BAAK- Business Advisor Aung Kyaw
☎️ 09776051650☎️
Advisor Aung Kyaw
နောက်ဘီးပေါက်တယ်။
ကားပေါ်မှာ တာယာတွေအများကြီးကို
သယ်ဆောင်လာပေမယ့်...
ပေါက်နေတဲ့ ဘီးနေရာမှာ အစားထိုးဖို့
တစ်လုံးမှ အဆင်မပြေဘူး။
ဒီလိုပါပဲ...
လူ့ဘဝမှာ... ...
အပေါင်းအသင်းတွေ မိတ်ဆွေတွေ
အများကြီး ရှိကြပေမယ့်
အခက်အခဲကြုံတဲ့အခါ...
အကူအညီပေးမယ့်သူ
တစ်ဦးတစ်ယောက်မျှ မရှိတတ်ကြဘူး။
မူရင်းပိုင်ရှင်အား လေးစားစွာဖြင့် crd.
လစ်ပိုကိုတအားသောက်ကြတဲ့ ခေတ်တုန်းက လစ်ပိုအတုထုတ်ရောင်းသူ တစ်ယောက်ရှိတယ်။
တစ်ရက် ကုန်ကြမ်းပြတ်နေချိန် မိတ်မပျက်ရအောင်လို့ လစ်ပိုအစစ်တွေဝယ်ပြီး လက္ကားအမြဲဝယ်နေကြသူဆီ ပို့ပေးလိုက်တယ်။
နောက်ရက်ကြတော့ လစ်ပိုပုလင်းတွေပြန်လာပို့ပြီး “ဘာလို့ အတုတွေပို့လိုက်တာလဲ။ နောက်ကို ဒီလိုမလုပ်ပါနဲ့” ပြောသွားတယ်။
အတုတွေနဲ့ နေသားကြသွားတဲ့သူတွေက အစစ်ကို အတုထင်သွားတတ်ကြတယ်။
အတု အစစ် ခွဲခြားပြရင်လဲ “အတုကပိုကောင်းတယ်” ဆိုပြီး အတုကိုပဲဖက်တွယ်ထားကြတယ်။
ဘဝမှာ အတုတွေနဲ့ နေသားကြမသွားဖို့ သိပ်အရေးကြီးပါတယ်။
#ပျော်ရွှင်မှုအတုမိတ်ဆွေအတုချစ်သူအတု သူငယ်ချင်းအတု စသည် စသည်….။
မူရင်းစာရေးသားသူအား လေးစားစွာဖြင့်
အင်္ဂါနေ့တွင် သူဒေါ်လာအညွှန်းကိန်းသည် 0.23% ကျဆင်းသွားပြီး အတိုးနှုန်းတက်ခြင်းအပေါ် အတ္တလန်တာ Fed ဥက္ကဌ Bostic ၏ ဒေါသကြီးသော ရပ်တည်ချက်ကြောင့် အင်္ဂါနေ့တွင် 0.23% ကျဆင်းသွားသည်။ အရှေ့အလယ်ပိုင်း မငြိမ်မသက်မှုများကြောင့် ဘေးကင်းလုံခြုံသော ၀ယ်လိုအားအချို့ကို တွန်းအားပေးနေသော်လည်း ယင်းကျဆင်းလာခြင်းဖြစ်သည်။ လက်ရှိပေါ်လစီနှုန်းသည် ငွေကြေးဖောင်းပွမှုကို 2% ကျဆင်းစေရန် လုံလောက်သည်ဟု Bostic က ဖော်ပြခဲ့သည်။
စစ်ပွဲအလှုပ်အခက်များ ကြောင့် ကမ္ဘာ့ရွှေ အတက်သို့
ဦးတည်နေ သည်
လူကြီးမင်း အနေဖြင့် financial markets အတွင်း
စျေးနှုန်း အတက်အကျများ အပေါ် အရောင်းအဝယ် ပြုလုပ်လိုပါက
၁၀ လပိုင်း အတွင်း by one class သင်တန်းများ
ဖွင့်လှစ် လျက်ရှိပါသည်
သင်တန်းများ တက်ရောက် လိုပါ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်
Business advisor aung Kyaw
စိတ်၏လန်းဆန်းသော မနက်ခင်းတွင်
အရောင်းအဝယ် အလုပ်အကိုင်များ
အဆင်ပြေချောမွေ့ကြပါစေ
ပျက်စီးဆုံးရှုံးမှုတွေ အနည်းဆုံးဖြစ်ပါစေ
နာမကျန်းသော သက်ကြီးရွယ်အို ကိုယ်ဝန်ဆောင်သည် ကလေးငယ်များလည်း
လုံခြုံဘေးကင်းကြပါစေ
စိတ်၏ပူပန်ခြင်းများဝေးကြပါစေ
ပဲခူးမြို့တစ်မြို့လုံး သဘာဝရေဘေးအန္တရာယ်မှ
