Rehoboth Steelweld Engineering

MSWE Provides process plant construction,maintenance & inspection of equipment,piping and welding.

08/01/2024

🌷အလေးချိန် ၁ ကီလိုဂရမ်ရှိတဲ့ သံတုံးတစ်ပိုင်းရဲ့ ပကတိတန်ဖိုးက ဒေါ်လာ ၁၀၀ လောက်ပဲတန်ဖိုး ရှိပါတယ်။

🌷အဲဒီသံတုံးကို မြင်းခွာလုပ်လိုက်မယ်ဆိုရင် ဒေါ်လာ ၂၅၀ လောက် ရမယ်။

🌷တကယ်လို့ အဲဒီသံတုံးကို သုံးပြီး အပ်တွေလုပ်မယ်ဆိုရင်တော့ ဒေါ်လာ ၇၀၀၀၀ ဖိုးလောက် ရနိုင်တယ်။

🌷အဲဒီသံတုံးကိုပဲ နာရီအစိတ်အပိုင်းတွေလုပ်လိုက်ရင်တော့ ဒေါ်လာ ၆ သန်းလောက်အထိ ရနိုင်တယ်။

🌷တကယ်တော့ အဲဒီဖြစ်စဉ်လိုပါပဲ။ သင့်ရဲ့ ဖြစ်တည်မှု၊ သင့်ဘ၀ အခြေအနေက သင့်တန်ဖိုး အစစ်အမှန် မဟုတ်ပါဘူး။ သင့်အတွက် အကောင်းဆုံးအရာကို ဖန်တီး တည်ဆောက်နိုင်ခြင်းကသာ သင့်တန်ဖိုး အစစ်အမှန်ဖြစ်တယ်။💐

Credit with Respect
Ref:Austin Armstrong

04/01/2024

Knowledge sharing for Pipe fitters.

03/01/2024

“လူတချို့ ပိုက်ဆံတအားရှိတယ်
ပိုင်ဆိုင်မှု့တွေများတယ်
EQ မရှိဘူး”............................................
တဖြည်းဖြည်း အသက်အရွယ် ရလာတဲ့အခါကျရင်💡

🔷IQ မြင့်တဲ့လူရဲ့အနားမှာ နေဖို့ထက်

EQ မြင့်တဲ့လူရဲ့ အနားမှာ နေဖို့ကပဲ

ပိုအရေးကြီးလာတယ်။

🔶ဒါမျိုးပြောလို့ IQ သမားတွေက ဘာဖြစ်နေလို့လဲ
ဆိုပြီး မေးစရာရှိတယ်။ ဘာမှတော့ မဖြစ်ပါဘူး။ နောက် ကိုယ့်ထက် IQ မြင့်တဲ့ လူတွေနဲ့ မပေါင်းရတော့ဘူးလား.. အထွန့်တက်ချင် တက်မယ်။
ဒီလိုလည်း ဘယ်ဟုတ်မလဲ။ ပေါင်းရမယ်။

🔶ကိုယ့်ထက် အလုပ်အကိုင်ကောင်း ရှိတဲ့လူ၊ ဖြတ်ထိုးဉာဏ်ကောင်းတဲ့လူ၊ စီးပွားရေးအမြင်ရှိတဲ့လူ၊ ပညာရေးဘက်ကို ကြည့်ပြန်လည်း ကိုယ့်ထက် ဘွဲ့ကောင်းကောင်း ရထားတဲ့ လူ၊ တော်တဲ့လူ..
ဒီလို Intelligent ဖြစ်တဲ့ လူတွေနဲ့ ပေါင်းရမှာပဲ။

🔷သူတို့ဆီမှာ ဆည်းကပ်မှပဲ သူတို့ရဲ့ အတွေ့အကြုံကောင်းတွေ၊ ဘဝတက်လမ်းအတွက် အတွေးအခေါ်ကောင်းတွေ၊ ဗျူဟာကောင်းတွေ၊ ရှယ်နည်းစနစ်တွေ ရမှာကိုး။ ဒါပေမဲ့ ကိုယ်ချဉ်းကပ်တဲ့လူက IQ ပဲ မြင့်ပြီး EQ မမြင့်တဲ့ လူဆိုရင်တော့ ချဉ်းကပ်ရတာ မလွယ်ဘူး။

🔷ဒါ့ကြောင်မလို့ IQ ထက် EQ တစ်ပန်းပိုသာတဲ့
လူတွေကမှ ပေါင်းရသင်းရ ပိုကောင်းတာ။

🔶ဆိုတော့ EQ ဆိုတာ ဘာလဲ.. ပေါ့။ သူ့ရဲ့အရှည်ကောက်က Emotional Quotient ပဲဖြစ်ပါတယ်။
ဒီလူကဖြင့်.. အကျင့်ကောင်းတယ်၊ ဒီလူကဖြင့်
အကျင့်မကောင်းဘူး ဆိုတာကို EQ နဲ့ပဲ တိုင်းတာရ လွယ်တယ်.. တိုင်းသင့်တယ်ပေါ့။

🔷တစ်နည်းအားဖြင့် လူတစ်ယောက်ရဲ့ Personality (ကိုယ်ရည်ကိုယ်သွေး) ဟာ EQ ပဲ။ ဘယ်လိုကိုယ်ရည်ကိုယ်သွေးတွေလဲဆိုရင်တော့ -

🟣Adaptable (အလိုက်တသိ,ရှိတာ)
🟣Empathy (မျှဝေခံစားတတ်တာ, စာနာတတ်တာ)
🟣Considerate (ကြင်နာတတ်တာ)
🟣Humble (နှိမ့်ချတတ်တာ)
🟣Responsibility (တာဝန်ယူတတ်တာ)
🟣Succour (ကူညီဖေးမတတ်တာ)
🟣Self-Control (ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တာ)

🔺ဒီ (၇) ချက်။ တခြားအချက်တွေ အများကြီး ရှိပေမဲ့ ဒီ (၇) ချက်က Formal ပိုဖြစ်တယ်။

🔶ကျွန်တော့်အနေနဲ့ကတော့ EQ ကို “ ပြည့်ဝတယ် ”
လို့ ဆိုချင်တယ်။ ဘာတွေ ပြည့်ဝလဲဆိုရင် နှိမ့်ချခြင်း၊ စာနာခြင်း၊ ကူညီခြင်း၊ တာဝန်ယူခြင်း၊
ကြင်နာခြင်း... စသဖြင့် စိတ်ထဲမှာ ပြည့်ဝတာကို ဆိုလိုတာ။

🔶နောက်တစ်ခုက EQ မြင့်တဲ့လူတွေမှာ တွေ့ရတတ်တဲ့စိတ်နေစိတ်ထားတစ်ခုကတော့ “ Empathy ” ပဲ။

🔷တစ်ဖက်လူ ဘာခံစားနေရလဲ၊ တစ်ဖက်လူ
ဘာဖြစ်နေလဲ၊ တစ်ဖက်လူ ဘာတွေကြုံတွေ့နေရ
သလဲဆိုတာကို ငဲ့ကွက်တတ်... “ မျှဝေခံစား
တတ်တဲ့ စိတ် ” ပဲ။

🔶ကိုယ့်ခံစားချက်ကို ရှေ့တန်းမတင်ဘူး။
ကိုယ် ဖြစ်ချင်တာကို ရော့.. အင့်ဆိုပြီး အတင်းထိုး
မပေးဘူး။ ဒရမ်မာ လာမချိုးဘူး။ မကြွားဘူး။
ဂုဏ်မဆာဘူး။ တစ်ဖက်လူ.. ခံစားပါစေဆိုပြီး ရည်ရွယ်ချက်ရှိရှိ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲအောင်
မလုပ်ဘူး။ ပြောမယ်ဆို Self-control အားကောင်းတယ်.. ပေါ့။

🔷တချို့ IQ တွေ သိပ်မြင့်ကြတယ်။
သူတို့ရဲ့ Position ကြည့်ကြည့်တော့လဲ လုံးဝ
Heavy တွေ။ ဒါပေမဲ့ သူတို့နဲ့ ကိုယ်နဲ့ အလုပ်တွဲလုပ်တဲ့အခါဖြစ်ဖြစ်၊ စကားပြောတဲ့အခါဖြစ်ဖြစ်..
ကိုယ့်မှာ Energy ကုန်ရတယ်။ သိပ်ပင်ပန်းရတယ်။ အရင်းစစ်ကြည့်တော့ အဲလိုလူတွေဟာ IQ ပဲ
မြင့်ပြီး EQ နိမ့်ကြတာပဲ။

🔶လူတစ်ယောက်ဟာ သူ့ဘဝမှာ အစစအရာရာ သာလွန်နေပြီးမှ EQ အားနည်းနေပြီဆိုရင် လူတွေနဲ့ မတည့်တာပိုများတယ်။ ပိုအထီးကျန်တတ်တယ်။ အဲလိုလူတွေနဲ့ ခင်မင်ကြတဲ့အခါမှာလည်း
အဆင်မပြေဖို့ပဲ များတယ်။ စိတ်နောက်ကျိရတာနဲ့.. Distraction ဖြစ်ရတာနဲ့။

🔷ငယ်ငယ်က အဖွားကို ကန်တော့တဲ့အခါ အဖွား
ဆုပြန်ပေးတာတစ်ခုခုကို ကောင်းကောင်း
မှတ်မိသေးတယ်။

🟢“ လူကောင်းဖြစ်ပါစေ.. လူကောင်းသူကောင်းနဲ့
ဆုံပါစေ.. စိတ်ဆင်းရဲခြင်း ကင်းပါစေ ” တဲ့။
ရိုးရိုး ကြည့်ရင် သာမန် ဆုပေးရုံပဲ။ ဒါပေမဲ့
အဖွားက သေချာလေးပြန်ရှင်းပြတယ်။

