Romantic seat

my bio

03/12/2022

ငါလဲ တို့ဆေးမိထားတယ် 😁

02/12/2022

"မိန်းမရေ...ဒီမှာ..ကြာဆံချက်..ရပြီ..''

" အင်း...ဟင်းပွဲလေးအကြောင်း..ရှင်းပြစမ်းပါအုံး..''

"ဟာ..ဘာဟင်းပွဲလဲ..။ကြာဆံချက်ပါ..ဆို..''

"သိတယ်လေ..။ရှင်...ဒါကို..ဘယ်လို ချက်တာလဲ..လို့..မေးနေတာ..''

"ဟာ..မင်းကတော့..ကွိုင်ပဲ..။ကြာဆံချက်..ကြာဆံချက်လိုပဲ..ချက်တာပေါ့..။ငါက.. ဘယ်လို ချက်ရအုံးမှာလဲ..?''

"စပလင်...ထည့်လိုက်တာလား..?''

"ဪ..အေ..နည်းနည်း..အနံ့အသက်လေး..ကောင်းသွားအောင်...''

"မလိုဘူး..''

"အယ်..''

"ဟင်းခတ်အမွေးအကြိုင်..ဆိုတာ..နေရာတကာ..လျှောက်ထည့်လို့ရတာ..မဟုတ်ဘူး..''

"ဪ..မိန်းမရယ်...။ငါလည်း..ကောင်းမလားလို့..နည်းနည်းလေး..စမ်းထည့်ကြည့်တာပါဟ..''

"မလိုဘူး..။ဒီအတွက်...အမှတ် မပေးဘူး..''

"အော်...အေးပါဟယ်...''

"ငုံးဥ...ထည့်လား...?''

"ဪ.....မင်းပန်ကန်ထဲမှာ..ငုံးဥတွေလေကွာ..... ။မတွေ့ဘူးလား..''

"ဒုန့်အားခရု...''

"အယ်..ဘာလဲဟ..''

"မေးတာပဲ..ဖြေ..။မေးခွန်း..ပြန်မထုတ်နဲ့...''

"အေးပါကွာ..''

"ငုံးဥကို...အခွံ ခွာပြီးမှ..ပြုတ်သလား...။မခွာပဲနဲ့...ပြုတ်သလား...''

"ဟ...ငုံးဥပါဆို...ပြုတ်ပြီးမှ..ခွာတာပေါ့ဟ

"ဟင်....ဒါဆို....ရှင်.....အခွံကြီးနဲ့..ထည့်ပြုတ်လိုက်တယ်ပေါ့...''

"ဟာ....''

လုပ်ကြပါအုံး
ငုံးဥကို..အခွံနဲ့...ပြုတ်လို့တဲ့...😁

"မိန်းမရယ်...ငုံးဥ..ဆိုတာ..ပြုတ်ပြီးမှ...ခွာလို့ ရတာလေ..။မပြုတ်ပဲ...ဘယ်လို..ခွာမတုန်း...''

"ဒုန့်အားခရု...''

"ဟာ...လာပြန်ပြီ...။အဲ့ဒါ..ဘာပြောတာလဲ....''

"မသိဘူး..။ဒုန့်အားခရုပဲ..''

"အမ်...''

ရှင်းရော..။😁

". .ဒီမှာ..ရှင်..သေချာမှတ်ထား..။ငုံးဥ..ဆိုတာ..ဖင်က..ထွက်တာရှင့်..။အဲ့ဒါ..ရှင်သိလား..?''

"ဪ...သိပါတယ်ဟ...''

"သိရင်...ရှင်..ဘာလို့...အခွံနဲ့..ပြုတ်လိုက်တာလဲ..။ဖင်က..ထွက်တဲ့ဥကို..ကျမက..ပါးစပ်ထဲ..ထည့်ရမှာလား..''

"ဪ...ဖလူးမရယ်..။အာ့ဆိုလည်း..မမျိုနဲ့ဟယ်.....။..ကဲ....''

"ဝုန်းး...''

"ခလွမ်း...''

"ဟာ....''

ကဲ...အေးရော...😁😁😁

😁😁😁😁

#လူချွန်တော်..

02/12/2022

ကျွဲခိုးးပေါ်ရော
===========

"မိန်းမရေ ... ကုတင်အောက်က စက္ကူပုံးကြီးလွှင့်ပစ်လိုက်တာလား ... "

အမှန်က စက္ကူပုံးချည်းမဟုတ်ပါ ...
အထဲတွင် မိန်းမမသိအောင် ခိုးခိုးကစ်ရသည့် အရက်ပုလင်းလက်ကျန်ကလေးရှိ၏ ။

"မိန်းမရေ "

"ဂေ့စ် ... "

"ငစ် ... "

အခန်းထဲသို့ ထဘီစွန်တောင်စွဲကာ ဝင်လာ၏ ။
တစ်ခန်းလုံး အရက်နံ့များ မွှန်ထူသွားသည် ။

"ဟာ ... မူးလာတာလား "

"ငါ့ပုံက မမူးတဲ့ပုံပေါက်နေလို့လား
ဂေ့စ် "

ကိုယ်ကျိုးတော့နည်းပြီ ...
ငတိမက အကုန်သောက်လိုက်ပြီထင်၏
အရက်က နယ်နယ်ရရမဟုတ်ပေ ... ၊ သောက်ပြီးတစ်နာရီပြည့်လျှင် မပြောပဲလျှို့ဝှက်ထားသည်များကို
ပြောပြ၏ ။ ထိုအရက်သောက်ရင်း အိပ်သည့်အခါ မိန်းမကိုအရမ်းချစ်သည့်အကြောင်းများပြောရင်း
မိန်းမအချစ်ကို ကိုပိန် ခံနေရခြင်းဖြစ်၏ ။

"မိန်းမ မင်းသောက်ထားတာကြာပြီလား "

"တစ်နာရီလောက်တော့ ရှိတော့မယ်
ယောက်ျားရဲ့ ဂေ့စ် "

ပြောရင်းဆိုရင်းဖြင့် ... ကုတင်ပေါ်လဲကျသွားလေ
တော့သည်
တစ်နာရီပြည့်ပြီထင်၏ ... ။
ဇာတ်လမ်းက စလေပြီ ... ။

"မနက်ဖြန် ဖွစဘုတ်ကကောင်လေးကို
အဖြေပေးမယ် "

"ငှယ် "

"စနေနေ့ ကိုတုတ်ကြီးနဲ့ အပြင်သွားမယ် "

"ငစ် "

"အချိန်ရရင် ဆိုက်ကားဆရာ ဘာဘူကြီးနဲ့
ညစျေးတန်းသွားမယ် ... "

"အို ... "

"ဟာ ... ဒါနဲ့ မနက်ဖြန် ရေပိုက်ပြင်မယ့်
ကိုမိုးသီး လာမှာပဲ အဟိ "

"ဟင် ... "

မိန်းမက အသံတိတ်သွား၏ ။
ကုန်သွားပြီထင်သည် ။ မိန်းမဖြစ်သူကို အရမ်းချစ်လွန်းသဖြင့်
နောက်နေ့တွင် ပြောပြပြီးခွင့်လွှတ်လိုက်မည်ဟု
စိတ်ကူးလိုက်ပြီး ... အိပ်ပျော်နေသောမိန်းမကို
စောင်ခြုံပေးလိုက်၏ ... ။ ထိုအခါကျမှ ...

"ဪ ဒီကိစ္စတွေ
အိမ်ကနွားကြီး သိလို့မဖြစ်ဘူး "

"ခီး ..... "

ထိုည၌ပင် ကိုပိန်တစ်ယောက် အထုပ်ဆွဲကာ
တောထွက်သွားလေတော့သည် ... ။

ဒချီ ... ချီ

ငြိမ်းမောင်

30/11/2022

မျက်ရည်ကိုသုတ်😢
ဓား"ကို ဆုတ်၍ ⚔️

အံကို ကြိတ်ခါ 😬
အရေကို အထပ်ထပ်
ခွာပြီတည်း.......😁😁

29/11/2022

အိမ်ရှေ့မှာ..စာဖတ်နေတုန်း..

" တော့်...ကိုချွန်...''

အိမ်ထဲက လှမ်းခေါ်တဲ့ မလုံးအသံ...

" အေး...လာပြီဟ ။ ဘာတုန်း...''

" လာပါ လာပါ ။ ဒါက ဘာကို ဆိုလိုချင်တာလည်း ဆိုတာ..ရှင်းပါအုံး..''

" ဘာကိုလဲ..?''

