Luwee Dee's Adventure
Nearby arts & entertainment
11012
11041
ဒီတိုင်းပါပဲ
လူတွေရဲ့ အညစ်အကြေးတွေကိုမြင်ရတိုင်း
မင်းကိုပဲ ခြုံငုံပြီး အပြစ်တင်မိလို့ တောင်းပန်တယ်. . .
တကယ့်တကယ်မှာတော့ ငါတို့က ရှင်သန်ချင်ရုံပါပဲလေ
"ငါ့ခေါင်းထဲမှာ စက်သံတွေပဲ ကြားအောင်ကို
မနေ့က သူရက်စက်သွားတာ
ရက်တချို့ကအိပ်မရ တခါတလေ အိပ်မဝ
မီးစက်သံတွေ ကားသံတွေကြား
တချိန်တခါက ချွဲသံလေးကိုလဲ လွမ်းနေရသေးတယ်
ဒါတစ်ရက်ပဲရှိပါသေးတယ်
ငါ့ခေါင်းထဲမှာတော့ စက်သံတွေကြီးပဲ"
"လူတစ်ယောက်ရဲ့စိတ်ကို
အကျဥ်းချထားပြီး ပြန်လာကြည့်ပြန်ပြီ
လူတစ်ယောက်ရဲ့စိတ်ကို
အကျဥ်းချထားပြီး ပြန်လာကြည့်ပြန်ပြီ
လူတစ်ယောက်ရဲ့စိတ်ကို
အကျဥ်းချထားပြီး ပြန်လာကြည့်ပြန်ပြီ"
"ဘယ်ကနေ စ ချစ်ပေးရမလဲ
ဘယ်လို ဘယ်ပုံ စချော့ရမလဲ
မဝေးအောင် ဘယ်လိုဆွဲထားရမလဲ
ငါ့လိုဖြစ်နေတဲ့လူတွေကို
ငါ့လိုမဖြစ်အောင်ဘယ်လိုတားရမလဲ. . . "
"သူ မနေ့ကကျွန်တော့်ကိုထားခဲ့တယ်
ကျွန်တော် မနက်ဖြန်သူ့ကိုထပ်ရွေးမယ်. . .
တရားပါတယ်"
"ငါဟာ စီးကရက်ရှိုက်ရင်း
တိမ်တွေပေါ်မှာ စောင့်နေခြင်းတမျိုးပါပဲ"
"ပြောပြချင်ပါသေးတယ်
နဂါးတစ်ကောင်ကို ချစ်မိသွားတဲ့
ရဲဘော်တစ်ယောက်ရဲ့ အကြောင်းတွေ"
"ငါ့အဖြစ်က ဆန့်ကျင်ဘက်ကိုဆင်းတဲ့
စက်လှေကားပေါ်ကိုမှ ကျောခိုင်းပြီးပါသွားခဲ့တာ. . . "
အိမ်ကိုလွမ်းတယ် မာရီယာရယ်. . .
တိုက်ဆိုင်မှုတော့ မရှိပါဘူး . . .
ဒီအတိုင်းပဲ လွမ်းမိပါတယ်. . .
တိုက်ဆိုင်စရာတွေ သိပ်ခါရှာရင်း
မင်းနဲ့ငါနဲ့ နောက်ပြီး အိမ်နဲ့ဝေးသွားမလား. . .
လွမ်းမိပါတယ် မာရီယာရယ်. . .
"မင်းပြန်လာရင် ပြောပြချင်သေးတယ်
စစ်တုရင်ခုံပေါ်က နယ်ရုပ်တွေတောခိုနေကြောင်း. . .
Food blogger တွေရဲ့ မြင့်မြတ်တဲ့တိုက်ပွဲတွေရဲ့အကြောင်းတွေ"
"စီးကရက်ဘူးပေါ်မှာ ငါအိပ်ပျော်သွားတာ
မာရီယာ. . . နိုးလာတော့မင်းမရှိတော့ဘူး
ငါ့အထင် ငါ့ဘဝထဲ စီးကရက်ဘူးပဲကျန်တယ်"
"ကွာရှင်းစာချုပ်ကို လက်မှတ်ထိုးတဲ့နေ့က သူရီတယ်
သူ့အိမ်မှာ ပါတီပွဲတောင်ကျင်းပလိုက်သေးတယ်
ယောကျ်ားတစ်ယောက်
ဘယ်လို ပုံအောရတာတွေသူမသိဘူး. . .
ယောကျ်ားတစ်ယောက်
ဘယ်လို ငိုကြွေးရတာတွေသူမသိဘူး. . .
ကွာရှင်းစာချုပ်ကို လက်မှတ်ထိုးတဲ့နေ့က ငါငိုတယ်
ငါ့ရင်မှာ စျာပနာပွဲတောင်ကျင်းပလိုက်သေးတယ်"
"အဆိပ်အတောက်တွေကို နံရံမှာပန်းလိုက်တယ်
အချစ်တွေ. . . ကျန်နေခဲ့. . . ကျန်နေစဲ
အဆိပ်အတောက်တွေက ငါ့ရင်ထဲကို
မင်းလိုပဲဝင်လာတယ် ငါ့ကလီစာတွေကို
စားသုံးပြီး ပြန်လည်ထွက်ခွါ"
"၁၂နာရီ ၁ဝမိနစ်တိတိမှာ
နာရီစင်ကို ငါရောက်သွားတာ. . . မာရီယာ
သူတို့ငါ့ကို အလုပ်ဖြုတ်ခဲ့တယ်. . .
မင်းရဲ့သွေးကြောတွေ အချိန်တိကျတက်ပုံများ"
"မဖြစ်နိုင်တဲ့အရာနောက်ကိုလိုက်ရင်
ငါthayသွားဖို့ပဲရှိတယ်. . . ကိုယ့်လူရ. . .
မင်းအားနာ. . . "
"မာရီယာရဲ့ ကိုယ်ရေးရာဇဝင်ကိုပဲ
နေ့တိုင်းငါရှာနေခဲ့တယ်. . . "
ဒီစာအုပ်မှာ မာရီယာ့ရဲ့အပြုံးတွေအကြောင်းပါတယ်
မာရီယာ့ ရင်ထဲကလူတွေရဲ့ ရာဇဝင်တွေပါတယ်
ငါ့လိုလူကို ထားခဲ့ပြီး မာရီယာဘာကြောင့်
အဝေးထွက်သွားရလဲဆိုတာတွေပါတယ်. . .
မင်းတကယ်လှနေတယ် မာရီယာ
ဖိတ်စာပေါ်က လာဗင်ဒါပန်းရနံ့တွေလို လှနေတယ်
နူးညံ့တဲ့ ဂီတသံတွေလိုလှနေတယ်
မင်းဝတ်ထားတဲ့ဝတ်စုံနဲ့ မင်းရဲ့ဆံထုံးလိုလှနေတယ်
ငါတကယ်နောင်တမရပါဘူး. . . မင်းတကယ်လှနေပါတယ်
11/3/22
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
အမှတ် ၁၂၆၃, မြေညီထပ်, သီရိလမ်း, မေတ္တာညွှန့်ရပ်ကွက် , တာမွေမြို့နယ်, ရန်ကုန်မြို့။
Yangon, 11131
Graphic Drawing Tablet & Digital Art Pads with Screen