Digital Native Marketing Agency

လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများ အောင်မြင်တိုးတက်ဖို့ Digital Native နဲ့အတူ ပုံဖော်လိုက်စို့

✅Digital Native Agency Founder မှာ မြို့ပြအင်ဂျင်နီယာဘာသာရပ်ဖြင့် ဘွဲ့ရရှိထားပြီး ၊ 2019 ခုနှစ်မှ စတင်ကာ Digital Marketing ပညာရပ်များကို လေ့လာ​ဆည်းပူးပြီး "Precise Tech Zone" အမည်ဖြင့် Customer feedbacks (reviews) ကောင်းများရရှိထားပြီး ဒစ်ဂျစ်တယ်မားကတ်တင်းဝန်ဆောင်မှုများကို စီးပွားရေးလုပ်ငန်းပေါင်း 500 ကျော်နှင့် လက်တွဲကာ ကိုယ်ထူကိုယ်ထ ဝန်ဆောင်မှုများပေးခဲ့ပါတယ် ၊ တစ်ယောက်တည်း သွားလျှင် မြန်မြန်ရေ

20/11/2023

Online Registration Form ကိုယ်တိုင် တင်ကြမယ်...📣📣📣

Online Register တင်နည်းကို အစဆုံး အသေးစိတ် ရှင်းပြထားပေးတာမို့ ဒီ video လေး အဆုံးထိ ကြည့်ပြီးရင် Online Register ကိုယ်တိုင်တင်တတ်သွားမှာဖြစ်ပါတယ်

ကိုယ်တိုင်တင်ဖို့ အလုပ်မအားသူများအနေဖြင့်လည်း ကျွန်တော်တို့ Digital Native Marketing Agency & Precise Tech Zone Page Boost Service page လေးမှာ ဝန်ဆောင်ခ သက်သာစွာဖြင့် ဝန်ဆောင်မှုလေး ရယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်...

အားလုံးပဲ အဆင်ပြေကြပါစေရှင်...🙏🙏🙏

29/09/2023

အားလုံးစောင့်မျှော်နေကြတဲ့ Online Shopping လုပ်ငန်း မှတ်ပုံတင် စနစ်မိတ်ဆက်ရှင်းလင်းပွဲ
-----------------------------------------------------------------
အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများ(Online Sales)မှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းနှင့် eComReg System စနစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် တက်ရောက်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။
-----------------------------------------------------------------

အမှတ်(၅၁/၂၀၂၃)အရ အွန်လိုင်းစနစ်ဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုရောင်းချသူများအားလုံးသည် မှတ်ပုံတင်လက်မှတ်လျှောက်ထား ရန် အကျုံးဝင်ပြီး မှတ်ပုံတင်လက်မှတ်လျှောက်ထားလိုသူသည် ရုံး၊ ဌာနများသို့ လူကိုယ်တိုင် လာရောက် ဆောင်ရွက်ရန်မလိုအပ်ဘဲ www.ecomreg.gov.mm မှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ စတင်၍ လျှောက်ထား ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း သိရရှိသည်။

မှတ်ပုံတင်ခြင်းကို မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်နဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလကုန်အထိ ခွင့်ပြုထားပြီး အဲ့ဒီကာလကျော်ပါက မှတ်ပုံမတင်ပဲ အွန်လိုင်းကနေ ဈေးရောင်းသူတွေကို ဥပဒေအရအရေးယူမှာဖြစ်တယ်လို့ သိရပါတယ် ။

Online Registration ပြုလုပ်ဖို့အတွက်
-လုပ်ငန်း နာမည်
-Logo
-ရပ်ကွက်ထောက်ခံစာ
-ရဲစခန်းထောက်ခံစာ

များ လိုအပ်ပြီး မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ပြုထားတာကြောင့် Online Application Form ကြေး ၄၀၀၀ ကျပ်သာ ကျသင့်မှာဖြစ်တယ်လို့သိရပါတယ်။

ဒါ့ကြောင့်စည်ပင်လိုင်စင် နဲ့ အခြားအခွန်တွေ ပေးဆောင်ထားသူတွေလည်း အွန်လိုင်းကနေ ဈေးရောင်းချမယ်ဆိုရင် မှတ်ပုံတင်ဖို့ လိုအပ်တယ်လို့သိရပါတယ်။

မှတ်ပုံတင်ထုတ်ပေးပြီးနောက် တားမြစ်၊ ကန့်သတ် သို့မဟုတ် ဥပဒေနဲ့ ငြိစွန်းသော၊ အများပြည်သူရဲ့ လုံခြုံမှုကို ထိခိုက်စေနိုင်သော၊ ဘေးအန္တရာယ်ကင်းရှင်းမှု သို့မဟုတ် လုံခြုံစိတ်ချရမှုမရှိကြောင်း ယူဆရသော၊ ရိုးရှင်းမှန်ကန်တဲ့ သတင်းအချက်အလက်နဲ့ အာမခံမရှိကြောင်း ယူဆနိုင်တဲ့၊ ခွင်မပြု/တားမြစ်ထားသော စတဲ့ ကုန်စည်တွေ ရောင်းချခဲ့ရင် မှတ်ပုံတင်ပြန်လည်သိမ်းမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတော့ အွန်လိုင်းရှော့ပင်းလုပ်ငန်းတွေကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) အရ သတ်မှတ်ထားပါတယ်။
ဒါ့ကြောင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ၅ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် အနည်းဆုံးထောင်ဒဏ် ၆ လကနေ အများဆုံး ထောင်ဒဏ် ၃နှစ်အထိ ချမှတ်နိုင်တဲ့အပြင် ငါးသိန်းထက်မပိုတဲ့ ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေပြဌာန်းချက် အရ သိရပါတယ်။

Credit




#မှတ်ပုံတင်လက်မှတ်

Photos from Digital Native Marketing Agency's post 18/09/2023

Sabei RealEstate 2 လုပ်ငန်းရဲ့ monthly package လေးအတွက် လောလောဆယ် ဖန်တီးထားပေးဖြစ်တဲ့ social ads designs လေးတွေပါ ၊
brand guideline နဲ့အညီ white & green colors ကိုသာ အဓိက သုံးထားပေးပါတယ် ၊ content လေးတွေကိုတော့ စံပယ်အိမ်ခြံမြေ page ထဲ ဝင်ရောက်ဖတ်ရှုလို့ရပါတယ်...

အိမ်ခြံကွက်တွေ ၊ ဝိုင်းတွေဝယ်မယ်ဆိုရင် အရေးအကြီးဆုံးအချက်က စာရွက်စာတမ်းအလိမ်အညာတွေမမိဖို့ ၊ကိုယ်ဝယ်မယ့်နေရာကအရှုပ်အရှင်းကင်းဖို့ အိမ်ခြံမြေနဲ့ ပက်သက်ရင် စိတ်ချရတဲ့ အကျိုးဆောင်ကို ညွှန်ပေးပါဆိုရင် ကိုယ်ကတော့ personal အရလည်း သိ ၊ royal client တစ်ဦးလည်းဖြစ် ၊ ယုံကြည်စိတ်ချလို့လည်းရတဲ့ စံပယ်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း Sabei RealEstate ကို ညွှန်ပေးဖြစ်မှာပါ ⚖️🤝

media buying (boosting) ဝန်ဆောင်မှုတွေအပြင် monthly package တွေပါ ထပ်မံယုံကြည်စွာ အပ်သွားပေးတဲ့ Sabei RealEstate ကို ကျေးဇူးအထူးတင်ပါတယ် ☺

လူကြီးမင်းတို့ရဲ့ လုပ်ငန်းတိုင်းအတွက် အဆင်ပြေဆုံးဖြစ်မယ့် strategy & content calendar ရေးဆွဲကာ client's objective နဲ့အညီ brand guideline အတွင်း သေချာလေး analyze လုပ်ကာ ဆောင်ရွက်ပေးဖို့ Digital Native Marketing Agency & Precise Tech Zone Page Boost Service က သင့်အတွက် စောင့်ကြိုနေလျက်ပါ...

