YLEC

Physical and mental are fully secure in preschool.

Photos from YLEC's post 09/01/2024

သင်ယူမှုအကောင်းဆုံးပတ်ဝန်းကျင်ဖြစ်ဖို့ပြင်ဆင်ထားရပါမယ်။
Early years လေးတွေက စိတ်ပျော်ရွှင်မှုကိုလှုံဆော်ပေးစေတဲ့အခါမှ fun learning ဖြစ်နေရင် အရာရာကိုလွယ်ကူစွာ သင်ယူချင်စိတ်တွေရဖို့ပိုမို အထောက်အကူပြုစေမှာပါ....
ဒါကြောင့် မိဘဆရာက ကလေးစိတ်ထဲဉာဏ်ထဲရှိတာကို draw out လုပ်နိုင်ရမယ် ဒါဆိုကလေးနဲ့ကိုယ်က အတွဲမိမိ ကိုယ်ပေးချင်တာကိုသူလဲလိုချင်စွာရသွားမှာပါပဲ....

Physical development ဖြစ်အောင် ဘောလုံးလေးတွေ ကိုခုန်ဆွညှပ်လာစေပီး alphabet လေးတွေကိုလာရွေးစေတဲ့ game လေးနဲ့ team work sticker ဖြတ်ညှပ်ကပ် activity လေး
alphabet မို့ language skill လေးရသွားစေဖို့....

ဒါဆို emotional ရော congnitive ရော ချိတ်ဆက် develop ဖြစ်မယ် အလှည့်ကျစောင့်ရအားပေးရတာကြောင့် social လဲ develope ဖြစ်စေတာပါ ဒါကြောင့် ကလေးတွေအတွက် ဖွံဖြိုးမှုနယ်ပယ် (၅)ရပ်တွေက တစ်ခုနဲ့တစ်ခုချိတ်ဆက်နေနေကြတာပါပဲ....
holistic development လို့ ခေါ် တဲ့ (ဘတ်စုံဖွံဖြိုးမှုကို ရသွားစေနိုင်ပါတယ်)

ဒါဆို ဘာကြောင့် မှုကြိုပို့သင့်တာလဲ အိမ်မှာသင်ရင်ကော မရဘူးလား ငယ်သေးတယ်လေ လို့ မေးလာရင်
🙅‍♂️🙅 စာအရေးတွေသင် စာတွေအော်ဆိုရတဲ့ မှုကြိုမဟုတ်ပဲ
တကယ့်ကို ဖွံဖြိုးမှုတွေကို လေ့ကျင့်ပေးနေတဲ့ ကျောင်းတွေဆိုဘယ်ကျောင်းမဆိုပို့ပါ ရွေးချယ်ပို့ပါ..❤

Photos from YLEC's post 09/01/2024

Monday's activities to development congnitive skill and social skill.
Myanmarzar...

Photos from YLEC's post 07/01/2024

🏘 မူကြိုဆိုတာ ရင်​သွေး​လေး​တွေအတွက်​တော့ ဒုတိယအိမ်ပါ။​လောကကြီးထဲကို ဝင်ဖို့မိဘရင်ခွင်ဆီကထွက်လာတဲ့ ပထမ​ခြေလှမ်းဆိုလည်းမမှားပါဘူးရှင်။ဒါ​ကြောင့်​ဖေ​ဖေ​မေ​မေတို့အ​နေနဲ့ မိမိရင်​သွေးရဲ့ ဒုတိယအိမ်ကို​သေချာ​​ရွေးချယ်ဖို့ အထူးလိုအပ်ပါတယ်။ ရင်​သွေးတို့အတွက် ဒုတိယအိမ်ရှာ​ဖွေ​နေတဲ့ မိဘ​တွေအတွက် လက်ရှိထား​နေတဲ့မိဘ​တွေရဲ့ review ​ပေါင်းများစွာရရှိထားတဲ့အပြင် .. အချက်အချာကျတဲ့​နေရာ ၊ ကျယ်ဝန်းတဲ့ စာသင်ခန်း နဲ့အတူ ​က​လေး ၁၅ ဦးအတွက်သာ သီးသန့် အနီးကပ် ​စောင့်​ရှောက်သင်ကြား​ပေး​နေတဲ့ 📢📢YLEC (Young Learner Education Centre) ​လေးရှိ​နေတာ မသိလိုက်မှာစိုးလို့ ​ပြောပြပါရ​စေရှင်။📢📢

🏘ကျွန်မတို့​ကျောင်းမှာ​တော့ သင်ကြား​ရေးအ​တွေ့အကြုံရှိပြီး ​နွေး​​ထွေးကြင်နာတက် တဲ့တီချယ်​တွေက အသက် ၂ နှစ်မှ ၆ နှစ်အထိ က​လေးငယ်များကို အသက်အရွယ်အလိုက် အတန်း​လေးများခွဲကာ လက်ခံသင်ကြား​ပေးလျက်ရှိပါတယ်။ECCD framework ကိုအခြေခံပီး ပြောင်းလဲတိုးတက်လာသောခေတ်နဲ့အညီ ကလေးများဘတ်စုံဖွံ့ဖြိုးရေးအတွက်အရေးပါတဲ့ 2st century skills များနဲ့ founder တီချယ်ကိုယ်တိုင် ရေးဆွဲ ပြင်ဆင်ထားတဲ့ Lesson Plan နဲ့အတူ ကလေးများအတွက် လိုအပ်ချက်များဖြစ်သော

Literacy

English including Jolly Phonic

English Math

Myanmar Letter and

Myanmar Maths

Science

Arts and Craft

Yoga

Critical Thinking Skill

Music and movement

(poem and songs)

Home Economic

Social

Moral

Theme learning

Story telling

စသဖြင့် ဘာသာရပ်များကို Founder ကိုယ်တိုင်သင်ကြား​ပေးပါတယ်။ Fine Motor Skill,Gross Motor Skill များဖွံ့ဖြိုး​​စေရန် ရည်ရွယ်ကာ Activity များ​​ဝေ​ဝေ ဆာဆာ ထည့်သွင်း​ပေးထားပါတယ်ရှင်။ ဥပမာ _ က​လေးတို့ လက်​ချောင်းကြွက်သား​​လေးများသန်မာ​စေရန် ဂျုံဖြင့်ကစား​စေခြင်း၊ ကတ်​ကြေးညှပ်ကစား​​စေခြင်း၊ ​သဲဖြင့်ကစား​စေခြင်း ၊ရောင်စုံခြယ်​စေခြင်း တို့အပြင် သဘာဝတရားကိုချစ်မြတ်နိုး​စေရန် သစ်ပင်စိုက်ခြင်း စသဖြင့်ပါဝင်ပါတယ်။ ကြွက်သားကြီး​လေးများသန်မာ​စေရန် ကစားကွင်းကိုလည်း ဖန်တီးထား​ပေးပါ​သေးတယ်ရှင်။

