SyNc

SyNc

You may also like

IntelTech
IntelTech

Computer Sale & Service

Photos from SyNc's post 03/08/2023

📱IPhone 14 PRO MAX
256GB
ZPA Esim
BATTERY HEALTH -98%
Deep Puple

Price - 3,700,000MMK
ဘူး ပစ္စည်း စုံ

Apple Official Warranty -4 months ကျန်

⌚️Apple Watch Ultra

Blue/ Gray Trail Loop

Price - 2,400,000MMK

ဘူးပစ္စည်းစုံ

Apple Official Warranty -11 months ကျန်

📱IPhone 12 Pro
128GB
LL/A Esim
BATTERY HEALTH - 85%
Pacific Blue
Original All Fine

Price - 1,650,000MMK

Contact Number - 09979799993

25/12/2022

အလန်းဟ!

05/12/2022

Bloody True!!!

24/06/2022

❗Artificial Intelligence လေးမျိုးအကြောင်း

AI ဆိုတာ ကျွန်တော်တို့ရဲ့ဘဝထဲကိုထဲထဲဝင်ဝင်ပတ်သက်နေကြပါပြီ။ ကျွန်တော်တို့ သတိမထားမိတောင်မှ နေ့စဉ်ဘဝထဲမှာလက်တစ်ကမ်းအလိုမှာရှိပါတယ်။ အနာဂတ်မှာလည်း ဒီထက်ပိုပြီးအရေးကြီးလာဦးမှာပါ။

AI ဆိုတာဘာလဲ?
Artificial Intelligence ကို များသောအားဖြင့်လူရဲ့စိတ်နဲ့နှိုင်းယှဉ်ကြပြီး လူ့ဦးနှောက်ရဲ့အလုပ်လုပ်ပုံကို လိုက်တုနိုင်တာဖြစ်ပါတယ်။ သူက လူတစ်ယောက်ရဲ့ အကူအညီ Programmer တစ်ယောက်ရဲ့ Input မလိုပဲ သူ့ဘာသာသူသင်ယူနိုင်တာ, အမှတ်တရတွေကိုမှတ်သားနိုင်တာ, ရလဒ်ကိုခန့်မှန်းနိုင်တာ အစရှိသည်တို့ကိုလုပ်ဆောင်နိုင်ပါတယ်။

- Reactive Machine
Reactive Machine ကတော့ AI အမျိုးအစား တွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ သူ့ကိုသင်ပေးလို့မရသလို data တွေကိုလည်းပြန်ပြီး Recall မလုပ်နိုင်ပါဘူး။ သူ့တိုအတွက် ပေးထားတဲ့အလုပ်တစ်မျိုးကလွဲရင်အဲ့တာထက်ပိုတဲ့အလုပ်တွေကိုမလုပ်နိုင်ပါဘူး။ Reactive AI တွေက အပြင် Interact မလုပ်နိုင်ပါဘူး။ တူညီတဲ့အလုပ်တစ်ခုထဲကိုပဲလုပ်နိုင်ပါတယ်။သူတို့အတွက်ချမှတ်ထားတဲ့ ဘောင်ထဲမှာပဲအလုပ်လုပ်နိုင်တဲ့အတွက် Reactive Machine တွေကိုဘောင်အပြင်ကျော်ပြီးလှည့်စားလို့ရပါတယ်။ Facebook က Watch List မှာ ပြတဲ့ Video တွေ YouTube မှာတက်လာတဲ့ Video recommendation တွေ သူတို့ရဲ့နောက်ကွယ်မှာ Reactive Machine တွေသုံးကြပါတယ်။။ Reactive AI ရဲ့ ဥပမာတွေကတော့ Spam Filters, Netflix recommendation Engine, Chess Playing Supercomputer တို့ပဲဖြစ်ပါတယ်။

-Limited Memory
သူကတော့ Reactive Memory ထက်အဆင်မြင်တဲ့ AI ပါ။ သူ့မှာအတိတ်က Data တွေကိုပြန်လည်သုံးသပ်နိုင်တဲ့အစွမ်းပါဝင်လာပါပြီ။ Limited Memory AI က အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ Data တွေကိုပြန်လည်အသုံးချပြီး လက်ရှိအခက်အခဲကို ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပြန်သုံးနိုင်ပါတယ်။ အလိုအလျောက် မောင်းနိုင်တဲ့ကားတွေကလည်း ဒီ AI အမျိုးအစားရဲ့ ဥပမာ ပါပဲ။ တိုက်မိနိုင်တဲ့အရာတွေ အကွာအဝေး အစရှိတဲ့ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ Data တွေအပေါ်ကိုအခြေခံပြီး လက်ရှိအဖြစ်အပျက်မှာပြန်လည်အသုံးချနိုင်ပါတယ်။ Limited Memory AI တွေက Data ပမာဏအများကြီးကို တစ်ချိန်တည်းမှာသုံးသပ်နိုင်ပြီး ဆုံးဖြတ်ချနိုင်ပါတယ်။ ဒီ AI အမျိုးအစား ကို Limited Memory လို့ဘာလို့ခေါ်တာလဲဆိုတော့ အတိတ်က Data တွေကို အမြဲတမ်းမသိမ်းထားလို့ပါ။ ဒီ Data တွေကိုအသုံးချတဲ့အချိန်ပဲသုံးပြီး မလိုတော့ရင်ဖျက်ပစ်လိုက်တာပါ။

-Theory of mind
ဒီ AI အမျိုးအစားကတော့ Si-Fi တွေနဲ့ခပ်ဆင်ဆင်ပါပဲ။ ဒီ AI က Reactive Machine နဲ့ Limited Memory သူတို့နှစ်ခုလုံးရဲ့စွမ်းဆောင်ရည်တွေကိုလုပ်နိုင်ပါတယ်။ ဒါပေမဲ့သူတို့က ရုပ်ထွေးတဲ့ နားလည်မှုဖြစ်တဲ့ အရာအဝတ္ထုတွေသက်ရှိတွေကိုပါနားလည်နိုင်ပါတယ်။ စိတ်လိုပါပဲ။
ဒီ AI က တခြားသက်ရှိတွေမှာ စိတ်ရှိတာကိုနားလည်သွားရင် စိတ်ကဖြစ်လာတဲ့အတွေးတွေနဲ့ စိတ်ခံစားချက်တွေကိုပါနားလည်နိုင်ပါတယ်။ လူတွေလိုတော့နားလည်းနိုင်တဲ့အဆင့်မရောက်သေးပါဘူး။ ဒါပေမဲ့သူတို့ရဲ့အပြုအမှုတွေကတော့ ဒီအတွေးတွေကြောင့် သက်ရောက်နိုင်ပါတယ်။ ဒီ AI ကတော့ တစ်ကယ်လို့ဆိုတဲ့မေးခွန်းမျိုးကိုထုတ်နိုင်သလို မတူညီတဲ့အခြေအနေပေါ်လိုက်ပြီးတုံပြန်နိုင်ပါတယ်။

-Self Aware
ဒီ AI ကတော့ နောက်ဆုံး Level ဖြစ်ပြီး အကြမ်းဆုံးပါပဲ။ AI တွေထဲမှာမှ အရင့်ကျက်ဆုံး AI လို့ပြောလို့ရပါတယ်။ Science Fiction ထဲက AI တွေက ဒီ AI လို့ပြောလို့ရပါတယ်။ အသိစိတ်လို့ပြောလို့ရသလို သူရဲ့ တည်ရှိမှုကိုပါပြန်သိနေတဲ့ AI မျိုးပါ။ အတိတ်က ဖြစ်ရပ်တွေနဲ့ အနာဂတ်ကိုမှန်းနိုင်သလို တခြားအသိစိတ်ရှိတဲ့ အရာတွေကိုလည်း သိနေပါတယ်။ ဒီ AI မျိုးကတဖြေးဖြေးသင်ယူလေ့လာနိုင်ပြီး ကိုယ်ပိုင်အသိညဏ်တစ်ခုကို ဖန်တီးနိုင်စွမ်းလည်းရှိပါတယ်။ ဒီ AI တွေကိုတော့ အလွန်ရှုပ်ထွေးလွန်းတဲ့ Programming Logic တွေနဲ့ဖွဲ့စည်းထားပြီး ကိုယ်ပိုင် Logic ကို အဆင်မြင့်တင်နိုင်စွမ်းအားလည်းရှိပါတယ်။ ဒီ Self aware AI ရဲ့ ဥပမာကတော့ လောလောလတ်လတ်ဖြစ်သွားတဲ့ Google AI LaMDA ပါပဲ။


