Love Letter
ဘာမေးမေး မေတ္တာရှိတယ်လို့ ဘဲဖြေတဲ့။
၁၃၈၅ခု၊ တပို့တွဲလဆန်း(၅)ရက် (ဗုဒ္ဓဟူးနေ့)
ကိုကို့ ဘေပီလေး...
တွဲလာတဲ့ ချစ်သူသက်တမ်း7နှစ် ကျော်မှာ ဘာတစ်ခုမှပူဆာေတာင်းဆိုတာမျိူးတစ်ခါမှမရှိခဲ့တဲ့ ဘေပီလေး ကိုကိုလည်းအလိုက်တသိနဲ့ဘာတခုမှလုပ်မပေးဖူးခဲ့လည်း အမြဲနားလည် ခွင့်လွတ်သည်းခံပေးခဲ့တာ တောင် ဘေပီ့အပါ်ထားခဲ့တဲ့ ကိုကို့အတ္တတွေအတွက် တောင်းပန်ပါတယ် အနားမှာရှိရတဲ့အချိန်ထက် အမြဲလိုလို ldrs ဖစ်နေခဲ့ပေမယ့်လဲ သစ္စာရှိရှိ ကိုကို့ကိုအခုချိန်ထိ မငြိုငြင်ဘဲ ဘေးမှာဆက်ပီးရှိနေပေးတဲ့အတွက် ကျေးဇူးအထူးပါ အများကြီးချစ်တယ်ေနာ်
"ပျော်ရွှင်သော ချစ်သူများနေ့ဖြစ်ပါစေ"
မှ/-
ကိုကို
၁၃၈၅ခု၊ ပြာသိုလဆန်း (၁၂)ရက်၊ တနင်္လာနေ့။
သို့
မိုင်ဘေဘီ. . .
ငယ်ငယ့်ရဲ့ အချစ်လေးအနေနဲ့ နေလာပေးလာတာ ပထမဆုံးတစ်နှစ်တာပြည့်ပြီပဲ. . .
ပျော်ရွှင်စရာ နှစ်ပတ်လည်နေ့လေးပါ အချစ်လေး ။
ဒီအတောအတွင်း အကြိမ်ကြိမ်ကတိပေးခဲ့တာတွေကိုလည်း သည်းခံပေးလို့ အများကြီးကျေးဇူးတင်ပါတယ်။
ပြီးတော့ အရာရာတိုင်း လှလှလေးရှိနေပေးလို့လည်း အများကြီး ချစ်ပါတယ်။
အများကြီးပျော်အောင်ထားပေးပြီး ဘယ်တော့မှ မတင်းတိမ်သွားတဲ့အထိ
ချစ်ပေးပါ့မယ်...
မှ/-
ငယ်ငယ်
#၁၃၈၅ခု
#ဘာမေးမေးမေတ္တာရှိတယ်လို့ဘဲဖြေတဲ့
ဖေဖော်ဝါရီ ၁၄ ...
(အထူးထုတ်)
မေတ္တာစာတိုက်လေး ပြန်ဖွင့်ပါပြီ
စာလက်ခံမည့်ရက်
ဖေဖော်ဝါရီ - ၁ရက်မှ ၉ရက်ထိ။
အဘိုးငွေ - ၅၀၀၀ိ ကျပ်
(စာလုံးရေ - ၆၀)
ရေတာရှည်မြို့ အနီးတဝိုက်မှ ချစ်ကြသူများမှ
စာနှင့် စာအုပ်လေးများ တွဲရက်မှာယူလိုပါက
Linn's Bookshop တွင်မှာယူလို့ရနိုင်ပါတယ်။
#၁၃၈၅ခု
#ဘာမေးမေးမေတ္တာရှိတယ်လို့ဘဲဖြေတဲ့
နှောင်ကြိုးတွေကို မေတ္တာစာထဲကရှာမှာလား . . .
ပျော်ရွှင်မှုတွေကို စာအုပ်ထဲကရှာမှာလား . . .
Coming Soon . . .
