ကျော် - မြန်မာဆေး/နိုင်ငံခြားဆေးမျိုးစုံ Kyaw -Pharmacy
Hlaingtharyar Thakhin Mya Branch Road .Q 12 No 17/B
# Credit
🇨🇭 သွေးပျစ်ရင် သွေးတွင်း အောက်စီဂျင် ကျတာကြောင့် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင် စောင့်ရှောက်ဖို့ လိုပါတယ်။ သွေးပျစ်ရတဲ့ အကြောင်းက စိတ်နဲ့ ပတ်သက်တဲ့ခံစားချက်၊ ခန္ဓာနဲ့ ပတ်သက်တဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ပတ်သက်ပါတယ်။
သွေးပျစ်လာရင် ခန္ဓာကပေးတဲ့ မက်ဆေ့ ၄မျိုးကတော့_
------------------------------
♦၁။ မနက်ထလာရင် ခေါင်းမူးတယ်၊ အားမရှိဖြစ်တယ်။ မနက်စာစားပြီးမှ တဖြည်းဖြည်း နိုးကြားလာပြီး ညနက်လေ လန်းဆန်းလေ ဖြစ်လာတယ်။
♦၂။ နေ့လည်စာစားပြီးရင် အရမ်းအိပ်ချင်တယ်၊ မအိပ်လို့ မရတာမျိုး။
♦၃။ ဆောင့်ကြောင့်ထိုင်ချလိုက်တာနဲ့ မွန်းကြပ်ပြီး အသက်ရှူလို့မကောင်းတာ၊ ခန္ဓာကိုယ် ဝဖြိုးတာ။
♦၄၊ အမြင်အာရုံ ရုတ်တရက် ဝေဝါးတာ၊ ချက်ချင်း
ကောင်းကောင်းမမြင်ရတာ။
ခန္ဓာက သွေးပျစ်ကြောင်း အချက်ပြလာပြီဆိုရင်
အမြန်ကုစားကြပါ။
------------------------------
🩸သွေးပျစ်တဲ့အခါ အခြားဘယ်လိုရောဂါလက္ခဏာတွေ ခံစားရမလဲ ?
အများစုက သွေးပျစ်တာကနေ သွေးခဲတွေဖြစ်လာတဲ့အခါမှ ရောဂါလက္ခဏာတွေစတင်ခံစားရတတ်ပါတယ်။ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့…
* အမြင်အာရုံဝေဝါးခြင်း
* မူးဝေခြင်း
* သွေးခြေဥလွယ်ခြင်း
* ရာသီသွေးအဆင်းများခြင်း
* ခေါင်းကိုက်ခြင်း
* သွေးပေါင်ချိန်တက်ခြင်း
* အရေပြားယားယံခြင်း
* အားအင်မရှိ နုံးချိခြင်း
* အသက်ရှူမဝခြင်းတို့ ဖြစ်ပါတယ်။
အကယ်၍ ဘာအကြောင်းကြောင့်မှန်းမသိဘဲ သွေးခဲလေးတွေ ခဏခဏဖြစ်တဲ့အခါနဲ့ ထပ်ခါထပ်ခါကိုယ်ဝန်ပျက်ကျနေတဲ့အခါမျိုးမှာ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး သွေးစစ်ဆေးရပါမယ်။
သွေးပျစ်တာကို သက်သာစေဖို့ နည်းလမ်း၅မျိုးကတော့_
-----------------------------------
💧၁။ ရေများများသောက်ပါ။
💧၂။ ကိုလက်စထရောကို တားဆီးနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေဟာ ရေဓာတ် အများကြီးပါတဲ့အပြင် ကြွယ်ဝတဲ့ ဗီတာမင်စီနဲ့ ဖိုက်ဘာအမျှင်ဓာတ်တွေပါပါတယ်၊ ဒါကြောင့် ဟင်းသီးဟင်းရွက်၊ ပြောင်းဖူး၊ အသီးအနှံ အစေ့အဆံ အစုံစားပါ။
💧၃။ တိရိစ္ဆာန် ဝမ်းတွင်းကလီစာ လျှော့စားပါ ။
💧၄။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။
💧၅။ အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ။
သွေးပျစ်ရင် ရေများများသောက်ဖို့ "ပထမ" ဆိုတော့
ရေ နဲ့ ပတ်သက်တာကို နည်းနည်းထပ်ပြီး မျှဝေပါမယ်။
ဒါကြောင့် သွေးပျစ်တာမဖြစ်အောင် သွေးတွင်း အောက်စီဂျင်များအောင် ရေများများသောက်ပါ။ အထူးသဖြင့် ရေနွေးများများသောက်ပါ။ ရေနွေးက အဆီတှကျေို ခြေဖျက်နိုင်တယ်၊ အစာကြေတယ်၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်။
ရေသောက်ခြင်းရဲ့ အကျိုးအာနိသင် ( ၈ )မျိုးကတော့_
----------------------------
🔹၁။ အဆိပ်အတောက်တွေကို သန့်စင်စေတယ်။
🔹၂။ အရေပြားကို သန့်ရှင်း ကျန်းမာစေတယ်။
🔹၃။ ကြွက်သားကို သန်မာစေတယ်။
🔹၄။ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတယ်။
🔹၅။ စွမ်းအင် တိုးပွားစေတယ်။
🔹၆။ ဝိတ်ကျစေတယ်။
🔹၇။ ခေါင်းကိုက်တာကို သက်သာစေတယ်။
🔹၈။ မှတ်သားနိုင်တဲ့စွမ်းရည်ကို တိုးပွားစေတယ်။
-------------------------------
◾- ရေခဲရေကို ရှောင်ပါ။
◾- ရိုးရိုးရေကို များများသောက်ပါ။
◾- ရေနွေးကို များများသောက်ပါ။
◾- ရိုးရိုးရေနွေးဖြူအပြင်၊ ရေနွေးကို လက်ဖက်ခြောက် ခတ်သောက်တာ၊
◾- ပျားရည်နဲ့ သံပရာ ညှစ်သောက်တာကလည်း ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။
Credit Original Uploader
ကျန်းမာ ပျော်ရွှင်ကြပါစေ•
အသည်းကင်ဆာရှိ/မရှိကို သွေးစစ်ရုံနဲ့ သိနိုင်မလား?
အယ်လ်ဖာ-ဖီတိုပရိုတင်း (Alpha-fetoprotein) လို့ခေါ်တဲ့ဓာတ်တစ်မျိုးကို သွေးထဲမှာ စစ်ကြည့်ခြင်းအားဖြင့် အသည်းကင်ဆာရှိ/မရှိကို မှန်းဆနိုင်ပါတယ်။ အေအက်ဖ်ပီ (AFP) လို့ အတိုကောက်ခေါ်ပါတယ်။ အခု မြန်မာပြည်မှာလည်း AFP ကလွယ်လွယ်ကူကူ စစ်လို့ရနေပါပြီ။ စစ်မယ်ဆိုရင်တော့ အဖြေကို ပမာဏ အတိအကျထွက်တဲ့ (Quantitative) စစ်ဆေးခြင်းပြုလုပ်မှသာ အချက်အလက် အပြည့်အစုံ သိရမှာ ဖြစ်ပါတယ်။
AFP များတိုင်း အသည်းကင်ဆာဖြစ်နေပြီလို့ ပြောနိုင်သလား?
လောကမှာ ဘယ်အရာမှ ၁၀၀ ရာခိုင်နှုန်း မသေချာပါဘူး။ အဲ့ဒီအရာတွေထဲ AFP လည်း တစ်ခုအပါအဝင်ပါပဲ။ ဒါ့ကြောင့် AFP တက်တိုင်း အသည်းကင်ဆာဖြစ်ပြီလို့ ပြောလို့မရသေးပါဘူး။ အခြား အသည်းနဲ့ပတ်သက်တဲ့ စစ်ဆေးမှုတွေနဲ့ CT ရိုက်တာ၊ MRI ရိုက်တာ စတဲ့ စစ်ဆေးမှုတွေပြုလုပ်ပြီးမှ အဖြေတွေကို သိုင်းဝိုင်းပြီး စဉ်းစားရတာ ဖြစ်ပါတယ်။
တစ်ခုသတိထားရမှာက တစ်ခါတစ်လေ ရှားရှားပါးပါးအခြေအနေတွေမှာ “AFP တက်နေပေမယ့် အသည်းကင်ဆာမရှိတာလည်း ဖြစ်နိုင်သလို အသည်းကင်ဆာမှာ AFP မတက်တာလည်း ဖြစ်နိုင်ပါသေးတယ်”
အသည်းကင်ဆာအပြင် ဘယ်လိုရောဂါတွေမှာ AFP တက်လေ့ရှိသလဲ?