" ဒီမှာလေ...ရှင် တင်ထားတာ ။ဘာတဲ့.. ..ခင်ဝင့်ဝါနဲ့ ညားချင်တယ်လေး..ဘာလေးနဲ့..။ဘေးမှာ ကျုပ်တစ်ယောက်လုံး ရှိနေတာတောင်..ဒါက...ဘာသဘောလဲ..''

" ဪ...ဒါလား ။ ဘာရယ်မဟုတ်ပါဘူး မိန်းမရာ.။..အပျော်သက်သက်ပါ..''

" ဪ..!. ..ရှင်က....အပျော် ရှာချင်နေတာပေါ့လေ...''

" အယ်....ဟုတ်ပူးလေ ။ ဒီလိုပဲ...တင်လိုက်တာလေ ။ စိတ်ထဲလည်း မရှိပါဘူးဟ...''

" အံမယ်....ရှင်က...စိတ်ထဲ ရှိနေချင်သေးတာလား....''

" ရော.......မဟုတ်ပါဘူးဟ ။ မင်းနဲ့တော့...ဒုက္ခပဲ.ဟေ့..''

" ဘာ ဒုက္ခလဲ? ..။ ကျုပ်က ရှင့်အတွက် ဒုက္ခအိုးကြီး.ဖြစ်နေပြီပေါ့...အဟင့်.... ...''

" ဟောဗျာ... ပြသနာပဲ..''

" ဟုတ်ပါတယ်..။ ကျုပ်က ပြသနာကောင်မကြီးပါ...''

" ဟာကွာ....မဟုတ်ပါဘူးလို့...ပြောပြီးပြီလေ...''

" ပြောပြီးပြီ...ဆိုတော့..။ ကျုပ်ကို..နားလေးမကြီးလို့...ဆိုလိုလိုက်တာပေါ့....ရှင်က...''

" ဟာ.. တော်ပြီကွာ...မပြောတော့ဘူး ။..ထင်ချင်သလို ထင်တော့.....''

" ဂရုတောင်..မစိုက်တော့ဘူးပေါ့..''

" ဟာ....''

" အံ့တွေတောင်..သြ ပြီပေါ့လေ..''

" မိန်းမ... ငါ..သေချင်လာပြီနော်...''

" ကျုပ်ကို..မုဆိုးမ ဖြစ်စေချင်နေတာမလား.....''

" အမလေး...ကယ်ကြပါအုံးဗျို့.. ''

😁😁😁😁😁😁😁

#လူချွန်တော်

27/11/2022

👍👍👍😁

25/11/2022

" #အိချောပိုလေး မလှဘူးလား "

" လှပါတယ်ခင်ဗျ "

" သူ လှနေတာကို မြင်သာ မြင်နေရတယ် မင်းတို့ အပိုင်ရရဲ့လား "

" မရပါဘူးခင်ဗျ "

"မရတာကို စွဲလန်းနေတာ မမောဘူးလား"

" မောပါတယ်ခင်ဗျ "

"မောတော့ ပါးစပ်ကြီး ပိတ်ပြီး အသက်ရှုရသလား ဟပြီး အသက်ရှုရသလား"

" ဟပြီး အသက်ရှုရပါတယ်ခင်ဗျ "

အေး...အဲ့ဒါ #မောဟဆိုတာပဲ... မှတ်ထားကွဲ့

" မှန်ပါ "

"မောဟဆိုတဲ့ သရုပ်ကို သိရပြီဆိုတော့ နောက်တစ်ကြိမ်မှာ မောဟ ဖြစ်ဦးမလား"

" ပုံအသစ်မတင်သေးသရွေ့ မဖြစ်သေးပါဘူးခင်ဗျ "

"ဟုတ်ပြီ... အဲ့ဒါ အာရုဏ် အသစ် ဝင်မလာ​သေးတဲ့အတွက် ကိုယ့်ကိုယ်ကို ကိလေသာ ငြိမ်းတယ်လို့ ထင်နေတာ ။ အကယ်၍များ အိချောပိုက နောက်ထပ် ပုံအသစ်တွေ တင်လာရင် ပယ်မလား ယူမလား"

" save ပါမယ်ခင်ဗျ "

အေး.......

ဒါကြောင့်..... ငါ့မိန်းမ အိချောပိုကို

မင်း.... ညိမ်ညိမ်လေး နေပါလို့ တားတားနေရတယ်ဟေး.....

ငါလည်း မနိုင်ဘူးဟ

🤣🤣🤣🤣🤣


ပုံက ကျွန်တော့်ကောင်မလေးပါ 😁😁

24/11/2022

ဘလော့ပါမည်🤣🤣🤣

ဘာစာမှ မရေးဘဲ
အထာပဲ ပေးနေတဲ့
သာအေးရဲ့ အမျိုးတွေကိုလည်း
အချိုးမပြေလို့ ဘလော့မည်။

ကိုယ့်စာမှန်သမျှ
တစ်ခါမှ အဖက်မလုပ်တဲ့
ဝက်ပုပ်နဲ့ မြနှင်းကိုလည်း
ညတွင်းချင်း ဘလော့မည်။

ကိုယ့်နောက်မှ ခင်ပေမယ့်
ကိုယ့်လောက်မလှဘဲ အဆင်ပြေသွားတဲ့
ကျင်ဖေနဲ့ သာပိုတို့ကိုလည်း
မနာလိုလို့ ဘလော့မည်။

ကိုယ်က ခတ်ကွင်းပြင်တုန်း
အတင်းဝင်လုံးပြီး စားခွက်လုနေတဲ့
တက်ပုနဲ့ ပေါက်စ ကိုလည်း
နောက်ဘဝထိ ဘလော့မည်။

ငါ့ ပြန်မကြိုက်တဲ့
ကံပိုက်ရဲ့ နှမ…ကျေးဥ
ဒွေးလေးနုရဲ့ သမီး…သဲအူ
မဲတူရဲ့ အဒေါ်…မြကြုတ်
ဘတုတ်ရဲ့ တူမ…နှောင်းခက်
တောင်းယက်တဲ့ မခင်မွှေး
ညစဉ် အတွေးထဲလာလာပြီး
အထှာမကျတဲ့ ...ရွာက အမျိုးသမီးတွေ
ကိုလည်းအငြိုးတကြီးကို ဘလော့မည်။

ဖြည့်လိုက်ရတဲ့ ဘေလ်
ငွေယိုလိုက်တဲ့ အပေါက်
ပျောက်လိုက်ရတဲ့ လိုင်း
'ဟိုင်း'လိုက်ရတဲ့ မက်ဆင်ဂျာ
ရှာလိုက်ရတဲ့ ဖူးစာဘက်
ကျက်လိုက်ရတဲ့ ရည်းစားစာ
စည်းမခြားဘဲ ပြီးသွားတဲ့ ဘဝနဲ့
တစ်ယောက်မှ မရတာကိုတောင်
တစ်လတစ်ခါ line ပေါ်တက်ပီး
အသည်းကွဲ ပြ နေတဲ့
ကျုပ်ကိုယ် ကျုပ်လည်း ဘလော့မည်။😑

ဒီစာကိုဖတ်ပြီး ..,ရီတာမရပ်တဲ့ ခများကိုလည်း
ကျုပ် ဘလော့လိုက်ပါတော့မည်။😑
#ဘကျော်သိုက်

#ခွက်ဒစ်....

23/11/2022

ငါးမိနစ်...........

အလုပ်က ပင်ပင်ပန်းပန်း ပြန်လာတဲ့ ယောကျ်ားဖြစ်သူက ဗိုက်ဆာဆာဖြင့် ထမင်းအုပ်ဆောင်းအား လှန်ဖွင့်လိုက်သည်။

စားပွဲခုံပေါ်တွင် ဘာမှမတွေ့ရသဖြင့် စိတ်တိုသွားပြီး မိန်းမဖြစ်သူအား -

"ခုထိ...ညစာက အဆင်သင့် မဖြစ်သေးဘူးလား၊ တော်ပြီကွာ...အပြင်မှာပဲ သွားစားတော့မယ်"

ဆိုပြီး ပြောလိုက်တော့၊ မိန်းမဖြစ်သူက -

"ငါးမိနစ်ပဲစောင့် ယောကျ်ားရေ..."