Hello guys ~
မင်မင်တို့ valentine အတွက် အထူးစီစဉ်ထားတာလေး ရှိပါတယ်ရှင့်။ Love Letter page လေးနဲ့ collaboration လုပ်ထားတာပါရှင့်။ အားလုံး သဘောကျ နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်ရှင့်။ ၁ရက်နေ့ကျ post အသေးစိတ်လေးတင်ပြီး order လက်ခံပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်✉️💛
၁၃၈၅ခု၊ ပြာသိုလပြည့် (၁၅)ရက်၊ ကြာသတေးနေ့။
သို့
မွေးနေ့မှာ ပျော်ရွှင်ပါစေအကို...
နေကောင်းရဲ့လား...
ကျန်းမာရေးဂရုစိုက်ပါ။
ဘဝရဲ့ အောင်မြင်မှုတွေကို
တစ်ခုချင်းစီ စိုက်ထူသွားပါ...
အရင်က အကို့အပေါ်မှားခဲ့တာတွေ
ဆိုးခဲ့တာတွေအတွက်လည်း တောင်းပန်ချင်တယ်။
အခုကစပြီးတော့
မိတ်ဆွေတွေဖြစ်သွားပြီနော်...
#၁၃၈၅ခု
#ဘာမေးမေးမေတ္တာရှိတယ်လို့ဘဲဖြေတဲ့
၁၃၈၅ခု၊ ပြာသိုလဆန်း (၉)ရက် (သောကြာနေ့)
သို့
ချစ်ရသော သဲလေး . . .
ဒီစာလေးကိုကောင်းမွန်စွာလက်ခံရရှိမယ်လို့မျှော်လင့်ပါတယ်။ ကိုကို့ရဲ့အချစ်တွေကိုဖော်ပြတဲ့အချိန်မှာ တခါတလေ စကားလုံးတွေနဲ့ဘဲဆို မေ့သွားမှာစိုးလို့ ခုလိုစာလေးရေးလိုက်တာပါ။
သဲလေးကိုစတွေ့တဲ့အချိန်ကစပြီး သဲရဲ့အပြုအမူလေးတွေကြောင့် ထူးဆန်းတဲ့ ခံစားချက်တွေစတင်ပေါက်ဖွားလာတာပါ။သဲလေးရဲ့အပြုံးတွေက ကိုကို့ဘဝအတွက် အလင်းရောင်တွေပါ။ကိုကိုတို့အတူရှိခဲ့တဲ့အချိန်တွေ အခိုက်အတန့်တွေ အရာအားလုံးကို ကိုကိုတန်ဖိုးထားပါတယ်။ သဲလေးကသာ ဘဝမှာအချစ်ဆိုတဲ့အရာကို ပထမဆုံး ထဲထဲဝင်ဝင် သိရှိလာအောင်သင်ပြပေးသူပါ။ သဲရဲ့အချစ်တွေကြောင့် ကိုကိုက သဲအတွက်အမြဲတမ်းအကောင်းဆုံးလူဖြစ်အောင် ကြိုးစားချင်စိတ်တွေဖြစ်ပေါ်စေပါတယ်။ ကြိုးလဲကြိုးစားနေပါတယ်။
ကိုကို့ကိုပျော်ရွှင်အောင်လုပ်ပေးသလို ကိုကိုလည်း အမြဲတမ်းသဲလေးကိုပျော်ရွှင်အောင် ထားချင်ပါတယ်။ ကိုကိုနှလုံးသားက သဲအတွက်အမြဲတမ်းဂရုစိုက်ပြီး ပျော်ရွှင်အောင် ထားပါမယ်လို့ ကိုကိုကတိပေးပါတယ်။ ရှေ့လျောက် နှစ်ယောက်အတူ ဘဝတစ်ခုကို ပျော်ပျော်ရွှင်ရွှင် ကြင်ကြင်နာနာတည်ဆောက်ချင်ပါတယ် ။
သဲဘဝရဲ့ တစ်စိတ်တစ်ပိုင်းမှာ ကိုကို့ကို ပါဝင်ခွင့်ပေးလို့အများကြီးကျေးဇူးတင်ပါတယ်။သဲကို စကားလုံးတွေ စာတွေနဲ့ဖော်ပြလို့ မရအောင်ကို ချစ်ပါတယ်ဗျ။
မှ /-
သဲလေးရဲ့ . . .
