ပဲနီလေး : Pel Ni Lay in Bangkok

ပဲနီလေး : Pel Ni Lay in Bangkok

PelNiLay in Bangkok 1500 MMK/box

Photos from ပဲနီလေး : Pel Ni Lay in Bangkok's post 31/08/2024

🪐

31/08/2024

Thailand or Fried Chicken Paradise 🍗
ထိုင်းနိုင်ငံ OR ကြက်ကြော်ဘုံဗိမာန် 💁

ထိုင်းနိုင်ငံက weekend shopping အတွက် နာမည်ကြီးရုံတင်မကဘူး နေရာတော်တော်များများမှာ ကြက်ကြော်ကို style မျိုးစုံ၊ ဈေးမျိုးစုံနဲ့ အလွယ်တကူကိုရနေတော့တာပါပဲ။ McDonald's တစ်ချို့ဆိုင်တွေဆိုရင် 24hr ပါရလိုက်သေးတယ် 🐥

ကြက်သားကလည်း ဈေးသက်သာတဲ့အပြင် ကြက်ကြော်ဆိုင်ကြီးကြီးတွေမှာတောင် ထိုင်းဘတ် 100THB ဆိုရင်ကို အတော်ဗိုက်တင်းအောင်စားရပါတယ်။
(KFC မှာ Pepsi freeflow ရတာကတော့ နတ်ပြည်မှာ နတ်သုဒ္ဓါ စားရသလိုပါပဲ 😆)

KFC, Texas Chicken, Bonchon, Chester, CP five star နဲ့ McDonald's အပြင်အခြားသော local shops တွေကလည်း အတော်ကောင်းပါတယ်။ 👍

ps: Lotteria မရှိတာလေးတစ်ခုပဲ 🤦

20/08/2024

❤️✊

Photos from ပဲနီလေး : Pel Ni Lay in Bangkok's post 13/08/2024

💙💁

Photos from ပဲနီလေး : Pel Ni Lay in Bangkok's post 12/08/2024

Toyota C-HR

Photos from ပဲနီလေး : Pel Ni Lay in Bangkok's post 10/08/2024

📸💛🛵

Photos from ပဲနီလေး : Pel Ni Lay in Bangkok's post 07/08/2024

Thailand and EV ⚡🚗

ထိုင်းအစိုးရရဲ့ EV အပေါ် အရှိန်အဟုန်ပြည့်အားစိုက်မှုတွေကို ချင်းမိုင်ရောက်တဲ့အခါမှာ သိသိသာသာ မြင်တွေ့နိုင်တယ်။

ချင်းမိုင်ကို တစ်ပတ်လောက်လာလည်တဲ့အခါမှာ Private driver တွေ အားလပ်ချိန် ၀င်မောင်းတဲ့ Bolt လိုမျိုး economy taxi တွေကို booking လုပ်လိုက်ရင်ကိုပဲ တစ်ကြိမ်နဲ့ တစ်ကြိမ် မထပ်လောက်ရအောင်ကို EV မျိုးစုံစီးဖူးသွားမှာပဲဖြစ်ပါတယ်။ 👍

ယခုလို August လအစမှာလည်း ချင်းမိုင်ရဲ့ နာမည်ကြီး mall တွေဖြစ်တဲ့
Central Airport Plaza, Central Festival တို့တွေမှာ

Changan, MG, GWM ORA, Wuling, GAC aion, KIA, Volvo, Hyundai, Lexus နဲ့ Zeekr
အစရှိတဲ့ EV ကား brand မျိုးစုံပါဝင်ပြီး အရောင်းပြပွဲတွေ ပြိုင်တူတွန်းရောင်းနေကြတာမြင်ရနိုင်ပါတယ်။

အောက်မှာမြင်ရတဲ့ပုံတွေကတော့ ချင်းမိုင်ရောက်တုန်း စီးခဲ့ရတဲ့ bolt economy EV taxi တွေပဲဖြစ်ပါတယ်။ 💁

26/07/2024

🌸💕

Photos from ပဲနီလေး : Pel Ni Lay in Bangkok's post 24/07/2024

...

