AULA Gaming Gadgets
Nearby computer & electronics services
54th Street
55 Street, Botahtaung Township
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AULA Gaming Gadgets, Computers (Brand), #65, 2nd floor, Yae Kyaw Street, Yangon.
𝘼𝙐𝙇𝘼 𝙂𝙖𝙢𝙞𝙣𝙜 𝙈𝙤𝙪𝙨𝙚 𝙁𝟖𝟏𝟑𝙋𝙍𝙊
✵✵✵✵✵✵✵✵✵✵✵✵
🧿အရမ်းကို ပေါ့ပါးမြန်ဆန်သွက်လက်တာမျိုးကို လိုချင်တယ်ဆိုရင်တော့ AULA Gaming Mouse F813PRO က ကွက်တိပါပဲ..
🧿မောက်စ်ရဲ့အလေးချိန်က အရမ်းကို ပေါ့ပါးသလို DPI ကိုလည်း 12,400 အထိ မြှင့်တင်နိုင်တာ ဒီ Mouse ပဲ ရှိပါတယ်..
🧿ကလစ်နှိပ်လိုက်တိုင်း တိကျသေချာနေပြီး ကိုင်ရတာ သက်သောင့်သက်သာရှိသလို ရွေ့လျားမှုတွေလည်း မြန်ဆန်တယ်..
🧿ဒါက AULA Gaming Mouse F813PRO ပါပဲ…
☑AULA Gaming Mouse F813PRO အတွက် အာမခံ ၁ နှစ် ပါဝင်လို့ စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်ခင်ဗျာ..
“𝓟𝓻𝓸𝓭𝓾𝓬𝓽 𝓓𝓮𝓼𝓬𝓻𝓲𝓹𝓽𝓲𝓸𝓷”
AULA Gaming Mouse F813PRO
🖱Wired Optical Mouse
🖱Number of keys: 7
🖱DPI: Up to 12,400 DPI
🖱Colorful light effects
🖱Connection: USB
🖱Cable length: 1.5m
🖱Weight: 59g
Price: 45,000 Ks
𝐀𝐔𝐋𝐀 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜𝐚𝐥 𝐆𝐚𝐦𝐢𝐧𝐠 𝐊𝐞𝐲𝐛𝐨𝐚𝐫𝐝 𝐅𝟐𝟎𝟖𝟖
✦✦✦✦✦✦✦✦✦✦
Gamer တွေအတွက် ရှယ်မိုက်တဲ့ AULA Gaming Keyboard အသစ်လေးတွေနဲ့ မိတ်ဆက်ပေးပါရစေ..🤗🤗
AULA Gaming Keyboard F2088 အရောင်နှစ်မျိုးနဲ့ ဈေးကွက်ဝင်လာပြီး Keycaps ပုံစံလေးတွေလည်း ကွာခြားပါတယ်..
အဖြူရောင်က အဝိုင်းပုံစံ Keycaps လေးတွေနဲ့ဖြစ်ပြီး အနက်ရောင်ကတော့ လေးထောင့်ပုံစံ Keycaps လေးတွေနဲ့ပါ..👍👍
အသုံးပြုတဲ့အခါ လက်ကောက်ဝတ်နဲ့လက်ဖနောင့်တွေ သက်သောင့်သက်သာရှိစေဖို့ Ergonomic detachable magnetic wrist rest ကိုလည်း တပ်ဆင်အသုံးပြုနိုင်ပါသေးတယ်..
AULA Gaming Keyboard F2088 နဲ့သာဆို ဘာဂိမ်း ကစားမလဲ?
ရှယ်ဖြုတ်လို့ ရပြီဗျာ..😎😎
✔AULA Gaming Keyboard F2088 အတွက် အာမခံ ၁ နှစ် ပါဝင်လို့ စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်ခင်ဗျာ..
“𝓟𝓻𝓸𝓭𝓾𝓬𝓽 𝓓𝓮𝓼𝓬𝓻𝓲𝓹𝓽𝓲𝓸𝓷”
𝐀𝐔𝐋𝐀 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜𝐚𝐥 𝐆𝐚𝐦𝐢𝐧𝐠 𝐊𝐞𝐲𝐛𝐨𝐚𝐫𝐝 𝐅𝟐𝟎𝟖𝟖
⌨️Wired Mechanical Gaming keyboard
⌨️108 keys / RGB backlight
⌨️Multimedia & Illumination Control
⌨️K**b 1-2: Custom backlight mode
⌨️K**b 3: Illumination control for backlight
⌨️White Color: Round Keycaps
⌨️Black Color: Rectangle Keycaps
Price: 120,000 Ks
꧁༺ 2024 ༻꧂ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒများလည်း ပြည့်ဝကြပါစေခင်ဗျာ🙏🙏🙏
𝐀𝐔𝐋𝐀 𝐆𝐚𝐦𝐢𝐧𝐠 𝐌𝐨𝐮𝐬𝐞 (𝐒𝟏𝟑)
*****************
Gamer တွေအတွက် မြန်ဆန်တိကျပြီး Comfortable လည်း ဖြစ်တဲ့ Gaming Mouse ရှာဖွေနေတယ်ဆိုရင်တော့ အသစ်ရောက် AULA Gaming Mouse (S13) ကို ညွှန်းပေးပါရစေ..🤗🤗
DPI ကို 1200 ကနေ 3600 အထိ အတိုးအလျှော့ လုပ်နိုင်ပါတယ်..
RGB မီးရောင်လေးကို ပိတ်ထားချင်ရင် ပိတ်ထားလို့ ရပါတယ်..
စုစုပေါင်း ခလုတ် ၆ ခု ပါဝင်ပြီး ဘယ်ဘက်ဘေးမှာ Forward နဲ့ Backward ခလုတ် ၂ ခုလည်း အပါအဝင်ပါပဲ..
☑AULA Gaming Mouse (S13) အတွက် အာမခံ ၁ နှစ် ပါဝင်လို့ စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်ခင်ဗျာ..
“𝓟𝓻𝓸𝓭𝓾𝓬𝓽 𝓓𝓮𝓼𝓬𝓻𝓲𝓹𝓽𝓲𝓸𝓷”
AULA Gaming Mouse (S13)
🖱Wired gaming mouse
🖱Number of keys: 6
🖱DPI: 1200-1800-2400-3600DPI
🖱Rainbow backlight
🖱Connection: USB
🖱Cable length: 1.5m
🖱Weight: 110g
Price: 24,000 Ks
𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝐂𝐚𝐬𝐡𝐛𝐚𝐜𝐤 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 (12-Dec-2023 to 2-Jan-2024)
***************************
❄️2023 ကုန်ဆုံးလို 2024 နှစ်သစ်ကူးချိန်ခါလေးမှာ အထူးပရိုမိုးရှင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ..🙏🙏
❄️Evolve Tech ကနေ တင်သွင်းဖြန့်ဖြူး ရောင်းချပေးနေတဲ့ AULA Gaming Products လေးတွေအတွက် ၁၀,၀၀၀ ကျပ်အထိ Cashback လေးတွေ ပေးသွားဖို့ စီစဉ်ထားပါတယ်ခင်ဗျ..🤗
⏰ခု Promotion လေးကိုတော့ ၂၀၂၃၊ ဒီဇင်ဘာ ၁၂ ရက်ကနေ ၂၀၂၄၊ ဇန်နဝါရီ ၂ ရက်အထိ ပြုလုပ်ပေးသွားမှာပါခင်ဗျာ..
❄️Model အလိုက် အစီအစဉ်လေးတွေကို အောက်မှာ အသေးစိတ် ဖော်ပြပေးထားပါတယ်နော်..🥰
❄️AULA Gaming❄️
===========
AULA Gaming Combo များ
✔Cashback: 5,000 Ks
AULA Mechanical Gaming Keyboard များ
✔Cashback: 10,000 Ks
AULA Gaming Mouse များ
✔Cashback: 3,000 Ks
AULA Wired Gaming Microphone T1
✔Cashback: 10,000 Ks
𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏 အမှန်အကန်ပေးမယ့် 12-12 Promotion မှာမှ မဝယ်ရင် ဘယ်အချိန် သွားဝယ်မလဲ?
