Yangon Nursing Training School Student's Union

Yangon Nursing Training School Students' Union

28/11/2023

ဒီစကားဝိုင်းမှာတော့ SAF ဗဟိုကော်မတီဝင် မင်းလတ်ဥက္ကာ၊ PLAမှ တင်နွယ်ဦး၊ BPLA နိုင်ငံရေးမှူး ရိုးအံ့မင်း၊ CDM ဗိုလ်ကြီးလင်းထက်အောင်တို့နဲ့အတူ တကသများ-ရန်ကုန်မှ မာန်ဟိန်းက ဦးဆောင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို “မြဲမြဲပျံ မြန်မြန်ကြဲ” ဒရုန်းကမ်ပိန်းနဲ့ တကသများ-ရန်ကုန်တို့က ပူးပေါင်းပြုလုပ်ကြတာဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကိုတော့ ASU နဲ့ဆက်စပ်သမဂ္ဂများရဲ့ page, The REver Fundraising Program နဲ့ဆက်စပ် fundraising teamများရဲ့ page အပါအဝင် အောက်ပုံပါ သတင်းမီဒီယာစာမျက်နှာများကနေပါ ကြည့်ရှုလို့ရမှာ ဖြစ်ပါတယ်။

05/03/2023

Finally 💪💪

အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေး၀န်ကြီးဌာန နှင့် EdX ပညာရေးအဖွဲ့အစည်းတို့ ပူးပေါင်း ဆောင်ရွက်မှုအား ကျောင်းသားပြည်သူသို့ သတင်းထုတ်ပြန်ခြင်း
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေနှင့် စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထား သော ကျောင်းသားများ ပညာဆက်လက်သင်ယူနိုင်ရေးအတွက် နိုင်ငံတကာပညာရေး အဖွဲ့အစည်း များနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို အစဉ်တစိုက် ကြိုးပမ်းလျက် ရှိသည်။
EdX ပညာရေး အဖွဲ့အစည်းနှင့် ပူးပေါင်း၍ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားသော အဆင့်မြင့် ပညာကဏ္ဍမှ ကျောင်းသားများအတွက် သင်တန်းအမျိုးအစားပေါင်း (၁၃၂) မျိုးကို EdX MOOC တွင် လေ့လာနိုင်ရန် သဘောတူညီမှုများ ရရှိခဲ့ပြီး ဖြစ်သည်။ အဆိုပါ သင်တန်း (၁၃၂) မျိုးအနက် EdX နှင့် မိတ်ဖက်ဖြစ်သည့် နိုင်ငံတကာ တက္ကသိုလ်များမှ အင်္ဂလိပ်ဘာသာဖြင့် ပို့ချသော သင်တန်းအမျိုးအစား (၈၈) မျိုးတွင် ကျောင်းသားဦးရေ (၅၀၀၀) အထိ တက်ရောက် သင်ယူနိုင်မည်ဖြစ်သည်။ တက်ရောက်ခွင့်ရရှိသူ‌ ကျောင်းသားများသည် US ဒေါ်လာဖြင့် ပေးသွင်းရသော သင်တန်းများအား အခကြေးငွေ လုံး၀ပေးသွင်းစရာ မလိုဘဲ တက်ရောက်နိုင်မည့်အပြင် နိုင်ငံတကာ အသိအမှတ်ပြုသင်တန်း ပြီးဆုံးကြောင်းလက်မှတ်များအား အခမဲ့ ထုတ်ယူနိုင်မည် ဖြစ်သည်။
အောက်ပါ နယ်ပယ်အသီးသီးမှ သင်တန်းများအား မိမိတို့၏ အနာဂတ် အသက်မွေး၀မ်းကျောင်းမှု၊ စိတ်၀င်စားမှု တို့ကို အခြေခံ၍ ကိုယ်တိုင် ရွေးချယ်တတ်ရောက်နိုင်မည် ဖြစ်သည်။
- သတင်းအချက်အလက်နှင့် နည်းပညာ
- လူ့အခွင့်အရေး
- စီမံခန့်ခွဲမှုနှင့် စီးပွားရေးဆိုင်ရာဘာသာရပ်များ
- ကျန်းမာရေး
- သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး
- ဆိုက်ဘာလုံခြုံရေး
- အင်ဂျင်နီယာပညာရပ်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက သင်တန်းလျှောက်ထားခြင်းနှင့် ပတ်သက်၍ ဆက်လက်ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်။

04/01/2023

Comment campaign Day – 3

အကြမ်းဖက်စစ်တပ်ကို ဒေါ်လာ သန်းပေါင်းများစွာ (၂၀၂၁ခုနှစ်တွင် ဒေါ်လာသန်း ၅၀၀နီးပါး) ထောက်ပံပေးနေတဲ့ PTTကို ဒီကုမ္ပဏီဟာ ဘယ်လိုကုမ္ပဏီမျိုးလဲ မသိသေးတဲ့ထိုင်းလူမျိုးတွေသိအောင်၊ မကြာခင်ထိုင်းနိုင်ငံမှာပါ PTTကို ထိုင်းလူမျိုးတွေနဲ့ပေါင်းပြီးသပိတ်မှောက်တဲ့လှုပ်ရှားမှုလုပ်နိုင်ဖို့ အစပျိုးတဲ့လှုပ်ရှားမှုပါ။

လုပ်ဆောင်ရမည့်ပုံစံအဆင့်ဆင့် -
ကျွန်တော်တို့အနေနဲ့ Comment ပေးရမယ့် post ရဲ့ Linkကိုချထားပေးပါမယ်။ comment ပေးရမယ့်ထိုင်းလိုဘာသာပြန်ထားတဲ့ ပုံလေးတွေကိုလည်း တင်ထားပေးပါမယ်။

၁။ Page တွင်တင်ထားသောPhoto ကို မိမိ၏ဖုန်း သို့မဟုတ် Computer သို့ Save ပါ။

၂။ အောက်ပါ link ကိုနှိပ်ပါ။ း
https://www.facebook.com/848081461923894/posts/5626051877460138/?mibextid=Nif5oz

၃။ link ကိုနှိပ်ပြီး မူရင်း post သို့ရောက်သွားပါက save ထားသော ပုံကို ထို post တွင် comment ပေးရန်။

ပုံတွင်ပါစာများ၏မြန်မာအဓိပ္ပါယ် -

အားလုံးသိအောင်ပြောပြလိုက်မယ်
စစ်ကိုင်းကရွာတွေကို မီးရှို့ဖို့ ပိုက်ဆံပေးနေတာ
ဒီအင်ဂျင်ဝိုင် ကုမ္ပဏီပဲ
လူသတ်သမားတွေကို
ပိုက်ဆံပေးနေတဲ့ PTTကို သပိတ်မှောက်ကြပါ။

…………………………………………………

ယခုလှုပ်ရှားမှုအား -
Blood Money Campaign
Alliance of Students' Unions Yangon
Anti-Junta Mass Movement
Boycott Military’s Pocket
Democracy Movement Strike Committee_Dawei
General Strike Coordination Body
General Strik Committee of Nationalities
Myanmar Muslim Revolution Force
Progressive Muslim Youth Association
တို့မှ ပူးပေါင်းလုပ်ဆောင်ကြပါသည်။

07/12/2022

ဒါလေးတော့ဝိုင်းပြီး အသံထွက်ပေးကြပါ။
ကိုယ်တွေကျောင်းသားထုအတွက် ကျောင်းသားတွေကိုယ်တိုင်ဘဲရှိတာမို့ အသံတိတ်မနေဘဲ အသံထွက်ပေးကြပါ....