အမြန်ဆုံးကင်းဝေးကြပါစေ 🙏🙏🙏
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️
ဟင်္သာကုန်း ဘုရားသမိုင်း ထဲမှာ
ရှေးယခင်က
ပဲခူးဟာ ပင်လယ်အတိ ဖြစ်ခဲ့စဥ်က
ဟင်္သာဖိုနဲ့မ ပျံသန်းလာရာက အတောင်ညောင်းလို့
ကုန်းမို့မို့လေး တစ်ခု တွေ့ရသတဲ့။
အဲ့ဒီကုန်းမြေလေးဟာ
တစ်ကောင်စာသာ ခြေချစရာပဲရှိလို့
ဟင်္သာဖိုက ဟင်္သာမလေးကို
ကျောပေါ်တင်ကာ အမောဖြေနားကြရတယ်တဲ့။
နောင်အခါကြ ဘုရားတည်တယ်ပေါ့ကွယ်။
ဘုရားသွားတိုင်း ပန်းချီကားတွေကနေ
ဘုရားသမိုင်းတွေ ဖတ်ရတာ ပျော်တယ်။
ငယ်ငယ်ကတော့ ဒီတစ်မြို့လုံးစာ
ရေကြီးလွှမ်းနေမယ်ဆို မယုံခဲ့ဘူး
တကယ် ယုံတမ်းပုံပြင်လိုပဲ။
ခုနှစ်ရေကြီးပုံမျိုးနဲ့
ခု မြို့လယ်ခေါင် icon ရှေ့က အလှရုပ်ထု ပုံမြင်မှ တကယ်ပဲ ဟင်္သာကုန်းတစ်ခုပဲ ရေလွတ်တယ်ဆိုတာ ဟုတ်နေမလားလို့ တွေးမိသွားတယ်။
ပုံကတော့ ည ၈ နာရီ နဲ့ ၉ နာရီကြား ရိုက်ထားတဲ့ ပုံပါ
မူရင်းရိုက်ကူးသူကို credit ပေးပါတယ်။
ပဲခူးမြို့ကြီး ရေဘေးမှ အမြန်ဆုံး လွတ်မြောက်ပါစေ။
မူရင်း Credit.ပေးပါသည်။
အခု ပင်ပန်းခံ ကြိုးစားနေတာ တွေ/ လူ့အောက်ကျ သည်းခံ ခဲ့တာတွေက
နှောင်တစ်ချိန် "Life style" တစ်ခုမှာ
အရင်ကကိုယ်နဲ့နှုင်းယှဉ်ခဲ့တယ့် သူတွေအတွက်
Quality နဲ့ Quantity ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြဖို့ပဲ ဖြစ်တယ်
မေးခွန်းတွေ အတွက် အဖြေရှိသလို
ကြိုးစားမှုတွေမှာလည်း အောင်မြင်မှုနဲ့ ကျရှုံးမှုဆိုတာလည်း အမြဲရှိတယ်
BAAK
ေ-သ တဲ့အချိန်ထိ အလုပ်လုပ်သွားဖို့ စိတ်ကူးမရှိဘူးဆိုရင်
ဘ၀ ရဲ့ဘယ်အရွယ်ထိပဲ အလုပ်လုပ်မယ် ဆိုတဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ကိုယ့်ဆီမှာ အရင်ရှိထားဖို့ လိုပါတယ်။
အဲ့ဒီဆုံးဖြတ်ချက်ရှိတဲ့အတိုင်း အချိန်တစ်ခုသတ်မှတ်ပြီး
မဆုတ်မနစ်တဲ့ ကြိုးစားအားထုတ်မှု ၊ လေ့လာသင်ယူမှု ၊ ဇွဲ ၊ လုံ့လ ၊ ဝီရိယ ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ၊ စိတ်အားထက်သန်မှု နဲ့ စိတ်ပိုင်းဖြတ်ထားမှုကို လက်ကိုင်ထားပြီး ၁၀စုနှစ်တစ်ခု တော့ လျှောက်လှမ်းသွားဖို့လိုအပ်ပါတယ်။
၁၀ နှစ်ဆိုတာလူတစ်ယောက်ဘ၀ပြောင်းလဲဖို့ အတွက် တကယ်လုံလောက်တဲ့အချိန်တစ်ခုပါ။
လူတစ်ယောက်ဟာ နယ်ပယ်တစ်ခုမှ အသက်မွေးဝမ်းကြောင်းပြုဖို့ပဲဖြစ်ဖြစ်၊ Professional ဖြစ်ဖို့ နဲ့ Income ကောင်းကောင်းရဖို့ပဲဖြစ်ဖြစ် ဘယ် မိဘ background ကပဲဆင်းလာလာ ၁၀နှစ်ဆိုတာ လုံလောက်တဲ့ အချိန်တစ်ခုပါ။
Life is a Game လို့သတ်မှတ်ပြီး အသက်အရွယ် အပိုင်းအခြားအလိုက်ခွဲခြားကြည့်မယ်ဆိုရင်..
