Logo Myanmar Co.,ltd Management Services
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Logo Myanmar Co.,ltd Management Services, Consulting Agency, Parami Road, Yangon.
The main services available to us are trademark registration with reasonable price and good service.We are always striving to satisfy our clients.We also provide other services related to co.,ltd. Logo Myanmar မှနွေးထွေးစွာကြိုဆိုပါတယ်ရှင်။
လူကြီးမင်းတို့၏ အမှတ်အသားတံဆိပ်များမူပိုင်ခွင့်မှတ်ပုံတင်ခြင်းများကို စျေးနှုန်းချိုသာစွာဖြင့် လျှင်မြန်မှန်ကန်စွာ စိတ်ကျေနပ်မှု့အပြည့်အဝရစေဖို့အတွက်
ဝန်ဆောင်
လွဲမှားတတ်ကြတဲ့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်း နှင့် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်သွင်းမြွတ်ဟကြေငြာစာချုပ်ချုပ်ဆိုခြင်း 🤦♀️
ကုန်အမှတ်တံဆိပ် မှတ်ပုံတင်သွင်းကြေငြာ
စာချုပ်ချုပ်ဆိုခြင်းသည် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်လုပ်ဆောင်ပေးသော လုပ်ငန်းစဥ်တစ်ခုဖြစ်ပါသည်။ရန်ကုန် သို့ မန္တလေး မြို့နယ်အသီးသီးက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ချုပ်ဆိုလို့ရနိုင်ပါသည်။
အိမ်ခြံမြေ အရောင်းအဝယ်အငှားများ၊ကားအရောင်းအဝယ်အငှား အစရှိသဖြင့် မိမိတို့ချုပ်ဆိုထားသောစာချုပ်စာတမ်းများတရားဝင်ဖြစ်ဖို့အတွက် စာချုပ်စာတမ်းရုံးတွင်မှတ်ပုံတင်ရခြင်းဖြစ်ပါသည်။ဒီသဘောသဘာဝအတိုင်းပါပဲ မြန်မာနိုင်ငံမှာ အခြားသောနိုင်ငံတွေလိုမူပိုင်ခွင့်ဥပဒေ မရှိသေးတဲ့အတွက် မိမိရဲ့အမှတ်တံဆိပ်လေး cover ဖြစ်ဖို့အတွက် စာချုပ်စာတမ်း ရုံးမှာ မှတ်ပုံတင်ချုပ်ဆိုထားရပါတယ်ရှင်။
2020 သြဂုတ်လ ( 28) ရက် မှာ
Department of Intellectual Property ကနေ
အမိန့်အမှတ် 63/2020 ဖြင့် ကုန်အမှတ်တံဆိပ် အဟောင်းများ မဖြစ်မနေ ပြန်လည်မှတ်ပုံတင်ရန်
ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ဒီထုတ်ပြန်ချက်
မတိုင်ခင်ထိ စာချုပ်စာတမ်း ရုံးမှာ မှတ်ပုံတင်ခြင်းသည် မြန်မာနိုင်ငံက ကုန်အမှတ်တံဆိပ် ပိုင်ရှင်များအနေဖြင့် လုံလောက်တဲ့ အတိုင်းအတာဖြစ်ခဲ့ပါတယ်။
အမိန့်အမှတ် 63/ 2020 ထွက်လာခဲ့တော့
Ipd. gov ရဲ့ System ဖြစ်တဲ့ Wipo file acc မှ ပြန်လည်မှတ်ပုံမတင်ခဲ့ရင် စာချုပ်စာတမ်းရုံးက စာချုပ်များသည် မူပိုင်ခွင့်ဥပဒေမှာ အသက်မဝင်ကြောင်း ကြေငြာခဲ့ပါတယ်။
မိမိက စာချုပ်ချုပ်ဆိုထားသော်လည်း
