Aung Ta Khon Car Spa & Services
Car Spa
Car Accessories
Car Services
Ford Ranger
Service... polish
Used by sonax 3 step( germany)
ယုံကြည်စွာဖြင့် လာရောက်အားပေးတဲ့အကို ကျေးဇူးအများကြီးတင်ပါတယ်.
အမှတ် ၂၄၆ ဗိုလ်ဇင်ယော်လမ်း
၂၉ ရပ်ကွက် မြောက်ဒဂုံ မန်းဒလေး ဈေးအနီး
၀၉၉၆၈၀၉၂၂၅၆ သို့အသေးစိတ်ဆက်သွယ်စုံစမ်းနိုင်ပါသည်.
🙏🙏🙏🙏🙏
Mitsubishi c**t interior detailing
in premium wash progress
Thanks our valuable customers
Premium Wash
Hyundai Accent
Book on 09696454657
Thanks our valuable customers
😘😘😘😘😘
Mazda premium polish
Thanks our customer
🙏🙏🙏🙏🙏.
ကားမှန်ပေါ်က ရေခြောက်ကွက်
----------------------------
တနှစ်တခါရေးပါတယ်..ပထမဆုံးပြောပြချင်တာက
ရေဆေးပြီးရင် မှန်ကိုခြောက်သွေ့သည်အထိ ရေမသုတ်
တာကြောင့်ရယ် မိုးတွင်းရောက်သည့်အခါ မိုးရေထဲက
ပြန်လာပြီး ရေသုတ်ဖို့ မပြုလုပ်ဖြစ်တာရယ် နောက်နေ့
နေပူထဲကို ရေစိုနေသည့် အတိုင်းပြန်အသုံးပြုသည့်အခါ
အပူရှိန်ဖြင့် ရေခြောက်ကွက်ဖြစ်ပေါ်လာရခြင်းဖြစ်ပါ
တယ်.
မှန်ရေခြောက်ကွက်ဖျောက်သည့်အခါ ကားဘော်ဒီ ပေါ်ရှိ
ဆေးသား(Paint) ရေခြောက်ကွက်ကိုဖျောက်ရတာနှင့်မ
တူညီပဲ ပိုမိုခက်ခဲပါသည်. မှန်တချက်တွင် စက်ရုံကထုတ်
ကတည်းက အော်ရီဂျင်နယ် ကုတ်ထည့်သွင်းထားပါ
သည် ။ မှန်အသားထဲတွင်လည်းပါသလို မှန်အပြင်ဘက်
အပေါ်တွင်လည်းပါ ပါသည်။ သို့ပါသော်ကြောင့်မှန်ပေါ်
ရှိရေခြောက်ကွက်ကို ဖျောက်သည့်အခါ အန္တရယ်ရှိပါ
သည်။ နည်းစနစ်ကျကျဖြစ်ရမည် အသုံးပြုသည့်ဆေး
စက်မှာတပ်ဆင်သည့် ပါတ်(Pad) အရေးကြီးပါသည်။
မှန်ကိုပေါလစ်တိုက်မည်ဆိုပါက မှန်အတွက်သီးသန့်
ထုတ်လုပ်ထားသည့် ဆေးများရှိပါသည်။ ဂျီးပြောင်ရင်
ပြီးရေ ကြုံရာဆေးအသုံးပြုလို့မရပါ
ရားဘင်းများအသုံးပြုသည့်အခါ အက်စစ်ဓါတ်ပါဝင်၍
မှန်ပေါ်ရှိ ကုတ်အားဖြတ်ပြစ်သလိုဖြစ်တတ်ပါသည်။
ရေခြောက်ကွက်ပြောင်လတ်သွားဖို့အဓိကထားပြီး အက်
စစ်ဓါတ်ပါသည့် ဆေးဝါးများ/ ပေါလစ်တိုက်သည့်စက်
အရှိန် (RPM) ကိုချိန်ညှိမှု့ မရှိခြင်း ဖြင့်တိုက်လျင် ကုတ်
ပျက်စီးတတ်ပြီး ကားမှန်ဟာ သာမန်မှန်တချက်လိုဖြစ်
သွားသည့်အခါ မှန်ဘီလူးဖြစ်ခြင်း/ မှန်ပေါ်တွင် ပင့်ကူ
အိမ်ကဲ့သို့ Holograms များဖြစ်ပေါ်ခြင်းဖြစ် မှန်ပျက်စီး
စေပါသည်။ မှန်တချက်ပေါ်လစ်တိုက်တော့မည်ဆိုပါက
အချိန်ယူရပါသည် ပင်ပန်းမှု့ဒဏ်ခံနိင်ရပါသည် စိတ်ရှည်
ရပါသည် သတိဖြင့် ပြုလုပ်ရပါသည်။
မှန်ကို စက်ဖြင့်ပေါလစ်တိုက်ခြင်းသာ မှန်ကန်ဆုံးနဲ့အ
ကောင်းဆုံးပါ..မှန်ပေါ်ကို ပေါလစ်တိုက်စရာမလိုပဲ ဆေး
ရည် သုံးပြီးရေခြောက်ကွက်ဖျောက်သည့် ဆေးများကို
တင်သွင်းရောင်းချမှု့များကို တွေ့ဖူးပါသည်။ အကြောင်း
ရင်းရှာသည့်အခါ ထုတ်သည့်နိင်ငံအာမခံမှု့မရှိခြင်း
အောက်လမ်းကဝင်လာသည့် အရေသွေးနိမ့် Brandမရှိ
ဆေးရေများကိုတင်သွင်းရောင်းချ ခဲ့ပြီး Customerများ
မှ မသိနားမလည်ခြင်းကြောင့် ကောင်းမလားဆိုသည့်
စိတ်ဖြင့်ဝယ်ယူသုံးဆွဲမိပြီး မှန်ပျက်စီးခြင်းများဖြစ်ပေါ်
ခဲ့ပါသည်။ ဆေးရည်တွင် အက်စစ်ဓါတ် 99%လောက်
ပါဝင်မှု့ရှိခြင်းကြောင့် အပေါ်ယံကုတ်အလွှာပျက်စီးသွား
ပြီး ကွက်ခြင်း/ အမြင်မကြည်လင်တော့ခြင်း / နေရောင်
ခြည်ဒဏ်မိုးရေဒဏ်ကို ခံနိင်မှု့မရှိတော့ခြင်းများဖြစ်ပေါ်
ပြီး ဆုံးရှူုံးမှု့များဖြစ်ပေါ်ကြပါသည်။ သို့ပါသော်ကြောင့်
ဈေးပေါပေါလွယ်လွယ်ရသည့် အာမခံချက်မရှိသည့်
ဆေးများကို ဂရုတစိုက်သုံးဆွဲကြပါလို့အကြံပြုလိုပါ
သည်။ ဘယ်နိင်ငံကထုတ်သည် မလေးရှား/ တရုတ်/
ဂျပန်စာတန်းများသည် ဒီနိင်ငံတွင်လည်း ရိုက်လို့ရပါ
သည်။ ဂရုပြုကြပါ ..ခုတော့ရောင်းတာမတွေ့ရတော့ပါ
ဘူး..အဓိကကတော့ ဘက်မှနိက ပြဒါးပျက်စီးသွားမှ
ဆေးရည်တွေကပြင်းမှန်းသိကြတာများတာပါ.ဝယ်ပြီး
စမ်းသပ်ကြည့်မှ ကျတော်ကိုယ်တိုင်သိခဲ့ရတာပါ.
