OASIS Blind Massage
Japan-Myanmar Blind Massage
ကျွန်တော်တို့ အိုအေစစ်မိသားစုရဲ့ တတ်အားသမျှလေးစုစည်းပြီး စုပေါင်းမဟာဘုံကထိန်မှာ ငွေပဒေသပင်လေး လှူဒါန်းဖြစ်ပါတယ်ခင်ဗျာ 🙏🙏🙏
ကျွန်တော်တို့ရဲ့ မိတ်ဟောင်းမိတ်သစ် customer များ သာဓုခေါ် ကုသိုလ်ယူနိုင်ရန်အတွက် ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါတယ်။
ကုသိုလ်များ ထပ်တူထပ်မျှရရှိကြပါစေခင်ဗျာ 🙏🙏🙏
ကျွန်တော်တို့ရဲ့ ဧည့်သည်တော် အမျိုးသမီးများအတွက်
အနှိပ်ဆရာမ မအားလို့ လှည့်မပြန်ရလေအောင် အနှိပ်ဆရာမတစ်ယောက် ထပ်တိုးရောက်ရှိပါပြီခင်ဗျာ။
ယခုဆိုရင်
အမျိုးသားဆရာ ၄ယောက်၊
အမျိုးသမီးဆရာမ ၃ယောက်နဲ့
ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးနေပြီမို့ ဖုန်းဆက်booking လေးယူပြီး လာရောက် အနားယူ အကြောဖြေလို့ရပါပြီခင်ဗျာ။
ကျွန်တော်တို့ အိုအေစစ်ရဲ့ထုံးစံအတိုင်း အနှိပ်ဆရာ၊ ဆရာမများကို လုပ်သက်၊ အတွေ့အကြုံ၊ လက်အားကောင်းမှု၊ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ အကြောကျွမ်းကျင်မှုတို့နှင့် သင်တန်းဆင်းလက်မှတ်တို့ကို အဓိကထားပြီး သေချာရွေးချယ်ခေါ်ယူထားတာဖြစ်လို့ စိတ်ချလက်ချ လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ။
၁နာရီ - ၇၀၀၀ကျပ်မှစ၍ မိမိလိုအပ်သလို အချိန်တိုးယူလို့ရပါတယ်ခင်ဗျာ။
မိမိခံစားနေရတဲ့ဝေဒနာနဲ့ လိုချင်တဲ့အားအတိုးအလျော့ကိုတော့ အနှိပ်ဆရာများအား ပြောပြပေးစေလိုပါတယ်ခင်ဗျာ။ ဒါမှလည်း အနာနဲ့ဆေး ကွက်တိကျစေမှာမို့ပါ။
Ph - 09450032575, 09444456653
ပါရမီလမ်းမပေါ်၊ ၅ရပ်ကွက်၊ ၁ဝိုင်းဘုန်းကြီးကျောင်းမျက်စောင်းထိုး၊ တောင်ဥက္ကလာပ
#ခြေထောက်ကြွက်သားသန်မာစေဖို့ ✔️
#ဒူးနာသက်သာစေဖို့ ✔️
#တင်ပဆုံ နာတာ သက်သာစေဖို့ ✔️
ပုံပါ လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးလို့ရပါတယ် ☑️
( ခြေထောက် ထုံနေ / ကျဉ်နေရင်
လေ့ကျင့်ခန်း မလုပ်သေးတာကောင်းပါတယ်ရှင်) ❌
လေ့ကျင့်ခန်းပြုလုပ်ဖို့ မလွယ်ကူဘူးဆိုရင်ဖြင့် ကျွန်တော်တို့အိုအေစစ်ရဲ့ အကြောပြင်ကျွမ်းကျင်အနှိပ်ဆရာ၊ဆရာမများမှ ကူညီ၍ကုသပေးပါရစေခင်ဗျာ။
၁နာရီမှ ၇၀၀၀ကျပ်ထဲမို့ တစ်ကိုယ်လုံး သွေးကြော၊ လေကြောဖွင့်ကာ တောင့်တင်းနာကျင်နေသမျှကို သက်တောင့်သက်သာနဲ့ အချိန်တိုအတွင်း ဖြေလျော့နိုင်ပါပြီ။
ဝေဒနာများသက်သာပျောက်ကင်းကြပါစေ 🙏
ပါရမီလမ်းမပေါ်၊ ၅ရပ်ကွက်၊ ၁ဝိုင်းဘုန်းကြီးကျောင်းမျက်စောင်းထိုးး၊ တောင်ဥက္ကလာပ
Phone - 09450032575, 09444456653
#မျက်မမြင်အကြောပြင်
#တောင်ဥက္ကလာပ
#၁နာရီ_၇၀၀၀ကျပ်
#ဆရာ၄ယောက်_ဆရာမ၃ယောက်
Credit to Hanuman
မျက်မမြင်အကြောပြင်သင်တန်းဆင်း ကျွမ်းကျင်လက်မှတ်ရ အနှိပ်ဆရာမ၁ယောက် အလိုရှိပါသည်။
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်
၁နာရီ - ၇၀၀၀ကျပ် နဲ့ ဝန်ဆောင်မှုပေးနေပါတယ်
Section ကြေးအပေါ်မှာ ၄၀ရာခိုင်နှုန်းရပါမယ်
နေ-စား (ငြိမ်း)
(ဆိုင်မှာချက်ကျွေးပါတယ်)
ယူနီဖောင်းရှိပါမယ်
အိပ်ခန်းသပ်သပ်ရပါမယ် (၂ယောက်/၃ယောက်ခန်း)
ဆိုင်ဖွင့်ချိန် - မနက် ၉နာရီမှ ည၉နာရီ
၁လ ၂ရက်ခွင့်ယူနိုင်သည်
(စနေ၊ တနင်္ဂနွေ နှင့် အစိုးရပိတ်ရက်တွေမှာတော့ ကျန်းမာရေးမှလွဲ၍ ခွင့်မပေးပါနော်)
ဆိုင်အတွင်း ဝက်/အမဲ လုံးဝစားလို့မရပါ
09450032575, 09444456653
Cb မှဖြစ်စေ ဖုန်းတိုက်ရိုက်ဆက်သွယ်၍လည်း စုံစမ်းနိုင်ပါတယ်။
ကျွန်တော်တို့ အိုအေစစ်မျက်မမြင်အကြောပြင်ဆိုင်မှ
အကြောပြင်ပညာ ကျွမ်းကျင်သင်တန်းဆင်းလက်မှတ်ရ
အတွေ့အကြုံရင့်ကျက်သော မျက်မမြင်အနှိပ်ဆရာ၊ ဆရာမများဖြင့်
ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ 💆💆
၁နာရီ - ၇၀၀၀ကျပ်
ဖွင့်ချိန် - မနက် ၉နာရီမှ ည ၉နာရီအထိ
Last Booking - ည၈နာရီခွဲ
အနှိပ်ဆရာ - ဆရာ ၄ယောက်၊ ဆရာမ ၂ယောက်
Aircon - မီးလာလာ၊ မီးပျက်ပျက် Aircon ဖွင့်ပေးထားပါတယ်ခင်ဗျ
WiFi - Free
အနှိပ်ဆရာမက ၂ယောက်ထဲရှိတာမို့ ဆရာမနဲ့မှအနှိပ်ခံချင်တဲ့ ဧည့်သည်အမျိုးသမီးများအနေဖြင့် ကြိုတင်ပြီး booking ယူဖို့ အကြံပေးပါရစေခင်ဗျာ
ဖုန်း - 09450032575, 09444456653
လိပ်စာ - ပါရမီလမ်းမပေါ်၊ ၁ဝိုင်းဘုန်းကြီးကျောင်းမျက်စောင်းထိုး၊ ၅ရပ်ကွက်၊ တောင်ဥက္ကလာပ
#မျက်မမြင်အကြောပြင်
#၁နာရီ_၇၀၀၀ကျပ်
#တောင်ဥက္ကလာ
#အနှိပ်ဆရာမ၂ယောက်_ဆရာ၄ယောက်
#ဇက်ကြောတက်ပြီး တောင့်တင်းနေတာ သက်သာစေဖို့...
