Modern Myanmar Home Decor
လူကြီးမင်းရဲ့ အိမ်မက်ကို ကျွန်တော်တို့ အကောင်အထည်ဖော်ပေးပါမယ် Decoration Renovation Construction Landscaping
မဂျလာပါနော ျ
အိမ်ဆောက်တာဖြစ်ဖြစ် အိမ်ပငြ်တာဖြစ်ဖြစ် Decoration လုပ်ချင်တာ ဖြစ်ဖြစ် မြက်ခင်းဥယျာဥ် အလှအပ ဖန်တီးချင်တာ ဖြစ်ဖြစ်
စားသောက်ဆိုင် ဘားပျော်ပွဲစားရုံ ကော်ဖီဆိုင် Cofe shop အဝတ်အထည်ဆိုင် စတဲ့ စီးပွားရေးလုပ်ငန်းများအတွက်လည်း အထူးဝန်ဆောင်မှုတွေနဲ့ ဒီဇိုင်းေရေးဆွဲ တည်ဆောက် အလှဆင် ပေးနေပါတယ် ခင်ဗျ
09774629365, 097789369111
https://www.facebook.com/145177466053889/posts/583091005595864/?mibextid=Nif5oz
အိမ်ဆောက်မလား 🏠စားသောက်ဆိုင်နဲ့ အရောင်းဆိုင်တွေ ဆောက်မလား၊ အိမ်တွေ ဆိုင်တွေ 🏘️ ပြင်မလား၊ အလှဆင်မလား၊ ပန်းခြံဥယျာဉ်လေးတွေ ထည့်မလား၊ ရေကူးကန်နဲ့ ရေတံခွန်လေးတွေ၊ ပန်းပင် စားပင်သီးပင်လေးတွေနဲ့ အေးချမ်းချင်သလား၊ ကြိုက်တာပြောပါနော်💖အကြမ်းထည်ရော အချောထည်ရော ဒီဇိုင်းကအစ လှစေရမယ်၊
ဒီဇိုင်းဖန်တီးမှုမှအစ ဆွဲဆောင်မှု ရှိတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ဖို့ အတွေ့အကြုံ စိတ်ကူး စိတ်သန်းတွေရယ် Budget တွေကို ပေါင်းစပ်ပြီး ရေမီးဆေး ပန်းဉယျာဉ် နှင့် ဆိုင်းဘုတ်များပါမကျန် ကျွန်မတို့ တည်ဆောက်ဖန်တီး အလှဆင်ပေးခဲ့တာ ဖြစ်ပါတယ်။
Design ရေးဆွဲခြင်း Site Survey ဆင်းပေးခြင်း တွေ့ဆုံဆွေးနွေးအကြံပေးခြင်း လုပ်ငန်းများကို Clients စိတ်တိုင်းကျစေဖို့အပြင် ကျွန်တော်တို့ရဲ့ အတွေ့အကြုံစိတ်ကူးတွေကိုပါ ထည့်သွင်းပေးတာမို့ လူကြီးမင်းတို့ရဲ့ နေအိမ် တိုက်တာ အဆောက်အဥ◌ီး စားသောက်ဆို Bar, Restaurant, Cafe Shop, Showroom, Sale Center , Motorbike Showroom, Car Showroom, Office, Storage Building, Factories, Landscape, Garden စတာတွေကို အသစ်ဆောက်ဖို့ ဖြစ်ဖြစ် အဟောင်းပြန်ပြင်ဖို့ ဖြစ်ဖြစ် Construction, Renovation & Decoration လုပ်ဆောင်ဖို့ စိတ်ကူး ရှိနေပြီ ဆိုရင် ကျွန်တော်တို့ဆီကို ဖုန်းတစ်ချက်ဆက်ပြီးသာ ချိန်းဆို တိုင်ပင်လိုက်ပါ အပ်နှံလိုက်ပါနော်
https://www.facebook.com/100565836308180/posts/136087542756009/?mibextid=Nif5oz
ဆက်သွယ်ရန်
၇၀(က) သီရီလမ်း စမ်းချောင်းမြို့နယ် ရန်ကုန်မြို့
09774629365, 09778936911, 09988477973, 09778175906 (Viber)
𝗣𝗮𝗴𝗲 လေးကို 𝗟𝗶𝗸𝗲 & 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ထားခဲ့ဖို့ မမေ့ပါနဲ့နော်🙋♀️🙋♂️
#အခန်းပြင်ဆင်ခြင်း #အိမ်ဆောက်ဖို့ #ရုံးခန်းပြင်ဆင်ခြင်း
အေးခဲတဲ့ မြောက်၀င်ရိုးစွန်းမှာ
ပိုလာ၀က်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။
ဒါပေမယ့် အက်စကီးမိုး လူမျိုးတွေက
ဘာမှအင်အား ထုတ်စရာမလိုဘဲ
အဲဒီ၀က်ဝံတွေကိုဖမ်းနိုင်တယ်။
ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက
ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး
ဖျံရဲ့သွေးကို ပုံးတစ်ခုထဲထည့်ထားလိုက်တယ်။
အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို
သွေးထဲမှာ စိုက်ထားလိုက်တယ်။
အရမ်းအေးတဲ့အတွက် ဖျံသွေးဟာ
အချိန်တိုအတွင်းမှာ ခဲသွားပါတယ်။
အဲဒီခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ ဖျံသွေးကို
ပုံးထဲကထုတ်ပြီး ရေခဲပြင်မှာ ပစ်ထားလိုက်ရုံပါပဲ။
၀က်ဝံတွေက သွေးအရမ်းကြိုက်တယ်။
အဲဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲ
ရောက်စေခဲ့တယ်။
အနံ့ခံကောင်းတဲ့ သူတို့ဟာ သွေးညှီနံ့ကို
အဝေးကြီးကတောင် ရနိုင်ပါတယ်။
အက်စကီးမိုးတို့ ပစ်ထားတဲ့ သွေးခဲကို
ခြေရာခံပြီး တွေ့တာနဲ့ အငမ်းမရ
လျှာနဲ့ စတင်လျက်ပါတော့တယ်။
လျက်ရင်း လျက်ရင်း လျှာခဲသွားလည်း
အစာကောင်းကို လက်မလွတ်ချင်တာနဲ့
ဆက်လျက်ပါတယ်။
အဲဒီနောက် ခဲနေတဲ့သွေးက ပိုချိုလာတယ်။
ပိုလတ်ဆတ်လာတယ်။ ပိုပူနွေးလာတယ်ဆိုတာကို
သတိမထားမိတော့တဲ့အထိပါပဲ။
လျက်လေ အရသာရှိလေ
အရသာရှိလေ လျက်လေနဲ့
သူတို့ရဲ့သွေးကို သူတို့ သောက်နေမိမှန်းတောင်
မသိကြတော့ပါဘူး။
အကြောင်းက .....