ဒါကြောင့် ကားပိုင်ရှင်များအနေဖြင့် မှန်ရေခြောက်ကွက်
ထင်လို့ ဖျောက်ချင်သည့် အခါ သေချာစွာလေ့လာပြီးမှ
ပြုလုပ်ကြပါလို့အကြံပြုအပ်ပါသည်။
နောက်များမှ Detailing လောကမှညီကိုတို့အတွက် မှန်
ပေါ်က ရေခြောက်ကွက်ကို ပေါလစ်တိုက်နည်းများကို
ဖော်ပြပေးသွားပါမည်။
လေးစားစွာဖြင့်
Credit -Gold Car Polish
မကြာခင်မိတ်ဆက်တော့မည့်.
Aung Ta Khon Car spa ရဲ့.အလန်းဆုံးနဲ့အတန်ဆုံး package လေး နဲ့ Swift
ဈေးသက်သာခြင်း နှင့် အရည်သွေး
--------------------------------
စျေးသက်သာတာကောင်းတာပေါ့........
စျေးပေါပေါယူတော့ အလုပ်အပ်သူများတယ်လေ.......
• Brand အကောင်းစား Polish ဆေးဆိုတာသုံးစေချင်ပီး ကားလည်း မထိခိုက်စေချင်ဘူး.. လိုချင်တဲ့ရလဒ်လည်း သေချာရမှာသိရက်နဲ့ပြီးဘာကြောင့် ပေါလစ်တိုက်ရင် ၃----သောင်းလောက်ဘဲ ပေးချင်နေသေးတာလည်း?
• နေ့စဥ်ပြောင်းလဲတိုးတက် နေတဲ့ ခေတ်ကြီးထဲ၊နိုင်ငံတကာမှာ Brand New ကားသစ်တွေကအစ Polish and Coating စနစ်တကျလုပ်ပီး နှစ်ချီ Warranty ပေးပီးရောင်းချနေချိန်မှာ ခုထိ Car Polish ဆိုတာ ပြောင်ဖို့တိုက်တာ မြန်မြန်ပြောင်လက်လေ အစီးရေ များများတိုက်ရမှ တွက်ချေကိုက်လေ လို့တွေးနေတဲ့ ဆိုင်ပိုင်ရှင်တွေလည်း ရှိနေတုန်းပါ။
• ကျနော့်ရဲ့ မိတ်ဆွေ တွေအတွက် Car Polish,Coating and Detailing နဲ့ပတ်သက်တဲ့စာလေးတွေရေးဖို့စဉ်းစားမိလို့သိထားတာလေးတွေကို သိစေချင်တာကြောင့်ရေးဖြစ်ပါတယ်။
• တခါတလေ ကိုယ်ရေးတဲ စာတွေဟာတစုံတယောက်ကို စီးပွားရေး လူမှုရေးတွေ ထိခိုက်သွားမှာကြောင့်မရေးဖြစ်တော့တာလဲပါ ပါတယ်။
• အခု မိတ်ဆွေတွေထဲက တော်တော်များများက Car Polish Brand ဆေးနဲ့ ရိုးရိုး Car Polish ဆေးတွေ စျေးနှုန်း ဘာကြောင့် ကွာလည်းဆိုတာရယ် စျေးကြီးတယ်လို့ ထင်တဲ့ ဆိုင်တွေ ဘယ်လို Service တွေပေးလို့ဘာကြောင့်စျေးနှုန်းတွေမတူကြတာရယ်ကို ရှင်းပြပေးမှာဖြစ်ပါတယ်။
• ပထမဦးစွာ Car Polish Brand ဆေးတွေအကြောင်းရှင်းပြပေးပါမယ်.......
• 🔽🔽🔽
• တရက် ကျနော့်ဆီမှာ ပေါလစ်လာတိုက်တဲ့ Customer တစ်ယောက်က သူပထမ Car Polish and Car Coating သွားတိုက်တာ သူ့ Crown ကို ----------- လောက် ကျတယ်ဆိုတဲ့အကြောင်းပြောပြပါတယ်။
ကျနော် မေးဖြစ်တယ်..အကိုကရော အကို့ကားလေးကို Car Polish and Coating လုပ်လို့ ဘာတွေပြန်ရဖို့ မျော်လင့်ထားလည်း ပေါ့.....
အဲ့ဒီအကိုက မျှော်လင့်ချက်တွေ ကြီးပါတယ် ခင်ဗျ
ကားကလမ်းမ မှာရပ်ရတဲ့ ကားဖြစ်တာကြောင့် လူတွေ ကလေးတွေ လက်ဆော့လို့ဖြစ်တဲ့ အစင်းရာတွေကို မဖြစ်စေချင်ကြောင်း..လမ်းထဲမှာခွေးလေးတွေ ကြောင်လေးတွေ ရှိတာကြောင့် ကားပေါတက်အိပ်ရင် ခြစ်သွားကုတ်သွားတာတွေကြောင့် စိတ်ညစ်တာ သက်သာချင်ကြောင်း....အလုပ်ထဲ ဆိုဒ်ထဲ နေပူထဲတနေကုန်ရပ်ထားရတာကြောင့် နေဒဏ်ခံရတာတွေကြောင့် ဆေးအရောင်မွဲတာတွေကိုလည်း မဖြစ်စေချင်ကြောင်း စသဖြင့်...........တော်တော်လေး မျှော်လင့်ချက်တွေက နွေမိုးဆောင်း ရာသီဥတုအစုံကစလို့ ကားနားကပ်သူ ကမ္ဘာသူ ကမ္ဘာသား သူတော်ကောင်း အပေါင်းရန်ကစလို့ ပေါ့ 😁😁
အဲ့တော့မှ သူပြောရင်း သူမျှော်လင့်ချက်လေးတွေနဲ့ သူပေးရတဲ့စျေးနဲ့ သူ့ကို သေချာရှင်းပြပီးတဲ့ ဆိုင်ကပေးတဲ့ ဝန်ဆောင်မှု့ကို သူစေ့စေ့တွေး ရေးရေးမြင်ပီး သူဘာသာ သဘောပေါက်ပီး ကျနော်ကို ပြုံးပြတော့ ဖြေစရာတောင်မလိုတော့ဘူးပေါ့ဗျာ
ခုနက အကြောင်းလေးပြန်ဆက်ပါမယ်.....
