Midnight Story by Tobi

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Midnight Story by Tobi, Writer, Yangon.

03/05/2024

The Lake
-------------------------------
--------------------------------------------
ကျွန်တော့နာမည်က မောင်မောင်ပါ။အသက်ကတော့၁၃နှစ်ပြည့်ပြီးပါပြီ။G-8 အတန်းတင်စာမေးပွဲကိုဖြေဆိုပြီးတဲ့အတွက် နွေရာသီတစ်တွင်းလုံးဘယ်လို အချိန်တွေ ကျော်ဖြတ်ရမလဲသာ‌တွေးမိနေပါတယ်။
စာမေးပွဲ‌တွေလည်းဖြေပြီးသွားတဲ့အတွက်ကျွန်တော်နဲ့ကျွန်တော်တို့မိသားစုက အဖိုးနဲ့အဖွားရှိရာ နယ်မြို့လေးဆီသို့ အလည်အပတ်ခရီးထွက်လာကြပါတယ်။အစကတော့တစ်လလောက်ပဲနေမယ်လို့တွေးထားပေမဲ့လည်း နယ်မြို့လေးမှာစိတ်အေးလက်အေး နေထိုင်ချင်တာကြောင့် ကျွန်တော့မိဘတွေကနွေရာသီ တစ်တွင်းလုံးနေဖို့ဆုံးဖြတ်လိုက်ပါတယ်။
အဖိုးတို့အိမ်ကိုရောက်တော့ ကျွန်တော်ကလည်းပျော်ပျော်ပါးပါး ကစားလိုက် အိမ်နီးနားက ကျွန်တော့အရွယ်ကလေးတစ်ချို့နဲ့ ကစားရန်အဖော်လိုက်ရှာနေတာပေါ့။ အဲ့အချိန်မှာ ကျွန်တော်သူငယ်ချင်း‌နှစ်ယောက်ရလိုက်တယ် သူတို့က မောင်ဖြူနဲ့မောင်ကောက်တဲ့အသက်က ၁၃ကျော်ကျော်လောက်ပဲရှိတယ်ဗျ ကျွန်တော်နဲ့ဆိုရင်တော့မတိမ်းမယိမ်းပေါ့။ အဖိုးကတော့ ကျွန်တော်တို့ကို အိမ်ရဲ့အနောက်ဘက်မှာရှိတဲ့ရေကန်ကြီးကိုလုံးဝမလာခိုင်းဘူးဗျ။ မောင်ဖြူနဲ့မောင်ကောက်ကတော့ပြောပါတယ် အဲ့ကန်က ရေအနက်ကြီးမလို့ ဘယ်ကလေးကိုမှ အဲ့ရေကန်နားမကပ်ခိုင်းဘူးတဲ့။ ကျွန်တော်ကလည်းမသွားခိုင်းတဲ့နေရာကိုမှ မရရအောင်သွားမယ်ဆိုပြီး မောင်ဖြူနဲ့မောင်ကောက်ကို အတင်းပြောပါတယ် သူတို့ကလည်း အစကတော့အဖိုးကိုကြောက်တာ မလို့ ငြင်းကြပေမဲ့ သူတို့လည်း စပ်စုချင်တာမလို့ ရေကန်မှာသွားဆော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဖိုးက ပုံမှန်ဆို ၉နာရီလောက်အိပ်တာမလို့ ကျွန်တော်ရယ် မောင်ဖြူနဲ့မောင်ကောက်ရယ်က ၉နာရီ၁၅မိနစ်လောက်ဆုံကြပါတယ် ထို့နောက် ရေကန်ဆီသို့ဦးတည်လာပါကြပါတယ်။ ရေကန်ကိုသွားဖို့အတွက် နည်း"ပျက်စီးလုနီးနီးဖြစ်နေတဲ့ တံတားလေးတစ်ခုရှိတယ်‌ အဲ့အပေါ်မှာ အင်္ကျီချွတ်ရုံလေးပဲရှိပေမဲ့ အဖိုးနိုးလာပြီး ကျွန်တော်တို့တစ်သိုက်ကိုမြင်သွားတာမလို့ ကျွန်တော်တို့သုံးယောက်ကို ဆူပါလေရော။ အဲ့တာနဲ့ အဲ့ည ရေမကူးလိုက်ရပါအိပ်လိုက်ရပါတယ်။ မောင်ဖြူနဲ့မောင်ကောက်မိဘတွေကိုလည်း အဖိုးက ဖြစ်ကြောင်းကုန်စင်ပြောပြကြတာပေါ့။ မနက်ကျတော့ ကျွန်တော်နဲ့ ကျွန်တော့မိဘတွေက မြို့ထဲဘက်မှာ ဝယ်စရာတစ်ချို့ရှိလို့ မြို့ဘက်တက်သွားကြပါတယ်။ ကျွန်တော်တို့ပြန်ရောက်တော့ အိမ်ရှေ့နားမှာ လူနာတင်ယာဉ်တွေရော လူတွေပါ အများကြီးဖြစ်နေတာကိုတွေ့လိုက်တော့ ကျွန်တော်လဲဘာဖြစ်တာလဲဆိုတဲ့စပ်စုချင်စိတ်နဲ့သွားတော့ ကျွန်တော်တွေ့လိုက်ရတာက မောင်ဖြူ။ နှုတ်ခမ်းတွေက သွေးမရှိတော့တဲ့ပုံစံနဲ့ မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်နေတဲ့ပုံကြောင့် ကျွန်တော်သိလိုက်ပြီ မောင်ဖြူဆုံးပြီဆိုတာကို။ ‌ကျွန်တော်နဲ့ခင်တာမကြာသေးဘူးဆိုပေမဲ့ ကျွန်တော်တကယ်ဝမ်းနည်းမိပါတယ် ကျွန်တော်သူတို့ကို ရေကူးဖို့အတွက်လမ်းကြောင်းစမိလို့ဖြစ်တာလေ။ လူကြီးတစ်ချို့ပြောပြတာကတော့ မောင်ဖြူတစ်ယောက် ရေသွားကူးရင်းနဲ့ ရေနစ်တယ်ပဲပြောကြပါတယ်။မောင်ကောက်ကတော့ဖျားနေတာမလို့ အိမ်အပြင်မထွက်တာတဲ့။ ကျွန်တော်နဲ့မောင်ဖြူ ခင်တာမကြာပေမဲ့ မောင်ကောက်ပြောတာ ခဏခဏကြားဖူးပါတယ် မောင်ဖြူက ရေကူးအရမ်းတော်ပြီး အရမ်းမြန်တာတဲ့ သူသာမန်ရေနစ်တယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်ရောမောင်‌ကောက်ရောသိပါတယ်။
