Anna Office Wear
Anna is the perfect place to start looking for premium quality office wear for ladies in Myanmar. Premium Quality Products with affordable price.
Corporate Life ထဲမှာ နေ့စဉ် schedule အပြည့်နဲ့
စိတ်ရောကိုယ်ရောနှစ်ပြီး အလုပ်တွေလုပ်ကြ
အားချိန် နားချိန်လေး မနည်းရှာပြီး
ခရီးလေးရအောင်ထွက်
ရက်ပိုင်းလောက် စိတ်အပန်းလေးဖြေပြီး
အလုပ်ထဲပြန်ရောက် ပုံမှန်ပြန်လည်ပတ်ရ
ကိုယ်ပိုင်စီးပွါးရေးလေးကျတော့လဲ
ကိုယ့်လုပ်ငန်းလေး လည်ပတ်ဖို့ ရုန်းကန်ရတာတစ်မျိုး
ကိုယ့်လုပ်ငန်းအပေါ်မှီခို နေရသူလေးတွေပါ
အဆင်ပြေဖို့ အရာရာ ဦးစားပေးရတာတစ်မျိုးနဲ့
ဘယ်လိုပဲရုန်းကန်ရ အချိန်တစ်ခုရောက်ရင်တော့
ဘဝမှာ အေးအေးလူလူ သဘာဝတရားတွေနဲ့
နေ့စဉ်ထိတွေ့ပြီး အပူအပင်ကင်းကင်း နဲ့ နေချင်ကြတဲ့
အိမ်မက်လေးတော့ သူသူကိုယ်ကိုယ် ရှိကြတာချည်းပဲလေ
မင်မင်ကတော့ အသက်လေးမဆိုသလောက်ကြီးလာပြီဆိုရင်
မင်မင် အရမ်းချစ်ရတဲ့ ကလော မြို့လေးမှာ
ဒီမြင်ကွင်းလေးရှေ့ အိမ်သေးသေးလေး ဆောက်ပြီး
လတ်ဆတ်တဲ့ လေနဲ့ အသီးအနှံလေးတွေ ကိုယ်တိုင်စိုက်ပြီး
ကျန်းမာအောင် အပူအပင်ကင်းကင်းနေသွားဖို့
အိပ်မက်လေးရှိတယ်
အားလုံးရဲ့ ကိုယ်ပိုင် အိပ်မက်လေးတွေလဲ
အမြန်ဆုံးအကောင်အထည် ဖော်နိုင်ကြပါစေနော် ❣️
မင်မင် beach moods တွေ on နေလို့
Order လေးတွေနဲ့ reply လေးတွေ နည်းနည်း
နောက်ကျနေပါမယ် နော် 😎
နှစ်လဲကုန်တော့မယ်
ဘောနပ်စ် လေးစောင့်ပြီး အေးဆေးနှပ်မနေပဲ
HR ကို့ခြိမ်းခြောက်တတ်တဲ့ smart lady လေးများ
ရှိကြလားဗျို့ 😜
တနေ့တနေ့အလုပ်တွေလုပ်ပြီး
ပင်ပန်းလာတယ်လို့ ခံစားရရင်
ဒီလိုပုံလေးတွေကြည့်ပြီး
စိတ်ဓာတ်ခွန်အားပြန်ယူ ဖြစ်တယ်
အသက်အရွယ်တစ်ခုရရင်တော့
အလုပ်မလုပ်ပိုက်ဆံမရှာတော့ပဲ
တစ်ကိုယ်ရည် အသုံးစရိတ်လေးတစ်ခုနဲ့
သီးပင်စားပင်လေးတွေတစ်နိုင်နဲ့
စိတ်ရော လူရော ကျန်းမာအောင်နေချင်မိတယ်
ခုတော့ ဒီနိုင်ငံလေး အေးအေးချမ်းချမ်း ဖြစ်ဖို့
ပိုဆုတောင်းပြီး ပိုအားထုတ်ရမှာပဲ
လူအချင်းချင်း လူသားဆန်ဖို့
ထိတွေ့ချင်တဲ့ သဘာဝတရားတွေ မပျက်စီးဖို့ကတော့
အပိုဆုတောင်းလေးတွေပေါ့
အားလုံးလဲ wish lists တွေရှိရင်
အမြန်ဆုံးအကောင်အထည် ဖော်နိုင်ကြပါစေနော် ❣️
Meeting notes တွေမှတ်ရလွန်းတဲ့
မမတွေအတွက် Anna Office Wear
ကထုတ်ပေးရမလား 😜
Follow up လိုက်စရာရှိရင်
အဲ့လူရှေ့ ဖြတ်လျှောက်နေရုံပဲ
မမဝဝ တွေဝတ်ရင် စကားလုံး
ကြီးကြီးကျယ်ကျယ်တွေတောင် ဖြစ်လောက်တယ် 😂
ရုံးမှာ fashion ကျကျ smart ကျချင်ရင်
Anna Office Wear page ကို like လုပ်ထားနော် ❤️
“ဆောင်း” ဝင်ပြီလား???
