Abacus Finance
Company တစ်ခု မှာ လို အပ်တဲ့ လိုင်စင် ၊ စာ?
သင်လုပ်ငန်းတစ်ခုစလုပ်တော့မယ်ဆိုရင် ...
စီးပွားရေးတစ်ခု စလုပ်မယ် လို့မတွေးပဲ၊
လှုပ်ရှားမှု တစ်ခု စတင်မယ်လို့တွေးပါ။
စီးပွားရေးဆိုတာ ငွေကြေးကို အဓိကထား ဖလှယ်တာဖြစ်ပြီး၊
လှုပ်ရှားမှု ဆိုတာကတော့ သင်တန်ဖိုးထားတဲ့ စံသတ်မှတ်ချက်၊ သင့်ယုံကြည်မှုခြင်း ဖလှယ်တာဖြစ်ပါတယ်။
သင့် လုပ်ငန်းအတွက် .. သင့် ယုံကြည်မှု၊ သင်တန်ဖိုးထားတဲ့အရာ တွေကို ချပြ ဖလှယ်ပါ။
သင် ယုံကြည်သလို ယုံကြည်ကြတဲ့သူတွေ ဝန်းရံ လာပါလိမ့်မယ်။
အဲ....
သင့်ဘက်က .. အရင်ချပြဖို့တော့ လိုပါလိမ့်မယ်။
#မာသင်
# စီးပွားရေး ဒသနများ
✅👍
မရောင်းပါနဲ့ ဝယ်စေပါ။
******************
လူတွေက ...
အရောင်းမခံချင်ပါဘူး။
ရောင်းမှန်းသိရင်လဲ မဝယ်တော့ပါဘူး။
ဝယ်ချင်ပေမယ့် လဲ .. အရောင်းတော့ မခံချင်ပါဘူး။
ဒါကြောင့် ... မရောင်းပါနဲ့.. ဝယ်စေပါ။
ကွာဟချက်
********
ဘယ်လိုရောင်းရမလဲ ဆိုတဲ့အတွေးက ကိုယ့်ဘက်ပဲ ကိုယ်တွေးတာဖြစ်တဲ့အတွက် တကိုယ်ကောင်းဆန်ပါတယ်။ တကိုယ်ကောင်းဆန်တဲ့ စီးပွားရေးက စားသုံးသူတွေရဲ့ယုံကြည်မှုကို မရနိုင်ပါဘူး။ ယုံကြည်မှု မရနိုင်ရင် ဈေးကွက်လဲ မရနိုင်ပါဘူး။
အခြားတဘက်မှာ ..
ဘယ်လို ဝယ်လာအောင်ကြိုးစားရမလဲ ဆိုတဲ့ အတွေးက သူအတွက် အကျိုးရှိအောင်၊ တန်ဖိုးတစ်စုံတရာရှိအောင် ဘယ်လိုလုပ်မလဲ ဆိုတာပါဝင်တဲ့အတွက် သူ့ဘက်ကို တွေးပေးပြီး သူ့ဘက်လဲ အကျိုးရှိ ၊ ကိုယ်လဲအကျိးရှိ Win Win ဖြစ်ပြီးတော့ Solution provider လဲဖြစ်သလို Value Provider လဲဖြစ်ပါတယ်။
အရောင်း၊ အဝယ် ဆိုတာ ဈေးနုန်းနဲ့အကျိုးကျေးဇူး ကို ချိန်ခွင်ပေါ်တင်ကြည့်တာပါပဲ။
************
ရောင်းခြင်းဆိုတဲ့အတွေးက စားသုံးသူတွေကို (Price) ဈေးနုန်းအဓိကထားစေပြီး၊
ဝယ်ယူစေခြင်း ဆိုတဲ့အတွေးက စားသုံးသူတွေကို (Benefit) အကျိုးရှိစေခြင်း ကို အာရုံထားပါတယ်။
ABC နဲ့ABCF
*************
ရောင်းခြင်းမှာ ABC ဆိုတဲ့ All About Closing ဆိုတဲ့ ရှေးရိုးအတွေးကစွဲနေပြီး အဲဒီ အရာသည် ဒီနေ့ခေတ်အင်တာနက်ဈေးကွက်မှာ ကိုယ့်လုပ်ငန်းကို ရှောင်ရှားစေတဲ့အရာဖြစ်ပါတယ်။
ဝယ်ယူစေခြင်းမှာ ABCF ဆိုတာကတော့ All About Customer-Focus ဖြစ်ပါတယ်။ စားသုံးသူကို အာရုံထားဝယ်ယူစေခြင်းဖြစ်ပါတယ်။
ကြော်ငြာ နဲ့ပီအာ
************
ရောင်းချခြင်းမှာ ကြော်ငြာ ကို အားထားပြီး
ဝယ်ယူစေခြင်းမှာ ပီအာ (Public Relation ) ကို အားကိုးပါတယ်။
ဒါကြောင့်ပဲ .. စာကြောင်းလေးတစ်ခုရှိပါတယ်။
" Don't sell' em, tell' em "
ရောင်းမယ့် အစား ၊ ပြောပြလိုက်ပါ .. တဲ့။
ဝယ်ယူခြင်းဗေဒ
*************
ဝယ်ယူစေခြင်းကို စိတ်ဝင်စားရင် စားသုံးသူတွေ ဝယ်ယူစေတဲ့အချက်တွေ၊ အိုင်ဒီယာတွေကို လေ့လာရပါမယ်။
ဒါကို " Buy-0-logy " ဘိုင်အိုလော်ဂျီ (ဝယ်ယူခြင်းဗေဒ) လို့ခေါ်ပါတယ်။
ဘိုင်အိုလော်ဂျီ မားကက်တင်း
*********************
စားသုံးသူဝယ်ယူခြင်းဆိုင်ရာ အလေ့အထအမူအကျင့်တွေကို အခြေခံပြီး မားကက်တင်း ဆင်းခြင်း ကို ကျွန်တော် က ဘိုင်အိုလော်ဂျီ မားကက်တင်း (Buyology Marketing) လို့အမည်ပေးထားပါတယ်။
အဲဒါ .. ကျွန်တော် သိပ်မကြာခင် ဖွင့်မယ့် အွန်လိုင်း သင်တန်းပဲဖြစ်ပါတယ်။
လက်ရှိမှာ သင်ခန်းစာများကို ပြင်ဆင်နေပါတယ်။
သိပ်မကြာခင် လာပါမယ်။
ကြော်ငြာတာ မဟုတ်ပါဘူး ။ ပြောပြ တာပါ ။ 😁😁😘
စိတ်ဝင်စားရင် တစ်ခုခု မန့်ခဲ့ဗျာ။ ။ သင်တန်းဖွင့်ရင် ဆက်သွယ်ပေးပါမယ်။
# မာသင်
# ဘိုင်အိုလော်ဂျီ မားကက်တင်း
# Bio-o-logy Marketing
# online Class
Aug 25,2020
ကသခ
ကသခ-၂ မှတ်ပုံတင်လျှောက်လွှာများကို ၁-၉-၂၀၂၀ မှ စတင်၍ ပြန်လည် မှတ်ပုံတင်ရန်အတွက် ထုတ်ပြန်ထားပါသည်။။
သတ်မှတ်ရက်အတွင်း မှတ်ပုံမတင်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၆၅ အရ ၁၀ရာခိုင်နှုန်း ဒဏ်ကြေးပေးဆောင်ရမည်။
သက်တမ်းတိုးရန်လိုအပ်သောစာရွက်စာတမ်းများ
Director/ MD လိုင်စင် ဓါတ်ပုံ (၂) ပုံ
ယခင် နှစ် ကသခ (၂) Copy
ကသခ (၁ ) လျှောက်လွှာပုံစံ
ကသခ (၃) လျှောက်လွှာပုံစံ ( ဒါရိုက်တာ လက်မှတ် နှင့် တံဆိပ်တုံးပါရမည် )
ကသခ (၂) အသစ်အားထုတ်ယူရန် ဒါရိုက်တာ ကိုယ်တိုင်မဟုတ်ပါက အထူးတံဆိပ်ခေါင်း ၃ဝဝကျပ်ပါ ကိုယ်စား လှယ် လွှဲစာပါရမည်။
အရက် ရောင်းတဲ့သူတွေအတွက်ပါ...
