Oxygen

Mobile phone Services & Seller

06/12/2021

2021 တစ်နှစ်တာရဲ့ ban နှုန်း

LOD GROUP STAGE DAY 1 26/11/2021

LOD Group Stage day-1 (Bo2)matches
Marking system (W=3pts,D=1pts,L=0pts)

Standard time GMT +06:30

Match 1 (02:00)pm Genesis Esports-Burmese Ghouls JR
Match 2 (03:00)pm Burmese Ghouls JR-Dominance Warriors
Match 3 (04:00)pm Falcon Esports-Genesis Esports
Match 4 (05:00)pm Falcon Esports-Dominance Warriors

( ပြိုင်ပွဲအချိန်များမှာ Technical နှင့် In-game Error များကြောင့်အပြောင်းအလဲဖြစ်ပေါ် နိုင်ပါသည်။ )


https://youtu.be/cRRd8gdITHQ

LOD GROUP STAGE DAY 1 LOD Group Stage day-1 (Bo2)matchesMarking system (W=3pts,D=1pts,L=0pts)Standard time GMT +06:30Match 1 (02:00)pm Genesis Esports-Burmese Ghouls JRMatch 2 (03...

15/11/2021

ဖုန်းတွေပြင်တယ်နော်😉😉😉

13/08/2021

ဒါန သီလ ဘာဝနာ တရား လက်ကိုင်ထားနိုင်ကြပါစေ

Photos from Oxygen's post 11/08/2021

(ကိုဗစ်သတင်း)

အမေရိကန်ပြည်ထောင်စု CDC က ကိုဗစ်နဲ့ပတ်သက်ပြီး ကြေညာလိုက်ပါတယ်။
ကိုဗစ်နဲ့ တိုက်နေရတဲ့စစ်ပွဲဟာ
#ပုံစံပြောင်းသွားပြီလို့ ဆိုပါတယ်။

အခုမျိုးသစ် ဒယ်တာမျိုးကွဲဟာ ရေကျောက်ကူးစက်မှုလိုပဲ အလွန်မြန်တယ်။ ဖြစ်ပြီးသားသူတွေလည်း တစ်ဖန်ပြန်ကူးနေပြီး ပိုးကူးစက်မှုကို ဖြစ်နေစေတယ်။ ကာကွယ်ဆေးကို အပြည့်အဝ ထိုးပြီးသားသူတွေဟာလည်း mask တွေ တပ်ထားဖို့လိုတယ်။ ဘာကြောင့်ဆိုတော့ ဆေးထိုးပြီးသားသူတွေဟာ ပိုးကို သယ်ဆောင်ပြန့်ပွားစေနိုင်နေတယ်။ တစ်ကမ္ဘာလုံးမှာ ဂရုစိုက်မှဖြစ်တော့မယ်လို့ ဆိုတယ်။ ဒယ်တာမျိုးကွဲဟာ ၁၃၂ နိုင်ငံမှာဖြစ်နေပြီလို့ WHO က သတိပေးထားလိုက်ပါပြီ။

('VIRUS HAS BECOME FITTER')
ကိုဗစ်တိုက်ပွဲဟာ ပုံစံပြောင်းသွားပါပြီ။
ပိုးက အရင်ပိုးပေမယ့် သူက ပိုသန်မာလာနေပြီး အကူးအစက်မြန်နေတယ်။ Viral load ကလည်း အရင်က ၁၀၀ ဆိုရင် အခု ၁၀၀၀ ဖြစ်နေပြီလို့ ဆိုပါတယ်။

အာရှနိုင်ငံတွေမှာ ပိုပြီး ပြန့်ပွားနှုန်းများနေတာမို့ ဂရုပြုဖို့ WHO က ဆော်သြနေတယ်။ ဒီပိုးကို ပဉ္စလက်နည်းနဲ့ ပျောက်စေ လုပ်လို့မရဘူး။

-----------------------
#အကောင်းဆုံးနည်းက
#ကာကွယ်ဆေးထိုးခြင်းဖြစ်ပါတယ်။
------------------------

ဆေးထိုးပြီးလည်း ကူးစက်ခံရနိုင်တာ ရှိနေဦးမှာဆိုပေမယ့် ဆေးရုံတက်ရတာ၊ ခံစားရတာ၊ သေဆုံးတာတွေ လျော့ပါးစေနိုင်မယ်လို့ ကြေညာပါတယ်။

မကူးစက်စေဖို့ အသေချာဆုံး အကာအကွယ်ကိုလည်း WHO က ထုတ်ပြန်ကြေညာပါတယ်။ ရိုးရိုးလေးပါပဲ၊ မလိုက်နာရင် ကူးမယ်တဲ့။

-------------------
⚠️Mask နှစ်ထပ်တပ်ပါ။
⚠️လူချင်း အကွာအဝေး သတ်မှတ်ချက်ထက် မနီးစေနဲ့။
⚠️လက်ကို သန့်ရှင်းနေပါစေ။ မကြာခဏ ဆေးကြောပါ။
⚠️အလုံပိတ်အခန်းတွေမှာ အကြာကြီး ဝင်မနေမိပါစေနဲ့။
-------------------

