The battle of life

"အပြုံးသာ ရောဂါတစ်ခုဆိုရင် တစ်ကမ္ဘာလုံး ကူးစက်နိုင်ကြပါစေ"

03/05/2023

ကျွန်တော့်ကိုမချစ်ပါနဲ့ ။ ဘာလို့လဲဆိုတော့...
ကျွန်တော်ချစ်တဲ့ဒဏ်ကို ခင်ဗျားတို့ခံနိုင်မှာမဟုတ်ဘူး ။

ပြီးတော့ . . . . .
ကျွန်တော့်မှာ မပျော်စရာတွေများတယ် ။
Dark side တွေလဲရှိတယ် ။
နောက်ပြီး ကျွန်တော့်မှာ စိတ်ဒဏ်ရာတွေလဲများတယ် ။
တစ်ခါတစ်လေဆို ကိုယ့်အရိပ်ကိုယ်တောင်
ကိုယ်မုန်းမိတဲ့အထိပဲ ။

ခင်ဗျားတို့နားလည်ပေးနိုင်မှာမဟုတ်ဘူး ။
ပေးနိုင်လဲ ခဏပေါ့
ချစ်ပါတယ်ဆိုပြီး ဘဝထဲဝင်လာမယ် . . . .
ပြီးရင် ကျွန်တော့်အနားကထွက်သွားကြမှာပဲမဟုတ်လား။

မနာကျင်ချင်တော့ဘူး ။
ကျွန်တော် ထပ်ပြီးမပင်ပန်းချင်တော့ဘူး ။

အဲ့တာမလို့ တစ်ဘဝလုံးစာအတွက်မဟုတ်ရင် . . . .
ကျွန်တော့်ကိုမချစ်ပါနဲ့ ။ ။
🌻🤍
#လူကြီးシ︎

11/04/2023

မင်းက ကိုယ့်ရဲ့ အလင်းတန်းလေးပါပဲ...
ချစ်သော.......အယ်နာ
ကိုယ့်တို့ ဘယ်တော့မှ မဆုံဖြစ်ကြတော့ရင်တောင်
မင်းရဲ့အလင်းနဲ့ ကိုယ်ဆက်လက်နွေးထွေးနေဦးမှာပါ...

Crd by ဖရော်ဆန်

04/04/2023

အချို့သောအရာတွေက
ကိုယ့်မှာရှိတဲ့အရာထဲကခွဲပေးရတာ....
အချို့သောအရာတွေက
ကိုယ့်မှာရှိတဲ့ အရာကိုပေးလိုက်ရတာ....
ဒါပေမယ့်လက်ခံတဲ့သူတွေကတော့
တန်ဖိုးဆိုတဲ့အရာကို စံတွေနဲ့တိုင်းတာနေရင်
တစ်ဖက်လူရဲ့ ပေးဆပ်ချင်းကို မမြင်နိုင်တော့ဘူး...

24/03/2023

Happy birthday to me...

23/03/2023

"သုည"
"သုည"ကတန်ဖိုးမရှိဘူးတဲ့....အဲ့တန်ဖိုးမရှိတဲ့
"သုည"ကကကိန်းဂဏန်းနောက်မှာများကပ်နေကြည့်ပါ
"လှလိုက်တဲ့ပိုက်ဆံလေး"ဖြစ်ဦးမှာ
"ဘဝ"ဆိုတာလဲအဲ့ဒီ"သုည"လိုပဲ.......

22/03/2023

😒😒

09/10/2022

အခါကြီးရက်ကြီးတွေ
မရောက်ချင်ဘူး အမေ ...

အိမ်ရဲ့အဝေးမှာလေ
ပြီးတော့ ...
ကိုယ်တစ်ယောက်တည်းလေ

သာမန်ရက်တွေထက်
ပိုပြီး လွမ်းနာကျရသလို
သာမန်ရက်တွေထက်
ပိုပြီး အထီးကျန်ရသလိုပါပဲ

ပြန်လာချင်ပေမယ့်
ပြန်မရောက်နိုင်တဲ့
ခရီးတွေမှာ
စိတ်ကူးနဲ့ ပြေးရင်း
ပို မောရတယ် ။

အခါကြီးရက်ကြီးတွေမှာ
ကိုယ်ဟာ တစ်ယောက်တည်း ဖြစ်နေပါလား ဆိုတဲ့
အတွေးတွေက
အဝေးမှာ ပိုလို့တောင် သိသာနေသေးတယ်

တကယ်ပါ ...
အခါကြီး ရက်ကြီးတွေကို
တကယ် မရောက်ချင်ဘူး အမေ ။

သာမန်ထက်ပိုနာကျင်ရတဲ့
ရက်လေးတစ်ရက် ဖြစ်နေတာကလွဲရင်
ဘာမှ ထူးခြားမနေတဲ့ အခါတွေမှာပေါ့ ။

#ကျေးကို

07/10/2022

တချို့တွေက အနီးနားမှာရှိနေချိန်တန်ဖိုးထားပြီး ပျော်ရွှင်နေချိန်
တချို့ကအနီးနားမှာရှိရဲ့နဲ့ ပျော်ရွှင်မှု့တွေကတော့ ရေစက်ချအမျှဝေထားသလားပဲ အိမ်မက်ထဲမှာလဲ မပေါ်လာသလို သူ့ရဲ့အတွေးထဲမှာလဲ သေလူဖြစ်နေလောက်ပြီ😒😒

Owner buy Min

28/05/2022

လူတစ်ယောက် စိတ်ညစ်ပြီးမှရတဲ့ ပျော်ရွှင်မှု့ဟာ
မတည်မြဲသလို မင်းကိုယ်တိုင် ကြာရှည်တည်တံ့အောင်
အဲ့ပျော်ရွှင်မှု့ကို မထိန်းထားနိုင်ပါဘူး ဒါကြောင့် လူတစ်ဖက်သား စိတ်ဆင်းရဲစေမယ့် အရာကို ကိုယ့်ပျော်ရွင်မှု့အတွက် လုပ်မယူမိပါစေနဲ့

27/05/2022

-လူ တိုင်း အ မှား နဲ့ မ ကင်း ပါ ဘူး

-ဒါ ပေ မယ့်..