ကိုကို
#၁၃၈၅ခု
#ဘာမေးမေးမေတ္တာရှိတယ်လို့ဘဲဖြေတဲ့
စာအမှာများကို ယနေ့ညနေ
နောက်ဆုံးထားပြီး ပေးပို့ပေးပါ ခင်ဗျ။
#ဘာမေးမေးမေတ္တာရှိတယ်လို့ဖြေတဲ့
#၁၃၈၅ခု
၁၃၈၅ခု ပြာသိုလဆန်း ၇ရက် ဗုဒ္ဓဟူးနေ့
" ရေးပြီးပို့လိုက်တဲ့ မေတ္တာစာတွေကို ဖတ်ပြီးတဲ့အခါ ချစ်နိုင်၊ မချစ်နိုင် လူကိုယ်တိုင်လာပြောတော့ ...
စာရေးပြီး တယောက်ယောက်နဲ့ ပေးခိုင်းလို့ရသားဘဲဟာ”
ကျေးဇူးတော််နေ့ / မျှားနီ
စာလက်ခံမည့်ရက်
------------------
ဇန်နဝါရီလ - ၁၇ ရက်မှ ၁၉ ရက်နေ့ထိ။
အဘိုးငွေ - ၅၀၀ဝိ/-
(စာလုံးရေ ၆၀)
(ဗမာ တပြည်လုံး အနှံ့)
၁၃၈၅ခု တန်ဆောင်မုန်းလဆုတ် ၇ရက် တနင်္လာနေ့။
"ဆောင်းတွင်းရဲ့ အေးမြမှုကို... မေတ္တာစာနဲ့ အန်တုပါ"
ချစ်ကြသူများ
မေတ္တာစာတိုက်လေး ပြန်ဖွင့်ပါပြီ . . .
စာလက်ခံမည့်ရက်
------------------
ဒီဇင်ဘာလ - ၄ ရက်မှ ၈ ရက်နေ့ထိ။
အဘိုးငွေ - ၅၀၀ဝိ/-
(စာလုံးရေ ၆၀)
(ဗမာ တပြည်လုံး အနှံ့)
ပထမဆုံးဖွင့်ဖတ်ဖြစ်တဲ့ နှစ် ၂၅၀ ကျော်က မေတ္တာစာတွေ
ပြင်သစ်နဲ့ ဗြိတိန်ကြား ဖြစ်ခဲ့တဲ့ ၇ နှစ်စစ်ပွဲကာလအတွင်း ပြင်သစ်ရေတပ်သားတွေဆီ သူတို့ရဲ့ချစ်သူတွေ၊ ဇနီးတွေ၊ မိသားစုတွေ ရေးပို့တဲ့ စာတွေကို အခုမှ ပထမဆုံးဖွင့်ဖောက်ဖြစ်ခဲ့ကြပါတယ်။ စာတွေကို ဗြိတိသျှတော်ဝင်ရေတပ်က သိမ်းယူထားခဲ့တာပါ။ ၁၇၅၇-၈ အတွင်းက ရေးခဲ့တဲ့စာတွေက ပြင်သစ်ရေတပ်သင်္ဘောတစ်စီးပေါ်က စစ်သည်တွေဆီပို့ခဲ့တာ ဖြစ်ပြီး သူတို့လက်ထဲ ဘယ်တုန်းကမှ မရောက်ခဲ့ပါဘူး။ မော်ကွန်းတိုက်မှာ သိမ်းထားတဲ့ ဒီစာတွေကို တွေ့ရှိပြီး ဖတ်ခဲ့ရတဲ့ အောက်စဖို့ တက္ကသိုလ်က ပါမောက္ခရေနိုးမိုရီယက်စ်ကတော့ စာတွေကနေ ၁၇၀၀ နှစ်တွေတုန်းက ရေတပ်သားတွေနဲ့ သူတို့မိသားစုတွေရဲ့ ဘဝတွေအကြောင်းသိရပြီး စာတွေက ဇနီးသည်တစ်ယောက်က ခင်ပွန်းဆီရေးတဲ့စာမျိုးကနေ သူ့ဆီစာမရေးတဲ့သားကို ဆူနေတဲ့ မိခင်တစ်ယောက်ရဲ့ စာမျိုးတွေပါတယ်လို့ဆိုပါတယ်။
ပြန်မရနိုင်တော့တဲ့
ကလေးဘဝ သီတင်းကျွတ် ည . . .