မောင်ဖြူဆုံးတဲ့ည ကျွန်တော်အိမ်မက် တစ်ခုမက်ပါတယ်။ အဲ့တာက မောင်ဖြူ သူ့အနောက်မှာ အရိပ်လိုလို နဲ့လက်တံခြေတံရှည်"အကောင်တစ်ကောင်ရှိနေတာကို ကျွန်တော်မြင်လိုက်ပါတယ်။ ထို့နောက် မောင်ဖြူကကျွန်တော့်နားကပ်လာတော့ သူ့မျက်နှာက သူသေတုန်းက ပုံစံမျိုးဖြစ်နေတာကို ကျွန်တော်မြင်လိုက်ရပြီး သူ့အနောက်က အကောင်ကြီးကလည်း ကျွန်တော့‌နားကို အမြန်ရေကူးသလိုလာနေတော့ ကျွန်တော်လည်း နောက်လှည့်ပြေးဖို့လုပ်ပေမဲ့ ‌ရှေ့ကိုမရောက်ပါ ဘာလို့ဆိုရင် ကျွန်တော် ရေအောက်မှာရောက်နေသလိုမျိုးဖြစ်နေသည် ထို့နောက် ကျွန်တော့ကို အဲ့အကောင်ကြီးမိတော့မဲ့အချိန်မှာ အဖိုးကလာနှိုးတာကြောင့် ကျွန်တော်အိပ်ယာက နိုးလာပါတယ်။ ထို့နောက် မောင်ကောက်ဆီကိုသွားပြီး မနေ့ညက အိမ်မက်အကြောင်းကိုပြောပြပါတယ်။ မောင်ကောက်ကလည်း သူကိုယ်တိုင် အဲ့အိမ်မက် ကိုလည်းမက်ကြောင်းပြောတော့ မောင်ဖြူဆုံးတာက သာမန်မဟုတ်ဘူးဆိုတာ လုံးဝသေချာသွားမှန်းကျွန်တော်တို့သိသွားသောအခါ အဖိုးတို့ပြောပြရန်လုပ်ပေမဲ့လည်း မောင်ကောက်က မပြောပြရန်နဲ့ မောင်ဖြူအတွက် လက်စားချေရန် ထိုရေကန်ကို ဒီည ၁၂နာရီတွင် သွားဖို့အကြောင်းပင် တိုင်ပင်လိုက်ကြသည်။
အချိန်ကား ည၁၂နာရီ ထိုးဖို့ရန်၁မိနစ် အိမ်‌နောင်ဖေးဘက်နားက မောင်ကောက် ရဲ့ အချက်ပေးသံကိုကြားတော့ကျွန်တော် ဘယ်သူမှမနိုးအောင်တိတ်"လေးဆင်းလာခဲ့ပြီး မောင်ကောက်ဆီကိုသွားပါတယ် မောင်ကောက်က ဘုရားစာအုပ်တစ်အုပ် ပရိတ်ရေတို့ကိုယူလာပါတယ်။ ကျွန်တော်ကတော့ မောင်ကောက်ယူလာတဲ့‌ ဘုရားစာအုပ်ကိုကိုင်တာ တံတားပေါ်၌ရပ်ကာ ဖတ်တော့မည့်အချိန်တွင် ကျွန်တော့ကျောကုန်းဘက်သို့ အားအပြည့်နဲ့ တွန်းထည့်လိုက်သဖြင့် ရေထဲသို့ကျွန်တော် ကျသွားခဲ့သည် ရေကူးတတ်သော်လည်း ရုတ်တရက်ဖြစ်သောကြောင့် နှာခေါင်းနှင့် ရေပြင်နှင့်ရိုက်မိကာရေမွန်းသွားပြီး ရေအောက်သို့ တစ်စ တစ်စဆီ ကျွန်တော်ရောက်သွားသည်။ ရေအောက်ကိုရောက်နေသော်လည်း ကျွန်တော့နားထဲမှာ အသံတစ်ချို့ကိုကြားနေရသည်။ထိုအသံများမှာ မောင်ကောက်ပြောနေသော စကားများ သူကျွန်တော့ကို တောင်းပန်နေတာပဲ ဘာကြောင့်များလဲ သူထပ်ပြောတဲ့စကားက လူစားလဲရန်တဲ့ ကျွန်တော်ထိုစကား ကိုမရှင်းပါ ထို့နောက် ကျွန်တော့် အမြင်တွေအားလုံးအမှောင်အတိဖြစ်သွားပြီးနောက် ကျွန်တော်‌ပြန်နိုးလာပါတယ်။ ကျွန်တော်ရေထဲမှာပဲရှိနေပြီး ကုန်းပေါ်လည်းတက်လို့မရပဲ ရေကန်ရဲ့အစွန်းလေးကနေ တရားသံတစ်ချို့ကိုကြားလိုက်ရပါတယ်။ မောင်ဖြူရက်လည်လို့ထင်ပေမဲ့ ရေကန်ဘေးကဖြတ်သွားသော မိန်းမ နှစ်ဦးရဲ့ပြောစကားအရ မောင်မောင်ဆိုတဲ့ကလေးက သနားစရာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးတယ်။ ကျွန်တော့် သေပြီဆိုတာ ကျွန်တော်မယုံနိုင်သေးပါဘူး။ ထို့နောက်‌ မောင်ကောက်ပြောသောစကားကို ကျွန်တော်ပြန်တွေးမိသည်။ လူစားလဲရမယ် လူစားလဲရမယ် ထိုစိတ်တစ်ခုထဲနဲ့ပင် ထိုရေကန်ထဲတွင် ကျွန်တော် ကူးခတ်လှည့်ပတ်နေပါသည်။