*********************************
Evolve Tech ကုမ္ပဏီကနေ အမှန်အကန် တင်သွင်းဖြန့်ချိပေးနေတဲ့
AULA Gaming Headphone လေးတွေအတွက်
အမှန်အကန်ပေးမယ့် Buy 1 Get 1 Promotion လေး လာပါပြီနော်..😍
တစ်ခုဝယ်ရုံနဲ့ နောက်တစ်ခု အမှန်အကန်ပေးမယ့် Buy 1 Get 1 Promotion လေးမို့ တစ်ခုဝယ်ရုံနဲ့ နှစ်ခုသယ်ပြီး ပြန်ရမှာ အမှန်ပါပဲ..😊
မော်ဒယ်အတူတူချည်းပဲ ၂ ခု မယူချင်ဘူး.. တခြား မတူတာလေးပဲ ယူချင်တယ်ဆိုလည်း AULA ထဲက တန်ဖိုးတူ ဒါမှမဟုတ် ပိုများတာကို ထပ်ဆောင်းငွေပေးပြီးတော့ ရွေးလို့ရပါမယ်ခင်ဗျာ..🤗
AULA Gaming Chair တွေအတွက်ကတော့ ပြန်အမ်းငွေ ကျပ် ၁၈၀,၀၀၀ အထိ ပေးသွားဦးမှာနော်..🤩
ကဲ.. ဘာလိုသေးလဲ?
⏰12.12 အထိမ်းအမှတ်မို့လို့ ဒီဇင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက် နှစ်ရက်ထဲသာ ခံစားခွင့်ရမယ့်
ခု Promotion မှာ ပါဝင်တဲ့ မော်ဒယ်တွေကတော့ …
Buy 1 Get 1 Promotion
------------------------
☑️AULA Gaming Headphone (S600)
☑️AULA Gaming Headphone (S603)
☑️AULA Gaming Headphone (S605)
Cashback – 180,000 Ks
------------------------
✔️AULA Gaming Chair (F1007)
✔️AULA Gaming Chair (F8041)
Job Vacancy (Urgently Required)
********************
Junior Marketing Executive ---> ကျား/မ (2) ဦး
-----------------------------------------
🎯 တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး (သို့) တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ၊ ကွန်ပျူတာ ကျွမ်းကျင်စွာတက်မြောက်ပြီး အသက် (၃၀) နှစ်အောက် ဖြစ်ရမည်။ Dealer Channel Sales နှင့်ပတ်သက်သော လုပ်ငန်း အတွေ့အကြုံ (၁) နှစ်အထက် ရှိရမည်။ Sales & Marketing Diploma (or) Certificate ရရှိထားသူများကို ဦးစားပေးမည်။ Distribution Sales လုပ်နိုင်သူများ ဦးစားပေးမည်။
🎯 လူမှုဆက်ဆံရေးကောင်းမွန်ပြီး ကွန်ပျူတာ၊ အင်ဗာတာ၊ ဘက်ထရီနှင့်ပတ်သက်သော ဆက်စပ်ပစ္စည်းများအတွက် ဈေးကွက်ထိုးဖောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်။ Dealer/Reseller အရောင်းဆိုင်များထံ သွားရောက်ရှင်းလင်းရောင်းချခြင်း၊ Dealer/Reseller အရောင်းဆိုင်များထံမှ Sales Order များကို တယ်လီဖုန်းဖြင့်လက်ခံပြီး အချိန်မီပို့ဆောင်နိုင်ရန် စီမံခြင်းတို့ကို ဆောင်ရွက်ရမည်။ လုပ်ငန်းလိုအပ်ချက်အတိုင်း နယ်မြို့များသို့ ခရီးသွားနိုင်ရမည်။
Cashier ---> မ (1) ဦး
---------------------
🎯 တက္ကသိုလ်မှ ဘွဲ့တခုခု ရရှိပြီးသူ ဖြစ်ရမည်။
🎯 Cashier နေရာတွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး 1 နှစ် ရှိရမည်။
🎯 LCCI level 2 အောင်မြင်ပြီးသူ ဦးစားပေးမည်။
🎯 Microsoft Excel အား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
🎯 အလုပ်လုပ်ကိုင်ရာတွင် တိကျမှုရှိပြီး အကျင့်စာရိတ္တ ကောင်းမွန်ရမည်။
Junior Electrical Engineer
---------------------------
🔹သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ (၁) နှစ် အနည်းဆုံးရှိသူ ဖြစ်ရမည်။
🔹ဘက်ထရီ၊ အင်ဗာတာနှင့်ဆိုလာပိုင်းဆိုင်ရာ ကျွမ်းကျင်သူ၊ ပြုပြင်နိုင်သူ ဦးစားပေးပါမည်။
🔹အများနှင့်ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
🔹စက်ပစ္စည်း ပြင်ဆင်မှုအပိုင်းလုပ်ချင်သူ လုပ်ဖူးသူ ဖြစ်ရမည်။
🔹လိုအပ်ပါက Outdoor Service များ လိုက်လံဆောင်ရွက်ရပါမည်။
🔹သွက်လက်ချက်ချာပြီး ချက်ချင်းအလုပ်ဝင်နိုင်သူ ဦးစားပေးပါမည်။
=========================================
**ခံစားခွင့်**
# အခြေခံလစာ+ခရီးစရိတ် (အမြဲတမ်းဝန်ထမ်းဖြစ်လျှင် Target Commission ခံစားခွင့် ရှိမည်။)
# တစ်ပတ် တစ်ရက် ပိတ်သည်။
# အလုပ်ချိန်- မနက် 9:30 မှ ညနေ 5:30
# အများပြည်သူအလုပ်ပိတ်ရက်များအတွက် OT Allowance ခံစားခွင့် (သို့) အလှည့်ကျ နားခွင့်ရှိသည်။
# အမြဲတမ်းဝန်ထမ်းဖြစ်လျှင် Uniform စီစဉ်ပေးမည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
☑️လျှောက်ထားလိုသူများသည် ပတ်စပို့ဓာတ်ပုံ (၁) ပုံ၊ ကိုယ်ရေးရာဇဝင်အပြည့်အစုံ (လျှောက်ထားလိုသော ရာထူးနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ် ထည့်ပေးရန်) ၊ Job ပညာရေးအောင်လက်မှတ်မိတ္တူများ၊ ယခင်အလုပ်လုပ်ကိုင်ဖူးက ယခင်အလုပ်မှ ထောက်ခံစာ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူများနှင့် ⏰15-Dec-2023 နောက်ဆုံးထား၍ [email protected] သို့ email ပေးပို့၍ လျှောက်ထားနိုင်သည်။
𝐀𝐔𝐋𝐀 𝐆𝐚𝐦𝐢𝐧𝐠 𝐌𝐨𝐮𝐬𝐞 (𝐒𝟏𝟏)
*****************
🖱အသစ်ရောက်လာတဲ့ AULA Gaming Mouse (S11) လေးကတော့ အရင် Mouse တွေနဲ့မတူ.. တမူထူးခြားတဲ့ Gaming Mouse လေးပါပဲ..
🖱အရမ်းပေါ့ပါးပြီး ဆုပ်ကိုင်ရွေ့လျားတဲ့အခါ အရမ်း သက်သောင့်သက်သာရှိအောင် ဒီဇိုင်းထုတ်ထားပါတယ်..
🖱ပျားအုံကွက်အပေါက်ဒီဇိုင်းမှာ အရောင် ၅ ရောင် အလှည့်ကျ ပြောင်းလဲနေတာက အရမ်းကို မိမိုက်နေစေမှာပါ..
🖱ဒီလို ဒီဇိုင်းလေးကြောင့် လက်ချွေးပြန်တတ်သူတွေအတွက်လည်း လေဟာနယ်ရှိစေပြီး လေဝင်လေထွက် ကောင်းစေပါတယ်..
🖱DPI ကိုလည်း 1200 ကနေ 3600 အထိ လိုသလို ချိန်ညှိ အသုံးပြုနိုင်ပါတယ်ခင်ဗျာ..
✅AULA Gaming Mouse (S11) အတွက် အာမခံ ၁ နှစ် ပါဝင်လို့ စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်ခင်ဗျာ..