• ဘယ်မှာတိုက်တာလည်းမေးတော့ နာမည်ကြီးဆိုင်တဆိုင်ပါပဲ(နာမည်ကြီးတိုင်း ကောင်းတယ် ပြောတာ မဟုတ်ပါ)
• အဲ့ဒီဆိုင်က Brand ဆေးကို မှန်ကန်စွာသုံးတဲ့ဆိုင်တဆိုင်ပါ။မှန်ပါတယ် ပေးရပါမယ် ဘာကြောင့်ပေးရတာလည်း Brand ဆေးသုံးလို့ပါ....သေချာရှင်းပြတက်လို့ပါ...အာမခံချက်ပေးနိုင်လို့ပါ..မျှော်လင့်ချက်တွေအကုန်မဟုတ်တောင် တစိတ်တပိုင်းတော့ customers အတွက် အခက်အခဲပြသာနာတွေ သက်သာစေလို့ပါ။
တခြားစျေးသက်သာတဲ့ဆိုင်တွေနဲ့ဘာကွာလည်းတဲ့?
• ကွာတာပေါ့သူကအစဆုံး တာယာထိ Branded ဆေးပဲ သုံးရတာလေ....
• ဒီနေရာမှာ Brand ဆေးနဲ့ပတ်သက်ပြီးအရင်ပြောပြပါမယ်...Professional Car Polish and Coating Brand ဆေးတို့မည်သည် ဘယ်ကားပစ္စည်းဆိုင် မည်သည့် Shopping Center မှာမှ အလွယ်တကူဝယ်လို့မရပါ။
• ကျနော်ပြောချင်တာက Pro ဆေးတွေပါ။လုပ်ငန်းသုံးပေါ့ ...တချို့ ဈေးဝယ်Center တွေမှာ လည်း Brand ဆေးတွေရှိပါတယ်။ ဒါပေမယ့် DIY ပဲရပါမယ် ...DIY ဆိုတာက ကားကိုစိတ်ဝင်စားလို့ကိုယ်တိုင်အိမ်မှာ ဝါသနာအရ ပြုလုပ်ချင်တဲ့သူတွေအတွက် ထုတ်လုပ်ပေးထားတာကို DIY လို့ခေါ်ပါတယ်
• ကိုယ်တိုင်ပြုလုပ်ချင်သူတွေအတွက်ပါ ခဏတာပေါ့ Car Polish ဆေးတွေလည်းရှိတယ် ဖယောင်းတွေလဲရှိတယ်...အတွင်းခန်းလျော်တဲ့ဆေးရေတွေလဲရှိတယ် ကားကို Shining ဖြစ်အောင်ပြုလုပ်တဲ့ဆေးတွေလဲရှိတယ်။ ဒါပေမယ့် အဲ့ဆေးတွေကတော့
ခဏပဲခံပါတယ် အလွန် ဆုံး၅ရက်ပေါ့
• ဒါပေမယ့်အဲ့ဒါတွေဟာ Car Polish/Spa/Detailing ဆိုင်တွေအတွက် Professional အတွက်သုံးလို့မရပါဘူး။ခဏတာအတွက်တွေက များပါတယ်။ရေရှည်အတွက်ကောင်းဖို့ဆိုရင်တော့ Professional ဆေးတွေစနစ်တကျ သုံးရပါတယ်။
• Branded ဆေးတွေတော်တော်များများသိသလောက်ကတော့ Branded ဆေးတမျိုးအသုံးပြုတော့မယ်ဆိုရင် တာဝန်ယူမှုတာဝန်ခံမှု့ အာမခံချက်တခုခုရှိရပါမယ်။ ဆိုင်ရှင်တွေ သုံးစွဲသူအတွက် စည်းကမ်းချက်တွေလည်းအများကြီး ရှိပါတယ်။
ဆေးတွေကို ရောနှောပြီးသုံးဆွဲလို့မရပါဘူး.ဆေး
ကုမ္မဏီတွေက ကိုယ့်ကို သူဆေးသုံးဆွဲကြောင်း/မှန်ကန်
ကြောင်းကို ကြော့်ငြာတင်ပေးပါတယ်.မမှန်ကန်သုံး
စွဲရင်လည်း သတိပေးချက်တွေ/အသုံးပြုခွင့် ရပ်ဆိုင်းတာတွေပြုလုပ်ပါတယ်။
👉မှန်ပါတယ်..တချို့ဗူးပေါ်ကတံဆိပ်ပြပြီးဆေးကို တကယ်မှန်မှန်ကန်ကန် မသုံးဆွဲတဲ့ နေရာတွေ ရှိပါတယ်။
• (တချို့ Company တွေလည်း အရေအသွေးထိန်းသိမ်းဖို့ နည်းစနစ် အမျိုးမျိုးတွေသဘောတူညီချက် အမျိုးမျိုးတွေ ရှိကြပါတယ်)
• ဒီလိုသာဆို ရောချင်တဲ့ဆေးရောပြီး သုံးချင်သလိုသုံးရင် Brand နာမည်ပျက် ပါလိမ့်မယ်...
• ဒီတော့သူ့ဘက်ကိုယ့်ဘက်ကြည့်ရပါလိမ့်မယ်...ကိုယ်ဘက်ကလည်း မှန်မှန်ကန်ကန်သုံးဆွဲ ပေးရမှာပါ...
• ဒါမှလည်း အကုန်ကျခံပီး ပြီးလုပ်ထားတဲ့ Customer အတွက်လည်း စိတ်ကျေနပ်မှု့ရမယ် ကားလည်းမထိခိုက်ဘဲ လိုအပ်တဲ့အရေအသွေး ရမယ်။စေတနာထား ပြီး မျှမျှ တတ လုပ်ရင်အောင်မြင်ပါတယ်။
• နောက်တခုက နည်းစနစ်ပါ .. Car Polish Brand ဆေးတခုစီတိုင်းမှာ သူနည်းစနစ်နဲ့သူရှိပါတယ်..ဒါတွေကိုသိဖို့ကအရေးကြီးပါတယ်
• Step By Step နဲ့သွားရတာပါ...ဘယ်အဆင့်ပြီးရင်ဘယ်အဆင့် လာမယ်..ဆိုတာကောင်းကောင်းသိရမှာပါ..အဲ့လိုသိရဖို့ စာတွေဖတ်ရပါတယ်/လေ့လာ လေ့ကျင့် ရပါတယ်။
[ ] • ပေါလစ်စက်လည်ရုံ ကိုင်တတ်ရုံနဲ့ Car Polish တိုက်တတ်ပါပြီလို့ ပြောလို့လုံးဝမရပါဘူး။ဘယ်ကားလာရင် ဘယ်လို ဘယ်ဆေးသုံးရင်ဘယ်လို စသည်ဖြင့် စနစ်တကျ နားလည်တက်ကျွမ်းနေဖို့လိုပါတယ်။မီးပလပ်ထိုး စက်လည်ပီးတွေ့ရာဆေးနဲ့ လိုက်တိုက်တာက ဂျီး ချွတ်တဲ့အဆင့်လောက်ပဲရှိပါတယ်။
Brand ဆေးသုံးတော့မယ်ဆိုရင် အစဆုံး Setလိုက် ဝယ်ရပါတယ်။
• ရင်းမလားမရင်းကြပါဘူး။
• နားမလည်ကြသေးတာလည်းပါပါတယ်...