25/06/2023

The Clown
---------------------------------------------------------
ဆပ်ကပ်ပွဲတစ်ခုမှာပြကွက်အများစုကိုပြသပြီးနေသည်။ထို့နောက်လူပျက်ရဲ့ပြကွက်‌‌ေရာက်လာ‌ေသာ်လည်းလူပျက်သည့်သူ့နေရာကိုမရောက်လာခဲ့ချေ။ထို့နောက်ပွဲစီစဉ်သူကပရိသတ်များအားခေတ္တစောင့်ပေးရန်တောင်းဆိုလျက်လူပျက်ကိုသွားရှာခဲ့သည်။ထို့အချိန်တွင်လူပျက်ကသူ့အခန်းထဲတွင်ဆေးတစ်ချို့ကိုတွေ့လိုက်သည်ထို့နောက်လူပျက်မှမျက်လုံးသေကြီးများဖြင့်ခဏကြာကြည့်လိုက်သည်ထို့အော်ရယ်ပြီးနောက်ပွဲစီစဉ်သူဆီသို့ပြေးသွားကာလက်ထဲရှိဓားနဲ့မျက်လုံးထဲသို့အချက်ပေါင်းများစွာထိုးပလိုက်သည်။ပွဲစီစဉ်သူကခြေထောက်ဖြင့်ဆောင့်ကန်လိုက်တာကြောင့်လူပျက်မှာနောက်သို့ဆုတ်သွားပြီးနောက်ပွဲစီစဉ်သူမှာနာလွန်းတာကြောင့်မျက်စိကိုသာအုပ်၍နေချိန်တွင်လူပျက်မှဓားကိုပြန်ကိုင်ကာပွဲစီစဉ်သူရဲ့လည်ပင်းကိုဓားနဲ့‌ထိုးလိုက်ပြီးနှစ်ချက်လောက်ထိုးသည့်အချိန်တွင်ပွဲစဉ်သူမှာမလှုပ်တော့ပေ။ထို့နောက်လူပျက်ကလူပျက်ဝတ်စုံကိုဝတ်လျက်ဓာတ်ဆီပုံးနှစ်ပုံးကိုယူကာအပြင်ကိုထွက်လာခဲ့သည်ထို့နောက်ဆပ်ကပ်ရဲ့ပတ်ပတ်လည်ကိုဓာတ်ဆီနှင့်လောင်းကာမီးစရှို့လိုက်ပြီးပွဲထဲသို့သူဝင်သွားခဲ့သည်။ထို့နောက်ပြကွက်တစ်ချို့လုပ်ပြီးနောက်သူစကားစပြောသည်။"ရောက်တဲ့အတွက်ကျေးဇူးတင်ပါတယ်ပွဲစီစဉ်သူကတော့စင်နောက်မှာသေနေပြီထင်တယ်ဟီးဟီးဟီးဟီးငါတို့‌ေတွသူငယ်ချင်းဖြစ်လို့ရလားအားလုံးမခွဲကြကြေးနော်"ထို့နောက်ဆပ်ကပ်ရဲ့ရွက်တွေကိုမီးစွဲလာပြီးပရိတ်သတ်တွေအုံးအုံးကြွကြွနဲ့ပြေးကုန်ကြပြီးထွက်ပြေးဖို့လုပ်သော်လည်းအပြင်ဘက်တွင်မီးတွေဝိုင်းနေတာမလို့အများစုမှာမီးထဲမှာပါသွားပြီးလူအနည်းစုသာလွတ်မြောက်ကြပြီးထိုလူပျက်မှာလည်းထိုနေရာမှာမီးလောင်သေဆုံးသွားခဲ့သည်။....................
ကျွန်တော်ကတော့ငွေလင်းထက်ပါကျွန်တော်တို့ကသရဲရှိတဲ့နေရာကိုလိုက်လံရိုက်ကူးရေးလုပ်နေတဲ့pageတစ်ခုကadminပါကျွန်တော်တို့အဖွဲ့မှာ3ယောက်ရှိပြီး ညီညီရယ်ကျွန်တော်ရယ်ကိုကောင်းကြီးရယ်3ယောက်ရှိပါတယ်မနေ့ညကကျွန်တော်fbသုံးနေရင်းသရဲဆပ်ကပ်ရဲ့အကြောင်းကိုကြားရပြီးထိုနေရာကိုသွားရောက်ရိုက်ကူးရေးလုပ်ရန်ကျွန်တော့လူများနဲ့တိုင်ပင်ပြီးနောက်သွားနောက်ကျွန်တော်တို့လူတစ်ယောက်ထပ်ခေါ်ရန်ဆုံးဖြတ်လိုက်သည်။ထိုလူကကျွန်တော်တို့အဖွဲ့ထဲမနက်ကမှဝင်ထားသူဖြစ်သည်။သူ့နာမည်ကလီယွန်ပါ။ထို့နောက်ရိုက်ကူးရေးလုပ်ဖို့ကင်မရာအများစုနဲ့တစ်ခြားပစ္စည်းများကိုယူပြီးနောက်ကားနှင့်ဆက်၍ထွက်လာခဲ့သည်။ထို့နောက်ဟိုpostထဲမှာရေးထားတဲ့အတိုင်းမီးလောင်ပျက်စီးနေသောဆပ်ကပ်ရုံအဟောင်းကြီးကိုတွေ့လိုက်ရသည်။မီးသတ်အချိန်‌နည်းနည်းလောက်စောရောက်လာသည်ဟုထင်ရသည်ဆပ်ကပ်ရုံမှာနည်းနည်းတော့ဆပ်ကပ်ပုံထွက်နေသေးသည်။သို့သော်အသက်ရှင်သူမှာ6ယောက်သာရှိပြီးထိုလူများမှာလည်းစိတ်ရောဂါတစ်ချို့ခံစားနေရပြီး စိတ်ဝေဒနာရှင်များ 4.0 