“𝓟𝓻𝓸𝓭𝓾𝓬𝓽 𝓓𝓮𝓼𝓬𝓻𝓲𝓹𝓽𝓲𝓸𝓷”
💙𝐀𝐔𝐋𝐀 𝐆𝐚𝐦𝐢𝐧𝐠 𝐌𝐨𝐮𝐬𝐞 (𝐒𝟏𝟏)
Number of keys: 4
DPI: 1200-1600-2400-3600 DPI
Colorful light effects
Connection: USB
Cable length: 1.5m
Product size: 123x63x42mm
Weight: 81g
Price: 19,000 Ks
💥𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐄𝐧𝐝 𝐔𝐬𝐞𝐫 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧💥 (13-Oct-2023 to 31-Oct-2023)
***************************
🌤ဝါလကင်းလွတ် သီတင်းကျွတ် ပွင့်လင်းကာလလေးလည်း ရောက်ခါနီးပြီဆိုတော့ ဈေးဝယ်ထွက်လို့ကောင်းတဲ့ အခါသမယပါပဲ..🎊🎊
ဒါကြောင့်မို့ Evolve Tech ကနေ တင်သွင်းဖြန့်ဖြူး ရောင်းချပေးနေတဲ့ AULA Gaming Products လေးတွေအတွက်
၁၀,၀၀၀ ကျပ်အထိ Cashback တွေနဲ့ Special Gift လေးတွေ ပေးသွားဖို့ စီစဉ်ထားပါတယ်ခင်ဗျ..🥰🥰
⏰ခု Promotion လေးကိုတော့ အောက်တိုဘာ ၁၃ ရက်ကနေ အောက်တိုဘာ ၃၁ ရက်အထိ ပြုလုပ်ပေးသွားမှာပါခင်ဗျာ..⏰
အသေးစိတ် အစီအစဉ်လေးတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်နော်..👇👇
𝐀𝐔𝐋𝐀 𝐆𝐚𝐦𝐢𝐧𝐠
=========
✅AULA Gaming Combo များ
Cashback: 5,000 Ks
✅AULA Mechanical Gaming Keyboard များ
Cashback: 10,000 Ks
✅AULA Gaming Mouse များ
Cashback: 3,000 Ks
✅AULA Wired Gaming Microphone T1
Normal Price: 165,000 Ks
Cashback: 10,000 Ks
✅AULA Virtual 7.1 Wired Gaming Headset (S600)
Normal Price: 100,000 Ks
Cashback: 5,000 Ks
✅AULA Gaming Chair (F1007)
Normal Price: 490,000 Ks
Special Gift: AULA Headphone S605
✅AULA Gaming Chair (F8041)
Normal Price: 680,000 Ks
Special Gift: AULA Headphone S605
Gaming Keyboard တွေမှာ Red Switches, Blue Switches နဲ့ Brown Switches တွေက ဘာတွေ ကွာခြားလဲ?
***********************************
⬜️Gaming အတွက် ထုတ်တဲ့ Mechanical keyboard တွေမှာ အဓိက ၃ မျိုးအနေနဲ့ Red Switches, Blue Switches နဲ့ Brown Switches ဆိုပြီး ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ ဒါက ဘယ်လို ကွာတာလဲ? ဘာတွေ ကွာတာလဲ? ဆိုတာ မေးချင်စရာပါ။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ အဓိကကျတဲ့ Red Switches, Blue Switches နဲ့ Brown Switches တို့ရဲ့ ကွာခြားချက်တွေအကြောင်း နည်းနည်းလောက် ပြောပြချင်မိပါတယ်ခင်ဗျာ။
🟪ဒီနေရာမှာ ရိုးရိုး အိမ်သုံး ရုံးသုံး Membrane keyboard တွေနဲ့ Gamer တွေ သုံးကြတဲ့ Mechanical keyboard တွေက ဘာကွာသွားလဲဆိုတာ အရင် ပြောရမယ် ထင်ပါတယ်။ လွယ်လွယ်ပြောရရင်တော့ Membrane keyboard တွေက ခလုတ်တွေအားလုံး ဆားကစ်ပြားပေါ်မှာ အတွဲလိုက်ဖြစ်နေတယ်လို့ပဲ မှတ်ယူကြပါစို့။ Mechanical keyboard တွေကတော့ ခလုတ်တစ်ခုချင်းစီ သီးခြားတည်ရှိပြီး ခလုတ်တစ်ခုချင်းအလိုက် သီးသန့် အလုပ်လုပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ခလုတ်တစ်ခုချင်း ဖြုတ်လဲနိုင်ပြီး ခလုတ်တစ်ခုချင်းအလိုက် တုံ့ပြန်ပုံ၊ ခံစားမှု မတူဘဲ ကွဲပြားအောင် စိတ်ကြိုက် လဲလှယ်တပ်ဆင်နိုင်ပါသေးတယ်။ ကဲ.. ပြီးရင်တော့ Switch တွေအကြောင်း ဆက်ကြရအောင်။
🟥ပထမဆုံးပြောရရင် Red Switch ဆိုတာက Linear Switch ပဲဖြစ်ပါတယ်။ ပုံမှန်ကီးဘုတ်တွေလိုပဲ နှိပ်လိုက်ရင် ခံစားရမှာဖြစ်ပြီး ကီးရိုက်သံလည်း မကျယ်ပါဘူး။ သူ့အားသာချက်ကတော့ တုံ့ပြန်မှု မြန်ဆန်လွန်းတာပါ။ နှိပ်လိုက်ရင် ချက်ချင်း ဖြစ်သွားတာမျိုးပေါ့။ ဒါပေမယ့် သူက ပုံမှန်လိုမျိုးပဲ သုံးချင်တာအတွက်ဖြစ်ပြီး တခြားအချက်တွေမှာတော့ သိပ်မထူးဘူးလို့ ဆိုနိုင်ပါတယ်။
🟫နောက်တစ်ခု Brown Switch က Tactile Switch ဖြစ်တာကြောင့် Bump လည်း ရှိလာပါတယ်။ ဒီနေရာမှာ Tactile တို့ Bump တို့ ဆိုတာက ခလုတ်နှိပ်လိုက်တဲ့အခါ ရှောရှောရှူရှူ ထိသွားတာမျိုးမဟုတ်ဘဲ အလယ်မှာ မသိမသာလေး တချက် ထစ်သွားတာမျိုးကို ပြောတာပါ။ နှိပ်လိုက်တဲ့အခါ ခံစားမှု ရတဲ့အတွက် Gamer တွေက ဒါကို ကြိုက်ကြပါတယ်။ အဲဒီအတွက် မြန်နှုန်းကတော့ နည်းနည်းလေး လျော့သွားတာမျိုး ရှိပါမယ်။ Brown Switch မှာ ကီးရိုက်သံ သိပ်မထွက်ဘဲ တိတ်ဆိတ်တယ် Silent ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