အိပ်ခန်းထကနေ လှမ်းအော်လိုက်သော သူမကို ပို၍စိတ်တိုသွားပြီ -

"မင်းကွာ...မဖြစ်နိုင်တာတွေ လာပြောနေတယ်၊ ငါးမိနစ်အတွင်း မင့်ညစာက အဆင်သင့် ဖြစ်မှာလား! "

ထိုအခါ မိန်းမဖြစ်သူက -

"ညစာတော့ အဆင်သင့် ဖြစ်မှာမဟုတ်ဘူး၊ ရှင်နဲ့အတူတူလိုက်စားဖို့ ကျမ အဆင်သင့်ဖြစ်မှာ"

Win Naing

22/11/2022

လက်ထပ်မယ့်မမများသိဖို့။။။။။။။

ရွာတစ်ရွာမှာ မိအေးဆိုတဲ့ ကလေးမလေးရှိသတဲ့။
မိအေးက ခပ်နုံနုံခပ်အအ စကားပြောရင်လဲ ဒုတ်ထိုးအိုးပေါက် ပြောတတ်တယ်တဲ့။။။။
ချစ်သူရည်းစားကလဲမရှိ တစ်ဦးတည်းသော သမီးဖြစ်နေတော့ မိဘတွေက သူတို့တိမ်းပါးသွားရင် မိအေးတယောက်ထဲ အားကိုးရာမဲ့ ဖြစ်မှာကိုစိုးရိမ်နေကြသတဲ့။။။
အဲ့လိုနဲ့နောက်ဆုံးတော့ အတွေးရပြီး ဘေးရွာက သူတို့မိတ်ဆွေတယောက်ရဲ့ သားနဲ့ လက်ထပ်ပေးဖို့ စီစဉ်ကြသတဲ့။
မိအေးကလဲ မိဘတွေစကားကို မလွန်ဆန်နိုင်တော့ သူတို့စီစဉ်ပေးတဲ့ လူနဲ့ လက်ထပ်လိုက်တယ်ဆိုပါစို့။။။
မင်္ဂလာဆောင်ပြီး မင်္ဂလာဦးည ပြီးတော့ မိအေးသူငယ်ချင်းတွေက မင်္ဂလာဦးညအကြောင်း တီးတိုးတီးတိုးနဲ့ မေးသတဲ့။။။
အဲ့မှာမိအေးဖြေလိုက်တဲ့ အဖြေကြောင့် အကုန်လုံးတဝါးဝါး တဟားဟားနဲ့ ပွဲကြသွားသတဲ့။။။
မိအေးဖြေတာက""လက်ထပ်တယ်ဆိုလို့ လက်ပဲထပ်တယ်ထင်တာ ဘယ်ဟုတ်မလဲ တကိုယ်လုံးထပ်တာဟဲ့ လူကိုအီဆိမ့်သွားတာပဲ""ဟူသတည်း။။

😂😂😂

22/11/2022

နည်းပညာခေတ်ကို
လုပ်အားနဲ့ ဘယ်လိုမှ ယှဥ်မရပါဘူး ။

Korea တို့ Japanတို့မှာ
၅နှစ်လောက် အလုပ်သွားလုပ်
သိန်း၂ထောင်စုမိပြီပဲ ထားအုံး ။

မြန်မာပြည် ပြန်ရောက်ရင် japanကား
သိန်း ၅၀၀ တန်လောက်ပဲ ဝယ်စီးတယ်၊

ကျန်တဲ့1500လောက်ကို တိုက်ခန်းဝယ်
အဲ့တိုက်ခန်း ရောင်းတဲ့သူက အဲ့ပိုက်ဆံနဲ့
ကားအကောင်းစား သိန်း၁၅၀၀တန်
ဝယ်စီးလိုက်ပြီ ထားပါတော့ ၊

ကိုယ်လုပ်ခဲ့တဲ့ ၅နှစ်လုပ်ခ အကုန်
သူ့နိုင်ငံအကုန် ပြန်ရောက်သွားတယ် ။

ကားတစ်စီးထုတ်ဖို့ ဆိုတာ
ရက်ပိုင်းတောင် မကြာပါဘူး
နည်းပညာဆိုတာ အဲဒါပဲ ။

ဆန်စပါးလို စောင့်နေစရာ မလိုဘူး
လိုသလောက် ထုတ်လုပ်လို့ရတယ် ။

စပါးဆိုတာ တစ်နှစ်၅ခါမှ စိုက်လို့မရတာ
ကားကတော့ လိုအပ်ရင် စက်ရုံထပ်ဆောက်လို့
ရပါတယ် ။

ကိုယ်လက်လှမ်းမမှီတဲ့
နည်းပညာတွေမှ အများကြီးပဲ
တွေးဖို့တောင် ဉာဏ်မမှီတာ တစ်ပုံကြီး ရှိသေးတယ် ။

နည်းပညာတွေဟာ
အရမ်းအရေးကြီးတယ်
ဆိုတာ တွေးမိတာကို ပြောချင်တာပါ ။

နည်းပညာ နိမ့်ကျရင်
လယ် လုပ်ရတာ ခြင်း တူရင်တောင်
စက်နဲ့ လုပ်တဲ့သူနဲ့ နွားနဲ့ အတူတူ ရုန်းတဲ့သူ
ကွာသလို ကွာပါလိမ့်မယ် ။

နိုင်ငံခြားကို သွားဖို့အသည်းအသန်တွေ
ကြိုးစားနေတာ မြင်တော့ တွေးမိတယ် ။

တိုးတက်ပြီးသား နိုင်ငံတွေက
ငါးကြင်းကြော်ဖို့ ဆီကို ငါးကြင်းဆီကရ
ဆိုသလိုပဲ ။

ဥပမာ_

ကားထုတ်ဖို့ မြန်မာက အလုပ်သမားတွေ
ခေါ်တယ် ခိုင်းတယ်
ကားတွေကို မြန်မာပြည် ပြန်တင်သွင်းတယ် ။

အလုပ်သမား အတွက်
ပေးရတဲ့ငွေကို အသာလေးပြန်ယူလို့ရတယ် ။

အပေါ်ဆုံးအပိုဒ်မှာ ရေးသလိုပေါ့...

သူတို့ကတော့ အဲ့လောက်အသေးစား
နည်းပညာလေးတွေမှာ အချိန်ကုန်မခံဘူး
သူတို့လူတွေ မသုံးဘူး မရင်းပါဘူး ။

အဲ့ထက်မြင့်တဲ့
နည်းပညာတွေ အတွက်ပဲ အချိန်ပေးမှာပါ ။

ဆင်းရဲတဲ့ နိုင်ငံတိုင်းကတော့ ဒီလိုပါပဲ ...

ဘာမှမလုပ်ဘဲ နေလို့တော့ ဘာမှ
မဖြစ်ဘူးပေါ့...

" သဘောကျလို့ပါ "...။

- Khant Hmhwe Swe

မိတ်ဆွေများအား
ချစ်ခင်စွာဖြင့်...

Moy Tun ( စာပေ ပရဟိတ )

21/11/2022

မဂ်လာဆုတောင်း

20/11/2022

#ငါ့ဖာသာငါပဲ_လမ်းလျှောက်သွားတော့မယ်
••••••••••••••••••••••••••••••••••••••••

အဖိုးကြီးတစ်ယောက်မှာ အရွယ်ရောက်ပြီးလို့ အလုပ်လုပ်နေကြတဲ့ သားလူပျိုနှစ်ယောက်ရှိတယ်။ အဖိုးကြီးရဲ့မိန်းမကတော့ ကွယ်လွန်သွားခဲ့တာ ကြာပါပြီ။

တစ်ရက်မှာ အဖိုးကြီးဟာ အကြီးအကျယ်နေမကောင်းဖြစ်ပြီး ကုတင်ပေါ်မှာ သေလုမြောပါးဖြစ် မေ့မြောနေတယ်။

သားနှစ်ယောက်လည်း သူတို့အဖေသေရင် ဘယ်လိုသင်္ဂြိုလ်ကြမလဲလို့ ကုတင်အောက်နားမှာ ထိုင်ရင်း တိုင်ပင်ကြတယ်။

သားကြီး . . . "တို့အဖေ ဒီနေ့မဟုတ်ရင် မနက်ဖြန် သေဖို့သေချာနေပြီ။ သူ့ကို သင်္ဂြိုလ်ဖို့ ငါတို့စီစဉ်ကြရမယ်"

သားငယ် . . . "ကျွန်တော်တို့ အသုဘယာဉ်တစ်စီးငှားပြီး အသုဘချရင် ကောင်းမလားဗျ။ ဒါပေမဲ့ အသုဘယာဥ်ငှားရင် ဈေးကြီးမယ်နော်"

သားကြီး . . . "ဟုတ်တယ်။ အသုဘယာဉ်ငှားခ အရမ်းဈေးကြီးတယ်။ ငါ့မှာ ရှိတဲ့ပိုက်ဆံက မင်္ဂလာဆောင်ဖို့ စုထားလို့ အထိခံလို့ မဖြစ်ဘူး။ ပိုက်ဆံမကုန်အောင် ဒီလိုလုပ်ရင် မကောင်းဘူးလား"