Stop Executions Our Students❗️

Twitter လည်းသွားပေးကြပါ။

For Tweet ;
https://t.me/SpringRevolutionBlossoms

For Quote Tweet ;
1) https://t.me/quotetweetsforrevolution
2) https://t.me/pepota22222

Photos from Student Union Representatives Committee - SURC's post 19/10/2022
12/10/2022

ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီတွင် သူနာပြုနှင့်သားဖွားလိုင်စင်နှင့် Good Standing Certificateများ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခြင်း

အမျိုးသားညီညွတ်ရေးအစိုးရအသိအမှတ်ပြု သူနာပြုနှင့်သားဖွားလိုင်စင် နှင့် Good Standing Certificate များ လိုအပ်နေသူများအနေဖြင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီတွင် လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။ လျှောက်ထားရာတွင် လိုအပ်သော အချက်အလက်များနှင့် ဖောင်ပုံစံများကို ဖော်ပြပါ Telegram Account မှတဆင့် ဆက်သွယ်မေးမြန်းလျှောက်ထားနိုင်ပြီဖြစ်ပါသည်။

ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီ
Email [email protected]
Telegram Account -

03/10/2022

ကမ္ဘာလုံးဆိုင်ရာမြန်မာကျောင်းသားသပိတ်
(GLOBAL MYANMAR STUDENTS’ PROTEST)

ခွပ်ဒေါင်းအလံတော်သည် အဆုံးစွန်သော ဖိနှိပ်မှုများအကြားမှပင် ခေတ်အဆက်ဆက် တိုက်ပွဲရှေ့မှောက် ဝံ့ကြွားလွှင့်ပျံ့စွာဖြင့် လွှင့်ထူတိုင်ပွဲဝင်ခဲ့ကြသကဲ့သို့ပင် ယနေ့ အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရာတွင်လည်း ထုထည်ကြီးမား၍ သွေးစည်း ညီညွတ်သော ကျောင်းသားထုရဲ့ ခွပ်ဒေါင်းသွေး၊ ခွပ်ဒေါင်းမာန်ဖြင့် အာဏာရှင်စနစ်အား မြေမြှပ်သဂြိုလ်နိုင်မည်မှာ မလွှဲဧကန်ပင် ဖြစ်သည်။

ထို့သို့ လိုရာပန်းတိုင်ထံလှမ်းချီနိုင်ရန်အတွက်လည်း ကျေးလက်၊ မြို့ပြ၊ မြေပြန့်နှင့် တောင်တန်း အပါအဝင် ကမ်းရိုးတန်းမကျန် ကျောင်းသားထုအားလုံး စုရုံး စုစည်းစွာဖြင့် ပူးပေါင်းပါဝင်တွန်းလှန် တိုက်ပွဲဝင်ရန် အထူးလိုအပ်သည်။

သို့တည်းကြောင့်ပင် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကျောင်းသားများနေ့ ( World Students’ Day )အားအကြောင်းပြု၍ ‘’ ကမ္ဘာလုံးဆိုင်ရာမြန်မာကျောင်းသားသပိတ် ‘’ GLOBAL MYANMAR STUDENTS’ PROTEST အား မဟာမိတ်တော်လှန်ရေး အင်အားစုများနှင့်အတူ ပူးပေါင်း၍ ဖော်ဆောင်သွားမည်ဖြစ်သည်။ ထို့ကြောင့် အောက်တိုဘာလ ၁၅ ရက်မှ ၂၃ ရက်နေ့အထိ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် လှုပ်ရှားဆောင်ရွက်သွားမည်ဖြစ်သဖြင့် ကျောင်းသားထုတရပ်လုံး တိုက်ပွဲနည်းနာပုံသဏ္ဍန်အရပ်ရပ်အား ကိုင်စွဲ၍ ခွပ်ဒေါင်းအလံတော်အောက် တိုးဝင် တွန်းလှန်တိုက်ပွဲဝင်ကြဖို့ရာ တပ်လှန့်လိုက်သည်။

ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ

07/08/2022

မျောက်ကျောက်ရောဂါ (Monkey Pox)

မျောက်ကျောက်ရောဂါဟာ မျောက်ကျောက်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပြီး အဆိုပါဗိုင်းရပ်စ်ပိုးသည် ရောဂါရှိသူ လူတစ်ဦးမှ တစ်ဦးနှင့် ရောဂါကူးစက်ခံထားရသည့် တိရိစ္ဆာန်များမှတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။
မျောက်ကျောက်ရောဂါဗိုင်းရပ်စ်ပိုးကူးစက်ခံရသူနဲ့ အရေပြားခြင်းထိတွေ့ခြင်း
ရောဂါပိုးကပ်ငြိနေတဲ့ မျက်နှာသုတ်ပဝါ အိပ်ရာခင်း အဝတ်အထည်မှ တစ်ဆင့် ကူးစက်ခြင်း
ပါးစပ်မှ တစ်ဆင့် အရေပြားနှင့် ထိတွေ့ခြင်း (ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း၊ ပွေ့ဖက်နမ်းရှုံ့ခြင်း စသည်)
ရောဂါပိုးရှိသူ၏ နှာချေ ချောင်းဆိုးခြင်းမှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်ခြင်း

လက္ခဏာများအနေနဲ့ -
ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ပြန်ရည်အိတ်များ ရောင်ရမ်းခြင်း (Swollen Lymph Nodes)၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း
မျက်နှာ လက် ခြေထောက် ပါးစပ်နှင့် လိင်အင်္ဂါတွေမှာ အရေကြည်ဖုပေါက်ခြင်း
အဆိုပါလက္ခဏာများမှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ၃ ပတ်အကြာမှ ပေါ်တတ်ပါသည်။ တုပ်ကွေးကဲ့သို့သော လက္ခဏာများရှိပါက ၁-၄ ရက်အတွင်း ခန္ဓာကိုယ်အနှံ့တွင် အရည်ကြည်ဖုများ ထွက်လာနိုင်ပါသည်။

ကာကွယ်ရေးနည်းလမ်းများအနေနဲ့ -
ရောဂါလက္ခဏာရှိသူများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြည်ခြင်း၊နှာခေါင်းစည်း မျက်နှာဖုံးတပ်ခြင်း၊ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြုခြင်း၊ အသားစိမ်း ငါးစိမ်းများကို ကျက်အောင်ချက်ခြင်း၊ ဖျားနာပြီး သေဆုံးသွားတဲ့ တောရိုင်းတိရစ္ဆာန်များကို အကာအကွယ်မပါပဲ ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ခြင်း စသည်တို့ဖြင့် ကာကွယ်နိုင်ပါသည်။

Reference : CDC gov/monkey pox
WHO/Monkey pox outbreak

ရေးသားသူ - ဒိုရီ
Stay safe and healthy 🤍

05/08/2022

တရားမျှတမှုမရှိသော အခွင့်အရေးဆိုင်ရာချိုးဖောက်သော

🚨 အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဥ်းသားများ ခေါင်းပုံဖြတ်ခံနေရ

အင်းစိန်ထောင်တွင်း အကျဥ်းကျခံနေရသည့် နိုင်ငံရေးအကျဥ်းသားများ ခေါင်းပုံဖြတ်ခံနေရကြောင်း အကျဥ်းထောင်ဝန်ထမ်းတစ်ဦးထံမှသိရသည်။ အကျဥ်းထောင်အတွင်း စျေးဘား၌ ခေါင်းပုံဖြတ်နေခြင်းဖြစ်ပြီး ၊ အမျိုးသမီးဦးစီးအရာရှိနှင့် အမျိုးသမီးလက်ထောက်ကြီးကြပ်ရေးမှူး နှစ်ဦးတို့မှာ နိုင်ငံရေးအကျဥ်းသားများ၏ စျေးဘားတင်သွင်းမှုများအပေါ် ခေါင်းပုံဖြတ်နေကြောင်း ၄င်းကပြောကြားသည်။

"စျေးဘားက တပတ်ကို ၂ရက်ပဲ မှာလို့ရတယ်။ တခါမှာရင် နှစ်‌သောင်းခွဲဖိုးထိမှာလို့ရတယ်။ တချို့တွေဆို ငွေသွင်းပေမယ့် တန်ဖိုးအတိုင်း ပစ္စည်းအပြည့်အဝမရဘူး။ တချို့ကျ မိသားစုတွေက စျေးဘားအတွက် ငွေကြေးပေးသွင်းပေမယ့် အကျဥ်းသားတွေဆီ ပစ္စည်းလုံးဝမရောက်တဲ့အထိ ခေါင်းပုံဖြတ်တာတွေ ဆိုးဆိုးရွားရွားရှိနေတယ်"ဟု နိုင်ငံရေးအကျဥ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးကပြောကြားသည်။

နိုင်ငံရေးအကျဉ်းသား (၄)ဦးအား သေဒဏ်ပေးမှုကို ကန့်ကွက်သည့် အနေဖြင့် အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ထောင်တွင်းစျေးဆိုင်ကို အားမပေးခြင်း၊ ထောင်တွင်း ပျော်ပွဲရွှင်ပွဲများတွင် မပါဝင်ခြင်း၊ ထောင်အာဏာပိုင်တို့နှင့် မပူးပေါင်းခြင်း စသည့် နည်းလမ်းတို့ကို အသုံးပြုပြီး ထောင်တွင်းသပိတ်တိုက်ပွဲ ဖော်ဆောင်လျှက်ရှိသည်။ တစ်ဖက်တွင်လည်း ထောင်အာဏာပိုင်များမှ ထောင်ဝင်စာပို့ခွင့် ကန့်သတ်ခြင်း၊ အကျဉ်းထောင်တွင်း စာအုပ်ပို့ခွင့် ပိတ်ပင်ခြင်းများဖြင့် အကျဉ်းသားများ၏ ရပိုင်ခွင့်၊ အခွင့်အရေးများကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေလေသည်။