Winter Blazer လေးတွေ ထုတ်ပေးဖို့
ကြယ်သီးလှလှလေးတွေကလွဲပြီး
ကျန်တာ ready မဖြစ်သေးလို့
မင်မင်လမ်းတွေပျောက် 😅
အလှဆုံးနဲ့ အသပ်ရပ်ဆုံးထုတ်ပေးမှာမို့
လိုအပ်နေတဲ့ အသဲလေးတို့က
Blazer တွေဆိုရင် …
ခါးရှည် လား / ခါးတို လား?
Pattern ယဉ်ယဉ်လေးတွေလား / ဘိုဆန်ဆန် အရောင်ပြောင်လေးတွေလား ???
ဘာလေးတွေပိုလိုချင်ကြလဲဆိုတာ
ပြောသွားပေးပါအုံးနော် ❣️
Anna Office Wear ရဲ့ Crop Top လေးနဲ့
မိမိုက်နေတဲ့ မမ 🖤
ကိုယ်က Tulle Skirt လေးနဲ့တွဲထုတ်ပေးထားတာ
Jeans Pant လေးနဲ့လဲ ချစ်ဖို့ကောင်းနေရော ❣️
Crop Top အရောင် ၄ ရောင်ရှိပါတယ်
S/M/L
24,000 mmk
ဝိတ်မချပါနဲ့ အချစ် ❣️
Anna Office Wear က မမဝဝ လေးတွေနဲ့လဲ
လှနေတာကို သက်သေပြပေးမယ်နော်
ဒီ dress လေးရဲ့ main outlook လေးဖြစ်တဲ့
Oversized Collar က
ပြည့်တဲ့ မျက်နှာလေးတွေကို
သွယ်စေတာပါနော်
ဝတ်ရတာလွတ်လပ်ပေါ့ပါးလွန်းလို့
ခရီးသွားရင်းလဲ Anna Office Wear လေးပဲတဲ့
ရွေးချယ်စရာ အရောင်၃ မျိုးနဲ့
S/M/L ဆိုပြီးရှိပါတယ်
Price - 46,000 mmk
ဒီနေ့ရုံးပိတ်ရက်လေးမှာ Anna Office Wear လေး
စပြီး အကောင်အထည်ဖော်ခဲ့တာလေးကို
Sharing လုပ်ပေးချင်ပါတယ်
မင်မင်က အသက် ၁၉ နှစ်ကတည်းကနေ
cooperate life ခြေစုံပစ်ဝင်ခဲ့သူမို့
Covid ကာလ ရုံးတွေက Work From Home ကို
လတွေအကြာကြီးပေးတော့ ရုံးအလုပ်လေးတွေ
အိမ်ကလုပ်ရင်း ပိုနေတဲ့အချိန်ကလေးတွေမှာ
ကိုယ်ပိုင်စီးပွါးရေးလေး တစ်ခုလုပ်ဖို့ စစဉ်းစားတော့မှ
လမ်းတွေပျောက်တာပါပဲ 😅
မိန်းကလေးလဲဖြစ်တော့ outlet branded
အိတ်လေး ရောင်းဖို့အတွက် စမ်းဝယ်ကြည့်တော့
တစ်သိန်းနီးပါး ပေးရတဲ့ အိတ်ကလေးက
တစ်ပတ်တောင် မခံတာတွေ့လိုက်ရတော့
အရမ်းလန့်သွားတယ်
ဒီလိုနဲ့ ကိုယ့်နိုင်ငံမှာ Bridal Shoes လေးတွေ
ရှာရခက်တာ သိတော့
သေချာ Display လေးနဲ့ရောင်းပေးဖို့ လုပ်ပေမယ့်
Quality ကို ဘယ်လိုမှစိတ်တိုင်းမကျခဲ့ပါဘူး
