EZee English Zone

This page will only serve you with English lessons and other stuff that can help you promote your English language competence.

We welcome every individual that has a great passion for learning English from the bottom of our hearts.

21/05/2022

==>Listening နားထောင်တဲ့အကျင့်မရှိရင် ဒီဆရာရဲ့ သင်ခန်းစာလေးတွေကိုနားထောင်ရင်းလေ့လာနိုင်ပါတယ်။
==>ဆရာ Jordan ရဲ့ သင်ခန်းစာတွေက စကားကိုဖြေးဖြေးလေးပဲပြောပေးလို့ အင်္ဂလိပ်လိုနားထောင်လေ့မရှိတဲ့သူတွေတောင်နားလည်နိုင်ကြတယ်။
==>သူက ဂျပန်မှာYLEသင်နေတဲ့ဆရာဖြစ်တာကြောင့် ခုလိုဖြေးဖြေးလေးပြောပေးရကောင်းမှန်းသိတာလည်းဖြစ်ပါလိမ့်မယ်။
==>ကိုယ်ကတော့ သူ့တင်ဆက်မှုတွေကို အသံထွက်မှန်မှန်နဲ့ သင်ခန်းစာတိုတိုလေးတွေ အချိန်မကုန် အတတ်မြန်တာကြောင့်သဘောကျပါတယ်။
==>စာချည်းလိုက်ဖတ်နေရတာနဲ့စာရင် အသံထွက်ကလေးပါကြားရတော့ Skillတစ်ခုတိုးလို့ဖွံဖြိုးနိုင်တာပေါ့။
==>နားထောင်၊ လိုက်ပြော၊ ဖတ်ကြည့်၊ လိုက်ရေး...

07/05/2022

ပုံထဲက စားစရာ တုန်တုန်လေးနဲ့ ပျော့စိပျော့စိလေးကို Jell-O လို့ခေါ်တယ်။

ထိုင်ထလုပ်ပြီးရင် ခြေထောက်တွေတုန်ပြီး ဒူးချောင်သလို မတ်မတ်မရပ်နိုင်ဖြစ်နေရင် ....
My legs are Jell-O.
My legs are Jell-O after the sit-ups. လို့ပြောနိုင်ပါတယ်။

27/04/2022

Weather conditions
Prepositions (in, on, under & by)
The twin brothers were absent today.

26/03/2022

Learn 5 words a day
By EZee English Zone

23/03/2022

Set Phrases with Much

ရိုးရိုးရှင်းရှင်းလေးနဲ့အင်္ဂလိပ်လိုပြောပြီးသင်ပေးလာတာ ခုလိုစကားစုသင်ခန်းစာတွေမနည်းတော့ဘူးနော်။ ခုလည်းအသစ် ၃လုံးလာပြန်ပြီ...

ဘာလို့ Set phrases တွေတင်ပေးနေလဲဆိုတော့ စကားပြောရင် ဘိုဆန်စေချင်လို့ Advanced သမားတွေလို ဆရာကြီးလေသံဖြစ်စေချင်လို့ပါ။

သင်ခန်းစာက အကျိုးရှိတယ်၊ အထောက်အကူပြုတယ်ဆိုရင် သူများတွေလည်း လေ့လာလို့ရအောင် Shareပေးကြဖို့မမေ့ပါနဲ့ ခင်ဗျာ...ကျေးဇူးတင်ပါတယ်။

EZee English Zone
24/3/2022

Photos from EZee English Zone's post 21/03/2022

In the end နဲ့ At the end မတူပါဘူး။ ဘာတွေ ဘယ်လိုကွာခြားသလဲ လေ့လာကြည့်ရအောင်...

🗣️In the end ဆိုတာက တစ်ခုခု "ပြီးမြောက်သွားတဲ့သဘော"နဲ့
🅰️နောက်ဆုံးတော့လည်း (finally/eventually) လို့ဆိုနိုင်သလို၊
🅱️ကိစ္စတစ်ခုဖြစ်ပြီးလို့ ပြန်စဉ်းစားသုံးသပ် (reflection) ကြည့်တဲ့အခါ လို့လည်းဆိုနိုင်ပါသေးတယ်။

🗣️At the end အနေနဲ့ကျတော့
🅰️နေရာ = at the end of the village, at the end of the road
🅱️အချိန် = at the end of the party, at the end of the class, at the end of the presentation

