Gopro Tour

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Gopro Tour, Tour Agency, Yangon.

26/10/2021

လေဆိပ်မှာလေယာဥ်ပေါ်ပေးမတက်ပဲပြန်ခဲ့ရနိုင်လား.......

လေဆိပ် immigration တာဝန်ရှိသူနဲ့ ဖုန်းပြောရပါတယ်.. ဒီနေ့ ၁၇ ယောက် လေယာဉ်ပေးမတက်တဲ့ကိတ်စ္စပါ.. အသိတယောက် ၂၅ ရက်နေ့ ဒူဘိုင်းသွားမှာမို့သေချာစေချင်လို့ မေးတာပါ။

၁- PJ ကိုင်ထားတယ် ဒါပေမဲ့ labour smart card မပါဘူး လက်မခံပါဘူး။

၂- PJ ကိုင်ထားရမယ် smart card လည်းရှိမယ် ဆိုရင် လေယာဉ်ပေါ်လိုက်ခွင့်ပေးပါတယ်။

၃- PV ကိုင်ထားရင် ဟိုးရှေးကလို့ return ticket + show money + accommodation booking အကုန်ပြရပ့ါ့မယ်၊ အဲဒါတွေပါမှလက်ခံပါမယ်တဲ့။

အဲဒါ အခုအလုပ်သမားဝန်ကြီး အသစ်ဆိုသူရဲ့ လတ်တလော ဥပဒေပါ။

ထွက်မဲ့သူများ PV ဆို PJ ပြောင်း၊ smart card မဖြစ်မနေ လုပ်ကြပါ။

ငွေပေးလည်း လက်မခံပါဘူး။

26/10/2021

Thai Visa လျှောက်ဖို့အတွက်လိုအပ်ချက်များကိုတင်ပေးလိုက်ပါတယ်ရှင် 😊😊

> Visa လျှောက်ဖို့အတွက် သံရုံသွားတန်းစီတာတွေမလုပ်ရတော့ပါဘူး Email ပို့ပြီး Appointment Booking ယူရပါတယ်။

Bookingယူရန်လိုအပ်ချက်များ
၁ ။ Passport (သက်တန်း၆ လရှိရမည်)
၂ ။ အိမ်ထောင်စုစာရင်း
၃ ။ Airticket Booking
၄ ။ Insurance
၅။ Bank စာအုပ်

သံရုံးမှ Appointment ရမည့်ရက် Email ပြန်လာပါမယ်။ Appointment ရက်မှာ email ပို့ထားတဲ့

#အိမ်ထောင်စုစာရင်း


#ဘဏ်စာအုပ်အကုန်မိတ္တူ
#ဓာက်ပုံ2ပုံ ( 45mm X 35mm in size) လိုပါမယ်။

အဲ့ဒီနေ့မှာ Visa ရပြီဆိုရင် COE (Certificate Of Entry)ကို Online ကနေပဲအမြန်လျောက်ဖို့လိုပါမယ်။ COE လျောက်တော့မယ်ဆိုရင် Hotel Booking လိုပါတယ်။ COE ကျဖို့အချိန် ၂-၃ ရက်တော့စောင့်ရပါတယ်။ COE ကျလာမှ ထိုင်းကိုဝင်လို့ရမှာပါ။ အခု Visa တမျိုးတည်းရှိရုံနဲ့မရတော့ပါဘူး။

Hotel Quarantine ဝင်ရန်

>Vaccine 💉 ၂ချောင်းထိုးထားပြီး ၁၄ရက်ကြာပြီး Certificate ရှိရင် Quarantine (၇ ရက်)
>ဆေးမထိုးရသေးရင် (၁၀ ရက်)

