Itchy Feet
ရန်ကုန်မြို့နေရာအနှံ့ကို Itchy Feet နဲ့အတ?
တကယ်စားကောင်းတဲ့ဆိုင်လေးပါ
🚵♂️🚴♂️🚵♀️🚴♀️💯
ဒီနေ့ ခရီးစဥ်
"ရန်ကုန် - ဒလကူးတို့ဆိပ်"
ရန်ကုန် [ပန်းဆိုးတန်းကမ်းနားမှ ဒလမြို့နယ်]သို့
ကူးတို့ရေယာဉ်များဖြစ်သည့် ချယ်ရီ (၁)၊ ချယ်ရီ(၂)နှင့် ချယ်ရီ(၃)သင်္ဘောသုံးစင်းဖြင့် (အလှည့်ကျစနစ်)အသွား၊ အပြန်ခရီးစဉ်များကို မနက်ခင်း ၅ နာရီခွဲမှစ၍ နေ့စဉ်ပို့ဆောင်ပေးလျှက်ရှိပါသည်။ အဆိုပါ (ပန်းဆိုးတန်း -ဒလ) ကူးတို့ခရီးစဉ်အား လူတစ်ဦးလျှင် ဝင်ကြေးငွေ ကျပ် ၁၀၀ နှုန်းဖြင့် ကောက်ခံ၍ သံဃာတော်များနှင့် သီလရှင်များကို အခမဲ့ ပို့ဆောင်ပေးလျှက်ရှိပါသည်။
"Dala Ferry Terminal, Yangon"
Cherry 1, 2 and 3 that runs the route to and from Yangon and Dala. Two ferries operate daily as each one is inspected for repairs every two days.
The ferries run from 5:30am daily.
Normally, for local is 100 kyats and Buddhist Monks and Nuns are free to ride.
For foreigners, 4000 kyats per person for two ways.
"ရန်ကုန်-လှည်းကူး"
နင်းခဲ့တဲ့ ခရီးတိုလေးတစ်ခု...
ရန်ကုန်မြို့ထဲက ကမ်းခြေတစ်ခုဖြစ်တဲ့
🏝️"ဆယ်အိမ်တန်းကမ်းခြေ"🏖️ သို့
စက်ဘီးဖြင့် ခရီးဆက်ခြင်း။
သွားပုံသွားနည်း⤵️
📌 ရန်ကုန်-ဒလကူးတို့ဆိပ်မှ
ကူးတို့ရေယာဥ်ဖြင့် ဒလသို့ကူးပါ။
📌 ဒလ-တွံတေးလမ်းမအတိုင်းတည့်တည့်သွားပါ။
📌 ဒလနာရီစဥ်အ၀ိုင်းရောက်လျှင် ဘယ်ဘက်သို့
ချိုး၍ တည့်တည့်သာသွားပါ။
📌 ဗီဒီယိုလေးရဲ့အဆုံးမှာ မြေပုံပုံစံငယ်လေးနဲ့
ပြပေးထားပါတယ်။
ရေထဲဆင်းကစားလို့ အဆင်ပြေမဲ့ရက်တွေကိုလည်း အောက်က Comment မှာ ပြပေးထားပါတယ်ဗျ။
#ဆယ်အိမ်တန်းကမ်းခြေ
အစားအသောက်၀ါသနာပါသော
သူငယ်ချင်းများအတွက် Like & Follow လုပ်ထားသင့်တဲ့ Page လေးပါ။
"ရန်ကုန် - ကျောက်တန်း - ဇွဲဘာကမ်းခြေ - သံတဲကျေးရွာ (ကျောက်တိုင်ကမ်းခြေ)သို့ စက်ဘီးစီးခရီးစဥ်လေးပါ။"
ရန်ကုန်မှတဆင့် ကျောက်တန်းတစ်ဖက်ကမ်းက မီးပြစံပြကျေးရွာ၊ ဇွဲဘာကမ်းခြေနဲ့ သံတဲကျေးရွာမှာရှိတဲ့ ကျောက်တိုင်ကမ်းခြေဆီသို့ စက်ဘီးစီးခရီးစဥ်လေးအကြောင်း ပြောပြပေးပါရစေဗျ။
ခရီးစဥ်အကျဥ်းချုပ်လေးကတော့...