Tax on your Capital..
PVP factor for Marketing.....
Our Services.....
အခွန် ယဥ်ကျေးမှုမြင့်မားလာစေရေး
----------------------------------
ဒီနေ့ သတင်းစာထဲက "အခွန်ယဥ်ကျေးမှုမြင့်မားလာစေရေး" ဆိုတဲ့ အသုံးအနှုန်းလေးတော့ သဘောကျမိတယ်....
သူ့နောက်မှာ ပါတဲ့ အဓိပ္ပါယ် တချို့ကို ကိုယ်တွေးတတ်သလိုတွေးကြည့်မိတယ်.....
အခွန်ယဥ်ကျေးမှုမြင့်မားလာစေရေးဆိုတာ.... အခွန်ထမ်းပြည်သူတွေအားလုံး ကို သက်ဆိုင်ရာ အခွန် အကြောင်းကို သိအောင် ပညာပေးမယ်.... သတိပေးမယ်.... မသိဘူးဆိုတာ မျိုးမဖြစ်ရအောင် လွယ်လွယ်ကူကူ သိနိုင်အောင် လုပ်ပေးမယ်.....
ကောက်ခံမည့် စနစ်ကိုလည်း အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးဖြစ်အောင် ပြုပြင်မယ်... လူထက် မူကို အဓိကကျအောင်လုပ်မယ်....
အားလုံး သိသင့်တာ သိပြီး လွယ်လွယ်ကူကူ ဆောင်ရွက်လို့ ရပြီ ဆိုရင် .... သိသိကြီးနဲ့ မလိုက်နာတဲ့ သူတွေပေးရမယ့် ဒါဏ်ကြေးတွေကိုလည်း တိတိကျကျ ကြေငြာပြီးထိထိရောက်ရောက် ကောက်ခံမယ်....
အခွန်ကရတဲ့ ငွေတွေကိုလည်း ပြည်သူအားလုံးအတွက် အကျိုးရှိတဲ့ နေရာမှာ သုံးမယ်......
ဘယ်လို စီမံ သုံးစွဲနေတယ် ဆိုတာကိုလည်း အားလုံးမြင်သာပြီး ပွင့်ပွင့်လင်းလင်း ရှိနေမယ်....
ဒါဆိုရင် လုပ့်ငန်းတွေ အားလုံး အရင်သွားနေကျပုံစံမျိုးမဟုတ်ဘဲ စာရင်းအင်းတွေကို ပိုပြီး တိတိကျကျ ဆောင်ရွက်နေကြရမှာပါ....
အားလုံးက အခွန်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတိုင်း နဲ့ အခွန်သက်သာခွင့်တွေကို လည်း သိရှိနေပြီး ပေးလိုက်ရတဲ့ အခွန်အတွက်လဲ အခုထက်ပိုပြီးရက်ရောမှုပိုရှိလာမယ်.....
ရှောင်နေမယ်ဆိုရင်တော့ သိပ်မလွယ်ဘူးဆိုတာလဲ သိနေမယ်....
ကျွန်တော်ကတော့ အဲ့ဒီလိုမြင်ပါတယ်....
အခုအထိတော့ အဆင်ပြေသလို သွားနေရတုန်းပါ..... အများစုရဲ့ အမြင်တွေလဲ မပြောင်းသေးပါဘူး......
အခွန်ကိစ္စ နဲ့ ဆွေးနွေးချင်တဲ့ လုပ်ငန်းရှင်တွေကို ကြိုဆိုပါတယ်ဗျာ.....
Zaw Zaw Aung
09 252483880
Company တစ်ခု ဖြစ်တည်မှု............................................
အခုဆိုရင် အရင်တုန်းကထက် အပြောင်းအလဲတွေပိုများလာတယ်လို့ ထင်ရတယ်.....
အပြောင်းအလဲ တွေနဲ့ အတူ လိုက်ပါ စီးမြောနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေရပါတယ်.....
အခုထင်ထင်ရှားရှား ပြောင်းလဲလာတဲ့ အပြောင်းအလဲတွေထဲက တစ်ခုကတော့ အရင်က မိသားစုပုံစံ လုပ်နေတဲ့ စီးပွါးရေးလုပ်ငန်းတော်တော်များများဟာ Company ပုံစံနဲ့ ပြောင်းလဲလုပ်ကိုင်လာတာကို တွေ့ရပါတယ်....
အကြောင်းအမျိုးမျိုး၊ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ Company ပုံစံပြောင်းလဲလုပ်ကိုင်လာကြတဲ့ လုပ်ငန်းရှင်တွေဟာ Company တစ်ခု ဖြစ်တည်လာမှုရဲ့ ကောင်းကျိုးတွေကို ရရှိနိုင် သလို.... Company တစ်ခု ဖြစ်လာရခြင်းရဲ့ တာဝန်တွေကိုလည်းယူရပါတော့တယ်.....
Company တစ်ခု အနေနဲ့တော့ ပုံစံပြောင်းလိုက်ပေမယ့် အရင်လိုမိသားစုပုစံ အတိုင်းဆက်သွားနေတဲ့ လုပ်ငန်းရှင်တွေလဲရှိပါတယ်.....
တကယ်တော့ Company တစ်ခု အနေနဲ့ လုပ်ငန်းလုပ်ဆောင်တာဟာ တာဝန်တစ်ချို့ရှိနေသည့်တုင်အောင် ရေတိုရေရှည်မှာ ကောင်းကျိုးအများကြီးရှိပါတယ်.....
ဥပမာဆိုရင်..... အခု အများစုတည်ထောင်နေကြတဲ့ LLC လို့ခေါ်တဲ့ Limited Liability Company တွေမှာဆိုရင် ပေးရန်ရှိကို ကန့်သတ်ထားတဲ့ အတွက် အကယ်၍ အကြောင်းတစ်ခုခုကြောင့် Company မှာ ပေးစရာတွေ အများကြီးရှိနေမယ်ဆိုရင်တောင် မိမိရဲ့ မူလထည့်ဝင်ရင်းနှီးငွေပမာဏထက် ပိုပြီး ပေးဆပ်ဖို့မလိုပါဘူး....ဒါက LLCတွေရဲ့ အားသာချက်တစ်ခုပါ.....(ကိုယ်သွားရောက်ဆက်ဆံမယ့် Company ရဲ့ ပမာဏ ကိုလဲ သတိထားရပါမယ်.....)
