TT - Genius Online Shop

TT - Genius Online Shop

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TT - Genius Online Shop, Home goods shop, Yar Za Kumar Road, Kyan Sitt Min Housing, Yangon.

🔺 ဒေသထွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ပစ္စည်းမှန်စျေးမှန်ခြင်းနှင့်အတူ ယုံကြည်စိတ်ချစွာဖြင့် ဝယ်ယူနိုင်ပါတယ်ရှင့်..
🔺China နှင့် BKK Pre- Order ပစ္စည်းများအတွက်လည်း ယုံကြည်စိတ်ချစွာအားပေးလို့ရပါတယ်ရှင့်... မြန်မာ့ဒေသထွက် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများသာမက BKK & China ထုတ် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကို ပစ္စည်းမှန်စျေးမှန်ဖြင့် စိတ်ချစွာဝယ်ယူနိုင်ပါတယ်ရှင့်

Photos from Yangon Travellers's post 21/02/2024

Yangon က ဧည့်သည်တော်ကြီးများ နေ့ချင်းပြန်ဘုရားဖူးသွားချင်တယ်ဆိုရင်
သွားလို့ရအောင် ရှယ်ပေးလိုက်ပါတယ်

10/02/2024

🎊ယနေ့ကျရောက်တဲ့ တရုတ်နှစ်သစ်ကူးမှစ၍ မိတ်ဆွေများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး စီးပွားလာဘ်လာဘများ ဒီရေအလားတိုးပွားကြပါစေကြောင်း ဆုတောင်းမေတ္တာပိုသလိုက်ပါတယ်ရှင့် 🎐🎐

07/02/2024

ဖွင့်မစားလိုက်ရတဲ့ ထမင်းချိုင့်လေးတွေပေါ့ ...

နောက်ဘဝကျရင်တော့
ထမင်းဘူးလှလှလေးတွေထည့်သွားပြီး
ပညာကောင်းကောင်းသင်ခွင့်ရတဲ့
အိပ်မက်တွေအကြီးကြီး မက်ခွင့်ရှိတဲ့
မျက်ရည်ပူတွေနဲ့ မငိုကြွေးရတဲ့ နေရာတွေမှာပဲ
ပျော်ပျော်ကြီး ပြန်ရှင်သန်ကြပါ ကလေးတို့ရေ ..

ငြိမ်းချမ်းကြပါစေ

Photos from TT - Genius Online Shop's post 05/02/2024

🌸ပြင်ဦးလွင် ဝိုင်​လေးတွေအားပေးလို့ရပါပြီ​နော် 🌸

✅ ပြင်ဦးလွင် ဒေသထွက် ရွှေယုန်ဝိုင်တံဆိပ်

1)မက်မန်းဝိုင်
2)စပျစ်ဝိုင်
3) ချဥ်စော်ကားသီးဝိုင်
4)နာနတ်ဝိုင်
5)စတော်ဘယ်ရီဝိုင်
6)ဂျင်းဝိုင်
ပုလင်း အကြီးတပုလင်း - 15000 ကျပ်

✅ delivery အတွက် မြို့နယ်အလိုက်ပို့ခလေးတွေ
ပေးရပါမယ်နော် 🥰

မိသားစုကျန်းမာ​ရေးအတွက် စိတ်ချရတဲ့စား​သောက်ကုန်​လေး​တွေဖြစ်တာမို့
☎ 09452434797 ကို ဆက်သွယ်မှာယူလို့ရသလို
Cb က​နေလဲ order တင်လို့ရပါတယ်ရှင့် 🥰

🌸 ပြည်ဦးလွင်ဒေသထွက် စစ်စစ်​တွေမို့ စ္စည်းမှန် ​စျေးမှန်​ကြောင်း အာမခံပါတယ်​နော် 🤗