Facebook marketing နဲ့ ပတ်သက်ပြီး ဘယ်လိုအခက်ခဲ ၊ အဆင်မပြေမှု error မျိုးစုံကိုမဆို တစ်နေရာတည်းမှာ ဝန်ဆောင်မှု ပေးမယ့် one stop service အနေနဲ့ဆို Digital Native ရှိနေပါတယ် ☺

Photos from Digital Native Marketing Agency's post 18/09/2023

"3 & ONE BBQ & Restaurant"
ဆိုင်အတွက် Logo ကို
option (2) မျိုးနဲ့ ဖန်တီးရေးဆွဲထားပေးပါတယ်

client's brief ကတော့ Red color
ပါချင်တာကလွဲရင် ကျန်တာ
စိတ်ကြိုက်ဖန်တီးခွင့်ပေးထားပါတယ်..

လုပ်ငန်းပုံရိပ်ကို Logo မြင်တာနဲ့ သိရဖို့
သေချာလေး ခံစားရေးဆွဲထားပေးပါတယ်

စာဖတ်သူတို့ရော option (2) မျိုးမှာ
ဘယ်တစ်ခု ပိုသဘောကျလဲဆိုတာ
ပြောပေးသွားကြပါဦးနော်..😬

ယုံကြည်စွာ bbq & restaurant ဆိုင်အတွက်
Logo အပ်နှံပေးတဲ့ အစ်ကိုကိုလည်း
ကျေးဇူးအထူးတင်ရှိပါတယ်...🙏🙏🙏

premium ဆန်ပြီး
business အလိုက်
unique ဖြစ်စေမယ့်
Logo design များကို
ရင်နှင့်ခံစား client စိတ်တိုင်းကျသည်ထိ
ပုံဖော်ဖန်တီးပေးပါတယ်

media buying (boosting)ဝန်ဆောင်မှုများအပြင် Facebook marketing နဲ့ ပတ်သက်ပြီး ဘာပဲလိုလို
one stop service အနေနဲ့
အကောင်းမွန်ဆုံး ဆောင်ရွက်ပေးဖို့
Digital Native Marketing Agency &
Precise Tech Zone Page Boost Service က
သင့်အား စိတ်မပျက်စေရပါဘူးလို့ ကတိပေးပါတယ်










👇option (1) ပုံလေးတွေ

Photos from Digital Native Marketing Agency's post 18/09/2023

"3 & ONE BBQ & Restaurant"
ဆိုင်အတွက် Logo ကို
option (2) မျိုးနဲ့ ဖန်တီးရေးဆွဲထားပေးပါတယ်

client's brief ကတော့ Red color
ပါချင်တာကလွဲရင် ကျန်တာ
စိတ်ကြိုက်ဖန်တီးခွင့်ပေးထားပါတယ်..

လုပ်ငန်းပုံရိပ်ကို Logo မြင်တာနဲ့ သိရဖို့
သေချာလေး ခံစားရေးဆွဲထားပေးပါတယ်

စာဖတ်သူတို့ရော option (2) မျိုးမှာ
ဘယ်တစ်ခု ပိုသဘောကျလဲဆိုတာ
ပြောပေးသွားကြပါဦးနော်..😬

ယုံကြည်စွာ bbq & restaurant ဆိုင်အတွက်
Logo အပ်နှံပေးတဲ့ အစ်ကိုကိုလည်း
ကျေးဇူးအထူးတင်ရှိပါတယ်...🙏🙏🙏

premium ဆန်ပြီး
business အလိုက်
unique ဖြစ်စေမယ့်
Logo design များကို
ရင်နှင့်ခံစား client စိတ်တိုင်းကျသည်ထိ
ပုံဖော်ဖန်တီးပေးပါတယ်

media buying (boosting)ဝန်ဆောင်မှုများအပြင် Facebook marketing နဲ့ ပတ်သက်ပြီး ဘာပဲလိုလို
one stop service အနေနဲ့
အကောင်းမွန်ဆုံး ဆောင်ရွက်ပေးဖို့
Digital Native Marketing Agency &
Precise Tech Zone Page Boost Service က
သင့်အား စိတ်မပျက်စေရပါဘူးလို့ ကတိပေးပါတယ်










👇option (2) ပုံလေးတွေ

14/09/2023

boosting charges အပြောင်းလဲရှိပါမယ် ❗❗

ဒီနေ့ ညနေပဲ
Visa rate တွေ ထိုးတက်သွားတာမို့
media buying (boosting) charges
အပြောင်းလဲရှိပါမယ်
ဝန်ဆောင်မှုလေး မယူခင်
စျေးလေး အရင်မေးပေးကြပါနော်...

အပ်ထားပြီးတဲ့ သူများကတော့
အရင် rate အတိုင်းပဲ
ဆက်ဆောင်ရွက်ပေးသွားပါမယ်...

Visa rate ကျရင်လည်း
ချက်ချင်းစျေးလျှော့ပေးခဲ့သလို
rate ပြန်တက်တဲ့အခါလည်း
စျေးလေး အနည်းငယ်တက်ပါရစေရှင်

Photos from Digital Native Marketing Agency's post 06/09/2023

ကလေးကျန်းမာရေး ဆရာဝန် Doctor Sai Myat Thu ရဲ့ Nail Spa ဆိုင်အတွက် ဖန်တီးထားပေးဖြစ်တဲ့ Logo Design လေးပါ...

Logo concept လေးကတော့ Doctor brief လေးအရ ဖန်တီးထားပေးဖြစ်ပါတယ်

ဒေါက်တာစိုင်းမြတ်သူက အရမ်းစိတ်ရှည်သလို အရမ်းလည်းတော်တဲ့ ကလေးဆရာဝန်တစ်ယောက်ပါ ၊ သားသားမီးမီးလေးတွေရှိတဲ့ မေမေတွေအတွက်
လုံးဝစိတ်ချယုံကြည်လို့ရတဲ့ ဆရာဝန်ကောင်းတစ်ယောက်ဆိုတာ ယုံကြည်တာမို့ ကလေးကျန်းမာရေးအတွက်ဆို Doctor စိုင်းမြတ်သူ ကို ညွှန်ပါရစေနော်

Social Media - Facebook & Tik Tok မှာဆိုလည်း Dr. Sai Myat Thu - ကလေးကျန်းမာရေး ဆိုတဲ့ page name လေးနဲ့ ကလေးကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတမျိုးစုံကို အမြဲတမ်းမျှဝေတင်ဆက်ပေးနေပါတယ်...

ဒါလေးကတော့ Doctor ရဲ့ Tik Tok acc link လေးပါ> https://www.tiktok.com/?_t=8fSgItwC9CS&_r=1

ယုံကြည်စွာ ဝန်ဆောင်မှု ရယူပေးသွားတဲ့ Doctor ကို ကျေးဇူးအထူးတင်ရှိပါတယ်...

boosting (media buying) ဝန်ဆောင်မှုများအပြင် social media monthly package များကိုလည်း client လုပ်ငန်းအခြေနေကို သေချာမေးမြန်း ၊ ဆွေးနွေးတိုင်ပင်ပြီး သေချာ research & analyze လုပ်ပြီးမှ အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်....

Your Success is our goal...

Photos from Digital Native Marketing Agency's post 06/09/2023

branded Fashion Design & Accessories တွေ ရောင်းမယ့် ဆိုင်လေး "The Fashion Mall" အတွက် ဖန်တီးထားပေးဖြစ်တဲ့ Logo Design လေးပါ...

Logo Concept လေးကတော့
Base ကို Shopping Bag နဲ့ Mall Building တစ်ခုရဲ့ Shape ယူထားတယ်
client desire အရ color ကို Luxury & Rich ကိုကိုယ်စားပြုတဲ့ ကျောက်စိမ်းနဲ့စိမ်းပြာကြားက အရောင်ကို သုံးထားပေးပါတယ်..

ယုံကြည်စွာ Logo package လေး ယူသွားပေးတဲ့ ညီမလေးကို ကျေးဇူးအထူးတင်ရှိပါတယ်

boosting (media buying) ဝန်ဆောင်မှုများအပြင် social media monthly package များကိုလည်း client လုပ်ငန်းအခြေနေကို သေချာမေးမြန်း ၊ ဆွေးနွေးတိုင်ပင်ပြီး သေချာ research & analyze လုပ်ပြီးမှ အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်....

Your Success is our goal...

01/09/2023

Bank Rate အရ 1$ - 400 ခုန်တက်သွားတာမို့
ဒီနေ့ကစပြီး Service Charges လေး အနည်းငယ် ပြောင်းလဲရမည်ဖြစ်ပါကြောင်း အားနာစွာနဲ့ အသိပေးပါရစေရှင်...