နောက်တစ်ခုက ရင်းနှီးငွေဟာ အစုရှယ်ယာ အနေနဲ့ စနစ်တကျ ထည့်ဝင်ထားတဲ့ အတွက် တိုးချင်၊ လျော့ချင်တာ ၊ နောက်ထပ် ရှယ်ယာရှင်တွေကို ထပ်ပြီး ထည့်ချင်တာ၊ အကျိုး အမြတ်ကို စနစ် တကျခွဲဝေနိုင်တာ၊ လုပ်ငန်းတူချင်းအလွယ် တကူပူးပေါင်းပြီး လုပ်ငန်းကြီးထွားလာအောင် လုပ်ဆောင်နိုင်တာ စတဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်.....
နောက်ပြီး အခြားCompany တွေနဲ့ ဆက်ဆံရတဲ့ အခါမှာဖြစ်စေ၊ ဝန်ထမ်းခန့်အပ်ရာမှာဖြစ်စေ တရားဝင်ဖွဲ့စည်းတည်ထောင်ထားတဲ့ Company တစ်ခုအနေနဲ့ သိက္ခာရှိရှိ ပြောဆို ဆက်ဆံနိုင်ပါတယ်......
စနစ်တကျသာတည်ထောင်နိုင်ခဲ့မယ်ဆိုရင် မိမိလက်ထပ်သာမကဘဲ နောင်သားစဥ်မြေးဆက် အလွယ်တကူလက်ဆင့်ကမ်း ပြီး ရာစုနှစ်ပေါင်းများစွာ ရပ်တည်နိုင်ပါတယ်.....
ဒါတင်မကပါဘူး နိုင်ငံတွင်းသာမကဘဲ နိုင်ငံရပ်ခြားမှာပါ တရားဝင်သွားရောက် လုပ်ကိုင်ချေဆန့်ရပ်တည်နိုင်ပါတယ်.....
အခြား အခြားသော ကောင်းကျိုးနဲ့ အားသာချက်တွေလဲ အမြောက်အများပါ.....
တာဝန်ယူမှု အနေနဲ့ ကတော့ ဦးဆောင်နေသူ ဒါရိုက်တာတွေအနေနဲ့ ချမှတ်ထားတဲ့ ဥပဒေနဲ့ စည်းကမ်းတွေကိုတိတိကျကျမှန်မှန်ကန်ကန်လိုက်နာဆောင်ရွက်ဖို့လိုအပ်ပါတယ်..... မသိလို့ပဲဖြစ်ဖြစ် သိရက်နဲ့ ချိုးဖောက်တာမျိုးရှိခဲ့ရင် အပြစ်ဒါဏ် ငွေဒါဏ်တွေ ရှိိပါတယ်......
နောက်တစ်ခု ရှောင်လွဲလို့ မရနိုင်တာက အခွန်ပါ..... အခွန် အတွက် Tax Planning ကောင်းကောင်း လုပ်ထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်.....
နောက်ထပ်လည်း လိုက်နာရမယ့်တာဝန်တချို့ ရှိပါတယ်.....
အဓိက အနေနဲ့ ကတော့ Company တစ်ခုဟာ စနစ်တကျသာလုပ်ဆောင်နိုင်မယ်ဆိုရင် Legal Right ရှိပြီးသားဖြစ်တဲ့ အတွက် အတိုင်းအဆမရှိအောင် ကြီးထွားလာနိုင်ပါတယ်.... Legal Right ရှိခြင်းရဲ့ အားသာချက်ဆိုလည်းမမှားပါဘူး....
ဒါဆိုရင် Company တစ်ခု ဖြစ်တည်ဖို့ စဥ်းစားနေသူတွေ အစပျိုးနေသူတွေ အတွက် တိုင်ပင် ဆွေးနွေး ချင်တယ်ဆိုရင်......Abacus Group Company Limited ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်...... သိလိုတာတွေကိုအားပါးတရမေးမြန်းနိုင်ပါတယ်..... ရာနဲ့ချီတဲ့ Company တွေကို ကူညီဆောင်ရွက်ပေးဖူးတဲ့ အတွေ့ အကြုံ ကို မျှဝေပေးချင်ပါတယ်.....
ကိုဇော်ဇော်အောင်
Abacus Group Company Limited
09 252483880
#ဘဝမှာ_ဘယ်တော့မှ_နောက်ကျတဲ့စတင်ခြင်းဆိုတာမရှိ
ကျွန်မအသက် ၁ဝဝ ရှိပါပြီ။
လူ့ဘဝရဲ့ဆုံးခန်းကို ရောက်နေပါပြီ။ ကျွန်မရဲ့တစ်သက်ကို ပြန်ပြောင်းကြည့်ရင် အသက် ၈ဝမတိုင်ခင်မှာ ကျွန်မဟာ လူမသိသူမသိတစ်ယောက်ဖြစ်ပြီး သာမန်တဲ့ဘဝတစ်ခုကို ဖြတ်သန်းနေခဲ့ပါတယ်။ အသက် ၈ဝနောက်ပိုင်းမှာတော့ ကြိုတင်မသိနိုင်တဲ့ကံကြမ္မာက ကျွန်မရဲ့ပန်းချီဆွဲခြင်းပညာကို အထွတ်အထိပ်ရောက်အောင် တွန်းပို့ခဲ့ပါတယ်။ အဲဒီအကျိုးဆက်ကနေတဆင့် ကျွန်မဟာ အမေရိကန်နိုင်ငံသားတို့ရဲ့ လူသိသူသိပန်းချီပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
ကျွန်မရဲ့ဘဝဖော်သေဆုံးသွားတာ နှစ်အတော်ကြာခဲ့ပါပြီ။ သားသမီးတချို့ကလည်း ကျွန်မကိုထာဝရခွဲခွာသွားခဲ့ကြပြီ။ ကျွန်မနဲ့သက်တူရွယ်တူတချို့လည်း ကျွန်မကိုခွဲသွားကြပြီ။ ကျွန်မကတော့ ကိုယ့်ကိုယ်ကိုယ် ရှင်သန်လေနုပျိုလေ ခံစားခဲ့ရပါတယ်။
ငယ်ရွယ်တဲ့မြေးမြစ်တွေနဲ့ ပေါင်းသင်းရတာကို ကျွန်မပိုနှစ်သက်လာခဲ့တယ်။ သူတို့မောရင် ကျွန်မဘေးမှာပတ်လည်ဝိုင်းထိုင်ကြတယ်။ ကျွန်မဗျစ်တောက်တောက်ပြောမှာကို သူတို့မမုန်းခဲ့ဘူး။ အပ်ကြောင်းထပ်မက ကျွန်မပြောတဲ့ လူ့ဘဝအမြင်ကို နားထောင်ရတာသူတို့ကြိုက်နှစ်သက်ကြတယ်။