#ပြင်ဦးလွင် #ကယား #​ဒေသထွက်
#ဝိုင်ပင်ရင်း

01/02/2024

ကြာဆံချက် (ပွဲ ၁၀ဝ စာ)
ကြာဆံချက်ချက်တော့မယ်ဆိုရင် အဓိကအကျဆုံးကတော့ ကြက်ပြုတ်ရည်ဖြစ်ပါတယ်။ ကြက်ပြုတ်ရည်ကောင်းကောင်းနဲ့ချက်တဲ့ ကြာဆံချက်က စားလို့ကောင်းတာပါ။ ပြီးတော့ ချဉ်ချဉ်စပ်စပ်မွှေးမွှေးလေးနဲ့ မအီတဲ့ အစားအစာမို့ အလှူပွဲမှာ ကြာဆံချက် ကျွေးမွေးဧည့်ခံရတာလည်း မျက်နှာပန်းလှပါတယ်။
ပါဝင်ပစ္စည်းများ
ပဲကြာဆံ – ၁ ပိဿာ
ကြက်သား – ၂ ပိဿာ
ကြက်ရိုး – ၁ ပိဿာ
ငါးဖယ် – ၁ ပိဿာ
ငုံးဥ – အလုံး ၂၀ဝ
ကြက်သွန်နီဥသေး – ၂ ပိဿာ
မှိုခြောက် – ၁၀ ကျပ်သား
ပန်းခြောက် – ၁၀ ကျပ်သား
ပဲလိပ် – ၁၀ ကျပ်သား
ငရုတ်ကောင်းလှော် – ၂ ၁/၂ ကျပ်သား
အရောင်တင်မှုန့် – ၁၅ ကျပ်သား
ကြက်သွန်ဖြူ – ၃၅ ကျပ်သား
လက်ဖက်စားကြက်သွန်ဖြူကြော် – ၂၅ ကျပ်သား
ချင်း – ၁၀ ကျပ်သား
ဆီ – ၃၀ ကျပ်သား
အရသာမှုန့် – စားပွဲဇွန်း ၅ ဇွန်း
သကြား – စားပွဲဇွန်း ၁၀ ဇွန်း
ဆား – စားပွဲဇွန်း ၇ ဇွန်း
ဗမာငံပြာရည်ကောင်းကောင်း – ၂၀ ကျပ်သား
နံနံပင် – ၁ ပိဿာ
ကြက်သွန်နီ – ၁ ပိဿာ (ပါးပါးလှီး)
ငရုတ်သီးလှော်မှုန့် – ၃၀ ကျပ်သား
ပြုလုပ်နည်း
ဦးစွာ ကြက်သားကို ရေဆေးသန့်စင်၍ အတုံးသေးလေးများတုံးပြီး ဆား စားပွဲဇွန်း ၁ ဇွန်း၊ အရသာမှုန့် စားပွဲဇွန်း ၁ ဇွန်း၊ ငံပြာရည် ၁၀ ကျပ်သားနှင့် ပိုင်ပိုင်နိုင်နိုင် နယ်နှပ်ထားပါ။ မှိုခြောက်၊ ပန်းခြောက်နှင့် ပဲလိပ်ကို ရေစိမ်ထားပါ။ ပဲကြာဆံကိုလည်း ရေစိမ်ထားပြီး ငုံးဥကို ပြုတ်ထားပါ။ ရေနွေးဆူအောင်တည်၍ ဆူလာလျှင် ချင်း ၅ ကျပ်သား ဓားပြား ရိုက်ထည့်ပြီး ကြက်သွန်ဖြူ ၁၀ ကျပ်သားကို အပေါ်ခွံနွှာ၍ ရေသန့်စင်အောင် ဆေးပြီး ထည့်ပြုတ်ပါ။ ကြက်ရိုးများ ခုတ်ထစ်ပြီး ထည့်ပြုတ်ထားပါ။ ကြက်ရိုးမှ ကစီရည်ထွက်ပြီး မွှေးလာတဲ့အထိတည်ပါ။ ထည့်ရမယ့်ရေချိန်မှာ ထမင်း ပေါင်းအိုး ၁ ပြည်ချက်နှင့် ရေ ၁၀ လုံးပါရှင်။ ရေနွေးအသင့်ဆောင်ထားပါ။ အပျစ်အကျဲပေါ်လိုက်ပြီး ရေလိုက်နိုင် ပါတယ်။ အိုးကြီးချက်အရည်ချက်တဲ့အခါ အဓိက ရေမများစေဘဲ ရေနွေး အသင့်ဆောင်ပါ။ ပျစ်လျှင် ရေလိုက်လို့ ရပေမယ့် ကျဲသွားရင်တော့ အဆင်မပြေ ဖြစ်တတ်ပါတယ်။ ငါးဖယ်ကို စေးနေအောင် ဆား၊ အရသာနှင့် ပေါက်ပြီး အလုံးလေးတွေ ထည့်ပြုတ်လို့ရသလို အပြားခပ်ကြီးကြီးပြားပြီး ပြုတ်ပါ။ ပြီးလျှင် ကတ်ကြေးနှင့် ညှပ်ထည့်လို့လည်း ရပါတယ်။ ကြက်သွန်ဖြူ၊ ချင်းကို ထောင်းပြီး ဆီ ၂၀ ကျပ်သားနှင့် ဆီသတ်ပါ။ မွှေးပြီး အရောင်ပြောင်းလာလျှင် အစိမ်းမှုန့်ထည့်ပါ။ နှပ်ထားသောကြက်သားထည့်ပြီး ကျန်တဲ့ ငံပြာရည်အားလုံးထည့်ပါ။ ငံပြာရည်အစိမ်းနံ့ ပျောက် တဲ့အထိ ဆီသတ်ပါ။ ရေစိမ်လို့ ပွလာပြီဖြစ်တဲ့ မှိုခြောက်၊ ပန်းခြောက်နှင့် ပဲလိပ်ကို အနေတော်အရွယ် ကတ်ကြေး နှင့်ဖြတ်ထားပါ။ ရေနွေးအိုးဆူလျှင် နယ်ထားတဲ့ မှိုခြောက်၊ ပန်းခြောက်နှင့် ပဲလိပ်ကို ၅ မိနစ်ခန့်ထည့်ပြုတ်ပြီး ဆန်ခါနှင့်စစ်၍ ဆန်ခါပေါ်မှ ရေဆေးပြီး ရေစစ်ထားပါ။ အဲဒါဆိုရင် မှိုခြောက်၊ ပန်းခြောက်နှင့် ပဲလိပ်မှာပါတဲ့ ချဉ်တင်တင် အနံ့တွေပျောက်ပါပြီ။ ငုံးဥတွေကို အခွံခွာထားပါ။ ကြက်သွန်နီဥသေးကို ဟင်းရည်ထဲထည့်ဖို့ အခွံနွှာထားပါ။ ပဲကြာဆံ ရေစိမ်ထားတာကို ရေ ၃ ရေလောက် ဆေးပါ။ ပဲကြာဆံမှာ သဲတွေပါတတ်လို့ပါ။ ပြီးလျှင် ဆန်ခါနဲ့ ရေစစ်ထားပါ။ ဒယ်ကြီးကြီးထဲ ကျန် ဆီ ၁၀ ကျပ်သား ထည့်ပြီး ရေစစ်ထားသော ပဲကြာဆံများ ထည့်လှော်ပါ။ ဒီလိုလှော်ပြီးမှ ကြာဆံကို ဟင်းရည်ထဲခတ်တဲ့အခါ အဆူခံပါတယ်။ ကြာဆံများ ပြတ်ထွက်တာတွေ မဖြစ်တော့ပါဘူး။ ကြာဆံတွေ ရေဓာတ် ကုန်ပြီး ခပ်တင်းတင်းလေးဖြစ်လာလျှင် ရပါပြီ။ ကြက်ပြုတ်အိုးကို ပွက်ပွက်ဆူအောင် ပြန်တည်ပြီး မှိုခြောက်၊ ပန်းခြောက်၊ ပဲလိပ်၊ ကြက်သွန်ဥ၊ ကြက်သားဆီသတ်၊ ငါးဖယ်၊ ဆား၊ အရသာမှုန့်နှင့် သကြားတို့ကို ထည့်ပါ။ နောက်ဆုံးမှ ကြာဆံထည့်ပါ။ အပျစ်အကျဲအနေအထားနဲ့ အရသာမြည်းပါ။ အားလုံးအနေအထားမှန်လျှင် ငရုတ် ကောင်းမှုန့်ထည့်ပါ။ ပွဲပြင်ရန်အတွက် နံနံပင်၊ ကြက်သွန်နီ၊ ရှောက်သီးလှီးထားပါ။ လက်ဖက်စားကြက်သွန်ကြော်ကို ထုခြေထားပါ။ (ကြာဆံချက်ထဲ ခတ်သောက်လျှင် အလွန်မွှေးပြီး အရသာတစ်မူထူးခြားပါတယ်။) ငရုတ်သီးလှော် မှုန့် စသည်တို့ကို ဧည့်ခံစားပွဲပေါ် လှပစွာခင်းကျင်းပြီး တည်ခင်း ဧည့်ခံနိုင်ပါပြီ။ ငုံးဥကို တစ်ပွဲ ၂ လုံးကျ ထည့်ပေးပါ။

crd

04/01/2024

(တစ်ချိန်ချိန် အသုံးဝင်လာမှာပါ /သင့်ဖုန်းထဲမှာ သိမ်းထားပါ)
◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️

၁။ ဆားအခတ်များသွားလျှင် အာလူးအလုံးလိုက် (၂/၄)လုံးထည့်ပါ။

၂။ ပဲပြုတ်သည့်အခါ စားချင်သဖွယ်....အိအိဖောင်းဖောင်း စိမ့်စိမ့်လေးဖြစ်အောင် ရေလဲပြီးသောအခါ ရေအနည်ငယ် ထည့်၍ ထန်းလျက်(၂)လုံးခန့် ထည့်ထားလိုက်ပါ။

၃။ ကန်စွန်းရွက်ကို အစိမ်းရောင်လေး အတိုင်းပဲ စားချင်သဖွယ်ဖြစ်လိုပါက အဖုံးမအုပ်ပဲ ကြော်ပါ။

၄။ ဒန်အိုးဒန်ခွက်များ ပြောင်စင်လိုပါက ဂေါ်ဖီထုတ်မှ အရွက်ကြမ်းဖြင့် ပွတ်တိုက်ပါ။

၅။ လက်ဘက်ရည်အိုး၊ခွက်၊ အစွန်း အထေးများပြောင်စင်လိုပါကဆော်ဒါ(သို့မဟုတ်-လက်ချားအမှုန့်)ထည့်ပြီး ညသိပ်ထားပါ။

၆။ အိမ်သာကြွေခွက်,ကျောက်ပြားများ သန့်ရှင်းလိုပါက လက်ချားမှုန့်နှင့်ရှောက်ရည် ရောစပ်ပြီး ပွတ်တိုက်ပါ။

