Thazin Dental Clinic

Thazin Dental Clinic

Medical & Health

Photos from Thazin Dental Clinic's post 28/07/2023

Crush ကိုတွေ့ရင် ဘာလုပ်မလဲ
Me : ပြုံးပြမယ် 😙

ချစ်ဖို့ကောင်းတဲ့ အသဲလေးတွေနဲ့ အပြုံးလှလှလေးတွေ ဖန်တီးဖို့ အခုပဲ booking လေးတင်လို့ရပါပြီနော် 🫶🏻
[နေ့စဉ် မနက် ၈နာရီ မှ ည ၈နာရီအထိ
09401046639
သဇင်သွားဆေးခန်း
အမှတ် -621, ခေမာသီလမ်းမပေါ် ၊ စျ/စျေးအနီး၊ မ/ဥက္ကလာပမြို့နယ်]

17/04/2023

2023ရဲ့ နှစ်သစ် နှစ်ဆန်း (၁ )ရက်နေ့ကစ၍
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံနိုင်ကြပြီး စီးပွါး လာဘ်လာဘများ
ဆထက်တပိုး တိုးပွါးနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်် ။

*သွားဆေးခန်းအချိန်လေးကတော့ နှစ်ဆန်း (၂) ရက် [18.4.23] ကစလို့ ပုံမှန် မနက် 8:30am- ည 8:00pm ပြန်လည် ဖွင့်သွားမှာဖြစ်ပါတယ် . *

20/02/2023

အားလုံးပဲ မင်္ဂလာပါရှင်
ဒီရက်ပိုင်း page လေး active မဖြစ်ခဲ့လို့ reply လေးတွေ နောက်ကျသွားတဲ့ အတွက် တောင်းပန်ပါတယ်နော် ❤️
ဒီနေ့မှာတော့ လူတိုင်းနီးပါးမှာ ဖြစ်လေ့ရှိတဲ့သွားပိုးစားတဲ့အကြောင်းလေးပြောပြပေးမှာဖြစ်ပါတယ် .

📍သွားပိုးစားတယ်ဆိုတာဘာလဲ ?
- သွားပိုးစားတယ်ဆိုတာ ခံတွင်းသန့်ရှင်းရေး သေချာမလုပ်ဖြစ်တဲ့အခါ ပါးစပ်ထဲမှာအစာအကြွင်းအကျန်တွေကျန်နေခဲ့ပြီး အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းသွားမျက်နှာပြင်လေးကိုစတင်ပျက်စီးလာနိုင်ပါတယ် ၊

📍သွားပိုးမစားရအောင် ဘယ်လိုကာကွယ်နိုင်လဲ ?
- အချိုဓာတ်လွန်ကဲသော အစားအသောက်များကို အလွန်အမင်းစားခြင်းမှ ရှောင်ကြဉ်ပါ .
- အစာစားပြီးတိုင်း ပါးလုတ်ကျင်းပါ.
- အစာညက်နိုင်ခြေရှိတဲ့ သွားနှစ်ချောင်းကြားတွေထဲကို သွားပွတ်ကြိုး (Dental Floss) အသုံးပြုပြီး သန့်ရှင်းရေးလုပ်ပေးပါ .
- သွားကြားထိုးတံ သုံးခြင်းကိုရှောင်ကြဉ်ပေးပါ (သွားကြားထိုးတံ အသုံးများလာတဲ့အခါ သွားနှစ်ချောင်းကြား အစာညက်နိူင်တဲ့ နေရာပိုကျယ်လာနိုင်ပြီး သွားဖုံးကိုလဲ ထိခိုက်စေနိုင်ပါတယ် .
- တစ်နေ့ကို မနက်တခါ ၊ ညတခါ သွားပုံမှန်တိုက်ပေးပါ .