#ဆီသို့မီဒီယာ

24/07/2022

တကသများ-ရန်ကုန်မှ ကြီးမှူးကျင်းပသည့် ရာပြည့်အလွန် ကျောင်းသား သပိတ် သမဂ္ဂကျောင်းသားများ၏ စကားဝိုင်းဆွေးနွေးပွဲ ကို အောက်ပါ အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါတယ်။

ဆွေးနွေးမည့်ကဏ္ဍများ
အပိုင်း (၁) - ကျောင်းသားထုသပိတ်မှောက်ခြင်းနှင့်ပတ်သက်၍ လက်ရှိအခြေအနေအားသုံးသပ်ဆွေးနွေးခြင်း။
အပိုင်း (၂) - ကျောင်းသားသပိတ်၏ အနှစ်သာရနှင့်ပညာရေးစနစ်အား အမြစ်လှန်ခြင်း။
အပိုင်း (၃) - ကျောင်းသားသပိတ်၏ရှေ့ဆက်ရမည့်လမ်းကြောင်း။
ဆွေးနွေးပွဲပြုလုပ်မည့်ရက်စွဲ - ဇူလိုင်လ (၂၄) ရက်၊ ၂၀၂၂ ခုနှစ် (တနင်္ဂနွေနေ့)

Photos from Yangon Nursing Training School Student's Union's post 06/07/2022

◾️ "အဆောက်အဦကိုသာ ဖြိုလို့ရမယ်..."

ဆဲဗင်းဂျူလိုင် နှစ် ၆၀ အထိမ်းအမှတ် ဆောင်းပါး။

တကသ၊ ဇူလိုင် (၆) ရက်

"ဖိနှိပ်ခံ" နှင့် "ကျောင်းသား" စကားစုကို ယှဉ်တွဲမြင်တွေ့ရသည့်အပေါ် အလွန်အမင်း အံ့ဩထိတ်လန့်မိသည်။ ကျောင်းသားများကို ဖိနှိပ်ခြင်းသည် ယခုခေတ်တွင်မှမဟုတ် ခေတ်အဆက်ဆက်အာဏာရှင်များကတည်းက ရှိခဲ့ခြင်းဖြစ်သည်။ ဗြိတိသျှနှင့် ဖက်ဆစ်ဂျပန်တို့ လက်အောက်ကနေ မြန်မာနိုင်ငံကို လွတ်လပ်ရေးရရှိအောင် ကူညီပံ့‌ပိုးပေးခဲ့သူများတွင် ကျောင်းသားများ၏ပါဝင်မှုအခန်းကဏ္ဍသည် ပင်မထောက်တိုင်တစ်ခုဖြစ်ခဲ့သည်။ သို့သော် မေ့လျော့နေခဲ့ကြသည်။ အာဏာရှင်များ၏ အာဏာရူးမှုသည် ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သည်။ တကယ်တမ်းပြောရမည်ဆိုပါက အာဏာရူးမှုစတင်သည်ဆိုတာထက် ၎င်းတို့၏အစွယ်များကို ပေါ်ပေါ်ထင်ထင် ထုတ်ပြလာခဲ့သည်ဆိုလျှင် ပိုမိုမှန်ကန်သင့်လျော်ပေလိမ့်မည်။

၁၉၅၈ ခုနှစ် တွင် ဦးနုမှ အာဏာလွှဲခဲ့သည်ဆိုရာမှာ စစ်အာဏာရူးမှုကို ခဏတာကာကွယ်ခြင်းဖြစ်သည်။ ၁၉၆၀ ခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်သည်ဆိုသော်ငြား ထိုရွေးကောက်ပွဲသည် နာမည်ခံသာဖြစ်သည်။ ၁၉၆၂ နှစ်မှာပင် ဗိုလ်နေဝင်းက တော်လှန်ရေးကောင်စီကို အမည်ခံဖွဲ့စည်းပြီး ဖက်ဆစ်စစ်တပ်အာဏာကို ပေါ်ပေါ်ထင်ထင် အသုံးပြုလာခဲ့သည်။

၁၉၆၂ ခုနှစ် ၊ မတ်လ ၄ ရက်နေ့တွင် တကသ၊ ရကသ နှင့် ဗကသ တို့မှ ဗိုလ်နေဝင်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီ အမည်ခံ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း ပူးတွဲကြေငြာချက်ထုတ်ပြန်ခဲ့ကြသည်။ သို့သော် မတ်လ၊ ၆ ရက်နေ့တွင် ထိုအမည်ခံကောင်စီကို ဗကသခေါင်းဆောင် ကိုခင်မောင်အုန်းက ထောက်ခံကြောင်းလက်မှတ်ရေးထိုးကြေငြာခဲ့သဖြင့် ဗကသအဖွဲ့ချုပ်မှ အမှုဆောင်အစည်းအဝေးခေါ်ယူကာ ကိုခင်မောင်အုန်းကို ထုတ်ပယ်ခဲ့သည်။

ဒုဥက္ကဋ္ဌကိုသက်ကို ဥက္ကဋ္ဌအဖြစ်တင်‌မြောက်ခဲ့ကြပြီး မတ်လ၊ ၉ ရက်နေ့ တွင် ရန်ကုန်တက္ကသိုလ် နှင့် မန္တလေးတက္ကသိုလ် အက်ဥပဒေကိုတော့ တော်လှန်ရေးကောင်စီမှ ဖျက်သိမ်းလိုက်သည်။ ထို့နောက်တွင် တော်လှန်ရေးကောင်စီက တက္ကသိုလ်ကောင်စီကို အလိုတော်ရိများနှင့်ပြန်လည်ဖွဲ့စည်းပြီး မတရားသော ကျောင်းဆောင်စည်းကမ်းများထုတ်ပြန်၍ ကျောင်းသားထုကိုစတင်ဖိနှိပ်လာခဲ့ပါတော့သည်။

ထို့ကြောင့် ကျောင်းသားထုကြားတွင် တော်လှန်ရေးကောင်စီအပေါ် မကျေနပ်မှုများ တစတစတိုးပွားလာကာ ဇူလိုင်လဆန်းမှ စတင်ပြီး ကျောင်းသားထုအစည်းအဝေးများကျင်းပ၍ ဖိနှိပ်ချုပ်ချယ်သော၊ မတရားသော ကျောင်းဆောင်စည်းကမ်းများကို တညီတညွတ်တည်း ကန့်ကွက်ကြောင်းဆုံးဖြတ်ခဲ့ကြသည်။ ဇူလိုင်လ 3ရက်နေ့မှ စတင်ကာ ကမောက်ကမပညာရေးစနစ်ဖျက်သိမ်းရေးနှင့် မတရားကျောင်းဆောင်စည်းကမ်းဖျက်သိမ်းရေးများကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ကျောင်းသားများကို ဖိနှိပ်ရုံတင်မကဘဲ လူမဆန်စွာသတ်ခဲ့သော မြန်မာ့ကျောင်းသားများ၏သမိုင်း၌ မမေ့နိုင်စရာနေ့တရက်ဖြစ်သော ဇူလိုင်လ ၇ ရက်နေ့၏ နေ့လယ် ၁ နာရီတွင် သမဂ္ဂအဆာက်အဦး အစည်းအဝေးခန်းမမှာ ကျောင်းသားထုအစည်းအဝေးကျင်းပခဲ့ပါသည်။ တကသ ဥက္ကဋ္ဌကိုဗဆွေလေးမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သော ထိုအစည်းအဝေးတွင် ဖိနှိပ်ချုပ်ချုယ်သောကျောင်းဆောင်စည်းကမ်းများကို ကန့်ကွက်ကြောင်းနှင့် တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်ကြောင်းများကို တိကျပြတ်သားစွာ ဆုံးဖြတ်ခဲ့ကြသည်။

အစည်းအဝေးပြီးနောက် ကျောင်းသားထုသည် သမဂ္ဂအဆောက်အဦးရှေ့မှစတင်ကာကျောင်းဝင်းထဲတွင် လှည့်လည်ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲအပြီး၌ ကျောင်းသားထုသည် ဘွဲ့နှင်းသဘင်ရှေ့၌ ငြိမ်းချမ်းစွာ လူစုခွဲလိုက်ကြသည်။ နေ့လည် ၂ နာရီတွင် လုံထိန်းကား ၂ စီး တကသအတွင်းသို့ ဝင်ရောက်လာပြီး တကသဥက္ကဋ္ဌကိုဗဆွေလေး၊ ဗကသဥက္ကဋ္ဌကိုသက်၊ ရကသအတွင်းရေးမှူး ကိုညဏ်ဝင်းအပါအဝင် ကျောင်းသားခေါင်းဆောင်များကို ဝင်ရောက် ဖမ်းဆီးလိုက်သည်။ကျောင်းသားခေါင်းဆောင်များဖမ်းဆီးခံလိုက်ရခြင်းကြောင့် ကျောင်းသားထုသည် လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့ရသည်။