၇။ ယင်ပေါလျှင် ဖယောင်းတိုင် (၂)တိုင် ထွန်းပါ။

၈။ အင်္ကျီကော်လံမှ ဆီချေးများကို ရှန်ပူခေါင်းလျှော်ရည်ဖြင့်ပွတ်တိုက်လျှော်ပါ။

၉။ ပုရွက်ဆိတ်မလာလိုသော်ကန့်မှုတ်ကို နည်းနည်းဖြူးပေးပါ။

၁၀။ ဟင်းရဲ့အနံ့အသက် လက်မှာစွဲ နေလျှင်မာလကာရွက်နဲ့ ပွတ်တိုက်ပေးပါ။

၁၁။ အာလူးနွမ်းပြီး မလတ်ဆတ်သော် မှန်ရောင်သကြားအနည်းငယ် ထည့်ပြီး ပြုတ်ပါ လတ်ဆတ် တဲ့အာလူပြုတ်လိုပဲ အရသာကောင်းပါလိမ့်မည်။

၁၂။ ဟင်းချိုလိုသော်..ဘူးသီးခြောက်ခတ်ပြီးသောက်ရင်ချိုပါသည်။

၁၃။ မီးပူလောင်သော်ကွမ်းရွက်နဲ့သကြားကို ရောကြိတ်ပြီးအုံပါ။

၁၄။ အဝတ်မှင်စွန်းသော်...ရေနံဆီသန့်သန့် အစက်ချဆွတ်ပြီးဆပ်ပြာနဲ့ လျှော်ဖွတ်ပါ။

၁၅။ ကြမ်းပိုးရှိသော်.....ရေနံဆီနဲ့ မကြာမကြာကြမ်းတိုက်ပါ။

၁၆။ ခံတွင်းနံ့မကောင်းသော်...သွားပွတ်တံမှာ ပရုတ်ရည် တစ်စက်နှစ်စက်ထည့်ပြီးသွားတိုက်ပါ။(သို့မဟုတ်)ပရုတ်မှုန့်ထည့့်ပြီးသွားတိုက်ပါ။

၁၇။ ဟင်းများဆားငန်သော်...မီးခဲရဲရဲ တစ်ခဲထည့်ပါ။(၂)မိနစ်ခန့်ကြာ၌ပြန်ထုတ်ယူပါ။

၁၈။ ကွမ်းသွေးစွန်းသော်....ခရမ်းချဉ်သီးပွတ်တိုက်ပေးပြီးလျှော်ပါ။

၁၉။ နွားနို့မချဉ်အောင်ထားလိုသော်နွားနို့ထဲသို့ ငရုတ်သီးစိမ်း(၃)တောက် အညှာဖြုတ်ပြီးထည့်ထားပါ။

၂၀။ ပရွတ်ဆိတ်များမလာလိုသော် သခွားသီးအားပါးပါးလှီးပြီးချထားပါ။

၂၁။ ဖန်ဖွက်ထဲ ရေနွေးပူပူထည့်လိုသော် ဇွန်းတစ်ချောင်းကို ဖန်ခွက်ထဲ အရင်ထည့်ပြီး ရေနွေးပူပူ ဖြေးဖြေးထည့်ပါ။

၂၂။ သံချေးစွန်းသော် အကြမ်းပန်းကန်တစ်လုံးခန့် ဆန်ပြုတ်၍ စွန်းသောအဝတ်ကို (၅)နာရီခန့် စိမ်ပြီး ဆပ်ပြာဖြင့် ဖွတ်လျှော်ပါ။

၂၃။ ကြွက်များပြေးလိုသော် ရှိန်းခိုကိုရေဖျော်၍ ကြွက်လာ လမ်းတွင်ဖျန်းထားပါ။

၂၄။ ခေါင်းတစ်ခြမ်းကိုက်သော် ထောပတ်အနည်းငယ် ရှုပါ။

၂၅။ ဒူးရင်းသီးတောက်သော် ဒူးရင်းသီးအခွံထဲရေထည့်၍ သောက်ပါ။ရေဝအောင်ချိုး၊မင်းကွတ်သီးစားပေးခြင်း တို့ဖြင့် ပျောက်ကင်းပါသည်။

၂၆။ ပိုးဟပ်ပြေးလိုသော် လေးညှင်းပွင့်များထောင်း၍ ဖြူးထားပါ။

၂၇။ မှိုနှင့်တညင်းသီးတောက်သော် တောက်တာဥကို ဆန်ဆေးရည်နှင့်သွေး၍ သောက်ပါ။

၂၈။ သံပုရာသီး ကြာရှည်ထားလိုသော်ပုလင်းသန့်သန့်ဖြင့် လေလုံအောင်ထားပါ။

၂၉။ ခေါင်းကိုက်သော်လက်ဘက်ရည်ကျကျကျိုပြီးသားထဲသံပုရာရည်ညှစ်ပြီးသောက်ပါ။

၃၀။ မျက်နှာလှပလိုသော် မျက်နှာမသက်မှီ သံပုရာသီးကို ထက်ခြမ်းခွဲ၍ မျက်နှာပွတ်ပေးပြီး ရေနွေးနွေးဖြင့် ဆေးပါ အဖုအပိမ့်ကင်းစင်ပြီး ချောမွေ့စေမည်။

၃၁။ ခရီးသွား ကားမူးသော် ချက်ကို ပလာစတာလုံအောင်အုပ် ကပ်ပြီးခရီးသွား ကားမမူးပါ။

၃၂။ ဆီးချိုရောဂါ အမြစ်ပြတ်လိုသော်ဆလတ်ရွက်ကို နေ့စဉ်ထမင်းစား တိုင်းတို့စရာအဖြစ်စားပါ။

၃၃။ ရှောက်ပင်အသီးတင်လိုသော် ပင်စည်ကို အမဲရိုးများနဲ့ ကြပ်စည်းပေးပါ။

၃၄။ ဒူးနာသော် ဘဲဥအကာလိမ်းပါ။

၃၅။ အနံ့ဆိုးကင်းလိုသော် အိမ်သာ(သို့မဟုတ်) ငါးပိ,ငါးခြောက်ထားရာ လူမမာရှိရာအိမ်၏ မီဖိုချောင်ထဲမှာ ကျောက်ဖရုံသီးကို အပ်များဖြင့် အပေါက်ဖောက်၍ ချိတ်ဆွဲထားပါ။ကျောက်ဖရုံသီးကား ညှော်နံ့နှင့် အနံ့ဆိုးများကို စုပ်ယူသည်။

Photos from TT - Genius Online Shop's post 27/12/2023

ဝိုင်ရှာနေရင် အားပေးလို့ရပါတယ်နော်
ပြင်ဦးလွင်ဒေသထွက်စစ်စစ်ပဲ ရောင်းပါတယ်

Photos from TT - Genius Online Shop's post 16/12/2023

🍷Christmas နဲ့ New Year အတွက် ဒေသထွက်ဝိုင်ကောင်းကောင်းလေးရှာနေရင် ဒီမှာရနေပါပြီနော်
🍷 ပြင်ဦးလွင်က ဝိုင်မှသောက်ချင်သူတွေအတွက်ရော🍷
🍷 ဝိုင်ပြန်ရောင်းချင်သူများအတွက်ပါ အဆင်ပြေအောင် လက်ကားအရောင်းလဲရှိပါတယ်ရှင့် 🍷

🍀 မက်မန်းဝိုင် (750ml)ပုလင်းကြီး - 14000
🍀 စပျစ်ဝိုင်( 750ml)ပုလင်းကြီး - 14000
🍀 စတော်ဘယ်ရီဝိုင် ( 750ml)ပုလင်းကြီး - 14000
🍀 ချဉ်စော်ခါးသီးဝိုင် ( 750ml)ပုလင်းကြီး - 14000
🍀 နဂါးမောက်ဝိုင် (750ml)ပုလင်းကြီး - 14000
🍀နာနတ်ဝိုင် (750ml) - 14000