Photos from ပဲနီလေး : Pel Ni Lay in Bangkok's post 20/07/2024

Chatu chak Weekend Market 📸💕

16/07/2024

MG5 beyond 💕

10/07/2024

🌳🪑📸

Photos from ပဲနီလေး : Pel Ni Lay in Bangkok's post 06/07/2024

Thailand နှင့် Varanus (ဖွတ်များ)

ထိုင်းနိုင်ငံမှာ ဖွတ်တွေကို နေရာအမျိုးမျိုးတွင် တွေ့ရခြင်းမှာ အနေကြာတဲ့သူတွေအတွက် အထူးအဆန်းမဟုတ်တော့ပါဘူး။ ဒီတွားသွားသတ္တဝါတွေကို နိုင်ငံတစ်ဝှမ်းရှိ ရေကန်များ၊ ရေနုတ်မြောင်းများနှင့် အများသူငှာ ပန်းခြံများတွင် မကြာခဏ မြင်တွေ့နိုင်ပါတယ်။ တက္ကသိုလ်ကျောင်းဝင်းတွေမှာသာမက မြို့ထဲကပန်းခြံတွေမှာ လမ်းလျှောက်ရင်း ထိုင်နေရင်းတောင် ကိုယ့်အနားရောက်လာတာမျိုး မကြာခဏတွေ့ရမှာပါ။

၎င်းဖွတ်များ ရှိနေခြင်းကလည်း မြို့ပြရဲ့ လူနေထူ‌ထပ်တဲ့ နောက်ဆက်တွဲဖြစ်တဲ့ အစားအသောက်အကြွင်းအကျန်နဲ့ ရေနေသတ္တဝါ အသေများကို ရေနုတ်မြောင်းတွေ ကန်တွေမှာ တစ်ဖက်တစ်လမ်းကနေ သန့်ရှင်းပေးတာပဲဖြစ်ပါတယ်။

အရွယ်ရောက်ပြီးအ‌ကောင်ရဲ့ အရွယ်အစားအနေနဲ့ ၅ ပေကနေ ၆ ပေခွဲ လောက်အထိ ပုံမှန်ကြီးနိုင်ကြပီး အလေးချိန်ကတော့ ပေါင် နှစ်ဆယ်ကနေ လေးဆယ်ကျော်လောက်ထိ အကြမ်းဖျင်းရှိနိုင်ပါတယ်။ သက်တမ်းအနေနဲ့ နှစ်နှစ်ဆယ်လောက်ထိ နေနိုင်ကြပါတယ်။

ကံကောင်းတာကတော့ သူတို့ဟာ ပုံမှန်အား‌ဖြင့် လူတွေကို အန္တရာယ်ပြုတာမျိူး‌မရှိတာကြောင့် သိပ်တော့စိုးရိမ်စရာမရှိပေမယ့် အနီးကပ်တော့ မနေဖို့သတိထားသင့်ပါတယ်။ဒီတွားသွားသတ္တဝါတွေကို ထိုင်းနိုင်ငံမှာ ဘေးမဲ့ပေးထားတာဖြစ်လို့ ဖမ်းယူတာ သတ်ဖြတ်တာဟာ တရားမ၀င်ပါဘူး။

Photos from ပဲနီလေး : Pel Ni Lay in Bangkok's post 06/07/2024
Photos from ပဲနီလေး : Pel Ni Lay in Bangkok's post 01/07/2024

🚶

Photos from ပဲနီလေး : Pel Ni Lay in Bangkok's post 29/06/2024

💕

Photos from ပဲနီလေး : Pel Ni Lay in Bangkok's post 27/06/2024

Thailand နှင့် Online Shopping Apps များ 🌐🛒

ကျနော်တို့နိုင်ငံမှာလည်း နောက်ပိုင်း online shops တွေ ခေတ်စားလာကြပေမယ့် quality ကိုမယုံကြည်ကြ၍သော်လည်း‌ကောင်း၊ delivering service အဆင်မပြေကြသေး၍လည်းကောင်း၊ ဂျင်းထည့်ခံရတာများ၍ သော်လည်းကောင်း အစရှိတဲ့ အဆင်မပြေမှုတွေကြောင့် ကျယ်ပြန့်လာဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

