Tr. La Won May Education Center
မိဘနှင့်ကျောင်းသားများ အထူးပင်ယုံကြည်အားထားရာ Tr. La Won May Education Center
မြန်မာဘာသာစကား သည် မြန်မာနိုင်ငံ၏ ရုံးသုံး ဘာသာစကားဖြစ်သည်။ ဗမာလူမျိုးနှင့် ဗမာနွယ်ဝင်(ဓနု၊ အင်းသား၊ တောင်ရိုးနှင့် ယော)တို့၏ ဇာတိစကားဖြစ်သည်။ ဗမာလူမျိုးတို့သည် တိဘက်-ဗမာနွယ် ဘာသာစကားများ ပြောဆိုသည့် လူမျိုးနွယ်စုကြီးမှ အကြီးဆုံးသော လူမျိုးဖြစ်သည်။ လူဦးရေ ၃၈သန်းကျော်ခန့်သည် မြန်မာဘာသာစကားကို မိခင်ဘာသာစကား အနေဖြင့် သုံး၍ မြန်မာတိုင်းရင်းသားများသည် ဒုတိယဘာသာစကား အနေဖြင့် သုံးသည်။
မြန်မာဘာသာစကားသည် တရုတ်-တိဗက်နွယ် ဘာသာစကား မိသားစု ၏ ဗမာနွယ်ဘာသာစကားများ မှ တစ်ခုဖြစ်သည်။ တရုတ်-တိဗက်နွယ် ဘာသာစကားများထဲတွင် တရုတ်နွယ် ဘာသာစကား မဟုတ်သည့် ဘာသာစကားများတွင် သုံးစွဲသူ အများဆုံး ဘာသာစကား ဖြစ်သည်။ တရုတ်-တိဗက်နွယ် ဘာသာစကားများထဲ၌ မြန်မာဘာသာစကားသည် စာပေအရေးအသားစနစ် ပေါ်ထွန်းခဲ့ရာတွင် တရုတ်စာ၊ ပျူစာ၊ တိဗက်စာနှင့် တောင်ဂွတ်စာ တို့နောက် ပဉ္စမမြောက် ဖြစ်သည်။
ဧရာဝတီမြစ်ဝှမ်း တစ်လျောက်တွင် နေထိုင်ကြသော မြန်မာစကား ပြောဆိုသူများသည် ကွဲပြားခြားနားမှု မပြောပလောက်သော စကားလုံးအသုံးအနှုန်း ကွာခြားမှုသာ ရှိသည်။ သို့သော် စံပြုမြန်မာစကားဖြင့် ကွာခြားသည့် ဒေသိယစကား ပြောဆိုသည့် လူနည်းစုများကို မြန်မာနိုင်ငံ၏ ဘေးအစွန် ဒေသများတွင် တွေ့ရသည်။ အဆိုပါ ဒေသိယစကားများမှာ
* တနင်္သာရီတိုင်းဒေသကြီး – ဘိတ်စကား၊ ထားဝယ်စကား၊ ပုလောစကား
* မကွေးတိုင်းဒေသကြီး – ယောစကား
* ရှမ်းပြည်နယ် – အင်းသားစကား၊ တောင်ရိုးစကား၊ ဓနုစကား
ရခိုင်ပြည်နယ်တွင် ပြောဆိုကြသော ရခိုင်စကား
ရခိုင်စကားသည် ရှေးဟောင်း မြန်မာစကားနှင့် အတူဆုံးဖြစ်သည်။ တနင်္သာရီတိုင်း၏သီးခြားစကားများမှာ သံရပ်ကိုတိုးသည်။ စကားအသုံးအနှုန်းနှင့် အသံထွက်များတွင် ကွာခြားမှု ရှိကြသော်လည်း ဗမာဘာသာစကား၏ ဒေသိယစကားများတွင် အပြန်အလှန် နားလည်နိုင်စွမ်း ရှိကြသည်။ အများအားဖြင့် နိမ့်မြင့်သံ လေးမျိုးရှိခြင်းနှင့် ဗျည်းသံများတူခြင်းနှင့် စာရေးသားရန် မြန်မာအက္ခရာများကိုသာ သုံးကြခြင်း စသည်တို့တွင် တူညီကြသည်။
ရန်ကုန်-မန္တလေး တို့တွင် တစ်ဆက်တစ်စပ်တည်း ပြောဆိုကြသော စံပြု မြန်မာစကားသည် ဧရာဝတီ မြစ်ဝှမ်းတွင် သုံးသော စကားများပင် ဖြစ်သည်။ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ကြားအဓိက စကားကွာခြားမှုမှာ အသံထွက်ကွာခြားခြင်း မဟုတ်ဘဲ စကားလုံးရွေးချယ်မှု ကွာခြားခြင်းဖြစ်သည်။
ကိုးကားချက် : Wikipedia
#မြန်မာဘာသာစကား
ယနေ့ကျရောက်သော ကဆုန်လပြည့်အခါသမယမှစတင်၍ မြန်မာပြည်သူပြည်သားအားလုံး
ကဆုန်မိုးကဲ့သို့ အေးချမ်းလန်းဖြာနိုင်ပါစေကြောင်း
Tr. La Won May Education Center မှ
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့် 🙏🏻
#ကဆုန်လပြည့်နေ့
Tr. La Won May Education Center ရဲ့ One on One Online Class များအကြောင်း 🥰
တီချယ်တို့ရဲ့ One On One သင်တန်းလေးတွေက မိဘအများစုတောင်းဆိုချက်ကြောင့် ဖွင့်ပေးထားတာဖြစ်ပါတယ်ရှင့်။
တီချယ့်အတွေ့အကြုံအရပြောရမယ်ဆို Online Group Class မှာ စာလိုက်အားနှေးတဲ့ကလေးတွေဟာ One On One Class မှာဆိုရင်တော့ သွက်လက်ပြီး စာသင်အားလည်း မြန်ဆန်တာကို တွေ့ရပါတယ်ရှင့်။
💁🏻♀️ Tr. La Won May Education Center ရဲ့ One on one online class များဟာဆိုရင်
- မိဘနဲ့ကျောင်းသားဘက်က စိတ်ကြိုက်အချိန်ရွေးချယ်ညှိနှိုင်းနိုင်ခြင်း
- တစ်ယောက်ချင်းသီးသန့်သင်တာဖြစ်ပေမဲ့ သင်တန်းကြေးသိန်းဂဏန်းမကုန်ပဲ အထူးသက်သာခြင်း
- သင်တန်းတက်ရောက်နေစဉ်အတွင်းမှာတင် ကလေးရဲ့ တိုးတက်မှုကိုမြန်ဆန်စွာမြင်တွေ့ရခြင်း
- Online learning skill, English language skill နဲ့အတူ တခြားသောစွမ်းရည်များပါ တိုးတတ်လာစေခြင်း
- တစ်ယောက်ချင်းသင်ရတာဖြစ်လို့ ကလေးကလေ့လာမှုမြန်ရင်မြန်သလို သင်ခန်းစာပြီးတဲ့အတွက် group class များထက် အချိန်ကုန်သက်သာခြင်း
- Group class များကဲ့သို့ အတန်းဖော်များရဲ့ အင်တာနက်လိုင်းကျမှုအခက်အခဲများကို စောင့်ဆိုင်းစရာမလို၍ မိမိတို့သွားနိုင်လျှင်သွားနိုင်သလောက် သင်ခန်းစာပြီးမြောက်ခြင်း
စတဲ့အကျိုးကျေးဇူးများစွာကို ရရှိမှာဖြစ်ပါတယ်ရှင့်။
🦚 Tr. La Won May Education Center မှာ လက်ရှိ One on One online class များအနေဖြင့်
