Favorite person
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Favorite person, Restaurant, Yangon.
ဒီဘဝ ဒီမျှဆိုပေမယ့်
သေမှ မသေကြသေးဘဲ အချစ်ရယ်။
ဝမ်းသာစရာပါပဲ
မင်းလဲ မင်းချစ်ရမယ့်သူ ရှာတွေ့သွားပြီး
ကိုယ်လဲ ဝဋ်ကျွတ်သွားပြီး
ဒီသံသရာတော့ ကိုယ်တို့ဝေးခဲ့ပြီး။
သိုးဆောင်းရဲ့ လက်ညှိုးထိုး၍ပန်းဝေသည်စာအုပ်ထဲကလိုပဲ ငါကတော့
"ငါချစ်ရင် မိုးကိုလှေကားထောင်ပေးမယ်...
ပင်လယ်ကို တံတားခင်းပေးမယ်....
ငါမုန်းရင်တော့
ငရဲကိုတောင် ပြာကျအောင်မီး ရှို့ ပစ်မယ်"
---------------------------
မိတ်ဆွေအတုများနဲ့ကင်းဝေးကြပါစေ။
နေကြာပန်းနဲ့ ဆန့်ကျင်စွာ
နေမင်းကြီးကို မြင်တာနဲ့
ကြွေခရတဲ့ .
ဆိတ်ဖလူးပန်းလေးရဲ့ အဓိပ္ပယ်က
ချစ်လွန်းလို့ ရူးတော့မယ်တဲ့ .
အောက်ခြေလွတ်သွားတဲ့
သူငယ်ချင်းနဲ့လဲ ကြုံဖူးတယ်။
ဘဝင်မြင့်သွားတဲ့
အပေါင်းသင်းနဲ့လဲ တွေ့ဖူးတယ်။
စောက်ကြီးစောက်ကျယ်ဖြစ်သွားတဲ့
ဘော်ဒါနဲ့လဲ ဆုံဖူးတယ်။
ဘလိုင်းကြီးမခေါ်ပဲ
လျှော်သွားတဲ့ကောင်တွေလဲ ရှိတယ်။
အဲ့လိုတွေ ကိုယ်တိုင်တွေ့မှပဲ
သူငယ်ချင်း အစစ်နဲ့အတု ခွဲခြားတတ်လာတယ်
😊😊
ဘဝမှာ........
မတောင်းမတ ပဲနဲ့ တကူးတက
ရောက်လာပေးတာဆို့လို့
"စောက်ပြဿာနာ"တွေပဲရှိတယ်။
ဒီညနေမှ
ခလုတ်ခနခနတိုက်တရ်
အမေကျွန်တော့်ကိုသတိရနေတယ်ထင်ပါရဲ့.....🥀🥺🥺
#ဆန်းကျော်စွာဝင်း
ခက်တာက
ဘုရားသခင်ကလည်း ကိုယ့်ဘက်မှာမရှိ
ရာသီဥတုကလည်း ကိုယ့်ဘက်မှာမရှိ
ဖြစ်နေပုံက မချိမဆံ့
ဒါပေမဲ့ လိပ်ပြာသန့်ခဲ့တယ်။
-လှသန်း-
တစ်ယောက်ထဲနဲ့ မလုံလောက်နိုင်ရင်
ငါ့လက်တွေကို မထိနဲ့ အချစ်ရေ
ငါ့မှာက နှလုံးသားအပို မပါဘူး။
📬🌻
အဲ့ဒီမိန်းမက
အဝေးကကြယ်ကိုပဲ မျှော်တယ် ...
ကိုယ့်အရေပြားကိုယ် မီးရှို့ပြီး
လင်းပေးနေတဲ့ အရောင်ကျ
ကိုယ့်အနာဂတ် အလောင်ခံပြီး
လင်းပေးနေတဲ့ အကောင်ကျ
ကျောခြင်းကပ်ပြီး မမြင်ဘူး ...
အဲ့ဒီမိန်းမက… ။
#ဆန်းကျော်စွာဝင်း
တစ်ခါတစ်လေကြတော့လည်း စိတ်ကုန်တယ်
အဲ့လိုလူတွေကိုပေါ့........။
ဘဝမှာ
လေးငါးခြောက်ခု မလိုပါဘူး
နှစ်ခုပဲ
ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်
ဒီနှစ်ခုပဲ.....
မောင်ချောနွယ်(၁၉၄၉—၂၀၀၂)
အဆင်ပြေတဲ့ အရပ်မှာ......
