Mogok Lu Lu Jewel

Mogok Natural Beautiful Gems Selling 💎
General Knowledge of Gems Sharing🖋
International Jewel Design Sharing 💍

Photos from Mogok Lu Lu Jewel's post 14/02/2024

💢 ကျောက်ရည်လှ.. ကျောက်သားကောင်း..အရွယ်လဲကောင်းတဲ့
မိုးကုတ်သဘာဝ နီလာလုံးချော 💢

💁 weight ~ 9.60ct

( မျက်နှာပြင်ပယ်လဲလှလို့ လက်စွပ်ခတ်ဝတ်ရင်လဲ ခန့်ခန့်ထည်ထည်ဝတ်ရမှာ / ဆွဲသီးခတ်မယ်ဆိုလဲ အရွယ်ကောင်းလှလှ ထည်ထည်ပုံလေး ထွက်လာအုံးမှာနော်)

💁 ကျောက်သားတင်းပြီး ကျောက်ရည်ပြာခဲအိနေတာပါ..ကွဲရာအက်ရာ လုံးဝမပါပဲ လုံးချောသဘာဝ အောင်းဝင်ပဲပါတာပါ...

💁 colour detail ~ royal blue ( deep blue)

💁 price detail to messenger 🤝


#နီလာလုံးချော


Sample design credit

Photos from Mogok Lu Lu Jewel's post 12/02/2024

☘🌿Admin lu မှ ~ ရှာဖွေလေ့လာသိမ်းဆည်းထားသမျှ International Peridot Jewellery Sample Designs အလှပဂေးလေးများ 🌿☘

🌿💁 2024 ရဲ့ Hot အဖြစ်ဆုံး အစိမ်းရောင်တွေ များစွာထဲမှာမှ

💃 အမျိုးသမီးထု အကြိုက်ဆုံးနဲ့ အဝတ်အများဆုံး အစိမ်းရောင်ကတော့ ပြောင်ခေါင်းစိမ်း လက်ဝတ်ရတနာကို ရွေးချယ်ဝတ်ဆင်ကြသူ များတာကို တွေ့နေရသလိုပဲနော် 🌿

☘ ကိုယ်တိုင်မဝတ်ဖြစ်သေးရင်တောင် ခုလို အရမ်းလှတဲ့ design လေးတွေ ကြည့်နေ မြင်နေရတာကိုပဲ အရမ်းစိတ်ချမ်းသာလွန်းလို့ sharing လုပ်ထားတာပါ.😊

🌿 ကြိုက်လွန်းလို့ မဝယ်ရ မနေနိုင်ခဲ့ရင်တော့ မင်မင်တို့ရဲ့📌 Mogok Lu Lu Jewel page📌 မှာ လိုချင်သမျှ #ပြောင်ခေါင်းစိမ်းကျောက်သီးသန့် မိုးကုတ်တွင်းထွက်စစ်စစ် လှလှလေးတွေကို စိတ်တိုင်းကျ ရွေးချယ် ဝယ်ယူလို့လဲ ရပါတယ်ရှင့် 🌿

🎖 Sample design credit

12/02/2024

ပြောင်ခေါင်းစိမ်း 🍀 Peridot အကြောင်း မဖတ်ရသေးရင် ဝင်ရောက်လေ့လာဖတ်ရှုကြည့်ပါ ချစ်တို့ရေ 💁

☘ Peridot ပြောင်ခေါင်းစိမ်း အကြောင်း သိမှတ်စရာ ☘

Hardness မာဆင့် ~ 6.5 -- 7

ထွက်ရှိရာဒေသများ ~ မိုးကုတ်ဒေသ ပြောင်ခေါင်းရွာတဝိုက်တွင် ထွက်ရှိပါသည်။
ထိုဒေသသည် ပြောင်ခေါင်းစိမ်း ထွက်ရာ အကြီးဆုံး မိုင်းအဖြစ် လူသိများ ထင်ရှားသည်။
အရွယ်အစားကြီးကြီးနှင့် လှပသောအရောင်များကို အဓိကတွေ့ရသည်။
🌐 ကမ္ဘာကျော်သောကျောက်များအနက် ပြောင်ခေါင်းစိမ်းသည် တမျိုးအပါအဝင်ဖြစ်သည်။ ထင်းရှုးတောင်တကြောတွင်လည်း တွေ့ရလေ့ရှိပါသည်။

🍃 ၁၃ ရာစုအင်ဂလိပ် Peridota မှဆင်းသက်လာသည်။
Olivine ဟုလည်းခေါ်ဆိုကြပြီး သံလွင်သီးအစိမ်းရောင်နှင့် ခိုင်းနှိုင်းတင်စားခြင်းဖြစ်သည်။

🍃 အခြားထွက်ရှိရာဒေသများ ~
ဘရာဇီး ၊ အီဂျစ် ၊ အီသီရိုးပီးယား ၊ ကင်ညာ ၊ မက္ကစီကို ၊ ပါကစ္စတန် ၊ အမေရိက ၊ တရုတ်

🌐💸 ထွက်ရှိရာဒေသများအပေါ် မူတည်ပြီး စျေးနှုန်းအနဲအများ များစွာ ကွာခြားတတ်ပါတယ် ။

☘ပြောင်ခေါင်းစိမ်း၏အရောင်ကွဲပြားမှု အနုအရင့်အလိုက် ခေါ်ဆို သတ်မှတ်ချက်များကို ဗဟုသုတဖြစ်စေရန်အတွက်လဲ တင်ပြပေးလိုက်ပါတယ်ရှင့်....