ထို့နောက်တွင် ကျောင်းသားများသည် ရန်ကုန်တက္ကသိုလ်ဝင်းတံခါးကို သော့ခတ်ပိတ်လိုက်ကာ တကသဝင်းထဲသို့ ဝင်ရောက်ရန်ကြိုးစားပါတော့သည်။ လုံထိန်းရဲများမှလည်း ဒိုင်းကိုယ်စီ ကိုင်‌ဆောင်ကာ ဝိုင်းဝန်းပိတ်ဆို့ပြီး နံပါတ်တုတ်များနှင့်ရိုက်သူကရိုက်နှက်၍ မျက်ရည်ယိုဗုံးများနှင့် စတင်ပစ်ခတ်ဖြိုခွင်းမှုများလည်း လုပ်ဆောင်လာခဲ့သည်။တက္ကသိုလ်ဝင်းထဲတွင် ကျောင်းသားများသည် သွေးသံတရဲရဲနှင့်ဖြစ်လာပြီး ရဲများမှ အဆက်မပြတ် မျက်ရည်ယိုဗုံးများနှင့် ဖြိုခွင်းလျက်ရှိခဲ့သည်။

သို့သော် ကျောင်းသားထုသည် တစထက်တစများပြားလာသောကြောင့် ရဲများသည် တက္ကသိုလ်ဝင်းထဲမှ ပြန်လည်ဆုတ်ခွါသွားခဲ့ကြသည်။ ထို့နေ့၏နေ့လည် ၄ နာရီခန့်တွင် တပ်ရင်း ၄ မှ စစ်သားအပြည့်တင်လာသော စစ်ကား ၂ စီးသည် တက္ကသိုလ်ရိပ်သာလမ်းမပေါ်ရောက်လာပြီး ဆေးရုံရှေ့မှ ဓမ္မာရုံထိတိုင်အောင် တပ်ဖြန့်ကာ တက္ကသိုလ်ဝန်းကျင်တစ်ခုလုံးကို ပိတ်ဆို့ထားလိုက်သည်။ ထိုစစ်သားများသည် စစ်မြေပြင်၌ မည်သည့်အခါမျှ အသုံးပြုခြင်းမရှိသော ဂျီသရီးမောင်းပြန်ရိုင်ဖယ်များနှင့် ကျောင်းသားထုကို တရစပ်ပစ်ခတ်ခဲ့သည်။ ထိုသို့ရုတ်တရက် ပစ်ခတ်မှုကြောင့် ကျောင်းသားပေါင်းရာနှင့်ချီကာ ကျဆုံးခဲ့ပြီး ရာနှင့်ချီကာဒဏ်ရာရခဲ့သည်။

အင်မတန် ရုပ်ဆိုးအကျည်းတန်လှသည်။ ကျောင်းသားတစ်ယောက်၏အခွင့်အရေးနှင့် ကျောင်းသားတစ်ယောက်၏လွတ်လပ်စွာတောင်းဆိုခွင့်များသည် ထိုစဉ်ကာလများမှစ၍ ယခုအချိန်ထိ ဆန္ဒပြ တောင်းဆိုနေရတုန်းဖြစ်သကဲ့သို့ စစ်အာဏာရှင်များ၏ လူမဆန်စွာ ရက်စက်ယုတ်မာမှု၊ မသမာမှုနှင့် တရားမမျှတမှုများသည်လည်း မပြောင်းမလဲ ရက်စက်ဖိနှိပ်ဆဲဖြစ်သည်။

ကျောင်းသားတစ်ယောက်သည် သူပျော်မွေ့ရာ၊ လွတ်လပ်ရာ၊ ကြည်နူးဆွတ်ပျံ့ဖွယ်ရာများအတိလွှမ်းသော ထိုသူ၏ကျောင်း နှင့်ပတ်သတ်ရာ အပင်ငယ်များမှစ၍ အဆောက်အဦထိ မည်သူတစ်ဦးတစ်ယောက်မျှ ဖျက်စီးခြင်း၊ စိုးမိုးချုပ်ကိုင်ခြင်းများကို လက်ခံနိုင်မည်မဟုတ်ပေ။ သို့သော် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် ဖက်ဆစ်အစိုးရဗိုလ်နေဝင်းသည် ကျောင်းသားပေါင်းရာနှင့်ချီကို ထိုသူတို့၏ နေရပ်တက္ကသိုလ်ဝင်းထဲတွင် မတရားစွာ သတ်ရန်အမိန့်ပေးခဲ့ရုံသာမက တကသအဆောက်အဦကိုပါ ထိုနေ့ မနက် ၃ နာရီအချိန်တွင် ဒိုင်းနမိုက်များဖြင့် ဗုံးခွဲဖျက်စီးခဲ့သည်။

အဘယ်မျှ ခံပြင်းဖွယ်ရာကောင်းပါအံ့နည်း။ ထိုမျှမက ထိုနေ့ည ၇ နာရီအချိန်တွင် ဗိုလ်နေဝင်းမှ "ဓားကိုဓားချင်း၊ လှံကိုလှံချင်း ဆိုင်ရန်သာရှိတော့ကြောင်း" ကို မြန်မာ့အသံရေဒီယိုကနေ အသံလွှင့်၍ လက်နက်အာဏာရှိ အာဏာပိုင်က လက်နက်မဲ့ပြည်သူကျောင်းသားထုကို စိန်ခေါ်ခဲ့သည်။ ဆဲဗင်းဇူလိုင် ကျောင်းသား‌အရေးတော်ပုံတွင် မြောင်းမြမှ ကျောင်းသားကိုကျော်ဝင်းက သူ့ခန္ဓာကိုယ်မှ သွေးနှင့် မန္တလေးကျောင်းဆောင်နံရံတွင် "၇.၇.၆၂ မမေ့ကြနဲ့" လို့ ရေးသွားခဲ့သည်။

၁၉၆၃၊ ဇူလိုင်လ ကျောင်းများပြန်ဖွင့်သည့်အချိန်၌ သမဂ္ဂအဆောက်အဦနေရာ၌ ယာယီသမဂ္ဂတဲတည်ဆောက်ခဲ့ကြသည်။ သမဂ္ဂခြံဝန်းထဲမှ ဗိုလ်အောင်ကျော်ကျောက်တိုင်အနီးတွင် ဆဲဗင်းဇူလိုင်၌ ကျဆုံးခဲ့သော ကျောင်းသားပေါင်းရာကျော်ကို ရည်စူးပြီး "ရာကျော်ကျောက်တိုင်" စိုက်ထူခဲ့ကြသည်။ "ရာကျော်ကျောက်တိုင်ဖွင့်ပွဲ၌ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက "သမဂ္ဂအဆောက်အဦကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြို့လို့မရပါဘူး" လို့ မိန့်ကြားခဲ့ပါသည်။ သို့ပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားအပြီး "ရာကျော်ကျောက်တိုင်နှင့် အတူ သမဂ္ဂယာယီတဲတို့ ဖြိုဖျက်ခံလိုက်ရသည်။ ထိုသို့ဖြိုဖျက်ခံလိုက်ရသော်လည်း ကျောင်းသားများ၏ ခန္ဓာကိုယ်သွေးအတွင်းဝယ် သမဂ္ဂစိတ်ဓာတ်နှင့် လွတ်လပ်သောဒီမိုကရေစီနှင့် တရားမျှတမှုတို့ကို လိုလားသော စိတ်ဓာတ်များသည် ဘယ်သောအခါမျှ ပျောက်ပျက်မည်မဟုတ်ဘဲ ထာဝစဉ် ကိန်းဝပ်နေမည်ဖြစ်ကြောင်းကို ၆၉ ခုနှစ် ကျွန်းဆွယ်အရေးအခင်း၊ ၇၄ ခုနှစ် ဦးသန့်အရေးအခင်း၊ ၈၈ခုနှစ်တံတားနီအရေးအခင်း၊ ၈၈၈၈ အရေးအခင်း၊ ၉၆ အရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊၂၀၁၅ခုနှစ် ပညာရေးသပိတ် နှင့် မျက်မှောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ခဲ့သော နွေဦးတော်လှန်ရေးအထိ ကျောင်းသားများ၏ အာဏာရှင်ဆန့်ကျင်ရေး ပုံရိပ်များက သက်သေပင်ဖြစ်တော့သည်။

သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံကော်မတီ (တကသများ-ရန်ကုန်)

ဓာတ်ပုံမှတ်တမ်းများနှင့် အချက်အလက်များအတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများထံမှ လေးစားစွာဖြင့် ပြန်လည်ကူးယူဖော်ပြပါသည်။