🍀Oxford Phonics Class နှင့်
🍀 English Grammar Class တို့ကိုဖွင့်လှစ်ထားပါတယ်ရှင့်။
သင်တန်းအချိန်များကို မိမိအဆင်ပြေတဲ့အချိန် ရွေးချယ်သင်ယူနိုင်မှာ ဖြစ်ပါတယ်။
စိတ်ပါဝင်စားလို့ သင်တန်းစုံစမ်းအပ်နှံလိုပါက
📞 09 955 578 842 သို့ဆက်သွယ်၍ တိုက်ရိုက်မေးမြန်းနိုငိပါတယ်ရှင့်။
သင်တန်းတွေအများကြီးတက်ခြင်းဟာ ကောင်းလား❔ဆိုးလား ❔
တီချယ့်ကို မိဘတွေလာတိုင်ပင်တဲ့အခါ အမြဲလိုလိုကြုံရတဲ့ case လေးပါ။ အပြင်မိဘအတော်များများလည်း သိရအောင်လို့ တီချယ် sharing လုပ်ပေးချင်ပါတယ်။
အရင်ဆုံး ကလေးအတွက် သင်တန်းအများကြီးတက်တာက ကောင်းလား၊ဆိုးလားမမေးခင်မှာ ဖေဖေ၊မေမေတို့ကို တီချယ်ကအရင်ဆုံးမေးချင်တာ ရှိပါတယ်။ အဲ့ဒါက…
ကိုယ့်သားသမီးရဲ့ ဘာသာရပ်တွေအပေါ်သင်ယူနိုင်မှု စွမ်းရည်နဲ့ စာလေ့လာဖို့ အချိန်ဘယ်လောက်ထိ အာရုံစိုက်နိုင်လဲ ဆိုတဲ့မေးခွန်းပါပဲ။
မိဘအများစုဟာ ပညာရေးလောဘကြီးပြီး သားသမီးကို သင်တန်းအများကြီးစုပြုံတက်စေတဲ့အခါ ကလေးအနေနဲ့ မနိုင်ဝန်ထမ်းစေသလိုဖြစ်တော့ အချိန်ကုန်၊ငွေကုန်ရကျိုးမနပ်ပဲ ကလေးလည်းပင်ပန်း၊ သင်သလောက်အကျိုးလည်းမရှိဖြစ်တတ်ပါတယ်။
အဲ့ဒါကြောင့်မို့ သင်တန်းတွေအများကြီးစုပြုံတက်မဲ့အစား အလိုအပ်ဆုံးအတန်းတွေကိုသာ တီချယ်တွေနဲ့ သေချာတိုင်ပင်ပြီး ထားသင့်ပါတယ်။
စာအင်မတန်လုပ်နိုင်တဲ့ ကလေးဆိုရင်တောင်မှ အလိုအပ်ဆုံးသင်တန်းတွေကိုရွေးပြီး သင်တန်းချိန်နဲ့ ကိုယ်ပိုင်စာလေ့လာချိန်မျှတတဲ့ အချိန်ဇယားကို ထားသင့်ပါတယ်။
ကျောင်းသားတွေအတွက် အလိုအပ်ဆုံးသင်တန်းတချို့ကို တီချယ်စီပြမယ်ဆို…
- ကလေးလက်ရှိအသက်နဲ့ညီတဲ့ အစိုးရသင်တန်းသို့မဟုတ် နိုင်ငံတကာ ပညာရေးသင်တန်း
- English စာသင်တန်း (Jolly/Oxford Phonics, Grammar, 4 Skills)
- အပေါ်ကအစိုးရသင်ရိုးကို အားနည်းတဲ့ဘာသာရပ်အလိုက် တစ်ဘာသာချင်းစီသင်တန်းများ
စတာတွေကို ပထမဦးစားပေးအနေနဲ့ ရွေးချယ်သင့်ပါတယ်။
အားလုံးအတွက် ခက်ခဲတဲ့အချိန်ကာလဆိုပေမဲ့ တီချယ်တို့နေနေတာက IT ခေတ်ဖြစ်လို့ ဖုန်းတစ်လုံးရှိရုံနဲ့ ကိုယ်သင်ယူချင်တာအားလုံး တတ်မြောက်နိုင်ပါတယ်။
တီချယ်တို့ငယ်ငယ်ကလို Offline ပညာရေးပဲရှိတဲ့အချိန်ထက်စာရင် အများကြီးလွယ်ကူနေပြီမို့
မိဘ၊ကျောင်းသား၊ဆရာ အားလုံး အားမလျှော့ပဲ မိမိလိုချင်တဲ့ ပညာရေးပန်းတိုင်ဆီကို Tr. La Won May Education Center နဲ့အတူ ဆက်လက်ချီတက်ကြပါစို့နော်။
မေတ္တာများစွာဖြင့်
Tr. La Won May Education Center
Oxford Phonics Level-1 ကို Online One on one class တက်ရောက်သင်ကြားနေသော သမီးငယ်လေးရဲ့ Writing & Activities လေးတွေပါ။
Phonics Online One on one class သင်ကြားလိုပါက တီချယ့်ဆီကို ယခု ဖုန်းနံပါတ်လေးကိုဖြစ်စေ 09 - 955 578 842/ (Viber -09-955 578 842) သို့ Page Cb ကနေတစ်ဆင့် ဆက်သွယ်၍ အတန်းအပ်နှံနိုင်ပါတယ်ရှင်။
Oxford Phonics Class
🕰 သင်တန်းချိန် တစ်ပတ်လျှင် သုံးရက်
💵 သင်တန်းကြေး
တစ်လလျှင် 80,000Ks (ရှစ်သောင်းကျပ်)
Application: Zoom (Live/ 𝗢𝗻𝗲 𝗼𝗻 𝗢𝗻𝗲 ) 👩🏻🏫
တီချယ်တို့ရဲ့ သင်ကြားပုံကို လေ့လာလိုသူမိဘများအတွက်လည်း Activities photo များ ထည့်ပေးထားပါတယ်ရှင့် 💕
မိဘပြည်သူအားလုံး ကောင်းမွန်သောနေ့လေးကို ပိုင်ဆိုင်နိုင်ဖို့ Tr. La Won May Education Center မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင် 🙏🏻🍀
ာ
ကလေးများအတွက် အလိုအပ်ဆုံး English စာသင်တန်းနှစ်ခုကို ထပ်မံဖွင့်လှစ်ပေးလိုက်ပါပြီရှင့် ✨
အခုဖွင့်လှစ်မဲ့ သင်တန်းနှစ်ခုဟာဆိုရင် Tr. La Won May Education Center မှာ
်တိုက်ဖွင့်ပေးဖို့တောင်းဆိုမှုအများဆုံး
#သင်တန်းသားအများဆုံး
#ကလေးတွေသင်ယူဖို့အလွယ်ကူဆုံးနဲ့ #အလိုအပ်ဆုံး
သင်တန်းများပဲ ဖြစ်ပါတယ် ⭐️
⚡️ Oxford Phonics Class နဲ့
⚡️ English Grammar Class နှစ်ခုဖြစ်ပါတယ်ရှင့်။
ယခု Batch မှာတော့ မိဘတွေတောင်းဆိုမှုအတိုင်း One on one class တွေကို စီစဉ်ဖွင့်လှစ်ပေးတာဖြစ်ပါတယ်။
💁🏻♀️ One on one class ရဲ့အားသာချက်တွေအတိုင်း တီချယ်နဲ့လည်း on screen အတိုင်း ရင်းရင်းနှီးနှီးစာသင်ကြားနိုင်မှာဖြစ်သလို သားသားမီးမီးတို့ သင်ကြားမှုစွမ်းရည် နှေးသည်ဖြစ်စေ၊မြန်သည်ဖြစ်စေ စိတ်ပူစရာမလိုပဲ လွတ်လပ်စွာ သင်ကြားနိုင်မှာဖြစ်ပါတယ်ရှင့်။