သားငယ် . . . "ဘယ်လိုလုပ်မှာလဲဗျ"

သားကြီး . . . "ဒီလိုကွာ။ အဖေ့အလောင်းကို မင်းရဲ့မော်တော်ဆိုင်ကယ်ပေါ်တင်သွားကြမယ်။ ငါက အလောင်းကို ထိန်းကိုင်ပေးမယ်။ မင်းက ဆိုင်ကယ်မောင်းပေးပေါ့"

သားငယ် . . . ကျွန်တော့်မော်တော်ဆိုင်ကယ်က ဓာတ်ဆီစားတယ်ဗျ။ ဓာတ်ဆီဈေးကြီးလို့ အဖေ့အလောင်းကို မော်တော်ဆိုင်ကယ်နဲ့ တင်သွားမယ့် အကြံကို လက်လျှော့လိုက်စမ်းပါ အစ်ကိုရာ"

သားကြီး . . . "ဒါဆို မင်းက ဘယ်လိုလုပ်ချင်လို့လဲ"

သားငယ် . . . အဖေ့အလောင်းကို စက်ဘီးပေါ်တင်ပြီး ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်တစ်လှည့်စီ တွန်းသွားကြမယ်လေ။ ဒါဆို ပိုက်ဆံမကုန်တော့ဘူးပေါ့"

သားကြီး . . . "အင်း၊ မင်းအကြံမဆိုးဘူးကွ။ ဒီတော့ . . . ."

မေ့မြောနေရာက သတိပြန်လည်လာတဲ့ အဖိုးကြီးဟာ သူ့သားနှစ်ယောက်ပြောနေကြတာတွေ အားလုံးကို ကြားနေတယ်။ သူတို့စကားအဆုံးမှာ အဖိုးကြီးဟာ ကုတင်ပေါ်မှာ ငေါက်ခနဲ ထထိုင်လိုက်ပြီး ခုလို ပြောလိုက်တယ်။ "ဟေ့ကောင်တွေ၊ အိမ်ရှေ့က ငါ့ညှပ်ဖိနပ်ယူပေးစမ်း။ ငါ့ဖာသာငါပဲ သင်္ချိုင်းကို လမ်းလျှောက်သွားတော့မယ်"

ဒီပုံပြင်လေးဟာ ဟာသလို့ ထင်ရပါတယ်။ ဒါပေမဲ့ လောကမှာ ဒါမျိုးတကယ်ဖြစ်နေပါတယ်။ မိဘတွေဟာ ရှာရသမျှပိုက်ဆံအကုန်ခံပြီး သားသမီးတွေကို လူလားမြောက်လို့ ပညာတတ်သူတွေဖြစ်လာတဲ့အထိ ကျွေးမွေးစောင့်ရှောက်ပေးကြတယ်။ သားသမီးအလှည့်ကျတော့ မိဘရဲ့နောက်ဆုံးခရီးအတွက်တောင် တွက်ကပ်နေကြတယ်။ ဒီပုံပြင်လေးကို ဖတ်မိတဲ့ သားသမီးတွေ ဒါမျိုးမလုပ်မိအောင် ဆင်ခြင်နိုင်ကြပါစေ။

#ဗန်းမော်သိန်းဖေ
၁၆-၁၁-၂၀၂၂

18/11/2022

ထမင်းစားချိန်ရောက်ပြီ 🍽

18/11/2022

လူပျိုပြန်တဲ့အရွယ် ၇၀ 😁

18/11/2022

#ရွာတစ်ရွာတွင်ဖြစ်သည်•••

" ဟော့ဒီက ငါးတွေ ရမယ်...
ငါးခူတွေ လတ်ဆက်တယ်နော် "

ငါးသည်အမျိုးသမီးရဲ့အော်သံကြားတော့
အလွန်ချမ်းသာတဲ့ မိန်းမကြီးတစ်ဦး
အိမ်အပြင် ထွက်လာပြီး ....

" ချပါဦးဟဲ့ ... ညည့်ငါး ကြည့်ရအောင် "

" အစ်မရယ် လတ်ဆက်လိုက်တာ
ဟော့ဒီမှာ ကြည့် အရှင်တွေ "

" အရှင်ဆို မဝယ်ဘူးဟေ ...
ငါက မသတ်ချင်ဘူး ငရဲကြီးမှာ ကြောက်တယ်"

" ရပါ့ အစ်မရယ် ...
ဘယ်ငါး လိုချင်လဲ လက်ညှိုးသာ ထိုးပြပါ
ကျမ သတ်ပေးပါ့မယ် "

" ဟော့ဒီ ငါး အေ.... "

ငါးသည်က မိန်းမကြီး လက်ညှိုးထိုးပြတဲ့ ငါးကို အပြင်ထုတ်ပြီး ပိဿာလေးနဲ့ ခေါင်းကို ထုချလိုက်တယ်...
ငါးက ဆန့်ငင်ဆန့်ငင် ဖလပ် ဖလပ်နဲ့ သေသွားပါလေရော ...

" ကိုင်း... အစ်မ ယူတော့ "

" အေး... အဲ့ဒါ ညည်း သတ်တာနော်
ငါ သတ်ခိုင်းတာ မဟုတ်ဘူး "

" ရပါတယ် အစ်မရယ်...ဟုတ်ပါပြီ "

" အေး.. ရပါတယ် မလုပ်နဲ့...
ညည်း ... ငါးခေါင်းထုတာ ဘာမှတ်နေတုန်း......
အဲ့ဒါ အဒိန္နာဒါနာကံ ထိုက်တယ် ခေါ်တယ် "

ငါးသည်က တခဏ စဉ်းစားလိုက်ရင်း

" အစ်မ.. ငါးသတ်တာ .. သတ်တယ်ဆိုတာ အဒိန္နာဒါနာ မဟုတ်ဘူး ထင်တယ်နော် ...
ပါဏာတိပါတာ လို့ ကျမ ကြားဖူးတယ် "

" ညည်း.. ဒါကြောင့် ငါးရောင်းနေရတာ
ပညာ မတတ်လို့ ... အဒိန္နာဒါနာ ခေါ်တယ်
ခက်တော့သာပဲ....သွား.. သွား .. သွား " ဆိုကာ ငါးထုတ်လေး ယူပြီး အိမ်ထဲပြန်ဝင်သွားတယ် ။

ညနေကျ ဝယ်ထားတဲ့ ငါးလေးကို ယောက်ျားအတွက် ချက်ပေါ့ ....

ယောက်ျား ထမင်းစားတော့မှ အနားကပ်ထိုင်ပြီး နေ့လယ်က ကိစ္စကို ပြောပြတယ်

" နေ့လယ်က ကျမ ပညာပေးလိုက်ရသေးတယ် !
လူတွေများ တရားနဲ့ ဝေးလိုက်တာ "

" ဟ...! ဘာ .. ဘာလို့တုန်း "

" ငါးသည်မ တော် .. ငါးခေါင်းကို ပိဿာလေးနဲ့ ဖြတ်ဆို ထုလိုက်တာ သေတော့
ကျမက အဒိန္နာဒါနာကံ ထိုက်တော့မှာပဲလို့ ပြောတော့...
သူက အဲ့ဒါ ပါဏာတိပါတာ တဲ့ !
လူတွေများ ဖြစ်ရတယ် ကျုပ်တို့လောက တရား ပျောက်နေပါရော့လား "

" ဟာ....
မိုက်လိုက်တဲ့ မိန်းမ
အဲ့ဒါ နင် မှားတာ ဗျ ...!
အဲ့ဒါ ကာမေသုမိစ္ဆာစာရာ ခေါ်တယ် "

" ဟမ်...! ဟုတ်လား ? " 😳

" ဟာ.... နင် အဲ့လိုသွားပြောတယ်...
ငါ လင် ရှက်ရပြီပေါ့ "

" မဟုတ်သေးဘူးနော်
သူကြီး သွားမေးမယ်
ကျုပ်ကတော့ မကျေနပ်ဘူး " ဆိုပြီး
လင်မယား နှစ်ယောက် ငြင်းရင်း ခုံရင်း သူကြီးဆီ ရောက်တယ် ...။

သူကြီးက...

" ဟ..! နင်တို့နဲ့တော့ ခက်ပြီ
တခြားရွာက ကြား ရှက်စရာတောင် ကောင်းသေး !
နေပါဦး ငါ မေးမယ် အစ,အဆုံး ပြော "

ဒီလိုနဲ့ , သူကြီးအား ပြဿနာ ဖြစ်ပုံကို
အစ, အဆုံး ပြောပြလိုက်တော့..