အသည်းကင်ဆာအပြင် အခြားရောဂါတွေမှာလည်း AFP မြင့်တက်နိုင်ပါတယ်။
•ကင်ဆာမဟုတ်တဲ့ အသည်းအလုံးအကျိတ်တွေ၊ အသည်းခြောက်ရောဂါနဲ့ အသည်းရောင်ရောဂါ တွေမှာလည်း တက်နိုင်ပါတယ်။
•မမျိုးဥအိမ် (O***y) နဲ့ ဝှေးစေ့ (Te**es) ကင်ဆာတွေ၊ အလုံးအကျိတ်တွေမှာလည်း တက်နိုင်ပါတယ်။
•မိခင်ဝမ်းဗိုက်ထဲက သန္ဓေသားမှာရှိတဲ့ ရော့ခ်စက်ခ် (Yolk sac) လို့ခေါ်တဲ့ အစိတ်အပိုင်းကလည်း AFP ကိုထုတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ AFP တက်နေလေ့ရှိပါတယ်။
AFP ကို ဘယ်သူတွေ စစ်ဆေးသင့်လဲ?
•အသည်းကင်ဆာ သံသယရှိသူတွေ၊ အသည်းရောင်အသားဝါ ဘီပိုး/စီပိုးရှိသူတွေ၊ အသည်းခြောက်သူတွေနဲ့ အသည်းအဆီဖုံးသူတွေက AFP စစ်ဆေးသင့်ပါတယ်။
•အသည်းကင်ဆာမှာသာမက အခြားကင်ဆာ ရောဂါတွေဖြစ်တဲ့ (သည်းခြေလမ်းကြောင်း၊ အစာအိမ်၊ မုတ်ချိုအိပ်၊ မမျိုးဥအိမ်နဲ့ ဝှေးစေ့ကင်ဆာတွေ) အတွက်လဲ တစ်ခါတစ်လေ စစ်ဆေးရနိုင်ပါတယ်။
•ကျန်းမာရေးစစ်ဆေးတဲ့အခါ (Medical checkup) မှာလည်း အသည်းကင်ဆာရှိ/မရှိသိရအောင် ထည့်သွင်းစစ်ဆေးလေ့ ရှိပါတယ်။
AFP ကို မကြာခဏ ပြန်စစ်နေဖို့ လိုသလား?
အသည်းကင်ဆာ သံသယရှိသူတွေနဲ့ အသည်းကင်ဆာ ကုသမှုခံယူနေရသူတွေမှာ AFP အတက်အကျကို သိရှိနိုင်ရန်အတွက် AFP ကို မကြာခဏ စစ်ဆေးပေးရပါတယ်။
ဥပမာ
•အသည်းကင်ဆာ သံသယရှိသူတစ်ဦးမှာ AFP တက်နေပြီး အလုံးအကျိတ်ကို ရှာမရတဲ့ အခြေအနေမျိုးမှာ ရက်ချိန်းပြန်ပြန်ချိန်းပြီး AFP ပိုတက်လာမလား စောင့်ကြည့်တာနဲ့ လိုအပ်လာရင် အခြားစစ်ဆေးမှုတွေ လုပ်ဆောင်တာတွေကို ပြုလုပ်ပေးရပါမယ်။
•အသည်းကင်ဆာ ကုသမှုခံယူနေသူတွေမှာည်း ရောဂါအတိုးအဆုတ်ကို ခန့်မှန်းဖို့နဲ့ ကုသမှုနည်းလမ်းတွေ (ခွဲစိတ်တာ၊ ဆေးဖြန်းတာ (Trans arterial chemoembolization - TACE)၊ အပ်စိုက်တာ (Radiofrequency ablation - RFA) ရဲ့ ထိရောက်မှုကို တိုင်းတာဖို့ AFP ကို ပြန်လည်စစ်ဆေးကြရပါတယ်။
ဒေါက်တာခင်မောင်လွင်(FAME)
References
https://cancer.ca/en/treatments/tests-and-procedures/alpha-fetoprotein-afp
https://medlineplus.gov/lab-tests/alpha-fetoprotein-afp-tumor-marker-test/
https://www.healthline.com/health/alpha-fetoprotein
https://link.springer.com/article/10.1007/s00432-020-03331-6
https://www.healthline.com/health/alpha-fetoprotein
https://medlineplus.gov/lab-tests/alpha-fetoprotein-afp-tumor-marker-test/
https://journals.plos.org/plosone/article?id=10.1371/journal.pone.0228857
https://www.mdpi.com/2072-6694/13/20/5096
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှု အခြေအနေ
(၂၆-၄-၂၀၂၃) ရက်နေ့၊ ညနေ (၄:၀၀)နာရီ
(၂၄-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၅-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း တွေ့ရှိရသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၇၁) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေ မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှု အခြေအနေ
(၂၅-၄-၂၀၂၃) ရက်နေ့၊ ညနေ (၄:၀၀)နာရီ
(၂၃-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၄-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း တွေ့ရှိရသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၅၁) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေ အနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
ဒီနေ့ကတော့ ဖိုးသက်ရှည် ဆေးလေးနဲ့ မိတ်ဆက်ပေးပါ့မယ်ရှင် 😚
သူကတော့ ရောက်ကုန် ပစ္စည်းလေးပါ
ဘာလို့ ရောက်ကုန် item ဖြစ်လဲ သူ့ရဲ့ အာနိသင်က ဘယ်လိုတွေကောင်းလဲ ရှင်းပြမယ်နော် 👨⚕️
နှလုံးအထူးဆေး ဆိုတဲ့အတိုင်းပါပဲ
- သွေးကြောကျဥ်းဝေဒနာရှင်များ
-နှလုံးတုန်ရင်ခုန်ခြင်း
-နှလုံးစူးအောင့်ခြင်း
-နှလုံးပေါက်ကျဥ်းခြင်း
-နှလုံးအားနည်းခြင်း
-နှလုံးကြွက်သားအားနည်းခြင်း
-နှလုံးရောင်ခြင်း
-နှလုံးသွေးကြောကျဥ်း ဝေဒနာများကို အထူးအထူးပျောက်ကင်းစေပါတယ်💯💯💯💯
နေ့စဥ်မှန်မှန် သောက်သုံးပေးသွားမယ်ဆို ခုခံအားမြင့်တက်လာပီး
အအေးမိခြင်း အအေးပက်ခြင်း လေမိခြင်း လေဖြတ်ခြင်းများ မဖြစ်စေရန် ဆေးက တာဝန်ယူပါတယ်တဲ့နော်✅✅✅✅
မောပန်းနေသူများ အဆီချလိုသူများ သွေးတွင်းအဆီပိတ်နေသူများ အသဲအဆီဖုံးသူများ ပါ သောက်လို့ရပါတယ်နော်💯💯💯💯
🛍 လှိုင်သာယာ မြို့နယ်အတွင်းမှာဆို ပင်လုံစျေးအနီးက ကျော် ဆေးခန်းနဲ့ ဆေးဆိုင်မှာ ဝယ်ယူလို့ ရနိုင်ပါပီ 🛍🛍🛍
1ဘူး -4000ks 💸💸💸
လှိုင်သာယာမြို့နယ် က အားပေးချင်သူများ
09 428123090 ကို ဆက်သွယ်ပေးပါနော်📲📲📲
သင့်နှလုံးကျန်းမာရေး အခြေအနေ သိရှိနိုင်ရန်
------- ဒေါက်တာ ခင်မိုးမိုး
နှလုံးသွေးကြောရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက တိတ်တဆိတ် လူသတ်သမားတွေ ြဖစ်ကြပြီး သူ့ကြောင့် ကမ္ဘာတစ်လွှမ်းမှာ နှစ်စဉ် ၁၈ သန်းလောက် အသက်ဆုံးရှုံး သွားကြတဲ့အတွက် နှလုံးသွေးကြောရောဂါကို ကြောက်စရာအကောင်းဆုံး ရောဂါတစ်မျိုးလို့ သတ်မှတ်ထားပါတယ်။
