Metal Sharing
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Metal Sharing, Post office, Yangon.
Born of the heavy
1960ပြည့်နှစ်တွေမာpop rock တွေ blue rock တွေfolk rockတွေကြီးဆိုးနေခဲ့ကြပါတယ်။ဒါပေမဲ့လူတွေကညီငွေ့လာလို့ထင်ပါရဲ့အခြားmusical genresတွေကိုလိုက်ရှာနေခဲ့ကြတာပေါ့။အဲ့ဒီအချိန်မာ BLACK SABBATH (တစ်ချို့ကလဲ Judas priestဟုဆို)ဆိုတဲ့bandတစ်ခုကနေ heavy metalကိုစတင်မိတ်ဆက်ပေးခဲ့ကြတယ်။20’sရှေ့ခေတ်ထုံစံအတိုင်းရိုးရိုးရှင်းရှင်းguitar riffတွေနဲ့အသံပါဝါကောင်းကောင်းနဲ့မတူညီနဲ့ပုံစံမျိုးနဲ့ချပြလတာပေါ့။နောက်တော့iron madien, Tool ,Judas Priest စတဲ့heavy metal bandsတွေလဲအများကြီးပေါ်ထွက်လာခဲ့တာပေါ့။Metalတွေနဲ့အခြားmusical genresတွေနဲ့မတူတာကကျွန်တော့အထင်ပေါက်ကွဲမှု့ပေးနိုင်စွမ်းတစ်ခုကြောင့်ပဲ။လူတွေကစိတ်ညစ်နေတဲ့အချိန်ကြမိုးအေးအေးလေမှာကော်ဖီတစ်ခွက်နဲ့အဆွေးသီးချင်းလေးနားထောင်ဆေးလိပ်လေးခဲပြီးပဲနေချင်ကြတာများတယ်။အဲ့လိုလုပ်ကြတာလဲကောင်းပါတယ်။ဒါပေမဲ့metalheadတစ်ဦးအတွက်ကျအဲ့လိုမဟုတ်ဘူးခမျ။စောက်ရမ်းကိုစိတ်ဓာတ်ကျနေတဲ့အချိန်ဒေါသတွေကိုဖောက်ခွဲဖို့လိုနေတဲ့အချိန်တွေမာကုလားထိုင်လေးပေါ်မာဖြစ်ဖြစ်အိပ်ယာပေါ်မှာဖြစ်ဖြစ်နားကျပ်လေးတပ်ပြီးခများအကြိုက်ဆုံးစောက်ရမ်းလန်းတဲ့guitar riffတွေပါတဲ့metalတစ်ပုဒ်လောက်ကိုအသံအဆုံးထိချဲပြီးနားထောင်ကြည့်စမ်းပါ။metalကိုနားထောင်တဲ့အချိန်မာအကြံပြုလို့တာကသီချင်းရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကိုနားလည်ဖို့မကြိုးစာပဲ(ဘာတွေအော်နေမှန်းမသိရင်တောင်)ဒီတိုင်းလိုက်ပါစီးမျောကြည့်စမ်းပါ။မျက်လုံးမိတ်လိုက်ပြီးတော့စိတ်ကူးထဲမာမြို့ကြီးတစ်မြို့လုံးက်ိုမီးလောင်တိုက်သွင်းပြစ်၊ကားတွေကိုရိုက်ခွဲ၊လူသတ်ချင်ရင်သတ်လိုက်အုန်း၊လုပ်ချင်တာလုပ်လိုက်သီချင်းနဲ့အတူပေါက်ကွဲမလိုက်၊ပြီးရင်ခများရဲ့ခံစားမှုတွေကလုံးဝကောင်းသွားလိမ့်မယ်။ဒီလိုပြောလို့ကျွန်တော့ကိုpsychopath