၁၃၈၅ခု၊ တော်သလင်းလဆုတ် ၁ ရက်၊ စနေနေ့။
သို့
ကိုကို...
ပျော်ရွှင်စရာ မွေးနေ့လေးပါနော် …
သဲတို့ရဲ့ နှစ်ပတ်လည်နေ့လဲ ဖြစ်တဲ့အတွက်...
အမှတ်တရလေး အဖြစ် ချစ်စကားလေးပါးလိုက်ပါ တယ်နော်....
ဒီနေ့ ဒီရက်မှစပြီး နောင်လာမဲ့ နှစ်များစွာတိုင်အောင်
ကိုကိုနဲ့မခွဲအတူ အေးတူပူအမျှ ချစ်နေခွင့်ရပါရစေ..
ကိုကိုသက်ရှည်ကျန်းမာပြီး ပျော်ရွှင်စွာနဲ့ နေ့ရက် တိုင်းကို ရှင်သန်ဖြတ်သန်းနိုင်ပါစေ...
ကိုကို့အပေါ် တစ်နေ့ထပ်တစ်နေ့ ပိုပိုတိုးပြီး အသက်တမျှ
ချစ်ရပါတယ်လို့....
ကိုကို့ရဲ့ရစ်လုံးလေးမှ ဆုမွန်ကောင်းနှင့်အတူ ...
ချစ်စကားလေးပါးရင်းး
အတူထပ်ဆုံရမယ့်နေ့ကိုစောင့်မျှော်နေပါတယ်...
#၁၃၈၅ခု
#ဘာမေးမေးမေတ္တာရှိတယ်လို့ဘဲဖြေတဲ့
၁၃၈၅ခု၊ ဝါဆိုလဆန်း ၈ရက်၊ စနေနေ့။
ချစ်ရပါသော ကောင်မလေးရေ ...
ဘယ်သူတွေဘယ်လိုပြောပြော ဘယ်လောက်အခက်အခဲတွေရှိရှိ တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင် တစ်ယောက်ဘေးမှာတစ်ယောက်ရှိနေရင်ရပြီဆိုပြီး အတူတူဖြတ်ကျော်ပေးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုစာအတွက်ကျေးဇူးတင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ချစ်စနိုးနဲ့ အဖိုးကြီးအဖွားကြီးခေါ်နေကြတဲ့အချိန်တွေကနေ သူများတွေက အဖိုးကြီး၊အဖွားကြီးလို့ နာမ်စားသုံးရတဲ့အချိန်အထိ နေ့ရက်တိုင်းကို မင်းလက်ကလေးကိုင်ပြီး ဖြတ်သန်းခွင့်ပြုပါ။
မင်းကိုပဲချစ်တယ်...
မင်းနဲ့ပဲအတူ အိုမင်းသွားချင်တယ်...
မှ/-
ချစ်သောမောင်
#၁၃၈၅ခု
#ဘာမေးမေးမေတ္တာရှိတယ်လို့ဘဲဖြေတဲ့
စာထည့်ကြမယ့် ချစ်ကြသူများအတွက်
မေတ္တာစာတိုက်လေး ပြန်ဖွင့်ပါပြီ . . .
စာတိုက်လေး ပြန်ဖွင့်မယ့် အချိန်လေးကို
စောင့်ဆိုင်းပေးနေကြတဲ့ ချစ်ကြသူများကို
မေတ္တာစာတိုက်လေးမှ ကျေးဇူးတင်ရှိပါတယ်။
"မချစ်ဘဲနေလို့မရဘူးလေ၊
နင်နဲ့အသိဖြစ်ပြီးမှ၊ တွေ့ပြီးမှတော့
ငါ့ကို မချစ်နဲ့တို့ ...