မှာတက်ရောက်နေရပြီးအခုထိတစ်ယောက်မှပြန်မကောင်းပေ။ထို့နောက်ကျွန်တော်တို့ရိုက်ကူးရေးလုပ်နေပြီးအရိပ်များကိုဖျတ်ကနဲတွေ့တွေ့နေရသည်လီယွန်ကိုလည်းတစ်ခြားကိစ္စများကိုမလုပ်မိစေရန်မှာထားတာသည်။ကျွန်တော်တို့ရိုက်ကူးရေးလုပ်သည်မှာခြံတစ်ဝက်အထိပြီးသွားပြီးဆပ်ကပ်ရုံအတွင်းသို့ဝင်ရတော့မည်။ထို့နောက်ဆပ်ကပ်၏ခေါင်မိုးပေါ်တွင်မှင်နီဖြင့်ရေးထားသောစာကိုကျွန်တော်တို့တွေ့လိုက်ရသည်။ထို့နောက်လီယွန်ကအဲ့စာကိုအသံထွက်ရွတ်လိုက်တဲ့အခါ‌ဆပ်ကပ်စင်ပေါ်မှမီးပန်းဖွင့်သံနဲ့အတူလူပျက်တစ်ကောင်ပေါ်လာပြီးကျွန်တော်တို့ကိုကြည့်လျက်"ကြိုဆိုပါတယ်ကောင်လေးတို့မင်းတို့ပျော်ရမှာပါဟီးဟီးဟီးဟားဟားဟား"လို့ပြောကာသူကအကြောင်းပြချက်မရှိကနေသည်။သူကနေပုံမှာရုပ်သေးရုပ်တစ်ရုပ်ကသလိုဖြစ်နေပြီးမျက်နှာမှာလည်းနေသည်ထို့နောက်ကျွန်တော်တို့အားလုံးမေ့လဲသွားကြသည်။ထို့နောက်ကျွန်တော်နိုးလာပြီးကျွန်တော့ဘေးမှာလီယွန်ကမေ့နေသည်ထို့နောက်လီယွန့်ကိုနှိုးပြီးကျန်နှစ်‌ယောက်ကိုရှာပြီးဒီနေရာမှထွက်သွားရန်လုပ်လိုက်သည်။ထို့နောက်ထိုအခန်းမှအပြင်ကိုထွက်လိုက်သောအခါလူပျက်အရုပ်တွေအများကြီးကိုတွေ့လိုက်ရပါတယ်။ထို့နောက်ကျွန်တော်တို့နောက်ထပ်အခန်းနည်းနည်းဖြတ်ပြီးနောက်ခုဏကပြဇတ်နေရာကိုရောက်သွားသည်ထိုနေရာတွင်ကိုကောင်းကြီးကိုစင်ပေါ်မှာတွေ့လိုက်ရပြီးသူ့ဘေးမှာလူပျက်ကောင်ကိုတွေ့လိုက်ရသည်။ထို့နောက်ကျွန်တော့်အော်သံကြောင့်ကိုကောင်းကြီးနိုးလာပြီးလန့်ပြီးအော်သံကိုကြားလိုက်ရသည်ထို့နောက်လူပျက်ကသူ့လက်ထဲရှိဓားနဲ့ကိုကောင်းကြီးလည်ပင်းကိုဓားနဲ့ထိုးကာထွက်လာတဲ့သွေးကိုသောက်ကာကျွန်တော်တို့ကိုပြု့ံးပြသည်ထို့နောက်စင်နောက်မှညီညီထွက်လာပြီးလူရွှင်တော်နောက်စင်နောက်မှညီညီထွက်လာပြီးလူရွှင်တော်ရဲ့ခေါင်းကိုသံချောင်းနဲ့ရိုက်လိုက်သည်ထို့နောက်လူပျက်မှာညီညီဘက်သို့လှည့်ကာလှည့်၍အော်လိုက်သည်။ထိုနောက်ကျွန်တော်နဲ့လီယွန်လဲစင်ပေါ်သို့ပြေးတက်ကာညီညီကိုကူရန်လုပ်လိုက်သည်။လီယွန်ကလည်းဘေးနားကသစ်သားချောင်းနှစ်ချောင်းကောက်လျက်ကျွန်တော့ကိုကမ်းပေးလိုက်သည်ကျွန်တော်လည်းလီယွန်ဆီမှသစ်သားချောင်းကိုယူလျက်လူပျက်ရဲ့ခေါင်းကိုကိုဝိုင်းရိုက်ကျသည်ထို့နောက်လူပျက်လည်းအမြင့်ကိုခုန်သွားပြီးကျွန်တော်လည်းမနေ့ညကလူပျက်ကိုဖမ်းမဲ့ဂါထာကိုရွတတော်လည်းမနေ့ညကလူပျက်ကိုဖမ်းမဲ့ဂါထာကိုရွတ်ဖတ်၍လက်ဖျံသွေးကိုဖောက်ကာကြမ်းပြင်၌စီစဉ်လာတဲ့အသက်အန္တရယ်မရှိစေတဲ့အကာအကာအကွယ်ဂါထာတစ်ခုကိုရွတ်လိုက်ပြီးသစ်သားချောင်းမှာရှိတဲ့လူပျက်ရဲ့သွေးနဲ့ကျွန်တော့သွေးကိုပေါင်းလိုက်ပြီးထိုလူပျက်ကိုကျွန်တော့ကိုယ်ထဲမှာပိတ်ထားလိုက်သည်။ထို့နောက်ညီညီနဲ့လီယွန်ကိုခေါ်ကာထိုနေရာမှထွက်လာခဲ့သည်။ထို့နောက်ပိုင်းကျွန်တော်အိပ်မက်ဆိုးများမက်လာပြီးထိုလူပျက်ကိုတွေ့လာရသည်။တော့စိတ်ကိုထိန်းချုပ်သွားပြီးကျွန်တော့ခန္တာကိုယ်နဲ့လူတွေလိုက်သတ်နေခဲ့သည်ကိုကျွန်တော်ကလွဲပြီးမည်သူမျှမသိခဲ့ပေ။
ပြီးးး။
ပြန်တင်ခြင်းခွင့်မပြုပါ။