တစ်ယောက်လို့ထင်ချင်ထင်လိမ့်မယ်ဒါပေမဲ့အဲ့လိုစိတ်ကူးထဲမာဖောက်ကွဲပြစ်တာဟာအလုပ်မာအဆင်မပြေလို့အိမ်ယောက်တဲ့အချိန်တွေ့သမျှလူလိုက်မဲတာတို့စိတ်တိုလို့မိုင်မိုင်ကြီးနေတာတို့နံရံကိုလက်သီးနဲ့ထိုးတာတို့ကို့လက်ကိုဓါနဲ့တစ်ကယ်မပျက်အောင်ဖြတ်တာတို့(ဓာတ်ပုံရိုက်ပြီးstoryတင်ချင်ယုံလောက်သာ)အဲ့လိုတွေလုပ်တာတွေထက်အများကြီးအပုံကြီးသာပါတယ်၊အနည်းဆုံးတော့ခများအပါအဝင်ဘယ်သူမှမထိခိုက်ဘူးလေ။စိတ်ညစ်လို့ဆေးလိပ်သောက်တယ်ဆိုတာတောင်လေထု့ကိုsecond smokerဖြစ်နေတယ်နောက်အနည်းဆုံးတော့ခများကိုခများထိခိုက်သေးတယ်။တစ်ခါလောက်ဖောက်ခွဲကြည့်လိုက်စမ်းပါ။Metal ဆိုတာမျိုးကလျှင်မြန်မှု၊ကြမ်းတန်ရမှု၊ယောကျာ်းဆန်မှုတွေနဲ့ဖန်တီးထားတာပါ။metalတွေဆိုတာချများတစ်ယောက်ထဲပင်လယ်ကြီးထဲဖောင်နဲ့ဖြတ်ကူးနေရသလို၊မကောင်းရွားတွပြည့်နေတဲ့ရဲတိုက်ထဲကိုပြေးဝင်ရသလို၊ကြမ်းတမ်းလှတဲ့ခရောင်းလမ်းပေါ်ကိုစခြေလှမ်းလိုက်ရသလိုပဲ။ယုံချင်ယုံမယုံချင်နေကြမ်းတမ်းမှုတွေchallengesတွေဆိုတာကလူသားတွေနဲ့မွေးကတည်းကတန်းပြီးပါလာပြီးသားပါ၊ဒါကိုခများကိုယ်တိုင်အပါအဝင်ဘယ်သူမှဒုက္ခမယောက်ပဲဘယ်လိုမှန်မှန်ကန်ကန်ဖောက်ကွဲထွက်ရမလဲတော့ကိုယ့်ဘာသာသိဖို့လိုတာပေါ့။
Metal နှင့်ဆန္ဒ
ဆန္ဒတစ်ယောက်မှတ်မိသေးသဗျ အတိအကျဆိုလျှင်၂၀၁၄တုန်းကပေါ့ဆန္ဒတစ်ယောက်၄တန်းကျောင်းသားအရွယ်ပေါ့၊အဲ့အချိန်တုန်းကတော်တော်လေးကိုအရွယ်နဲ့မလိုက်အောင်ပြသနာတွေရင်ဆိုင်နေရတာပေါ့၊တစ်နေ့ကျဆန္ဒရဲ့အကိုဝမ်းကွဲတစ်ယောက်အိမ်လာတော့သူဖုန်းထဲကကားတွန်းကားဘာညာကြည့်တာပေါ့၊ဆန္ဒတို့ခေတ်တုန်းကတော့အခုခေတ်ကလေးတွေကိုမွေးကတည်းကဖုန်းလေးပိုက်ပြီးမွေးလာတာမဟုတ်ဘူးခဗျ။ကဲထားပါအဲ့အချိန်တုန်းကAvenged sevenfoldကိုရဲ့သီချင်းတွေစတွေတာပဲ၊နောက်တော့အကိုဝမ်းကွဲကမျက်နှာဖုံးတွေတက်ပြီးဆိုးတဲ့ကောင်ဘာညာရှိတယ်ဆိုပြီးမဲဆွယ်တာနဲ့Slipknotနဲ့စရင်းနီးခဲ့တာပဲဆန္ဒဘဝမာပထမဆုံးSlipknotတို့ရဲ့အခွေထဲကshowပွဲမာသောင်းကြမ်းတာကိုကြည့်ပြီးထဲကကြိတ်ကြွေခဲ့ရတာပဲ။အဲ့အချိန်ထဲကဒီmusical genre ကငါ့ရွေးချယ်ရမဲ့ဟာပဲဆိုတာကိုသိခဲ့ရတယ်။နောက်ကျဆက်နားထောင်းရင်းနဲ့metal တွေရဲ့ guitar Riff တွေကိုသေလောက်အောင်ကြွေခဲ့တာ။Metallicaရဲ့ enter sandmanရဲ့solo တို့ For who the bell tolls ရဲ့introတို့ Panteraရဲ့ I’m broken ၊ 5 minutes alone ၊ revolution is my name တို့ရဲ့ soloတို့ကိုအသေကြွေခဲ့ရတာပေါ့အခုထိလဲကြိုက်တုန်းပဲပြောရမယ်ဆိုရင်တော့ပြောမဆုံးပေါင်တောသုံးတောင်ပဲ။
Start of the Rock N' Roll.
