Mini Garden by Myat
Nearby interior services
11012
11421
Myanmer
MiniGardens
#၁၂ရာသီခရေ
နေကြိုက်တဲ့ ခရေက မိုးတွင်းပေမယ့်လဲ ပွင့်နေသေးတယ် 😊
#ဇီဇဝါ
#ရင်ခတ်ပန်း
#၁၂ရာသီခရေ
#ကြက်ရုန်းစပယ်
စံပယ်ပန်း အမြဲ ဝေပြီး ပွင့်အောင် စိုက်နည်း
===================================
အိမ်မှာ စိုက်ထားတဲ့ စံပယ်ပင်လေးများ ပန်းများများပွင့်ချင်လိုလျှင်
1.မြေလဲပေးပါ ပြီးတော့ အရွက်ညှပ်ပေးပါပျိုးထုပ်မြေကအပွင့်အတွက်အာဟာရမရှိတော့ဘူး တစ်နှစ်ဆိုတော့ ဆန်ဆေးရေတော့တပတ်တခါလောင်းပါ
2.အရွက်ကြမ်းတွေခြွေပေးရင် အဲဒီခြွေပေးတဲ့နေရာကအညွန့်ထွက်ပြီးအဖူးပါပါတယ်
3.မြေကြပ်နေရင်မြေဆွ..မြေဆွေး..နောက်ချီးထည့်အရွက်ချွေ..ရေဝအောင်လောင်း..နေပူထဲမှာထား..ဆားခါးထည့်ပေးပါ
4.ကြက်ဥအခွံထောင်းထည့်ပေး.. သစ်ရွက်မီးရှို့ပြီးသားပြာလေးပုံပေးတယ်..အပွင့်သန်ဆေးလေး တစ်ပတ် ၂ ခါ ထည့်ပေးပါ
5.နေရောင် ခြည်ရဖို့ လိုပါတယ် ...
ရေကို အောက်ခြေရော
အရွက်လေးတွေပါ ဖြန်းပေးပါ
အရွက်လေးတွေ ပွင့်ပြီးသားကိုင်းထိပ်လေးတွေ မကြာခန ညှပ်ပေးပါ... အဖူးသစ်လေးတွေတက်ပါတယ်
6.ဆန်ဆေးရေကိုတညသိပ်ပြီးဟင်းချိုမှုန့်နဲနဲလောက်ထဲ့ပြီးလောင်းကြည့်ပါ
7.အရွက်အရင့်တွေချွေပေးရပါတယ် အညွန့်လိုဟာတွေလဲဖြတ်ပေးပါ
အတက်အသစ်မထွက်တဲ့ အညွန့်တုန်းတွေလဲဖြတ်ပေးပါ
မြေမကြပ်အောင် ဖွဲပြာ မြေဆွေးရောသုံးပါ
8.ဆန်ဆေးရေ အပုပ်ခံ ( ၃ရက်လောက်ထား) ပြီးလောင်း ၄နှစ်ကြာ အပင်တွေတောင် ပွင့်ပါတယ်
9.ပွင့်အောင် B1 ငှက်ပျေခွံချောက် ကြက်သွန်နီဖြူချောက်အပင်စိုက်ထဲကထည့်တယ်၂ပတ် ကြာမြေစွဲသွားတော့ ဘီယာလက်သန်းတစ်လုံးလောက်ကို