💁🏻♀️ Online class တွေရဲ့သဘောအတိုင်း Group နဲ့ဆို အတန်းသားအချင်းချင်း လိုင်းကျရင်ပြန်စောင့်ရတဲ့ကြာချိန်တွေ ရှိတတ်ပါတယ်ရှင့်။ 𝗢𝗻𝗲 𝗼𝗻 𝗢𝗻𝗲 class မှာတော့ ဒါမျိုးတွေမရှိပဲ ကျောင်းသားရဲ့ စွမ်းရည်အလိုက် အချိန်တိုအတွင်းမှာ သင်ယူတတ်မြောက်နိုင်မှာဖြစ်ပါတယ်။
💁🏻♀️ Tr. La Won May Education Center ရဲ့ English class တွေဘယ်လောက်ထိ အကျိုးရှိလဲဆိုတာ သင်တန်းကာလပြီးဆုံးအောင် တက်ရောက်ပြီးတဲ့ Zero to Hero skill ရောက်သွားသူ ကျောင်းသား၊သူတိုင်းက သက်သေပါပဲနော်။
💁🏻♀️ ဒီတစ်ခါ 𝗢𝗻𝗲 𝗼𝗻 𝗢𝗻𝗲 class မှာတော့ အထူးအနေနဲ့ မိမိတို့အဆင်ပြေရာ အချိန်ကို ရွေးချယ်တက်ရောက်နိုင်မဲ့ adjustable timetable ပါစီစဉ်ပေးထားပါတယ်ရှင့်။
သင်တန်းကာလနဲ့ သင်တန်းကြေးတွေကတော့…
Oxford Phonics Class
🕰 သင်တန်းချိန် တစ်ပတ်လျှင် သုံးရက်
💵 သင်တန်းကြေး
တစ်လလျှင် 80,000Ks (ရှစ်သောင်းကျပ်)
Grammar Class
🕰 သင်တန်းချိန် တစ်ပတ်လျှင် သုံးရက်
💵 သင်တန်းကြေး
တစ်လလျှင် 90,000Ks (ကိုးသောင်းကျပ်)
Application: Zoom (Live/ 𝗢𝗻𝗲 𝗼𝗻 𝗢𝗻𝗲 ) 👩🏻🏫
တီချယ်တို့ရဲ့ သင်ကြားပုံကို လေ့လာလိုသူမိဘများအတွက်လည်း Activities photo များ ထည့်ပေးထားပါတယ်ရှင့် 💕
💁🏻♀️ သင်တန်းအပ်နှံလိုသူမိဘများ အနေဖြင့်
📩 Tr. La Won May Education Center page chat box နှင့်
📞 09 955 578 842 သို့ဆက်သွယ်ပြီး သင်တန်းအပ်နှံနိုင်ပါတယ်ရှင့်။
မိဘပြည်သူအားလုံး ကောင်းမွန်သောနေ့လေးကို ပိုင်ဆိုင်နိုင်ဖို့ Tr. La Won May Education Center မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင် 🙏🏻🍀
✅ အိမ်အရောက်သင် ဆရာ၊ ဆရာမတို့အတွက် ဘယ်အတန်း ဘယ်လောက်ယူရမလဲ၊ အချိန်နဲ့ ရက်ဘယ်လိုပေးရမလဲ မသက်မှတ်တတ်တဲ့သူတွေအတွက် အမှန်တကယ် ယူရမယ့်နှုန်းထားတွေ page မှာအသေးစိတ်ဖော်ပြပေးပါမယ်ရှင်။ 🌟
🔴 ကြုံဖူးတဲ့ အဖြစ်အပျက်များထဲက တစ်ခုအကြောင်းလေး ထပ်ပြောပြချင်ပါတယ်ရှင်။
🌟 တီချယ် စာသင်လာတာ 10နှစ်ကျော်ကာလရှိပါပြီ။ စာစသင်စဘဝ ကတည်းက အခုချိန်ထိ မိတ်ဆွေအချင်းချင်း ချိတ်ဆက်ပေးလို့ သင်ရတဲ့ အိမ်တွေဖြစ်စေ၊ စာသင်ဝိုင်းတွေဖြစ်စေ အသေအချာလေး ဂရုတစိုက်နဲ့ သင်ပေးခဲ့ပါတယ်။ အချို့မိဘက ကိုယ်စာသင်ပေးရင် အရမ်းသဘောကျလွန်းလို့ တီချယ်ပဲ အကုန်သင်ပေးတော့ဆိုပြီးပြောကြလေ့ရှိတယ်။
💯 ဒါပေမယ့် ကိုယ့်မိတ်ဆွေကတစ်ဆင့် ကိုယ်ကသွားသင်ပေးရတာလေ။ သူသင်တဲ့ ဘာသာရပ်ကိုပါ ကိုယ်ကသင်ပေးလိုက်မယ်ဆို မဖြစ်သင့်ဘူးလေ။ လူ့ဘောင် လူ့စည်းတော့ ထားရမှာပေါ့။ ဘယ်တော့မှ အဲ့စည်းကို ကျော်လွန်ပြီး အလုပ်မလုပ်ခဲ့ဘူး။ ကိုယ့်လိပ်ပြာ ကိုယ်လုံချင်တယ်။
🗡️ အကြောင်းရင်းလေး ဆက်ပြောမယ်နော်။ ကိုဗစ်ကာလက စပြီးတီချယ်ဦးဆောင်ပြီး အွန်လိုင်း class ဖွင့်ခဲ့တာ 3နှစ်တာကာလရှိခဲ့ပါပြီ။ KG ကနေ Grade-12 အထိအတန်းများ၊ အင်္ဂလိပ်စာ Phonics class၊ Grammar classes၊ 4skills၊ Duolingo & IELTS one on one class တွေအများကြီးသင်ကြားလာခဲ့တာ အခုချိန်ထိပါပဲရှင်။ တီချယ်နဲ့ ကိုယ်တိုင်သင်ဖူးခဲ့တဲ့ ကလေးတိုင်းဆီက တီချယ်သင်ကြားမှု ဘယ်လိုရှိတယ်ဆိုတာ အကုန်သိပြီးသားပါ။ ဘယ်အလုပ်ကိုပဲ လုပ်လုပ် စေတနာထားပြီးလုပ်ရင် အဆင်ပြေပါတယ်။ အောင်မြင်ပါတယ်ရှင်။
💵 ကျွန်မဆီမှာ part-time သင်ကြားခဲ့သော အချို့တီချယ်များ စည်းကမ်းမရှိ၊ စောင့်ထိန်းရမယ့် စည်းကို နားမလည်ကြဘူးရှင်။ ကျွန်မတို့ ကျောင်းသားရဖို့အတွက် page ကို ငွေကြေးအကုန်ကျတွေခံပြီး အလုပ်လုပ်နေရတာပါ။ အချို့သင်တန်းတွေမှာ ကျောင်းသားတွေ တဖြည်းဖြည်း လျော့ကျသွားတာကို တွေ့ရပါတယ်။ class ရဲ့အကြောင်းကို ကိုယ်က ဝင်မကြည့်ရင် မမေးရင် မသိသလိုတွေနေကြပါတယ်။ အချို့ဆရာမတွေကျတော့ အောက်ဈေးနဲ့ သင်ပေးမယ်ဆိုပြီး ကျောင်းသားတွေကို ပြောပြီး ပြင်ပမှာ သင်နေကြပါတယ်။ အဲ့လိုမျိုးတွေ တီချယ်တို့ မလုပ်သင့်ဘူးနော်။ အရမ်းရှက်စရာ ကောင်းပါတယ် အဲ့ဒီလုပ်ရပ်မျိုးတွေက ကိုယ်တိုင်ဆရာမဖြစ်ပြီး သူများတွေကလုပ်ငန်းကို ငွေတွေအများကြီး အကုန်ကျခံပြီးတည်ထောင်ထားတဲ့အလုပ်ကို လုပ်တာ။ သူများပစ္စည်း ခိုးတာနဲ့အတူတူပါပဲရှင်။
🌟 မိမိက အဲ့နေရာတစ်ခု အလုပ်လုပ်ခဲ့ဖူးရင် နောင်တစ်ချိန် အဲ့နေရာမှာ ကိုယ်မရှိတော့ရင် နာမည်ကောင်း၊ အတိတ်ကောင်းကျန်ခဲ့အောင် လုပ်ဆောင်ကြပါ။ ဆရာမတွေ ကျောင်းသားမခိုးနဲ့ အချိန်မခိုးနဲ့ ကိုယ်သင်တဲ့ ကျောင်းသားကိုလည်း အလေးထားသင်ကြားပေးကြပါ။ အထူးသဖြင့် အွန်လိုင်းသင်ကြားရေးမှာ ဆရာမတွေ လိုင်းအခက်အခဲကြောင့်ဆိုပေမယ့် အလေးမထားမှုတွေများနေတယ်၊ အချိန်မလေးစားတာတွေရယ်၊ အကြောင်းပြချက်တွေ အမျိုးတွေပြတာရယ်.. အို စုံလို့ပါရှင်။
