Scholarship Insider

Need any INSIDER scholarship application tips from distinguished scholars from top universities?

24/10/2023

👏 🎊 Congratulations!!
🎓ကျွန်ုပ်တို့၏ Founder ဖြစ်သူ ဦးငြိမ်းဇော်ကိုသည် UK နိုင်ငံ University of Cambridge တွင် Selwyn College မှ ချီးမြှင့်သော Silverstrand Scholarship (Full Scholarship) ဖြင့် တက်ရောက်ပြီး Master of Philosophy ဘွဲ့ကို October 20, 2023 နေ့တွင် ရယူပြီးဖြစ်ပါကြောင်း ...

24/10/2023

Chevening Tip 5️⃣: School Selection Matters!
Chevening, Fulbright, Australian Award တို့ရဲ့ အားနည်းချက်တခုက လျှောက်လို့ရတဲ့ ကျောင်းအရေအတွက်ကို သတ်မှတ်ထားပါတယ်။ Chevening ဆိုရင် တက္ကသိုလ် ၃ ကျောင်းကိုသာ ရွေးခွင့်ရှိပြီး အဲဒီ ၃ ကျောင်းထဲက တစ်ကျောင်းကျောင်းက ဝင်ခွင့်မရရင် essay, interview တွေမှာ performance ဘယ်လောက်ကောင်းကောင်း တန်းပယ်ခံရပါတယ်။ အဲဒီအချက်ကို လျှောက်သူအများစုကနားမလည်တဲ့အတွက် essay ရေးဖို့လောက်သာ အာရုံစိုက်နေပြီး ကျောင်းရွေးတဲ့ နည်းဗျူဟာကိုတော့ လေ့လာမထားကြဘူး။ ဒီနေရာမှာ ကျောင်းသားအများစု တော်တော်လေးအားနည်းကြတာကို သတိထားမိတယ်။

❓ဘာကြောင့်ကျောင်းရွေးချယ်တဲ့ strategy က အရေးကြီးသလဲ?
Scholarship ဆိုတာ တက်စရာကျောင်းမရှိဘဲ ရရိုးထုံးစံမရှိဘူး။ အထက်ကဆိုခဲ့သလို essay, interview တွေမှာ performance ဘယ်လောက်ကောင်းကောင်း ရွေးထားတဲ့ကျောင်းကနေ ဝင်ခွင့်မရရင် တန်းပယ်ခံရတာဖြစ်လို့ ကျောင်းရွေးတတ်ဖို့ဆိုတာက essay, interview တွေက အခြေခံပိုကျပြီး အရေးအကြီးဆုံး skill ဖြစ်တယ်။

❓ဒါဆို ကျောင်းလျှောက်တဲ့အကြောင်း ဘာလို့ အကျယ်တဝင့်ပြောတဲ့သူမရှိတာလဲ?
Scholarship လျှောက်တဲ့အတွေ့အကြုံမရှိတဲ့ beginner တွေနဲ့၊ တစ်ကြိမ် တစ်ခါလောက်သာရဖူးတဲ့ alumni တွေအနေနဲ့ ကျောင်းအရင်ရပြီးမှ ပညာသင်ဆုရမှာဆိုတာကို သတိမထားမိကြတဲ့အတွက် နွားရှေ့ထွန်ကျူးပြီး essay ရေးနည်းတွေ၊ recommendation ဘယ်လိုတောင်း၊ application form ဘယ်လိုဖြည့်ရမလဲဆိုတာကိုသာ ပြောနေကြတယ်။ ဘယ်လောက်တောင်မေ့နေကြသလဲဆိုရင် လျှောက်မယ့်ကျောင်းသားမဆိုထားနဲ့၊ အခြား Chevening အကြောင်း‌ နာမည်ကြီးဆရာတွေ၊ အရင်နှစ်က alumni တွေက အခမဲ့ပေးနေတဲ့ webinar တွေမှာ (British Council ကလုပ်တဲ့ဟာ အပါအဝင်) ကျောင်းရွေးတဲ့ strategy အကြောင်းကို အသားပေးဆွေးနွေးထားတာမျိုးမရှိဘူး။ ကြိုက်တဲ့ကျောင်းလျှောက်လို့ ပြောတဲ့သူကပြော၊ ရနိုင်တာရွေးလျှောက်လို့ ပြောသူကပြော အပေါ်ယံလောက်ဘဲ ရှပ်ပြောသွားတာ သတိထားမိတယ်။

❓အဲဒီ အခြေခံအကျဆုံး School Selection Strategy ဆိုတာဘာလဲ?
ကြိုက်တဲ့ထဲက အကောင်းဆုံးတွေ ရွေးလျှောက်ရမှာလား၊ ကျိန်းသေပေါက်ရနိုင်မယ့် Russell group ထဲက ဘိတ်ချီးကျောင်းတွေရွေးလျှောက်ရမှာလား၊ ကြိုက်တဲ့ကျောင်းအများကြီးထဲကရနိုင်တာ ၃ ခုကိုလျှောက်ရမှာလား၊ ရနိုင်တဲ့ကျောင်းအများကြီးထဲက ကြိုက်တာ ၃ ခုရွေးလျှောက်ရမှာလား?
ဒီနေရာမှာ “ကြိုက်တာ” နဲ့ “ရနိုင်တာ” ဆိုတဲ့ အရေးကြီးတဲ့ ဝေါဟာရ ၂ ခုထွက်လာတယ်။ ကျောင်းတခုကို ကြိုက်တယ်ဆိုရင် ဘာလို့ကြိုက်နေတာလဲ ---- သွားလည်ဖူးလို့လား၊ အသိရှိလား၊ ဆရာတွေနဲ့ ဆက်ဆံဖူးလား၊ ကျောင်း website က ကြော်ငြာကြည့်ကြိုက်နေပြီး အပြင်မှာကျတော့ ထင်ထားတာနဲ့ တလွဲဖြစ်နေတာတွေအများကြီးနော် (ထိုင်းမှာ သွားတက်တဲ့သူတွေကို မေးကြည့်လိုက်)။ ကြိုက်တဲ့အကြောင်းအရင်းခိုင်ခိုင်လုံလုံမရှိဘဲ ကြော်ငြာထားတာကြိုက်လို့ လာလျှောက်တဲ့သူကို ဘယ်ကျောင်းကမှ ဝင်ခွင့်မပေးပါ (ကိုယ်ပိုင်ငွေ နဲ့ ကျောင်းလခ အကုန်စိုက်ပေးပြီးတက်မယ်ဆိုရင်တော့ တစ်မျိုးပေါ့၊ Chevening လျှောက်သူအကုန်လုံးကတော့ ကိုယ်ပိုင်ငွေနဲ့ ပေးတက်နိုင်သူမဟုတ်မှန်း ကျောင်းဘက်က သိပြီးသားမို့ အလွယ်တကူ ဝင်ခွင့်မပေးပါ)
ရနိုင်တာဆိုတာနဲ့ ပတ်သတ်ပြီး ပြောရမယ်ဆိုရင် ရနိုင်မရနိုင် ကိုယ့်ဟာကိုယ်ဘယ်လိုသိလဲ? နိုင်ငံခြား တက္ကသိုလ်ဆိုတာ မြန်မာအစိုးရတက္ကသိုလ်တွေလို စာမေးပွဲ အမှတ်တခုထဲကြည့်ပြီး ကျောင်းဝင်ခွင့်ပေးတာမျိုးမှမဟုတ်တာ၊ ဒီတော့ရနိုင်မရနိုင် ဘယ်လိုကြိုသိနိုင်မလဲ၊ သူများရတိုင်း ကိုယ်လျှောက်တဲ့အခါ ရပါ့မလား… အဖြေကတော့ သင်သည်မည်သူဖြစ်ပါစေ၊ မည်သည့်ကျောင်းကိုလျှောက်သည်ဖြစ်ပါစေ၊ ဝင်ခွင့်ရမရ တရားဝင် result စာမရောက်ခင် ဘယ်လိုမှ 100% ကျိန်းသေမသိနိုင်ဘူး။ ဒီတော့ Chevening interview အမေးခံရတဲ့ အချိန်မှာ ဒီလျှောက်ထားတဲ့ ၃ ကျောင်းထဲမှာ ၁ ကျောင်းတော့ ကျိန်းသေပေါက်ရနိုင်ကြောင်း ယုံလောက်အောင် ဘယ်လိုဖြေမလဲ? ကျိန်းသေပေါက် ရမှာဖြစ်ကြောင်း ယုံလောက်တဲ့ သက်သေအထောက်အထားမပြနိုင်ဘဲ အထင်တလုံးနဲ့ ရမယ်ထင်လို့လျှောက်ကြည့်တာပါ၊ Chevening Scholarship ကိုသာ ကျောင်းမရခင်ထဲက အရင်ကြိုပေးထားလိုက်ပါ အချိန်တန်ရင် နွားပိန်ကန်လို့ admission offer လာပါလိမ့်မယ် ဆိုတာမျိုး သွားပြောရင်တော့ ရလာဒ်ဘယ်လိုထွက်မလဲ သိတယ်မဟုတ်လား။ (အဲဒီအတိုင်း အပြင်မှာ တကယ်သွားဖြေတဲ့သူတွေ အများကြီးရှိခဲ့ဖူးတယ်နော်…)