အိမ်နီးခြင်း ထိုင်းနိုင်ငံမှာတော့ ဒီအခြေအနေကို ကျော်ဖြတ်ပီး Lazada တို့ Shopee ၊ JD ၊ Central တို့အပြင် အခြားများစွာသော online shopping apps တွေက အားသာချက် အားနည်းချက် အမျိုးမျိုးနှင့် အတော်ပင် ခေတ်စား အဆင်ပြေ လည်ပတ်လျက်ရှိပါတယ်။
🏷️🚚 Targeted customer အမျိုးမျိုးအတွက် quality ကောင်းတဲ့ပစ္စည်းတွေ ၊ ယုံကြည်စိတ်ချဖွယ်ရာ ၎င်းတို့ကိုယ်တိုင်ရဲ့ mall အမှတ်အသားနဲ့ ‌ပစ္စည်းတွေ၊ quality အသင့်အတင့်တွေ၊ မက်လောက်စရာ discount တွေ၊ fast delivery service တွေ၊ return options တွေ အစရှိသဖြင့် ပြည်တွင်းကပစ္စည်းတွေသာမက အိမ်နီးချင်းနိုင်ငံတွေကပါ click တစ်ချက်နှိပ်ရုံနဲ့ အိမ်ရှေ့ရောက်တဲ့အထိ တော်တော်လေး အဆင်ပြေပါတယ်။ 🛍️✨

ရည်ရွယ်ချက်အမျိုးမျိုးနဲ့ သုံးကြတာဖြစ်တဲ့အတွက် ကိုယ်တိုင်က သုံးရတဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးတော့ ဂျင်းမမိအောင် ချင့်ချိန်သုံးစွဲတတ်ဖို့ အင်မတန်အရေးကြီးပါတယ်။

ကျနော်ဆိုရင် မြန်မာမှာတည်းက online shopping ကို ဘ၀င်မကျ သိပ်အားပေးလေ့မရှိတဲ့အထဲပါပါတယ်၊

ဒါပေမဲ့ ဒီမှာ တစ်ခု ညွှန်းချင်တာက ဒီက online shopping apps တွေမှာ New Users promotion တို့ free delivery service တို့ 1 Baht promotion တို့ဆိုတာ လိုအပ်နေတဲ့ သူတစ်ချို့အတွက်တော့ တကယ့်ကို အသုံး၀င်တဲ့ အသုံးချခွင့်ပဲဖြစ်ပါတယ်။
ကိုယ်တိုင်အတွေ့အကြုံအရကို quality အတော်အသင့်ရှိတဲ့ အောက်က ဖိနပ်တွေ promotion အချိန်နဲ့ သင့်ပြီးရခဲ့တာပါပဲ။ 👟🥿
Shoes ဆိုရင် 1800 တန်ကို 500 baht နဲ့ရပြီး
Sandles ဆိုရင် 1 Baht နဲ့ Free shipping ပါရခဲ့တာပါ။

ဆိုတော့ ဘယ်နေရာ ဘာပစ္စည်းဖြစ်ဖြစ် ကိုယ်သုံးရတဲ့ ရည်ရွယ်ချက်နဲ့ဘယ်လောက် အကျိူးမျှော်လင့်တာလဲပေါ်မူတည်ပြီး ချင့်ချိန်သုံးသင့်တာဖြစ်လို့ ကိုယ့်အတွက် ဂျင်းမမိအောင်နဲ့ ဆိုးကျိူးမဖြစ်အောင် ဂရုစိုက်ရင်း
ကိုယ့်အတွက် အကျိုးရှိတာတစ်ခုလောက်ဖြစ်ဖြစ်ရမယ်ဆိုရင်လည်း ယူလိုက်သင့်တဲ့အခွင့်အရေးဖြစ်တဲ့ အကြောင်း မျှဝေပေးရခြင်းဖြစ်ပါတယ်။ 🎉📦

Photos from ပဲနီလေး : Pel Ni Lay in Bangkok's post 20/06/2024

"ထိုင်းနိုင်ငံနှင့် Night Market ယဉ်ကျေးမှု"