အသက် ၂၅ _ ၃၅ ( 1st Game )
အသက် ၃၅ _ ၄၅ ( 2nd Game )
အသက် ၄၅ _ ၅၅ ( 3rd Game )
အသက် ၅၅ _ ၆၅ ( 4th Game )
ကိုယ် ဘယ် gameမှာ နိုင်အောင်ကစားမလဲ ဆိုတာကို အရင်ဆုံး ဆုံးဖြတ်ပါ ။ 1st Game ,2nd game မှာတင်စောစော နိုင်ရင်အကောင်းဆုံးပေါ့။ 3rd game နဲ့ 4th game ရောက်မှဆိုရင်တော့ အသက်အရွယ်အရ ကျလူ ဖြစ်လာတာကြောင့် နိုင်ဖို့ ပိုခက်ခဲလာပါလိမ့်မယ်။
ဘ၀ကိုအနိုင်နဲ့ ပိုင်းနိုင်တဲ့သူတွေရဲ့ဘ၀ ဆိုတာ ကိုယ့်ဘ၀ရဲ့ထိန်းချုပ်မှုအားလုံးသည် ကိုယ့်လက်ထဲမှာပဲရှိနေတဲ့ဘ၀ မျိုးကိုဆိုလိုပါတယ်။
ငွေကြေးဆိုင်ရာ လွတ်မြောက်မှုရှိတဲ့ဘ၀
မဖြစ်မနေအလုပ်လုပ်စရာမလိုတဲ့ဘ၀
ဆန္ဒရှိသလို အိမ်မက်တွေနောက်ပဲ လိုက်နိုင်တဲ့ဘ၀
ကိုယ်ရှင်သန်ချင်သလို ရှင်သန်ခွင့်ရတဲ့ဘ၀
အခြားသူတွေကို ပြည့်ပြည့်၀၀ ပြန်ကူညီပေးနိုင်တဲ့ဘ၀
အဲ့လိုဘ၀မျိုး နဲ့ ရှင်သန်နိုင်ဖို့ အတွက် ၁၀စု နှစ်တစ်ခုစာ တော့အချိန်ယူရပါမယ်။
ကိုယ်နေချင်တဲ့Life style တစ်ခုရဖို့ ဘ၀တစ်ခုလုံးစာနဲ့ တွက်ကြည့်ရင် ၁၀နှစ်ဆိုတဲ့အချိန်ကာလတစ်ခုက ပေးဆပ်ဖို့ သိပ်တန်တယ်လို့ပဲ မြင်ပါတယ်။
၁၀နှစ်လောက်ပဲ နည်းမှန်လမ်းမှန် နဲ့ ကြိုးစားပြီး သည်းခံ လျှောက်လှမ်းပါ။ အနာဂတ်မှာ ကိုယ်ဆန္ဒရှိသလို ကိုယ်ဖန်တီးနုင်စွမ်းရှိတဲ့ ဘ၀မှာ ကိုယ်ရှင်သန်ခွင့်ရမှာပါ။
Crd .
မိုးရာသီမှာ ယာဉ်မောင်းသူများအန္တရာယ်မဖြစ်စေဖို့ သတိပြုသင့်တဲ့ အချက် (၁၀) ချက်💥💥💥
အထူးသဖြင့် ညအချိန်ခရီးဝေးသွားရလို့ လမ်းမှာ မိုးရွာရင် ပိုအန္တရာယ်ရှိပါတယ်။ မိုးရာသီမှာ မောင်းနှင်သွားလာကြမယ့် ယာဉ်မောင်းသူတွေ အတွက် သတိပြုဖွယ်အချက်လေးတွေကို မျှဝေ လိုက်ရပါတယ်။
(၁) လက်နှစ်ဖက် ဖြင့် စီယာရင်ကို ကိုင်ပါ – ရာသီဥတုသာယာနေတဲ့ အချိန်မှာဆို စတိုင်ကျကျ စတီယာရင်ကို လက်လေး တစ်ဖက်တည်းနဲ့ မောင်းနိုင်ပေမယ့် မိုးတွင်းမှာ ဆိုရင်တော့ လက်နှစ်ဖက်နဲ့ သေချာကိုင်ပြီး မောင်းဖို့လိုအပ်ပါတယ်။
(၂) စိတ်ပျံလွင့်စေမယ့်အရာတွေ ခဏ ဖယ်ထားပါ – မိုးတွင်းမှာ ကားမောင်းတဲ့အခါ ဖုန်းသုံးတာဟာ တကယ်ကို အန္တရာယ် များပါတယ်။ သာမာန်ရာသီဥတုမှာတောင် ကားမောင်းရင်း ဖုန်းသုံးတာကြောင့် မလိုလားအပ်တာတွေ ဖြစ်တတ်သေးတာ ရာသီ ဥတု ဆိုးရွားတဲ့ အချိန်ဆို ပိုဆိုးပါတယ်။ လျှပ်စီးကူးမှုအပါအဝင် မဖြစ်သင့်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွင်းမှာ ကားမောင်းမယ်ဆိုရင် ဖုန်းကို ခပ်ဝေးဝေးမှာ သာထားပါ။ဖြစ်နိုင်ရင် ရေဒီယိုတောင် မဖွင့်သင့်ပါဘူး။
(၃) ဘေးဘယ်ညာကို မျက်ခြေမပြတ်ပါစေနဲ့ – ကားမောင်းရင်းနဲ့ ရှေ့ကိုသာမက နောက်ကြည့်မှန်ကနေရော ဘေးမှန်တွေကပါ ပါတ်ဝန်းကျင်ကို အကဲခတ်နေပါ။ဒါမှသာ ကိုယ်သွားနေတဲ့ လမ်းပေါ်မှာ ချိုင့်တွေ၊ သစ်ပင်လဲနေတာတွေ၊ ဓါတ်ကြိုးပြတ်ကြတာတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