ဒါပါပဲတဲ့။

လိုက်နာရင် မဖြစ်ဘူးတဲ့။ မလိုက်နာလို့ ဖြစ်သွားရင် ပြန်ကောင်းလာလည်း
ဒဏ်ရာကျန်တယ်။ ဓာတ်မှန်ပြန်စစ်ရ သွေးဖောက်ပြန်စစ်ရ လုပ်ကြရသေးတာတဲ့။ ရာနှုန်းပြည့် လူကောင်းပကတိပြန်ဖြစ်မယ်လို့ အပိုင်ကြီးမထင်ပါနဲ့တဲ့။ ဆီးချိုတွေ၊ သွေးပျစ်တာတွေ၊ အဆုတ်ဝေဒနာတွေနဲ့ ဖြစ်သွားပါလိမ့်မယ်တဲ့။

---------------



spaces
----------------

လို့မှတ်ပြီးသာ လိုက်နာကြပါတော့လို့ WHO က ပြောထားပါတယ်။

Credit : Pi Lon
Ref : reuters/ WHO

Crd Yannaing Moe
1.8.2021

10/08/2021

🙏🙏🙏

05/08/2021

Admin ရဲ့တောင်းဆု 🙏🙏🙏.

04/08/2021

1. အားမရှိဘူး ၊ နုံးနေတယ်၊ မလှုပ်ချင်ဘူး😓
2. အသက်ရှူရခက်တယ်၊ နည်းနည်း လှုပ်တာနဲ့ မောတယ်😥😥
3. ရင်ကြပ်တယ် သလိပ်ထွက်တယ်😪
4. ချောင်းဆိုးတယ် (အေးရင် ပိုဆိုးတယ်)🗣🗣🗣
5. အစားမစားချင်ဘူး ၊ အစာဝင်ရင် ပျို့တယ် အန်တယ်🤢🤢🤢
6. ခေါင်းကိုက်တယ်😰
7. ဘာလုပ်လုပ် အာရုံမလာဘူး (စိတ်မဝင်စားဘူး)
8. စိတ်ဖိစီးမှုများတယ်၊ ကြောက်တယ် လန့်နေတတ်တယ်
9. ည အိပ်မပျော်ဘူး
___________

1. #အားမရှိဘူး_နုံးနေတယ်

နေမကောင်းတုန်း အစားဘယ်လောက်ပဲ စားတယ်ပြောပြော ကောင်းနေစဉ်ကလောက် မစားနိုင်ပါဘူး၊
Virus အသစ်ကို သတ်ဖို့အတွက် ကိုယ်ခံအားက အစွမ်းကုန်ထုတ်ပြီး တိုက်ထားရတဲ့အတွက် #ခရီးအဝေးကြီးကိုပြေးထားရတဲ့_မာရသွန်အပြေးသမား လို ပင်ပန်းနွမ်းနယ်ပြီး အားမရှိဖြစ်ကာ နည်းနည်းလှုပ် လိုက်တာနဲ့ မောနေရတာပါ။

- ပုံမှန်အတိုင်း အစာပြန်စားပါ (ထမင်း၊ အသား/ငါး၊ အဆီ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံမျှတအောင်စားပါ)
- ရေများများသောက်ပါ (ရေနွေးဖြစ်ဖြစ်၊ ရေအေးဖြစ်ဖြစ်ရပါတယ်)
- ချွေးထွက်များပါက (သွေးတိုးမရှိပါက ဓာတ်ဆားရည်သောက်ပါ)
- အားဆေးဆိုသည့် Multivitamins များကို အရမ်းကြီးအားမကိုးကြပါနဲ့ (Multivitamins တွေဟာ => ဟင်းသီးဟင်းရွက်တွေနဲ့ တူတူပဲမို့ အားဆေးလို့ခေါ်ပေမယ့် အားရှိစေတဲ့ဆေး မဟုတ်ပါဘူး)

2. အသက်ရှူရခက်တယ်၊ နည်းနည်း လှုပ်တာနဲ့ မောတယ်

Virus ဟာ အဆုတ်ကို အဓိက ဖျက်ဆီးတာဖြစ်လို့ လူတိုင်းမှာ အနည်း နဲ့ အများတော့ အဆုတ်က ဒဏ်ဖြစ်ပါတယ်
SpO2 ကျခဲ့တဲ့ လူနာတွေက ဒဏ်ရာပိုပြီးကြီးပါတယ် ၊ ရောဂါ သက်သာလာပြီး SpO2 ပြန်တက်လာပေမယ့်
👉 ဒဏ်ရာတွေကို ကုစားဖို့ အချိန်ယူရပါသေးတယ်
👉 ဒဏ်ရာတွေ ပို မဆိုးလာစေဖို့လည်း ဂရုစိုက်ရပါတယ်

- ဆေးလိပ် လုံးဝ (လုံးဝ) မသောက်ပါနဲ့
- ပြင်းထန်တဲ့လှုပ်ရှားမှုတွေ မလုပ်ပါနဲ့
- အသက်ရှူလေ့ကျင့်ခန်း မှန်မှန်လုပ်ပါ

3. ရင်ကြပ်တယ် သလိပ်ထွက်တယ်

ရောဂါပြင်းထန်တုန်းက ထွက်ထားပြီး ခဲနေတဲ့ ချွဲသလိပ်တွေ ပြန်ပျော်နေတာ ဖြစ်လို့ သလိပ်ထွက်ပါတယ်၊
- Position ခဏခဏ ပြောင်းပေးခြင်း
- ကျောကုန်းကို ပုတ်ပေးခြင်း
- ရေနွေးသောက်ပေးခြင်း
- ရေနွေးငွေ့ရှူပေးခြင်း (ခဏပဲလုပ်ပါ အလွန်အကျွံမလုပ်ပါနဲ့ ရေပူငွေ့တွေက အသက်ရှူလမ်းကြောင်းကို အပူလောင်စေပြီး ပြန်ပြီးရောင်စေနိုင်ပါတယ်)