🙏 ကျွန်မက Founder ဆိုတော့လည်း မိဘတွေကို ကန်တော့ခန်းဝင်ရတာပေါ့ရှင်။ ကျွန်မတို့က ဆရာမတွေ ဆိုပေမယ့်လည်း ကျွန်မတို့ဆီမှာ မိဘတွေက ယုံကြည်လို့ သူတို့တွေရဲ့ ကလေးတွေကို ပညာလာသင်ကြားကြတာကို ကျွန်မတို့က အလေးထားပေးဖို့ လိုကိုလိုအပ်တယ်လေ။ ဘာလို့များ ဖြစ်သလိုစိတ်ဓါတ်တွေနဲ့ စာလာသင်စားနေကြတာလဲလို့ ကျွန်မအော်ပြီး မေးလိုက်ချင်ပါတယ်။ ဒါပေမယ့် အဲ့လို တစ်ခါမှ မပြောခဲ့ပါဘူး။
👍 ကျွန်မသိလိုက်ရတာကတော့ ပညာတွေအရမ်းတော်နေပြီး စာသင်တဲ့အလုပ်မှာ ဟိုမှာသင်ခဏ၊ ဒီမှာသင်ခဏနဲ့ဖြစ်နေကြတာ စိတ်ဓါတ်နဲ့ စေတနာ မကောင်းကြလို့ပဲဆိုတာ ဘဝမှာ မျက်ဝါးထင်ထင်တွေ ကြုံခဲ့ဖူးပါပြီ။ ကျွန်မဆီက ကျောင်းသားများကိုလည်း ထပ်မခိုးကြနဲ့နော်။ တီချယ်တို့ လိပ်ပြာလုံစွာဖြင့် ပျော်နိုင်ကြပါစေရှင်။
#မေတ္တာများစွာဖြင့်
#အကြံပြုရေးသားခြင်း
#တီချယ်လဝန်းမေ
ခက်ခဲပေမဲ့ လေ့လာမှုကိုမရပ်တန့်ကြပါနဲ့နော် 💪🏻
ရာသီဥတုကပူ မီးကပျက်နဲ့ စာသင်ရတဲ့ဆရာတွေရော၊ ကျောင်းသားတွေပါ အရင်တွေထက်အများကြီးပိုပင်ပန်းရပါတယ်။ နယ်ဘက်က Online learning လုပ်တဲ့ကလေးတွေဆို ဒီဒဏ်ကိုပိုခံရမှာပါ။
လက်ရှိသင်ကြားနေတာကို ရပ်ပစ်ချင်စိတ်တွေ၊ လမ်းတဝက်မှာပဲရပ်လိုက်ချင်စိတ်တွေ အားလုံးနီးပါးဖြစ်နေကြမှာပါ။ အဲ့လိုရပ်လိုက်မဲ့အစား စာကြည့်ချိန်အရင်ထက်အနည်းငယ်လျှော့ပြီး အနားယူတာမျိုး၊ စိတ်အေးချမ်းစေမဲ့ နည်းလမ်းတွေလုပ်ရင်း အားတင်းထားကြပါရှင့်။
“အခုအချိန်မှာသင်လုပ်တဲ့အရာအားလုံးက နောင်ဆယ်နှစ်မှာ အဖြေပေးလိမ့်မယ်” ဆိုတဲ့စကားအတိုင်း အရွယ်ရောက်လာတဲ့အချိန်မှာ သူများထက်နောက်ကောက်မကျန်ခဲ့အောင် ခုကတည်းက အားမလျှော့ပဲ ပန်းတိုင်ကို ဆက်လက်ချီတက်မှ ရမှာဖြစ်ပါတယ်။
တီချယ်ပြောသလိုပဲ ပင်ပန်းရင် အရင်ထက်ကြိုးစားတာအနည်းငယ်လျှော့ပြီး အနားယူလိုက်ပါနော်။ လုံးဝတော့မရပ်တန့်ပစ်လိုက်ပါနဲ့။
မိဘတွေအနေနဲ့လည်း သားသမီးပညာရေးအတွက် ရွေးချယ်ရခက်နေရင် တီချယ်တို့ဆီမှာ အချိန်မရွေးဆက်သွယ်ပြီး အကြံယူနိုင်ပါတယ်ရှင့်။
ကျောင်းသား၊သူတို့အားတက်အောင် အခုသင်ကြားနေတဲ့ အတန်းတူကလေးများရဲ့ learning activities video တွေကို page ကနေ မကြာခဏတင်ပေးသွားပါမယ်ရှင့်။
အားလုံးပဲ မိဘ၊ဆရာ၊ကျောင်းသား အချင်းချင်း ဖေးမကူညီရင်း ရှေ့ဆက်ကြပါစို့နော် 💪🏻
မေတ္တာများစွာဖြင့်
Tr. La Won May Education Center
📢 တီချယ်အခုသင်နေတဲ့ Grammar One on one အတန်းလေးတွေနဲ့ Oxfords phonics One on one အတန်းရဲ့ နောက်ထပ်ရနိုင်မယ့်အချိန်စာရင်း၊သင်ကြားတဲ့ရက်နဲ့ အချိန်၊ သင်တန်းကြေးလေးတွေ ပို့စ်တင်ပေးမယ်နော်
သင်တန်းတက်ရောက်ရန် စာပို့ကြသော ဖေဖေမေမေတို့ရှင်။ page cb ကပို့သော စာများဖတ်မရဖြစ်နေတဲ့အတွက် ဖုန်းနံပါတ် 09955578842 (Viber) ကနေမေးမြန်းစုံစမ်းနိုင်ပါတယ်။ ယခုဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းပါက မိဘများသိချင်တဲ့အကြောင်းများကို အချိန်တိုအတွင်း ဆွေးနွေးဖြေကြားပေးလို့ရပါတယ်ရှင်။ ချက်ချင်း reply ပြန်မရတဲ့အတွက်လည်း တောင်းပန်ပါတယ်ရှင်။
ပျှော်ရွှင်ဖွယ်ရာ နှစ်သစ်အချိန်ခါသမယဖြစ်ပါစေကြောင်း…🙏🏻💛
#မြန်မာနှစ်သစ်ကူး
မြန်မာတို့၏ ရိုးရာသင်္ကြန်ပွဲ ဖြစ်ပေါ်လာပုံအကြောင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သင်္ကြန်ဟူသော ဝေါဟာရသည် သင်္ကန္တခေါ် ပါဠိဘာသာ၊ သင်္ကြန္တခေါ် သက္ကတဘာသာမှ သက်ဆင်းလာသော ဝေါဟာရဖြစ်သည်။ သင်္ကန္တ၊ သင်္ကြန္တဟူသည် ကူးပြောင်းခြင်းဟု အနက်အဓိပ္ပာယ်ရသည်။ တပေါင်းလတွင် မြန်မာနှစ် တစ်နှစ်ကုန်ဆုံးကာ နှစ်ဟောင်းကုန်၍ တန်ခူးလတွင် နှစ်သစ်ကြုံရသောကာလ၊ နှစ်သစ်ကူးပြောင်းသောကာလဟု ဆိုလိုရင်းဖြစ်သည်။
သင်္ကြန်ရာဇဝင်သည် ဟိန္ဒူဘာသာအယူဝါဒမှ ဆင်းသက်လာခြင်းဖြစ်သည်။ သိကြားမင်းနှင့် ဗြဟ္မာမင်းကြီး အငြင်းပွားကြရာ သိကြားမင်းနိုင်သဖြင့် ဗြဟ္မာမင်းကြီး၏ ဦးခေါင်းကိုရခဲ့သည်။ ဗြဟ္မာမင်းကြီးမှာ တန်ခိုးကြီးလှသဖြင့် ထိုဦးခေါင်းကြီးကို ပင်လယ်ထဲပစ်ချလျှင် ရေခန်းမည်ဖြစ်ပြီး မြေကြီးမှာထားလျှင် မီးလောင်ပျက်စီးကြမည်ဖြစ်သည်။ လေထဲကို ပစ်လျှင်လည်း သတ္တဝါအားလုံး မီးလောင်ကြမည်ဖြစ်သဖြင့် သိကြားမင်းက မည်သည့်နေရာတွင်မှ မထားလိုဘဲ လက်ထဲ၌သာ ကိုင်ထားရလေသည်။ နောက်ပိုင်းတွင် တန်ခိုးကြီးသော နတ်မင်းကြီးများကို တာဝန်လွှဲပြီး တစ်နှစ်လျှင် နတ်မင်းတစ်ပါးက ဦးခေါင်းကြီးကို ထိန်းသိမ်းထားရန် မိန့်ဆိုသည်။ ဦးခေါင်းကြီးကို တစ်ဦးလက်မှ တစ်ဦးလွှဲမည့် အချိန်အတိအကျကို ပုဏ္ဏားတို့က တွက်ချက်ဖော်ထုတ်ကြပြီး ထိုအကူးအပြောင်းကာလကို 'သင်္ကန္တ'အခါဟု ဆိုကြသည်။ နှစ်တစ်နှစ်ပြည့်သည်ဟုလည်း သတ်မှတ်သည်။
