်မာနိုင်ငံမှာဆိုရင် သင်္ဘောသားတွေ၊ နိုင်ငံခြားသွားမယ့်သူတွေမဖြစ်မနေထိုးနှံရမယ့် Yellow Fever ကာကွယ်ဆေးကိုဘယ်လိုအချက်တွေရှိရင်မထိုးသင့်ဘူးလဲ ၊ ဘာတွေသိထားရမလဲ ဆိုတာကို မျှဝေပေးသွားပါမယ်နော် ….👋

အကယ်လို့ သင့်မှာအောက်ဖော်ပြပါအခြေအနေတစ်ခုခုရှိနေခဲ့မယ်ဆိုရင် ဆေးမထိုးခင်သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြတိုင်ပင်သင့်ပါတယ်။

🔺Yellow fever ကာကွယ်ဆေးသို့မဟုတ် ၎င်း၏ ပါဝင်ဖက်ပစ္စည်းတစ်မျိုးမျိုးနှင့် ဓါတ်မတည့်ခြင်း
✅ဥများနှင့်ဓါတ်မတည့်ခြင်း
✅Yellow fever ကာကွယ်ဆေးနှင့် အလားတူဆေးဝါး သို့မဟုတ် အခြားဆေးဝါး၊ အစားအစာ၊ အရာဝတ္ထုတစ်မျိုးမျိုးနှင့် ဓါတ်မတည့်ခြင်း

ဓာတ်မတည့်ရင်ဘာတွေဖြစ်နိုင်လဲဆိုတော့ :
ခန္ဓာကိုယ်မှာအဖုအပိမ့်အနီကွက်များထွက်ခြင်း၊ အင်ပြင်ထခြင်း၊ အသက်ရှူမြန်ခြင်း၊ ချောင်းဆိုးခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းတို့ ရောင်ရမ်းခြင်းစတဲ့ သင်ဖြစ်ဖူးသမျှ လက္ခဏာတွေအကြောင်းသင့်ဆရာဝန်ကို အသိပေးပါ။

🔺ကိုယ်ခံအားနည်းခြင်းသို့မဟုတ် ကိုယ်ခံအားကျဆင်းစေသည့် ရောဂါဝေဒနာတစ်ခုခု (ဥပမာ HIV) ခံစားနေရခြင်း

🔺ကိုယ်ခံအားကျဆင်းစေသည့် ဆေးဝါးများသောက်သုံးနေရခြင်း

🔺ဓါတ်ရောင်ခြည်ကုထုံးခံယူနေရခြင်း

🔺နို့တိုက်မိခင်ဖြစ်နေခြင်းသို့မဟုတ်မိမိရင်သွေးမှာအသက် ၉လအောက် ဖြစ်နေခြင်း

🔺အသက် ၉လအောက်ကလေးငယ်ဖြစ်နေခြင်း
စတဲ့အချက်ရှိသူများကတော့ အထူးသတိထားကြရမှာဖြစ်ပါတယ်။

ဒါကြောင့် Yellow Fever ကာကွယ်ဆေးကိုထိုးနှံတော့မယ်ဆိုရင် ကျွမ်းကျင်ဆရာဝန်ကြီးများနဲ့သေချာတိုင်ပင်ကာထိုးသင့်ပါတယ်။

ကျွန်တော်တို့ရွှေသပြေမှာ Yellow Fever ကာကွယ်ဆေးကို ( ၁ သိန်း) ကျပ်ဖြင့်ထိုးနှံနိုင်ပါပြီ✅

ကျွမ်းကျင်ဆရာဝန်ကြီးများနဲ့လည်းသေချာစွာဆွေးနွေးတိုင်ပင်နိုင်မှာဖြစ်လို့ Yellow Fever ကိုထိုးနှံလိုသူ သင်္ဘောသားများ၊ နိုင်ငံခြားသွားမည့်သူများအနေနဲ့ ရွှေသပြေမှအထူးဝန်ဆောင်မှုပေးဖို့နွေးထွေးစွာကြိုဆိုနေပါတယ်ခင်ဗျာ …🤗💕

ရွှေသပြေသို့ဆက်သွယ်ရန် : 09767976738

ရွှေသပြေဆေးခန်းလိပ်စာ : A3၊ ဓမ္မဒါနလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်။

04/09/2023

ဘီပိုးရောဂါကာကွယ်ဆေးကိုဘယ်အချိန်မှာထိုးသင့်လဲ …❓❓

ဘီပိုးရောဂါကိုတော့ ဘီပိုးရောဂါမရှိသူတိုင်းထိုးသင့်ပါတယ်။

ဘီပိုးရောဂါဟာ သွေး၊ ချွေးတွေနဲ့ ခန္ဓာကိုယ်ကထွက်သမျှအရည်များကူးစက်နိုင်တာမို့ အရမ်းကိုကူးစက်မြန်နိုင်တဲ့ရောဂါမို့ အန္တရာယ်အလွန်များပါတယ်။

ဒါ့အပြင် ရောဂါလက္ခဏာတွေကလည်းသိပ်မသိသာဘဲ ရောဂါကျွမ်းမှသာသိရတဲ့ရောဂါမျိုးဖြစ်တာကြောင့် ပိုပြီးသတိထားပြီးထိုးနှံသင့်ပါတယ်။

ဘီပိုးဟာ အသည်းကင်ဆာ၊ အသည်းခြောက်တာ ထိဖြစ်နိုင်တာမို့ကြိုတင်ကာကွယ်ဆေးထိုးထားတာတော့အကောင်းဆုံးပါနော် …‼️

📌သတိပြုရမယ့်အချက်ကတော့ ဘီပိုးမရှိမှသာကာကွယ်ဆေးထိုးနှံလို့ရမှာမို့ မထိုးနှံခင် ကြိုပြီးဆေးစစ်သင့်ပါတယ်။

📌ကာကွယ်ဆေး သုံးကြိမ်ထိုးပြီပြီဆိုတာနဲ့ ဆေးအောင်မအောင် ပြန်စစ်ဖို့လိုပါတယ်။ ကာကွယ်ဆေးအောင်ပြီဆိုတော့မှ စိတ်ချရမှာဖြစ်ပြီး ဆေးမအောင်ရင်တော့ ပြန်ထိုးဖို့လိုပါတယ်။

ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာလည်း ဘီပိုးရောဂါရှိသူတွေအလွန်များပြားနေနိုင်တာကြောင့် ကာကွယ်ဆေးများကိုကြိုတင်ထိုးနှံထားကြဖို့တိုက်တွန်းလိုပါတယ်ခင်ဗျာ ….✅

🔺Hepatitis B One Dose : 20,000 ks 🔺

ရွှေသပြေသို့ဆက်သွယ်ရန် : 09767976738

ရွှေသပြေဆေးခန်းလိပ်စာ : A3၊ ဓမ္မဒါနလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်။

Want your business to be the top-listed Health & Beauty Business in Tamwe?
Click here to claim your Sponsored Listing.

Telephone

Website

Address


A3, Dhamma Dar Na Street, Nat Chaung District
Tamwe
11211

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Other Pharmacies / Drugstores in Tamwe (show all)
Aung Htate Tan Pharmacy - အောင်ထိပ်တန်းဆေးဆိုင် Aung Htate Tan Pharmacy - အောင်ထိပ်တန်းဆေးဆိုင်
Thadi Pahtan Street, သတိပဌာန်လမ်း
Tamwe

Customer လိုအပ်သော ဆေးဝါးများကိုဖြည့်ဆည်