မူရင်: Akhayar tech

23/06/2022

Computer မှာ Virus ရှိနေပြီဆိုတာကို CMD နေအလွယ်လေးစစ်နည်း
Runbox ကိုဖွင့် .. cmd လို့ရိုက်ထည့်ပြီး Enter ခေါက်
Box အမဲလေးတစ်ခုပွင့်လာမယ်....
4cd\ ... လို့ရိုက်ထည့်ပြိး Enter ခေါက်
Setup ... လို့ရိုက်ထည့်ပြီး Enter ခေါက်
It is not recognized ဆိုတာနဲ့စပြီးပြလာရင် .. ဗိုင်းရပ်စ်ရှိနေပြီ ..
Please Go To The Install ဆိုပြီးပြလာရင် .. Virus မရှိဘူး ...
အဲ့ဒါအလွယ်ဆုံးနည်းလေးပဲ ...

Credit.

03/06/2022

ကျနော့်အဖိုးပါ ...

တိုက်တန်းနစ် ပေါ်မတက်ကြနဲ့လို့
သူအကြိမ်ကြိမ်အော်ပြောခဲ့တယ် ...

ငါသိ‌နေတယ် ...
အဲ့ဒီသင်္ဘောက သေချာပေါက်နစ်မှာလို့လည်း
ခဏခဏအော်ပြောတယ် ...

ဒါပေမယ့် လူတွေက ဂရုမစိုက်ကြပါဘူး ...
သင်္ဘောပေါ်ကို ပျော်ပျော်ပါးပါးတက်နေကြတယ် ...
အဖိုးကလည်း အဆက်မပြတ်အော်အော်ပြီးပြောနေတယ် ...

အဲ့ဒီလိုနဲ့ ကျနော်တို့ မြေးအဖိုးနှစ်ယောက်
ရုပ်ရှင်ရုံထဲက နှင်ထုတ်တာ ခံခဲ့ရဖူးပါတယ် ...

14/05/2022

💎💎💎💎💎💎💎💎💎💎
;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;
🙏 ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏
;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;
💎💎💎💎💎💎💎💎💎💎

#ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ

🌞မှတ်ရန်ကဆုန်လပြည့်နေ့🌞

🔸 ကဆုန်လပြည့် (၅)နေ့ 🔸

(၁) ဗျာဒိတ်ခံယူသည့်နေ့
လေး အသင်္ချေကမ္ဘာတစ်သိန်း
အစ ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့
မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့
မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့
မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။
(ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့
မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့်
(အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

#ကဆုန်လပြည့်
#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
💫💫💫💫💫💫💫💫💫💫💫💫💫
၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့နေ့ထူးနေ့မြတ်
ကြီးဖြစ်ပါသည်။ ကဆုန်လပြည့်နေ့
၏ ထူးခြားချက်မှာ (ဗျာဒိတ်, ဖွားမြင်,
ဗောဓိပင်, စံဝင်နိဗ္ဗာန်နန်း) ဆိုသည်နှင့်
အညီ သုံးလောကထွတ်ထား သဗ္ဗညု
မြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတိုက်
ဆိုင်နေပါသည်၊ဤကဲ့သို့ ထူးခြား
ချက်လေးမျိုးနှင့်ပြည့်စုံသောကြောင့်
​ဤ နေ့ကို ` #ကဆုန်လပြည့်ဗုဒ္ဓနေ့´
ဟု အမွှန်းတင်ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန် လပြည့်နေ့တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်
မူသောကြောင့် ဤနေ့ ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့´အ
ဖြစ် ဗုဒ္ဓဘာသာဝင်တို့၏စိတ်အစဉ်
တွင် စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်
မူခြင်းများကို အကြောင်းပြု၍ ကဆုန်
လပြည့်နေ့ကို `ဝိဆခ်ဒေး´ဟု ခေါ်ဆိုကြ
ပါသည်။ ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရား
ဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု
၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေ
တီထိုက်သော ဗောဓိပင်ကို ရေသွန်း
လောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည် သဗ္ဗုညုတ
ဉာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်
မူရာဌာနဖြစ်ခြင်းဖွားဖက်တော် ၇ ပါး
တွင် စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်ထူး
ခြားသောသစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့် တိုက်ရိုက်
ဆက်စပ်၍ဗောဓိပင်၌ ရေသွန်းလောင်း
ခြင်းအစဉ်အလာကိုခေတ်အဆက်ဆက်
ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များ
အနက် ကဆုန်လ၌ ညောင်ရေသွန်းပွဲ
တော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အ
လာ သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်
၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊ အပါယ်ဘေးမှ
လွတ်ကင်းရခြင်းအကျိုးများကို ခံစား
ရကြောင်း (ထေရာပဒါန်) ကျမ်းဂန်၌
ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်
၏ ဗောဓိပင်ကို နံ့သာရေဖြင့် သွန်း
လောင်းသောကုသိုလ်ကြောင့် နတ်
ပြည်၌ဖြစ်ရခြင်း၊အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း စသောအကျိုး
များကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများ
ကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်သူ
တော်စင်များအနေဖြင့် နှစ်စဉ်နှစ်စဉ်
ကဆုန်လပြည့်နေ့ရောက်တိုင်း ဗုဒ္ဓရုပ်
ပွား ဥဒ္ဒိဿစေတီတော်များကို အနေ
ကဇာတင် ဗုဒ္ဓအဘိသေက မင်္ဂလာသ
ဘင် ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူး
ကို ဆည်းပူးလေ့ရှိကြပါသည်။ကျောင်း
ကန်ဘုရားသို့သွား၍ ဒါန သီလ ဘာဝ
နာ အမှုကို ပြုလုပ်၍ ကဆုန်လပြည့်
ဗုဒ္ဓနေ့ကို အမှတ်တရ ဆင်နွှဲကြပါသည်။

#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ] ပြန်လည်
ထုတ်နှုတ်မျှဝေ ပူဇော်ပါသည်။

မူရင်းရေးသားပူဇော်သောဆရာတော်အား
~~~~~~~~~~~~~~~~~~~~~~~~~
တပည့်တော်ဦးတင်ပါ၏ဘုရား
~~~~~~~~~~~~~~~~~~
credit
SyNC

Photos from SyNc's post 10/05/2022

Apple Smart watch series 2 လေးရောင်းချင်ပါတယ် ခင်ဗျာ 200,000 MMK ပါခင်ဗျ

ဆက်သွယ်ရန်
📞Phone : 09970906431, 09751753906
Telegram : https://t.me/sync4tech

Mobile & Computer နဲ့ပတ်သက်တဲ့ knowledge များလည်း မျှဝေပေးသွားမှာမို့ Like and Share လေးလည်းလုပ် ပေးကြပါအုန်းခင်ဗျ