• နားလည်သွားရင်တော့မပြောတတ်ဘူး။တချို့မြင်ဖူးပါတယ်..ကျနော်ခုနကပြောတဲ့ DIY တွေဝယ်ပြီး ဒီ Brand ဆေးသုံးပါတယ်ဆိုပြီး ပေါလစ်တိုက်ကြပါရော... ဗူးတွေကတော့ Brand တံဆိပ်တွေပါ။
• ဒါပေမယ့်အထဲကဆေးကတော့ရောင်စုံပေါ့ဒီလိုမျိုးလုပ်ရင်တော့ဆေးကုမ္မဏီလဲ နစ်နာသလို ကိုယ့်ကိုယုံကြည်ပြီး အလုပ်အပ်တဲ့Customer လဲနစ်နာပါတယ်... ပိုက်ဆံရဖို့တခုထဲအတွက်ကြည့်ပြီး လုပ်ရင်တော့ဒါဟာ မကောင်းတဲ့အလုပ်တခုပါပဲ...
• တကယ်သုံးကြည့်ကြပါ..ကြိုက်တဲ့ Brand တံဆိပ်သုံးကြည့်ပါ။ဆိုင်ရှင်တွေအတွက် တွက်ချေ ကိုက်ပါတယ်။
• ကိုယ်ယူတဲ့စျေးနဲ့ Service လုပ်လို့ကုန်ကြတဲ့ ကုန်ကြစရိတ်ကိုပြောတာပါ။Customers တွေလည်း ရရှိ တဲ့ဝန်ဆောင်မှု့နဲ့ ကွာလတီ အပေါ စိတ်ကျေနပ်ပါတယ်။
• ဒီ့ထက်အသေးစိတ်တွက်ချက်ပြရင်တော့မကောင်းဘူးလေ။
• Brand ဆေးတွေအများကြီးရှိကြပါတယ်..တံဆိပ်ပေါင်းစုံ Company ပေါင်းစုံ ဆေးပေါင်းစုံပါ။
တခုပြောချင်တာက Brand ဆေးတိုင်း ကားတိုင်း
ကို အသုံးဝင်ပါတယ် လို့မပြောဘူး.တချို့ဆေး
တွေက ထုတ်လုပ်မှု့ကြာမြင့်တာ အောက်လမ်းက
ဝင်လာတာတွေ / ဒိတ်လွန်တွေလည်းရှိ
တတ်ပါတယ်။Brand ဆေးတွေက ဈေးမပေါပါ။ဝယ်ယူသုံးစွဲသည့်အခါ အထူးဂရုပြုပီး အတုအစစ်ခွဲခြားတက်ဖို့ လိုပါတယ်။Made in USA ကို မြန်မာပြည်မှာလည်း တံဆိပ်ရိုက်နှိပ်လို့ရပါတယ်။
• ဟိုးအရင် ကားဟောင်းများကြွေသားဆေးအထူကြီးတွေကို ပုံမှန်လက်ဆင့်ကမ်းပြီး ပေါလစ်တိုက် တတ်လာတဲ့သူအတွက် Brand ဆေးပေးသုံးလိုက်တဲ့အခါ တော်တော်ခက်ခဲသွားပါပြီ...သူမသိဘူးလေ။ဘယ်ဆေးသား မျက်နှာပြင် ဘယ်ဆေးသား ဘာအရောင်တွေမှာဘယ်အဆင့်သုံးရမယ် ဆိုတာတွေ မသိတော့ဘူး။
• သူရဲ့ အသိထဲမှာ ခေါက်ရိုးကျိုးနေတာက RUBBING /KIT တိုက်ရင် ပြောင်တယ်ဒါပဲသိတယ် ..ပြီးရင် 99 Wax လေးပြန်တိုက်လိုက်ပြီးပြီ။
• Car Polish,Coating and Detailingဆိုတာဘာလည်း/ဘာလို့ Car Polish နိုင်ငံတကာမှာ တိုက်နေတာလည်း/ဘာတွေအကျိုးရှိလည်း/ဘာကြောင့် Car Polish and Coating လုပ်နေကြတာလည်း သူကိုယ်တိုင်လည်း မသိသလို Customers တွေမေးရင်လည်း လှချင်လို့လေ ပြောင်အောင်မို့လား သေချာပေါလစ်ပွတ်ပေးမယ် အဲလောက်အပြင်သူမသိပါ/နောက်ပိုင်း ကိစ္စ အရောင်ကျတာ ရေရှည်မခံတာ ပေါလစ်တိုက်ပီး ဘာမှမထူးခြားလာတာ ဆေးသားထိခိုက်တာ ဘလာ ဘလာ .......သူနဲ့မဆိုင်ပါ။
• ဒါဆို Car Polish တစီးပြီးသွားပြီအချိန်ကုန်လည်း သက်သာတယ် ကုန်ကျစရိတ်လည်းမများဘူး
• နောက်ထက်ဘာတွေးလဲ?တခါထဲ တဆင့်ထဲနဲ့ပြီးသွားအောင် RUBBING ထဲမှာ ဖယောင်းရောလိုက်တယ်..MIX လုပ်လိုက်တယ်။ဒါဆိုနှစ်ခါတိုက်စရာ မလိုတော့ဘူး..အစီးရေလဲ များများရမယ်..ကျန်တာမသိဘူး သူဌေးအကြိုက်ပေါ့...
• သူကြောင့်အကုန်ကျ သက်သာလို့ ချီးကျူးခံရရင် ကိုယ်လည်း မျက်နှာရမယ် နည်းလားပေါ့။
ကဲ အဲ့ဒီတော့ Customers တွေအနေနဲ့ အကုန်ကျနည်းနည်းနဲ့ သိန်းရာချီ ထောင်ချီ တန်ဖိုးရှိတဲ့ မိတ်ဆွေတို့ရဲ့ကားလေးတွေကို ထိခိုက်ခံပီး မြန်မြန်ပြောင်ပီးရော လိုချင်လား
ဆိုင်ပိုင်ရှင်တွေ အနေနဲ့လည်း စရိတ်နည်းနည်းနဲ့ မြန်မြန်ပြောင် အစီးရေ များများရ နာမည်ပျက်ချင်ပျက် မပျက်ချင်နေ လုပ်ကြမလား။
ဒါဆို သိသင့်တာလေးတွေလည်း သိပီးပီ
Customers တွေကိုယ်တိုင် ဆိုင်ပိုင်ရှင်တွေ ကိုယ်တိုင်မှန်ကန်စွာ ရွေးချယ် ဆုံးဖြတ်နိုင်ကြပါပီ။
::အချိန်ပေးပီး ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်
သိချင်တာရှိရင်လည်း မေးနိုင်ပါတယ် ခင်ဗျာ
အမြင်မတူတာ ရှိရင်လည်း ဆွေးနွေးနိုင်ပါတယ်
Credit to Sir Aung Aung Oo(gold car polish)
Special cleaning for toyota wish
Honda Civic Engine bay cleaning
Suzuki Ertiga
Polish
Used by Meguiars
Chemical guys
Thanks Coustomer
Toyota Wish
Polosh &
Head Light Restoration service
Used by
chemical guy
Sonax
Meguiars
Thanks Customer
Vitz
Polish
Interior wash
Head light restoration
Used by
Chemical guy
Meguiars
Sonax
Special Thanks.