🟢အရင်ဦးဆုံး ကိုယ့်ဘက်က လူကောင်းဖြစ်အောင်နေ၊ ဒါဆိုရင် လူကောင်းနဲ့ တွေ့မယ်၊ လူကောင်းဆိုတာ ကိုယ့်ကိုယ်ကိုယ်ရော သူများကိုပါ စိတ်ဆင်းရဲအောင် ဘယ်သောအခါမှ မလုပ်ဘူး.. တဲ့။

🟡အဖွား ပြောဖူးတဲ့ လူကောင်းဆိုတာ EQ မြင့်တဲ့လူတွေကို ဆိုလိုတာပဲ နေမှာ။ အဲဒါ Educated ဖြစ်တာ မဖြစ်တာနဲ့ မဆိုင်သလို သူ့မှာ ဝင်ငွေ (Income) ဘယ်လောက်ရှိတာနဲ့လည်း မဆိုင်ဘူး။

🟢အမှန်က Educated ဖြစ်တယ်ဆိုတာ IQ မြင့်တာပဲလေ။ ဒီ Educated ကြောင့်ပဲ Income ကောင်းကြတာ မဟုတ်ဘူးလား။ ဒါပေမဲ့ Educated တို့၊ Income တို့က EQ မြင့်တာကို အားမပေးပါဘူး။

🟡ဘာလို့ အားမပေးလဲဆိုရင်တော့ Educated
ဖြစ်တာနဲ့ EQ မြင့်တာနဲ့ မဆိုင်လို့ပဲ။
နောက် ရုပ်ချောတာ၊ Background တောင့်တာ၊ အနုပညာ Talent ရှိတာ၊ နာမည်ကြီးတာတွေကလည်း EQ စစ်စစ် မဟုတ်ဘူး။

🟡EQ စစ်စစ်ဆိုတာ Wisdom ဖြစ်တာပဲ။ အနည်းဆုံး ကိုယ့်အတွက်နဲ့ သူများ အကျိုးစီးပွားပျက်အောင်၊ ရည်ရွယ်ချက်ရှိရှိ အနာတရဖြစ်အောင်၊ စိတ်ညှိုးငယ်အောင် မလုပ်တာ၊ မပြောတာ..
မနေတာ၊ စိတ်သဘောထား မသေးသိမ်တာ။

🔶သူငယ်ချင်းအပေါင်းအသင်းတွေကြားမှာလည်း
EQ မြင့်တဲ့လူကမှ ပေါင်းရသင်းရကောင်းတယ်။
သူ့ဘာသူ IQ မြင့်လို့ နေရာတစ်ခုရောက်တာက တစ်ပိုင်း။

🔷အများစုက ရင်ဘတ်နဲ့ ရင်းပြီး ပေါင်းသင်းတဲ့ဘော်ဒါမျိုးကိုမှ ပေါင်းသင်းချင်တာ။ ပို.. ခင်တွယ်တာ။ အောက်ဖဲလှန်တဲ့ကောင်၊ သူများကောင်းစားနေရင် အောက်ဆွဲချတဲ့ကောင်၊ မနာလိုစိတ်နဲ့ တိုက်ခိုက်နေတဲ့ကောင်... စသဖြင့် ဒီလိုမျိုး EQ
နိမ့်တဲ့ စုန်းပြူးတွေဆို ဘယ်သူမှ မပေါင်းသင်း
ချင်ဘူး။

🔶နောက်ပြီး ချစ်သူရည်းစားထား၊ အိမ်ထောင်ပြုမယ့်အခါမှာလည်း ဒီကိစ္စကိုပါ ထည့်တွက်ထားဖို့ လိုမယ်။

🔷ကိုယ့်လူက ကိုယ့်ကို ဘယ်လောက်ထိပျော်အောင်ထားလဲ၊ Unhealthy Relationship ဖြစ်အောင်ပဲ ပြောနေ.. လုပ်နေသူလား၊ ပြဿနာပုံကြီးချဲ့တဲ့လူလား၊ ကိုယ့်ကို.. Comfort ဖြစ်စေသူလား၊ ဖောက်ပြန်တတ်တဲ့ ဗီဇရှိတဲ့လူလား.. ဒီလိုမျိုး EQ နဲ့ ဆိုင်တဲ့ Skill တွေကို Check-up လုပ်ကြည့်သင့်တယ်။ ဆန်းစစ်သင့်တယ်။

🔷ချစ်လို့ တွဲတွဲ၊ ချစ်လို့ပဲယူယူ.. အမှန်တကယ်
ကိုယ့်အချစ်နဲ့ ထိုက်တန်သူ၊ ကိုယ့်အနား မခွာဘဲ
နေသွားမယ့် လူဆိုတာ အထူးသဖြင့် EQ မြင့်တဲ့လူတွေပဲ။ တချို့ ပျော်ရွှင်နေကြတဲ့ Couple တွေမှာ ကောင်လေး.. ဒါမှမဟုတ် ကောင်မလေး..
ဒါမှမဟုတ် နှစ်ယောက်စလုံးက EQ မြင့်ကြတာမျိုး တွေ့ရတယ်။

🔶တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်...
ကြင်နာယုယတယ်၊ နွေးထွေးတယ်၊ ကူညီဖေးမတယ်။ တစ်ဖက်သတ်မဆန်နေဘူး၊ ကိုယ့်ကောင်းစားရင် ဝှက်ထားပြီး သူများဟာကိုမှ လိုချင်နေတဲ့စိတ်မျိုး EQ မြင့်တဲ့ လူတွေမှာ မရှိဘူး။

🔷တချို့ IQ မြင့်ပြီး ပညာတတ်၊ စာတတ်၊ ဝင်ငွေကောင်းတဲ့ လူတွေဟာ သူ့လိုမျိုး IQ မြင့်တဲ့လူထက် EQ မြင့်တဲ့လူကို ပိုလိုချင်ကြတာ၊ ရည်းစားတော်ချင်တာ၊ လက်ထပ်ချင်တာဟာ.. ဒီ EQ ကြောင့်ပဲ။

🔺နောက်ပြီး လောကကြီးကို အန္တရာယ်ပြုနိုင်တဲ့
လူတချို့မှာလည်း EQ နိမ့်တာတွေ တွေ့ရတယ်။

🔺သူတို့ IQ ကိုကြည့်ရင် တော်ရုံလူမဟုတ်ဘူး၊
ခေသူ မဟုတ်ဘူး။ ဒါပေမဲ့ EQ နိမ့်တဲ့အခါကျတော့ သူများ နာကျင်သွားမှာ၊ သူများ စိတ်ဆင်းရဲမှာကို
မစဉ်းစားတော့ဘူး။ သူတို့သိထား၊ တတ်ထားတာနဲ့
ဂျင်းထည့်(အန္တရာယ်ပြု) ကြတော့တာပဲ။

♦️မြင်သာအောင်ပြောရရင် တချို့နိုင်ငံရေးသမားတွေ။ သူတို့ကို ကြည့်လိုက်ရင် တကယ့်လူတော်၊ လူတတ်ကြီးတွေ.. ။ စနစ်တစ်ခုလုံးရဲ့ ပဲ့ကိုင်ရှင်တွေ။

♦️အဲ.. စာရိတ္တပိုင်း၊ ကျင့်ဝတ်ပိုင်း ညံ့ဖျင်းတဲ့အခါကျတော့ သူတို့နဲ့ နီးစပ်ရာလူတစ်စုကပဲ ရေလျှံသွားတာ၊ ချမ်းသာသွားကြတာ များတယ်။ သူတို့ ပြန်အကျိုးပြုရမယ့် ပြည်သူတွေကို ကြည့်တော့ ဖွဲနဲ့ဆန်ကွဲ၊ ထမင်းနဲ့ရေတောင် အနိုင်နိုင်။

🔷ကိုယ့် IQ ကို မမြှင့်ရဘူး၊ IQ မြင့်တာမကောင်းဘူး၊ IQ မြင့်ရင် ပြဿနာရှိတယ်လို့ မဆိုလိုဘူးနော်။ IQ ကလည်း မြင့်၊ EQ ကလည်း မဆိုးဘူးဆိုရင်တော့ အဲဒီလူဟာ Perfect ပဲပေါ့။

🔶 (ကိုယ့် ပါဆင်နယ်အမြင်ရဆိုရင် EQ က ပိုအရေးကြီးတယ်လို့တော့ မြင်မိတယ်။ ဘယ်သူ့ကို
ပိုပေါင်းချင်လဲဆို EQ ကို အရင်ရွေးမိမယ်)

🔶 ဘာလို့လဲဆိုတော့ သူတို့မှာ ဘာသာတရား၊ အသိုင်းအဝိုင်း၊ လူမျိုးတူတာတွေက အရေးမကြီးဘူး.. “ ငါတို့ ဘယ်လိုမျိုး မျှဝေခံစားကြမလဲ ”
ဆိုတာကပဲ ပိုအရေးကြီးတယ်။
သူတို့မှာ Sympathy ထက်.. ပိုတဲ့ Empathy တွေ
ပြည့်ဝတယ်။

♥️ဘဝတစ်လျှောက်လုံး ကိုယ်နဲ့ ဆိုးတူကောင်းဖက်
နေသွားမယ့်လူဟာ EQ သမားတွေပဲ ဖြစ်ပါတယ်။😇

Credit/coppy@ To-Owner-With-Respect

01/01/2024

🎉Happy Blessed New Year 2024 to all! May the coming year be filled with success and prosperity.👏🎊🪅🌅

25/12/2023

🎄The Rehoboth company extends our heartfelt wishes to you and your loved ones for a Merry Christmas and a Happy New Year! May these holidays be adorned with contagious laughter, boundless love,
and the creation of treasured memories.
We deeply value your role in our journey and express our gratitude for being an essential part of it. Anticipating another year of shared successes and mutual prosperity, we are excited about what the future holds.😇🪴🎉