08/05/2022

Laptop battery ဆိုတာဘာလဲ ???🤓
==========
Laptop ဝယ်တဲ့အခါမှာ Customer အများစုမေးလေ့ရှိတာက အားဘယ်လောက်ခံလဲ ဆိုတာပါပဲ။ အဲ့ဒါကိုသိချင်တယ်ဆိုရင်တော့ သည် Post ကိုအဆုံးထိဖတ်ပေးဖို့လိုပါလိမ့်မယ်။
Laptop battery တွေမှာ ကျွန်တော်တို့ အများစု 3 cell battery ၊ 4 cell battery စသဖြင့်တွေ့ဖူးကြပါတယ်။ တခါတစ်လေမှာဆိုရင် laptop ထုတ်လုပ်သူများ အပေါ်မှာ မူတည်ပြီးတော့ 6 cell, 9 cell နဲ့ 12 cell အထိတောင် ရှိကြပါတယ်။
ဒီလိုဆိုရင် cell ဆိုတာဘာတွေလည်း? ။ cell တစ်လုံးကို သာမန် AA ဓါတ်ခဲ တစ်လုံးလို့ မြင်ကြည့်နိုင်ပါတယ်။
အဲ့ဒီတော့ 3 cell laptop battery တစ်လုံးမှာဆိုရင် ဓါတ်ခဲ ၃ လုံးကို ပေါင်းပြီးထည့်ထားတယ်လို့ သိနိုင်ပါတယ်။ 4 cell battery တွေ၊ 6 cell battery တွေလည်း ထိုနည်းအတိုင်းပါပဲ။
ကွန်ပျူတာကို ခိုင်းထားတဲ့ အလုပ်တွေက အတူတူပဲဆိုရင်တော့ 4 cell battery က 3 cell battery ထက်ပိုပြီးတော့ အချိန်ပိုပိုအသုံးခံနိုင်ပါတယ်။
WATT HOURS (WHR), MILLIWATT HOUR (MWH) နဲ့ MILLIAMP-HOUR (MAH)
-----------
Watt Hour (wHr), milliwatt hour (mWh) နဲ့ milliamp-hour (mAH) တွေဆိုတာကတော့ ပါဝါအသုံးပြုမှုတွေကို တိုင်းတာတဲ့ ယူနစ်တွေဖြစ်ပါတယ်။ Laptop battery တွေမှာဆိုရင်တော့ battery ရဲ့ စွမ်းဆောင်ရည် (capacity) ကိုတိုင်းတာတဲ့ ယူနစ်ဖြစ်ပါတယ်။ Battery တစ်လုံးမှာ စွမ်းအင်ဘယ်လောက် သိမ်းဆည်းထားနိုင်သလဲ၊ ပြီးတော့ ဘယ်လောက် ပြန်ထုတ်ပေးနိုင်သလဲဆိုတာကို ဖော်ပြတာဖြစ်ပါတယ်။ သတိပြုရမှာတစ်ခုကတော့ ဒီ wHr/mWh/mAH တွေဟာ cell တစ်ခုခြင်းစီ မဟုတ်ပဲ battery တစ်ခုလုံးအတွက်ဖြစ်တယ်ဆိုတာကိုပါ။
ဥပမာ အနေနဲ့ rating 42 wHr ရှိတဲ့ laptop battery တစ်လုံးဟာဆိုရင် တစ်နာရီအတွင်း မှာစွမ်းအင် အများဆုံး 42 watt ကိုထုတ်ပေးနိုင်ပါတယ်။ ပြီးတော့ သူ့မှာ အများဆုံးသိုလှောင်နိုင်တဲ့ ပမာဏကလည်း 42 watt ပဲဖြစ်ပါတယ်။
Laptop battery တွေရဲ့ specs တွေမှာ wHr, mWh နဲ့ mAH စတဲ့ ယူနစ်တွေထဲက တစ်ခုမဟုတ်တစ်ခု နဲ့လာတတ်ပါတယ်။ အဲ့ဒီကောင်တွေကို တစ်ခုနဲ့ တစ်ခုပြောင်းလဲနည်းကို ဖော်ပြပေးလိုက်ပါတယ်။
wHr ကနေ mAH ကိုသွားချင်ရင်တော့ wHr ကို 1000 နဲ့မြှောက်ပြီးတော့ battery ရဲ့ voltage နဲ့စားပါ။
mAH ကနေ wHR ကိုသွားချင်ရင်တော့ mAH ကို voltage နဲ့မြှောက်ပြီးတော့ 1000 နဲ့စားပါ။
နောက်ဆုံး mWH ကနေ wHR ကိုသွားမယ်ဆိုရင်တော့ wHR ကို 1000 နဲ့မြှောက်ရင်ရပါတယ်။ မိမိဘယ်လို အသုံးပြုသလဲဆိုတဲ့ အပေါ်မူတည်ပြီးတော့ ကုန်ဆုံးနိုင်တဲ့ power ပမာဏတွေဟာ မတူညီနိုင်ပါဘူး။ သာမန် web browser လေးသုံးလို့ ကုန်ဆုံးတဲ့ power ဟာ game ကစားလို့ကုန်တဲ့ power မတူညီနိုင်ပါဘူး။
60Wနဲ့အထက်: game အကြီးကြီးတွေ ကစားခြင်း
40-60W: game အသေးလေးများကစားခြင်း
30-40W: Video သို့မဟုတ် photo editing လုပ်ခြင်း
20-30W: online ကနေ high definition (HD) video တွေကြည့်ခြင်း
15-20W: application များစွာဖွင့်ထားခြင်း၊ offline နဲ့ပဲ high definition (HD) video တွေကြည့်ခြင်း
10-15W: သာမန်အသုံးပြုမှုများ
8-10W: ဘာမှမလုပ်ပဲ screen ကိုဖွင့်ထားခြင်း
စသည်ဖြင့် ခန့်မှန်းချေ ကုန်နိုင်ပါတယ်။ ခန့်မှန်းချေသာဖြစ်ပါတယ်။
laptop battery တွေဘယ်လောက်ကြာကြာအသုံးခံနိုင်မှာလည်း?
--------
ပုံမှန်အားဖြင့် ၂ နှစ်ကနေ ၅နှစ်လောက်ထိ ခံတတ်ကြပါတယ်။ သင့်ရဲ့ အသုံးပြုမှုအပေါ်တွေမှာလည်း မူတည်ပါသေးတယ်။ Battery life အနေနဲ့ ပြောရရင်တော့ ပုံမှန် battery တွေမှာဆိုရင် တော့ ၈ နာရီလောက်ခံတတ်ကြပါတယ်။ ဒါကလည်း laptop အမျိုးအစားပေါ်မှာမူတည်ပါသေးတယ်။ Gaming laptop တွေမှာတော့ battery က အားမသွင်းပဲ အချိန်ကြာကြာ သုံးလိုမရတတ်ပါဘူး။
သင့် laptop battery ကိုအားတစ်ခါသွင့်ပြီးတော့ အချိန်ပိုကြာကြာသုံးလို့ရနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးလိုက်ပါတယ်။ Brightness တွေကို လိုသလောက်ပဲတင်ပါ။ Power saver ကိုအသုံးပြုပါ။ WiFi အသုံးမပြုနေဘူးဆိုရင် airplane mode ကိုဖွင့်ထားပါ။ တစ်ခါတစ်လေမှာ အားပြည့်သွားရင် ဆက်မသွင်းပဲ ဖြုတ်သုံးတာတွေ ပြုလုပ်ပေးပါ။
နောက်ဆုံးအနေနဲ့ အပေါ်မှာရေးသွားတဲ့ power အသုံးချမှု အချက်အလက်တွေဟာ လုံးဝအတိအကျကြီးမဟုတ်ပါဘူးဆိုတာကို သတိပြုပေးပါ။ ခန့်မှန်းတန်ဖိုးတွေသာဖြစ်ပါတယ်။ ရေးတာကျန်သွားရင်လည်း comment ပေးပေးပါ။ စာလုံးပေါင်းအမှားတွေ typo တွေပါသွားရင် သည်းခံပေးပါ။ ကျေးဇူးတင်ပါတယ်။
By - zer0eXploit

Credit

SyNC Computer & Mobile 29/04/2022

Window Error တက်တာလား ??
Software တွေ run လို့မရဘူးလား?? ဆိုင်ထိသွားပြဖို့အဆင်မပြေဘူးလား?? ကျွန်တော်တို့ SyNc က အဆင်ပြေအောင် online နဲ့ servicing လုပ်ပေးနေ
ပါပီခင်ဗျာ

Computer နဲ့ပတ်သက်တဲ့ knowledge များလည်း မျှဝေပေးသွားမှာမို့ Like and Share လေးလည်းလုပ် ပေးကြပါအုန်းခင်ဗျ ဆက်သွယ်ရန်
📞Phone : 09970906431, 09751753906
Telegram : https://t.me/sync4tech

SyNC Computer & Mobile Computer, Laptop, Mobile Sale & Service

Internet.Download.Manager.v6.40.10.Repack 27/04/2022

IDM v6.40.10 Repack

* install မလုပ်ခင် antivirus disable လုပ်ပေးရန်လိုအပ်ပါတယ် ခင်ဗျာ

https://www.mediafire.com/file/p251q3v5nc3tu2e/Internet.Download.Manager.v6.40.10.Repack.rar/file

Internet.Download.Manager.v6.40.10.Repack MediaFire is a simple to use free service that lets you put all your photos, documents, music, and video in a single place so you can access them anywhere and share them everywhere.