အဲ့ဒီမှာ မင်မင် အတွေးတစ်ခုဝင်သွားတာက
သူများနိုင်ငံက products တွေကို
Quality အာမခံပြီးရောင်းပေးရတာထက်
ကိုယ့်ဥာဏ်စွမ်းရှိသလောက်နဲ့
ကိုယ်ပိုင် product လေးတစ်ခုရဲ့
Quality ကိုရဲရဲကြီးအာမခံရဲတဲ့ အလုပ်ပဲ
လုပ်ဖို့ ဆုံးဖြတ်ချက်ချဖြစ်ခဲ့တယ်
အဲ့အချိန်က local ready to wear တွေ
အပြိုင်အဆိုင်ထုတ်နေကြတဲ့ အထဲမှာ မှ
ကိုယ့်ရဲ့ cooperate life ထဲက
လိုအပ်ချက်တစ်ခုဖြစ်တဲ့ Office Wear လေးတွေ
ထုတ်ဖို့ပဲ အကောင်အထည်ဖော်ဖြစ်ခဲ့တယ်
တစ်ဆက်တည်းမှာ ကိုယ့် Product ရဲ့ Quality နဲ့
Brand ကိုနည်းနည်းမှ မထိခိုက်နိုင်တဲ့
တွန်းအားတစ်ခုဖြစ်စေဖို့ Anna ဆိုတဲ့
သမီးလေးရဲ့ နာမည် နဲ့ပဲ
Brand လေးတစ်ခု ဖြစ်လာအောင် ဖန်တီးခဲ့တယ်
သမီးလေးနာမည်နဲ့ဆိုတော့
Logo လေးက အစ packaging အဆုံး
သေသေချာချာနဲ့ ရှိသမျှအားတွေ
အကုန် သုံးပြီး အမှားမခံပဲ
အအိပ်ပျက်အစားပျက်ခံပြီး စခဲ့ရတယ်
Ready To Wear ဖြစ်တဲ့အတွက်
ပိုဆိုးတာက မြန်မာအမျိုးသမီးတွေရဲ့
Body က ပိုပြီး sensitive ဖြစ်တဲ့အတွက်
အခက်အခဲလေးတွေလဲ အခုထိရှိနေတုန်းပါပဲ
ပုံမှန် ready to wear တွေထုတ်နေတဲ့
အထည်ချုပ်လုပ်ငန်းတွေ လိုက်လေ့လာပေမယ့်
ပိတ်စအပုံတွေကြားမှာ ပိတ်စထားသိုပုံကစလို့
ချုပ်ရိုးချုပ်သားအထိ စိတ်တိုင်းမကျခဲ့ရပြန်ပါဘူး
ဒီလိုနဲ့ မိတ်ဆွေကောင်းတွေအကြောင်းပြုပြီး
အရည်အချင်းရှိတဲ့ Designer နဲ့
အလုပ်အတူတွဲလုပ်ပြီး
Anna Office Wear လေးဖြစ်လာခဲ့ပါတယ်
Designer အင်အားလေးနဲ့လုပ်ရတာရယ်
Working Mom က founder လုပ်ထားတဲ့
Anna Office Wear လေးက
အထည်လေးတွေထွက်တာ နှေးပေမယ့်
ထွက်လာသမျှ product လေးတွေက
Quality ကောင်းရမယ်
သုံးထားတဲ့ ပိတ်စ သူများနဲ့မတူစေရသလို
အလွယ်တကူလဲစျေးကွက်ထဲမှာ ရှာမရပါဘူး
ငွေစျေးနှုန်းတွေ ဘယ်လိုပဲပြောင်းပြောင်း
စလုပ်ကတည်းက စျေးတန်းလေးတစ်ခုမှာပဲ
သတ်မှတ်ထားလို့
စျေးတက်ဖို့လဲ အစီအစဉ်မရှိပါဘူး
အကျိုးအမြတ်တစ်ခုတည်းကိုမကြည့်ပဲ