သင့်နှလုံးရဲ့အခြေအနေ စစ်ဆေးနိုင်တဲ့နည်းလမ်းတွေ ရှိပါတယ်။ စက်အကူအညီတွေနဲ့ စနစ်တကျစစ်ဆေးနိုင်တဲ့မပြင် မိမိဘာသာ အိမ်မှာ အလွယ်တကူ စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေ ရှိတာမို့ ဖော်ပြပေးလိုက်ပါတယ်။
#လက်ဆုပ်ကိုင်နိုင်စွမ်းကိုစစ်ဆေးခြင်း။
လူတစ်ယောက်ရဲ့ လက်ဆုပ်ကိုင်နိုင်စွမ်း သန်မာတာ၊ အားနည်းတာတွေက သူရဲ့နှလုံးသွေးကြောကျန်းမာရေး အခြေအနေကို တိုင်းတာနိုင်ပါတယ်။ ဒီစစ်ဆေးမှုက နိုင်ငံပေါင်း ၁၇ ခုက လူကြီးပေါင်း ၁၄၀၀၀၀ကျော်ကို စမ်းသပ်အပြီးမှာ ပေါ်ပြူလာ ဖြစ်ခဲ့ပါတယ်။
လက်ရဲ့ဆုပ်ကိုင်နိုင်စွမ်းသန်မာတာ နဲ့နှလုံးသွေးကြောရောဂါ ဒါမှမဟုတ် သေဆုံးတာနဲ့ ဆက်စပ်မှုက အလွန်ပြင်းထန်တယ်လို့သိရပါတယ်။ အသက်အရွယ်၊ ဆေးလိပ်သောက်တာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ တစ်ခြားအကြောင်းအရာလိုမျိူး နှလုံးရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေကို ညှိနှိုင်း ပြီးရင်တောင် ဆက်စပ်မှုကို အလွန်သန်မာသေးတယ်လို့ ဟားဗတ်မှ သုတေသီတွေက ဆိုပါတယ်။
#လက်နဲ့ခြေချောင်းထိလေ့ကျင့်ခန်း။
အမေရိကန် ဇီဝကမ္မဗေဒ အဖွဲ့က လူပေါင်း ၅၂၆ ရောက်ကို လေ့လာမှု ပြုလုပ်အပြီးမှာ ဒီအိမ်တွင်းပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းက နှလုံးကျန်းမာရေး ကောင်း မကောင်း သိရှိဖို့ အတွက် စစ်ဆေးမှု ဖြစ်လာပါတော့တယ်။
ဒီလေ့လာမှုကြောင့် ခန္ဓာကိုယ်ရဲ့ ကွေးနိုင်ဆန့်နိုင်အားက နှလုံးကျန်းမာရေးနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိတယ်လို့ မှတ်ချက်ပြုကြပါတယ်။ ဒီစစ်ဆေးမှုအရ သင့်လက်ချောင်းက သင့်ခြေချောင်းတွေကို အခက်အခဲမရှိ ထိနိုင်ရင် သင့်နှလုံးကျန်းမာရေး ကောင်းမွန်နေပါတယ်။
ပြုလုပ်နည်း။
ကြမ်းပြင်ပေါ်မှာခြေဆင်းထိုင်ပြီး ဒူးခေါင်းမကွေးပဲ သင့်လက်ချောင်းနဲ့ ခြေချောင်းကိုထိပါ။
#လှေကားအတက်အဆင်းစစ်ဆေးမှု။
လေးထပ်စာလှေကားထစ်ကို တက်ဖို့ ဒါမှမဟုတ် ဆင်းဖို့ ကြာသင့်တဲ့အချိန်က နှလုံးကျန်းမာရေး အခြေအနေကို ဆုံးဖြတ်နိုင်တယ်လို့ ဥရောပနှလုံးအဖွဲ့က မကြာခင်ကပြုလုပ်တဲ့ လေ့လာမှုအရ သိရပါတယ်။
ဒီလေ့လာမှုအရ လှေကားလေးဆစ်ချိုးကိုတက်ဖို့အတွက် ၁.၅ မိနစ်ခန့်သာ အချိန်ကြာသင့်တယ်လို့သိရပါတယ်။ လှေကားတက်ဖို့ ဒါ့ထက်အချိန်တိုတိုသာယူရသူတွေက လေ့ကျင့်ခန်းလုပ်နိုင်စွမ်းအား ပိုများတယ်လို့ လေ့လာမှုမှာ တွေ့ရှိခဲ့ပါတယ်။
#သွေးခုန်နှုန်းစစ်ဆေးခြင်း။
သွေးခုန်နှုန်း ကိုစစ်ဆေးတာက နှလုံးကျန်းမာရေးကို စစ်ဆေးနိုင်တဲ့ နည်းလမ်း တစ်ခုဖြစ်ပါတယ်။
နှလုံးခုန်တာကြောင့် သွေးကြောတွင်းဖိအားများလာပြီး သိသိသာသာသွေးခုန်လာတာကို တိုင်းတာတာကို သွေးခုန်နှုန်း တိုင်းတာတယ်လို့ခေါ်ပါတယ်။
ပုံမှန် သွေးခုန်နှုန်းက တစ်မိနစ်မှာ အကြိမ် ၆၀ မှ ၁၀၀ အတွင်းမှာရှိရမှာ ဖြစ်ပြီး အကြိမ် ၆၀ ထက်နည်းနေရင် သွေးခုန်နှုန်းနှေးကွေးတယ် Bradycardia လို့သတ်မှတ်ပြီး အကြိမ် ၁၀၀ ထက်များနေရင် သွေးခုန်နှုန်း မြန် Tachycardia လို့ခေါ်ပါတယ်။ နှလုံးခုန်နှုန်း စည်းချက်မမှန်တာ ဒါမှမဟုတ် premature contraction ဖြစ်တာလည်း ရှိပါတယ်။
#အထက်ပါစစ်ဆေးမှုတွေကယုံကြည်ရပါ့မလား။
ခန္ဓာကိုယ်မှ ဒီလေ့ကျင့်ခန်းတွေအပေါ် တုံ့ပြန်မှုက နှလုံးကျန်းမာရေး အခြေအနေကို ခန့်မှန်းနိုင်ပေမဲ့ ရောဂါအကြောင်းတိတိကျကျ သိရှိနိုင်အောင် စက်တွေနဲ့ ကျန်းမာရေး စစ်ဆေးဖို့တော့ လိုအပ်ပါတယ်။
နှလုံးကျန်းမာရေးအတွက် ပြုလုပ်နိုင်သည့် စစ်ဆေးမှုများ။
နှလုံးကျန်းမာရေးနဲ့ နှလုံးသွေးကြောရောဂါကို တိတိကျကျ သိနိုင်အောင် ECGရိုက်တာ၊ Echocardiogram , Cardiac catheterization , cardiac CT scan , Cardiac magnetic resonance imaging MRI ရိုက်တာမျိုးတွေ ပြုလုပ်ရပါမယ်။
ဒါ့အပြင် သွေးထဲမှာရှိတဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ အယ်ဗျူမင်နဲ့ Creatinine ခရီတီနင်း ပမာဏတွေကို သွေးစစ်ပြီး စစ်ဆေးရပါမယ်။ ဒီသတ္တုဓာတ်တွေရဲ့ ပမာဏတွေ များလွန်း ဒါမှမဟုတ် နည်းလွန်းနေရင် နှလုံးလိုမျိုး အဓိကကိုယ်တွင်းအင်္ဂါတွေမှာ ပြဿနာ ရှိနေပြီ ဖြစ်ပါတယ်။
သွားတွေနာလို့ စိတ်ညစ်နေသလား....
သွားဖုံးတွေရောင်လို့ စိတ်မကြည်မသာဖြစ်နေလား....
ဒါဆိုရင်တော့ မပု ကို အိမ်မှာဆောင်ထားသင့်ပြီနော်....
သွားနာခြင်း သွားနဲ့ခြင်း သွားဖုံးရောင်ခြင်း သွားဖုံးမှသွေးထွက်ခြင်းတွေကို တစ်နေ့ နှစ်ကြိမ်တိုက်ရုံနဲ့ ပျောက်ကင်းသက်သာစေတဲ့အပြင်
ကွမ်းဂျိုး ဆေးလိပ်ဂျိုးများသာမက သွားများကိုလဲ ဖြူဝင်းတောက်ပစေပါတယ် ဆိုရင်တော့
မပု သွားတိုက်ဆေးကို အပြေးဝယ် လိုက်တော့နော်....
တစ်ဘူး ဈေးနှုန်း 1200ကျပ်ပါရှင်....
မပုကို ဆောင်ထားပြီး ကျန်းမာတဲ့ သွားလေးတွေ ပိုင်ဆိုင်နိုင်ဖို့
စိတ်ကူးမလွဲနဲ့နော် ချစ်ကာကာတို့ရေ......