ဇက်ကြောတက်တယ်ဆိုတာ အရင်က အထိုင်များတဲ့အလုပ်လုပ်သူတွေ၊ ကွန်ပျူတာအသုံးများသူတွေမှာသာ ကြားရလေ့ရှိပေမယ့် အခုနောက်ပိုင်းတော့ မိုဘိုင်းဖုန်းတွေပေါလာတာနဲ့အမျှ မဖြစ်ဖူးသူမရှိသလောက်ဖြစ်လာပါပြီ။ ဖုန်း သို့မဟုတ် လပ်တော့ ကွန်ပျူတာလေးနဲ့ ဖေ့စ်ဘုတ်သုံးနေမယ် ၊ ဂိမ်းဆော့နေမယ် ၊ ရုပ်ရှင်ကြည့်နေမယ် ဆိုရင် ကိုယ်နေဟန်ထား ပုံစံမမှန်တာနဲ့ ဇက်ကြောတက်တာ၊ အကြောတွေတောင့်တင်းတာတွေဖြစ်လာပါလိမ့်မယ်။
ဇက်ကြောတက်တာ ဖြစ်ရတဲ့အကြောင်းရင်းအများစုက
👉 လည်ပင်းထိခိုက်ဒဏ်ဖြစ်ထားတာ
👉 ကွန်ပျူတာကြည့်ရင် အနေအထားမမှန်တာ၊ ကိုင်းပြီးထိုင်တာ
👉 အရွတ်ကြောနာဖြစ်နေတာ
👉 စိတ်ဖိစီးမှုဖြစ်တာ
👉 အာရုံကြောညပ်တာ
👉 အရိုးနုပျက်စီးတာ
👉 သက်တောင့်သက်သာမရှိတဲ့အနေအထားနဲ့အိပ်စက်တာ ဖြစ်ပါတယ်
📌ဇက်ကြောတက်တတ်သူဆိုရင် ဒီအချက်တွေကို မမေ့ပါနဲ့
- ကွန်ပျူတာကြည့်တဲ့အခါ ခါးဆန့်ပြီးထိုင်ပါ
- လည်ပင်းနဲ့ ပခုံးကို အကြောဆန့်ပေးပါ
- ရေနွေး သို့မဟုတ် ရေခဲကပ်ပါ
- နှိပ်နယ်ပါ
-ရေဓါတ်ဖြည့်ပါ
- မပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်ပါ
- အနေအထားတစ်မျိုးတည်းနဲ့ အကြာကြီးမထိုင်ပါနဲ့
တစ်ပုံစံတည်းထိုင်နေတာကြာတဲ့အခါ လှုပ်လိုက်တာနဲ့ တစ်ကိုယ်လုံးအကြောအခြင်တွေတောင့်တင်းနေပါလိမ့်မယ်ရှင်
မျက်မှန်တပ်သူဖြစ်ရင် ပါဝါအမြဲစစ်ပေးနိုင်ရင်ပိုကောင်းပါတယ်
မျက်မှန်ပါဝါတက်နေတာ အသစ်မလဲရင် မျက်ရိုးကိုက်တာ၊ ဇက်ကြောတက်တာတွေဖြစ်လာပါလိမ့်မယ်ရှင်
Ref Google
#တောင်ဥက္ကလာ
#မျက်မမြင်အကြောပြင်
#၁နာရီ_၇၀၀၀ကျပ်
#အနှိပ်ဆရာမ၂ယောက်_ဆရာ၄ယောက်
အပူရှောင်ကြရအောင်
အပြင်မှာဘယ်လောက်ပူပူ Aircon အမြဲအေးနေရမယ်🧊
ရာသီဥတုက ပူကကြားထဲ မီးကပါမမှန်တော့ ကျွန်တော်တို့ရဲ့ ဧည့်သည်တော်များ ဘယ်လိုများဖြတ်သန်းနေကြပါသလဲခင်ဗျာ 🥵🥵
ပူပြင်းတဲ့ရာသီဥတုနဲ့ လျှပ်စစ်မီးပုံမှန်မရရှိမှုတို့ကြောင့် ကျွန်တော်တို့ အနှိပ်ဆရာများနဲ့ ဧည့်သည်တော်များ အေးဆေးသက်သာစွာ အပူရှောင်နိုင်စေဖို့ရာ Aircon နိုင်တဲ့မီးစက်နဲ့ ပြောင်းလဲဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ။
အပူလည်းရှောင် အညောင်းညာလဲပြေ ဇိမ်လဲယူချင်တယ်ဆိုရင်တော့ အိုအေစစ် ဆိုတဲ့ဒီနေရာလေးက အမြဲစောင့်ကြိုနေပါတယ်ခင်ဗျာ .....
မိတ်ဆွေတို့ရဲ့ ပင်ပန်းနေတဲ့ စိတ်လေးတွေအတွက် ဒီနေရာလေးမှာ တနေ့တာပင်ပန်းခဲ့သမျှ ကောင်းကောင်းအိပ်စက် အနားယူကြပါနော် 🍀🧊
ဒါကြောင့်မို့ အိမ်မှာမီးပျက်သွားပြီလား?
ကျွန်တော်တို့ဆီသာ လာခဲ့လိုက်ပါ။
အပူရှောင်ပြီးသားလည်းဖြစ်သလို အညောင်းညာလည်းဖြေပြီးသားဖြစ်တာပေါ့ခင်ဗျာ 😄
အရင်လို မီးလာလား မီးပျက်လား လုံးဝမေးစရာမလိုတော့ပါဘူးခင်ဗျာ 😄😄😄
ကျွန်တော်တို့ အိုအေစစ်မျက်မမြင်အကြောပြင်ဆိုင်သို့လာရောက်အားပေးကြသော မိတ်ဟောင်း၊ မိတ်သစ်များခင်ဗျာ
လတ်တလောဖြစ်ပေါ်နေသော ကုန်စျေးနှုန်းမြင့်တက်မှုများနှင့် လျှပ်စစ်မီးပုံမှန်မရရှိမှုတို့ကြောင့် 😔😔😔
ဝန်ဆောင်ခများအား ၂၁ရက် ၄လပိုင်း ၂၀၂၃မှစ၍ ၁နာရီ ၆၀၀၀ကျပ်မှ ၇၀၀၀ကျပ်သို့ အားနာစွာဖြင့် ပြောင်းလဲလိုက်ရပါတယ်ခင်ဗျာ 🙏🙏🙏
ပြောင်းလဲသွားသောဈေးနှုန်းနှင့်အတူ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်အောင်လည်း ကျွန်တော်တို့ဘက်မှ အစဥ်ကြိုးစားလျက်ရှိပါတယ်။
၂၁ရက်နေ့မှစလို့ မီးပျက်ချိန်တွေမှာ အရင်လိုပန်ကာနဲ့မဟုတ်တော့ဘဲ Aircon လေးနဲ့ ဇိမ်ကျနိုင်ပြီမို့ မီးလာလာ၊ မီးပျက်ပျက် စိတ်ပူနေစရာလုံးဝမလိုတော့ပါဘူးခင်ဗျာ 👍
အစဥ်တစိုက် အားပေးလျှက်ရှိသော customer များအားလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
☎️09450032575, 09444456653
Oasis Blind Massage ဆိုင်ပိတ်ရက်ကြေငြာခြင်း
ကျွန်တော်တို့ အိုအေစစ်မျက်မမြင်အကြောပြင်ဆိုင်ကို
💦💧ယနေ့ ၁၂ရက်နေ့မှ စတင်၍ နှစ်ဆန်း ၁ရက်နေ့ ၁၇ ရက်နေ့အထိပိတ်ထားမှာဖြစ်ပါတယ်ခင်ဗျာ💦💧
နှစ်ဆန်း၂ရက် ၁၈ ရက်နေ့မှာ ပုံမှန်အတိုင်း ပြန်လည်ပြီးဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ
ကျွန်တော်တို့အိုအေစစ်ကို တစ်နှစ်ပတ်လုံး အစဉ်ဆက်မပြတ် အားပေးလာကြသော မိတ်ဟောင်းမိတ်သစ်များအားလုံးကို ကျွန်တော်တို့ အိုအေစစ်မိသားစုမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ🙏
ဘေးရန်ကင်းကွာစိတ်ချမ်းသာပြီး ပျော်ရွှင်စရာ နှစ်သစ်ကူးလေး ဖြစ်ပါစေကြောင်း အိုအေစစ်မျက်မမြင်မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ.....
🐰 Happy Chinese New Year Festival 2023 🐰
新年快乐,恭喜恭喜。
Chinese New Year မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေကြောင်း ကျွန်တော်တို့ အိုအေစစ်မိသားစု မှဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ 🙏🙏🙏
🎉 🅗🅐🅟🅟🅨 🅝🅔🅦 🅨🅔🅐🅡 ➋⓿➋➌
🎈𝟐𝟎𝟐𝟐 ရဲ့နောက်ဆုံးနေ့လေးမှာ ကျွန်တော်တို့ အိုအေစစ် ရဲ့ မိတ်ဟောင်းမိတ်သစ်များအားလုံး ပျော်ရွှင်ချမ်းမြေ့မှုတွေ ပိုင်ဆိုင်နိုင်ကြပါစေ...
🙏🙏🙏 2023 နှစ်သစ်မှာလည်း စီးပွား၊ လာဘ်လာဘများတိုးပွားပြီး ချစ်ရတဲ့ မိသားစုနဲ့အတူ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံနိုင်ကြပါစေကြောင်း အိုအေစစ် မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျာ...