27/04/2022

"ခင်ဗျား တစ်လကို ဘယ်လောက် ဝင်ငွေရှိရှိ ၊ ဒီဝင်ငွေကို ငါးမျိုးခွဲ ပြီး အချိုးကျ သုံးစွဲဖို့ လိုတာကို အမြဲ သတိရပါ"
ဒီနေ့မှာတော့ ဟောင်ကောင် က နာမည်ကျော် ဘီလျံနာ သူဌေးကြီး လီကာရှင်းရဲ့ ငွေကြေးဆိုင်ရာ အကြုံ ပြုချက်လေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ ဒီငွေသုံးစွဲမှုနည်းလမ်းဟာ လီကာရှင်းကိုဘီလျံနာ သူဌေးကြီး အဖြစ်ကိုရောက်စေခဲ့တဲ့ အမူအကျင့်နည်းလမ်းလဲဖြစ်ပါတယ်။ ဒါအပြင် ဒီနည်းလမ်းဟာ ယခု မှ လုပ်ငန်းခွင် စဝင်တဲ့ လူငယ်များအတွက် အဓိက ရည်ရွယ်တာလဲဖြစ်ပါတယ်။
သူဌေးကြီး လီကာရှင်းက လူငယ်တွေ အနေနဲ့ မိမိ မှာ ရရှိတဲ့ ဝင်ငွေတွေ ကို အပိုင်း ၅ ပိုင်းခွဲပြီး သုံးစွဲ ဖို့ တိုက်တွန်းထားပါတယ်။
ဥပမာ သင်က တစ်လကို ဒေါ်လာ ၂၀၀၀ ဝင်ငွေ ရှိတယ်ဆိုပါစို့။ ဒီဝင်ငွေကို ပထမ ဒေါ်လာ ၆၀၀၊ ဒုတိယ ဒေါ်လာ ၄၀၀ ၊ တတိယ ဒေါ်လာ ၃၀၀၊ စတုတ္တ ဒေါ်လာ ၂၀၀ နဲ့ နောက်ဆုံး ဒေါ်လာ ၅၀၀ အဖြစ် ခွဲခြား လိုက်ပါလို့ဆိုပါတယ်။
လွယ်ကူအောင် ရာခိုင်နှုန်းနဲ့ ဆိုရရင်တော့ မိမိဝင်ငွေကို ပထမ တစ်စု အဖြစ် ၃၀%၊ ဒုတိယ ကို ၂၀%၊ တတိယ ကို ၁၅ %၊ စတုတ္တ အစုကို ၁၀% နဲ့ နောက်ဆုံးအစု အဖြစ် ၂၅% ပိုင်းခြား သတ်မှတ် လိုက် ဖို့ ဖြစ်ပါတယ်။
သုံးစွဲရမယ့်နည်းလမ်းကတော့..
ပထမအစု..
ပထမ အစု ကိုတော့ Living Expenses အဖြစ် သုံးစွဲ ပါလို့ဆိုပါတယ်။ တစ်နည်းအားဖြင့်တော့ စား ဝတ် နေရေး အတွက် စားရိတ်တွေအားလုံးကို မိမိဝင်ငွေရဲ့ ၃၀% နဲ့ တင် လုံလောက်အောင်သုံး စွဲဖို့ဖြစ်ပါတယ်။
ငယ်ရွယ်နေစဉ်မှာ ကျန်းမာသန်စွမ်းနေ တုန်း အပင်ပန်းခံနိုင်တုန်းဖြစ်တဲ့အတွက် စျေးသက်သာတဲ့ အိမ်ယာ တွေ မှာ စုငှားပြီးနေတာ၊ ချွေတာစားသောက်တာတွေ ကို လုပ်ဆောင်လို့ ရတဲ့ အတွက် ဒီအားသာချက် ကိုယူ ပြီး အသုံးချပါလို့ဆိုလိုတာဖြစ်ပါတယ်။
ဒုတိယ အစု…
ဒုတိယ အစုဖြစ်တဲ့ ဝင်ငွေရဲ့ ၂၀% ကိုတော့ မိမိရဲ့ Network ကိုချဲ့ထွင်ရာမှာ သုံးပါ လို့ဆိုပါတယ်။ Networkကိုချဲ့ ထွင်ရာ မှာ သူငယ်ချင်းတွေ ဆီကိုပုံမှန် ဖုန်းဆက် စကားပြောတာ၊ ကိုယ့်ထက် ပိုပြီး အသိပညာ အတွေ့အကြုံ ရှိတဲ့ သူတွေ ကို ညစာ ဖိတ်ကျွေးတာ၊ ကိုယ့်ထက်ပိုပြီး ချမ်းသာတဲ့ ဝင်ငွေရှိသူ တွေနဲ့ တွေ့ဆုံ တာမျိုးတွေ အတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ကိုယ့်မိတ်ဆွေ တွေနဲ့ အဆက်အသွယ် မပြတ် ပဲ ရင်းနှီးမှုတွေ တိုးလာတဲ့အခါ အကူအညီကောင်းတွေကိုရနိုင်မှာ ဖြစ်ပြီး ကိုယ်ထက် တစ်ဆင့် မြင့်နေ သူတွေနဲ့ ချိတ်ဆက်နိုင်တဲ့ အခါ ကိုယ်လဲ သူတို့လို အတွေးအခေါ် အမူအကျင့်တွေကို ရရှိလာ မှာ ဖြစ်ပါတယ်။
တတိယ အစု
ဝင်ငွေရဲ့ ၁၅% ကိုတော့ သင်ယူ လေ့လာရေး Learning အတွက် ပုံမှန်သုံးဖို့ အကြုံပြုထားတာပါပဲ။ ကိုယ့် တိုးတက်မှုအတွက် စာအုပ်တွေ ဝယ်ယူ တာ၊ သင်တန်းတွေတက်တာ၊ အတတ်ပညာ တွေ လေ့လာတာ စတာတွေ အတွက်မဖြစ်မနေ သုံး ဖို့လိုအပ်ပါတယ်။
စတုတ်တအစု..
ဝင်ငွေရဲ့ ၁၀% ကိုတော့ မိမိကိုယ့်ကို ဆု ချတဲ့ အနေနဲ့ သုံးဖို့ ပါပဲ။ အားလပ်ရက် အပန်းဖြေခရီးတွေ ထွက်တာ၊ ပိုပြီး အတွေ့အကြုံ နဲ့ အမြင်တွေ ကျယ်ပြန့်လာအောင် အခြားနိုင်ငံ တွေကိုလေ့လာ တာ စတဲ့ အခြေအနေတွေ အတွက်သုံး ဖို့ အကြုံပြုတာဖြစ်ပါတယ်။ သူဌေးကြီးက တစ်နှစ်ကို နိုင်ငံခြား ခရီးစဉ် တစ်ခု လောက် သွားသင့်ပါတယ်လို့ လဲဆိုပါတယ်။
နောက်ဆုံး အစု..
ဝင်ငွေရဲ့ ၂၅% က တော့ အရေးကြီး တဲ့ အထဲမှာပါဝင်ပါတယ်။ ဒါကတော့ small business လေးတစ်ခုခု သို့မဟုတ် Investment တစ်ခုခု စတင် နိုင်ဖို့အတွက် စုဆောင်းရခြင်းဖြစ်ပါတယ်။ ဒီ အစု ရှိနေမှာသာ ချမ်းသာကြွယ်ဝတဲ့ ဘဝတစ်ခုကို ရနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအစု ရဲ့ အောင်မြင်နိုင်ခြေ ဟာ အရှေ့က အစု လေး စု လုံး ကိုကောင်းမွန်စွာဆောင်ရွက်နိုင်မှာသာ အောင်မြင်နိုင်ခြေ မြင့်မား မှာ ဖြစ်ပြီးချမ်းသာ ကြွယ်ဝမယ် လို့ ဆိုပါတယ်။
ကျွန်တော့် အကြံပြုချက်..
သူဌေးကြီးလီကာရှင်းရဲ့ အကြံပြုချက်ဟာ သိပ်ကိုကောင်းမွန်ပါတယ်။ ဒါပေမယ့် သူ့နိုင်ငံ အခြေအနေ နဲ့ မြန်မာနိုင်ငံ အခြေအနေ ကွာခြားမှုတွေ ရှိတာကြောင့် အကြံပြုထားတဲ့ ဝင်ငွေ ရာခိုင်နှုန်းတွေကို တော့အတိ အကျ မဟုတ်ပဲ အဆင်ပြေမယ့် ရာခိုင်နှုန်းတစ်ခုကို ပြင်ဆင်ချိန်ဆ ဖို့ လိုအပ်ပါတယ်။ ဥပမာ လစာ သုံးသိန်း ဝင်ငွေ ရနေသူတစ်ဦးအတွက် living expenses ၃၀% ဆိုရင် ကိုးသောင်း ကျပ်သာ သုံးစွဲနိုင်မှာ ဖြစ်လို့ လောက်ငှမှု ရှိ မရှိ အခြေအနေတွေ ကြုံနိုင်ပါသေးတယ်။
ဘယ်လိုပဲဖြစ်ပါစေ မိမိဝင်ငွေကိုတော့ သူဌေးကြီးလီကာရှင်းပြောတဲ့ အပိုင်း ၅ ပိုင်း အဖြစ် မဖြစ်မနေ ခွဲခြား ပြီး အသုံးချ ဆောင်ရွက်နိုင် ဖို့ လိုအပ်ပါကြောင်း။
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။
Cred :Kaung Hein Soe – Strategic
Business Consultant