" အေး...! ငါ သဘောပေါက်ပြီ....
ငါးသည်က သံပိဿလေးနဲ့ ငါးခေါင်းကို ထုတော့ ဖလပ်ဖလပ်နဲ့ မခုန်ဘူးလား .. ? "

" ခုန်ပါတယ် သူကြီး "

" အေး..! အဲ့ဒါပဲ မှတ်ထား...
သံ- တည်းဟူသော ပိဿလေး နဲ့
ပ- ပိဿာစီး ငါးကြီးကို အားကုန် ထုလိုက်တဲ့အခါ
ဖလပ်ဖလပ်နဲ့ ထ, ခုန် သကဲ့သို့
အဲ့ဒါ... #သံပဖလပ်ဖလပ်ကံ ထိုက်တယ် ခေါ်တယ် "

" ဪ... အခုမှ ရှင်းတော့တယ် သူကြီးရယ် "

ယောက်ျားဖြစ်သူက ထ,ပြောတော့..
မိန်းမကလည်း ...

" ဟုတ်ပတော်... ဒါကြောင့် ပညာရှိများ
မေးကြည့်မှ ရှင်းတော့တယ် "

ထိုအခါ,
ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့်
သူကြီး ပြောလိုက်တဲ့ စကားက.....

" နင်တို့ ရွာတော့ ငါ မရှိလို့ မဖြစ်သေးဘူးနော် "

ဟူသတည်း.... ။ ။ 😂😂😂

17/11/2022

အမျိုးသားနေ့ဆိုတာ
ဘာလုပ်လုပ် အမျိုးသားကို ဦးစားပေးတာ 😂😂

Photos from Romantic seat's post 17/11/2022

ပင်လယ်ထဲဆောက်လုပ်ဖူးသမျှ အကြီးမားဆုံးဖြစ်လာမယ့် လိပ်ပုံသဏ္ဍာန်ရေပေါ်မြို့ကို ဆော်ဒီအာရေဗျမှာတည်ဆောက်ဖို့ရှိ..................
ဆော်ဒီအာရေဗျ၊ နိုဝင်ဘာ ၁၆

ကုန်ကျစရိတ် ပေါင် ၆.၈ ဘီလီယံ ( နယူးဇီလန် ဒေါ်လာ ၁၃.၁ ဘီလီယံ) လိပ်ပုံသဏ္ဍာန် ရေပေါ် မြို့ တည်ဆောက်မှု စီမံကိန်းကို အီတာလျံ ဒီဇိုင်း စတူဒီယိုက ထုတ်ဖော်ကြေ ညာလိုက်ပါတယ်။

Pangeos လို့ အမည်ပေးထားတဲ့ မြို့ပုံစံဖြစ်လာမယ့် တီရာ ဧရာမ ရွက်လှေကြီးဟာရေပေါ်မှာ တည်ဆောက်ခဲ့ဖူးသမျှ အကြီးမားဆုံး ရေပေါ် အဆောက်အအုံကြီးဖြစ်လာမှာ ဖြစ်ပါတယ်။

16/11/2022

လုပ်ကြည့်လိုက်လေ 😁

16/11/2022

” ကိုငြိမ်းမောင်…. “
😠”ဗျာ.ဗျာ .. ရှိ.”
😳 ကလေး နို့တိုက်လိုက် ဦး”

😠ဟမ်…..ငါမှ နို့မထွက်တာ မိန်းမရယ်”😔

“နို့ဗူး တိုက်ခိုင်းတာ ရှင့်ကို.😖 တကထဲ မပြောလိုက်ချင်ဘူး”

” အေး အေးပါမိန်းမရယ်…. လာလာ သားလေး ဖေဖေနို့တိုက်မယ်
မင့်အမေက ဆေးချ နေတာ မအားသေးဘူးတဲ့”😒

” ဘာ…ကိုငြိမ်းမောင် ရှင်ကျမကို ဘယ်လိုမိန်းမထင်နေတာလဲ”😠😡

” အပင်တွေ ပိုးမကျအောင် ဆေးဖြန်းနေတယ်ပြောတာပါ မိန်းမရယ်”😒😒

“ဟွန်း ရှင် တော့ သေတော့မယ်… ပီးရင် ကလေးကို သိပ်လိုက်ဦး”😠

“ငါးပိနက်သိပ် ရမှာလား ဆားနဲ့ သိပ်ရမှာလား.မိန်းမ”😂

” မဆလာလေးပါထည့်လိုက်…. “😒

” နူးတဲ့ အချိန်မှ မဆလာထဲ့ ရမှာမလား.”😁

“ကိုငြိမ်းမောင်😡😡 ရှင် အရက်ကြောင်ကြောင်ပြီး ဘာတွေပြောနေတာလဲ ကလေး ကို အိပ်သွားအောင် ချော့သိပ်ခိုင်းနေတာ”

“အေးပါ မတင်ရွှေရယ်..”😁😁

တနေ့တနေ့ ဒီမိန်းမ နက်ပဲ ပြသနာတက်နေတာ ။ အရက်တိုက်တဲ့ မျက်နှာလေးရှိလို့ပေါ့ကွာ။နောက်မို့ဆို ဒင်း နဲ့ အလဲ အပြဲ အကွဲပဲ။…😎😎

“ကဲကဲ သားလေး ဖေဖေချော့ သိပ်မယ်နော်::::”😁

“ဟုတ် ပေပေ ကျိ”😑

“သားလေးရယ် အိပ်ပါတော့ ကြောင်ကြီးကိုက်လိမ့်မယ်”🎵

“ပေပေ .. ကြောင်ကျိက ပေပေ ရက်ရက်နက် မြည်းလိုက်တာမလား”😒

“အရေးထဲ မင့်ကလဲ သားဖချင်းကပ်ဖဲ့နေသေးတရ်”😒

“ကိုငြိမ်းမောင်.. ကလေး မအိပ်သေးဘူးလား”😡

“သိပ်နေတယ်မိန်းမရေအိပ်တော့မှာ..”😁

” သားလေး အိပ်တော့နော်…ဖေဖေ ချင်းဆိုပြမေ .. ကြာဖြူ ရေ ကြာဖြူ ရေ…🎵 ရွှေမိုးလေးတွေ .🎵ရွာတိုင်းပဲ သတိရနေ..”

“ကိုငြိမ်းမောင် ရှင် ကလေးချော့သိပ်နေတာလား ကာရာအိုကေ ရောက်နေတာလား ဘယ်က ကြာဖြူကို သတိရနေတာလဲပြောစမ်း.. ရှင့်ကို အဲ့ ကောင်မက အမြည်းဖိုးပေးနေလို့လား”

“အာ မတင်ရွှေ ကလဲ.. ကလေးချော့သိပ်နေတာကို..”😒

“နော့သားလေး အိပ်တော့နော် ဖေဖေချေ့ာ့သိပ်မယ်..🎵🎵.. ရန်သူငါးပါးထဲမှာ အင်မတန် အပြောကြမ်းလှတာ🎵 မညှာမတာ ဘယ်သူ့မှ မကြောက်တဲ့ 🎵သူခိုးဓားမြထက် ဆိုးတဲ့ တင်ရွှေဟာ..”

“ဘာ 😡ကိုငြိမ်းမောင် ရှင်ကျမကို ဘာမကျေနပ်တာလဲ ပြောစမ်း”😠

“ကလေးချော့နေတာပါ မိန်းမရဲ့ ကိုယ့်အလုပ်ကိုလုပ်စမ်းပါ”😒

“ဟွင်းဟွင်း ရှင်နော် ရှင်..”😠

“သားလေး မငိုနက် အိပ်အိပ်…ဖေဖေချော့သိပ်မယ် 😁😘
🎵တို့ရေဆာစဉ် အာမီတွေ ယူလာပေးသူ..🎵 အဆင်ပြေချိန် ဝီစကီလေး တစ်ခွက် ထက်ကို🎵 တန်ဖိုးထားပါတရ်..”