အသေးစိတ်သိရှိလိုပါက CB သို့လာရောက်မေးမြန်းနိုင်ပါသည်။

#ထိုင်းဗီဇာ

Gopro Tour Send a message to learn more

01/01/2021

ဖေ​ဖော်ဝါရီလ မှာ
ကာကွယ်​ဆေးပထမအသုတ်ထိုးမယ်

15/12/2020

📣 ပြည်တွင်းခရီးသွားများအတွက် ခရီးသွားအသိပေးချက်

✈️ ပြည်တွင်းလေကြောင်းခရီးစဉ်များကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ပျံသန်းပြေးဆွဲသွားမည်။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုအရ ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲမှုကို သတ်မှတ်ထားသော စံ လုပ်ထုံးလုပ်နည်းများနှင့် အညီ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

လေကြောင်းလိုင်းများတွင် စီးနင်းလိုက်ပါမည့်ခရီးသည်များ၊ လေကြောင်းလိုင်းဝန်ထမ်းများနှင့် လေဆိပ်ဝန်ထမ်းများအားလုံး လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာစံသတ်မှတ်ချက်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနတို့မှ တရားဝင်ထုတ်ပြန်ပေးသည်နှင့်တပြိုင်နက် လေဆိပ်အသုံးပြုသူများ အချိန်နှင့်တပြေးညီ သိရှိ နိုင်ပါရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ တရားဝင်စာမျက်နှာများတွင် ပြန်လည်ဖော်ပြသွားပါမည်။

လေယာဉ်စီးနင်းမည့်ခရီးသည်များအနေဖြင့် MoHS မှ ချမှတ်ထားသော ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များကို အစဉ် လိုက်နာပြီး မိမိတို့၏ခရီးစဉ်ပြင်ဆင်မှုများအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းများထံ တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါ ရန် အကြုံပြုလိုပါသည်။

✅ တရားဝင်လေယာဉ်လက်မှတ်၊ ✅ နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် ✅ ၃၆ နာရီအတွင်း စစ်ဆေးထားသော Covid ကင်းရှင်းကြောင်း ဆေးစစ်ချက်တို့ကို လက်ဝယ်ကိုင်ဆောင်ထားသော ခရီးသည်များကိုသာ လေဆိပ်အဆောက်အအုံအတွင်းသို့ ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ပြီး ဖော်ပြပါစာရွက်စာတမ်းများ ပြည့်စုံခိုင်လုံမှုမရှိသည့် ခရီးသည်များကို လေဆိပ်အဆောက် အအုံအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်မဟုတ်ပါ။

ခရီးသည်များအနေဖြင့် ပြည်တွင်းလေဆိပ်အဆောက်အအုံသို့ဝင်ရောက်ရန် ဂိတ်အမှတ် - ၄ ကိုသာ အသုံးပြုနိုင်မည်ဖြစ်ပြီး လိုအပ်သော လုံခြုံရေးစစ်ဆေးမှုများခံယူရပါမည်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် လေဆိပ်အသုံးပြုသူများအတွက် လုံခြုံစိတ်ချမှုရှိပြီး သန့်ရှင်းသည့် ဝန်းကျင်တစ်ခု ဖြစ်စေရန် လိုအပ်သည့် ပြည်သူ့ကျန်းမာရေးလိုအပ်ချက်နှင့်လုပ်ငန်းစဉ်များကို တိုးမြှင့်လုပ်ဆောင်သွားပါမည်။

လေဆိပ်အသုံးပြုသူခရီးသည်များအနေဖြင့် ဖော်ပြပါအချက်အလက်များကို သိရှိလိုက်နာပြီး ဘေးကင်းလုံခြုံစိတ်ချမှုရှိသော ခရီးစဉ်များဖြစ်စေရန် ဆက်လက်၍ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

************************************************

📣 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐓𝐫𝐚𝐯𝐞𝐥 𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲

✈️ 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐅𝐥𝐢𝐠𝐡𝐭𝐬 𝐭𝐨 𝐫𝐞𝐬𝐮𝐦𝐞 𝐟𝐫𝐨𝐦 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 16

According to the notification issued by The National-Level Committee on Prevention, Control and Treatment of Coronavirus Disease 2019 (COVID-19), domestic Flights operations will recommence following the standard operating procedures starting from December 16, 2020.