-ကျ နော် တို့ ဝေး သွား တဲ့ အ ထိ တော့

-ခင် ဗျား. . .မ မှား သင့် ဘူး မ လား ။

#စာတို

27/05/2022

ကျွန် တော် က လေ . . .
ကိုယ့် ကို မ ချစ် တော့ မှာ ကို
မ ကြောက် ဘူး ။

မ ချစ် ပဲ နဲ့
ချစ် ဟန် ဆောင် မှာ ကို ပဲ
ကြောက် တာ ။ ❤️🩹

Crd Kyaw Zin Moe Htet

24/05/2022

မိုးက တစိမ့်စိမ့်နဲ့ ငြိမ်ပြီး ရွာနေတဲ့နေ့ပေါ့ ။ တခြားအချိန်တွေမှာ မေ့မေ့ပျောက်ပျောက်ဆိုပေမဲ့ မိုးတွေရွာရင်တော့ သတိရစိတ်နဲ့ ငိုင်သွားရတာပါပဲ ......

အချစ်ဦးဆိုတာ မြေးဦးရတဲ့အထိ မမေ့ဘူးတို့ ဘာတို့ကို စာတွေ ကဗျာတွေထဲမှာ ဖတ်ဖူးပေမဲ့ မယုံနိုင်ခဲ့ဘူး။ သူနဲ့ ဝေးသွားတုန်းက တစ်နေ့နေ့တော့ လုံးဝကိုမေ့သွားမှာပါလို့ ထင်ခဲ့မိတယ် ။ မေ့နိုင်အောင်လည်း ကြိုးစားခဲ့ပါတယ် ။

ကိုယ် ပြောဖူးသလိုပေါ့ “အစားထိုးမှုဟာ ဘယ်လိုလက်ရာမြောက်မြောက် အစစ်အမှန်ရှာဖွေသူအတွက် ခံတွင်းပျက်စမြဲပဲ ” ။ နောက်တော့ မမေ့နိုင်မှန်းသိတာနဲ့ မေ့ဖို့ကြိုးစားမနေတော့ဘူး ။

အမှတ်တရတွေဆိုတာ... သတိရနေဖို့ ထိုက်တန်ပါတယ်လေ ။

📖 “ Kissing in the rain ” စာအုပ်မှ

21/05/2022

❝ အမေချစ်တာ အဖေမမှီဘူးလား ❞
▃▃▃▃▃▃▃▃▃▃▃▃▃▃

❀အဖေကကြမ်း ၊ အမေနမ်းတော့
အမေ့ကို.. ချစ်တာပေါ့...
အဖေဆူ ၊ အမေက...ချော့တော့
အမေ့ကို .. ချစ်မှာပေါ့...

❀အဖေကအဝေး ၊ အမေထွေးတော့
အမေ့ကို... ချစ်မှာပေါ့....
အဖေကရုန်းရ ၊ အမေကပြုံးပြတော့
အမေ့ကို.. ချစ်တာပေါ့....

❀အဖေကငွေရှာ ၊ အမေကဆင်ရှာတော့
အမေ့ကို ချစ်မှာပေါ့....
အဖေကချွေးပြို ၊ အမေကတေးဆိုတော့
အမေ့ကို .. ချစ်တာပေါ့....

❀အဖေကမထွေး ၊ အမေကကျွေးတော့
အမေ့ကို.. ချစ်ကြတာပေါ့....
အမေကမကြိုက် ၊ အဖေကရိုက်တော့
အဖေ့ကို... မုန်းတာပေါ့....

❀အမေ့ပါးမှာက. နံ့သာ
အဖေ့ပါးမှာ... နေလောင်ရာ
အဖေ့ပါးပြင်..ထက်
အမေ့ပါးကို.... နမ်း
ပိုချစ်ကြတာ မဆန်းပေမဲ့....

❀ချစ်မေတ္တာက အတူတူ
အမေချစ်တာ... အဖေ
မမှီဘူးတဲ့လား..?

❀ဆန်အိုးထဲက..ဆန်
ဂလုံမဆန်အောင် ၊ အပြည့်ထည့်
ဝမ်းစာရတက်မပွေ..
စားမခက်လေအောင်..
အဖေ့မေတ္တာလက်နဲ့ ကြံဆောင်ထား
ဆန်အိုးထဲက ဆန်းများပါ
သားရယ်....

❀ဆီးပုလင်းထဲ...ဆီ
အဲ့ဒီမှာ...
အဖေ့ချွေးစက်တွေက...အစီအရီပါ..
ဘယ်ပန်းချီ ၊ မိုးပြိုကျ
ဥံဖွဆိုပြီး...
ရောက်လာတာမဟုတ်ဘူးလေ..
ဆီတစ်စက် ... အလိုကျ
အဖေ့.. ချွေးစက်တွေက
ရင်းရခဲ့တာပေါ့...သမီးရယ်...

❀အမေဆင်တဲ့ ၊ အဝတ်အစား
အဖေ့ခွန်းအားကို... အရင်းထိုင်
ချည်တိုင်လက်နဲ့ ၊ သဒ္ဒါစက်ကိုတွဲ
အဖေ့..ချွေးနဲ့ ယက်တဲ့
အဖေ့အကြင်နာ အခက်တွေပေါ့...

❀ အဖေဆူတဲ့ ဒေါသ
ခဏတာတော့... မောကြမှာပေါ့
ရင့်ကျက်လာတဲ့ ..တစ်နေ့
အဖေ့မေတ္တာ ..အရိပ်အငွေ့
မင်းတို့တတွေ...ပြန်တွေ့ကြမှာပါ...။

❀အဖေရိုက်တဲ့ လက်ဖဝါး
မင်းတို့အသည်း.. မနာပါနဲ့
တစၻဝစာ... လိမၼာဖို့
ခဏတာ နာကျင်စေမှူ့ မပါတဲ့
ဆန္ဒတွေအစား
အဖေတို့ရဲ့ ....
ကရုဏာတရားတွေပါ...။

❀ အဖေမပေးနိုင်တဲ့.. မေတ္တာ
အဖေမပေးနိုင်တဲ့... နွေးထွေးမှု
အဖေမပေးနိုင်တဲ့...
ဖြည့်ဆည်းမှုတွေ
အမေ´ပေးတယ်လေ...
အဲဒီမှာတင်....
အဖေ့မေတ္တာကရှုံးနေပါပြီ ...