# credit
အသည်းရောဂါရှိရင် ဘာတွေရှောင်ရမလဲ❓❓
⚠️ အဆီဓာတ်၊ အချိုဓာတ်နှင့် ဆားဓာတ် ပါဝင်မှုများသော အစားအစာများကို ရှောင်ကြဉ်ပါ။ ဆီကြော်များ၊ အမြန်ပြင်အစားအစာများ (Fast food)၊ တာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများ ကိုရှောင်ပါ။
⚠️ ဆိုးဆေးပါသော အစားအစာများ၊ မှိုတက်နိုင်သော အစားအစာများကို ရှောင်ကြဉ်ပါ။
⚠️ အနီရောင်အသားများ (အမဲသား၊ ဝက်သား၊ ဆိတ်သား စသည်) ကို တတ်နိုင်လျှင် လျှော့စားပါ။
⚠️ အရက်နှင့် အရက်ပါသော အဖျော်ယမကာများကို ရှောင်ကြဉ်ပါ။
⚠️ ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းစားခြင်းတို့သည်လည်း ရှောင်ကြဉ်သင့်သော အလေ့အကျင့်များ ဖြစ်သည်။
⚠️ ပါရာစီတမော ကဲ့သို့သော အဖျားကျဆေးများ၊ အကိုက်အခဲပျောက်ဆေးများနှင့် အရောင်ကျဆေးများကို ရှောင်ကြဉ်သင့်ပါသည်။
⚠️ ဗီတာမင်-စီ၊ သံဓာတ် (Iron) ပါသောအားဆေးများနှင့် အိပ်ဆေးများကို ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက်သုံးပါ။ မိမိသဘောနှင့် မိမိ မည်သည့်အရာကိုမှ ဆေးဖြစ်ဝါးဖြစ် ရေရှည်စွဲ၍ အသုံးမပြုပါနှင့်။ မည်သည့်ဆေးမဆို မသောက်သုံးမီ ဆရာဝန်နှင့် တိုင်ပင်ပါ။
ဒေါက်တာခင်မောင်လွင် (FAME)
သိုင်းရွိုက်ဟော်မုန်း လျော့နည်းခြင်းကို အနေအထိုင် အစားအသောက်ဖြင့် ကုသခြင်း
သိုင်းရွိုက်ဟော်မုန်း လျော့နည်းသူ တစ်ယောက်ကို ဆေးကုသမှုပေးရာတွင် လူနာအနေနှင့် ကျွန်တော်/ကျွန်မတို့ ဘာတွေစားလို့ရသည်၊ ဘာတွေတော့ ရှောင်သင့်သည်ကို ဆရာဝန်ကို မေးလေ့ရှိပါသည်။ အဓိကအနေနှင့် အောက်ပါအတိုင်း စားသောက်ပါက ရောဂါ အမြန်ဆုံး သက်သာပျောက်ကင်းစေရန် အထောက်အကူပြုပါလိမ့်မည်။
စားသုံးသင့်သည့် အစားအစာများ
--------------------------------
🔹 အိုင်အိုဒင်း ဖြည့်စွက်ထားသော အိမ်သုံးဆားကိုသာ သုံးပါ။ အချို့သောသူများသည် ရိုးရိုးအိမ်သုံးဆားကို အမြဲသုံးစွဲခဲ့သဖြင့် အိုင်အိုဒင်း ချို့တဲ့ကာ သိုင်းရွိုက်ဟော်မုန်းမှာ ကောင်းစွာ မပြုလုပ်နိုင်ဘဲ ဖြစ်ရသည်။ အဆိုပါ ပုဂ္ဂိုလ်များအတွက် အိုင်အိုဒင်းဆား ပြောင်းပေးခြင်းဖြင့် ဟော်မုန်းများ ပြန်လည်ထွက်ရှိလာစေမည် ဖြစ်သည်။
🔹 အိုင်အိုဒင်းဓာတ် ကြွယ်ဝသော အစားအစာများကို ဂရုစိုက်၍ ပိုမိုစားပေးသင့်သည်။ ဥပမာအားဖြင့် ပင်လယ်စာများဖြစ်သော ပင်လယ်ငါး၊ ပင်လယ်ပုစွန်၊ ပြည်ကြီးငါး၊ ကင်းမွန်၊ ပင်လယ်ရေညှိ အစရှိသည့် အစားအစာများတွင် အိုင်အိုဒင်းဓာတ် ကြွယ်ဝစွာ ပါဝင်နေပါသည်။
🔹 ကယ်လိုရီအရ နည်းသော ဟင်းသီးဟင်းရွက်များကို ပို၍စားပေးသင့်သည်။ ယင်းတို့တွင် ဗီတာမင်၊ သတ္တုဓာတ်နှင့် အင်တီအောက်ဆီဒင့်များ ကြွယ်ဝစွာ ပါဝင်နေပါသည်။
ရှောင်ကြဉ်သင့်သည့် အစားအစာများ
-----------------------------------
♦️ သိုင်းရွိုက်ဟော်မုန်း ထွက်ရှိခြင်းကို ဟန့်တားထားသော အစားအစာများကို ရှောင်ကြဉ်ရပါမည် [ဥပမာ - ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်းပွင့်၊ ဂေါ်ဖီပန်းပွင့်စိမ်း (Broccoli)]။ ယင်းတို့ကို များများစားပါက သိုင်းရွိုက်ဟော်မုန်းများ ထွက်ရှိမှုကို လျော့နည်းစေကာ လည်ပင်းကြီးရောဂါ ရစေနိုင်ပါသည်။ ထို့ကြောင့် အဆိုပါ အစားအစာများကို လည်ပင်းကြီးရောဂါ ဖြစ်စေသော အစားအစာများ (Goitrogens) ဟုခေါ်သည်။
♦️ အငန်ဓာတ်များသော အစားအစာများဖြစ်သည့် ငါးပိ၊ ငံပြာရည်၊ ဆားများများပါသော အစားအစာတို့သည် ခန္ဓာကိုယ်တွင်း ရေဓာတ်များကို စုဝေးပြီး ဖောစေသဖြင့် ရောဂါ လက္ခဏာများ ပို၍ဆိုးစေနိုင်ပါသည်။
♦️ အနီရောင်ရှိ အသားများဖြစ်သည့် ဝက်သား၊ အမဲသား အစရှိသည်တို့ကို ရှောင်နိုင်လျှင် ပိုကောင်းပါသည်။
♦️ အချိုမှုန့်သည် ဖောသွပ်ခြင်းကို အားပေးသဖြင့် ရှောင်ကြဉ်သင့်သည်။ ဟင်းရံများကို ချက်ပြုတ်ရာ၌ အချိုမှုန့်အစား စတီးဗီးယား (𝗦𝘁𝗲𝘃𝗶𝗮) ခေါ် ရွက်ချိုမှုန့်ကို အသုံးပြုနိုင်သည်။
ဒေါက်တာခင်မောင်လွင် (FAME)
ကိုးကားချက် - "သိုင်းရွိုက်ရောဂါများ" စာအုပ်၊ အခန်း (၅) သိုင်းရွိုက်ဟော်မုန်း လျော့နည်းခြင်းမှ ထုတ်နုတ်ဖော်ပြသည်။
ဟိုက်ပါသိုင်းရွိုက်ရှိသူများအတွက် အစားအသောက်ဆိုင်ရာ အကြံပြုချက်
မည်သည့်ရောဂါမဆို အဆိုပါရောဂါနှင့် လိုက်လျောညီထွေစွာ စားနိုင်ပါက ရောဂါ သက်သာပျောက်ကင်းစေရန် များစွာအထောက်အကူပြုပါသည်။ ယခုကဲ့သို့ သိုင်းရွိုက်ဟော်မုန်းများနေသော လူနာအနေနှင့် သိုင်းရွိုက်ဟော်မုန်း များခြင်းကို အားပေးသည့် အစားအစာများကို ရှောင်ကြဉ်ရန် လိုအပ်သလို သိုင်းရွိုက်ဟော်မုန်း ထွက်ရှိမှုကို ဟန့်တားနိုင်စွမ်းရှိသည့် အစားအစာများကိုလည်း ပိုမိုစားသုံးပေးသင့်ပါသည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် သောက်နေရသော သိုင်းရွိုက်ဆန့်ကျင်ဆေးများ၏ ပမာဏကို လျော့နည်းစေနိုင်မည်ဖြစ်ကာ အဆိုပါဆေးများ၏ ဘေးထွက်ဆိုးကျိုးများမှလည်း သက်သာစေနိုင်သည့် အကျိုးကျေးဇူးများလည်း ရရှိနိုင်ပါသည်။ ထို့ကြောင့် အစားအစာနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း အကြံပြုတင်ပြလိုပါသည်။