်းနှင့်ပြန်ကြားရေးကော်မတီ

Photos from Yangon Nursing Training School Student's Union's post 30/06/2022

ရန်ကုန်သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများကျောင်းသားသမဂ္ဂကွန်ရက် စုပေါင်းဖွဲ့စည်းကြောင်းထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ။၃၀၊၆၊၂၀၂၂။
စာအမှတ်။၀၁/၂၀၂၂။

ရန်ကုန်သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ ကျောင်းသားသမဂ္ဂကွန်ရက်သည် ရန်ကုန်တိုင်းအတွင်းရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ကျောင်းသားသမဂ္ဂများ ဖြစ်ကြသော
▪️ရန်ကုန်သူနာပြုသင်တန်းကျောင်း ကျောင်းသား များသမဂ္ဂ
▪️သူနာပြုသင်တန်းကျောင်းရန်ကုန်(အရှေ့ပိုင်း) ကျောင်းသားများသမဂ္ဂ
▪️သူနာပြုနှီးနွယ်ကွင်းဆင်း လေ့ကျင့်ရေးသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ
▪️မြောက်ဥက္ကလာပ သူနာပြုသားဖွားသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ
▪️သန်လျင် သားဖွားသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ
▪️ဗဟို သားဖွားသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ
အစရှိသော သမဂ္ဂအသီးသီးအား စုပေါင်း၍ အင်အားစု တစ်ခုအနေဖြင့် ကျစ်လျစ်စွာ ပေါင်းစည်းဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ မိမိတို့ သမဂ္ဂကွန်ရက်သည် တော်လှန်ရေး ကာလအတွင်း ရန်ကုန်တိုင်းအတွင်းရှိ သူနာပြုသားဖွားသင်တန်းကျောင်းများ၏ ကိစ္စအဝဝနှင့်တကွ ကျောင်းသားရေးရာ ကိစ္စရပ်များကို စုစည်း တင်ပြဆောင်ရွက် ပေးသွားမည်ဖြစ်သည်။ ထို့ပြင် မိမိတို့၏ ဘုံရည်ရွယ်ချက်များဖြစ်သော
-အာဏာရှင်ဟူသမျှကို အမြစ်ဖြတ်တိုက်ထုတ်ချေမှုန်းရေး
-ဖိနှိပ်ခံ သူနာပြုသားဖွားရပ်ဝန်းကို မျက်နှာမူ၍ တရားမျှတမှုကို ရှာဖွေပေးရေး
-အာဏာရှင်ဖီဆန်ရေးဖြစ်သော CDM လှုပ်ရှားမှုတွင် ပါဝင်အားဖြည့်ပေးနေသော ဆရာများ၊ ကျောင်းသားများ၏ ရပ်ဝန်းမှ အပြည့်အဝ ရပ်တည်ထောက်ခံပေးရေး
-အရည်အသွေးပြည့်ဝ၍ ထောက်ခံချက်ရရှိသော ကြားကာလ ပညာရေးတစ်ရပ် ဖော်ဆောင်ရာတွင် ကူညီပေးရေး
တို့တွင် ခိုင်ခိုင်မာမာ ရပ်တည်ပြီး အနာဂတ် နိုင်ငံတော်သစ် ပေါ်ပေါက်လာ၍ အာဏာရှင်ဟူသမျှ မြူမှုန် ပမာလွှင့်စင် ပျောက်ကွယ်သွားသည်အထိ တော်လှန်ရေးရဲဘော်များ မဟာမိတ်အဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထပ်လောင်း ကတိသစ္စာပြုအပ်ပါသည်။

#ရန်ကုန်သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများကျောင်းသားသမဂ္ဂကွန်ရက်

14/05/2022

တကသ၊ မေ (၁၄)

ခေါင်းစဉ်- စီဒီအမ်ရထားကြီး ဘယ်ရောက်ပြီလဲ။

တကသများ-ရန်ကုန်မှ ကြီးမှူးကျင်းပသည်။


#စီဒီအမ်ရထားကြီးဘယ်ရောက်ပြီလဲ

28/03/2022

မသဥ္ဇာဟိန်း ကျဆုံးခြင်း ၁ နှစ်ပြည့်​အောက်​မေ့သတိရခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံအတွင်းရှိ သူနာပြု-သားဖွားသင်တန်း​ကျောင်း အသီးသီးမှ ​ကျောင်းသား၊ ​ကျောင်းသူများနှင့် ​ကျောင်းသား​ဟောင်းများ တက်​​ရောက်နိုင်ပါသည်။

နေ့ရက် ။ ။ မတ် ၂၈၊ ၂၀၂၂
အချိန် ။ ။ ၁ နာရီ
Zoom ID နှင့် Passcode ကို သက်ဆိုင်ရာ ​ကျောင်းမှ အတန်းကိုယ်စားလှယ်များထံတွင် ​တောင်းနိုင်သည်။

Photos from Yangon Nursing Training School Student's Union's post 28/03/2022

ကြေငြာချက်အမှတ် - ၈/ ၂၀၂၂
နေ့စွဲ - ၂၈. ၃. ၂၀၂၂
အကြောင်းအရာ။ ။ သဉ္ဇာဟိန်းကျဆုံးခြင်း (၁) နှစ်ပြည့် အောက်မေ့သတိရ သ၀ဏ်လွှာပေးပို့ခြင်း။

"အကောင်းအတိုင်းပြန်လာမယ်လို့
အာမမခံနိုင်တဲ့ ခရီးကိုသွားရတဲ့အခါ
နှောင်ကြိုးတွေမှ ခွင့်လွှတ်ပေးပါ"
မှ သဉ္ဇာဟိန်း
နှောင်ကြိုးတွေမှာ တတ်နိုင်သလောက်သော အင်အားများဖြင့်အစွမ်းကုန်ကြိုးစားလျက်ရှိပါတယ် ညီမငယ်။ ရဲရင့်စွာကျရှုံးသွားတဲ့ ညီမငယ်ကို အားမနာသော လူတစ်ချို့ကတော့ ကျောင်းပြန်တက်နေလေရဲ့။ ဖက်ဆစ်အာဏာရှင်ကို ကျန်ရစ်သော ညီအစ်ကိုမောင်နှမ တွေက ဆက်လက်တိုက်ပွဲဝင်မှာမို့ ညီမငယ် အေးချမ်းပါစေ။

26/03/2022

◾️ လက်နက်ကိုင်တော်လှန်ရေးမှသည် စစ်ဝါဒခေါင်းမထောင်စေဖို့
သမဂ္ဂကျောင်းသားများ၏ စကားဝိုင်းဆွေးနွေးပွဲ
တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဥ်


#လက်နက်ကိုင်တော်လှန်ရေးမှသည်စစ်ဝါဒခေါင်းမထောင်စေဖို့

Photos from Yangon Nursing Training School Student's Union's post 26/03/2022

ကြေငြာချက်အမှတ်။ ။၇/၂၀၂၂
ရက်စွဲ - ၂၆. ၃. ၂၀၂၂
အကြောင်းအရာ။ ။ စစ်ကောင်စီလက်အောက်တွင်ပြန်လည်ဖွင့်လှစ်သော ဒုတိယနှစ်သူနာပြုသင်တန်းသို့တက်ရောက်ကြမည့် Non. CDM ကျောင်းသား၊ ကျောင်းသူများစာရင်းထုတ်ပြန်ခြင်း။

Note;စာရင်းပါကျောင်းသားများအားတနဂ်နွေနေ့တိုင်းတွင် group အလိုက်ထပ်မံတင်ပြသွားမည်ဖြစ်ပါသည်။

ကျန်းမာရေးဆောင်းပါးများ 24/03/2022

Stay and safe in health life

အစာအိမ်ရောင်ခြင်း နှင့် အစာအိမ်ရောဂါများ

အစာအိမ်ရောင်ခြင်းဆိုတာဘာလဲ။
အစာအိမ်ရောင်ခြင်းဆိုသည်မှာ အကြောင်းအမျိုးမျိုးကြောင့် အစာအိမ်နံရံတွေကို ကာကွယ်ပေးနေတဲ့ အချွဲအမြှေးလွှာတွေ ပျက်စီးသွား၍ အစာအိမ်နံရံများ ရောင်ရမ်းလာခြင်းဖြစ်စဥ်ကိုခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။