❓School Selection Strategy က Chevening Scholarship ရဖို့ ဘယ်လိုအထောက်အကူပြုသလဲ?
ဒီတော့ ကြိုက်တာရော၊ ရနိုင်တာရောသည် မသေချာမရေရာတဲ့ ဖြစ်နိုင်ချေ probability တွေပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ချက်ချရတာမျိုးဖြစ်တဲ့အတွက် အဲဒီ probability game တစ်ခုကို ကစားနိုင်ဖို့ဆိုရင် winning strategy တခုကို သေချာချထားဖို့လိုပါတယ်။ အဲဒီ strategy ကို သံရုံးက Chevening interview panel ကို ချပြပြီး စနစ်တကျ နည်းဗျူဟာချထားပြီး အပိုင်လျှောက်တာကြောင့် အချိန်တန်ရင် ၃ ခုလုံးဖြစ်စေ၊ ၃ ခုထဲက အနည်းဆုံးတခုခုဖြစ်စေ ကျိန်းသေပေါက်ရမှာဖြစ်ကြောင်း ပြောရတယ်။ ‘မပိုင်ရင် ခြင်တောင်မရိုက်ဖူး” ဆိုတဲ့ confidence မျိုးနဲ့ မပြောနိုင်ရင် ဘယ် interviewer ကမှ သင့်ကိုမယုံပါ။

❓ဒါဆို School Selection Strategy ဘယ်နှမျိုးရှိသလဲ?
ထောင်နဲ့သောင်းနဲ့ချီပြီးရှိတယ်။ Winner တစ်ယောက် သူဘယ်လိုလုပ်ခဲ့လဲ မေးကြည့်ရင် တစ်ယောက်တစ်မျိုးဖြေလိမ့်မယ်။ ဒါပေမယ့် အခြေခံ နည်းဗျူဟာကတော့ ၄ မျိုးဘဲရှိတယ်။
1️⃣ Top-middle-last: ကံကောင်းရင် အကောင်းဆုံး Oxbridge နှစ်ခုထဲက တခုရပြီး၊ ကံဆိုးရင် Sheffield Hallam လောက်တော့ရနိုင်လိမ့်မယ်ဆိုတဲ့ နည်းဗျူဟာက တမျိုး -
(Oxbridge မှန်းပြီး ကြိုးစားသူက Sheffield Hallam လောက်တော့ရနိုင်ပါတယ်။ အားနည်းချက်က ကိုယ့်အဆင့်ဘယ်လောက်ရှိလဲ ကိုယ့်ဟာကိုယ်မသိဘဲ ရမ်းလျှောက်နေတာရုပ်ပေါက်လွန်းတယ်)
2️⃣ Insurance policy: Russell group ထဲက ranking အနိမ့်ဆုံး ၃ ကျောင်းရွေးလျှောက်တဲ့ နည်းဗျူဟာကနောက်တမျိုး - (အားသာချက်က ကျိန်းသေပေါက်ရလိမ့်မယ်။ အားနည်းချက်က ရည်မှန်းချက်နိမ့်လွန်းပြီး ကျောင်းတက်ရပြီးရော သွားချင်တာသိသာလွန်းတာကြောင့် Scholarship မရနိုင်)
3️⃣ Aim for the Moon: Oxford, Cambridge, Imperial College/UCL ကိုဘဲ ရွေးလျှောက်တာက တစ်မျိုး - (အားသာချက်က ရည်မှန်းချက်ကြီး ကြိုးစားချင်စိတ်ရှိကြောင်းသိသာတယ်။ အားနည်းချက်က ဘယ်ကျောင်းတခုမှမရဘဲ မြန်မာပြည်မှာဘဲ သောင်တင်သွားဖို့ ဖြစ်နိုင်ချေပိုများတယ်)
4️⃣ Middle of the Road: အလယ်အလတ်စား ranking မတိမ်းမယိမ်း ကျောင်း ၃ ကျောင်း ရွေးလျှောက်တာက တစ်မျိုး - (အားသာချက်/အားနည်းချက် - ရရင် ၃ ကျောင်းလုံးရပြီး မရရင်လည်း ၃ ကျောင်းလုံးမရဘူး)
အဲဒီ နည်းဗျူဟာ ၄ ကို ရောစပ်ပြီး သုံးရင် အပွားပေါင်း ထောင်သောင်းချီထွက်လာတယ်။ အဲဒါကြောင့်လဲ alumni တွေကို သွားမေးရင် တစ်ယောက်တစ်ပေါက်ပြောနေကြတာဖြစ်ပါတယ်။