Required health and safety procedures for passengers, airlines personnel and airport staffs will be issued by Ministry of Health and Sports and DCA, and YACL will release update information in a timely manner to airport users.

Domestic travellers are advised to follow the health and safety protocols from MoHS and contact with your respective airlines for the required travel arrangements.

The Terminal will be ONLY open to Passengers with all 3 documents: ✅ valid ticket, ✅ Identification, and ✅ 36 Hour Covid Test Result. Passengers will not be allowed in the Terminal if required documents are incomplete.

All Passengers are to enter Terminal 3 and proceed with security check via Gate 4.

Yangon International Airport will implement all necessary public health requirements and procedures, to provide a safe and clean environment for our airport users.

Thank you for your understanding, and we look forward to serving you again!

Photos from Ministry of Health, Myanmar's post 15/12/2020

December 16 ရက်နေ့မှ စ၍ လေကြောင်း ခရီးစဉ်များ ပြန်လည်ပြေးဆွဲမည်

https://www.facebook.com/199295433433103/posts/4046636478698960/

29/10/2020

ဘယ်ကိုသွားမလဲတွေးမရတယ် ...
အိုကမ္ဘာရယ် .. ခြေသံနားစွံ့လိုက်ပေါ့ကွယ် ..

ကိုဗစ်ပြီးလို့ ဘယ်သွားလို့ သွားရမှန်းမသိရင်
Trip advice တောင်းလိုက်နော် ..

နိုဝင်ဘာလ တစ်လလုံး

အခမဲ့ အကြံဉာဏ်ပေးသွားမှာဖြစ်ပါတယ်

Photos from Gopro Tour's post 18/10/2020

ခရီးသွားအကြံပြုချက် (၃၂)
မြန်မာနိုင်ငံသားများအကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံသို့သွားရောက်လိုပါကပြည်ဝင်ခွင့်ဆိုင်ရာကန့်သတ်ချက်များသိရှိနိုင်ရန် အကြံပြုခြင်း
***********************************************************************
နေပြည်တော်၊ အောက်တိုဘာလ (၁၃) ရက်
၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူ နိုင်ရန် ရည်ရွယ်ချက်ထားဆောင်ရွက်လျက်ရှိပါသည်။
၂။ ယခုအခါ မြန်မာနိုင်ငံသားများ အကြောင်းအရင်းအမျိုးမျိုးဖြင့် ထိုင်း၊ စင်္ကာပူ၊ ကိုရီးယား၊ ဂျပန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်လိုပါက လိုက်နာဆောင်ရွက်ရန်လိုအပ်သော အောက်ဖော်ပြပါ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလိုအပ်ချက်များ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် ပြည်ဝင်ခွင့်ဆိုင်ရာကန့်သတ်ချက်များအားသိရှိလိုက်နာဆောင်ရွက်နိုင်ရန် အကြံပြုအပ်ပါသည်။
- ပြည်ဝင်ခွင့်ဆိုင်ရာကန့်သတ်ချက်များအား https://bit.ly/3jVKJOq link တွင် အသေးစိတ် ကြည့်ရှုနိုင်ပါသည်။
Credit : MOHT

29/09/2020

ခရီးလဲသွားရင်း ဒီလို
Pre Wedding ​လေး​တွေ
ရိုက်ချင်တယ်ဆိုလဲ
ချိတ်ဆက်​ဆောင်ရွက်​ပေးပါ့မယ် ...

​လော​လောဆယ် ...
ကိုဗစ်ကြီး အမြန်ပြီးသွား​​အောင်
အိမ်မှာပဲ​နေကြ​နော် ....

Photos from Gopro Tour's post 26/09/2020

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍအလိုက် ဆောင်ရွက်ထားမှုအခြေအနေများဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဝန်ကြီးဌာန၏ website https://tourism.gov.mm/mm/ တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Credit : MOHT

25/09/2020

Couple Tour ​တွေအတွက်လဲ
အ​ကောင်းဆုံးနဲ့ ဇိမ်အကျဆုံးဖြစ်​အောင်
အထူးစီစဥ်​ပေးမယ်​​နော်

25/09/2020

မင်္ဂလာပါ ခင်ဗျာ

COVID 19 ကာကွယ်ဆေးနဲ့ ကုသဆေးတွေ တွေ့နေပါပြီ ...