အဆင်ပြေတဲ့ သူနဲ့......
အဆင်ပြေတဲ့အောင် နေကွယ်။
အသည်းကွဲရက်ရာဇာ / ဝိုင်းစု
စာဖတ်ပါ
-------
ကမ္ဘာပတ်စရာမလိုဘူး ။
စာဖတ်ရုံနဲ့ အကုန်သိနိုင်တယ် ။
ပညာတတ်ပြီး စာမဖတ်ရင်
သင်တတ်ထားတဲ့ ပညာက အလကားပါပဲ ။
စာဖတ်ခြင်းသည် ဘဝတစ်ခုလုံးကို
ပြောင်းလဲစေနိုင်သည် ။
စာဖတ်ခြင်းဖြင့် အကောင်းအဆိုး
အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည် ။
စာဖတ်ခြင်းသည် ဗဟုသုတ ရသကဲ့သို့
လူစိတ်ကိုလည်း ပြောင်းလဲစေနိုင်သည် ။
စာအုပ်စာပေ လူ့မိတ်ဆွေတဲ့
မိတ်ဆွေကောင်းထက် အသိပညာတွေပေးနိုင်တာ
“ စာပေ ” ပါပဲ ။
ဗဟုသုတ ၊ ရသ ၊ ကဗျာ ၊ ဟာသ စတဲ့
စာပေအားလုံးသည် ကဏ္ဍတစ်ခုချင်းစီတွင်
စာဖတ်သူအားလုံးကို အကျိုးပြုပါသည် ။
ထို့ကြောင့်
စာများများ ဖတ်ပါ ။
စာဖတ်ခြင်းသည် ဉာဏ်အလင်းကို ရစေပါသည် ။
ထမင်းမစားလျှင်
တစ်ရက်ပဲ ငတ်ပါမည် ။
စာမဖတ်လျှင်တော့
တစ်သက်လုံး ငတ်လိမ့်မည် ။
စာဖတ်ခြင်းရဲ့ခွန်အား
သင့်ဘ၀ကို တိုးပွါးစေနိုင်တယ် ။
အလိမ္မာ စာမှာရှိ
စာအရှိ အလိမ္မာ လက်ခံကျင့်သုံး ဖြန့်ဝေပါ ။
ဘဝကို အပင်လိုမျိူး
အပင်ရေလောင်း သီးပွင့်ကောင်း
လမ်းကြောင်းမှန်မည်ပင်
သီးပွင့်စားလို များထိုထို
အပင်ကို ရေလောင်းပါ ။
အနာဂတ်မှာ ချမ်းသာဖို့ရေး
စာပေများကို လေ့လာပေး ။
အသိရှိသူက အမြင့်ရောက်မှ
ကိုယ်ချင်းစာတရား ထားတတ်တယ် ။
ဘာစာပဲဖြစ်ဖြစ်
တွေ့ရင်ကောက်ယူ ဖတ်ကြပါ ။
စာဖတ်ခြင်းဟာ
သင့်ဘ၀ကို ပြောင်းလဲနိုင်တယ်ဆိုတာ
ယုံကြည်ပါ ။ လက်တွေ့ လုပ်ကြည့်ပါ ။
ကိုယ့်ရဲ့ အဆိုးရွားဆုံးအခြေအနေတွေမှာ
ကိုယ့်ကိုချစ်ပေးနိုင်မဲ့သူမျိုး
ကိုယ်လိုအပ်တယ်။
⛔ဒညင်းသီး ဆိုတာရာဇဝင်ရှိတယ်ဗျ⛔
ပုဂံခေတ်....
နရသီဟပတေ့မင်း လက်ထက်
ဘုရင်က တိုင်းခန်းလှည့်လည်ရင်း
ကောင်မလေးတစ်ယောက်ကို
တော်ကောက်လာရာမှအစပြုခဲ့ပါတယ်။
နန်းတော်ရောက်လို့
ညဖက်ဆောင်တော်ကူးတော့
ကောင်မလေးက သူ့ရီးစားကလွဲရင် No ပါ၊
ဘုရင်ဆိုလည်း မပေးနိုင်ဘူး ဆိုပီး
ဇွတ်ငြင်းလေတော့
ဘုရင်ကြီးခမျာ ဒေါသတွေထွက် ၊ အရှက်တွေကွဲပြီး
လက်မရွံ့တွေကို ချက်ချင်းခေါ်
သူ့ကို ငြင်းတဲ့ နေရာကို
ဓားနဲ့ကွက်လှီးပီး သတ်စေဆိုပြီး
အမိန့်ပေးတော့တာဘဲ။
လက်မရွံ့တွေက
အလောင်းကိုမြို့ပြင်မှာမြှုပ်နှံပြီးပြန်ခဲ့တော့မှ
သူတို့ဓားနဲ့ ကွက်လှီးထားတဲ့ ပစ္စည်း
နန်းတော်ထဲမှာမေ့ ကျန်ရစ်ခဲ့တာကို ပြီးမှသိလိုက်ကြတယ် ။
ဒါနဲ့ မထူးပါဘူးကွာဆိုပြီး
နန်းတွင်းထဲက ဒေါင့်တနေရာမှာမြှုပ်လိုက်
ကြပါတော့တယ်။
လအတန်ကြာတော့...