Photos from Digital Native Marketing Agency's post 31/08/2023

Others - Precise Tech Zone Page Boost Service & Digital Native Marketing Agency
က Founder က ယုံကြည်ရလား?

Me - ငွေလွှဲ မှားပြီး ဝင်လာရင်တောင် လွှဲထားမိတဲ့သူက လာမေး/မမေးတော့ မသိ ၊ ကိုယ်တိုင်က ငွေမှားလွှဲသူ acc ကို လိုက်ရှာပြီး တကူးတကနဲ့ကို ငွေသွားပြန်လွှဲပေးတယ်...
....................................................................

ကတိတည်ပြီး မှန်ကန်မှုနဲ့သာ အလုပ်လုပ်တတ်တာက ကျွန်တော့်ရဲ့ အားသာချက်ပါ ၊ မည်သည့်လုပ်ငန်းအမျိုးစားမဆို boosting (media buying) နှင့် social media content & design package များကို အကန့်သတ်မရှိ ဝန်ဆောင်မှုပေးနေပြီမို့ စိတ်ချမ်းသာမှုအပြည့်ရချင်တယ်ဆို အခုပဲ Hi လိုက်တော့နော်

ဒါလေးက Founder ရဲ့ acc link ပါ 👇
https://www.facebook.com/popkisslyrics?mibextid=D4KYlr

Photos from Digital Native Marketing Agency's post 29/08/2023

MNDS Language & Computer Center သင်တန်းကျောင်းအတွက် ဖန်တီးထားပေးဖြစ်တဲ့ Social Media Designs & short video လေးတွေကို ဖော်ပြပေးလိုက်ပါတယ်

client meeting လုပ်ပြီး ၊ client's objective & brief အရ social media post လေးတွေကို brand guideline နဲ့အညီ ဖန်တီးခွင့်ရတဲ့အတွက်ရော ၊ ယုံကြည်စွာနဲ့ monthly package (content + design)ကို ရယူပေးခြင်းအတွက်ပါ MNDS Founder brother Ko Hlaing Bwa ကို ကျေးဇူးအထူးတင်ရှိပါတယ်..

boost service (social media buying) ဝန်ဆောင်မှုများ ၊ content & design ဝန်ဆောင်မှုများကို ယုံကြည်စွာ လက်တွဲပေးနေကြတဲ့ client တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

ပိုကောင်းတဲ့ ဝန်ဆောင်မှုများနှင့် အကြံဥာဏ်များ ပေးသွားနိုင်ဖို့လည်း ရှေ့ဆက်ကြိုးစားသွားပါမယ်...

Photos from Digital Native Marketing Agency's post 29/08/2023

brother Ko Thant Moe Nyi ရဲ့ design brief & concept အရ Marketing Pulse - Media Buying page အသစ်လေးအတွက် ဖန်တီးထားပေးဖြစ်တဲ့ Logo design လေးပါ...

ယုံကြည်စွာ Logo ဝန်ဆောင်မှုလေး ရယူပေးခဲ့တဲ့ မောင်လေးသန့်မိုးညီကို ကျေးဇူးအထူးတင်ပါတယ်...

မိတ်ဆွေတို့ရဲ့ လုပ်ငန်းအမျိုးစားအလိုက် လုပ်ငန်းပုံရိပ်ကို ထပ်တူပေါ်လွင်နေစေမယ့် Logo design ဝန်ဆောာင်မှုများအပြင် social media design ဝန်ဆောင်မှုများကိုလည်း individual အပြင် monthly package များကိုပါ client စိတ်တိုင်းကျသည်ထိ အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်...

ဝန်ဆောင်မှု ရယူပေးကြတဲ့ client တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်...

31/07/2023

ဝါဆိုလပြည့်နေ့

သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း
ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း၊တောထွက်တော်မူခြင်း၊တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ဗုဒ္ဓဘာသာဝင်တို့၏ ထူးမြတ်သည့် ဝါဆိုလပြည့်နေ့ အချိန်အခါသမယတွင် ခုနှစ်ရက်သားသမီး အပေါင်း ဘေးအန္တရာယ်များမှ ကင်းဝေးကာ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်း ပြည့်စုံပါစေကြောင်း Digital Native Marketing Agency မိသားစု မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်🙏🙏🙏

#ဝါဆိုလပြည့်နေ့
#ဓမ္မာစကြာအခါတော်နေ့

25/07/2023

လူငယ်တွေအတွက် moti

Photos from Digital Native Marketing Agency's post 24/07/2023

စီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ငန်းပုံရိပ်ပေါ်လွင်စေရန် နှင့် client demand အရ Digital Native မှ လောလောဆယ် တာဝန်ယူ ဖန်တီးရေးဆွဲထားပေးတဲ့ Logo & graphic design ပုံလေးတွေ စုစည်း တင်ပြပေးလိုက်ပါတယ်

အလုပ်အပ်ချင်သူများအနေဖြင့်လည်း design နမူနာများကို ကြည့်ရ အဆင်ပြေစေရန် ရည်ရွယ်၍ တင်လိုက်ပါတယ်ခင်ဗျာ

Content & Copy writing များကိုလည်း မည်သည့်လုပ်ငန်းအမျိုးစားမဆို သေချာ research & analyze လုပ်ပြီး plan ချကာ content calendar ဆွဲ၍ တာဝန်ယူဆောင်ရွက်ပေးပါတယ် ၊ ဖန်တီးရေးသားထားပေးသော Content နမူနာများကိုလည်း privacy အရ public ချမပြထားပေမဲ့ အလုပ်အပ်ချင်သူများအနေဖြင့် page messenger မှ အလွယ်တကူ Content နမူနာများကို တောင်းကြည့်နိုင်ပါတယ်ခင်ဗျာ...ဖတ်ကြည့်လို့ စိတ်ကျေနပ်မှုရှိမှ အလုပ်အပ်နိုင်ပါတယ်ခင်ဗျာ

ယုံကြည်စွာ monthly package ရယူထားကြတဲ့ client များနှင့် အစဥ်မြဲ boost service ရယူနေကြတဲ့ client တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ...

Photos from Digital Native Marketing Agency's post 21/07/2023

online shop (သို့မဟုတ်) online စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်း လုပ်​နေသူတိုင်း လုပ်ငန်းလိုင်စင် (or) လုပ်ငန်း မှတ်ပုံတင်ရန် အမိန့်စာ ထုတ်ပြန်လာပါပြီ

ထုတ်ပြန်သည့်နေ့ရက်မှစပြီး နောက် 6လအတွင်း နောက်ဆုံးထား လုပ်ရန် အချိန်တော့ ပေးထားတယ်

17/07/2023

ARIEL နှင့် Headline အရေးကြီးပုံ

အဝတ်လျှော်ဖို့ ဆပ်ပြာမှုန့်ကုန်နေတာနဲ့ ဝယ်ဖို့
ဆပ်ပြာမှုန့် အတန်း ရောက်သွားတယ် ၊ မိုးတွင်းဆိုတော့ အဝတ်တွေ သိပ်မခြောက်ရင် မှိုနံ့ နံတတ်တော့ မိုးတွင်းအတွက် အဆင်ပြေမယ့် ဆပ်ပြာမှုန့် ဝယ်မယ်လို့ တွေးထားတယ်၊ ဆပ်ပြာမှုန့်တွေ အမျိုးစားအများကြီးထဲမှာမှ

"အိမ်ထဲမှာ လှန်းရင်တောင် မှိုနံ့ကင်းစေတဲ့ ARIEL Indoor Dry"

ဆိုတဲ့ headline ကြီးနဲ့ ထင်းနေအောင် ရေးထားတဲ့ အေရီရယ် ကိုမှ သွားတွေ့တော့ လုံးဝကွက်တိ နှစ်ခါမစဥ်းစားပဲ မြင်တာနဲ့ တန်းယူပလိုက်တယ် ၊ ကျန်တာတွေတောင် လိုက်မကြည့်တော့ဘူး ☺