ထိုင်းနိုင်ငံရဲ့ ညဈေးတွေဟာ ဈေးဝယ်သူတွေရဲ့ လည်ပတ်စရာ နိဗ္ဗာန်သာမက ၎င်းတို့ကိုယ်တိုင်ရဲ့စီးပွားရေးနဲ့ ခရီးသွားတို့အတွက် အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်လာပါတယ်။
ဒီဈေးကွက်တွေမှာ ထိုင်းလက်မှုပညာနဲ့ ဟင်းလျာတွေကခရီးသွားတွေကို ဆွဲဆောင်ပြီး ပြည်တွင်းမှ ညဈေးရောင်းသည့် တစ်ဦးတစ်ယောက်ချင်းစီ ကိုယ်တိုင်ကတောင် နိုင်ငံခြား၀င်ငွေ ရှာဖွေပေးနေတာပဲဖြစ်ပါတယ်။

ဒီစျေးကွက်တွေကို မြှင့်တင်ခြင်းအားဖြင့် :

-ခရီးသွားများတိုးမြင့်လာစေရန်နှင့် ဒေသခံ ဈေးသည်များအား ပံ့ပိုးပေးခြင်း၊
-ညဈေးများကို ထိုင်းကုန်သွယ်မှုနှင့် ယဉ်ကျေးမှု၏ အမှတ်အသားတစ်ခုအဖြစ် ဖန်တီးပေးခြင်း
-နောက်ဆက်တွဲအနေနဲ့ အိမ်နီးချင်းနိုင်ငံများ၏ tourist attractions နေရာများလာက် မခမ်းနားသော attractions နေရာများကိုပါ လည်ပတ်စရာနေများအဖြစ် ကျွဲကူးရေပါ သိမ်းကျုံးရယူသွားနိုင်ခြင်း
-နောက်ပိုင်း ပိုမိုစိုးရိမ်ဖွယ်ဖြစ်သာ အိမ်နီးချင်းနိုင်ငံများရဲ့ ကျော်ကြားသော attractions များ၏ Replicas (ပုံတူပွား) များ ဖန်တီးကာအသုံးချသွားနိုင်ခြင်းဖြင့်

အိမ်နီးခြင်းနိုင်ငံတွေရဲ့အားနည်းချက်ကို အခွင့်ကောင်းယူလိုက်နိုင်ခြင်းပဲဖြစ်တယ်ဆိုတာ ကိုယ်‌တွေနိုင်ငံလို နောက်ပြန်သွားနေတဲ့အခြေအနေအတွက် စိတ်မကောင်းဖွယ်ရာ မြင်တွေ့နေရပါတယ်။

18/06/2024

📸✨

Photos from ပဲနီလေး : Pel Ni Lay in Bangkok's post 17/06/2024

Thailand မှာ နှစ်လအတွင်းရောက်ခဲ့တဲ့ နေရာ (၄၀) 🔥💯

1. Thammasat university Rangsit Campus
2. Bangkok University Ragsit Campus
3. Future Park and Big C Rangsit
4. Don Mueang Airport
5. Suvarnabhumi Airport
6. Save One Go Night Market (YaekKorPorAor Night Market)
7. IT square Lak Si
8. Department of Land Transport Mochit
9. Department of Land Transport Area 3 Bang Chak
10. Chatu Chak weekend Night Market
11. Victory Monument
12. Phaya Thai
13. Siam Paragon
14. Terminal 21 Aaok
15. Sathorn
16. Asiatique River Front
17. King Power Mahanachon
18. Saint Louis Myanmar Embassy
19. Jodd Fairs Rama 9
20. Train Night Market
21. Central Rama 9
22. Platinum Mall
23. King Mongkut’s University of Technology Thonburi (KMUTT)
24. China Town
25. B story Garden Cafe and restaurant
26. Lumphini Park
27. BITEC Bangna
28. Tonsai Night Market Bearing
29. Chiang Mai Airport
30. Chiang Mai University
31. Angkaew Reservoir
32. Huay Keaw Waterfall
33. Maya Square
34. Nimman Hill
35. Wat Chedi Luang
36.. Chiang Mai Gate
37. Central Chiang Mai
38. Nong Buak Haad Public Park
39. Ku Huang Corner
40. Little Garden Chiang Mai