📍သွားပိုးစားတာ သိတဲ့အခါ ဘာတွေလုပ်နိုင်လဲ ?
- ကိုယ်တိုင်သွားပိုးစားတာကို သတိပြုမိတဲ့အခါ နီးစပ်ရာသွားဆေးခန်းတွင် လိုအပ်သောကုသမှု ခံယူပါ .
- စစချင်း သတိပြုမိတဲ့အခါ သွားဖာတဲ့ကုသမှု လုပ်ဆောင်နိုင်ပါတယ်
- ပိုဆိုးလာတဲ့အခါ သွားနုတ်ခြင်း (သို့မဟုတ်) သွားအကြောဖြတ်ကုသမှု လုပ်ဆောင်ရပါလိမ့်မယ် ၊
- ဒါ့အပြင် မိမိခံတွင်းကျန်းမာရေးအတွက် 6 လ 1 ခါ checkup လုပ်ပါ .

📍သွားပိုးစားခြင်းရဲ့ နောက်ဆက်တွဲပြဿနာဘာတွေရှိနိုင်လဲ ?
- သွားပိုးစားလာတဲ့အခါ အစာပိုညက်လာနိုင်ပြီး အစာစားလို့ အဆင်မပြေတာတွေ ဖြစ်လာနိုင်ပါတယ်
- တဖြည်းဖြည်းနဲ့ သွားကြွေလွှာတွေပျက်စီးလာနိုင်ပြီး သွားတစ်ချောင်းလုံးပါ ဆုံးရှုံးနိုင်ပါတယ် .
- ဒီထက်ပိုဆိုးလာတဲ့အခါ သွားကိုက်ဝေဒနာအပြင်းအထန် ခံစားရနိုင်ပြီး မျက်နှာ ရောင်ရမ်းခြင်းတွေလဲ ဖြစ်နိုင်တာမို့ ကိုယ့်ရဲ့ တန်ဖိုးရှိလှတဲ့ သွားလေးမပျက်စီးအောင် ဂရုစိုက်ကြပါနော် 🙆🏻‍♀️🤍

အပတ်စဉ်သွားနဲ့ခံတွင်းကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတလေးတွေတင်ပေးသွားမှာမို့ like & follow လေးလုပ်ပေးပါဦးနော် ။ ။

[နေ့စဉ် မနက် ၈နာရီ မှ ည ၈နာရီအထိ
09401046639 ,09942010420
သဇင်သွားဆေးခန်း
အမှတ် -621, ခေမာသီလမ်းမပေါ် ၊ စျ/စျေးအနီး၊ မ/ဥက္ကလာပမြို့နယ်]

22/10/2022

အားလုံးပဲမင်္ဂလာပါရှင် …
ဒီတစ်ပတ်မှာတော့Removable Denturesလို့ခါ်တဲ့ အဖြုတ်အတပ်လုပ်ရတဲ့ အံကပ်လေးတွေ အကြောင်းပြောသွားပေးပါ့မယ်ရှင့် ။

1.ဘယ်လို အချိန်မှာ အံကပ်စိုက်သင့်သလဲ ?
✨ဆုံးရှုံးသွားတဲ့သွားအရေအတွက်ဟာ 2ချောင်း,3ချောင်းထက်ပိုများလာတဲ့အခါ ရေရှည် သွားဖုံးကျန်းမာရေးနဲ့ ကျန်ရှိနေတဲ့ သွားတွေ ယိုင်ခြင်း၊နဲ့ခြင်းမရှိပဲ စည်းချက်ညီညီ ဝါးလို့ရအောင် အံကပ်စိုက်သင့်ပါတယ် ။