❀ပြုံးနေတဲ့သား... မျက်နှာ
လှနေတဲ့ သမီး.. ကညာ
ဟိုးအဝေးက ... ခိုးကြည့်
မင်းတို့ မသိခဲ့ပါဘူး.... ..

❀ပျော်နေတဲ့ ... သားမျက်နှာ
ကျေနပ်နေတဲ့ ...သမီးကညာ
အိမ့်ထောင့် ၊ တစ်နေရာကလေ...
အဖေ့မျက်နှာ .. ပြုံးစိစိ
ဒါကို...မင်းတို့မသိကြပါဘူး...

❀အိပ်ပျော်နေတဲ့... သားမျက်နှာ
နံ့သာတင်ထားတဲ့.. သမီးမျက်နှာ
ခြေရင်းမှာ... ငူငူရပ်
အပြောမတတ် ၊ စကားမချို
မျက်လုံးချိုချို ၊ သကာကိုချ
အဖေတဝကြီး ... ခိုးကြည့်
ဒါကို..မင်းတို့မသိကြပါဘူးလေ...

❀လိုချင်တာရ ၊ ရှာတာချလို့
ခါးတွေလည်းလှ ၊ ဝမ်းတွေဝရင်လေ
ငါ့ဖို့ဆိုတာ...နောက်ထား
ဖိနပ်... ပါးလို့ အမြီးတို
ချွေးဆိုဆို ၊ နေပူ.ကျဲ
လျှောက်ရဲခဲ့တာ..အဖေပါ....

❀ မိုးပြိုလို့ တိမ်အောက်
ဆင်းရဲခြင်း ဇောက်နက်နက်ထက်
မိုးပေါက် ကြီးကြီးတွေကိုလည်း
ဒူးမထောက် ၊ လက်မမြောက်
အဖေ... မကြောက်ခဲ့ပါဘူး...

❀သားသမီးအတွက် ..ဆိုရင်လေ
ကိုယ့်ဘဝကို... နင်းခြေ
အသည်းကြွေကာ ၊ ဘဝတွေဆုံး
ခန္ဒာတုံးလည်း ၊ အချစ်မပြယ်..
အသက်ဆုံးလည်း ၊ မေတ္တာမပြယ်...

❀လောကဓံကို.....ဖက်တွယ်ရင်းနဲ့
ဆင်းရဲခြင်းကို အံတု
အဖေ့မေတ္တာ ၊ အစုစုကို
မင်းတို့ နားလည်တဲ့တစ်နေ့...

❀နောင်တ.. တကွေ့ .
နောင်မှ....မတွေ့အောင်...
အဖေ့ရင်ထဲက....စကား
အဖေများရဲ့ ...မေတ္တာအများ
အဖေများရဲ့...ကရုဏာတရား

❀မချစ်ချင်ရင်တော့နေပါ..သားရယ်
မခင်ချင်ရင်တော့...နေပါသမီးရယ်
အဖေ့များကိုတော့...
မမုန်းကြပါနဲ့လို့...

❀မှန်သောသစ္စာ ၊ ဖမေတ္တာကို
ဖော်ကာနှိုင်းစု ၊ မရတုသည်
များခုလိမ္မာ ၊ သိနိုင်ပါစေ
သိကြားစေကြား သိစေသား..

~ အရှင်သီလာစာရ (ဘဝအလင်းရောင်)


~❃ ~ မိဘများမေတ္တာကို ~❃~
အထူးသိတတ် ၊ ပြန်ဆပ်နိုင်ကြပါစေ ...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

❃ အဖေဆိုတာ..နေ
အမေ ဆိုတာ..လ
မေတ္တာမျှတာခြင်း အတူတူ
ဘယ်သူက... ပိုသူ
ဘယ်သူက..လိုသူ
မရှိရိုးထုံးစံ ၊ ဖြစ်အမှန်မို့....

❃ အဖြစ်ခြင်း...မတူပေမဲ့
သားသမီးတွေ...အတွက်ဆို
စစ်ခင်းရဲတာခြင်း.....အတူတူ
ချစ်ကြတာခြင်းကလည်... အတူတူ...
မမုန်းကြတာလည်း ..အတူတူပါပဲ....
~ ~~~
▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃
Credit Original Writer

20/05/2022

ငါတို့တကယ် ဝေးရတော့မှာလား...

ကြောက်ကြောက်နဲ့ မေးတာ မေးရတာပါ တချို့မေးခွန်းတွေမှာ အဖြေတွေက အလိုလို ပါနေခဲ့ပြီးသားပဲလေ ။ မဖြစ်ပါစေနဲ့ဆိုတဲ့ ဆုတောင်းနဲ့ မင်းငြင်းပါစေဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ မရဲတရဲလေးပဲ ​မေးဖြစ်ခဲ့တာပါ ။ ​တကယ်ဆို ... ငါတို့ ဘယ်တော့မှ မဝေးဘူးဆိုတဲ့ ကတိတွေ အများကြီး ပေးခဲ့ကြတာပဲ မဟုတ်လား ပြီးတော့ တကယ်မဝေးဘူးမဟုတ်လား ။

မင်း အဆင်မပြေတဲ့ခဏ ငါနဲ့ စကားမပြောချင်တာလို့ပဲ ​ကိုယ့်ကိုယ်ကိုယ် ညာပါတယ် ။ မီးစိမ်းလေးလဲ တွေ့တယ် ။ စာတွေ ပို့မိနေပေမယ့် မဖတ်တဲ့ မပြန်တဲ့ မင်းဆီက တုံ့ပြန်မှုကို တစိုက်မတ်မတ်နဲ့ မျှော်နေပါတယ်ဆိုပေမယ့် မပြန်လဲ ဖြစ်ပါတယ် ။ မင်း နေရတာ အဆင်ပြေမနေလို့ တိတ်ဆိတ်ပြီး နေတယ်လို့ပဲ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရုံပေါ့ ။