သလိပ်စွန့်ပစ်မှုကလည်း အလွန် အရေးကြီးပါတယ် (တပါးသူများကို ကူးစက်မှုမရှိအောင် အထူးဂရုစိုက်ပြီး စွန့်ပစ်ဖို့လိုပါတယ်)

4. ချောင်းခြောက်ဆိုးတယ်

အဆုတ်ကရောင်ထားတော့ လေပြွန်လေးတွေ ကျဉ်းသွားတဲ့အခါ၊ လှဲအိပ်တဲ့အခါ လည်ချောင်းယားပြီး ချောင်းဆိုးပါတယ်

- နွေးနွေးထွေးထွေးနေပါ (စွပ်ကျယ်ဂျိုင်းပြတ်၊ လက်ပြတ်၊ ဘောင်းဘီတို ထက်စာရင် T-shirt, ဘောင်းဘီရှည်နှင့်နေပါ)
- ရေနွေးသောက်ပေးပါ (ချောင်းဆိုးချင်လာလျှင် ရေနွေးကို နည်းနည်း နည်းနည်း ခဏ ခဏ သောက်ပေးပါ)
- ဆားရည် + ရေနွေးဖြင့်ပါးလုတ်ကျင်းပါ (ပါးလုတ်ကျင်းတာ မျိုချတာမဟုတ်လို့ သွေးမတိုးပါဘူး) ဆားရည်မသုံးချင်လျှင် (ပိုက်ဆံပေါလျှင်)
Betadine mouthwash သုံးပါ
- ငုံဆေးလေးငုံထားပါ (Lozenges - အဆင်ပြေရာ/ဝယ်လို့ရတာ ငုံလို့ရပါတယ်)
- မသက်သာရင် သောက်နေကျ ချောင်းဆိုးပျောက်ဆေး သောက်ပါ။

5. အစားမစားချင်ဘူး၊ အစာဝင်ရင် ပျို့တယ်

သာမန်နေကောင်းကာစ နလန်ထ လူနာတွေဟာ ဖျားနာတုန်းက ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေ ဖြည့်ဖို့အတွက် အစားများများပြန်စားကြပါတယ်၊ (နေကောင်းတာနဲ့ စားချင်သောက်ချင်စိတ် တိုးလာတယ်ပေါ့)
ကိုဗစ်လူနာတွေကြတော့
👉 နောက်ဆက်တွဲအနေ နဲ့ အနံ့ပျောက်တာ၊ အရသာပျက်တာတွေကြောင့် (အာရုံ နှစ်ပါးချို့တဲ့ပြီး) စားချင်သောက်ချင်စိတ် မရှိကြပါဘူး၊
👉 တချို့ ရောဂါပြင်းပြင်းထန်ထန် ခံစားလိုက်ရတဲ့ လူတွေမှာ ရောဂါခံစားရစဉ် အစာစားလည်း မောတဲ့အတွက် ရောဂါသက်သာလာလည်း အစာစားရမှာ ကြောက်နေတတ်ကြပါတယ်။
👉 Virus နဲ့ ကိုယ်ခံအား တိုက်ပွဲကြီးဖြစ်တော့ ခန္ဓာကိုယ်တစ်ခုလုံး ရောင်ရမ်းမှုတွေဖြစ်တဲ့အတွက် အစာအိမ်နှင့်အူလမ်းကြောင်းပါ ထိခိုက်မိရင် အစာအိမ်အနာအခံရှိသူတွေ ရောဂါပြန်ကြွတတ်ပါတယ်
👉 အူက ကောင်းကောင်း မလှုပ်တဲ့အခါ (Gastric emptying ကြာတဲ့အတွက်) စားလိုက်တာနဲ့ ရင်ပြည့်ပြီး အန်ချင်တာပါ။
- မစားချင်လည်း၊ အရသာမရှိလည်း ကြိုးစားပြီး စားကြပါ။
- အများကြီး မစားပဲ နည်းနည်းနဲ့ ခဏခဏ စားပါ
- ဘယ်လိုမှ ကိုမရဘူး နည်းနည်းဝင်တာနဲ့ကို ပျို့လာတယ်၊ အန်ပါတယ် ဆိုတဲ့ သူများကတော့ (Motilium M (သို့မဟုတ်) Maxalon ဆိုတဲ့ဆေးကို မနက်စာ၊နေ့လည်စာ၊ ညစာ မစားမီ မိနစ် (၃၀) ကြိုသောက်ပါ။