#မျက်မမြင်အကြောပြင်
#၁နာရီ_၆၀၀၀ကျပ်
#တောင်ဥက္ကလာပ
Weekdays Happy Hours Promotion လေးက ဒီအပတ်နောက်ဆုံးမို့ အပြေးလေးလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေခင်ဗျ။
ဒီနှစ်သစ်ကူးပြောင်းမယ့် အချိန်ခါသမယမှာ အားလုံးပဲ ကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေခင်ဗျာ။
နှစ်သစ်ကူးအချိန်အခါအတွင်းမှာ ကျွန်တော်တို့ရဲ့ မိတ်ဟောင်းမိတ်သစ် customer များအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် တတိယအကြိမ်အဖြစ် promotion အစီအစဉ်လေးရှိပါတယ်ခင်ဗျ 😃
🎉 WEEKDAYS HAPPY HOURS 🎉
Valid Period - (21 Dec - 31 Dec 2022)
👉 တနင်္လာနေ့ မှ သောကြာနေ့အထိ
👉 (မနက် ၉နာရီ မှ နေ့လည် ၁၂နာရီ အတွင်း)
🎉 ၁နာရီ - ၅၀၀၀ကျပ် 🎉
ယခုသတ်မှတ်ထားတဲ့နေ့ရက်များနဲ့အချိန်အတွင်း လာရောက်အားပေးသော customer များအတွက် Happy Hours Promotion အဖြစ်
👉 ၁နာရီလျှင် ၅၀၀၀ကျပ်သာ 👈 ကျသင့်မှာဖြစ်ပါတယ်ခင်ဗျာ။
၁နာရီယူရင် ၁၀၀၀သက်သာမယ် ☺️
၂နာရီယူရင် ၂၀၀၀သက်သာမှာပါခင်ဗျ။
အဲဒီတော့ ပို၍သက်သာတဲ့ဈေးနှုန်းလေးနဲ့ လာရောက် အနှိပ်ခံ အနားယူဖို့ ဖိတ်ခေါ်လိုက်ပါရစေ
Happy Hours Promotion ဖြင့် ရရှိထားသော sections များကတော့ member card အတွင်း ထည့်သွင်းမပေးပါဘူးခင်ဗျ။
Happy Hours Promotion လေးမှီအောင်လို့ ကြိုတင်၍ booking ယူထားလို့ရပါပြီ။
Ph - 09450032575, 09444456653
ကျန်းမာရေး အနှိပ်သန့်သန့် ရှာနေသူများအတွက်
ကျွန်တော်တို့ အိုအေစစ်ရဲ့ ဝန်ဆောင်မှုလေးတွေနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ
🔴Body Massage ဆိုရင် လူကြီး/လူငယ်မရွေး အနှိပ်တကယ်ကောင်းလို့ ကြိုက်ကြတယ်
🔴အမျိုးသားဆို --- > အမျိုးသားအနှိပ်ဆရာ
အမျိုးသမီးဆို --- > အမျိုးသမီးအနှိပ်ဆရာမ က ဝန်ဆောင်မှု ပေးပါတယ်။ အရမ်းအကြောတက်တတ်တဲ့အမျိုးသမီး
🔴နေရာကျယ်ကျယ်ဝန်းဝန်းလေးနဲ့ Car Parking အတွက်လည်း ပူစရာမလိုပါ။
ခြေထောက်/ခြေသလုံး/ပေါင်/ခန္ဓာကိုယ်/လက်/ဦးခေါင်း တစ်ကိုယ်လုံးကို ဂျပန်-မြန်မာ အနှိပ်နည်းပညာစနစ်ကျကျ နှိပ်ပေးတယ်……
နှိပ်ပြီးတဲ့အခါ ကောင်းကောင်းအိပ်ပျော်စေတဲ့အပြင် စိတ်ဖိစီးမူကိုလျော့ကျစေပါတယ်။
#ညောင်းညာပြီး စိတ်ဖိစီးမှုများနေသူများနှင့် အနှိပ်သန့်သန့်ကို ကြိုက်သူများအတွက်ကတော့ ၁နာရီဆို လုံလောက်ပါပြီခင်ဗျ
60 Mins - 6000Ks
#စိတ်ဖိစီးမှုများပြီး ခြေထောက်သီးသန့် အနှိပ်ခံချင်သူများလည်း ခါးမှ ခြေဖဝါးအထိ ခန္တာကိုယ်အောက်ပိုင်းသီးသန့် အချိန် ၁နာရီဆို ကောင်းကောင်းလုံလောက်ပါတယ်ခင်ဗျာ
Massage 60 Mins - 6000Ks
#ဇတ်ကြောတက်၊ နောက်ကြောတက်၊ ခေါင်းကိုက်၊ ပုခုံးတွေလေးနေသူများအတွက် အပေါ်ပိုင်းသီးသန့် အချိန် ၁နာရီက လုံလောက်ပါတယ်ခင်ဗျာ
& Shoulder 60 Mins - 6000Ks
#ကျီးပေါင်း အကြောညှပ် အကြောတက် အကြောနာ ကိုက်ခဲမှု အမျိုးမျိုးနဲ့ တစ်ကိုယ်လုံးလေးလံ ညောင်းညာနေသူများအတွက် အနည်းဆုံးအချိန် ၁နာရီခွဲယူဖို့ အကြံပြုပါရစေ။ အချိန်ရမယ်ဆိုရင်တော့ ထပ်တိုးယူနိုင်ရင် နှိပ်ကွက်ပိုစုံပြီး ပိုပြီးထိရောက်ပါတယ်ခင်ဗျာ
90 Mins - 9000Ks
120 Mins - 12000Ks
#သားသားမီးမီးတို့ကို လွယ်ထားရချိန် ညောင်းညာ ကိုက်ခဲနေတဲ့ ကိုယ်ဝန်ဆောင်မေမေများအတွက် ၁နာရီခွဲလောက်ယူဖို့အကြံပေးပါရစေ။ သင့်လျော်တဲ့လက်အားနဲ့ ကိုယ်ဝန်ဆောင်မေမေတို့ အဆင်ပြေစေတဲ့အနေအထားကို ချိန်ညှိနှိပ်ရတာမို့ပါ။
#ကိုယ်ဝန်ဆောင်အနှိပ် - 90 Mins - 9000Ks
👉 ၁၀နာရီပြည့်တိုင်း ၁နာရီ မေတ္တာလက်ဆောင်ပေးတဲ့ member card အစီအစဉ်လေးကလည်း ရှိပါသေးတယ် ခင်ဗျ 😍
ဆိုင်တွင်း - WiFi free
လိပ်စာကတော့ - ၂၅ဂ၊ ပါရမီလမ်း၊ ၅ရပ်ကွက်၊ ၁ဝိုင်းဘုန်းကြီးကျောင်းမျက်စောင်းထိုး၊ တောင်ဥက္ကလာပမြို့နယ်
အမျိုးသားဆရာ၊ အမျိုးသမီးဆရာမ သီးသန့်ရှိတာမို့
ဖုန်းဆက် booking ယူပြီး အားပေးနိုင်ပါတယ်ခင်ဗျ 🙏
ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုအတွက်
📞 09450032575 ကို ကြိုတင်ဆက်သွယ်ပြီး
လာပေးပါနော်…
ပိုမိုကျန်းမာတဲ့နေ့သစ်တွေကို ပိုင်ဆိုင်နိုင်စေဖို့ အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ကျွန်တော်တို့ တွဲလက် မိသားစုမှ လူကြီးမင်းများအား ကြိုဆိုရန်စောင့်မျှော်နေပါတယ်ခင်ဗျာ… ☺️☺️
မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့
🎊Happy Kayin New Year 🎊
ခရစ်နှစ် ၂၀၂၂ ၊ (၂၂)ရက်၊ ကြာသပတေးနေ့မှာ ကျရောက်တဲ့ ''ကရင်နှစ်သစ်ကူး'' နေ့ကစပြီး ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေကြောင်း ကျွန်တော်တို့ အိုအေစစ်မိသားစု မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျာ 🙏🙏🙏
ကညီနံဉ်ထီဉ်သီ
#ကရင်နှစ်သစ်ကူး
#မျက်မမြင်အကြောပြင်
#၁နာရီ_၆၀၀၀ကျပ်
#တောင်ဥက္ကလာပ
နှစ်သစ်ကူးအချိန်အခါအတွင်းမှာ ကျွန်တော်တို့ရဲ့ မိတ်ဟောင်းမိတ်သစ် customer များအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် တတိယအကြိမ်အဖြစ် promotion အစီအစဉ်လေးရှိပါတယ်ခင်ဗျ 😃
🎉 WEEKDAYS HAPPY HOURS 🎉
Valid Period - (21 Dec - 31 Dec 2022)
👉 တနင်္လာနေ့ မှ သောကြာနေ့အထိ
👉 (မနက် ၉နာရီ မှ နေ့လည် ၁၂နာရီ အတွင်း)
🎉 ၁နာရီ - ၅၀၀၀ကျပ် 🎉
ယခုသတ်မှတ်ထားတဲ့နေ့ရက်များနဲ့အချိန်အတွင်း လာရောက်အားပေးသော customer များအတွက် Happy Hours Promotion အဖြစ်
👉 ၁နာရီလျှင် ၅၀၀၀ကျပ်သာ 👈 ကျသင့်မှာဖြစ်ပါတယ်ခင်ဗျာ။
၁နာရီယူရင် ၁၀၀၀သက်သာမယ် ☺️
၂နာရီယူရင် ၂၀၀၀သက်သာမှာပါခင်ဗျ။
အဲဒီတော့ ပို၍သက်သာတဲ့ဈေးနှုန်းလေးနဲ့ လာရောက် အနှိပ်ခံ အနားယူဖို့ ဖိတ်ခေါ်လိုက်ပါရစေ
Happy Hours Promotion ဖြင့် ရရှိထားသော sections များကတော့ member card အတွင်း ထည့်သွင်းမပေးပါဘူးခင်ဗျ။
Happy Hours Promotion လေးမှီအောင်လို့ ကြိုတင်၍ booking ယူထားလို့ရပါပြီ။
Ph - 09450032575, 09444456653
ဘာကြောင့် အအိုမြန်တာလဲ ❓❓
◼️ အရေးကြီးဆုံးအချက်က …
နေရောင်မှာပါတဲ့
ယူဗီအေ (UVA) ၊ ယူဗီဘီ (UVB) ရောင်ခြည်များနဲ့
အချိန် ကြာမြင့်စွာ ထိတွေ့နေမိခြင်းကြောင့်
အအိုမြန်ရခြင်း ဖြစ်ပါတယ်.