ဝေးဝေးနေတို့ ပြောလို့မရဘူး၊
တွေ့မိပြီ၊ ချစ်မိပြီ"
ဝေဝေရီရီ
ဇော်ဇော်အောင်
#ဘာမေးမေးမေတ္တာရှိတယ်လို့ဖြေတဲ့
#၁၃၈၅ခု
စာရေးဆရာကြီး ရွှေဥဒေါင်းကွယ်လွန်တာ နှစ် ၅၀ ပြည့်ပါပြီ။ ရွှေဥဒေါင်းခေါ် ဦးဖေသိန်းဟာ မန္တလေးသား ဖြစ်ပြီး မြန်မာဘုရင်ခေတ်က မင်းမှုထမ်း အဆက်အနွယ် ဖြစ်ပါတယ်။
ရွှေဥဒေါင်းနဲ့ နှစ်ပေါင်း ၁၃ဝ - BBC News မြန်မာ စုံထောက် ဦးစံရှား ဖခင်ကြီး အသက် ၁၃ဝ ပြည့်တော့မယ်
စာထည့်ကြမယ့် ချစ်ကြသူများအတွက်
မေတ္တာစာတိုက်လေး ပြန်ဖွင့်ပါပြီ . . .
စာတိုက်လေး ပြန်ဖွင့်မယ့် အချိန်လေးကို
စောင့်ဆိုင်းပေးနေကြတဲ့ ချစ်ကြသူများကို
မေတ္တာစာတိုက်လေးမှ ကျေးဇူးတင်ရှိပါတယ်။
မိန်းမပျိုကလေးရေ . . .
အမှတ်တမဲ့ တွေ့ဆုံမူက
ဘဝတခုရဲ့ အမှတ်တရ ဖြစ်နေမလား။
(လင်းအောင်)
#ဘာမေးမေးမေတ္တာရှိတယ်လို့ဖြေတဲ့
#၁၃၈၅ခု
၁၃၈၅ခု၊ ဝါဆိုလဆန်း(၁၄)ရက်၊ စနေနေ့။
သို့
မိုင်ဆန်းရှိုင်းလေး
အခုတလော အလုပ်တွေ အရမ်းပိလို့ ပင်ပန်းနေပြီလား။ အချစ်တခါတလေ ပင်ပန်းလို့ ငြီးငြူတဲ့ အခါ အငြိမ်းက မချော့ပဲ ပြန်စိတ်ကောက်နေမိတာ ခွင့်လွှတ်ပါ။ အငြိမ်းက ဆန်းရှိုင်းလေးကို အရမ်းချစ်ပါတယ်။ ဆန်းရှိုင်းလေးကို ဒီထက်ပိုပြီး ဂရုစိုက်ပါ့မယ်။ ပိုများတဲ့အချစ်တွေပေးပါ့မယ်။ ဒီထက်မကလည်း အချိန်ပေးနိုင်အောင် ကြိုးစားပါ့မယ်။ အချစ်ကို ဘယ်အခြေအနေအကြောင်းကြောင့်နဲ့မှ အဆုံးရှုံးခံမှာမဟုတ်လို့ ယုံပေးပါ။
ဆန်းရှိုင်းလေး မျက်နှာညိုးရင်တောင် အငြိမ်းကမ္ဘာကြီးပျက်စီးသလိုပါပဲ။ ဆန်းရှိုင်းလေးရဲ့ အလုပ်တွေကို မကူနိုင်ပေမယ့် ဆန်းရှိုင်းလေးဘေးမှာ အေးအတူပူအမျှရှိနေပေးပါ့မယ်။
အားတင်ထားပါ…အငြိမ်းရှိနေမယ်။
“ဆွတ်ယူမယ်ဟန်ပြင်ကာပင်
ယုယစွာ ထွေးပွေ့ထားပါမယ်…”
#ဘာမေးမေးမေတ္တာရှိတယ်လို့ဘဲဖြေတဲ့
#၁၃၈၅ခု
၁၃၈၅ ခု၊ ဝါဆိုလဆန်း ၁ရက်၊ တနင်္ဂနွေနေ့
သို့
သိပ်ချစ်ရပါသောသူအတွက် အမှတ်တရလက်ဆောင်မွန် . . .