💐Sending you our warmest wishes for the holiday season and the coming year! 😇😊🎄

19/12/2023

🌲သစ်ပင်လိုလူသုံးမျိုး🎄

သင့်ဘဝမှာ
သစ်ပင်လိုလူသုံးမျိုး ရှိတယ်။

၁။သစ်ရွက်လိုလူမျိုး။
🍂ဒီသစ်ရွက်လိုလူမျိုးက
သင့်ဘဝထဲကို တစ်ရာသီအတွက်ပဲ
ရောက်လာတတ်တဲ့အမျိုးပါပဲ။
သူတို့ကိုယ်နှိက်က သစ်ရွက်လိုအားလျော့သူဖြစ်၍
သူတို့ပေါ်မှီခိုအားကိုးလို့မရနိုင်ပါဘူး။
သူတို့က သင့်ဆီက လိုချင်တဲ့အရာကိုသာ
ရယူဖို့အတွက် သင့်ဆီကို လာကြမှာဖြစ်ပြီး
လေတိုက်လာတဲ့အခါ သင့်ဆီကနေ
ထွက်ခွာသွားကြမယ့်သူတွေချည်း။

ဒီလို သစ်ရွက်လိုလူမျိုးကို
သတိကြီးကြီးထားပြီးနေပါ။
ဘာဖြစ်လို့လဲဆိုတော့
သူတို့က သင်အဆင်ပြေနေတဲ့ချိန်မှာ
သင့်ကို ချစ်မြတ်နိုးပြီး သင်အဆင်မပြေတဲ့အချိန်
သင့်အနားက ရှောင်ခွါသွားကြမယ့်သူတွေဖြစ်တယ်။

၂။သစ်ကိုင်းလိုလူမျိုး။
🎋ဒီသစ်ကိုင်းလိုလူမျိုးက
သန်မာတယ်ဆိုပေမယ့်
သူတို့ကိုလည်း သတိထားပြီးပေါင်းသင်းရပါမယ်။
ဘဝက ခက်ခဲမှုများလာတဲ့အချိန်
အလေးချိန်တွေ မနိုင်မနင်းဖြစ်လာတဲ့အခါ
သင့်ကို စွန့်ပစ်သွားမယ့်သူတွေချည်း။
ရာသီတစ်ချို့တွေကို သင်နဲ့အတူ
ဖြတ်သန်းနေမှာမှန်ပေမယ့်
ခက်ခဲမှုတွေပိုပိုလာတဲ့အခါကျရင်
သင့်ကို ထားပစ်ခဲ့ကြမယ့်သူတွေပါပဲ။

၃။သစ်မြစ်လိုလူမျိုး။
🪴ဒီသစ်မြစ်လိုလူမျိုးက
သင့်ဘဝအတွက် အင်မတန်အရေးပါတဲ့သူတွေပါ။
သူတို့က မထင်မရှားနဲ့ ကွယ်ရာကနေ
သင့်ကို ထောက်ပံ့ပေးနေတဲ့သူတွေ။
ဘယ်လောက်ပဲ ခက်ခဲမှုတွေရင်ဆိုင်နေရပါစေ
သင့်ကို ရေလောင်းပေးကြမယ့်သူတွေချည်း။
သင့်အခြေအနေအဆင့်အတန်းကြောင့်မဟုတ်ဘဲ
သင့်ရဲ့လူသားအဖြစ်တည်ရှိပေးမှုကိုသာ
ရိုးရိုးစင်းစင်း မေတ္တာထားတန်ဖိုးထား
မြတ်နိုးကြသူတွေပါ။

💐သင့်ဘဝမှာ တွေ့ဆုံရတဲ့သူတိုင်းက
သင်နဲ့အတူ ရင်ချည်းဆက်နေသွားမယ့်သူတွေ
မဟုတ်ပါဘူး။
🌺သစ်မြစ်လိုလူမျိုးကသာ သင့်ဘဝမှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့
ဘာတွေပဲဖြစ်လာဖြစ်လာ
သင်နဲ့အတူ ထာဝရမခွဲခွာ
ရှိနေပေးမယ့်သူတွေပါပဲ။
🎄သင့်ဘဝမှာ
သစ်မြစ်လိုလူမျိုးတွေ
ရှာဖွေပြုစုပျိုးထောင်မွေးမြူနိုင်ပြီး
သင့်ဘဝရဲ့နေ့ရက်တိုင်းကို
ခွန်အားအပြည့်နဲ့ရှေ့ဆက်နိုင်ဖို့
လမ်းကြောင်းပေးနေနိုင်ပါစေ။

Crd_To_Owner-With_Respect

Photos from Rehoboth Steelweld Engineering's post 19/10/2023

✍️ဒီနေ့မှာတော့ လုပ်ငန်းခွင်မှာမရှိမဖြစ်သုံးရတဲ့ safety helmet အကြောင်းကို ဗဟုသုအနေနဲ့ sharing လုပ်ချင်ပါတယ်။
✅တကယ်တော့ safety helmet ဆိုတာ ကျွန်တော်တို့ လုပ်ငန်းခွင်
ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်မရှိမဖြစ် အရေးကြီးတဲ့ တစ်ကိုယ်ရေသုံး ပစည်း personal protection equipment (PPE) တစ်ခုဖြစ်တဲ့အတွက် အားလုံးသိရှိဖို့ လိုအပ်ပါတယ်။
✅လုပ်ငန်းခွင် ဘေးကင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုနဲ့ပါတ်သက်ရင် အမေရိကန်နိုင်ငံမှ (OSHA - The Occupational Safety and Health Administration's) ကို မေ့ထားလို့မရပါ ဘူး။ OSHA ကို ၂၈.၄.၁၉၇၁ ခုနှစ် မှာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီ မြို့မှာ ဖွဲ့စည်း တည်ထောင်ခဲ့တာဖြစ်တယ်။
✅OSHA အဖွဲ့အစည်းရဲ့ သတ်မှတ်ထားတဲ့ ဥပဒေတွေထဲမှာ safety helmet တွေရဲ့ သုံးစွဲနိုင်တဲ့ သက်တမ်းကုန်ဆုံးမဲ့ နေ့ (expire date) ကို American National Standards Institute (ANSI) မှ personal protection equipment (PPE) တွေအတွက် guidelines များပေါ် မူတည်ပြီး သတ်မှတ်ထားပါတယ်။ safety helmet တွေရဲ့ သုံးစွဲနိုင်တဲ့ သက်တမ်းကို safety helmet ထုတ်လုပ်သူများမှ safety helmet တစ်လုံးချင်းဆီအတွက် အသုံးပြုမည့်သူများကို ထုတ်ပြန်ထားတဲ့ instructions လမ်းညွှန်ချက်တွေအပေါ်မှာ ANSI အနေနဲ့လဲ ပြန်လည်ရည်ညွန်း ကိုးကားပြီး ထုတ်ပြန်ရတာပဲဖြစ်ပါတယ်။ ANSI နဲ့ OSHA ဥပဒေအရ safety helmet တစ်လုံးမှာ စတင်ထုတ်လုပ်လိုက်တဲ့ အချိန်ကာလ (နေ့စွဲ) ပါရှိရမှာဖြစ်ပြီး သက်တမ်းအနေနဲ့ ထိုအချိန်ကာလရဲ့ ၄ နှစ် မှ ၅ နှစ် အတွင်းသာအသုံးပြုရမှာဖြစ်ပါတယ်။ စတင်ထုတ်လုပ်လိုက်တဲ့ အချိန်ကာလထက် ကျော်လွန်နေပြီဆိုပါက အဆိုပါ safety helmet ရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင် ဘယ်လောက်ပင်ကောင်းမွန်နေပါစေ (ရုပ်ပိုင်းဆိုင်ရာအမြင်နဲ့ မဆုံးဖြတ်ပဲ) အသစ် လဲလှယ်ကြဖို့ အကြံပြုထားပါတယ်။
✅ဒါဆို safety helmet ရဲ့ သက်တမ်းကုန်ဆုံးမဲ့ နေ့ (expire date) ကို ဘယ်လိုရှာကြမလဲ ဆိုတာ ဆက်ပြီးတင်ပြပါ့မယ်။ ANSI ကအတည်ပြုထားတဲ့ ဥပဒေ Z89.1-2009 မှာ safety helmet တစ်လုံးချင်းစီအတွက် သက်တမ်းကုန်ဆုံးမဲ့ နေ့ (expire date) အပါအ၀င် manufacturer name, ANSI standard designation, appropriate ANSI class designation (Class A, B, or C) အစရှိသော တိကျတဲ့ အချက်အလက်တွေကို safety helmet ရဲ့ အတွင်းပိုင်းမှာ ပုံနှိပ်ဖော်ပြပေးထားပါတယ်။ သက်တမ်းအနေနဲ့ စတင်ထုတ်လုပ်တဲ့ နေ့မှ အလွန်ဆုံး ၄ နှစ် မှ ၅ နှစ် အတွင်းသာ အသုံးပြုသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ safety helmet တစ်လုံးမှာ သက်တမ်းအလိုက် မျက်စိနဲ့ မမြင်နိုင်တဲ့ ပျက်ဆီးမှုတွေ ၊ safety helmet ကိုပြုလုပ်ထားတဲ့ ပလစ်စတစ် (သို့မဟုတ်) ဖိုက်ဗာ တွေမှာပါရှိတဲ့ အတွင်းပိုင်း မော်လီကျူးပြောင်းလဲမှုတွေကြောင့် polarization index (PI) တွေလဲ ပြောင်းလဲလာနိုင်ပြီး လျှပ်စစ်ပိုင်းဆိုင်ရာတွေနဲ့ အလုပ်လုပ်တဲ့အခါ electrical shock တွေလဲဖြစ်လာနိုင်ပါတယ်။ လုပ်ငန်းခွင့်မှာ ထိခိုက်တဲ့အခါ တဲ့အခါမှာ ဦးထုတ်ရဲ့ ခံနိုင်ရည်စွမ်းလျော့ကျသွားတာဖြစ်တယ်။
✅ဒါ့ကြောင့်မို့ safety helmet သုံးစွဲသူများနေနဲ့လဲ မိမိအသုံးပြုနေတဲ့ safety helmet ရဲ့သက်တမ်းကို အလွယ်တကူ တွက်ယူခြင်းဖြင့် သိရှိနိုင်ပြီး safety helmet ရဲ့ expire date ကို permanent marker ဆော့ပင် နဲ့ သေသေချာချာ ထင်ထင်ရှားရှားမှတ်သားထားသင့်ပါတယ်။ အခုလို သက်တမ်းကုန်ဆုံးမဲ့နေ့ (expire date) ကို အနီးစပ်ဆုံး ရေးသားထားခြင်းအားဖြင့် အသက်အာမခံကိစ္စလို မတော်တဆထိခိုက် ဒါဏ်ရာရတဲ့အခါ အထောက်အထားမှတ်တမ်းတခုအဖြစ် ရရှိနိုင်မှာဖြစ်ပါတယ်။
safety helmet ရဲ့ expire date ကို တိတိကျကျသတ်မှတ်ပေးထားရတဲ့အကြောင်းကတော့ safety helmet ကိုအသုံးပြုပြီးအလုပ်လုပ်နေသူ (အလုပ်သမား) အတွက် ဦးခေါင်းပိုင်းမတော်တဆထိခိုက်မှုကို အမြင့်ဆုံး အကာအကွယ်ပေးနိုင်ဖို့အတွက်ပါ။ အကယ်၍ safety helmet ကိုအသုံးပြုပြီးအလုပ်လုပ်နေသူ (အလုပ်သမား) တစ်ဦးဟာ နေရောင်အောက်မှာ နာရီပေါင်းများစွာအလုပ်လုပ်နေရတဲ့ လုပ်ငန်းခွင် ဖြစ်နေရင်၎င်း ၊ အလွန်ပြင်းထန်တဲ့ ဓါတုဗေဒ ပစ္စည်းများနဲ့ နီးစပ်နေတဲ့ လုပ်ငန်းခွင်နေရာမှာ၎င်း ၊ မြင့်မားတဲ့အပူချိန်ရှိ လုပ်ငန်းခွင်နေရာမှာဖြစ်နေရင်၎င်း ၂ နှစ်ကျော်လောက်သုံးစွဲပြီးရင် အသစ်လဲလှယ် ၀တ်ဆင်ရမှာဖြစ်ပါတယ်။
ဥပမာ- Singapore process sector မှာအလုပ်လုပ်နေမယ်ဆိုရင် ၃နှစ်ပြည့်ရင် ဦးထုပ်ကို အသစ်လဲရမှာဖြစ်တယ်။
✅ဒါ့အပြင် မိမိသုံးစွဲနေတဲ့ safety helmet ကိုလဲ ပုံမှန် သန့်ရှင်းရေးပြုလုပ်ပေးသင့်ပြီး လိုအပ်တာတွေကိုလဲ တပါတည်း စစ်ဆေးသင့်ပါတယ်။
Safety helmet ဆိုတာ အချိန်ကာလပိုင်းအခြားတခုအထိသာအသုံးပြုရတဲ့ လုပ်ငန်းခွင်ဆိုင်ရာ personal protection equipment (PPE) ပစ္စည်းဖြစ်နေတဲ့အတွက် safety helmet ရဲ့ အပေါ်ခွံမှာ ထိခိုက်ဒါဏ်ရာများ ၊ ပွန်းရာပဲ့ရာများ ၊ အပေါက်များ ၊ အက်ကြောင်းများ ၊ မေးတိုင်းကြိုးစသည်တို့ကို အသုံးပြုမဲ့သူကိုယ်တိုင် ပုံမှန် စစ်ဆေးသင့်ကြောင်း ဖော်ပြလိုပါတယ်။