သွေးခဲအလယ်မှာ စိုက်ထားတဲ့ ဓားက
လျက်နေတဲ့ သူတို့လျှာကို လှီးဖြတ်နေခဲ့လို့ပဲ။
အအေးဓာတ်ကြောင့် ထုံနေတဲ့ လျှာက
နာကျင်တာကို မခံစားမိတော့ဘူး။
အနံ့ခံကောင်းတဲ့ နှာခေါင်းက
လတ်ဆတ်တဲ့ သွေးနံ့ရလေ လျက်နှုန်းက မြန်လေလေ
နောက်တော့ ကိုယ့်သွေးကို ကိုယ်
ပြန်သောက်နေမိတော့တယ်။
နောက်ဆုံးတော့ သွေးထွက်လွန်ပြီး
မူးလဲသွားပါတယ်။
အဲဒီအချိန်မှာ အက်စကီးမိုးတွေက သူတို့ကို
ဘာအင်အားမှ မသုံးဘဲ ဖမ်းလိုက်ရုံပါပဲ။
______________________________+_______
- ဘ၀ရဲ့ ပျော်ရွှင်ခြင်းတွေကို ရှာဖွေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွဲမှားခဲ့ရင်
ကိုယ်တွေဟာလည်း ပိုလာ၀က်ဝံနဲ့ တူသွားနိုင်တယ်။
- တစ်ချို့လူတွေက အလုပ်ချိန် များများလုပ်လေ
ပိုအောင်မြင်လေလေ ၀င်ငွေများများ ရလေလေလို့
ထင်တတ်ကြတယ်။ ဒါပေမယ့် သူတို့မှာ အဲဒီငွေကြေးကို ဖြုန်းဖို့ အချိန်မရှိခဲ့ကြဘူး။ တစ်ချို့ အဲဒီငွေကြေးကို ဘယ်လိုသုံးရမယ်မှန်းမသိကြဘူး။
- ၀င်ငွေများလာတာနဲ့နည်းတူ တစ်ဖက်မှာလည်း
တစ်ချို့အရာတွေကို သူတို့ဆုံးရှုံးကြရတယ်။
- လူ့ဘ၀ရဲ့ တန်ဖိုးအရှိဆုံး အရာဖြစ်တဲ့
မိသားစုနဲ့အတူနေတဲ့ အချိန်တွေ
နွေးထွေးတဲ့ မိဘမေတ္တာငတ်နေတဲ့
သားသမီးတွေ၊ လူမှုရေး၊ ကျန်းမာရေး၊
လူတစ်ဖက်သားကိုကူညီဖို့အရေးဆိုတာကိုတောင်
သူတို့မေ့နေခဲ့ကြတယ်။
- အမေရိကားရဲ့ အပတ်စဉ် ဂျာနယ်တစ်ခုက အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွားရေး ပညာရှင်
ဆယ်ဦးကို မေးခွန်းမေးပြီး စာရင်းလုပ်ခဲ့ဖူးတယ်။
- မေးခွန်းက “ တကယ်လို့ ဘ၀ကို အသစ်ပြန်စရရင် သင်အမျှော်လင့်ဆုံးနဲ့ လက်မလွတ်ချင်ဆုံးအရာက ဘာလဲ” တဲ့။
- ပညာရှင် ခုနှစ်ဦးက တူညီတဲ့ အဖြေကိုပေးခဲ့ပါတယ်။
- အဖြေက “ တကယ်လို့ ဘ၀ကို အသစ်ပြန်စရရင် မိသားစုတွေနဲ့ အတူနေတဲ့အချိန်ကို လက်မလွတ် ချင်ဆုံးပါ” လို့ ပြန်ဖြေခဲ့ကြတယ်။
- တစ်ချို့လူတွေက ဆုံးဖြတ်ပြီးရင် နောင်တမရဘူးလို့ ပြောတတ်ကြတယ်။ ဒါပေမယ့် မဆုံးဖြတ်ခင် သေချာ မစဉ်းစားခဲ့ရင်နောက်ဆုံးတော့ နောင်တ ရကြစမြဲပါပဲ။
ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။
- ငွေဟာ ရှာလို့မကုန်နိုင်တဲ့ အရာပါတဲ့
ရှာလေလေ ရလေလေ လိုချင်လေလေ
- နောက်ဆုံးတော့ လုံလောက်ပြီလို့ မထင်ဘဲ
ငွေနောက်ကိုပဲ ကောက်ကောက်ပါ ကုန်ကြတယ်တဲ့။
- ကိုယ်တွေကရော ပိုလာ၀က်ဝံလို ကိုယ့်သွေးကို သောက်ပြီး ပျော်နေကြတဲ့လူ ဖြစ်နေခဲ့ပြီလား.... ?
- တင်းတိမ် ရောင့်ရဲနိုင်တဲ့လူက ဘယ်တော့မှ မဆင်းရဲဘူး။ မတင်းတိမ်နိုင်တဲ့လူက အမြဲဆင်းရဲနေတယ်။
__________________________________+______
အတွေးအမြင်သုတ/ရသ/တရားစာစုများ
လေးစားစွာဖြင့်ကိုးကားဖော်ပြပါသည် 🙏
#ဗဟုသုတ #စာပေ #ဘဝအတွက်ခွန်အားဖြစ်စေမယ့်စာတိုပေစများ #ဆရာတော်ကြီးများရဲ့တရားဓမ္မများ Thêiñ Thäñ Åūñg
Photo booth အလှလေးပါ လုပ်ပေးခဲ့ပါတယ်ရှင့်
အိမ်ဆောက်မလား 🏠စားသောက်ဆိုင်နဲ့ အရောင်းဆိုင်တွေ ဆောက်မလား၊ အိမ်တွေ ဆိုင်တွေ 🏘️ ပြင်မလား၊ အလှဆင်မလား၊ ပန်းခြံဥယျာဉ်လေးတွေ ထည့်မလား၊ ရေကူးကန်နဲ့ ရေတံခွန်လေးတွေ၊ ပန်းပင် စားပင်သီးပင်လေးတွေနဲ့ အေးချမ်းချင်သလား၊ ကြိုက်တာပြောပါနော်💖
အကြမ်းထည်ရော အချောထည်ရော ဒီဇိုင်းကအစ လှစေရမယ်၊ ခိုင်ခန့်စေရမယ်၊ သပ်ရပ်စေရမယ်၊ နေရာဒေသ မရွေး တာဝန်ယူ တည်ဆောက်ပြုပြင် မွမ်းမံ အလှဆင်ပေးနေပါပြီနော်။ 👍
အောက်က ပုံတွေကတော့ ဘားအံမြို့မှာ မကြာခင်ဖွင့်လှစ်တော့မည့် Kyaw Gyi Bistro ကျော်ကြီး စားသောက်ဆိုင် နှင့် ဘား ဖြစ်ပါတယ်။
ဒီဇိုင်းဖန်တီးမှုမှအစ ဆွဲဆောင်မှု ရှိတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ဖို့ အတွေ့အကြုံ စိတ်ကူး စိတ်သန်းတွေရယ် Budget တွေကို ပေါင်းစပ်ပြီး ရေမီးဆေး ပန်းဉယျာဉ် နှင့် ဆိုင်းဘုတ်များပါမကျန် ကျွန်မတို့ တည်ဆောက်ဖန်တီး အလှဆင်ပေးခဲ့တာ ဖြစ်ပါတယ်။
Design ရေးဆွဲခြင်း Site Survey ဆင်းပေးခြင်း တွေ့ဆုံဆွေးနွေးအကြံပေးခြင်း လုပ်ငန်းများကို Clients စိတ်တိုင်းကျစေဖို့အပြင် ကျွန်တော်တို့ရဲ့ အတွေ့အကြုံစိတ်ကူးတွေကိုပါ ထည့်သွင်းပေးတာမို့ လူကြီးမင်းတို့ရဲ့ နေအိမ် တိုက်တာ အဆောက်အဥ◌ီး စားသောက်ဆို Bar, Restaurant, Cafe Shop, Showroom, Sale Center , Motorbike Showroom, Car Showroom, Office, Storage Building, Factories, Landscape, Garden စတာတွေကို အသစ်ဆောက်ဖို့ ဖြစ်ဖြစ် အဟောင်းပြန်ပြင်ဖို့ ဖြစ်ဖြစ် Construction, Renovation & Decoration လုပ်ဆောင်ဖို့ စိတ်ကူး ရှိနေပြီ ဆိုရင် ကျွန်တော်တို့ဆီကို ဖုန်းတစ်ချက်ဆက်ပြီးသာ ချိန်းဆို တိုင်ပင်လိုက်ပါ အပ်နှံလိုက်ပါနော်
https://www.facebook.com/100565836308180/posts/136087542756009/?mibextid=Nif5oz
ဆက်သွယ်ရန်
၇၀(က) သီရီလမ်း စမ်းချောင်းမြို့နယ် ရန်ကုန်မြို့
09774629365, 09778936911, 09988477973, 09778175906 (Viber)
𝗣𝗮𝗴𝗲 လေးကို 𝗟𝗶𝗸𝗲 & 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ထားခဲ့ဖို့ မမေ့ပါနဲ့နော်🙋♀️🙋♂️
တရုတ်လုပ်ငန်းရှင် သူဌေးဆီကို
ခပ်နွမ်းနွမ်း တရုတ်လူမျိုး တစ်ယောက်
အလုပ် လာတောင်းတယ်။
"ထမင်းစားဖို့တောင် ခက်နေလို့ အလုပ်လေးတစ်ခု ပေးပါဗျာ"
"အင်း အလုပ်တော့ရှိတယ် ကြိုးစားလုပ်"
"ဟုတ်ကဲ့"
လအတန်ကြာတော့ တရုတ်သူဌေးလည်း
လုပ်ငန်းသစ် တိုးချဲ့၊
အလုပ်တောင်းသော တရုတ်သူဆင်းရဲလည်း
ပြည့်စုံတိုးတက်၊ လုပ်ငန်းရှင်ဖြစ်လာသော်လည်း
သူ့ကျေးဇူးရှင် သူဌေးကို မမေ့...