ကိုယ်ခန္ဓာဆိုတာ ချစ်ခြင်းမေတ္တာနဲ့
ဉာဏ်ပညာကို သယ်ဆောင်ဖို့အတွက်
ယာဥ်ရထားမျှသာ ဖြစ်တယ်။
(ထူးအိမ်သင်)
မှ/-
ပန်ဒါလေး
၁၃-၆-၂၀၂၃
#ဘာမေးမေးမေတ္တာရှိတယ်လို့ဘဲဖြေတဲ့
#၁၃၈၅ခု
ငြိမ်းချမ်းစွာ အနားယူပါတော့ . . .
ထက်မြတဲ့ ဓားသွားပေါ် ချိုမြမြ ပျားရည်စက်က . . .
"မေတ္တာစာတိုက်လေး ပိတ်ဖို့
(၂)ရက်သာ လိုပါတော့သည်။"
"ဘုရားသခင်သည်
ပူဆွေး
ငိုရှိုက်ဖို့အတွက်
အချစ်ကို
ဖန်တီးခဲ့လေသလား"
#မိုးမိုး(အင်းလျား)
#ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား
#ဘာမေးမေးမေတ္တာရှိတယ်လို့ဖြေတဲ့
#၁၃၈၅ခု
စာထည့်ကြမယ့် ချစ်ကြသူများအတွက်
မေတ္တာစာတိုက်လေး ပြန်ဖွင့်ပါပြီ . . .
စာတိုက်လေး ပြန်ဖွင့်မယ့် အချိန်လေးကို
စောင့်ဆိုင်းပေးနေကြတဲ့ ချစ်ကြသူများကို
မေတ္တာစာတိုက်လေးမှ ကျေးဇူးတင်ရှိပါတယ်။
နေ့စဥ်နှင့် အမျှ တွေ့မြင်ခွင့် မရသမို့
သြော် ... မေ့ချင်ဖြင့်လည်းမရ
#ဘာမေးမေးမေတ္တာရှိတယ်လို့ဖြေတဲ့
#၁၃၈၅ခု
MOCHA မုန်တိုင်း အရေးပေါ်ကြေငြာနေကြစဥ်
WDAB - Since 2016 မေလ (၁၂)ရက်
အရေးကြုံကေ ဆက်သွယ်လို့ရအောင်ပါ
Arakan Rescue Network 🚑
အရပ်ဖက် အခမဲ့လူနာတင်ယာဉ်များကွန်ယက်
ရခိုင်ပြည်မြောက်ပိုင်း မြို့နယ်အလိုက် အရေးပေါ် ဆက်သွယ်ရန် ဖုန်းနံပါတ်များစုစည်းမှု
၁။ မောင်တောမြို့
အသင်းအမည် - KRN (Since-2018)
မောင်တောမြို့နယ် ကရုဏာကွန်ရက်
Karuna Rescue Network,Maungdaw
☎️- 09892527974
☎️- 09454838933 / 09421762178 / 09454818285
https://www.facebook.com/maungdawhealth/
၂။ ဘူးသီးတောင်မြို့
အသင်းအမည်-
WDAB (Since-2016)
အနောက်တံခါးလူမှုကူညီကယ်ဆယ်ရေအသင်း
Western Door Rescure
Association,Buthidaung
☎09444237366,09250453511
☎ 09423144689
https://www.facebook.com/WDAB-Emergency-Service-1197632806945013/
၃။ ဘူးသီးတောင်မြို့
အသင်းအမည်-ရွှေဘူးသီး ပရဟိတအသင်း
ဆက်သွယ်ရန်ဖုန်းနံပါတ်များ -
📞09 454 915 800
📞09 421 702 224
📞09 264 918 290
📞09 250 760 664
📞09 263 111 200
📞09 451 21ရွှေဘူးသီး ပရဟိတလူမှုကူညီရေးအသင်း640576/
၄။ စစ်တွေမြို့
ရွှေကရုဏာဖေါင်ဒေးရှင်း
☎09254032849,09421742424
☎ 09254Shwe Karuna.keruna
၅။ စစ်တွေမြို့
အသင်းအမည်-ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