20/04/2022

အသုံးလိုမယ့် PC software လေးတွေကို စုပီး upload တင်ပေးတာကောင်းမလား

18/04/2022

တကယ့်ကိုအလန်းစား Gaming Monitor 34" Alienware ကို ရောင်းပေးချင်တယ်ခင်ဗျ ပေးရတဲ့ဈေးနဲ့တန်မတန်ကို အောက်မှာ Full Specifications and price link ကိုတင်ထားပေးတဲ့အပြင် Alienware ရဲ့ review ကိုလည်း အဆင်ပြေသလို နားလည်အောင် translate လည်းလုပ်ပေးထားပါတယ် ခင်ဗျ streamer ပဲလုပ်မလား ဂိမ်းပဲသီးသန့် အမုန်းဆော့မလား Screen type နဲ့ resolutionကတော့ gamer တွေအတွက်သီးသန့် ထုတ်ထားပီး response time 0.1 ms ဆိုတော့ ရှယ် ဂွတ်ပဲ ထပ်ရေးရင် ရှည်နေမှာစိုးလို့ အသေးစိတ် Details ကို အောက်က link မှာ ထောက်ကြည့်နိုင်ပါတယ် ခင်ဗျ 👇👇

https://www.dell.com/en-us/shop/alienware-34-curved-qd-oled-gaming-monitor-aw3423dw/apd/210-bcye/monitors-monitor-accessories

FULL SPECIFICATIONS

Device Type : Quantum Dot OLED Monitor

Aspect Ratio : 21:9

Color Support : 1.07 billion colors

Screen Coating : Screen Coating

Panel Type : QD OLED

Diagonal Size : 34.18"

Adaptive-Sync Technology : NVIDIA G-Sync Ultimate

Native Resolution : 3440 x 1400 (DisplayPort: 175 Hz, HDMI: 100 Hz)

Response Time : 0.1ms gray-to-gray

Screen Coating : Anti-reflective

Interfaces : 2 x HDMI (ver 2.0)
1 x DP (ver 1.4)
2 x SuperSpeed USB 5 Gbps (USB 3.2 Gen1) downstream port [Front bottom, one with BC1.2 charging capability at 2A (max)]
2 x SuperSpeed USB 5 Gbps (USB 3.2 Gen1) downstream port (rear)
1 X SuperSpeed USB 5 Gbps (USB 3.2 Gen1) upstream port (rear)
1X Audio line-out port (rear)
1 x Headphone-out port (bottom)

17/04/2022

အားလုံးပဲ မင်္ဂလာရှိသော နှစ်ဆန်းတစ်ရက်နေ့လေးဖစ်ပါစေလို့ ကျွန်တော်တို့ SyNc Computer Sale & Service မှ ဆုမွန်ကောင်းတောင်းပေးပါတယ် ခင်ဗျာ🙏🙏

14/04/2022

Computer ကို မြန်မြန်လေးအသုံးပြုနိုင်စေဖို့ System Speed မြန်အောင် လုပ်ဆောင်တဲ့ နည်းလေးတွေကို တင်ပေးလိုက်ပါတယ်။ System Speedကို မြန်ဆန်စေရန်အတွက် အောက်ဖော်ပြပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။

(၁) ကွန်ပျူတာတွင် Application တစ်ခုကိုအသုံးပြုပြီးတိုင်း Desktop ပေါ်တွင် Right Click ဖြင့် Refresh ပြုလုပ်ပေးရပါမည်။ Refresh ပြုလုပ်ပေးခြင်းအားဖြင့် RAM အတွင်းမလိုအပ်သည့် File များကိုဖယ်ထုတ်ပေးနိုင်ပြီး System Speed ကိုမြန်ဆန်စေပါသည်။

(၂) File Size ကြီးမားသောပုံများကို Wallpaper အဖြစ်အသုံးမပြုသင့်ပါ။ Wallpaper ကို File Size ကြီးမားသောပုံကိုအသုံးပြုခြင်းအားဖြင့် RAM ၏လုပ်ဆောင်မှုကို နှေးကွေးစေပါသည်။

(၃) Desktop ပေါ်တွင် Shortcuts များကိုထားရှိပြီး အသုံးပြုခြင်းမှရှောင်ကျဉ်ရပါမည်။ Desktop ပေါ်ရှိ Shortcuts တစ်ခုသည် RAM အတွင်း ၌ ၅၀၀ Bytes နေရာယူအသုံးပြုစေပါသည်။

(၄) Recycle Bin ကိုနေ့တိုင်း Empty ဖြစ်စေရန်ရှင်းလင်းပေးရပါမည်။ Recycle Bin ကို Empty မပြုလုပ်သေးသမျှ မိမိ Delete လုပ်လိုက် သည့် File များသည် Hard Drive တွင်နေရာယူနေပါသည်။ Delete လုပ်ရန်သေချာသည့် File များကို Shift + Delete ဖြင့် Recycle Bin အ တွင်းမရောက်စေပဲ တိုက်ရိုက် Delete လုပ်နိုင်ပါသည်။

(၅) Temporary Internet File များကို ပုံမှန် Delete ပြုလုပ်ပေးရပါမည်။

(၆) Defragment ပြုလုပ်ခြင်းကို ၇ ရက်လျင်တစ်ကြိမ်ခန့်ပြုလုပ်ပေးရပါမည်။ Defragment ပြုလုပ်ပေးခြင်းအားဖြင့် Hard Drive အတွင်း Free Space ကိုတိုးမြင့်လာစေပြီး File များကိုပြန်စီပေးသည့်အတွက် ကွန်ပျူတာကိုအသုံးပြုရာတွင် ပိုမိုမြန်ဆန်စေပါသည်။

(၇) ကွန်ပျူတာတွင် Partition ကိုအနည်းဆုံးနှစ်ခုထား၍ အသုံးပြုသင့်ပါသည်။ File Size ကြီးမားစွာအသုံးပြုရမည့် Photoshop၊ 3DS Max ကဲ့သို့သော Software များကို Run ၍အသုံးပြုသည့်အခါတွင် Window တင်ထားသည့် Partition ကိုအသုံးမပြုပဲ၊ ဒုတိယ Partition တွင် Run ၍အသုံးပြုရပါမည်။ Window တင်ထားသည့် Partition တွင် Data များထားရှိခြင်း၊ Software များ Run ၍အသုံးပြုခြင်းများကို တက်နိုင်သမျှရှောင်ကျဉ်၍ Free space များစေရန်ဆောင်ရွက်ရပါမည်။ Window တင်ထားသည့် Partition တွင် Free space နည်းနေပါက ကွန်ပျူတာလုပ်ဆောင်မှုကိုနှေးကွေးစေပါသည်။