အားလုံးပဲလုပ်ငန်းခွင်မှာဘေးကင်းကြပါစေ။🙏🙏🙏💪💪💪😇😇😇

15/10/2023

✅သံကို ဘယ်အရာကမှ မဖျက်စီးနိုင်ဘူး
သံချေးကပဲ ဖျက်စီးနိုင်တယ်

✅ဒီလိုပဲ မင်းဘဝကို မင်းကလွှဲလို့
ဘယ်သူကမှ ရိုက်ချိုးဖျက်စီးလို့မရဘူး

မင်းဘဝကို မင်းရဲစိတ်ကပဲ
ဖျက်စီးနိုင်တယ်

✅လူတိုင်း မထိန်းနိုင်တဲ့ ကိုယ့်ရဲစိတ်ကို
အကယ်၍ မင်းထိန်းနိုင်ခဲ့ရင်
မင်းမှာ စူပါစွမ်းအင် တခုရှိနေလို့ပါ💡

✅ကိုယ့်စိတ်ကို ထိန်းနိုင်တာဟာ
ရန်သူအယောက် ၁၀၀ ကိုတျောက်ထဲ
တိုက်နိုင်တာနဲ့ ညီမျှတယ်တဲ့💪

✅လူတွေရဲ့စိတ်က အပြောင်းလဲမြန်တာမို့
အကယ်၍ မင်းကအခက်ခဲပေါင်းများစွာထဲ
ရှင်သန်ရုန်းကန်နေရတယ်ဆိုရင်

✅မင်းကိုမင်း ဘယ်တော့ခါမှ
အရှုံးပေးဖို့ မတွေးမိပါစေနဲ့💪💪

Crd_To_Owner-With_Respect

Photos from Rehoboth Steelweld Engineering's post 12/10/2023

Basic Pipe Fitting Technique For Fitters

09/10/2023
08/10/2023

"ဆုပ်ကိုင်မထားသင့်တဲ့ ဘူး ၅ ဘူး"

- မသိဘူး🙅
- မလုပ်တတ်ဘူး🙅
- ဝါသနာမပါဘူး🙅
- မလုပ်ရဲဘူး🙅
- မရှိဘူး🙅

ဒါ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမြဲလိုလို
ကြားဖူးနေကြတဲ့ "ဘူး" တွေပေါ့

ပညာရေး/ စီးပွါးရေး/ လူမှုရေးကိစ္စတွေ လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ ...

ဒီ "ဘူး" တွေကို ...

အကုန်လုံးမဟုတ်တောင် တစ်ခုမဟုတ်တစ်ခုတော့ လွယ်လွယ်လေးပြောတတ်ကြတယ်

အဲ့ဒီ ဘူး(၅)ဘူး က ...
ကြိုးစားလိုစိတ်မရှိတဲ့သူတွေရဲ့ ဆင်ခြေတွေ

သိပ်အပြောလွယ်သလို လူသက်သာစေတဲ့
ဆင်ခြေတွေပေါ့

ဒါပေမယ့် အဲ့ဒီလို အလွယ်ပြောလိုက်တဲ့
ဆင်ခြေတွေက ...
ဆင်ခြေမပေးတတ်သူတွေထက်၊ကိုယ့်ဘဝကို ... ခြေလှမ်းတွေ နောက်ကျစေတတ်ပါတယ်

ဒီတော့ ...
ကိုယ့်ဘဝတိုးတက်စေမယ့်အရာဆိုရင် ...
✅ မသိရင် သိအောင်လုပ်ပါ
✅ မလုပ်တတ်ရင် လုပ်တတ်အောင်လေ့လာပါ
✅ ဝါသနာမပါရင် ဝါသနာပါလာအောင် ကြိုးစား
ကြည့်ပါ
✅ မလုပ်ရဲရင် သတ္တိမွေးပါ
✅ မရှိသေးရင် ရှိအောင်ရှာပါ

အပေါ်မှာ ပြောထားတဲ့ ဘူး(၅) ဘူးကို ကြိုးစားပြီး ရှောင်ကြည့်ပါ ။
ရှောင်နိုင်လေ ကိုယ့်ဘဝတိုးတက်လေ ဖြစ်လာတာကို တွေ့ရပါလိမ့်မယ်။

Crd_to_owner_with_respect

30/09/2023

✍️လူအများစုရဲ့အဓိကပြသနာက တစ်ခုခုကိုလုပ်ကြတဲ့အခါ ငါ့အတွက်အချိန် ရှိသေးတယ်လို့ ထင်နေတတ်တယ်။ အချိန်နှင့်ဒီရေက လူကိုမစောင်းပါ။💪💪💪💪