❓ကိုယ်နဲ့ အကိုက်ဆုံး နည်းဗျူဟာကို ဘယ်လိုထုတ်မလဲ?
ဘယ်သူဘာပြောပြော အထိရောက်ဆုံးနဲ့ လက်တွေ့အကျဆုံး နည်းလမ်းပြောပြပါမယ်။ အဲဒါကတော့ တကယ်နားလည်တတ်ကျွမ်းတဲ့ နည်းပြ (mentor) ငှား၊ သေချာဆွေးနွေးပြီး ကိုယ်နဲ့ကိုက်တဲ့ နည်းဗျူဟာချပါ။ ကမ္ဘာ့ဖလား အဆင့်မှာ နည်းပြမပါဘဲ ဝင်ကန်လို့မရသလို၊ နည်းဗျူဟာကောင်းကောင်းတခုကို နည်းပြအနည်းဆုံး တယောက်မရှိဘဲ နိုင်ငံခြားမှာ ပညာသင်တဲ့ အတွေ့အကြုံမရှိဖူးတဲ့ မြန်မာကျောင်းသားတစ်ယောက်သည် ကိုယ့်ဟာကိုယ်မထုတ်နိုင်ဘူး။ (US, Australia, Hong Kong, Canada တို့မှာ Scholarship နဲ့ undergraduate တက်ဖူးတဲ့သူ ဆိုရင်တော့ ကိုယ့်ဟာကိုယ်စဉ်းစားလို့ရကောင်းရနိုင်လိမ့်မယ်။ ဒါပေမယ့် အဲဒီလိုလူမျိုးကလည်း ဒီအဆင့်မှာ ဝင်ပြိုင်တဲ့အခါ အနည်းဆုံးတော့ mentor သို့မဟုတ် consultant အကြံပေး တစ်ဦးလောက်တော့ မငှား/မသုံးဘဲ ပြိုင်တာမျိုး သိပ်မရှိဘူး)
ကျွန်တော်ကိုယ်တိုင်လဲ နည်းပြငှားပြီး သေချာပြင်ဆင်မှရတယ်။ ကျွန်တော့် Cambridge အသိုင်းအဝိုင်းထဲက မြန်မာမဟုတ်တဲ့ အခြားနိုင်ငံတွေက ‌Chevening Scholar တွေလဲ သူ့နည်းသူဟန်နဲ့ နည်းပြငှားပြီး ပြင်ဆင်ကြတာဘဲ။ မြန်မာပြည်မှာတော့ နည်းပြသုံးရကောင်းမှန်းမသိဘူး။ ပိုဆိုးတာက ဆရာမကူ၊ ကိုယ်ပိုင်အရည်အချင်းနဲ့ ရအောင်လျှောက်နိုင်သူက Hero၊ ငွေကုန်ကြေးကျခံပြီး နည်းပြငှားတဲ့သူဆိုရင် အာဝါဒါးဆိုပြီး လှောင်ချင်ကြတယ်။ ပိုက်ဆံအကုန်မခံဘဲ ကိုယ်ပိုင်အရည်အချင်းနဲ့ လေ့လာနိုင်မှ Scholarship winner ဖြစ်နိုင်သယောင်ယောင် လျှောက်ပြောနေကြတယ်။ အမှန်တော့ အဲဒီပြောနေတဲ့သူတွေ အများစုကိုယ်တိုင်က Chevening Scholarship လို သိန်း ၂ ထောင်တန် ပညာသင်ဆုမျိုးကိုထားဘိ၊ ငွေ ၆ သိန်းတန် TOEFL/IELTS လို English skill test လေးတွေ ဖြေဖို့တောင် ကိုယ်ပိုင်အရည်အချင်းနဲ့ မလေ့လာနိုင်လို့ English 4 skill၊ Intensive Master Class ဆိုတာမျိုးတွေကို ၄-၅ သိန်းပေး သင်တန်းတက်ဖြေမှ ကျောင်းပြိုင်လျှောက်နိုင်မယ့် အမှတ်ရတဲ့သူတွေဆိုတာ သူတို့ရဲ့ account တွေမှာ လိုက်လေ့လာကြည့်ရင် တွေ့နိုင်လိမ့်မယ်။
လက်တွေ့မှာတော့ Cambridge မှာတက်နေတဲ့ ကမ္ဘာ့အတော်ဆုံးဆိုတဲ့ ကျောင်းသားတွေကိုတောင် Career Center ကနေ Postgraduate ကျောင်းလျှောက်နည်း သင်တန်းတွေပေးတယ်။ Consultant/mentor နဲ့ appointment ယူပြီး တိုင်ပင်ရတယ်။ အခြား တက္ကသိုလ်တွေမှာလည်း ဒီအတိုင်းဘဲ၊ Harvard ကကျောင်းပြီးတဲ့ Undergraduate ကျောင်းသားတစ်ယောက် Chevening လျှောက်ချင်တယ်ဆိုပါစို့၊ Harvard ရဲ့ career centre မှာ consultant နဲ့ တွေ့လို့ရတယ်၊ webinar တက်လို့ရတယ်။ အဲဒီလို level မှာ နည်းပြမရှိဘဲ ကိုယ့်ဉာဏ်လေးတစ်ခုထဲနဲ့ ဝင်ပြိုင်လို့ကတော့ 2 vs 1 ပြိုင်သလိုဖြစ်နေမှာပေါ့။ နည်းပြမပါဘဲ ကျောင်းလျှောက်ရင် အလယ်အလတ်စား Exeter, Bristol, Newcastle တို့မှာ ကျောင်းဝင်ခွင့်ရကောင်းရနိုင်ပါလိမ့်မယ်။ Scholarship တော့ပြိုင်လျှောက်နိုင်မည်မထင်။ Mentor မပါဘဲ Scholarship ရခဲ့တယ်ဆိုရင်လည်း ပေါင်သုံးလေးထောင်ဖိုးလောက်ဘဲရနိုင်ပါလိမ့်မယ်။ Mentor သုံးလိုက်ရင် ပိုကောင်းတဲ့ကျောင်းမှာ ပိုများတဲ့ ဆုကို ကျိန်သေပေါက်ကိုရလိမ့်မယ်။
ဒီတော့ နိဂုံးချုပ်ရမယ်ဆိုရင်တော့ Chevening Scholarship မှာ essay ကောင်းဖို့ထက် ကျောင်းဝင်ခွင့်အရယူဖို့က ပိုအရေးကြီးတယ်။ School Selection Strategy တွေက အခြေခံ ၄ မျိုးကနေပွားလိုက်တာ သုံးလို့ရတဲ့နည်း ထောင်သောင်းမကရှိတယ်။ နိုင်ငံခြားမှာ Scholarship ရဖူးတဲ့ အတွေ့အကြုံရှိ နားလည်တတ်ကျွမ်းသူဆိုရင်တော့ ကိုယ်တိုင်စဉ်းစားရွေးချယ်နိုင်တယ်။ အတွေ့အကြုံလုံးဝမရှိတဲ့ beginner ဆိုရင်တော့ နည်းပြမပါဘဲ ကိုယ့်ဟာကိုယ်မလုပ်နိုင်ဘူး။ လုပ်ရင် ပြိုင်ဘက် နည်းပြ-ကျောင်းသား အတွဲနဲ့ 2vs1 ပြိုင်ရသလို နောက်ကောက်ကျ ကျန်ခဲ့လိမ့်မယ်။ ငွေမရှိလို့ ပညာသင်ဆုလျှောက်ပါတယ် ဆိုနေမှ နည်းပြငှားဖို့၊ Scholarship လျှောက်နည်းသင်တန်းလိုက်တက်ဖို့ ငွေဘယ်လိုရနိုင်မလဲလို့ မေးကောင်းမေးလိမ့်မယ်။ ဒါပေမယ့် Chevening ဆိုတာ အရည်အချင်းကိုမကြည့်ဘဲ လိုအပ်ချက်ကိုသာ အသားပေးကြည့်တဲ့ ဆင်းရဲသားဒုက္ခသည်ကိုပေးတဲ့ humanitarian Scholarship မျိုးမဟုတ်ဘူးဆိုတာ သတိရလိုက်ပါ။ Public မှာ webinar ပေးနေတဲ့ Chevening alumni တွေရဲ့ Biography ကို သွားလေ့လာကြည့်ရင် ငွေကြေးအတန်အသင့် ချမ်းသာပြီး နိုင်ငံခြားဘွဲ့ယူထားတဲ့သူတွေ အများကြီးရှိကြောင်း သင်တွေ့ပါလိမ့်မယ်။ ဒါကြောင့် သင့်ရည်ရွယ်ချက်သည် ငွေတခုထဲကြောင့် ပညာသင်ဆုလျှောက်ချင်တာဆိုရင်တော့ merit-based ဖြစ်တဲ့ Chevening ကို အစထဲကမရွေးဘဲ Humanitarian Scholarship မျိုးကိုသာ ရွေးလျှောက်ဖို့ အကြံပေးချင်ပါတယ်။

စေတနာဖြင့်
ငြိမ်းဇော်ကို
၂၃-၁၀-၂၀၂၃




အခြား tip များကို ဖတ်ချင်ပါက အောက်ပါ group ကို လာ join နိုင်ပါတယ်..
https://www.facebook.com/groups/mmchevening/
----------------------------------------------
A Glance at Scholarship Insider
Scholarship Insider သည် နိုင်ငံခြား ပညာသင်ဆုလျှောက်ထားခြင်းနှင့် ပတ်သက်၍ အခြေခံမှစ၍ စနစ်တကျ သင်တန်းပေးသည့် ပညာရေးအကြံပေးလုပ်ငန်းဖြစ်သည်။ US, UK, Singapore နိုင်ငံများတွင် ဘွဲ့ ၄ ခု၊ Scholarship ၅ ခု အထိရယူဖူးသည့် အတွေ့အကြုံရှိသူ ဦးငြိမ်းဇော်ကို မှ ၂၀၂၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၆ လအတွင်း ပညာသင်ဆုလျှောက်ထားသူများကို ကမ္ဘာ့အဆင့် Top 10 ဝင် တက္ကသိုလ်များတွင် ပညာသင်ဆုများရအောင် ကူညီပံ့ပိုးပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံမှ အခြားအလားတူ ပညာရေး အကြံပေးလုပ်ငန်းများထက် အဓိကအားသာချက်မှာ Scholarship Insider ဆိုသော အမည်အတိုင်း နိုင်ငံခြားတက္ကသိုလ်များမှ ပါမောက္ခများ၊ ကမ္ဘာ့အဆင့် ၁-၃၀ ဆင့်ဝင် တက္ကသိုလ်ကျောင်းများတွင် တန်ဖိုးကြီး ပညာသင်ဆုများ တစ်ခုထက်ပို၍ ရရှိထားသော ကျောင်းသားများ၊ ထိုကျောင်းများမှ ပညာသင်ဆုပေးရန် ရွေးချယ်ရာတွင် အကဲဖြတ်သည့် တာဝန်ခံများနှင့် ဆက်သွယ်ထားသဖြင့် သာမန်လူများ လက်လှမ်းမမှီသော အတွင်းသတင်းများ၊ အခွင့်အလမ်းကောင်းများ၊ ပညာသင်ဆုလျှောက်သည့် နည်းဗျူဟာများကို စုံစမ်းထောက်လှမ်းနိုင်စွမ်းရှိကြောင်း ဒီ page က ပို့စ်များကို ကြည့်လိုက်ရင် အလွယ်တကူ သတိထားမိမှာဖြစ်ပါတယ်။

07/10/2023

ဒါကတော့ UK က OXFORD နဲ့ CAMBRIDGE ဝင်ခွင့်လျှောက်နည်းကို The Telegraph သတင်းစာက Oxbridge ဝင်ခွင့်ကို သီးသန့်လျှောက်ပေးတဲ့ super tutor (နည်းပြ) တွေကို interview ပြီးတင်ဆက်ပေးထားတာကို နမူနာ share ပေးလိုက်တာပါ။ မြန်မာပြည်မှာတော့ Scholarship နည်းပြဆိုသူတွေ သိပ်ခေတ်မစားပေမယ့် နိုင်ငံခြားမှာတော့ super tutor တွေက ဘောလုံးအသင်းနည်းပြတွေ အားကစားဝါသနာရှင်များအကြား ကမ္ဘာကျော်သလို သက်ဆိုင်ရာ ကျောင်းသားအသိုင်းအဝိုင်းမှာ နာမည်ကြီးပါတယ်။