“တိတ်စမ်း ကိုငြိမ်းမောင် အခု အိမ်ပေါ်က ဆင်းတော့”😠

“ဟာ မတင်ရွှေ မင်းဟာလေ.”😒

“ကျမဟာ.ဘာဖစ်တုန်း ပြောစမ်း”😱

“အရက် လောက်မှ ဇောက်မနက်ဘူး”😒

” ဘာအရက်လဲ 😠ဇကော ဇကော”

“ငါသိပါတရ်… မင်းမှာသစ္စာ လူမှာ ဘီယာ တဲ့”😒

” ဘာ လူမှာ ကတိ ကတိ.. “😠

“အေး.. မင်းငါ့ကို ကတိတွေ အတန်တန်ပေးခဲ့တယ် မှတ်မိလား”😒

“ဘာ ကတိတွေလဲ ပြောစမ်းပါဦး”😏

” မင်းနဲ့ချစ်သူ ဖြစ်တုန်းက င့ကို ရာသက်ပန် အရက်တိုက်မယ်ဆိုပီး ကတ်ိတွေပေးခဲ့တယ်လေ… မင်းကတိမတည်လို့ မြန်မာဘီယာ ၆၀၀ကနေ ၇၀၀ ဖြစ်သွားခဲ့တယ်။ မင့်ငါ့ကို ထာဝရထက် အရက်ပိုတယ် ပြောပီး အခု ပြောင်းလဲ သွားခဲ့တယ်.လေ..မင်းကတိမတည်လို့ အာမီပုလင်းခွံတောင် ၅၀ပဲ ရတော့တယ်….မင်း ကတိမတည်ဘူး တင်ရွှေ”😰

“ဟင်. ကျမ မှားပါတယ် ကိုငြိမ်းမောင်ရယ်”😰

“ရပါတယ် ငါနင့်ကို အရက်နဲ့ ထပ်တူ ချစ်ခဲ့တာ တင်ရွှေရဲ့”

“အိုရ် ကိုငြိမ်းမောင်ရယ် မပြောပါနဲ့တော့.. ကျမ မှားသွားပါတယ် ဟင့် ဟင့်”😭

“မငိုပါနက်မိန်းမရယ် င့ကို ကတိတစ်ခု ပဲပေးပါ”😪

“ပြောလေ ကိုငြိမ်းမောင်”😥

” ငါ့ ပုလင်းတွေထဲ ခိုးခိုးပီး ရေမရောတော့ပါ ဘူးဆိုတဲ့ကတိ”😂

“ကျမကတိပေးပါတယ် ကိုငြိမ်းမောင်… ရှင်လဲကတိပြန်ပေး”😪

“ပြောလေ မတင်ရွှေ”😌

“ကျမက အရက်ကို လက်တစ်ဆစ်ပဲ သောက်လို့ပြောတာကို နောက်တစ်ခါ လင်ဗန်းထဲ လက်တစ်ဆစ်ထည့်ပီး မသောက်ပါနက်”😥

” အေးပါ မိန်းမရယ်… ငါလျော့နေပါတယ်..”😌😨

“သားလေး တောင် အိပ်သွား ရှာပီ”😪

“မအိပ်ပဲ နေမလားဟ! ချော့သိပ်ရတာ မောလို့ ငါ့ပုလင်းထဲက လက်ကျန်လေး တိုက်လိုက်တာ”😌

“ဘာ “😡😡😡

15/11/2022

တခါက…လင်မယားနှစ်ယောက်ရှိတယ်တဲ့ ။

ကိုသာ၀ ဆိုသူက နေ့စဉ်လိုလို မူးမူးပြီး
မိန်းမနှင့် မကြာခဏ ရန်ဖြစ်စကားများတတ်ကြတယ် တဲ့။
မိန်းမဖြစ်သူက အကောင်းဆုံးနည်းလမ်းရှာပြီး
ဘုန်းကြီးကျောင်းသို့ သင်္ကန်းသွား၀တ်ပါရန်
တိုက်တွန်းလိုက်တယ်တဲ့။

တစ်နေ့တော့ ကိုသာ၀ က သင်္ကန်း၀တ်ဖြစ်သွားတယ်

တစ်ပတ်လောက်ကြာသော် ဦးဇင်းသာ၀ က
လူဘ၀နှင့်ဦးဇင်းဘ၀ကို စဉ်းစားတယ်။

“အင်း အိမ်ထက်စာရင် သင်္ကန်း၀တ်ရတာ ပိုအေးချမ်းတယ်”

(၂)လ ကြာသော် လူထွက်ချင်စိတ်မရှိ
မိန်းမဖြစ်သူက လူထွက်ရက်ကိုမျှော်နေသည်
(၃)လ ရောက်သော်လည်း လူထွက်ဖို့ အသံမကြား
တစ်နေ့တွင် မိန်းမဖြစ်သူက…

““ဦးဇင်းဘုရား တပည့်တော်မတို့၏ ခြံစည်းရိုး ပေါက်ပြဲနေပြီး လူ၀င်လိုက် ခွေး၀င်လိုက် နဲ့ ဘယ်လိုလုပ်ရမလဲဘုရား””

““ဟ ကပ္ပိယကြီးရှိတယ်လေ သု့ကိုကာခိုင်းလိုက်””

ဒီလိုနဲ့ နောက်တစ်လလည်း လူမထွက် ဒီတစ်ခါ..

““ဦးဇင်းဘုရား မိုးတွေကလည်းကျလာပြီ အိမ်ခေါင်မိုးလည်းမလုံဘူး ဘယ်လိုလုပ်ရမလဲဘုရား””

““ကပ္ပိယကြီးကိုလုပ်ခိုင်းလိုက်””

နောက်(၁)လ ကြာလဲ မထူး

““အင်း ဘယ်လိုလုပ်ရမလဲ””

နောက်တစ်နေ့ တွင် ခြေထောက် ထော့နဲ့ ထော့နဲ့ နဲ့ သွားပြီး…

““ဦးဇင်းဘုရား…..တပည့်တော်မ၏ပေါင်ခြံကြားမှာ အနာစိမ်း အကြီးကြီးပေါက်နေလို့ ကပ္ပိယကြီးကိုပဲ ညှစ်ခိုင်းတော့မယ်ဘုရား””

လို့ လျှောက်ပြီးပြန်လှည့်သွားသည်။

ဦးဇင်း စဉ်းစားသည်.. ပီးကာမှ ကမန်းကတန်းနဲ့…

““ဟေ့ဟေ့ ဒကာမ ခဏနေဦး ဒါတော့ကပ္ပိယကြီးကို ညှစ်ခိုင်းလို့မဖြစ်ဘူး ငါလာညှစ်ပေးမယ်““ ဆိုပြီး
ချက်ချင်းလူထွက်ကာ အိမ်ရောက်တော့့့ …

““ပေးပေး ဘယ်မလဲ အနာ””
““ဘာ..အနာ မှ မရှိဘူး ရှင့်ကိုသတိရလို့ လိမ်ပြောတာ ဟိဟိ””😁😁

““ဟာ့…သေနာမ အဟုတ်မှတ်လို့””