အဲဒီနေရာက အပင်တစ်ပင်ပေါက်လာပါတယ်။
အပင်ကြီးလာလို့အသီးသီးလာတော့
စားလို့ ကောင်း,မကောင်း သိရအောင်
မြည်းကြည့်ကြတယ်။
ပြုတ်ပြီးစားလည်း Good
မီးဖုတ်ပြီး စားလည်း Good
ဆားရေစိမ်ပီးစားလည်း Good
သူ့အနံ့က တစ်မျိုးလဲထူးတယ်။
ဒါဘာသီးလည်းလို့ သိချင်လို့
ဘုရင်ကမေးမြန်း စုံစမ်းကြည့်တော့
အကြောင်းစုံ ပေါ်လာတာပေါ့။
ဒါကြောင့်....
ဘုရင်က အဲဒီကိစ္စကို
အခုထိ အစာမကြေသေးလေတော့..
"အပင်ကို ငါကိုယ်တော်နာမည်ပေးမယ်
ဒင်းက ငါ့ကိုငြင်းလို့ ဖြစ်လာတဲ့အပင်မို့
အဲဒီအပင်ကို...
( ဒင်းငြင်းပင် ၊ အသီးကိုလည်း ဒင်းငြင်းခဲ့လို့
ဒင်းငြင်းသီး) လို့ ခေါ်တွင်စေရမယ်ဆိုပြီး
အမိန့်တော်ချမှတ်လိုက်ရာမှစတင်ခဲ့ပြီး
နောင်ကာလ အတန်ကြာသော်
( ဒညင်းပင် ၊ ဒညင်းသီး ) ဆိုပြီး ဖြစ်ပေါ်လာရပါကြောင်း
နှောင်းလူအပေါင်းတို့ မှတ်သားကြပါကုန်။
😀
နေတတ်သွားရင်
ပြန်ခေါ်လို့မရတော့ဘူးနော် ..''
ဘဝမှာ
ကျနော့်တီရှပ်တွေ မတော်ဘဲယူဝတ်မယ့်
မိန်းကလေးတစ်ဦး လိုအပ်ပါတယ်။
#ဆန်းကျော်စွာဝင်း
မချစ်ရင်မချစ်ဘူးပေါ့။
ပိုင်ဆိုင်ခွင့်ရသူတွေ
ရိုရိုသေသေ ချစ်ကြစေချင်တယ် ။
မင်းတို့အလွယ်တကူရထားတာဟာ
တချို့တွေ မျက်ရည်တွေနဲ့ စွန့်လွှတ်ထားခဲ့တာ ။
-စောနန္ဒာခိုင်
မင်းနားမှာဝဲတဲ့ လိပ်ပြာတွေလောက်တော့
ဒို့က ဘယ်လှမလဲ...🤣
အပ်ချည်ကြိုးပြောပါတယ်
ခင်ဗျားတို့တော့ မသိဘူး
ကျနော်ကတော့ မြတ်နိုးမိတဲ့ အရာတိုင်း
မပိုင်ဆိုင်ရတာများတယ်ဗျ။
နေခဲ့မှာပါ။
မျက်နှာ မများစမ်းနဲ့
တစ်ယောက်တည်းနဲ့
မလုံလောက်နိုင်ရင်
ငါနဲ့ ကင်းအောင်နေ။
ပုန်းရည်ကြီးတောင်
အဲ့လောက်မဲနေရင်
ပုဂံညောင်ဦး သူတွေဆို
အ မ လေး 😖🤭။
ဖက်ကြီးထဲက ငါးချဉ်တောင်
သေးသေးလေး ပါရင်
ပဲခူးသူတွေဆို
အ မ လေး 🤭။
ဒူးရင်းသီးတောင်
အဲ့သလောက် အနံ့ပြင်းရင်
မော်လမြိုင်သူတွေဆို
အ မ လေး 🤭။
ယောလုံချည်တောင်
အဲ့လောက် အမွှေးရှုပ်ရင်
ယောသူတွေဆို
အ မ လေး 🤭။
ကျုံးကြီးတောင် အဲ့သလောက်ကျယ်ရင်
မန္တလေးသူတွေဆို
အ မ လေး 🤭။
ပုသိမ်ထီးတောင်
ဒုတ် အဲ့လောက်ပေါရင်
ပုသိမ်သူတွေဆို
အ မ လေး 🤭။
မြေပဲယို နှန်းယို မှာတောင်
အဲ့လောက် အစိပြူးနေရင်
မကွေးသူတွေဆို
အ မ လေး 🤭။
ဂျေဒိုးနတ်တောင်
လက်ကောက်ဝတ် ဆန့်ရင်