မင်မင် တို့ထုတ်တဲ့ Anna Office Wear လေးက
တနေ့တာလုံး လုပ်ငန်းခွင်မှာ
လွတ်လပ်ပေါ့ပါးစေပြီး
ရေရှည်တမြတ်တနိုးဝတ်လို့ရမယ့် Quality Wear
လေးတွေ ဖြစ်တာကြောင့်
လုပ်ငန်းခွင်မှာရှိတဲ့ အမျိုးသမီး တစ်စုရဲ့
လိုအပ်ချက်နဲ့ မင်မင်ရဲ့ ဖန်တီးမှုလေး
ကိုက်ညီ အကျိုးရှိသွားတယ် ဆိုရင်ပဲ
မင်မင် သမီးလေးနာမည်နဲ့ စထားတဲ့
အလုပ်ကလေး အရှုံး အမြတ်မတွက်ပဲ
အောင်မြင်တယ် လို့ ယူဆထားပါတယ်ရှင်
အခုထိလဲ ရုံးမှာ ကိုယ်ပိုင်လုပ်ငန်းလေး
စချင်တဲ့ မိတ်ဆွေတွေကို အခုထိ
အားပေးနေတုန်းမို့
ဒီပို့စ်လေးကိုဖတ်မိလို့
အကြံလေးတွေတောင်းချင်တယ်
သိချင်တာလေးတွေမေးချင်တယ်
Network လေးတွေလိုချင်တယ်ဆို
အားမနာတမ်းမေးလို့ရပါတယ်ရှင့်
ဒီနေ့တော့ ဒီပိုစ့်လေးကိုမြင်တယ်ဆိုရင်
မင်မင်တို့ သားအမိကို အားပေးစကားလေး
ပြောသွားပါအုံးးနော် ❣️
Anna Office Wear နဲ့ လွင့်နေတဲ့ ညီမလေး
Crop Top လေးနဲ့ ဝဲခါနေမယ့် Tulle Skirt
လေးက Anna Office Wear ရဲ့
အရောင်းသွက်ဆုံး ဒီဇိုင်းလေးပါ
Crop Top - 24,000 mmk
Skirt - 30,000 mmk
S/M/L size နဲ့
ရွေးချယ်စရာ အရောင်လေးတွေအများကြီးရှိတာမို့
Chat Box မှာအရောင်လေးတွေလာရွေးလိုက်တော့နော်
Anna Office Wear Blouse ရဲရဲလေးနဲ့
လှနေတဲ့ မမလေး
Mini skirt လေးနဲ့လဲ လိုက်နေရော
အရောင်လေး 🖤❤️💛 ၃ရောင်
ရွေးချယ်စရာရှိပါတယ်နော်
Price - 23,000 mmk
အရောင်ဆန်းလေးဆိုရင်
Avocado 🥑 🥑🥑 အခြမ်းလေးကိုသာ
မျက်စိထဲ မြင်ယောင်လိုက်ပါ
ချုပ်ရိုးချုပ်သား cutting လေးဆို
ချပ်ရပ်ကပ်နေရောပဲ
ရိုးရိုးလေးနဲ့ အမြဲဆန်းနေတာ
Anna Office Wear ရဲ့ collection လေးတွေပေါ့
Design အသစ်လေးဖြစ်လို့ size chart လေးကြည့်ပြီး
Limited stocks လေးကို အမြန်ဦးဖို့တော့ လိုမယ်
အချစ်ကလေးတို့ 😍😍😍
ဪ မမကစ်ကစ် တို့အတွက်လဲ XL ထိ size တိုးပြီး
ထုတ်ထားပေးတယ်နော် 👌
Price - 48,000 mmk
Monsoon Promotion လေးက ဒီလကုန်ထိဆိုပေမယ့်