🍷ဝိုင် 10လုံးစျေး - 135000
🛵 delivery နဲ့လဲပိုပေးပါတယ်ရှင့် 🛵

📞Phone : 09452434797


#ပြင်ဦးလွင်ဝိုင်
#ဝင်
#ဒေသထွက်ဝိုင်

29/10/2023

ချဥ်ဖတ်အိုး ထည့်နည်း မျှဝေပါရစေ❤

လိုအပ်တာကတော့ ဆန်ဆေးရေ ရယ် ဆား လေးရယ်ပါ

အသီး အနှံ ကတော့ ကြိုတ်နှစ်သက်ရာ ထည့်ပါ မိုးက တော့ မုန်လာဥနီး ​မုန်လာဥဖြူ ကန်ဇွန်းရွက် ပဲပင်ပေါက်တို့ကို သုံး ထားပါတယ်ရှင့် ❤

ပထမဆုံး မနက်အိပ်ယာထလို့ ထမင်းချက်ရင် ဒုတိယ ဆန်ဆေးရည်ကို ပဲ ယူပါ နော် ဆန်ဆေးရည်လေး ယူထားပါ

ကန်ဇွန်းညွှန့် ကို ၂ခြမ်းခွဲပြီး ဆားလေးနဲ့ ရေစိမ်ထားပါ ပိုးမွှားလေးတွေသေပြီး အရွက်လေးနွမ်းအောင်လို့ပါ

ပဲပင်ပေါက်ကိုလည်း သန့်စင်ပြီး သေခြာရေဆေးထားပါ

မုန့်လာဥ အနီး နဲ့ အဖြူ ကိုတော့ လက်ညှိုးလုံးထက်နည်းနည်းကြီးလေး အမြှောင်းလိုက်လေးတွေလှီးပြီး ဆားနဲ့ ရေစိမ်ထားပါ ၁ နာရီး လောက်စိမ် ထားရင်ပိုကောင်းပါတယ် ❤

ရေစိမ်ပြီး ရင် ဆားရေတွေ သွန်ပြီး ရိုးရိုးရေနဲ့ သေခြာ သန့်စင်အောင်ဆေးပါ ပြီးရင် စထည့်ပါမယ်

ဆန်ဆေးရည်ထဲ ကိုဆားထည့်ပြီး ဖျော်ထားပါ ရေထဲမှာငံကျိကျိလေးဖြစ် နေတဲ့ထိဆားကိုထည့်ပါ (ငံတူးနေလို့မရပါ )

ခဏထားလို့ ဆားတွေအရည် ပျော်ရင်ရပြီး သုံးလို့ ရပါပြီး

ပထမဆုံး ချဥ်ဖတ် ထည့်မဲ့ အိုးသိူ့မဟုတ်ဗူး ကိုဆေးကြောထားပြီး စထည့်ပါမယ် မုန်လာဥနီး အရင်ထည့်ပါ ပြီးရင် မုန်လာဥဖြူ ပြီးရင် ကန်ဇွန်းညွှန့် ပဲပင်ပေါက်
အကုန်ထည့် ပြီး ရင် ဆားနဲ့ဖျော်ထားတဲ့ ဆန်ဆေးရည်တွေ အကုန် ပဲပင်ပေါက်မြုပ်တဲ့ထိထည့်ပါ ပြီး ရင်အဖုံးလုံးအောင်အုပ် နေရောင်ထိုး တဲ့နေရာလေးမှာ ထားပါ
၃. ရက်ဆို ရပါပြီး ချဥ်ဖတ် လေး ❤ အလွယ်ကူဆုံးလေးပါ☺

ဆန်ဆေးရည်နည်း​ေနရင် ထမင်းလုံးထည့်ပြီး ဆန်ဆေးရည်နဲ့ရေရောထည့်ပါ ထမင်းခြမ်း ရှိရင် မုန်လာဥနီး တစ်လွှာထည့်ပြီးရင် ထမင်းလေး နည်းနည်းအပေါ်က ဖြန့် ထည့် မုန်လာဥဖြူထည့်ပြီးလည်း တစ်ခုချင်းစီးတိုင်းမှာထမင်းလေးနည်းနည်းစီး ဖြန့်ချထည့်ပါ ​
ဆားနဲ့ဆန်ဆေးရေ နဲ့ရောဖျော်ထားတာထည့် အသီး နှံတွေ မမြုပ်ရင်ရေထိုးထည့်ပါ ဆား နဲ့ ရေကိုကြိုဖျော်ထားပါနော် ❤

( အသီးအနှံ တွေ မြုပ်တဲ့ထိ ဆန်ဆေးရည်က ထည့်ရမှာပါနော် ☺

Photos from TT - Genius Online Shop's post 08/09/2023

🌸ပြင်ဦးလွင်၊ ပင်လောင်း ၊ ကယား ဒေသစာလေး​​တွေအားပေးလို့ရပါပြီ​နော် 🌸
​
✅ ​​ #ပြင်ဦးလွင်​ဒေသထွက် မက်မန်းသီး အနီ/ အဝါ /ဇီးမက်မန်း (တထုပ် 50သား - 3500 ကျပ်)

✅ ပြင်ဦးလွင် ဒေသထွက် ရွှေယုန်ဝိုင်
( မက်မန်း၊ စပျစ် ၊ ချဥ်စော်ကားသီး ၊ နာနတ် ၊ စတော်ဘယ်ရီ ၊ ဂျင်း ဝိုင် အကြီးတပုလင်း - 15000 ကျပ်)

✅ဆိတ်သားမွကြော် တဗူး - 6000

✅ဆိတ်အတုံးကြော် တဗူး - 6000

✅ငပိအလိမ္မာကြော် တဗူး - 6000

✅ ဇီးပျားရည် စစ်စစ် တပုလင်း - 12000

✅ ကဒက်ခြောက်ကြော် တဆယ်သား - 3500

✅ သရက်သီးသနပ်၂၅ ကျပ်သား - 4000

✅ကယားငရုတ်သီးခြောက် တဆယ်သား - 4000

✅ ကောက်ညင်းခြောက် တထုပ် - 3000

✅ ချဥ်စော်ကားသီး ခြောက်တဆယ်သား -2500

✅ ပင်လောင်း လက်ဖက်ခြောက် တဆယ်သား - 2500

✅ပင်လောင်း Green Tea လက်ဖက်ခြောက်
တဗူး - 4000

✅ ပဲဲပုတ် တဗူး - 2500

✅ စွန်ထန်ခြောက် တဗူး - 2000

✅ delivery အတွက် မြို့နယ်အလိုက်ပို့ခလေးတွေ
ပေးရပါမယ်နော် 🥰

မိသားစုကျန်းမာ​ရေးအတွက် စိတ်ချရတဲ့စား​သောက်ကုန်​လေး​တွေဖြစ်တာမို့

☎ 09452434797 ကို ဆက်သွယ်မှာယူလို့ရသလို
Cb က​နေလဲ order တင်လို့ရပါတယ်ရှင့် 🥰

🌸 ပြည်ဦးလွင်၊ ပင်​လောင်း၊ ကယား​ဒေသထွက် စစ်စစ်​တွေမို့ စ္စည်းမှန် ​စျေးမှန်​ကြောင်း အာမခံပါတယ်​နော် 🤗

#ပြင်ဦးလွင် #ကယား #​ဒေသထွက်
#ဝိုင်ပင်ရင်း

Photos from TT - Genius Online Shop's post 16/08/2023

😍 ပြင်ဦးလွင်၊ ပင်လောင်း ၊ ကယား ဒေသစာလေးတွေ ရပါပြီ ဗျို့.............
😍 ဒေသထွက်လေးတွေစားချင်ရင် ဖုန်းလေးသာဆက်လိုက် အိမ်အရောက်လာပို့ပေးမယ်