ဒီနေရာမှာ marketing သဘောတစ်ခု ရှင်းပြပေးပါမယ် ၊ အေရီရယ်က ဝယ်သူတွေရဲ့ needs / want / demand ကို သေချာသိတာမို့ ဆပ်ပြာမှုန့်ကို အမျိုးစားအများကြီး ခွဲထုတ်ထားတာပါ ၊ မိုးတွင်းမှာ အိမ်ရှင်မတွေ ဘာကိုစိုးရိမ်နေလဲ ၊ သူတို့ ဘာကို လိုအပ်နေတာလဲ ၊ သူတို့အတွက် ဘယ်လိုအမျိုးစား ထုတ်ပေးရင် Convenience ဖြစ်သွားမလဲ စတဲ့ လိုအပ်ချက်တွေကို ဝယ်သူတွေရဲ့ နေရာကနေ စဥ်းစားပြီး ထုတ်ထားပေးတော့ လိုအပ်ချက်ကို တန်းသိစေပြီး အချိန်ကုန်လည်း သက်သာစေပါတယ်

ဒီလိုထုတ်ထားရုံနဲ့ ရောင်းရပြီလား ၊ "No" ပါ..
မိုးတွင်းအတွက် သီးသန့်ထုတ်ထားပေးတဲ့ ဆပ်ပြာမှုန့် အမျိုးစား​တွေမှ အများကြီးပါ...
ဒီတော့ ဝယ်သူတွေ မြင်တာနဲ့ သူ့ထုတ်ကုန်ရဲ့ ရည်ရွယ်ချက်ကို တန်းသိဖို့ "Headline" ကြီးကြီးကို ထိပ်ဆုံးမှာ ရေးထားတာက Marketing ပါ ၊ ဒါက ရာသီမရွေးအတွက် ARIEL ကို ရွေးချယ်ဖြစ်ဖို့ ရည်ရွယ်ချက်တွေထဲက တစ်ခုပါ

ဒါကြောင့် product တစ်ခုကို customer တွေ convenience ဖြစ်စေဖို့ ထုတ်ထားရုံနဲ့ မပြီးသေးပါဘူး ၊ သူတို့ရဲ့ စိုးရိမ်ကြောင့်ကြမှု ၊ လိုချင်နေတဲ့အရာကို သီးသန့် ထုတ်လုပ်ထားပေးတယ်ဆိုတာကို
မြင်တာနဲ့ တန်းသိအောင် Headline ကောင်းကောင်းနဲ့ ဖော်ပြထားပေးဖို့ကလည်း အရေးကြီးပါတယ်

ဒါကြောင့် လူကြီးမင်းတို့ရော ကိုယ့်ရဲ့ ကုန်ပစ္စည်းအတွက် customer တွေရဲ့ needs & want / demand တွေကို သေချာ research လုပ်ပြီးပြီလား ?

လူကြီးမင်းတို့လည်း မိမိရဲ့ ထုတ်ကုန်ကို တသမတ် ပုံစံတစ်ခုတည်းနဲ့ ရပ်တန့်မနေပါနဲ့ ၊ အလုပ်တစ်ခုတည်းပေါ်မှာ expect မထားပါနဲ့ ၊ plan A အဆင်မပြေရင် plan B ဘာလုပ်မလဲဆိုတာ တစ်ခါတည်း အစီစဥ် ဆွဲထားဖို့လိုပါတယ်

ကိုယ့်ရဲ့ ထုတ်ကုန်ပစ္စည်းကို strategic နဲ့မှ
ထိုးဖောက်လို့မရရင် trend /creative နဲ့ ထိုးဖောက်ကြည့်ဖို့ အကြံလေးပေးရင်း ဒီနေ့အတွက် ဒီစာလေးမျှဝေပေးလိုက်ပါတယ်။

ဒါနဲ့ လူကြီးမင်းတို့ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီး headline က အရေးကြီးကြောင်း စဥ်းစားမိသွားတယ်ဆိုရင် comment လေးမှာ ကိုယ် စဥ်းစားမိတဲ့ headline လေးတွေ ရေးပြီး ကြော်ငြာပေးသွားပါဦးနော်..

ကျွန်မကတော့ online business စီးပွားရေးလုပ်နေသူတိုင်း / page admin တိုင်းရဲ့အကျိုးစီးပွား အောင်မြင်တိုးတက်ဖို့ ​တဖက်တလမ်းကနေ ပါဝင်ကူညီဆောင်ရွက်ပေးနေတဲ့ Digital Marketer တစ်ယောက်ပါ...

လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်း လိုအပ်ချက်များ
အတွက် အကြံဥာဏ်များ ရယူလိုပါကလည်း အောက်ပါ ဖုန်းနံပါတ်သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်

☎ 09 940422496

14/07/2023

Meta-Verified (Blue Mark) လျှောက်ချင်တဲ့သူများအတွက်..

Meta-Verified ဆိုတာ subscription bundle အသစ်ပါ။ လစဥ်ကြေးပေးသွင်းရမှာဖြစ်ပြီး Verified Badge အပြင် တစ်ခြား Meta မှပေးသော Premium Benefits များရမှာပါ။

Meta-Verified ဝယ်ရင်ဘာတွေရမလဲဆိုတော့

1. Facebook Blue Badge (Blue Mark)
2. Proactive account protection (Hackers တွေရန်မှကာကွယ်ပေးမဲ့အပြင် ကိုယ့်အကောင့်ကိုလူလိမ်များမှ အကောင့်တုလုပ်ပြီး ငွေညစ်တာတွေ လိမ်တာတွေများကနေ ကာကွယ်ပေးမှာပါ)
3. Exclusive features (Stories and Reels တွေအတွက် Premium Stickers တွေရမဲ့အပြင် တစ်လကို Facebook Star 100 ရဦးမှာပါ)
4. Direct account support (Facebook ပြသနာတိုင်းအတွက် Facebook မှ လူအစစ်နဲ့ စကားပြောလို့ရအောင် Live Chat Supporting ပေးမှာပါ)
5. Increase Reach (ကိုယ့်ရဲ့ Post တွေကို လူတွေပိုမြင်အောင် ပြပေးမှာပါ) (ဒီ Feature လေးကတော့လောလောဆယ် ပြန်ရပ်ထားပါတယ်)

ကျွန်တော့လို Meta Advertising Service ပေးတဲ့သူတွေအတွက်ကတော့ No.4 Direct Account Supporting က ရွှေပါပဲ။

Meta-Verified ရဖို့ဆိုရင်

1. Facebook က Name/Birthday နဲ့ Driving License (Or) Passport က Name/Birthday တူရပါမယ်။
2. Facebook Profile ကို ပုံအစစ်အမှန်တင်ပြီး မျက်နှာကို Foward Facing အရှေ့ကိုတည့်တည့် လည့်ထားရင် ပိုကောင်းပါတယ်။
3. Facebook Profile Change တိုင်း Meta-Verify ပြန်လုပ်ရမှာပါ
4. တစ်လကို 15$ Facebook ကို လစဥ်ကြေး ပေးရမှာပါ

Meta Verified က အရင်တုန်းက Australia, US, New Zealand and Canada အတွက်ဘဲရောင်းပေးတာ အခုနောက်ပိုင်းမှ India ရလာတာ။ Latin America ဆက်လာပါမယ်။ မြန်မာနိုင်ငံကိုရောက်ဖို့တော့ အဝေးကြီးလိုပါသေးတယ်။

to original writer

13/07/2023

အရောင်းမဖြစ်လိုက်တဲ့ ကုန်ပစ္စည်း ၊ မပေးလိုက်ရတဲ့ ဝန်ဆောင်မှုတွေကသာ ဆုံးရှုံးမှုတစ်ခု မဟုတ်ပါဘူး ၊ ကိုယ် ဘာတွေလုပ်နေလဲဆိုတာ သူများကို အသိမပေး ၊ ချမပြတာကလည်း ဆုံးရှုံးမှုကို ဖြစ်ပေါ်နေစေတာ​ပါပဲ

ဒီစကား ဘာလို့ပြောရလဲဆိုရင် ဒီစာလေးကို ဆုံးအောင် ဖတ်ကြည့်နော်...