🏘 အသက် ၄ နှစ်အထက်က​လေးများကို​တော့ အထက်ပါ Activity များအပြင် စာ​ရေးသည့်အခါအဆင်သင့်ဖြစ်​စေရန် Tracing လိုက်ခြင်း(အစက်ချမျဥ်းများအတိုင်း ထပ်ကူး​ရေးဆွဲခြင်း) ကိုပါထည့်သွင်း သင်ကြား​ပေးပါတယ်။ ECCD နည်းလမ်းအတိုင်း က​လေးတို့ကို ကစားခြင်းမှ သင်ယူ​​စေသလို ဖွံ့ဖြိုးမှု နယ်ပယ် ၅ ရပ်ဖြစ်တဲ့

(၁) ခန္ဓာကိုယ် ဖွံ့ဖြိုးမှု(Physical Development)

(၂) ဥာဏ်ရည်ဖွံ့ဖြိုးမှု(intellectual Development)

(၃) ကိုယ်ကျင့်တရားကောင်းမွန်ဖွံ့ဖြိုးမှု( Moral Development)

(၄)လူမှုဆက်ဆံရေးကောင်းမွန်ဖွံ့ဖြိုးမှု(Social Development)

(၅)စိတ်လှုပ်ရှား ဖွံ့ဖြိုးမှု(Emotional Development)

တို့နဲ့ အညီ ဖွံ့ဖြိုးလာဖို့ ရည်ရွယ် ကာသင်ကြား​ပေးပါတယ်။ မြန်မာ့ရိုးရာယဥ်​ကျေးမှုများကို သိရှိနားလည်လာ​စေရန် ​​​နှင့် နိုင်ငံတကာပွဲ​တော်များကို သိရှိ​စေရန် ကျောင်းတွင်းပွဲ​လေးများဖန်တီး​ပေးခြင်း၊ တစ်နှစ်တစ်ခါ ​ကျောင်းဆင်းပွဲနဲ့အတူ ​ပျော်ပွဲရွှင်ပွဲ​လေးများ ဖန်တီး​ပေးခြင်းဖြင့် က​လေးတို့​တော်​သော က​လေးတို့​ပျော်​သော​ကျောင်း​လေးဖြစ်​အောင်ကြိုးစားထားပါတယ်ရှင့်။

📣📣​ကျောင်း​လေးက​တော့📣📣

🏘အမှတ် ၂၅၊ သီရိလမ်း၊ စမ်း​ချောင်းမြို့နယ် မှာဖွင့်လှစ်ထားတာဖြစ်ပြီး

အ​သေးစိတ်သိရှိလိုပါက

☎️၀၉- ၇၅၇၂၆၁၀၉၁ (viber)
☎၀၉-၄၄၇၇၅၂၄၀၀ ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🔒🔒ကလေး ၁၅ ဦးသာ သတ်မှတ်ထားတာမို့ အမြန်​လေးလှမ်းလာဖို့​ဖိတ်​ခေါ်ပါရ​စေရှင့်။🔒🔒

Photos from YLEC's post 02/01/2024

အမှိုက် ကို အမှိုက်ပုံးထဲပစ်ဖို့
ကစားစရာလေးတွေကစားပီးရင် သိမ်းဖို့

ကလေးတွေကို နည်းစနစ်ကျကျစည်းကမ်းရှိစေဖို့ အမှီအခိုကင်းကင်းကိုယ်တိုင်လုပ်ဆောင်တက် ကိုယ့်အားကိုယ်ကိုးတက် စေဖို့ဆိုရင်.....

🔷 role model ဖြစ်တဲ့ကိုယ်က ရှေ့ဆောင်လမ်းပြ အရင်လုပ်ပြပေးရပါမယ် လိုက်နာရပါမယ်။

🔶ကလေးလုပ်နိုင် စွမ်းနှုန်းထားစိတ်ရှည်စွာ စောင့်ပါ အချိန်ပေးသင်ပြပေးပါ။

🔷အရွယ်နဲ့လိုက်တဲ့အလုပ်လေးတွေကိုသာစိတ်ဝင်တစားလုပ်ဖို့ အခွင့်အရေးပေးပါ အကျင့်ကောင်းလေးတွေစွဲနေဖို့ လွယ်လွယ်တော့မရဘူးပေါ့ ထပ်ခါထပ်ခါကျင့်ပေးဖို့တော့လိုတာပေါ့။

🔶ပီးရင် encourage လုပ်ပေးပါ လက်ခုပ်လေးတီးပေးတာ စကားလေးနဲ့ပဲဖြစ်ဖြစ် sticker လေးပေးတာဖြစ်ဖြစ် တံဆိပ်တုံးလေးနှိပ်ပေးတာဖြစ်ဖြစ် ချီးကျူးပြောဆိုခွန်အားပေးပါ။

**** ကြာလိုက်တာ ဒါလေးလုပ်တာ ဒါလေးသိမ်းတာကို ဒါလေးတောင်မလုပ်တက်ဘူးလားနဲ့ ထားလိုက်တော့ ထားလိုက်တော့ ကိုယ့်ဘာကိုယ်ပဲသိမ်းလိုက်တော့မယ် သိမ်းလိုက်ပီလို့ ****
ပြောခဲ့လုပ်ခဲ့ရင်တော့ ကလေးကြီးလာမှ နင်တို့ဟာဘာမှကိုအားမကိုးရဘူး အကုန်ငါပဲလုပ်နေရတယ်ဆိုတဲ့ စကားတွေကိုမပြောဖို့ လိုအပ်ပါလိမ့်မယ်။ ဒါတွေဟာကျွန်မတို့ပတ်ဝန်းကျင်မှာဖြစ်နေကြားနေရတဲ့ ဘာမှမလုပ်တက် မလုပ်ချင်တဲ့ adolescent များနဲ့ parenting မှာ ပြသနာအမှားရှိခဲ့တာကိုမသိခဲ့တာ သိရက်နဲ့လက်မခံခဲ့တာ ငါတို့ပဲအမြဲမှန်တယ်ဆိုတဲ့ တစ်ယူသန် မိဘတစ်ချို့ရဲ့ကြားထဲကပြသနာများ..အဲ့လိုနဲ့ အိမ်မှာရော လုပ်ငန်းခွင်မှာ ကျောင်းမှာ စတဲ့ပတ်ဝန်းကျင်အသီးသီးမှာ ပြသနာတွေကြုံလာရပါလိမ့်မယ်....
ဒါတွေဖြစ်မလာစေဖို့ရာ Early years မှာစကတည်းက အစဥ်တစိုက် ဖြေးဖြေးချင်းလေ့ကျင့်ပုံဖော်ပေးသွားကြဖို့လိုအပ်ပါတယ်....

