Myanmar Nutrition & Dietetics Association -MNDA
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Nutrition & Dietetics Association -MNDA, Non-Governmental Organization (NGO), Yangon.
ဝါလကင်းလွတ်သီတင်းကျွတ် အခါသမယမှာ ကိုယ်တွင်းရောဂါဘယကင်းစင် အာဟာရပြည့် ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပြီး ပျော်ရွှင်သာယာသောနေ့ရက်များကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်
🕯️We Wish You A Happy Thadingyut Festival 🕯️
မြန်မာနိုင်ငံ အစာအာဟာရ ပညာရှင်များအသင်းကို ၂၀၂၂ ခုနှစ်၊ မေလ ၂၆ရက်နေ့တွင် တရားဝင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
အသင်း၏ရည်မှန်းချက်မှာ ပြည်သူလူထုအတွင်း ကျန်းမာရေးနှင့် အစာအာဟာရဆိုင်ရာ ဗဟုသုတအချက်အလက် အမှန်ကို သိရှိပြန့်ပွါးစေရန်နှင့် အစာအာဟာရနှင့် ဆက်စပ်သော ရောဂါများကို ကာကွယ်စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
အသင်း၏ ရည်ရွယ်ချက်များမှာ
▪️ပြည်သူလူထုအတွင်း အစာအာဟာရဆိုင်ရာ မှန်ကန်သော ကျန်းမာရေး ဗဟုသုတ အချက်အလက်များ သိရှိနိုင်ရန်
▪️ကျန်းမာရေးဝန်ထမ်းများအား အစာအာဟာရဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ကုသရေး အရည်အသွေးများ ပိုမိုတိုးတက်လာစေရန်
▪️ပြည်သူလူထုအတွင်း အစာအာဟာရဆိုင်ရာ ကျန်းမာရေးပြသာနာများနှင့် သက်ဆိုင်သော သုတေသနလုပ်ငန်းများပိုမိုကျယ်ပြန့်စွာလုပ်ဆောင်နိုင်ရန် ရည်ရွယ်ပါသည်။
အသင်း၏ ပင်မ ဦးတည်ချက်
▪️အစာအာဟာရဆိုင်ရာ ကျန်းမာရေးဗဟုသုတအချက်အလက်များကို ဆေးပညာနှင့်နှီးနှောဆက်နွယ်နေသော ဆရာဝန်များ၊ ဘွဲ့လွန်များ၊ ကောလိပ်ကျောင်းသားကျောင်းသူများ နှင့် သူနာပြုများထံသို့ မျှဝေနိုင်ရန်
▪️ပြည်သူလူထုအတွင်း ကျန်းမာသော စားသောက်နေထိုင်မှု အလေ့အကျင့်ကောင်းများနှင့် လူနာများ၏ အစာအာဟာရဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်ကောင်းမွန်စေရန်
▪️အခြားသော ပြည်တွင်းပြည်ပရှိ အာဟာရဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး အတူတကွ ပူပေါင်းလုပ်ဆောင်ရန်
▪️မြန်မာနိုင်ငံ အစာအာဟာရဆိုင်ရာ အသင်းသည် တရားဝင်ဖွဲ့စည်းထားသော အသင်းအဖွဲ့ဖြစ်သောကြောင့် အစိုးရအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအတွက် အာဟာရဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အကြံဉာဏ်ကောင်းများ ပေးနိုင်ရန်
▪️စက်မှုလုပ်ငန်းများနှင့် ပူးပေါင်းဆက်သွယ်၍ အာဟာရဆိုင်ရာလုပ်ငန်းများ တွင်ကျယ်စွာ လုပ်ဆောင်နိုင်ရန်
▪️နှစ်စဉ် အစာအာဟာရဆိုင်ရာ သုတေသန ပြုလုပ်ချက်များ ပိုမိုလုပ်ဆောင်နိုင်ရန် နှင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် သုတေသန စာတမ်းများ ဖတ်ကြားနိုင်ရန် ရည်မှန်းပါသည်။
အစာအာဟာရဆိုင်ရာ ကျန်းမာရေးသတင်းအချက်အလက်များနှင့် မြန်မာနိုင်ငံ အစာအာဟာရ ပညာရှင်များအသင်း၏ လုပ်ဆောင်ချက်များကို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ရန် social media page နှင့် website ကို ပြုလုပ်ထားခြင်းဖြစ်ပါသည်။
Click here to claim your Sponsored Listing.
Contact the organization
Website
Address
Yangon
11011