ရေ နို့ဆီတစ်ဘူးနဲ့ရောပြီးလောင်းတယ် ၄လလောက်ရှိပြီ အဖူးအပွင့်မပြတ်ပါ သိသလောက်လေးစမ်းကြည့်တာ အပွင့်ပွင့်ရမဲ့ အပင်တိုင်းမပြတ်ပွင့်တယ်
10.ဆန်ဆေးရေလောင်း ငါးဆေးတဲ့အရေလောင်း ကြက်သွန်ခွံ တစ်ညသိပ်ရေလောင်း အရမ်းပွင့်
11.ဆန်ဆေးရေအပုတ်ခံ ကြက်သွန်ခွံ တစ်ညသိပ် အမိုင်နိုအားဆေး အချိုမှုန့် ဆားခါး အကုန်ထည့် နေပူတဲ့ နေရာထားရင် အရင်မပွင်တဲ့အပင်ပွင့်ပြီး အပွင့်တွေလှလာပါမယ်။
#မူရင်းရေးသားသူကိုခရေဒစ်ပေးပါတယ်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#အိမ်တော်မင်္ဂလာဂမုန်း
#၁၂ရာသီခရေ
#ကံ့ကော်
#ယုဇန
#ယုဇနအပွင့်ကြီး
2024 အတွက် စကားလက်ဆောင်
၁။ အတိတ်က အဆိပ်တွေကို ထုတ်ခဲ့ပါ။
(လူတိုင်းက အမှားနဲ့ မကင်းကြဘူး။)
၂။ ပစ္စုပ္ပန်မှာ တန်ဖိုးရှိစွာ ရှင်သန်ပါ။
(ယခုလက်ရှိအချိန်က အသေချာဆုံးနဲ့
တန်ဖိုးအရှိဆုံးပဲ။)
၃။ မိဘတွေကို အရင်ကထက် ပိုချစ်ပါ။
(မရှိတော့ရင် အစားထိုးလို့ မရဘူး။)
၄။ ပျော်ရွှင်ရယ်မောဖို့ မမေ့ပါနဲ့။
(ဒုက္ခမိုးတွေက ကိုယ်တစ်ယောက်ထဲကိုမှ
ကွက်ရွာချတတ်တဲ့ ကွက်ကြားမိုး မဟုတ်ဘူး။)
၅။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ကျေနပ်စွာ လက်ခံပါ။
(သူက သူ/ ကိုယ်က ကိုယ်ပါပဲ။)
၆။နဂိုအပူထက် အပိုအပူတွေ မယူမိပါစေနဲ့။
(ဘဝက တိုတောင်းလွန်းတယ်။)
၇။ ကုသိုလ်ပြုဖို့ အချိန်ပေးပါ။
(ကုသိုလ်က နုပျိုစေတယ်။)
၈။ စာဖတ်ပြီး ကမ္ဘာပတ်(ခရီးထွက်)ပါ။
(သက်မဲ့အရာတွေထဲမှာ စာပေက သစ္စာအရှိဆုံးပဲ။)
၉။ လူတွေရှေ့မှာ သိပ်မပွင့်လင်းပါနဲ့။
(ကွယ်ရာကျ မဲ့ကာပြတဲ့သူတွေက များတယ်။)
၁၀။ ကိုယ့်အကြောင်း ကိုယ်သိအောင်လုပ်ပါ။
(များသောအားဖြင့် လူတွေက သူများအကြောင်းပဲ
သိအောင် ကြိုးစားပြီး ကိုယ့်အကြောင်းကို ဘာမှ
မသိပဲ ကြွေလွင့်သေဆုံးသွားကြတာ များတယ်။)
ကဲ!!