15/11/2022

#မဲ့

ဖုန်းတွေမှာ ဝါယာကြိုး မဲ့လာတယ်

ဖိနပ်တွေမှာ သဲကြိုး မဲ့လာတယ်

ကားတွေမှာ သော့ မဲ့လာတယ်

အဝတ်အစားတွေမှာ အရှက် မဲ့လာတယ်

လူငယ်တွေမှာ အလုပ် မဲ့လာတယ်

မွေးခါစကလေးတွေမှာ ဖခင် မဲ့လာတယ်

ခေါင်းဆောင်တွေမှာ စာနာစိတ် မဲ့လာတယ်

ပညာရေးတွေမှာ တန်ဖိုး မဲ့လာတယ်

နှလုံးသားမှာ တရား မဲ့လာတယ်

မိန်းမပျိုလေးတွေမှာ အရှက်အကြောက် မဲ့လာတယ်

လူတွေမှာ ကတိသစ္စာ မဲ့လာတယ်

ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားတွေ မဲ့လာတယ်

တစ်ဦးအပေါ်တစ်ဦး ယုံကြည်မူတွေ မဲ့လာတယ်

ချစ်သူတွေကြားမှာ ခံစားချက်တွေ မဲ့လာတယ်

ညီကိုမောင်နှမတွေကြားမှာ သံယောစဉ် မဲ့လာတယ်

နေချင်စဖွယ်အိမ်တွေမှာ ပျော်ရွှင်မှုတွေ မဲ့လာတယ်

ကျယ်ပျော်လှတဲ့ ကမ္ဘာကြီးထဲမှာ လွတ်လပ်မှုတွေ
မဲ့လာတယ်

အခြွေအရံတွေကြားမှာ လုံခြုံမှုတွေ မဲ့လာတယ်

လူလူချင်း ဂါရဝ တရားတွေ မဲ့လာတယ်

သင်္ချိူင်းကို ရောက်ကြပေမယ့်လည်း နောင်တတရား
တွေ မဲ့လာတယ်

နောက်ဆုံးမှာ လူတွေရဲ့ မျှော်လင့်ချက် တွေလည်း
အစအဆုံး မဲ့လာကြတော့တယ်။

~~~~~~~~~~

15/11/2022

အထင်လွဲတော့မခံနိုင် .....
**********************
ယောက်ျား .......

ရှင့်ကိုကျမကြည့်နေတာ ကြာပြီ . .
-
-
-
ကျမ မို့. သီချင်းဆိုရင် - ရှင် အိမ်အပြင်
ထွက်ထွက်ရပ်နေတာ ဘာ သဘောလဲ . .
-
အယ် ........
-
ဘာသဘောမှ မဟုတ်ပါဘူးကွာ .
-
တော်နေ လူတွေက ငါ မင်းကို

ရိုက်နေတယ်ထင်မဆိုးလို့ ပါ
😜😜😜
📷✍️crd

15/11/2022

မိန်းမတွေ လိုချင်တဲ့

ဘဲအမျိုးအစားက

- ရုပ်ကလည်း handsome ဖြစ်ရမယ်။
- အရပ်ရှည်ရမယ်။
- ဟာသဉာဏ် ရှိရမယ်။
- ပညာတတ်ရမယ်။
- ဝတ်ပုံစားပုံ အထာကျရမယ်။
- ရာထူးအလုပ်အကိုင်ဝင်ငွေ အတည်တကျ ရှိရမယ်။
- ဦးဆောင်နိုင်စွမ်း ရှိရမယ်။
- ကိုယ့်ကိုလည်း သဲသဲလှုပ် ဂရုစိုက်ရမယ်။
- ကိုယ့်အပေါ်စိတ်ရှည်ရမယ်။ အချိန်ပေးရမယ်။
- မွေးနေ့နဲ့ အထိမ်းအမှတ် နေ့တိုင်းကို မမေ့ရဘူး။
- ကိုယ့်အပေါင်းအသင်းတွေနဲ့ အထူးသဖြင့်
ယောက်ျားလေး သူငယ်ချင်းတွေနဲ့အဆင်ပြေရမယ်။
- ကိုယ့်မိဘတွေကို ရိုသေရမယ်။
- ဘယ်စော်နဲ့မှ မက်ဆင်ဂျာမှာ စကားမပြောရဘူး။
- Facebook password ဖုန်း password
ပေးထားနိုင်ရင် ကောင်းတယ်။
- ကိုယ်ကလွဲရင် ဘယ်မိန်းမကိုမှ စိတ်မဝင်စားရဘူး။
- အရက် ဆေးလိပ် အလွန်အကျွံ မသောက်ရဘူး။
- ကေတီဗွီ မာဆတ် လမ်းကြုံတောင် မသွားရဘူး။
- နေ့တိုင်း ဖုန်းဆက်ရမယ်။ မက်စေ့ပို့ရမယ်။
- အွန်လိုင်းမှာ မီးစိမ်းနေရင် ကိုယ့်အတွက်ပဲ ဖြစ်ရမယ်။
- ကိုယ့်ကို မချုပ်ချယ်ရဘူး။
- မချုပ်ချယ်ရပေမယ့် သဝန်တိုရမယ်။ စိတ်ပူရမယ်။

ယောက်ျားတွေလိုချင်တဲ့
မိန်းမ"
အမျိုးအစားက
အပေါ်က လီးလီးလားလား အချက်တွေ
မပြောတဲ့မိန်းမဖြစ်ရင် ရပြီ။

😂😂😂

14/11/2022

အနဲတစ်ယောက်
ကိုဗစ်ကာကွယ်ဆေး သွားထိုးသတဲ့။

ဆေးထိုး‌ပေးတဲ့လူက...
"ဆေးထိုးဖို့ ID ကဒ်ပြပါ" ဆိုတော့
သူ့မှာ ID ကဒ်က မရှိဘူး။

ဒါနဲ့ ID ကဒ်သွားလုပ်တယ်။

ID ကဒ် လုပ်ပေးတဲ့ရုံးက...
"ကဒ်လုပ်ချင်ရင် ဆေးထိုးပီးကြောင်း စာရွက်ပြ" တဲ့။

အဲ့ကောင် ရူးရော
နဂိုကမှ ကျပ်မပြည့်တာနဲ့
ခု ဘာလုပ်ရမှန်းမသိ ဖြစ်ပီး ရူးရော။

ဆိုတော...
သူ့အမျိုးတွေက သူ့ကို အရူးဆေးရုံသွားပြတာပေါ့။

ဆေးရုံက ဆရာဝန်က ပြောသတဲ့...
"လူနာကို ဆေးရုံတင်ဖို့ ID ကဒ် နဲ့ ကာကွယ်ဆေးထိုးပီးကြောင်း ထောက်ခံစာပြပါ"

အဲ့မှာ
သူ့အမျိုးတွေပါ ရူးကုန်ရော။

အေး တာ ပဲ
(မလေးရှား ဟာသ)
သန်၄ကို - ရမ်းဘာသာပြန်သည်။

12/11/2022

ယောင်္ကျားဆိုတာ
----------------
တစ်ခါက အင်မတန်ချမ်းသာတဲ့ ဘောစိလူပျိုကြီးတစ်ယောက်ရှိတယ်။ တစ်နေ့တော့သူဟာ အိမ်ထောင်ပြုဖို့အတွက် ဆုံးဖြတ်လိုက်ပြီး မိန်းကလေး (၃) ယောက်ကို မျက်စေ့ကျမိပါသတဲ့။ အဲဒါနဲ့ပဲသူဟာ မိန်းကလေးတွေရဲ့ အရည်အချင်းကို စမ်းသပ်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။
-
ပထမဆုံးမိန်းကလေးကိုသူက ဒေါ်လာ ငါးထောင်ပေးလိုက်တယ်။ အဲဒီနောက်မှာတော့ ဘာဆက်လုပ်မလဲဆိုတာကို သူစောင့်ကြည့်နေတယ်။ ကောင်မလေးက နာမည်ကြီးဖက်ရှင်ဆိုင်တွေတော်တော်များများကိုသွားတယ်။ အ၀တ်အစား၊ ဒေါက်ဖိနပ်၊ မိတ်ကပ်၊ နှုတ်ခမ်းနီ စတဲ့ ပစ္စည်းတွေစိတ်ကြိုက်၀ယ်တယ်။ အဲဒီအခါ သူဌေးက ဒီလိုမေးတယ်
-
"မင်းဘာကြောင့်ဒါတွေ၀ယ်ရတာလဲ"
-
"ကျွန်မဟာ ရှင့်အတွက် အလှဆုံးဖြစ်နေစေချင်တာ။ ရှင်ကျွန်မကို ကြည့်လိုက်တိုင်း သဘောကျစေချင်တာ။ အဲဒါကြောင့် ကျွန်မလှချင်တယ်။ အဲဒါရှင့်ကို ချစ်လို့ပဲသိရဲ့လား"
-
သူဌေးဟာ အင်မတန်မှ သဘောခွေ့သွားတယ်။ အဲဒီနောက်မှာလည်း သူဟာ ကျန်တဲ့အမျိုးသမီးကလေးတွေကို ဆက်ပြီး စမ်းသပ်ဖို့ ကြိုးစားတယ်
-
သူဟာ ဒုတိယမြောက်မိန်းကလေးကိုလည်း ဒေါ်ငါးထောင်ထုတ်ပေးလိုက်တယ်။ အဲဒီနောက်စောင့်ကြည့်ပြန်တယ်။ ဒုတိယမြောက် မိန်းကလေးကတော့ သူဌေးရဲ့ပိုက်ဆံကိုသုံးပြီး သူဌေးအတွက် Golf Set (ဂေါက်သီးအသုံးအဆောင်) အသစ်တွေ၀ယ်ပေးတယ်။ ၀တ်စုံအသစ်တွေပြန်၀ယ်ပေးတယ်။ လက်ပ်တော့၊ ဖုန်း စတဲ့နောက်ဆုံးပေါ်ပစ္စည်းတွေပြန်၀ယ်ပေးလိုက်တယ်။ အဲဒီအခါ သူဌေးက ဒီလိုမေးပြန်တယ်