🟦Blue Switch ကတော့ Clicky Switch လို့ ဆိုတာကြောင့် ခလုတ်နှိပ်တဲ့အခါ ကလစ်သံ အကျယ်ကြီး ထွက်မှာ ဖြစ်ပါတယ်။ သူလည်း Bump ဖြစ်ပါတယ်။ Blue Switch ကတော့ Clicky ဖြစ်တာကြောင့် Gamer အများစု ကြိုက်ကြပြီး အသုံးတွင်ကျယ်တဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်လိုအပ်ချက်ပေါ် မူတည်ပြီး တချို့ Keycaps လေးတွေကို အပေါ်မှာ ပြောသလိုပဲ စိတ်ကြိုက် ဖြုတ်တပ် လဲလှယ် အသုံးပြုနိုင်ပါတယ်။ ဒါကတော့ Mechanical keyboard တွေရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။
⬛️ဒီနေရာမှာ Black Switch နဲ့ White Switch အကြောင်းလည်း နည်းနည်း ပြောချင်ပါတယ်။ ဒီနှစ်မျိုးစလုံးက Red Switch လိုမျိုး Linear Switch တွေပဲ ဖြစ်ပြီး Tactile နဲ့ Clicky မဖြစ်ပါဘူး။ Black Switch က အကြိမ်ရေများများ ကြာရှည်ခံပြီး White Switch ကတော့ ထိလိုက်တာနဲ့ နှိပ်ပြီးသား ဖြစ်စေတာမို့ အရမ်းပေါ့ပါးမြန်ဆန်တဲ့ ခံစားမှုမျိုး ရရှိစေမှာပါ။ ပြောရရင် Red Switch, Black Switch, White Switch တွေက Office သုံးအတွက်ရော Gaming အတွက်ပါ သုံးလို့ရတဲ့ ပုံစံမျိုး ဖြစ်ပါတယ်ခင်ဗျာ။ 🙏🙏
Bluetooth Version များ၏ သမိုင်းအကျဉ်း
************************
🔁စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ စမတ်လက်ပတ်နာရီတွေစတဲ့ Gadget အသုံးပြုသူတွေအတွက် Bluetooth ရဲ့ အခန်းကဏ္ဍက အတော်လေး အရေးပါတယ်လို့ ဆိုရမယ်။ ဒါကြောင့် ဒီတစ်ပတ်တော့ Bluetooth Version တွေ အကြောင်း၊ ဘာတွေ ကွာခြားလာလဲ? ဘယ်လို တိုးတက်ကောင်းမွန်လာသလဲ? ဆိုတာတွေကို နည်းနည်းလောက် ပြောပြချင်မိပါတယ်။
🔁Bluetooth ဆိုတာ ရေဒီယိုလှိုင်းကို အသုံးပြုပြီး ကြိုးမဲ့ဆက်သွယ် ချိတ်ဆက်ရေး နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။
🔁Bluetooth ဆိုတဲ့ နာမည်ကရော ဘယ်ကနေ ဘယ်လို ဖြစ်ပေါ်လာတာလဲ? ၁၀ ရာစုတုန်းက ဒိန်းမတ်နဲ့နော်ဝေဘုရင် Harald Bluetooth ကို အစွဲပြုပြီး ပေးထားတဲ့ နာမည် ဖြစ်ပါတယ်။
Bluetooth ရဲ့ လိုဂိုပုံစံကလည်း H နဲ့ B ကို အခြေခံပြီး ရောယှက်ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။
🔁ပထမဆုံး Bluetooth Version ကတော့ ၁၉၉၉ ခုနှစ်မှာ စတင်ပေါ်ပေါက်လာတာဖြစ်ပြီး ဒေတာကူးပြောင်းတဲ့မြန်နှုန်းက 732.2 kb/s (0.7 Mbps) လောက်သာ ရသေးတာပါ။
🔁Bluetooth Version 2.0 ကတော့ ၂၀၀၅ ခုနှစ်မှာ ပေါ်ပေါက်လာပြီး ဒေတာမြန်နှုန်းက 3 Mbps အထိ ရရှိလာပါတယ်။ ဒါ့အပြင် အကွာအဝေးချိတ်ဆက်နိုင်မှုမှာလည်း အရင် ၁၀ မီတာကနေ အဲဒီဗားရှင်းမှာတော့ ၃၃ မီတာ အကွာအဝေးလောက်အထိ အချိတ်အဆက် မိလာပါပြီ။
🔁Bluetooth Version 3.0 ကိုတော့ ၂၀၀၉ မှာ ထုတ်လုပ်ခဲ့ပြီး ဒေတာမြန်နှုန်းအနေနဲ့ 24 Mbps အထိ (Wi-Fi ပေါ်မှာ ကူးပြောင်းခြင်းဖြစ်) ရရှိ အသုံးပြုလာနိုင်ပါတယ်။
🔁ဒီလိုနဲ့ ၂၀၁၀ မှာတော့ Bluetooth Version 4.0 ထွက်လာပါတယ်။ အရင်ဗားရှင်းထက် ထူးခြားလာတာက ဒီဗားရှင်းမှာ ပါဝါသုံးစွဲမှုကို လျှော့ချပေးထားတဲ့ low energy နဲ့ သုံးစွဲလာနိုင်ပါပြီ။ LE အခြေအနေမှာ ဒေတာကူးပြောင်းနှုန်းက 1 Mbps ဖြစ်ပြီး အမြင့်ဆုံးရနိုင်တဲ့ ဒေတာကူးပြောင်းမြန်နှုန်းကတော့ 25 Mbps ဖြစ်ပါတယ်။ အကွာအဝေးအားဖြင့်လည်း ၆၀ မီတာ (ပေ ၂၀၀) လောက်အထိ အချိတ်အဆက်မိလာနိုင်ပါတယ်။
🔁Bluetooth Version 5.0 ကိုတော့ ၂၀၁၆ ခုနှစ်မှာ မိတ်ဆက်ခဲ့ပြီး Bluetooth Device နှစ်ခုကို တပြိုင်နက် ချိတ်ဆက်တာမျိုးတွေ ပြုလုပ်လာနိုင်ပါတယ်။ LE Mode မှာ ဒေတာကူးပြောင်းနှုန်း 2 Mbps အထိ ရလာပြီး အမြင့်ဆုံးဒေတာကူးပြောင်းနှုန်းအနေနဲ့ 50 Mbps အထိ ရရှိနိုင်ပါတယ်။ အကွာအဝေးအနေနဲ့လည်း ၅၀ မီတာကနေ ၂၀၀ မီတာလောက်အထိ ချိတ်ဆက်နိုင်စွမ်းတွေ တိုးတက်လာပါပြီ။ ပါဝါသုံးစွဲမှု အရမ်း နည်းပါးလာလို့ တနေကုန် On ထားတာမျိုးတွေ ပိုအဆင်ပြေလာပါတယ်။ Smartwatch တွေ Wireless Earbuds တွေ အသုံးများလာတဲ့ အခုခေတ်မှာ Bluetooth က အမြဲလိုလို ဖွင့်ထားရပါတော့တယ်။
🔁အခုနောက်ဆုံးဗားရှင်းကတော့ ၂၀၂၁ မှာ ထွက်ခဲ့တဲ့ Bluetooth 5.3 ဖြစ်ပြီး တည်ငြိမ်မှု၊ လုံခြုံမှုနဲ့ အသုံးဝင်မှုစွမ်းရည်တွေကို ထပ်အဆင့်မြှင့်တင်ပေးထားပါတယ်။
AULA Wired Gaming Headset (S605)
***********************
အမိုက်စား AULA Wired Gaming Headset (S605) လေး အသစ်ရောက်လာပါတယ်ခင်ဗျာ..🙏🙏
ဒီ Headset လေးက ပေါ့ပါးပြီး ရိုးရှင်းလှပတဲ့ ဒီဇိုင်းနဲ့မို့ အကြိုက်တွေ့မှာ သေချာပါတယ်..😍
နားထဲမှာ ကြည်လင်ပြတ်သားတဲ့ အသံတွေနဲ့ 360° လိုအပ်သလို ချိန်ညှိနိုင်မယ့် မိုက်ခရိုဖုန်းကြောင့် အဆင်ပြေနေမှုကြီးရယ်..
ပွဲစဉ်တွေ ဆက်နေတဲ့အခါ အချိန်ကြာကြာတပ်ထားလို့ ပူလောင်နာကျင်လာတာတွေ မဖြစ်အောင် Leather ear cushion တွေနဲ့ ပြုလုပ်ထားပြီး
သက်သောင့်သက်သာရှိတဲ့ ထိတွေ့မှုကို အမြဲ ရရှိစေမှာပါ..