(၄) ရှေ့မီးကြီးကို သုံးပါ – မိုးအရမ်းသည်းနေတဲ့အချိန်ပဲဖြစ်ဖြစ်၊ မိုးအတော်အသင့်ရွာနေတဲ့ အချိန်ပဲဖြစ်ဖြစ် ရှေ့မီးကြီးကို ဖွင့်ထားပါ။ ဒါမှသာ ကိုယ်တိုင်လည်း ရှေ့ကို သဲသဲ ကွဲကွဲမြင်နိုင်မှဖြစ်သလို၊ ရှေ့ကလာနေတဲ့ ကားကလည်း ကိုယ့်ကို မြင်နိုင်မှာပါ။
(၅) ကပ်မလိုက်ပါနဲ့ – ရှေ့ကားကို အရမ်းကြီးကပ်လိုက်တာဟာ အန္တရာယ်ရှိနိုင်ပါတယ်။ လမ်းကြောင့် ဖြစ်စေ၊အခြားအကြောင်း တစ်ခုခုကြောင့်ဖြစ်စေမတော်တဆ ရှေ့ကကား တစ်ခုခုဖြစ်ပါက ကိုယ့်ကိုလဲ လာရောက်ထိခိုက်နိုင်တာကြောင့် ခပ်ခွာခွာသာလိုက်ပါ။
(၆) အရှိန်မြှင့်မမောင်းပါနဲ့ – မိုးရွာထဲမှာကားကို အရှိန်မြင့်မောင်းနှင်တာဟာ ကိုယ့် အန္တရာယ်ကိုယ်ဖိတ်ခေါ်နေတာပါ။လမ်းကချော်နေတာကြောင့်ရော၊ မိုးတွင်းဆိုရင် ဘရိတ်တွေရဲ့ စွမ်းရည်တွေက ကျနေ တတ်တာကြောင့်ရော ရုတ်တရတ် ဘရိတ်အုပ်လိုက်ရင် အရှိန်မထိန်းနိုင်ဘဲမလိုလားအပ်တဲ့ အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
(၇) ရေလျှံနေတဲ့ လမ်းတွေကို ရှောင်ပါ – ကိုယ်သွားချင်တဲ့နေရာကို တခြားလမ်းက သွားရင်ရောက်နိုင်ရဲ့သားနဲ့ ဖြတ်လမ်းလိုက်ပြီးတော့ ရေကြီးရေလျှံနေတဲ့ လမ်းတွေကို တတ်နိုင်သမျှမမောင်းပါနဲ့။ ကားအင်ဂျင်ထဲရေဝင်တာ၊ ရေကြီးနေတဲ့အောက်က အချွန်အတက်တွေကြောင့် ကားဘော်ဒီ၊တာယာ တစ်ခုခုဖြစ်နိုင်တာ၊ မြေကျွံတာတွေအပြင်ပါဝါစတီယာရင်ဂန်းနဲ့ မော်တာကို ကားအောက်ပိုင်မှာတပ်ဆင်ထားတဲ့ အချို့ မော်ဒယ်မြင့်ကားတွေ (ဥပမာ-Crown,Mark X) ဆို မော်တာထဲကို ရေဝင်ပြီးမလိုအပ်ဘဲ ငွေကုန်ကြေးကျများနိုင်ပါတယ်။
(၈) လေကာမှန်တွေကို ရေငွေ့မရိုက်ပါစေနဲ့ – ကားတွင်း အပူချိန်ကြောင့် လေကာမှန်တွေမှာ ရေငွေ့တွေရိုက်နေပြီဆိုရင် အဲကွန်းက လေထုတ်လမ်းကြောင်းကို လေကာမှန်ရှိရာသို့ပြောင်းပေးပြီးရေငွေ့ကို ပိုမြန်မြန်ဖယ်ရှားနိုင်ပါတယ်။ အဲကွန်းမနိုင်တဲ့ကားတွေဆို ရေငွေ့သုတ်ဖို့ ကားထဲမှာ သဘက်လို အဝတ်တစ်ခုဆောင်ထားသင့်ပါတယ်။
(၉) မိုးရေမတင်နိုင်တဲ့ ဆေးရည်ကို မှန်မှာ ဖြန်းထားပေးပါ – Rain Repellent လို့ခေါ်တဲ့ ကားမှန်ပေါ်ကို ရေမတင်အောင်ကာကွယ်နိုင်တဲ့ဆေးရည်လေးကို မှန်ပေါ်မှာ ဖြန်ထားမယ်ဆို ရေစက်တွေ အရမ်းတင်လို့ အပြင်ကို မမြင်ရတဲ့ ပြသနာကို အထိုက်အလျှောက် ပြေလည်စေပါလိမ့်မယ်။ ကားပစ္စည်းရောင်းတဲ့ဆိုင်တော်တော်များများမှာ Rain Repellent ဆေးရည်ကိုဝယ်ယူလို့ရပါတယ်။