✅ မက်မန်းသီး အနီ/ အဝါ /ဇီးမက်မန်း တထုပ်(တထုပ်50သား - 3500 ကျပ်)

✅ ပြင်ဦးလွင် ဒေသထွက် ရွှေယုန်ဝိုင် ( မက်မန်း၊ စပျစ် ၊ ချဥ်စော်ကားသီး ၊ နာနတ် ၊ စတော်ဘယ်ရီ ၊ ဂျင်း ဝိုင် အကြီးတပုလင်း - 13000 ကျပ်

✅ ဆိတ်သားမွကြော် တဗူး - 6000

✅ဆိတ်အတုံးကြော် တဗူး - 6000

✅ငပိအလိမ္မာကြော် တဗူး - 6000

✅ ဇီးပျားရည် စစ်စစ် တပုလင်း - 12000

✅ ကဒက်ခြောက်ကြော် တဆယ်သား - 3500

✅ သရက်သီးသနပ်၂၅ ကျပ်သား - 4000

✅ကယားငရုတ်သီးခြောက် တဆယ်သား - 4000

✅ ကောက်ညင်းခြောက် တထုပ် - 3000

✅ ချဥ်စော်ကားသီး ခြောက်တဆယ်သား -2500

✅ ပင်လောင်း လက်ဖက်ခြောက် တဆယ်သား - 2500

✅ပင်လောင်း Green Tea လက်ဖက်ခြောက် တဗူး - 4000

✅ ပဲဲပုတ် တဗူး - 2500

✅ စွန်ထန်ခြောက် တဗူး - 2000

✅ delivery မြို့နယ်အလိုက်ပို့ခလေးတွေပေးရပါမယ်နော်။

☎ 09452434797
Cb က​နေလဲ order တင်လို့ရပါတယ်



#ပြင်ဦးလွင်ဒေသထွက်
#တောင်ဥက္ကလာပ
#ခေါပုတ်

26/07/2023

ငွေပမာဏအရမ်းမများဘဲ ချက်လိုရမဲ့ ဟင်း (၆၀)မျိုး

-ကြက်ဥကြော်+ဘူးသီးချဥ်ဟင်း/သီးစုံကုလားဟင်း

-ကြက်ဉဆူးပုတ်ကြော် ၊ အသားတုမြေပဲကြော်

-ပဲပြားချဥ်စပ်ဟင်း+ဂေါ်ဖီကြော်

-ဘဲဥချဥ်ဟင်း+ပြောင်းဖူးကြော်/ရုံးပတီသီးကြော်

-ငွေနားမှိုခရမ်းချဥ်သီးချက်+ပဲကြီးနှပ်

-ရွှေငါးကြော်+ကန်ဇွန်းရွက်ချဥ်ဟင်း

-တီလားဗီးယားကြော်+ချဥ်ပေါင်ဟင်းအာလူးဟင်း+ပဲသီးကြော်

-ငါးဖယ်ဟင်းနဲ့ကန်စွန်းရွက်ကြော်

-ငါးကြော်နဲ့ချဉ်ရည်ဟင်း

-ငါးခြောက်ကြော်နဲ့ကုလားဟင်း

-ဝက်သားနဲ့ချဉ်ပေါင်ကြော်

-ငါးဟင်း ၊ ပဲပင်ပေါက်ကြော်

-ကြက်သားအာလူးဟင်း

-ကြက်ပဲဟင်း

-ဆိတ်ပဲဟင်း

-ငါးမွှေနဲ့ ပဲသီးကြော်

-အာလူးနဲ့ဘဲဥနဲ့အချဉ်ဟင်းချက်အလုံးလိုက်မချက်နဲ့ခြမ်းပြီးချက်ဘဲဥတခြမ်းအာလူး

-ငါးဖယ်နှပ် ၊ ပဲကြာဇံဟင်းချို ၊ ရှောက်သီးသုပ်

-ခရမ်းသီးမီးဖုတ်သုပ် ၊ ငါးလေးအိုးကပ်

-ဘဲဥဟင်း ၊ ငါးချဉ်သုပ် ၊ သီးစုံဟင်းအရည်သောက်

-ပုဇွန်ကြော် ၊ ကန်စွန်းရွက်ချဉ်ဟင်း

-ငါးအင်းကြင်းဖြူချဉ်စော်ခါးသီးခြောက်ငရုပ်သီးစိမ်းနဲ့ အရည်သောက် ၊ အာလူးကြော်

-အရွက်သုပ် ၊ ပဲပုတ်ကြော် ၊ ငါးကြော်ပြီးငရုတ်သီးကြက်သွန်နဲ့အကြွပ်နှပ်

-ချဥ်ပေါင်ဟင်းရည် ၊ အာလူးငါးဆုပ်ဆီပြန်ဘူးသီးဟင်းခါး

-ပုစွန်ဘော့ပဲသီးအစပ်ကြော်၊ ကင်ပွန်းချဥ်ဇရစ်ဟင်းချို

-ငါးလေးအိုးကပ်ဟင်း ၊ သီးစုံချဥ်ရည်

-ဘဲဥပြုတ်ဆီချက်ဆမ်း

-ချဥ်ပေါင်မျှစ်ကြော်

-ကြက်ဥခရမ်းချဥ်အနှစ်ထဲဖောက်ချက်၊ ငံပြာရည်ကြော်၊ တို့စရာ ၊ ကန်ဇွန်းရိုးနီနှင့်ဇရစ်ရိုးအချဥ်ရည်