RGB LED lighting effect ကြောင့် အမိုက်စား ရောင်စဉ်တွေ ဖြာဝေနေမှုကြီးနဲ့အတူ..🤩
ဈေးနှုန်းသင့်တင့်ပြီး အာမခံ တစ်နှစ် ပေးထားတာကြောင့် Gamer တိုင်းအတွက် ရွေးချယ်စရာ Gaming Headphone လေးပါပဲ..😎
“𝓟𝓻𝓸𝓭𝓾𝓬𝓽 𝓓𝓮𝓼𝓬𝓻𝓲𝓹𝓽𝓲𝓸𝓷”
🎧AULA Wired Gaming Headset (S605)
▶Wired Gaming Headset
▶Speaker Diameter: 50 mm
▶Frequency Range: 20 Hz-20 kHz
▶Speaker Sensitivity: 118 dB+/- 3dB
▶Microphone Sensitivity: -40 +/- 2dB
▶Input Impedance: 32+/- 15%Ω
▶Connection: 3.5 mm x 2 + USB
▶Cable Length: 2 M
▶Product Size: 185 x 98 x 216mm
💰Price: 32,000 Ks
တွင်ကျယ်လာနေတဲ့ 𝐔𝐒𝐁-𝐂 အကြောင်း တစေ့တစောင်း
************************
💢စမတ်ဖုန်း၊ တက်ဘလက်နဲ့ လက်တော့ပ်ကွန်ပျူတာ အသုံးပြုသူတွေအကြား USB-C အသံတွေ ဆူညံလာပါတယ်။ အရင်တုန်းကတော့ Type-C ဆိုပြီး လူသိများပါတယ်။ USB-C က အခုနောက်ပိုင်းမှာ တကယ်ကို တွင်ကျယ်လာပြီး စံနှုန်းတစ်ခု ဖြစ်လာပါပြီ။ EU ကတော့ ၂၀၂၄ ခုနှစ်ကစပြီး Device အားလုံးမှာ USB-C Charging Port တွေကိုပဲ အသုံးပြုဖို့ သတ်မှတ်လိုက်ပါတယ်။ ဒါက မလိုအပ်ဘဲ ကြိုးတွေ ခေါင်းတွေ ရှုပ်ပွမနေဖို့နဲ့ အီလက်ထရောနစ် အမှိုက်တွေ လျှော့ချနိုင်ဖို့အတွက် ရည်ရွယ်တာလို့ ဆိုပါတယ်။
💢USB-C က Apple ရဲ့ MacBook နဲ့ iPad တချို့မှာ ပါဝင်ခဲ့ပြီး အသစ်ထွက်လာမယ့် iPhone တွေမှာလည်း ပါဝင်လာမလား လူပြောသူပြော များနေပါတယ်။ ပါလာဖို့လည်း များပါတယ်။ လက်ရှိမှာ Android ဖုန်းတွေ အားလုံးလိုလိုကတော့ USB-C ဖြစ်နေကြပြီး ကနဦးကာလမှာတုန်းကဆိုရင် OnePlus 2 ဖုန်းမှာ Type-C စောစောစီးစီး ပါဝင်လာတာကို မှတ်မိနေပါသေးတယ်။
💢USB-C ရဲ့ All in One အသုံးဝင်မှုကြီးက တကယ့်ကို အံ့မခန်းပါပဲ။ အရင်လို ခေါင်းအမျိုးမျိုး၊ Port အမျိုးမျိုးနဲ့ ရှုပ်ယှက်ခတ်နေစရာ မလိုတော့ပါဘူး။ MacBook မှာ USB-C တစ်ပေါက်တည်း ပါဝင်လာတာကိုပဲ ကြည့်ပါတော့။ ဒေတာအကူးအပြောင်းအတွက်၊ အားသွင်းဖို့အတွက်၊ Display အတွက်၊ အသံအတွက်… စတာတွေ အားလုံးအတွက် USB-C က ထောက်ပံ့ပေးနိုင်ပါတယ်။ အနာဂတ်မှာတော့ Device တွေ ချိတ်ဆက်ဖို့အတွက်က USB-C to USB-C ကြိုးတစ်ချောင်းတည်းနဲ့တင် တော်တော်လေး အလုပ်ဖြစ်နိုင်ပါတယ်။ လက်ရှိမှာတော့ Type-C နဲ့ USB Hub တွေကို အသုံးများနေတာပေါ့။
💢USB-C က 24-pin connector ဖြစ်ပါတယ်။ တပ်ဆင်အသုံးပြုတဲ့အခါ ဟိုအရင် USB တွေလို အတည့် ပြောင်းပြန်ဖြစ်မှာတွေ ဂရုစိုက်စရာ မလိုဘဲ Apple ရဲ့ Lightning connector တွေလိုမျိုးပဲ မျက်စိမှိတ် တပ်ဆင်လိုက်လို့ ရပါတယ်။ USB-C ဆိုတာက သူ့ရဲ့ ခေါင်းပုံစံ Slot ပုံစံ Interface အရ သတ်မှတ်ချက်ဖြစ်ပြီး USB-C မှာလည်း 2.0, 3.0, 4.0 အုပ်စုအလိုက် Data Transfer Speed ကွာခြားမှုတွေ၊ Audio/ Video ရ မရ၊ Power Delivery ရ မရ စတဲ့ ကွာခြားမှုတွေ ရှိနေပါတယ်။ အခုနောက်ဆုံး USB 4 မှာ ဒေတာတွေကို ကူးပြောင်းတဲ့ မြန်နှုန်းက အမြင့်ဆုံးအနေနဲ့ တစ်စက္ကန့်ကို 40 Gigabits (40Gbps) အထိ ရရှိနိုင်ပြီး ထပ်လာမယ့် USB 4 Version 2 မှာတော့ 80 Gigabits (80Gbps) အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။
💢USB-C နဲ့ ရောထွေးသွားတတ်တာက Thunderbolt Port ပါ။ ဒီအတိုင်းကြည့်ရင်တော့ ပုံစံချင်း အတူတူပါပဲ။ ၂၀၁၅ တုန်းက ထွက်ခဲ့တဲ့ ၁၂ လက်မအရွယ် New MacBook မှာ ပါဝင်ခဲ့တာက USB-C (3.1) ဖြစ်ပြီး အခု နောက်ဆုံးပေါ် MacBook တွေမှာ ပါဝင်တာက Thunderbolt™ 4 ဖြစ်ပါတယ်။ Thunderbolt™ 4 က စွမ်းဆောင်ရည် ပိုမြင့်မားပြီး ဒေတာကူးပြောင်းနှုန်းမှာ 40Gbps အထိ ရနိုင်သလို Quick charging မှာ Up to 100W အထိ အလုပ်လုပ်ပါတယ်။ Thunderbolt™ 4 အပေါက်မှာ USB-C တွေလည်း အလုပ်လုပ်ပြီး USB-C 3.2 Cable နဲ့တွဲသုံးတဲ့အခါ USB 3.2 မြန်နှုန်းအတိုင်းပဲ ရရှိနိုင်မှာ ဖြစ်ပါတယ်။
💢နောက်ဆုံးတစ်ခု ပြောရရင်တော့ USB-C နဲ့ အားသွင်းနိုင်တဲ့ လက်တော့ပ်တွေက ခုလိုမျိုး မီးတွေပြတ်ချိန်မှာ အားသာချက်တစ်ခုဖြစ်ပြီး 65W Power Bank တွေနဲ့ အလွယ်တကူချိတ်ဆက်လို့ အားသွင်း အသုံးပြုနိုင်ပါတယ်။ Power Bank နဲ့ Laptop ကို USB-C to USB-C ကြိုးနဲ့ ချိတ်ဆက်လိုက်ရုံပါပဲ။👍
Laptop တွေ ကြာရှည်ခံအောင် ဘယ်လို အသုံးပြုရမလဲ❓
********************
ခုနေခါမှာ အစစအရာရာ ဈေးကြီးနေတော့ Laptop တွေလည်း အပါအဝင်ပါပဲ။🥹 အကုန်လုံးက အဖိုးတန်ကုန်ပြီး တယုတယ အသုံးပြုနေရတာပါ။ ဒီတော့ ရှိပြီးသားပဲဖြစ်ဖြစ်၊ အခုမှ အသစ်ဝယ်လာတာပဲဖြစ်ဖြစ် ကြာရှည်ခံအောင်၊ ရေရှည်အသုံးပြုနိုင်အောင် အစီအမံတွေ ပြုလုပ်လာရပါတော့တယ်။ ကဲ.. Laptop တွေအတွက်ကတော့…
1️⃣ Laptop ကို အားအပြည့်သွင်းပြီးရင် အားသွင်းကြိုးကို ဖြုတ်ပါ။ မသုံးတဲ့အချိန် ပါဝါပိတ်ထားပါ။