တချို့ကမေးတယ်…. ဘာဖြစ်လို့ အသက်အိုမင်းလာမှ ပန်းချီဆွဲဖို့ရွေးချယ်ခဲ့ရသလဲတဲ့… ပန်းချီဘက်မှာ အောင်မြင်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်ခဲ့လို့လားတဲ့…
ကျွန်မရဲ့ဘဝက တောင်ယာခြံလုပ်ငန်းကနေ မခွဲခဲ့ဖူးပါဘူး။ ကျွန်မဟာ မြို့ကြီးပြပြီးကိုမမြင်ခဲ့ဖူးတဲ့ ဆင်းရဲသားတောင်သူလယ်သမားဇနီးမောင်နှံရဲ့သမီးတစ်ယောက်ပါ။
ပန်းချီမဆွဲခင်တုန်းက ကျွန်မဟာဇာပန်းထိုးတဲ့အလုပ်ကို လုပ်ပါတယ်။ နောက်ပိုင်း အဆစ်နာရောဂါကြောင့် ပန်းထိုးတဲ့အလုပ်ကို လက်လွှတ်ခဲ့ပြီး စုတ်တံကိုင် ပန်းချီကိုစဆွဲခဲ့ပါတယ်။ တကယ်လို့ ကျွန်မပန်းချီမဆွဲဖြစ်ခဲ့ရင်လည်း ကြက်မွေးဖြစ်မှာပါ။ ပန်းချီက အရေးကြီးတဲ့အရာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ပြည့်ဝကျေနပ်မှုရှိစေပါတယ်။ ကျွန်မက ပန်းချီကိုရွေးခဲ့တာမဟုတ်ပါဘူး။ ပန်းချီက ကျွန်မကိုရွေးခဲ့တာပါ။
လူငယ်တချို့ဆီက စာလာပါတယ်… စာထဲမှာ သူတို့ဟာ ခိုင်မာတဲ့အလုပ်အကိုင်ကိုစွန့်လွှတ်ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့အလုပ်ကို ရွေးရမလား မရွေးရဘူးလားလို့ စိတ်ရှုပ်တွေဝေနေပါတယ်လို့ဆိုတယ်။
လူ့ဘဝတစ်သက်မှာ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို ရှာဖွေတွေ့ရှိတာဟာ ကံကောင်းလှပါတယ်။ ကိုယ့်ဝါသနာ ကိုယ့်အကြိုက်ရှိတဲ့လူဟာ ဘဝမှာနေပျော်ပါတယ်၊ အဓိပ္ပာယ်ရှိတဲ့လူအဖြစ် ရှင်သန်နိုင်ပါတယ်။ အကျိုးအမြတ်ကို ပဓနမထားဘဲ အလုပ်တစ်ခုအပေါ် စိတ်ရောကိုယ်ပါနစ်ပြီးလုပ်နေချိန် ရလာတဲ့ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုက အကြီးမားဆုံးရလဒ်နဲ့ ဆုလာဘ်ပါပဲ။
ဒီနှစ်မှာ ကျွန်မအသက်၁ဝဝပြည့်ပါပြီ။ နောက်ပြန်လှည့်ကြည့်ရင် ကျွန်မရဲ့တစ်သက်က တစ်ရက်နဲ့တူပါတယ်။ ဒါပေမဲ့ အဲဒီတစ်ရက်ထဲမှာ ကျွန်မအဆုံးစွန် ပျော်ရွှင်ခဲ့တယ်၊ ကျေနပ်ခဲ့တယ်။
ဘယ်လိုဘဝမျိုးက လှပတဲ့ဘဝဆိုတာ ကျွန်မမသိပါဘူး။ ကျွန်မလုပ်နိုင်တာက ဘဝကပေးတဲ့အရာတွေကို ကျွန်မတတ်နိုင်သလောက် လက်ခံရယူပြီး အချိန်တစ်ခုတိုင်းကို အဆုံးရှုံးမရှိ နေပါတယ်။
အသက် ၇ နှစ်မြစ်မလေးက ခေါင်းမော့ပြီး ကျွန်မကိုမေးပါတယ်။
“ဘွားဘွားလို ကျွန်မပန်းချီစဆွဲလို့ရပြီလား၊ အခုအချိန်မှစရင် အချိန်မီနိုင်သေးလား” တဲ့။
သူ့ကိုရင်ခွင်ထဲ ကျွန်မထည့်ပြီး သူ့ခေါင်းကိုပွတ်သပ်ပေးလိုက်တယ်။ သူ့လက်ကို တင်းတင်းဆုပ်ကိုင်ပြီး သူ့ကိုသေသေချာချာကြည့်ပြီး ကျွန်မလေးလေးနက်နက်ပြောလိုက်တယ်။
“လူတိုင်းပန်းချီဆွဲလို့ရတယ်… ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် ဆွဲလို့ရတယ်”
ပန်းချီဆွဲတာကို မနှစ်သက်တဲ့လူက စာရေးလို့ရတယ်၊ သီချင်းဆို ဒါမှမဟုတ် အကသင်လို့ရတယ်။ အဓိက,က ကိုယ်နဲ့သင့်တော်တဲ့လမ်းကြောင်းကို ရှာတွေ့ဖို့ပဲ။ ကိုယ့်စိတ်ကိုကျေနပ်လောက်စေပြီး အဲဒီအတွက် အချိန်နဲ့ခွန်အားကိုပေးဆပ်နိုင်၊ တစ်သက်လုံးဇွဲရှိရှိနဲ့ ကြိုက်နှစ်သက်နိုင်တဲ့အလုပ်ကို ရှာတွေ့နိုင်ဖို့ပါပဲ။
လူ့ဘဝတစ်သက်က လာသုတ်သုတ်၊ သွားသုတ်သုတ်ပါ။ ကုန်လွန်ခဲ့တာတွေကို ပြန်လှည့်ကြည့်ရင် နေ့ရက်တွေက ကိုယ်တွေးထင်ထားတာထက်တောင် အကုန်မြန်နေပါတယ်။
လူတွေက ငယ်ရွယ်ချိန်မှာ အနာဂတ်ကိုတွေးတောကြတယ်၊ ဟိုးအဝေးကြီးမှာ အနာဂတ်ကိုသွားရှာကြတယ်။ ကြိုးစားမှုကိုအရင်းခံပြီး အရာအားလုံးကို ပြောင်းလဲနိုင်မယ်၊ ကိုယ်ရယူချင်တာကို ရယူနိုင်လိမ့်မယ်လို့ ထင်ခဲ့ကြတယ်။ အသက်အရွယ်ရဲ့အလျင်စလိုရောက်ရှိလာမှု၊ ဘဝရဲ့ဖိစီးမှုတွေက အချိန်တိုတိုအတွင်းမှာ လွှမ်းမိုးလာခဲ့တယ်။ ကျွန်မတို့ဟာ လူတိုင်းရှောင်လွဲလို့မရတဲ့ ရက်စက်တဲ့ဘဝတောင်ကျရေထဲစီးမျောပြီး လေပြင်းမုန်တိုင်းဒဏ်ကို ခံကြရတော့တယ်။