* * * * * * * * * * *
အိန္ဒိယလူမျိုး သူဌေးတစ်ယောက်ဆီ
ခပ်စုတ်စုတ်လူမျိုးတူ တစ်ဦး အလုပ်လာတောင်းတယ်။
"ဟရေး အဘိုင် အလုပ်လေးပေးပါ"
"ရှိတာလုပ်ကွာ ထမင်းစားဖို့တော့ ရမယ်"
"ဟုတ်ကဲ့"
မာမွတ်လည်း ဆောလျင်စွာ အလုပ်တွေပြီးသလို
သူဆင်းရဲ အနဲ လည်း ပြောင်ပြောင် ယောင်ယောင်နဲ့
လုပ်ငန်းစိတ်ချရသူမို့
ဦးစီးခေါင်းဆောင်ဖြစ်လာတယ်။
* * * * * * * * * * *
မြန်မာလူမျိုး လုပ်ငန်းရှင်ဆီ ဟန်အပြည့်နဲ့
လူတစ်ယောက် ရောက်လာတယ်။
"ကျနော် အလုပ်ပြတ်နေတာ တစ်နှစ်နီးပါးရှိပါပြီ။
အလုပ်ကလေး ပေးပါဗျာ။
"အေး ရှိတာလေးလုပ်ပေါ့ကွာ။"
"ဟုတ်ကဲ့ ဘယ်လောက် ပေးမှာပါလဲ။
ဘယ်လို လုပ်ရမှာပါလဲ"
"အင်း မင်းလုပ်နိုင်စွမ်းရည်ပေါ် မူတည် ပေးမယ်ကွာ"
"ဟုတ်ကဲ့ ကျနော်က ဘာတွေ လုပ်တတ်ပါတယ်ဗျာ"
"အေး"
သုံးရက်လောက်နေတော့
"ကျနော်က ဆရာကြီးဗျ ဒါတွေ မလုပ်နိုင်ဘူး။
ဒီလောက်ဆို ကျနော့် ပေးတာနဲ့ တန်နေပြီ။
ဒီနေ့ မအားဘူးဗျာ တခြားအလုပ်တွေရှိသေးတယ်။
ကျနော်မရှိရင် ဒီအလုပ်က လုပ်မရဘူးဗျ။
ခုသူဌေးက ဘာမှ အသုံးမကျပါဘူးဗျာ
ကျနော်ပဲ လုပ်နေရတာမို့ ကျနော့်ပဲ အလုပ် ပေးဗျာ။
ကျနော် ...... ကျနော် ......... ပေါင်းများစွာကြား
မြန်မာပိုင်ရှင်သူဌေးလည်း
ထမင်းပန်းကန် အလုမခံရဖို့ ၆လကျော်
တစ်နှစ်တွင်း အလုပ်နားခိုင်းလိုက်ရတဲ့အဖြစ်။
🙏ဟန်၊ မာန်၊ သစ္စာ၊ ကျေးဇူးတရား၊ ဆရာဆိုတဲ့
ဦးထိပ်ထားမှု အစစ ကွာခြားမှုတွေနဲ့
မိမိက ဘယ်လောက်ပေးလို့
ဘယ်လောက်ပြန်ရပါလားဆိုတဲ့ တွေးခေါ် မှု
မိမိရပ်တည်မှု၊ အရည်အချင်းထက် ပိုသာရလိုမှု၊
ပညာကုန်မတတ် ဆရာကိုသတ်မယ်ဆိုတဲ့
စိတ်များနေသ၍
တိုးတက်မှုဆိုတာ
ပေးဆပ်မှုထက် ရလိုမှုများသော
အသိုက်အဝန်းတွေကြားတွေ့ကြုံသမျှကို
ပညာအဖြစ်ပြောင်းလဲသင်ယူနိုင်စွမ်း ရှိကိုရှိရမယ်။
မူရင်းရေးသူ 💕💕💕
Modern Myanmar Home Decor
ခဏလောက်တော့ ရယ်လိုက်ပါ
Crd
Modern Myanmar Home Decor
ရေလုံဆေး ရေတားဆေး လုပ်ဖို့ လိုလာရင် Hello 🤙💦💦🚣♂️☔💧🌊🌨🌧🌦
0️⃣9️⃣7️⃣7️⃣4️⃣6️⃣2️⃣9️⃣3️⃣6️⃣5️⃣
https://m.facebook.com/story.php?story_fbid=154114600953303&id=100565836308180&sfnsn=mo&mibextid=RUbZ1f
#ခြံစည်းရိုး
မြို့မြေမှာ နေအိမ်ခြံစည်းရိုးကို မှားယွင်းပြီး တိုင်းတာခဲ့လို့ဖြစ်စေ ၊ ကျူး ကျော်ကာရံတာဖြစ်စေ ၊ ဒီလိုအခြေ အနေမျိုး ရှိခဲ့မယ်ဆိုရင် မူရင်းမြေပုံအတိုင်း ပြန်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိပါရစေ
ဖြစ်ခဲတယ်လို့ ဆိုနိုင်သလို ဖြစ်လေ့ ဖြစ်တတ်တဲ့ ကိစ္စရပ်လည်း ဖြစ်ပါတယ်။ မြို့မြေကွက်တွေ မှာ ဂရန်လျှောက်လျှင်၊ ခြံစည်းရိုးကာရံလျှင်၊ မြေကွက်လွှဲပြောင်း ရောင်းဝယ်မှုပြုလျှင်၊ အိမ်သစ် ဆောက်လုပ်လျှင်၊ မြေကွက်ခွဲစိတ်လျှင် မိမိ၏ မြေနယ်နိမိတ်နှင့် ဆက်စပ်နေသည့် တစ်ဖက်ခြံ မြေကွက်နှင့် နယ်နိမိတ်ပြဿနာ တွေ့ရတတ်ပါတယ်။
ထိုကိစ္စရပ်မျိုး ဖြစ်သည့်အခါ ကိစ္စရပ်အလိုက် ပိုင်းခြားဖြေရှင်းရမှာ ဖြစ်ပါတယ်။ မိမိပိုင်နက် မြေအတွင်း ကျူးကျော်တိုးချဲ့လာခြင်း၊ မိမိ၏ မြေသည် တစ်ဖက်သို့ ပါသွားခြင်းတို့အတွက် လတ် တလော ဖြစ်ပွားခဲ့သည့် ကိစ္စရပ်ဆိုလျှင် အုပ်ချုပ်ရေးအာဏာပိုင်တို့၏ အစီအမံဖြင့် ဖြေရှင်းလို့ အဆင်ပြေတတ်ပါတယ်။ ယခုမှ ခြံစည်းရိုး ကာရံခြင်း၊ မြေတိုင်းတာခွဲစိပ်ခြင်း၊ ဖေါင်ဒေးရှင်း တူးခြင်း၊ နယ်နိမိတ်တိုင် စိုက်ထူခြင်းများမှာ မိမိ၏ ခြံမြေနှင့် တစ်ဖက်ခြံ၏ နယ်နိမိတ် အငြင်းပွား မှု ဖြစ်ပါက သက်ဆိုင်ရာ ဌာနများ၏ အဆုံးအဖြတ် ကွင်းဆင်းတိုင်းတာ ဖြေရှင်းမှုဖြင့် ပြေလည် သွားတတ်ပါသည်။
အရင်ကပင် သူ့မြေ ကိုယ့်မြေ နယ်ခြား သေသေချာချာ ခွဲခြားမှှု မရှိခဲ့၊ သူ့နယ် ကိုယ့်နယ် နယ်နိ မိတ် မစစ်ဆေးမိဘဲ ကြာမြင့်စွာ အသုံးပြုလာခဲ့ပြီးမှ မိမိဂရန်မြေကွက်အရ ဧရိယာ သို့မဟုတ် မိမိ ဝယ်ယူစဉ်က မြေပုံပါ ဧရိယာနှင့် လက်ရှိအသုံးပြုနေရမှုအပေါ် မသင်္ကာရာမှ စစ်ဆေး တွေ့ ရှိလာရသော ဖြစ်ရပ်နှင့် မိမိအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မြေနှင့် အဆက်ပြတ်နေစဉ် တစ်ဖက်ခြံမှ မိမိမြေကို တိုးချဲ့ ဖဲ့ယူထားမှု..စသည့် ဖြစ်ရပ်များကို ဖြေရှင်းရန်အတွက်မူ လက်ရှိ မိမိမြေကို တစ်ဖက်မှ ဆန့် ကျင်လက်ရှိထား အသုံးပြုနေမှု. .မိမိမြေ တစ်ဖက်သို့ ပါဝင်နေ သည်ကို သိရှိလာပြီးနောက်ပိုင်း မိမိမှ ဆောင်ရွက်မှုတို့သည် ကာလစည်းကမ်း သတ် ကာလများ မကျော်လွန်ရန် သတိပြုရပါမည်။
မြေနယ်နိမိတ် ကျူးကျော်မှု အတွက် ဖြေရှင်းလေ့ရှိသော နည်းလမ်းများ ရှိပါတယ်။
ပထမ နည်းမှာ လိုင်စင်ရ မြေတိုင်းစာရေးအား ခေါ်ယူ၍ ပုဂ္ဂလိက မြေ တိုင်းတာခြင်းဖြင့် နယ်နိမိတ် အမှန် တိုင်းတာဖြေရှင်းရန် ဖြစ်ပါတယ်။ သို့သော် လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကပင် ကြေးတိုင်နှင့် မြေစာရင်းဌာနမှ လိုင်စင်မြေတိုင်းစာရေးများ ခန့်ထားမှု မပြုတော့သည့်အတွက် လိုင်စင်ရ မြေ တိုင်းစာရေးဖြင့် ပုဂ္ဂလိက မြေတိုင်းတာခြင်း ဆောင်ရွက်ဖြေရှင်းခြင်း မပြုနိုင်တော့ပါ။