24/06/2023

ကျွန်တော်ဒီညဖျားနေတာကြောင့်မနက်ဖြန်ကျဇတ်လမ်းနှစ်ပုဒ်တင်ပေးပါ့မယ်ဗျ။

23/06/2023

TV
---------------------------------------------------------
ကျွန်တော်ကစိုင်းဘိုဘိုပါသူငယ်ချင်းတွေကဘိုဘိုလို့ခေါ်ပါတယ်။မနေ့ညကကျွန်တော့အိမ်မှာရှိတဲ့Tvတစ်ခုကိုကြောင်တိုကချလိုက်သဖြင့်ဒီနေ့Tvတစ်ခုဝယ်ရန်အပြင်ထွက််လာခဲ့သည်။ဒါ‌ေပမဲ့အခုခေတ်ဈေးအခြေအနေနဲ့Tvတစ်လုံးဈေးကသိန်းကျော်နေတာမလို့ချွေတာရန်ဆုံးဖြတ်လိုက်ပြီးsecondဝယ်ရန်အဟောင်းတန်းဆိုင်ဘက်သို့ရောက်လာခဲ့သည်ထို့‌ေဟောင်းတန်းဆိုင်ဘက်သို့ရောက်လာခဲ့သည်။ထို့နောက်Tvတစ်လုံးဝယ်ပြီးပြန်လာခဲ့သည်။ထို့နောက်Tvကိုနေရာချပြီးနောက်ကျွန်တော်ကရေချိုးနေသည်။ဒီနေ့ကျွန်တော့ရဲ့အခန်းဖော်မှဲ့ကြီးကသူ့အမေနေမကောင်းတာမလို့အိမ်ပြန်သွားသောကြောင့်ကျွန်တော်တစ်ထောက်ထဲကျန်နေ‌ခဲ့သည်။ကျွန်တော်ရေချိုးပြီးပြန်ထွက်လာတဲ့အချိန်Tvကပွင့်နေသည်ကျွန်တော်လဲခုဏကဖွင့်မိတယ်ဟုသာတွေးလျှက်အမှုမဲ့အမှတ်မဲ့သာထားလိုက်တော့သည်။ထို့နောက်ကျွန်တော်ဖုန်းဆက်သုံးနေပြီးည12နာရီမှာအင်တာနက်ပြတ်သွားပါသည်။ကျွန်တော်လဲကြောင်သွားပြီး‌နောက်မှwifiသက်တမ်းတိုးရမဲ့နေ့မှန်းသတိရသည်။ထို့နောက်ကျွန်တော်လည်းမအိပ်ချင်သေးတာနဲ့TVဖွင့်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။ထို့နောက်TVစစဖွင့်ချင်းတွင်TVကဘာမှမပေါ်လာသဖြင့်ကြိုးလွတ်နေသည်ထင်သဖြင့်ကြိုးကိုသေချာထိုးဖို့အတွက်TVနားကိုသွားလိုက်သည်။ထို့နောက်မကောင်းတဲ့အငွေ့အသက်တစ်ခုကိုခံစားလိုက်ရသည်။ထို့နောက်TVရဲ့ဖန်သားပြင်ကchannelလိုင်းတစ်ခုပေါ်လာပြီးကျွန်တော်လည်းဆက်ကြည့်နေလိုက်သည်။ထိုchannelမှာဇတ်လမ်းတစ်ခုလာနေသည်မှာစိတ်လှုပ်ရှားစရာကောင်းလာသည်ထိုဇတ်လမ်းထဲတွင်အမျိုးသမီးတစ်ယောက်ကအမျိုးသား5ယောက်ကိုဖမ်းဆီးကာတစ်ယောက်ချင်းဆီကိုဖြည်းညှင်းစွာသတ်ပြနေသည်။ထို့နောက်ထိုအမျိုးသမီးမှကျွန်တော့ဘက်ကိုလှည့်ကြည့်ပြီးနောက်တစ်ခါမင်းအလှည့်လို့ပြောနေသည်ကိုပြတ်ပြတ်သားသားကြားလိုက်ရပါသည်။ကျွန်တော်လည်းတစ်ခြားchannelပြောင်းရန်ကြိုးစားသော်လည်းဘယ်လိုချိန်းချိန်းထိုလိုင်း‌ကိုပဲပြန်ရောက်နေသည်။ထို့နောက်ထိုအမျိုးသမီးသည်ဓားကိုကိုင်လျက်TVထဲမှထွက်လာသည်။ကျွန်တော်လည်းTVကိုပိတ်ပစ်ရန်ကြိုးစားသော်လည်းမရပေ။ထို့နောက်ကြောက်ကြောက်လန့်လန့်ဖြင့်ထိုအမျိုးသမီးမျက်နှာကိုကန်၍TVပလပ်ကြိုးကိုဆွဲဖြုတ်ရန်လုပ်လိုက်သည်သို့သော်TVမှာမပိတ်ပဲထိုအမျိုးသမီးမှာဆက်၍ထွက်လာသည်။ထိုအမျိုးသမီးရဲ့မျက်နှာဟာလည်းကျွန်တော့ကန်ချက်ကြောင့်နှာခေါင်းရိုးကြိုးလျက်မျက်လုံးအတွင်းမှသွေးများကျနေသည်။ထိုအမျိုးသမီးထံမှအပုပ်နံ့မှာလည်းတော်တော်ဆိုးရွားလှပါသည်။ထိုအမျိုးသမီးမှာTVထဲမှထွက်ကာကျွန်တော့်ကိုဓားနဲ့ပြေးထိုး၏ကျွန်တော်ရှောင်လိုက်နိုင်ပေမဲ့လက်ဖျံကိုဓားနဲ့ခြစ်မိသွားသည်ထို့နောက်ကျွန်တော်အိပ်ခန်းထဲသို့ဝင်ပြေးခဲ့သည်။ထို့နောက်ဒဏ်ရာကိုအဝတ်စတစ်ခုဖြင့်ပတ်ကာရသည့်အရာနှင့်ပြန်ဆော်မည်ဟုတွေးကာခုတင်အောက်ကသစ်သားချောင်းကဆော်မည်ဟုတွေးကာခုတင်အောက်ကသစ်သားချောင်းကိုဖြုတ်ယူကာအခန်းအပြင်ထွက်လာသည်ထို့နောက်ဓားကိုင်၍TVရှေ့တွင်ရပ်နေသောအမျိုးသမီးဆီသို့အပြေးသွားကာလက်ထဲရှိသစ်သားချောင်းနှင့်ရိုက်လိုက်ကာထိုအမျိုးသမီးမှာခေါင်းပြုတ်ထွက်သွားသည်။ထို့နောက်ထိုခေါင်းပြတ်မှနင်သေဖို့အချိန်ကျပြီဟုပြောကာလက်ထဲရှိဓားနဲ့ရုတ်တရက်လှမ်းပေါက်လိုက်သောကြောင့်ရှောင်ချိန်မရခဲ့ဘဲသစ်သားချောင်းကိုင်ထားသည့်လက်ကိုထိသွားသဖြင့်ဆက်မကိုင်နိုင်တော့သည့်အချိန်ထိုခေါင်းပြတ်ဧ။်ခန္တာကိုယ်မှသစ်သားချောင်းကိုကိုင်ကာကျွန်တော်ခေါင်းကိုရိုက်လိုက်သည်။ထို့နောက်ကျွန်တော်အမြင်တွေမှုန်ဝါးလာပြီးအရာအားလုံးကအမှောင်အတိဖြစ်သွားသည်။မနက်ကျမှဲ့ကြီးပြန်ရောက်လာပြီးအခန်းထဲတွင်သွေးစက်များတွေ့လိုက်ရသဖြင့်ရဲစခန်းကိုဖုန်းဆက်ခေါ်လိုက်သည်။ထို့နောက်ရဲတွေအားလုံးပေါင်းကာရှာသော်လည်းမည်သူမျှမတွေ့ခဲ့ပေထို့နောက်မြို့ပြင်ရှိစက်ရုံဟောင်းတစ်ခု၌ကျွန်တော့အလောင်းအပါအဝင်တစ်ခြားအမျိုးသားပေါင်းများစွာရဲ့အလောင်းကိုရှာ‌ေတွ့ခဲ့ပါသည်။သေဆုံးမှုကိုကွင်းဆက်လူသတ်မှုဟူ၍ခေါင်းစဉ္တပ်ကာဆက်စုံစမ်းနေကြသည်။ထိုTVကြောင့်ဆိုတာဘယ်သူမျှမသိပဲထိုTVကိုဆက်၍သုံးနေပါတော့သည်။
ပြီးးးး။
(ပြန်တင်ခြင်းမပြုပါ)