အရေးတကြီးမှာလိုတာက

👌 အရသာမရတာဟာ လျှာပေါ်မှာရှိတဲ့ အရသာခံတဲ့ အဖုလေးတွေ ခေတ္တခဏ အလုပ်မလုပ်နိုင်တာဖြစ်ပြီး သူ့အလိုလိုပြန်ကောင်းပါတယ်
#အရသာမရဘူး (ပွင့်ထွက်သွားအောင် ဆိုပြီး) အရသာပြင်းလွန်းတဲ့ ချဉ်လွန်း စပ်လွန်း ပူလွန်းတဲ့ အစားများ ကို မစားကြပါနှင့်
တကယ်ပွင့်ထွက်သွားမှာက အစာအိမ်ပါ 😰 ပါးစပ်ကသာ အရသာမရတာ စားတဲ့ဟာတွေရဲ့ ဒဏ်ကို ကျန်းမာရေးသိပ်မကောင်းတဲ့အစာအိမ်က ခံရပြီး အစာအိမ်ပေါက်သွားပါလိမ့်မယ်
6. ခေါင်းကိုက်တယ် ၊ (7) ဘာလုပ်လုပ် အာရုံမလာဘူး (စိတ်မဝင်စားဘူး) ၊ (8)စိတ်ဖိစီးမှုများတယ်၊ ကြောက်တယ် လန့်နေတတ်တယ်၊ (9) ည အိပ်မပျော်ဘူး

ကျန်တဲ့ အချက်တွေကတော့ စိတ်နဲ့ပဲ ဆိုင်တာပါ။
ကျွန်တော် စာတစ်ပုဒ်ရေးဖူးပါတယ် (Pandemic stress reactions ) ကပ်ရောဂါကို အကြောက်ကြီးကြောက်နေရာက ကိုယ့်မှာဖြစ်လိုက်ရတဲ့ အခါ အကြောက်ကြီးကြောက်သွားတဲ့အတွက်

👉 ပြန်ဖြစ်ရင် ဘယ်လိုဖြစ်မှာလဲ
👉 ငါ့ ခန္ဓာကိုယ်ကြီးရော ဘယ်လောက်ပျက်စီးသွားပြီလဲ
👉 အပေါ်က ပြောခဲ့တဲ့ လက္ခဏာတွေခံစားရတော့တကယ်ပြန်ကောင်းတာရောဟုတ်ရဲ့လား

စတဲ့ အတွေးတွေနဲ့က ညအိပ်မပျော်ပဲ အထက်ပါ (6,7,8,9) ကို ခံစားကြရပါတယ်။

- စိတ်အေးအေးထားပါ
- အဆိုးဆုံးအခြေအနေကို ကျော်ဖြတ်ပြီးပြီ ကောင်းလာမှာပါ
- ချက်ချင်းကြီး မကောင်းနိုင်ပေမယ့် တဖြည်းဖြည်း တိုးတက်လာပါလိမ့်မယ်
- Post-covid မှာ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့ သတင်းတွေဖတ်ပြီး စိုးရိမ်မနေပါနဲ့ (ကိုယ့်အလုပ်ကိုယ်လုပ်ပါ 👉 နားနားနေနေ နေ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်၊ အစားဝင်အောင်စား၊ အိပ်ပျော်အောင်အိပ်
- ဖြစ်နိုင်တယ် ဒါပေမယ့် ရှားတယ်လေ (တစ်ကမ္ဘာလုံးမှာ တစ်ယောက်လောက်တွေ့လည်း) ဆောင်းပါးရေးတော့ (လူကိုခွေးက ကိုက်တာ သတင်းမဟုတ်ပေမယ့် ခွေးကိုလူကသွားကိုက်တာရေးတော့) နာမည်ကြီးတာပေါ့
- အိပ်ပျော်ရင် အားလုံးသက်သာလာပါလိမ့်မယ်
- ဘယ်လိုမှ အိပ်မရရင်တော့ Melatonin 3mg သောက်အိပ်ပါ။
(Melatonin နဲ့မရရင်တော့ ဆရာဝန်နဲ့ဆွေးနွေးပြီး စိတ်ငြိမ်ဆေးသာသောက်ပါ)

သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

#ရောဂါအန္တာရယ်အပေါင်းမှကင်းဝေးကြပါစေ🙏
credit~Dr.phone si thu lwin

03/08/2021

အမဲလိုင်စင် သမားက လူငှါးပြီး
လယ်တီဆရာတော်ကို အသတ်ခိုင်းပါတယ်
လယ်တီဆရာတော်က တရားပွဲမှာပလ္လင်ပေါ်ထိုင်ပြီး တရားဟောနေပါတယ်
အဲဒီအချိန်မှား ငှါးရမ်းထားတဲ့လူုက လယ်တီဆရာတော်ကို ချိန်ရွယ်ပြီးသေနတ်နဲ့ ပစ်ပါတယ် သေနတ်သံက. ဒိုင်းကနဲ ထွက်သွားပြီး ပစ်တဲ့လူက နောက်ကိုပက်လက်လန်လဲကျသွားပါတယ် ကျည်ဆံကအပေါ်ထောင်ပြီး ထွက်သွားတဲ့အတွက် လယ်တီ
ဆရာတော်ကို ထိမှန်ခြင်းမရှိပါဘူး
ပရိတ်သတ်က ရုတ်ရုတ်သဲသဲဖြစ်သွား
ချိန်မှာ လယ်တီဆရာတော်က သေနတ်သမားကို ငါ့ပစ်တာမဟုတ်ဘူးမဟုတ်လား
ဒီလာငါ့ရှင်လို့ လှမ်းပြောပြီး ဆရာတော်အနီးကိုခေါ်ယူ ထိုင်စေပါတယ် အဲဒီနောက်
လယ်တီဆရာတော်ဟာ ပုံမှန်အတိုင်းဘဲ
တရားကိုဆက်လက်ဟောပါတယ်
အဲဒီတရားပွဲပြီးတော့ အဲဒီသေနတ်နဲ့ပစ်တဲ့သူဟာ လယ်တီဆရာတော်နောက်ကို
သင်္ကန်းဝတ်ပြီး လိုက်ပါပါတယ် အတော်အတန်တရားအားထုတ်ပြီးတဲ့နောက် အဲဒီ
သေနတ်နဲ့ပစ်ဖူးတဲ့ရဟန်းက
တပည့်တော် အရှင်ဘုရားအပေါ် ပြစ်မှားမိတဲ့ အကုသိုလ်ကံကတော့ ကျေမှာမဟုတ်ပါဘူးဘုရားလို့ လယ်တီဆရာတော်ကို လျှောက်တဲ့အခါ လယ်တီဆရာတော်က
မဟုတ်ဘူးငါ့ရှင် ငါကျေနပ်ရင် အပြစ်ကျေတယ် ငါကျေနပ်တယ်လို့ ပြန်လည်
မိန့်ကြားပါတယ်
လယ်တီဆရာတော်ရဲ့မေတ္တာတရား
သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ် ကြီးမားပုံပါ
နောက်တခုကတော့
လယ်တီကျောင်းတိုက်အတွင်းမှာရှိတဲ့
သောက်ရေအိုး သုံးရေအိုးတွေဟာ နံနက်လင်းတာနဲ့ တပြိုင်နက်ရေပြည့်နေလေ့ ရှိပါတယ် တရက်မှာတော့ ရေအိုးတွေဘာကြောင့်ရေပြည့်နေတာလဲ ဆိုတာရဟန်းတပါးကစူးစမ်းလိုတာကြောင့် ညသန်းခေါ်င်ယံမှာ ထကြည့်ပါတယ် အဲဒီလိုကြည့်တော့ လယ်တီဆရာတော်ကိုယ်တိုင် ရေခပ်သယ်ယူပြီး
ဖြည့်နေတာကို မြင်တွေ့ရပါတယ်
အဲဒီတော့ အဲဒီလယ်တီဆရာတော်ကိုယ်တိုင် ရေသယ်ယူခြင်းမပြုဖို့ လျှောက်ထားရာ
မှာ လယ်တီဆရာတော်ပြန်လည်မိန့်ကြားတာက
သံသရာတလျောက်လုံး သူတပါးကျွန်
ခန္ဓာ့ကျွန် ခံခဲ့ရတာပါ သာသနာနဲ့ကြုံတုံး
သာသနာ့ကျွန် ခံပါရစေပါတဲ့
လယ်တီဆရာတော်ရဲ့ မာန်မာနချိုးနှိမ်ပြီး နေထိုင်ကျင့်ကြံတဲ့ ကြည်ညိုဖွယ်စိတ်နေ
စိတ်ထားတော်ပါ

credid မျှဝေပူဇော်ပါသည်🙏🙏🙏

02/08/2021

သိပ်ကောင်းတဲ့တရားပါဘဲ။
ဆရာတော်မှ သူ၏ အမတော်ကို
တရားဟောပြခြင်းဖြစ်၏။

အစွဲအလမ်းရှိနေသေးသမျှ
ဘဝကို ဖြစ်စေတဲ့ ကံတရားကို
ဖန်တီးနေကြဦးမှာပဲ။
လုပ်နေကြဦးမှာပဲ။
ကံတရားတွေကလည်း မိမိသန္တာန်မှာ
စုမိဆောင်းမိ ဖြစ်နေဦးမှာပဲ။
ထိုကံတရားတွေ
စုမိဆောင်းမိဖြစ်နေသမျှ
ကံတရားရဲ့အကျိုးလို့ခေါ်တဲ့
ဘဝခန္ဓာတွေဟာ ပေါ်နေဦးမှာပဲ။
အဲဒီဥပါဒါန်ကို မဖြစ်အောင် လုပ်ဖို့လိုတယ်။
တဏှာဆိုတာ မဖြစ်အောင် လုပ်ဖို့လိုတယ်။

ဥပါဒါန်_ဘာကြောင့်_ဖြစ်လာသလဲ။

အဲဒီတဏှာ ဘာကြောင့် ဖြစ်လာသလဲ?
ဝေဒနာပစ္စယာ တဏှာလို့ ဆိုတဲ့အတိုင်း
အာရုံခံစားမှု ဖြစ်တဲ့အတွက်ကြောင့်
တဏှာဖြစ်လာတယ်။
ဝေဒနာဟာ တဏှာဖြစ်လာဖို့အတွက်
လမ်းခင်းပေးတယ်။

ဒီဝေဒနာဟာ
ဘာကြောင့် ဖြစ်လာသလဲဆိုရင်
အာရုံနဲ့စိတ် ဆုံမိတဲ့
ဖဿ ကြောင့်ဝေဒနာဖြစ်လာရတာ။

ဒါဖြင့် ဖဿက ဘာဖြစ်လို့
ဖြစ်လာရသလဲ ဆိုရင်
လူတွေမှာ မျက်စိ နား နှာခေါင်း
လျှာ ကိုယ် စိတ် ဆိုတဲ့
အာရုံနဲ့ဆက်သွယ်တဲ့ အရာတွေ ပါလာတယ်။
ဆက်သွယ်မိတယ်။
ဆက်သွယ်မိလို့ ဖဿ ဆိုတာ ဖြစ်လာတယ်။

ဒါဖြင့် ဒီလိုဆက်သွယ်မိတာ
ဘာကြောင့်လဲဆိုရင်
ရုပ်တွေ နာမ်တွေ
ဖြစ်လာတဲ့ အတွက်ကြောင့်ပဲ။