ဒုတိယနည်းလမ်းမှာ ကြေးတိုင်နှငိ့မြေစာရင်းဌာန (ယခု လယ်စီအင်းဌာန) သို့ ပုဂ္ဂလိက မြေ တိုင်း တာမှု လျှောက်ထား ဆောင်ရွက်ရန် ဖြစ်ပါတယ်။ ကြေးတိုင်နှင့် မြေစာရင်းဌာန၏ အမြဲအ မိန့် ၁၂၂ အရ ပုဂ္ဂလိက တိုင်းတာခြင်း ဆောင်ရွက်ပေးရန် ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထား ပါက တိုင်းတာရန် တာဝန်ပေးအပ်မှုနှင့်အတူ ခွင့်ပြုမိန့် ချမှတ် ဆောင် ရွက်ပေး ပါသည်။ ထိုအခါ အငြင်းပွား နယ်နိမိတ်ကို အမှန် ရရှိလာနိုင်ပါတယ်။
တတိယနည်းလမ်းမှာ သက်ဆိုင်ရာ တရားရုံး၏ မြေတိုင်းကော်မရှင်ဖြင့် တိုင်းတာဖြေရှင်းရန် ဖြစ်ပါတယ်။ ပုဂ္ဂလိကများ၏ မြေပိုင်နက် နယ်နိမိတ် အငြင်းပွားပါက မိမိ၏ ဦးပိုင်ပေါက် မြေကွက် မူလဧရိယာအတိုင်း လက် ရှိဖြစ်ကြောင်း ပိုင်ဆိုင်ကြောင်း မြွက်ဟ ကြေညာပေး စေလိုမှု၊ မိမိ ပိုင်နက် မြေအမှန် ဖြစ်ကြောင်း ကြေညာပေးစေလိုမှု၊ မိမိပိုင်နက်မြေအတွင်း ကျူး ကျော် ဝင် ရောက်သော အစိတ်အပိုင်းအား ဖယ်ရှားပေးစေလိုမှု၊ မိမိမြေကို လက်ရောက် ပေးအပ်စေလိုမှု စသည်ဖြင့် တရားမမှု စွဲဆိုခြင်း ဖြစ်ပါတယ်။ ထိုအခါ တရားရုံးမှ အချင်း ဖြစ်နေရာတွင်သာ ရနိုင်သော အချက် အလက်များကို စိစစ်ရှာဖွေရန်အတွက် တရားမကျင့်ထုံး ဥပဒေ Code of Civil procedure အမိန့် ၂၆၊ နည်း ၉ အရ local investigation ခေါ် ဒေသန္တရ စုံစမ်းစစ် ဆေးခြင်းပြုရန် ကော်မရှင်တစ်ရပ် ဖွဲ့စည်း ဆောင် ရွက်ရပါတယ်။ ဒေသန္တရစုံစမ်းစစ်ဆေးရေး ကော်မရှင် ဟု ဆိုသော်လည်း အရပ်ခေါ်အရ မြေတိုင်းကော်မရှင် ပင် ဖြစ်ပါတယ်။ ယင်းမြေတိုင်း ကော် မရှင်က နှစ်ဖက် နယ်နိမိတ်များအား စစ်ဆေး ပိုင်းခြား သတ်မှတ် တွေ့ရှိမှုကို တရားရုံးသို့ အစီရင်ခံတင်ပြပြီး တရားရုံးမှ သင့်လျော်သည် ထင်မြင် သည့်အတိုင်း အမိန့်ချမှတ်မည် ဖြစ်ပါ တယ်။ အဆိုပါ မြေတိုင်းကော်မရှင် ဖွဲ့စည်း တာဝန် ပေး မှုအား တရားရုံးလက်စွဲ ပုဒ်မ ၂၉၂ အရ ကြေး/မြေ ရုံးချုပ်သို့ တရားရုံးမှ ပေးပို့ရပြီး ညွှန်ကြားရေးမှူးချုပ်၏ အခွင့်ရမှသာ မြေစာရင်း အရာရှိများအနေဖြင့် မြေတိုင်းကော်မရှင် တွင် ပါဝင် ဆောင် ရွက်ခွင့် ရှိပါတယ်။
မေးခွန်းရှင် အနေဖြင့် မူရင်းမြေပုံအတိုင်း ပြန်ရအောင် ဘယ်လို လုပ်ရမလဲဟု နယ်နိမိတ် ပြန်တောင်းခြင်း ဆိုပါက မိမိအစီအစဉ်ဖြင့် ရေးကူးထားသော မိမိထံတွင်ရှိသည့် ပုံစံ ၁၀၅ မြေပုံကို အမှီပြုတောင်းခံခြင်း ဖြစ်ပါက အခက်အခဲ ရှိနိုင်ပါတယ်။ ၁၀၅ သည် အဆိုပါ ပုံစံ တွင် ဖေါ်ပြထားသည့် မြေကွက်၏အချက်အလက်များ (ဥပမာ- ကွင်း၊ ဦးပိုင်၊ ဧက၊ မြေမျိုး၊ မြေအ တန်း အစား၊ အခွန်စည်းကြပ်ခံရသူအမည်၊ စသည်.) ကိုသာ သက် သေခံခြင်း ဖြစ်ပြီး ပိုင်ရှင်ဖြစ် ကြောင်း သက်သေခံ လက်မှတ် မဟုတ်ပါ။ တရားဝင် အသုံးပြုခွင့် ပေးထားသည့် ဂရန်၊ သို့မဟုတ် တရားဝင် အသုံပြုခွင့်အမိန့် တစ်ရပ်ရပ်အရ တောင်းခံခြင်းက ပိုအဆင်ပြေနိုင်ပါတယ် ။ ဒါ့အပြင် မြေကျူးကျော်ခံရသည်ဟု တင်ပြသော အပိုင်းသည် မိမိ ကြာ ရှည်စွာ လက်ရှိ မထား လက်မဲ့ဖြစ်နေသော မြေအစိတ်အပိုင်း ဖြစ်နေပါက လည်းကောင်း၊ မိမိလက်လွတ် ဆုံးရှုံးနေ သည့် ကာလသည် ကာလ စည်းကမ်းသတ် မကျော်လွန်ရန်စေရန်လည်းကောင်း၊ သတိပြုစေလိုပါတယ်။
Credit By: DVBLawLab
သီချင်းအလိုက်လေးနဲ့မို့ 🤣
Credit
https://m.facebook.com/story.php?story_fbid=145953628436067&id=100565836308180&mibextid=2JQ9oc
လက်သည်းခြေသည်းနဲ့ အလှပြင်ဆိုင်
https://m.facebook.com/story.php?story_fbid=123740110657419&id=100565836308180&sfnsn=mo
CLC အုတ်ဆိုတာဘာလဲ???...........................................
CLC ဆိုတာ Cellular Lightweight Concrete ကို အတိုကောက် ခေါ်ယူခြင်းဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာတော့ ရေပေါ်အုတ်၊ ဝိတ်ပေါ့်အုတ် စသဖြင့်အမျိုးမျိုး ခေါ်ကြပါတယ်။
ဒီနည်းပညာကို ၁၉၇၀ လောက်ကတည်းက ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ တွင်ကျယ်စွာ အသုံးပြုနေတာ ကြာပါပြီ။
အိမ်နီးချင်း ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဗီယက်နမ်တို့မှာလဲ သုံးနေတာဆိုရင် ဆယ်စုနှစ်တစ်ခု မကတော့ပါဘူး။ ထိုင်းမှာဆို ကျေးလက်က လုံးချင်းလေးတွေတောင် CLC Block တွေနဲ့ ဆောက်နေကြပါတယ်။
ဒီနည်းပညာဟာ ဘိလပ်မြေနဲ့ သဲကိုအချိုးအစားအတိုင်း ထည့်ပြီးဖျော်လိုက်တာပါ။ ပြီးမှပေါ့သွားအောင် အမြှုပ်ထည့်ရောရတာပါ။ ပြီးရင်ပုံစံခွက်တွေထဲထည့် အခြောက်ခံရပါတယ်။
CLC block တွေဟာအရွယ်အစားကြီးပါတယ်
စျေးကွက်မှာ 18" x 8" x 4" နဲ့ 24" x 8" x 4" ထုတ်ကြပါတယ်။ ပုံမှန်အုတ်နီခဲရဲ့ ၆ဆ ၈ဆလောက်ပိုကြီးတာပေါ့။ လိုအပ်ရင် Precast wall panel တွေမှာလဲထည့်လောင်းလို့ရပါတယ်။ တချို့နိုင်ငံတွေမှာ နံရံတွေကို သံဆင် ပုံးရိုက်ပြီး လောင်းထည့်လိုက်တာမျိုးတွေတွေ့နိုင်ပါတယ်။
CLC အုတ်ကိုအသုံးပြုရင် ဘာအကျိုးကျေးဇူးတွေရမလဲ???................................................