☘💎 မိုးကုတ်ဒေသထွက် ပြောင်ခေါင်းစိမ်းကျောက်မျက်များကို ကြည့်ရှု ဝယ်ယူလိုပါက ကျွန်မတို့ရဲ့ 📌 Mogok Lu Lu Jewel
Gems & Jewelry Page 📌 တွင် မေးမြန်းစုံစမ်းဝယ်ယူနိုင်ပါတယ်ရှင် .....

page link~https://fb.me/Mogoklulujewel2020
message~https://m.me/Mogoklulujewel2020



📲09 760913939

မှီငြမ်းကိုးကားအချက်အလက်များ ~
မြန်မာ့မြေမှ ကျောက်မျက်များစာအုပ် ( ရေးသားသူ ဆရာ ကိုမင်းလွင် Jewel House)
photo from google website

Photos from Mogok Lu Lu Jewel's post 11/02/2024

🍭 ဘယ်သူနဲ့မှမတူ... ထူးခြားဆန်းပြားတာလေးဝတ်ချင်ရင်..ဒါလေးယူ 🍭

💐 ​မြန်မာ့တွင်းထွက် ဖရဲအူမျက်ဆံ 💐 ပန်းရောင်လေးတွေရယ်. အစိမ်းရောင်လေးတွေရယ် ....အရွယ် အကြီး အလတ် အသေး ရောပေးထားပါတယ် ...

🍭 Total 19 ps ~ 65.80 ct
💸 520,000 ks

💢 ပုံမှန်တွေ့နေကျ ဖရဲအူအရောင်တွေနဲ့မတူ သဘာဝအတိုင်း
ကျောက်လေးတွေရဲ့အပေါ်မှာ မျက်ဆံအမဲရောင်လေးတွေ ဖြစ်နေတာကိုက ရင်သပ်ရှုမောဖွယ်လေးတွေပါရှင် 💢

Photos from Mogok Lu Lu Jewel's post 07/02/2024

🍀✨ မြင်သူတိုင်း မျက်လုံးအေး စိတ်အေးချမ်းစေမယ့် 2024ခုနှစ်ရဲ့ lucky green colour 🌟

🍀 ပြောင်ခေါင်းစိမ်းလုံးချော အသားကြည် အရည်လှ အမဲမှုံမပါ
အပြစ်အနာ အဆီအခိုး လုံးဝမပါသော

🍀 အသားကောင်း အရည်လှသော မိုးကုတ်သဘာဝ ပြောင်ခေါင်းစိမ်းလုံး​ချော အမိုက်စားလေးတွေနော်.....

💁 တဆက်လုံးကို 104 ပွင့် / 159.30 ကလပ်ချိန်ရှိပြီး အရွယ်လေးတွေက 🍀 အသေးဆုံး 0.50 ct မှစ 1ct /2ct /3ct ​ကျော် size မှ အကြီးဆုံး အလယ်အပွင့် 5.80 ct အထိ 🍀 အရွယ်စုံ ပါဝင်ပါတယ်...

💁 လိုသလောက်ခွဲယူချင်လဲရသလို တဆက်လုံး ယူမယ်ဆိုရင်လဲ လေးနဲ့ ရောင်းချပေးပါမယ်ရှင့်...

💁💰 Price detail to Messenger Please 🤝

# #ပြောင်ခေါင်းစိမ်းလုံးချော

Photos from Mogok Lu Lu Jewel's post 05/02/2024

💜✨ The lucky gems of February is Amethyst ( ခရမ်းစွဲ) ✨💜
ခရမ်းစွဲကျောက်ကို ဝတ်ဆင်ခြင်းဖြင့် အေးချမ်းမှုကိုပေးစွမ်းနိုင်ပြီး သောကဝေဒနါများကို ကင်းဝေးစေသည်...
မကောင်းတဲ့ခံစားချက်နှင့် စိတ်ဓာတ်များကို မဖြစ်စေရန် ကာကွယ်ပေးပြီး စိတ်ဖိစီးမှုတွေကို လျော့နည်းစေသည့်အပြင်
ခေါင်းကိုက်ဝေဒနါကိုလဲ သက်သာစေသည်💜
💁 ရောင်ခြည်မပစ် ဆေးသွင်းမဟုတ်သော natural organic စစ်စစ် ခရမ်းစွဲကျောက်လေးတွေ မှာ ရှိပါတယ်ရှင့်😊

Photos from Mogok Lu Lu Jewel's post 03/02/2024

🥝🍋💧 Colour မတူ... ကျောက်အမျိုးအစားမတူသော.. လုံးချောအကိတ်လေးတွေကို တွဲစပ်ကြည့်လိုက်သောအခါ....

😊 အရောင်လေးတွေက မျက်လုံးအေးပြီး စိတ်နှလုံးကြည်စေမယ့်
Happy colour matching အဖြစ် ခံစားစေရမယ့်...

💧 cabochon ( မြပြာ လုံးချော)လေးတွေနဲ့
🍋🥝 cabochon ( ဖရဲအူ လုံးချော) လေးတွေပါရှင့် ....

💙 လုံးချောသဘာဝအတိုင်း အတွင်းမှာ အောင်းဝင်အဆီလေးတွေ ပါပေမယ့်... အပွင့်တိုင်းက ကျောက်သား ကြည်ပြောင်စိုလက်ပြီး
ချိုချဥ်လုံးလေးတွေလိုပဲ စွဲမက်ဖွယ် ကောင်းသော ရောင်စုံ လုံးချောလေးတွေပါ 🥝🍋💧

💁 ပုံလေးထဲကလို အတွဲလိုက်လေး ခတ်ဝတ်ရင်လဲ အရမ်းလှနိုင်သလို...တပွင့်ချင်းစီ သီးသန့် ကြိုက်ရာ ခတ်ဝတ်မယ်ဆိုလဲ ..လှအုံးမှာပါလို့....အတွဲလိုက်ယူလဲ ရသလို... ခွဲယူချင်လဲ ရပါတယ်ရှင် 🤝