ခေတ်ကာလက ရောဂါတွေပို အသက်တွေတိုလာပြီ၊
ဘယ်လောက်နေရမလဲမသိတဲ့ နောက်ဆုံးလက်ကျန်
နေ့ရက်လေးတွေမှာ ဘယ်သူကိုမှ မထိခိုက်ဘဲ
ကိုယ်လိုချင်တာကို ရနေသလိုမျိုး ဘဝကို လွတ်လပ်
ပေါ့ပါးပျော်ရွှင်စွာနဲ့ ရယ်မောနေထိုင်သွားကြရအောင်။
_____________________________________________________
မေတ္တာဖြင့်
အရှင်စန္ဒာဝရာလင်္ကာရ
ဝင်းမေတ္တာကျောင်းတိုက်
__အရှင်စန္ဒာဝရာလင်္ကာရ (မဟာဂန္ဓာရုံ)
#ကံ့ကော်နှင်းဆီ
#သစ်ခွ
သစ်ခွပန်းပင်အရွက်ဝါရခြင်းအကြောင်းများ
သစ်ခွပင်တွေဟာ လူတိုင်းကြိုက်နှစ်သက်တဲ့ အပင်ဖြစ်ပြီး အိမ်တိုင်းလိုလို စိုက်ပျိုးကြပါတယ်။ သို့သော် ရေသေချာလောင်း မြေဆီကျွေးပြီး စိုက်ပျိုးပေမယ့် မဖြစ်ထွန်းတဲ့ အပင်တွေရှိနေတတ်ပါတယ်။ တစ်ခါ တစ်လေ ဘာအကြောင်းကြောင့်မှန်းမသိ ဝါခြောက်ပြီး သေသွားတာမျိုးလဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မို့လို့ မိမိအိမ်က သစ်ခွပင်လေးတွေမှာ ကြုံတွေ့ရတတ်တဲ့ အရွက်ကြွေတာ၊ အရွက်တွေဝါတာနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးလုပ်ရမလဲဆိုတဲ့ ဆောင်ရန်ရှောင်ရန်များကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
(၁) ရေလောင်းများခြင်း
သစ်ခွပင်တွေကို ရေ နေ့တိုင်း လောင်းပေးဖို့ မလိုအပ်ပါဘူး။ သစ်ခွပင်တွေကို ၇ ရက်ကနေ ၁၄ ရက် လျှင် ၁ကြိမ် ရေလောင်းပေးနိုင်ရင် လုံလောက်ပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် ၁ ပတ်မှာ ၁ ကြိမ်ထက်ပိုပြီး ရေလောင်းမိနေတယ်ဆိုရင် ရေလောင်းတဲ့ အကြိမ်အရေအတွက်ကို လျှော့ချပေးသင့်ပါတယ်။ ဆောင်း ရာသီလို အေးတဲ့ကာလ မျိုးမှာဆိုရင်တော့ ၂ ပတ်လျှင် ၁ ကြိမ် လောင်းပေးနိုင်ပါတယ်။
(၂) မှန်ကန်သော ပျိုးခံ၊ ပွားစာ (စပ်မြေ) အသုံးမပြုခြင်း
သစ်ခွပင်တွေကို ထိခိုက်ပျက်စီးစေတဲ့ ယေဘုယျအကျဆုံးအချက်ကတော့ အစိုဓာတ်များလွန်းတဲ့ စပ်မြေတွေကို အသုံးပြုခြင်းကြောင့် ဖြစ်ပါတယ်။ သစ်ခွပင်တွေ စိုက်ပျိုးရာမှာ ပျိုးခံပွားစာအနေနဲ့ အုတ်ခဲကျိုး၊ အုန်းဆံခွံ၊ မီးသွေး၊ ထင်းရှူး ခေါက်နဲ့ သစ်ကပ်ဖန်းပင်အလွှာခြောက် စတာတွေကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ အဆိုပါပစ္စည်းတွေဟာ ရေ ကောင်းစွာစိမ့်ဝင်နိုင်ပြီး ရေဝပ်တာမျိုး တွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သစ်ခွရဲ့အမြစ်တွေလည်း အလွယ်တကူ တွယ်ကပ် စေနိုင်တဲ့အပြင် ပိုးမွှားကျရောက်မှုကိုပါ ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။