2.အံကပ်စိုက်တဲ့အခါဘာတွေသိထားသင့်သလဲ ?
✨အံကပ်စိုက်တဲ့ အခါ အရေးအကြီးဆုံးအချက်ကတော့ “စိတ်ရှည်”ရပါမယ် ။ နဂိုသွားမရှိပဲ နေလာတာကြာတဲ့အခါ အံကပ်တပ်လိုက်ပြီး နာတာ ၊ အစာဝါးရခက်တာ၊ စကားပြောရင် မပီတာ ၊ နေရခက်နေတာတွေက အံကပ်တပ်တပ်ခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ် ။ ဒီလို ဖြစ်တာတွေကို သက်ဆိုင်ရာ သွားဆရာဝန်နဲ့ တိုင်ပင်ပြီးလိုအပ်တဲ့ပြငိဆင်မှုများပြုလပ်၍
စိတ်ရှည်ရှည်နဲ့ တပ်ပေးမှသာ လူနာနဲ့ အံကပ်ဟာတဖြည်းဖြည်း နေသားကျသွားမှာဖြစ်ပါတယ် ။
✨နောက်တစ်ချက်ကတော့ အံကပ်ကို အနည်းဆုံးတစ်နေ့တစ်ခါ သန့်ရှင်းရေးလုပ်ပေးပြီး ကိုယ်တိုင်လည်း ရေနွေးနွေးလေးဖြင့် တစ်နေ့တစ်ခါ ပါးလုတ်ကျင်းပေးပါ ။

3. အံကပ်ကို ဘယ်အချိန်တွေတပ်သင့်သလဲ ?✨အံကပ်စတပ်တဲ့ လူနာများကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး 1 ပတ်ကနေ 1လဝန်းကျင်ထိ နေသားကျသွားအောင် ၂၄ နာရီလုံးတပ်ထားသင့်ပါတယ် ။တစ်နေ့တစ်ခါလောက်တော့ သန့်ရှင်းရေးတော့ လုပ်ပေးရပါတယ် ။ နောက်ပိုင်းအံကပ်နဲ့ နေသားကျသွားရင်တော့ 1နေ့ကို ၈ နာရီလောက်တပ်ပေးရင် လုံလောက်ပါပြီ။ အစာစားတဲ့အချိန်နဲ့ အပြင်သွားတဲ့ အချိန်တွေမှာ တပ်ထားနိုင်ပြီး ညဘက်အိပ်ခါနီးတွင် ဖြုတ်ထားလို့ရပါတယ် ။

4. အံကပ်ကို ဘယ်လိုသန့်ရှင်းရေးလုပ်ရမလဲ? ✨အံကပ်ကို ပုံမှန် သွားတိုက်ဆေးနဲ့ သွားတိုက်တံလေးနဲ့ သန့်ရှင်းပေးလို့ရပါတယ် ။ ရေနွေးနဲ့ ဆေးစရာမလိုပါ ။ သန့်ရှင်းရေးလုပ်ပြီးလျှင် အဖုံးပါသောအလုံပိတ်ဘူးတွင် ရေသန့်(သို့)အံကပ်သန့်​ဆေးရည်ဖြင့်စိမ်ထားနိုင်ပါတယ်။
မိမိစိုက်ထားတဲ့အံကပ် နဲ့ ခံတွင်းကိုအမြဲ သန့်ရှင်းရေးလုပ်​ပေးမှသာကျန်းမာ​ရေးနဲ့ညီညွတ်မှာဖြစ်ပါတယ်

အပတ်စဉ်သွားနဲ့ခံတွင်းကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတလေးတွေတင်ပေးသွားမှာမို့ like & follow လေးလုပ်ပေးပါဦးနော် ။ ။

[နေ့စဉ် မနက် ၈နာရီ မှ ည ၈နာရီအထိ
09401046639
သဇင်သွားဆေးခန်း
အမှတ် -621, ခေမာသီလမ်းမပေါ် ၊ စျ/စျေးအနီး၊ မ/ဥက္ကလာပမြို့နယ်]

10/10/2022

သွားစိုက်ခြင်းအနုပညာ ( 1 ) ..

ဒီတစ်ပတ်မှာတော့ နုတ်ထားလို့ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ ဆုံးရှုံးလိုက်ရတဲ့ သွားတွေကို ပြန်လည်အစားထိုးသွားစိုက်တဲ့အခါ သိသင်တဲ့အကြောင်းလေးတွေကို ပြောပြသွားပေးပါ့မယ် .