22/06/2023

A deal with the devil
---------------------------------------------------------
ကျွန်တော်ကတော့
နေလင်းထွန်းပါသာမန်ခေတ်လူငယ်တစ်ယောက်‌ပါ။အာဏာရှင်စနစ်ကိုလည်းမုန်းပြီးအခုထိတော်လှန်နေတုန်းပါကျွန်တော်facebookသုံးနေတုန်း။တစ်နေ့နတ်ဆိုးဆီမှာဝိညာဉ်ရောင်းတဲ့postတစ်ခုကိုတွေ့တော့ကျွန်တော်စိတ်ဝင်စားသွားပြီးကျွန်တော်လိုက်လုပ်ဖို့စီစဉ်လိုက်ပါတယ်။အစီအရင်အတိုင်းကျွန်တော်လိုက်လုပ်ပြီးနောက်ကျွန်တော်ရှိတဲ့နေရာသို့လေစိမ်းတွေတိုက်လာပြီးကြက်သီးမွှေနေရာသို့လေစိမ်းတွေတိုက်လာပြီးကြက်သီးမွှေးညှင်းတွေထလာပါတယ်။ထို့နောက်အမှောင်ထုထက်ပိုနက်မှောင်တဲ့အတောင်ပံတစ်စုံကိုမြင်လိုက်ရပါတယ်။ထို့နောက်ထိုလူဆီမှစကားပြောသံကြားရပါတယ်။ထိုလူပြောနေတာကမင်းလိုချင်တာတစ်ခုတောင်းပြီးမင်းသေဆုံးတဲ့အခါငါ့ဆီမှာငရဲခံရမယ်လို့ပြောနေတာပါ။ကျွန်တော်လည်းလက်ခံလိုက်ပြီးဆုတောင်းကိုစတောင်းပါတော့တယ်။ကျွန်တော်သည်အဆုံးအစမဲ့သောအစွမ်းတွေကိုရပါလို၏လို့ပြောလိုက်သောအခါထိုအခါDevilကဟုတ်ပြီမင်းဆုတောင်းကိုငါဖြည့်ဆည်းပေးမယ်လို့ပြောပြီးအတောင်ပံခတ်သံတွေနဲ့အတူပျောက်ဆုံးသွားတယ်။ကျွန်တော်လဲထိုနေရာမှာမေ့လဲသွားပြီးမနက်ကျမှပြန်နိုးလာခဲ့တယ်။မနက်ကျတော့ကျွန်တော့ခန္တာကိုယ်ဟာအရင်ကနဲ့မတူပဲပိုသန်မှာသလိုဖြစ်ပြီးဆိုင်ကယ်ကိုတောင်လက်သန်းနဲ့မနိုင်နေတယ်။ထိုအခါကျွန်တော်စိတ်ကူးရပြီးစစ်တပ်အခြေချထားတဲ့စခန်းတွေကိုလိုက်ဆော်ပါတော့တယ်။ထို့နောက်နေပြည်တော်ကိုရောက်သွားပြီးမင်းအောင်လှိုင်အိမ်သို့သွားပြီးအာဏာပြန်အပ်ပေးရန်ညှိနှိုင်းသော်လည်းလက်မခံသောကြောင့်ထိုနေရာတွင်တစ်ခါထဲသတ်ပစ်ခဲ့သည်ထို့နောက်ပိုင်းတွင်မြန်မာနိုင်ငံသည်ပြန်လည်သာယာလာပြီး‌နိုင်ငံအခြေအနေမှာအရင်လောက်မဆိုးတော့ပေ။ကျွန်တော်သည်အစပိုင်း၌ကောင်းမွန်သောလူတစ်ယောက်ဖြစ်ခဲ့သော်လည်းအခုအချိန်တွင်လက်ထဲ၌စွမ်းအားများရရှိလာပြီးမည်သည့်ကိုမီအထင်ကြီးလေးစားခြင်းမရှိတော့‌ပါ။ထို့နောက်ကမ္ဘာတစ်ခုလုံးကိုအုပ်စိုးနိုင်ဖို့အကြံအစဉ်ကိုအကောင်ထည်ဖော်ရန်ဆံုးဖြတ်လိုက်သည်။ထို့နောက်မြန်မာနိုင်ငံမှစ၍အိမ်နီးချင်းနိုင်ငံများကိုပတ်သိမ်းခဲ့သည်။ထို့နောက်အနောက်နိုင်ငံများကိုပါထပ်မံသိမ်းလိုက်သည်တစ်ကမ္ဘာလုံးကိုသိမ်းရန်တစ်နာရီလောက်သာကြာခဲ့သည်။အာခံရဲခြင်းမရှိအောင်မထောက်ခံသည့်လူတွေကိုသတ်ဖြတ်ခဲ့သည်။ထို့နောက်စစ်တပ်တစ်ခုဖွဲ့စည်းပြီးတော်လှန်သူများကိုပြန်လည်သတ်ဖြတ်ရန်ပြုလုပ်ခဲ့သည်။ထို့နောက်ကျွန်တော်သည်ဤကမ္ဘာနှင့်အပြိုင်ကမ္ဘာများကိုသိမ်းရန်ပြင်ဆင်လိုက်သည်။ထိုကမ္ဘာများကိုသိမ်းရန်လည်းအတော့်လွယ်နေပြီးကျွန်တော်သည်နှိုင်းယျဉ်မရအောင်စွမ်းအားကြီးနေပြီးတစ်နေ့ထက်တစ်နေ့ပျင်းစရာကောင်းလာသည်ထို့နောက်နတ်ပြည်ဟုနေ့ပျင်းစရာကောင်းလာသည်ထို့နောက်နတ်ပြည်၏တည်နေရာကိုရအောင်ရှာ၍သိမ်းရန်စီစဉ်လိုက်သည်ထို့နောက်အနှစ်၁၂နှစ်လောက်ကြာမှနတ်ပြည်၏တည်နေရာကိုတွေ့ရပြီးထိုသို့တက်သိမ်းရန်စီစဉ်လိုက်သည်။ထိုအချိန်တွင်နတ်ပြည်၌နတ်ဘုရားတို့နဲ့စစ်ခင်းရသည်ကျွန်‌ေတာ့ရဲ့အစွမ်းနဲ့တင်သူတို့အားလုံးကိုပင်လယ်‌ေအာက်တွင်အကျဥ်းချနိုင်လိုက်သည်။ထို့‌ေနာက်ကျွန်တော်ကနတ်ပြည်ပေါ်တွင်နေပြီးတစ်ကမ္ဘာလုံးကိုသိမ်းပြီးလုပ်စရာမရှိတော့တစ်နေ့တစ်ခြားပို၍ပို၍ပျင်းလာသည်။ထို့နောက်ကျွန်တော်သေရင်ငရဲသွားရမှာဖြစ်တာကြောင့်ငရဲပြည်ထိပါတက်သိမရန်ပြင်လိုက်သည်။လို့နောက်နတ်ပြည်မှဆင်းပြီးလူစီဖာပိုင်သောငရဲပြည်ကိုသွားရန်ပြင်ဆင်လိုက်သည်ထို့နောက်ကျွန်တော့အစွမ်းဖြင့်သေဆုံးပြီးသားလူတွေကိုပြန်ရှင်
အောင်ပြုလုပ်လိုက်သည်ထိုအခါလူစီဖာကိုယ်တိုင်ပေါ်လာပြီးသေတဲ့လူကိုပြန်အသက်မသွင်းရန်သတိပေးသည်။ကျွန်တော်သည်လူစီဖာစကားဆုံးသည်နှင့်တစ်ပြိုင်နက်လူစီဖာ့မျက်နှာကိုကျွန်တော်ပြေးထိုးလိုက်သည်ထို့နောက်လူစီဖာမွှန်သွားနောက်လူစီဖာမွှန်သွားသည့်ပုံရပြီးဒေါသထွက်သွားသည်ထို့နောက်သူ့၏အတောင်ပြန်ကိုဖြန့်၍လေပေါ်မှမန္တန်တစ်ချို့ကိုရွတ်ဖတ်ပြီးနောက်မြေကြီးမှလက်များထွက်လာပြီးကျွန်တော့‌ေခြထောက်ကိုချုပ်ထားကြသည်ထို့နောက်လူစီဖာမှကျွန်တော့ကိုအမြင့်မှထိုးလိုက်သည်။ထိုထိုးချက်ကြောင့်အမြင်တွေဝေဝါးသွားကာကျွန်တော်လဲရန်ဖြစ်သွားသည်။ထို့နောက်စိတ်ကိုတင်းလိုက်ပြီးလူစီဖာကိုထိုးရန်ပြင်လိုက်သော်လည်းလူစီဖာထိုနေရာမှာမရှိတော့ပေ။ထိုအချိန်တွင်ကျွန်တော့အနောက်မှအသံကိုကြားလိုက်ရသည်။"မင်းငရဲပြည်ကိုလာဖို့အချိန်တန်ပြီ"ဟုပြောပြီးသည်နှင့်တစ်ပြိုင်နက်ကျွန်တော့ရဲ့နှလုံးတည့်တည့်သို့သူ့ရဲ့လက်များဖြင့်ထိုးထည့်ကာနှလုံးကိုခြေလိုက်သဖြင့်ထိုနေရာမှာတင်ကျွန်တော်လဲကျသွားသည်။ထို့နောက်ကျွန်တော်မြင်ရတာကကျွန်တော့ရဲ့လူငယ်ဘဝကိုပြန်မြင်ရသည်။အာဏာရှင်ကိုမုန်းတီးတတ်ပေမဲ့ကျွန်တော်ကိုယ်တိုင်အာဏာရှင်ဖြစ်လာခဲ့ပြီးလူပေါင်းများစွာကိုသတ်ခဲ့မိသည်ထို့ကြောင့်ကျွန်တော်နောင်တကြီးများစွာရပြီးထိုနေရာမှတင်သေဆုံးခဲ့သည်။ထို့နောက်ကျွန်တော်ပြန်နိုးလာခဲ့သည်မှာငရဲပြည်တွင် လူစီဖာကပုလ္လင်တစ်ခုပေါ်ထိုင်နေပြီးကျွန်တော်ကိုကြည့်နေသည်ကျွန်တော်မှားခဲ့တာကိုကျွန်တော်သိတာကြောင့်ကိုယ့်အပြစ်ကိုခံယူမည်ဟုသာလူစီဖာကိုပြောလိုက်ကာကမ္ဘာပေါ်ရှိအခြေအနေအားလုံးကိုပြန်လည်ရှင်းလင်းပေးပါဟုသာကတိတောင်း၍ပြစ်ဒဏ်ကိုသာဆက်၍ခံပါတော့သည်။ထို့နောက်တစ်ကမ္ဘာလုံးလွန်ခဲ့တဲ့နှစ်၂၀ကိုပြန်ရောက်ကာကျွန်တော့၏အုပ်စိုးမှုကိုမည်သူမျှမသိရှိတော့ပေ။
ပြီး။
(ပြန်လည်တင်ခြင်းမပြုပါ)