Tr.YL❣

Photos from YLEC's post 02/01/2024

ကလေးတစ်ဦးကို ပြုစုပျိုးထောင်ရခြင်းဟာလေ ပြုစုပျိုးထောင်ပေးရသူ(မိဘဆရာ)ရော ကလေးရောဟာ စိတ်လှုပ်ရှားမှုတွေနဲ့ ပျော်ရွှင်စရာကောင်းသော လုပ်ငန်းစဉ်သာ ဖြစ်ရပါမယ်။မဟုတ်ခဲ့ရင်တော့ နည်းလမ်းမှားနေလို့ပါပဲ.. ကလေးတိုင်းမှာ အခြေခံကျပီး အဓိကလိုအပ်တဲ့အချက် (၃)ချက်ကတော့👇👇

Three pillars of our child development which are

👉Unconditional love,
(အတိုင်းအဆမရှိတဲ့ ချစ်ခြင်းမေတ္တာတွေ)
ကျွန်မတို့အားလုံးရဲ့ကလေးသူငယ်တိုင်းဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေကိုခံစားရပီး အချစ်ခံရဖို့အမြဲထိုက်တန်သူလေးတွေပါ..

👉 Sense of Worth
သူတို့ကိုအမြဲအားပေးရမယ် သူတို့ကိုယ်သူတို့ချစ်တက်ဖို့ အကောင်းမြင်တက်ဖို့ အတွေ့အကြုံတွေထဲကနေ သင်ယူရင်း ကမ္ဘာကြီးကိုရင်ဆိုင်နိုင်ဖို့ခွန်အားတွေရဖို့ ပြုစုပျိုးထောင်ပေးရမယ်။

👉 Growth mindset
ကလေးတွေရဲ့ပင်ကိုယ် စွမ်းရည်ကို ဖွ့ံဖြိုးဖို့ မြှင့်တင်ပေးဖို့ကြိုးစားရမယ် မိဘဆရာဟာ သူတို့စိတ်ထဲမှာ ဉာဏ်ထဲမှာရှိတာတွေကို ဆွဲထုတ်တက်ရမယ်။လွယ်လွယ်ပြောရင်တော့ကလေးအကြိုက်ကိုသိရမယ် ကလေးစိတ်ကိုသိနားလည်ရပါမယ်။ အဆင်ပြေမှု အဆင်မပြေမှုတွေရယ် လေ့လာမှုတွေနဲ့ စိန်ခေါ်မှုတွေမှာ ဘယ်လိုရလဒ်ပဲရရ ကျွန်မတို့က သူတို့လုပ်ဆောင်နိုင်မှုတွေကို အရေးပေးရမယ် လုပ်ခွင့်ပေးရမယ်။

တီချယ် YL❣

Photos from YLEC's post 28/12/2023

On wednesday 🌼🌈❣

25/12/2023
25/12/2023

Merry Christmas to you all🎅

Photos from YLEC's post 21/12/2023

*ကစားခြင်းမရှိရင် ဖွံဖြိုးခြင်းမရှိနိုင်*

မှုကြိုအရွယ်မှာ ဖွံဖြိုးမှုနယ်ပယ် ၅ ရပ်ကို အဓိကထား လေ့ကျင့်သင်ကြားပေးကြပါတယ်။
ECCD ရဲ့ အခြေခံနည်းဟာ ကလေးတွေကို စာသင်တာမဟုတ်ပဲ ကစားရင်းနဲ့ သင်ပေးရတာပါ more effective ဖြစ်မယ် ။ဒီလိုကစားရင်းနဲ့မှ သင်ပေးသွားမယ် ကျောင်း activity တွေလုပ်ရင်းနဲ့မှ သင်ယူစေမယ်ဆိုရင် ဒါဟာ ကလေးတွေအတွက် သိပ်ကောင်းတဲ့ attachment ဖြစ်ပီး ECCD ရဲ့ concept မိမိ သင်ယူနေရ ခြင်းပဲ ဖြစ်ပါတယ်။

Tr🐰

Photos from YLEC's post 19/12/2023

ချစ်ရတဲ့ အခြူးလေးရေ

Happy 6th birthday and many blessings to you.
May all your wishes come true my little.

🌈🌼🎂❣

Photos from YLEC's post 19/12/2023

သိပ်ချစ်စရာကောင်းသော ကိုယ့်ကျောင်းသားမိဘများ စကားပြောနေရတာကိုက ပျော်စရာကောင်း ခွန်အားတွေလဲရပါတယ် 💜 😍😍

18/12/2023

ကလေးတွေကိုသင်ပေးဖို့ရာ ကလေးအကြောင်းနားလည်ဖို့အရင်လေ့လာပါ ကလေးစိတ်ကို နားလည်မှသာ လွယ်ကူစွာ ချဥ်းကပ်နိုင်မယ် သင်ပေးနိုင်မယ် ပုံဖော်ပေးနိုင်မယ်...

Tr yL...