၁။ CLC အုတ်တွေဟာအရွယ်အစားကြီးပါတယ်။ ဒါကြောင့် အုတ်စီတဲ့အခါ မြန်မြန်ပြီးပါတယ်။
၂။ လိုချင်သလောက်ကို လွှ သို့မဟုတ် ကျောက်စက်နဲ့ ဖြတ်တောက်ယူနိုင်တာကြောင့် အလေအလွင့်နဲပါတယ်။
၃။ စီတဲ့အခါ အဆက်တွေနည်းတဲ့အတွက် မဆလာကုန်သက်သာပါတယ်။ နံရံချောတဲ့အခါလည်း အုတ်တွေဟာ ရွယ်တူတွေဖြစ်တာကြောင့် အထူကြီးချောစရာမလိုပါဘူး။
၄။ CLC အုတ်တွေဟာ အလေးချိန်အားဖြင့် မြေအုတ်ထက် 40% ၊ ရိုးရိုးဘိလပ်မြေအုတ်ထက် 60% လောက်ပိုပေါ့ပါတယ်။ ဒါကြောင့် အဆောက်အဦးရဲ့ ထမ်းထားရတဲ့ ဝန်ဟာအများကြီးလျော့သွားနိုင်ပါတယ်။
၅။ ဒီဇိုင်းတွက်ကတည်းက CLC အုတ်တွေသုံးမယ်စိတ်ကူးရင် အဆောက်အဦးမှာလိုမယ့် foundation, column, beam အစရှိတဲ့ ကုန်ကျစရိတ်များတဲ့ဟာတွေမှာ လျော့လို့ရပါတယ်။
၆။ နေထိုးတဲ့နံရံတွေ ညဘက်ဆိုအပူပြန်တာလူတိုင်းသိပါတယ်။ ဒါဟာအုတ်နံရံကနေ့အချိန်မှာ အပူစုတ်ထားပြီး ညအချိန်မှာအပူပြန်လို့ပါ။ CLC အုတ်ရဲ့အပူစုတ်အားက မြေကြီးအုတ်ရဲ့ တဝက်ပဲရှိလို့ ပူပြင်းတဲ့ မြန်မာနွအေတွက်သင့်တော်ပါတယ်။ Aircon မီတာခ သက်တာတာပေါ့။
၇။ ဘိလပ်မြေ နဲ့ သဲသာပါဝင်လို့ မီးမလောင်နိုင်ပါဘူး။ ရေစိုလို့ ဆွေးတာ ပွတာလည်းမဖြစ်ပါဘူး။
၈။ သဘာဝပတ်ဝန်းကျင်အနေနဲ့ကြည့်မယ်ဆိုလဲ ကုန်ကြမ်းဟာ ဘိလပ်မြေနဲ့သဲ ဖြစ်တာကြောင့် စိုက်ပျိုးမြေပျက်စီးတာတို့၊ မီးနဲ့ဖုတ်ရန်မလိုတဲ့အတွက် သစ်တောပျက်စီးတာ၊ ကာဗွန်မီးခိုးငွေ့ထွက်တာတွေမရှိပါဘူး။
၉။ နောက်ဆုံး တစ်ချက်ကတော့ ပဲ့တင်သံမဖြစ်ပဲ စုပ်ယူထားပါတယ်။
crd Lin Block
Shwe Kaw Li Tea House အတွက် လျှပ်စစ်မီး နဲ့နံရံပိုင်း အလှဆင်တဲ့အပိုင်း ပြီးစီးမှုလေးပါ
💙💙💙💙💙💙💙
အိမ်ဆောက်မလား 🏠စားသောက်ဆိုင်နဲ့ အရောင်းဆိုင်တွေ ဆောက်မလား၊ အိမ်တွေ ဆိုင်တွေ 🏘️ ပြင်မလား၊ အလှဆင်မလား၊ ပန်းခြံဥယျာဉ်လေးတွေ ထည့်မလား၊ ရေကူးကန်နဲ့ ရေတံခွန်လေးတွေ၊ ပန်းပင် စားပင်သီးပင်လေးတွေနဲ့ အေးချမ်းချင်သလား၊ ကြိုက်တာပြောပါနော်💖
အကြမ်းထည်ရော အချောထည်ရော ဒီဇိုင်းကအစ လှစေရမယ်၊ ခိုင်ခန့်စေရမယ်၊ သပ်ရပ်စေရမယ်၊ နေရာဒေသ မရွေး တာဝန်ယူ တည်ဆောက်ပြုပြင် မွမ်းမံ အလှဆင်ပေးနေပါပြီနော်။ 👍
အောက်က ပုံတွေကတော့ ဘားအံမြို့မှာ မကြာခင်ဖွင့်လှစ်တော့မည့် Kyaw Gyi Bistro ကျော်ကြီး စားသောက်ဆိုင် နှင့် ဘား ဖြစ်ပါတယ်။
ဒီဇိုင်းဖန်တီးမှုမှအစ ဆွဲဆောင်မှု ရှိတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ဖို့ အတွေ့အကြုံ စိတ်ကူး စိတ်သန်းတွေရယ် Budget တွေကို ပေါင်းစပ်ပြီး ရေမီးဆေး ပန်းဉယျာဉ် နှင့် ဆိုင်းဘုတ်များပါမကျန် ကျွန်မတို့ တည်ဆောက်ဖန်တီး အလှဆင်ပေးခဲ့တာ ဖြစ်ပါတယ်။
Design ရေးဆွဲခြင်း Site Survey ဆင်းပေးခြင်း တွေ့ဆုံဆွေးနွေးအကြံပေးခြင်း လုပ်ငန်းများကို Clients စိတ်တိုင်းကျစေဖို့အပြင် ကျွန်တော်တို့ရဲ့ အတွေ့အကြုံစိတ်ကူးတွေကိုပါ ထည့်သွင်းပေးတာမို့ လူကြီးမင်းတို့ရဲ့ နေအိမ် တိုက်တာ အဆောက်အဥ◌ီး စားသောက်ဆို Bar, Restaurant, Cafe Shop, Showroom, Sale Center , Motorbike Showroom, Car Showroom, Office, Storage Building, Factories, Landscape, Garden စတာတွေကို အသစ်ဆောက်ဖို့ ဖြစ်ဖြစ် အဟောင်းပြန်ပြင်ဖို့ ဖြစ်ဖြစ် Construction, Renovation & Decoration လုပ်ဆောင်ဖို့ စိတ်ကူး ရှိနေပြီ ဆိုရင် ကျွန်တော်တို့ဆီကို ဖုန်းတစ်ချက်ဆက်ပြီးသာ ချိန်းဆို တိုင်ပင်လိုက်ပါ အပ်နှံလိုက်ပါနော်
https://www.facebook.com/100565836308180/posts/136087542756009/?mibextid=Nif5oz
ဆက်သွယ်ရန်
၇၀(က) သီရီလမ်း စမ်းချောင်းမြို့နယ် ရန်ကုန်မြို့
09774629365, 09778936911, 09988477973, 09778175906 (Viber)
𝗣𝗮𝗴𝗲 လေးကို 𝗟𝗶𝗸𝗲 & 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ထားခဲ့ဖို့ မမေ့ပါနဲ့နော်🙋♀️🙋♂️
#အခန်းပြင်ဆင်ခြင်း #အိမ်ဆောက်ဖို့ #ရုံးခန်းပြင်ဆင်ခြင်း
Modern Myanmar Home Decor
09774629365, 09778936911
https://youtu.be/QuTecMFC_4c?feature=shared
Kyaw Gyi Bar & Restaurant (Mawlamyine, Mon State) Kyaw Gyi Bar & Restaurant (Mawlamyine, Mon State)
Shwe Kaw li Tea House ( Thamine)
ရေကန်အလေးချိန် နှင့် အမိုးဆလပ်ခိုင်ခံ့မှု
===========================
အခုပြောချင်တဲ့အကြောင်းအရာလေးကတော့ မိတ်ဆွေတို့ရဲ့RC အာစီ (သို.မဟုတ်) steel structureလို့ခေါ်တဲ့သံထည်အဆောက်အဦးရဲ့ အမိုးဆလပ်ပြင်ပေါ်မှာ တင်ထားတဲ့ ရေကန်အလေးချိန်အကြောင်းပါ။
အိမ်ဆောက်ကတည်းက အမိုးဆလပ်ပေါ် ရေကန်တင်မဲ့နေရာကို ကြိုစဉ်းစားသင့်ပါတယ်။အိမ်ဆောက်ပီးမှ သင့်ရာထားမယ်လို့စိတ်ကူးနေတယ်ဆို စာဆုံးအောင်ဖတ်ပေးပါ။
အမိုးဆလပ်မှာ အုတ်ရေကန်ဘဲဆောက်ဆောက်၊ စတီးကန်ဘဲတင်တင်၊ ပလတ်စတစ်ကန်ဘဲထားထား မိမိတင်မဲ့ရေရဲ့ အလေးချိန်ကို သိပါသလား။
ရေတစ်ဂါလံဟာ 8ပေါင်ကနေ ၁၀ပေါင်အထိလေးပါတယ်။(မိမိတို့တင်ထားတဲ့ ရေဂါလံကို အခုဘဲ ၁၀ပေါင်နဲ့မြှောက်ကြည့်ပါ)
တစ်ပေပတ်လည် တစ်ပေအမြင့်ရှိတဲ့ရေရဲ့အလေးချိန်က 62ပေါင် ရှိပါတယ်။
ပိုရှင်းအောင်ပြောရရင် ၃ပေ ပတ်လည် ၃ပေအမြင့်ရှိတဲ့ရေကန်ရဲ့ရေအလေးချိန်က တန်ဝက်(ဘိလပ်မြေ ၁၀အိတ်အလေးချိန်) နီးပါးရှိပါတယ်။
ဒါတောင် အုတ်စီထားတဲ့ အလေးချိန်ထည့်မတွက်ရသေးပါဘူး။
အမိုးဆလပ်မှာ ရေဂါလံ ဘယ်လောက်ထားမယ်ဆိုတာ အိမ်မှာရှိမဲ့ လူဦးရေအရေအတွက်နဲ့ ပျှမ်းမျှတွက်ချက်ပီးတင်ကြပါတယ်။ ရေကန်ကြီးလေ အလေးချိန်ပိုများလေပါ။