တစ်ရက်မပြတ် ဖုန်းတွေ ဆက်ပေမယ့် ဟယ်လိုဆိုတဲ့ အသံလေးမကြားရတာ အတော်ကြာပြီ ။ တချို့ရက်တွေမှာ ငါ့ဖက်က တဇွတ်ထိုး ဆန်ခဲ့မိတာတွေ ရှိခဲ့ဖူးပေမယ့် စိတ်ပျက်သွားစေချင်တဲ့ ရည်ရွယ်ချက်တွေမဟုတ်ဘူး ။ မင်းမရှိတော့ရင်လို့ တွေးမိပြီး အရာရာကို ဘာမှ မစဥ်းစားဖြစ်တော့တာ ။ အသံလေး ကြားချင်မိရုံ ဆက်တဲ့ဖုန်းတွေ ခဏလောက်ကိုင်ဖို့လောက်ထိ ဘာကြောင့် ခက်ခဲနေတာလဲ သိချင်မိတယ် ။ တကယ်ဆို ငါတို့က အရင်းနှီးဆုံး သူစိမ်းတွေ ဖြစ်ခဲ့ကြတာပဲ မဟုတ်လား ။

ဒီလောက်အထိ အေးစက်သွားဖို့ အကြောင်းပြချက်လဲ ရှာလို့မရသလို ရုတ်တရက်ကြီး ပြောင်းလဲသွားလေခြင်းဆိုတဲ့ ခေါငိးစဥ်တွေလဲ မတပ်ချင်ပါဘူး ။ တစ်ခုပါပဲ ငါတို့ တကယ် မဝေးကြရသေးဘူးမဟုတ်ဘူး ။ အဆင်မပြေဘူးဆိုရင်လေ ပြေတဲ့အထိ ပစ်ထားလို့ရပါတယ် ။ တစ်နေ့ သေချာပေါက် ပြန်လာမယ်ဆိုတဲ့ ကတိလေး တစ်ခုပဲ လိုချင်တာ ။ တိတ်ဆိတ်ဆို တိတ်ဆိတ်နေပေးမယ် ။ ဖုန်းတွေမဆက်နဲ့ဆို စက်ပိတ်ပြီး အိပ်နေလိုက်မယ် ။ အရှေ့တိုးမလာနဲ့ဆိုရင် ရပ်နေလိုက်မယ် စာတွေ မပို့နဲ့ဆို လှိုင်းပိတ်ထားလိုက်မယ် ။ တစ်ခုပဲ ငါတို့ ဘယ်တော့မှ မဝေးဘူးဆိုတဲ့ စကားလေးတစ်ခုပဲ လိုချင်ခဲ့တာပါ ။

တကယ်ဆို ... တချို့မေးခွန်းတွေမှာ အဖြေတွေ ပါနေပြီးသားဖြစ်သလို တချို့အရာတွေက အရင်အတိုင်း ပြန်ဖြစ်မလာနိုင်တော့လောက်အောင် တစ်စစီ ကွဲကြေနေခဲ့ပြီးသားပါ ။ ကိုယ်ကသာ အဲ့ဒီ အေးစက်နေတဲ့ ဆက်ဆံရေးကို တစ်နေ့နွေးလာမှာဆိုပြီး ... စောင့်နေမိတာ ။ တစ်နေ့ သူ အရင်လိုပြန်ဖြစ်လာမှာပါဆိုပြီး မျှော်နေမိတာ ။ တကယ်တမ်းကျတော့ ငါတို့ လမ်းခွဲရအောင်လို့ မပြောပဲ နှစ်ယောက်ကြားက ဆက်ဆံရေးတွေ အေးစက်နေခဲ့တာတော့ အတော့်ကို ကြာနေပါပြီ ။

သူနဲ့အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်းကို ကိုယ့်ဖက်က တစ်ဖက်သတ်ဆန်ဆန် အဆင်ပြေပါတယ်ဆိုပြီး ဖြေနေဖြစ်တာကလွဲရင် ... ဘယ်တော့စားရမလဲဆိုတဲ့ မေးခွန်းတွေကို တစ်နေ့ပေါ့ဆိုပြီး ရောယောင်ဖြေနေတာကလွဲရင် ငါတို့ တကယ်ဝေးရတော့မှာလားဆိုပြီး တွေးနေမိတာ တကယ်ဆိုးတယ် ။

ငါတို့ ... တကယ် မဝေးဘူးမဟုတ်လား ။

#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)

06/05/2022
05/05/2022

စိတ်ရော ကိုယ်ရော ဖျားနေတယ်.....😒
အနားနားမှာ တစ်ယောက်ယောက်ကို
လိုအပ်နေပါတယ်......
တစ်ယောက်ယောက်ကလည်း
တစ်ယောက်ထဲပဲဖြစ်နေတယ်။
ကိုစစ်ငြမ်းပြောသလိုပဲ
ဘဝဟာ ခုန်ချပစ်ချင်စရာ.....😒
Zin Wai Min
#ခင်ဗျားကိုကျွန်တော်ချစ်တယ်crd

01/05/2022

အခု......ကိုယ်သတိရနေတာ
အခု မင်းမဟုတ်ဘူး......
"အတိတ်က..............မင်း "
ဟိုး.......အတိတ်တွေထဲက မင်း 😒😒
Zin Wai Min

30/04/2022

ချစ်ခြင်းမေတ္တာချင်းထပ်တူကျတဲ့အခါ ပျော်ရွှင်ရတတ်တယ်တဲ့....
နေပါစေ.......မပျော်ရလည်းဖြစ်ပါတယ်
မင်းနဲ့မှထပ်တူမကျရင် ဘယ်သူနဲ့မှထပ်တူမကျချင်ဘူး..
Zin Wai Min

28/04/2022

ခင်ဗျားကို ကျွန်တော်ချစ်တယ်.......