ADHD(Attention Deficit Hyperactivity Disorder)
အာရုံစူးစိုက်မှုအခက်အခဲရှိပြီး မျောက်ရှုံးလောက် အောင် လှုပ်ရှားမှု လွန်ကဲသောစိတ်ဝေဒနာ
===================
အာရုံစူးစိုက်ရာမှာ အခက်အခဲဖြစ်/မျောက်ရှုံးလောက်အောင် အငြိမ်မနေတဲ့ အပြုအမူတွေပါရှိတဲ့
စိတ်ပိုင်းဆိုင်းရာ ပြဿနာတစ်ခုဟာ ကလေးငယ်
တွေမှာ အတွေ့ရများတဲ့ပြဿနာတွေထဲကတစ်ခု
ဖြစ်ပါတယ်။ ဒီပြဿနာကို ADHDလို့အတိုခေါက် ခေါ်ပါတယ်။ ADHDရောဂါလက္ခဏာတွေဟာ
၁။ စာသင်ရာ၊ အလုပ်လုပ်ရာမှာ အချိန်ကြာကြာ
အာရုံစူးစိုက်ရန်ခက်ခဲခြင်း။
၂။ မျောက်ရှုံးလောက်သော အငြိမ်မနေသည့်
လှုပ်ရှားမှု့အပြုအမူများ လုပ်နေတတ်ခြင်းနဲ့
စိတ်မထိန်းပဲ ဂမူးရှူးထိုးလုပ်တတ်ခြင်းတို့ပါ
ဝင်ပါတယ်။

ADHDဟာ နာတာရှည်၊ အားအင်ကုန်ခမ်းစရာရော
ဂါတစ်ခုဖြစ်ပြီး ဒီရောဂါရတဲ့ကလေးရဲ့အနာဂတ်
အတွက် ပညာရေး၊ အသက်မွေးမှု၊ လူမှုဆက်ဆံရေး
နဲ့ နေ့စဉ် အလုပ်အကိုင်များလုပ်ဆောင်ရာမှာ အခက်
အခဲတွေကြုံစေနိုင်ပါတယ်။ သူတို့အပေါ်ဘေးကလူ
တွေရဲ့ပုံမှန်မဟုတ်တဲ့ တုံ့ပြန်ပြုမူခံရမှုတွေကြောင့်
လည်း သိမ်ငယ်စိတ်ခံစားရခြင်း၊ လူမှုဆက်ဆံရေး
အခက်အခဲကြုံခြင်းတို့ ဖြစ်ရပါတယ်။ အဲဒီကလေး
တွေလူကြီးဖြစ်လာရင် အဆိုအငေါက်ခံရခြင်း
အကျိုးဆက် အရ မိမိကိုယ်ကိုတန်ဖိုးမထားတဲ့၊ မိမိ
ကိုယ်ကို အပြစ်တင်တဲ့သူတွေ ဖြစ်လာရပါတယ်။

လေ့လာမှုတွေအရ ကလေးလူဦးရေရဲ့ ၈.၄%၊ လူ
ကြီးလူဦးရေရဲ့ ၂.၅%ခန့် မှာ ADHDလက္ခာတွေ
တွေ့ရတယ်လို့ ဆိုတယ်။ စာသင်ခန်းမှာအခြားသူ
တွေအတွက် အနှောင့်အယှက်ဖြစ်ခြင်း၊ ကျောင်းစာ
လိုက်ရာမှာ ပြဿနာဖြစ်ခြင်းကြောင့် ကလေးကို ADHDဖြစ်နေမှန်း စတင်သိလိုက်ကြရတာပါ။

ယောက်ျားလေးတွေက မိန်းကလေးတွေထက်ADHD
ပိုဖြစ်တယ်လို့မဆိုနိုင်သော်လည်း မျောက်ရှုံးအောင်
လှုပ်ရှားမှုလွန်ကဲတဲ့လက္ခဏာကတော့ ယောက်ျားလေး
မှာ မိန်းကလေးထက် ပိုအတွေ့ရများတယ်လို့ဆိုတယ်။

လက္ခဏာများ
=========
ကလေးများစွာဟာ ထိုင်ခုံမှာငြိမ်ငြိမ်လေးထိုင်၊
အာရုံစူးစိုက်နားထောင်၊ မိမိအလှည့်ကျစောင့်ရတဲ့
အလုပ်တွေအတွက် သည်းမခံတတ်ဘဲအခက်အခဲ
ဖြစ်ပြီး ဂနာမငြိမ်ဖြစ်၊ စိတ်မထိန်းတတ်ဘဲ စိတ်ထင်
ရာလုပ်တတ်ပါတယ်။

ဒါပေမဲ့ ADHDဖြစ်တဲ့ကလေးတွေကတော့ သာမန်
ထက်ပိုပါတယ်။ ဒီသာမန်ထက်ပိုတဲ့ ADHD လက္ခ
ဏာတွေဟာ အိမ်မှာ၊ ကျောင်းမှာ၊ အလုပ်မှာ၊ လူမှု
ဆက်ဆံရေးမှာ ပြဿနာဖြစ်စေပါတယ်။

၁။ အာရုံစူးစိုက်မှုပြဿနာရှိသောADHDအမျိုးအစား
===================================
-အသေးစိတ် အာရုံစိုက်နားထောင်ရန်ခက်ခြင်း
နမော်နမဲ့နိုင်သောအမှားများအထပ်ထပ်လုပ်ခြင်း။
-လက်ချာလိုက်ခြင်း၊ စကားအပြန်အလှန်ပြောခြင်း၊
စာအရှည်ကြီးဖတ်ခြင်း စသည့်လုပ်ငန်များတွင်
အာရုံစူးစိုက်နားထောင်ရန်ခက်ခြင်း။
-စကားပြောချိန်၌အာရုံရဟန်မရှိဘဲစိတ်ကတခြား
ရောက်နေဟန်ရှိခြင်း။
-ညွှန်ကြားချက်တို့ကို အပြည်အစုံမဖမ်းမိဘဲ
ကျောင်းစာ၊ အိမ်အလုပ် စသည့်တာဝန်ပေးမှုတို့
ပြီးအောင်မလုပ်နိုင်ခြင်း။
-စနစ်တကျလုပ်ရသည့်အလုပ်များတွင်ပြဿနာရှိ
ခြင်း(ဥပမာ- အချိန်ကိုက်လုပ်ရန်၊ နောက်ဆုံးသတ်
မှန်ချိန်အမှီပြီးရန်ပြဿနာရှိခြင်း)။ မသပ်မယပ်၊
ဗရမ်းဗတာ၊ ဖြစ်ကတတ်ဆန်းလုပ်ခြင်း။
-တာရှည်အာရုံစိုက်ရသည်အလုပ်များကို မကြိုက်
ခြင်း၊ ရှောင်ခြင်း။
-အလုပ်အတွက်လိုအပ်သောအရာများ၊ စာအုပ်၊
စာရွက်စာတမ်း၊ ရေးစရာတို့ မကြာခဏပျောက်ဆုံး
ခြင်း။
-အလွယ်တကူ အာရုံပျံ့လွင့်တတ်ခြင်း
-ဗာဟီရအလုပ်များ လုပ်ရန်မေ့နေခြင်း(ဖုန်းပြန်
ဆက်ရန်၊ ချိန်းထားသည်ကို သွားရန်စသဖြင့်။)