ကျွန်တော်တို့အဖွဲ့ ရန်ကုန်မြို့ထဲက စထွက်တာ မနက် ၅နာရီကပါဗျ။ သာကေတ ရှု့ခင်းသာလမ်းမကြီးကနေ သန်လျင်တံတားဆီ၊ သံလျင်တံတားအဆင်း လမ်းမကြီးတည့်တည့်သာ နင်းသွားကြတာ သန်လျင်ကျောက်တန်းအထိပဲဗျ။ (လမ်းကြီးကဖြူးလို့) ကျောက်တန်းကတဆင့်လှေနဲ့တဖက်ကမ်းကို ကူးတယ်။ (လှေခကတော့ တစ်စီးကို ၂၅၀၀ ကျပ်၀န်းကျင် ကျသင့်ပါတယ်။) ဟိုဖက်ရောက်တော့ သံတဲရွာဆီ ဘယ်လိုသွားရမလဲမေးပြီး လှေဆိပ်လမ်းမကြီးတည့်တည့်နင်းပြီးရင် ညာဖက်ကိီုချိုးပြီး နင်းသွားဖြစ်ခဲ့ပါတယ်ဗျ။ (သတိထားရမှာတော့ - အဲ့လမ်းကစလို့ ကွန်ကရစ်လမ်းက အက်ကွဲကြောင်းတွေ၊ ချိုင့်တွေအများကြီးနဲ့ပါ။ ဒါကြောင့် စက်ဘီးနဲ့သွားတဲ့အခါ MTB ဘီးတွေနဲ့ပဲပိုအဆင်ပြေပါတယ်၊ တာယာသေးတဲ့စက်ဘီးနဲ့ဆို အဆင်မပြေပါဘူးဗျ)။ ဒီလိုနဲ့ဆက်လက်ပြီး လမ်းမှာ မီးပြ စံပြကျေးရွာမှာရှိတဲ့ ရေလည်ဘုရား၀င်ကို ခဏ၀င်ဖူးရင်း ခရီးဆက်ခဲ့ကြပါတယ်။ ပြီးတော့ရောက်တာက ဇွဲဘာကမ်းခြေပါ။ ဇွဲဘာကမ်းခြေမှတဆင့် သံတဲရွာမှာရှိတဲ့ မီးပြတိုက်နားခဏသွားကြည့်ကြပြီး ကျောက်တိုင်ကြီးရှိရာ ကမ်းခြေဆီ ခရီးဆက်ခဲ့ကြပါတယ်။ စက်ဘီးနဲ့သွားတဲ့ကြာချိန်ကတော့ ၄နာရီ၀န်းကျင်ခန့်ကြာပါတယ်။
"အကြံပေးချက်" - ဇွဲဘာကမ်းခြေကတော့ အနားယူလို့အကောင်းဆုံးကမ်းခြေဖြစ်ပါတယ်။ သံတဲ ကျောက်တိုင်ကမ်းခြေမှာတော့ ကျောက်တိုင်ကြီးနဲ့မီးပြတိုက်ကလွဲရင် ကျန်တာသိပ်စိတ်၀င်စားစရာမရှိပါဘူးဗျ။
"မှတ်ချက်" - ကားနဲ့သွားမဲ့သူတွေအတွက်ကတော့ သုံးခွ မြို့နယ်ဘက်က ပတ်သွားလို့ရနိုင်ပါတယ်လို့ ရွာခံတစ်ဦးက ပြောပြပေးပါတယ်)
ဒီခရီးတစ်ခုထွက်ခြင်းကနေ သိလိုက်ရတဲ့ အသိတခု ကတော့ အသက်ရွယ်မတူ၊ ဘာသာမတူကြပေမယ့် ပန်းတိုင်ချင်းတူတာမို့ လမ်းခရီးအခက်ခဲတချို့ရှိပေမဲ့ ကူညီရိုင်းပင်းရင်း ခရီးတခုပြီးမြောက်သွားတာပါပဲ။
ပါ၀င်ကူညီပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
ကန်တော်ကြီးရောက်ရင်...
အဲ့နေရာလေးမှာ ဓာတ်ပုံရိုက်ကြဖို့
မမေ့နဲ့ဦးဗျို့...
ဒါဘယ်နေရာလေးလဲ သိကြလားဗျ??
သိရင် အောက်က Comment လေးမှာ
ပြောပြပေးသွားကြပါဦးဗျာ။
Do you know where it is??
If you know, please leave a comment.