(၁၀) ကြိုတင်ပြင်ဆင်ထားပါ – မိုးရာသီမှာ ညဘက် အနီးအနားဖြစ်စေ၊ ခရီးဝေးဖြစ်စေ မလွှဲမရှောင်သာသွားရတော့မယ်ဆို ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားပါ။မိုးကာအကျီ၊ လက်နှိပ်ဓါတ်မီး၊ အပိုဘီး၊ ဂျိုက်၊ ဂွ စတာတွေ အစုံအလင် ကားထဲမှာ ထားထားပါ။ခရီးဝေးသွားရမယ်ဆို လမ်းခုလတ်မှာ မိမိဘာသာ မပြုပြင်နိုင်တဲ့ စက်ပိုင်းဆိုင်ရာချို့ယွင်းတာပဲဖြစ်စေ၊ အရေးပေါ်အခြေအနေကြုံလာတာပဲဖြစ်စေအကူအညီတောင်းလို့ရအောင် မိမိရဲ့လက်ကိုင်ဖုန်းကို အားပြည့်အောင်သွင်းထားပါ။
credit-KKZ ကားမောင်းသင်တန်း
မူရင်းရေးသားသူအားလေးစားစွာဖြင့်
စီးပွားရေးမှာအောင်မြင်ချင်ရင်
ကိုယ့်အကြောင်းကိုယ်သိဖို့လိုတယ်လို့မြင်တယ်။
နေ့စဥ်လည်ပတ်တဲ့အပိုင်းမှာ
ကိုယ်ကအရမ်းအားသာနေတာလား
operational effectiveness ရပြီလားစဥ်းစားကြည့်။
နောက်တစ်ခုက ကိုယ်က
လူတွေလိုချင်တဲ့ပစ္စည်းရောင်းနေတာလားစဥ်းစားကြည့်။
တကယ်လို့ အဆင့်မြင့်သွားရင်
ကိုယ်ရောင်းတဲ့ပစ္စည်းလူတွေလိုချင်တာဖြစ်သွားမယ်။
နောက်တစ်ဆင့်က ကိုယ့်လုပ်ငန်းနဲ့
ဖောက်သည်တွေနဲ့ ရင်းနှီးမှုရှိလား စဥ်းစားကြည့်။
Customer Intimacy လို့ခေါ်တယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
crd.
#ဒီနေ့မှာ တော့ ကမ္ဘာ့ရွှေ 2005$ အထိ ထိုးတက်သွားပါတယ်
ဘာကြောင့်ထိုးတက်သွားလည်း ဆိုရင်
Breakout လို့ခေါ်တယ့် point တစ်ခုကနေ
ဈေးထိုးတက်သွားပါတယ်
Pattern ကတော့ Diamond Bottom အလုပ်တော်တော်ဖြစ်ခဲ့ပါတယ်
ဈေးတန်ဟာ 1989$ ကနေ 2003$ လောက်အထိ တက်ခဲ့ပါတယ်
အလှုပ်အခက် 14 pips ခန့်အလုပ်ဖြစ်သွားတယ်
Pattern အရဈေးတန်း ဝယ်ခဲ့မယ် ဆိုရင်
Profit များစွားထွက်ခဲ့မယ်လို့ ယုံကြည်ပါတယ်
ကျနော့်မိတ်ဆွေများ အနေဖြင့်
နည်းပညာအရ ဈေးကွက်ခန့်မှန်း သုံးသပ်အရောင်းအဝယ်လုပ်ချင်သူများ အနေဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ဗျ
📱09776051650
BAAK- Business Advisor Aung Kyaw
Stock ရှယ်ယာ တွေထဲမှ
Apple share တွေကို အခုချိန်မှာ
အရောင်းပြန်လိုက်စေချင်ပါတယ်
BAAK- Business Advisor Aung Kyaw
#သင်တန်းယုံကြည်စွာ လာရောက်သင်ယူမှု အတွက်
အထူးကျေးဇူးတင်ရှိပါတယ်ဗျ
ပညာများကို အခြေခံတကျ ဖြင့်
လေ့လာသင်ကြားလိုပါက ဆက်သွယ် စုံစမ်းမေးမြန်နိုင်ပါတယ်ဗျ
📱09776051650
ကျနော့်မိတ်ဆွေများ၏ စီးပွားရေးတိုးတက်အောင်မြင်စေရန် အစဉ်အမြဲ ကြိုးစာလျက်ပါဗျ 🙏
Aung Kyaw
ကမ္ဘာ့ရွှေ အမြင့်ဆုံးထိရောက်ရှိနေပြီး
ယနေ့ ကမ္ဘာ့ရွှေအဖွင့်ဈေး 1 oz 2020$
(Business advisor Aung Kyaw) 09776051650
bank ဒေဝါလီ ခံရမှုနှင့် ပက်သက်၍ inflation ဖြစ်ခါ
Dollor ဈေးကျ၍ ကမ္ဘာ့ရွှေ ဈေး ထိုးတက်ခဲ့ပါတယ်
အခုတစ်ပတ်မှာတော့ SVB bank
အမေရိကန် ဒေါ်လာ သန်း 500$ နှင့် ဈေးဖြတ် ၍
First Citizens bank မှာ ပြန်လည် ဝယ်ယူလိုက်ပါသည်