"မင်းဘာကြောင့် ငါ့ကိုလက်ဆောင်တွေပြန်၀ယ်ပေးတာလဲ"

"ကျွန်မကို ရှင် ပိုက်ဆံတွေပေးသလို၊ ကျွန်မကလည်းရှင့်ကို အချစ်တွေပြန်ပေးတယ်ဆိုတာ ပြသတဲ့အနေနဲ့ လက်ဆောင်တွေ၀ယ်ပေးတာပေါ့။ အဲဒါရှင့်ကို ကျွန်မဘယ်လောက်ချစ်လဲဆိုတာ ပြတဲ့သက်သေပဲ"

သူဌေးဟာ ဒုတိယမြောက်မိန်းကလေးရဲ့စကားကိုလည်း အင်မတန်မှ နှစ်သက်ကြေနပ်သွားပြန်တယ်။ ဒါပေမယ့်လည်း သူဟာ နောက်ဆုံးကျန်တဲ့ မိန်းကလေးကို ဆက်ပြီးစမ်းသပ်တယ်။ ရှေးနည်းအတိုင်းပဲ သူဟာ နောက်ဆုံးမိန်းကလေးကို ဒေါ်လာငါးထောင်ထုတ်ပေးလိုက်တယ်။

နောက်ဆုံးမိန်းကလေးကတော့ သူဌေးရဲ့ဒေါ်လာငါးထောင်ကို အစုရှယ်ယာတွေ၀ယ်တယ်။ စျေးကစားတယ်။ အကျိုးအမြတ်တွေကို စုဆောင်းထားတယ်။ အဲဒီနောက်မှာလည်း သူဌေးကို ဒေါ်လာငါးထောင်ပြန်ပေးတယ်။ အဲဒီအခါ သူဌေးကဒီလိုမေးပြန်တယ်

"မင်းဘာကြောင့် ဒီလိုလုပ်ရတာလဲ"

"ရှင်ဟာ ကျွန်မရဲ့ တစ်သက်တာအချစ်တွေကို ပေးထားတဲ့သူမို့ပေါ့။ ကျွန်မတို့ လက်ထပ်ပြီးတဲ့အခါ နောင်အနာဂတ်အတွက် ပိုက်ဆံစုဖို့လိုတယ်လေ။ အဲဒါတွေက ရှင်ကို ချစ်လို့ပေါ့ ချိုသဲရယ်"

နောက်ဆုံးတော့ သူဌေးဟာ သူတို့သုံးဦးထဲက မိန်းကလေးတစ်ယောက်ကိုပဲ လက်ထပ်ခဲ့တယ်။ ထူးဆန်းတာတစ်ခုက သူလက်ထပ်လိုက်တဲ့မိန်းကလေးဟာ
သူတို့သုံးဦးထဲက ....







"အတောင့်ဆုံး၊ အကိတ်ဆုံး" တစ်ယောက်
ဖြစ်နေခဲ့တာပဲ"😁😁

-

11/11/2022

လက်ဖက်ရည်ဆိုင်မှာ
ဇာတ်ကား ကြည့်နေတုန်း..
ဖုန်းဝင်လာလို့ ကောက်ကိုင်လိုက်တာ..

" ဟယ်လို ''

" ရှင် ဘာလုပ်နေတာလဲ? ..ဒီမှာ စောင့်နေတာ ကြာလှပြီ ။ တင်းနေပြီနော်..''

"ဗျာ..''

" တီ ''

" ဟာ..ဟယ်လို..ဟယ်လို..''

ဘာလဲဟ..
အသားလွတ်ကြီး..
ဘယ်သူလဲ မသိဘူး

"စောင့်နေတာ ကြာပြီ''တဲ့

သွသူ စောင့်တာ..ငါက ဘာလုပ်ရမှာလဲ..

ဂန်းနားမ..
သိလည်း မသိပဲနဲ့..
စောင့်ပေါ့..ငါနဲ့ ဘာဆိုင်လို့..

ကျတော်လည်း
ဖုန်းကို အိတ်ထဲ ပြန်ထည့်ပြီး
ဇာတ်ကား ကြည့်နေတုန်း..
ပြန် ဝင်လာတယ်..

ဟာ...လာပြန်ပြီကွာ..

" ဟယ်လို..''

" ရှင်..မလာသေးဘူးလား ။ ကျမ စိတ်တို နေပြီနော်.. ''

" ဟာ..ဘာလဲ? ။ ဘာကို လာရမှာလဲ? ..မင်းက ဘယ်သူလဲ? ..ငါ့ကို လာ မစားနဲ့နော် ''

" ရှင်..ရှင်က.ကိုဘတုတ် မဟုတ်ဘူးလား ''

" ဟာ..ပေါက်တတ်ကရ..ဘယ်က ကိုဘတုတ်လဲ? ..မဟုတ်ပါဘူး ''

" ဒါဆို ကိုဘတုတ် ကော.. "

" အမ်...မသိဘူးလေ..''

" သူ..ကျမကို ဒီည ခိုးဖို့ ချိန်းထားတာ ရှင့်..''

" အာ့..ကျတော် မသိဘူးလေ''

" ရှင်..ကျမကို..မညာနဲ့နော်။ ကျမ အိမ်ပြန်လို့ မရတော့ဘူး။ အိမ်ကို လင်နောက် လိုက်သွားပြီ ဆိုပြီး စာရေးခဲ့တာ..''

" ဟောဗျာ..အဲ့ဒါ..ကျတော်နဲ့..ဘာဆိုင်လဲ?။ ခင်ဗျား ကိုဘတုတ်ဆီ ဆက်လေ..''

" အခု..ကိုဘတုတ်ဆီ ဆက်နေတာပဲ ''

" ဒါ..ကိုဘတုတ် ဖုန်း..မဟုတ်ဘူး လို့..''

" ဒါဆို..ကိုဘတုတ် ဖုန်းနံပါတ်က..ဘယ်လောက်လဲ..''

" ဟာဗျာ..ဘယ်သိမလဲ ''

" မသိဘူးလား..?''

" မသိဘူး လို့..''

" အာ့ဆို ကျမက ဘာလုပ်ရမှာလဲ? "

" ဟာဗျာ..သိဘူးလေ လို့ "

" ဒုက္ခပါဘဲ ရှင်..သေသာ သေလိုက်ချင်တော့တယ်..''

" ခင်ဗျား ကိုဘတုတ် မလာရင်လည်း အိမ်ပြန်ပေါ့ဗျ..''

" အိမ်ပြန်ရင်..အဖေက ကျမကို သတ်မှာပေါ့ ''

" အဲ့တော့..ကျတော်က ဘာလုပ်ရမှာလဲ..?''

" ရှင်က..လူပျိုလား? "

" ဘာလုပ်ဖို့လဲ? "

" ကိုဘတုတ် မလာရင်လည်း..ရှင် လာပါလား လို့ ''

" ဘာရယ်..''

" ရှင်..လာ မလားလို့..''

" အမလေး..ပြောရဲတယ်နော်..ခင်ဗျားကို ကျတော်က မသိပဲ လာစရာလား? ....ဆုတောင်း သိလား..ဒါပဲ..''

" အမ် ''

😁😁😁😁😁😁😁

#လူချွန်တော်

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

လုပ်ကြည့်လိုက်လေ 😁
တူရဲ့လား 😂😂

Category

Telephone

Address


Yangon
Other Bloggers in Yangon (show all)
Tint Tint-Mindset Advisor Tint Tint-Mindset Advisor
Yangon

စိတ်စွမ်းအားနဲ့ ဘဝအောင်မြင်မှုတည်ဆောက်ကြမယ်။

Aung- Technology Aung- Technology
Yangon, <>

ပညာ သမာ အာဘာ နတ္ထိ

Black Liquor House Black Liquor House
Yangon

Knowledge sharing about EV

Yan Myo Aung Yan Myo Aung
No. 46, Padauk Shwe War Street, Zay Block, Taukkyant, Mingalardon TSP, Yangon, Mingaladon
Yangon

Pyan Hlwar Live Stream Pyan Hlwar Live Stream
Yangon

"သနားညှာတာမှုကင်းမဲ့လှစွာမည်သူ့အပေါ်မှငါအမြတ်မထုတ်"

Suladhanuggaha Pandita Suladhanuggaha Pandita
Yangon

Personal. Block

ကမာလ်ခန်း 2 ကမာလ်ခန်း 2
Yangon, YIYISEAFOODDISTRIBUTION

Burmese Vlog by Kaung Htet Burmese Vlog by Kaung Htet
Yangon

Burmese Vlog by Kaung Htet

The world of ZAW The world of ZAW
Yangon

zaw,Try or lose

Mhaw Mhaw
Yangon

ကျန်းမာ ပျော်ရွှင် လှပသော လူနေမှုဘဝအတွက် မျှဝေပေးသွားမယ့်.... "မှော်"

Nyo Nyo
Yangon

နှလုံးသား၏စေညွှန်ရာအတိုင်းအချစ်ဆီ?