21/06/2023

တိုက်ခန်း/ apartment
---------------------------------------------------------
ကျွန်တော့နာမည်ကကျော်ကျော်အောင်ပါ။သူငယ်ချင်းတွေကတော့ကျော်ကြီးလို့ပဲခေါ်ပါတယ်။ကျွန်‌ေတာ့ရဲ့အလုပ်နဲ့အိမ်ကဝေးလွန်းတာကြောင့်ကျွန်တော်အိမ်ပြောင်းဖို့ဖြစ်လာခဲ့ပါတယ်။တစ်ယောက်ထဲနေမှာမလို့အခန်းအကျယ်ကြီးမလိုတာမလို့ဈေးနည်းနည်းသက်သာမဲ့
အခန်းတွေကိုကျွန်တော်လိုက်ရှာရင်းတိုက်ခန်းတစ်ခုကိုကျွန်တော်ရှာတွေ့ခဲ့ပါတယ်။တိုက်ခန်းကနည်းနည်းကျယ်ပြီးဈေးလည်းသက်သာလို့ကျွန်တော်နေဖြစ်သွားပါတယ်။ပရိဘောဂတွေပါပါပြီးသားဆိုတော့အိမ်ကဘာမှထပ်ယူစရာတော့မလိုတော့ပါဘူး။
တိုက်ခန်းကသုံးထပ်ရှိပြီးမြေညီထပ်မှာအိမ်ပိုင်ရှင်လင်မယားနေပြီးကျွန်တော်ကဒုတိယထပ်မှာနေပါတယ်။အပေါ်ထပ်အခန်းကတော့အလွတ်ဘဲထားထားသည့်ပုံပေါ်ပါတယ်။ကျွန်တော်လည်းကျွန်တော့အခန်းထဲတွင်အဝတ်အစားများကို‌‌ေသချာစီရီ‌ေနသည့်အချိန်တွင်အ‌ေပါ်ထပ်အခန်းမှခြေသံများကိုကြားလိုက်ရပါတယ်။ကျွန်တော်လည်းအိမ်ပိုင်ရှင်လင်မယားဖြစ်မယ်ဟုသာတွေးပြီးစောစောအိပ်ယာဝင်ခဲ့ပါတယ်။ည၁နာရီခန့်တွင်ဧည့်ခန်းထဲ၌ပြေးလွှားနေသာ့်အသံများပစ္စည်းများပြုတ်ကျနေသည့်အသံကြားသောကြောင့်ကျွန်တော်နိုးလာခဲ့သည်။မီးပျက်နေသဖြင့်‌ဖုန်းမီးကိုသာအားကိုး၍ဧည့်ခန်းသို့ရောက်လာခဲ့ပါတယ်။ဧည့်ခန်းသို့ရောက်သည့်အချိန်တွေအရိပ်မဲ၃ခုကပြေးလွှားနေသည်ကိုမြင်လိုက်ရပါသည် ကျွန်တော်လည်းကြောင်အန်းအန်းဖြစ်နေသည့်အချိန်တွင်မီးရုတ်တရက်လာသောကြောင့်ထိုအရိပ်များနှာပျောက်ကွယ်သွားကြပါသည်။ကျွန်တော်လည်းအတွေး‌ေပါင်းများစွာနဲ့အိပ်ခန်းအတွင်းသို့ဝင်၍ကုတင်ပေါ်၌ပြန်အိပ်ရန်သာဆုံးဖြတ်လိုက်သည်။ည၃နာရီခန့်တွင် မီးဖိုချောင်ထဲ၌အိုးခွက်များပြုတ်ကျသည့်အသံကြားသောကြောင့်ကျွန်တော်နိုးလာခဲ့ပါသည်။မီးလည်းဆက်၍လာနေသောကြောင့်ကျွန်တော်ဖုန်းမယူလာကာအိပ်ခန်းအပြင်သို့ရောက်လာခဲ့ပါသည်။ထို့နောက်မီးဖိုချောင်တွင်ပြုတ်ကျနေသောဒယ်အိုးနှင့်ဇလုံများကိုကောက်ကာအိမ်ထဲပြန်ဝင်မည့်အချိန်မီးပျက်သွားခဲ့သည်။ထို့နောက်အမှောင်ထဲ၌တစ်ယောက်ထဲဖြစ်နေချိန်အသက်ရှူသံပြင်းပြင်းကိုကြားလိုက်ရပါတယ်။ထို့နောက်နှာခေါင်းထဲပုပ်နံ့တွေရလာသဖြင့်အန်ချင်သလိုဖြစ်လာပါတယ်။ထိုအချိန်တွင်ကျွန်‌ေတာ့ကိုအေးစက်နေသောလက်တစ်ဖက်လာရောက်ထိတွေ့သဖြင့်ကျွန်တော်လည်းကြောက်ကာအခန်းထဲသို့မှန်း၍ပြေးလာခဲ့သည်။အိမ်အသစ်ဖြစ်တာရောအသားမကျသေးသဖြင့်ဗီဒိုစောင်းဖြင့်တိုက်မိကာခြေထောက်တော့နာသွားသည်။‌အခန်းတံခါးကိုထုရိုက်‌ေသာ‌ေကြာင့်နာသည်ကိုစိတ်ထဲမထားနိုင်ပဲကြောက်စိတ်ဖြင့်စောင်ခေါင်းမှူးခြုံကာအိပ်ပျော်ရန်ကြိုးစားခဲ့သည်။၄နာရိထိုးရန်၁၅မိနစ်အလိုမှသာတိတ်ဆိတ်သွားတော့သည်။ထို့နောက်မီးပြန်လာသောကြောင့်ကျွန်တော်လည်းအိပ်ပျော်သွားခဲ့သည်။မနက်၉နာရီမှကျွန်တော်နိုးလာပြီးရုံးနောက်ကျကာလစာဖြတ်ခံလိုက်ရပါသေးတယ်။ထို့နောက်ကျွန်တော်ရုံးကပင်ပန်းမှု‌ေတွကြောင့်မနေ့ညကကိစ္စအားမေ့နေခဲ့သည်။ကျွန်တော်သည်ထမင်းဆိုင်မှအမဲသားဟင်းနဲ့ချဉ်ပေါင်‌ေကြာ်ကိုဝယ်ကာတိုက်ခန်းသို့‌ပြန်‌လာခဲ့သည်။အိမ်ပြန်ရောက်သည့်အခါကျွန်‌‌ေတာ်ဝယ်လာ‌ေသာဟင်းများကိုပန်းကန်ထဲ့သို့ထည့်ထားကာကာကျွန်တော်ရေအရင်ချိုးလိုက်သည်။ရေချိုးပြီးပြန်လာသည့်အချိန်ပန်းကန်ထဲ၌အမဲသားများပျောက်နေသည်ကိုသတိထားမိခဲ့သည်။ထို့နောက်မနေ့ညကကိစ္စကိုမှတ်မိကာကြောင်စိတ်များဝင်လာခဲ့သည်။ထို့နောက်စောစောအိပ်ယာဝင်ရန်သာဆုံးဖြတ်ပြီးအိပ်ခဲ့ပါသည်။ည၁၂နာရီအချိန်တွင်အပေါ်ထပ်အခန်းမှငိုသံများကိုကြားရသဖြင့်နိုးလာခဲ့ပြန်ပါပြီ။ထိုအခါတွင်မီးပျက်နေသဖြင့်အိပ်ယာထဲမှမထရန်သာဆုံးဖြတ်ပြီးဆက်မှေးမေရန်ဆုံးဖြတ်လိုက်ပါတယ်။ထို့နောက်ကျွန်တော့အခနတံခါးပွင့်လာပြီးခြေသံတစ်ချို့ကိုကြားလိုက်ရပါတယ်။ထို့နောက်ကျွန်တော်လဲကြောက်နေလို့မဖြစ်ဘူးဆိုပြီးရသမျှတရားစာတွေအော်ရွတ်ပါတော့တယ်ထိုအခါမှခြေသံများကိုမကြားရတော့ပဲပြန်တိတ်ဆိတ်သွားပါတော့တယ်။သူတို့ရဲ့အားနည်းချက်ကိုရှာတွေ့တာကြောင့်တစ်အိမ်လုံးတရားတော်တွေဖွင့်ထားပါတယ်။ထို့နောက်ကျွန်တော်အိပ်ပျော်သွားပြီးမနက်ထိကောင်းစွာအိပ်ပျော်ခဲ့ပါတယ်။မနက်ကျရုံးပိတ်ရက်ဖြစ်တာကြောင့်ကျွန်တော်အိမ်ပြောင်းဖို့ကိုအိမ်ပိုင်ရှင်ထံသွားရောက်ပြောဆိုခဲ့ပါတယ်။အရင်နေ့တွေကသရဲခြောက်တဲ့အကြောင်းတွေပြောပြလိုက်တော့သူတို့ပါအံဩသွားတဲ့ပုံပေါ်ပါတယ်။ထို့နောက်ကျွန်တော်အထုတ်အပိုးတေွသိမ်းဆည်းပြီးညနေလောက်မှာအိမ်ပြောင်းဖြစ်ပါတယ်။ကျွန်တော့စိတ်ထဲမှာတော့သရဲမခြောက်ခံရတော့ဘူးဆိုပြီးပျော်နေခဲ့ပါသည်သို့သော်သရဲသည်သည်ကျွန်တော့ခရီးဆောင်အိတ်ထဲပါလာသည်ကိုကျွန်တော်မသိလိုက်ပေ။
ပြီး...။
(ကျေးဇူးပြု၍ပြန်တင်ခြင်းမပြုပါနဲ့)