၂။ ဂနာမငြိမ်ခြင်း/ ဂမူးရှူးထိုးလုပ်တတ်သည့်
ADHD အမျိုးအစား
================================
-လက်အငြိမ်မနေဘဲ တခုခုကိုခေါက်နေခြင်း၊ ခုံကို
နှဲ့ထိုင်နေခြင်း
-စာသင်ခန်း၊ အလုပ်ခွင်တို့တွင် ခုံပေါ်ငြိမ်ငြိမ်
ထိုင်မနေနိုင်ခြင်း
-မသင့်လျှော်သောနေရာများတွင် လျှောက်ပြေး၊
လျှောက်တက်ခြင်း
-အနားယူချိန်လုပ်ငန်းများကို ငြိမ်သက်စွာမလုပ်
တတ်၊ မကစားတတ်ခြင်း
-အမြဲ ပျားပန်ခပ် အလုပ်ရှုပ်နေခြင်း
-စကားပေါခြင်း
-မေးခွန်မေးမပြီးမီ ရှေ့နောက်မစဉ်းစားပြောချခြင်း
-မိမိအလှည့်အထိစောင့်ရမည်ကို စောင့်မနေတတ်
ခြင်း
-အခြားသူများကို အနှောင့်အယှက်ဖြစ်စေသည့်
ခွင့်ပြုချက်မရဘဲစကားဖြတ်ပြောခြင်း၊ ဂိမ်းကစား
သည်ကို ဝင်နှောင့်ခြင်း၊ သူများလုပ်နေသည့်
အလုပ်ကို ဝင်ကြားဖြတ်လုပ်ခြင်း

၃။ တတိယအမျိုးအစားကတော့ အထက်ပါနှစ်ခု ပေါင်းစပ်ထားသည့် ADHD အမျိုးအစားပဲဖြစ်ပါ
တယ်။

ADHD ရောဂါဖော်ရာ(Diagnosis လုပ်ရာ)တွင် စိတ်
ကျန်းမားရေးဆရာဝန်များ၊ စိတ်ပညာရှင်များက
အသေးစိတ် သတ်မှတ်စံများနှင့်တိုက်ဆိုင်စစ်ဆေး၊
စိတ်စစ်လွှာများနှင်စမ်းသပ်စစ်ဆေးလုပ်ဆောင်ပါ
လိမ့်မယ်။ မိဘများ၊ ဆရာများကလည်းရောဂါဖော်
ရန် လူနာရဲ့ သမိုင်း၊ မိသားစု သမိုင်း၊ လူနာရဲ့အပြု
အမူတို့ကို ကူညီဖြေကြားပေးရပါလိမ့်မယ်။ လိုအပ်
သောဆေးဘက်ဆိုင်ရာစစ်ဆေးမှုများလည်းလုပ်ရ
နိုင်ပါတယ်။

ဖြစ်ရသည့်အကြောင်းရင်း
==================
တိတိကျကျ အကြောင်းရင်းကို ဖော်ထုတ်နိုင်ခြင်း
မရှိသေးဟုဆိုပါတယ်။ မျိုးရိုးလိုက်တယ်ဆိုသော်
လည်း မည်သည့် မျိုးရိုးဗီဇအမျိုးအစားကဖြစ်သည်
ကို သေချာစွာမသိနိုင်သေးဟုဆိုပါတယ်၊။ တချို့
ကလည်း ဦးနောက်အတွင်း ချို့ယွင်းမှုတို့ကြောင့်
ဖြစ်မည်ဟု လေ့လာပြောဆိုကြပါတယ်။ မျိုးရိုး
ဗီဇကိုအခြေမခံတဲ့အကြောင်းရင်း ဥပမာ-လမစေ့
ဘဲမွေးခြင်း၊ မွေးစဉ်ကိုယ်အလေးချိန်နည်းခြင်း၊
ကိုယ်ဝန်ဆောင်မိခင်၏ အရက်၊ ဆေးလိပ်သောက်
ခြင်း၊ ခဲဆိပ်သင့်ခြင်း၊ ကိုယ်ဝန်ဆောင်ချိန်စိတ်ဖိစီး
မှုကြုံရခြင်းတို့နဲ့လည်းဆက်စပ် ကောင်းဆက်စပ်
လိမ့်မယ်လို့ ဆိုကြပါတယ်။

ကုသမှု
=====
-ဓာတုဆေးဝါးကုထုံး
-Parent-child Interaction Therapy
-Behavior Modification Therapy
တို့အသုံးပြုပြီး ကုသနိုင်တယ်လို့ဆိုပါတယ်။

ဒေါက်တာမြင့်လွင်(စိတ်ပညာ)

Photos from YLEC's post 15/12/2023

သားသမီးကို ပညာတတ်တစ်ယောက်ဖြစ်အောင်ပြုစုပျိုးထောင်ပေးဖို့ ကြိုးစားရပါတယ်။

Am I really eduacted?
(ငါဟာတကယ်ပဲ ပညာတတ်ဖြစ်ရဲ့လား)
Are we really educated?
(ငါတို့အားလုံးဟာ တကယ်ပဲ ပညာတတ်တွေဖြစ်ရဲ့လား)