အားပြည့်ချိန်မှာ အားသွင်းကြိုးကို မဖြုတ်ဘဲ ဆက်သုံးတာက ဘက်ထရီကိုလည်း မြန်မြန်ကျစေပါတယ်။ ဒီလိုနဲ့ ဘက်ထရီ သိပ်မခံတော့တာမျိုးတွေ ကြုံတွေ့လာရပါမယ်။ ဒါ့အပြင် Laptop ကို မသုံးတဲ့အချိန်မှာ Sleep Mode ထားမယ့်အစား ပါဝါပိတ်ပြီး ထားတာက ပိုကောင်းပါတယ်။ ဒါမှ အပြည့်အဝ အနားယူတဲ့သဘောမျိုး ပိုဖြစ်ပြီး လန်းဆန်းနေပါလိမ့်မယ်။
2️⃣ ကီးဘုတ်၊ မျက်နှာပြင်နဲ့ ကွန်ပျူတာချိတ်ဆက်မှုတွေကို နှစ်လ တစ်ကြိမ် သန့်ရှင်းရေး လုပ်ပါ။
ကွန်ပျူတာဆိုတာ အသန့်ကြိုက်ပြီး ဖုန်တွေ၊ အရည်တွေဆိုတာ ရန်သူပါပဲ။ ရေငွေ့တွေနဲ့ဖုန်တွေပေါင်းပြီး စေးကပ်ကပ်ဖြစ်မှုက ပြဿနာအပေါင်းကို ယူဆောင်လာစေနိုင်တယ်။ ဒါကြောင့် ကီးဘုတ်တွေ မျက်နှာပြင်တွေနဲ့ အားသွင်းကြိုးတွေ၊ ကွန်ရက်ကြိုးတွေကို ပုံမှန် သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ အနူးညံ့ဆုံးနေရာက ဖုန်မှုန့်တွေကို ဖယ်ရှားဖို့ စုတ်တံသေးသေးလေးကို သုံးနိုင်ပါတယ်။
3️⃣ Laptop Cooling Pad ကို သုံးပါ။
ကွန်ပျူတာတွေက အအေးကြိုက်ပြီး အပူဆိုတာ သူတို့အတွက် ပြဿနာတစ်ခုပါပဲ။ စက်လည်ပတ်မှုတွေက အမြဲလိုလို အပူထွက်စေပြီး ကြာရှည်သုံးတဲ့အခါ ပိုပူလာပြီး စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ ဒါကြောင့် Laptop ကို တတ်နိုင်သလောက် အေးမြနေအောင် ထားပြီး Cooling Fan တွေ၊ Cooling Pad တွေ အသုံးပြုတာက ရေရှည်အကျိုးရှိဖို့အတွက် အထောက်အကူပြုပါတယ်။
4️⃣ သယ်ယူတဲ့အခါ ကောင်းမွန်တဲ့ ထုပ်ပိုးမှုနဲ့ လက်ဆွဲအိတ်ကို အသုံးပြုပါ။
Laptop သုံးတယ်ဆိုကတည်းက ဟိုသယ်ဒီသယ်ကတော့ ရှိလာမှာ အမှန်ပါပဲ။ ဒီလို သယ်ဆောင်တဲ့အခါ Laptop ထည့်တဲ့လက်ဆွဲအိတ်တို့၊ Laptop ကျောပိုးအိတ်တို့ အသုံးပြုသင့်ပါတယ်။ ဟိုဆောင့်ဒီဆောင့်ဒဏ်တွေခံရတဲ့ Laptop က မြန်မြန်ပျက်တတ်ပါတယ်။ အရင် ရိုးရိုးဟာ့ဒ်ဒစ်တွေဆိုလည်း ပိုပျက်လွယ်ပါတယ်။ မညီမညာ မျက်နှာပြင်တွေမှာ အသုံးပြုတာမျိုးကိုလည်း ရှောင်သင့်ပြီး ပြင်ညီမျက်နှာပြင်မှာပဲ Laptop ကို တင်သုံးသင့်ပါတယ်။
5️⃣ အစားအစာနဲ့ အရည်တွေကို သင့် Laptop နဲ့ ဝေးဝေး ထားပါ။
ဒါက အပေါ်မှာလည်း ပြောထားပြီးပါပြီ။ အရည်တွေ အမှုန်အမွှားတွေဆိုတာ ကွန်ပျူတာအတွက် ပြဿနာတွေပါပဲ။ စမတ်ဖုန်းတွေက ရေစိုခံရေစိမ်ခံတွေ ခေတ်စားလာပေမယ့် Laptop တွေကတော့ မရသေးပါဘူး။ ကော်ဖီတွေ အချိုရည်တွေ Laptop ပေါ် မှောက်ကျလို့ ပျက်တယ်ဆိုတာက မကြာခဏ ကြုံရတဲ့ ပြဿနာတစ်ခုပါပဲ။
6️⃣ ကောင်းမွန်တဲ့ Antivirus ကို အမြဲသုံးပါ။
ကွန်ပျူတာဗိုင်းရပ်စ်တွေက ကွန်ပျူတာတစ်လုံးကို မြန်မြန်ဇာတ်သိမ်းသွားစေနိုင်ပါတယ်။ Windows မှာ တပါတည်း ပါဝင်လာတဲ့ ဗိုင်းရပ်စ်ကာကွယ်ရေးစနစ်တွေက ကောင်းမွန်လာတယ်ဆိုပေမယ့် Antivirus တစ်ခုခုကို သီးခြားသုံးတာကလည်း ပို Safe ဖြစ်စေပါတယ်။
ဖြစ်နိုင်ရင် ဆော့ဖ်ဝဲ Update တွေ၊ Windows Update တွေကို ဂရုတစိုက်နဲ့ မှန်မှန်လေး Update လုပ်ပေးတာက လုံခြုံရေးကို ပိုကောင်းမွန်စေပါတယ်။
Times City က ဈေးရောင်းပွဲတော်ရဲ့ B2HD အရောင်းပြခန်းမှာ ရှိနေမယ်နော်..
**************************
💥လာမယ့် ဇူလိုင် ၂၈ ရက်ကနေ ဩဂုတ် ၁ ရက်အထိ Times City Complex မှာ ပြုလုပ်သွားမယ့် Electronic Fair 2023 ရဲ့ B2HD Computer, Gaming PC and High End Workstation အရောင်းပြခန်းမှာ Evolve Tech ကနေ တင်သွင်းဖြန့်ချိရောင်းချပေးနေတဲ့ Crome, Dragon Power, HP Gaming နဲ့ AULA Gaming Gadgets လေးတွေကို အထူးလျှော့ဈေးတွေနဲ့ ရောင်းချပေးသွားမယ် ဆိုတဲ့အကြောင်း သတင်းကောင်းပါး,ပါရစေ…😊😊
💥Crome Mouse နဲ့ Crome Headphone, Earphones တွေကို 40% လျှော့ဈေး၊ AULA Gaming နဲ့ HP Gaming Gadgets တွေကို 10% လျှော့ဈေး၊ Dragon Power DG-1200VA Li UPS ကို ပုံမှန်ဈေးနှုန်း ၂၄၂,၀၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ် လျှော့ပြီး ၂၂၇,၀၀၀ ကျပ်စတဲ့ လျှော့ဈေးတွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်...😍😍
𝐓𝐢𝐦𝐞 – 𝟏𝟎 𝐚𝐦 – 𝟔 𝐩𝐦
𝐃𝐚𝐭𝐞 – 𝟐𝟖𝐭𝐡 𝐉𝐮𝐥𝐲, 𝟐𝟎𝟐𝟑 𝐭𝐨 𝟏𝐬𝐭 𝐀𝐮𝐠𝐮𝐬𝐭, 𝟐𝟎𝟐𝟑
𝐏𝐥𝐚𝐜𝐞 – 𝐌𝐞𝐳𝐳𝐚𝐧𝐢𝐧𝐞 𝐅𝐥𝐨𝐨𝐫, 𝐋𝐞𝐯𝐞𝐥 𝟐, 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝟏, 𝐓𝐢𝐦𝐞𝐬 𝐌𝐚𝐥𝐥, 𝐌𝐨𝐛𝐢𝐥𝐞 𝐙𝐨𝐧𝐞 အပေါ်ထပ်, Times City Complex…
မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တာကြောင့် လာရောက်ဝယ်ယူဖို့ မမေ့နဲ့နော်…🤗🤗
🤍🤍🤍မိတ်ဟောင်းမိတ်သစ်များနဲ့ အရောင်းကိုယ်စားလှယ်အပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး ဘေးဘယာ ဝေးကွာ၍ ရောင်းအားများ စီးပွားဥစ္စာများလည်း တိုးပွားကြပါစေ…🙏🙏🙏
𝐄𝐯𝐨𝐥𝐯𝐞 𝐓𝐞𝐜𝐡 မိသားစု
AULA Wired & Wireless Gaming Mouse (SC520)
****************
✔️ဈေးကွက်ထဲ အသစ်ဝင်လာတဲ့ AULA Gaming Mouse (SC520) လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျ..🙏
✔️ကြိုးနဲ့ သုံးမလား၊ ကြိုးမဲ့သုံးမလား ကြိုက်နှစ်သက်ရာ အသုံးပြုနိုင်မယ့် Gaming Mouse လေးပါပဲ..