-ငါးမှီးတန်သွယ်ငြုပ်သီးကြော် ၊ ပဲကြီးနှပ်

- ငါးပုတ်သင်ဟင်း ၊ ငပိရည်တို့စရာ

- ချဥ်ရည်ဟင်း၊ငါးခြောက်ထောင်းအစပ်ကြော်

-သရက်ချဥ်သုပ်၊ပဲနီလေးကြာဇံဟင်းရည်၊ငါးခြောက်ချက်

-ဘဲဥ/ကြက်ဥအချဥ်ချက်၊ငံပြာရည်ဖျော်၊ဟင်းရွက်စုံဟင်းရည်

-ငါးဆုပ်ချက်၊ပဲတီချဥ်သုပ်၊ဗူးသီးဟင်းခါး

-ငါးကြော် ၊ ချဉ်ပေါင်ဟင်း၊ ငရုတ်သီးထောင်း

-ကြက်ပဲအရည် ၊ အချဉ်တမျိုးမျိုးသုပ် ၊ ငပိထောင်းစပ်စပ် ၊ ကန်စွန်းရွက်ကြော်

-ဝက်နံရိုး မျှစ်ချဉ်/ဘူး/ကျောက်ဖရုံ ၊ ငပိရည်တို့စရာ

-သီးစုံချဉ်ရည်ဟင်း ၊ ကြက်ဥကြော်

-ငါးကြော်နှပ် ၊ ပဲဟင်း ၊ သရက်သီး/ဂွေးသိးငပိချက်

-မျှစ်ချဉ်အသားကြိုက်ရာ ၊ ပဲပုပ်ထောင်း

-ဘဲဥနဲ့အာလူးအချဥ်ချက် ၊ ကန်စွန်းရွက်ကြော် ၊ ငပိရည်တို့စရာ

-ခရမ်းသီး‌လေးနှပ် ၊ ပဲရည်ကျဲလေးချက် ၊အညာငရုတ်သီးထောင်း

-ကန်စွန်းချဉ်ရည်ချက် ၊ ကြက်ဥကြော် ၊ ငါးပိရည်တို့စရာ

-ဘူးသီးချဉ်ရည်၊ ငါးဖယ်ခြစ်ခရမ်းချဉ်သီးဟင်း ၊ ငါးပိထောင်း

-ခရမ်းသီး နှပ် ၊ ငရုတ်သီး ငါးခြောက် ကြော်

-ကြက်သားပြုပ်ကျော် ၊ ကမွန်းချဉ်ရည်ဟင်း

-ပြောင်းဖူး ပိတ်ဆွယ် ဟင်းရည်ချက် ၊ဂွေးသီးထောင်း

-မျှစ်တာလပေါ၊ချဉ်စော်ကားသီးထောင်းပြီး ငါးသေတ္တာ ခရမ်းချဉ်သီးနဲ့ မွှေချက်

-သီးစုံ ပဲကုလားဟင်း၊ကြက်သားကြော်၊ငရုပ်သီးဆားထောင်း

-ပဲကတ္တီပါ​ပြုတ်ကြော် ၊ ငါးပိရည် ၊ ကဇွန်းရိုးနီအချဉ်ပြုတ်တို့စရာ

-ဝက်အာလူး ချဉ်ပေါင်ဟင်း ငရုပ်သီးဆားထောင်း

-သီးစုံပဲကုလားဟင်း သခွားပူစီနံအချဉ်သုပ် ကြက်ဥအချပ်ကြော်

-ကြက်အစပ်ကြော် ပဲဝါလေးကြာဇံခတ်ဟင်းချို ငပိရည်တို့စရာ

-ငါးကြော်ပေါင်း မုန်ညင်းချဉ်ပိန်းဥချဉ်ရည်

-ပဲငပိခရမ်းချဉ်သီးချက် ၊ ကြက်ဥဖေါက် ခလောက်ထည့်ဟင်းချို ၊ ငပိရည်တို့စရာ

​-ကြက်ဥကြော် ၊ သရက်ချဉ်သုပ် ၊ အစိမ်းကြော်

-ငါးကြော်နှပ် ၊ မုန်ညင်းရွက်ကြော် ၊ ငရုပ်သီး စိမ်းထောင်း

-ကြက်သား /ကုလားပဲချက် ၊ ခရမ်းချဉ်သီးငပိချက် ၊ သရက်ချဥ်သုပ်

-မုန်လာဥဖြူ ချဥ်ရည်ချက် ၊ ဝက်သား လက်ဖက်နှပ်
ကန်ဇွန်းရွက် ကြော်/သုပ်

Photos from TT - Genius Online Shop's post 23/05/2023

🍑မက်မန်းသီးရဲ့ အစွမ်းအာနိသင်တွေကို သိထားပြီးပြီလား? 🤗

🍑🍑 မက်မန်းသီးဆိုရင် မက်မန်းပေါင်းထုပ်တွေကိုပဲပြေးမမြင်ကြနဲ့ဦး​နော်
အခုဆိုရင် အချဉ်ပေါင်းတင်မကဘူး၊ မှည့်လေချိုလေ မက်မန်းချိုသီးတွေ ခေတ်စားနေပြီ လတ်လတ်ဆတ်ဆတ် ချိုအိနေတာ အရသာကောင်းမှကောင်း
🍑🍑 ဘယ်အမျိုးအစားပဲဖြစ်ဖြစ်ပါ မက်မန်းသီးက ကျန်းမာရေးမှာ ဘာတွေအကျိုးပြုနေသလဲ ကြည့်လိုက်ရအောင်...

🍑 အဆီကျစေခြင်း🍑
မက်မန်းသီးမှာ အဆီဆဲလ်တွေအပါအဝင် အဝလွန်ခြင်းနဲ့ရောင်ရမ်းမှုကိုတားဆီးပေးတဲ့ အာနိသင်ရှိ bioactive compounds တွေ၊ flavonoids တွေပါဝင်ပါတယ်။
ကိုလက်စထရောများခြင်း၊ ဆီးချိုသွေးချိုနဲ့နှလုံးသွေးကြောကျဉ်းရောဂါတွေလိုမျိုး
အဝလွန်ခြင်းနဲ့ဆက်နွှယ်တဲ့ပြဿနာတွေ
မဖြစ်အောင်ကာကွယ်တားဆီးပေးနိုင်ပါတယ်

🍑 ဆီးချိုသွေးချိုထိန်းပေးခြင်း🍑
သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတဲ့အာနိသင်ကြောင့် ဆီးချိုရောဂါအတွက်အထောက်အကူပြု နိုင်ပါတယ်။ မက်မန်းမှာပါတဲ့ flavonoids တွေကြောင့် ဆီးချိုဝေဒနာရှင်တွေမှာ အဖြစ်များတဲ့ အင်ဆူလင်မတုံ့ပြန်နိုင်ခြင်းပြဿနာကို ကာကွယ်ပေးပါတယ်

🍑အရိုးပွရောဂါကာကွယ်ပေးခြင်း🍑
မက်မန်းသီးခြောက်ကိုစားသုံးခြင်းဖြင့် အရိုးကျန်းမာရေးအတွက်လည်း အထောက်အကူပြုတယ်လို့ သိရပါတယ်။ caffeic acid နဲ့ rutin တို့လို flavonoids တွေကြောင့် အရိုးတစ်ရှူးတွေမှာယိုယွင်း ပျက်စီးခြင်းကိုတားဆီးပေးပြီး အရိုးပွရောဂါကိုကာကွယ်ပေးပါတယ်။ မက်မန်းသီးခြောက်မှာပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ Polyphenols က အရိုးထုထည်ကိုအားဖြည့်ပေးပါတယ်

🍑 အစာခြေစနစ်ကို ကောင်းစေခြင်း🍑
အမျှင်ဓာတ်ကြွယ်ဝတဲ့အပြင် sorbitol နဲ့ isatin တို့ကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေပါတယ်။ မက်မန်းသီးက ဝမ်းချုပ်ခြင်းလိုမျိုး အစာခြေစနစ်ပြဿနာတွေကို ကုစားရာမှာထိရောက်မှုရှိပါတယ်

🍑 ဦးနှောက်ဉာဏ်ရည်တိုးတက်စေခြင်း🍑
မက်မန်းသီးဖျော်ရည်သောက်ရင် အသက်အရွယ်ကြောင့် မှတ်ဉာဏ်ယိုယွင်းမှုတွေကို ကာကွယ်ပေးနိုင်တယ်လို့ သုတေသနတွေကတွေ့ရှိခဲ့ပါတယ်။ အကျိုးပြု phytonutrients တွေကြောင့် လေ့လာသင်ယူနိုင်စွမ်းနဲ့မှတ်ဉာဏ်ကိုတိုးတက်စေပါတယ်။ ပုံမှန်စားပေးရင်ပဲ အယ်ဇိုင်းမားနဲ့ ပါကင်ဆန်ရောဂါတို့လို မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတွေကိုကာကွယ်နိုင်ပါတယ်