(၃) ရေဆင်းပေါက်မရှိတဲ့ အိုးများအသုံးပြုခြင်း
သစ်ခွပင်တွေဟာ ၎င်းတို့ရဲ့ အမြစ်ပတ်လည်မှာ ရေတွေစုပုံနေတာမျိုးကို လုံးဝမကြိုက်ကြပါဘူး။ ဒါ့ကြောင့် အိုးရဲ့အောက်ခြေကနေ ရေတွေ အလွယ်တကူစိမ့်ထွက်သွားနိုင်တဲ့ အိုးမျိုးကို ရွေးချယ် စိုက်ပျိုးဖို့ လိုအပ်ပါ တယ်။
(၄) ရေ အလုံအလောက် မရရှိခြင်း
အမြစ်တွေဟာ ရေကို လုံလောက်စွာမရရှိဘဲ အစိုဓာတ်နည်းနေမယ်ဆိုရင် အမြစ်များစတင်သေဆုံးပြီး နောက်ပိုင်းမှာ အပင်ပါသေဆုံးသွားမှာ ဖြစ်ပါတယ်။ ရေအနည်းငယ်သာ လောင်းပေးခြင်းဟာ သစ်ခွ ပင်ရဲ့အမြစ်တွေကို ခြောက်သွေ့စေပြီး အရွက်များဆီသို့ ရေနဲ့ အာဟာရဓာတ်များ ပေးပို့နိုင်မှာ မဟုတ်ပါ ဘူး။ ရေမလုံလောက်တဲ့အခါ အရွက်မျက်နှာပြင် တွန့်လာပြီး အဝါရောင်ပြောင်းလာတာ တွေ့ရမှာဖြစ်ပါ တယ်။
ဒီပြဿနာကိုဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ အရွက်များပြန်ပြီး ကောင်းမွန်လာတဲ့အထိ ရေလောင်းတဲ့ အကြိမ်အရေအတွက်ကို တိုးမြှင့်ပေးသင့်တာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာတော့ ရေလောင်းပေးတာထက် ဇလားတစ်ခုထဲကို ရေထည့်ပြီး သစ်ခွပင်တွေကို ရေစိမ်ပေးတဲ့နည်းလမ်းက ပိုပြီးထိရောက်မှာ ဖြစ်ပါတယ်။ ရေစိမ်တဲ့နည်းလမ်းကိုတော့ ၂ ရက် ၁ ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။ ရေစိမ်ပေးခြင်းဖြင့် အပင်တဝိုက်မှာ စိုထိုင်းဆတိုးစေပြီး အရွက်များ ခြောက်သွေ့ခြင်းကနေ ကာကွယ် ပေးနိုင်မှာ ဖြစ်ပါတယ်။
(၅) နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှု အချိန်ကြာခြင်း
သစ်ခွပင်တွေဟာ အပူပိုင်းဒေသမျိုးရင်းအပင်တွေ ဖြစ်ပေမယ့် အချိန်ကြာမြင့်စွာ နေရောင်ခြည် တိုက်ရိုက်ထိတွေ့ခြင်းကို နှစ်သက်ခြင်းမရှိတဲ့ အပင်တွေဖြစ်ပါတယ်။ သစ်ခွပင်တွေဟာ အပူချိန် ၁၈ - ၂၆ ဒီဂရီစင်တီဂရိတ်အတွင်းကို ကြိုက်နှစ်သက်ကြတာ ဖြစ်ပါတယ်။ အရွက်တွေဟာ နေရောင် တိုက်ရိုက် ထိတွေ့ခံရမယ်ဆိုရင် နေလောင်ပြီး အဝါရောင်ပြောင်းသွားနိုင်တာကြောင့် ပူပြင်းတဲ့ကာလ တွေမှာ နေရောင်တိုက်ရိုက် မထိတွေ့နိုင်အောင် အကာအကွယ်တွေ ပြုလုပ်ထားပေးသင့်ပါတယ်။
(၆) မြေသြဇာ မှားယွင်းအသုံးပြုခြင်း