20/06/2023

(Chainsawသရဲ)
---------------------------------------------
ကျွန်တော့နာမည်ကမောင်မောင်ပါကျွန်တော်အသက်၁၅နှစ်ရှိပါပြီ။တစ်နေ့ကျွန်တော်ကျောင်းကအပြန်မိုးရွာနေသဖြင့်အိမ်နှင့်နီးသောလမ်းကြားတစ်ခုကနေဖြတ်ပြန်ရန်စိတ်ကူးမိသည်သို့သော်ထိုလမ်းသည်သရဲခြောက်‌ေသာသစ်ခွဲရံုနှင့်ဆက်နေသောကြောင့်မည်သူမျှမသွားရဲကြပေဒါပေမဲ့ကျွန်တော်အိမ်အမြန်ပြန်ရောက်ဖို့သာအဓိကဟုစိတ်ထဲတွေးလျက်မြန်မြန်ဖြတ်လျှောက်ရန်သာဆုံးဖြတ်လိုက်သည်။‌ကျွန်‌ေတာ်ထိုလမ်းကိုဖြတ်သွားနေသည့်အချိန်တွင်မည်သူမျှမတွေ့သော်လည်းလမ်းတစ်ဝက်သို့ရောက်သောအခါဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းထားလျက်လွစက်ဖြင့်သစ်တုံးများကိုဖြတ်‌ေနသောဦးလေးကြီးတစ်ယောက်ကိုတွေ့လိုက်သည်။ထိုလူ့အနားသို့ရောက်သောအခါနှာခေါင်းထဲ၌သွေးညှီအနံ့လိုမျိုးကျွန်တော်ရလိုက်သည်ထိုချိန်တွင်ကျွန်တော်သည်ထိုလမ်းထဲကအဖြစ်အပျက်ကိုသတိရလိုက်သည်။လွန်ခဲ့သော၂နှစ်ဇွန်လ၂၀ရက်တွင်စိတ်ဖောက်ပြီးသစ်ခွဲရုံအတွင်းကလူတွေကိုchainsawဖြင့်သတ်ပြီးသူ့ကိုသူပါသတ်သေခဲ့သည်။ထိုလူသတ်သေပြီးနောက်ထိုသစ်ခွဲရုံမှာသရဲခြောက်တာတွေဖြစ်ပြီးသစ်ခွဲရုံပါပိတ်လိုက်ရသည်။ကျွန်တော်မှတ်မိသည့်အချိန်တွင်ထိုလူကကျွန်တော့်ဘက်ကိုလှည့်သည့်အချိန်တွင်သူ့မျက်နှာကိုသေချာမြင်လိုက်ကသည်မျက်နှာကားသွေးများဖြင့်ပြည့်နေပြီးဗိုက်မှအူများလည်းထွက်ကျနေသည်ထို့နောက်ကျွန်တော့်ဆီသို့chainsawကြီးကိုင်ကာပြေးလာသည်။ကျွန်တော်လည်းအကြောက်လွန်ပြီးမလှုပ်နိုင်ဖြစ်နေခဲ့သည်ထို့နောက်သတိပြန်ဝင်လာကာထွက်ပြေးလာရသည်မိုးရေထဲမှာchainsawကိုင်ပြီးကိုယ့်နောက်လိုက်နေတဲ့လူကိုမြင်ရတာတကယ်သွေးပျက်ဖို့ကောင်းပါသည်။ထို့နောက်လမ်းအဆုံးရောက်ခါနီးအထိထိုလူလိုက်လာခဲ့သည်သို့သော်ကျွန်တော်လမ်းအဆုံးကိုကျော်လွန်ပြီးသည့်အချိန်သူ့မလိုက်လာနိုင်တော့ပေ။ကျွန်တော်လည်းထိုအချိန်မှစပြီးထိုလမ်းထဲကိုခြေဦးတောင်မလှည့်ရဲတော့ပါဘူး။
(ကျေးဇူးပြု၍ပြန်တင်ခြင်းမပြုပါနဲ့)

19/06/2023

ကျွန်တော်မနက်ဖြန်ကစပြီးGhost storyလေးတွေတင်သွားပေးမှာမလို့pageလေးကိုLike and followလေးလုပ်ခဲ့ပါဦးဗျ။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon

Other Writers in Yangon (show all)
Chit Nge - ချစ်ငယ် Chit Nge - ချစ်ငယ်
Yangon

Online Writer

𝙲𝙷𝙾𝙲𝙾 𝙻𝙰𝚃𝚃𝙴 𝙲𝙷𝙾𝙲𝙾 𝙻𝙰𝚃𝚃𝙴
Yangon

𝔀𝓪𝓷𝓷𝓪 𝓫𝓮 𝔂𝓸𝓾𝓻𝓼 . . .

Lucky Drawn Lucky Drawn
Yangon

Books and General

Loon Nhung & Loumg Yeik Loon Nhung & Loumg Yeik
Yangon

Writing

Lwin Moe Naing Lwin Moe Naing
Yangon, 223432

Lover

Myanmarjbk47 Myanmarjbk47
Yangon

Facebook.com

The battle of life The battle of life
Yangon
Yangon, 11261

"အပြုံးသာ ရောဂါတစ်ခုဆိုရင် တစ်ကမ္ဘာလုံး ကူးစက်နိုင်ကြပါစေ"

Rakhine Mail box Rakhine Mail box
Yangon

အချစ်နဲ့ဝါသနာသည် ဘယ်သောအခါမှ မအိုမင်း�

Aung Aung feeling Aung Aung feeling
Yangon

Feeling video လေးတွေတင်မယ်

Ma Ma Thinzar Ma Ma Thinzar
Yangon, 133276

Be Happy 🙂

K.hnin K.hnin
Yangon, 951

Blog