ကယ်လိုရီ
========
သိုင်းရွိုက်ဟော်မုန်းများနေလျှင် ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်များ ပိုမိုမြန်ဆန်နေသဖြင့် ကယ်လိုရီလိုအပ်ချက်လည်း များနေပါသည်။ ယင်းကို ဖြည့်တင်းမပေးပါက ကိုယ်အလေးချိန် အဆမတန် ကျသွားပါလိမ့်မည်။ ထို့ကြောင့် ကယ်လိုရီရစေသည့် ကာဘိုဟိုက်ဒြိတ်နှင့် အဆီဓာတ်များကို ပိုမိုစားပေးရန်လိုအပ်ပါသည်။ ကာဘိုဟိုက်ဒြိတ်အနေနှင့် မြန်မာတို့စားသုံးလေ့ရှိသည့် ဆန်နှင့်လုပ်သော အစားအစာများဖြစ်သည့် ထမင်း၊ မုန့်ဟင်းခါး၊ ကြာဆံ၊ ကောက်ညှင်းပေါင်း အစရှိသည်တို့ကို ပို၍စားပေးသင့်ပါသည်။
ဂျုံနှင့်လုပ်ထားသော အစားအစာများတွင် ဂလူတင် (Gluten) ဟူသည့် ဓာတ်ပစ္စည်း ပါဝင်နေလေ့ရှိသဖြင့် ဆန်လောက်မကောင်းပါ။ အနောက်နိုင်ငံများတွင်မူ ဂလူတင်မပါသော အစားအစာများ (Gluten free) ကို ထုတ်လုပ်ရောင်းချလျက် ရှိပါသည်။ ကျန်ကာဘိုဟိုက်ဒြိတ်များဖြစ်သည့် ပြောင်းဖူး၊ အာလူး၊ ကန်စွန်းဥ အစရှိသည်တို့ကိုလည်း ပိုမိုစားသုံးသင့်ပါသည်။
ဆီသည် ကယ်လိုရီ ပိုမိုရစေသခြင့် မပြည့်ဝဆီများကို ပို၍စားသင့်သည်။ ဥပမာ အဆီပါသောငါးများ၊ စားသုံးဆီများထဲမှ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ အစရှိသည်တို့ကို စားနိုင်ပါသည်။ ပုံမှန်မစားသုံးဖြစ်ပါက အိုမီဂါ-၃ ဖက်တီးအက်ဆစ် ပါဝင်သော ဖြည့်စွက်ဆေးဝါးများကိုလည်း သောက်သုံးပေးနိုင်ပါသည်။ ပြည့်ဝဆီဖြစ်သည့် ဝက်ဆီ၊ အမဲဆီ၊ စားအုန်းဆီတို့ကိုမူ နှလုံးနှင့် သွေးကြောများအတွက် အန္တရာယ်ရှိ၍ မစားသင့်ပေ။
ပရိုတင်းဓာတ်
==========
လူနာအနေနှင့် ကြွက်သားများအားနည်းခြင်း၊ အထိုင်အထ မကောင်းခြင်း၊ သွားလို့လာလို့ မကောင်းခြင်း၊ ကြွက်သားများ ပျော့လာခြင်း၊ ကြုံလှီခြင်းတို့ဖြစ်ပါက အသား၊ ငါး၊ ပုစွန်နှင့် ပဲမျိုးစုံတို့ကို ပို၍စားသင့်ပါသည်။ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ တို့သည်လည်း အထူးကောင်းမွန်ပါသည်။
အိုင်အိုဒင်းဓာတ်
============
အိုင်အိုဒင်းဓာတ် ကြွယ်ဝသော အစားအစာများသည် သိုင်းရွိုက်ဟော်မုန်းများ ပိုမိုထွက်ရှိစေသဖြင့် ရှောင်ကြဉ်သင့်သည်။ အဆိုပါအစားအစာများမှာ ပင်လယ်မှရရှိသော အစားအစာများ (Seafoods) ဖြစ်သည့် ပင်လယ်ငါး၊ ပုစွန်၊ ဂဏန်း၊ ပြည်ကြီးငါးတို့သာမက ရေမှော်၊ ရေညှိ အစရှိသည်တို့ ပါဝင်ပါသည်။ ငှက်ပျောသီးတွင်လည်း အိုင်အိုဒင်းဓာတ် ကြွယ်ဝစွာ ပါဝင်နေသည်။ မြန်မာတို့အကြိုက် ငါးပိ၊ ငံပြာရည်တို့တွင် အိုင်အိုဒင်းဓာတ် ကြွယ်ဝစွာ ပါဝင်ပါသည်။
မြန်မာနိုင်ငံတွင် အဓိက အသုံးများလျက်ရှိသည့် အိုင်အိုဒင်း ဖြည့်စွက်ထားသော အိမ်သုံးဆား (Iodized salt) ကို မစားရပါ။ ရိုးရိုးအိမ်သုံးဆားကိုသာ အသုံးပြုရပါမည်။ ခွဲစိတ်ကုသမှု သို့မဟုတ် ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း-၁၃၁ ဖြင့် ကုသပြီးလျှင်မူ အထက်ပါ အစားအစာများအားလုံးကို ပြန်စားနိုင်ပါသည်။ သိုင်းရွိုက်ဟော်မုန်း ဟန့်တားဆေးဖြင့် ကုသနေသူများကမူ ဆက်လက်ရှောင်ကြဉ်ရန် လိုအပ်ပါသည်။
ဒေါက်တာခင်မောင်လွင် (FAME)
ကိုးကားချက် - "သိုင်းရွိုက်ရောဂါများ" စာအုပ်၊ အခန်း (၄) သိုင်းရွိုက်ဟော်မုန်း များနေသည့်အခြေအနေမှ ထုတ်နုတ်ဖော်ပြသည်။
# Credit
သွားပိုးစားရောဂါ (Dental caries) နှင့် ပရိုဘိုင်အိုတစ်
-----------------------------------------
သွားပိုးစားရောဂါမှာ ခံတွင်းရှိ ရောဂါပိုး ဘက်တီးရီးယားများမှ ထုတ်လွှတ်လိုက်သည့် အက်ဆစ် များ၏ တိုက်စားမှုကြောင့် ဖြစ်လာရခြင်းဖြစ်သည်။ သွားပိုးစားရာမှ သွားကျဉ်၊ သွားကိုက်ဖြစ်ကာ ဝေဒနာ ခံစားရလေ့ရှိသည်။ သွား၏ အရင်းရှိ သွားဖုံးမှာ ရောင်ရမ်းခြင်း၊ ပြည်တည်ခြင်းမှသည် သွားဆုံးရှုံးသည်အထိ ဖြစ်တတ်ပါသည်။
သွားမျက်နှာပြင်နှင့် သွားကြား၌ တွယ်ကပ်နေသော အဆိုပါဓာတ်များနှင့် စားကြွင်းစားကျန်များကို ဘက်တီးရီးယားများက စားသုံးကာ အက်ဆစ်များ စွန့်ထုတ်လေ့ရှိသည်။ အထူးသဖြင့် ခံတွင်း ခမ်းခြောက်၍ တံတွေးမထွက်သူများတွင် ပိုဆိုးလေ့ရှိသည်။ တံတွေး အထွက်နည်းလေ့ရှိသူများမှာ ဆီးချို သွေးချိုရောဂါရှိသူများ၊ အသက်အရွယ်ကြီးသူများ၊ ခံတွင်းခမ်းခြောက်သည့် ရောဂါရှိသူများ (ဥပမာ Sjogren's syndrome) နှင့် အချို့သော ဆေးဝါးများ (ဥပမာ ဘာမီတွန်၊ စစ်ထရီဇင်း) သုံးစွဲနေသူများ၊ ခံတွင်းတစ်ဝိုက် ဓာတ်ရောင်ခြည်ဖြင့် ကုသမှု ခံယူထားရသူများတွင် တွေ့ရလေ့ရှိပါသည်။ အဆိုပါ အခြေအနေမျိုး၌ သွားနှင့်ခံတွင်း သန့်ရှင်းရေးကို ဂရုမပြုသူများတွင် ရောဂါပိုး ဘက်တီးရီးယားများ ပိုမိုပေါက်ပွားလာကာ ရောဂါဖြစ်လာရပါသည်။ အထူးသဖြင့် ညအိပ်ခါနီး သွားမတိုက်ဘဲ အိပ်သူများ၌ ပိုမိုအဖြစ်များပါသည်။ အဘယ်ကြောင့်ဆိုသော် စားကြွင်းစားကျန်များမှာ သွားနှင့် သွားဖုံးများကြား၌ တွယ်ကပ်နေသည့်အပြင် တစ်ညလုံး အိပ်နေစဉ် ပါးစပ်ပိတ်ထား၍ လေမဲ့အခြေအနေမျိုး၌ ဘက်တီးရီး ယားများ ပိုမိုပေါက်ပွားစေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သွားပိုးစားရောဂါကို ကာကွယ်ရန် သွားကို မနက်တစ်ကြိမ် ညတစ်ကြိမ် မဖြစ်မနေ တိုက်ပေးရန် အရေးကြီးပါသည်။