သစ်ခွပင်တွေကို မြေသြဇာကျွေးရာမှာ ဖော့စဖောရပ်စ်ဓာတ်များပြီး နိုက်ထရိုဂျင်နည်းတဲ့ မြေသြဇာတွေကို ကျွေးပေး သင့်ပါတယ်။ အပင်ကျန်းမာသန်စွမ်းပြီး ပန်းပွင့်စေချင်တယ်ဆိုရင်တော့ ဖော်မြူလာအစုံပါဝင်တဲ့ ကွန်ပေါင်းမြေသြဇာ ၂၁ပတ်လည် (သို့) ၁၄ပတ်လည်တွေ ကျွေးသင့်ပါတယ်။ သဘာဝမြေသြဇာအနေနဲ့ဆိုရင်တော့ ကော်ဖီအမှုန့်နဲ့ ကြက်ဥခွံတို့ကို ထည့်ပေးလို့ရပါတယ်။ သဘာဝ ရွက်ဖျန်းအားဆေးများဖြစ်သည့် အီးအမ်ဖျော်ရည် (သို့) ငါးအမိုင်နိုအက်စစ်ဆေးရည် များကိုလည်း သုံးလို့ရပါတယ်။
(၇) အပူချိန်နိမ့်လွန်းခြင်း
အေးတဲ့ ကာလတွေမှာဆိုရင်တော့ အပင်တွေကို အကာအကွယ်ရှိပြီး အလင်းရောင်ကောင်းကောင်းရတဲ့ နေရာမျိုးတွေမှာ ရွှေ့ပြောင်းထားရှိသင့်ပါတယ်။ သစ်ခွပင်တွေဟာ အပူပိုင်းဒေသ အပင်တွေ ဖြစ်တာ ကြောင့် စိုထိုင်းဆ ၅၅ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းကြားကို နှစ်သက်ကြတာ ဖြစ်ပါတယ်။
(၈) ရောဂါကျရောက်ခြင်း
သစ်ခွပင်အရွက်ဝါခြင်းအတွက် စောင့်ကြည့်ရမယ့် ရောဂါ ၂ မျိုး ရှိပါ တယ်။ သစ်ခွပင်မှာ အဝါရောင် အစက်အပြောက်တွေ ထွက်ပေါ်လာပြီး အနံ့အသက်ကတော့ ပုံမှန်အတိုင်းရှိနေမယ်ဆိုရင် မှိုရောဂါဝင်တာ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် မှိုရောဂါတွေဟာ အရွက်ရဲ့ အောက်မျက်နှာပြင် ကနေ အဝါရောင် အစက်အပြောက်တွေ စတင်ဖြစ်ပေါ်လေ့ရှိပါတယ်။ ၎င်း အစက်အပြောက်တွေဟာ တဖြည်းဖြည်းနဲ့ ကြီးထွားလာပြီး အရွက်ရဲ့ အထက်၊ အောက် မျက်နှာပြင်မှာ မြင်တွေ့လာရမှာ ဖြစ်ပါ တယ်။ နောက်ပိုင်းမှာတော့ အဝါရောင် အစက်အပြောက်တွေကနေ အညို ရောင်နဲ့ အမည်းရောင်ကို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ အပင်ကနေ အနံ့အသက်ဆိုး ထွက်တာကို သတိပြုမိ တယ်ဆိုရင်တော့ ဘက်တီးရီးယားရောဂါ ကျရောက်နေနိုင်တယ်ဆိုတာကို သတိ ပြုသင့်ပါတယ်။
အကယ်၍ မှိုသတ်ဆေး၊ ဘက်တီးရီးယားသတ်ဆေးများကို ဖျန်းပါက ညနေပိုင်းတွင် ဖျန်းပေးခြင်း၊ ဆေး အချိုးအစားကို အညွှန်းထက်မပိုဘဲ ဆေးထုပ်ပါအညွှန်းအတိုင်းသုံးစွဲခြင်း တို့ကို လုပ်ဆောင်ပေးပါ။
# # #
ပျိုးမြေ
မြေဆွေး
ရပါပြီရှင် 🪴🪴🪴
#သနပ်ခါးပန်း
#ကံ့ကော်နှင်းဆီ
#စက္ကူပန်း
#ရင်ခတ်ပန်း
#ညမွှေးပန်း
#ကံ့ကော်နှင်းဆီ
Click here to claim your Sponsored Listing.
Videos (show all)
Category
Website
Address
Yangon
Maha Bandula & 19th Street/Latha Township/Yangon/Myanmar
Yangon, 11131
လူသုံးကုန် ပစွည်းမျိုးစုံ လက်လီလက်ကား ဖြန့်ချီရေး