ထို့ ကြောင့် ဒေါ်လာဈေး ပြန်တက်၍ ကမ္ဘာ့ရွှေ အကျဘက်ကို ပြန်လာပါဦး မည်
Aung Kyaw
ကမ္ဘာ့ရွှေ အရောင်းအဝယ် အတွင်း အကျိုးအမြတ်ရှာ လိုပါက 📱09776051650 ထံသို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ် ဗျ
Down Trend ကိုဦးတည်နေတယ့်
ကမ္ဘာ့ရွှေ
ယနေ့ အဖွင့်ဈေး 10oz 1956$
Forex Advisor(09776051650)
ယနေ့ညမှာ ကမ္ဘာ့ရွှေကို အလှုပ်အခပ်ဖြစ်စေမယ့် သတင်းထွက်ရန်မရှိပါ
H4 time frame မှာ Double Top pattern ပုံစံပေါ်နေပါတယ်
1939$ မှာ sell litmit ပေးပြီး
Double Top pattern သာအလုပ်ဖြစ်ခဲ့မယ်ဆိုရင် 10 pips ထိအမြတ်ယူပြီး နားစေချင်ပါတယ်
Trend အရ Down trend ကိုပဲ ပိုပြီး ဦးတည်နေတာမို့ အရောင်းကို ရဲရဲ လိုက်စေချင်ပါတယ်ဗျ
Aung Kyaw
ကမ္ဘာ့ရွှေ အကျိုးအမြတ်ရှာလိုသူများအနေဖြင့် ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ် ဗျ 🙏
☎️ 09776051650
တစ်ပတ်တာ ရဲ့ Market ပြန်ဖွင့်ပြီ မို့ ယနေ့ ကမ္ဘာ့ရွှေ အဖွင့်ဈေး 1 Oz 1978$
Business Advisor Aung Kyaw(📱09776051650)
#မနက်ဖြန် တစ်ရက်တာအတွက်
H4 time frame မှာ Symmetrical Triangle Pattern ကိုစောင့်ကြည့်ရပါမယ်
အလုပ်ဖြစ်ခဲ့မယ်ဆိုရင် အထက်ဈေး
1941$ or 1942$ မှာ တစ်ချက်ပြန်ကျပါမယ်
ကျပြီးရင် 1957$ 1959$ ပတ်ချာလည်မှာ တစ်ချက်ပြန်တက်ပါမယ်
အဲ့တာ ပြီးလို့ 1941$ 1942$ လောက်သာပြန်ကျခဲ့မယ်ဆိုရင် 1940$ မှာ အရောင်းလိုက်ပြီး
10 pips လောက်ထိ အမြတ်ယူပြီး နားထားနိုင်ပါတယ်
Aung Kyaw
#မနေ့ ညက တစ်ညလုံး မအိပ်နိုင်ပဲ
Pattern တွေ လိုက်လေ့လာပါတယ်
ဖြစ်ချင်တော့ H1 candle မှာ Head and Shoulder Pattern ပုံစံလေး ပေါ်နေတာကို တွေ့ခဲ့ပါတယ်
ကျနော် ပြောခဲ့ သလိုပဲ 1969$ ကိုသာဖောက်ဆင်းခဲ့မယ်ဆိုရင် ကျိန်းသေပေါက် အကျပါဆိုပြီး advice ပေးခဲ့ပါတယ်
ဒီနေ့ည 1937$ အထိပါ ဖောက် ဆင်းခဲ့ပါပြီ
ကျနော်မိတ်ဆွေများ profit များထွက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်
Aung Kyaw
ကိုယ်တိုင်ကိုယ်ကျအရောင်းအဝယ် ပြုလုပ်လိုပါက ☎️ 09776051650 ထံသို့ဆက်သွယ်မေးမြန်နိုင်ပါတယ်ဗျ 🙏
#နိုင်ငံတကာငွေကြေး_တန်ဖိုးအတက်အကျမှာ_ဘာတွေပြောင်းလည်းသွားလည်း❓
🇺🇸အမေရိကန်နိုင်ငံရဲ့ ဈေးတက်ရင်
#ကမ္ဘာ့ရွှေ အကျကိုဦးတည်ပါတယ် 📉
လဲနှုန်းကျဆင်းပါတယ်
🇨🇦ကနေဒါနိုင်ငံရဲ့ ငွေကြေးတန်ဖိုးတက်ရင်
#ကမ္ဘာ့ရေနံဈေး လိုက်တက်ပါတယ်
🇨🇭ဆွစ်ဇလန်နိုင်ငံရဲ့ ငွေကြေးတန်ဖိုးတက်ရင်
#ကမ္ဘာ့ရွှေဈေးလိုက်တက်ပါတယ်
🇯🇵ဂျပန်နိုင်ငံရဲ့ ငွေကြေးတန်ဖိုးတက်ရင်
#ရေနံဈေးကျဆင်းပါတယ်
🇪🇺ယူရို တန်ဖိုးတက်ရင်
#ကမ္ဘာ့ရွှေဈေးလိုက်တက်ပါတယ်