◼️ ယူဗီ အေ ( UVA) သည်
မျက်နှာရဲ့ အပေါ်ယံအရေပြားကစပြီး
အတွင်းထဲ အထိကိုပါ ထိခိုက်ပျက်စီးစေပါတယ်.
◼️ ယူဗီ ဘီ (UVB) ကတော့
အဆိုးဆုံး ဖြစ်ပါတယ် .
မျက်နှာကို အိုမင်းစေရုံမက
အရေပြားကင်ဆာအထိ ဖြစ်စေပါတယ်.
◼️ ဘာလုပ်သင့်လဲ ဆိုရင်တော့ …
အိမ်အပြင်ထွက်လျှင် (နေပူသည် ဖြစ်စေ၊ မိုးအုံ့သည် ဖြစ်စေ)
SPF 30 အနည်းဆုံးပါတဲ့
မိမိနှစ်သက်ရာ မျက်နှာလိမ်းခရင်း (Cream) တစ်ခုခုကို အသုံးပြုသင့်ပါတယ်.
ဒါဆိုရင်တော့ ယူဗီရောင်ခြည်ကို ၉၇% အထိ ကာကွယ်ပေးနိုင်ပါတယ်ခင်ဗျာ.
…
Credit - လ/ထ ပါမောက္ခDr. ကျော်ဇောဟိန်း
#မျက်မမြင်အကြောပြင်
#၁နာရီ_၆၀၀၀ကျပ်
#တောင်ဥက္ကလာပ
Phone - 09450032575/ 09444456653
ပင်ပန်းညောင်းညာပြီး စိတ်လက်မကြည်သာဘူးဖြစ်နေပါသလား
အကြောအချဉ်တွေတောင့်တင်းခြင်းကြောင့် စိတ်လက်မကြည်သာခြင်း ၊ ကိုယ်စိတ်နှလုံး ပင်ပန်းနွမ်းလျခြင်းတွေ ဖြစ်စေနိုင်ပါတယ်ခင်ဗျ
သွေးကြောလေးတွေပွင့်ပြီး သွေး၊လေ ညီညွတ်စေဖို့ရာ ကျန်တော်တို့ အိုအေစစ်မျက်မမြင်အကြောပြင်ကို လာရောက်ဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ
👍👍👍 ကျွန်တော်တို့ အိုအေစစ် ဂျပန်နည်းပညာ မျက်မမြင် အကြောပြင်ဆိုင်တွင် စနစ်တကျ သင်ယူတတ်မြောက်ထားသော Certificate holder ကျွမ်းကျင် အနှိပ်ပညာရှင်များက နှိပ်နယ်တာထက် သာလွန်တဲ့ နှိပ်နယ်ရင်း ပိတ်ဆို့နေတဲ့သွေးကြောများကို ဖွင့်ပေးနိုင်တာကြောင့် တနေ့တာ မောပန်းနွမ်းနယ်မှုများလည်း ပြေလျော့စေပြီး စိတ်အပန်းပြေစေရုံသာမက လူကြီးမင်းတို့ခံစားနေရတဲ့ နာကျင်ကိုက်ခဲတဲ့ ရောဂါဝေဒနာများလည်း တစ်ကြိမ်တစ်ခါနဲ့ပင် သက်သာပျောက်ကင်းစေနိုင်မှာ ဖြစ်ပါတယ်.
ကျွန်တော်တို့ အိုအေစစ် ဂျပန်နည်းပညာ
မျက်မမြင် အကြောပြင်ဆိုင်တွင်
👍ဝန်ထမ်းများ၏တကိုယ်ရေသန့်ရှင်းရေးကို အထူးအလေးထားသင်ကြားလေ့ကျင့်ပေးထားခြင်း
👍 ဝန်ဆောင်မှုပေးသည့် အခန်း ၊ နေရာထိုင်ခင်းများအား အထူးအလေးထား ပိုးသတ်ပြီးသန့်ရှင်းစင်ကြယ်အောင် ထားရှိထားခြင်း
👍 အနှိပ်ပညာရှင်များအား စနစ်တကျ ပိုးသတ်သန့်စင် လျှော်ဖွတ်ထားသော ယူနီဖောင်းများသာဝတ်ဆင်ပြီး ဝန်ဆောင်မှု ပေးစေခြင်း
👍 တခါသုံး ပဝါနှင့် ခေါင်းအုံးစွပ်များ အသုံးပြုပေးခြင်း၊ လိုအပ်ပါက စောင်များပါ အသင့်ထားရှိခြင်း
👍 ပထမတစ်ဦးအား ဝန်ဆောင်မှုပေးပြီးနောက်ဒုတိယတစ်ဦးအားဝန်ဆောင်မှုမပေးခင် အနှိပ်ကုတင်များအား စနစ်တကျ ပြန်လည်ပိုးသတ်ပေးခြင်း
👍 ဝန်ဆောင်မှုမပေးခင်တွင်လည်း ကျွမ်းကျင်အနှိပ်ပညာရှင်များ၏ခြေလက်များအား Alcohol Handgel များဖြင့်ပိုးသတ်ပြီးမှ ဝန်ဆောင်မှုပေးစေခြင်း
စသည့်အချက်အလက်များကို အသေးစိတ်သေချာ ဂရုစိုက်ပေးထားတဲ့အတွက် ကျွန်တော်တို့ အိုအေစစ် ဂျပန်နည်းပညာ မျက်မမြင်အကြောပြင်တွင် ကိုယ့်အိမ်ကိုယ့်ယာသဖွယ် စိတ်အေးချမ်းသာစွာ လာရောက်အပန်းဖြေနိုင်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ် ❤️❤️
(သာမာန်ညောင်းညာမှုများအတွက်)
၁နာရီ - ၆၀၀၀ကျပ်
(အညောင်းထိုင်များသူများ၊ အရမ်းအကြောတက်တတ်သူများအတွက်)
၁နာရီခွဲ - ၉၀၀၀ကျပ်
(ရောဂါကုသရန်၊ အကြောပြင်ရန်နှင့် အရမ်းအကြောတက်တတ်သူများအတွက်)
၂နာရီ - ၁၂၀၀၀ကျပ်
အနှိပ်အားလုံးက တစ်ကိုယ်လုံးကိုနှိပ်ပေးတာဖြစ်ပြီး၊ အချိန်ပေါ်မူတည်ပြီး နှိပ်ကွက်အနည်းအများသာ ကွာခြားမှုရှိပါတယ်။ အရမ်းအညောင်းမိ၊ အကြောတက်တတ်သူများအတွက်ကတော့ အနည်းဆုံး ၁နာရီခွဲယူဖို့ အကြံပြုပါရစေခင်ဗျာ။
👉 ၁၀နာရီပြည့်တိုင်း ၁နာရီ မေတ္တာလက်ဆောင်ပေးတဲ့ member card အစီအစဉ်လေးကလည်း ရှိပါသေးတယ် ခင်ဗျ 😍
ပါရမီလမ်းမကျယ်ကြီးမှာမို့ ကားပါကင်အတွက် လုံးဝစိတ်ပူစရာမလိုပါဘူးခင်ဗျ။
ဆိုင်တွင်း - WiFi free
လိပ်စာကတော့ - ၂၅ဂ၊ ပါရမီလမ်း၊ ၅ရပ်ကွက်၊ ၁ဝိုင်းဘုန်းကြီးကျောင်းမျက်စောင်းထိုး၊ တောင်ဥက္ကလာပမြို့နယ်
အမျိုးသားဆရာ၊ အမျိုးသမီးဆရာမ သီးသန့်ရှိတာမို့
ဖုန်းဆက် booking ယူပြီး အားပေးနိုင်ပါတယ်ခင်ဗျ 🙏
ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုအတွက်
📞 09450032575 ကို ကြိုတင်ဆက်သွယ်ပြီး
လာပေးပါနော်…
ပိုမိုကျန်းမာတဲ့နေ့သစ်တွေကို ပိုင်ဆိုင်နိုင်စေဖို့ အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ကျွန်တော်တို့ တွဲလက် မိသားစုမှ လူကြီးမင်းများအား ကြိုဆိုရန်စောင့်မျှော်နေပါတယ်ခင်ဗျာ… ☺️☺️
ကမ္ဘာပေါ်မှာ နှစ်စဥ်နှစ်တိုင်း ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးသူ လူဦးရေ (၈)သန်းလောက် ရှိပါတယ်။
အဲ့ဒီထဲကမှ (၇)သန်းလောက်ကတော့ ကိုယ်တိုင်ကိုယ်တိုင်ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးတာဖြစ်ပြီး (၁.၂)သန်းလောက်ကတော့ ကိုယ်တိုင်သောက်သုံးတာကြောင့် မဟုတ်ဘဲ second-hand smokeကြောင့် သေဆုံးတာ ဖြစ်ပါတယ်။
second-hand smokeဆိုတာကတော့ ဆေးလိပ်ငွေ့ကို နှစ်ရှည်လများ ကာလတော်တော်ကြာ ရှူရှိုက်မိတာကို ဆိုလိုပါတယ်။ အထူးသဖြင့် ဆေးလိပ်စွဲသောက်တတ်တဲ့သူတွေနဲ့ အနီးကပ်နေထိုင်ရသူ၊ မိသားစုဝင်တွေ ဖြစ်တာများပါတယ်။ ကိုယ်တိုင်မသောက်သုံးတာတောင် ဒီလိုကာလအကြာကြီး ဆေးလိပ်ငွေ့တွေကို ရှူနေရတဲ့အခါ သူ့မှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် အဆုတ်ကို ထိခိုက်ပြီး သေဆုံးတာပဲ ဖြစ်ပါတယ်။