"မြန်မာ့ဖရဲ၊သခွားမွှေးပွဲတော် ၂၀၂၀"
"Myanmar Melon Festival 2020"
၂၀၂၀ခုနှစ်၊ဖေဖော်ဝါရီလ(၂၉)ရက်မှ မတ်လ(၄)ရက်နေ့အထိ
29 February to March 4, 2020
ကန်တော်ကြီး(မြေပဒေသာကျွန်း၊ ဆင်ဖြူကျွန်း)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
Kandawgyi Park (Myaypadaythar Island, Sinpgyukyun), Bahan Township, Yangon
ကျန်းမာရေးအရ ကန်တော်ကြီးကန်တပတ် Jogging ပြေးကြမယ်။
ဒီနေ့ဗီဒီယိုလေးမှာတော့ ကျန်းမာရေးအရ ကန်တော်ကြီးတပတ် Jogging ပြေးနိုင်တဲ့ လမ်းကြောင်းလေးတွေပါဝင်ပါတယ်။ ဒီဗီဒီယိုလေးဖြစ်မြောက်ရေးအတွက် အားသွန်ခွန်စိုက် ပါဝင်ကူညီပေးခဲ့တဲ့ HNO Fitness အားကစား Page လေးရဲ့ Founder Htun Naing Oo ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
-
''ကန်တော်ကြီးကန်''သည် ခန့်မှန်း အကျယ်အဝန်း ၅ မိုင်နှင့်၈ ကီလိုမီတာခန့် ရှိကာ ရန်ကုန်မြို့တွင်ရှိပြီး အင်းလျားကန်ပြီးလျင် ဒုတိယအကြီးဆုံးကန် ဖြစ်သည်။ ရွှေတိဂုံဘုရား၏ အရှေ့ဘက်တွင် တည်ရှိပြီးမြောက်ဘက် နှင့် အရှေ့ဘက် တွင် နတ်မောက်လမ်း၊ အနောက်ဘက်တွင် ဗဟန်းလမ်း၊ တောင်ဘက်တွင် ကန်ရိပ်သာလမ်း၊ မြို့နယ်များအနေဖြင့် ဗဟန်းမြို့နယ်၊ ဒဂုံမြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်နှင့် တာမွေမြို့နယ်တို့နှင့် ထိစပ်လျှက်ရှိသောကြောင့် အဆိုပါမြို့နယ်များအနီးတဝိုက်တွင် နေထိုင်သူများအနေဖြင့် မိမိတို့အဆင်ပြေရာ၊ နီးစပ်ရာ ကန်တော်ကြီးပတ်လမ်းမှ တဆင့်လည်း စတင်၍ Jogging ပြေးနိုင်ပါသည်။ အခုဗီဒီယိုလေးမှာတော့ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သိမ်ဖြူလမ်းအနီးမှ ပန်းကန်လုံးကျွန်းမှ စတင်၍ ပြေးပြီး လမ်းကြောင်းလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
ကြည့်ရှု့အားပေးမှုအတွက် ကျေးဇူးတင်ရှိပါတယ်။
Let’s jog around Kandawgyi
Today we would like to talk about jogging around Kandawgyi Park. Special thanks to ‘’Htun Naing Oo’’, the founder of ‘’HNO Fitness’’ Page for participating in this video.
Kandawgyi Lake is one of the two major lakes in Yangon, Burma (Myanmar). Located in the east of the Shwedagon Pagoda, The 150-acre (61 ha) lake is surrounded by the 110-acre (45 ha) Kandawgyi Nature Park, and the 69.25-acre (28-hectare) Yangon Zoological Gardens, which is noted for its collection of wild animals. The lake itself is bounded by Natmauk Street to its north and east, Bahan Street to its west, and Kanyeiktha Street to its south. In this video, we start jogging from in front of Bagan Lone Island near Thein Phyu Road, Yangon.
Thanks for watching
လျှာမဲ့ချိန်ခွင် ကာတွန်းပြပွဲမှ
စောဖိုးခွားရဲ့ ဖျော်ဖြေမှုလေးပါ
Click here to claim your Sponsored Listing.
Our Story
Itchy Feet page began in February 2, 2020. We will tell you about "what should you do & don't" while you were visiting the places in Myanmar.
Itchy Feet စာမျက်နှာလေးကတော့ ၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ နေရာလေးတွေကို သွားရောက်လည်ပတ်တဲ့အခါ သတိမထားမိကြတတ်တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်လေးများနဲ့အတူ ဘယ်လိုသွားရမလဲဆိုတဲ့လမ်းကြောင်းလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
Videos (show all)
Category
Website
Address
Yangon Streets
Yangon
<<NOT-APPLICABLE>>
Yangon
ပြည်တွင်းလေယာဉ်လက်မှတ်များအား 24hrs Service
No. (64/66), Penthouse (8th Floor), Ayer Wun Main Road, Thaketa Township
Yangon, 11221
Experience the Essence of Travel with SontZar: Your Gateway to Unforgettable Adventures.
No. 10, 5F (5B), Oo Yin Street, Kyauk Myaung, Tamwe
Yangon, 11211
ချမ်းမြေ့ပျော်ရွှင် Yuko ခရီးစဉ်
No(21), Padaythar Street, Saw/taung , Alone Tsp
Yangon, 11121
မိတ်ဆွေများ ချမ်းမြေ့စွာ ခရီးသွားန?
No. (824), Corner Of Mahar Bandula Road And 10th Street, Lanmadaw Township
Yangon, 11131
No 331, Bo Aung Kyaw Road , KyaukTaDa Township
Yangon, 11181
Tour Packages, World Wide Visa Services , International Flight Tickets , Insurance