ဆိုပြီးတော့ ရွာအဆုံးမှာ၊ လမ်းဆုံးရင်၊ ပွဲပြီးရင်၊ အတန်းချိန်ပြီးရင်၊ တင်ပြချက်အပြီးမှာ စသည်ဖြင့် သုံးကြရပါတယ်။

22/3/2022

21/03/2022

Use of past tense of the verbs

20/03/2022

Grade 4 English Textbook ကို Jack C. Richards ရဲ့ Curriculum & Syllabus Design အတိုင်းလေ့လာကြည့်နေတာ။
သင်ရိုးကတော့ကောင်းပါတယ် သင်တဲ့သူအချိုးပြေဖို့ပဲလိုတာ။ ကိုယ်စီအိမ်မှာသင်ပေးကြတဲ့ကလေးတွေတော့ သေချာဖိဖိစီးစီးသင်ခွင့်ရကြမယ်ထင်တယ်။ ဆရာ/မ အနေနဲ့ Activity တွေလိုသလိုထပ်ထည့် လို့ရတယ်။

ဖတ်စာအုပ်မှာ Pronunciation အတွက် Listen and repeat တွေချည်းထည့်ထားတော့ Mark Hancock ရဲ့ "Pronunciation is more than "listen & repeat" အယူအဆရှိတော့...ထပ်ပိုးအနေနဲ့ -

- spelling & pronunciation ကိုအရင်ဆုံးမြင်အောင်ပြတယ်။
- သင်လို့ နည်းနည်းခရီးပေါက်လာတာနဲ့ word stress and connected speech တွေပါထပ်ထည့်ပေးတယ်။
- ကလေးဖတ်ရခက်၊ ရောနေတဲ့ အသံအမျိုးအစားကိုမှတ်စုထားပြီးတော့ individual sounds အတွက် minimal pairs လုပ်ပေးတယ်။
- questions တွေမှာ intonation မြင်အောင်ထည့်တယ်။
- ခုတလော weak forms အစပျိုးနေတယ်။
- နောက်ဆုံးမှ sentence stress ကိုပေးမြင်မယ်။
- အဲ့ခါကျမှ pronunciation ကြောင့်လည်း meaning ပြောင်းတတ်တာကိုမြင်လိမ့်မယ်။
- ကဗျာ နဲ့ သီချင်းတွေမှာ rhyme ကိုမမြင်မြင်အောင်ပြရမယ်။ rhyme မြင်တတ်မှ ကဗျာသင်ရကျိုးနပ်တာပါ။

ဖြည်းဖြည်းပေါ့ ဘာတွေလောနေတာလည်း။

မှတ်ချက်။။ pronunciation ကိုသပ်သပ်တစ်ချိန်သင်တာမဟုတ်ပါ။ တခြားသင်ရင်းနဲ့လမ်းကြုံ တစ်ခုချင်းကောက်ထည့်သွားတာပါ။

18/03/2022

15 ways to avoid saying "very"

တစ်ခါလာ very တစ်ခါလာ very ဆို
ကိုယ့် Englishက ပုံတုံးကြီးဖြစ်နေမှာပေါ့။
အဲ့ဒါကြောင့် စကားကိုလှလှပပပြော/ရေးနိုင်ရအောင် veryကိုရှောင်ပြီး ဘယ်လိုအလွယ်အစားထိုးရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

EZee English Zone
18/3/2022

Photos from EZee English Zone's post 15/03/2022

📢 English Language Course for Young Learners

Please, click either on the link https://docs.google.com/document/d/1qCVBn1IH01G_38I19RV5spBpLrkcsE5QTz7KM4uClj8/edit?usp=sharing or
on the following photos to explore more about the course.
(တစ်ပုံချင်းနှိပ်ကြည့်သွားရင်းနဲ့ အသေးစိပ်ရှင်းပြထားတာကို ဖတ်ရှုနိုင်ပါတယ်။)