မွေးခါစ ကလေးများကို အမေနို့ တစ်မျိုးတည်းသာ တိုက်ပါက ခံတွင်း၌ မည်သည့် ပြဿနာမှ ပေးလေ့မရှိပါ။ အသက် ၆ လမှ ၁၂ လ အရွယ်တွင် နို့ဘူး စတင်တိုက်ကျွေးရာမှ ယင်းတွင် ပါဝင်သည့် အချိုဓာတ်များကို ဘက်တီးရီးယားများက စားသုံးကာ အက်ဆစ်နှင့် အင်ဇိုင်းများ ထုတ်လုပ်ပေးသော ကြောင့် သွားပိုးစားရောဂါ စတင်ဖြစ်ပွားလေ့ရှိပါသည်။ အထူးသဖြင့် တစ်နေကုန် နို့ဘူးကို မကြာခဏ စို့သူများ၊ ညအိပ်ရာဝင်ချိန်တွင် နို့ဘူးတန်းလန်းနှင့် အိပ်သူများတွင် ပိုမိုတွေ့ရလေ့ရှိသည်။ ရှေ့သွားများ တွင် ပိုမိုဖြစ်တတ်သော်လည်း ကျန်သွားများ၌လည်း ထိခိုက်နိုင်ပါသည်။ ယင်းသို့ ကလေးငယ်များ နို့ဘူးကြောင့် သွားပိုးစားရောဂါ ရခြင်းကို ''Baby bottle caries" ဟုခေါ်ပါသည်။
အချို့မိခင်များမှာ ကလေးများကို အစာများဝါးပြီးမှ ခွံ့ကျွေးလေ့ရှိသည်။ ယင်းသို့ ပြုလုပ်ခြင်းဖြင့် မိခင်၏ တံတွေးတွင် ပါဝင်သည့် သွားပိုးစားခြင်းကို ဖြစ်စေသော Streptococcus mutans များမှာ ကလေးထံသို့ ရောက်သွားပြီး သွားကို ဒုက္ခပေးနိုင်ပါသည်။ အလားတူ ကလေးကို နှုတ်ခမ်းချင်း နမ်းခြင်းမှလည်း လူကြီး၏ တံတွေးမှတစ်ဆင့် ဘက်တီးရီးယားများ ကူးစက်နိုင်သောကြောင့် အထူးရှောင်ကြဉ်ရန် လိုအပ်ပါသည်။
သွားပိုးစားခြင်းကို ဖြစ်စေသည့် ဘက်တီးရီးယားများ မြောက်မြားစွာ ပွားများလာခြင်း မရှိစေရန် ခံတွင်းရှိ အချို့သော ပရိုဘိုင်အိုတစ်များက လုပ်ဆောင်ပေးပါသည်။ ယင်းပရိုဘိုင်အိုတစ်များကို ထိန်းသိမ်းပေးခြင်းဖြင့် သွားပိုးစားရောဂါမှ ကာကွယ်ပေးရာ ရောက်ပါသည်။
ဒေါက်တာခင်မောင်လွင် (FAME)
ကိုးကားချက် - "ဘဝလက်တွဲဖော်အစစ် ပရိုဘိုင်အိုတစ်" စာအုပ်၊ အခန်း (၁၁) သွားနှင့်ခံတွင်း ကျန်းမာရေးနှင့် ပရိုဘိုင်အိုတစ်မှ ထုတ်နုတ်ဖော်ပြသည်။
ဆောင်းရာသီနှင့် ရင်ကျပ်ခြင်း
=================
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် ရာသီဥတု အနည်းငယ် အအေးပိုလာသည်ကို တွေ့ရပါသည်။ မနက်ပိုင်းဆိုလျှင် သိသိသာသာ အပူချိန်ကျဆင်းပြီး လေထုထဲတွင် အအေးဓာတ်ကို သိသိသာသာ ခံစားကြရပါသည်။ မြန်မာပြည်အထက်ပိုင်းဒေသများမှာဆိုလျှင် ပို၍ပင် အေးနေပေလိမ့်မည်။
ထိုကဲ့သို့သောအချိန်များတွင် ရင်ကျပ်ရောဂါရှိသူများသည် ရောဂါကြွလာတတ်သည်ကို တွေ့ရပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ရှူသွင်းလိုက်သော အေး၍ခြောက်သွေ့သည့် လေများသည် အဆုတ်အတွင်းရှိ လေပြွန်ကလေးများကို ကျဉ်းသွားစေသောကြောင့် ဖြစ်သည်။ ထိုအခါ အဆုတ်ထဲသို့ လေဝင်နှုန်းနည်းသွားပြီး ရင်ကျပ်ဝေဒနာကို ခံစားရစေပါသည်။ လေအေးများကြောင့် ချောင်းဆိုးခြင်း၊ အသက်ရှူစဉ် ရွှီရွှီအသံမြည်ခြင်းနှင့် မောခြင်းတို့ကိုလည်း ဖြစ်စေပါသည်။
ထိုသို့ ဆောင်းတွင်း ရင်ကျပ်ရောဂါ ခံစားကြရသူများအတွက် ဆောင်ရန်ရှောင်ရန်အချက်များကို မျှဝေလိုက်ပါသည်။
🔸 အလွန်အေးသော အချိန်များတွင် အိမ်ပြင်ပသို့ထွက်၍ လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ရှောင်ပါ။ အိမ်တွင်း (သို့) အားကစားခန်းမ (Gym) များအတွင်းသာ လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။
🔸 ရှူသွင်းလိုက်သော လေများကို နွေးစေရန်အတွက် ပဝါ (သို့) Mask ကိုအသုံးပြု၍ နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားပေးပါ။
🔸 အိမ်ခန်းအတွင်း လေထုစိုထိုင်းဆများစေရန် ရေငွေ့ထုတ်စက် (Humidifier) အသုံးပြုပေးပါ။
🔸 အိမ်အတွင်း ဖုန်နှင့်အမှုန်များ ကင်းဝေးစေရန် သန့်ရှင်းရေးပုံမှန်လုပ်ပါ။ သန့်ရှင်းရေးကို မိမိကိုယ်တိုင် လုပ်ဆောင်ရမည်ဆိုလျှင် Mask တပ်ပြီးမှလုပ်ပါ။
🔸 Air-con နှင့် လေသန့်စက်များ၏ လေစစ်ဆန်ခါများကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးပါ။
🔸 လက်ကို ဆပ်ပြာ (သို့) လက်သန့်ဆေးရည် အသုံးပြု၍ မကြာခဏ ဆေးကြောပေးပါ။ မျက်နှာအနီးတစ်ဝိုက် (ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံး) ကို လက်နှင့်တို့ထိခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
🔸 တုပ်ကွေးကာကွယ်ဆေး (Flu vaccine) ထိုးပါ။
🔸 အိမ်မွေးတိရစ္ဆာန်များနှင့် ဓာတ်မတည့်ပါက အဆိုပါတိရစ္ဆာန်များနှင့် လက်ပွန်းတတီး နေထိုင်ခြင်းကို ရှောင်ပါ။
🔸 ရင်ကျပ်ရောဂါ အလွန်အမင်း ဆိုးလာလျှင် နီးစပ်ရာ အရေးပေါ် ကျန်းမာရေးဌာနများသို့ သွားရောက်ပြသပါ။
ဒေါက်တာခင်မောင်လွင် (FAME)
ခြေဖနောင့်နာခြင်း
==========
ယခုတလော ကျွန်တော်တို့ရဲ့ Customer service ဌာနကို ခြေဖနောင့်အတက်ထွက်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်တွေ လာလာမေးကြလို့ ကျွန်တော် ဒီ Post လေးကို ရေးသားလိုက်ပါတယ်။