သားတို့သမီးတို့ရေ… ကိုယ်တကယ်ကြိုက်နှစ်သက်တဲ့အလုပ်ကိုလုပ်ချိန် ရရှိလာတဲ့အာရုံစူးစိုက်မှုနဲ့ အားရကျေနပ်မှုမှာ ကိုယ့်ကိုယ်ကိုယ်မြှုပ်နှံထားပါ။ စားဝတ်နေရေးအတွက် ဆန်ဆီဆားစတဲ့ ဘဝကသယ်ဆောင်လာတဲ့ ပျင်းရိငြီးငွေ့စရာတွေအတွက် ငွေရေးကြေးရေးလုံလောက်ရင်၊ မိသားစုအပေါ် အလွန်အကျွံမှီခိုဖို့မလိုတဲ့ ငွေရေးကြေးရေးလုံလောက်ရင် ကိုယ်နဲ့သက်ဆိုင်တဲ့နေရာလေးတစ်ခုကိုတော့ ထိန်းသိမ်းထားပေးပါ။
ကိုယ့်ကိုနားလည်မှုပေးနိုင်တဲ့၊ ကိုယ့်ကိုချစ်တဲ့ အဖော်တစ်ယောက်ကို ရှာဖွေတွေ့ရှိတဲ့အခါ နှစ်ယောက်သား ကမ္ဘာငယ်တစ်ခုကို ထူထောင်ပါ။ ဒါမှ လောကဓံရဲ့ပြောင်းလဲမှု၊ ဘဝရဲ့ကြမ်းတမ်းရက်စက်မှုကို ခုခံတွန်းလှန်နေရချိန်မှာလည်း အထီးကျန်တယ်၊ ခါးသီးတယ်မထင်စေသလို ပြိုလဲသွားနိုင်မှာလည်း မဟုတ်လို့ပါ။
သားသမီးတွေ မွေးဖွားလာတဲ့အခါမှာလည်း ဘဝရဲ့ ထူးခြားဆန်းကြယ်မှုကို ခံစားရမှာဖြစ်ပြီး တစ်ခါမှမရှိခဲ့ဖူးတဲ့အင်အားတွေကို ရလိုက်နိုင်လို့ပါ။ လက်သေးသေးလေးတစ်စုံက ကိုယ့်ကိုဆုပ်ကိုင်လိုက်တဲ့အချိန်မှာ မှီတွယ်ခြင်း၊ ယုံကြည်ခြင်းက ကိုယ့်ကိုပိုသန်မာသန်စွမ်းလာစေပြီး ပိုးတုံးလုံးဘဝကနေ လိပ်ပြာအဖြစ် ကြီးပြင်းလာမှုကို လက်တွေ့တွေ့မြင်ခံစားစေလို့ပါ။
ဘဝက မလွယ်ကူပါဘူး…
နဂိုရှိခဲ့တဲ့အရွယ်ကောင်းက တဖြည်းဖြည်းပျောက်ဆုံးပျက်စီးပြီး ခန္ဓာကိုယ်အင်အားချိနဲ့လာမှာပါ။
သားတို့သမီးတို့ရေ….. နောက်ပြန်လှည့်ကြည့်တဲ့အခါ ကိုယ်အမှန်တကယ်ရှင်သန်ခဲ့တာတွေအတွက် အေးချမ်းမှုကိုခံစားရပြီး သေခြင်းတရားကိုရင်ဆိုင်တဲ့အထိ လက်ကျန်ဘဝကို ငြိမ်းချမ်းတည်ငြိမ်ဖြတ်ကျော်နိုင်ပါစေလို့ ကျွန်မဆန္ဒပြုပါတယ်။
မူရင်းရေးသားသူ-- Grandma Moses
#နိုင်းနိုင်းစနေ
မဂၤလာပါ .....🤗🍀
📢Facebook ပေါ်က ညီမတို့ရဲ့ လုပ်ငန်းကို Company အဖြစ်ပြောင်းချင်တယ်ဆိုရင်
✅ဘာတွေ လိုအပ်မလဲ .....
✅ဘယ်လောက် ကုန်မလဲ .....
✅ဘယ်လို အကျိုးရှိနိုင်မလဲ .....
✅ဘာတွေ သတိထားရမလဲ .....
✅ပြီးတော့ Company တစ်ခုရဲ့ပိုင်ရှင် ဖြစ်လာပြီဆိုရင်
သိသင့်သိထိုက်တဲ့ ၊ သိချင်တဲ့ အကြောင်းအရာပေါင်းစုံကို
အားမနာတမ်း မေးမြန်းနိုင်ပါတယ်.....
✅ကောင်းမွန်တဲ့အပြောင်းအလဲမှာ
လိုက်ပါ စီးမြောကြရအောင်ဗျာ.....
ကိုဇော်ဇော်အောင်
📱09 252483880
Office Phone
09 783604662
Transparency...........
ကံကောင်းခြင်းစားပွဲ
ဒန်နီ(Danny)ရဲ့စားသောက်ဆိုင်လေးရောင်းမကောင်းခဲ့တာ(၃)လဆက်တိုက်ရှိခဲ့ပါပီ။အရင်ကစားသုံးသူတွေတန်းစီစောင့်ရတဲ့အထိရောင်းကောင်းခဲ့တဲ့သူ့ဆိုင်လေးလည်းစီးပွားရေးကပ်ဆိုက်တဲ့အထဲပါခဲ့ရတယ်။
ဒီညမှာစာရင်းတွေကိုတွက်ကြည့်ရင်းအရံှုးတွေကိုသူစိုက်မထုတ်နိုင်တော့လို့မနက်ဖြန်မှာဆိုင်ကိုပိတ်လိုက်ဖို့ဒန်နီဆုံးဖြတ်လိုက်တယ်။
ထမင်းစားချိန်ဖြစ်ပေမဲ့ဆိုင်ထဲမှာသားအဖဧည့်သည်နှစ်ဦးပဲရှိပီးထမင်းတစ်ပွဲနဲ့နှစ်ယောက်စားနေခဲ့သည်။ဂျီကျနေတဲ့ကလေးအစပထမမှာဖခင်ဖြစ်သူကဂရုမစိုက်ခဲ့ဘူး။နောက်တော့ကလေးငယ်ကိုတိတ်တိတ်နေဖို့စိတ်ပျက်လက်ပျက်ပြောနေခဲ့တယ်။
အဲ့ဒီအချိန်မှာဦးထုပ်ဆောင်းထားတဲ့မျက်နှာတည်နဲ့လူတစ်ဦးစားသောက်ဆိုင်ထဲဝင်လာခဲ့တယ်။ဒန်နီကရှေ့တက်ကြိုဆိုပြီးစိတ်ထဲမှာလဲဒီဧည့်သည်ကဒီညရဲ့နောက်ဆုံးဧည့်သည်ဖြစ်ကောင်းဖြစ်မှာမို့သူ့ကိုကောင်းကောင်းဧည့်ခံလိုက်မယ်။ကိုယ်လုပ်ပေးနိုင်တာမများပေမဲ့သူအံံ့သြသွားအောင်လုပ်နိုင်လိမ့်မယ်ထင်တယ်လို့တွေးလိုက်တယ်။
စားစရာတွေကိုဧည့်သည်မှာပီးနောက်ဒန်နီက…………….