ထိုကာလ၌ သိကြားမင်းသည် လူ့ပြည်တွင် ကောင်းမှုကုသိုလ်ထွန်းကားရန်နှင့် ဗုဒ္ဓသာသနာပြန့်ပွားရန်အတွက် လူ့ပြည်ဆင်းကာ ဆောင်ရွက်လေ့ရှိသည်။ မှတ်တမ်းများကို မှတ်သားသည်ဟုလည်းဆိုသည်။ နောက်ပိုင်းကာလများမှသာ နှစ်သစ်ကို အေးချမ်းစွာ ကြိုဆိုသည့်သဘောဖြင့် ရေပက်ခြင်း၊ ရေလောင်းခြင်းဖြင့် ဆော့ကစားလာကြခြင်းဖြစ်သည်။ သို့ဖြင့် သိကြားမင်းသည် အကျနေ့တွင် လူ့ပြည်သို့ဆင်းသည်၊ အတက်နေ့တွင် လူ့ပြည်မှပြန်သည်၊ စသည်ဖြင့် ဆင့်ပွားဇာတ်လမ်းများပါ ထွက်ပေါ်လာတော့သည်။
မြန်မာတို့နှင့် ယဉ်ကျေးမှုခြင်းတူညီသည့် ထိုင်း၊လာအို၊ ကမ္ဘောဒီးယား တို့တွင်လည်း သင်္ကြန်ပွဲတော်နှင့်ဆင်တူသည့်ပွဲများ ကျင်းပလေ့ရှိသည်။ အမည်အားဖြင့် ထိုင်းတွင် ဆောင်ခရန် (Songkran )၊ လာအိုတွင် ပီမိုင်( Pimai )၊ ကမ္ဘောဒီးယားတွင် (Chaul Chnam Thmey ) စသည်ဖြင့် အသီးသီးခေါ်ဝေါ်ကြသည်။
မြန်မာလူမျိုးတို့၏ နှစ်ကူးသင်္ကြန်ပွဲသည်လည်း ဟိန္ဒူအယူဝါဒမှ ဆင်းသက်သောဓလေ့အတိုင်း ရှေးယခင်ကာလများ၌ မိဘဆရာသမားများနှင့် သက်ကြီး ဝါကြီးများကို သနပ်ခါးနံသာရေများ၊ သပြေခက် ကလေးများဖြင့် ကန်တော့ကြသည့် အလေ့အထရှိခဲ့ကြသည်။ သို့ရာတွင် ယခုခေတ်၌ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ အလွန်အကြူးအပြန်အလှန် ရေကစားမှုများ၊ အားကစားစိတ်ဓာတ် သဘောမျိုးဖြင့် အပြိုင်အဆိုင်စကားနိုင်သံချပ်များနှင့် ပျော်ရွှင်ပွဲသဖွယ်ဆင်နွှဲမှုများ ဖြစ်လာခဲ့သည်။
လက်ရှိအချိန်တွင် ပိတောက်ပန်းများပွင့်သည့် တန်ခူးလသင်္ကြန်နှင့်ပတ်သက်သော သမိုင်းအချက်အလက်များ မည်သို့ပင်ကွဲပြားစေကာမူ လက်ရှိအချိန်တွင် ပိတောက်ပန်းများပွင့်သည့် တန်ခူးလတွင်ကျင်းပသည့် အတာသင်္ကြန်ရေသဘင်ပွဲတော်ကို မြန်မာနိုင်ငံတွင် အစည်ကားဆုံးနှင့် အကြီးကျယ်ဆုံး အခမ်းနားဆုံး မြန်မာနှစ်သစ်ကူးပွဲတော်တစ်ခုအဖြစ် နှစ်စဉ်ကျင်းပလျက်ရှိသည်။ မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းများဖြင့် လှပျိုဖြူများ စည်းဝါးညီကာ လှပစွာ ကပြဖျော်ဖြေကြသည်။ မုန့်လုံးရေပေါ်များကျွေးခြင်း အလေ့အထမှာ ကျေးလက်မြို့ပြမကျန် ကျင့်သုံးလျက်ရှိသည်။ မုန့်လုံးရေပေါ်ထဲတွင် အစာသွတ်ထည့်ထားသော ထန်းလျှက်ခဲအစား ငရုတ်သီးတောင့်များ ထည့်သွင်းကာ စားချင့်စဖွယ် မုန့်လုံးရေပေါ်များထဲတွင် ရောနှောကျွေးတတ်သည်မှာလည်း ချစ်စရာအလေ့အထတစ်ခုဖြစ်သည်။ ရှေးယခင်ကာလများတွင် သပြေခက်နှင့်ငွေဖလားကို အသုံးပြုကာ ရေကစားကြသည်ဟု အဆိုရှိခဲ့သော်လည်း ယနေ့အခါတွင်မူ ရေသေနတ်များနှင့် ရေပိုက်များအသုံးပြုကာ အတာရေဘသင်ပွဲတော်ကို ခေတ်နှင့်အညီ မဏ္ဍပ်များတည်ဆောက်၍ ကြီးကျယ်ခမ်းနားစွာ ကျင်းပဆင်နွဲလျက်ရှိကြသည်။ သင်္ကြန်ရေဘသင်ပွဲတော်သည် တောရောမြို့ပါမကျန် အုန်းအုန်းကျွတ်ကျွတ် ပျော်ရွှင်ကြသည့်ပွဲတစ်ခုလည်းဖြစ်သည်။ အချို့မြို့များတွင် အိုးမည်းသုတ်ခြင်းမှာလည်း ပျော်ရွှင်ဖွယ် ချစ်စရာကောင်းသည့် အလေ့အထတစ်ခုဖြစ်သလို တောရွာများနှင့် အချို့မြို့များတွင် မိန်းကလေးအား ရေလောင်းခွင့်တောင်းကာ ရေလောင်းရေပက်သည့် မြန်မာ့ဟန်ကိုလည်း တွေ့ရသည်။ကျင်းပသည့် အတာသင်္ကြန်ရေသဘင်ပွဲတော်ကို မြန်မာနိုင်ငံတွင် အစည်ကားဆုံးနှင့် အကြီးကျယ်ဆုံး အခမ်းနားဆုံး မြန်မာနှစ်သစ်ကူးပွဲတော်တစ်ခုအဖြစ် နှစ်စဉ်ကျင်းပလျက်ရှိသည်။ မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းများဖြင့် လှပျိုဖြူများ စည်းဝါးညီကာ လှပစွာ ကပြဖျော်ဖြေကြသည်။ မုန့်လုံးရေပေါ်များကျွေးခြင်း အလေ့အထမှာ ကျေးလက်မြို့ပြမကျန် ကျင့်သုံးလျက်ရှိသည်။ မုန့်လုံးရေပေါ်ထဲတွင် အစာသွတ်ထည့်ထားသော ထန်းလျှက်ခဲအစား ငရုတ်သီးတောင့်များ ထည့်သွင်းကာ စားချင့်စဖွယ် မုန့်လုံးရေပေါ်များထဲတွင် ရောနှောကျွေးတတ်သည်မှာလည်း ချစ်စရာအလေ့အထတစ်ခုဖြစ်သည်။ ရှေးယခင်ကာလများတွင် သပြေခက်နှင့်ငွေဖလားကို အသုံးပြုကာ ရေကစားကြသည်ဟု အဆိုရှိခဲ့သော်လည်း ယနေ့အခါတွင်မူ ရေသေနတ်များနှင့် ရေပိုက်များအသုံးပြုကာ အတာရေဘသင်ပွဲတော်ကို ခေတ်နှင့်အညီ မဏ္ဍပ်များတည်ဆောက်၍ ကြီးကျယ်ခမ်းနားစွာ ကျင်းပဆင်နွဲလျက်ရှိကြသည်။ သင်္ကြန်ရေဘသင်ပွဲတော်သည် တောရောမြို့ပါမကျန် အုန်းအုန်းကျွတ်ကျွတ် ပျော်ရွှင်ကြသည့်ပွဲတစ်ခုလည်းဖြစ်သည်။ အချို့မြို့များတွင် အိုးမည်းသုတ်ခြင်းမှာလည်း ပျော်ရွှင်ဖွယ် ချစ်စရာကောင်းသည့် အလေ့အထတစ်ခုဖြစ်သလို တောရွာများနှင့် အချို့မြို့များတွင် မိန်းကလေးအား ရေလောင်းခွင့်တောင်းကာ ရေလောင်းရေပက်သည့် မြန်မာ့ဟန်ကိုလည်း တွေ့ရသည်။