🍑 တခြားအကျိုးကျေးဇူးတွေဆက်ပြောရရင်..
🍑 အာရုံကြောစနစ်အတွက်ကောင်းမွန်​စေခြင်း
🍑 နှလုံးကျန်းမာစေခြင်း
🍑 ကိုယ်ခံအားကောင်းစေခြင်း
🍑 ကိုလက်စထရောကျစေခြင်း
🍑 သွေးအားကောင်းစေခြင်း
🍑 စိတ်ဖိစီးမှုကိုလျော့ပါးသက်သာစေခြင်း
🍑 တုပ်ကွေးကို ကုသနိုင်ခြင်း
🍑 ကင်ဆာကာကွယ်နိုင်ခြင်း
🍑 အသားအရေလှခြင်း
🍑 မျက်စိမှုန်ခြင်းကို ကာကွယ်ပေးခြင်း အပြင်
🍑 မက်မန်းသီးဟာ ရာသီသွေးမမှန်ခြင်းကိုကုသာမှာ ထိရောက်တဲ့အာနိသင်ရှိတယ်လို့ဆိုကြသလို အူလမ်းကြောင်းထဲက အဆိပ်အတောက်တွေဖယ်ရှားသန့်စင်နိုင်တယ်လို့လည်း သိရပါတယ်။

ဒါ​ကြောင့် ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ ပြင်ဦးလွင် ထွက်ဖြစ်တဲ့မက်မန်းသီးလေး​တွေ မှာချင်ရင်​တော့
🍒 ဇီးသီးမက်မန်း ၅၀ကျပ်သား တထုပ် - 3000
🍒မက်မန်းသီး အနီ ၅၀ကျပ်သား တထုပ် - 3000
🍒မက်မန်း သီးအဝါ ၅၀ကျပ်သား တထုပ် - 3000 ကျပ်တည်းဖြင့် လက်လီ/လက်ကား မှန်ယူလို့ရပါတယ်ရှင့် 🍑

💁🏻‍♂️ မြို့နယ်အလိုက် delivery လဲပို့​ပေး ပါတယ်ရှင့်🍑

-PyinOoLwin
#ပြင်ဦးလွင်ဒေသထွက် #မက်မန်းသီးဒိုင်

22/04/2023

နေပူရှိန်နဲ့​ကြော်တဲ့ ကြက်ဥ​ကြော် 😅

Photos from Six flavour's post 19/04/2023
Photos from TT - Genius Online Shop's post 02/04/2023

ဒါ​လေး​တွေမြင်ရတာတင် စိတ်ချမ်းသာတယ်

01/04/2023

ဘယ်နေရာမှာပဲနေနေ
စိတ်ကောင်းမွေးပြီး နေပါ ။
ဘယ်သူနဲ့ပဲပေါင်းပေါင်း
ကိုယ်ချင်းစာစိတ်နဲ့ ပေါင်းပါ ။
ဘာအလုပ်ပဲလုပ်လုပ်
စေတနာထားပြီး လုပ်ပါ။
တစ်နေ့ ရောင်ပြန်ဟပ်ပါလိမ့်မယ် ။

လူတွေချစ်ဖို့အတွက် မေတ္တာနဲ့ နေရတယ် ။
ကံတွေချစ်ဖို့အတွက် ကုသိုလ်နဲ့ နေရတယ် ။
လူမုန်း ကံမုန်းရင်တော့ ဘဝတုံးတော့တာပါပဲ ။

မေတ္တာပဲဖြစ်ဖြစ် စေတနာပဲဖြစ်ဖြစ်
လိုတာထက် ပိုပြီး ပေးမိသွားတဲ့အခါ
ကိုယ့်ဘက်ကို ပြန်ကြည့်ဖို့လည်း
သတိမရတော့ဘူး ။

တန်ဖိုးထားရကောင်းမှန်း မသိတော့သလို
ဘယ်နေရာမှာမဆို သာမာန်ထက် ပိုသွားရင်
နာကျင်ရတတ်တယ်လေ ။

အသီး ဘယ်လောက်ကြီးကြီး
အရသာရှိမှ တန်ဖိုးရှိတာ...
စာ ဘယ်လောက်တတ်တတ်
ပညာရှိမှ တန်ဖိုးရှိတာ...
လူ ဘယ်လောက်ကြီးကြီး အသိတရားရှိနေမှ
တန်ဖိုးရှိတာပါရှင့်.. ။

အမှန်တော့ ဘဝဆိုတာ လဲကျရင်
ပြန်ထပြီးတော့ လူတစ်ယောက်ကို
ပြုံးပြနိုင်အောင် ကြိုးစားလိုက်ပါ ။😊🙂
လောကဓံမျဉ်းပြိုင်ကြားမှာ မင်းနိုင်ဖို့ဆိုရင်
ဘာပဲဖြစ်ဖြစ် အားတင်းထားပေးပါ... ။

__________________________________

C. R D

30/03/2023

ဟင်းလျာတို့ရဲ့ လျှို့ဝှက်ချက်ပါ
==================
၁။ ကြက်သားနှင့်အလိုက်ဖက်ဆုံးမှာ အာလူးဖြစ်ပါသည်။

၂။ ဘဲသားနှင့်အလိုက်ဖက်ဆုံးမှာ မှိုနှင့်ဂျပန်တို့ဟူးတို့ဖြစ်ပါသည်။

၃။ ဆိတ်သားကို အမြန်နူးပြီး အနံ့မနံအောင် မချက်ခင် ဒိန်ချဉ်ဖြင့် အရင်နူးနပ်ထားရပါသည်။

၄။ ဂဏန်းအသား၏ လှို့ဝှက်ချက်သည် ကြက်ဥထည့်ပေးရခြင်း ဖြစ်ပါသည်။

၅။ အကြော်များ ပိုမိုကြွတ်ရွပြီး စားကောင်းစေလိုပါက မှုန့်နှစ်ထဲကို ငှက်ပျောသီးတစ်လုံး ချေပြီးထည့်၊ ရွှေကြည်မှုန့်ကို အနည်းငယ် ထည့်လိုက်ပါ။

၆။ နာမည်ကြီး Chinese Restaurant များ၏ ဟင်းလျှာအရသာလျှို့ဝှက်ချက်မှာ မည်သည့်ဟင်းပွဲကိုမဆို ကြက်ရိုးပြုတ်ရည် အနည်းငယ်ထည့်ချက်ခြင်း ဖြစ်ပါသည်။

၇။ ယိုးဒယားနာမည်ကြီး တုံယမ်းဟင်းရည်ထဲတွင် မခါးအောင် ထည့်ရမည့် ရှောက်ရွက်သည် ရှောက်ဘီလူးရွက် ဖြစ်ပါသည်။

၈။ ကန်စွန်းရွက်ကြော်ကို အရောင်မမည်းသွားစေအောင် ကြက်သွန်နှင့် ဆားကို အုပ်ပေးရသည်။ သို့မဟုတ် မကြော်ခင်မှာ ရေခဲရေထဲကို ဆားထည့်ပြီး စိမ်ဆေးပါ။

၉။ ထမင်းကို ဖြူဖြူဖွေးဖွေးလေးနဲ့ မျက်နှာပန်းလှစေချင်ရင် ဆန်ဆေးသည့်အခါ ရှောက်သီးအရည်လေး အနည်းငယ်ညစ်ထည့်ပေးရသည်။

၁၀။ မုန့်ဟင်းခါးအရသာထူးကဲစေခြင်း၏ လျှို့ဝှက်ချက်မှာ ငါးဖယ်ရိုးပြုတ်ရည်ဖြစ်ပါသည်။

၁၁။ အညာတို့ဟူးသုပ်၏ ထူးကဲသောအရသာလျှို့ဝှက်ချက်မှာ စဉ့်အင်တုံထဲမှာ ဖျော်ထားသည့်ဆားရည်သည်သာ အဓိက ဖြစ်ပါတယ်​ေနာ်။

C. R. D

Photos from Cooking & News's post 01/03/2023
Photos from TT - Genius Online Shop's post 02/02/2023