🗣️ Critical Period Hypothesis အရ အသက်အရွယ်ငယ်လေလေ ဘာသာစကားတတ်မြောက်နိုင်လေဖြစ်တာကြောင့် သင်ယူနိုင်စွမ်းရှိမြင့်မားတဲ့ ၁၃နှစ်အောက်အရွယ်ကလေးများကို မှန်ကန်တဲ့ဘာသာစကားအသုံးချမှု၊ ထိတွေ့မှုများများရဖို့အရေးကြီးပါတယ်။
🗣️ Let's Go series ကို‌လေ့ကျင့်ထားရင် ကျောင်းသင်အင်္ဂလိပ်စာအတွက်လည်း များစွာအထောက်အကူပြုပါတယ်။ Themes တွေတူနေတာကြောင့် Book 4 အထိပြီးထားတဲ့ Grade 4 ကလေးတစ်ယောက်ဟာ Grade 6 English ကိုတောင်အလွယ်ကလေးဖြစ်နေမှာပါ။
🗣️ ဒါတင်ဘယ်ကဦးမလဲ နိုင်ငံတကာစာမေးပွဲတွေဖြေချင်တဲ့ကလေးငယ်များအတွက်လည်း အလေ့အကျင့်ကောင်းဖြစ်ကြောင်းတွေ့ရှိရပါတယ်။

EZ English Zone

Photos from EZee English Zone's post 27/01/2022

Bunker = ဗုံးခိုကျင်း 😢

27/01/2022

မြေနီလမ်း ကို အင်္ဂလိပ်လိုဘယ်လိုခေါ်ရလဲ???

👉 red earth road (သို့မဟုတ်) red dirt road

23/01/2022

🌽 ပြောင်းဖူးပြုတ်သည်လေးကိုအားပေးကြပါဦး

🌽'Pyaung bu!' yelled one woman over and over again,
ပြောင်းဖူးပြုတ်...လို့
အမျိုးသမီးတစ်ယောက် ထပ်ခါ ထပ်ခါအော်နေခဲ့တယ်

🌽stretching out the vowels like an opera singer:
သရသံများကိုရှည်ရှည်ဆွဲငင်ရင်း အော်ပရာအဆိုတော်တစ်ယောက်လိုပေါ့

🌽'Sweetcorn!'
သကြားပြောင်းနော်...

🌽She carried a round rattan basket on top of her head,
ခေါင်းပေါ်မှာ ကြိမ်ခြင်းတောင်းတစ်လုံးကိုရွက်ထားသေးတယ်။

🌽and when an old man lounging in a doorway clapped his hands to attract her attention
တံခါးဝမှာထိုင်နေတဲ့ အဖိုးအိုတစ်ဦးက သူမသတိထားမိအောင် လက်ခုပ်တီးခေါ်လိုက်တော့

🌽she walked over and set the basket down in front of him.
သူမက အဖိုးအိုဆီလျှောက်သွားပြီး တောင်းကိုသူ့ရှေ့မှာချလိုက်တယ်။

🌽She removed the lid of the basket and a great cloud of steam escaped,
တောင်းအဖုံးကိုဖယ်လိုက်တယ်ဆိုရင်ပဲ အငွေ့တထောင်းထောင်းနဲ့ထွက်လာပြီးတော့

🌽fogging up the old man's glasses.
အဖိုးအိုရဲ့မျက်မှန်မှာ အငွေ့သွားရိုက်တယ်။

🌽After he had chosen two cobs of boiled corn and paid for them,
အဖိုးအိုက ပြောင်းဖူးပြုတ်၂ဖူးရွေးပြီး ပြောင်းဖူးဖိုးပေးလိုက်တာနဲ့

🌽she squatted down to ease the basket back on to her head and strolled on.
သူမ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး တောင်းကိုခေါင်းပေါ်အသာတင်လို့ ခရီးဆက်သွားလေရဲ့။

🌽'Pyaung bu! Pyaung buu-uu-uu!'
ပြောင်းဖူး‌ပြုတ်... ပြောင်းဖူးးးးးးးးးးးးးးး

Written by Emma Larkin

yell (v) အော်ပြောသည်။
over and over again (double) ထပ်ခါထပ်ခါ
stretch out (v) အရှည်ဆွဲဆန့်သည်
ratten (n ) ကြိမ်
lounge (v) ဇိမ်ခံ၍ ထိုင်/ရပ်/လှဲပြီး အနားယူသည်။
clap one's hands = လက်ခုပ်တီးသည်။
to attract one's attention = သူသတိထားမိအောင်
set something down = အောက်သို့ချသည်။
remove the lid = အဖုံးကိုဖယ်/ဖွင့်သည်။
a great cloud of steam = အငွေ့တလုံးလုံး/တထောင်းထောင်း
fog up = အငွေ့တက်ရိုက်သည်။
two cobs of corn = 🌽နှစ်ဖူး
boiled (adj) ပြုတ်ထားသော
pay for something = ငွေရှင်းသည်။
squatt down (v) ဆောင့်ကြောင့်ထိုင်ချသည်။
ease (v) သာသာလေးရွှေ့သည်။
stroll on (v) ဆက်လျှောက်သွားသည်။