ရုပ်တွေနာမ်တွေ
ဘာကြောင့်ဖြစ်လာသလဲဆိုရင်
သန္ဓေစိတ်ကလေးကြောင့်ပဲ။

ဒီသန္ဓေစိတ်ကလေး
ဘာကြောင့်ဖြစ်လာသလဲဆိုရင်
ဟိုဘဝက ပြုပြင်ဖန်တီးပေးနိုင်တဲ့
သင်္ခါရဆိုတဲ့ စေတနာကြောင့်
ဖြစ်လာရတာ။

အဲဒီစေတနာလေးဟာ
ဘာကြောင့်ဖြစ်လာသလဲဆိုရင်
အဝိဇ္ဇာကြောင့်တဲ့။

အမှန်ကို မသိမှုကြောင့် ဖြစ်လာရတယ်။

ပဋိစ္စသမုပ္ပါဒ်မှာ ဒီလိုဟောထားတယ်။

ဥပါဒါန်_ပျောက်လိုလျှင်?

ဒါဖြင့် ဥပါဒါန်ပျောက်ချင်ရင်
ဘယ်လိုလုပ်ရမလဲ?
အမှန်မသိတဲ့ အဝိဇ္ဇာကို ဖယ်ရှားရမယ်။
အမှန်မသိတဲ့ အဝိဇ္ဇာချုပ်သွားရင်...
သင်္ခါရ ဆိုတာ မလာတော့ဘူး။
သင်္ခါရ ချုပ်ရင်
ဝိညာဉ်ဆိုတာ မလာတော့ဘူး။
ဝိညာဉ်ချုပ်သွားရင်
နာမ်ရုပ်ဆိုတာ
ဆင့်ပွားပြီး မလာတော့ဘူး။
နာမ်ရုပ်ချုပ်ရင် သဠာယတနဆိုတဲ့
မျက်စိ နား နှာ လျှာ ကိုယ် စိတ်တွေ
မလာတော့ဘူး။
အဲဒါတွေ ချုပ်သွားရင်
အာရုံနဲ့ဆက်သွယ်တဲ့
ဖဿ ဆိုတာ မလာတော့ဘူး။
ဖဿ မလာတော့ရင်
အာရုံနဲ့အတွေ့အကြုံရှိတဲ့
ဝေဒနာ မလာတော့ဘူး။
ဝေဒနာမလာရင်
တဏှာ ဆိုတာ မလာတော့ဘူး။
တဏှာ မလာရင်
ဥပါဒါန် ဆိုတာ လာစရာ မရှိတော့ဘူး။
ဥပါဒါန် မလာရင်
ဘဝကို ဖြစ်စေတတ်တဲ့
ကံတရားတွေ မလုပ်တော့ဘူး။
ကံတရားတွေ မလုပ်တော့ရင်
ဘဝတွေ မဖြစ်လာတော့ဘူးလို့
မြတ်စွာဘုရားက
ကြောင်းကျိုးဆက်ပြီးတော့ ပြထားတယ်။

အဲဒီလို ကြောင်းကျိုးတွေ ဆက်ပြီးတော့
မလာအောင် လုပ်ရမယ့်နည်းလမ်း
ရှိသလား? ဆိုတော့...

နည်းလမ်းက မဂ္ဂင်ရှစ်ပါးပဲ။

မဂ္ဂင်ရှစ်ပါးတရားဟာ သမ္မာဒိဋ္ဌိလို့ဆိုတဲ့
အမှန်မြင်မှုကို ဦးဆောင်ပြီးတော့....
မှန်ကန်စွာမြင်လို့၊
မှန်ကန်စွာ တွေးတောပြီး
မှန်ကန်စွာ လုပ်ဆောင်မယ်၊
မှန်ကန်စွာ အမှတ်ထားပြီးတော့
မှန်ကန်စွာ
စိတ်တည်ငြိမ်အောင်ထားမယ်ဆိုရင်
ထိုမှန်ကန်မှုပေါ်မှာအခြေခံထားတဲ့
မဂ္ဂင်တရားဟာ
ခုနကပြောတဲ့ အဝိဇ္ဇာချုပ်မှုကို
ဦးဆောင်ပြီး သွားလိမ့်မယ်။
အဝိဇ္ဇာ ချုပ်တာနဲ့
နောက်က ဆက်တိုက်ဆက်တိုက်
✂ ✂ ✂
အဝိဇ္ဇာ မရှိတော့ရင်
သင်္ခါရတွေ မရှိတော့ဘူးဆိုပြီး
နောက်ဆုံးမှာ
ဥပါဒါန်တွေ ပျောက်သွားလိမ့်မယ်။
အဲဒါ_ဘဝနိရောဓဆိုတာ_နိဗ္ဗာန်ပဲ။
"ဥပါဒါနပစ္စယော ဘဝေါ"
ဥပါဒါန်တွေ ရှိနေသေးသမျှ
ဘဝဆိုတာ လာနေဦးမှာပဲ။
ဥပါဒါနနိရောဓာ_ဘဝနိရောဓော
ဥပါဒါန်တွေ ချုပ်သွားပြီဆိုရင်
ဘဝလည်း ချုပ်သွားပါပြီတဲ့။

( ဒေါက်တာနန္ဒမာလာဘိဝံသ )

အမှောင်ပျောက်၍ အလင်းရောက်ပါစေ။
Credit to ဓမ္မရတနာ

01/08/2021

အရာရာကို အသိ(သတိလေးကပ်ပီး)
လုပ်ဆောင်နိုင်ကြပါစေ 🙏🙏🙏 .