‘ဝမ်းသာပါတယ်။ခင်ဗျားအခုထိုင်တဲ့စားပွဲကဒီနေ့ရဲ့`ကံကောင်းခြင်းစားပွဲ’ဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ခင်ဗျားမှာတဲ့အစားအစာတွေကိုခင်ဗျားအခမဲ့စားရမဲ့အပြင်အခြားစားစရာတွေကိုလညိးသုံးဆောင်ရမှာဖြစ်ပါတယ်။
ဒန်နီရဲ့အပြောကြောင့်ဧည့်သည်အံံ့သြသွားတယ်။ဒီလိုကံကောင်းလိ်မ့်မယ်လို့သူတွေးထင်မထားခဲ့လို့ဖြစ်တယ်။ဧည့်သည်အတွက်အချိုပွဲကိုဒန်နီယူတော့ဧည့်သည်မျက်နှာကပြုံးရွှင်လို့နေတယ်။အဲ့ဒါကိုဘေးခုံကကလေးငယ်တွေ့တော့သူလဲအချိုပွဲစားမယ်ဆိုပီးသူ့ဖခင်ကိုဂျီကျပြန်တယ်။ဖခင်ရဲ ့ပိုက်ဆံကုန်ပီသိပ်မဆူနဲ့ဆိုတဲ့ပြောသံကိုဒန်နီရော၊ဧည့်သည်ယောင်္ကျားပါကြားသွားခဲ့တယ်။
ဧည့်သည်ကဒန်နီကိုကျွန်တော်လဲဒီကံကောင်းခြင်းကိုတခြားသူတွေနဲ့ဝေမျတယ်ဆိုပီးအချိုပွဲကိုကလေးငယ်အတွက်ပေးလိုက်တယ်။ကလေးကအချိုပွဲကိုမြင်တော့ထခုန်တယ်။ဖခင်ကပြုံးပြုံးရွှင်ရွှင်နဲ့ဧည့်သည်ယောင်္ကျားစားပွဲနားသွားပီးကျေးဇူးတင်ကြောင်းပြောတယ်။
ဧည့်သည်က ကလေးငယ်ရဲ့ဖခင်ကိုသူ့စားပွဲဝိုင်းမှာထိုင်စေပြီးသူ့နာမည်ကကူအာ(Kuer)ဖြစ်ကြောင်း၊ကုမ္ပဏီပိုင်ရှင်တစ်ဦးဖြစ်ကြောင်းမိတ်ဆက်တယ်။ကလေးဖခင်ရဲ ့အလုပ်အကိုင်ကိုမေးတော့သူကစိတ်ပျက်လက်ပျက်နဲ့ကျွန်တော်ကမားကတ်တင်းမန်နေဂျာတစ်ဦးပါ။ဒါမဲ့ကုမ္ပဏီအရောင်းအဝယ်မကာင်းလို့ကျွန်တော့်ကိုဒီလကုန်အလုပ်ထွက်ဖို့ပြောထားးပါတယ်လို့ပြောတယ်။
ဒီလိုစကားကိုကြားတော့ဧည့်သည်က…..
အင်း………..လောလောဆယ်ကျွန်တော့်ကုမ္ပဏီမှာဒီလိုလူမျိုးလိုအပ်နေတယ်။ကျွန်တော်ကုမ္ပဏီမှာအင်တာဗျူးဝင်ကြည့်ပါလားလို့ပြောလိုက်တယ်။
ကလေးငယ်ဖခင်ကဝမ်းသာပျော်ရွှင်စွာန ဲ့အင်တာဗျူးရက်ချိန်းယူလိုက်တယ်။
တစ်ရက်လွန်ပီးနောက်ဒန်နီကစားသောက်ဆိုင်ကိုလည်းမပိတ်ရက်တာကြောင့်တစ်အောင့်လောက်တော့ကြံ့ကြံ့ခံကြည့်ဦးမယ်ဆိုပီးနေ့တိုင်းကံကောင်းခြင်းစားပွဲရွေးထုတ်ပီးအဲ့ဒီစားပွဲမှာထိုင်တဲ့ဧည့်သည်တွေကိုအခမဲ့ဧည့်ခံခဲ့တယ်။ဒီလိုသတင်းကတစ်ယောက်ကနေနောက်တစ်ယောက်အဆင့်ဆင့်ပြန့်ပီးကံကောင်းခြင်းကိုစမ်းသတ်ချင်ကြတဲ့ဧည့်သည်တွေတဖွဲဖွဲရောက်လာခဲ့တယ်။ဒီလိုနဲ့ဒန်နီရဲ့စားသောက်ဆိုင်လေးလူပြန်စီလာခဲ့တယ်။နှစ်တွေကြာတဲ့အထိကူအာကဒန်နီရဲ့အမြဲတမ်းဧည့်သည်ဖြစ်ခဲ့တဲ့အပြင်အကောင်းဆုံးသူငယ်ချင်းလဲဖြစ်ခဲ့တယ်။
တစ်ရက်မှာကူအာကဒန်နီကိုခင်ဗျားသိလားခင်ဗျားစားသောက်ဆိုင်ကိုပထမဆုံးအကြိမ်စရောက်ခဲ့တဲ့နေ့ကကျွန်တော်စိတ်ထဲဘာတွေးနေလဲဆိုတာခင်ဗျားသိသလားလို့ရုတ်တရက်ထမေးတယ်။
ဒန်နီကခေါင်းခါပြတော့ကူအာကတကယ်တော့အဲ့ဒီညက ကျွန်တေ်ာခင်ဗျားဆိုင်မှာထမင်းတစ်နပ်အဝစားပီးကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့စဉ်းစားထားပီးသားပါ။အဲ့ဒီနေ့ကကျွန်တေ်ာ့ဇနီးကျွန်တေ်ာ့ကိုစာတစ်စောင်ထားပေးခဲ့တယ်။စာထဲမှာကျွန်တေ်ာအလုပ်တွေများပီးသူ့အတွက်အချိန်မပေးနိင်ဘဲလျစ်လျူရှုထားတာကိုသူမခံနိုင်တော့လို့တခြားယောင်္ကျားတစ်ယောက်နဲ့လိုက်သွား
တယ်ဆိုတဲ့အကြောင်းရေးထားတယ်။စာဖတ်ပြီးကျွန်တေ်ာ့ကိုကျွန်တေ်ာအသုံးမကျတဲ့သူ၊သူ့ကိုဒီလောက်ချစ်တာတောင်သူမသိနိုင်လောက်အောင်ကျွန်တေ်ာညံ့ဖျင်းခဲ့တယ်။ဒီလောကကြီးးမှာကျွန်တော်အသက်ရှင်နေတာဘာထူးမှာလဲဆိုပီးကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့ကျွန်တေ်ာဆုံးဖြတ်ခဲ့တယ်။
ကူအာကပြောပြောဆိုဆိုခေါင်းထောင်ပီးဒန်နီကိုတစ်ချက်ရယ်ပြတယ်။ပီးတော့စကားဆက်တယ်။
ဒါပေမဲ့အဲ့ဒီညမှာခင်ဗျားဆိုင်ကကံကောင်းခြင်းစားပွဲမှာကျွန်တော်ထိုင်ခဲ့မိတယ်။စစခြင်းမှာအဲ့ဒီကံကောင်းခြင်းတွေကကျွန်တော်ကိုလှောင်ပြောင်တယ်လို့ကျွန်တော်ခံစားမိတယ်။ဒါပေမဲ့ကျွန်တော်သိပ်များများမစဉ်းစားတော့ဘူး။အဲ့ဒီကံကောင်းခြင်းတွေကိုတခြားသူတွေအတွက်ကျွန်တေ်ာမျှဝေပေးတယ်။တခြားသူပျော်ရွှင်သွားတာကိုကြည့်ပြီးကျွန်တော့်ကိုကျွန်တော်ငါဟာအသုံးဝင်သေးတဲ့လူပါလားလို့ခံစားမိတယ်။ဒီလိုနဲ့ဘဝကိုအသစ်တစ်ဖန်ပြန်တည်ဆောက်ဖို့ကျွန်တေ်ာဆုံးဖြတ်လိုက်တယ်။