☎ဆက်သွယ်ရန်☎
📞09421712136📞
📞09755866100📞 (ရုံးဖုန်း)
📞09421765245📞
📞09261652117📞 (သွေးတာဝန်ခံ)
📞09668598083📞 (ရေတာဝန်ခံ)
📞09261853694?ရွှေရောင်မေတ္တာဖောင်ဒေးရှင်းts/628258428562725/
၆။ ပုဏ္ဏားကျွန်းမြို့
အသင်းအမည် (PDYO)
Ponnagyun Development Youth Organization
☎09421746797,09422383826
☎09422PNG Development Youth Organization - PDYOok.com/pngdevyouth/
၇။ ကျောက်တော်မြို့
အသင်းအမည်-
ဖြူစင်မေတ္တာပရဟိတအသင်း
☎09261648068,09261071938, 09421734353
☎09259786025,09253075710 https://www.facebook.com/profile.php?id=100060181620952&mibextid=ZbWKwL
၈။ မြောက်ဦးမြို့
အသင်းအမည်-
ကရုဏာလှိုင်းသွေးအလှူရှင်များအသင်း
☎09250ကရုဏာလှိုင်း သွေးအလှူရှင်များအသင်း မြောက်ဦးမြို့၊ရခိုင်ပြည်နယ်om/580917072050244/
ဖုန်းနံပါတ်များ Update မဖြစ်ပါက
Comment တွင်ဖြည့်စွပေးနိုင်ပါသည်။
#ပြည်သူ့ဆက်ဆံရေးနှင့်သတင်ပြန်ကြားရေး
#အနောက်တံခါးလူမှုကူညီကယ်ဆယ်ရေးအသင်း
အခုလို မိုးတွေရွာတဲ့ အချိန်မျိုးဆို
မောင် . . .
ခိုင့် ကို တအား လွမ်းတာဘဲ။
#သူငယ်ချင်းလို့ဘဲဆက်၍ခေါ်မည်ခိုင်
#တက္ကသိုလ်ဘုန်းနိုင်
စာထည့်ကြမယ့် ချစ်ကြသူများအတွက်
မေတ္တာစာတိုက်လေး ပြန်ဖွင့်ပါပြီ . . .
စာတိုက်လေး ပြန်ဖွင့်မယ့် အချိန်လေးကို
စောင့်ဆိုင်းပေးနေကြတဲ့ ချစ်ကြသူများကို
မေတ္တာစာတိုက်လေးမှ ကျေးဇူးတင်ရှိပါတယ်။
မေတ္တာရှိသူတိုင်း ပေါင်းဖက်နိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းရင်း . . .
#ဘာမေးမေးမေတ္တာရှိတယ်လို့ဖြေတဲ့
#၁၃၈၅ခု
Click here to claim your Sponsored Listing.
Videos (show all)
Category
Telephone
Website
Address
No . 38/C Thiri Yadanar 2 Street , Insein Township
Yangon, 11401
Door to Door delivery service
Pearl Street
Yangon
ပို့မြဲပို့ ရဲ့ ဒီနေ့ကောက် မနက်ဖြန်ရောက် အမြန်ချောပို့လုပ်ငန်း၊ ဝန်ဆောင်မှုမှန် ဈေးနှုန်းမှန်
No(1009/B), Innwa 9street , 6quater, South OakkalarPa. Yangon
Yangon
Delivery Express Service
Yangon
what ꧁💛W̷E̷L̷C̷O̷M̷E̷ T̷O̷ M̷Y̷ W̷A̷L̷L̷💛꧂ ꧁༻★⋆★⋆★⋆★༺꧂ ꧁࿇♥ᴱᵃᵗᶜʰ ᴺᵉʷ ᴰᵃʸ ᴵˢ ᴬ ᴮˡᵉˢˢⁱⁿᵍ♥࿇꧂