Hello ပရိတ်သတ်ကြီး. Covid ကာလထဲမှာ အဆင်ပြေကြရဲ့လား.
ကျွန်တော်တို့ဆိုင်ကတော့ upgrade တွေလုပ်ထားပါတယ်နော်.
Honda oddysey လေးကို premium polish လေးလုပ်ပေးဖြစ်ပါတယ်.
တစ်ပုံချင်းစီသေချာကြည့်ပေးပါနော်.
ဆိုင်လည်း ပြန်ဖွင့်နေပါပြီလို့😘😘😘.
Ipsum လေး အတွင်းခန်းလျှော်. ဆိုင်မှာအတွင်းခန်းလျှော်ရင် ဒီလိုမျိုး .air corn ကို fan ဖြုတ်ဆေးပေးပြီး. အတွင်းထဲထိပါ ရေနွေးငွေ့နဲ့ ဆေးပေးပါတယ်နော်. ..
🚘ဘာကြောင့် မှန်စတစ်ကာ ကပ်သင့်သလဲ...........................................................
မှန်စတစ်ကာကပ်တယ်ဆိုတာ
တကယ်တော့ အလှသက်သက်မဟုတ်ပါဘူး။
ဒီပို့စ်မှာတော့ မိတ်ဆွေတို့ကားကို မှန်စတစ်ကာ
ကပ်သင့်တဲ့အကြောင်းအရင်းများ ပြောပြလိုပါတယ်။
👉 သင့်ကားအတွင်းခန်း အရောင်ပြယ်လွင့်ခြင်းမဖြစ်အောင် ကာကွယ်ပေးခြင်း
✅မှန်အလုံပိတ်ပြီး အဲကွန်းဖွင့်ပြီးမောင်းပေမယ့် စတစ်ကာမပါတဲ့ မှန်အကြည်သားဟာ တိုက်ရိုက်နေရောင်ခြည်နဲ့ အပူဒဏ်ကို ကာကွယ်နိုင်စွမ်းနည်းလို့ ကားရဲ့အတွင်းခန်းကို ခုံအစွပ်တွေ၊ ဒက်ရှ်ဘုတ်အဖုံးတွေ အရောင်ပြယ်လာတတ်ပါတယ်။ ကားမှန်စတစ်ကာကပ်လိုက်လျှင် တိုက်ရိုက်နေရောင်ကျရောက်ပြီး ထိုင်ခုံအသားတွေ၊ လယ်သာအသားတွေ အရောင်ပြယ်လွင့်ခြင်း သက်သာသွားပါလိမ့်မယ်။
👉 ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်ခြင်း
✅နေရောင်ခြည်နဲ့ ထိတွေ့ဖန်များရင် ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေရင့်ရော်တတ်ပါတယ်။ အစက်အပြောက်တွေ ဖြစ်နိုင်ပါတယ်။ မှန်စတစ်ကာကပ်ထားလိုက်ရင် နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်ပါတယ်။
👉 ကားအတွင်းပိုင်း အပူချိန်ကို ထိန်းညှိပေးနိုင်ခြင်း
✅မိတ်ဆွေတို့ရဲ့ကားမှန်ဟာ စတစ်ကာမပါတဲ့ မှန်အကြည်ဆိုရင် နေရောင်ခြည်ကြောင့်အပူချိန် ပိုမြင့်ပြီး အဲကွန်းလည်း အလုပ်ပိုလုပ်ရပါတယ်။ နွေရာသီလို ပူအိုက်တဲ့အချိန်မျိုးမှာ မှန်စတစ်ကာကပ်ထားရင် အတွင်းခန်းအပူချိန်ကို ၅၀ရာခိုင်နှုန်းကျော်ကျော် လျှော့ချပေးနိုင်ပါတယ်။ အပူချိန်သာမကပဲ အလင်းပြန်မှုကိုပါ လျှော့ချပေးလို့ အမြင်အာရုံထိခိုက်ခြင်းကို ကာကွယ်ပေးပါတယ်။
👉 မှန်ကွဲလျှင် အကာအကွယ်ဖြစ်ခြင်း
✅ကားမတော်တဆမှုဖြစ်တဲ့အခါ
မှန်အကွဲတွေလွင့်စင်ပြီး လူကိုအန္တရာယ်ပေးတတ်ပါတယ်။ မှန်စတစ်ကာကပ်ထားလိုက်ရင် ထိခိုက်မှုတခုခုကြောင့် လေကာမှန်ဖြစ်စေ၊ ဘေးမှန်ဖြစ်စေ ကွဲအက်သွားရင်တောင် လွင့်စင်ထွက်ခြင်းမရှိတော့ပါဘူး။
👉 လုံခြုံစိတ်ချရမှုရှိခြင်း
✅မှန်စတစ်ကာကပ်ထားလိုက်ရင် အပြင်ကနေ အလွယ်တကူမမြင်နိုင်လို့ privacy ကောင်းကောင်းရပါတယ်။ တနေရာရာမှာရပ်နားထားရင်တောင် ကားအတွင်းပိုင်းမှာ ဘာပစ္စည်းတွေရှိသလဲဆိုတာ အပြင်ကနေ အလွယ်တကူမမြင်နိုင်ပါဘူး။ တကယ်လို့ မသမာသူတဦးဦးက မှန်ကိုခွဲပြီး ကားအတွင်းက ပစ္စည်းကို ယူမယ်ဆိုရင်တောင် အလွယ်တကူ ခိုးယူနိုင်ခြင်း မရှိပါဘူး။
………………
🔷အရည်အသွေးကောင်းပြီး စိတ်ချရတဲ့ မှန်စတစ်ကာတွေကပ်ချင်ရင်တော့ ကျွန်တော်တို့ရဲ့ Aung Ta Khon Car Spa & Services ကို ဆက်သွယ်လိုက်ပါ။
🔷 မှန်စတစ်ကာကပ်ပေးသူများဟာ မလေးရှားပြန် ကျွမ်းကျင်အဆင့် pro များဖြစ်လို့ လက်ရာသေသပ်မှုအပိုင်းကိုလည်း ရာနှုန်းပြည့်စိတ်ချနိုင်ပါတယ်။
🔷ကိုဗစ်ရောဂါကြောင့် အပြင်မထွက်ချင်ရင်၊
Services Center ကို မလာချင်ရင်လည်း
ကျွန်တော်တို့ဆီကိုသာ ဖုန်းဆက်လိုက်ပါ။
🔷လူကြီးမင်းတို့ဆီ Mobile team စေလွှတ်ပြီး အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။
အမျိုးအစားနဲ့ ဈေးနှုန်းတွေကတော့
✅Thailand made မှန်စတစ်ကာ
ကားမှန်တစ်ပေါက် ၇၀၀၀ ကျပ်
ရှေ့မှန်ကြီး ၄၀၀၀၀ ကျပ်
နောက်မှန်ကြီး ၁၅၀၀၀ ကျပ်
✅USA made မှန်စတစ်ကာ
ဘေးမှန်တစ်ပေါက် ၁၅၀၀၀ ကျပ်
ရှေ့မှန်ကြီး ၁၂၀၀၀၀ ကျပ်
နောက်မှန်ကြီး ၄၀၀၀၀ ကျပ်
စသဖြင့် ဖြစ်ပါတယ်။