💁💰 weight & price လေးတွေကို 3 ပုံမြောက် ပုံအောက်မှာ ရေးပေးထားပါတယ်နော် 🤝

Mogok Lu Lu Jewel
Since 2012
Location 📌 Yangon ~ Myanmar

Sample design credit

Photos from Mogok Lu Lu Jewel's post 01/02/2024

🌟 ထည်ဝါလှပ....နီလာဝါဂေါ်ကြိုး အကိတ်တို့အလှ... 🌟

🌟 မိုးကုတ်သဘာဝနီလာဝါဂေါ်ကြိုး ( ဥဿဖယား အဝါ)

🌟 နီလာဝါဂေါ်ကြိုး လုံးချော ကြိုးကောင်း💫 ကြိုးထင်း အလုံးအဖန်ကောင်းကောင်းနဲ့ စျေးသက်သာတာလေး ရချင်ရင် ဒီကျောက်လေးတွေကို မလွတ်တမ်း ဝယ်ထားလိုက်တော့နော် 😊

💰 Weight & price ~

💰 19.46ct = 500000 mmk

💰14.55ct = 450000 mmk

💰20.40 ct = 400000 mmk

💰 19ct. = 350000 mmk

💁 ကျောက်တပွင့်ချင်းစီရဲ့ အရောင်အသွေးနဲ့ အရည်အသွေးလှပမှုပေါ်မူတည်ပြီး စျေးကွာသွားပါတယ်ရှင့်... 4 ပွင့်စလုံး ကြိုးအရမ်းကောင်းပါတယ်...

🌟 တပွင့်စီရဲ့ weight လေးတွေကို ပုံလေးမှာ detail ရေးပေးထားပါတယ်ရှင့် 💁

Mogok Lu Lu Jewel 👑

#နီလာဝါဂေါ်ကြိုး

Photos from Mogok Lu Lu Jewel's post 28/01/2024

🌀💢 Ruby cabochon & Star Sapphire 🌀💢

💢 ပတ္တမြားလုံးချော ~ 2.52 ct 💰

( ပတ္တမြားလုံးချောလေးရဲ့ အရောင်က နီရဲခဲနေရောပဲ.. ကျောက်သားအနေနဲ့ကတော့ ဖယောင်းသားဆန်ပေမယ့် ဒီစျေး ဒီအရည် ဒီအရွယ်လေးက ဝယ်ပျော် ဝတ်ပျော်လေးပါ )

🌀 နီလာဂေါ်ကြိုး ~ 3 ct 💰

( နီလာလုံးချောရဲ့ အသားက အကြည်ပေါက်မျိုးမှာ အတွင်းဘက်အစင်းအနဲငယ်ပါပြီး.... ကြိုးက 6 လိုင်းမှာ တလိုင်းပဲ မှိန်နေလို့ ဂေါ်ကြိုးလို့ သတ်မှတ်လို့ရတာပါရှင်... ဒါလေးလဲ ဒီအရွယ် ဒီစျေးလေးနဲ့ ဝယ်ပျော်ကြပါစေရှင်) 🤝

Mogok Lu Lu Jewel 🎖

Photos from Mogok Lu Lu Jewel's post 27/01/2024

🌹🎀 Mogok Natural 🎀🌹

🌹 အရောင်လေးကိုခံစားကြည့်ပါ... ပန်းရောင်တောက်တောက်လေးနဲ့ လှနေလိုက်တာများ..... ကြည့်လေ လှလေ အရောင်ထဲမှာ ပါဝင်တာမို့လို့ တို့အကြိုက်ပဲနော် 🎀

🌹 4.18 ct က ဆွဲသီး / လက်စွပ် 2 မျိုးလုံး ခတ်ဝတ်ဖို့ ဘောင်ဝင်တဲ့ size ကောင်းလေး...

✨ တွင်းထွက်ဖရဲအူ အများစုမှာ ပါတတ်တဲ့ အောင်းဝင်အနည်းငယ်လေးပဲပါပြီး eye clean အသန့်လေးတပွင့်ပါ..

💸 price please to cb ပါနော် 🤝

Design photo credit 🎖

Mogok Lu Lu Jewel

Photos from Mogok Lu Lu Jewel's post 27/01/2024

💎✨ Natural Goshenite ~ မြဖြူ ဆိုတာ ဘာကျောက်အမျိုးအစားလဲ ပြောပြမယ်နော် ⬇

💁 မြ beryl အုပ်စုဝင် 6 မျိုးရှိပါတယ်...

💎 မြဖြူ... Goshenite
မြဝါ.... Heliodor
မြပြာ... Aquamarine
မြစိမ်း... Emerald
မြပန်းရောင်...Morganite
မြနီ....... Red beryl. ဆိုပြီး ရှိပါတယ်

( မိုးကုတ်မြကတော့ မြအုပ်စုဝင်မဟုတ်ပါဘူးနော်)

💎 မြဖြူကျောက်လေးတွေကတော့ colourless ဖြစ်တဲ့အတွက်
သဘာဝအရောင်မစစ်မှာ စိတ်မပူရတော့ဘူးပေါ့ရှင်..

💎✨ 5.59 ct 💸 👌

🎖 ကျောက်သားအရမ်းကောင်းပြီး ပွင့်စင်တောက်ပ ဖြူဖွေးလင်းလက်နေလို့ ဘာအပြစ်မှ ပြောစရာမလိုအောင် အရမ်းလှပြီး... စျေးနှုန်းကလဲ အရမ်းတန်လွန်းလို့ အမြန်ဝယ်သင့်တယ်လို့နော် 😊

Mogok Lu Lu Jewel

#မြဖြူ

Sample design credit

Photos from Mogok Lu Lu Jewel's post 25/01/2024

✨🌷 ကာလာစပ်ရဲရဲလှလှ အစည်းအရောင်တွေချည်း တွဲစပ်ပေးထားတဲ့...

💐 မိုးကုတ် spinel ရောင်စုံ 1 ကလပ်နီးပါးဝန်းကျင်လေးတွေ..