ကျွန်ုပ်တို့ Scholarship Insider သည် INSIDER ဆိုတဲ့ အမည်နဲ့ ကိုက်အောင် အခုလို World Class နည်းပြတွေဆီက နည်းလမ်းတွေကို အတွင်းကျကျပညာယူပြီး ကျွန်ုပ်တို့၏ သင်တန်းသားများကို ပြန်လေ့ကျင့်ပေးနေပါတယ်။
ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ်တွေမှာ တစ်နှစ် သိန်း ၂၀၀၀-၃၀၀၀ ပညာသင်တွေကို ဝင်ပြိုင်လျှောက်တဲ့အခါ ကျောင်းသားကချည်း လေ့လာဆည်းပူး ကြိုးစားရတာမျိုး မဟုတ်ပါဘူး။ နည်းပြလုပ်တဲ့သူကလည်း ကိုယ့်နည်းဗျူဟာတွေက အခြား ပြည်တွင်းပြည်ပက နည်းပြတွေထက်သာအောင် အမြဲလေ့လာဆည်းပူးနေရပါတယ်။ ကမ္ဘာ့ဖလားကို နည်းပြမပါဘဲ ဝင်ကန်လို့မရသလို အခုလို တစ်ကမ္ဘာလုံးအဆင့် ပြိုင်ရတဲ့ Oxbridge ပြိုင်လျှောက်တဲ့အခါမျိုးမှာ ကျောင်းသားဘယ်လောက်တော်တော် နည်းပြညံ့ရင်လည်း ရှုံးနိုင်ပါတယ်။

ဒါကြောင့် နိုင်ငံခြားပညာသင်ဆုတစ်ခု အောင်ပွဲရဖို့ Scholarship WINNER ဖြစ်ဖို့ဆိုတာ ကျောင်းသား၊ မိဘ၊ ဆရာ ၃ ဦးစလုံး တက်ညီလက်ညီကြိုးစားမှ ဖြစ်နိုင်တာတဲ့အတွက် အခုလို ပန်းဝင်ဖို့ နီးချိန်မှာ လုံးလထုတ်ကြိုးစားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ကျွန်ုပ်တို့ဘက်ကတော့ တာဝန်ကျေအောင် အမြဲကြိုးစားလျက် ရှိပါကြောင်း...

မူရင်း သတင်းဆောင်းပါးဖတ်ရန်
👉🏼https://www.telegraph.co.uk/education-and-careers/2023/10/05/how-to-get-in-oxbridge-oxford-cambridge-college-admission/?fbclid=IwAR1ClXyApW-R_aZD_hsDbIGkeL4m233QrsHun3XgLY8xE9gyullCATj5uN8

30/09/2023

College application essay တွေ၊ personal statement တွေ၊ recommendation တွေကို ChatGPT သုံးပြီးရေးနေတဲ့သူများ သိစေရန်

ရေးပုံရေးနည်း ပညာတစ်ခုကို စနစ်တကျ တတ်အောင် သင်တန်းတက်ဖို့သင်ယူလေ့ကျင့်ယူဖို့ထက် ဖြတ်လမ်းလိုက် ကလိမ်ကျချင်တဲ့သူကများနေတယ်။ ဖွဘုတ်ပေါ်က ပညာရေး group တွေထဲကြည့်လိုက်ရင် မရေးတတ်ရှာလို့ အကြံဉာဏ်တောင်းသူကို စနစ်တကျ သင်တန်းတက်ဖို့ အားပေးရမယ့်အစား မရစေချင်လို့ ChatGPT သုံးပြီးရေးလိုက်ပါလား၊ online မှာ သူများဘာရေးလဲလိုက်ရှာပြီး ဆင်တူရိုးမှားပြောင်းရေးပါလား လို့ cmt ပေးပြီး တမင်အချွန်နဲ့လိုက်မတဲ့ လူကခပ်များများ...

ကိုယ့်ဟာကိုယ် Zukerberg + တက္ကသိုလ်ကြီးတွေက professor ကြီးတွေ ထက်တော်တယ်ထင်လို့ သူတို့ကို အလွယ်တကူလိမ်လို့ရမယ်လို့ထင်ရင် စမ်းကြည့်လိုက်ပေါ့

24/09/2023

📢Top 5️⃣ Oxbridge/Ivy League level INSIDER tips for Scholarship Applications

ဒီနှစ်နိုင်ငံခြားကျောင်းလျှောက်မည့်သူများ Oxbridge/Ivy League level မှာ Scholarship ရသည်အထိ အသုံးတည့်သော နည်းလမ်းများကို သုံးပြီး သင့်အကြိုက်ဆုံးကျောင်းတွေကနေ ဝင်ခွင့်ရယူရလိုပါသလား?

ကျွန်ုပ်တို့၏ founder ဦးငြိမ်းဇော်ကို ရေးသားသော Scholarship လျှောက်နည်း ဆောင်းပါးတစ်ပုဒ် MasterStudies Website တွင် ဖော်ပြခြင်းခံရပါသည်။ စိတ်ဝင်စားသူများအနေဖြင့် အောက်ပါ link တွင် ဝင်ရောက်ဖတ်ကြည့်နိုင်သည်။
👇🏼👇🏼👇🏼
https://www.masterstudies.com/articles/top-5-tips-for-scholarship-applications-from-a-graduate-scholarship-winner

ထို့ကြောင့် နိုင်ငံခြားပညာရေး၊ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်းကိစ္စရပ်များတွင် ကိုယ်ပိုင်အတွေးအခေါ်များဖြင့် မြန်မာကိုကျော်၍ နိုင်ငံခြားပရိသတ်များအထိ ပေါက်ရောက်အောင် ထိုးဖောက်နိုင်သူ မြန်မာများအနက် ကျုန်ုပ်တို့၏ Founder ဦးငြိမ်းဇော်ကိုသည် Parami University တည်ထောင်သူ ဒေါက်တာကျော်မိုးထွန်း (Ph.D. Yale University) ပြီးလျှင် ဒုတိယမြောက်ပုဂ္ဂိုလ်ဖြစ်လာသည်။ သို့ဖြစ်ပါ၍ ဤဆောင်းပါးကို ဖော်ပြပေးပါသော MasterStudies Website ပိုင်ရှင် နော်ဝေးနိုင်ငံအခြေစိုက် KeyStone Education Group အား အထူးကျေးဇူးတင်ရှိပါကြောင်း…..

18/09/2023

🚫နိုင်ငံခြားမှာကျောင်းတက်နေတဲ့ မြန်မာကျောင်းသားများအထူးသတိထား🚫

ဒါမျိုးကို phishing လို့ခေါ်ပါတယ်။ နိုင်ငံခြားကိုခုမှ ကျောင်းလာတက်တဲ့ မနူးမနပ်ကျောင်းသားတွေကို လခကောင်းတဲ့ အလုပ်ရမယ်ပြောပြီး လိမ်တဲ့နည်းပါ။

အဆိုးဆုံးလိမ်နည်း ၂ မျိုးရှိပါတယ်။
၁။ နိုင်ငံခြား မရောက်ဖူး online banking ဘယ်လိုအလုပ်လုပ်လဲ သေချာမသိတဲ့ မနူးမနပ် မြန်မာဆယ်ကျော်သက်ကျောင်းသားတွေကို လခကောင်းကောင်း-cash နဲ့ မက်လုံးပေးပြီး အစပိုင်း မည်မည်ရရမရှိတဲ့ အလုပ်ကို ၅၀၀ - ၁၀၀၀ လောက် ပေးပြီး အလုပ်ခိုင်းပါတယ်။ ကျောင်းသားက အလုပ်ချောင်တယ်ထင်ပြီး တဖြည်းဖြည်းယုံလာတော့မှ လခကို ဘဏ်ကလွှဲပေးမယ်ပြောပြီး online ဘဏ်အကောင့်တောင်းပြီး အထဲမှာရှိသမျှငွေ အပြောင်ခိုးတဲ့နည်းကတစ်မျိုး
၂။ နောက်တမျိုးက အထက်ပါအတိုင်းဘဲ မည်မည်ရရမခိုင်းဘဲ လုပ်ခအများကြီးပေးအယုံသွင်းပြီး ငါတို့အရေးပေါ်ငွေလွှဲဖို့ရှိလို့ပါ၊ တို့ဘဏ်အကောင့်က ဘာဖြစ်ညာဖြစ်နေလို့ ကျောင်းသားဘဏ်အကောင့် အငှားသုံးပြီး ငွေလွှဲပါရစေပြောပြီး ငွေကို ထောင်သောင်းချီလွှဲလာပါလိမ့်မယ်။ ပြီးရင်ကျောင်းသားကို ဘဏ်မှာ ငွေသားသွားထုတ်ခိုင်းလိမ့်မယ်၊ အဲဒီငွေက ရာဇဝတ်ပြစ်မှုမကင်းတဲ့ ငွေဖြစ်လို့ ဘဏ်မှာလူလုံးပြသွားထုတ်တဲ့ကျောင်းသား နောက်တစ်ပတ်လောက်ကြာရင် ရဲလာဖမ်းလို့ ဒုစရိုက်သမား ကိုယ်စား သူကျူးလွန်ထားတဲ့ပစ်မှုနဲ့ ထောင်ထဲဝင်ရပါလိမ့်မယ်။
အခြား phishing ကို သုံးပြီး လိမ်တဲ့ နည်းလမ်းတွေ အများကြီးရှိပါသေးတယ်။ အထက်က ၂ မျိုးကတော့ အဆိုးဆုံးနည်းတွေပါ။ ဒီပုံမှာပြထားတဲ့ email ကတော့ ဒုတိယအမျိုးအစားပါ။ လခ ၄၀၀ ယူပြီး အိမ်မှာပါဆယ်ထုတ်ကိုယ်စားလက်ခံပေးရမယ်ဆိုတော့ ကိုယ့်အိမ်ရောက်လာမယ့် ပါဆယ်ထုတ်၊ စာတွေက ဒုစရိုက်မကင်းတဲ့ ပစ္စည်းတွေပေါ့။
နိုင်ငံခြားမှာ ငွေအလွယ်မရပါ။ ကျောင်းတက်ရင်: part time စာပွဲထိုး၊ ဆိုင်ထိုင် လုပ်ချင်ရင်တောင် အပြိုင်အဆိုင် အလုပ်လျှောက်မှရတာမျိုးပါ။
အားလုံးဘဲ ဘေးကင်းကြပါစေ။ အသိထဲမှာ နိုင်ငံခြားသွားတက်နေတဲ့ကျောင်းသားရှိရင် share ပေးခြင်းဖြင့် သတိပေးကြပါ။