တစ်ခြားသူက စာချုပ်မချုပ်ဆိုပဲ WIPO File က တစ်ဆင့်တင်သွားခဲ့ရင် WIPO file မှာတင်တဲ့သူပဲ မူပိုင်ခွင့်ရရှိမှာဖြစ်ပြီး မိမိကတော့ စာချုပ်ကိုပဲပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။အဲ့တာကြောင့် WIPO File acc က တစ်ဆင့် မူပိုင်ခွင့်မှတ်ပုံတင်ရခြင်းဖြစ်ပါတယ်ရှင်။
ကုန်အမှတ်တံဆိပ်မှတ်ပုံတင်သွင်းကြေငြာ
စာချုပ်ချုပ်ဆိုခြင်းသည် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးရဲ့ လုပ်ဆောင်မှုဖြစ်ပြီး ပုံမှန် (2) ပတ်အတွင်း ရရှိပါတယ်။
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်းသည်
Ipd. gov က လုပ်ဆောင်မှု ဖြစ်ပြီး
WIPo file ကနေ online system ဖြင့် တင်ရခြင်းဖြစ်ပါသည်။ဥပဒေအာဏာတည်ဖို့ကြိုးစားနေတုန်းဖြစ်ပြီး လက်ဦးမှု ရယူဖို့အတွက် filing date ဦးအောင် လျှောက်လွှာတင်ခိုင်းထားတုန်းအချိန်ပဲ ရှိပါသေးတယ်ရှင်။အမြန်ဆုံး အာဏာတည်နိုင်ဖို့အတွက်လည်း ကြိုးစားလျှက်ရှိကြောင်း သိရပါတယ်။
လူကြီးမင်းများအနေနဲ့ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်း ဆိုတာနဲ့ စာချုပ်နဲ့ မူပိုင်ခွင့်ကို ရှင်းရှင်းလင်းလင်းသိသွားပြီထင်ပါတယ်နော်။👍
ကုန်အမှတ်တံဆိပ်မှတ်ပုံတင်စာချုပ်ချုပ်ဆို
ခြင်းလည်း အမြန်လိုချင်တယ် ချုပ်ထားချင်တယ်ဆိုလည်း Logo Myanmar က ဆောင်ရွက်ပေးပါတယ်ရှင်။ 📲09780960096 or cb
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် တင်တာ
ဘယ်အဆင့်ရောက်ပြီလဲ ?
မြန်မာနိုင်ငံမှာ မူပိုင်ခွင့်ဥပဒေကို ခုမှရေးဆွဲအသက်သွင်းနေတာဖြစ်ပါတယ်ရှင်။အဆင့်သုံးဆင့်နဲ့သွားခြင်းဖြစ်ပါတယ်။
(1) ပထမအဆင့်လက်ခံခြင်း
(ဒီကာလမှာ အဟောင်းတွေကိုပဲ မူပိုင်ခွင့်ပြန်တင်ခိုင်းထားပြီး လက်ဦးမှုရယူရမယ့်အချိန်ဖြစ်ပါတယ်။)
(2)ဒုတိယအဆင့်လက်ခံခြင်း
(တင်ပြီးသားအမှတ်တံဆိပ်များကို
အခ ကြေးငွေပေးသွင်းရမှာဖြစ်ပါတယ်။)
(3) ဥပဒေအာဏာသက်ဝင်ခြင်း
မူပိုင်ခွင့်တင်ထားတော့ မှတ်ပုံတင်များကိုလက်ခံခြင်းနှင့် ကုန်အမှတ်တံဆိပ်အသစ်များပါ
လျှောက်ထားလို့ရမှာဖြစ်ပါတယ်။)
ဒီအဆင့်သုံးဆင့်မှာ အခု ဘယ်အဆင့်ရောက်ပြီလဲဆိုတော့ No(1)
ပထမအဆင့်လက်ခံခြင်းမှာပဲ ရှိပါသေးတယ်ရှင်။
ဒုတိယအဆင့် အတွက် ထုတ်ပြန်ကြေငြာချက်မရှိသေးပါဘူး။အချိန်ကာလ အရကတော့ အစိုးရရဲ့ထုတ်ပြန်ကြေငြာချက်နဲ့ အစိုးရရဲ့ လုပ်ငန်းစဥ် ပေါ် မှာပဲ မူတည်ပါတယ်လို့ အသိပေးပါရစေရှင်။
logo Myanmar က အချိန်နဲ့တစ်ပြေးညီ အသိပေးပြီးလုပ်ဆောင်ပေးသွားမှာမို့ စိတ်မပူဖို့လည်း
အသိပေးပါရစေရှင်။🙏
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Parami Road
Yangon