💐 47 p ~ 42.40 ct

💐 ကျောက်သားပွင့် အစင်အသန့်လေးတွေချည်းနော်..

✨ 5 သိန်းကျော်ကျော်လေးနဲ့ အထည်တွေ အများကြီး ခတ်လို့ရပြီပေါ့ 👌

💸 တဗူးလုံးကိုမှ အရောင်းပါ 👌


Mogok Lu Lu Jewel

Sample design credit

Photos from Mogok Lu Lu Jewel's post 22/01/2024

💎✨လာဘ်ရွှင် ကျန်းမာစေဖို့ အဆောင်လေးလို ခတ်ဝတ်မလား..
💎 အဖြူရောင်ကျောက်မျက်တွေကို မြတ်နိုးလို့ပဲ ဝတ်မလား...

💎✨ ဖြူစင်သန့်ရှင်းလှပ လင်းလက်နေသော...မိုးကုတ်သဘာဝ
💎 နီလာဖြူ ခေါ် ဥဿဖယား ကျောက်မျက်ရတနာလေးတွေပါ

🏅 နားကပ်စုံ 2p ~ 2.88 ct
အလယ်ပွင့်လေးက ~ 1.47 ct
အပွင့်သေးလေးက ~ 1.05 ct

🏅 Total weight ~ 5.40 ct (4 p)

✨ အနာအဆာ လုံးဝမပါသော.. သန့်စင်သော...နီလာဖြူ ကူရှင်ကွက်လှသောလေးတွေပါ....

💁 နီလာဖြူ ( ဥဿဖယား)လေးတွေကို ဝယ်ချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့်.... ခုချိန်ထိ မရသေးတဲ့ ကာကာတို့အတွက် ...
ရစေချင်တဲ့ မင်မင် စေတနာစျေးလေးနဲ့ ရောင်းပေးချင်လို့ 💁

💸 Surprise စျေး....
💸 4 ပွင့်ကို #550000 ( 5 သိန်း 5 သောင်း) နဲ့ပဲယူပါ....

📌 ဘယ်သူမှ မရောင်းနိုင်တဲ့စျေးနဲ့ #ဒီလကုန်ထိပဲဒီစျေးပါနော်

#ဥဿဖယား

Photos from Mogok Lu Lu Jewel's post 21/01/2024

🍁 ဒီလို အရောင်စုံသော ကျောက်အလှလေးတွေချည်း တွဲစပ်ပြီး...
🌷 နားဆွဲ လှလှလေး ခတ်ဝတ်လိုက်ရင်...
🍀 ပွဲတွေတက်တဲ့အချိန် ချေမိုးလို့ရပြီပေါ့ကွယ်...💃

💁✨ January လရဲ့ lucky birth stone ဖြစ်တဲ့..🍁 Spessartine Garnet 2p~ 2.50 ct

💁✨ Spinel ထဲမှာ အလှဆုံးအရောင်အဖြစ် သတ်မှတ်ခံထားရတဲ့ 🌷 Hot pink spinel 2p ~ 1.46 ct

💁✨ လန်းဆန်း အေးချမ်းစေမယ့် သဘာဝအစိမ်းရောင်....
🍀 Peridot 2p ~ 2.79 ct

💸 စျေးနှုန်းလေးကလဲ အားလုံးပေါင်းကိုမှ #7သိန်းအောက်မှာပဲ ရောင်းပေးမှာနော် ချစ်တို့ရေ 🎀



Sample design credit

Photos from Mogok Lu Lu Jewel's post 21/01/2024

🎀 USA ရောက် မိုးကုတ်သူ ငယ်သူငယ်ချင်းလေးကလဲ Mogok Lu Lu Jewel ရဲ့ ကျောက်တွေက ပုံထဲကအတိုင်း အပြင်မှာလဲ တကယ်လှပြီး စျေးနှုန်းလဲ မှန်ကန်တယ်ဆိုတာ ယုံကြည်မှုရှိပြီးသားမို့လို့....တင်ပေးထားတဲ့ ပုံလေးကြည့်ပြီးတာနဲ့ #ယူ ဆိုပြီး ဝယ်ရဲတာပေါ့ရှင်...ယုံကြည်မှုအပြည့်နဲ့ ဝယ်ယူအားပေးသော သူငယ်ချင်းရေ ကျေးဇူးနော် 😊🎖

Photos from Mogok Lu Lu Jewel's post 20/01/2024

🍀 မင်မင်တို့ဆီက green zircon 5ct ကျော် အလှလေးကို... အရမ်းကြိုက်လွန်းလို့ ရွေးချယ်ဝယ်ယူခဲ့ပြီး... လက်စွပ်ခတ်ဝတ်လိုက်သောအခါ...😱😊

💕 customer ညီမလေးက ဘယ်လိုတွေတောင် ကျေနပ်နေလဲဆိုတာ.. feedback လေးက ကျေနပ်စရာ 💁

by ~
Mogok Lu Lu Jewel

Photos from Mogok Lu Lu Jewel's post 18/01/2024

Edit
🎀 Ruby Pink colour ရှိတဲ့ Pink Sapphire တပွင့်ကို #10သိန်းအောက်မှာပဲ ရောင်းပေးမယ်ဆို စိတ်ဝင်စားကြမလားရှင်...

🎀 1.46ct

🎀 lab certificate ပါပြီး Pinkish red colour ထုတ်ထားပေးတဲ့ Mogok natural pink sapphire. ...

🎀 ဒီအပွင့်လေးက ကျောက်သားနဲ့ အရောင်က ဘောင်ဝင်တဲ့ အနေအထားမှာရှိပေမယ့် အတွင်းဘက် ညှိတဲ့ ကျောက်လေးတပွင့်မို့လို့ 10 သိန်းအောက်မှာပဲ ရောင်းပေးမှာနော်...အထည်ခတ်လိုက်ရင်
ညှိမှန်းမသိရတဲ့အပြင် ဆယ်ကြီးပိုင်းကျောက်နဲ့ ယှဥ်လို့ရတဲ့ အနေအထားလေးမှာရှိပါတယ်ရှင်...