ကျွန်တော့်ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းဆိုတာ ခင်ဗျားမျက်ဝန်းထဲက ရာသီဥတုပါပဲ။
ခင်ဗျားဟာ ကျွန်တော့ရဲ့ ကံစမ်းလိုက်တိုင်းပေါက်တဲ့ lucky draw လေးပါ........🤍🤍🤍🤍

26/04/2022

#အပူချိန်အရမ်းမြင့်တက်နေပါတယ်။

ဒီနေ့ အပူချိန်ဟာ ၄၃ ´C အထိ တက်လာပါပြီ။
ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇´C အထိ
ရောက်နိုင်ပါတယ်။

အပူချိန် တက်နှုန်းတွေကိုလေ့လာကြည့်ရင်
ယခက်က ၁´C တက်ဖို့ ၁၀ နှစ် ကြာပါတယ်။

အခု ၃ နှစ် အတွင်း ၂`C တက်လာပါတယ်။

အပူချိန် ၁´C တက်လာတိုင်း
ပျမ်းမျှအသက် ၂ နှစ် လျော့စေပါတယ်။

အထူးသတိထားကြပါ။ မြန်မာတွေရဲ့ပျမ်းမျှအသက်ဟာ
ကျား ၅၃၊ မ ၅၇ ဖြစ်ပါတယ်။

အခု အပူချိန် ၂´C တက်လာမှုကြောင့်
၄ နှစ် ထပ်လျော့သွားနိုင်ပါတယ်။

စိုထိုင်းဆလည်း အရမ်းလျော့နည်းနေပါတယ်။
ဒီအခြေအနေဟာ တော်သေးတယ်လို့
ပြောလို့ ရပေမယ့်အပူဒဏ်ပို ခံစားရနိုင်ပါတယ်။

ဒီအချိန်မှာ အစားအစာ၊ အနေအထိုင်သတိပြုကြပါ။
အအေးစာတွေက အပူစုပ်နိုင်ပေမယ့်
အပူရှပ်ခြင်းကိုအဓိက ဖြစ်စေပါတယ်။

အရေးကြီးတာကနေပူထဲမှာ
နံက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း
သွားလာ လှုပ်ရှားအလုပ်လုပ်ကိုင်ခြင်း ရှောင်ကြဉ်ကြပါ။

ဗမာချည်သား အဝတ်ထူထူတွေက
အပူဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။

အပူက ပြန်ရောက်လာစဉ်
အဝတ်များ ချွတ်ခြင်း၊ ရေခဲရေသောက်ခြင်း၊
ရေချိုးခြင်းတို့ ရှောင်ပါ။

ဆားနှင့် ရေသောက်ခြင်းကိုလည်း
မပြုလုပ်ကြပါနဲ့။

အပူက ပြန်ရောက်စဉ် ၅ မိနစ်ခန့်
ပြန်လာစဉ်ကအတိုင်း နေပေးကြပါ။
အဲယားကွန်းခန်းအတွင်း အဝင်အထွက် လုပ်ကိုင်သွားလာနေရသူများသတိပြုကြပါ။

အပူမှ ပြန်ရောက်ချိန်
အဲကွန်းခန်းအတွင်းရုတ်တရက် ဝင်ရောက်ပါက
ခန္ဒာကိုယ်အရေပြားမှ သွေးများ ဗဟို သွေးလှည့်အဖွဲ့ထဲ
ရောက်ရှိပြီးရုတ်တရက် သွေးပေါင်တက်ကာ
လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့
ဖြစ်တတ်ပါတယ်။

အဲကွန်းခန်းထဲ ကြာရှည်နေရသူများ
အပူထဲသို ထွက်ချိန်မှာသွေးပေါင်ထိုးကျပြီး
မူးဝေတတ်ပါတယ်။

ရေများများ သောက်ပါ။
အငန်/အချိုလျော့စားကြပါ။

ချွေးထွက်လွန်သူမှ လွဲ၍
ဓာတ်ဆားရေ သောက်ခြင်း လျော့ပါ။
ဟင်းကျန်ထမင်းကျန်များ စားခြင်း ရှောင်ပါ။

ဟင်းကျန်များ နွေးရာတွင်
ရေဖြည့်ထည့်၍ နွေးပါ။
လက်သုပ်များ လျော့စားပါ။
မိဘပြည်သူအများ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။

လေးစားစွာဖြင့်ပေးပါသည်။

23/04/2022

ငါ့လိုများ နာကျင်ရရင်... မင်း ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး ။

တူသောအကျိုးတွေ... ဝဋ်လည်ပါစေဆိုတဲ့ ကျိန်စာတွေအစား... ကိုယ့်ကို ရက်စက်သွားတဲ့ သူကိုမှ နာကျင်မှာ စိုးနေတဲ့အဖြစ်လေ... နောက်ကျောကို ဓားနဲ့ထိုးတဲ့သူကိုမှ လက်နာသွားသလားလို့ မေးနေတဲ့ အဖြစ်မျိုးနဲ့ တူတယ် ။

အရင်တုန်းကတော့ မင်းတကယ်ချစ်တတ်လာရင် ငါ့နာကျင်မှုကို စာနာလာလိမ့်မယ်ဆိုတဲ့စကားလေး သုံးခဲ့ဖူးတယ် ။ နားမလည်ချင်နေပါစေတော့ သူ့တကယ်ချစ်မိတဲ့သူကလဲ သူ့ကို တကယ်ချစ်တဲ့သူနဲ့ပဲ ဆုံပါစေ လေ... သူ့ကိုတော့ မနာကျင်စေချင်ဘူး ။

သန်မာသလို ရင့်ကျက်သလို နေပေမယ့်... သူက ကလေးသိပ်ဆန်တာ တစ်ခုခုဆို အနိုင်ယူရမှ ကျေနပ်တာ အခြေအမြစ်မရှိတာတွေကို ငြင်းခုန်တာကအစ အစားအသောက်ကို ရွေးတာအဆုံး သူနိုင်ရမှ ကျေနပ်တာမျိုးလေ ။

မချစ်ပြတတ်ဘူးဆိုတဲ့ စကားတွေသုံးသလောက် သူကကျ သိပ်အချစ်ခံချင်တာ ။ နဲနဲလေးစိမ်းကားမိလိုက်ရင် ပြဿနာတွေ ရှာတော့တာပဲ... တခြားသူတွေနဲ့ ပတ်သက်ရင် သိပ်တည်ငြိမ်သလောက် ကိုယ့်အနားရောက်ရင် ကလေးဆိုးကြီးတစ်ယောက်လိုပါပဲ...