29/07/2021

🦠ကလေးကိုဗစ်
သားသားမီးမီးလေးတွေအတွက် ကိုဗစ်နဲ့ပက်သက်ပီး ကျန်းမာရေး ဗဟုသုတရအောင် မျှဝေလိုက်ပါတယ်။

✳️အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များလာပါတယ် တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီကကူးတာပါ

ကလေးမှာ ကိုဗစ်ကပြင်းထန်လေ့မရှိပါ သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်
( ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ် တော်တော်ရှားပါတယ် အဖျားကြီးပြီးရက်ကြာရင် စဉ်းစားရပါမယ်)

➡️ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်ပါရာစီတမောတိုက်ပါ
ယေဘူယျအားဖြင့် ၁၅ မီလီဂရမ် / ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီ တခါ တိုက်လို့ရပါတယ် ပုံမှန်တိုက်ဖို့မလိုပါဘူး တိုက်ပြီး ချွေးထွက်လါရင် ပြောင်အေါင် မသုတ်ပါနဲ့ အင်္ကျီမလဲပါနဲ့ ချွေးကအငွေ့ပျံဖို့လိုတဲ့အပူ ကို ခန္ဓာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ

➡️၁နှစ်အောက် ( အစက်ချဆေး Drop )
Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ်
100 mg / ml ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်

➡️၁နှစ်က ၅ နှစ်
အရည် (Syrup or suspension) တွေရှိပါတယ်
120/ 5ml နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ်
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်
Biogesic / Progesic / Sara / Napa စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ

➡️၅ နှစ် အထက်
ဆေးပြားသောက်တာ ပိုဈေးသက်သာပါတယ်
တပြား ၅၀၀ မီလီဂရမ်ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ တွက် ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လောက်ရှိရှိ အများဆုံးတခါသောက် ၂ ပြားထက်ပိုမသောက်သင့်ပါ

😤နှာစေး နှာခေါင်းပိတ်ရင်
Cetrizine syrup ( Cetrine/ Adezio/ Ormist /
အလားတူတွေရှိပါတယ်
5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်
၂နှစ်အောက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ

➡️မိမိအနေနဲ့ ပေးလေ့ရှိတာကတော့
၆ လအေါက် - 1 ml ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5 ml ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5 ml ၂ ကြိမ်
ဆေးပြား 10 mg /tab ဆိုရင်
၁-၃ နှစ်ကြား တစိတ် ၁/၄ ၂ ကြိမ်
၃-၅ နှစ်ကြား ၁/၃ ၂ကြိမ်
၅ နှစ် အထက် ၁/၂ ၂ ကြိမ် ပေးပါတယ်

✳️နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်

ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်

🩺ဝမ်းသွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ - MPF
လိမ္မော်အရသာ - Pharolit / Ped

Crd: မူရင်းရေးသားသူ🙏🙏🙏

25/07/2021

ကိုယ့်လူ​တွေ R.I.P ဖြစ်​နေကြရပြီ....
ကိုယ်လဲ ဖြစ်သွားနိုင်တာပဲမို့...
​လောကကြီးက ဘာ​တွေဖြစ်​နေမှန်း စဥ်းစားရင်း​ခေါင်းရှုပ်လာ​ပေမယ့်...
ချစ်တယ် ...
ပြန်ဆုံကြမယ် ...
စိတ်မ​လျှော့လိုက်ကြနဲ့​နော် ...💪🤍✨
အရာအာလုံးကို စိတ်တူသူ​တွေ အားလုံး တူတူ ရင်ဆိုင်ကြမယ်...
ဘာပဲဖြစ်ဖြစ် ....
"ပြန်ဆုံ" ကြရမယ် လို့​တွေးထား​ပေးပါ...
🤍✨Covid ကို တူတူကြံ့ကြံ့ခံတိုက်ထုတ်ကြမယ်နော်ချစ်တို့ရေ🤘🤘🤘

22/06/2021

PUBG Uc -42-850mmk
MobileLegend
Dia-41=850mmk
(Please Cb)

19/06/2021

Diamond and UC(Pricelist)
အမြန်ရမယ့်ဈေး
Di 86=2000Ks
Di 172=4000Ks
Di 257=6000Ks
Di 344=8000Ks
Di 429=10000Ks
Di 514=12000Ks
Di 600=14000Ks
Di 706=16000Ks
Di 878=20000Ks
Di 963=22000Ks
Di 1049=24000Ks
Di 1412=32000Ks
Di 2195=48000Ks
Di 3688=80000Ks
Di 5532=122000Ks
Starlight =13000Ks
Twilight pass=13000Ks

{ဆတိုးယူပြီးဝယ်လို့ရ တွက်ပေးပါမယ်ခင်ဗျာ😍}

Time(3 hours to 4 hours)အနှေးဈေး
Di 202=4200Ks
Di 404=8400Ks
Di 606=12600Ks
Di 808=16800Ks
Di 1010=21000Ks
Di 1212=25200Ks
Di 1414=29400Ks
Di 1616=33600Ks
{စောင့်နိုင်မှရမယ့်ဈေးလေးပါနော်}

PUBG (Price)

UC 221=4200Ks
UC 442=8400Ks
UC 663=12600Ks
UC 884=16800Ks
UC 1105=21000Ks

League of Legends(Wild Core)