ခြေဖနောင့်နာတယ်ဆိုတာ အများအားဖြင့် ခြေဖဝါးအတွင်းရှိ အရွတ်မြှေးရောင်ရမ်းခြင်း (𝗣𝗹𝗮𝗻𝘁𝗮𝗿 𝗳𝗮𝘀𝗰𝗶𝘁𝗶𝘀) ကြောင့်ဖြစ်ရပါတယ်။ အဲ့ဒီလို ခြေဖဝါးအတွင်း အရွတ်မြှေးရောင်ရမ်းမှု ခံစားနေရတဲ့ သူတွေမှာ ၅၀% ခန့်ဟာ ခြေဖနောင့်ရိုးမှာ အရိုးအတက် (Bone spur) ထွက်နေလေ့ရှိပါတယ်။ ခြေဖနောင့်အရိုးတက် ကိုယ်၌က နာကျင်မှုကို သိပ်မဖြစ်စေဘဲ အရွတ်မြှေး ရောင်ရမ်းမှုကသာ နာကျင်မှုကို အဓိကဖြစ်စေပါတယ်။
ခြေဖဝါးအရွတ်မြှေးကို ဒဏ်ဖြစ်ခြင်းက ရောင်ရမ်းမှုရဲ့ အဓိကအကြောင်းရင်းပါ။ လမ်းလျှောက်ခြင်း၊ ပြေးခြင်းနှင့် မတ်တပ်အကြာကြီး ရပ်ရခြင်းတို့က အရွတ်မြှေးကို ဒဏ်ဖြစ်စေပါတယ်။ ကူရှင်မကောင်းတဲ့ဖိနပ်၊ မာတဲ့ဖိနပ်နဲ့ ခြေခွက်ပုံစံအတိုင်း အလိုက်သင့်တဲ့ ဒီဇိုင်းမရှိတဲ့ ဖိနပ်တွေက ခြေဖဝါးအရွတ်မြှေး ဒဏ်ဖြစ်ခြင်းကို ပိုဆိုးစေပါတယ်။ အဲ့ဒီအခါမှာ ခြေဖဝါးအရွတ်မြှေး ရောင်ရမ်းလာပြီး နာကျင်မှုကို ခံစားရစေပါတယ်။
ဆောင်ရန်/ရှောင်ရန်များ
=============
✔️ ခြေထောက်ကို အနားပေးပါ။ ကိုယ်အလေးချိန် လျှော့ချပါ။ ဆိုးပြား ပျော့အိသောဖိနပ်၊ ခြေထောက်ပုံစံအတိုင်း အလိုက်သင့်ဖြစ်အောင် ဒီဇိုင်းထုတ်ထားသော ဖိနပ်များကို စီးပါ။ ဖိနပ်အတွင်း Insole ခေါ် ခြေနင်းပြားလေးများ ခုခံပြီးလည်း စီးနိုင်ပါတယ်။
✔️ မျက်နှာပြင်အမာများပေါ်တွင် ဖိနပ်မပါဘဲ ခြေဗလာနှင့် လမ်းလျှောက်ခြင်း၊ မာသောဖိနပ်စီးခြင်းတို့ကို ရှောင်ပါ။
✔️ ခြေထောက်နာနေစဉ် လမ်းလျှောက်ခြင်း၊ ပြေးခြင်းစသော ပုံမှန်လုပ်နေကျ လေ့ကျင့်ခန်းများကို လျှော့လုပ်ပါ။ ခတ္တခဏ နားထားပါ။ လေ့ကျင့်ခန်း မလုပ်မီနှင့် လုပ်ပြီးချိန်များတွင် အကြောလျှော့ပေးပါ။
✔️ ခြေထောက်ကို ပိုမိုနာကျင်စေတဲ့ မည်သည့်အပြုအမူမဆို ရှောင်ကြဉ်ပါ။
✔️ စိတ်ရှည်ပါ။ ခြေဖဝါးအရွတ်မြှေး ရောင်ရမ်းခြင်းသည် တမဟုတ်ချင်း သက်သာသွားမည့် ရောဂါမဟုတ်ပါ။ အချိန်ယူ ကုသရပါမယ်။
✔️ လိုအပ်ပါက အရိုးအထူးကုဆရာဝန်များ၊ အကြောဘက်ဆိုင်ရာ ဆေးဘက်ကျွမ်းကျင် (Physiotherapist) တို့နှင့် သွားရောက်ပြသသင့်ပါတယ်။
ကုသခြင်း
======
ကုသမှုအနေနဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေး အများစုဟာ အစာအိမ်ကို ထိခိုက်စေနိုင်တာကြောင့် အစာနှင့်တွဲပြီး သောက်သုံးသင့်ပါတယ်။ ညအိပ်ရာဝင်ခြေကျပ်စည်း (Night splint) ကိုလည်း စီးပေးနိုင်ပါတယ်။ မသက်သာရင် ဖနောင့်ကို စတီးရွိုက်အရောင်ကျဆေးများ ထိုးတာ၊ ကျောက်ပတ်တီးစီးတာ စတဲ့ကုသမှုတွေ ခံယူရနိုင်သလို ခွဲစိတ်ကုသမှုတွေအထိ ပြုလုပ်ရနိုင်ပါတယ်။
သဘာဝဆေးဝါးတွေထဲကနေ မိုးမခပင်ရဲ့ အခေါက်ကနေရရှိတဲ့ ဆယ်လီစင် (𝗦𝗮𝗹𝗶𝗰𝗶𝗻) ဒြပ်ပေါင်း၊ နနွင်း (𝗧𝘂𝗿𝗺𝗲𝗿𝗶𝗰)၊ နာနတ်သီးကနေရရှိတဲ့ ဘရိုမယ်လိန်း (𝗕𝗿𝗼𝗺𝗲𝗹𝗮𝗶𝗻) ဒြပ်ပေါင်းနဲ့ အိုမီဂါ-၃ ဖက်တီးအက်ဆစ် (𝗢𝗺𝗲𝗴𝗮 𝟯 𝗳𝗮𝘁𝘁𝘆 𝗮𝗰𝗶𝗱) တို့ကို ခြေဖဝါးအတွင်း အရွတ်မြှေး ရောင်ရမ်းမှုအတွက် အသုံးပြုနိုင်တာကို တွေ့ရပါတယ်။
မိုးမခပင်ကနေရရှိတဲ့ ဆယ်လီစင်ဒြပ်ပေါင်းနဲ့ နနွင်းမှာပါဝင်တဲ့ ကာကူမင် (𝗖𝘂𝗿𝗰𝘂𝗺𝗶𝗻) ဒြပ်ပေါင်းတို့ဟာ နာကျင်မှုနှင့်ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ ဘရိုမယ်လိန်း ဒြပ်ပေါင်းနဲ့ အိုမီဂါ-၃ တို့ဟာလည်း ရောင်ရမ်းမှုကို ကျဆင်းစေတယ်။ နိုင်ငံတကာသုတေသနတွေအရ ကာကူမင်နှင့် ဘရိုမယ်လိန်းတို့ရဲ့ ခြေဖဝါးအရွတ်မြှေး ရောင်ရမ်းမှုကို ကျဆင်းစေတဲ့ အာနိသင်ဟာ အခြား ဈေးကွက်အတွင်း လက်ရှိအသုံးပြုနေတဲ့ အရောင်ကျဆေးတွေနည်းတူ အစွမ်းထက်ကြောင်း တွေ့ရပါတယ်။
ဒေါက်တာခင်မောင်လွင် (FAME)
🙂ကဲအားလုံး သိပြီးကြပြီလား
ချစ်သော ကာကာတို့ရေ...🙂
🪷🪷ကျော် အစာကြေလေနိုင် လျက်ဆား
တစ်ဘူးကို 500ကျပ်ဖြင့်
ကျော် ဆေးကုခန်းနှင့် ဆေးဆိုင်မှာ ဝယ်ယူလို့ ရနေပါပြီ🪷🪷
💊💊ကျော် လျက်ဆားကို မှီဝဲသုံးစွဲခြင်းကြောင့်
ပျောက်ကင်းနိုင်မယ့် ရောဂါလက္ခဏာတွေကတော့
အစာမကြေရင်ပြည့်ရင်ကယ်
လေထိုးလေအောင့် ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း
ခံတွင်းပျက်ခြင်း
ချောင်းဆိုး သလိပ်ကပ်ခြင်း စတဲ့ ခံစားနေရတဲ့
ဝေသနာတွေ ကို တခဏအတွင်းမှာပဲ သက်သာပျောက်ကင်းစေပါတယ်ရှင့်💊💊
💰လက်ကား ဝယ်ယူလိုသူများအတွက်လဲ
သီးသန့်ဈေးနှုန်းရှိပါတယ်ရှင့်💰
☎️ဆက်သွယ်မှာယူချင်တယ်ဆိုရင်တော့
09 428123090
09 940773942 သို့ ဖုန်းဆက်မှာယူနိုင်ပါတယ်ရှင့်☎️
💐💐ကျော် ဆေးကုခန်း နှင့် ဆေးဆိုင်မှာ အစဉ်တစိုက် ဝယ်ယူ အားပေးကြတဲ့ ဈေးဝယ်သူများအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာလို့ ချမ်းသာကြပါစေ💐💐
# ကျော် အင်္ဂလိပ်ဆေးနှင့် မြန်မာဆေးမျိုးစုံ
"အနံ့လေးသင်းပြီး
ဝေဒနာတွေ
အမြစ်ပြတ်ဖို့
ရွှေပင်ဆီ ကို
အိမ်တိုင်း ဆောင်ထားစို့💜"
အရမ်းလည်းကောင်းပြီး ရောင်းအားသွက်နေတဲ့ လိမ်းဆေးလေး😍
👉 အကြောအမျိူးမျိူးကြောင့်ဖြစ်တတ်သော ရောဂါများ ပုခုံးကပ်ခြင်း /ဒူးနာခြင်း / ခါးနာခြင်း/ ဒူးကိုက်ခြင်း / ခါးကိုက်ခြင်း /လေဖြတ်ခြင်း😱
လေးဘက်နာရောဂါ လေငန်းအမျိူးမျိူး😱
ခေါင်းကိုက်ခြင်း /အုံးလွဲ အဖုအကျိတ်နှင့်အခြား ရောဂါများလည်းသက်သာစေပါတယ်😍
အာမခံပါတယ်နော် 👉 15မိနစ်အတွင်း သိသိသာသာ သက်သာပျောက်ကင်းစေပါတယ်🤞
1ဘူး 👉 2000
10ဘူးယူ 😱1900ကျပ်💜
09 428123090 သို့ ဆက်သွယ်မှာယူနိုင်ပါတယ် .....