Photos from Rehoboth Steelweld Engineering's post 27/09/2023

✍️အားလုံးအတွက်အကျိုးရှိမယ်ထင်တာလေး Knowledge Share လုပ်ပါရစေ။ Welding လုပ်နေကျတဲ့သူတွေအတွက်
အထောက်အကူဖြစ်မယ်ထင်ပါတယ်။
✅Welding ဆိုတာဘာလဲ ၊ Welding Types ၊ How to read welding symbol စတာတွေပါ။
ကျနော်လဲလေ့လာဆဲမို့ အသိသင့်ဆုံးလို့ထင်တဲ့ အကြောင်းအရာလေးတွေကိုပဲ ပြောပြဖြစ်ပါတယ်။
Welding Type တွေအများကြီးရှိပေမယ့် ကျနော်တို့ Civil Engineeing နဲ့ပတ်သတ်တဲ့ Structure တွေမှာတော့ Arc Welding
ကိုပဲအသုံးများပါတယ်။ Arc ဆိုတာပါလာရင် လျှပ်စစ်ပါပါလာပြီလို့ဆိုလိုပါတယ်။ Arc Welding ရဲ့ ရည်ရွယ်ချက်က ဆက်ချင်တဲ့
Metal နှစ်ခုကို ကြားမှာ Filler Material ထည့်ပြီးဆက်တာပါပဲ။ Electric Current ကြောင့် Metal တွေပူပြီးအရေပျော်
ဆက်မယ့် Metal နှစ်ခုကား Filler Material ထည့် ၊ အေးတဲ့အခါ ဆက်ပြီးသားဖြစ်သွားပါတယ်။ လျှပ်စစ်အဖို နဲ့ အမကို ထိပြီး
Current တစ်ပတ်လည်တဲ့အခါ ရှော့ဖြစ်ပြီး မီးထွက်ပါတယ်။ ထွက်လာတဲ့မီးက အရမ်းပူတဲ့အတွက် Metal
တွေကိုအရေပျော်စေပါတယ်။ Arc Welding ရဲ့ကောင်းတဲ့အချက်က အပူကိုတစ်နေရာတည်းမှာ စုစည်းပြီးရစေပါတယ် ။
ဒါကြောင့် Peneration (ထိုးဖောက်အား) ကောင်းတယ် ။ ဂဟေဆော်နှန်းမြန်တယ် ။ စီးပွားရေးအရတွက်ချေကိုက်တဲ့အတွက်
အသုံးပြုတာများပါတယ်။ Filler Material ဖြစ်လာစေမယ့်အရာကိုတော့ ကျနော်တို့က Electrode လို့ခေါ်ပါတယ်။
မြန်မာလိုတော့ ဝရိန်ချောင်းပေါ့။
ဂဟေဆော်လိုက်တဲ့အခါ metal ကအရေပျော်သွားပါတယ် ။ အရေပျော်တဲ့အခါ လေထဲမှာရှိတဲ့ Oxygen နဲ့ Nitrogen
စုတ်ယူပါတယ်။ အဲလိုစုပ်ယူလိုက်ရင် ဂဟေသားက ကြွပ်ဆတ်လာတာတို့ စတဲ့မလိုလားအပ်တဲ့
အခြေအနေတွေအများကြီးဖြစ်လာနိုင်ပါတယ်။ နည်းလမ်းတွေအများကြီးစမ်းသပ်ခဲ့ကြပြီး Welding တို့တဲ့နေရာကို
တစ်ခုခုနဲ့ကာကွယ် (Shield ) လုပ်ရန်အတွက် အကြံရခဲ့ပါတယ်။ Arc welding တွေထဲမှာ အသုံးအများဆုံး (၃) ခုကို သူတို့ရဲ့
Weld area ကိုကာကွယ်တဲ့ပုံကို အစွဲပြုပြီးနာမည်ပေးခဲ့ကြပါတယ်။
(1) SMAW (Shielded Metal Arc Welding )
(2) SAW (Submerged Arc Welding)
(3) GMAW (Gas Metal Arc Welding) တို့ပဲဖြစ်ပါတယ်။
🇲🇲မြန်မာမှာသုံးကြာတဲ့ Welding Joint အတော်များများဟာ SMAW (Shielded Metal Arc Welding) Process
ကိုသုံးတာအများဆုံးပါ။ ဒါကြောင့်ဒါကိုပဲ အဓိကထားပြီးပြောသွားပါမယ်။
SMAW ကိုနောက်တစ်မျိုးဘယ်လိုခေါ်လဲဆိုတော့ Coated Stick Electrode Method လို့လဲခေါ်ပါသေးတယ်။ ဒီ SMAW အရ
Filler material ထည့်ထားတဲ့ Electrode ကို Flux (ကျနော်တို့အခေါ်ချော်) နဲ့အုပ်ထားပါတယ်။ အဲဒီချော်ဟာ Inert gas
နဲ့လုပ်ထားပြီးတော့ အရည်ပျော်တဲ့အခါ Oxygen နဲ့ Nitrogen ကို Welding လုပ်ထားတဲ့ area ကိုမဝင်လာနိုင်အောင်
တားဆီးပါတယ်။
Electrode ကို Size , Strength , flux (ချော်) အမျိုးအစားပေါ်မူတည်ပြီး အများကြီးရွေးချယ်စရာရှိပါတယ်။
အဲလိုရွေးချယ်စရာတွေကိုတော့ Code အနေနဲ့ပေးပြီး E # # လို့ပြပါတယ်။ E ဆိုတာက Electrode လို့ဆိုလိုပါတယ်။
နောက်က X လေးတွေကတော့ ချော်အမျိုးအစား ၊ Strength of filler material စတာတွေကိုရွေးချယ်ဖို့ ပြောထားတာပါ။
American Welding Society (AWS) ကိုပဲReference လုပ်ပြီးပြောသွားပါ့မယ်။ AWS - ASTM အရ Mild steel , Low
hydrocarbon Steel, Stainless steel, Low alloy steel om
Electrode
တွေရွေးချယ်စရာအများအပြားရှိပါတယ်။ ကျနော်ကတော့ Mild steel ဘက်ကိုပဲ ဦးစားပေးပြီးပြောပြချင်ပါတယ်။
E နောက်က XX လေးနှစ်ခုက Electrode(Filler Material) ရဲ့ Tensile Strength ကိုဆိုလိုပါတယ်။ E60XX ဆိုရင် 60 kis
tensile strength, E70XX ဆိုရင် 70 ksi Tensile Strength ရှိတဲ့ Electrode လို့ဆိုလိုပါတယ်။ မြန်မာနိုင်ငံက Designer
ဆရာတွေကတော့ E70XX electrode ကိုပဲရွေးပေးလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်ကိုဝင်တဲ့ Steel Section
တွေက China ကဝင်တာများပါတယ်။ China ကဝင်တဲ့ Section တွေရဲ့ Strength က A36 လောက်နဲ့အနီးစပ်ဆုံးတူပါတယ်။
ဒါကြောင့် A36 ရဲ Tensile strength 58 ksi နဲ့ခွာပြီး E70XX တွေကိုရွေးပေးလေ့ရှိပါတယ်။ ဒါပေမဲ့ ဆိုဒ်တွေထဲအတွေ့များတာတော့ E60XX
Electrode တွေပဲအတွေ့များပါတယ်။ ဘာလို့များပါလိမ့် ။
E နောက်က တတိယ X လေးက Weld position ဘယ်လို Position မျိုးကို ဒီ Electrode နဲ့ဆော်လို့ရလဲလို့ဆိုလိုပါတယ်။
Weld position 4 မျိုးရှိပါတယ် (Flat , Vertical , overhead and horizontal) ပါ။
E701X ဆိုရင် Tensile strength 70ksi , All position (Flat , Vertical , overhead and horizontal)
E702X ဆိုရင် Tensile strength 70ksi, (Flat, horizontal )
E703X ဆိုရင် Tensile strength 70ksi , (Flat only )
E704X ဆိုရင် Tensile strength 70 ksi , (Vertical down , flat , Horizontal and overhead) လို့ဆိုလိုပါတယ်။
နောက်ဆုံး X လေးကတော့ ဘယ် Electric Current ကိုသုံးရမလဲ ၊ ဘယ် Flux (ချော်) Coating ကိုသုံးမလဲလို့ရွေးချယ်တာပါ။
0 High cellulose sodium (DC+)
1 High cellulose potassium (AC, DC+ or DC-)
2 High titania sodium (AC, DC-)
3 High titania potassium (AC, DC+)
4 Iron powder, titania (AC, DC+ or DC-)
5 Low hydrogen sodium (DC+)
6 Low hydrogen potassium (AC, DC+)
7 High iron oxide, iron powder (AC, DC+ or DC-)
8 Low hydrogen potassium, iron powder (AC, DC+ or DC-)
DC (Direct Current) ဆိုရင် Welding ကပိုပြီး Smooth ဖြစ်ပါတယ်။ မြင်နိုင်တာက DC သုံးရင် ဘယ် Electrode
မဆိုသုံးလို့ရပါတယ်။ AC (Alternate Current) ဆိုရင်တော့ Welding electrode ကိုသင့်တော်ရာရွေးချယ်ရမှာပါ။
Flux လုပ်မယ့် အပေါ်ဇယားက ဓာတ်ပေါင်းတွေကိုတော့ Metallurgy, Chemistry, Physic နိယာမတွေနဲ့
တွက်ပြီးလိုအပ်ချက်အရ ပြောင်းလဲအသုံးပြုနိုင်အောင် Formula အတိုင်းပြုလုပ်ပေးထားပါတယ်။ Flux က ဂဟေသားကို
oxygen & Nitrogen နဲ့မထိအောင်လုပ်ပေးသလို ဂဟေမီးတည်ငြိမ်အောင် ၊ ဂဟေသားအရည်အသွေးပိုမိုကောင်းမွန်အောင်
ပြုလုပ်ပေးပါတယ်။ နောက်ထပ်အချက်တွေကတော့
၁။ ဂဟေသားမျက်နှာပြင်ကို ချောမွေ့စေပြီး ညီညာသောနှုတ်ခမ်းသားရအောင် လုပ်ပေးပါတယ်။
၂။ ဂဟေသားပတ်ဝင်းကျင်ကို မီးပွားစင်တာနည်းအောင်လုပ်ပေးပါတယ်
၃။ဂဟေမီးကိုတည်ငြိမ်အောင်လုပ်ပေးပါတယ်
၄။ထိုးဖောက်မှု (Peneration) ကိုတည်ငြိမ်အောင်ထိမ်းပေးပါတယ်။
၅။ဂဟေသားအပေါ်ယံမျက်နှာပြင်ကို တောင့်တင်းအောင်လုပ်ပေးပါတယ်။
၆။ ချော် (Flux)ကိုဂဟေဆော်ပြီးတဲ့အခါ
၇။ ဂဟေဆော်တဲ့အခါ ဂဟေချောင်းက အရည်ပျော်သွားပြီး ဂဟေဆော်မယ့်မြောင်းထဲပို့ချမှပိုကောင်းအောင် လုပ်ပေးပါတယ်။
Flux မပါပဲ Filler material ကိုပဲအရည်ဖျော်ပြီး ဂဟေဆော်နေတာတွေလည်းတွေ့မှာပါ။ ဒါပေမယ့် Flux (ချော်) ပါတဲ့
ဂဟေချောင်းကိုပဲ လူတွေကပိုအကြိုက်များ ပိုသုံးစွဲကတာတွေ့မှာပါ။ သူကပိုပြီးအားသာချက်များပါတယ်။