သူ့အတွေးထဲမှာ အနိုင်ယူမယ် ပြီးတော့ ဘယ်အရာမဆို ကိုယ်ကချည်း နားလည်ပေးရမယ်ဆိုတဲ့ တစ်ဖက်သတ်ဆန်ဆန် အတွေးပဲ ရှိတာလေ ။ ဒီလိုလူတစ်ယောက်သာ နာကျင်သွားမယ်ဆိုရင် ခံနိုင်ရည်ရှိလိမ့်မယ်လို့ ကိုယ်တော့ မထင်ဘူး ။

ခံနိုင်ရည်ရှိတာ မရှိတာ ထားပါ... ကိုယ်က သိပ်ချစ်မိတဲ့သူလေ နောက်ဆုံး မင်းထားခဲ့တုန်းကတောင် မင်းနောက်ကျောကို ငေးပြီး မင်းအဆင်မှ ပြေမှ ပြေရဲ့လားလို့ တွေးပြီး စိတ်ပူနေမိသေးတာ ။

အလဲလဲ အကွဲကွဲ ဒဏ်ရာတွေကြားမှာ ချန်ထားရက်လေခြင်းဆိုတဲ့ အပြစ်တွေမတင်ပဲ မင်းပျော်နေရဲ့လားလို့ ပြေးကြည့်နေမိသေးတာ ။ မင်းက ရင့်ကျက်ချင်ယောင်ဆောင်ထားတဲ့ ကလေးတစ်ယောက်ပဲ​လေ အဲ့တော့ စိတ်ပူတာပေါ့ ။

ကိုယ်နာကျင်ရတယ်ဆိုတာ ကိုယ်အလွန်အကျွံချစ်ခဲ့မိလို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ပါတယ် ။ ငါ့လို နာကျင်ပါစေဆိုတဲ့ ဆုတောင်းတွေတော့ ဘယ်တော့မှ တောင်းဖြစ်မှာ မဟုတ်ဘူး ။ မင်းခံနိုင်ရည် မရှိမှာစိုးတယ် ။


#ကျေးကို

(ရင်နှင့်ရင်း၍ ရေးသည်)

22/04/2022

ရှိခဲ့ဖူးပါတယ်ပေါ့ … ဒီလောက်ပါပဲ
အတိတ်ကို လှမ်းကြည့်ရင်း အတူတူပျော်ရွှင်ခဲ့ဖူးပါတယ်ဆိုတာလောက်ပဲ
ပြန်ပြောစရာကျန်နေတော့တာပါ
ပြန်ငေးကြည့်ရင်
ပြန်နာရတဲ့ ဒဏ်ရာတွေလောက်
ပြန်ပြောင်းပြောစရာတွေ ရှီနေတော့တာပါ

နှစ်တွေဆိုတာ
ချို့သွားခဲ့ပါပြီ
ရက်တွေဆိုတာလဲ
တိုက်စားသွားခဲ့ပါပြီ

သူနဲ့ကျွန်တော် ဘာမှ ဆိုင်မနေတော့ပါဘူး
ဆိုင်ခဲ့ဖူးပါတယ်ဆိုတဲ့ အတိတ်လေးက
အတိတ်မှာပဲ ကျန်ခဲ့ပါပြီ ။

#ကျေးကို
(ရင်နှင့်ရင်း၍ ရေးသည်)

17/04/2022

မနက်ပိုင်း အာရုံဆွမ်းနှင့် ရပ်ကွက်ထဲရှိမိဘပြည်သူများနှင့် ကလေး များအားလုံးကို ကုသိုလ် လေးကိုတက်နိုင်သလောက်လှူ🤍🤍🤍
ကျွန်ုပ်ပြုသောကုသိုလ်ကောင်းမှုအစုစုတို့သည် ၇ ရက်သား/သမီး အားလုံးရကြပါစေ စီးပွား ဥစ္စာများသည်လဲ ဒီရေအလား တိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်အပ်ပါသည်ခင်ဗျာ......

17/04/2022

တရားနာသူများနှင့် ဘုရားလှည့်များအား အအေးကုသိုလ် လေးကိုတက်နိုင်သလောက်လှူ🤍🤍🤍
ကျွန်ုပ်ပြုသောကုသိုလ်ကောင်းမှုအစုစုတို့သည် ၇ ရက်သား/သမီး အားလုံးရကြပါစေ စီးပွား ဥစ္စာများသည်လဲ ဒီရေအလား တိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်အပ်ပါသည်ခင်ဗျာ......

16/04/2022

ရုံးပိတ်တုန်းလေးပဲ ဖအေနားကပ်ချွဲရတဲ့ သမီးလေး ရွှေလုံး
Shwe Lone Bunny Mascot.... 🐇

03/04/2022

(ကျနော့အတွက် အားဆေး)

သူငယ်ချင်း

မင်းဟာ အမြင့်မှာနေရင်
လေတိုက်ခံရမယ်
အနိမ့်မှာနေရင် လှံစိုက်ခံရမယ် ။

အလယ်မှာနေရင်
မင်းကိုပုခုံးချင်းယှဉ်တိုက်လိမ့်မယ်
ဘေးထွက်နေရင်
မကောင်းပြောကြလိမ့်မယ် ။

မင်းကမနေနိုင်လို့လုပ်ပေးတော့
အရူးထနေတာလို့ပြောကြမယ် ။

မင်းဘာမှမလုပ်ပဲနေတော့
မင်းကို ငပျင်းလို့ပြောကြလိမ့်မယ် ။

ဒီမှာ
မင်းကို မင်းရဲ့ပတ်ဝန်းကျင်က
ချီးမွန်းတဲ့စကားထက်
မင်းကိုကဲ့ရဲ့အပြစ်တင်ဖို့
မင်းရဲ့ မှားကွက်ကို
စောင့်နေကြတယ် ။

မင်းအောင်မြင်နေတဲ့အချိန်
မင်းကိုကပ်ဖားပြီး
မင်းကျရှုံးတဲ့အချိန်
မင်းကိုနှာခေါင်းရှုံ့ကြလိမ့်မယ် ။

မျက်နှာဖုံးစွပ်တွေများတဲ့
လောကကြီးထဲမှာ
မိတ်ဆွေကောင်း
အင်မတန်ရှားပါးတယ် ။

မင်းမှန်တယ်ထင်ရင်
တကယ်လည်းမှန်နေရင်
ပတ်ဝန်းကျင်ကို
မင်းသိပ်ပြီးဂရုမစိုက်နဲ့ ။

မင်းစားနေတဲ့ထမင်းလုပ်အတွက်
မင်းကိုယ်တိုင်
ကိုယ့်ဒူးကိုယ်ချွန်နေတာမို့
မင်းမှာ အဲ့လောက်တော့
မာန ရှိသင့်တယ် ။

အထီးကျန်နေရလို့လည်း
စိတ်မပျက်နဲ့
မှားယွင်းနေတဲ့ လူတွေနဲ့
ဆုံစည်းနေရတာထက်
တစ်ယောက်တည်းနေရတာက
ပိုကောင်းပါတယ် ။