သင်္ကြန်ကာလတွင်း ဥပုသ်သီလဆောက်တည်ကာ တရားဘာဝနာပွားများသူများရှိသကဲ့သို့ ရေကစားသူများကလည်း ရေကစားသူများအလျောက် ရေပက်ခံသူ၊ ရေလောင်းရေပက်သူများနှင့် စည်ကားလှသည်။ ကိုယ်လေးလက်ဝန်နှင့် မပေါ့မပါးအမျိုးသမီးများ၊ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ဘာသာရေးပုဂ္ဂိုလ်များ(ဘုန်းကြီး၊ ရဟန်း၊ သီလရှင်၊ ဥပုသ်သည်)ကို ရေပက်ခြင်းမှ ရှောင်ကြဉ်ကြသည်မှာ ချစ်စရာကောင်းသည့် လက်ရှိအချိန် အတာသင်္ကြန်ကာလ ကျင်းပပုံဖြစ်သည်။
ကိုးကား:Wikipedia
#သင်္ကြန် #မြန်မာ့ရိုးရာသင်္ကြန်
တီချယ်တို့ရေ ဒီလိုမျိုးလေးရော ကြံဖူးကြတယ်မို့လားရှင် 💁
⭐ ကလေးက အင်္ဂလိပ်လိုက သင်စရာမလိုပဲ တတ်နေတယ်။ ကျွန်မကလေးက အရမ်းဉာဏ်ကောင်းတယ်။ သင်လွယ် တတ်လွယ်တယ်ရှင့်။ သိပ်သင်စရာ မလိုပါဘူး။ လိုတာလေး နည်းနည်းပါးပါးပဲ ပြပေးရမှာပါ ဆိုတာမျိုးလေး 😃😃
🌟 ဒါဟာ မိဘကိုယ်တိုင် လွဲမှားစွာ မသိနားမလည်ခြင်းမျိုးပါလို့ အကြံပြုပါရစေရှင်။ အကြားအာရုံနဲ့ သိခြင်းမျိုးတော့ ဟုတ်ပါတယ်။ စနစ်ကျစွာ သိနားလည်ခြင်းမျိုးတော့ မဟုတ်ပါဘူးရှင်။
🧑🏫 အဲ့လိုကလေးမျိုးကို သင်ကြားကြည့်သည့်အခါမှာ ဘာမှ မသိသေးသော ကလေးများထက် သင်ယူမှုမှာ ပိုကြန့်ကြာနေတာကို တွေ့ရပါတယ်။ အဘယ်ကြောင့်နည်း ....? တီချယ်တို့ အဖြေလေးတွေ ပြောကြည့်ပါလားရှင်။ အားလုံး ဗဟုသုတ ရစေတာပေါ့ရှင်။
📵စေတနာဖြင့် အသိပေး၍ မျှဝေခြင်းသက်သက်ပါ
📵 Social Media ခေတ်ဖြစ်တဲ့အတွက် မိဘများ မိမိ၏ကလေးငယ်များကို ကြည့်တတ် မြင်တတ်စအရွယ်လောက်ကတည်းက ကလေးက ဖုန်းကိုလိုက်ကြည့်တာ သဘောကျနေပြီး အစပြုခြင်းတွေကို ရှောင်ရှားစေချင်ပါတယ်။
📵 YouTube, TikTok များကြည့်ပြီး အင်္ဂလိပ်လိုတွေ ပြောချင်ရာလျှောက်ပြောနေတတ်တာကို အဟုတ်ထင်ပြီး မိမိကလေးက အလိုလိုက်ဖုန်းတွေပေးထား၊ social network ဖြစ်နေတဲ့အတွက် အရွယ်နဲ့ မလိုက်တဲ့ ၊ မမြင်ထိုက်၊ မကြည့်ထိုက်တာတွေ လူကြီးမသိအောင် ကြည့်တတ်လာကြမယ်ဆိုတာ သတိပြုစေချင်ပါတယ်။
📵 စိတ်အပျက်ဆုံးတစ်ခုကတော့ TikTok တွေမှာ Cele တွေဖြစ်ချင်ကြလို့ အခြောက်ပုံစံပြော၊ ပေါက်ပန်းဈေးစကားတွေ ဟာသတွေပြောပြနေတာတွေကို ကလေးတွေလိုက်ကြည့်ပြီး အတုယူမှားနေကြတာတွေကို သတိမမူကြပဲ၊ ကိုယ့်ကလေးက အရမ်းတတ်တယ်ဆိုပြီး ဂုဏ်ယူမှားနေကြတာတွေ သတိပြုစေချင်ပါတယ်။
🔐🔴 နောက်တစ်ခုအနေနဲ့ မိဘမျိုးရိုးဗီဇကသက်ဆင်းလာတယ်ဆိုတာမျိုးမဟုတ်ပဲ လူမှာ ပင်ကိုယ်ဗီဇဆိုတာ ရှိစမြဲပါ။ အထူးသဖြင့် လိမ်ပြောတတ်တဲ့အပြင် ကိုယ်တိုင်လုပ်ထားတဲ့အမှားမျိုးကို သူတစ်ပါးအပေါ်လွှဲချလိုက်တာမျိုး၊ ကိုယ်မသိလိုက်တဲ့ ပုံစံမျိုးလုပ်တတ်တဲ့ ကလေးမျိုးဆို မိဘတိုင်းက ကိုယ့်သားသမီးရဲ့ ပုံစံနဲ့အကျင့်ကို သိပြီးသားပါ။ ဒါကို ငယ်ကတည်းက ပြုပြင်ဆုံးမပေးထားသင့်ပါတယ်။ ဆရာ၊ဆရာမတွေမှာ အဲ့လိုကလေးမျိုးတွေ့ကြုံရတာ များလာနေပါပြီ။ အဲ့ကလေးရဲ့ ဘဝတစ်လျှောက်လုံး ဒီဉာဉ်ဆိုးကြီးပါသွားရင် စာရိတ္တပိုင်းဆိုင်ရာအထိ ဒုက္ခတွေ့လာနိုင်ပါတယ်။
💁 ဖေဖေ မေမေတို့အနေနဲ့ အလုပ်တွေမအားလို့ လှည့်မကြည့်နိုင်ဘူး။ ကျူရှင်ထားတယ်၊ ကျောင်းပို့တယ်၊ guide ဆရာမရှိတယ်၊ language တွေသင်ပေးနေတာပဲဆိုတာနဲ့ မလုံလောက်ပါဘူးနော်။ လက်ဦးဆရာ မိနှင့်ဖ ဆိုတာလေး သတိချပ်စေချင်ပါတယ်။ မိမိ၏သားသမီးများအတွက်လည်း အချိန်ရှိရပါမယ်။ မိမိရဲ့ သားသမီး ရတနာများကို တကယ်ချစ်တယ်ဆိုရင် social network သုံးခြင်းကို စည်းကမ်းနှင့်ကိုင်တွယ်နိုင်ကြပါစေလို့ ပြောချင်ပါတယ်။
📢 မနေနိုင်လွန်းလို့ ရေးသားအကြံပြုလိုက်ပါတယ်ရှင့်
သားသားမီးမီးတို့ကို ချစ်တဲ့ #တီချယ် လဝန်းမေ
သင့်ကလေးကို English စာတိုးတက်စေဖို့
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🌍ကမ္ဘာနဲ့ရင်ဘောင်တန်းနေတဲ့ခေတ်ကြီးမှာ အင်္ဂလိပ်စာက အဓိကကျတဲ့ အပိုင်းတစ်ခုအဖြစ်ပါဝင်နေပါတယ်။
🧑🏫အခုထပ်မံ သင်ကြားပေးမယ့်အတန်းလေးကတော့ Grade-7 , 8 ,9 & 10 ကျောင်းသားများအတွက်English Grammar (၂လပြတ်) အတန်းလေးပဲဖြစ်ပါတယ်။ Grammar ကိုနားလည်ထားတဲ့သူတွေအတွက် English စာကြောက်စရာမလိုတော့ပါဘူး။