❓ဆေးလိပ်သောက်ခြင်းကြောင့် ဘာရောဂါတွေ ဖြစ်နိုင်လဲ
အဆုတ်ကင်ဆာရောဂါဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ဆေးလိပ်သောက်တာကြောင့်ပဲ ဖြစ်ပါတယ်။ (ဆေးလိပ်သောက်သူရဲ့ ၈၆%လောက်က အဆုတ်ကင်ဆာ ဖြစ်တာကို တွေ့ရပါတယ်။) အခြားသော အဆုတ်ရောဂါတွေဖြစ်တဲ့ နာတာရှည်လေပြွန်ရောင်တာ၊ လေအိတ်ပျက်တာတွေလည်း ဖြစ်နိုင်ပါတယ်။
အဆုတ်တင်မကဘဲ အသက်ရှူလမ်းကြောင်းက အခြား အင်္ဂါအစိတ်အပိုင်းတွေမှာလည်း ကင်ဆာဖြစ်နိုင်ပါသေးတယ်။
ဒါ့အပြင် နှလုံးသွေးကြောကျဥ်းတာ၊ လေဖြတ်တာတွေလည်း ဖြစ်နိုင်ပါတယ်။
ဆေးလိပ်သောက်သုံးသူ အမျိုးသမီးတွေမှာဆိုရင် ကိုယ်ဝန်ဆောင်တဲ့အခါမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဥပမာ - ကိုယ်ဝန်ဆောင်စဥ် သန္ဓေသားက ကိုယ်အလေးချိန်မပြည့်တာ၊ ကိုယ်ဝန်မဆောင်နိုင်တာ၊ အရွယ်မတိုင်ခင် သွေးဆုံးတာ၊ အရိုးပွတာ အစရှိတာတွေ ဖြစ်နိုင်ပါတယ်။
❓ဆေးလိပ်ဖြတ်လိုက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲ
အဓိကကတော့ အထက်ပါဖော်ပြခဲ့တဲ့ ရောဂါတွေ ဖြစ်ဖို့ အခွင့်အရေး နည်းပါးသွားမယ်။
အရွယ်မတိုင်ခင် ဆေးလိပ်ကြောင့် စောစောစီးစီး သေဆုံးနှုန်းကိုလည်း လျော့ချနိုင်တဲ့အပြင် အကယ်၍ တခြားရောဂါတွေလည်း မရှိခဲ့ဘူးဆိုရင် ဆေးလိပ်ဖြတ်ခြင်းကြောင့် နောက်ထပ် (၁၀)နှစ် အသက်ရှည်နိုင်တယ်လို့လည်း ဆိုကြပါတယ်။
ဒါ့အပြင် ဆေးလိပ်ကြောင့် ကုန်ကျရတဲ့ ကုန်ကျစရိတ်ကိုလည်း လျော့ချရာရောက်ပါတယ်။
❓ဆေးလိပ် ဘယ်လို ဖြတ်ရမလဲ
• တချို့တွေကတော့ ဆေးလိပ်သောက်တာကို တိခနဲ ဖြတ်တတ်ကြပါတယ်။ ဒီနည်းလမ်းကတော့ တချို့တလေအတွက် အဆင်ပြေနိုင်ပေမယ့် တိခနဲဖြတ်ချဖို့ အဆင်မပြေတဲ့သူတွေလည်း ရှိနိုင်ပါတယ်။
• တချို့တွေကတော့ ဖြည်းဖြည်းချင်း ဖြတ်တဲ့နည်းကို သုံးကြပါတယ်။ ဥပမာပြောရရင် အရင်က တစ်ရက်ကို ကိုယ်သောက်တဲ့နှုန်းထက် တစ်လိပ်၊ နှစ်လိပ် အစရှိသဖြည့် တိုးတိုးလျော့သွားပြီး နောက်ဆုံး လုံးဝပြတ်သွားတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဆေးလိပ်သောက်ချင်တဲ့ မိမိစိတ်ကို ထိန်းဖို့နဲ့ သည်းခံနိုင်ဖို့ လိုအပ်ပါတယ်။
• အနောက်နိုင်ငံတော်တော်များများကတော့ “ni****ne replacement therapy” အသုံးပြုပြီး ဆေးလိပ်ဖြတ်ကြပါတယ်။ ဒီ therapyကတော့ ဆေးလိပ်အစားထိုးအနေနဲ့ ni****neကိုကို ငုံဆေး၊ ပီကယ် အစရှိတဲ့ ပုံစံတွေနဲ့ ပေးတာဖြစ်ပါတယ်။ ဒီ therapyကိုပေးတဲ့အတွက်ကြေင့် ကာယကံရှင်က ဆေးလိပ်ဖြတ်ရာမှာ ရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကိုလည်း လျော့စေနိုင်တယ်လို့ ဆိုပါတယ်။ လိုအပ်တဲ့ ဆေးဝါးသောက်သုံးမှုကိုတော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးမှ သောက်သုံးရတာပါ။
• တော်တော်များများက ဆေးလိပ်ကို စိတ်ညစ်ရင်၊ စိတ်ဖိစီးရင် စိတ်ထွက်ပေါက်အနေနဲ့ သောက်တတ်ကြပါတယ်။ ဒါကြောင့် ဒီလိုအကျင့်ရှိတယ်ဆိုရင် စိတ်ဖိစီးတဲ့အချိန်တွေမှာ မိမိဝါသနာပါရာ အခြားတစ်ခုခုနဲ့ အချိန်ဖြုန်းတတ်တဲ့အကျင့်ကို မွေးပါ။ အတတ်နိုင်ဆုံး ကိုယ့်ကို စိတ်ဖိစီးမှု ဖြစ်စေနိုင်တဲ့အရာတွေကို ကြိုးစားရှောင်ပါ။
စိတ်ဖိစီးမှုဖြစ်တဲ့အချိန်တွေမှာ ဆေးလိပ်သောက်မိနိုင်တဲ့အတွက်ကြောင့် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ အကြောလျှော့တာ၊ တရားထိုင်တာ၊ Yogaဆော့တာ၊ စိတ်ကြည်လင်စေတဲ့ သီချင်းနားထောင်တာ အစရှိတာတွေ လုပ်နိုင်ပါတယ်။
• နောက်တစ်နည်းအနေနဲ့ ဆေးလိပ်သောက်ချင်စိတ်ဖြစ်လာပြီဆိုရင် “နောက် ၁၀မိနစ်နေမှ သောက်ရအောင်” ဆိုပြီး မိမိကိုယ်ကိုယ် သတိပေးပါ။ အဲ့ဒီအချိန်အတွင်းမှာလည်း စိတ်ပြောင်းသွားအောင် အခြားတစ်ခုခု လုပ်နေပါ။ တတ်နိုင်ရင် “ဆေးလိပ်မသောက်ရ” သတ်မှတ်ထားတဲ့ နေရာတွေကို သွားကြည့်ပါ။ ဒီလို လုပ်ခြင်းအားဖြင့် ဆေးလိပ်သောက်ဖို့ကို နှောင့်ယှက်ဟန့်တားသလို ဖြစ်စေတဲ့အတွက်ကြောင့်ပါ။
• လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးလို့ရပါတယ်။ ဆေးလိပ်သောက်တတ်တဲ့အချိန်တွေမှာ အားကစားတစ်ခုခု အစားထိုးလုပ်ကြည့်ပါ။ ပြေးတာ၊ လမ်းလျှောက်တာ၊ ထိုင်ထလေ့ကျင့်ခန်း အစရှိတာတွေ လုပ်ပေးနိုင်ပါတယ်။
• မိသားစု၊ သူငယ်ချင်းတွေ၊ တတ်ကျွမ်းနားလည်သူတွေနဲ့ ဆေးလိပ်ဖြတ်ဖို့ နည်းလမ်းတွေ တိုင်ပင်တွေးနွေးပါ၊ လိုက်နာပါ။
• ဆေးလိပ်ဖြတ်ခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာ အမြဲအမှတ်ရနေပါ။ ဥပမာ - “နေလို့ပိုကောင်းလာမယ်။ ကျန်းမာရေးပိုကောင်းလာမယ်။ ကိုယ့်ကြောင့် ကိုယ့်မိသားစုဝင်တွေမှာလည်း second-hand smokeမဖြစ်တော့ဘူး။ ပိုက်ဆံချွေတာနိုင်မယ်”ဆိုတာတွေကို အမြဲတွေးတောနေပါ။
ဆေးလိပ်စဖြတ်ဖြတ်ချင်းမှာတော့ ဂနာမငြိမ်ဖြစ်တာ၊ စိတ်ဆတ်တာ၊ ပင်ပန်းတာ၊ ချွေးထွက်တာ အစရှိတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
နောက် (၁၀)ရက်လောက်ကြာပြီးသွားတဲ့အချိန်မှာ ဒီလက္ခဏာတွေ တဖြည်းဖြည်း ပျောက်ကင်းသွားပါလိမ့်မယ်။
❓ဒါဆို e-cigaretteလို့ခေါ်တဲ့ လူငယ်တွေကြား ရေပန်းစားနေတဲ့ အီလက်ထရောနစ် စီးကရက်တွေကိုရော ဆေးလိပ်အစားထိုးအဖြစ် အသုံးပြုနိုင်လား?