🕖 ကျွန်တော်တို့ Service center မှာ
နေ့စဉ် နံနက် ၇ နာရီမှ ည ၇ နာရီထိ
ပိတ်ရက်မရှိ ၀န်ဆောင်မှုပေးနေပါတယ်။
📌 လိပ်စာကတော့ -
အမှတ် ၂၄၆၊
ဗိုလ်ဇင်ယော်လမ်းနှင့် အောင်တံခွန် (၅) လမ်းထောင့်
ပင်လုံလမ်းမကြီးအနီး၊ (၂၉) ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရန်ကုန်။
☎️Ph – 09696454657
👉အကောင်းဆုံး၀န်ဆောင်မှုတွေရနိုင်ဖို့
Aung Ta Khon Car Spa & Services ကို ဆက်သွယ်လိုက်ပါခင်ဗျာ
🌧️‘ကားဆေးပြီးမှ မိုးရွာရတယ်လို့ကွာ။
ဒီလိုမှန်းသိ မဆေးသေးပါဘူး’
ဆိုတဲ့ စကားကို မကြာခဏ ကြားဖူးကြပါလိမ့်မယ်။
🚘သဘောကတော့ ကားသန့်ရှင်းရေးအတွက်
မိုးရွာတာကို အားထားတဲ့ သဘောပါ။
မိုးရွာခြင်းဟာ ကားသန့်ရှင်းရေးအတွက် အကူအညီပေးရာရောက်တယ်လို့ ယူဆကြပါတယ်။
🌧️တကယ်တော့ ရွာချလိုက်တဲ့ မိုးရေဟာ
မိတ်ဆွေတို့ရဲ့ကားကို သန့်ရှင်းစေမှာ မဟုတ်ပါဘူး။ အပြင်ပန်းအရ ရေဆေးချလိုက်သလိုထင်ရပေမယ့် လက်တွေ့မှာ မိုးရေကယူလာတဲ့ အမှုန်အမှိုက်တွေ ကားပေါ်ကို ကျလာမှာဖြစ်ပါတယ်။
အထူးသဖြင့် သစ်ပင်အောက်၊
တံစက်မြိတ်အောက် ရပ်ထားချိန်ဖြစ်ပါတယ်။
👉ဒါ့အပြင် မိုးစက်မိုးပေါက်ဟာ မိတ်ဆွေတို့ရဲ့ကားပေါ်မှာ အက်ဆစ်ဓာတ်ကဲတဲ့ အမှုန်အမွှားတချို့ကို ယူဆောင်ပေးလာနိုင်ပါတယ်။
👉မိုးစက်များ ခြောက်သွေ့ထားတဲ့အခါ ကားပေါ်မှာ ကျန်ခဲ့တဲ့ အစက်အပြောက်များဟာ ကားရဲ့ဆေးသားကို ထိခိုက်စေပါတယ်။
👉မိုးစက်မိုးပေါက်များကနေ မြေသားပေါ်ကို ကျဆင်းပြီး ပြန်စင်လာတဲ့ ရွှံ့သဲများဟာ သင့်ကားအောက်ပိုင်းကို ကပ်ငြိနိုင်ပါသေးတယ်။
✅ဒီတော့ အမိုးအကာအောက်မထားဘဲ
မိုးရေထဲပစ်ထားတဲ့ ကားတစီးဟာ ရေရှည်မှာ ဆေးသားထိခိုက် ပျက်စီးလာနိုင်ပါတယ်။
✅ဒီတော့ ကားဆေးတော့မယ်ဆိုရင် မိုးရွာခြင်း မရွာခြင်းကို စောင့်ကြည့်မနေပါနဲ့။ မိုးရွာပြီးချိန်မှာလည်း အမှုန်အမှိုက်တွေ ကပ်ငြိမနေအောင် ကားကိုဆေးသင့်ပါတယ်။
………………………………….
🚘မိတ်ဆွေတို့ရဲ့ကားကို
အကောင်းဆုံးသစ်လွင်သွားအောင်
သန့်ရှင်းချင်တယ်ဆိုရင်တော့
ကျွန်တော်တို့ရဲ့ Aung Ta Khon Car Spa & Services ကို ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
🚘မိတ်ဆွေတို့ရဲ့ကားကို ယုံကြည်စိတ်ချရတဲ့
ကျွမ်းကျင်လုပ်သားများနဲ့
🕖 နေ့စဉ် နံနက် ၇ နာရီမှ ည ၇ နာရီထိ
ပိတ်ရက်မရှိ ၀န်ဆောင်မှုပေးနေပါတယ်။
📌လိပ်စာ-
အမှတ် ၂၄၆၊
ဗိုလ်ဇင်ယော်လမ်းနှင့် အောင်တံခွန် (၅) လမ်းထောင့်
ပင်လုံလမ်းမကြီးအနီး၊ (၂၉) ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရန်ကုန်။
☎️Ph – 09696454657
🙏မင်္ဂလာပါခင်ဗျာ
Aung Ta Khon Car Spa & Services ကို
လာရောက်ရလွယ်ကူစေဖို့ လမ်းညွှန်ပေးပါ့မယ်။
နေရာကတော့ ရန်ကုန်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) က
အမှတ် (၂၉) ရပ်ကွက်ဖြစ်ပါတယ်။
ယခုမြေပုံပေါ်မှာ ဖော်ပြထားတဲ့အတိုင်း
ပင်လုံလမ်းမကြီးကတဆင့် အလွယ်တကူ
လာရောက်နိုင်ပါတယ်။
👉ကျွန်တော်တို့ရဲ့ Car Spa တည်နေရာအရ
ဘာကြောင့် လာရောက်သင့်တယ်ဆိုတာလေး
ထပ်ပြောပြပါရစေ။
#သွားလာရန်လွယ်ကူပါတယ်
✅ကျွန်တော်တို့ရဲ့ Car Spa ကို လာဖို့
အင်မတန်လွယ်ကူပါတယ်။
ဒဂုံမြို့သစ်မြောက်ပိုင်းရဲ့ အချက်အချာလမ်းမကြီးတခုဖြစ်တဲ့ပင်လုံလမ်းပေါ်ကနေ အနီးဆုံးနေရာမှာ ရှိပါတယ်။
ပင်လုံလမ်းမကြီးရဲ့ ဘေးက လမ်းသွယ်တခုဖြစ်တဲ့ အောင်တံခွန် ၅ လမ်းကို ချိုးဝင်လိုက်တာနဲ့
ကျွန်တော်တို့ရဲ့ Aung Ta Khon Car Spa & Services ကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
#ကားရပ်နားရန်နေရာအဆင်ပြေပါတယ်
✅Car Spa တခုခုမှာ အလှည့်မကျသေးလို့ စောင့်နေရတဲ့အချိန် ကားကို ဘယ်နေရာသွားရပ်ထားရမှန်း မသိတာမျိုးကို လူကြီးမင်းတို့ ကြုံဖူးကြပါလိမ့်မယ်။
Car parking ရှားတဲ့ နေရာတွေမှာဆို သိသာပါတယ်။
ကျွန်တော်တို့ရဲ့ Aung Ta Khon Car Spa မှာတော့
လူကြီးမင်းတို့ကားကို အဆင်ပြေစွာ ရပ်နားစောင့်ဆိုင်းနိုင်အောင် စီစဉ်ဆောင်ရွက်ပေးနိုင်ပါတယ်။