💁အချိန်လည်း အများကြီးမတက်ချင်ဘူး။ ငွေကြေးလည်း အများကြီး မသုံးချင်ဘူး။ ကိုယ့်ကလေးကလည်း အင်္ဂလိပ်စာ Grammar အားနည်းနေလို့ ဘယ်လိုလုပ်ရမလဲ မသိတဲ့ မေမေတို့ရဲ့ သားသမီးများအတွက် အထူးသီးသန့် စိတ်အေးရအောင် ဖွင့်လှစ်ပေးလိုက်ပါတယ်ရှင်။
💯ဒီသင်တန်းကိုတက်ရောက်လိုက်တာနဲ့ Grammar မကြောက်တော့ပါဘူး မေမေလို့ ပြောစေရမယ်... အာမခံပါတယ်။ သို့သော် စည်းကမ်းချက်လေးတော့ လိုက်နာရပါမယ်နော် .....✅
💻သင်ကြားမည့် ပုံစံ - Online Class (Zoom )
📢စည်းကမ်းချက် - တက်ရောက်သောကျောင်းသားများအားလုံး ကင်မရာဖွင့်ရပါမည်။
🕗သင်တန်းချိန် အပတ်စဉ်
Sunday - 8:00 -9:30pm
Monday- 8:00- 9:30pm
Wednesday -9:00-10:00 pm
➡️သင်တန်းစတင်ဖွင့်လှစ်မည့်ရက်ကတော့ 2024 ဧပြီလ 1ရက်နေ့ပါ။
💵သင်တန်းကြေးကတော့ ၂လပြတ်ကိုမှ သုံးသောင်းငါးထောင်ကျပ်ပါ။
▪️ English သင်တန်းများထပ်မံတက်ရောက်ရာတွင်လည်း တခြားသူများထက် ပိုမိုသင်ယူနိုင်စွမ်း
မြင့်မားခြင်းအစရှိတဲ့ အကျိုးကျေးဇူးများစွာလည်း ရရှိစေမှာ ဖြစ်ပါတယ်။
ယခုဆို ကလေးငယ်များအနေဖြင့်ငယ်စဉ်ကတည်းက English စာသင်ယူဖို့အတွက် ယခင်ထက်များစွာ လွယ်ကူနေပြီ ဖြစ်ပါတယ်။
⭐အထူး အစီအစဉ်အနေနဲ့ ဒီပို့စ်ကို မိမိရဲ့ မိတ်ဆွေသုံးဦးကို mention ခေါ်ပြီး like & share လေးပြုလုပ်ပြီး Screenshot လေးကို မူလ pageရဲ့commment boxမှာ မန့်ပေးတဲ့သူများကို သင်တန်းကြေး ငါးထောင်ကျပ် သက်သာမယ့် အခွင့်ရေးလည်း ပေးအပ်သွားမှာပါရှင်။
🏘️အခုပဲ Tr. La Won May Education Center ရဲ့
📩 page box သို့မဟုတ်
📞 09 955 578 842 ကိုဆက်သွယ်၍ အသေးစိတ်စုံစမ်းပြီး သင်တန်းအပ်နှံလိုက်ကြပါရှင်။
နှစ်သစ်မှာ ပညာရေးခြေလှမ်းအသစ်တွေနဲ့အတူ Tr. La Won May Education Center မှပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့် 🥰🙏🏻
ယခင်နှစ်တွေမှာ တီချယ်တို့အနေနဲ့ Online class တွေကို ဦးစားပေးဖွင့်လှစ်ခဲ့ပြီး…
မြန်မာပြည်တွင်းသာမက ထိုင်းနှင့် မလေးရှားနိုင်ငံရှိ မြန်မာကျောင်းသူ၊ကျောင်းသားများ အပါအဝင် စုစုပေါင်း ထောင်ဂဏန်းထိ သင်ကြားပေးခဲ့ပါတယ်။
💁🏻♀️ ယခု 2024-2025 ပညာသင်နှစ်မှာတော့ ခြေလှမ်းသစ်အနေနဲ့ In person class ကို အပြင်သင်တန်းအနေဖြင့် တောင်ဒဂုံမြို့နယ်မှာ ဂုဏ်ယူစွာဖွင့်လှစ်မှာ ဖြစ်ပါတယ်ရှင်။
Tr. La Won May Education Center ကိုအပြင်မှာလာတက်ချင်တဲ့ တောင်ဒဂုံမြို့နယ်က ကျောင်းသား၊ကျောင်းသူများအတွက် အထူးသတင်းကောင်းပဲ ဖြစ်ပါတယ်နော်📣
ဖွင့်လှစ်မည့်သင်တန်းတွေကို
1️⃣ ကျောင်းသား၊ကျောင်းသူများအတွက် အချိန်တိုအတွင်း လျှင်မြန်စွာ ထိရောက်မှုရှိစေရန်နှင့်
2️⃣ Up to date ဖြစ်သော သင်တန်းများကို သင့်တော်သောသင်တန်းကြေးနှုန်းထားဖြင့် အပြင်မှာတက်ရောက်သင်ကြားနိုင်စေရန်
စတဲ့ရည်ရွယ်ချက်နှစ်ခုကို အဓိကစဉ်းစားပေးပြီး စီစဉ်ဖွင့်လှစ်ပေးထားပါတယ်ရှင့်။
💁🏻♀️ နွေရာသီ သီးသန့်သင်တန်းများအနေဖြင့် မတ်လထဲမှာစတင် ဖွင့်လှစ်မှာဖြစ်ပါတယ်။ ဖွင့်လှစ်မည့် သင်တန်းများကတော့
📌 မြန်မာအက္ခရာ၊ အင်္ဂလိပ်အက္ခရာနှင့် ဂဏန်းင်္သချာရေးနည်းသင်တန်း
(စာမရေးတတ်သေးသူ ကလေးငယ်များကို တီချယ်ကိုယ်တိုင် လက်ကိုင်အရေးသင်ကြားပေးမှာဖြစ်ပါတယ်။ အသက် 5 နှစ်အရွယ်မှစပြီး တက်ရောက်နိုင်ပါတယ်ရှင့်)
📌 KG မှ Grade - 9 အထိ အစိုးရသင်ရိုး အင်္ဂလိပ်စာနှင့် သင်္ချာအထူးသီးသန့်သင်တန်း
(အစိုးရသင်ရိုး text book များဖြင့် သင်ကြားပေးမှာဖြစ်ပြီး နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းစာကြိုသင်ချင်သူများအတွက် အထူးအဆင်ပြေပါတယ်ရှင့်)
📌 Basic Level Grammar Class
(အသက် 10 နှစ်မှ 13 နှစ်အရွယ်ကလေးများအတွက် Grammar ကို အခြေခံမှစပြီး zero to hero level ထိရောက်အောင် မြှင့်တင်ပေးမည့် သင်တန်းဖြစ်ပါတယ်ရှင့်)
📌 Oxford Phonics Class
( English pronunciation / အင်္ဂလိပ်စာအသံထွက်များကို Native speaker တစ်ဦးကဲ့သို့ မှန်ကန်ပီသစွာ ထွက်ဆိုတတ်စေရန် လေ့ကျင့်သင်ကြားပေးမည့် သင်တန်းဖြစ်ပါတယ်ရှင့်)
အထက်ပါသင်တန်းအားလုံးအတွက်…
💸 သင်တန်းကြေးတစ်လလျှင် 30,000KS #သုံးသောင်းကျပ် သာကျ
သင့်မှာ ဖြစ်ပါတယ်ရှင့်။
📌 International School အတွက် Primary - 1 မှ Primary - 6 အထိ လက်ခံသင်ကြားပေးမှာ ဖြစ်ပါတယ်ရှင့်။
International School သင်ရိုးများအတွက်…
💸 သင်တန်းကြေးတစ်လလျှင် 50,000KS #ငါးသောင်းကျပ် သာကျ