အတိအကျဖြေဖို့ကတော့ ခဲယဥ်းပါတယ်။ တကယ့်စီးကရက်၊ တကယ့်ဆေးလိပ်ထက်စာရင် ဓာတုပစ္စည်း ပါဝင်မှုနည်းတယ်လို့ ပြောကြပေမယ့် e-cigarette ကြောင့် ဖြစ်တဲ့ အဆုတ်ဒဏ်ရာနဲ့သေဆုံးသူတွေလည်း ရှိနေပြန်ပါတယ်။ ဒါ့အပြင် e-cigaretteထဲမှာ ဓာတုပစ္စည်း ထောင်ပေါင်းများစွာ ပါဝင်နေပြီး တချို့တွေက ဘာအမျိုးအစားမှန်းတောင် ခွဲခြားမရနိုင်ပါဘူးတဲ့။ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတာကိုတော့ တွေ့ရပါတယ်။ ပြီးရင် ကိုယ်က မရပ်နိုင်ရင် ပုံမှန်သောက်နေတဲ့ ဆေးလိပ်လိုပဲ စွဲတတ်ပါတယ်။
ဒါ့အပြင် ပုံမှန်ဆေးလိပ်တွေထက်တင် ပိုပြီး ni****ne ပါတယ်လို့ တချို့က ဆိုကြပါတယ်။ ဒါကြောင့် ယာဘီအစားထိုး မဟုတ်ဘဲ တောက်လျှောက်စွဲသောက်ဖို့ကတော့ အန္တရယ်များလှပါတယ်။
ဆေးလိပ်ဖြတ်ပြီးတဲ့အချိန်မှာတော့...
- ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံပိုစားပါ။
- Citrusပါတဲ့ အသီးတွေ (ချဥ်တဲ့အသီး)တွေက ဆေးလိပ်သောက်ချင်တဲ့ အာသီသဖြစ်မှုကို လျှော့ချပေးနိုင်ပါတယ်။
- ပီကယ်ဝါးပါ။ ငုံဆေးငုံပါ။
- ကိုယ်လက်လှုပ်ရှား များများလုပ်ပေးပါ။
- ရေများများသောက်ပါ။
- မိမိပတ်ဝန်းကျင်ကိုလည်း ဆေးလိပ်ဘာလို့ ဖြတ်သင့်ကြောင်း၊ ဘယ်လိုဖြတ်သင့်ကြောင့် ကျန်းမာရေးဗဟုသုတ မျှဝေပါ။
ဒီလောက်ဆို ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေနဲ့ ဆေးလိပ်ဘယ်လို ဖြတ်သင့်လဲဆိုတာ ပြည့်ပြည့်စုံစုံ သိရှိပြီးဖြစ်တယ်လို့ ထင်ပါတယ်။
ကိုယ်တိုင်အတွက်ရော၊ ကိုယ့်မိသားစုအတွက်ရော “ကျန်းမာခြင်းသည် လာဘ်တစ်ပါး”ဖြစ်အောင် အထက်ပါပြောပြခဲ့တဲ့ နည်းလမ်းလေးတွေ လိုက်နာရင်း ဆေးလိပ်ဖြတ်ကြရအောင်ပါ။
Crd: Tele Health
#မျက်မမြင်အကြောပြင်
#၁နာရီ_၆၀၀၀ကျပ်
#တောင်ဥက္ကလာပ
Phone - 09450032575, 09444456653
အုန်းမှုတ်ခွက်နင်းပြီး ခြေဖဝါးအကြောများဖွင့်ခြင်း..
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
သာမန်ခေါင်းကိုက်၊ ခေါင်းမူး၊ နောက်ကျောတက်၊ ခါးနာ၊ ခြေထောက်ကိုက်ဖြစ်ရာကနေ တစ်စတစ်စနဲ့ သွေးတိုးရောဂါ၊ လေငန်းရောဂါ၊ မျက်စိမှုန် ပါဝါတိုး၊ မျက်ရိုးကိုက်၊ အကြောတက် စသဖြင့် ရောဂါဟာ ကြီးထွားလာတတ်ကြပါတယ်။
ဒီလို လူတိုင်းအဖြစ်များနေတဲ့ရောဂါများဟာ ပထဝီဓါတ်နှင့် ဝါယောဓါတ်တို့ မညီမျှရာကနေစပြီး ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေပါပဲ။အထက်ပါရောဂါများ မဖြစ်ရလေအောင်၊ ဖြစ်ပြီးသူများလည်း ရောဂါ သက်သာပျောက်ကင်းအောင် အုန်းမှုတ်ခွက်နင်းခြင်းဖြင့် ကာကွယ်နိုင်ကြပါတယ်။
အုန်းမှုတ်ခွက်နင်းခြင်းဟာ ရှေးမြန်မာဆေးကျမ်းများနှင့် ရှေးအိန္ဒယဆေးနည်း၊ တရုတ်ဆေးနည်းများတွင်လည်း ဖော်ပြထားကြပါတယ်။ လက်တွေ့ပျောက်ကင်းသူများလည်း အများအပြားရှိနေပါတယ်။
(၁) ခြေအသင့်နင်းနိုင်မည့် အုန်းမှုတ်ခွက် (၂)ခုကို ပရဆေးဆိုင် သို့မဟုတ် အုန်းသီးဆိုင်တို့မှာ မေးဝယ်ပါ။
(၂) အုန်းမှုတ်ခွက် (၂)ခုကို မှောက်လျှက်ထားပြီး ကိုင်စရာဝါးတန်း သို့မဟုတ် ကြိုးတန်း လုပ်ထားပါ။
(၃) အုန်းမှုတ်ခွက်ပေါ်ကို ခြေထောက်နှစ်ချောင်းက တက်နင်းပြီး ဘယ်ညာ အကြိမ်(၁၀၀) တက်နင်းပါ။ ၅ မိနစ်ခန့်သာ ကြာပါတယ်။
(၄) အထက်ပါနည်းများကို မနက်ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ခါနီး ခြေထောက်ကို ရေဆေးပြီးတစ်ကြိမ် ပြုလုပ်ပြီးမှ အိပ်ယာဝင်ပါ။
သတိပြုရန် – အုန်းမှုတ်ခွက်နင်းပြီး တစ်ကိုယ်လုံးရှိ သွေးကြောများ လည်ပတ်၍ အပူရှိန်တက်နေစဉ် ရေလုံး၀ မချိုးရပါ။ နင်းပြီး အနည်းဆုံး ၃ နာရီ သို့မဟုတ် ၄ နာရီရှိမှသာ ချိုးပါ။
အထက်ပါနည်းအတိုင်း ပုံမှန်နင်းသွားပါက ၂ လအတွင်း ခန္ဓာကိုယ်မှ အပူများ လျှော့ကျသွားပြီး အကြောများ၊ ကြွက်သားများ လုပ်ဆောင်မှုအားကောင်းလာကာ မျက်စိမှုန်ခြင်း၊ ဇက်ကြောတက်ခြင်း၊ သွေးတိုး၊ လေငန်းရောဂါများ သက်သာပျောက်ကင်းသွားပါမည်။
အဲဒီလိုတွေမှ လုပ်ဖို့အဆင်မပြေဘူးဆိုရင်ဖြင့်သွေးကြော၊ လေကြောပွင့်ပြီး အပူများထွက်ကာ ကိုယ်လက်ပေါ့ပါးစေဖို့ ကျွန်တော်တို့အိုအေစစ်ရဲ့ ကျွမ်းကျင်အနှိပ်ဆရာများထံမှ အကြောပြင်အနှိပ်ခံယူပြီးလည်း ရောဂါများ သက်ကာပျောက်ကင်းနိုင်ပါသည်ခင်ဗျာ။
(သာမာန်ညောင်းညာမှုများအတွက်)
၁နာရီ - ၆၀၀၀ကျပ်
(အညောင်းထိုင်များသူများ၊ အရမ်းအကြောတက်တတ်သူများအတွက်)
၁နာရီခွဲ - ၉၀၀၀ကျပ်
(ရောဂါကုသရန်၊ အကြောပြင်ရန်နှင့် အရမ်းအကြောတက်တတ်သူများအတွက်)
၂နာရီ - ၁၂၀၀၀ကျပ်
အနှိပ်အားလုံးက တစ်ကိုယ်လုံးကိုနှိပ်ပေးတာဖြစ်ပြီး၊ အချိန်ပေါ်မူတည်ပြီး နှိပ်ကွက်အနည်းအများသာ ကွာခြားမှုရှိပါတယ်။ အရမ်းအညောင်းမိ၊ အကြောတက်တတ်သူများအတွက်ကတော့ အနည်းဆုံး ၁နာရီခွဲယူဖို့ အကြံပြုပါရစေခင်ဗျာ။
👉 ၁၀နာရီပြည့်တိုင်း ၁နာရီ မေတ္တာလက်ဆောင်ပေးတဲ့ member card အစီအစဉ်လေးကလည်း ရှိပါသေးတယ် ခင်ဗျ 😍
ပါရမီလမ်းမကျယ်ကြီးမှာမို့ ကားပါကင်အတွက် လုံးဝစိတ်ပူစရာမလိုပါဘူးခင်ဗျ။
ဆိုင်တွင်း - WiFi free
လိပ်စာကတော့ - ၂၅ဂ၊ ပါရမီလမ်း၊ ၅ရပ်ကွက်၊ ၁ဝိုင်းဘုန်းကြီးကျောင်းမျက်စောင်းထိုး၊ တောင်ဥက္ကလာပမြို့နယ်
ဖုန်းနံပါတ် - 09450032575, 09444456653
အမျိုးသားဆရာ၊ အမျိုးသမီးဆရာမ သီးသန့်ရှိတာမို့
ဖုန်းဆက် booking ယူပြီး အားပေးနိုင်ပါတယ်ခင်ဗျ 🙏
လေဖြတ်တော့မယ်ဆိုရင်
🔜🔜🔜🔜🔜🔜🔜🔜🔜
ဦးနှောက်နဲ့အာရုံကြောပါရဂူတယောက်က
လူတယောက် လေဖြတ်တော့မယ်ဆိုတာကို ၃နာရီလောက် ကြိုသိခဲ့လို့
ဒီ ၃နာရီအတွင်း ကြပ်ကြပ်မတ်မတ် ကုသပေးလိုက်ရရင် လေလုံးဝ မဖြတ်အောင်
တားနိုင်တယ် လို့ ပြောပါတယ်။
လေဖြတ်တော့မယ်ဆိုတာကို ကြိုသိနိုင်ပါ့မလား ?