16/09/2023

Chevening tip No 1: Social Media for Chevening Success

Chevening Scholarship မှာ interview ဖြေဖို့ ဆန်ကာတင်အရွေးခံရရင် သင့်ရဲ့ social media handle တွေကို တင်ပြရတယ်ဆိုတာရော သင်သိပါသလား?

ဒီ Scholarship သည် သိန်း ၂၀၀၀ ကျော်တောင်တန်မှတော့ စီစစ်ရွေးချယ်တဲ့အခါ ပြိုင်ပွဲဝင်သူတွေကို အသေးစိတ်စစ်မှာပေါ့။ လူတစ်ယောက်ရဲ့ personality ကို တကယ်သိချင်ရင် facebook နဲ့ instagram မှာ သွားကြည့်ရတယ်မဟုတ်ပါလား?

Recommendation ဆိုတာမျိုးက အတုရေးပြီး လက်မှတ်ထိုးခိုင်း၊ Volunteering ဆိုတာမျိုးက အလှူငွေထည့်ပြီး နားလည်မှုနဲ့ စာထုတ်၊ Personal Statement ဆိုတာမျိုးက လူငှားပြီးရေးတောင်ရနိုင်တာမျိုးမဟုတ်လား? ဒါပေမယ့် Web2.0 ခေတ်ကြီးမှာ social media အကောင့်က လူတစ်ယောက်ရဲ့ personality extension ဆိုတော့ ဒါကြီးကို အတုလုပ်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူးလေ။

ဒါကြောင့် Chevening Scholarship လျှောက်မည့်သူများအတွက် tip no. 1 က LinkedIn, instagram, မရှိသေးရင် အခုမလျှောက်ခင်ထဲက မွေးယူထားပါ။ အနီးကပ်မှ မွေးရင် အကောင့်တုဖြစ်နေမှာပေါ့။ Chevening ဆိုတာမျိုးက Professional အလုပ် experience 3 နှစ်နှင့်အထက်ရှိမှ စဉ်းစားပေးတာဆိုတော့ Professional အလုပ်လုပ်သူက ဒီ ခေတ်ကြီးမှ LinkedIn လေးတောင်မရှိရင် အတော်ခေတ်နောက်ကျပုံရနေပါလိမ့်မယ်...

အရိပ်ပြအကောင်မြင်တတ်သူများကတော့ ခုလောက်ရှိ ကိုယ့်အကောင့်ထဲက မမြင်စေချင်တဲ့ ပို့စ်တွေ ထိုင်ဖျက်နေလောက်ပြီပေါ့နော်...
---------------
Chevening Tip များသည် လက်ရှိ သင်ရိုးရေးဆွဲနေသော Scholarship လျှောက်နည်းသင်တန်းမှ ကောင်းနိုးရာရာများကို ရွေးထုတ်တင်ပြပေးခြင်းဖြစ်သည်။ Tip ဆိုတဲ့သဘောတရားအတိုင်း အခြားမည်သည့် page၊ လူပုဂ္ဂိုလ်ကမှ မပြောပေမယ့် တကယ်တမ်းအရေးကြီးတဲ့ အသေးအဖွဲလို ကိစ္စရပ်မျိုးကိုမှ ရှာဖွေဖော်ထုတ်ပြီး လမ်းညွှန်ပေးနေခြင်းဖြစ်သည်။ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲများကို အချိန်ပို၊ ပင်နယ်တီနှင့် အဆုံးအဖြတ်ပေးသကဲ့သို့ ပြိုင်ဆိုင်မှုပြင်းထန်သော ဒီ တန်ဖိုးကြီး scholarship မျိုးသည် နောက်ဆုံးအဆင့်ရောက်သူများတွင် ဘက်စုံးကဏ္ဏစုံတွင် သူမသာ၊ ကိုယ်မသာ အနေအထားမျိုးသာများသည်။ IELTS အမှတ်လို နေရာမျိုးမှာ နောက်ဆုံးအဆင့် ဆန်ကာတင်အရွေးခံရသူတိုင်း အမှတ်ကောင်းနေမှာဖြစ်တဲ့အတွက် ဒီလိုအသေးအဖွဲ့ small detail လေးများကသာ အနိုင်အရှုံး ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။
--------------
ကျွန်ုပ်တို့ တည်ထောင်ထားသော ဒီနှစ် Chevening applicant Group ကို join လိုပါက
👉🏼https://www.facebook.com/groups/mmchevening
----------------
Chevening tip များသည် Scholarship Insider မှပေးသော သီတင်းကျွတ်ကာလ ပညာဒါနဖြစ်သည်။ November Deadline မရောက်ခင် 8 ပတ်အတွင်း တစ်ပတ်လျှင် 1 ခု share ပေးသွားမှာဖြစ်တဲ့အတွက် Chevening Scholarship ဝင်ပြိုင်ရန် ပြင်ဆင်နေသူများ follow လုပ်ထားနိုင်ပါသည်။ မိမိအသိုင်းအဝိုင်းထဲမှ လိုအပ်မည့်သူများသိစေရန် share ပေးခြင်းဖြင့် ပူးပေါင်းပါဝင် ကုသိုလ်ယူနိုင်ပါသည်

📸sprout social

15/09/2023

မသိသူကျော်သွား၊ သိသူဖော်စား သီတင်းကျွတ် ပညာဒါန Chevening tip များ

ဒီ Scholarship Insider page လေး စတင်ခဲ့သည်မှာ ၁ နှစ်ကျော်လာပြီး follower အရေအတွက်လည်း ၂၀၀၀၀ ပြည့်တော့မည်ဖြစ်သည်။ ဒါကြောင့် ပညာဒါနအနေနဲ့ ယနေ့ Application ဖွင့်တဲ့ UK အစိုးရကပေးတဲ့ Chevening Scholarship လျှောက်နည်း မသိသူကျော်သွား၊ သိသူဖော်စား tip လေးများကို Deadline မရောက်ခင် အချိန် 8 weeks အတွင်း တစ်ပတ်လျှင် တစ်ခုကျ Tip ၈ ခု သင်ပေးမှာဖြစ်ပါတယ်။ ၎င်း tip များသည် လက်ရှိသင်ရိုးရေးဆွဲလျက်ရှိသော Scholarship လျှောက်နည်း သင်တန်းမှ ကောင်းနိုးရာရာ ကောက်နုတ်ချက်များဖြစ်ပါသည်။
ဒါကြောင့် Follower များလည်း လိုအပ်နေသူများမြင်အောင် share ပေးခြင်းဖြင့် ကျွန်ုပ်တို့၏ ပညာဒါနတွင် ပူးပေါင်းပါဝင်ကုသိုလ်ယူကြဖို့တိုက်တွန်းလိုက်ရပါသည်။
--------------
ကျွန်ုပ်တို့ တည်ထောင်ထားသော ဒီနှစ် Chevening applicant Group ကို join လိုပါက
👉🏼https://www.facebook.com/groups/mmchevening

14/09/2023

📢Unique Opportunities for YSEALI Alumni

Follower တွေထဲက YSEALI alumni များ လျှောက်ကြပါ။ နောက် Scholarship လျှောက်တဲ့အခါမှာ Leadership နဲ့ ပတ်သက်လို့ ပြစရာ အကြီးကြီး တခုရပါလိမ့်မယ်။ US ကိုလည်း တစ်ခေါက်သွားခွင့်ရမှာဖြစ်ပြီး အရေးအကြီးဆုံးကတော့ (အထာနပ်တဲ့သူများ) Fulbright, Chevening, Aus Award လျှောက်ရင် အမေရိကန်သံရုံးက (သို့) အစိုးရဌာနက ရာထူးကြီးကြီး ပုဂ္ဂိုလ်တစ်ဦးရဲ့ Recommendation ရနိုင်ပါတယ်။
IELTS bank 8/8.5 ဆိုတာမျိုးက English skill intermediate ရှိသူတိုင်း တစ်နှစ်အချိန်ပေးပြီး အိမ်မှာပုန်း စာထိုင်ကျက်ရင် လူတိုင်းရနိုင်ပါတယ်။ တစ်ခါဖြေလို့မရရင် ၃ ခါဖြေတဲ့အခါ ရဖို့ကျိန်းသေကြောင်း အာမခံပါတယ်။
ဒီအခွင့်အရေးကတော့ YSEALI Alumni မှ ရမှာဖြစ်ပြီး အပြင်လူ လုံးဝဝင်လျှောက်လို့မရပါ။ အထက်ကပြောသွားတဲ့အချက် ၂ ခုလုံးကိုရအောင် လုပ်နိုင်ရင် နောင် Scholarship ပြိုင်လျှောက်သူ ၁၀၀၀-၁၀၀၀၀ လောက်အနက် YSEALI executive steering committee member ဆိုတာမျိုးက ၁၀ ယောက် ပြည့်အောင် ရှိမှာမဟုတ်တဲ့အတွက် IELTS band 8-8.5 တို့ကို အေးဆေး အနိုင်ပိုင်းလို့ရပါတယ်...
အားလုံးဘဲ ကံကောင်းကြပါစေ....