အစာအိမ်ရောင်ရောဂါများ
၁။ ရုတ်တရက် အစာအိမ်ရောင်ခြင်း (Acute Gastritis)
- ရုတ်တရက်ဖြစ်ပွားခြင်းဖြစ်ပြီး အစာအိမ်နံရံများ ပြင်းထန်စွာရောင်ရမ်းခြင်းဖြစ်သည်။
၂။ နာတာရှည်အစာအိမ်ရောင်ခြင်း (Chronic Gastritis)
- ကာလကြာရှည်ပြီး အစာအိမ်နံရံများ ရောင်ရမ်းပြီး ဆေးဝါးမကုသပဲထားရှိပါက ရောဂါဒဏ်ကို အချိန်ကြာမြင့်စွာ ခံစားရနိုင်သည်။

အစာအိမ်ရောင်ရောဂါဖြစ်ရခြင်းအကြောင်းအရင်းများ
‌အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံ သုံးစွဲခြင်း
‌အစားအသောက်အချိန်မမှန်ခြင်း
‌စိတ်ဖိစီးမှုများခြင်း
‌အရက်သေစာများ အလွန်အကျွံ သောက်သုံးခြင်း
‌ဆေးလိပ်သောက်ခြင်း
‌ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း စသည်တို့ကြောင့်ဖြစ်သည်။

အစာအိမ်ရောင်ရောဂါ ဖြစ်လျှင် တွေရတတ်သော လက္ခဏာများ
‌ အော့အန်ခြင်း၊ပျို့ခြင်း
‌ဗိုက်အောင့်ခြင်း
‌ဝမ်းဗိုက်အပေါ်ပိုင်းနာကျင်ခြင်း
‌ရင်ပူခြင်း (ရင်ဝတွင် မီးစနှင့် ထိုးသလို ပူခြင်း)
‌အစားမကြေခြင်း
‌အစားအသောက်စား၍မရခြင်း
‌အစားစားပြီးလျှင် ရင်ခေါင်းနားတဝိုက်ပြည့်နေခြင်း

အစာအိမ်ရောင်ရောဂါကို ကုသခြင်း
အစာအိမ်ရောင်ရောဂါကို ကုသရာတွင် အစာအိမ်ရောင်ရခြင်းရဲ့ အကြောင်းအရင်းပေါ်မူတည်၍ ဆရာဝန်များ၏ ကုသမှု ကွဲလွဲနိုင်သည်။ တမျိုးဆိုရလျှင် အစာအိမ်ရောင်ရောဂါကို ကုသရန် အစာအိမ်ရောင်ရခြင်းအကြောင်းအရင်းကို ပိုအသာပေးကုသရန်လိုအပ်သည်။

အစာအိမ်ရောင်ရောဂါရှိသူများ ဆောင်ရန်/ရှောင်ရန်များ
‌အစာကိုအချိန်မှန်မှန်စားပေးရန်
‌အရက်၊ဘီယာ၊ဆေးလိပ် သောက်သုံးခြင်းမပြုရန်
‌အစာစားလျှင် အစားကို ကြေညက်အောင် ဝါးစားပေးရန်
‌ဆီကြော် နှင့် အဆီများသော အစားများကို ရှောင်ရန်
‌အစာအိမ်ရောင်ရောဂါဖြစ်ပါက သက်ဆိုင်ရာ ဆရာဝန်နှင့် ဆေးကုသရန်
‌အပူအစပ်များ စားသုံးခြင်းမှရှောင်ရန်
‌balance diet ဖြစ်အောင် စားသုံးပေးရန်
‌ကော်ဖီ၊ လက်ဖက်ရည် အလွန်အကျွံ သောက်သုံးခြင်းမှရှောင်ရန်

အစာအိမ်ရောင်ရောဂါကို မကူသပဲထားရှိပါက ရနိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများ
‌အစာအိမ် သွေးကြောပေါက်ခြင်း
‌သွေးအန်ခြင်း
‌ဝမ်းမည်းမည်းများသွားခြင်း
‌အစာအိမ်အနာဖြစ်ခြင်း
‌အစာအိမ်ကင်ဆာ ဖြစ်သည် အထိ ဆိုးရွားနိုင်သည်။

Stay Safe and Healthy ❤️

Photos from Alliance of Students' Unions Yangon - တကသများ ရန်ကုန်'s post 20/03/2022

ကျောင်းသားဆန်တဲ့ကျောင်းသားတွေကတော့
ကျောင်းသားတွေရဲ့ဒုက္ခ ၊သုခ ၊အခွင့်အရေး၊ ရပိုင်ခွင့်တွေအတွက် လှုပ်ရှားတိုက်ပွဲဝင်နေကြတယ်။
ကျောင်းသားမဟုတ်တဲ့ အယောင်ဆောင်တွေကတော့ တဘို့တည်းကြည့်တတ်တယ်။
တရားမျှတမှုမရှိသော ဥပဒေကြီးကြောင့် ကျောင်းသားတွေ တစ်ဖန် အနစ်နာခံကြရပြန်ပြီ။
အဖမ်းဆီးခံကျောင်းသားတွေအတွက် တရားမျှတမှုဆိုတာဘယ်မှာလဲ????


#တရားမျှတသောဥပဒေစိုးမိုးရေး

Photos from Yangon Nursing Training School Student's Union's post 09/03/2022

"အထူးဝမ်းနည်းကြောင်း ထုတ်ပြန်ချက်"

ရက်စွဲ၊ 9/3/2022

ယနေ့ မတ်လ ၉ ရက်နေ့တွင် သားဖွား သင်တန်းကျောင်း ပဲခူးမှ FBR Karenni ကျောင်းသူ ရဲဘော်တစ်ဦး ကျဆုံးသွားခဲ့ပါသည်။ မိမိတို့ မြောရန်ကုန်သူနာပြုသင်တန်းကျောင်း ကျောင်းသားများ သမဂ္ဂ အနေဖြင့် ရဲဘော် ၏ ပေးဆပ် ခဲ့ရမှုကို အမြဲအမှတ်ရ ဂုဏ်ပြုနေမည် ဖြစ်ပါသည်။
ကျဆုံးသွားခဲ့သော သားဖွားသင်တန်းကျောင်း ပဲခူးမှ ရဲဘော်အပါအဝင် ဂုဏ်သိက္ခာ ရှိစွာ ပေးဆပ်သွားခဲ့သော တော်လှန်ရေး ရဲဘော်များအား မိမိတို့ သမဂ္ဂအနေဖြင့် အာဏာရှင်ကို အမြစ်ပြတ် သည်အထိ တွန်းလှန် တိုက်ထုတ် သွားမည်ဖြစ်ကြောင်း ထပ်လောင်း ပြောကြား၍ ကတိသစ္စာ ပြုအပ်ပါသည်။
ငြိမ်းချမ်းစွာ အနားယူပါတော့ ရဲဘော်

အလုပ်အမှုဆောင်အဖွဲ့(ယာယီ)
ရန်ကုန်သူနာပြုသင်တန်းကျောင်း
ကျောင်းသားများသမဂ္ဂ

Photo-Crd

03/03/2022

အကြမ်းဖက်အကျဥ်းထောင်စနစ် ပြည်သူ့လက်နဲ့ အမြစ်လှန်ပစ်။

အကျဥ်းထောင်ဆိုတာကို ခင်ဗျားတို့ကျနော်တို့တွေ အကုန်နီးပါး လူဆိုးလူမိုက်တွေ၊ ဥပဒေကို ဖောက်ဖျက်တဲ့လူတွေကို ပြစ်ဒဏ်ပေးဖို့အတွက် တည်ရှိနေတဲ့ နေရာတစ်ခုလို့ နားလည်ထားခဲ့ကြပါတယ်။ ဒါပေမယ့် တကယ်လက်တွေ့မှာ အဲ့တာထက်ပိုတဲ့ စဥ်းစားစရာတွေအများကြီးရှိနေပါတယ်။

အဲ့တာတွေကို စဥ်းစားဖို့ဆိုရင် အကျဥ်းထောင်ဆိုတဲ့ institution ကြီးဟာ ဘယ်ကဘယ်လိုဖြစ်တည်လာခဲ့သလဲဆိုတာကို အရင်ဆုံးချဥ်းကပ်ဖို့လိုပါလိမ့်မယ်။ အစောပိုင်းကာလများမှာ အကျဥ်းထောင်ဆိုတဲ့ နေရာဟာ အပြစ်ပေးတဲ့ယန္တရားတစ်ခုမဟုတ်ပဲနဲ့ အပြစ်သားတွေကို သူတို့ခံယူရမယ့် ပြစ်ဒဏ်တွေ (ဥပမာ- သေဒဏ်၊ ကြိမ်ဒဏ်အစရှိသဖြင့်) မစီရင်သေးခင် ခေတ္တအားဖြင့် ထိန်းသိမ်းထားဖို့အတွက်ကိုသာ အသုံးပြုခဲ့ကြတာဖြစ်တယ်။