ကူအာကိုကြည့်ပီးဒန်တီမျက်ရည်ဝဲမိတယ်။တကယ့်ကံကောင်းခြင်းဆိုတာကိုယ့်အတွက်မငဲ့ညာ၊မမျှေူာ်ကိုးပဲသူတစ်ပါးအတွက်သပ်သပ်ပေးဆပ်လိုက်တာဖြစ်ကြောင်းသူနားလည်လိုက်တယ်။အဲ့ဒီလိုပေးဆပ်မျှဝေလိုက်တဲ့အတွက်သူဟာလဲအဲ့ဒီ့ကံကောင်းသူတွေထဲကတစ်ယောက်ဖြစ်ခဲ့ပါတယ်။
နိုင်းနိုင်းစနေ
ကြွက်နဲ့စက္ကူ
ကျွန်တော့်အိပ်ခန်းထဲကြွက်တစ်ကောင်ဝင်နေတယ်။ကြွက်ကကြွက်သတ်ဆေးလည်းမစားသလို၊ထောင်ချောက်နဲ့လည်းဖမ်းမရဘူး။ကြွက်ကတော်တော်လည်တဲ့ကြွက်လို့ထင်တယ်။ညညဆိုလည်းသောင်းကျန်းလိုက်တာကျွန်တော်ကောင်းကောင်းမအိပ်ရဘူး။ဒါနဲ့ကြွက်ဖမ်းဖို့ကြွက်ရဲ့လှုပ်ရှားသွားလာမှုတွေကိုကျွန်တော်လေ့လာရတော့တယ်။ရက်အနည်းငယ်အကြာလေ့လာပြီးနောက်ကြွက်ဟာသတိထားမိလိုက်တယ်။ပြတင်းပေါက်ကခြင်ဆန်ခါကိုကိုက်ဖြတ်ပြီးမှောင်စပျိုးတာနဲ့ကျွန်တေ်ာ့အခန်းထဲသူဝင်လာတယ်။မိုးလင်းတာနဲ့သူပြန်ထွက်သွားတယ်။မိတ်ဆွေတစ်ဦးကိုကျွန်တေ်ာဒီအကြောင်းပြောပြတော့သူကရယ်ပြီး`ဒါလွယ်လွယ်လေးပါ……ကြွက်ဖောက်ထားတဲ့အပေါက်ကိုစက္ကူတစ်ချပ်နဲ့ကပ်ထားလိုက်ရုံပဲ’လို့အကြံပေးတယ်။သူ့အပြောကိုသိပ်ယုံကြည်ပုံမပေါက်တဲ့ကျွန်တော့်ကိုကြည့်ပီးသူက`တကယ်ပြောတာစမ်းလုပ်ကြည့်လိုက်ပါ’လို့ပြောတယ်။
မိတ်ဆွေရဲ့အကြံအတိုင်းကျွန်တေ်ာလုပ်ကြည့်တယ်။ဒါပေမဲ့စိတ်ထဲမှာသိပ်ဘဝင်မကျခဲ့ဘူး။မှောင်စပျိုးတာနဲ့ကျွန်တော်စောင့်ကြည့်မိတယ်။ပါးလျတဲ့စက္ကူကပါးနပ်တဲ့ကြွက်တစ်ကောင်ကိုတားနိုင်ပါ့မလား။တကယ်လည်းအခြေအနေကထူးခြားခဲ့တယ်။ပြတင်းပေါက်အပြင်ကကြွက်ဟာအထဲကိုဝင်မရလို့စိတ်လှုပ်လှုပ်ရှားရှားဖြစ်ပြီးဂနာမငြိမ်ဖြစ်နေတယ်။တကယ်တော့လက်သည်းလေးတစ်ချက်ကိုကုတ်လိုက်တာ်နဲ့ခေါင်းနဲ့သာသာလေးတိုးလိုက်ရုံနဲ့စက္ကူပြဲပြီးအထဲကိုသူဝင်နိုင်ပါတယ်။ဒါပေမဲ့ကြွက်ကအဲ့ဒီလိုမလုပ်ခဲ့ဘူး။သွားနဲ့ပဲကိုက်ဖြတ်တတ်တဲ့သူ့အကျင့်ကပြောင်ချောချောစက္ကူကိုမကိုက်ဖြတ်တတ်ခဲ့ဘူး။စက္ကူလေးတစ်ချပ်ကြောင့်သူ့ရဲ့ပါးနပ်မှုတွေအသုံးမဝင်တော့တာတကယ်ကိုအံံံ့သြစရာပါပဲ။
နောက်ပိုင်းမှာကျွန်တော့်အိပ်ခန်းထဲအဲ့ဒီ့ကြွက်ထပ်ဝင်မလာခဲ့တော့ဘူး။စက္ကူတစ်ချပ်နဲ့သူတာားဆီးခံလိုက်ရတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဘာကြောင့်ဆိုတဲ့မေးခွန်းကကျွန်တော့်ကိုအချိန်အတော်ကြာနှိပ်စက်ခဲ့တယ်။
နောက်ဆုံးမှာတစ်သက်မှတ်တွေးတောမှုကြောင့်ဆိုတာကိုကျွန်တော်သဘောပေါက်နားလည်ခဲ့ပါတယ်။ကျွန်တေ်ာတို့ရဲ့အခက်အခဲအတားအဆီးတွေဟာကြွက်ကိုတားဆီးထားတဲ့စက္ကူတစ်ချပ်လိုပါပဲ။အခက်အခဲ၊အတားအဆီးနဲ့ကြုံလာရတဲ့အခါတစ်သက်မှတ်အတွေးအခေါ်တွေကိုကျွန်တေ်ာတို့လှည့်ပြောင်းပေးခဲ့မယ်ဆိုရင်ကြံစည်မှုအသစ်တွေနဲ့စက္ကူကိုအလွယ်တကူဆုတ်ဖြဲနိုင်မှာအေုသချာဖြစ်ပါသည်။
မူရင်းရေးသားသူ--(Nan Shanညနေဘက်သတင်းစာထဲကကောက်နုတ်ထားတာဖြစ်ပါတယ်)
စာပို့ကြော်ငြာများမှာလက်ဆောင်လေးတစ်ခုထည့်ပေးပါ
စာပို့ကြော်ငြာခြင်းကိုမားကတ်တင်းသမားအများစုကမနှစ်သက်ကြပါဘူး။လူတွေဟာအများအားဖြင့်စာတိုက်မှလက်ခံရရှိတဲ့ကြော်ငြာတွေကိုမဖတ်ဖြစ်တာများလို့ပါ။တကယ်လို့သင်ဟာစာအိတ်အတွင်းမှာလက်ဆောင်လေးတစ်ခုထည့်ပေးနိုင်မယ်ဆိုရင်သင့်အတွက်အဖြေဟာထူးခြားလာမှာပါ။ထိုသို့လက်ဆောင်ပစ္စည်းလေးထည့်ပေးခြင်းဖြင့်လက်ဆောင်ပစ္စည်းကိုစိတ်ဝင်စားခြင်းနဲ့အတူသင့်ပစ္စည်းကိုစိတ်ဝင်စားမှုတွေကုူးစက်လာမှာပါ။ဒါ့အပြင်သင့်ရဲ့လက်ဆောင်ပစ္စည်းမှာသင့်ရဲ့ကုန်ပစ္စည်းတံဆိပ်ရိုက်နှိပ်ထားခြင်းဖြင့်သင့်ရဲ့ကုန်ပစ္စည်းကိုတကယ်မဝယ်တောင်မှလက်ဆောင်ပစ္စည်းအသုံးပြုတိုင်းသင့်ကိုကြော်ငြာပေးနေတယ်လို့မှတ်ပါ။
Financial IQ #5;Improving your financial information
ငွေကြေးဆိုင်ရာသတင်းအချက်အလက်များတိုးတက်စွာရရှိစေခြင်း
သင့်ငွေကြေးသြဇာရှိန်ဝါရှိစေရန်ှနှင့်ငွေကြေးဆိုင်ရာအသိဉာဏ်ပညာများပွင့်လင်းလာစေရန်ငွေကြေးဆိုင်ရာသတင်းအချက်အလက်များစွာရရှိရန်အရေးတကြီးလိုအပ်ပါသည်။