ရော့် အင် ရိုး ရဲ့အစပြုခြင်း
"KISS" တစ်နည်းအားဖြင့် မသေခင်နားထောင်သင့်တဲ့ Rock Band
KISS ဆိုတဲ့ စကားလုံးဟာ အနမ်းကိုဆိုလိုတာမဟုတ်ဘူး
ဘာကိုဆိုလိုကြမှန်းဆိုတာလည်း ရေရေရာရာမရှိတာကြောင့် "KISS" stand for what? ဆိုတဲ့မေးခွန်းတွေရှိနေကြမြဲပဲ
အနီးစပ်ဆုံးစကားစုကတော့ Knight in Satan's service ဆိုတာပဲ အဲ့နာမည်နဲ့လဲ Album တစ်ခုထွက်ခဲ့တာကြောင့်လို့ဆိုရမယ်
Rock N' Roll လို့ဆိုလိုက်ရင် လူတွေခေါင်းထဲမှာက The Beatles,David Bowie နဲ့ Queen ဆိုတဲ့ Rock Band တွေကိုပဲပြေးမြင်မှာဆိုတာကသေချာတယ် အခုခေတ်ကောင်တွေဆို ပိုတောင်ဝေးသေး The Weeknd,Joji နဲ့ Travis လောက်ပဲသိကြတဲ့ကောင်တွေ We Will Rock You ဆိုတဲ့ Lyric ကိုတော့သိကြလောက်မှာ ဘာလို့ဆို Queen ကလည်း စာသားအတိုင်းတစ်ကယ် ကိုင်လှုပ်သွားခဲ့တာမိုလို့ တစ်လောကလုံးနီးပါးသိကြတယ်
အဲ့ဒီ့ Queen တို့ထက်တောင် အောင်မြင်မှူပိုရခဲ့တဲ့ Rock Band ဆိုရင် လက်ညိုးထိုးစရာက "KISS" ပဲရှိမယ် United State,New York City ကနေစတင်လာတဲ့ Rock Band
America ရဲ့ Gold Record ကို အကြိမ်သုံးဆယ်လောက်ဆွတ်ခူးလာတဲ့ Rock Band
Media သမားတွေကပါ တစ်လောကလုံးမှာ အလန်းဆုံးလို့တင်စားခဲ့ရတဲ့ Rock Band
အဲ့ Rock Band က 1973 January လ မှာ အကုန်လုံးကိုလွှမ်းမိုးနိုင်တဲ့ထိ နာမည်ကြီးလာခဲ့တယ်
ရုပ်ရှင်တွေမှာရော ကာတွန်းတွေထဲမှာရော Comic Book တွေမှာပါပါခဲ့တာကြောင့် Rock N' Roll လောကရဲ့ Iconic တစ်ခုဖြစ်တယ်လို့ပြောရင်တောင် မမှားပါဘူး
KISS Rock band မှာ Members 4 ယောက်ပဲရှိပြီး တော့ ထွက်သွားတဲ့လူတွေကိုပါ ထည့်တွက်ရမယ်ဆိုရင်တောင်မှ Members 8 ယောက်ပဲရှိတာ
အဲ့ Rock Band ရဲ့ထူးခြားတဲ့အချက်က Vocalist တင်မဟုတ်ဘူး Bassist,Guitarist နဲ့ Drummer တို့ကပါ သီချင်းဆိုတာပါ သီချင်းတိုင်းဟာလည်းအောင်မြင်မှူရခဲ့ပါတယ် အဲ့တာတွေကြောင့်ပဲ KISS Rock band က နတ်ဆိုးနဲ့ အလဲလှယ်လုပ်ထားတာကြောင့် အောင်မြင်မှူရနေတာဆိုတဲ့ Rumors တွေပါထွက်လာခဲ့ရတဲ့ထိပါပဲ နောက်ထပ်ထူးခြားတာက သူတို့ရဲ့ Make up တွေပါပဲ အဲ့တာတွေကလည်းသူတို့ပဲအရင်စခဲ့တာဆိုရင်မမှားပါဘူး သူတို့ရဲ့ Look ပေါ်မူတည်ပြီး နာမည်တွေလဲရှိပါတယ်