(၈) Software တစ်ခုကိုအသုံးပြုရန်အတွက် Run ပြီးပါက Tray Icon များထားရှိ အသုံးပြုခြင်းကို မပြုလုပ်သင့်ပါ။ ထို Tray Icon များထားရှိ အသုံးပြုခြင်းသည် RAM ကို ပိုမိုအလုပ်လုပ်စေပြီး ကွန်ပျူတာ System ကိုနှေးကွေးစေနိုင်ပါသည်။

(၉) Software များကို ကွန်ပျူတာစဖွင့်သည်နှင့်တပြိုင်နက်တည်း Automatically အလုပ်လုပ်စေခြင်းမပြုလုပ်သင့်ပါ။ ထိုသို့ပြုလုပ်ရန်အတွက် Window+R (သို့မဟုတ်) Run တွင် msconfig ဟုရိုက်ပြီး Startup Tab ကိုနှိပ်ပါ ။အဲဒီနောက်တွင် မိမိကွန်ပြူတာ / Laptop Brand အမျိုးအစားနာမည်များမှလွဲပြီး ကျန်သောအခြားအရာများကို Mouse ဖြင့် Select (အမှတ်လေးလိုက်လုပ်ပေး) လုပ်ပေးပါ။ ထို့ နောက် Disable All ကို Click ပြုလုပ်၍ ကွန်ပျူတာကို Restart ပေးရပါမည်။ (မှတ်ချက်- အကယ်လို့ မိမိ အသုံးပြုနေသော Laptop မှာ Lenovo ဖြစ်ပါက Lenovo နဲ့စသော စာသားများပါသည်များကို အမှတ်မခြစ် (မရွေးချယ် ၊ Select) မပြုလုပ်ပါနှင့်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာများသည်မိမိကွန်ပြူတာအတွက်အရေးကြီးပါသည်။ ထိုအရာများကို အမှတ်လုပ်ပြီး Disable လုပ်ခဲ့မယ်ဆိုရင်တော့ အင်တာနက်တို့ ၊ Bluetooth တို့ အပြင် အခြားသော Fn+F1 => F9 ကီးခလုတ်တွေအသုံးပြုလို့ရမှာမဟုတ်တော့ပါဘူး။တနည်းအားဖြင့် Function Keys များလို့ ခေါ်ဝေါ်ပါတယ်။

(၁၀) ကွန်ပျူတာတွင်း ဖုန်များဝင်ရောက်ခြင်းကိုကာကွယ်ပေးရပါမည်။ ဖုန်များသည် ကွန်ပျူတာ Cooling Fan ကိုနှေးကွေးလာစေကာကွန်ပျူတာ CPU ကိုတဖြည်းဖြည်းချင်း ပူလာစေပါသည်။ ထိုသို့ပူလာသည်နှင့်အမျှ ကွန်ပျူတာ၏ ပုံမှန်စနစ်တကျလုပ်ဆောငမှုများကို ထိခိုက်လာစေကာ System Speed ကိုနှေးကွေးလေးလံလာစေနိုင်ပါသည်။ ကွန်ပျူတာ CPU အတွင်းရှိဖုန်များကိုဖယ်ရှားရန်အတွက် ဖုန်စုပ်စက်များကို လုံးဝအသုံးမပြုရပါ။ နူးညံ့သောအဝတ်စများ၊ ကွန်ပျူတာဖုန်သုတ်သည့် အဝတ်စများကိုသာ အသုံးပြုရပါမည်။

(၁၁) ကွန်ပျူတာကို System Restore Function ကိုဖွင့်ထားခြင်းသည် CPU ၏ စွမ်းဆောင်မှုကိုအသုံးပြုမှုများပြားစေပါသည်။ ထို့ကြောင့် System Restore ကိုပိတ်ထားသင့်ပါသည်။ System Restore ကိုပိတ်ထားရန်အတွက် My Computer ၊ Properties သို့ဝင်ရောက်၍ ၎င်းမှ System Restore Tab သို့ဝင်ရောက်ကာ Turn off system restore on all drives ကို Select လုပ်၍ ပိတ်ထားနိုင်ပါသည်။

(၁၂) Search Indexing ကို Disable ပြုလုပ်ထားခြင်းသည် ကွန်ပျူတာ System Speed ကို မြန်ဆန်စေပါသည်။ Search Function ကိုပိတ်ထားရန်အတွက် My Computer မှ Window တင်ထားသည့် C Drive ကို Right Click နှိပ်၍ Properties သို့ဝင်ရောက်ရပါမည်။ Allow indexing Services to index this disk ကို uncheck ပေး၍ Apply ပေးရပါမည်။

(၁၃) Error Checking Utility ကိုအသုံးပြုခြင်းဖြင့် ကွန်ပျူတာ System Speed ကိုမြန်ဆန်စေပါသည်။ Error Checking Utility ကိုအသုံးပြုရန်အတွက် ကွန်ပျူတာအတွင်းဖွင့်ထားသော File များကိုပိတ်ရပါမည်။ My Computer မှ Drive တစ်ခုကို Right Click နှိပ်၍ Properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် Tools Tab သို့ဝင်၍ Check now ကို Click ၍ Scan for and attempt recovery of bad sectors ကို Check ပေး၍ Start ကို နှိပ်ရပါမည်။

(၁၄) ကွန်ပျူတာအတွင်းရှိ Spyware များသည် ကွန်ပျူတာသုံးစွဲသူ၏ Personal Data များကို ခွင့်ပြုချက်မရှိပဲခိုးယူရုံသာမက ကွန်ပျူတာသုံးစွဲရာတွင် ကွန်ပျူတာကိုနှောင့်နှေးစေပြီး မကြာခဏရပ်တန့့်စေခြင်းခြင်းများကိုပါဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ကွန်ပျူတာအတွင်းရှိ Spyware များကိုရှင်းလင်းပေးရပါမည်။ Antivirus Software ကိုအသုံးပြုခြင်းမရှိသေးပါက Online Free Service တစ်ခုဖြစ်သော http://onecare.live.com/ သို့ဝင်ရောက်၍ ကွန်ပျူတာ ကိုစစ်ဆေးခြင်းဖြင့် Virus များကိုဖယ်ရှားနိုင်ပါသည်။

(၁၅) Window တင်ရာတွင် NTFS အမျိုးအစား File Type ကိုအသုံးပြုရပါမည်။ FAT32 ကို အသုံးမပြုရပါ။ မိမိအသုံးပြုနေသည့် Window တွင်မည်သည့်အမျိုးအစားကိုအသုံးပြုထားသည်ကို သံသယဖြစ်ပါက Window တင်ထားသည့် C Drive ကို Right Click ဖြင့်နှိပ်၍ Properties သို့ဝင်ရောက်၍ကြည့်ရှုနိုင်ပါသည်။ အကယ်၍ FAT32 ဖြစ်နေပါက NTFS File Type သို့ပြောင်းလဲပေးရပါမည်။ ထိုသို့ပြောင်းလဲရန်အတွက် ပထမဆုံးအရေးကြီးသည့် Data များကို Back Up ပြုလုပ်ထားရပါမည်။ ထို့နောက် Start \ Run တွင် CMD ဟုရိုက်နှိပ်၍ Prompt တွင် CONVERT C: /FS:NTFS ဟုရေး၍ Enter ပေးရပါမည်။ ထို့နောက် ခေတ္တ စောင့်ပေးရပါမည်။ NTFS ကိုအသုံးပြုခြင်းအားဖြင့် Security မြင့်မားခြင်း၊ Folder ပမာဏကို ကြီးမားစွာအသုံးပြုနိုင်ခြင်းနှင့် Computer System Speed ကိုမြန်ဆန်စွာအသုံးပြုနိုင်ခြင်းနှင့် အခြားအကျိုးရလဒ်များကို ရရှိစေပါသည်။

(၁၆) ကွန်ပျူတာကို တစ်လလျှင်အနည်းဆုံးတစ်ကြိမ်ခန့် Disk Cleanup ပြုလုပ်ပေးသင့်ပါသည်။ Disk Cleanup ပြုလုပ်ပေးခြင်းဖြင့် Temporary Files များကိုဖယ်ရှားပေးနိုင်ပြီး ကွန်ပျူတာ System Speed ကိုမြန်ဆန်စေပါသည်။ C Drive ကို Right Click ဖြင့်နှိပ်၍ Properties သို့ဝင်ရောက်ပြီး Disk Cleanup Bottom ကိုနှိပ်၍ ပြုလုပ်နိုင်ပါသည်။