လူကြီးမင်းတို့ အနေဖြင့် World Market ထဲမှာ
ကမ္ဘာ့ရွှေ /ရေနံ / စတော့ ရှယ်ယာ နိုင်ငံတကာငွေကြေးအတွဲများ စသည်တို့ကိုအရောင်းအဝယ် ပြုလုပ်လိုပါက ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ
📱09776051650 ထံသို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ
ကျနော့်မိတ်ဆွေများ၏ စီးပွားရေးတိုးတက်အောင်မြင်စေရန် အစဉ်အမြဲ ကြိုးစားလျက်ပါ🙏
Aung Kyaw
⁉️Head and shoulder Pattern ပုံစံအလုပ်ဖြစ်မလားဆက်ကြည့်ရင်း
ယနေ့ကမ္ဘာ့ရွှေ အဖွင့်ဈေး
1 oz 1978$
#အကျကို စောင့်နေကျတယ့်
လူကြီးမင်းများ အကျကို ပြန်ဦးတည်နေပါပြီ 10pips လောက်အမြတ်ယူပြီး တစ်ချက်ပြန်စောင့်ကြည့်ပါ
H1 shooting star
H4 shooting star
1961$ zone
Good sell now🙋
BAAK- Business Advisor Aung Kyaw
ကျနော် ပြောခဲ့ သလိုပါပဲ apple company ရဲ့ Shares ကို ဝယ်ခဲ့မယ်ဆိုရင်
ယခုလို 3 လလောက်ကြာနေမယ့် အချိန်မှာသာဆိုရင် ကျနော် တို့ရဲ့ ရှယ်ယာတန်ဖိုးတွေတက်ပြီးမြတ်နေမှာ ဖြစ်ပါတယ်
ကျနော် ပြောခဲ့တုံးက 125$ မှာရှိခဲ့ပြီး
ယခုလက်ရှိ 155$ သို့ရောက်ရှိလာပြီဖြစ်ပါတယ်
BAAK- Business Advisor Aung Kyaw
မြန်မာ့ရွှေဈေး သိန်း၃၀ ကျော်ရှိနေပြီး
ကမ္ဘာ့ရွှေ့ 1 oz 1975$
Dollor ပေါက်ဈေး 1 USD 2930 Kyat
Dollor index တွေကျပြီး
ကမ္ဘာ့ရွှေ 2000$ အထိရောက်လာခဲ့ပါပြီ
ခန့်မှန့်ချက်အရ တော့ 2060 2070 မှာ sell limit ပြန်ပေးပါ
BAAK- Business Advisor Aung Kyaw
#တစ်ပတ်အတွင်း_အလှုပ်အခပ်ဖြစ်ခဲ့ပုံ
တစ်ပတ်တာအတွက် ကမ္ဘာ့ရွှေအဖွင့်ဈေး 1870$ မှာဖွင့်ခဲ့ပြီး
အလှုပ်အခပ်ဟာ pips ပေါင်း 117 pips ခန့်အလှုပ်အခပ်ဖြစ်ခဲ့ပါတယ်
အခုပြီးခဲ့တယ့် တစ်ပတ်ကတော့ ဈေးကွက်တော်တော်လှုပ်ခဲ့ပါတယ်
အဓိက အားဖြင့်တော့သတင်းအခြေနေ ကြောင့်လို့ ပြောရမှာပဲ ဖြစ်တယ်
ငွေကြေး inflation ဖြစ်တာရော
Bank တစ်ခုရဲ့ ဒေဝါလီခံ အရှုံးပြသွားတာရောကြောင့် Dollar index တွေကျ Dollor ဈေးတွေ ကျပြီး
ကမ္ဘာ့ရွှေဈေး ထိုးတက်သွားပါတယ်
ဒီတစ်လတာအတွက် ကမ္ဘာ့ရွှေ ဟာအတက်မှာ ဆက်ရှိနေပါအုံးမည်
Aung Kyaw
#ကိုယ်တိုင်_Trade_ခဲ့တယ့်_အတွေ့အကြုံ
#ရမှန်းသိရင်လောဘတက်ပါတယ်
ဒီရက်ပိုင်း ကျနော် ကိုယ်တိုင် Trade ဖြစ်ပါတယ်
ဘယ်လိုရှုံးလည်း ဆိုတော့ ကျနော် က inflation ဖြစ်တာကိုကြည့်ပြီး ဝယ်ခဲ့တယ်
တကယ်တော့ သေချာစောင့်ခဲ့မယ်ဆိုရင် မြတ်ပါတယ်
အစက အောက်ဈေးမှာ ဝယ်ပြီး အထက်ဈေးမှာရောင်းခဲ့တုံးက မြတ်ခဲ့ပါတယ်
ဖြစ်ချင်တော့ မြတ်မှန်းသိတော့ လောဘကနည်းနည်းတက်လာပါတယ် Lot size တင် Trade ပါတယ်
ဈေးကွက်ရဲ့ သဘောသဘာဝက တက်ဖို့ ဆိုရင် အရှိန်ယူပြီး တက်ရပါတယ်