20/01/2022

လူတစ်ယောက်ကို (ကိုယ်ကျင့်)စာရိတ္တအဆင့်ထိမရောက်ဘဲ စိတ်(ခေါင်း)ထဲရောက်ရုံလောက်ပညာသင်ပေးခြင်းဟာ လူ့အသိုင်းအဝိုင်းရဲ့အန္တရာယ်ကောင်ကို နည်းပေးလမ်းပြလုပ်ခြင်းသာဖြစ်တယ်။

တက်ဒီရူးစ်ဗဲ့

20/01/2022

မင်းမရှိလို့ သူတို့မှာဘာမှနစ်နာစရာမရှိဘူးဆိုရင်
မင်းရှိနေပေးခဲ့တာတွေက ဘာမှအရေးပါခဲ့တာမဟုတ်လို့ပေါ့

Photos from EZee English Zone's post 20/12/2021

အင်တာနက်ပေါ်ကလိမ်ညာမှုနဲ့ပတ်သက်တဲ့စကားလုံးများ catfish, scam and fraud

ဒီစကားလုံးတွေက Nounရော Verbရော ရှိတာကြောင့် ပုံကြည့်ပြီးပေမယ့် အဘိဓာန်လှန်ကြည့်စေချင်ပါသေးတယ်။

Photos from EZee English Zone's post 19/12/2021

Vocab ၃လုံးတည်း မှတ်နိုင်မယ်ထင်ပါတယ်။

Vocabများများသိတဲ့သူ ဘာဖြစ်လဲဆိုတော့...
သူများထက် စာရေး၊ စကားပြောကောင်းတယ်...လိုရင်းကို ထိထိမိမိကွက်တိကျအောင်ပြောနိုင်တယ်။ စကားလုံးဖောင်းပွနေမယ့်အစား ဒိုင်းခနဲထိအောင်လိုရင်းကိုပညာသားပါပါပြောနိုင်မယ်။

16/12/2021

ကျွန်တော်က /t/ သံကို UKလိုအားသန်တယ်။
တခါတလေလည်း US ဖြစ်ချင်ဖြစ်သွားတယ်။

ဆိုလိုတာက /t/သံဟာ UK နဲ့ US မတူပါဘူး။

With regards
EZee English Zone

Photos from EZee English Zone's post 15/12/2021

Head over heels ကို အဓိပ္ပာယ်နှစ်မျိုးနဲ့သုံးပြပါမယ်

1️⃣ fall head over heels in love (with someone)

🫂MEANING: တစ်ယောက်ယောက်ကိုအရူးအမူးချစ်မိသည် (ဒါကတော့ idiom ဖြစ်ပါတယ်။)

🫂USE: Romeo fell head over heels in love with Juliet.
(ရိုမီယိုဟာ ဂျူလိယက်ကို အရူးအမူးချစ်မိသွားခဲ့တယ်။)

🤸🤸🤸🤸🤸🤸🤸🤸🤸🤸🤸🤸🤸🤸🤸🤸🤸🤸

2️⃣ go head over heels

⛑️MEANING: ဇောက်ထိုးကျ/ခေါင်းနဲ့ကျသည်။ (fall over head first) (idiom မဟုတ်တော့ဘူး။)

⛑️USE: He went downstairs head over heels and broke the vases.
(သူဟာဇောက်ထိုးကြီးလိမ့်ဆင်းလာပြီးနောက် ပန်းအိုးတွေကွဲကုန်တယ်။)

14/12/2021

- whale ဝှေးလ်
- tail တေးလ်
အဲ့လိုလည်းတုံးတိကြီးမဟုတ်သေးပါဘူး။
L colour ကိုအဘိဓာန်မှာသေချာနားထောင်ကြည့်။
("ဝှေးလ်" လို့ပင်ပင်ပန်းပန်းကြီးဖိဆိုဖို့လည်းမလိုပါ)

13/12/2021

အပန်းမကြီးရင် ကူပြောပေးကြပါဦး။ Video Lesson တွေမှာ ဘယ်လိုပြောသင်တာပိုကြိုက်လဲ။

A. English လိုပြောသင်တာ
B. Myanmar လိုပြောသင်တာ
C. Bilingual နှစ်ဘာသာလိုသလိုပြောသင်တာ
D. တစ်ခုမှမကြိုက်ဘူး

11/12/2021

Kangaroo court
တရားဥပဒေနဲ့မညီညွတ်တဲ့ ဟန်ပြတရားရုံး

09/12/2021

Set phrases အပိုင်း (၄) ဗွီဒီယိုသင်ခန်းစာအသစ်တင်ဖို့ရှိပါတယ်။ ဒီ Page မှာ Video တင်တာအားလုံးဟာ မအားလပ်ရတဲ့ကြားက အချိန်၊ ငွေ၊ ခွန်အားစိုက်ထုတ်ပြီးမှလုပ်ရတာပါ။ စာဖတ်နေရရင် မျက်လုံးညောင်းမှာစိုးလို့ ရုပ်သံနဲ့အလွယ်တကူ အဆင်ပြေပြေလေ့လာရအောင် စီစဉ်ပေးတာပါ။

ဒါပေမယ့် စိတ်ဝင်စားသူနည်းလို့ထင်ပါရဲ့ အားစိုက်ထုတ်မှုနဲ့ထိုက်တန်တဲ့ အားပေးမှုမရရှိနေပါဘူး။ Reactionsတွေကိုကြည့်ရင်သိသာပါတယ်။ အင်္ဂလိပ်စာလေ့လာရေးpageဖြစ်တာကြောင့် ခုလိုစိတ်အားထက်သန်မှုနည်းခြင်းဖြစ်ရတာ သင်ခန်းစာတွေရဲ့လိုအပ်ချက်ကြောင့်လား၊ မိမိတို့ရဲ့ပင်ကိုယ်စိတ်ပါဝင်စားမှုနည်းခြင်းကြောင့်လား သိပါရစေ။

အောက်ကအချက်တွေထဲက ဘာကြောင့်များဖြစ်နိုင်မလဲ ထောက်ပြပေးကြပါခင်ဗျာ။

၁။ သင်ခန်းစာများ နားလည်ရခက်ခြင်း
၂။ သင်ခန်းစာများ မိမိလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ခြင်း
၃။ မိမိပင်ကိုယ် ကျွမ်းကျင်မှုအားနည်းချက်ရှိခြင်း
၄။ မိမိပင်ကိုယ် စိတ်ဝင်စားမှုနည်းပါးခြင်း
၅။ သင်ခန်းစာအကြောင်းအရာ အားနည်းခြင်း

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Weather conditionsPrepositions (in, on, under & by)The twin brothers were absent today.
Set Phrases with Muchရိုးရိုးရှင်းရှင်းလေးနဲ့အင်္ဂလိပ်လိုပြောပြီးသင်ပေးလာတာ ခုလိုစကားစုသင်ခန်းစာတွေမနည်းတော့ဘူးနော်။ ခုလ...
Use of past tense of the verbs
"10 Commonly Mispronounced Words"(explained in Burmese) by EZee English ZoneIf you don't want your speaking to be mislea...
Set Phrases with GET(intermediate-advanced)
Oxford Classroom English Episode 3     "1.1 How to Use Classroom English"Why should I use classroom English?This video e...
Oxford Classroom English Episode 2     "INTRODUCTION"This video explanation will be useful for:-the teachers of English ...
"Oxford Basics: Classroom English"Episode 1        ForewordPlease, speak English in the classrooms.For teachers of Engli...
Set Phrases with "GOT" (inter-advnc)🔊Explained in English only🔉သေချာလိုက်နားထောင်တဲ့သူရှိလို့စိတ်ချမ်းသာရတယ်။screen reco...
"SIMILE 76 လုံး"SIMILE များသုံးကာရယ် လှတောသားလို အပြောကြွယ်စကားကြွယ်ကြွယ် ပြောကြမယ်စကားပန်းချီချယ် ရေးနိုင်မယ်very big လ...
Reading and DiscussionShort Story: "Wooing Technique"ပိုးနည်း ပန်းနည်း ဖွန်ကြောင်နည်းအဆုံးမှာ ပဟေဠိတစ်ခုပါတယ် ကိုယ့်ဟာကိ...
Set Phrases with Never

Category

Website

Address

Yangon

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education

Brilliant Education Center Brilliant Education Center
Yangon

We aim to teach subjects relating to the business world at affordable prices.