COVID ပြီးရင် ခရီးသွားချင်ကြတယ်မလား ....

ဈေးနှုန်း သက်သာစွာနဲ့ Pre Order တွေ မှာလို့ရနေပါပြီနော်

ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်း (၁၀) နှစ်ကျော် အတွေ့အကြုံရှိတဲ့ လူငယ်တွေစုစည်း လုပ်ကိုင်မယ့် ခရီးသွားလုပ်ငန်းသစ်တစ်ခုဖြစ်ပါတယ် ...

Budget လား Luxury လား
Couple လား Group Tour လား
Private လား Family Tour လား ကြိုက်တာရွေး

ဈေးနှုန်း နဲ့ ဝန်ဆောင်မှုအတွက် နောင်တမရစေရဘူး ...

ဘုရားဖူး ဖုန်ရှူ ခရီးသွားလုပ်ငန်းမဟုတ်ပါဘူး .....

လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး နားနားနေနေ ပျော်ပျော်ရွှင်ရွှင်

ခရီးသွားချင်တယ်ဆိုရင်တော့ Gopro Tour နဲ့ ဆက်သွယ်လိုက်ပါနော်

Want your business to be the top-listed Travel Agency in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon

Other Tour Agencies in Yangon (show all)
Crystal Minded Myanmar Travel & Tour Crystal Minded Myanmar Travel & Tour
No. 626, 60 Feet Street, Myaing Tharyar 2 Quarter, Kyauk Tan Township
Yangon, 130302

Travels and Tours Company

Dana Aung-ဓနအောင်ခရီးသွားဝန်ဆောင်မှုလုပ်ငန်း Dana Aung-ဓနအောင်ခရီးသွားဝန်ဆောင်မှုလုပ်ငန်း
Yangon

အကျိုးတူစီးပွားရေးလုပ်ငန်းလုပ်ကို?

Boon International Tourism Boon International Tourism
18, Second Floor, Bo Sein Hman Street, Bo Sein Hman Quarter, Bahan Township
Yangon, 11241

✈ Worldwide Visa Services, International Tour Packages Arrangement, Guide & Car Rental Services

Golden Kirin Travels & Tours Golden Kirin Travels & Tours
No. 507, Min Ye Kyaw Swar 3 Street, South Okkalapa
Yangon

Golden Kirin Tour

ToRi Tour ToRi Tour
No. 94-96/98-100, Bo Aung Kyaw Street (Lower Block), Botahtaung Township
Yangon, 11161

Bahan လုလင် Bahan လုလင်
No. 49/D Kabaraye Pagoda Road, Shwegondine, Bahan
Yangon, 0049

Travelling

Shwe Thit Sar Travel & Tours Shwe Thit Sar Travel & Tours
No. 1107(B), Space@Yankin Condominium, Yanshin Street, Yankin Towhship
Yangon

NGWE YEE LINN LATT NGWE YEE LINN LATT
No(31)Aung Zaya 3 Street Yangon Thit Quarter Thingan Gyun Township Thuwunna
Yangon

General Services

Travel Myanmay by Go Go Myanmar Travel Travel Myanmay by Go Go Myanmar Travel
No-439, Bokalay River Lan Thwe 2 , 91 Ward, Dagon Seikkan Township
Yangon, 114411

We have Car rental ,Flight ticket ,Bus Ticket and Hotel booking for every city in Myanmar.

Tours By Myanmar Tours By Myanmar
Yangon
Yangon, 11071

Just sharing my travel experiences / providing travel services in Myanmar.

WINE SAT WON Travel&Tours WINE SAT WON Travel&Tours
No. 166(GF), Bo Gyoke Road, Pazundaung Township
Yangon, 11171

Now selling International&Domestic Air Tickets and Express Bus Tickets.