ကျနော် emotion မနိုင်ပဲ အရှုံးနဲ့ ပိတ်ခဲ့ပါတယ်
အရှုံးအရှုံးတွေ များလာတော့ ထူပူပြီး
ပိုပိုရှုံးပါတယ်
ဒါကြောင့် emotion နိုင်မှသာ Trade ဖို့အကြံပေးပါရစေဗျ🙋
BAAK- Business Advisor Aung Kyaw
H4 မှာ hummer candle ပေါ်ပြီး
H1 အမြင့်ဈေးမှာ
Shooting star ပေါ်နေပါတယ်
Daily အရ အမြင့်ဈေးကိုဦးတည်နေပါတယ်
Bounce ဈေးတန်း ဖြစ်ပြီး အောက်ဈေးမှာ ဝယ်ပြီး
အထက်ဈေးမှာ ပြန်ရောင်းသင့်ပါတယ်
BAAK- Business Advisor Aung Kyaw
Today profit 30.33$ × 2400 fix rate = 72,792 kyat
သတင်းအပြီးမှာ ကမ္ဘာ့ရွှေ ဟာတဟုန်းထိုး ထိုးတက်၍ pips 20 ကျော်လှုပ်ခပ်သွားပါတယ်
ယခုလက် ရှိ 1857$ မှာရှိနေပြီး sell
ပြန်လိုက်၍ အရောင်း 1849$ ထိပြန် သွားနိုင်ပါတယ်
Lot size အများကြီး မသုံးပါနဲ့
Side way ဈေးတန်းကို နောက်တစ်ပတ်မှာ ပြန်သွားနိုင်တာမို့ swap ကြေးတွေ များနိုင်ပါတယ်
Advisor Aung Kyaw
#မနေ့ညက_ပိုက်ဆံ_၇_သောင်းကျော်_ဘာကြောင့်မြတ်ခဲ့သလည်း❓
သတင်းကြောင့်မြတ်ခဲ့တာ ဖြစ်ပါတယ်
သတင်းက ဘယ်လိုမျိုးလည်းဆိုရင်
Intial jobless လို့ခေါ်တယ့် အလုပ်လက်မယ့် တိုင်းတာတယ့် နှုန်းကို သတင်းထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်
ဒီသတင်းမှာ ယခင်က အလုပ်လက်မယ့် 190K ပဲရှိပြီး
မနေ့က သတင်းထုတ်ပြန်ချက်မှာ 211K အထိအလုပ်လက်မဲ့ဟာ များပြားလာခဲ့ပါတယ်
တိုင်းပြည်တစ်ပြည်မှာ အလုပ်လက်မဲ့ များပြားလာခဲ့ရင် နိုင်ငံရယ့် အခြေနေမကောင်းလို့ပဲဖြစ်ပါတယ်
ထိုအခါမှာ ဌင်းနိုင်ငံရယ့် ငွေကြေးဟာ ကျဆင်းသွားပါတယ်
မနေ့က ထုတ်ပြန်ခဲ့တယ့် သတင်းမှာ
အလုပ်လက်မယ့် ဦးရေဟာ အရင်ထက်များပြားတာဖြစ်တယ့် အတွက် အမေရိကန် ဒေါ်လာဈေး ကျပြီး ရွှေဈေး တက်သွားပါတယ်
ထိုအချိန်မှာ မိမိဟာ သတင်းကိုကြည့် ပြီး ဝယ်ထားခဲ့မယ့် ဆိုရင် ရွှေဈေးတက်ပြီး မြတ်ပါတယ်
BAAK- Business Advisor Aung Kyaw
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the hotel
Website
Address
Bahan Township/Pike Lone Street
Yangon
2580
49 Ward. YuZaNa Myaing Street. North Dagon
Yangon
Welcome to Kaung Thit Hein Diesel service
Yangon
Electrical , Plumbing , Air-con and Water Treatment installation and service
Hlegu
Yangon
အလူမီနီယံနှင့် သံပန်းသံတံခါး များကိုလူကြီးမင်းတို့စိတ်တိုင်းကျ ဆောင်ရွက်ပေးနေပါပြီ
Yangon
ရှမ်း ၊ ဘူကြီး ၊ ပိုကာ ၊ ငါးဖမ်း ၊ Slot များစွာကို 24 နာရီ အသွင်းအထုတ်ဖြင့် ဝန်ဆောင်မှုပေးနေပါပြီ
Mingaladon
Yangon
�Engineering Service such as Design , Drawings & Estimating & Decoration Work for Your Sweet Home