လေဖြတ်တဲ့လက္ခဏာတွေက ခွဲခြားဖို့ ခက်ခဲပါတယ်။
တခါ , ကံဆိုးတာက အမှုမဲ့ အမှတ်မဲ့ နေတတ်ကြတာကြောင့်လည်း
လေဖြတ်ခြင်းဟာ ကပ်ဆိုက်မှုကြီး တရပ် ဖြစ်နေခဲ့ရပါတယ်။
ခုတော့ သိလာကြပြီ တဲ့ ,
ဆရာဝန်တွေက ပြောကြပြန်ပါတယ် ..
အနီးကပ် နေသူတဦးက မိမိနားကလူတယောက် လေဖြတ်တော့မယ်ဆိုတာကို
အချက် ၃ချက်ကို သိရှိနားလည်ထားရင် ကြိုပြီး သိနိုင်ပါပြီ တဲ့။
ဘာအချက်တွေလဲ ဆိုတော့ ' ပ ' သုံးလုံးဖြစ်ပါတယ်၊
၁။ ပြုံးခိုင်းပါ
၂။ ပြောခိုင်းပါ
၃။ ပြခိုင်းပါ တို့ ဖြစ်ပါတယ်။
မိမိ မိခင် ဖခင် မိသားစု ဆွေမျိုး မိတ်ဆွေ တွေမှာ ဆီးချို သွေးတိုး နှလုံးလည်းရှိမယ်၊
ကိုယ်အလေးချိန်လည်း များနေမယ် ( ဝ နေမယ် ) ဆိုရင် လေဖြတ်ဖို့ အလားအလာ
ရှိသူအဖြစ် သိထားဖို့ လိုပါတယ်။
ဒီ ပုဂ္ဂိုလ်တွေကို ကြည့်ရင်း ကြည့်ရင်း အကဲမရဘူးလို့ ထင်လာတဲ့အခါကျရင်
☝ပထမ - ပြုံးခိုင်းကြည့်ပါ
လေဖြတ်တော့မယ်ဆိုရင် မပြုံးနိုင်တော့ဘူ တဲ့၊
☝ဒုတိယ - စကားပြောခိုင်းပါ၊
လွယ်တဲ့ ဝါကျလေး တခုခု ပေါ့
လေဖြတ်တော့မယ်ဆိုရင် ရှင်းရှင်းလင်းလင်း မပြောနိုင်ဘူး တဲ့၊
လျှာ ထုတ်ခိုင်းကြည့်ရင် လျှာ တွန့်လိမ်နေမယ် တဲ့၊
☝တတိယ - ပြခိုင်းတာ
လက်နှစ်ဖက်ကို မြှောက်ပြပါ လို့ ခိုင်းပါ တဲ့၊
လက် မြှောက်ပြခိုင်းလို့ မရဘူး တဲ့၊
ဒီအချက် ၃ချက်ထဲက ၁ချက်ချက် ချွတ်ယွင်းရင် ဆေးရုံအမြန် ပို့ပါတော့ တဲ့။.
----------------------------------------------------------
ကျန်းမာချမ်းသာကြပါစေ
Credit to ဒေါက်တာမြင့်သိန်း ****************
ပြန်လည်မျှဝေပါတယ်
ကျွန်တော်တို့ အိုအေစစ်ရဲ့ အနှိပ်ဆရာမလေးက ဗိုက်ဗိုက်လေးဖြစ်နေပြီမို့ 🤰အနှိပ်ဆရာမလေးရော သူ့အမျိုးသားပါ ကလေးမွေးရင်း၊ ကိုယ်ပိုင်အလုပ်လေးထူထောင်ကြဖို့ သူတို့မိဘတွေဆီ မကြာခင်ပြန်ကြတော့မှာပါ
အဲဒီအတွက် အစားထိုး
မျက်မမြင်အကြောပြင် ဆရာ၁ယောက်၊ ဆရာမ၁ယောက် အလိုရှိနေပါသည်။
လူလွတ် - ဦးစားပေးပါသည်။
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်
၁နာရီ - ၆၀၀၀ကျပ် နဲ့ ဝန်ဆောင်မှုပေးနေပါတယ်။
Section ကြေးအပေါ်မှာ ၄၀ရာခိုင်နှုန်းရပါမယ်။
နေ-စား (မနက်စာ၊ နေ့လည်စာ၊ ညစာ) ငြိမ်း
(ဆိုင်မှာချက်ကျွေးပါတယ်)
ယူနီဖောင်းရှိပါမယ်။
အိပ်ခန်းသပ်သပ်ရပါမယ် (အမျိုးသမီး၂ယောက်ခန်း/အမျိုးသား ၄ယောက်ခန်း)
ဆိုင်ဖွင့်ချိန် မနက် ၉နာရီမှ ည၉နာရီအထိ
၁လ ၂ရက်ခွင့်ယူနိုင်သည်။
(စနေ၊ တနင်္ဂနွေ နှင့် အစိုးရပိတ်ရက်တွေမှာတော့ ကျန်းမာရေးမှလွဲ၍ ခွင့်မပေးပါနော်)
ဆိုင်အတွင်း ဝက်/အမဲ စားလို့မရပါ
Oasis Blind Massage
09450032575, 09444456653
Cb မှဖြစ်စေ ဖုန်းတိုက်ရိုက်ဆက်သွယ်၍လည်း စုံစမ်းနိုင်ပါတယ်
လက်ချောင်းလေးတွေ ကွေးမရဘူး အများအားဖြင့် လက်မ၊ လက်ခလယ်၊ လက်သူကြွယ် ဒီလက်ချောင်းလေးတွေအဖြစ်များတယ်။
ကွေးမရ၊ ကွေးပြီရင်ပြန်ဆန့်တဲ့အခါ အကြောကညိနေသလိုဖြစ်တယ်။ လက်ချောင်းရင်းလေးတွေမှာနာကျင်မှု့ ခံစားရတယ်၊ ဖိလိုက်ရင်နာကျင်တတ်တယ်။
••အဆစ်ရောင်နာအမျိုးစားထဲကပါဘဲ သူကခလုပ်ညိသလို ညိပြီးရင် အကွေးရော အဆန့်မှာပါညိပြီး နာကျင်တတ်ပါတယ် ။
•• လက်ကောက်ဝတ်ပိုင်း အကြောလေးတွေ အကြိမ်ဖန်များစွာလှုပ်ရှါးလွန်းတဲ့အခါ ဒီအဆစ်ပိုင်းလေးတွေမှာ ခုလိုဝေဒနာမျိုးတွေသက်ရောက်စေပါတယ်။
•• ဆေးထိုးပြီးကုသတဲ့ နည်းများအပြင် ရေနွေးစိမ်ပေးခြင်း၊ လေ့ကျင့်ခန်းများပြုလုပ်ခြင်းနဲ့ အကြောပိုင်း၊ အဆစ်ပိုင်းပြုပြင်ပြီး ဆေးစီးကုသခြင်းတို့ပြုလုပ်ရင် ပျောက်ကင်းပါတယ်။
•• လေ့းကျင့်ခန်းပြုလုပ်တဲ့လက်ပိုင်းဆိုင်ရာ ပုံလေးတွေနဲ့ ဒဏ်ရာသက်ရောက်တဲ့နေရာများကိုပြသထားတဲ့ပုံလေးတွေကို စုစည်းပြီး ဗဟုသုတပညာရပ်လေးတခုအဖြစ်တင်ပြထားပါတယ်။
ကျွန်တော်တို့အိုအေစစ်ရဲ့ ကျွမ်းကျင်အနှိပ်ဆရာများရဲ့ အကြောပြင်ဝန်ဆောင်မှုကို လိုအပ်ပါက 09450032575 သို့ဆက်သွယ်၍ သိလိုသည်များ စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
ဖုန်းဆက်၍လည်း ကြိုတင်booking ယူထားနိုင်ပါပြီခင်ဗျ။
Credit to original uploader
#မျက်မမြင်အကြောပြင်
#တောင်ဥက္ကလာပ
#၁နာရီ_၆၀၀၀ကျပ်
"တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ "
၇.၁၁.၂၀၂၂ (တနင်္လာနေ့) တွင်ကျရောက်သည့် "တန်ဆောင်မုန်းလပြည့်နေ့ " အခါသမယမှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး ဘေးအန္တရာယ်ကင်းဝေးပြီးစိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် လိုအင်ဆန္ဒများ ပြည့်ဝပါစေလို့ အိုအေစစ်မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
#တန်ဆောင်မုန်းလပြည့်
#မျက်မမြင်အကြောပြင်
#တောင်ဥက္ကလာပ
💆မျက်မမြင်အနှိပ်သန့်သန့်လေးပါခင်ဗျ
🤔စိတ်ရော ကိုယ်ပါပင်ပန်းနွမ်းနယ်နေပါသလား။
🤗အိပ်လို့မပျော်ဘူးလား။
😊မိသားစု blind massage သန့်သန့် နှိပ်ဖို့ ဆိုင်ရှာနေပါလား။
ခန္ဓာကိုယ်ကို ခဏလေး အနားပေးလိုက်ကြရအောင်ပါ
🌸Blind Massge အနှိပ်ခံတယ်ဆိုတာ အညောင်းအညာ ပြေဖို့ ဇိမ်ခံရုံ သပ်သပ်မဟုတ်ဘူးနော်။