1. သွားနုတ်ပြီးတဲ့အခါဘယ်အချိန်မှာ
သွားပြန်စိုက်သင့်ပါသလဲ ???
- သွားနုတ်ပြီး သွားဖုံးသားကျက်သွားတဲ့အခါ (အကြမ်းဖျင်း 1 လဝန်းကျင်)မှ6လအတွင်းသွားပြန်စိုက်လို့ရပါတယ် ။ ။

2. သွားနုတ်ပြီး ပြန်မစိုက်ရင် ဘာတွေဖြစ်နိုင်လဲ ???
- သွားမရှိပဲ အနေကြာသွားတဲ့အခါ နောက်ဆက်တွဲအနေနဲ့ ဘေးသွားတွေကျဲလာ ယိုင်လာနိုင်ပြီး
အစာညပ်ခြင်း,သွားပိုးစားခြင်းတွေဖြစ်နိုင်ပါတယ်။
ဒါ့အပြင် သွားနုတ်ထားတဲ့နေရာနဲ့ ဆန့်ကျင်ဘက်သွားတွေ ရှည်ကျလာနိုင်ပြီး အစာစားရအဆင်မပြေခြင်းတွေ ဖြစ်လာနိုင်ပါတယ် ။ ။
(Wisdom tooth လို့ခေါ်တဲ့ အံဆုံးသွားလေးတွေကတော့ နုတ်ပြီးရင် ပြန်စိုက်ဖို့ မလိုပါဘူးနော် )

3. သွားစိုက်နည်းဘယ်နှစ်ခုရှိသလဲ ?
- အခြေခံ သွားစိုက်နည်း 3 မျိုးရှိပါတယ် ။
(1) Removable Dentures ( အဖြုတ်အတပ်လုပ်ပေးရသောအံကပ်သွားစိုက်နည်း)
(2) Fixed Partial Dentures( ဘေးသွားဖြင့်တွဲဆက်သွားစိုက်နည်း)
(3) Dental Implants (သွားမြစ်တု အစားထိုးသွားစိုက်နည်း) တို့ပဲဖြစ်ပါတယ် ။ ။

4. ဘယ်လိုသွားစိုက်နည်းကိုရွေးသင့်ပါသလဲ ?
- မိမိရဲ့ကျန်ရှိနေတဲ့ သွားများရဲ့ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး သွားဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ကာ မိမိအတွက် မှန်ကန်ပြီးအကောင်းဆုံးဖြစ်နိုင်မဲ့ ကုသမှု သွားစိုက်နည်းကို ရွေးချယ်စိုက်သင့်ပါတယ် ။ ။

နောက်အပတ်တွေမှာလဲ သွားစိုက်နည်းလေးတွေကို အသေးစိတ်ပြောသွားပေးပါ့မယ် …
သွားကိုက်ခြင်းဒုက္ခမှ ကင်းဝေးနိုင်ကြပါစေရှင်❤️

[နေ့စဉ် မနက် ၈နာရီ မှ ည ၈နာရီအထိ
09401046639
သဇင်သွားဆေးခန်း
အမှတ် -621, ခေမာသီလမ်းမပေါ် ၊ စျ/စျေးအနီး၊ မ/ဥက္ကလာပမြို့နယ်]

18/08/2022

အားလုံးပဲမင်္ဂလာပါရှင် …
ဒီတစ်ပတ်မှာတော့ မှန်ကန်တဲ့သွားတိုက်နည်းလေးအကြောင်းကို ​ပြောပြသွားပေးမှာပဲဖြစ်ပါတယ် ။
လူတိုင်းပုံမှန်သွားတိုက်ကြပေမဲ့ စနစ်မမှန်တဲ့အခါ သွားကြွေလွှာပျက်စီးဆုံးရှုံးမှုတွေဖြစ်နိုင်တာမို့ မှန်ကန်တဲ့ သွားတိုက်နည်းလေးတော့ သိဖို့တော့ အရေးကြီးပါတယ်နော် ။