အရင်ခေတ်တွေတုန်းကတော့ ကိုယ် ဘာတွေလုပ်နေလဲ ၊ ကိုယ့်ရဲ့ အရည်ချင်းနဲ့ အောင်မြင်မှုကြောင့် ရရှိလာတဲ့ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု (income) စတဲ့ အကြောင်းရာတွေကို ချမပြပဲ low profile နဲ့ နေခြင်းက ရင့်ကျက်ခြင်း ၊ ပြည့်ဝခြင်း ဆိုတဲ့ အဓိပ္ပါယ် ယူဆကြပါတယ် ၊ ဒါပေမဲ့ ဒီနေ့လို social media ခေတ်မှာ ကိုယ် ဘာလုပ်ငန်းတွေလုပ်နေလဲ ၊ အဲ့အရာပေါ်ကနေ ကိုယ့်ရဲ့ အောင်မြင်မှုတွေက ဘာတွေလဲ စတဲ့ အကြောင်းရာတွေကို ထုတ်ဖော်ပြောပြနေဖို့လိုပါပြီ

ဘာကြောင့်လဲဆိုတာ ဥပမာပေးရရင် - ကိုယ်က online စီးပွားရေးလုပ်နေသူတိုင်းရဲ့ အကျိုးစီးပွားတိုးတက်ဖို့ ၊ အောင်မြင်ချဲ့ထွင်နိုင်ဖို့ process တွေမှာ ကူညီဆောင်ရွက် ဝန်ဆောင်မှုပေးနေတဲ့ Digital Marketer တစ်ယောက်ဆိုရင် သင့်အနေနဲ့ သင့်ရဲ့
profile account မှာ သင် ဘာတွေလုပ်နေလဲ ၊ သင်က ဘယ်လိုအရာတွေ ကူညီဆောင်ရွက်ပေးနိုင်တယ် ၊ သင့်ကြောင့် ဘယ်သူတွေ အောင်မြင်တိုးတက်ပြောင်းလဲမှုတွေဖြစ်သွားလဲ ၊ သင်က လူထုအကျိုးပြု ပရဟိတ တွေအတွက် တဖက်တလမ်းက ဘယ်လိုအကျိုးပြုနေလဲ စတဲ့အကြောင်းရာတွေကို (lead magnet) အနေနဲ့ review / feedback တွေကို personal account မှာ မြင်သူတိုင်းအဖို့ ထင်သာမြင်သာအောင် post တွေ အမြဲတင်ထားဖို့လိုပါတယ် ၊ ဒါမှသာ သင့်ကို ယုံကြည်သူ သူငယ်ချင်းများက သင့်အလုပ်နဲ့ ပတ်သက်ပြီး ဃဃဏဏ သိထားသူတွေဖြစ်လို့ လိုအပ်နေတဲ့သူတွေ့ရင် သူတို့ friend lists ထဲက ယုံကြည်စိတ်ချရတဲ့ သင့်ကို အရင်သတိရပြီး ညွှန်ပေးတာမျိုး ၊ လာရောက်မေးမြန်းတာမျိုးတွေ လုပ်မှာပါ ၊ ဒါဟာ network တစ်ခုကို ဖန်တီးမိမှန်းမသိ ဖန်တီးဖြစ်လိုက်တဲ့ အောင်မြင်မှုတစ်ခုပါ

သင့်ရဲ့ အရည်ချင်းနဲ့ အောင်မြင်မှုတွေ များများချပြလေ personal branding က ကြီးမားလေပါပဲ...

ဒါနဲ့ ဒီနေ့ကြုံခဲ့ရတဲ့ အကြောင်းရာတစ်ခုနဲ့ သာဓက လေး ဖြစ်အောင် ပြောပြပါဦးမယ်

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်နေ
တဲ့ အန်တီကြီးတစ်ယောက်နဲ့ ဆုံဖြစ်တော့ ကိုယ်ရောင်းချင်တဲ့ flat ကို ဘယ်စျေးပေါက်နေလဲဆိုပြီး မေးရင်းနဲ့ စကားလက်ဆုံကြမိတယ် ၊ ဒီလိုနဲ့ စကားတွေပြောရင်း အဲ့အန်တီကြီးက အသက် 60 ကျော်
အပျိုကြီးတစ်ယောက်ဖြစ်ပြီး ၊ အသက် 90 ကျော် အဖေကို လုပ်ကျွေးပြုစုနေကြောင်း ၊ အဖေတစ်ခု သမီးတစ်ခု ဘဝနဲ့ ရပ်တည်နေကြောင်း ၊ သူ အိမ်ပြန်နောက်ကျရင် သူ့အဖေ အခက်ခဲ ဖြစ်တဲ့ အကြောင်းရာလေးတွေ နားထောင်နေရင်းနဲ့ ကိုယ်တွေးမိလိုက်တဲ့အရာက ငါသာ အိမ်ခြံမြေ ရောင်းဖြစ်ရင်/ဝယ်ဖြစ်ရင် တခြားအကျိုးဆောင်တွေဆီ မသွားပဲ ဒီအန်တီကြီးနဲ့သာ ရောင်းဝယ်မယ်လို့ တွေးလိုက်တယ်

ဒီနေရာမှာ ကျွန်မ ဘာကြောင့်အဲ့လိုတွေးရလဲဆိုရင် ဒီအန်တီကြီးက အသက် 90 ကျော် အဖေအိုကြီးကို ဒီနေ့ဒီချိန်ထိ ကျွေးမွေးပြုစုနေတာသိရတဲ့အတွက် ကျွန်မ ထားမိလိုက်တဲ့ စိတ်ထားပါ ၊ ဒါကြောင့် ကိုယ် ဘာတွေလုပ်နေလဲ ၊ ဘာတွေအကျိုးပြုနေလဲဆိုတာ သူများကို ထုတ်ဖော်ပြောပြခြင်းဟာ ကောင်းတဲ့အချက်တစ်ခုဆိုတာလေးကို နမူနာ ပြောပြချင်တာပါ...

ကိုယ့်အကြောင်း လူသိမှာကြောက် ၊ ဘာလုပ်လုပ် တိတ်တဆိတ်လုပ်ပြီး တစ်​ယောက်တည်း လှုပ်ရှားနေတဲ့သူတွေက အခွင့်လမ်းတွေကို ပိတ်ပြီး ဆုံးရှုံးမှုတွေ ဖန်တီးနေတယ်ဆိုတာ သတိထားမိနိုင်ဖို့ ဒီစာလေးနဲ့ အသိပေးလိုက်ပါတယ်

သင်ရော သင့်ရဲ့အလုပ်ကိုင် ၊ သင့်ရဲ့ အောင်မြင်မှု ၊ သင့်ရဲ့ လူထုအကျိုးပြုမှု တွေနဲ့ ပတ်သက်ပြီး လူတွေကို အသိပေး ဖော်ထုတ်ပြပြီးပြီလားဆိုတာလေးလည်း comment လေး ရေးပြီး ဆွေးနွေးပေးသွားကြပါဦးနော်...

10/07/2023

Marketing ဆိုတဲ့သဘောတရားက သင်တန်းတွေတက်မှရယ် မဟုတ်ဘူး ၊ လုပ်ငန်းအတွေ့ကြုံများရာ
ကနေလည်း သင်ယူတတ်မြောက်နိုင်တယ်ဆိုတာ တဖြည်းဖြည်း နားလည်လာတယ်...

သင်တန်းတွေဆိုတာကလည်း သက်ဆိုင်ရာအတွေ့ကြုံရှိတဲ့သူတွေဆီကနေ သိရှိလာရတဲ့ ကောင်းခြင်းနဲ့ ဆိုးကျိုးတွေကို ကောက်နုတ်ပြီး ပညာရပ်တစ်ခုအနေနဲ့ ပြန်သင်ပေးတဲ့ ဘာသာရပ်တစ်ခုလို့လည်း မြင်မိပါတယ်

ဒါနဲ့ ဒီနေ့ ပြောပြမယ့် အကြောင်းရာလေးကို ဆက်ပြောပါရစေ...

လမ်းထိပ်မှာ လွန်ခဲ့တဲ့ ၂ရက်က hair & beauty saloon ဆိုင်သစ် တစ်ခု ဖွင့်တယ် ၊ ဆိုင်သစ်ဖွင့်ပွဲအနေနဲ့ July လ ထဲ ဘာလုပ်လုပ် 20% discount ဆိုတာနဲ့ ဒီနေ့ အဲ့ဆိုင်မှာ ခေါင်းသွားလျှော်ဖြစ်တယ် ၊ ကံကောင်းချင်တော့ ခေါင်းလျှော်ရင် မျက်နှာပါ Free ဆေးပေးတယ်ဆိုတော့ အတော်သဘောကျသွားတယ် ၊ အဲ့မှာ ကိုယ်နေတဲ့ရပ်ကွက်ထဲက အလှပြင်ဆိုင်တွေနဲ့ မတူတဲ့အချက်တော်တော်များများကို သွားတွေ့တယ်

အဲ့တာက ခေါင်းလျှော်ရင်း တကယ့် massage တခုမှာ နှိပ်ခံရသလို feeling ပေးတဲ့ စေတနာပါတဲ့ value added service skill ပါ

မျက်နှာဆေးရင်း မျက်နှာလေး နှိပ်နှယ်ပေးတယ်
ခေါင်းလျှော်ရင်း အကြောလျှော့ပေးတယ်
သေချာနှိပ်ပေးတယ် ၊ ပေါင်းဆေးနှပ်ထားတဲ့အချိန်မှာ ဇက်ကြောတွေဆွဲပေးတယ် ၊ လက်တွေပါနှိပ်ပြီး အပူထုတ်ပေးတာ လူက နေရတာ ပေါ့သွားတာပဲ...