Instock ရှိသလောက်ပဲမို့ အပြေးလေး လာမှာဖို့တော့
လိုမယ် အချစ်ကလေးတို့ရေ 😍
☔️ Monsoon Promotions ☔️
မင်မင် ဖောက်နေတာနဲ့ပဲ
Page က ဟာသ Page ဖြစ်တော့မယ်
ဟာသတွေနဲ့ တင်မဟုတ်ပဲ
အချစ်ကလေးတွေကို ပိုပျော်စေချင်လို့
ခု post ရဲ့ dress လေးတွေထဲက
ဘာယူယူ 25% off promotions
(OR) Buy 3 Get 1 promotions
ကြိုက်တဲ့ promotion လေးရဖို့ရယ်
Stocks လေးတွေက very limited မို့ရယ်
အပြေးလေးလာလိုက်တော့နော် 😍
ရုံးမှာ Professional Portrait ပုံလေးရိုက်ဖို့လိုနေပြီဆို
Anna Office Wear ကိုသတိရလိုက်တော့နော်
Size : S,M,L
2 Colors Available
45,000 mmk
မိန်းကလေးတစ်ယောက်ဆိုမှတော့
Invisible ဖြစ်စေတဲ့ color တွေဘာလို့ဝတ်နေမှာလဲ?
Do be bold. Do wear color.
Poppy Red ❤️ Marigold 💛 Black 🖤
Skirt နဲ့ ဝတ်မလား ဘောင်းဘီနဲ့ ပဲ ဝတ်မလား
တစ်ထည်လောက်တော့ ရှိသင့်တဲ့
Basics Office Wear လေးမို့
ကြိုက်တဲ့အရောင်လေးရအောင်
ရွေးထားလိုက်တော့နော်
ကိုယ်ဆို company themes color ဖြစ်တဲ့
Poppy Red ❤️ လေးယူထားတယ်
ပြီးတော့ မမကစ်ကစ်တွေ တောင်းဆိုလို့
XL ထိထုတ်ပေးထားလို့ Size chart လေးကို
နောက်ဆုံးပုံမှာ ကြည့်ပေးနော်
S / M / L / XL
Price 23,000 mmk
ဒါလေးကိုကြည့်ပြီး ကိုယ်လဲ
တစ်နေ့တော့ အဲ့လို အားအားယားယား
ဘဝတစ်ခုပိုင်ဆိုင်နိုင်ရမယ် လို့ တွေးမိတယ်
ခုတော့ အလုပ်လုပ်လိုက်အူးမယ်
ဖိုက်တင်း ladies တို့ 👌
Kim Kardashian ကတော့
Dolce & Gabbana Corset လေး နဲ့
ကိုယ် ရော တင်တင်ဘော်လီ ကို inspired ယူပြီး
Office Wear ထုတ်ပေးရင်
ယူတို့ ဝတ်ကျမှာလား 😅
Take a look our Color Lines!
So, what’s the forecast in the coming collections?
‘Just Style Not Size’
Two friends show how the same outfit looks fabulous on women with different body types.
Photo Credit
Happy Monday!