ရေကန်တင်ဖို့နေရာရွေးပီးရင် ထိုနေရာမှာရှိတဲ့
ဆလပ်ပြင်ထမ်းနိုင်အား၊
သူ့အောက်က ထုပ်ရဲ့ Size၊
ထည့်မဲ့ သံချောင်းအရေအတွက် လုံလောက်ရဲ့လား အသေးစိတ်တွက်ချက်ရပါတယ်။ ဒါမှသာ တင်မဲ့ရေအလေးချိန်ကို အန္တရာယ်ကင်းကင်းနဲ့ အဆောက်အဦးက သက်တမ်းတစ်လျောက် ထမ်းထားနိုင်မှာပါ။
ရေကန်ထားမဲ့နေရာကို အလွယ်တကူမပြောင်းသင့်ပါဘူး။ ရေရဲ့အလေးချိန်က အထက်မှာပြောထားသလို ၃ပေ ပတ်လည်လေးတောင် တန်ဝက်(ပေါင် ၁၁၀၀) ရှိနေလို့ပါ။ နေရာပြောင်းလိုက်ရင် ပြောင်းထားမဲ့နေရာရှိ ဆလပ်၊ ထုပ် size လုံလောက်ရဲ့လား ပြန်စစ်ရပါမယ်။
ရေရဲ့အလေးချိန်က အရှင်ဖြစ်ပါတယ်။ ဆိုလိုတာက ကန်ပေါ်ရေတင်နေတုန်း ရေဟာ လှုပ်ရှားနေပါတယ် ။မြင်အောင်ပြောရရင် ဝက်တစ်ကောင်ကို အသေထမ်းထားတာနဲ့ အရှင်ထမ်းထားရတာ ဘယ်ဟာ ပိုအားသုံးရပါသလဲ။ အရှင်က ရှုန်းကန်နေတာပါ။
ဆိုတော့ အထက်ကပြောခဲ့သလို size မလုံလောက်ရင် အန္တရာယ်ကြီးပါတယ်။
ချိန်ကိုက်ဗုံးကို ခေါင်းပေါ်တင်ထားရသလိုပါဘဲ။ (ခုလိုပြောလို့ ခြောက်တယ်မထင်ပါနဲ့ ရေကန်ဝိတ်မနိုင်လို့ အိကျနေတဲ့ ဆလပ်ပြင်တွေ ရှိပါတယ်၊ ပြိုကျသွားခဲ့တဲ့အဆောက်အဦးတွေလည်းရှိပါတယ်)
အမိုးပေါ် အပင်စိုက်တဲ့ အိမ်ရှင်တွေလည်းရှိနေပြန်ပါသေးတယ်။ အစောကတည်းက အစီအစဥ်ရှိရင် ကန်ထရိုက်(သို့) အင်ယာကို ကြိုပြောပါ။ အပင်စိူက်မယ်ဆိုမြေကြီးတင်ရပါတယ်။
မြေကြီးရဲ့အလေးချိန်ဟာ တစ်ပေပတ်လည် တစ်ပေအမြင့် မှာ ပေါင်၁၂၀ရှိပါတယ်။ ဒါတောင် ရေလောင်းလိုက်လို့ မြေကြီးစိုသွားရင် ရေရဲ့ အလေးချိန်ပေါင်းထည့်ရတော့မှာပါ။
အိမ်မှာ မိသားစု၅ယောက်နေတယ်ဆိုရင်တောင် အလေးချိန် ပေါင် ၁၀၀၀လောက်ဘဲရှိတာပါ။
အမိုးဆလပ်ပေါ်မှာတော့ ရေဝိတ်၊ အပင်ဝိတ်၊ မြေကြီးဝိတ် ထမ်းထားရတာ ပိုများနေပါတယ်။ ဒီကြားထဲ မိုးများလို့ ရေဆင်းပိုက်က ရေချက်ချင်းမစီးနိုင်ရင် အဲ့မိုးရေ ဝိတ်ပါ ယာယီထမ်းရပါသေးတယ်။
ဒါပေမဲ့ ကန်ထရိုက်က အမိုးဆလပ်မို့ လူမနေဘူး၊ အခန်းမဖွဲ့ဘူး ဆိုပီး size၊ ထည့်မဲ့သံချောင်း လျော့ပီး ဆောက်သွားပေးတယ်ဆို တွေးကြည့်ရုံနဲ့ လန့်ရပါတယ်။
ပြောချင်တာက အိမ်ရှင်တွေက အမိုးဆလပ်ပေါ် ဘာတင်မယ် ဘာလုပ်မယ်ဆိုတာ စဥ်းစားမိသလောက် ကန်ထရိုက် or အင်ယာ ကိုသေချာပြောပြထားပေးပါ။ ပုံဆွဲကတည်းက မြင်သာအောင် ထည့်ဆွဲထားပါ။
သေချာ တွက်ချက်ဆောက်ခိုင်းပါ။
ပိုသေချာချင်ရင် နည်းလမ်းရှိပါတယ်။အင်ယာအခေါ် (load test) စမ်းတယ်ခေါ်ပါတယ်။
မိမိတို့တင်မဲ့ ရေဂါလံနဲ့ ၁၀ နဲ့မြှောက်ပါ။ ဥပမာဆိုပါစို့
ဂါလံ ၃၀၀တင်တယ်ဆိုပါစို့။ ၃၀၀x၁၀=၃၀၀၀ပေါင်
(ဘိလပ်မြေတစ်အိတ်က ၁၁၂ပေါင်လေးတယ်)
၃၀၀၀ကို ၁၁၂နဲ့စား= ၂၆.၇ အိတ်စာအလေးချိန်နဲ့ညီမျှတယ် ။
ပို အန္တရာယ် ကင်း (safe ) ဖြစ်အောင် ၂ဆတိုးရပါမယ်။ အဆောက်အဦးက ရေရှည်မှာ ခံနိုင်အားကျလာတတ်လို့ နောင်တစ်ချိန်မှာ အန္တရာယ်ကင်းအောင်ပါ။ အိတ်၅၀ လောက် ရေကန်တည်မဲ့နေရာကိုဘဲ ကွက်တင်ကြည့်လိုက်ပါ။ (အမိုးဆလပ်တစ်ပြင်လုံး ဖြန့်မတင်ရ ၊ ရေကန်ထားမဲ့ဧရိယာလေးအတိုင်း ဘိလပ်မြေအိတ် စီပီးထပ်တင်ကြည့်ရမယ်)
ဘာမှမဖြစ်ရင် ok ပီ
ရန်ကုန် သမိုင်း ဗဟိုလမ်းမပေါ်က Tea Shop အတွက် အကြမ်းထည်လေးနဲ့ဘဲ Confirm ဖြစ်သွားခဲ့တယ်
-----------------------------------------------------
အိမ်ဆောက်မလား 🏠စားသောက်ဆိုင်နဲ့ အရောင်းဆိုင်တွေ ဆောက်မလား၊ အိမ်တွေ ဆိုင်တွေ 🏘️ ပြင်မလား၊ အလှဆင်မလား၊ ပန်းခြံဥယျာဉ်လေးတွေ ထည့်မလား၊ ရေကူးကန်နဲ့ ရေတံခွန်လေးတွေ၊ ပန်းပင် စားပင် သီးပင်လေး တွေနဲ့ အေးချမ်းချင်သလား၊ ကြိုက်တာပြောပါနော်💖
အကြမ်းထည်ရော အချောထည်ရော ဒီဇိုင်းကအစ လှစေရမယ်၊ ခိုင်ခန့် စေရမယ်၊ သပ်ရပ်စေရမယ်၊ နေရာဒေသ မရွေး တာဝန်ယူ တည်ဆောက် ပြုပြင် မွမ်းမံ အလှဆင်ပေးနေပါပြီနော်။ 👍
ဒီဇိုင်းဖန်တီးမှုမှအစ ဆွဲဆောင်မှု ရှိတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ဖို့ အတွေ့အကြုံ စိတ်ကူး စိတ်သန်းတွေရယ် Budget တွေကို ပေါင်းစပ်ပြီး ရေမီးဆေး ပန်းဉယျာဉ် နှင့် ဆိုင်းဘုတ်များပါမကျန် ကျွန်မတို့ တည်ဆောက်ဖန်တီး အလှဆင်ပေးခဲ့တာ ဖြစ်ပါတယ်။
Design ရေးဆွဲခြင်း Site Survey ဆင်းပေးခြင်း တွေ့ဆုံဆွေးနွေး အကြံပေးခြင်း လုပ်ငန်းများကို Clients စိတ်တိုင်းကျစေဖို့အပြင် ကျွန်တော်တို့ရဲ့ အတွေ့အကြုံစိတ်ကူးတွေကိုပါ ထည့်သွင်းပေးတာမို့ လူကြီးမင်းတို့ရဲ့ နေအိမ် တိုက်တာ အဆောက်အဥ◌ီး စားသောက်ဆို Bar, Restaurant, Cafe Shop, Showroom, Sale Center , Motorbike Showroom, Car Showroom, Office, Storage Building, Factories, Landscape, Garden စတာတွေကို အသစ်ဆောက်ဖို့ ဖြစ်ဖြစ် အဟောင်းပြန်ပြင်ဖို့ ဖြစ်ဖြစ် Construction, Renovation & Decoration လုပ်ဆောင်ဖို့ စိတ်ကူး ရှိနေပြီ ဆိုရင် ကျွန်တော်တို့ဆီကို ဖုန်းတစ်ချက် ဆက်ပြီးသာ ချိန်းဆို တိုင်ပင်လိုက်ပါ အပ်နှံလိုက်ပါနော်
https://www.facebook.com/100565836308180/posts/136087542756009/?mibextid=Nif5oz
ဆက်သွယ်ရန်
၇၀(က) သီရီလမ်း စမ်းချောင်းမြို့နယ် ရန်ကုန်မြို့
09774629365, 09778936911, 09988477973, 09778175906 (Viber)
𝗣𝗮𝗴𝗲 လေးကို 𝗟𝗶𝗸𝗲 & 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ထားခဲ့ဖို့ မမေ့ပါနဲ့နော်🙋♀️🙋♂️
#အခန်းပြင်ဆင်ခြင်း #အိမ်ဆောက်ဖို့ #ရုံးခန်းပြင်ဆင်ခြင်း
Tea Shop Design 09774629365
beam ကပြားကြီးပြီး အပေါ်အောက်ဒေါင်လိုက်ကသေးနေတာ...(ပြောင်းပြန်ဖြစ်)
သံဆိုဒ်သေးတာ...