ခေါင်းလျှော်ပေးတဲ့ ဝန်ထမ်းနဲ့ တခြားဝန်ထမ်းလေးတွေကလည်း သေချာ train ပေးထားတယ်နဲ့တူပါတယ်၊ စကားလေးတွေ ပြောတတ်လိုက်တာ ၊ ပျင်းချိန်ကို မရလိုက်ဘူး ၊ ကိုယ်က ခွေးလေး ခေါ်သွားတော့ ကိုယ့်ခွေးလေး ဘယ်လိုလှကြောင်း ၊ ချစ်ဖို့ကောင်းကြောင်းကနေ စကားစချီပြီး ကိုယ့်ကို စကားဖောင်ဖွဲ့ပြီး နောက်တကြိမ် ထပ်လာဖြစ်အောင် ရင်းနှီးမှု ရယူတယ်..

အားလုံးပြီးလို့ ငွေရှင်းခါနီးကျ စိတ်ထဲ အားနာစိတ်လေး ဖြစ်လာတယ် ၊ ခေါင်းလျှော်ခ က 5000 နဲ့ ပြန်ရတဲ့ value တွေက များလိုက်တာပေါ့ ၊ ဒီလိုနဲ့ ငွေရှင်းတော့ 5000 ထက် ပိုပေးချင်တဲ့စိတ် အလိုလို
ဖြစ်လာတယ် ၊ ဒါကြောင့် သူတို့ဆိုင်မှာ တင်ရောင်းနေတဲ့ ပေါင်းဆေး အထုတ်ကြီးတစ်ထုတ်ကို ဝယ်ခဲ့လိုက်မိတယ်

ဒါ့အပြင် ဆံပင်ဆေးဆိုးဖို့နဲ့ treatment ပါ ဒီအပတ်ထဲ အဲ့ဆိုင်မှာပဲ သွားထပ်လုပ်မယ်လို့ တွေးခဲ့တယ်

ဒါ့အပြင် အဲ့ဆိုင်ပိုင်ရှင်ဆရာက ကိုယ့်ဆံပင်လေမှူတ်ပေးနေရင်း စကားပြောမိကြတော့ သူတို့ရဲ့ ဝန်ဆောင်မှုကို စိတ်ကျေနပ်မှုရှိရဲ့လား ၊ လိုအပ်ချက်ရှိရင် အကြံပြုဖို့ ကိုယ့်ကို feedback တောင်းတယ်

ဒီတင်မက သူ့ရဲ့ competitors တွေအပေါ် research လုပ်ထားတာလေးလည်း သဘောကျမိတယ် ၊ သူက ဆိုင်မဖွင့်ခင်ကတည်းက ရပ်ကွက်ထဲက အလှပြင်ဆိုင်တွေအားလုံးမှာ ခေါင်းလိုက်လျှော်ပြီး ဘာတွေအားသာချက်ရှိလဲ ၊ ဟာကွက်ရှိလဲ ၊ သူ့ဆိုင်ဖွင့်ရင် ဘယ်လို service တွေ ထပ်ထည့်ရမလဲ စတဲ့ အချက်တွေအတွက်ကို သူကိုယ်တိုင် လိုက်လေ့လာထားတယ်ဆိုတာ သိရတော့ တော်တော်လေး impression ဖြစ်မိတယ်

ဒါကြောင့် ကိုယ့်ရဲ့ industry မှာ ဘယ်လောက်ပဲ လုပ်ငန်းတူ ပြိုင်ဘက်တွေများနေပါစေ
ကိုယ်က သူတို့နဲ့ different ဖြစ်နေတဲ့အရာတစ်ခု ၊ ဝန်ဆောင်မှုမျိုး ၊ သူများနဲ့မတူတဲ့ အားသာချက်တစ်ခုကို ဖန်တီးပြနိုင်မယ်ဆိုရင် အဲ့လုပ်ငန်းက customer engage ရပြီး long-term relationship/ loyal customer/network တစ်ခုကို တည်ဆောက်ထားနိုင်မယ်ဆိုတာပါပဲ..

နောက်တစ်ချက်က ဝယ်ယူသူတွေရဲ့စိတ်ထဲမှာ/ကိုယ့်ရဲ့ ဝန်ဆောင်မှုကို ရယူလိုက်တဲ့သူတွေရဲ့ emotion မှာ ပေးရတာထက်ပိုတန်လိုက်တာဆိုတဲ့ ခံစားချက် မျိုး ဖြစ်စေတယ်ဆိုရင် သင်က branding တစ်ခုကို တည်ဆောက်လိုက်တာပါ

ဘယ်လုပ်ငန်းပဲလုပ်လုပ် ရင်ထဲက လာတဲ့
ကိုယ်ချင်းစာစိတ်လေးနဲ့ တွဲလုပ်မယ်ဆိုရင် သင့်လုပ်ငန်းဟာ အစားထိုးမရတဲ့ product (ဆိုလိုချင်တာက branding) တစ်ခုအဖြစ် လုပ်ငန်းတူသူတွေကြားထဲ ထင်ပေါ်လာမှာပါ...

ဒီနေ့ပြောပြဖြစ်တဲ့အကြောင်းရာလေးကတော့ Marketing သဘောတရားကို ကြုံတွေ့ခဲ့တဲ့အကြောင်းရာတစ်ခုနဲ့တွဲစပ်ပြီး မြင်သာအောင် ကိုယ်တွေ့ story telling လေး တစ်ပုဒ်အနေနဲ့ ဥပမာပေး ပြောပြဖြစ်တာလေးပါ..

ကဲ ဒီ​နေ့ story လေးဖတ်ပြီး သင့်လုပ်ငန်းအတွက် တစ်စုံတစ်ခု တွေးမိသွားတယ် ၊ အကျိုးရှိသွားတယ်ဆိုရင် comment လေး မန့်ပေးခဲ့ပါဦးနော်...

10/07/2023

business တစ်ခု စလုပ်တော့မယ်ဆိုရင်
အရေးကြီးဆုံးအချက်တွေက

1. Network /Audience

2. Product Quality

3. Customer Service

အဲ့ (3) မျိုးကို သေချာတည်ဆောက်ထားနိုင်မယ်ဆိုရင် ရေရှည်ရပ်တည်လို့ရသလို အချိန်ကာလတစ်ခုမှာ သေချာပေါက်အောင်မြင်ပါတယ်...

30/06/2023

Content ကို အပြည့်အဝအသုံးချနိုင်ဖို့ ✅✅✅

ယနေ့ခေတ်မှာ Social Media Marketing တွေခေတ်စားလာတာနဲ့အမျှ Content ဖန်တီးခြင်းက အရေးကြီးဆုံးအလုပ်တစ်ခုဖြစ်လာပါတယ်။ ဒါပေမဲ့ တော်တော်များများက အသစ်အသစ်တွေကိုသာ အာရုံစိုက်နေကြပြီး တကယ်တန်ဖိုးရှိတဲ့ Content တွေကို ပြည့်ပြည့်ဝဝ အသုံးမချကြပါဘူး။ Content တစ်ပုဒ်ကို ပြည့်ပြည့်ဝဝ အသုံးချတယ်ဆိုတာ ရှိပြီးသား Content ကိုပဲ ပုံစံနောက်တစ်မျိုးပြောင်းပြီး အဲဒီ Content ကို Audience အသစ်တွေဆီရောက်အောင် Repurpose လုပ်ခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် Content ‌တွေကို ဘယ်လိုအပြည့်အဝအသုံးချလို့ရမလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။