✔️Wired ဆိုရင်တော့ Mouse မှာ Type-C နဲ့ချိတ်ဆက်နိုင်ပြီး Wireless ဆိုရင်တော့ 2.4G စနစ်နဲ့ ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်..
✔️ကြိုးနဲ့ချိတ်ဆက်ထားချိန်မှာ Mouse ကို အားသွင်းပြီးသား ဖြစ်စေမှာပါ..
600mAh ဘက်ထရီပါဝင်ပြီး ၂ နာရီအားသွင်းရုံနဲ့ Backlight မီးဖွင့်ထားရင် နာရီ ၂၀၊ မီးပိတ်ထားရင် ၄၆ နာရီလောက် ကြိုးမဲ့ သုံးစွဲနိုင်တယ်လို့ ဆိုပါတယ်..
✔️Mouse ကို ဆုပ်ကိုင်တဲ့အခါ အဆင်ပြေပြေ သက်သောင့်သက်သာ ရှိလွန်းတဲ့ ဒီဇိုင်းမျိုးနဲ့ ပြုလုပ်ထားပြီး ခလုတ်တွေလည်း အစုံအလင်ပါဝင်တဲ့ အမိုက်စား Gaming Mouse ပါပဲ..😎
✔️AULA Gaming Mouse (SC520) အတွက် Warranty- 1 နှစ် ပါဝင်လို့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်..
“𝓟𝓻𝓸𝓭𝓾𝓬𝓽 𝓓𝓮𝓼𝓬𝓻𝓲𝓹𝓽𝓲𝓸𝓷”
AULA Gaming Mouse (SC520)
🖱2 in 1 Wired & 2.4G Wireless Pro Gaming Mouse
🖱Number of Key: 7 Keys
🖱Up to 10,000 dpi
🖱RGB Backlight
🖱Lithium Battery: 600 mAh
🖱Forward+Wheel: Adjust Backlight Mode
🖱Custom Macro Function
🖱Color: Black, White
Price: 67,000 Ks
AULA Wired Mechanical Gaming Keyboard (F3080)
*******************
⌨️Gamer တွေအတွက် နေရာယူမှုအပိုင်းမှာ ကျစ်ကျစ်လျစ်လျစ်ရှိပြီး အလေးချိန်ပိုင်းမှာတော့ စီးစီးပိုးပိုးရှိတဲ့ Gaming Keyboard အသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်..🙏🙏
⌨️Multifunction K**b အသုံးပြုပြီး Gaming Mode မှာ RGB Backlight တွေကို စိတ်ကြိုက် ချိန်ညှိဖို့၊ Office Mode မှာ အသံအတိုးအကျယ်နဲ့ လိုအပ်သလို အသုံးပြုနိုင်မှာပါ.. RGB မီးရောင်တွေကို အမျိုးမျိုး ပုံဖော်နိုင်သလို အလင်းအား အတိုးအလျော့ကိုလည်း စိတ်တိုင်းကျ ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်..🤩🤩
⌨️Keycaps တွေကို ကိုယ့်ဘာသာကိုယ် အလွယ်တကူ ဖြုတ်,တပ်လို့ရပြီး အမြဲတမ်းအသုံးပြုရတဲ့ ခလုတ်လေးတွေကို မြန်မြန်ဆန်ဆန် လဲလှယ်နိုင်ပါတယ်..😍😍
✅AULA Wired Mechanical Gaming Keyboard (F3080) အတွက် Warranty- 1 နှစ် ပါဝင်လို့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်..
“𝓟𝓻𝓸𝓭𝓾𝓬𝓽 𝓓𝓮𝓼𝓬𝓻𝓲𝓹𝓽𝓲𝓸𝓷”
🎯AULA Wired Mechanical Gaming Keyboard (F3080)
⚙️Wired Mechanical Gaming Keyboard
⚙️Number of Keys: 97 Keys
⚙️Total Key Stroke: 4.0 mm
⚙️RGB Backlight
⚙️Multifunction K**b
⚙️Color: Black, White
Price: 162,000 Ks
Gamers တွေအတွက် ကျပ် ၆၀,၀၀၀ အထိ လျှော့ဈေးတွေနဲ့ AULA Gaming Promotion
******************
မင်္ဂလာပါခင်ဗျ..
Chinese New Year Promotion မှာ Gamers တွေအတွက်လည်း AULA Gaming Products တွေကို Discount ပေးထားပါတယ်နော်..😊
အများဆုံး ကျပ် ၆၀,၀၀၀ အထိ Discount ပေးထားတဲ့ ခုပရိုမိုးရှင်းမှာ ဘာတွေပါမလဲ ကြည့်လိုက်ရအောင်..🤩
⏳ဇန်နဝါရီ ၁၅ ရက်ကနေ ဇန်နဝါရီ ၃၁ ရက်အထိ⌛️ အမြို့မြို့အနယ်နယ်က အရောင်းဆိုင်အသီးသီးမှာ ပြုလုပ်ပေးသွားမှာဖြစ်လို့ အသိပေးလိုက်ရပါတယ်ခင်ဗျာ..🙏
☑️AULA Gaming Products တွေအတွက် Warranty ၁ နှစ် ပါဝင်လို့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်..
🎮AULA Wired Membrane Keyboard and Mouse Combo (T201)
Normal Price: 58,000 Ks
✨Discount: 4,000 Ks
🎮AULA Wired Gaming Combo- Mechanical Keyboard+Mouse (T640)
Normal Price: 84,000 Ks
✨Discount: 4,000 Ks
🎮AULA Gaming Keyboard (F2058)
Normal Price: 88,000 Ks
✨Discount: 8,000 Ks
🎮AULA Gaming Keyboard (F2067)
Normal Price: 76,000 Ks
✨Discount: 8,000 Ks
🎮AULA Wired Mechanical Gaming Keyboard (F3018)
Normal Price: 95,000 Ks
✨Discount: 8,000 Ks
🎮AULA Bluetooth-Wired Mechanical Gaming Keyboard (F3068) Black
Normal Price: 155,000 Ks
✨Discount: 8,000 Ks
🎮AULA Bluetooth-Wired Mechanical Gaming Keyboard (F3068) White
Normal Price: 162,000 Ks
✨Discount: 8,000 Ks
🎮AULA Gaming Mouse (F820)
Normal Price: 40,000 Ks
✨Discount: 2,500 Ks
🎮AULA Wired Optical Mouse (S50)
Normal Price: 23,000 Ks
✨Discount: 2,500 Ks
🎮AULA Gaming Mouse (H512)
Normal Price: 67,000 Ks
✨Discount: 2,500 Ks
🎮AULA Gaming Mouse (H510)
Normal Price: 73,000 Ks
✨Discount: 2,500 Ks
🎮AULA Gaming Mouse (F808)
Normal Price: 36,000 Ks
✨Discount: 2,500 Ks
🎮AULA Gaming Mouse (F805)
Normal Price: 25,000 Ks
✨Discount: 2,500 Ks
🎮AULA Virtual 7.1 Wired Gaming Headset (S600)
Normal Price: 85,000 Ks
✨Discount: 5,000 Ks
🎮AULA Wired Gaming Headset (S603)
Normal Price: 44,000 Ks
✨Discount: 5,000 Ks
🎮AULA Wired Gaming Microphone T1
Normal Price: 140,000 Ks
✨Discount: 5,000 Ks
🎮AULA Gaming Chair (F1007)
Normal Price: 423,000 Ks
✨Discount: 40,000 Ks
🎮AULA Gaming Chair (F8041)
Normal Price: 590,000 Ks
✨Discount: 60,000 Ks
2️⃣0️⃣2️⃣3️⃣ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ..🙏🙏🙏
🌕တန်ဆောင်တိုင်အခါသမယမှာ မိတ်ဟောင်း မိတ်သစ်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ၍ ဘေးဘယာများလည်း ကင်းဝေးကြပါစေ🙏🙏
AULA PC Gaming Casing များ
***************
💠Gaming PC ဆင်မယ့်သူတွေအတွက် အမိုက်စား AULA PC Gaming Casing နဲ့ မိတ်ဆက်ပေးချင်ပါတယ်..🤷
💠Built-in အနေနဲ့ RGB Fan က အရှေ့မှာ ၃ လုံး၊ ဘေးမှာ တစ်လုံးပါဝင်ပြီး မီးရောင်အဖွင့်အပိတ် အပြောင်းအလဲတွေကိုလည်း Remote နဲ့ စိတ်ကြိုက် ထိန်းချုပ်နိုင်ပါတယ်..