၁၈ ရာစုနှောင်းပိုင်းကာလတွေနဲ့ ၁၉ ရာစုအစောပိုင်းကာလများမှာတော့ Utilitarianism ရဲ့ ဖခင်ကြီးဖြစ်တဲ့ ဂျရမီဘန်သမ် (Jeremy Bentham) ဆိုတဲ့ အင်္ဂလိပ်အတွေးအခေါ်ပညာရှင်တစ်ဦးဟာ သေဒဏ်ကို ပြစ်ဒဏ်တစ်ခုအဖြစ်ပေးတာကို ကန့်ကွက်ငြင်းဆန်ခဲ့ပြီး အကျဥ်းထောင်ဆိုတာကို ပြစ်ဒဏ်ပေးတဲ့ယန္တရားတစ်ခုအနေနဲ့ တည်ဆောက်ဖို့ဆိုတဲ့ concept တွေကို အစပျိုးခဲ့တာဖြစ်တယ်။ အဲ့ဒီ concept မျိုးနဲ့ ပထမဆုံးတည်ဆောက်ခဲ့တဲ့ အကျဥ်းထောင်ကတော့ အမေရိကန်နိုင်ငံ၊ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်မှာတည်ရှိတဲ့ Eastern State Penitentiary ပဲဖြစ်ပြီးတော့ ၁၈၂၉ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး အခုအချိန်မှာတော့ ပြတိုက်တစ်ခုအဖြစ်ရှိနေပါသေးတယ်။

ထို့အတူ အရင်ခေတ်ကာလများကတည်းက ဗမာပြည်အပါအဝင် နိုင်ငံအတော်များများမှာလည်း ထိပ်တုံးခတ်တယ်၊ ခြေချင်းခတ်တယ်ဆိုတဲ့ ပြစ်ဒဏ်ပေးမှုတွေ ရှိခဲ့ကြတာပါပဲ။ ဒါပေမယ့် အခုလိုထောင်သွင်းအကျဥ်းချတာတွေ ထိပ်တုံးခတ်တာတွေအစရှိသဖြင့်တွေဟာ အပြစ်သားတွေကို ပြစ်ဒဏ်ပေးဖို့ဆိုတာထက် ပိုပြီးစဥ်းစားတွေးခေါ်စရာတွေရှိလာပါတယ်။ သုတေသနလေ့လာချက်များအရ အကျဥ်းထောင်တွေထဲမှာ အပြစ်သားတွေကို ပိတ်လှောင်ထားပြီး ဖိနှိပ်ထားခဲ့တဲ့နောက်မှာ အပြစ်သားတွေဟာ ထောင်ကပြန်လွတ်ပြီးနောက် အခြေအနေပိုပြီးဆိုးလာခဲ့တာတွေအများကြီးရှိနေပါတယ်။ အဲ့တာကြောင့် အခုနောက်ပိုင်းမှာဆိုရင် ဖွံ့ဖြိုးပြီးနိုင်ငံအတော်များများမှာ အကျဥ်းထောင်တွေဟာ အပြစ်သားတွေကို ပြစ်ဒဏ်ပေးဖို့ဆိုတာထက်ကို သူတို့ရဲ့ အပြစ်ကျူးလွန်ချင်စိတ်တွေလျော့နည်းအောင်၊ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေပိုမိုကောင်းမွန်လာအောင်၊ ပညာပိုတတ်လာအောင်အစရှိသဖြင့် ဦးစားပေးပြုပြင်ပြောင်းလဲလာတာမျိုးတွေ အများကြီးရှိနေပါတယ်။

ဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ လက်ရှိအကျဥ်းထောင်စနစ်ကို ပြန်ပြီးသုံးသပ်ကြည့်ရအောင်။ အခုလက်ရှိအနေအထားတစ်ခုမှာတော့ အကျဥ်းထောင်တွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖိနှိပ်မှုယန္တရားတစ်ခုသက်သက်ပဲပြန်ဖြစ်နေပြီဆိုတာ သိသာပါတယ်။ ရွှေရည်စိမ်ဒီမိုကရေစီကာလများတုန်းကတောင်မှ ဥပဒေရဲ့ အထက်မှာ လူတစ်စုရှိနေခဲ့ပြီး အကျဥ်းထောင်တွေကို ဖိနှိပ်ဖို့အသုံးချခဲ့ကြသေးတာပဲမဟုတ်လား။

ဆိုတော့ အခုလက်ရှိမှာ စစ်ကောင်စီက အကျဥ်းထောင်တွေကို မတရားသဖြင့် ကျနော်တို့ရဲ့ ရဲဘော်တွေကို အကြမ်းဖက်ဖိနှိပ်ဖို့အတွက် အသုံးချနေတာဖြစ်ပြီး ပြည်သူလူထုက လက်မခံတော့တဲ့ ဥပဒေတွေကိုလည်း လက်တစ်လုံးခြားလုပ်ပြီး လုပ်ချင်တိုင်းလုပ်နေတာပဲမဟုတ်လား။ အဲ့ဒီ့အတွက် ကျနော်တို့တွေဟာ စစ်ကောင်စီနဲ့ အခြားအဖွဲ့အစည်းတွေကို 'ရသင့်ရထိုက်တဲ့အခွင့်အရေးတွေပေးပါ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဝင်ရောက်စစ်ဆေးပေးပါ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ အပြည့်အဝပေးပါ။' အစရှိသဖြင့် တိုက်တွန်းတောင်းဆိုနေတာတွေဟာ ရေတိုအတွက်သာသင့်လျော်တာဖြစ်ပြီး လက်တွေ့မှာ ဖြစ်နိုင်ဖို့ သိပ်ကို ခက်ခဲလှပါတယ်။

တကယ်တမ်းမှာ ကျနော်တို့တွေအားလုံးဟာ ပြည်သူလူထုရဲ့ အင်အားတွေနဲ့ ဒီအကြမ်းဖက်အကျဥ်းတံခါးဝတွေကို ရိုက်ဖျက်ကြရမှာဖြစ်တယ်၊ ဒီဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့ အကျဥ်းထောင်စနစ်တစ်ခုလုံးကို နိုင်ငံတော်သစ်ဆီသွားကြတဲ့အချိန်မှာ အစအဆုံးအမြစ်လှန်ဖျက်ဆီးပြီး တကယ်ဖြစ်သင့်ဖြစ်ထိုက်တဲ့ အကျဥ်းထောင်စနစ်တစ်ခုကို ပြန်လည်တည်ဆောက်ကြရမှာဖြစ်တယ်။ ခင်ဗျားတို့ ကျနော်တို့အားလုံးအမြဲရင်ထဲရှိနေရမှာက အခုအကျဥ်းထောင်တွေထဲမှာ မတရားဖမ်းဆီးခံထားရပြီး အကြမ်းဖက်ဖိနှိပ်ခံနေရတဲ့ ရဲဘော်တွေဟာ ပြည်သူလူထုအတွက် တော်လှန်တိုက်ပွဲဝင်ရင်း ဖမ်းဆီးခံခဲ့ကြရတာဖြစ်တယ်၊ သူတို့တွေကို စစ်ကောင်စီက ဥပဒေချိုးဖောက်တဲ့အပြစ်သားဆိုတာထက်ကို သူတို့ရဲ့ ရန်သူတွေလို့ပဲ အပြည့်အဝရှုမြင်ထားတာဖြစ်လို့ သူတို့တွေအကုန်လွတ်မြောက်ဖို့ (သို့) သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေ၊ လွတ်လပ်ခွင့်တွေ ပကတိအတိုင်းပြန်လည်ရရှိဖို့ဆိုရင် ကျနော်တို့ ကျောင်းသားပြည်သူတွေအကုန်လုံးမှာ တာဝန်ရှိနေတာဖြစ်ပြီး ကျနော်တို့တွေရဲ့ လက်တွေနဲ့ သူတို့ကိုဖမ်းဆီးဖိနှိပ်နေတဲ့ အကြမ်းဖက်အကျဥ်းတံခါးဝတွေကို အမြစ်လှန်ရိုက်ချိုးဖျက်ဆီးပစ်ကြရမှာဖြစ်ပါတယ်။
ဒီနေရာမှာ ပြည်သူလူထုရဲ့ ပါဝင်မှု၊ ပြည်သူလူထုရဲ့ အင်အားဟာ သိပ်ကိုအရေးပါလှပါတယ်။ တစ်ဖက်မှာ ကျနော်တို့ရဲဘော်တွေ သေနတ်ကိုင်ပြီး အသက်ပေးတိုက်ပွဲဝင်နေကြတဲ့အချိန်မှာ ကျနော်တို့ ကျောင်းသားပြည်သူများဟာလည်း ရောက်ရာနေရာကနေပြီးတော့ 'လုံးဝအုပ်ချုပ်ခွင့်မရစေရ' ကြွေးကြော်သံကိုစွဲကိုင်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီကို အစဥ်တစိုက် အာဏာဖီဆန်တွန်းလှန်နေဖို့လိုပါတယ်။ ပြည်သူလူထုဟာ အာသာဖြေသပိတ်တွေ၊ အွန်လိုင်းရေစီးကြောင်းတွေထဲမှာပဲ မျောနေပြီး normalize ပြန်ဖြစ်လာတာဟာ တော်လှန်ရေးအတွက် သိပ်အန္တရာယ်များလှပါတယ်။