ရုန်းကန်လှုပ်ရှားရအကောင်းဆုံး
အရွယ်မှာဇိမ်ခံသက်သာတဲ့လမ်းကို
မင်းမရွေးပါနဲ့ ။

တစ်သက်လုံး
ရေလိုက်ငါးလိုက်နေသွားဖို့က
လွယ်ကူပေမယ့်
ထိုးဖောက်ထွက်ဖို့ကျ
မင်းအတွက်ခက်ခဲသွားလိမ့်မယ် ။

မဟတ္တမဂန္ဒီ ရဲ့
အဆို အမိန့်တစ်ခုရှိတယ်

မင်းရဲ့အနာဂါတ်ဟာ
မင်းဒီနေ့လုပ်ရပ်အပေါ်မှာပဲ
မူတည်ပါတယ် " တဲ့

ပြဿနာတိုင်းကို
အပြုံးလေးနဲ့ဖြေရှင်းလိုက်
ပြုံးနေခြင်းက
မင်းအတွက်အားသာချက်ပဲ
ဒါပေမယ့်
မဲ့ပြုံးတော့မဖြစ်စေနဲ့ပေါ့ ။

မင်းပတ်ဝန်းကျင်က
လူတွေကြောင့် စိတ်မညစ်နဲ့

လူတိုင်းက ကိုယ်နဲ့
ထပ်တူမကျနိုင်ဘူးဆိုတာ
မင်းမမေ့နဲ့

မင်းရင့်ကျက်လာတာနဲ့အမျှ
မင်းပတ်ဝန်းကျင်က
မင်းကိုမုန်းနေတဲ့သူတွေကို
မင်း ဥပေက္ခာပြုသွားနိုင်မှာပါ.....

ဲ့ခရီးသည်

01/04/2022

စကားသုံးခွန်း
--------
တန်ဖိုးကြီးသောစကားများ...

၁။ နွယ်ပင် မဖြစ်စေနဲ့။

သူများကို အားကိုးတယ်ဆိုတာ ခဏပဲ ကောင်းတယ်။ အမြဲတမ်း မှီဖို့မကြိုးစားနဲ့။ မှီလွန်းအားကြီးရင် နွယ်ပင် ဖြစ်သွားတယ်။

နွယ်ပင်ဆိုတာ အမှီမရှိရင် အပေါ်မတက်နိုင်ဘူး။ အမှီရှိလို့ အပေါ် ရောက်ခဲ့ပြန်လည်း အမှီလဲတာနဲ့ ပြုတ်ကျမှာပဲ။ ဒါကြောင့် ကိုယ့်လမ်း ကိုယ်ဖောက်၊ ကိုယ့်အိမ် ကိုယ်ဆောက်တာ အကောင်းဆုံးပဲ။

၂။ ထမင်းပူကို မစားနဲ့။

သူများကို ဒုက္ခပေးပြီးမှ ကိုယ်နေရာ ရအောင် ယူရင် အဲဒါ ထမင်းပူစားတာနှင့်တူတယ်။

ဒါကြောင့် မတရားတဲ့အလုပ်တွေ နည်းနည်းမှ မလုပ်ကြနဲ့။ အကယ်၍ လုပ်ခဲ့ရင် လျှာအပူလောင်မှာပဲ။

၃။ ရောက်ရာဒေသ ခြေရာချခဲ့ပါ။

ဖြစ်တည်မှုနောက်မှာ ပျောက်ကွယ်မှု လာမှာပဲ။ ဒီတော့ ကိုယ်လည်း တနေ့ လောကကြီးကနေ ထွက်ခွါရဦးမှာဆိုတာကို ဘယ်တော့မှ မမေ့ကြနဲ့။

ကိုယ် မပျောက်ကွယ်ခင် အချိန်လေးမှာ ကောင်းမှုလေး တစ်ခုခုတော့ လုပ်သင့်ပါတယ်။ ကောင်းမှုလုပ်ခြင်းသည် ကိုယ့်နေရာ ကိုယ့်ဒေသကို ခြေရာချခြင်းပဲ ဖြစ်ပါတယ်။

crd

31/03/2022

မိဘထက် ဘယ်သူမှ ပိုမချစ်ဘူး
▪-▪-▪-▪-▪-▪-▪-▪-▪

မိဘတွေကို
နာကျင်အောင် မပြောပါနဲ့။

မိဘတွေကို
အလုပ်မအားဘူးဆ်ိုပြီး ပစ်မထားပါနဲ့။

မိဘတွေကို
ခေတ်အကြောင်း နားမလည်ဘူးဆိုပြီး
မချိုးနှိမ်လိုက်ပါနဲ့။

မိဘတွေကို
ငြင်းခုန်တုပြောပြီး အနိုင်မလိုချင်ပါနဲ့။

မိဘတွေကို
ဘာကြောင့်နဲ့မျှ
မျက်ရည်ကျအောင် မလုပ်ပါနဲ့။

မိဘတွေကို
အချိန်အကြာကြီး အဆက်အသွယ်
ဖြတ်မထားပါနဲ့။

သင့်ရဲ့ ဖြစ်တည်မှု
အကောင်း အဆိုး သတင်းတွေကို
နားစွင့်ပြီး
မျှော်နေတဲ့နေရာမှာ
မိဘထက် ဘယ်သူမှ မပိုပါဘူး။

သင့်ကို အမြင့်ဆုံးရောက်စေချင်ပြီး
အဆိုးဆုံးဘဝမှာ ရှိမနေစေချင်တာ

သင့်ကို ကောင်းစားစေချင်ပြီး
ဒုက္ခတွေ မရောက်စေချင်တာ

ဒီလို စေတနာ မေတ္တာတွေဆိုတာ
သင့်မိဘထက်တော့
သင့်အပေါ်ကို ဘယ်သူမှ ပိုမထားနိုင်ပါဘူး။

မိဘဟာ…
ခေတ်အကြောင်း မသိရင်နေမယ်။
ဘဝအကြောင်းတော့…
ကောင်းကောင်းသိတယ်။

မိဘဟာ…
ဂုဏ်ပကာသနနဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ
မရှိရင်သာ နေမယ်။
အတွေ့အကြုံနဲ့
ဆင်ခြင်တုံတရား ရှိတယ်။