#သက်တောင့်သက်သာရှိပါတယ်
✅မော်တော်ယာဉ်တွေ ပျားပန်းခပ်သွားလာနေတဲ့
ပင်လုံလမ်းမကြီးနဲ့ နီးတယ်ဆိုပေမယ့် ကျွန်တော်တို့ Car Spa ဝန်းကျင်ကတော့ ဆိတ်ငြိမ်ရပ်ကွက်ပုံစံဖြစ်နေတာကြောင့် လူကြီးမင်းတို့အနေနဲ့ ကော်ဖီသောက်ရင်း၊ စာဖတ်ရင်း သက်တောင့်သက်သာနားနေနိုင်ပါတယ်။
🎀ဒီတော့ မြောက်ဒဂုံ၊ ပင်လုံလမ်းမကြီးကို ရောက်ခဲ့ရင်
လူကြီးမင်းတို့ရဲ့ကားကို ပိုမိုသစ်လွင်တောက်ပသွားစေဖို့
Aung Ta Khon Car Spa & Services ကို လှမ်းခဲ့ပါလို့ ဖိတ်ခေါ်ပါရစေခင်ဗျာ။
🕖 နေ့စဉ် နံနက် ၇ နာရီမှ ည ၇ နာရီထိ
ပိတ်ရက်မရှိ ၀န်ဆောင်မှုပေးနေပါတယ်။
📌လိပ်စာ -
အမှတ် ၂၄၆၊
ဗိုလ်ဇင်ယော်လမ်းနှင့် အောင်တံခွန် (၅) လမ်းထောင့်
ပင်လုံလမ်းမကြီးအနီး၊ (၂၉) ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရန်ကုန်။
☎️Ph – 09696454657
📌 Aung Ta Khon Car Spa & Services အနေနဲ့
လူကြီးမင်းတို့ရဲ့ကားတွေ ဆေးရောင်မပြယ်ရအောင် ဘယ်လိုဂရုစိုက်သင့်သလဲ ဆိုတာလေးတွေ ပြောပြချင်ပါတယ်။
👉 သန့်ရှင်းရေး
ကားရဲ့အရောင်မြန်မြန်မပြယ်အောင်
မိတ်ဆွေတို့အနေနဲ့ ဘယ်လိုဆေးကြော သန့်ရှင်းရေးလုပ်သလဲဆိုတာပေါ် မူတည်ပါတယ်။
ကားကိုယ်ထည်ပေါ်မှာ အမှုန်အမှိုက် အညစ်အကြေးတွေ ကပ်နေရင် ခပ်ဖွဖွပဲ ပွတ်တိုက်ပေးပါ။
နူးညံ့တဲ့ အဝတ်ပွပွလောက်ပဲသုံးပါ။
သင့်တော်တဲ့ ကားရှန်ပူလောက် သုံးပါ။ ကားသန့်ရှင်းရေးအတွက် ရည်ရွယ်ထုတ်လုပ်ထားတာမဟုတ်တဲ့ အစွန်းချွတ်ဆေးရည်တွေ၊ ဆပ်ပြာတွေ မသုံးတာ ကောင်းပါတယ်။
👉Waxing
ကားကို waxing လုပ်ပေးခြင်းဟာ ကားကိုယ်ထည်မှာ အမှုန်အမှိုက်များကပ်ငြိခြင်းနဲ့ ခရမ်းလွန်ရောင်ခြည်များ ကျရောက်ခြင်းကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ ကားကို သန့်ပြီးတောက်ပြောင်စေနိုင်ပါတယ်။ ဆေးသားကိုလည်း ကြာရှည်ခံစေပါတယ်။
👉ကားပါကင်
တနေရာရာမှာ အချိန်ကြာကြာ ကားရပ်ဖို့ရှိခဲ့ရင် အရိပ်ကောင်းတဲ့နေရာကို ရှာပါ။ နေရောင်ခြည်ဒဏ်ကနေ တတ်နိုင်သလောက် ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်။
👉အဖုံးအကာ
အကာအကွယ်မရှိ အရိပ်မရှိတဲ့နေရာမှာ ကားကို ကြာကြာရပ်မယ်ဆိုရင် အဖုံးအကာနဲ့ အုပ်ဆိုင်းထားသင့်ပါတယ်။ ဒါမှသာ ကားကို အရောင်မှိန်စေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ရော အပူဒဏ်ပါ ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
👉ကားဂိုထောင်
မိတ်ဆွေတို့ရဲ့ကားကို အိမ်မှာရပ်ထားတဲ့အခါ ကားဂိုထောင်မှာပဲ ထားသင့်ပါတယ်။ ကားရပ်ထားချိန်မှာ နေရောင်နဲ့ မထိတွေ့ရင် အကောင်းဆုံးပါပဲ။ ကားဂိုထောင်မရှိရင်တောင် အမိုးအကာနဲ့ ထားသင့်ပါတယ်။
🚘အကယ်၍ လူကြီးမင်းတို့ရဲ့ကားကို ပိုပြီး သန့်ရှင်းတောက်ပြောင်စေချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ Aung Ta Khon Car Spa & Services ကို လာရောက်ဖို့ ဖိတ်ခေါ်ပါရစေ။
🚘မိတ်ဆွေတို့ရဲ့ကားကို ယုံကြည်စိတ်ချရတဲ့
ကျွမ်းကျင်လုပ်သားများနဲ့
🕖 နေ့စဉ် နံနက် ၇ နာရီမှ ည ၇ နာရီထိ
ပိတ်ရက်မရှိ ၀န်ဆောင်မှုပေးနေပါတယ်။
📌လိပ်စာကတော့ -
အမှတ် ၂၄၆၊
ဗိုလ်ဇင်ယော်လမ်းနှင့် အောင်တံခွန် (၅) လမ်းထောင့်
ပင်လုံလမ်းမကြီးအနီး၊ (၂၉) ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရန်ကုန်။
👍တခြား Promotion အစီအစဉ်တွေလည်း မကြာမီမှာ ပြုလုပ်ဖို့ ရှိတာကြောင့် Aung Ta Khon Car Spa & Services Page လေးကို Like လုပ်ထားဖို့ တိုက်တွန်းပါရစေခင်ဗျာ။
☎️Ph – 09696454657
🙏 မင်္ဂလာပါခင်ဗျာ
👉 မိတ်ဆွေတို့ရဲ့ ကားကို အသစ်နီးပါး ပြန်လည်ပြီး ပြောင်လက် တောက်ပ သွားလိုပါသလား
👉 အင်ဂျင်ခန်းနဲ့ ကားအောက်ပိုင်းမှာ ကပ်ငြိတတ်တဲ့
ရွှံ့၊ ဖုန်၊ ဆီချေး၊ အမှုန်အမှိုက်များကို
တစမကျန် သန့်ရှင်းဖယ်ရှားလိုပါသလား
👉 သင့်တော်ရာ accessories များဖြင့်
ကားအလှဆင်လိုပါသလား