🙆💕

နေရာကောင်းလေးတွေထပ်ရှိသေးရင် comment မှာ ညွှန်းပေးခဲ့ကြပါဦး 🎉

Photos from ပဲနီလေး : Pel Ni Lay in Bangkok's post 15/06/2024

1

# # # 🌟 Thammasat University Rangsit Campus 🌟

ဘန်ကောက်ကို ရောက်ဖြစ်ရင် Thammasat University ရဲ့ Rangsit Campus ကို သွားရောက်လည်ပတ်သင့်ပါတယ်။ 🏫🌳

# # # # ရင်သပ်ရှုမောဖွယ် ခမ်းနားထည်ဝါတဲ့ ကျောင်းဝင်း
ကျောင်းဝင်းသည် ခေတ်မီဗိသုကာပညာနှင့် စိမ်းလန်းစိုပြေသောနေရာများ ပေါင်းစပ်ထားကာ ပြီးပြည့်စုံသည့် ပေါင်းစပ်မှုတစ်ခုဖြစ်ပါတယ်။ လမ်းလျှောက်ပြီး သာယာတဲ့လေထုကို ခံစားရတာ အရမ်းကောင်းပါတယ်။ 🌿✨

# # # # ထိပ်တန်းအဆင့် သင်ထောက်ကူနှင့် facilities များ
အဆင့်မြင့်စာကြည့်တိုက်များ 📚 မှ အဆင့်မြင့်နည်းပညာသုံး ဓာတ်ခွဲခန်းများ 🔬 နှင့် ကြီးမားသော အားကစားဆိုင်ရာ လေ့ကျင့်ရေး အဆောက်အဦးများ 🏊‍♂️၊ ဤနေရာတွင် အဆောက်အဦးများသည် ထိပ်တန်းအဆင့်ဖြစ်ပါတယ်။ အရာအားလုံး ဘယ်လောက်တောင် ကောင်းမွန်စွာ ပြင်ဆင်ထားတယ်ဆိုတာကို မြင်တွေ့ရတာ အထင်ကြီးစရာအမှန်ပါပဲ။

# # # # ကျောင်းသားတွေရဲ့ နေ့စဉ်လှုပ်ရှားမှုများ
ကျောင်းဝင်းရှိ စွမ်းအင်သည် ကူးစက်တတ်ပါတယ်။ ယဉ်ကျေးမှုပွဲတော်များ၊ အားကစားပွဲများနှင့် ကျောင်းသားအသင်းများ သည် နေရာအား တက်ကြွစွာ စည်ကားစေပါတယ်။ 🎉🏅 လူမှုအသိုင်းအဝိုင်းရဲ့ ခံစားချက်နဲ့ စိတ်လှုပ်ရှားမှုတွေကို သင်တကယ်ခံစားရနိုင်ပါတယ်။

# # # # ဈေးသက်သာသော ၊ အရသာရှိသောအစားအစာများ
စားသောက်စရာရွေးချယ်စရာများကို ကျောင်းရဲ့နေရာတော်တော်များများမှာ အလွယ်တကူတွေ့နိုင်ပါတယ်။ ထိုင်းအစားအစာ 🍲 မှ နိုင်ငံတကာ fastfoods 🍔 အထိ အရသာရှိတဲ့ ဟင်းလျာတိုင်း မှာ ဈေးသက်သာပြီး သန့်ရှင်းလတ်ဆက်ပါတယ်။

# # # ဘာလို့လာလည်သင့်တာလဲ
ပညာရှင်တွေ၊ ဗိသုကာပညာကို စိတ်ဝင်စားတာပဲဖြစ်ဖြစ်၊ ‌university life ကို နှစ်သက်တာပဲဖြစ်ဖြစ် Thammasat Rangsit မှာ လူတိုင်းအတွက် ‌အတွေ့အကြုံကောင်းတစ်ခု ရမှာအ‌သေအချာပါပဲ။ 🌟

👉ဘယ်လိုသွားရမလဲ တိုင်ပင်ချင်တာပဲဖြစ်ဖြစ်
မသွားတတ်လို့ ယောင်လည်လည်ဖြစ်မှာစိုးလို့ လိုက်ပို့ပေးစေချင်တာပဲဖြစ်ဖြစ်
0659188457 ကိုဆက်သွယ်ပြီး အကူအညီတောင်းလို့ရပါတယ်ခမျ။