(၁၇) ကွန်ပျူတာအတွင်းမလိုအပ်သည့် Program များကိုဖယ်ရှားပေးရပါမည်။ ဖယ်ရှားရာတွင် Window တွင်ပါရှိသည့် Add or Remove Program မှတစ်ဆင့်ဖယ်ရှားနိုင်သကဲ့သို့ Your Uninstaller ကဲ့သို့ Uninstaller တစ်မျိုးမျိုးကိုအသုံးပြု၍ဖယ်ရှားနိုင်ပါသည်။ Software ကို အသုံးပြု၍ဖယ်ရှားပါက Add or Remove Program ကိုအသုံးပြု၍ဖယ်ရှား၍ ပျက်သွားခြင်း မရှိသည့် Registry အတွင်းရှိ File များကိုပါ ဖယ်ရှားနိုင်မည်ဖြစ်ပါသည်။

Credit to Original Uploader

10/04/2022

Computer အနိမ့်အမြင့်သိစေရန်

ကွန်ပျူတာ CPU Generation များ

Laptop တို့ Desktop တို့ဖြစ်ဖြစ်
1= CPU
2 = GPU
3 = RAM
ဒီ၃မျိုး ကောင်းရင်
သင့် Laptop or Desktop က ကောင်းတယ်ပေါ့ဗျာ

Computer တစ်လုံးမှာ CPU
( Central Processing Unit) ဆိုတာ အဓိကကျပါတယ် ကွန်ပျူတာရဲအသက်လို့
ဆိုရင်လဲ မမှားပါဘူး

ပထမဆုံးကွန်ပျူတာတွေမှာ
P1,P2,P3,P4 လို့ ခေါ်တဲ့ကွန်ပျူတာတွေက
အခု မရှိတော့သလောက်ပါပဲ ထားပါတော့
လိုရင်းကိုပြောပါမယ်

Pentium CPU တွေပေါ်စ စျေးမြင့်လို့
လူတိုင်း ကွန်ပျူတာမသုံးနိုင်ခဲ့ဘူး
စျေးသက်သာအောင် Intel က Celeron CPU ကို
ထုတ်လုပ်လိုက်တဲ့နောက်မှာတော့ ကွန်ပျူတာကို
အသုံးပြုသူများလာပါတယ်

ထုတ်လုပ်မှုအလိုက်ဆိုရင်
ကျနော်သိသလောက်ပြောမယ်

Pentium
Celeron
Dural Core
Core 2Duo
Core i3
Core i5
Core i7 အစရှိသဖြင့်

နောက်ဆုံးထွက်တာက i7 ဆိုပေမယ့်
First Generation ဖြစ်နေရင်လဲ
အကောင်းဆုံး မဖြစ်နိုင်ပါဘူး
အခုဆို core i9 ထိတောင်ထွက်နေပါပီ


ဒါကြောင့် CPU Generation ကြည့်နည်းကိုပြောပြချင်တာပါ

ဥပမာ i5-620
i7-870 ဆိုရင်
First Generation လို့ သတ်မှတ်ပါတယ်
အလွယ်မှတ်ချင်ရင် Number 3 လုံးကနေ
2000 မပြည့်မချင်း First Generation ပါ

2000 ကနေ 3000 မပြည့်ခင်ထိ
Second Generation

3000 ကနေ 4000 မပြည့်ခင်ထိ
Third Generation

4000 ကနေ 5000 မပြည့်ခင်ထိ
Fourth Generation

5000 ကနေ 6000 မပြည့်ခင်ထိ
Fourth Generation လို့
အလွယ်မှတ်ထားနိုင်ပါတယ်။

CPU တွေရဲ့ Generation အပြင် စွမ်းဆောင်ရည်ကိုသပ်မှတ်ပေးထားတဲ့
အမှတ်အသားတွေလဲ ရှိပါတယ်
အဲဒါတွေကလည်း Generation ထက်
အရေးကြီးပါတယ်

ဥပမာ Y, X, U, T, S, R တွေက CPU ရဲ့
စွမ်းဆောင်ရည်ကို သပ်မှတ်တာပါ

ဒါပေမယ့် Generation တွေမှာမှ
ထပ်ပြီး မျိုးကွဲတွေရှိပါသေးတယ်
ဥပမာ ကျွန်တော့် PC ရဲ့ CPU ဆို i3-6100 ပါ
Speed က 3.7GHz ထိထွက်ပါတယ်။

ဒါပေမယ့် i3 six gen ချင်းအတူတူ i3-6100u
ကတော့ 2.3Ghz ပဲ ထွက်ပါတယ်။

Price နှစ်ခုယှဉ်မယ်ဆို 6100 နဲ့ 6100u မှာ
6100u ကပိုစျေးကြီးပါတယ် ဒေါ်လာ
၂၀၀နီးနီး ကွာတာပါ ။ ဒါဆို စျေးကြီးတဲ့ 6100u က
ဘာလို့ 6100 ထက် စွမ်းဆောင်ရည်နိမ့်နေရတာလဲ?

ဘာဖြစ်လို့လဲဆိုတော့ U ဆိုတာက
Ultra Low Power တစ်နည်း Power
သုံးဆွဲမှု အရမ်းနည်းပါတယ်
6100 နဲ့ယှဉ်ရင် ၁၀ဆ တစ်ဆ လောက်ကို ကွာပါတယ်
ပြီးတော့ ပြုလုပ်ရတာလဲ ရိုးရိုး 6100 ထက်
ခက်ပါတယ် ဒါကြောင့် သူက စျေးကြီးနေတာပါ
U version တွေက အများအားဖြင့် Laptop
တွေမှာပဲ အသုံးများပါတယ်။

CPU Generation တွေရဲ့ အနောက်ကပါတဲ့
သင်္ကေတ အဓိပ္ပါယ် နဲ့ တန်းဖိုး/အသုံး၀င်ပုံတွေ
ဖော်ပြပါမယ်

C – Desktop processor
(high performance graphics)
LGA 1150 ဘုတ်အတွက် ရုပ်ထွက်ပိုင်း အကောင်းဆုံး
ပံ့ပိုးပေးနိုင်တဲ့ CPU eneration ဖြစ်ပါတယ်

H – High performance graphics
ရုပ်ထွက်ပိုင်း အကောင်းဆုံး ပံ့ပိုးပေးနိုင်တဲ့
CPU Generation ဖြစ်ပါတယ်

K – Unlocked
အကန့်အသတ်မရှိတဲ့ CPU Generation ဖြစ်ပါတယ်

M – Mobile
သေးငယ်ပေါ့ပါးပြီး ခရီးဆောင်ကွန်ပျူတာများ
အတွက် CPU Generation ဖြစ်ပါတယ်

Q – Quad-core
CPU လေးလုံးဖြင့် ဖွဲ့စည်းထားတဲ့
Generation ဖြစ်ပါတယ်

R – Desktop processor high
performance graphics BGA1364 ဘုတ်အတွက်
ရုပ်ထွက်ပိုင်း အကောင်းဆုံး ပံ့ပိုးပေးနိုင်တဲ့ CPU
Generation ဖြစ်ပါတယ်

S – Performance-optimized lifestyle
ပိုမိုကောင်းမွန်အစွမ်းထက်အောင်
ဖန်တီးထားတဲ့ CPU Generation ဖြစ်ပါတယ်

T – Power-optimized lifestyle
စွမ်းအင်သုံးစွဲမှု ကောင်းမွန်အစွမ်းထက်အောင်
ဖန်တီးထားတဲ့ CPU Generation ဖြစ်ပါတယ်

U – Ultra-low power
စွမ်းအင်သုံးစွဲမှု နည်းအောင်
ဖန်တီးထားတဲ့ CPU Generation ဖြစ်ပါတယ် (ဘထ္ထရီကြာရှည်ခံအောင် ဖန်တီးထားတာပါ)