Lead Vocalist-Paul Stanley ရဲ့ Make up look က Star Child လို့ခေါ်ပြီး
Bassist ဖြစ်သူ Gene Simmions ရဲ့ Look ဟာ The Demon လို့ခေါတယ်
Lead Guitarist - Ace Frehley ရဲ့ Make up Look ဟာ Spaceman ဖြစ်ပြီး Space Ace လို့အမည်တွင်ထားတာဖြစ်ပါတယ်
Drummer-Eric Carr ရဲ့ Make up ဟာ The Fox ဆိုပြီး အသီးသီး သူတို့နာမည်နဲ့သူတို့ရှိခဲ့တာပါ
အဲ့လူတွေဟာလည်း KISS ရဲ့အအောင်မြင်ဆုံးချိန်မှာရှိနေခဲ့တဲ့ Members တွေပါ
လက်ရှိ Members တွေကတော့
Vocalist-Paul
Bassist-Simmions
Guitarist-Tommy
Drummer-Peter တို့ပါ
KISS ရဲ့ ပထမဆုံးထွက်ရှိခဲ့တဲ့သီချင်းက "Nothing to lose" ဖြစ်ပြီးတော့ အအောင်မြင်ဆုံးသီချင်းတွေက " I was made for loving you" နဲ့ "Detroit rock city" ပါ။KISS က World Record တွေကိုချိုးဖောက်ခဲ့တဲ့ Band တစ်ခုဖြစ်ပြီးအခုချိန်ထိ အသက်ရှင်ကျန်နေသေးတဲ့ Legendary ကြီးတွေပါ
Rock N' Roll ကိုစတင်ခဲ့တာဟာ KISS ပါပဲ Rock Music ရဲ့ culture ကိုစပြီးပေါ်ပေါက်စေခဲ့တာကလည်း KISS ပဲဖြစ်တယ် Rock ဂီတကိုအရူးအမူးဖြစ်ပြီး ဒီလို Band ကိုမှ မသိဘဲ ခင်ဗျားတို့ပါးစပ်ကနေ i like rock music လို့ပြောခဲ့ရင်တော့ရှက်စရာကြီးပေါ့ဗျာ။
I was made for loving you
https://youtu.be/ZhIsAZO5gl0?si=H7RZUnOIsKUdSyxr
Detroit Rock City (Scooby Doo)
https://youtu.be/18635I-x9WY?si=Vzm8eEjmZEdNBIeu
KISS ရဲ့ Forever ဆိုတဲ့ Comic ကိုလည်းတင်ပေးဖို့ရှိပါတယ် အခုတော့ဒီလောက်နဲပဲနှုတ်ဆက်လိုက်ပါတယ် See ya guys!🤘
"အခုမှ Metal ကိုစပြီးနားထောင်မယ့် Newbies လေးတွေနဲ့ Metal အကြောင်းဘာမှမသိတဲ့ လူတွေကိုရော ဇာတ်လမ်းလေးတစ်ပုဒ်ပြောပြပြီး Metal ဂီတ နဲ့ Rock ဂီတအကြောင်းမိတ်ဆက်ပေးသွားမယ်ဗျာ
Trash Metal လို့ခေါ်တဲ့ ဂီတ အမျိုးအစားကို ကြီးစိုးနေတဲ့ ဂိုဏ်းလေးဂိုဏ်းရှိတယ် လူမိုက်ဂိုဏ်းတော့မဟုတ်ဘူး ဒါပေမယ့် အဖြဲတစ်လိုင်းတွေ အဲ့ဂိုဏ်းတွေနာမည်က
-Metallica
-Megadeath
-Slayer