Ps: ကျောင်းက ဘယ်လောက်ကြီးလဲဆိုရင် major league ဘောလုံးကွင်းတွေရော professional ရေကူးကန်တွေနဲ့ ဆေးရုံအကြီးကြီးပါ ရှိသေးတာပါပဲ 💯

13/06/2024

🚍🔋 EV usage in Thailand 🚍🔋

ထိုင်းနိုင်ငံသည် 100% လျှပ်စစ်ဘတ်စ်ကားများနှင့် EV express များဖြင့် ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးဆီသို့ ကြီးမားသောခြေလှမ်းတစ်ရပ်ကို လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ 🌱

အဓိက အချက်တွေအနေနဲ့ကေတာ့ -

- **Urban EV Shuttles**- ဘန်ကောက်ကဲ့သို့ မြို့ကြီးများတွင် ယာဉ်ကြောပိတ်ဆို့မှုနှင့် လေထုညစ်ညမ်းမှုကို လျှော့ချပေးပါတယ်။

- **ကျောင်းတွင်း သယ်ယူပို့ဆောင်ရေး**- တက္ကသိုလ်များသည် ကျောင်းဝင်းအတွင်း ခရီးသွားလာရန်အတွက် လျှပ်စစ်ရထားများ အသုံးပြုနေပါပြီ။

- **University Express**- EV express များသည် ယခုအခါ တက္ကသိုလ်ကျောင်းဝင်းများနှင့် ချိတ်ဆက်လျက်ရှိပါတယ်။

- **Tourist-Friendly**- ဖူးခက်နှင့် Pattaya ကဲ့သို့သော နေရာများတွင် ဂေဟစနစ်နှင့် အဆင်ပြေသော သယ်ယူပို့ဆောင်ရေးများ။

- **လေဆိပ်များ**- ယခုအခါ အဓိကလေဆိပ်များကို ဝန်ဆောင်မှုပေးနေသော လျှပ်စစ်ယာဉ်များ။

_ **EV express နှင့် taxi များ**_ မြို့တွင်းသုံး taxi များအပြင် မြို့ပြင် hight way များအတွက်ပါ မကြာခဏတွေ့နိုင်သုံးနိုင်အောင် စတင်အစားထိုးအသုံးပြု နေကြပါပြီ။

ထိုင်းနိုင်ငံသည် ပိုမိုစိမ်းလန်းသော အနာဂတ်ဆီသို့ အမြန်လမ်းပေါ်တွင် ရောက်နေတယ်လို့ ပြောလို့ရနေပြီပဲဖြစ်ပါတယ်။ 🌏✨

Photos from ပဲနီလေး : Pel Ni Lay in Bangkok's post 11/06/2024

Night Market

BTS အစိမ်းလိုင်း (Sukhumvit Line) ၏ BTS ဘူတာအနီးတွင် တည်ရှိသော ညဈေးသည် ဧည့်သည်များအတွက် အခြား ညဈေးများနှင့်မတူကွဲပြားသော အတွေ့အကြုံကို ရရှိစေပါလိမ့်မယ်။

ဤဈေးသည် ထိုင်းတော်ဝင်လေတပ်ပြတိုက်နှင့် ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်တို့အနီးတွင် ရှိပါတယ်။

ထိုင်းရိုးရာဟင်းပွဲများသာမက ‌အရမ်းဈေးတန်သော အဆာပြေ fastfoods နှင့် အ‌ပျော်ယမကာ ဘီယာ များအထိ street food မျိုးစုံကို တစ်နေရာတည်း ဗိုက်ကားအောင် မြည်းစမ်းနိုင်မှာဖြစ်ပါတယ်။ အ၀တ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် အခြားပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချသော ဆိုင်များစွာကြောင့် လူသိများသော ဈေးတစ်ခုပဲဖြစ်ပါတယ်။