သံထည့်တာနည်းတာ...
စတားကွင်းကျဲတာ...
ကွန်ကရစ် မကောင်းတာ...
တုန်စက်မထိုးပဲလောင်းတာ...
စလပ်ဝိတ်ကထူနေတာ...(beam နဲ့မလိုက်)
ကွန်ကရစ်ဖျော်တာမနှံ့စပ်တာ...
ကွန်ကရစ်အချိုးအစားမမှန်တာ...
သတ်မှတ်ရက်မပြည့်ပဲ အောက်ကထောက်တိုင်တေဖြုတ်တာ...
အတွေ့အကြုံအားနည်းတာ
တစ်ခုခုကြောင့်ပေါ့
CR
ဖတ်မိတော့ ဟတ်ထိတယ်
ရုံးရှေ့မှာထမင်းဆိုင်လေးတဆိုင်ရှိတယ်။အခြေခံလူတန်းစားတွေ အလုပ်သမားတွေ စားလို့ရတဲ့ဆိုင်လေးဆိုပေမယ့် ဆိုင်ရှင်အဒေါ်ကြီးက ဟင်းချက်လက်ရာကောင်းတယ် ။ဒီခေတ်ကြီးမှာ ထမင်းတနပ်ကို အသားဟင်းတမျိုး ငပိ တို့စရာ ချဉ်ရည်ဟင်း ပေးပြီး ၁၅၀၀ နဲ့ရောင်းလို့ရအောင်ချက်ရပြုတ်ရတာ သူလည်းလွယ်မှာမဟုတ်ဘူး ။ ကျွန်တော်လည်း ထမင်းချိုင့်မပါတဲ့ရက်တွေသွားစားဖြစ်တယ်။ ကျွန်တော်တို့ရုံးက ကားသမားတွေ ၊ လုံခြုံရေးတွေနဲ့ တခြားအဲ့ဒီဝန်းကျင်က အခြေခံလုပ်သားတော်တော်များများ အဲ့ဆိုင်လေးကို အားထားရတယ် ။
တခြားCompany ချစျေးကိုမှီခိုနေရတဲ့ Readymade အအေးဗူးတွေဆေးလိပ်တွေ ၊မုန့်ထုပ်တွေကလွဲရင် သူ့ဆိုင်က ကိုယ်တိုင်ချက်တဲ့ ဟင်းလျှာတွေ တခါမှစျေးမတက်ဖူးဘူး ။ အဲ့ဒီဆိုင်လေးဟာ ဒီလိုပင်ပန်းကျပ်တည်းရတဲ့ လူမှုအဖွဲ့အစည်း မှာ အနည်းဆုံး လူ ၅၀ လောက်ကို အကျိုးပြုနေတာ ကျွန်တော်ခဏခဏတွေးပြီး သဘောကျမိတယ် ။
ဝမ်းနည်းစရာတခုက ထမင်းတနပ် ၁၅၀၀ ကိုတောင် မတတ်နိုင်လို့ ရအောင်ချွေတာရတဲ့သူတွေလည်း ဒီလောကကြီးမှာရှိတယ် ။
အဲ့ဆိုင်က ဘယ်လိုရောင်းပေးလည်းဆိုရင် ထမင်းတပွဲပေါ်မှာ ဘဲဥချဉ်ဟင်း ၂ ခြမ်းပုံပေးတယ် ။ ငပိတို့စရာ နဲ့ ချဉ်ဟင်းပေးတယ် ။ တစ်ထောင်ပဲယူတယ် ။ လက်ဖက်သုပ် ရှောက်သီးသုပ်တစ်ပွဲတစ်ထောင် ။ ပုံစားစားမယ်ဆိုရင် ထမင်းပေါ် လက်ဖက်သုပ်ဖြစ်ဖြစ် ရှောက်သီးသုပ် ဖြစ်ဖြစ် တစ်ဝက်လောက်ပုံပေးတယ် ။ တစ်ထောင်ပဲကျတယ် ။ ငါးကြော်တစ်ပွဲ ၂ တုံးပါတယ် တစ်ပွဲတစ်ထောင် ။ ပုံစားဆိုရင် ထမင်းပေါ် ငါးကြော်တစ်တုံးပုံပေးတယ် ။ တစ်ထောင်ပဲ ။ တကယ့်ကို စေတနာကောင်းတာပါ ။ အဲ့ဒီဝန်းကျင်က ဆောက်လုပ်ရေးဆိုဒ်ထဲက အလုပ်သမားလေးတွေ သန့်ရှင်းရေးဝန်ထမ်းတွေ နဲ့ ကျပန်းတွေအတွက်ကတော့ အဲ့ဒီဆိုင်လေးဟာ ကောင်းကင်ဘုံ ပဲ ။
အဲ့ဆိုင်ကို ကျွန်တော်နေ့တိုင်းမရောက်ဖြစ်ပေမယ့် ကျွန်တော်သွားစားမိတဲ့ရက်တိုင်း တွေ့နေကျ ကောင်လေးတစ်ယောက်ရှိတယ် ။
ကျွန်တော်တို့ အောက်ထပ် တခြားCompany တခုက လုံခြုံရေးဝန်ထမ်းလေးပါပဲ ။ တွေ့တိုင်းသူ့ကိုသတိထားမိတာက နေ့တိုင်းငါးကြော်နဲ့စားလို့ပဲ ။ ပြီးရင် ငရုတ်သီးကြော်လေးနည်းနည်းထည့်ပေးပါလို့တောင်းပြီး ထမင်းနဲ့အားရပါးရနယ်ဖတ်ပြီးစားတာ ကြည့်ကောင်းလို့ သူစားတာအမြဲငေးငေးကြည့်နေမိတာ ။
ပြီးတော့ ဝေဝေဆာဆာအများကြီးရှိတာမဟုတ်ပေမယ့် ဘဲဥချဉ်ဟင်း ၊ လဖက်သုပ် ၊ ရှောက်သီးသုပ် ၊ ခရမ်းချဉ်သီးသုပ် ၊ ဝက်သားတစ်တုံး ၊ချဉ်ပေါင်ကြော် ၊ ကြက်ဥတစ်လုံးခေါက်ကြော် စသည်ဖြင့် ငါးရာတန် တခြားရွေးချယ်ခွင့် တွေရှိပေမယ့် အမြဲတမ်းငါးကြော်တမျိုးတည်းကို ခုံခုံမင်မင်စားတာကို သတိထားမိပြီး သဘောကျနေတာ ။
ဒီနေ့ကျ အဲ့ကောင်လေးနဲ့ဆိုင်မှာဆုံတယ် ။ ကျွန်တော်က ရှေ့က ဟင်းဗန်းမှာ ဟင်းရွေးနေတုန်း အဲ့ကောင်လေးဆိုင်ရောက်လာတော့ ဆိုင်ရှင်အန်တီက " သားရေ ငါးကြော်က ဘယ်လိုမှ တစ်တုံး ၅၀၀ နဲ့ရောင်းလို့မရတော့ဘူး တစ်တုံး ၇၀၀ ဖြစ်သွားပြီ " လို့ ပြောလိုက်တာ အဲ့ကောင်လေး ရုတ်တရက် မျက်နှာလေးအိုကျပြီး ပျက်ထွက်သွားတာကို သိသိသာသာကြီး မြင်ဖြစ်အောင်မြင်လိုက်မိသေးတယ် ။ သူလည်း ခံစားချက်ကို မထိန်းချုပ်နိုင်တဲ့သူပဲထင်တယ် ။
တစ်ကယ်က တစ်ထောင်ကနေ ထောင့်နှစ်ရာ ဖြစ်သွားတာဟာ ဘာမှကြီးမားတာတော့ မဟုတ်ပါဘူး ။ သူတို့ချွေတာတယ်ဆိုတာကလည်း ဆေးလိပ်တစ်လိပ်ဖိုးပဲပိုထွက်ထွက် သပ်သပ်ချွေတာတာမျိုးပေါ့ ။ ထမင်းတစ်နပ် ထောင့်နှစ်ရာ ဆိုတာကလည်း ဘယ်လောက်ဆင်းရဲဆင်းရဲ အခြေခံလူတန်းစား လက်လှမ်းမှီပါတယ် ။
ကျွန်တော်ဒီလိုပဲတွေးမိပြီး အဲ့ကောင်လေး ဘာကို ရွေးမလဲ ၊ ဘာဆက်လုပ်မလဲလို့ စိတ်ဝင်စားတာနဲ့ စောင့်ပြီးနားထောင်နေတာ ။
ကောင်လေးက သက်ပြင်းတချချနဲ့ ငါးမိနစ်လောက်ကြာတယ် ။ ပြီးတော့ " ရတယ် အကြီး သားကို ရှောက်သီးသုပ်ငါးရာဖိုးနဲ့ပဲပေးတော့ ငါးကြော်ထဲက ငရုတ်သီးကြော်လေးတော့ပုံပေးလို့ရတယ်မလား " လို့ ပြောတာကြားလိုက်ရတဲ့ အချိန်မှာ လုံးဝ အသည်းထိသွားတာပါ ။ ကျွန်တော့်အသည်းကို တိုက်ရိုက်ထိတယ် ။ ကျွန်တော်ပါ ငိုင်ကျသွားတယ် ။