-Anthrax ဆိုတဲ့ဂိုဏ်းတွေ သူတို့ကတီးတယ် ဘာတီးလဲဆိုတော့ Guitar,Bass နဲ့ Drum သူတို့ကဖြဲတယ်ဘာဖြဲလဲဆိုတော့ အသံပါဝါနဲ့ဖြဲတာ အားကောင်းလွန်းတဲ့ဆိုပုံဆိုဟန်တွေနဲ့ လူတိုင်းခြေထောက်တွေမြေကြီးကိုဆောင့် ခေါင်းတွေကိုလှုပ်ခါယမ်းရလောက်အောင်ဖြစ်တဲ့ထိအရူးအမူးဖြဲတာ အဲ့လူတွေကလည်း လက်သီးကိုကျစ်ကျစ်ပါအောင်စုပ်ထားတဲ့သူကစုပ်ထားမယ် လက်ခလယ်ထောင်ပြပြီးတစ်လောကလုံးကို စောက်ကဂရုမစိုက်ဘူးကွာ ဒီအချိန်ကငါ့လွတ်လပ်ချိန် ငါကငါဖြစ်နေတဲ့အချိန်လို့သတ်မှတ်ပြီး လွတ်လပ်နေမယ် တစ်ချို့က Devil Hand sign ကိုထောင်ပြီး အော်ဟစ်နေမယ် မြင်ယောင်ကြည့်ရင် ဒါတွေကစိတ်ပျက်စရာကြီးလို့ခင်ဗျားထင်နေမယ် ဒါပေမယ့်တစ်ကယ်တမ်းဟုတ်မနေခဲ့ဘူး အဲ့တာစိတ်ထွက်ပေါက်ပဲ ခင်ဗျားကခင်ဗျားကိုယ်ခင်ဗျား လွတ်လပ်မှူအပြည့်အဝမပေးနိုင်သေးသရွေ့တော့ ခင်ဗျားကခင်ဗျားဖြစ်နေဦးမှာမဟုတ်ဘူး လူပေါင်းသောင်းချီသိန်းချီရှိတဲ့ကွင်းပြင်ကြီးထဲမှာ ခင်ဗျားဆီကိုဘယ်သူဘယ်သူ့ရဲ့မျက်လုံးတွေကရောက်နေမှာမဟုတ်ဘူး ခင်ဗျားကိုယ်ခင်ဗျားတောင်သတိထားမိဖို့ဆိုတာကံကောင်း အကုန်လုံးရဲ့အကြည့်တွေကအဲ့ဒီ့ State စင်ပေါ်မှာ ရူးမိုက်စွာတီးခတ်နေတဲ့ Guitarist,Bassist နဲ့ Drummer ဆီမှာပဲ Vocalist ကလည်း ခင်ဗျားကိုဖျော်ဖြေနေတယ် နောက်တစ်ခါမှထပ်မသွားရင် ခင်ဗျားဘယ်တော့မှထပ်မရလောက်မယ့်ဖျော်ဖြေမှူမျိုးနဲ့၊လူတိုင်းတစ်နည်းနည်းနဲ့ရူးနေတာ ဒါပေမယ့် အဲ့ကွင်းပြင်ကြီးထဲကလူတွေက ထမင်းလွတ်ဟင်းလွတ်ရူးတာမိုလို့နောက်ကြောင်းမအေးစရာပူပင်စရာမရှိဘူး အဲ့လိုလွပ်လပ်တဲ့ခံစားမှူမျိုးကို Rock ဂီတ နဲ့ Metal ကပဲပေးစွမ်းနိုင်တာ ဆွေးတဲ့သီချင်းကို ဆွေးတဲ့ချိန်နားထောင်တော့ ကိုယ့်ကိုကိုယ်သတ်သေချင်ရုံပဲ ဖြစ်ရလိမ့်မယ်တစ်ကယ်တမ်းလုပ်သင့့်တာက စိတ်ဓာတ်ကျနေချိန်မှာ စိတ်ထွက်ပေါက်ပေးသင့်တာ Megadeath က Vocalist ဒေ့ဗ်မတ်စတိန်းရဲ့အသံနဲ့ သူတို့တီးခတ်တဲ့ Guitar Riff တွေက အသက်ရှင်ဆဲလူကိုတောင်နတ်ပြည်အထိပို့နိုင်သလို Slayer ကလည်း ခင်ဗျားကို အရှင်လတ်လတ် ငရဲကိုခေါ်ဆောင်သွားနိုင်တယ် ကဲ Anthrax ရဲ့ Anitisocial ဆိုတဲ့သီချင်းကလည်း နားထောင်လိုက်တာနဲ့ စိတ်ဓာတ်ဆိုတာဘယ်နားကကျတာလဲပါဖြစ်သွားမယ် ထိုနည်းတူပဲ Metallica က ဆုံးပါးသွားတဲ့ Bassist ကြီး Cliff "From whom the bell tolls"ကို တီးသွားတုန်းကဆို Bass ထဲကနေ မိုးကြိုးတွေထွက်လာမလားတောင်ထင်မှတ်ရလောက်တဲ့ထိကိုကောင်းလွန်းတာ အဲ့ဒီ့လို Metal Band တွေက ခင်ဗျားတို့ဖင်အောက်ထိကျနေတဲ့စိတ်ဓာတ်တွေကိုပါပြန်ပြီး Healing လုပ်ပေးနိုင်တယ် ဒီလို ဂီတမျိုးတွေက မကြာခင်မှာပျောက်ကွယ်သွားတော့မလိုတောင်ဖြစ်နေပြီ။ဒါဟာနှမြောဖို့ကောင်းတယ် သူတို့ဖန်တီးခဲ့တဲ့သီချင်းက Studio ထဲမှာ Auto Tune ထည့်ပြီးနားထောင်ကောင်းအောင်လုပ်ထားတာတွေမဟုတ်ဘူး State ပေါ်တက်ဆိုတာတောင် နားထောင်ကောင်းနေတုန်း ကျွန်တော်တို့ ဒီနိုင်ငံမှာရှိတဲ့ Iron Cross လည်း တိမ်မြုပ်မလိုတောင်ဖြစ်နေပြီ လူတွေနေဝင်ချိန်တန်တာမှန်သော်ငြား ဖန်တီးခဲ့တဲ့ အနုပညာက လှပလွန်းတာကြောင့် ပျောက်ကွယ်သွားဖို့ကအရမ်းနှမြောဖို့ကောင်းလွန်းတယ် မြန်မာ Rock Band တွေနားထောင်လေ့ရှိတယ်ဆို နိုင်ငံခြား Rock Band တွေကိုလည်းစမ်းပြီးနားထောင်ကြည့်စေချင်ပါတယ်
ကျွန်တော်ကတော့ ဒီသီချင်းတွေကိုစမ်းပြီးနားထောင်ကြည့်ဖို့အကြံပေးတယ်ဗျာ
Metallica//Seek and Destroy
https://youtu.be/UzdDAd9EBOI?si=Bacwp0k-raR18BRh
Megadeath//Tornadon of Soul
https://youtu.be/L8HhOMNrulE?si=dn3n_MU4Ae6J6ny-
Anthrax//Got the time
https://youtu.be/be7iNHw8QoQ?si=TP_HRLpmEXmZxR-9
Slayer//Seasons in the abyss
https://youtu.be/eQpvqPuDJWI?si=4553f2FkjyIxIBfg
ဒီတစ်ခါတော့ဒီလောက်ပါပဲ နောက်မှနောက်ထပ် Metal Band ပေါင်းများစွာနဲ့ Band တွေရဲ့ History တွေအကြောင်းအသေးစိတ်ပြောပြပေးပါတော့မယ်။
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
No . 38/C Thiri Yadanar 2 Street , Insein Township
Yangon, 11401
Door to Door delivery service
Pearl Street
Yangon
ပို့မြဲပို့ ရဲ့ ဒီနေ့ကောက် မနက်ဖြန်ရောက် အမြန်ချောပို့လုပ်ငန်း၊ ဝန်ဆောင်မှုမှန် ဈေးနှုန်းမှန်
Yangon
what ꧁💛W̷E̷L̷C̷O̷M̷E̷ T̷O̷ M̷Y̷ W̷A̷L̷L̷💛꧂ ꧁༻★⋆★⋆★⋆★༺꧂ ꧁࿇♥ᴱᵃᵗᶜʰ ᴺᵉʷ ᴰᵃʸ ᴵˢ ᴬ ᴮˡᵉˢˢⁱⁿᵍ♥࿇꧂