အရမ်းသန့်တဲ့ pink sapphire ကို ဒီလို အရွယ်မျိုးဆိုရင်လဲ သိန်း 50 အထက်ဝယ်ရတော့မှာပါ...

🎀 Pink Sapphire ကျောက်တွေမှာလဲ မတူညီတဲ့ အရောင်အမျိုးမျိုး ရှိကြလို့.. ဗဟုသုတရစေရန်.. ပုံလေးပါတွဲတင်ပေးထားပါတယ်နော်...💁

Mogok Lu Lu Jewel
location 📌 Yangon, Myanmar
09 760913939

Photos from Mogok Lu Lu Jewel's post 16/01/2024

🍀 ဖရဲအူကျောက်တွေက မိုးကုတ်မြိုရဲ့ ဘယ်လိုကွက်ရပ်တွေမှာ ထွက်ရှိလဲ.. ဘယ်လိုကွာခြားမှုရှိလဲဆိုတာ သေချာသိချင် လေ့လာချင်သူများအတွက် ဗဟုသုတရစေရန်....⬇
**********************************
ဖရဲအူ ကွက်ရပ်တစေ့တစောင်း

မိုးကုတ်မှာ ဖရဲအူကိုဘယ်ကျေးရွာက
အထွက်အများဆုံးလဲမေးရင်ဒေသခံတချို့က
လွယ်လင့်တကူ မိုင်းလုံရွာမှာ ဖရဲအူထွက်တယ်
လို့ဖြေကြမယ် မိုင်းလုံရွာနဲ့
မြေကြောတသားထဲဖြစ်တဲ့ ညောင်းကုန်းရွာအနီးနား
တဝိုက်လဲ ဖရဲအူများထွက်ရှိပါတယ်

စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာမှာလဲ
ဖရဲအူပန်းရောင်များထွက်ရှိပါတယ်
လက်ပံလှကထွက်တဲ့ပန်းရောင်ဖရဲအူကို
မိုးကုတ်ထွက်တဲ့တချို့ကပြောတတ်ကြတယ်
လက်ပံလှကထွက်ရှိရာနေရာဒေသကိုသိလျှက်နဲ့
တချို့ကရမ်းသမ်းမိုးကုတ်လုပ်ပြိုက်ကြတာ
ပြိုင်ငြင်းလို့ လက်ပံလှထိ ဘယ်မြို့နယ်လဲဆိုတာ
သွားပြရသေးတယ် လက်တွေ့
ဘာဘဲဖြစ်ဖြစ် လက်ပံလှဖရဲအူက
နာမည်ကြီးပါတယ် ရူဘီလိုဒ်ပန်းရောင်များစွာ
ထွက်ရှိခဲ့တော့ လက်ပံလှဖရဲအူမှတန်တယ်
စျေးရတယ်ဖြစ်ခဲ့ကြသေးတယ်မိုးကုတ်မှာ
နာမည်ကြီးရင် နာမည်ကြီးကွက်ရပ်အစွဲပြု
အစွဲကြီးကျတဲ့ရောဂါကမိုးကုတ်သားတွေကြား
အတော်နဲ့ကုစားလို့မရပါဘူး
ကျောက်ရည်ခြင်းတူအရွယ်တူ
သန့်တာခြင်းတူတောင်လက်ပံလှဖရဲအူက
စျေးပိုရချင်နေကြတယ် မိုးကုတ်ဂေါက်သီးတွေပါ

မိုးမိတ်မြို့နယ် ခတ်ချယ်ကျေးရွာမှာ
မှိုပွင့်သဏ္ဏာန် ဖရဲအူရူဘီလိုဒ်
ခရမ်ချဉ်သီးရောင်လို ဝင်းမည့်နေတဲ့အရည်သွေး
ကောင်းမွန်စွာထွက်ရှိခဲ့လို့နာမည်ကြီးပါတယ်
တခြားသောအရောင်သွေးစုံလင်တဲ့
ဖရဲအူများလဲထွက်ပါတယ်

မိုးမိတ်မြို့နယ် ပန်ဟိုင်းကျေးရွာမှာ
ဖရဲအူစိမ်း ဖက်ဖူးစိမ်းရောင်
ဂရင်ဆော်ဒါစိမ်းရောင် အရည်သွေး
အရမ်းကောင်းမွန်တဲ့ ဖရဲအူအစိမ်းရောင်တွေ
ထွက်ရှိပါတယ် မိုးမိတ်ပန်ဟိုင်းဖရဲအူစိမ်းဟာ
မိုးကုတ် မိုင်းလုံရွာကထွက်တဲ့
ဖရဲအူစိမ်းထက် အဆပေါင်းများစွာလှပတဲ့
ကျောက်တွေထွက်ပါတယ်

မိုးကုတ်ညောင်းကုန်းကျေးရွာက
ဖရဲအူဂရင်ဆော်ဒါစိမ်းဟာ
မိုးမိတ်ပန်ဟိုင်းကျေးရွာကဖရဲအူစိမ်းကို
အရည်သွေးမီဖို့ တရည်လိုပါတယ်
မှတ်ချက်-ဒီကွက်ရပ်အရည်သွေး
ကောင်း၏မကောင်း၏သည်
ကျနော် ဖရဲအူကျောက်ကိုလုပ်ခဲ့ဖူးသည့်
လုပ်သက်၁၅နှစ်အတွင်း
ကျနော်တွေ့ရှိခဲ့တဲ့လေ့လာမူ့သက်သက်ပါ
တဦးနှင့်တဦးအတွေ့ကြုံကွဲလွဲနိုင်ပါမည်