အဲ့အချိန်များမှာ ပိုက်ဆံ ၂၀၀ နဲ့ ဇာတ်နာစရာမရှိဘူးလို့ လာငြင်းမယ့်သူရှိရင် ကျွန်တော် ထထိုးမိမှာပဲ ။ သူ့ရဲ့နေ့စဉ်ဖြတ်သန်းပုံမှာ ဒီ ၂၀၀ ရဲ့အရေးပါမှုတွေ ၊ သူတကယ့်ကိုစွဲစွဲလန်းလန်းနဲ့စားခဲ့ရတဲ့ ငါးကြော်တစ်တုံးရဲ့ အရသာတွေ ၊ ပြီးတော့ သူ့ရဲ့ဝန်းကျင်မှာ ဒီလိုငါးကြော်တစ်တုံး ၅၀၀ - ထမင်း ၅၀၀ နဲ့ တစ်ထောင်ဖိုးစားလို့ရတဲ့ဆိုင်လေးလာဖွင့်တော့ သူ့ခံစားရမယ့်ပျော်ရွှင်မှုတွေ ၊ သူလည်း ဒီလိုမြင့်မားတဲ့စားရိတ်အခြေအနေကနေ သူ့ကိုယ်သူ safe ဖြစ်ပြီလို့ထင်ခဲ့မိမှာပဲ ။
အဲ့ဒါတွေအားလုံး ဒီနေ့လည်မှာ သူရိုက်ချိုးခံခဲ့ရတာ ။ ဒါပေမယ့် စျေးတက်လိုက်တဲ့ အန်တီကြီးမှာလည်း အပြစ်မရှိတာကို သူကျေကျေနပ်နပ်လက်ခံတဲ့မျက်ဝန်းတွေ ။ ဒါတွေအားလုံး ကျွန်တော်မြင်နေရတယ် ။
ဒါဆို ကျွန်တော်ကရော ။ သူ့လိုလူမျိုးကို ကျွန်တော်က ညီလေး ငါးကြော်နဲ့ပဲစားကွာ အကို နှစ်ရာစိုက်ပေးမယ်ဆိုပြီး နှစ်ရာတန် တစ်ရွက်သွားပေးရမှာလား ။ ဒါမှမဟုတ် ဆိုင်ရှင်အန်တီကို သူစားတဲ့ငါးကြော်ဖိုး ကျွန်တော်ရှင်းပေးမယ်ဆိုပြီး တိုးတိုးတိတ်တိတ်မှာထားရမှာလား ။ ဒါတွေလည်း လုပ်လို့မရဘူးလေ ။
သူ့အရင်ခံစားချက်ကို သူဘယ်လိုမှပြန်မရနိုင်တော့ဘူး ။ သူ့သိက္ခာကိုလည်းမထိခိုက်အောင် ၊ သူ့ခံစားချက်ကိုလည်းမထိပါးအောင် သူ့ရဲ့အရင်စိတ်အခြေအနေလေးကို ပြန်ရအောင် သူ့ကိုကူညီဖို့ဆိုရင် ကျွန်တော်က အဲ့ဆိုင်က ငါးကြော်အတုံးတိုင်းကို ဝယ်ပြီး လူတိုင်းကို ငါးရာနဲ့ရောင်းပေးဖို့နဲ့ လိုတဲ့ နှစ်ရာကိုစိုက်ပေးမှရမယ် ။ ဒါတင်မက နောက်နေ့မှာ ဆိုင်ရှင်အဒေါ်ကြီးကိုလည်း " သားရေ စျေးတွေပြန်ကျလို့ ငါးကြော်တစ်တုံး ငါးရာပြန်ဖြစ်သွားပြီ " လို့လိမ်ပြောခိုင်းရမယ် ။ ဒါလည်း အခက်ကြီးတော့ မဟုတ်ပါဘူး ။ အန်တီကြီးက နေ့တိုင်းငါးကြော်က အတုံး ၂၀ လောက်ကြော်တာပါ ။ နေ့တိုင်းစိုက်ရ အလွန်ဆုံး လေးထောင်ပါပဲ ။ ကိုယ်တတ်နိုင်တာပဲ ။ ဒါပေမယ့် ဒီနည်းလမ်းကရော မှန်လား ။ ကိုယ်တတ်နိုင်တယ်ဆိုပေမယ့် ဝင်ပြီး လုပ်သင့်ရဲ့လား ။
ကျွန်တော့်ပယောဂ မပါဘဲနဲ့ အဲ့ဒီဆိုင်လေးမှာ ငါးကြော်တစ်တုံး ၅၀၀ ပြန်ဖြစ်သွားအောင် လုပ်လို့ရမယ့်နည်းလမ်းမရှိဘူးလား . . . . .
ပြီးတော့
ခင်ဗျားတို့ ဘဝတွေမှာရော
တန်းဖိုးကြီးလွန်းတာမဟုတ်ပေမယ့်ကိုယ်တတ်နိုင်တဲ့စျေးမဟုတ်လို့အကြာကြီးစဉ်းစားပြီးမှလက်လွှတ်လိုက်ရတဲ့သူတွေ ၊ အရာတွေ ၊ ငါးကြော် တွေရှိခဲ့ဖူးလား ၊ငရုတ်သီးကြော်လေးတော့ ပုံပေးလို့ရတယ်မလားလို့တစ်ယောက်ယောက်ကို သွားတောင်းဆိုခဲ့ဖူးလား . . . . ။
မူရင်းရေးသားသူ - ကျော်နွမ်း
ဘဝတွေ အရမ်းခက်ခဲလာပြီနော် အားလုံး အမြန်ဆုံး ပြန်လည်အဆင်ပြေကြပါစေ
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Address
Yangon
Opening Hours
Monday | 08:30 - 17:00 |
Tuesday | 08:30 - 17:00 |
Wednesday | 08:30 - 17:00 |
Thursday | 08:30 - 17:00 |
Friday | 08:30 - 17:00 |
Saturday | 08:30 - 17:00 |
No. 10/A, Kabaraye Pagoda Road, Mayangone Township
Yangon, 11061
CMT provides lavish interior decoration experiences. We specialize in production and more.
Dhamayone Street
Yangon, 11017
CLINE for you to create your home , apartment , office and shop be modernized and updated in 21st Century. We develop all updated designs, Structures and material every seconds an...
No. 69F, Zizawa Street, 10 Quarter, Chan Thar Shwe Pyi Housing, East Dagon Township
Yangon, 11451
Aspdin Construction is a commercial construction company located in Yangon, Myanmar, that provides general contracting and project management services. Aspdin Construction has focu...
Yangon, 11091
Welcome to our Page One-stop service for furniture lovers Currently available for local clients.
Thazinpan Street, Thingangyun
Yangon, 11071
Aesthetic Room Decor & Household Items
Sel Myaung Street
Yangon
Flooring & Home Decoration.