Educated တစ်ယောက်ဖြစ်ဖို့ဟာ အတန်းထဲမှာ ပထမရဖို့ သူ့ထက်ငါအပြိုင်အဆိုင် အမှတ်တွေအပြည့်ရဖို့ ဘွဲ့တွေရနေဖို့ ဆရာဝန်ကြီး အင်ဂျင်နီယာကြီး မန်နေဂျာ ကြီးဖြစ်​နေဖို့ မဟုတ်ပဲ ကိုယ်မွေးထုတ်လိုက်တဲ့
ကိုယ့် လူသားလေးဟာ benefit to society လူ့အဖွဲ့အစည်းကိုအကျိုးပြုတဲ့သူလေးဖြစ်ဖို့ရာ early years မှာကတည်းက စနစ်တကျ ပြုစုပျိုးထောင် ပုံဖော်ပေးဖို့လိုတယ်။ဒါသိပ်အရေးကြီးတယ် အကျိုးမပြုနိုင်ရင်တောင် အကျိုးမဲ့စေတဲ့အလုပ်မလုပ်ဖို့ရာ ပညာပေးရမယ်...
အခုခေတ်အများစုတလွဲပညာရေးဟာ မိဘရော ဆရာ တစ်ချို့ရောဟာ ကလေးကို အပြိုင်အဆိုင်အမှတ်ပြည့်ရဖို့ရာ စာတွေရနေဖို့ရာပဲ ဦးစားပေးနေကြတယ် တကယ်တမ်းမှာ ထည့်သွင်းသင်ကြားသင့်တာဟာ မှန်ကန်တဲ့စဥ်းစားဆင်ခြင်နိုင်တဲ့အသိတရားတွေရဖို့
ကိုယ်ချင်းစာပီးပြည့်ဝတဲ့ စိတ်သဘောထားရှိဖို့ ပီးမှ လုပ်ရပ်တိုင်းဟာ အမှားနည်းဖို့ ဒီလိုမျိုး Harmony of Head Heart Hands လုပ်ပေးတာသာ ပညာတက်တစ်ယောက်အဖြစ်မွေးထုတ်ပေးနိုင်မှာပါပဲ..

သူ့ရဲ့တွေးတောချက်
Head education (thinking)
သူ့ရဲ့ လုပ်ဆောင်ချက်
Hand education(doing) ၊
သူ့ရဲ့ စိတ်ခံစားချက်
Hearts education(feeling) အဲ့၃ခုကို ဟန်ချီညီညီ မှန်မှန်ကန်ကန် develop ဖြစ်အောင် သင်ကြားပေးနေခဲ့တာပါ ဒါသာလျှင် ကိုယ်ပေးနိုင်တဲ့အမွေပါပဲ....

Happy 7th Birthday ပါ
ချစ်သမီးလေး.......🎂🌈🌼💞
စစ်မှန်တဲ့ ပညာရေးကိုလေ့လာ သင်ယူရပီး ဆင်ခြင်တုံတရားပြည့်ဝတဲ့ ပညာ​တတ်​​
တစ်ယောက်ဖြစ်ပါစေ မေ့သမီးလေး...

Photos from YLEC's post 14/12/2023

Sometime technology helps children to learn better......

I like green🎼🎼🎼
How about you 🎼🎼🎼

Colour song.....

Photos from YLEC's post 14/12/2023

သင်ကြားနည်းထဲက ဆေးဘူးအစစ်သုံးသင်ကြားနည်းလေးပေါ့ အာရုံခံစားမှုနဲ့သင်မယ် အမြင် အကြား အထိအတွေ့လေးတွေနဲ့ ဆိုတော့ ရိုးရိုးထက် ဆန်းဆန်းလေးပေါ့
ပျော်ရွှင်မှု ဟော်မုန်းလေးတွေတိုးတဲ့အခါ ကလေးတွေရဲ့ စိတ်ကြည်လင်ပီး ကိုယ့်ရဲ့ classroom management လဲ အောင်မြင်.....

Photos from YLEC's post 12/12/2023

Jolly phonic beginning
letters s and a introduced for this week.

/a/-/a/ Ants on my arm...

letter name
letter sound နဲ့ song လေးရောပေါ့........

Photos from YLEC's post 12/12/2023

Jolly phonic
group 1 ( s a t i p n)
Letter name and letter sound

phonic time ဆို actions တွေ sounds တွေလုပ်ရင်း အရမ်းကို fun ဖြစ်ရပါသော......
ချစ်ရတဲ့ကလေးတွေရေ စာသင်နှစ်လေးကုန်လာပီပေါ့ မြန်လိုက်တဲ့အချိန်တွေ ဒီလိုအချိန်ဆို ပီတိဖြစ်ရတာနဲ့ဝမ်းနည်းရတာနဲ့ရယ်ပါကွယ်.....

မင်းတို့ရဲ့ မှုကြိုကျောင်းသားသူအရွယ်မှာ
(physical and mental ဟာ 100% secure Development)
စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံစွာနဲ့life skills တွေ သင်ယူခဲ့ရတယ်.... အရွယ်အလိုက်ဖွံဖြိုးတိုးတက်မှုမှုမှန်မှန်နဲ့ပဲ ပျော်ရွှင်စွာနဲ့ သင်ယူလေ့လာ ကုန်ဆုံးခဲ့ရတဲ့ kindergarden အရွယ်လေးကိုအမြဲသတိတရရှိနေလိမ့်မယ်ဆိုတာ Tr ယုံပါတယ်...

🐰

Photos from YLEC's post 05/12/2023

December born လေး🎂
သားလေး ထူးအံ့လင်း
မွေးနေ့မှစပီး နောင်နှစ်တိုင်းနှစ်တိုင်းအခုထက်ပိုလှူနိုင်ပါစေ အခုထက်ပိုပျော်ရွှင်ခြင်းပြည့်စုံခြင်းကံကောင်းခြင်းများကျန်းမာခြင်းများရရှိပိုင်ဆိုင်ရပါစေ
သားသားရေ💕
တို့အားလုံးကို ပျော်ရွှင်ရတဲ့အချိန်လေးတွေဖန်တီးပေးလို့ကျေးဇူးတင်ပါတယ်💕

Today's birthday is not a day we will forget .So may all of our blessings ,my kid.💕

Photos from YLEC's post 01/12/2023

Growing the
(love of nature)💚🍀

taking care the plants day after day....