07/09/2023

မြန်မာကိုကျော်လွန်၍ နိုင်ငံတကာသို့ တောင်ပံဆန့်ပြီ…
We are going global

US, UK, Australia, Canada, Europe နဲ့ အနောက်နိုင်ငံတွေမှာ ဘွဲ့လွန်တက်ဖို့ ပြင်ဆင်နေပါသလား? အဲဒီနိုင်ငံတွေမှာ တစ်နှစ်လျှင် သိန်း ၂ ထောင်လောက်တန်ကြေးရှိတဲ့ ပညာသင်ဆုယူပြီး ကျောင်းတက်ခွင့်ရဖို့ဆိုတာ လူ ၁၀၀၀ မှာ တစ်ယောက်မရနိုင် အရမ်းကို ခက်ခဲပါတယ်။ လွန်ခဲ့တဲ့နှစ်က education.com ရဲ့ Study a Master’s in Europe Award မှာ ကျွန်ုပ်၏ founder ဦးငြိမ်းဇော်ကိုအား finalist အဖြစ်ရွေးချယ်ခဲ့တာ အထူးကျေးဇူးတင်ပါတယ်။ ဒီနှစ် ကျောင်းပြီးသွားတဲ့အခါ သူ့အတွေ့အကြုံများကို နိုင်ငံတကာက ကျောင်းသားထုထံ အခမဲ့ မျှဝေပေးနိုင်ဖို့ အခုလို webinar တစ်ခုစီစဉ်ပေးသည်ကိုလည်း အထူးကျေးဇူးတင်ပါသည်။
Education.com ဆိုတာ နော်ဝေးနိုင်ငံ အခြေစိုက် Keystone Education Group ရဲ့ တစိတ်တပိုင်းဖြစ်ပြီး နိုင်ငံပေါင်း 190 ကျော်က တက္ကသိုလ်ပေါင်း 5500 ခန့်နဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတကာ ပညာရေးဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းဖြစ်ပါတယ်။ သူ့ရဲ့ website နဲ့ school/scholarship search database တွေကို တစ်နှစ်လျှင် သုံးစွဲသူ ကျောင်းသားပေါင်း သန်း ၁၀၀ ကျော်ရှိပါတယ်။ ဒီတော့ ကမ္ဘာ့ ထိပ်တန်း ranking 1-100 ထဲဝင်တဲ့ ကျောင်းတွေမှာ နိုင်ငံတကာကကျောင်းသားတွေနဲ့ ရင်ပေါင်တန်းပြီး သိန်း ၁၀၀၀-၂၀၀၀ တန်း ပညာသင်ဆုတွေ ယှဉ်ပြိုင်အရွေးခံချင်တယ်ဆိုရင် နိုင်ငံတကာ search database တွေလည်း သုံးတတ်အောင် လေ့ကျင့်ထားဖို့လိုပါတယ်။ မြန်မာအချင်းချင်းသာ ကွက်ပြိုင်တဲ့ Prospect Burma, Australia Award, Fulbright, Chevening တို့ထက် ရဖို့ခက်တဲ့ global level မှာ နိုင်ငံတကာကျောင်းသားတွေနဲ့ ပြိုင်ပြီးလျှောက်ချင်တယ်ဆိုရင်တော့ အဲဒီလို နိုင်ငံခြားသားတွေကို အနိုင်ပိုင်းဖူးတဲ့ အတွေ့အကြုံရှိတဲ့ World Class Mentor နည်းပြ တစ်ယောက်တော့ ချည်းကပ်ထားဖို့လိုနေပြီနော်…
Educations.com ပစ်မှတ်ထားသော ကျောင်းသားထု ဈေးကွက်သည် မြန်မာနိုင်ငံတွင်မရှိသော်လည်း မြန်မာကျောင်းသားများကို အခမဲ့ တက်ရောက်ခွင့်ပေးဖို့ ဦးငြိမ်းဇော်ကိုမှ မေတ္တာရပ်ခံထားပါသည်။ ထို့ကြောင့် အောက်ပါ နိုင်ငံခြား ဘွဲ့လွန် ပညာသင်ဆုလျှောက်နည်း webinar ကို အခမဲ့ တက်ရောက်လိုပါက အောက် ပို့စ်တွင်ပါသော link မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါသည်။ လူဦးရေ အကန့်အသတ်ရှိသဖြင့် ဦးရာလူသာ တက်ခွင့်ရမှာဖြစ်ပါတယ်။

🌍 Attention International Students! 🌏

Join Leo - a former educations.com Study a Master's in Europe Scholarship finalist - to learn more about applying for scholarships as a graduate student.

Leo will share his experience apply for - and earning - scholarships in three different countries. Learn from his inspiring story and gain valuable insight from a current international student.