ဖရဲအူကို ဘရာဇီးနိုင်ငံနဲ့တခြားသော
အနောက်တိုင်းနိုင်ငံများတွင်လဲထွက်ရှိကြသလို
ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဖရဲအူကို
ဆေးသွင်းခြင်းရောင်ခြည်ပြစ်ခြင်းစသော
ပြုပြင်ကျောက်များသည်လဲ
အရှေ့တောင်အာရှစီးပွါးရေးတွင်
တွင်တွင်ကျယ်ကျယ် စျေးကွက်ဖြစ်ထွန်းပြီး
လက်ဝတ်ရတနာတန်းဝင်ကျောက်မျက်
တခုဖြစ်နေပါသောကြောင့် လူကြိုက်များပါသည်
သိုပေမယ့်ဖရဲအူကို lab စစ်တဲ့အခါ
ထွက်ရှိရာနေရာဒေသအားမရေးပေးကြပါ .

ဖရဲအူဟာစုသင့်စုထိုက်တဲ့ကျောက်လားလို့
မေးရင် ရတနာတိုင်းကိုမြတ်နိုးတဲ့စိတ်နဲ့
အလှတရားကို ခံစားတတ်ပြီးတန်ဖိုးထားတတ်တဲ့
သူဆိုရင်တော့ ဘယ်ကျောက်မဆိုမိမိလက်ထဲမှာ
တန်ကြေးထက်တန်ဖိုးဟာရှိနေစမြဲပါဗျာ


ဒေါသအိုးလေး

Mogok Lu Lu Jewel မှ ဖရဲအူစိမ်းရဲ့ link လေးပါ ⬇
https://m.facebook.com/story.php?story_fbid=770220911795589&id=100064230600946&mibextid=Nif5oz

Photos from Mogok Lu Lu Jewel's post 15/01/2024

🍀 2024 year က အစိမ်းရောင်နှစ်ဆိုလို့... မြန်မာ့တွင်းထွက် #ဖရဲအူအစိမ်းရောင်လေးကို တင်ပေးလိုက်ပါတယ် 🍀

🍀 3.38ct weight နဲ့
✨ 99.99% သန့်စင်မှုရှိသော Green Tourmaline 🍀

💸 345,000 mmk






🏅 sample design credit

Photos from Mogok Lu Lu Jewel's post 14/01/2024

💗 Pink Sapphire Cabochon @ပန်းနီရောင် ပတ္တမြား လုံးချော💗
23p/13ct (တပွင့် 5 မူး အရွယ် ) #270000 mmk

Photos from Mogok Lu Lu Jewel's post 13/01/2024

Edit

💎 ကျောက်ရည်က ရွှင်ပြာပြာ.. ကျောက်သား​လဲကောင်း ...အရွယ်လဲကောင်းသော #မိုးကုတ်သဘာဝနီလာ 💎✨

💎 ဆွဲသီး / လက်စွပ် ကြိုက်ရာခတ်ဝတ်ဖို့ ~ 2.63 ct weight ရှိပါတယ်..

💎 cutting လေးက. rectangle လို အလျားရှည်သွေးကွက်လေးနဲ့

💎 clarity အနေနဲ့က သဘာဝ inclusion မသိမသာပါပေမယ့် eye clean ပွင့်ပျောက်လေးတပွင့်ပါ...

💸 Messenger မှာ detail မေးမြန်းနိုင်ပါတယ်ရှင့် 🤝

11/01/2024

🎖မင်မင်လုတို့ရဲ့ Mogok Lu Lu Jewel ကို Royal customers တွေ ဘယ်လောက်ထိ ယုံကြည်လဲမေး.💁

💸 ကျောက်ဖိုး ကျသင့်ငွေ အကုန်ပို့ပေးထားပြီး...ဝယ်ထားတဲ့ကျောက်တွေကို မင်မင့်ဆီမှာပဲ သိမ်းပေးထားပါဆိုပြီး ချစ်ခင်ယုံကြည်ပေးတဲ့ USA မှ customer လေးပါရှင့်😊😍

09/01/2024

Edit
🎉✨💐 အရောင်စုံ အရည်လှ ပွင့်အားကောင်း စျေးတန်တန်လေးနဲ့ #နီလာရောင်စုံစိန်ချွန်း လှလှလေး 💐✨🎉

Detail တင်ပေးထားတဲ့ link လေးထဲ ဝင်ကြည့်နိုင်ပါတယ်နော် 🤝

https://m.facebook.com/story.php?story_fbid=766516988832648&id=100064230600946&mibextid=Nif5oz

Photos from Mogok Lu Lu Jewel's post 09/01/2024

Edit
🎉✨ Colourful Sapphire @ နီလာရောင်စုံ စိန်ချွန်း 🎉

✨ မိုးကုတ်သဘာဝ အမာရောင်စုံလို့ခေါ်တဲ့ နီလာ ရောင်စုံ စိန်ချွန်း
နဲနဲ နဲ့ လှလှသန့်သန့်လေး ရချင်သူများအတွက်...

🎉 11.70ct / 95 ps ရှိတဲ့ ဒီတဗူးလုံးကိုမှ #600000 mmk ~ #6သိန်း ကျပ်နဲ့ယူပါ...

✨ ပျမ်းမျှ 8 လုံးစီး size လေးနဲ့ 95 ပွင့်လုံး ဖျတ်ဖျတ်လူး လှပြီးသန့်တဲ့အပြင်...အရောင်လေးကလဲ အရမ်းစုံသော #နီလာရောင်စုံ ပါရှင့် 💐

💸 ရောင်းစျေးလေးရေးပေးထားလို့ ကြိုက်တယ်ဆို #ယူ တလုံးထဲ ရေးချလိုက်တော့ကွယ် 😊

Photos from Mogok Lu Lu Jewel's post 09/01/2024

🎁🚙 ပစ္စည်းပို့ပေးဖို့ delivery အခက်အခဲတွေရှိနေတဲ့ကြားထဲက
မမဆီက ကျောက်လေးပဲ အရမ်းကြိုက်လို့ ဝယ်ချင်တာဆိုတဲ့....