(၁) Evergreen Content တွေကိုရွေးချယ်ပါ

Evergreen Content ဆိုတာကတော့ အချိန်တွေဘယ်လိုပဲပြောင်းလဲသွားပါစေ တန်ဖိုးရှိနေဆဲဖြစ်တဲ့ Content တွေပါပဲ။ ဥပမာ - “အိပ်ရေးဝဝ အိပ်ပျော်စေတဲ့နည်း၊ ထိရောက်တဲ့ ဝိတ်လျှော့နည်းများ” စတဲ့ Content တွေဟာ အချိန်ကာလကြာသွားလည်း လူတွေအတွက် အသုံးဝင်နေမဲ့ Content အမျိုးအစားတွေဖြစ်ပါတယ်။ Content တွေကို Repurpose လုပ်ဖို့ Evergreen Content တွေကို အရင်ဆုံးရွေးချယ်ပါ။

(၂) Content တွေကို မတူညီတဲ့ Format တွေအဖြစ် ပြောင်းလဲပါ
ပြီးသွားရင်တော့ ရွေးချယ်ထားတဲ့ Content တွေကို တခြား Format တွေအဖြစ် ပြောင်းလဲကြည့်ပါ။ ဥပမာ- စာအနေနဲ့ ရေးထားတဲ့ Content တစ်ခုကို Podcast, Video, Infographic စတဲ့ Content Format အမျိုးမျိုးပြန်လည်ပြောင်းလဲပြီး အသုံးပြုလို့ရပါတယ်။ ဒီလိုပြောင်းလဲလိုက်ခြင်းအားဖြင့် Social Media Platform အသစ်တွေကနေ Audience အသစ်တွေကို ဆွဲဆောင်ဖို့ အခွင့်အရေးရစေပါတယ်။

(၃) Long-form content တွေကို Content အတိုလေးတွေအဖြစ် ပြောင်းလဲပါ
Content တွေကို Repurpose လုပ်ဖို့ အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုကတော့ Long-form Content တွေကို Content အတိုလေးတွေအဖြစ်ပြောင်းလဲပြီး ပြန်လည်အသုံးပြုတာပါပဲ။ ဥပမာ- YouTube မှာ Video အပြည့်အစုံနဲ့ တင်ပြီးသွားတဲ့အခါ အဲဒီ Video ထဲက လူစိတ်ဝင်စားမယ်ထင်တဲ့အပိုင်းလေးတေွကို Short Video အနေနဲ့ ပြန်တင်တာမျိုးပါ။ စာအနေနဲ့ ရေးဖူးထားတဲ့ Content တွေကိုလည်း ပုံလေးတွေအဖြစ်ပြောင်းပြီး Quote Graphic ပုံစံနဲ့ ပြန်လည်အသုံးပြုလို့ရပါတယ်။

(၄) စာနဲ့ရေးထားတဲ့ Content ‌တွေကို Visual Content အဖြစ်ပြောင်းလဲကြည့်ပါ
လူတိုင်း စာမဖတ်ချင်ကြပါဘူး။ အထူးသဖြင့် စာအရှည်ကြီးတွေကို လူအများစုက ကျော်ဖတ်သွားကြတာများပါတယ်။ Visual Content တွေကတော့ အချိန်တိုအတွင်းမှာ လူတွေရဲ့ အာရုံစိုက်မှုကို ဖမ်းထားနိုင်ပါတယ်။ ဒါကြောင့် စာနဲ့ရေးထားတဲ့ Content တွေကို စိတ်ဝင်စားစရာ Visual Content တွေအဖြစ် ပြောင်းလဲကြည့်ပါ။

ဒီနည်းလမ်းတွေနဲ့ Content တွေကို မတူညီတဲ့ Platform အမျိုးမျိုးမှာ အသုံးပြုပြီး Audience တွေအများကြီးဆီရောက်အောင် လုပ်လို့ရပါတယ်။ Content တွေကို အပြည့်အဝ အသုံးချနိုင်ကြပါစေဗျာ ❇️❇️🌿

30/06/2023

Service ရောင်းမှာလား? ပစ္စည်းရောင်းမှာလား?
လုပ်ငန်းတစ်ခုကို လုပ်တော့မယ်ဆိုရင် ကိုယ့်လုပ်မဲ့လုပ်ငန်းဟာ Service ရောင်းမှာလား၊ ပစ္စည်းရောင်းမှာလားဆိုတာ သိထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီနှစ်ခုမှာ မတူညီတဲ့အကျိုးကျေးဇူးတွေ၊ မတူညီတဲ့သတိထားသင့်တဲ့အချက်တွေ ရှိတဲ့အတွက်ကြောင့်ပါပဲ။ ဒီတစ်ခါမှာတော့ Service ရောင်းတာနဲ့ ပစ္စည်းရောင်းတာတို့ရဲ့ မတူညီတဲ့အချက်ကလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Service ရောင်းတဲ့အခါ....

(၁) ဝန်ဆောင်မှု/ ဖန်တီးမှုကို ဂရုစိုက်ရတယ်

Service အခြေခံတဲ့လုပ်ငန်းတွေလုပ်တဲ့အခါ အဓိကအားဖြင့် ကိုယ့်အလုပ်ရဲ့ ဝန်ဆောင်မှု/ ဖန်တီးမှုကို အထူးဂရုစိုက်ရပါတယ်။ ကိုယ်ဖန်တီးလိုက်တဲ့ လက်ရာ၊ ကိုယ်ဝန်ဆောင်မှုပေးလိုက်တဲ့ အရာတိုင်းက ကိုယ့်လုပ်ငန်းရဲ့ အရည်အသွေးနဲ့ အဆင့်အတန်းကို ဖော်ပြနေတယ်ဆိုတာ မမေ့သင့်ပါဘူး။

(၂) လိုက်လျောညီထွေပြောင်းလဲရတယ်

Service တွေကို ခေတ်အခြေအနေ၊ Client တွေရဲ့ တောင်းဆိုမှုနဲ့ ကိုက်ညီအောင် လိုက်လျောညီထွေ ပြောင်းလဲပေးရပါတယ်။ အမြဲတမ်း တသမတ်တည်း ကိုယ်သွားချင်သလို သွားလို့မရပါဘူး။

(၃) ယုံကြည်မှုတည်ဆောက်ရတယ်

Service လုပ်ငန်းတွေလုပ်တဲ့အခါ Client တွေရဲ့ ယုံကြည်မှုရ‌အောင်လုပ်ရပါတယ်။ Client တွေနဲ့ ခိုင်မာတဲ့ Relationship ရှိမှသာ ရေရှည်ခိုင်မြဲတဲ့ လုပ်ငန်းတစ်ခုကို တည်ဆောက်လို့ရမှာဖြစ်ပါတယ်။

Product ရောင်းတဲ့အခါ....

(၁) Product အရည်အသွေးကို ဂရုစိုက်ရတယ်

Product ခြေခံတဲ့ လုပ်ငန်းတွေမှာတော့ ကိုယ့်ရဲ့ Product အရည်အသွေးကို အထူးဂရုစိုက်ရပါတယ်။ Product အရည်အသွေးကို ကောင်းသထက် ကောင်းလာအောင် အမြဲတမ်းစစ်ဆေးပြီးဆန်းသစ်နေသင့်ပါတယ်။

(၂) ဈေးကွက်နဲ့အညီပြောင်းလဲရတယ်

Product ရောင်းတဲ့အခါ ဈေးကွက်ကိုမပြတ်လေ့လာနေပြီး အလုပ်လုပ်ရပါတယ်။ ဈေးကွက်နဲ့အညီ ကိုယ့်ရဲ့ Product ကို များများထုတ်မလား၊ နည်းနည်းထုတ်မလားစတဲ့အချက်တွေကို စဉ်းစားရပါတယ်။

(၃) ခိုင်မာတဲ့ Brand တည်ဆောက်ရတယ်

ကိုယ့် Product ရဲ့ Brand ကို ဒီဇိုင်း၊ ထုပ်ပိုးမှုပုံစံတွေကတစ်ဆင့် တည်ဆောက်ရပါတယ်။ ခိုင်မာတဲ့ Brand တစ်ခုကို တည်ဆောက်နိုင်လေလေ Customer တွေကို ပိုမိုဆွဲဆောင်နိုင်လေလေဖြစ်ပါတယ်။