🔹 Webinar Date: Sunday, 10 September 2023
🔹 Webinar Time: 11.00 CEST

👉 Register for the free webinar here: https://bit.ly/47TshQ0

24/08/2023

New Mentorship programme for Myanmar Youths
ဒီနှစ်မှ စထောင်လိုက်တဲ့ ဒီ Myanmar Student Leaders of America ဆိုတဲ့ အဖွဲ့လေးကို ကျွန်တော် အတော်မျက်စိကျမိပါတယ်။ သူတို့ ရည်ရွယ်ချက်က Standford, UPenn နဲ့ အခြား အမေရိကန်နိုင်ငံက တက္ကသိုလ်တွေမှာ တက်နေတဲ့ မြန်မာကျောင်းသား လူငယ် ၁၂ ယောက်ပေါင်းပြီး နိုင်ငံခြား ကျောင်းလျှောက်ချင်တဲ့ မြန်မာကျောင်းသားတွေကို အခမဲ့ Free Guidance ပေးမလို့တဲ့။
နိုင်ငံခြားမှာ တက်နေတဲ့သူတွေက webinar တွေလုပ်ပြီး knowledge share နေတာ ထုံးစံဘဲ၊ ဒီအဖွဲ့က ဘာများထူးလို့လဲလို့ မေးရင် သူတို့မှာ ထူးခြားချက် တခုရှိပါတယ်။ အဲဒါကတော့ ဒီကျောင်းသားတွေဟာ Stanford, UPenn, Duke, Northeastern UCLA, Rice, Iowa State ဆိုတဲ့ တကယ့် ဒိတ်ဒိတ်ကြဲကျောင်းတွေမှာ တက်နေတဲ့ လူငယ်လေးတွေဖြစ်နေလို့ပါဘဲ။ Education page တွေ မှိုလိုပေါက်နေပြီး webinar တွေ၊ knowledge sharing တွေ၊ Mentoring တွေ နေ့တိုင်းနီးပါးရှိနေတဲ့ အချိန်မှာ ထိုင်း၊ စင်ကာပူ၊ ဩစတေးလျ၊ ဥရောပ၊ ကနေဒါတို့က အလယ်အလတ်တန်းစားကျောင်းများမှာ တက်နေသူတွေ ပြောတာများသလောက် သိသိသာသာရှားပါးနေတာကတော့ Oxbridge, Ivy League နဲ့ အခြား World Top 10 ranked University တွေမှာ တက်နေတဲ့ Top Scholar တွေကတော တွေ့ရခဲလွန်းအားကြီးတယ်။
ကျွန်တော် Scholarship Insider တည်ထောင်ပြီး တစ်နှစ်ကျော် run နေတဲ့ အချိန်အတွင်းမှာ ကမ္ဘာမှာ Top 10 အဆင့်ဝင်တဲ့ တက္ကသိုလ်တွေက မြန်မာကျောင်းသားတွေကို webinar လုပ်ဖို့ တိုက်တွန်းပေးမယ့် လုပ်ပေးချင်သူ မရှိစလောက်ပါဘဲ။ Ivy League တက်တဲ့သူက အခြားကျောင်းသားတွေနဲ့ နှိုင်းစာရင် စာလုပ်တာအပြင် အသိအကျွမ်းမိတ်ဆွေများလာအောင် အချိန်ပေးလုပ်ဆောင်နေရတာကတစ်ကြောင်း၊ လူသိရှင်ကြား ကြေငြာလိုက်ရင် မနာလို ဝန်တိုစိတ်ရှိသူတွေ ပုတ်ခတ်တိုက်ခိုက်မှာ စိုးရိမ်တာက တစ်ကြောင်း၊ တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန်မှာ low-profile နေချင်တာက တစ်ကြောင်း၊ စတဲ့ အကြောင်းတွေကြောင့် ၎င်းတို့၏ အတွေ့အကြုံနှင့် အသိပညာကို မျှဝေပေးရန် ငြင်းဆိုလေ့ရှိကြတယ်။ ဒီကြားထဲ အချို့သူတွေက သူတို့သိထားတဲ့ ကျောင်းလျှောက်နည်းတွေကို ဆွေနီးမျိုးရင်းမှတပါး အပြင်လူကို အခမဲ့ share မပေးချင်တာမျိုးလဲ ရှိနေတာကို သတိပြုမိတယ်။ ထို့ကြောင့် ဒီလူငယ်များရဲ့ ကြိုးပမ်းအားထုတ်မှုကို မြင်ရတာ အထူးဝမ်းသာမိပါတယ်။
ဒါကြောင့် ဒီလူငယ်အများစု ဦးဆောင်ပြီး လုပ်မယ့် အစီအစဉ်ကို လျှောက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ တစ်ချိန်ထဲမှာဘဲ သူတို့က ဒီနှစ်မှ စလုပ်မှာဖြစ်လို့ စိတ်ဝင်စားသူတွေအနေနဲ့ ဖြစ်မှ ဖြစ်ပါ့မလား သံသယတွေဝင် တွေဝေနေတာမျိုးတွေကိုလည်း နားလည်နိုင်ပါတယ်။ အဓိက အနေနဲ့ ဒီ mentorship အစီအစဉ်ကို ဦးဆောင်မယ့် Standford, UPenn နဲ့ အခြား အမေရိကန်နိုင်ငံက တက္ကသိုလ်တွေမှာ ပထမနှစ်၊ ဒုတိယနှစ် ကျောင်းတက်နေတဲ့ အသက် ၂၀-၂၅ ဝန်းကျင် လူငယ်လေးတွေက အခြား သိန်းရာနဲ့ချီ ကျောင်းလခ သင်တန်းကြေးယူပြီး နှစ်ပေါင်းများစွာအတွေ့အကြုံရှိတဲ့ ဆရာတွေ လေ့ကျင့်ပေးနေတဲ့ Pre-collegiate program (P*P), International School တွေနဲ့ အခြား Educational Consulting service တွေကို ယှဉ်နိုင်ပါ့မလားဆိုပြီး မေးခွန်းထုတ်နေမှာ သဘာဝကျပါသည်။ ကာယကံရှင်တွေကိုယ်တိုင်က Beta launch ဖြစ်တာကြောင့် အာမခံချက် အပြည့်အဝမပေးနိုင်ကြောင်း ရှင်းရှင်းလင်းလင်းဆိုထားပါတယ်။
သူတို့ အာမခံမပေးနိုင်ပေမယ့် ကျွန်တော်က အာမခံပေးနိုင်ပါတယ်။ MSLA ၏ အစီအစဉ်တွင် တက်ရောက်သူများ အမေရိကန်မှ မြန်မာလူငယ် Scholar များ၏ လမ်းညွှန်မှုဖြင့် မိမိအရည်အချင်းနှင့် သင့်တော်ရာ ကျောင်းတက္ကသိုလ် ဝင်ခွင့်ကို ပထမနှစ်တွင်မရပါက ဒုတိယနှစ်တွင် ကျွန်ုပ်ဦးဆောင်သော Scholarship Insider မှ Cambridge Scholar လူကြီးများက (အခမဲ့) ဆက်လက်လမ်းညွှန်ပေးပါမည်။
ကျွန်တော် ငြိမ်းဇော်ကိုသည် ၎င်းအစီအစဉ်ကို ဦးဆောင်မည့် ကျောင်းသားကျောင်းသူများထက် အနည်းဆုံး အသက် ၁၀ နှစ် ပိုကြီးပါသည်။ လွန်ခဲ့သော ၁၅ နှစ်တွင် ၇ နှစ်ကျော် US, UK, Singapore သုံးနိုင်ငံတွင် ဘွဲ့ ၄ ခု၊ Scholarship ၅ ခု ယူနိုင်ခဲ့ပါသည်။ ကျွန်တော်သည် နိုင်ငံခြားပညာသင်ရန် မြန်မာနိုင်ငံတွင် အင်တာနက်ပင် တွင်တွင်ကျယ်ကျယ်မပေါ်သေးသည့် ၂၀၀၅ ခုနှစ်တွင်စတင်ခဲ့ပြီး ၂၀၀၇ ခုနှစ် အမေရိကန် Bucknell University မှ Full-Tuition Scholarship ရရှိချိန်တွင် ယခုနှစ်ကျောင်းလျှောက်ရန် ပြင်ဆင်နေသော ၁၅-၁၆ နှစ် လူငယ်များ မမွေးသေးပါ။
ကျွန်ုပ်အပြင် Scholarship Insider နှင့် ချိတ်ဆက်ထားသော Columbian Climate Activist – Xiomy Acevedo၊ Kenyan Eco-Warrior – Patita Nakamunu တို့မှလည်း ပူးပေါင်းကူညီမည်ဖြစ်ပါသည်။
ကျွန်ုပ်တို့ သုံးဦးပေါင်းရရှိထားသော ဘွဲ့ ၈ ခု၊ ပညာသင်ဆု ၁၂ ခု သည် မြန်မာနိုင်ငံတွင် (P*P programme နှင့် Dr. Dorothy Guyot မှလွဲ၍) အခြား အလားတူ ---- Education page များ၏ admin များ၊ နိုင်ငံခြားကျောင်းတက်နေသော Study Abroad Influencer များ၊ Application Agent များ၊ နည်းပြများ၊ Educational Consultant များ ရရှိထားသော ပညာသင်ဆုများနှင့် နှိုင်းယှဉ်ကြည့်ပါက အများစုနှင့် အရေအတွက်အရ သော်လည်းကောင်း၊ ငွေကြေးပမာဏအရသော်လည်းကောင်း၊ ဩဇာတိက္ကမအရသော်လည်းကောင်း ယှဉ်နိုင်ပါသည်။
ကျွန်ုပ်ကတိပြုလျှင် ကျွန်ုပ်အား အမြဲဝန်းရံလေ့ရှိသော ကျွန်ုပ်၏ Scholarship နည်းပြဟောင်း Ms. Pei Rong Cho (Chevening alumni) နှင့် Dr. Karen Park (Admission Tutor – University of Oxford) တို့လည်း လက်ရှောင်နေမည်မဟုတ်ပါ။ Scholarship applicant များကို အကဲဖြတ် ရွေးချယ်ဖူးသည့် အတွေ့အကြုံရှိသူ ၎င်းပုဂ္ဂိုလ် ၂ ဦးကပေးနိုင်သည့် Insight များကို ကျွန်ုပ်၏ ကျောင်းသား တစ်ဦးဖြစ်သူ Jessica Aung အား University of Chicago – Executive MBA မှ Scholarship ရရှိအောင် ပြင်ဆင်ပေးသည့် အောက်ပါ Mock Interview တွင် လေ့လာကြည့်နိုင်သည်။
www.youtube.com/watch?v=RHmPJEITJpg
တကယ်တော့ ကျွန်ုပ်တို့နှင့် ချိတ်ဆက်ထားသော Scholar များ မည်မျှတော်သည်၊ ပညာသင်ဆုအရေအတွက် မည်၍မည်မျှရသည်ဆိုသည်မှာ လုံးဝအဓိကမကျပါ။ အရေးအကြီးဆုံး ဆိုလိုရင်းမှာ နိုင်ငံခြားတွင် ပညာရေးဆက်လိုသူများ ငွေသိန်းရာချီ အကုန်ခံ၍ International School/private school တက်နိုင်မှ၊ P*P တက်နိုင်မှ၊ Fulbright/Chevening Alumni မည်သူမည်ဝါထံတွင် သင်တန်းတက်ရမှ၊ ဘယ် agent/consultant ငှားပြီး ပြင်ဆင်မှ Scholarship လျှောက်နိုင်မည်မဟုတ်ပါ။ ယခု ဒီ လူငယ်များ ဦးဆောင်မယ့် mentorship သင်တန်းသည် အခြားအထက်ပါ နာမည်ကြီးသင်တန်းများ၊ နည်းပြဆရာများနှင့် အတွေ့အကြုံရင့် Scholar များ ကိုယ်တိုင်ပေးသော ထိရောက်တဲ့ လမ်းညွှန်မှုမျိုးကို အခမဲ့ပေးနိုင်ကြောင်း၊ ထို လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ပြီး အခြား သိန်းရာနှင့်ချီ ငွေကြေးအမြောက်အမြားပေးရသော သင်တန်းတက်သူများကို ယှဉ်ပြိုင်နိုင်ကြောင်း စသည့် အချက် ၂ ချက်ကို ဒီ mentorship programme ကို စိတ်ဝင်စားသူများအား သံသယကင်းစေရန် အားသာချက်များကို ရှင်းပြရခြင်းဖြစ်ပါသည်။
တဆက်တည်းတွင် ဒီ အစီအစဉ်ကို ဦးဆောင်မည့် Biak Tha Hlawn, Hannah Oo, Khaing mon, Cid Maung, Sandi Khine, Swan Htut (all Stanford), Teresa Chin (Rice), Kaung Khant (UPenn), Aye Kyaw (Northeastern), Thang Lian (Duke) တို့အား သတိပေးလိုသည်မှာ ယခုလိုအစီအစဉ်မျိုးဆောင်ရွက်မည်ဆိုပါက လက်ခံထားသည့် ကျောင်းသားများကို အလုံးစုံပြီးမြောက်သည်အထိ ကူညီရမည်ဖြစ်သည်။ တစ်ဝက်တစ်ပျက်နှင့် ရပ်ဆိုင်းလျှင် သင်တို့ကို အားကိုးနေသည့် လူငယ်များ ပညာရေးခရီးမရောက်၊ သူတို့၏ ရည်မှန်းချက်များကို ရိုက်ချိုးဖျက်ဆီးပစ်ခြင်းသာလျှင် ဘေးထွက်ဆိုးကျိုးဖြစ်စေမည်။ ထို့ကြောင့် ဦးဆောင်မည့်သူများအနေဖြင့် သင်တို့၏ တန်ဖိုးရှိသော အချိန်ကို မည်၍ မည်မျှပေးဆပ်ရမည်ကို ကြိုတင်တွက်ဆပြင်ဆင်ထားရန် သတိပေးလိုပါသည်။ အမေရိကန်နိုင်ငံတွင် Ivy League ကျောင်းတက်ခွင့်ရသူတို့၏ အချိန်မှာ အလွန်တန်ဖိုးကြီးသည်။ တတ်သင့်တတ်ထိုက်သော ပညာရပ်များကို သင်ယူရုံမက၊ အခြား အလယ်အလတ်တန်းစားကျောင်းများတွင် မရနိုင်သော Ivy League အသိုင်းအဝိုင်းနှင့် ဝင်ဆန့်နိုင်အောင်လည်း အချိန်တစ်ခုပေး၍ ကြိုးစားအဆက်အသွယ်ရှာရသေးသည်။
စိတ်အားထက်သန်သော မြန်မာလူငယ်များဦးဆောင်၍ အလားတူ mentorship program မျိုး ယခင်ကဆောင်ရွက်သည်ကို မြင်ဖူးပါသည်။ အများစုမှာ တစ်နှစ်လောက်ကြာပြီးသော် ဤသို့အခမဲ့ဆောင်ရွက်ပေးရသော အချိန်နှင့် ပြန်ရသော ရလာဒ်မတန်ဟု ယူဆ၍ ရပ်ဆိုင်းသွားသည်ကို ကျွန်ုပ်သက်တမ်းအတွင်း ကြိမ်ဖန်များစွာ မြင်ဖူးကြုံဖူးပါသည်။ ခေါင်းဆောင်မှု Leadership ၏ ဝိသေသလက္ခဏာတစ်ခုမှာ ရည်မှန်းထားသည့်ကိစ္စရပ်ကို ရလာဒ်တစ်ခုရသည်အထိ ဆုံးခန်းတိုင်ဆောင်ရွက်ခြင်းဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ကို Myanmar Student LEADERS of America ဟု အမည်တပ်ထားသော ညီငယ်၊ ညီမငယ်များ အမည်နှင့်လိုက်အောင် ဆုံးခန်းတိုင် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိဖို့ ပြင်ဆင်ထားရန် တိုက်တွန်းလိုပါသည်။
အချုပ်အားဖြင့် ဆိုရသော် လျှောက်ထားသူများအနက် ရွေးချယ်ခံရသူများသည် ပထမနှစ်တွင် MSLA မှ လမ်းညွှန်ချက်ဖြင့် ကျောင်းတက္ကသိုလ်ဝင်ခွင့်မရပါက၊ ဒုတိယနှစ်တွင် Scholarship Insider ၏ ပံ့ပိုးမှုများပါ အပိုရမည်ဖြစ်ပါသည်။ ထို့ကြောင့် စိတ်ဝင်စားသူ ကျောင်းသား၊ ကျောင်းသူများ ယခု share ပေးထားတဲ့ အစီအစဉ်ကို ယုံကြည်ချက်အပြည့်ဖြင့် လျှောက်နိုင်ပါကြောင်း…
အသိမိတ်ဆွေများအနက် သင့်တော်သူရှိပါက mention ခေါ်ပေးခြင်း၊ share ပေးခြင်းဖြင့် ကူညီပါဦး...
📸MSLA page: Myanmar Student Leaders of America
Application link: https://linktr.ee/msla.scholars?fbclid=IwAR1ofyyFcgKjCrCZ-8yYPkzHN82LCgwZVMZ0m3i3pmFtmFfFI-Kn4HmTe1o
---------Declaration of Conflict of Interest----------
ကျွန်ုပ်တွင် Stanford, UPenn နှင့် အခြား တက္ကသိုလ်များတွင် Bucknell ကျောင်းတက်စဉ်က အတန်းဖော်များ တက်ရောက်ခြင်းရှိသော်လည်း ဒီအစီအစဉ်ဦးဆောင်မည့်သူများကို လူချင်းသိကျွမ်းခြင်းမရှိပါ။ သူတို့ အစီအစဉ်အကြောင်းသိရှိနိုင်ရန် Facebook messenger မှ မေးမြန်းစုံစမ်းကြည့်ဖူးပါသည်။ သူတို့၏ LinkedIn profile ကြည့်ဖူးပါသည်။ ထိုသူများထံမှ ငွေကြေး (သို့) အကျိုးအမြတ်တစုံတရာ ရယူထားခြင်းမရှိပါ။ ၎င်းတို့၏ စိတ်ဓာတ်နှင့် ကြိုးစားမှုကို သဘောကျ၍ စေတနာဖြင့် ဝန်းရံခြင်းသာဖြစ်ပါသည်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