Never gonna leave this bed 😌
Photo credit
စကတ်အိတ်ကလေးထဲ လက်ကလေးထည့်
မှန်ရှေ့ရပ်ပြီး ဘယ်နှစ်ခါလောက် ဝဲကြည့်ပြီးပြီလဲ?
customer လေး တစ်ယောက်က
စကတ်လေး မှာပြီး ခေါက်ရာသာသာလေး ရမယ့်
local made လေးဆိုပြီး
expectations လျော့ထားပုံပါပဲ
ပစ္စည်း လေးရတော့ လုံးဝ Tulle Skirt ပုံပေါ်လို့
ပျော်သွားလေရဲ့ local made ကိုဒီလိုအသားလေး
ရလိမ့်မယ်လို့ မထင်ထားဘူး ဆိုတာပါပြောသေးတာ
အဲ့လိုတွေကြားရင် ပိတ်စလိုက်ရှာရင်း လွတ်သွားတဲ့နေ့လည်စာတွေ မမြင်တော့ပါဘူး လေ 😇
If a poem were a dress + if the dress was on sale = perfection
Our month end sale ( 5% off )is ongoing from 29th Apr to 1st May.
5% off promotion ရှိပြီး dress လေးတွေက limited မို့ မြန်မြန်လေးမှာလိုက်တော့နော်
ဘာကြောင့်အဝတ်အစားရွေးချယ်မှုက အရေးကြီးတာလဲ?
👗 ကိုယ့်ရဲ့ အသွင်အပြင်က်ု တခြားသူတွေထံ တင်ပြတဲ့အခါမှာ အမြင်ပိုင်းဆိုင်ရာ ယူဆချက်က တော်တော်အရေးပါပါတယ်
👗ပိုလှအောင်ဝတ်ရင် ပိုလှမယ် ပိုလှရင် ပိုကောင်းတဲ့စိတ်ခံစားချက်နဲ့ အလုပ်တွေပိုလုပ်နိုင်ပါမယ်
👗အလုပ်ရှာရာတွင်သာမက network တည်ဆောက်တဲ့နေရာမှာလဲ ကောင်းကောင်းမွန်မွန်ဝတ်စားခြင်းဖြင့် လူအများသတိပြုလက်ခံနိုင်ပါတယ်
👗Peacocking Effect လိုချင်ရင် ပထမဆုံးအဆင့်က
ကောင်းကောင်းမွန်မွန် ဝတ်စားဖို့ပါပဲ
လုပ်ငန်းခွင်မှာ အမျိုးသမီးတွေအတွက် လိုက်ဖက်တဲ့ အဝတ်အစား တော်တော်များများက အဆင်ပြေပေမယ့် သက်တောင့်သက်သာရှိဖို့ကလဲ လိုအပ်ချက်တစ်ခု ဖြစ်နေပါသေးတယ်
ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့်
Anna Office Wear က တနေ့တာလုံးလုပ်ငန်းခွင်မှာ
လွတ်လပ်ပေါ့ပါးပြီး ယုံကြည်မှု အပြည့်နဲ့
အလုပ်လုပ်နိုင်ဖို့ အပြည့်အဝ ကူညီပေးမှာပါ နော်
Anna makes office wear comfortable enough to spend all day in.
အပေါ်အောက် အရောင်တူတွေဝတ်ရတာ
ပျင်းဖို့ကောင်းတယ်ထင်ရင်
ဒီလို two colors လေးတွေက ဆန်းတယ်လေ
Baby Blue နဲ့ Tulip Pink ကတော့
မြင်တာနဲ့ ရင်ကိုအေးစေမယ့် အတွဲလေး
ဒီပုံလေးပြပြီးပဲ လာမှာကြတာများတယ်
တွဲချင်ရာတွဲလို့ရတဲ့ colors လေးတွေလဲ
အများကြီးရှိပါတယ်နော်
Anna Office Wear ရဲ့ Best Seller လေး 🧡💙🖤
Oversized Collar လေးကိုချစ်လို့
အသားလေးနဲ့ cutting လေးကို ကြိုက်လို့
အရောင်လေးတွေ ငြိမ်လို့ ဆိုပြီး
တစ်ယောက်ကို အနည်းဆုံး