ဒါကတော့ Service ရောင်းတာနဲ့ ပစ္စည်းရောင်းတာတို့ရဲ့ မတူညီတဲ့သတိပြုစရာလေးတွေကို ဖော်ပြပေးလိုက်တာပဲဖြစ်ပါတယ်။ Service ရောင်းတာပဲဖြစ်စေ၊ ပစ္စည်းရောင်းတာပဲဖြစ်စေ ကိုယ့်ရဲ့လုပ်ငန်းအောင်မြင်ဖို့အတွက်ဆိုရင် ကိုယ်လုပ်တဲ့လုပ်ငန်းအကြောင်းကို သေချာလေ့လာထားတာ အကောင်းဆုံးပါပဲ။

29/06/2023

အစ္စလာမ်ဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ အီးဒ်နေ့မှာ ပျော်ရွှင်ပြီး ဆုတောင်းတွေ ပြည့်စေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

28/06/2023

Creativity မထွက်တော့တဲ့အခါ....💫💫💫

Creativity မထွက်တဲ့ ပြဿနာဟာ Idea တွေအများဆုံးထုတ်ရတဲ့အလုပ်တွေကို လုပ်ရတဲ့သူတွေမှာ အများဆုံးတွေ့ရတဲ့ ပြဿနာတစ်ခုပါ။ ဒီလို Creativity မထွက်တော့တဲ့ ပြဿနာအတွက် ဖြေရှင်းနိုင်မဲ့နည်းလမ်းတွေမသိရင် တော်တော်လေးစိတ်ပင်ပန်းရမှာပါပဲ။ ဒါကြောင့် Creativity မထွက်‌တော့တဲ့ပြဿနာအတွက် ဖြေရှင်းလို့ရမဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) နောက်ဆုံးရလာမယ့် Result ကို မေ့ထားလိုက်ပါ

တစ်ခါတလေမှာ ထူးခြားဆန်းသစ်တဲ့ Result တစ်ခုခုရအောင်လုပ်ချင်တဲ့စိတ်ကြောင့်ပဲ စိတ်ဖိစီးမှုများလာပြီး Creativity မထွက်တော့တာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖြစ်မလာသေးတဲ့ Result ကို‌တွေးပြီး စိတ်ဖိစီးနေတာမျိုးထက် အလုပ်လုပ်ခြင်းကရတဲ့ ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားမှုကို ခံစားပါ။

(၂) အလုပ်တွေကို အဆင့်သေးသေးလေးတွေ ခွဲထုတ်လိုက်ပါ

လုပ်စရာတွေအားလုံးကို တစ်ခါတည်းစုပြုံပြီးစဉ်းစားလိုက်တဲ့အခါမှာ စိတ်ဖိစီးပြီး Creativity မထွက်ဖြစ်တတ်ပါတယ်။ ဒါကြောင့် လုပ်စရာရှိတာတွေကို ခဏလေးနဲ့ လွယ်လွယ်ကူကူပြီးမြောက်နိုင်တဲ့ အလုပ်သေးသေးလေးတွေအဖြစ် ခွဲထုတ်လိုက်ပါ။ ပြီးရင် တစ်ချိန်မှာအလုပ်သေးသေးလေးတစ်ခုကိုပဲ သေချာအာရုံစိုက်ပြီးတော့လုပ်ပါ။

(၃) တခြားသူတွေရဲ့ ဖန်တီးမှုတွေကနေ Inspiration ရှာဖွေပါ

Creativity တွေ ခမ်းခြောက်လာတဲ့အခါ တခြားသူတွေဖန်တီးထားတဲ့ အရာတွေကနေလည်း Inspiration ရယူပါ။ ကိုယ်လုပ်ရမဲ့အလုပ်နဲ့ဆိုင်တဲ့ တခြားသူတွေလုပ်ထားတာတွေကို အင်တာနက်ကနေ ရှာဖွေကြည့်ပါ။ ပြီးရင် သူတို့ရဲ့စိတ်ကူးအကြံဉာဏ်ကို ကိုယ့်ရဲ့ပုံစံနဲ့ ဘယ်လိုပြောင်းလဲဆန်းသစ်လို့ရမလဲဆိုတာ စဉ်းစားပါ။

(၄) အပြင်ထွက်ပြီး လမ်းလျှောက်လိုက်ပါ

ခေါင်းတွေအရမ်းပူပြီး ဘာမှစဉ်းစားလို့မရတော့ဘူးဆိုရင်တော့ လုပ်နေတာကို ခဏရပ်ပြီး အပြင်ထွက်လမ်းလျှောက်လိုက်ပါ။ လမ်းလျှောက်နေရင်း အလုပ်အကြောင်းကို မတွေးပါနဲ့။ သဘာဝကို ခံစားပါ။ အသက်ကို ဝဝရှူလိုက်ပါ။ ဒီလိုလုပ်ရင်း စိတ်က အပန်းပြေလာတဲ့အခါ အလိုလိုနေရင်း Idea အသစ်တွေထွက်လာတာကို ကိုယ်တိုင်မြင်ရပါလိမ့်မယ်။

(၅) ချရေးပါ

ရလာတဲ့ စိတ်ကူးအကြံဉာဏ်တွေကို ချရေးထားပါ။ ဘာအကြောင်းအရာပဲဖြစ်စေ ကိုယ့်ရဲ့အလုပ်နဲ့ ဆက်စပ်လို့ရမဲ့အကြောင်းအရာမှန်သမျှကို Note ချရေးလိုက်ပါ။ ဒီလိုချရေးထားတဲ့အခါ စိတ်ကူးအကြံဉာဏ်တွေ ပိုပြီးထွက်ပေါ်လာစေပါတယ်။

ဒါကတော့ Creativity ပျောက်ဆုံးနေတဲ့အခါ စိတ်ကူးအကြံဉာဏ်သစ်တွေ ထွက်လာအောင်လုပ်လို့ရမဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကို အသုံးချပြီး အသစ်အသစ်သော စိတ်ကူးအကြံဉာဏ်သစ်တွေ ဖန်တီးနိုင်ကြပါစေဗျာ..💁‍♂️💁‍♂️

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Online Registration Form ကိုယ်တိုင် တင်ကြမယ်...📣📣📣Online Register တင်နည်းကို အစဆုံး အသေးစိတ် ရှင်းပြထားပေးတာမို့ ဒီ vide...
လူငယ်တွေအတွက် moti
Giveaway အစီစဥ်လေးအတွက် winner (3) ဦး ရွေးချယ်ပြီးပါပြီ 🎉🎉🎉winner (3) ဦးကို comment ထဲ ဖော်ပြပေးထားပါတယ် ၊ winner ရွေး...

Telephone

Address


No. 922, PyinMaMyaing Street, 34 Ward, North Dagon
Yangon
11421

Other Social Media Agencies in Yangon (show all)
Ideal Technology - Ideal Future Ideal Technology - Ideal Future
B05, B1, Times Link Condominium, Link Lane, Dhammazedi Road, Bahan
Yangon, 11201

Leading web design and development company based in Yangon, Myanmar. Own and run by young talented Myanmar professionals from Myanmar.

Pyramid Creative Pyramid Creative
269
Yangon

creativity and efficiency

Carzys Chennel Carzys Chennel
Yangon

ကြွရောက်လာကျတဲ့လူကြီးမင်းများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်....

Myanmar Gamers Myanmar Gamers
Yangon

မဂ်လာပါရှင့် ငွေသွင်းငွေထုတ် 100%စိတ်?

JOJO JOJO
နှင်းဆီလမ်း
Yangon, မင်္ဂလာပါ

online game

VYRAL VYRAL
Mya Sabai Road, Parami
Yangon, 11061

The VYRAL (an acronym for Vision, Young, Resourceful, Able and Lustrous ) is a truly visionary group

Strategy Linked Strategy Linked
Yangon

Boost your business with us!!!

ActiveNow ActiveNow
Insein Road
Yangon, 11011

2D3D Aung Zaw Tun 2D3D Aung Zaw Tun
Yangon

တစ်ပက်စာ 2DVip ကဒ် ဝယ်ချင်သူများ ဆရာဖုန်း 09-665283008ကို ဆက်သွယ်ပေးပါ။

Digit Hub - Social Media Solution Digit Hub - Social Media Solution
Kyeemyindaing
Yangon, 11101

Unlock your Digital success with us.

Zew & H online shopping Zew & H online shopping
Yangon

အိန္ဒိယ အားဆေး ဝဆေး လက်လီ လက်ကားရောင်းဝယ်ရေး