🚘 Aung Ta Khon Car Spa & Services မှ မိတ်ဆွေတို့ ရာနှုန်းပြည့် စိတ်ကျေနပ်မှုရရှိစေတဲ့အထိ ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။
Aung Ta Khon Car Spa & Services မှာ ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့
✅ကားရေဆေး/ဆီဖြန်းခြင်း
✅စက်ပေါလစ်တင်ခြင်း
✅အတွင်းခန်းလျှော်ခြင်း
✅အင်ဂျင်ခန်းဆေးကြောခြင်း
✅မှန်ရေဂျိုးများဖယ်ရှားခြင်း
✅ကြမ်းခင်းခြင်းခြင်း
✅ကားအောက်ပိုင်း ချေးချွတ်ဆေးမှုတ်ခြင်း
✅ရှေ့မီးကြီးများ အရောင်ပြန်တင်ခြင်း
✅မှန်စတစ်ကာလဲခြင်း
✅ကားအလှဆင်ပစ္စည်းအမျိုးမျိုးကို ရောင်းချပေးခြင်း
စတာတွေဖြစ်ပြီး
ဈေးနှုန်းချိုသာစွာနဲ့ စိတ်တိုင်းကျ
ဆောင်ရွက်ပေးနေပါတယ်။
🚘မိတ်ဆွေတို့ရဲ့ကားကို ယုံကြည်စိတ်ချရတဲ့
ကျွမ်းကျင်လုပ်သားများနဲ့
🕖 နေ့စဉ် နံနက် ၇ နာရီမှ ည ၇ နာရီထိ
ပိတ်ရက်မရှိ ၀န်ဆောင်မှုပေးနေပါတယ်။
🚖အထူးအစီအစဉ်တစ်ခုလည်း ရှိပါသေးတယ်။
အဲဒါကတော့ Taxi ကားများကို ဆေးကြောခြင်းအတွက် ၁၅၀၀ ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်
👍တခြား Promotion အစီအစဉ်တွေလည်း မကြာမီမှာ ပြုလုပ်ဖို့ ရှိတာကြောင့် Aung Ta Khon Car Spa & Services Page လေးကို Like လုပ်ထားဖို့ တိုက်တွန်းပါရစေခင်ဗျာ။
📌လိပ်စာကတော့ -
အမှတ် ၂၄၆၊
ဗိုလ်ဇင်ယော်လမ်းနှင့် အောင်တံခွန် (၅) လမ်းထောင့်
ပင်လုံလမ်းမကြီးအနီး၊ (၂၉) ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရန်ကုန်။
☎️Ph – 09696454657
🚘Aung Ta Khon Car Spa & Services ဟာ
ပင်လုံလမ်းမကြီးရဲ့ နီးတာကြောင့် မိတ်ဆွေတို့အတွက် သွားလာရလွယ်ကူမှာ ဖြစ်ပါတယ်။
🚘မိတ်ဆွေတို့ရဲ့ကားကို ဆေးကြောသန့်စင်နေချိန်မှာ ကော်ဖီသောက်ရင်း သက်တောင့်သက်သာ အနားယူနိုင်သလို အနီးအနားမှာ စားသောက်အပန်းဖြေစရာ ဆိုင်တွေလည်းရှိတာမို့ မုန့်စားရင်း၊ မိတ်ဆွေသူငယ်ချင်းများနဲ့ စကားပြောရင်း စောင့်ဆိုင်းနိုင်ပါတယ်။
မိတ်ဆွေတို့ရဲ့ကားကို အကောင်းဆုံး
၀န်ဆောင်မှုတွေ ရရှိနိုင်ဖို့
ကျွန်တော်တို့ရဲ့ Aung Ta Khon Car Spa & Services Center ကို ကြွရောက်ခဲ့ဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ ❤️
Click here to claim your Sponsored Listing.
Videos (show all)
Category
Telephone
Website
Address
246, Corner Of Bo Zin Yaw Street And Aung Ta Khon 5th Street, 29 Quarter, North Dagon Township
Yangon
11421
Opening Hours
Monday | 07:00 - 19:00 |
Tuesday | 07:00 - 19:00 |
Wednesday | 07:00 - 19:00 |
Thursday | 07:00 - 19:00 |
Friday | 07:00 - 19:00 |
Saturday | 07:00 - 19:00 |
Sunday | 07:00 - 19:00 |
South Okkalapa Township
Yangon
Car detailing is an art & this is the art we enjoy ...
No(3) Waizayandar Road, Thingangyun Township
Yangon, 11071
Auto Film , Coating & Detailing
No. 303, Waizayantar Road, Thingangyun Tsp, Yangon. (Between Yadanar Road And Pyi Thar Yar Road)
Yangon, 11071
Auto Detailing ပစ္စည်းတွေလိုချင်ရင် KM2 ကိုလာခဲ့ပါ
38, David Shwe Nu Street, Mayangone (2) Ward
Yangon, 11062
Premium car wash using only CarPro brand!
No. (130), Ywarma Kyaung Road, 2Ward , Hlaing Township
Yangon, 11051
Premium Car Wash Premium Car Polish Engine Oil Change Car Interior Wash Ceramic Coating
Tuwana Township. Thit Yar Pin Road Kyun Shwe Myaing Corner
Yangon, 9500
စျေးနူန်းချိုသာစွာဖြင့်လူကြီးမင်းတို့စိတ်တိုင်းကြဆောင်ရွက်ပေးပါသည်။
အမှတ် ၃ လမ်းမကြီး ရခိုင်ကျောင်းမှတ်တိုင်, ပုလဲမြို့သစ် Mingaladon မြို့နယ် ရန်ကုန်တိုင်းဒေသကြီး
Yangon, 11021
Korea နိုင်ငံထုတ် အိမ်စီးကား လုပ်ငန်းသ?