ကျေးဇူးပါခင်ဗျာ

19/09/2023

🔶အေးခဲတဲ့ မြောက်၀င်ရိုးစွန်းမှာ
ပိုလာ၀က်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။
ဒါပေမယ့် အက်စကီးမိုး လူမျိုးတွေက
ဘာမှအင်အား ထုတ်စရာမလိုဘဲ
အဲဒီ၀က်ဝံတွေကိုဖမ်းနိုင်တယ်။

🔶ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက
ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး
ဖျံရဲ့သွေးကို ပုံးတစ်ခုထဲထည့်ထားလိုက်တယ်။

🔶အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို
သွေးထဲမှာ စိုက်ထားလိုက်တယ်။
အရမ်းအေးတဲ့အတွက် ဖျံသွေးဟာ
အချိန်တိုအတွင်းမှာ ခဲသွားပါတယ်။

🔷အဲဒီခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ ဖျံသွေးကို
ပုံးထဲကထုတ်ပြီး ရေခဲပြင်မှာ ပစ်ထားလိုက်ရုံပါပဲ။

🔷၀က်ဝံတွေက သွေးအရမ်းကြိုက်တယ်။
အဲဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲ
ရောက်စေခဲ့တယ်။

🔷အနံ့ခံကောင်းတဲ့ သူတို့ဟာ သွေးညှီနံ့ကို
အဝေးကြီးကတောင် ရနိုင်ပါတယ်။

🔶အက်စကီးမိုးတို့ ပစ်ထားတဲ့ သွေးခဲကို
ခြေရာခံပြီး တွေ့တာနဲ့ အငမ်းမရ
လျှာနဲ့ စတင်လျက်ပါတော့တယ်။

🔶လျက်ရင်း လျက်ရင်း လျှာခဲသွားလည်း
အစာကောင်းကို လက်မလွတ်ချင်တာနဲ့
ဆက်လျက်ပါတယ်။

🔶အဲဒီနောက် ခဲနေတဲ့သွေးက ပိုချိုလာတယ်။
ပိုလတ်ဆတ်လာတယ်။ ပိုပူနွေးလာတယ်ဆိုတာကို
သတိမထားမိတော့တဲ့အထိပါပဲ။

🔶လျက်လေ အရသာရှိလေ
အရသာရှိလေ လျက်လေနဲ့
သူတို့ရဲ့သွေးကို သူတို့ သောက်နေမိမှန်းတောင်
မသိကြတော့ပါဘူး။

🔶အကြောင်းက .....
သွေးခဲအလယ်မှာ စိုက်ထားတဲ့ ဓားက
လျက်နေတဲ့ သူတို့လျှာကို လှီးဖြတ်နေခဲ့လို့ပဲ။

🔶အအေးဓာတ်ကြောင့် ထုံနေတဲ့ လျှာက
နာကျင်တာကို မခံစားမိတော့ဘူး။

🔶အနံ့ခံကောင်းတဲ့ နှာခေါင်းက
လတ်ဆတ်တဲ့ သွေးနံ့ရလေ လျက်နှုန်းက မြန်လေလေ
နောက်တော့ ကိုယ့်သွေးကို ကိုယ်
ပြန်သောက်နေမိတော့တယ်။

🔶နောက်ဆုံးတော့ သွေးထွက်လွန်ပြီး
မူးလဲသွားပါတယ်။

🔶အဲဒီအချိန်မှာ အက်စကီးမိုးတွေက သူတို့ကို
ဘာအင်အားမှ မသုံးဘဲ ဖမ်းလိုက်ရုံပါပဲ။

______________________________+_______

- ဘ၀ရဲ့ ပျော်ရွှင်ခြင်းတွေကို ရှာဖွေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွဲမှားခဲ့ရင်
ကိုယ်တွေဟာလည်း ပိုလာ၀က်ဝံနဲ့ တူသွားနိုင်တယ်။

- တစ်ချို့လူတွေက အလုပ်ချိန် များများလုပ်လေ
ပိုအောင်မြင်လေလေ ၀င်ငွေများများ ရလေလေလို့
ထင်တတ်ကြတယ်။ ဒါပေမယ့် သူတို့မှာ အဲဒီငွေကြေးကို ဖြုန်းဖို့ အချိန်မရှိခဲ့ကြဘူး။ တစ်ချို့ အဲဒီငွေကြေးကို ဘယ်လိုသုံးရမယ်မှန်းမသိကြဘူး။

- ၀င်ငွေများလာတာနဲ့နည်းတူ တစ်ဖက်မှာလည်း
တစ်ချို့အရာတွေကို သူတို့ဆုံးရှုံးကြရတယ်။

- လူ့ဘ၀ရဲ့ တန်ဖိုးအရှိဆုံး အရာဖြစ်တဲ့
မိသားစုနဲ့အတူနေတဲ့ အချိန်တွေ
နွေးထွေးတဲ့ မိဘမေတ္တာငတ်နေတဲ့
သားသမီးတွေ၊ လူမှုရေး၊ ကျန်းမာရေး၊
လူတစ်ဖက်သားကိုကူညီဖို့အရေးဆိုတာကိုတောင်
သူတို့မေ့နေခဲ့ကြတယ်။

- အမေရိကားရဲ့ အပတ်စဉ် ဂျာနယ်တစ်ခုက အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွားရေး ပညာရှင်
ဆယ်ဦးကို မေးခွန်းမေးပြီး စာရင်းလုပ်ခဲ့ဖူးတယ်။

- မေးခွန်းက “ တကယ်လို့ ဘ၀ကို အသစ်ပြန်စရရင် သင်အမျှော်လင့်ဆုံးနဲ့ လက်မလွတ်ချင်ဆုံးအရာက ဘာလဲ” တဲ့။

- ပညာရှင် ခုနှစ်ဦးက တူညီတဲ့ အဖြေကိုပေးခဲ့ပါတယ်။

- အဖြေက “ တကယ်လို့ ဘ၀ကို အသစ်ပြန်စရရင် မိသားစုတွေနဲ့ အတူနေတဲ့အချိန်ကို လက်မလွတ် ချင်ဆုံးပါ” လို့ ပြန်ဖြေခဲ့ကြတယ်။

- တစ်ချို့လူတွေက ဆုံးဖြတ်ပြီးရင် နောင်တမရဘူးလို့ ပြောတတ်ကြတယ်။ ဒါပေမယ့် မဆုံးဖြတ်ခင် သေချာ မစဉ်းစားခဲ့ရင်နောက်ဆုံးတော့ နောင်တ ရကြစမြဲပါပဲ။
ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။

- ငွေဟာ ရှာလို့မကုန်နိုင်တဲ့ အရာပါတဲ့
ရှာလေလေ ရလေလေ လိုချင်လေလေ

- နောက်ဆုံးတော့ လုံလောက်ပြီလို့ မထင်ဘဲ
ငွေနောက်ကိုပဲ ကောက်ကောက်ပါ ကုန်ကြတယ်တဲ့။

- ကိုယ်တွေကရော ပိုလာ၀က်ဝံလို ကိုယ့်သွေးကို သောက်ပြီး ပျော်နေကြတဲ့လူ ဖြစ်နေခဲ့ပြီလား.... ?

-💐💐💐တင်းတိမ် ရောင့်ရဲနိုင်တဲ့လူက ဘယ်တော့မှ မဆင်းရဲဘူး။ မတင်းတိမ်နိုင်တဲ့လူက အမြဲဆင်းရဲနေတယ်။ 💐💐💐

__________________________________+______

Photos from Rehoboth Steelweld Engineering's post 01/09/2023

Beautiful Arc Welding

28/08/2023

👉Reason တွေပေးမလား …
✍️Result ရအောင်လုပ်မလား…
ဒါပဲကွာတယ်…
ကိုယ်လက်အင်္ဂါ ပြည့်စုံပြီး
စိတ်ဓာတ်ခံယူချက်
အားနည်းချို့တဲ့ ကြတဲ့သူတွေရှိသလို…
ကိုယ်လက်အင်္ဂါ မပြည့်စုံပေမယ့်
စိတ်ဓာတ်ခံယူချက် ပြင်းထန်သန်မာကြတဲ့
သူတွေလည်းရှိတယ်။
💪💪💪💪

18/08/2023

Difference types of Valves and their functions.