မည်သူမဆို Financial IQ အားနည်းနေပါကအသစ်အသစ်သောငွေကြေးဆိုင်ရာသတင်းအချက်အလက်များရရှိလာချိန်၌အာရုံထွေပြားသွားနိုင်ပါသည်။ငွေကြေးဆိုင်ရာသတင်းအချက်အလက်များတိုးတက်စွာရရှိရေးအတွက်ဆင်းရဲသောနိုင်ငံများ၏ငွေကြေးစနစ်အားအခြေခံကျကျလေ့လာထားရန်လိုအပ်သည်။
Financial IQ #4;Leveraging Your Money
သင့်ငွေကြေးအားသြဇာရှိန်ဝါစေခြင်း
ရသုံးငွေအားခန့်မှန်းတွက်ချက်ခြင်းဖြင့်ထွက်ပေါ်လာသောအပိုငွေ(Surplus)များရှိနေပါက(Mutual Funds)နှင့်ဘဏ်များ၌စုဆောင်းသိမ်းဆည်းထားနိုင်ပါသည်။(Mutual funds)ဆိုသည်မှာအသင်းဝင်များကမိမိတို့ဆန္ဒအလျောက်အစုရှယ်ယာဝယ်ယူရောင်းချနိုင်ရန်ရင်းနှီးမြှုပ်နှံပေးသောလုပ်ငန်း၊ကုမ္ပဏီများကိုဆိုလိုသည်။
Financial IQ #4သည်ရင်းနှီးမြှုပ်နှံမှုငွေမှရရှိလာသောအကျိုးအမြတ်နှင့်ငွေကြေးဆိုင်ရာအမျိုုးမျိုးသောသတင်းအချက်အလက်များအားငွေကြေးဆိုင်ရာအသိဉာဏ်ဖြင့်တိုင်းတာနိုင်စွမ်းကိုအဓိကထားရည်ညွှန်းသည်။
ဥပမာအားဖြင့်လူတစ်ဦးသည်၎င်း၏ရင်းနှီးမြှုပ်နှံငွေမှ၅၀ရာခိုင်နှုန်းရရှိသည်ဆိုပါကရင်းနှီးမြှုပ်နှံငွေမှ၅ရာခိုင်နှုန်းသာရရှိသောသူထက်Financial IQ #4ပိုမိုမြင့်မားသည်ဟုကောက်ချက်ချနိုင်ပါသည်။တစ်ဖန်လူတစ်ဦးသည်၎င်းရရှိသောငွေအပေါ်ထောက်ခံသည့်၅၀ရာခိုင်နှုန်းကင်းလွတ်ခွင့်ရရှိသည်ဆိုပါကအခွန်ငွေ၃၅ရာခိုင်နှုန်းပေးဆောင်ရသူထက် Financial IQ #4ပိုမြင့်မားကြောင်းခွဲခြားနိုင်ပါသည်။
လူအများစုအနေဖြင့်ရင်းနှီးမြှုပ်နှံငွေများများထားရှိမှသာအမြတ်အစွန်းများများရရှိမည်ဟုတွေးထင်ထားတတ်ကြသည်။အမှန်စင်စစ်မိမိလုပ်ကိုင်နိုင်စွမ်းရှိသည်ထက်ပို၍များများမစွန့်စားမိစေရန်သာ(Financial Intelligence)အရမှန်ကန်မည်ဖြစ်သည်။(အရေးကြီးသောအချက်မှာသင့်ငွေကြေးအားသြဇာအရှိန် ဝါရှိစေခြင်းဖြစ်သည်။
Financial IQ #3; Budgeting Your Money
ရသုံးငွေအားခန့်မှန်းတွက်ချက်ခြင်း
ရသုံးငွေခန့်မှန်းတွက်ချက်ရာ၌FinancialIntelligence(ငွေကြေးဆိုင်ရာအသိပညာ)များစွာလိုအပ်သည်။
လူအများစုသည်ရသုံးငွေခန့်မှန်းတွက်ချက်ရာ၌ချမ်းသာသောသူများတွက်ချက်ပုံထက်ဆင်းရဲသောသူများတွက်ချက်ပုံအတိုင်းခန့်မှန်းတွက်ချက်နေကြသည်ကိုလေ့လာတွေ့ရှိရသည်။
တစ်ဖန်လူအများစုသည်ငွေကြေးပမာဏများစွာရှာဖွေရရှိလာသော်လည်းများများမစုဆောင်းနိုင်သောအခြေနေကိုဖန်တီးတတ်ကြသည်။ဥပမာအားဖြင့်လူတစ်ဦးသည်တစ်နှစ်လျှင်($70,000)ခန့်သုံးစွဲနိုင်သည်ဆိုပါကတစ်နှစ်လျှင်($30,000)ဝင်ငွေရရှိပြီး($25,000)ဖြင့်လောက်ငစွာရပ်တည်ကာ($5000)ရင်းနှီးမြှုပ်နှံသူထက်ပို၍ FinancialIQ #3နိမ့်ကျနေကြောင်းနှိုင်းယှဉ်လေ့လာနိုင်ပါသည်။ထို ့ကြောင့်ရသုံးငွေခန့်မှန်းတွက်ချက်ရာ၍(Financial Intelligence)၏အတိုင်းအတာကိုဖော်ပြသော(Financial IQ)၏အခန်းကဏ္ဍအရေးပါကြောင်းမှတ်သားရပါသည်။
Financial IQ #2;Protecting Your Money
သင့်ငွေကြေးအားကာကွယ်ခြင်း
ရိုးရှင်းသော အမှန်တရားအတိုင်းဖော်ပြမည်ဆိုပါက သင့်ငွေကြေးအားတစ်ကမ္ဘာလုံးမည်သူကမျှအကြောင်းမဲ့ရယူနိုင်ခြင်းမရှိပါ။သို့သော်လည်းဥပဒေလက်တစ်လုံးကြားမသမာသောနည်းလမ်းအမျိုးမျိုးကြောင့်နစ်နာဆုံးရှုံးခြင်းမခံရစေရန်မိမိငွေကြေးအားစနစ်တကျကာကွယ်နိုင်ရန်လိုအပ်သည်။ကျွနု်ပ်တို့၏ငွေကြေးဆုံးရှုံးနစ်နာမှုများ၌အစိုးရမှတရားဝင်စည်းကမ်းတင်းကြပ်ကောက်ခံသောအခွန်ငွေများကတစ်စိတ်တစ်ပိုင်းပါဝင်လျက်ရှိသည်။
အကယ်၍မည်သူမဆိုFinancialIQ #2နိမ့်ကျနေသည်ဆိုပါကထိုသူသည်အစိုးရအားအခွန်ငွေများစွာပေးဆောင်ရသူသာဖြစ်သည်။
အခွန်ငွေ၂၀ရာခိုင်နှုန်းပေးဆောင်ရသူနှင့်အခွန်ငွေ၃၅ရာခိုင်နှုန်းပေးဆောင်ရသူတို့အားနှိုင်းယှဉ်ပါကအခွန်ငွေ၂၀ရာခိုင်နှုန်းသာပေးဆောင်ရသောသူက Financial IQ ပိုမိုမြင့်မားသူဖြစ်ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 111, Mingalar Theik Di Street, Dawbon Township
Yangon
Opening Hours
Monday | 09:00 - 17:00 |
Tuesday | 09:00 - 17:00 |
Wednesday | 09:00 - 17:00 |
Thursday | 09:00 - 17:00 |
Friday | 09:00 - 17:00 |