💠လေဝင်လေထွက် အထူးကောင်းမွန်လို့ မြင့်တက်လာမယ့်အပူချိန်တွေကို အမြဲ လျှော့ချပေးနေပါလိမ့်မယ်..
💠ဘေးဘက်တစ်ခြမ်းမှာ ထွင်းဖောက်မြင်နိုင်ပြီး အထူးအကြမ်းခံတဲ့ Tempered Glass ကို အသုံးပြုပေးထားလို့ အထာကျ မိမိုက်နေမှာပါ..😎
💠ဒီဇိုင်းလှပသလို အရည်အသွေးကောင်းမွန်ပြီး ကြာရှည်အသုံးခံမယ့် AULA Gaming Casing ပါပဲ..👍
𝓟𝓻𝓸𝓭𝓾𝓬𝓽 𝓓𝓮𝓼𝓬𝓻𝓲𝓹𝓽𝓲𝓸𝓷
AULA PC Gaming Casing (FZ001)
⚙️330 x 200 x 445mm
⚙️USB 3.0 + USB 2.0 x 2 + HD Audio
⚙️One side tempered glass
⚙️4 x RGB Fan
Price: 150,000 Ks
AULA PC Gaming Casing (FZ002)
⚙️330 x 200 x 445mm
⚙️USB 3.0 + USB 2.0 x 2 + HD Audio
⚙️One side tempered glass
⚙️4 x RGB Fan
Price: 146,000 Ks
AULA Wired Membrance Keyboard (F3061)
********************
➡️အသစ်ရောက်လာတဲ့ AULA Wired Membrance Keyboard (F3061) လေးနဲ့ မိတ်ဆက်ပေးပါရစေ..🤗
➡️ပေါ့ပါးကျစ်လျစ်ပြီး Gaming အတွက်ပဲ သုံးသုံး၊ ရုံးသုံးအတွက်ပဲ ဖြစ်ဖြစ် အဆင်ပြေစေမယ့် Keyboard လေးပါနော်..
➡️RGB Backlight ကို စိတ်ကြိုက် ပြောင်းလဲနိုင်လို့ မငြီးငွေ့စေရဘူး..
➡️စမတ်ဖုန်း Stand အနေနဲ့ အသုံးပြုနိုင်မယ့် ချိုင့်နေရာလေးလည်း ပါဝင်ပါသေးတယ်..👍
✅AULA Wired Membrance Keyboard (F3061) အတွက် Warranty- 1 နှစ် ပါဝင်လို့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်..
“𝓟𝓻𝓸𝓭𝓾𝓬𝓽 𝓓𝓮𝓼𝓬𝓻𝓲𝓹𝓽𝓲𝓸𝓷”
AULA Wired Membrance Keyboard (F3061)
⌨️Wired Membrance Keyboard
⌨️61 Keys
⌨️3 Multimedia Keys
⌨️Adjustable RGB Backlight
⌨️Mobile Phone Groove Design
Price: 40,000 Ks
===============================
လက်လီလက်ကားဈေးနှုန်းတွေနဲ့ အသေးစိတ်သိချင်ရင်တော့ လိပ်စာက --
''အမှတ် (65) ၊ ဒုတိယထပ် ၊ ရေကျော်လမ်း ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်''
☎ ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေကတော့ 09-448022288, 09-972888190, 09-441111955, 09-441111966 တို့ပဲ ဖြစ်ပါတယ်..
AULA E-Sports Gaming Headset (S600)
************
တကယ့်ကို အမိုက်စား Gaming Headset ဝယ်ဖို့ လိုက်ရှာနေတယ်ဆိုရင်တော့ AULA E-Sports Gaming Headset (S600) က ထည့်သွင်းစဉ်းစားသင့်တဲ့ Gaming Headset တစ်ခုပါပဲ.. Virtual 7.1 အသံစနစ်က ထူးခြားကောင်းမွန်တဲ့ အသံတွေကို ကြားရစေမှာဖြစ်ပြီး အရင်က မကြုံဖူးတဲ့ ကမ္ဘာသစ်တစ်ခုကို ခေါ်ဆောင်သွားပါလိမ့်မယ်..😊
ဂိမ်းကစားဖို့အတွက်သာမက ရုပ်ရှင်ကြည့်ဖို့နဲ့ သီချင်းနားထောင်တဲ့အခါ အသုံးပြုနိုင်ပြီး စပီကာနဲ့နားထောင်ချိန်မှာ သေချာမကြားရတဲ့အသံတွေကိုတောင် ရှင်းရှင်းလင်းလင်း ကြားရစေပါတယ်.. Ear cup ကလည်း သက်သောင့်သက်သာရှိစေပြီး RGB နောက်ခံမီးတွေနဲ့ အထာကျစေဦးမှာပါ..😎
✅AULA Gaming Headset (S600) အတွက် Warranty- 1 နှစ် ပါဝင်လို့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်..
🎧Product Description🎧
AULA E-Sports Gaming Headset (S600)
Virtual 7.1 E-Sports Gaming Headset
RGB illumination for ear cup
Frequency response: 20Hz~ 20kHz
Output impedance: 2200
Sensitivity: 110 3dB
Connection: USB
Cable length: 2.1 m
Price: 61,000 Ks
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11171
Opening Hours
Monday | 09:00 - 17:00 |
Tuesday | 09:00 - 17:00 |
Wednesday | 09:00 - 17:00 |
Thursday | 09:00 - 17:00 |
Friday | 09:00 - 17:00 |
Saturday | 09:00 - 17:00 |
No (124) , Seikkantha Street (Lower Block) , Kyauktada Township
Yangon, 11182
Second Hand Laptop Showroom Center
No222 35st Street Upper Block KyaukTaDa Township
Yangon
Laptop မျိုးစုံအား ပစ္စည်းမှန်စျေးမှန် အာမခံနှင့်ဖြန့်ချီရောင်းချပေးနေပါသည်။ 09254010457
Yangon Tharkayta Htuparyone 16 Upper Street
Yangon, 0011
Computer Error များကိုအခမဲ့ဆွေးနွေးနိုင်ပါသ?
No-372 , Banyadala Street , Ward (7) , Shwepyitar
Yangon, 11071
Computer Sale & Service
No. (6/8) ဗျိူင်းရေအိုးစင်လမ်း တာမွေမြို့နယ်
Yangon, 11211
iPhone / iPad / tablet / MacBook / Apple Watch များအား လူကြီးမင်း
No. 628, Byamaso Street, 55 Ward, South Dagon
Yangon
We Always respect the trust of the customer
အနောက်ဗဟိုလမ်း
Yangon, 11201
iPhone / iPad / tablet / MacBook / Apple Watch များအား လူကြီးမင်း?
No(98)Mandalay Street , Mingalar Taung Nyunt
Yangon
Gaming Desktop & IT Complex