Photos from YLEC's post 30/11/2023

busy bees လေးများရဲ့ group project လေးပါခင်ဗျာ😍😁
ဒီတစ်ပတ်ရဲ့ activity အချို့ရယ်ပါ

နေ့တိုင်းမှာ အပြစ်ကင်းစင်တဲ့ကလေးတွေနဲ့နေရတယ် ဒီကလေးတွေရဲ့အနာဂတ်ဘဝလေးလှပဖို့ ပုံဖော်ရတဲ့ကိုယ့်အလုပ်ကို ကိုယ်အမြတ်နိုးဆုံးပဲ ကိုယ့်ဘေးကနေဘယ်အချိန်မဆိုအရာရာတိုင်း ပံ့ပိုးကူညီပေးကြတဲ့တစ်ယောက်ချင်းစီတိုင်းကို သိပ်ကျေးဇူးတင်ပါတယ် 💜

Photos from YLEC's post 30/11/2023

ခဲတံကိုင်နည်း၊ အစောပိုင်းကာလတွင်ကလေးများ၏ ခဲတံဆုပ်ကိုင်မှုပုံစံနှင့် အသက်အရွယ်အလိုက်ဖွံ့ဖြိုးတိုးတတ်မှု

ကလေး၏ကြွက်သားများနှင့်ကိုယ်ဟန်အနေအထားပိုမိုအားကောင်းလာသည်နှင့်အမျှကလေး၏ခဲတံကိုင်ခြင်းပုံစံသည်လည်းသဘာဝကျပြီး ဖွံ့ဖြိုးတိုးတက်လာသင့်ပေသည်။

ကလေးများသည်ခဲတံကိုဆုပ်ကိုင်နိုင်ရန်အတွက် သင်ယူရင်း အသက်အရွယ်အလိုက်တိုးတတ်မှုအဆင့်ဆင့်တို့ကိုပုံတွင်ဖော်ပြပေးထားသည်၊၊

အစောပိုင်းအရွယ်များ၌ခဲတံကိုမှန်ကန်စွာဆုပ်ကိုင်နိုင်မှုနှင့် ထိန်းချုပ်ခြင်း အားကောင်းမှုတို့သည်အရေးကြီးသည်။

အစောပိုင်းကာလတွင် ကလေးများ၏ ကြွက်သားငယ်များဖွံ့ဖြိုးတိုးတတ်ရန်အတွက်အရင်ဆုံးလေ့ကျင့်ပေးမှသာ ကလေးများစာရေးရန်အတွက်အဆင်သင့်ဖြစ်ပါမည်။

ကလေးများစာရေးရန်အတွက်သူတို့၏ ကြွက်သားငယ် (Fine Motor) ဖွံ့ဖြိုးတိုးတတ်မှုကို အရင်ဆုံးရရှိရန်လိုအပ်ပါသည်။

ကောင်းမွန်သောမော်တာစွမ်းရည်ကိုရရှိပြီးမှသာလျှင် ကေလး၏ စာရေးသားခြင်းတွင် ခဲတံကိုပိုမိုကောင်းမွန်စွာထိန်းချုပ်နိုင်စေမည်။

ကလေး၏ကြွက်သားငယ်များဖွံ့ဖြိုးတိုးတတ်ပြီး စာရေးဖို့အဆင်သင့်ဖြစ်ရန်အတွက် ကလေး၏
အစောပိုင်းကာလတွင် ဆေးရောင်ခြယ်ခြင်း၊ ပုံဆွဲခြင်း၊ စာအုပ်များတွင်ရေးခြစ်ခြင်း၊ ဂျုံနယ်ခြင်း၊အိမ်တွင်ရှိသောသတင်းစာများ၊ စာရွက်အဟောင်းများ ကိုစုတ်ဖြဲစေခြင်း၊ ကပ်ကြေးနှင့်စာရွက်များကိုညှပ်ခိုင်းခြင်း၊ မျဉ်းဖြောင့်၊ မျဉ်ကွေးများ၊ ပုံများကိုညှပ်ခိုင်းခြင်း၊ မျဉ်းဖြောင့်၊ မျဉ်းကွေးများကို လိုင်းထပ်ဆွဲခိုင်းခြင်း နှင့်အစရှိသော (ခြေရာကောက်သည့်လှုပ်ရှားမှုများ (Tracing Activities) ကဲ့သို့သောလုပ်ဆောင်ချက်များကိုလုပ်ဆောင်ပေးရန်လိုအပ်သည်။



ကြွက်သားများသန်မာလာပြီးမှန်ကန်သောခဲတံဆုပ်ကိုင်နိုင်စွမ်းကိုရရှိပြီးသည့်အခါ ကလေးသည်ခဲတံကိုကောင်းမွန်စွာထိန်းချုပ်တတ်လာသည်။

Photos from YLEC's post 24/11/2023

Morning ကြိုချိန်နဲ့ ကစားချိန်လေးပီးရင် praying and meditation
ဘုရားရှိခိုးမယ် တရားထိုင်မယ် ဖိုးဖိုးဖွားဖွား ဖေဖေမေမေနဲ့ဆရာဆရာမ ကိုကိုမမတွေကို ဦးတော်လုပ်မယ်.....မေတ္တာပို့ပေးကြမယ်💚 ကျောင်း Schedules အတိုင်း activities
အကုန်လုံးပါဝင်လာမယ့်အချိန်ရောက်ဖို့ကျောင်းသားသစ်လေးတွေဝင်လာတိုင်း ကျောင်းသားဟောင်းလေးတွေက ပြန်ပီးတစ်လှည့်စီ အချင်းချင်း ကြိုဆိုပေး ကူညီပေးတာလဲပါပါတယ် (အဲ့ထဲမှာ အချင်းချင်း လုကြ ထိမိဲကြ အော်ကြ စိတ်ကောက်ကြ ပြန်တည့်သွားကြတာ တွေလဲပါသေးတယ်😁)
မိဘတွေကယုံကြည်ပီး အချိန်မှန်နေ့ရက်မှန်ပို့ပေးတာကြောင့်ရော တီချယ်တွေကလဲ စိတ်ရှည်စွာချိုသာစွာ မှန်ကန်စွာပုံဖော်ပေးတာတွေကြောင့်လဲပါပါတယ်....

#တွဲလက်လေးတွေညီ

Photos from YLEC's post 24/11/2023

Shape လေးကို မှတ်မိလွယ်အောင်
အနုမြူမီးလင်းကျောက်ခဲအလှလေးတွေကိုပုံဖော်စေပီး ပုံသဏ္ဏာန် တူ things လေးတွေကိုရှာဖွေကစားနည်းလေးနဲ့ သင်ယူခဲ့ကြပါတယ်...