- စနစ်မှန်သွားတိုက်နည်းအတွက် အရေးကြီးဆုံးအရာဖြစ်တဲ့ သွားတိုက်တံ နဲ့ သွားတိုက်ဆေးကတော့ မရှိမဖြစ်ပါပဲ။
- သွားတိုက်တံရွေးချယ်တဲ့အခါမှာ သွားတိုက်တဲ့ brush အမျှင်လေးတွေကို soft (or ) medium လေးထဲက ရွေးသုံးပေးတာက သွားကျန်းမာရေးအတွက် ပိုအဆင်ပြေပါတယ် ။
(သွားတိုက်တံတိုင်းရဲ့ package အပေါ်လေးတွေမှာ ultra soft ,soft, medium,hard ဆိုပြီးပါတာမို့ မိမိနဲ့အဆင်ပြေတာကို ရွေးသုံးလို့ရပါတယ် )
- သွားတိုက်ဆေးရွေးတဲ့အခါမှာလည်းဖလိုရိုက် (Fluoride )ပါဝင်တဲ့ သွားတိုက်ဆေးသုံးပေးတာက သွားပိုးစားခြင်းမှ ကာကွယ်နိုင်ပါတယ်။
- သွားတိုက်တံနဲ့ သွားတိုက်ဆေးရွေးပြီးပြီမို့ သွားစတိုက်လိုက်ရအောင်နော် !!!!
- သွားတိုက်တဲ့အခါ

1. အနည်းဆုံး ၂ မိနစ်ကြာအောင် တိုက်ပေးပါ။
2. သွားရဲ့ အပြင်ဘက်မျက်နှာပြင်ကို တိုက်တဲ့အခါ အပေါ်အောက်တိုက်ပေးပါ ။ ကန့်လန့်ဖြတ်မတိုက်ပါနဲ့။
3. အစာဝါးတဲ့ သွားမျက်နှာပြင်ကိုတိုက်တဲ့အခါ ကန့်လန့်ဖြတ်တိုက်ပေးပါ။
4. အတွင်းဘက်မျက်နှာပြင်တွေကိုတော့ အောက်မှအပေါ် ဒေါင်လိုက်တိုက်ပေးပါ။
5. တစ်နေရာကို ၇ ချက်လောက် အနည်းဆုံးတိုက်ပေးပါ ။
6. သွားမျက်နှာပြင်တွေ တိုက်ပြီးရင် လျှာရဲ့ အပေါ်မျက်နှာပြင်ကိုလည်း ဖွဖွလေးတိုက်ပေးပါ။
7. ပြီးရင်တော့ ပါးလုတ်ကျင်းပေးလို့ရပါပြီ ။
8. အစာစားပြီးတိုင်းလည်း ပါးလုတ်ကျင်းတဲ့ အလေ့အကျင့်လေးလုပ်ပေးရင်းနဲ့ ကျန်းမာတဲ့ သွားနဲ့ခံတွင်းကို ပိုင်ဆိုင်နိုင်ကြပါစေရှင့် ။ ❤️

အပတ်စဉ်သွားနဲ့ခံတွင်းကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတလေးတွေတင်ပေးသွားမှာမို့ like & follow လေးလုပ်ပေးပါဦးနော် ။ ။

[နေ့စဉ် မနက် ၈နာရီ မှ ည ၈နာရီအထိ
09401046639
သဇင်သွားဆေးခန်း
အမှတ် -621, ခေမာသီလမ်းမပေါ် ၊ စျ/စျေးအနီး၊ မ/ဥက္ကလာပမြို့နယ်]

Want your practice to be the top-listed Dentist in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 621, KhayMarThi Road
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 08:30 - 20:00
Wednesday 08:30 - 20:00
Thursday 08:30 - 20:00
Friday 08:30 - 20:00
Saturday 09:00 - 20:00
Sunday 08:30 - 20:00