မြန်မာပြည်တွင်းတနေရာမှ ချစ်ခင်စွာ ဝယ်ယူအားပေးတဲ့ 💕. ... ရတနာလေးနဲ့ တကယ်ထိုက်တန်တဲ့ ညီမငယ်လေး 👩 အလုပ်အကိုင်တွေ ဒီထက်မက အောင်မြင်ကြီးပွားပါစေ...💎 ရတနာတွေလဲ အများကြီး တိုးပွားပါစေလို့ မမတို့ Mogok Lu Lu Jewel ကနေ
ဆုတောင်းပေးလိုက်ပါတယ်ရှင့် 💐

07/01/2024

🌟 ဂေါ်ကြိုးလေးတွေ ဘာကြောင့် ဖြစ်ပေါ်နေသလဲ ဆိုတဲ့ ဗဟုသုတစာစုလေးပါ...

Photos from Mogok Lu Lu Jewel's post 05/01/2024

Edit

🌑✨ ဘိုဆန်တဲ့သူတွေမှ ကြိုက်တတ်ကြတဲ့ Grey Spinel✨

✨🌑 မိုးကုတ် သဘာဝ ခဲရောင် spinel ကူရှင်သွေးကွက်ရဲ့ အရွယ်က ~
international ဘောင်ဝင်တန်းဝင် အရွယ် ~7.18ct 🌑✨

✨ သဘာဝ အောင်းဝင်အနေနဲ့ liquid feather လို့ခေါ်တဲ့ ဌက်တောင်မွှေးလို အမှုံချပ်အသေးလေးက ဒေါင်လိုက်အနေအထားနဲ့ပါဝင်နေပြီး..... အက်ရာကွဲရာအနာလုံးဝမပါသော ကျောက်ကြီးတပွင့်ဖြစ်တဲ့အတွက် .....စုဆောင်းမယ့်သူများနဲ့ ဘိုဆန်သူများ အကြိုက်နော်..

💁💰 စျေးနှုန်းလေးကို အသေးစိတ် မေးမြန်းနိုင်ပါတယ်...

Mogok Lu Lu Jewel

04/01/2024

🌟🎀 Asterism ~ (Star ဂေါ်ကြိုး) 🎀🌟
💁Starလို့ခေါ်တဲ့ဂေါ်ကြိုးလေးတွေဘယ်လိုဖြစ်ပေါ်လာသလဲ?

🌟 ကျောက်မျက်၏ အတွင်းပိုင်းရှိ rutile (or) rutile ကဲ့သို့ အလင်းပြန်အားကောင်းသော တွင်းထွက်များ စနစ်တကျပါဝင်သော အနေအထားကြောင့် star ဂေါ်ကြိုးများဖြစ်ပေါ်သည်။
(rutile ဆိုသည်မှာ အပ်ချောင်းပုံ အောင်းဝင်ဟု အဓိပ္ပါယ် ရပါသည်)

🌟 လုံးချောသွေးထားသော ကျောက်များတွင်သာ star ကြိုးများတွေ့ရပါသည်။ အလင်းရောင်နှင့် ထောင့်မှန်အတိုင်းရှိသော နေရာတွင် ကြိုး၏ဗဟိုရှိသည်။ အလင်းရောင်ရွှေ့ပေးလျှင် ဗဟိုလည်း လိုက်ရွှေ့သည်။

🌟 ပုံဆောင်စနစ်ပေါ်မူတည်၍ ဂေါ်ကြိုး 6 ကြိုး /4 ကြိုး စသဖြင့်ရှိနိုင်သည်...

💁 ကျောက်သား ကြည်လင်မှုနဲ့ပတ်သက်၍ 3 မျိုး ခွဲခြားနိုင်ပါတယ်

Transparency. ..
1. Transparent ~ အလင်းကြည် / အလင်းပေါက်သောအသား (ဖန်သားမှန်သားလိုမျိုး)

2. Translucent ~ အလင်းမှုံ (အလင်းပေါက်ပေမယ့် အတွင်းပိုင်းသေချာမမြင်ရ / ဖယောင်းသားလိုမျိုး)

3. Opaque ~ အလင်းပိတ် ( အလင်းလဲမပေါက်.. အတွင်းလဲမမြင်ရ / သစ်သားလိုမျိုး) တို့ဖြစ်ပါတယ်...

💁🌟အခုတင်ပေးထားတဲ့ ပတ္တမြား ဂေါ်ကြိုးလေး

⚖ 2.66ct တပွင့်ရဲ့ ထူးခြားချက်ကတော့ ကျောက်ရဲ့ မျက်နှာပြင်ပေါ်မှာရော အနောက်ဘက် ချွန်းဘက်မှာပါ star ကြိုးလေး ချည်ထားသလိုဖြစ်နေတဲ့ ကြိုးကိုတော့ #ထုပ်ကြိုးလို့ခေါ်ပါတယ်ရှင်.....