ဒီနွေဦးတော်လှန်ရေးဟာ ပြည်သူလူထုတစ်ရပ်လုံး တက်ညီလက်ညီပါဝင်တော်လှန်မှသာ အောင်မြင်နိုင်မှာပါ၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အင်အားပါလာမှသာ အကြမ်းဖက်အကျဥ်းတံခါးဝတွေကို ရိုက်ဖျက်ပြီး နိုင်ငံတော်သစ်ဆီကို အားလုံးအတူတူချီတက်ကြနိုင်မှာပါ။ အဲ့ဒီ့အတွက် ကျောင်းသားပြည်သူတစ်ရပ်လုံး ဒီ့ထက်ပိုပြီး တော်လှန်ရေးမှာ အင်တိုက်အားတိုက်ပါဝင်လာကြဖို့ အလေးအနက်တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ ဒီအကြမ်းဖက်အကျဥ်းတံခါးဝများကို ကျနော်တို့တွေအားလုံးရဲ့ အင်အားများနဲ့ အမြစ်လှန်ရိုက်ချိုးဖျက်ဆီးပစ်ကြပါစို့။

"အကြမ်းဖက်အကျဥ်းတံခါးဝ ရိုက်ဖျက်ကြ"
"လူထုလွတ်မြောက်ရေးနဲ့ နိုင်ငံတော်သစ်ဆီ ချီတက်ကြ"

#အကြမ်းဖက်အကျဥ်းတံခါးဝရိုက်ဖျက်ကြ

Photos from ဆီသို့ စာစဉ်'s post 03/03/2022
02/03/2022

အမျိုးသမီးတို့ရဲ့ကျန်းမာရေး ...

သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာ

သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီးတွေမှာ ဖြစ်ပွားတဲ့ ကင်ဆာတွေထဲမှာ စတုတ္ထအဖြစ်အများဆုံး ကင်ဆာ ဖြစ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာကို အဓိကဖြစ်စေတာကတော့ လိင်ကြွက်နို့ပိုး (Human Papilloma Virus 16,18) တို့ကြောင့်ပဲ ဖြစ်ပါတယ်။
သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေကတော့
- လိင်ကြွက်နို့ပိုးရှိသူနှင့် လိင်ဆက်ဆံမိခြင်း
- လိင်ဆက်ဆံဖော်များခြင်း
- ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျခြင်း
- စီးကရက်အသောက်များခြင်း
တို့ပဲ ဖြစ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ ရောဂါလက္ခဏာများ
- လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း
- ရာသီနှစ်ခုအကြား ပုံမှန်မဟုတ် သွေးဆင်းခြင်း
- မီးယပ်သွေးဆုံးပြီးနောက် ပုံမှန်မဟုတ် အနံ့ဆိုးများ ဆင်းခြင်း
ရောဂါအခြေအနေဆိုးသူများမှာတော့
- ခါးနာခြင်း
- ဆီးမခိုင်ခြင်း
တို့ပါ ဖြစ်တတ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာကို ကာကွယ်လို့ရလား။
- ဆေးလိပ်ကို လျှော့သောက်/ဖြတ်ခြင်း
- လိင်ဆက်ဆံရာတွင် ကွန်ဒုံးကို မှန်မှန်ကန်ကန်ဖြင့် ပုံမှန်အသုံးပြုပေးခြင်း
- လိင်ဆက်ဆံဖော်များ လျှော့ချခြင်း တို့ကို ပြုလုပ်ပေူသင့်ပါတယ်။

ထို့အပြင် ကြွက်နို့ကာကွယ်ဆေးကို အသက် ၉-၁၄ အတွင်း ထိုးခြင်းကတော့ အကောင်းဆုံးဖြစ်ပါတယ်။
အသက် ၁၈နှစ်နှင့်အထက် မိန်းကလေးများအနေဖြင့် ကာကွယ်ဆေးထိုးမည်ဆိုပါက ဆရာဝန်များနှင့် အရင်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသား အမျိုးသမီးများအနေဖြင့်
အသက် ၃၀မှစပြီး အနည်းဆုံး ၅နှစ်တကြိမ် pap smear ဖြင့် ပုံမှန်စစ်ဆေးသင့်ပါတယ်။

Pap smear ဖြင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှု ရှိမရှိ ပုံမှန်စစ်ဆေးခြင်းဟာ သားအိမ်ခေါင်းကင်ဆာ ရှိပါက စောလျင်စွာကြိုသိနိုင်ပြီး သေဆုံးမှုကို လျှော့ချပေးနိုင်တဲ့အတွက် ပုံမှန်စစ်ဆေးပေးသင့်ပါတယ်။

ယခုအပတ်မှာ ကျွန်မတို့ တကသများရန်ကုန်-ကျန်းမာရေးကော်မတီနဲ့ စစ်ရှောင်အမျိုးသမီးများနှင့်ရဲမေတို့အတွက် လစဉ်သုံးပစ္စည်းများအလှူခံနေပါတယ်။

Campaign အသေးစိတ်
https://www.facebook.com/102091859057746/posts/121260633807535/?d=n

လာရောက်လှူဒါန်းပေးကြဖို့ တောင်းဆိုပါတယ်။
Sharing is Caring ❤️

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

“စစ်တပ်က စစ်စရှုံးနေပြီလား“ စကားဝိုင်း
◾️ ရာပြည့်အလွန်ကျောင်းသားသပိတ် သမဂ္ဂကျောင်းသားများ၏ စကားဝိုင်းဆွေးနွေးပွဲ
◾️သမဂ္ဂကျောင်းသားများ၏ စကားဝိုင်းဆွေးနွေးပွဲ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်။
တကသများ-ရန်ကုန်မှ စီစဉ်သည်။

Website

Address

Latha, Yangon General Hospital
Yangon
16°46'43.4"N96°09'07.7"E YANGON HTTPS://GOO.GL/MAPS/NPCPRNFYNC8GMBTB7

Other Youth Organizations in Yangon (show all)
CHEVRA CHEVRA
Yangon

Youths’ Power

Inclusion Journey Inclusion Journey
Yangon

ဉာဏ်ရည် မသန်စွမ်း အစ်မဖြစ်သူနှင့် လူငယ်အရွယ် ညီမလေးတို့ နှစ်ယောက် အတူ ဖွဲ့စည်း စတင်ထားတဲ့ အဖွဲ့လေးပါ

Youths Of Bangtan - Global Youths Of Bangtan - Global
Yangon

Started Date - September 9,2022 To encourage BTSARMY to click ​and Donate

Hear Me Out Hear Me Out
Yangon
Yangon, 11181

To help & build better interpersonal relationships. ပိုမိုကောင်းမွန်သောဆက်ဆံရေးတွေကိုကူညီတည်ဆောက်ပေးသွားပါမည်။

Essential Skills For Youth Essential Skills For Youth
Yangon

To share skills, opportunities and knowledge for youth.

Wings - Edutainment Wings - Edutainment
Yangon

"Wings for youth"

EEWFs - English Is Easy With Friends EEWFs - English Is Easy With Friends
Yangon

An English speaking community that provides a stimulating environment for all comers where they can

YRYEA Expo 2024 "Bridging Businesses" YRYEA Expo 2024 "Bridging Businesses"
No. 268, Room 8A, 8th Floor, Dagon Center 2, Pyay Road
Yangon

PDF-Zoland Supporter PDF-Zoland Supporter
University Avenue
Yangon

This Page was created in order to support Zomi Federal Union/ PDF-Zoland. Thus, the information including address, website are given as the main page of PDF-ZOLAND.

Team IBIM - ICAEW South East Asia Business Challenge 2020 Team IBIM - ICAEW South East Asia Business Challenge 2020
253 (A101), Mahabandoola Road, In Front Of UFC
Yangon

ICAEW South East Asia Business Challenge 2020 ... Sponsored by ... ICAEW ... and ... Deloitte .

Thi Pho Thi Pho
Yangon, 11071

Before making a change, let us help you for a move.

Youths Of Tomorrow Myanmar Youths Of Tomorrow Myanmar
Yangon

Youths of Tomorrow, YOT, is a non-profit student-led organization, to bring the youth community from different parts of the world together.