အစားအသောက်များ၀ယ်ပြီးရင် သူငယ်ချင်းတွေအများကြီးနဲ့တစ်ထိုင်တည်း စားသောက်ပျော်ပါးဖို့ public sitting area အကျယ်ကြီးရှိတာက အားသာချက်ပါပဲ။
မြို့ထဲမှာရှိတဲ့ Jodd Fair လို night market တွေထက် ကောင်းတာတစ်ခုကတော့ ဘာစားစား တန်လွန်းတာပဲဖြစ်ပါတယ်။

BTS နဲ့သွားမည်ဆိုပါက Sukhumvit လိုင်းအဆုံး Khu khot မရောက်ခင် ရှေ့တစ်မှတ်တိုင်ဖြစ်တဲ့ YaekKorPorAor မှဆင်းတာနဲ့တန်း‌ရောက်တာကြောင့် သွားလာရလွယ်ကူ အဆင်ပြေစေပါတယ်။

အပြင်းပြေ အားရက်တစ်ခုကို သူငယ်ချင်းတွေနဲ့စုပီး BTS စီးရင်း သွားရောက်လည်ပတ်သင့်တဲ့နေရာတစ်ရာ အဖြစ် recommend ပါတယ်။ 👍

Location - YaekKorPorAor BTS station

Photos from ပဲနီလေး : Pel Ni Lay in Bangkok's post 11/06/2024

Night Market

ဘန်ကောက်ရှိ Bearing BTS ဘူတာအနီးတွင် တည်ရှိသော Tonsai Night Market သည် ဒေသခံများနှင့် ခရီးသွားများအတွက် လူကြိုက်များသော နေရာတစ်ခုဖြစ်သည်။

ဤဈေးသည် ထိုင်းရိုးရာဟင်းလျာများနှင့် ထူးခြားသောအချက်အပြုတ်ဖန်တီးမှုများပါရှိသော street food များကြောင့် နာမည်ကြီးသည်။ လူကြိုက်များသော ဘီယာတာဝါများ အပါအဝင် အဖျော်ယမကာမျိုးစုံကိုလည်း ရရှိနိုင်ပြီး ညနေခင်းများတွင် gathering အတွက် ကောင်းမွန်သောနေရာတစ်ခုဖြစ်ပါတယ်။

စျေးသည် BTS Skytrain အဆင်းမှတ်တိုင်တွင်ရှိသောကြောင့် ခရီးသွားများအတွက် အဆင်ပြေစေပါသည်။ အရသာရှိသော အစားအသောက်များနှင့် အဖျော်ယမကာများဖြင့် ပေါင်းစပ်ပြီး သက်ဝင်လှုပ်ရှားနေသော လေထုသည် ဘန်ကောက်၏ ညဈေးမြင်ကွင်းတွင် လည်ပတ်စရာနေရာတစ်ခု ဖြစ်လာစေသည်။

အသေးစိတ်အချက်အလက်များအတွက် မြင်သာထင်သာခံစားနိုင်ရန် YouTube ကဲ့သို့သော ပလပ်ဖောင်းများရှိ ဗီဒီယိုများနှင့် လမ်းညွှန်ချက်များကို ကြည့်ရှုနိုင်ပါသည်။

Location - Bearing BTS station, Bangkok

18/02/2022

ဒီတပတ် #စနေနှင့်တနင်္ဂနွေနေ့တွင် ထောက်ကြန့်မြို့တွင်းမှ မှာယူအားပေးမည့် ၀ယ်သူများအားလုံးအတွက်
💁 #ဘယ်နှစ်ဘူးပဲမှာမှာ ပို့ဆောင်ခ #အခမဲ့ နဲ့ ရောင်းချပေးမှာပါ

#တစ်ဘူး2000ကျပ် only 😎

09779985526 သို့လည်း viber, what's up တိုက်ရိုက်ခေါ်ဆို၍မှာယူနိုင်ပါတယ်။

အခြားဖုန်းနံပါတ်များ - 09457104992

Videos (show all)

📸✨#thailand #travelling
🚍🔋 EV usage in Thailand  🚍🔋 ထိုင်းနိုင်ငံသည် 100% လျှပ်စစ်ဘတ်စ်ကားများနှင့် EV express များဖြင့် ရေရှည်တည်တံ့သော သယ်ယူပိ...

Telephone

Website

Address


Bangkok