💁🌟 ကျောက်သားက နံပါတ် 2 အမျိုးအစားဖြစ်ပေမယ့် အရည်လှ / ကြိုးကောင်းပြီး ဆန်းတဲ့အတွက် သင့်တော်သော စျေးလေးနဲ့ပဲရောင်းပေးမှာပါ.....
💰💸 #အနည်းဆုံးစျေးနဲ့ ရောင်းပေးမှာမို့ အသေးစိတ်ကို messenger မှာ မေးမြန်းနိုင်ပါတယ်ရှင် 🤝

👩💎📝 Admin Lu (GGA ကျောက်မျက်သင်တန်းတက်ခဲ့စဥ်အခါက ကျောက်မျက်သင်တန်းမှဆရာကြီးဦးအောင်ကို သင်ကြားပို့ချပေးခဲ့သော အကြောင်းအရာများထဲမှ အချက်အလက်များကို
ကောက်နုတ် ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်)

Mogok Lu Lu Jewel
Since 2012
Location 📌 Yangon~ Myanmar

Photos from Mogok Lu Lu Jewel's post 04/01/2024

Edit
✨ ရွှေတွင်းဝါ အလှလေးတပွင့် ✨

✨ Mogok Natural Danburite

⚖ 3.52 ct

✨ သဘာဝ အောင်းဝင်လေး တချက်ပဲ ပါပေမယ့် ကျောက်ရဲ့အလှလေးကို လုံးဝ မနှောင့်ယှက်စေပဲ.. ကျောက်သားကောင်းပြီး အရောင်လေးကလဲ တည်ငြိမ်ဝင်းလက်တဲ့ ရွှေတွင်းဝါ သဘာဝစစ်စစ် အရောင်လေးနဲ့....
အရွယ်လေးက လက်စွပ်လဲ ခတ်လို့ရ...ဆွဲသီးခတ်လဲ အဆင်ပြေစေသော အရွယ်ကောင်း ဘဲဝိုင်း ပုံစံလေးပါ ✨

👑 Mogok Lu Lu Jewel

#ရွှေတွင်းဝါ

Want your business to be the top-listed Jewelery/watch Store in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

#yellowstarsapphire #Burmaorigin #naturalgemstones If you like this yellow star sapphire, you can see the information li...
✨💎 My loose stones top qualities are instock now Mogok Lu Lu Jewel  🎖
🎖မင်မင်လုတို့ရဲ့ Mogok Lu Lu Jewel ကို Royal customers တွေ ဘယ်လောက်ထိ ယုံကြည်လဲမေး.💁💸 ကျောက်ဖိုး ကျသင့်ငွေ အကုန်ပို့ပေးထ...
Edit #soldout🎉✨💐 အရောင်စုံ အရည်လှ ပွင့်အားကောင်း စျေးတန်တန်လေးနဲ့ #နီလာရောင်စုံစိန်ချွန်း  လှလှလေး 💐✨🎉Detail တင်ပေးထားတဲ...
🌟🎀 Asterism ~ (Star ဂေါ်ကြိုး) 🎀🌟💁Starလို့ခေါ်တဲ့ဂေါ်ကြိုးလေးတွေဘယ်လိုဖြစ်ပေါ်လာသလဲ? 🌟 ကျောက်မျက်၏ အတွင်းပိုင်းရှိ rutil...
#customersatisfaction #customerfeedback #thankyouforyoursupportplease touch the GIF Button! 🎄🎉💁🎖
✨ November born များအတွက် အဆောင် ✨✨ ကြာသပတေး သားသမီးများအတွက် အဆောင်ကောင်း ✨✨၇ ရက်သားသမီးတိုင်း မည်သူမဆို အမြဲဝတ်ဆင်ထားလ...
✨Rutilated Topaz ရွှေမျှင်အောင်းဝင်ထပ်တရာကျောက်✨📜 ဒီပုံလေးက လွန်ခဲ့သော 2016 ခုနှစ် ဝန်းကျင်လောက်က နိုင်ငံခြားတိုင်းပြည်တ...
✨🏆 Just for me 🏆✨
✨#စိန် နဲ့ချွတ်စွပ်တူပြီး #စိန်လိုစျေးမကြီးတဲ့ #whitezircon more detail 💁  Mogok Lu Lu Jewel 📲 09 760913939

Telephone

Website

Address

Yangon

Other Jewellery suppliers in Yangon (show all)
On The Way 925 & Silver Trading On The Way 925 & Silver Trading
Thaketa
Yangon

925 & Silver ​ရောင်းဝယ်​​ရေး

ROYAL DIAMOND-Beauty Salon &Jewellery ROYAL DIAMOND-Beauty Salon &Jewellery
Yangon

あなたに出会って、大いに笑い、信じる力とタフな心を持てた私が誇りで?

Aungzabu Gold Shop Aungzabu Gold Shop
No. 135-1floor, 29street(Middle)Block, Pabedan, Township
Yangon

Lay Wa Di Diamonds and Jewellery Lay Wa Di Diamonds and Jewellery
No. 36, Shwe Bon Thar Street
Yangon, 11181

U Hla Thein-Lay Wa Di (Jewellery, Diamonds retail and wholesale) shop

ရွှေနှစ်-Shwe Hnit Gems & Jewellery ရွှေနှစ်-Shwe Hnit Gems & Jewellery
Yangon

စိတ်ချ ယုံကြည် အာမခံ ရွှေနှစ်စိန်ရတ?

7 Stars - Gems by Phyu 7 Stars - Gems by Phyu
Yangon
Yangon, 11221

Mogok Gems and Jewellery

Unique Shape Unique Shape
Mayangone Township
Yangon

သေသပ်လှပ ၍ Cutting ၊ Clarity ကောင်းမွန်သော ကျောက်မျက်များကို လက်လီ၊ လက်ကား ဝယ်ယူ အားပေးနိုင်ပါသည်။

Shwe Pwint Jewelry Shwe Pwint Jewelry
Yangon, 11111

Jewelry

ခိုင်ရတနာ ရွှေဆိုင်Khaing Jewellery Shop ခိုင်ရတနာ ရွှေဆိုင်Khaing Jewellery Shop
Yangon

ခိုင်ရတနာ ရွှေဆိုင်မှ အရည်သွေးပြည်?

Burma’s Pride Gems And Jewelry Burma’s Pride Gems And Jewelry
No. 40, Yaekyaw Maharzaya Street , Pazaundaung Tsp
Yangon

Burma’s Pride guarantee the best gold to create each Exquisite Jewelries for all Jewelries lovers with own finest goldsmith combined with generations of experiences.