အပ်မှိုကို ဘယ်လိုပုံစံနဲ့ပဲ စားရစားရ စားမှာပဲဆိုတဲ့ အပ်မှိုfan သဲ​လေးတို့အတွက် အပ်မှိုလုံး​ကြော်​လေး 😋🍄

Photos from Yangon Travellers's post 02/02/2023
Photos from TT - Genius Online Shop's post 27/01/2023

ကျန်းမာပြီး အသား​ရေလှ​စေတဲ့
သဘာဝသစ်သီး​​​ဖျော်ရည်​ကိုမှ 🥑🍎🥭🍓🫐
ကြိုက်နှစ်သက်တဲ့သူ​တွေအတွက်
သစ်သီး​ဖျော်ရည် တွဲစပ်ဖျော်နည်း​​လေး​တွေကို
ပြန်ရှယ်​ပေးလိုက်ပါတယ်ရှင့်

Photos from Yangon Travellers's post 24/01/2023

ညမ ဝမ်းကွဲ page ပါ

မိသားစုအလိုက်ဖစ်ဖစ်
သူငယ်ချင်း​တွေစုပီးဖစ်ဖစ် trip ​လေး​တွေ
သွားချင်ကြတယ်ဆိုရင်
Yangon Traveller Page ​ကို follow လုပ်​ပေးထားကြပါဦး​နော်

Photos from TT - Genius Online Shop's post 24/01/2023

က​လေး​တွေလဲ အရမ်းကြိုက်၊
လူကြီး​တွေလဲ စားရအဆင်​ပြေတဲ့ ငုံးဥဝက်အချိုချက်​လေး ချက်စားကြရ​အောင်

28/11/2022

ကန်ဇွန်း ချဉ်ပေါင် လိူင်လိူင်ပေါတဲ့ ဒီရာသီမှာ မိန်ရာဟင်းတစ်ခွက်ပေါ့ရှင်...ကြော်နည်းကတော့ ရိုးရှင်းပါတယ်...

ကြက်သွန်နီ သုံးလုံးလောက်ကို ပါးပါးလှီးပီး ဆီအရင်သတ် နီလာရင် ကြက်သွန်ဖြူပုဇွန်ခြောက် ထောင်းထားတာထဲ့ပါတယ်... ဆနွင်းမူန့် ငရုတ်ခွဲခြမ်းမူန့် ထဲ့မွေပါတယ်...ပီးရင် ငပိအနဲငယ်ထဲ့ခြေလိုက်တယ်..ငံပြာရည်လေးထဲ့မွေပီးတော့ ချဉ်ပေါင်အရင်ထဲ့ကြော်ပါတယ်... ရေအနည်းငယ်ထဲ့မွေပီး‌ေတာ့ ဆီပြန်ခါနီးမှ ကန်ဇွန်းရွက် ထည့် ငရုတ်သီးစိမ်း ထောင်းထားတာထဲ့‌ေမွှပါတယ်...အရသာမူန့် ဆား ချို မျည်းပီး နွမ်းရင် ရပါပီ...အဖုံးလုံးဝမအုပ်ပဲ ကြော်တော့ စိမ်းစို စပ်ပြဲလေးပေါ့နော်... 🤤

Credit Victoria

Photos from TT - Genius Online Shop's post 18/11/2022

နေ့တိုင်းသုံးနေတဲ့ ကြက်သွန်နီကို ၂သီးစားဖြစ်အောင်
လုပ်ကြမယ် 😉

ဟင်းချက်ရင်ထည့်မဲ့ကြက်သွန်နီဖင်ကို
နဲနဲလေးပိုဖြတ်လိုက်
ပြီးလျှင်မြေထည့်ထားတဲ့ အိုးအလွတ် ဒါမှမဟုတ်
မြေအလွတ်မှာ ပုံမှာပြထားထားတဲ့အတိုင်းမြုပ်ထားလိုက် ရေလေးဖြန်းဖြန်းပေးပေါ့နော်.

ကြက်သွန်မိတ်တွေစျေးကြီးနေတဲ့အချိန် အကူအညီဖြစ်တာပေါ့နော်..

credit to original uploader 🙏🙏🙏🙏

Photos from TT - Genius Online Shop's post 03/11/2022

မနက်​စော​စော ထလုပ်ဖြစ်တဲ့ ဌက်​ပျော​ပေါင်း​လေးပါ

ဖီးကြမ်းဌက်​ပျော - ၄ လုံး
One Tea နို့ဆီ - ၂ ထုပ်
သကြား - အချိုကြိုက်သ​လောက်
ဆား - အနည်းငယ်

​ရေ​နွေးဆူ​လာတာနဲ့ အားလုံးကို ​ရောထည့်ပီး နူးအိ​အောင်တည်လိုက်တာပါ🤤

အမက​တော့ အုန်းသီးအလုံးလိုက်မဝယ်ဖြစ်​တော့ ​
စျေးကဝယ်လာတဲ့ ​ကောက်ညှင်းထုပ်ထဲက အုန်းသီးခြစ်ထားတာ​လေး နဲနဲထည့်လိုက်ပါတယ် 😌

​အရသာရှိပြီး တကယ်စား​​ကောင်းပါတယ်
အလွယ်တကူလုပ်စားလို့ရတာမို့ အိမ်သား​တွေအတွက်လုပ်​ပေးလိုက်ကြ​နော် 😍

Want your business to be the top-listed Interior Service in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ကြက်ဥ​ပေါင်း
🤤
ခံတွင်းမြိန်​စေမယ့် ကြက်​ခြေ​ထောက်ချဥ်စပ်ဟင်းရည်
မုန့်ကြာစိ သာကူကြိုနည်း 🤤

Category

Telephone

Website

Address


Yar Za Kumar Road, Kyan Sitt Min Housing
Yangon
11012

Opening Hours

Monday 09:00 - 19:00
Saturday 09:00 - 19:00

Other Homeware in Yangon (show all)
Roman by Home Accssories Roman by Home Accssories
Yangon/yankin
Yangon

အိမ်သုံးပစ္စည်းရောင်းဝယ်ရေး

ClĂŠ Boutique ClĂŠ Boutique
Mayangone
Yangon, 11061

Online shopping

Hla Lay Sein Hla Lay Sein
ဗညားဒလလမ်း
Yangon, 11221

စောင် ၊ ခြင်ထောင် ၊ မွေ့ယာ ၊ ခေါင်းအု?

Daisy Daisy
Yangon

DAiSY is selling Bedding accessories, especially bed sheet, online.

2358 The Living Mall 2358 The Living Mall
Dagon Seikkan Township
Yangon

For your little tiny planet...

Gtious-shop Gtious-shop
R586+VPC, ဦးချစ်မောင်လမ်း
Yangon, R586+VPC

ပစ္စည်းအားလုံးကို အခမဲ့ ပို့ဆောင်ပ?

Smart Picks Smart Picks
Little Baguio
Yangon, 7007

Your best deals and options for your home is here 😊

Home Shop Store Home Shop Store
Thingangyun
Yangon

Poppy Food Mall Poppy Food Mall
Yangon

Good Food, Good Vibe, Good Life

Toe lay on line shop Toe lay on line shop
စမ်းချောင်း
Yangon

Lavender - အိပ်ယာခင်းလက်လီ/လက်ကား Lavender - အိပ်ယာခင်းလက်လီ/လက်ကား
Mingaladon
Yangon, 11021

#အိပ်ယာခင်းစွပ်ရောင်းတာပါရှင့် (ကုတင်/မွေ့ယာမရောင်းပါ)၉၀%ချည်သားပါ အသီးမထ ရေမကျ ဆေးမကျွတ် အာမခံပါတယ်