၂ ရောင်လောက်ယူကြတယ်
England က အမတစ်ယောက်ဆို
ထုတ်သမျှ အရောင်အားလုံးကို လှမ်းမှာတယ်
ခုလို local brand လေးတွေကို ယုံယုံကြည်ကြည်
နဲ့အားပေးလို့ ရှေ့ဆက်ဖို့ အားတွေဖြစ်ရပါတယ်
Instock လေးတွေရှိတာမို့ Quality Office Wear
လေးတွေရှာနေရင် Anna Office Wear မှာရှိတယ်နော်
ရုံးသွားရင်း ကားဆီထည့်ဖို့ တန်းမစီနိုင်ရင်
အိတ်လေးတစ်လုံးလွယ်
Anna Office Wear လေးဝတ်ပြီး
ရုံးကို လမ်းသာလျှောက်သွားနော်
လွတ်လပ်ပေါ့ပါးနေဖို့ကတော့ စိတ်သာချ
အချောလေးတိို့ 😎
Special Giveaway လေးပေးမယ်ဗျို့
Admin ရဲ့မွေးနေ့လေးရယ်
Page Like လေး 1k ပြည့်တဲ့ အမှတ်တရလေးရယ်
အကြောင်းပြုပြီး Anna Office Wear လေးတွေ
လက်ဆောင်အများကြီးပေးပါ့မယ်
စည်းကမ်းချက်လေးတွေအတိုင်း ပါဝင်နိုင်ပါတယ်နော်
1. Anna Office Wear Page လေးကို Like & Follow လုပ်ထားရပါ့မယ်
2. ရုံးတစ်ခုခု မှာ လက်ရှိအလုပ်လုပ်နေသူဖြစ်ရပါ့မယ်
3. ဒီ original Post အောက်မှာ ရုံးတစ်ခုခုမှာ လက်ရှိအလုပ်လုပ်နေတဲ့ သူငယ်ချင်း ၂ ယောက်ကို mention ခေါ်ပေးရပါ့မယ်
4. ပြီးရင်တော့ ဒီ post ကို public နဲ့ shareပြီး ဘယ် dress လေးကိုလိုချင်တယ်ဆိုတာကို ရေးပေးရမှာပါ
5. public နဲ့ share ထားတာကို ဒီ original post ရဲ့
comment မှာ screenshot ပို့ပေးရပါမယ်
ဒီအချက်အလက်တွေအားလုံးနဲ့ ကိုက်ညီတဲ့ သူ
၅ ဦးကို ရွေးချယ်ပြီး 10-Apr နေ့လည် ၂ နာရီမှာ
Page မှာ ဖော်ပြပေးသွားပါ့မယ်
ကံထူးသူများက Page လေးမှာစောင့်ကြည့်ပြီး
chat box ကိုကိုယ်တိုင်လာခဲ့ပေးရမှာဖြစ်ပါတယ်
ကံထူးသူလေးတွေနဲ အဆင်ပြေမယ့် size နဲ့ လိုချင်တဲ့ dress လေးတွေကို သကြ်န်အပြီး ရုံးဖွင့်ရက်တွေမှာ ရုံးလိပ်စာကိုသာ ပို့ပေးသွားမှာ ဖြစ်ပါတယ် Delivery ခလဲပေးစရာမလိုပါဘူးနော်
ကဲ giveaway deadline လေးမရောက်ခင်
ကံစမ်းလိုက်ကြစို့နော်
Delivery လေးတွေလာနေပြီနော်
ဖုန်းလေးနားစွင့်ပေးကြပါဦး
မှာပြိိီးရင်း ထပ်မှာတဲ့
customer အဟောင်းလေးတွေရော
စမ်းမှာကြည့်မယ် ဆိုတဲ့
customer အသစ်ကလေးတွေရော
ကျေးဇူးအထူးပါနော်
mood အမျိုးမျိုးဝင်နေတဲ့ Monday လိုနေ့မျိုးမှာ
တစ်ခါတလေလဲ သိပ်တည်ငြိမ်တဲ့ မမ 🖤
တစ်ခါတလေကျ သိပ်ချစ်ဖို့ကောင်းတဲ့ မမ ပေါ့ 🖤
Click here to claim your Sponsored Listing.
Videos (show all)
Contact the business
Telephone
Website
Address
Insein Road
Yangon
11052