New Year Message to our INSIDERS!🎉အသစ်ရောက်လာတဲ့ ၂၀၂၃ ခုနှစ် နှစ်သစ်ကို Cambridge တက္ကသိုလ် ရဲ့ အထင်ကရ အမှတ်အသားတစ်ခုဖြစ...
🎇Happy New Year for all Scholarship Seekers!🎉New Year Present is on the way 🎁👇🏽👇🏽👇🏽Oxford တက္ကသိုလ်က ပေးတဲ့ Scholarship ...
🎁Christmas Present for you!🎅🏽သင့်ရဲ့ Application ကို submit နှိပ်လိုက်ပြီးတဲ့အခါ ကျောင်းကတာဝန်ရှိသူတွေက သင့်ကို ဘယ်လိုရှ...

Website

Address


No. 86, 49th Street, Pazundaung
Yangon
11171

Opening Hours

Saturday 09:00 - 12:00
Sunday 09:00 - 00:00

Other Personal Coaching in Yangon (show all)
Yan Lin Kyaw Yan Lin Kyaw
Yangon
Yangon, 11181

Forex Advisor Linn Forex Advisor Linn
Bo Gyote Street
Yangon

��Financial Services Consultant ��

𝔅𝔲𝔟𝔟𝔩𝔦𝔵 𝔓𝔢𝔯𝔣𝔲𝔪𝔢 𝔅𝔲𝔟𝔟𝔩𝔦𝔵 𝔓𝔢𝔯𝔣𝔲𝔪𝔢
Thingangyun Thuwana
Yangon

Bubblix Perfume မှကြိုဆိုပါသည် ရေမွှေးများကိုစျေးအသက်သာဆုံးနဲ့ယုံကြည်စိတ်ချမှာယူနိုင်ပါတယ်.....

PHOE PHOE
Yangon
Yangon, 00000

ဝန်ဆောင်မှု

Nyi Nyi Aung Nyi Nyi Aung
Yangon, 11051

ÆĈĘ ÆĈĘ
Yangon, YANGON

Khin Nyein Chan Kyaw Khin Nyein Chan Kyaw
Dagon Yangon Myanmar.
Yangon, 2233457

Grow Through Sharing-GTS Grow Through Sharing-GTS
Sanchaung
Yangon

Continuous Learn ⭐

Naing linn htun Naing linn htun
Yangon, 134133

no love

WH SKM1 WH SKM1
No. 6, Natmouk Road, Tamwe Township
Yangon, 11211

-

Baw Dar Baw Dar
Hlaing
Yangon

Ohn Phwa