X – Extreme edition
သူကတော့ အကောင်းဆုံး အမြင့်ဆုံး အရည်အသွေးနဲ့ ထုတ်လုပ်ဖန်တီးထားတဲ့ CPU Generation ဖြစ်ပါတယ် (နောက်ဆုံးထွက်လာတဲ့ i9 တွေမှာ တွေ့ရမှာပါ)

Y – Extremely low power
စွမ်းအင်သုံးစွဲမှု အနည်းဆုံးဖြစ်အောင် ဖန်တီးထားတဲ့ CPU Generation ဖြစ်ပါတယ်
ဘထ္ထရီကြာရှည်ခံအောင် ဖန်တီးပေးထားတာပါ

08/04/2022

Gaming Monitor လေးတင်ပေးပါမယ်ခင်ဗျ Gamer တွေများရှိမလားခင်ဗျ👋👋

07/04/2022

👀 ဈေးများလား ?? လူတိုင်းနီးပါးတတ်နိုင်တဲ့ဈေးနဲ့ရမယ်ဆို ဟုတ်လား?? အောက်မှာတစ်ချက်ရှိုးလိုက်ဗျာ👇

ဈေးသက်သက် သာသာနဲ့ အသုံးပြုချင်တဲ့ ချစ်တဲ့ customer များ အလုံးရေများများနဲ့ သင်တန်းဖွင့်ချင်တဲ့ ကျောင်းများ ရုံးများအတွက် Japan Used Japan Brand ဖစ်တဲ့ NEC versapro VK 19 series လေးပါဗျ stock အများကြီးရှိတာမို့ များများယူမယ်ဆို ဈေးလျော့ပေးအုန်းမှာနော်

Full Specifications
CPU. : Intel Celeron 1.9Ghz
RAM : 2GB DDR 3
STORAGE : HDD 250 GB
DVD Rom , USB Wifi (not Built-in)

🏷️ PRICE - 260,000 MMK
GIFTS 👉 Bag +Mouse+Mouse Pad+Myanmar Font Sticker+Screen LCD Cleaner

⭐Parts one year and service lifetime warranty
Telegram : https://t.me/sync4tech
WhatsApp : https://wa.me/message/4HCSL5VQRSNVO1

⭐ကျွန်တော်တို့ SyNc Computer Sale & Service မှာ PC / Laptop ထဲက လိုချင်ရင်လည်း အခက်ခဲမရှိအောင် နားလည်အောင် ဖြေရှင်းပေးမယ့် service လည်းပါတဲ့အတွက် chat box ကနေ Hi လိုက်ယုံနဲ့ အသေးစိတ်ရှင်းပြပေးပါမယ်ခင်ဗျ

📞 09-970906431 / 09-751753906

07/04/2022

နေ့စဉ် ကွန်ပျူတာသုံးနေရသူလား???

ကွန်ပျူတာသုံးရင်း စိတ်တိုင်းမကျတာတွေတော့ လူတိုင်းဖစ်ဘူးမယ် ထင်ပါတယ် ဒီပို့စ်လေးကို မကျော်ပဲ တစ်ချက်လောက်ဖတ်ကြည့်ပေးပါခင်ဗျ

⭐ပထမဆုံးအနေနဲ့ ကျွန်တော် တို့ language ပြသနာပါ ။ မြန်မာဖောင့်ကို ဇော်ဂျီ ယူနီကုဒ် တိုင်ပတ်တဲ့ပြသနာပါ ခေါက်ရိုးကျိုးလာတဲ့ ဇော်ဂျီ နဲ့ ယူနီကုဒ်အပြောင်းအလဲကြားမှာ layout တွေ မှားရိုက်မိတာမျိုးတွေဖစ်တာပါ

⭐ဒုတိယအဖစ်အများဆုံးကတော့ Microsoft Office ပါ ။နေ့စဉ် ရုံးလုပ်ငန်းမှာ မရှိမဖစ် အသုံးပြု‌နေရတာပါ activate မဖစ်တာတို့ version မတူညီတာတို့ font မမှန် တာတို့က အဓိကပြသနာပဲခင်ဗျ

⭐တတိယအချက် အနေနဲ့က Windows Update ပါ ။ Windows updating လုပ်ရင်း အချိန် တစ်ခုစောင့်ရတာမျိုး ကြုံဖူးကြလားခင်ဗျ

⭐ နောက်ဆုံး အနေနဲ့ ကြုံတွေ့ရတာက စက်ဟန်းတာပါ အသုံးပြုနေရင်းဘာမှ နှိပ်မရတော့တာမျိုး စက်က Blue screen ကြီးပေါ်ပီးပြုတ်ကျသွားတာမျိုးပါ

မိတ်ဆွေတို့ကော ဒီအချက်တွေထဲက ကြုံဖူးကြလားခင်ဗျ ?? ကျန်တဲ့ အရာလေးတွေရှိရင်လည်း comment မှာမျှဝေပေးပါအုန်း
အတွေ့အကြုံအခက်ခဲလေးတွေဝေမျှဖို့ အောက်က telegram channel မှာလည်း အချင်းချင်း sharing လုပ်ပေးပါအုန်းခင်ဗျ 👇👇👇

Telegram : https://t.me/sync4tech
WhatsApp : https://wa.me/message/4HCSL5VQRSNVO1

⭐ကျွန်တော်တို့ SyNc Computer Sale & Service မှာ PC / Laptop ထဲက လိုချင်ရင်လည်း အထက်ပါပြသနာလေးတွေကို အခက်ခဲမရှိအောင် ဖြေရှင်းပေးမယ့် service လည်းပါတဲ့အတွက် chat box ကနေ Hi လိုက်ယုံနဲ့ အသေးစိတ်ရှင်းပြပေးပါမယ်ခင်ဗျ

📞 09-970906431 / 09-751753906

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

အလန်းဟ!

Telephone

Website

Address

Thunandar 11 L, Street, North Oakkalar
Yangon

Other Yangon computer & electronics services (show all)
Master Trading Master Trading
အမှတ်၁၇၂, ၃၆လမ်း အလယ်ဘလောက် ကျောက်တံတားမြို့နယ် ရန်ကုန်မြို့။
Yangon, 11182

Laptop နှင့် Mobile Phone များကိုအသက်သာဆုံးဈေးတွေနဲ့ လက်လီလက်ကားရောင်းချပေးနေပါတယ်

Apexx Apexx
Yangon, 11111

Kyaw Min Aye Mobile Shop လက်လီ/လက်က္ကား Kyaw Min Aye Mobile Shop လက်လီ/လက်က္ကား
Yangon
Yangon, 11221

မင်္ဂလာပါ Qualify Technology မှကြိုဆိုပါတယ်

NewVersion Laptops Sales and Professional Services NewVersion Laptops Sales and Professional Services
Yangon, 11181

Professional Sales and Professional Services

Pyae Sone Laptop & Computer Good Second Seller Pyae Sone Laptop & Computer Good Second Seller
Thudamar Street, North Okkalapa
Yangon

Pyae Sone Pyae Sone
44လမ်. အောက်ဘလောက်. ဗိုလ်တစ်ထောင်မြို့နယ်
Yangon

laptop.disktop ဈေးကောင်းပေးဝယ်ပါမည်။

PML Laptop Center PML Laptop Center
No. 188, Ground Floor, 38 Street (Middle Block), Kyauktada Township
Yangon, 11181

Laptopများကိုအာမခံ(၁)နှစ်အပြင်အပိုပစ္စည်းလက်ဆောင်(၆)မျိုးဖြင့်စျေးနှုန်းချိုသာစွာ ရောင်းချပေးနေပါပြီ။

Big Diamond Technology Big Diamond Technology
No-158/34, Sein Chel Street, North Okkalapa
Yangon, 11031

Sale and Services / Software Collection Call us : 09 250 395 774

Linux For You Linux For You
89 Street
Yangon

Welcome to our page!

HTOO Computer HTOO Computer
33 Road
Yangon, 111111

C&K Computer Sale & Service - 2 C&K Computer Sale & Service - 2
Palaeyandanar (No) 22
Yangon, 11241

Laptop & Desktop Sale & Service 09769735554

MK Laptop Center MK Laptop Center
38 Street Middle Block
Yangon, 11181

ďż˝ Laptop