အကြောများဖွင့်ပေးပြီး၊ အပူများထွက်ကာ ခန္ဓာကိုယ်ကျန်းမာပေါ့ပါးကျန်းမာစေပါတယ်။
ဒူးနာ၊ ခါးနာ အစရှိသည့် အကြောပြင်ဖို့လိုအပ်တဲ့နေရာတွေဆိုလည်း ဆေးလေးလူးပြီး အကြောနားလည်တတ်ကျွမ်းသောဆရာများမှ သေချာအကြောပြင်ပေးပါတယ်။
ကျန်းမာရေးအတွက် ကောင်းကျိုးအများကြီး ရှိတာမို့ မိမိခန္ဓာကိုယ်ကျန်းမာသန်စွမ်းပေါ့ပါးဖို့ အချိန် ၁နာရီလောက် ပေးလိုက်ကြရအောင်လား
1 hour - 6000/-Ks
1:30 hour - 9000/-Ks
2 hour - 12000/-Ks
👉 ၁၀နာရီပြည့်တိုင်း ၁နာရီ မေတ္တာလက်ဆောင်ပေးတဲ့ member card အစီအစဉ်လေးကလည်း ရှိပါသေးတယ် ခင်ဗျ 😍
ပုံမှန်အနှိပ်ခံ၊ အပူထုတ်ပေးခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများ ရရှိစေပါတယ်။
(1) နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါသည်။
(2) သွေးတိုးကျစေပါသည်၊သွေးဖိအားကို ထိန်းညှိပေးသည်။
(3) ခေါင်းတခြမ်းကိုက်ခြင်း/ခန္ဓာကိုယ် ကိုက်ခဲခြင်းကို သက်သာစေပါသည်၊
(4) ပင်ပန်းနွမ်းနွယ်မှုက်ို ပြေပျောက်စေပြီး ခုခံအားတိုးစေပါသည် ၊
(5)အသည်းရဲ့လုပ်ဆောင်ချက်ကို အထူး တိုးတက်ကောင်းမွန်စေသည်။
(6) ခန္ဓာ ကိုယ်အတွင်းပိုင်းမှ cell များကို ကြံ့ခိုင်သန်မာစေပါသည် ၊
အာရုံကြောများ ကို ကြုံခိုင်သန်စွမ်းစေသည်။
(7) ခန္ဓာကိုယ်အသားအရေလှပစေသော အစာချေစနစ်ကောင်းမွန်သော အမျိုးမျိုးသော အင်ဇိုင်းများကို ရှင်သန်တိုးတက်စေပါသည်၊
(8) ခန္ဓာကိုယ်အတွင်းရှိ ကလီစာများ၏ စွမ်းဆောင်ရည်များ လုပ်ဆောင်ချက်များကို စည်းချက်ကျကျလည်ပတ်စေပါသည်
(9) ဇီဝကမ္မဖြစ်စဉ် (metabolism) ကို အရှိန်အဟုန်မြင့်စေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေကာ ခန္ဓာကိုယ်ပေါ့ပါးပြီး လှပနုပျိုစေပါသည်၊
(10) လူ့ခန္ဓာကိုယ်အတွင်းမှ ဖြစ်စဉ်များကို တဖြည်းဖြည်းချင်း ပိုမိုကောင်းမွန်လာစေရန် အထောက်အကူပြုပါသည်
(11)နုပျိုစေခြင်း ၊ပါးရေတွန့်မှုကို ကာကွယ်ခြင်း ၊ခုခံအားတိုးမြင့်စေခြင်း ၊အဆီကျစေခြင်း ၊အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းကို လျော့ကျစေခြင်း ၊ကျန်းမာရေး ပိုမိုကောင်းမွန်စေခြင်း ၊အသားအရေ ပိုမိုကြည်လင်စေပါသည်။
(12)မျက်စိကြည်စေပါသည်။
ပါရမီလမ်းမကျယ်ကြီးမှာမို့ ကားပါကင်အတွက် လုံးဝစိတ်ပူစရာမလိုပါဘူးခင်ဗျ။
ဆိုင်တွင်း WiFi free ရတဲ့အပြင် အနှိပ်ခံစဥ်အတွင်း သက်တောင့်သက်သာဖြစ်စေဖို့ လဲဝတ်နိုင်ရန် ချည်သားဘောင်းဘီလေးများ ထားရှိပေးထားပါတယ်။
လိပ်စာကတော့ - ၂၅ဂ၊ ပါရမီလမ်း၊ ၅ရပ်ကွက်၊ ၁ဝိုင်းဘုန်းကြီးကျောင်းမျက်စောင်းထိုး၊ တောင်ဥက္ကလာပမြို့နယ်
ဖုန်းနံပါတ် - 09450032575, 09444456653
အမျိုးသားဆရာ၊ အမျိုးသမီးဆရာမ သီးသန့်ရှိတာမို့
ဖုန်းဆက် booking ယူပြီး အားပေးနိုင်ပါတယ်ခင်ဗျ 🙏
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the practice
Telephone
Website
Address
Oasis Blind Massage ပါရမီလမ်း၊ ၁ဝိုင်းဘုန်းကြီးကျောင်းအနီး၊ ၅၇ပ်ကွက်၊ တောင်ဥကလာပမြို့နယ်
Yangon
11091
Opening Hours
Monday | 09:00 - 21:00 |
Tuesday | 09:00 - 21:00 |
Wednesday | 09:00 - 21:00 |
Thursday | 09:00 - 21:00 |
Friday | 09:00 - 21:00 |
Saturday | 09:00 - 21:00 |
Sunday | 09:00 - 21:00 |
အမှတ်-355၊ တပင်ရွှေထီးလမ်း၊ သမိုင်း ၁ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
Yangon
Building 8, 4-B Yadanar Road, Tsp, Myanmar (Burma)
Yangon, 11071
ဆေးကြပ်ထုပ်၊ရိုးရာအကြောပြင်အနှိပ်၊အဆီချခြင်းများအကောင်းဆုံးဝန်ဆောင်မှုပေးပါတယ်
Himawari Beauty & Spa, ၁၅ရပ်ကွက်၊ သံသုမာလမ်း၊ မြင်သာ စျေးလမ်း၊Yangon, Myanmar (Burma)
Yangon
Spa(Oil-Dry),Waxing,Cleansing, Hair & Face treatment
No. 131, Gemsy Hotel (1st Floor), Ywarma Kyaung Street, Hlaing Township
Yangon
Macy Spa is a 3 star hotel standard spa at Gemsy Hotel (1st Floor). We provide best Thai Traditional Massage, Aroma Oil Massage, and Hot Oil Massage. Gemsy Hotel No.131 Ywarma Kyau...
No. 5/6 , 15/MyinThar Street, South Oakkalarpa Township
Yangon, 11091
ခေါင်းအစ ခြေအဆုံး လှပစေဖို့အတွက်နဲ?
No. 37/9Block, Hlaingtharya, NawadayGarden
Yangon, 11401
ကိုယ်နဲ့အလိုက်ဖက်ဆုံးအလှကို ပုံဖေ
No. 33, Yadanar Bone Street
Yangon, 11101
Relaxing, Body care, Treatment, spa
No. 59, Ground Floor, 32nd Street (lower Block), Pabedan Township
Yangon, 11141
Family foot reflexology in the town
၂/က မြင်တော်သာလမ်း ၄(မြောက်)ရပ်ကွက် သာကေတမြို့နယ် ရန်ကုန်
Yangon, 1123
ဂျပန် မြန်မာ မျက်မမြင်အကြောပြင်အထူးအနှိပ်စင်တာ
Corner Of Bo Tay Za Street And Bo La Yaung Street, Bahan Township
Yangon, 11201
No. 118, 46 Street (Upper Block), Botahaung Township
Yangon, 11161
Family foot massage in the town