Photos from Rehoboth Steelweld Engineering's post 13/05/2023

Mocha မုန်တိုင်းကြောင့် စစ်တွေမြို့မှာ လူပေါင်းများစွာ အသက်ဆုံးရှုံးနိုင်ပါတယ်။ တချို့က အိမ်ထဲမှာပဲ ရင်ဆိုင်မယ် တွေးကြတယ်၊ အိမ်ထဲမှာ ကုပ်နေရုံနဲ့ မလွတ်နိုင်ပါ
ရပ်ကွက်တွေရေလွှမ်းမိုးနိုင်တယ် အိမ်တွေများစွာပျက်စီးနိုင်တယ်
တနာရီ လေတိုက်နှုန်း ၁၂၀ ဆိုတာ မတွေးဝံ့လောက်အောင်ပြင်းထန်ပါတယ် မိုင် ၆၀ ဆိုရင်ကို အိမ်အမိုးတွေလန်ထွက်နေနိုင်ပြီ ဖြစ်ပါတယ်၊ အဲဒိနှုန်းထက် ၂ ဆ ဆိုတော့ စဉ်းစားကြည့်ပါ။ လေတိုက်တာ အပြင် မုန်တိုင်းရဲ့တိမ်တိုက်ထဲမှာ သယ်ဆောင်လာတဲ့ ရေထုပမာဏ ကိုမုန်တိုင်းမြေပြင်ပေါ်ဆင်းလာတဲ့အချိန်မှာ သွန်ချသလို မိုးရွာနိုင်ပါသေးတယ်၊ အိမ်တွေ ရပ်ကွက်တွေဟာ မိနစ်ပိုင်းအတွင်း ရေမြုပ်သွားမှာပါ၊ စစ်တွေမြိုဟာ ပင်လယ်ကမ်းစပ်မှာ နီးကပ်စွာတည်ထားတာဖြစ်တဲ့အတွက် လှိုင်းအမြင့် ပေ ၃၀ ( ၃ ထပ်တိုက်တလုံးလောက်နီးပါးအမြင့်) လောက်ရှိတဲ့ လှိုင်းလုံးတွေဟာ အလွန်ပြင်းထန်တဲ့ အရှိန်၊ ကြီးမားတဲ့ ထုထည်ပမာဏနဲ့ ရပ်ကွက်တွေထဲထိ ဝင်လာနိုင်ပါတယ်၊ ခန့်မှန်းမိသလောက် ဘောလုံးကွင်းရပ်ကွက် တခုလုံး ကျော်သည်အထိ ရေလှိုင်းတွေ အသာလေးရောက်နိုင်ပါတယ်။ တမြို့လုံးကတော့ ရေ လေ လှိုင်း ဒဏ် ပြင်းပြင်းထန်ထန်ခံနိုင်ပါတယ်။ အာဂျပ်တော်ကုန်းကတော့ ရေမလွှမ်းနိုင်ရင်တောင် လေဒဏ် မိုးဒဏ်က မလွတ်နိုင်ပါ၊ အသက်ဘေးကတော့ လွတ်နိုင်ကောင်းပါရဲ့။ နာဂစ်မှာ လူပေါင်းများစွာ ရွာပေါင်းများစွာဟာ နာရီပိုင်းအတွင်း ဖျက်ဆီးခံလိုက်ရတာပါ။ (သစ်ပင်ပေါ်တက်ပြေးရင်း သစ်ကိုင်းဖက်ပြီးသေနေတာတွေ မမြင်ချင်မှ အဆုံးပါ။)

စစ်တွေမြို့ ကလူတွေ အခုရှောင်ရင်လွတ်နိုင်ပါသေးတယ်၊ အခုချိန်ထိ ကမ်းနားလမ်းမှာ # # # # # နေကြသေးတဲ့သူတွေ ရှိတယ်ဆိုတော့ အန္တရာယ်ကို တကယ်မမြင်နိုင်ကြသေးတာပါ၊ လူတိုင်းမှာ ဖုန်းကိုယ်စီရှိပြီး မုန်တိုင်းဓါတ်ပုံကို အလွယ်တကူမြင်နေရတာတောင် နားမလည်နိုင်ကြသေးတာ အံ့ဩမိတယ်။ မုန်တိုင်းမျက်စိဟာ မိုင် ၅၀ တမြို့လုံးထက်ကျယ်ပါတယ်၊
ကျောက်တော် မြောက်ဦး စသည်ဖြင့် ပင်လယ် မြစ်ချောင်းနဲ့ ဝေးရာ နေရာတွေရှောင်တာ အကောင်းဆုံးပါ၊ သေခါမှ RIP တွေ မပြောကြစေချင်ဘူး အခုကတည်းက လွတ်အောင်ပြေးကြပါ၊
စစ်တွေ ကျောက်ဖြူနဲ့ ရခိုင်ကမ်းရိုးတမ်းတလျောက်က အမျိုးတွေနဲ့ မိတ်ဆွေတွေ အတွက် အမြန်ရှောင်ကြဖို့ အထူးသတိပေးပါတယ်
တကယ်လို့ ကျနော် ခန့်မှန်းတာတွေ မဖြစ်ရင် အကောင်းဆုံးပါ၊ ဖြစ်ခဲ့ရင် ပြေးချိန်မရဘူးဆိုတာ သိစေချင်တာပါ။
ရခိုင်မှာ ကျောက်တော် မြောက်ဦး ဘုရားဖူးဆိုတာ မကြာခနသွားနေကြတာပါ၊ အခု မုန်တိုင်းရှောင်ကြတာလဲ တကယ်ဖြစ်ခဲ့ရင် ရှောင်ပြီးသားဖြစ်မယ် မဖြစ်ခဲ့ရင်လည်း ဘုရားဖူးသွားသလိုသာ သဘောထားလို့ ရတာပဲ မဟုတ်လား။
ဘေးကင်းပါစေလို့ ဆုတောင်းနေလို့မရဘူး ဘေးကင်းရာကိုရှောင်မှ ဘေးကင်းကြမှာ
အန္တရာယ်ကို အလောင်းအစားမလုပ်ကြပါနဲ့လို့
ခင်များတို့အတွက် စိုးရိမ်လို့ရေးတာပါ (ထင်တာတွေအားလုံးလွဲရင် အကောင်းဆုံးပဲပေါ့)

09/05/2023

ရေနံနှင့် ဓာတုဗေဒစက်ရုံတွေရဲ့ ညအလှ

06/05/2023

High Pressure Reducing Valve

04/05/2023

အခုခေတ်ထပ်နေတဲ့ ဘာ Trend ဖြစ်မလည်း😂😂😂😂

Photos from Rehoboth Steelweld Engineering's post 30/03/2023

🌞📢" အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက် "🥵🥵
🌞နွေရာသီတွင် ရာသီဥတုပူပြင်းမှုကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ်အတွင်းရှိရေနှင့် ဓာတ်ဆားဓာတ်များ ဆုံးရုံးမှုပိုမိုများပြားလာပါသည်။ အပူဒဏ်အန္တရာယ်ကြောင့် အပူဒဏ် ကြောင့် ဖောယောင်ခြင်း (Heat edema)၊ မိတ်နှင့် ယားနာများထွက်ခြင်း(Heat rashes)နှင့် ကြွက်တက်ခြင်း(Heat cramps) စသည့် ရောဂါဝေဒနာများအား ခံစားရရှိနိုင်ပါသည်။ ထို့အပြင် ရောဂါပိုမိုဆိုးရွားလာပါက အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat exhaustion)နှင့် မူးမေ့ခြင်း (Heat syncope)တို့ကိုပါ ခံစားရနိုင်ကာ ပိုမိုပြင်းထန် ဆိုးရွား လာပါက အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat stroke) အထိ ဖြစ်ပွားစေနိုင်ပါသည်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat exhaustion) ခံစားရပါက အောက်ဖော်ပြပါ ရောဂါလက္ခဏာများအား ခံစားရနိုင်ပါသည်။ - ပျို့ခြင်း (သို့) ဂနာမငြိမ်ဖြစ်ခြင်း - ခေါင်းမူးနောက်ခြင်း - ကြွက်သားများ ကြွက်တက်ခြင်းနှင့် အားပျော့ခြင်း - မူးမိုက်ခြင်း - ခေါင်းကိုက်ခြင်း - နုံးချိခြင်း - ရေဆာခြင်း - ချွေးအလွန်အကျွံထွက်ခြင်း - ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း ရောဂါပိုမိုပြင်းထန်ဆိုးရွားလာ၍ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ခံစားရပါက အောက် ဖော်ပြပါ ရောဂါလက္ခဏာများအား ခံစားရနိုင်ပါသည်။ - အရေပြား ပူ၍ခြောက်သွေ့ခြင်း (သို့) ချွေးအလွန်အကျွံထွက်ခြင်း - စိတ်ရှုပ်ထွေးခြင်း - သတိလစ်ခြင်း - တက်ခြင်း - ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်း တို့ဖြစ်ပါသည် သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် အောက်ပါအချက်များကို လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
⏩၁။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုး ရောဂါအခံရှိသူများအနေဖြင့် နေ့လယ် နေ့ခင်းအချိန်တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက် ကောင်းသော နေရာများတွင် နားနေပါ။🏡
⏩၂။ ပူပြင်းသည့်နေရောင်တွင် ပင်ပန်းစွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ် ခြင်းတို့ကို ရှောင်ကြဉ်ပါ။🪴🌳
⏩၃။ ပူပြင်းသည့်နေရောင်အောက်တွင် သွားလာလှုပ်ရှားရန်၊ အလုပ်လုပ်ရန် လိုအပ်ပါက လည်း အရိပ်လုံလောက်စွာရနိုင်သည့် ထီး၊ ဦးထုပ်များဆောင်းသွားပါ။ အရိပ်ရအေးမြသည့် နေရာများတွင် ခေတ္တအနားယူခြင်းကိုလည်း မကြာခဏပြုလုပ်ပါ။👒☂️
⏩၄။ အလင်းပြန်သော အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့သော ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ။ 🎽🩳
⏩၅။ နေပူထဲမှ ပြန်လာပြီးချက်ချင်း ရေချိုးခြင်းနှင့် မနက် (၁၀) နာရီမှ ညနေ (၅) နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွတ်ခြင်း၊ ရေချိုးခြင်းစသည် တို့ကို ရှောင်ကြဉ်ပါ။
⏩၆။ အရက်သေစာသောက်သုံးခြင်းကြောင့် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရစေနိုင်ပြီး ဖြစ်ပွားပါက ပိုမိုပြင်းထန်စွာ ခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ။🚫🥃🍻
⏩၇။ ခန္ဓာကိုယ်အတွင်းရေနှင့် ဓာတ်ဆားဓာတ်များဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ရေနှင့် ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးပါ။🧂🥛
⏩၈။ မိတ်နှင့် ယားဖုများ ထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်ပါ။
⏩၉။ အပူဒဏ်အန္တရာယ်ခံစားရသော လူနာအားအရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်း သော နေရာတွင် ထားရှိခြင်း၊ ရေနှင့်ဓာတ်ဆားရည်များ သောက်သုံးစေခြင်း၊ လူနာ၏ ခန္ဓာကိုယ် အပူချိန်အမြန်ကျဆင်းစေရန် နဖူး၊ လည်ပင်း၊ ချိုင်းကြား (၂) ဖက်နှင့် ပေါင်ခြံ (၂) ဖက်တို့အား ရေအေးပတ်တိုက်ပေးခြင်း စသည်တို့အား ဦးစွာဆောင်ရွက်၍ နီးစပ်ရာ ဆေးရုံ/ ဆေးခန်း/ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသ၍ ကုသမှုခံယူစေပါ။🏥🏨