ရန်ကုန်သူတွေဆို
အ မ လေး 🤭။
မြေကြီးထဲကရေနံတောင်
တအားထွက်တာ
ရေနံချောင်းသူ ဆို
အ မလေး 🤭။
လက်ဖက်ခြောက်တောင်
အဲ့လောက်ဖန်နေရင်
တောင်ကြီး သူတွေဆို
အ မ လေး 🤭🙄။
နွားထိုးကြီး
အ မလေး 🤭။
လေရှီး အ မ လေး 🤭။
အ မ လေး 🤭။
ဘာရှိသေးလဲ .... အ မ လေး 🤭။
အ မ လေး သော်
ွီးသော်
မပိုင်ဆိုင်ရင်တောင် သူ့ကို
ချစ်တာလေးတော့ သိစေချင်ပါတယ်။
မြွေတွေဟာ တစ်ခါဒဏ်ရာရထားဖူးရင်
အဲနေရာကို ဘယ်တော့မှပြန်မလာတော့ဘူးတဲ့
မြွေတစ်ကောင်လို အမှတ်သည်းခြေမျိုး
လိုချင်တယ်။
#ရိပ်ငြိမ်
ဒီလိပ်ပြာလေးက ချစ်စရာလေး ...
ဒါမေးသင့်တယ်...
မွေးနေ့လက်ဆောင် 🎂
ဂဏာန်းလိုချင်ရင်......cb
မိုက်လိုက်တာသမီးရယ်....🤤
- စားရမှန်းသိလို့ အထက်ကို ဖားတာက ( #စားဖား)
- အထက်ကို ဂုံးတိုက်ပြီး အောက်ကိုညှင်းတာက( #ဖားဂုံညှင်း)
- ဖားဖားပြီး အထက်ကို တက်တက်သွားတာက( #ဖားလတက်)
- ကပ်ပြီးဖားတာက ( #ကပ်ဖား)
- ကြောက်လို့ဖားတာက( #ကျောက်ဖား)
- ဖားပြီး ပြန်သွားတာက ( #ဖားပျံ)
- ဖားနေရင်း ပြုတ်သွားတာက ( #ဖားပြုတ်)
- #ဤလိုဖားမျိုးများကို
- #သင့်ပတ်ဝန်းကျင်တွင်တွေ့မြင်နိုင်သည်......။
TNL
လူတစ်ယောက်ကိုမေ့နည်း…😂
မောနီး🙂
အတောမသတ်နိုင်သည့်
လိုအင်ဆန္ဒများနှင့်
ရှားပါးသည့် စောက်ဆံများ.."(
Tiktok မှာနာမည်ကြီးနေတဲ့သီချင်း😍
မင်းပေးခဲ့တဲ့ဒဏ်ရာလောက် ခါးပါ့လား.....😔
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
9/13, 50th Street, Botahtaung Township
Yangon, 11162
We're proud to be named the Best Sports Bar in Yangon for 2016!
275 A/4 Yankin Road, Yankin Township (Opposite Of Golden City Condo)
Yangon, 11801
Garden vibe and Modern decoration will please your heart to its content . Be mesmerized by the authentic Shan noodles and Burmese foods .
Yangon, 11031
ဇေယျာကောင်း ကြက်ဆီထမင်းနှင့် နှင်းပုလဲရေခဲမုန့်လုပ်ငန်း 09-258 989 413 09-768 212 546
No. 31, Late Kan Lane, Pazundaung
Yangon
Chinese food and Thai food with flavoursome and fair price dishes in Town. Serve on call and free delivery for neighborhood.