WC 450=4200Ks
WC 900=8400Ks
WC 1350=12600Ks
WC 1800=16800Ks
WC 2250=21000Ks

{ငွေလွှဲပီးရင် ငွေလွှဲ screenshot/Game ID Name screenshotလေးရိုက်ပို့ပေးရပါမယ်ခင်ဗျာ}
Wave Account Or KBZ pay

ယုံကြည်စိတ်ချစွာအားပေးနိုင်ပါပြီခင်ဗျာ😍😘

16/06/2021

အားပေးသူမိတ်ဆွေအပေါင်း
ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ.🙏

Photos from Oxygen's post 10/06/2021

ယနေ့ရဲ့ ဖြစ်တည်မှုလေးပါ
ယုံကြည်စွာအပ်နှံပေးတဲ့ မိတ်ဆွေ ကာစတာမာများ ကျန်းမာ ချမ်းသာ ​၍ စီးပွားရေး
ဒီရေအလား တိုးတက်ကြပါစေလို့
ကျွန်တော်များ Oxygen Online Mobile Service
မှဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ခင်ဗျာ။

Photos from Oxygen's post 09/06/2021

Redmi note8 ကိုမှ
Couple လေးပြင်တဲ့ Uncle
ကျေးဇူးပါ ခင်ဗျ
နှစ်လုံးပေါင်းဆိုတော့လဲ လျော့စျေးပေါ့ဗျာ😊၊
တန်တယ် မြန်မယ် Oxygen မယ်။

ဆက်သွယ်ရန်ဖုန်း, ၀၉၇၉၄၄၅၇၄၅.

Photos from Oxygen's post 09/06/2021

ယုံကြည်စွာအပ်နှံပေးတဲ့ ကိုအောင်မျိုးဟိန်း
ကျေးဇူးပါ ခင်ဗျာ။
တန်တန်လေးနဲ့ မြန်မြန်လေး လုပ်ပေးလိုက်တယ်နော် bro.
ဆက်သွယ်ရန်ဖုန်း, ၀၉၇၉၄၄၅၅၇၄၅

Photos from Oxygen's post 08/06/2021

တန်တယ် မြန်တယ် ယုံကြည်စွာအပ်နှံပေး
တဲ့အကို ကျေးဇူးပါ ခင်ဗျာ 🙏🙏🙏

ဆက်သွယ်ရန်ဖုန်း 09794455745

07/06/2021

ကြာချိန်က တစ်နာရီပါ
အားပေးကြပါ ခင်ဗျ။
ဆက်သွယ်ရန်ဖုန်း 09964606061,09777055520
Wavemoney နှင့်ရမည်။
Game id name Screenshort
ငွေလွှဲ s/s ပို့ပေးရပါမယ် ခင်ဗျာ။

07/06/2021

မဂ်လာပါ ခင်ဗျာ့,
တောင်ငူမြို့တွင်း လူကြီးမင်းတို့ ပြုပြင်လိုသော
မိုလ်ဘိုင်း ဖုန်းများအား အိမ်အရောက် ဝန်ဆောင်မှုပေးပြုပြင်ပေးနေပါပီ ခင်ဗျာ။
လူကြီးမင်းတို့ဘက်မှ ဖုန်းလေးသာဆက်သွယ်လိုက်ပါ၊ကျွန်တော်တို့ All Brands
Online Mobile
Service Centre မှအရောက်လှမ်းလာလိုက်ပါမယ်ခင်ဗျာ။

ဆက်သွယ်ရန်ဖုန်း, 09964606061,09777055520
တောင်ငူမြို့။

06/06/2021

မဂ်လာပါ မြန်မာ

Want your business to be the top-listed Business in Taungoo?
Click here to claim your Sponsored Listing.

Telephone

Website

Address

Taungoo

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Other Business Services in Taungoo (show all)
Women & Small Business Women & Small Business
U Moe Lo Road
Taungoo

ဟေသာအဆီကျလက်ဖက်ခြောက် အညာမြေရှားစောက်းလတ်ပတ် ကရင်ပြည်နယ်ဒေသထွက်Coffee ပျားရည် လက်လီလက်ကားရသည်။

For You Digital Marketing Services For You Digital Marketing Services
Taungoo

Best For Your Business

Taungoo  India, Tamuu online shopping Taungoo India, Tamuu online shopping
Taungoo, 9554

Taungoo India,Tamuu online shoping

Kaung John Beauty Collections Kaung John Beauty Collections
Taungoo

Warmly Welcome

HK Online Business - wint war natural products HK Online Business - wint war natural products
ကန်လမ်း
Taungoo, HK

ဝင့်ဝါ သဘာဝဂျင်းသံပုရာအဆီကျလက်ဖက်ခြောက် လက်လီလက်ကား တောင်ငူမြို့ကိုယ်စားလှယ်🥰 📱၀၉၂၅၄၇၇၅၄၇၁

Yarzar Hein Yarzar Hein
Taungoo

တိတ်စိတ်သောညတစ်ည မှောင်မိုက်သောည ကြောက်စရာကောင်းသောည တိတ်တစိတ်ငိုနေသောသူရဲ့ည

Mahar Private High School, Taungoo Mahar Private High School, Taungoo
No. 5, Nanda Kyaw Htin Street
Taungoo

Thiri curtain Thiri curtain
12/145မြစည်းခုံဘရားလမ်း
Taungoo