ဆောင်းရာသီနှင့် ထိပ်ကပ်နာ
================
ရာသီဥတုအေးလာသည်နှင့်အမျှ နှာစေး၊ နှာပိတ်၊ အအေးမိ ဖြစ်ပွားမှုနှုန်းကို မြင့်တက်လာစေသည်ကို တွေ့ရပါသည်။ ထိုအခါ ထိပ်ကပ်နာဖြစ်နေသူများနှင့် ဖြစ်ဖူးသူများအဖို့ ရောဂါလက္ခဏာများ ပိုဆိုးလာနိုင်သလို ရောဂါပြန်လည်ကြွလာနိုင်ပါသည်။ ထို့ကြောင့် ထိပ်ကပ်နာရောဂါ မဖြစ်ပွားစေရန် ဆောင်ရန်ရှောင်ရန်များကို တင်ပြလိုက်ရပါသည်။
ဆောင်းတွင်းတွင် လေထုအပူချိန်ကျဆင်းလာပြီး အေး၍ခြောက်သွေ့သော လေများကို ရှူရှိုက်ကြရပါသည်။ ထိုအခါ ကျွန်တော်တို့ နှာခေါင်းအနီးတစ်ဝိုက် ဦးခေါင်းခွံအတွင်းရှိ လေဝင်အခန်းငယ်များ (Sinuses) သို့ ခြောက်သွေ့သောလေအေးများ ဝင်ရောက်ပြီး အတွင်းရှိ ချွဲ (Mucus) များကို စေးပျစ်စေသလို ရောင်ရမ်းမှုကိုလည်း ဖြစ်စေပါသည်။ ထို့ကြောင့် မိမိရှူသွင်းရမည့် လေကို စိုထိုင်းဆတိုးစေရန်အတွက် ရေငွေ့ထုတ်စက် (Humidifier) ကိုအိပ်နေစဉ် အိပ်ခန်းအတွင်း ဖွင့်ပေးထားသင့်ပါသည်။ အလားတူ ရေနွေးငွေ့ကိုလည်း ရှူပေးနိုင်ပါသည်။ ရေနွေးငွေ့သည် နှာပိတ်ခြင်းကို သိသိသာသာ သက်သာစေနိုင်ပါသည်။
ဆောင်းရာသီအဝင် ရာသီကူးပြောင်းချိန်တွင် အအေးမိ၊ တုပ်ကွေးရောဂါများ (Common cold and Flu) အလွန်အဖြစ်များသည်ကို တွေ့ရပါသည်။ ထိုသို့ အအေးမိ၊ တုပ်ကွေးရောဂါများ ဖြစ်လျှင် ထိပ်ကပ်နာလက္ခဏာများကို ပိုဆိုးစေပါသည်။ ထိုအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ကာကွယ်ရန် လက်မကြာခဏဆေးခြင်း နှင့် Mask တပ်ခြင်းစသည်တို့ကို လုပ်ဆောင်သင့်ပါသည်။
ဓာတ်မတည့်မှု (Allergy) ရှိသူများသည်လည်း ဖုန်/အမှုန်/ မှိုများ၊ ပန်းဝတ်မှုန်များနှင့် တိရစ္ဆာန်အမွေးများ စသော အလာဂျီဖြစ်စေသည့် အရာများကို ရှောင်ကြဉ်ပေးရပါမည်။ ထိုအရာများနှင့် မဖြစ်မနေ အနီးကပ် လုပ်ဆောင်ဖွယ်ရာများကို လုပ်ဆောင်ရန် လိုအပ်လာလျှင် နှာခေါင်းစည်း Mask တပ်ပြီး လုပ်ဆောင်သင့်ပါသည်။
ဒေါက်တာခင်မောင်လွင် (FAME)
၇၅နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြု ကြိုဆိုပါသည်။
Aw Kyaw business group
Pharmacy
#ဝိဇ္ဇာကျော် Pharmacy
PTT Group ၏ ကျေးဇူးနဲ့
#ကျော် ဆေးကုခန်း နဲ့ ဆေးဆိုင် ဖွင့် ခဲ့တာ
အခုဆို ၃ နှစ် ရှိခဲ့ပါပြီး
PTT Group နဲ့ မိုး အဖွဲ့တို့
ကြီးပွါးချမ်းသာ တိုးတက်ကြပါစေ 🙏🙏🙏
2023 နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းတွေနဲ့ အေးချမ်း ပျော်ရွှင်သော နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ပါစေ.....
# Credit
ဆီးချိုရောဂါရှိသူတိုင်း မသိမဖြစ် သိသင့်တဲ့ 𝗛𝗯𝗔𝟭𝗰 စစ်ဆေးခြင်းအကြောင်း
𝗛𝗯𝗔𝟭𝗰 စစ်ဆေးတယ်ဆိုတာ ဘာလဲ❓❓
𝗛𝗯𝗔𝟭𝗰 ကို ဟေမိုဂလိုဘင် အေဝမ်းစီ (သို့) အိပ်ချ်ဘီအေဝမ်းစီ လို့ခေါ်ပါတယ်။ 𝗛𝗯𝗔𝟭𝗰 က သွေးထဲမှာရှိတဲ့ သကြားဓာတ်နဲ့ ပေါင်းနေတဲ့ သွေးနီဥထဲမှာရှိတဲ့ ဟေမိုဂလိုဘင် (Glycated hemoglobin) ပမာဏကို တိုင်းတာတာပါ။ သူ့ကို ရာခိုင်နှုန်း (%) ဒါမှမဟုတ် mmol/mol စတဲ့ unit တွေနဲ့တိုင်းတာပါတယ်။ ဒီမှာတော့ ရာခိုင်နှုန်း(%) နဲ့ ပြကြတာ များပါတယ်။
𝗛𝗯𝗔𝟭𝗰 ကို ဘယ်လိုစစ်ဆေးနိုင်သလဲ❓❓
အခြားသွေးစစ်ဆေးမှုတွေလိုပဲ လက်ဖျံက သွေးပြန်ကြောကနေ သွေးကို ဖောက်ယူစစ်ဆေးရတာပါ။ ဓာတ်ခွဲခန်းမှာ စစ်ဆေးရတာဖြစ်ပြီး သွေးဖောက်ပေးဖို့ ကျွမ်းကျင်သူလိုပါတယ်။
𝗛𝗯𝗔𝟭𝗰 စစ်ဆေးရင် ဘာကိုသိနိုင်သလဲ❓❓
သွေးနီဥတွေရဲ့ သက်တမ်းက ရက် ၁၂၀ ခန့်ရှိတာမို့လို့ 𝗛𝗯𝗔𝟭𝗰 ပမာဏ တစ်ကြိမ်တိုင်းတာခြင်းဟာ လွန်ခဲ့တဲ့ ၃လအတွင်း သွေးထဲမှာရှိတဲ့ သကြားဓာတ်ပျမ်းမျှခြင်းကို ကိုယ်စားပြုပါတယ်။ လက်ထိပ်ဖောက်စစ်တဲ့ သွေးချိုစစ်ဆေးခြင်းလိုမျိုး အချိန်တစ်ချိန်မှာရှိတဲ့ သွေးတွင်းသကြားဓာတ် မဟုတ်လို့ ပိုပြီးသေချာပါတယ်။
သွေးအတွင်း 𝗛𝗯𝗔𝟭𝗰 ပမာဏကို သိရရင် ဘယ်လိုအသုံးဝင်ပါသလဲ❓❓
𝗛𝗯𝗔𝟭𝗰 ပမာဏကို ဆီးချိုရောဂါရှိ/မရှိနဲ့ ဆီးချိုရောဂါကို ကုသမှုတွေ ခံယူနေစဉ်မှာ ဆီးချိုထိန်းနိုင်မှု (Sugar Control) ကောင်း/မကောင်း ဆန်းစစ်ရာမှာ အသုံးပြုပါတယ်။
✔️ 𝗛𝗯𝗔𝟭𝗰 ဟာ 6.5% (48 mmol/mol) ထက်များနေရင် ဆီးချိုရောဂါရှိပြီလို့ သတ်မှတ်ပါတယ်။
✔️ ဆီးချိုရောဂါကို ကုသမှုတွေ ခံယူနေစဉ်မှာ 7.0% (53 mmol/mol) အောက်နည်းရင် ဆီးချိုထိန်းနိုင်နေပြီလို့ ပြောလို့ရပါတယ်။ 6.5% (48 mmol/mol) အောက်အထိရောက်ပြီး ပုံမှန်ထဲဝင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။
𝗛𝗯𝗔𝟭𝗰 စစ်ဆေးမှုကို ဘယ်သူမဆို ပြုလုပ်လို့ ရလား❓❓
𝗛𝗯𝗔𝟭𝗰 စစ်ဆေးမှုကို ဆီးချိုရောဂါရှိသူတိုင်း ပြုလုပ်သင့်ပါတယ်။ ဒါပေမဲ့ အမျိုးအစား-၁ ဆီးချိုရောဂါ၊ ကိုယ်ဝန်ဆောင်စဉ်ဖြစ်တဲ့ ဆီးချို၊ လတ်တလော သွေးသွင်းကုသမှု ခံယူထားရသူတွေ၊ သွေးအားနည်းသူတွေ၊ သာလာဆီးမီးယားလိုမျိုး သွေးရောဂါရှိသူတွေ၊ အချို့သော ကျောက်ကပ်ရောဂါနဲ့ အသည်းရောဂါတွေမှာ ပြုလုပ်မယ်ဆိုရင်တော့ 𝗛𝗯𝗔𝟭𝗰 အဖြေ မှားယွင်းနိုင်ပါတယ်။
ဒေါက်တာခင်မောင်လွင် (FAME)
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the practice
Telephone
Website
Address
Yangon
ရန်ကုန်၊ မန်းလေး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09766888990
Formula 41 ကုမ္ပဏီတိုက်ရိုက် မှာယူလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ။ လက်လီ/လက္ကားရပါသည်။ �
Yangon
အတူနေချိန်စွမ်းဆောင်ရည်ကောင်းတွေရရှိစေဖို့ ကျား/မ ဆေးမျိုးစုံလက်လီ-လက်ကား 09940875707 (viber) (cb)
No. 29 Khaing Shwe War Street, Kamaryut Tsp
Yangon, 11041
သူနာပြုအကူသင်တန်းနှင့် ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း
တစ်နိုင်ငံလုံးနီးပါး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09774144361
Hammer Of Thor ကုမ္ပဏီတိုက်ရိုက် မှာယူလိုပါက ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။