Photos from YLEC's post 24/11/2023

Craft time👀✂🔷🔶🐘
မိုမိုလေး (E elephant)

👇helps to develop
💙 fine motor
💜creativity and imagination
💚 congnitive skill

💛encourages teamwork and socialisation

ိုမိုcraft

Photos from YLEC's post 22/11/2023

Morning ⛅

Photos from YLEC's post 21/11/2023
Photos from YLEC's post 17/11/2023

Fun solving 🖖❣

Photos from YLEC's post 17/11/2023

Early numeracy skills

ကိန်းဂဏန်းလေးတွေကို နာမည်နဲ့အရေအတွက်လေးတွေ သင်ကြားပေးခြင်းဖြင့် ကိန်းလေးတွေဆက်နွယ်ပုံနဲ့အလုပ်လုပ်ပုံ ဖြေရှင်းနည်းလေးတွေကိုစတင်လေ့လာသင်ယူခွင့်ရကြပါတယ် 🖖❣

15/11/2023

ဒီနေ့ရော welcome လုပ်ချိန် ငိုလာတဲ့ ကလေးကိုဘယ်လိုတိတ်အောင်လုပ်လဲ😁😘...

တို့ကျောင်းမှာ ငိုတဲ့ကလေးငယ်တော်တော်ရှားပါတယ် ငိုမလာလဲ မျက်နှာမကောင်းရင်တောင်ဘာဖြစ်လဲဟင် တီချယ်ဖြေရှင်းပေးမှာပေါ့ပြောပြပါလားကွယ်နဲ့ ကလေးကိုအရေးတယူဂရုတစိုက် မေးမြန်းပီး ရအောင်ကိုအာရုံပြောင်းလဲအားပေးနှစ်သိမ့်ရပါတယ်
နောက်ပီး
အစမ်းထားတဲ့ရက် အချိန် လက်သင့်မခံပါဘူး ကလေးအကြောင်းကိုတစ်နာရီနဲ့မသိနိုင်လို တစ်လနဲ့လဲ သေချာ မသိန်ုင်ပါဘူး ကျောင်းပျော်မယ့်ကာလက ကိုယ့် ကလေးပေါ် ပဲမှုတည်ပီး မြန်ရင်မြန်သလို ကြာရင်ကြာတက်ပါတယ်....စတက်တဲ့တစ်လမှာ ကိုယ်ရွေးချယ်လိုက်တဲ့ကျောင်းကိုယုံကြည်ပီး ကျောင်းမှ educator ရဲ့လမ်းညွှန်ချက်လေးတွေကိုလိုက်နာပါက အချိန်မြန်မြန် နဲ့ကလေးက ကျောင်းပတ်ဝန်းကျင်ကိုရင်းနှီးပီး ကျောင်းပျော်လာပါလိမ့်မယ်ရှင်❣

Photos from YLEC's post 15/11/2023

English class on Tuesday...

Toddler and Nursery
Capital A B C flashcard
Letters sound and stamp print

Pre kg and Kg
Capital A B C
circle the matching alphabet
coloring and
letters sound

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Merry Christmas to you all🎅
ဒီနေ့ရော welcome လုပ်ချိန် ငိုလာတဲ့ ကလေးကိုဘယ်လိုတိတ်အောင်လုပ်လဲ😁😘...တို့ကျောင်းမှာ ငိုတဲ့ကလေးငယ်တော်တော်ရှားပါတယ် ငိုမလ...
တို့ကျောင်းရဲ့ dancer လေး😍😘လိုယ်မယ့်သီချင်းလေးရွေးပီး edit ပေးအုံးမယ်...သီချင်းဆိုတာ ကတာ ကဗျာဆိုတာ သီချင်းနားထောင်းတာ​လေ...
ဘာစားစား ပေပေကျံကျံလေးကို အားရပါးရစားတက်တာ အခုတော့မိန်းကလေးဆန်ဆန်လေး မပေအောင်စားတက်အောင်ကျင့်ကြည့်ကြတယ် တော်တာပဲ ဒါဟာ li...
😍
'Simon says' ♥#game 🙆‍♂️🙆😄😄
Tuesday✅English learning✅animals flash card time ✅
အသီးနာမည်လေးတွေမြန်မာလိုလေ့လာခဲ့ကြပါတယ်။
Keyboard time🎹Twinkle Twinkle little star🎹Music offers a joyful and rewarding learning experience and nurtures a child’s...
The wheels on the bus go🚌🚌🚍🚍🎼🎼  ....... round and round....
ကလေးတွေ သူငယ်ချင်းတွေ နဲ့အတူ ပူးပေါင်းပါဝင်လာတဲ့အခါမှာတော့ 😊😍💕...#မြင်းစီးတဲ့ပုံလေး😍

Category

Telephone

Website

Address


25, Thiri Street , Sanchaung
Yangon

Other Preschools in Yangon (show all)
Scarlet Preschool & Learning Academy Scarlet Preschool & Learning Academy
No. 77, ThdarYone Street, 2 North Quarter, Thaketa Tsp
Yangon

Wisdom School Shwe Pyi Thar Wisdom School Shwe Pyi Thar
အမှတ်(၄၃၅)/ပန်းခြံစု(၄)လမ်း/၂၄ရပ်ကွက်/ရွှေပြည်သာမြို့နယ်
Yangon

Baton International Baton International
No. 151, Yarza Dirit Lane, 14/5 Ward, Shwe Paukkan, North Okkalapa Township
Yangon, 11032

Lay the foundation for future success

Universe Pre-School Universe Pre-School
51/A Thayawaddy Road, Sayarsan Ward , Bahan Township
Yangon

Early Childhood Care and Development Service

Laugh and Learn Preschool Laugh and Learn Preschool
Thida Street
Yangon, 11101

Baby Star Preschool Baby Star Preschool
မြို့မငြိမ်းလမ်းမကြီး
Yangon

Nursery & Preschool

Petals pre.school Petals pre.school
အမှတ် 7/သီရီမဂ်လာလမ်း (သုခမှတ်တိုင်နီး)
Yangon

Welcome�

Myat Mon preschool Myat Mon preschool
Sabal Street, 47Ward, North Dagon
Yangon

Shine Khant Shine Khant
Yangon

Shine Khant

Rainbow Pre-School Rainbow Pre-School
No. 467, 50 QTR, Sein Pann Myaing Street, North Dagon TSP
Yangon

Play, Learn and Grow Together

Htoo Aung Kaung pre school Htoo Aung Kaung pre school
Yangon

teacher soesoe-09254322559

Auric Education Centre Auric Education Centre
No. 84(A), Khattar Street, 5/5 Ward, Htan Chauk Pin Lan Sone, Shwepyithar
Yangon, ..

Be Brave 🙋 Be Active 💁‍♀️ Be Creative 🙋‍♂️