🩺ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန♥️

Download PDF File (276 KB): https://bit.ly/2SVUE8A ------------------
(Unicode)
" အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက် " နွေရာသီတွင် ရာသီဥတုပူပြင်းမှုကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ်အတွင်းရှိရေနှင့် ဓာတ်ဆားဓာတ်များ ဆုံးရုံးမှုပိုမိုများပြားလာပါသည်။ အပူဒဏ်အန္တရာယ်ကြောင့် အပူဒဏ် ကြောင့် ဖောယောင်ခြင်း (Heat edema)၊ မိတ်နှင့် ယားနာများထွက်ခြင်း(Heat rashes)နှင့် ကြွက်တက်ခြင်း(Heat cramps) စသည့် ရောဂါဝေဒနာများအား ခံစားရရှိနိုင်ပါသည်။ ထို့အပြင် ရောဂါပိုမိုဆိုးရွားလာပါက အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat exhaustion)နှင့် မူးမေ့ခြင်း (Heat syncope)တို့ကိုပါ ခံစားရနိုင်ကာ ပိုမိုပြင်းထန် ဆိုးရွား လာပါက အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat stroke) အထိ ဖြစ်ပွားစေနိုင်ပါသည်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat exhaustion) ခံစားရပါက အောက်ဖော်ပြပါ ရောဂါလက္ခဏာများအား ခံစားရနိုင်ပါသည်။ - ပျို့ခြင်း (သို့) ဂနာမငြိမ်ဖြစ်ခြင်း - ခေါင်းမူးနောက်ခြင်း - ကြွက်သားများ ကြွက်တက်ခြင်းနှင့် အားပျော့ခြင်း - မူးမိုက်ခြင်း - ခေါင်းကိုက်ခြင်း - နုံးချိခြင်း - ရေဆာခြင်း - ချွေးအလွန်အကျွံထွက်ခြင်း - ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း ရောဂါပိုမိုပြင်းထန်ဆိုးရွားလာ၍ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ခံစားရပါက အောက် ဖော်ပြပါ ရောဂါလက္ခဏာများအား ခံစားရနိုင်ပါသည်။ - အရေပြား ပူ၍ခြောက်သွေ့ခြင်း (သို့) ချွေးအလွန်အကျွံထွက်ခြင်း - စိတ်ရှုပ်ထွေးခြင်း - သတိလစ်ခြင်း - တက်ခြင်း - ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်း တို့ဖြစ်ပါသည် သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် အောက်ပါအချက်များကို လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ၁။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုး ရောဂါအခံရှိသူများအနေဖြင့် နေ့လယ် နေ့ခင်းအချိန်တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက် ကောင်းသော နေရာများတွင် နားနေပါ။ ၂။ ပူပြင်းသည့်နေရောင်တွင် ပင်ပန်းစွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ် ခြင်းတို့ကို ရှောင်ကြဉ်ပါ။ ၃။ ပူပြင်းသည့်နေရောင်အောက်တွင် သွားလာလှုပ်ရှားရန်၊ အလုပ်လုပ်ရန် လိုအပ်ပါက လည်း အရိပ်လုံလောက်စွာရနိုင်သည့် ထီး၊ ဦးထုပ်များဆောင်းသွားပါ။ အရိပ်ရအေးမြသည့် နေရာများတွင် ခေတ္တအနားယူခြင်းကိုလည်း မကြာခဏပြုလုပ်ပါ။ ၄။ အလင်းပြန်သော အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့သော ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ။ ၅။ နေပူထဲမှ ပြန်လာပြီးချက်ချင်း ရေချိုးခြင်းနှင့် မနက် (၁၀) နာရီမှ ညနေ (၅) နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွတ်ခြင်း၊ ရေချိုးခြင်းစသည် တို့ကို ရှောင်ကြဉ်ပါ။ ၆။ အရက်သေစာသောက်သုံးခြင်းကြောင့် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရစေနိုင်ပြီး ဖြစ်ပွားပါက ပိုမိုပြင်းထန်စွာ ခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ။ ၇။ ခန္ဓာကိုယ်အတွင်းရေနှင့် ဓာတ်ဆားဓာတ်များဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ရေနှင့် ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးပါ။ ၈။ မိတ်နှင့် ယားဖုများ ထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်ပါ။ ၉။ အပူဒဏ်အန္တရာယ်ခံစားရသော လူနာအားအရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်း သော နေရာတွင် ထားရှိခြင်း၊ ရေနှင့်ဓာတ်ဆားရည်များ သောက်သုံးစေခြင်း၊ လူနာ၏ ခန္ဓာကိုယ် အပူချိန်အမြန်ကျဆင်းစေရန် နဖူး၊ လည်ပင်း၊ ချိုင်းကြား (၂) ဖက်နှင့် ပေါင်ခြံ (၂) ဖက်တို့အား ရေအေးပတ်တိုက်ပေးခြင်း စသည်တို့အား ဦးစွာဆောင်ရွက်၍ နီးစပ်ရာ ဆေးရုံ/ ဆေးခန်း/ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသ၍ ကုသမှုခံယူစေပါ။
Crd; ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
Download PDF File (276 KB): https://bit.ly/2SVUE8A

Want your business to be the top-listed Equipment Service in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

safety is top priority for every workplace
Difference types of Valves and their functions.#Valve#inspection#quality#welding
High Pressure Reducing Valve
တစ်သိန်းပဲ ဝင်ငွေရှိချင်ရင် တစ်သိန်းနဲ့တန်တဲ့ စိတ်ဖိစီးမှုပဲခံစားရမယ်ဆယ်သိန်းဝင်ချင်ရင် ဆယ်သိန်းနဲ့တန်တဲ့စိတ်ဖိစီးမှုရှိ...
What A Brilliant Idea!ငယ်ဘဝကို သတိရစေတယ်Crd; Video

Telephone

Address


Yangon
11121

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Other Engineering Services in Yangon (show all)
Han Sein Thant Horizontal Directional Drilling Service Han Sein Thant Horizontal Directional Drilling Service
Bld (112), Room 28/29, 3rd Floor, Above Mayangone YOMA Bank, Near 8th Mile Junction, Pyay Road, Mayangone Township
Yangon

Horizonal Directional Drilling and Pipe Laying Service

Aung Myint group steel structure Aung Myint group steel structure
Yatanartheinga Street, Dagon Seikkan Township
Yangon

H&K Engineering Co.,Ltd H&K Engineering Co.,Ltd
No. 175, Sebal Street, Bo Gyoke Aung San Main Road
Yangon, 11411

Generator Sale & Service

Artificial Intelligence - အေအိုအေအိုင် Artificial Intelligence - အေအိုအေအိုင်
No. 490, DammarYone Street , 47 Block, North Dagon
Yangon, 11051

Interested in the field (C++ Python VHDL/Verilog FPGA RaspberryPi Arduino DSP ML AI DeepLearning and Embedded Systems)

OKK OKK
Yangon

Heaven Ice Engineering Group Air-con Sale & Service Centre Heaven Ice Engineering Group Air-con Sale & Service Centre
No. 70/Ohe Bo Street, Ohe Bo Qr, Kyimyintine
Yangon, 11101

service​ကောင်း​ကောင်း တာဝန်​ယူမှူ့အပြ?

Absolon Geotextile Absolon Geotextile
No(19), U Pho Hlaing Street , Shwe Pyi Thar Industrial Zone(3)
Yangon, 09972236235

Geotextile ကို 100% Polyester သုံးထားပြီး Korea ကုန်ကြမ်

Htun Brother-လျှပ်စစ်ပစ္စည်းပြုပြင်ရေး Yangon/ Mandalay Htun Brother-လျှပ်စစ်ပစ္စည်းပြုပြင်ရေး Yangon/ Mandalay
10(A)
Yangon, 11441

အိမ်တွင်း လျှပ်စစ်ပစ္စည်းအမျိုးမျိုးကို စျေးနှုန်းချိုသာစွာ ပြုပြင်/တပ်ဆင်ပေးပါသည်။

Future Comet Engineering Future Comet Engineering
Yangon

M&E Engineering Services

Naing Naing
Yangon

U Ba Han Street.Thingangyun Township.Yangon

Synergy Electrical Engineering Co.ltd Synergy Electrical Engineering Co.ltd
No. 55, Eaingyi Street, Pazundaung Township
Yangon

Reliable EPC Contractor ဘေးအန္တရာယ်ကင်းပြီးcustomerစိတ

Phyo Yadanar Thein Construction & Engineering Service Co.,Ltd Phyo Yadanar Thein Construction & Engineering Service Co.,Ltd
Khine Shwe War Street, Kamaryut
Yangon

Construction & Engineering Services