မိဘဟာ…
အောင်မြင်သူ ဖြစ်ချင်မှဖြစ်လိမ့်မယ်။
သေချာတာတော့…
ဖြူစင်ရိုးသားမှုတွေနဲ့
သင့်ဘဝကို
ရှေ့ဆောင် လမ်းပြပေးလိမ့်မယ်။

ဘယ်သူမှ မလိုအပ်တော့တဲ့အခါ
အိမ်ပြန်ပါ။
ဟိုမှာ အမေမျှော်နေတယ်။

ဘယ်သူမှ မကြည်ဖြူတော့တဲ့အခါ
အိမ်ပြန်ပါ။
ဟိုမှာ အမေစောင့်ကြိုနေတယ်။

ဘယ်သူမှ အနားမရှိတော့တဲ့အခါ
အိမ်ပြန်ပါ။
ဟိုမှာ အမေအချစ်တွေပေးဖို့
အိမ်ပြန်လမ်းမှာ မျှော်နေတယ်။

ကိုယ်က သား သမီးကောင်း ဖြစ်ပါမှ
မိဘကောင်းနေရာ ပြန်ရောက်ပြီး
သား သမီးကောင်း ရပါလိမ့်မယ်။

ကိုယ့်ရဲ့ သိတတ် ယဉ်ကျေးလိမ္မာမှု
အတွက်
လောကကြီးက တစ်နည်းနည်းနဲ့တော့
ကိုယ့်ကိုယ် ပြန်ကျေးဇူးပြုမှာပါ။

အ မေ က…
အသက်နဲ့ရင်းပြီး မွေးထားပေးတယ်။
အ ဖေ က…
ဘဝနဲ့ရင်းပြီး ကျွေးထားခဲ့တယ်။

ကိုယ်က နှလုံးသားနဲ့ရော
ဘဝနဲ့ပါ ပေါင်းပြီး
ကျေးဇူးပြန်ဆပ်ဖို့ လိုပါတယ်။

မင်းကို တစ်ယောက်ယောက်ကနေ
သေလောက်အောင်
ရူးမတတ် ချစ်ပါတယ်ဆိုတဲ့
အချစ်ဦးပုံပြင်တွေကို မယုံလိုက်ပါနဲ့။

တကယ်ပြောတာပါ
ဒီကမ္ဘာမှာ သင့်ကို
မိဘထက်တော့ ဘယ်သူမှ ပိုမချစ်ပါဘူး။

Credit_အရှင်ဇဝန
(ရွှေလင်းယုန်)ကိုယ်ပိုင်စာစုများ

မေတ္တာဖြင့်…

21/03/2022

"မင်းကို တန္ဖိုးထားတဲ့သူကို ပိုချစ်ပါ"

လိုအပ်ဆုံးသူထက်
နားလည်ပေးနိုင်ဆုံးသူကိုပိုချစ်ပါ။

အချစ်ရဆုံးသူထက်
မင်းကိုတန်ဖိုးထားဆုံးသူကိုပိုချစ်ပါ။

နံဘေးမှာရှိနေပေးသူထက်
ယုံကြည်မူအပြည့်ဝပေးနိုင်သူကိုပိုချစ်ပါ။

မလိုအပ်ချိန်မှာရှိနေပေးသူထက်
လိုအပ်ချိနိမှာရှိနေပေးသူကိုပိုချစ်ပါ။

ပျော်ရွှင်မှု မပေးနိုင်သူထက်
ပျော်ရွှင်မှု ပေးနိုင်သူကိုပိုချစ်ပါ။

မျက်ရည်ကျမှ သုတ်ပေးသူထက်
မျက်ရည်မကျအောင် လုပ်ပေးသူကို
ပိုချစ်ပါ။

လမ်းရောက်မှ လက်တွဲခေါ်သူထက်
လမ်းမရောက်ခင် လမ်းပြပေးသူကို
ပိုချစ်ပါ။

မကောင်းသတင်း ပြောသူထက်
ကောင်းသတင်း ပြောသူကို ပိုချစ်ပါ။

အဆင်ပြေပါစေလို့
ဆုတောင်းပေးသူထက်
မင်းအတွက် ငါဘာကူညီပေးရမလဲ
ပြောသူကိုပိုချစ်ပါ။

လိုချင်တာ ရယူသွားတဲ့သူတွေထက်
မင်းအတွက် ပေးဆပ်ပြီး
ချစ်နေတဲ့သူတွေကို ပိုချစ်ပါ။

မင်းကိုယ်ချစ်ပါတယ် ချစ်ပါတယ်
ပြောတဲ့သူတွေထက်
မင်းအပေါ် သစ္စာရှိတဲ့သူကို ပိုချစ်ပါ။

အောင်မြင်ချိန်မှာ အားပေးသူထက်
ကျရူံးချိန်မှာ နှစ်သိမ့်ပေးသူကိုပိုချစ်ပါ။

#အိုင်တီရဲသွေး
#

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

😒😒

Category

Telephone

Address

Yangon
Yangon
11261

Other Writers in Yangon (show all)
Chit Nge - ချစ်ငယ် Chit Nge - ချစ်ငယ်
Yangon

Online Writer

𝙲𝙷𝙾𝙲𝙾 𝙻𝙰𝚃𝚃𝙴 𝙲𝙷𝙾𝙲𝙾 𝙻𝙰𝚃𝚃𝙴
Yangon

𝔀𝓪𝓷𝓷𝓪 𝓫𝓮 𝔂𝓸𝓾𝓻𝓼 . . .

Blog by Timmy Blog by Timmy
Yangon

Lucky Drawn Lucky Drawn
Yangon

Books and General

Loon Nhung & Loumg Yeik Loon Nhung & Loumg Yeik
Yangon

Writing

Lwin Moe Naing Lwin Moe Naing
Yangon, 223432

Lover

Myanmarjbk47 Myanmarjbk47
Yangon

Facebook.com

Rakhine Mail box Rakhine Mail box
Yangon

အချစ်နဲ့ဝါသနာသည် ဘယ်သောအခါမှ မအိုမင်း�

Aung Aung feeling Aung Aung feeling
Yangon

Feeling video လေးတွေတင်မယ်

Ma Ma Thinzar Ma Ma Thinzar
Yangon, 133276

Be Happy 🙂