သင့်မှာ ဖြစ်ပါတယ်ရှင့်။
💁🏻♀️ သင်တန်းအားလုံးကို Tr. La Won May Education Center ၏ Founder တီချယ်ကိုယ်တိုင် ဦးစီးသင်ကြားပေးမှာ ဖြစ်ပါတယ်။
တီချယ်လဝန်းမေ ဟာဆိုရင်…
⭐️ B.Sc(Hons), M.Sc(Industrial Chemistry)
⭐️ Diploma in Home Education(UK)
⭐️ Certificate in International Phonetic Alphabet(IPA)
⭐️ Certificate in ECCD
⭐️ Certificate in Primary Teachers
⭐️ Certificate in Lesson Plan for Teaching Hand Abacus
⭐️ Certificate in Jolly Phonics and Oxford Phonics
⭐️ Certificate in Cambridge Exam Training
⭐️ Certificate in Strategic Planning Training
⭐️ Certificate in Personal Leadership Development Training တို့ကိုရရှိထားပြီး
လက်ရှိမှာလည်း Universal Institute of ESL(USA) ကိုလည်း သင်ယူနေတာဖြစ်ပါတယ်ရှင့်။
သင်ကြားပေးမဲ့ တီချယ်ကိုယ်တိုင်က စာသင်နှစ်သက်တမ်းများစွာရှိပြီး အရည်အချင်းပြည့်ဝလို့ ယုံကြည်စွာ အပ်နှံနိုင်ပါတယ်ရှင့်။
📍 သင်တန်းတည်နေရာ
အမှတ် (၁၂၄၅) ရွှေပြည်စိုး (၂) လမ်း၊ ရွှေဝါဝင်းဘုန်းကြီးကျောင်းအနီး၊ မင်းရဲကောင်းပုံလမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းအနီး၊ (၁၀၄) ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ကားဂိတ်တွေနဲ့နီးလို့ သွားရလာရလည်း လွယ်ကူပါတယ်ရှင့်။
သင်တန်းအကြောင်း အသေးစိတ် စုံစမ်းလိုသူများအတွက်
📞 09 95557884 (Viber&Telegram) သို့ခေါ်ဆိုပြီး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။
📩 လိုင်းအခက်အခဲများကြောင့် Facebook messenger reply များကြာမြင့်ခဲ့ပါက သိလိုသမျှကို
ဖုန်းနံပါတ်-09 955 578 842သို့ ဖုန်းဖြင့်လည်း တိုက်ရိုက်ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင့်။
အားလုံးပဲ သာယာသောနေ့လေးကို ပိုင်ဆိုင်နိုင်စေဖို့ Tr. La Won May Education Center မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင့် 🙏🏻🥰
#နွေရာသီသင်တန်းများ
✅ Online သင်နေရတာ သိပ်လွယ်ကူမနေပါဘူးနော်။ ကိုဗစ်ကာလ မတိုင်ခင်ကတောင် စာသင်ရင် အိမ်အေရာက် စာသင်ဝိုင်းတစ်ချိန်ကို 2သိန်း၊ 3သိန်းမရရင် မသင်ပါဘူးနော်။ အခုဒီကာလတွေမှာ ခေတ်ပျက် ခက်ခဲနေကြလို့ သင်တန်းကြေးတွေ အများကြီးလျော့ချထားတာ သင်နေတဲ့သူတွေ သိပါလိမ့်မယ်။ မဟုတ် တယုတ် Agency တွေလုပ်လိုက်လို့ တကယ် ဆရာအစ်တွေမှာ ပိုခက်ခဲကြရပါတယ်။
✅ နောက်ပိုင်းဖြစ်လာတဲ့ ပြဿနာတွေက မိဘတွေက သင်ချင်တော့ One on One၊ ပေးတဲ့ဉာဏ်ပူဇော်ခက လူအများနဲ့တက်တဲ့ဈေး။ အချိန်က တစ်ချိန်ကို 2နာရီ မက 3နာရီယူချင်ပါတယ်ဆိုတဲ့ မိဘများကပါသေးတယ်။
✅ ဆရာတွေရဲ့ ပညာတွေက အဲ့လောက်ဈေးပေါမနေပါဘူးနော်။ ကျွန်မတို့ 9တန်း၊ 10တန်းကတည်းက 5ယောက်တစ်ဝိုင်းဆို 3သိန်းပေးရပါတယ်။ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်လောက်ကပါနော်။ အခုခက်ခဲတဲ့သူတွေကို မဆိုလိုပါဘူးနော်။ အချောင်လိုချင်တဲ့ ပညာတန်ဖိုးမသိတဲ့ ဈေးပေါပေါနဲ့ သင်ချင်ကြတဲ့ မိဘတွေကိုပြောပြတာပါ။
✅ Professional teacher တွေအတွက် အချိန်တွေ၊ငွေကြေးတွေ ၊ခေတ်နဲ့အညီ ပြောင်းလဲလိုက်လုပ်နေရတဲ့ ဆရာသမားတွေကို မစော်ကားကြပါနဲ့နော်။ ကျွန်မတို့ ပညာရေးက အဲ့လောက်ဈေးမပေါကြပါဘူးရှင်။ ဂုဏ်တု ဂုဏ်ပြိုင်လုပ်ဖို့ကျတော့ ဘယ်လောက်ကုန်ကုန် မနှမြောကြဘူး။ နာမည်ကြီးနေရာတွေ လိုက်ထားကြတယ်။ Group class တွေတင် သိန်းချီပေးကြတယ်။ တကယ်တက်ကြလားဆိုတော့ ဘာမှ နားမလည်ကြဘူး။
✅ ပြီးတော့မှ ကျွန်မတို့ဆီရောက်လာကြပြီး ကူညီပါ တီချယ်ရယ်၊ ဟိုဟာက မတတ်နိုင်လို့၊ ဒီဟာက ဘာဖြစ်လို့.... အစသဖြင့်အကြောင်းပြချက်မျိုးစုံပြပြီး ယူချင်တဲ့အချိန်နဲ့ ပေးချင်တဲ့ ငွေ မတန်တဆတွေ လာပြောရဲကြတယ်နော်။ တစ်ခါတလေ စာသင်ချင်စိတ်တောင်မရှိတော့လောက်အောင်ပဲ။
✅အချို့ရှိသေးတယ်။ အတန်းမတက်ရင် ခွင့်မတိုင်၊ဆရာက ဖုန်းဆက်ခေါ်ရတာပါသေးတယ်။ ကျွန်မတို့တွေတုန်းက ဆရာမလာမချင်း စောင့်ရတာပါ။ ဆရာခွင့်မပြုပဲ အိမ်ပြန်လို့မရပါဘူး။ ဆရာတွေကို ရိုသေမှုအပြည့်ထားပါတယ်။ အခုခေတ်ကလေ ကလေးတွေက နားမလည်ကြတာလဲမပြောနဲ့ အဲ့မိဘတွေကိုယ်တိုင်ကိုက မိဘ၊ဆရာရဲ့ နေရာနဲ့ ဂါရဝကို သူတို့ကိုယ်တိုင်တောင် မသိလို့လား တွေးမိပါတယ်။
✅ အွန်လိုင်းသင်ကြားရတာ သိပ်လွယ်မနေပါဘူး။
Tr. La Won May Education Center မှာ In person class တက်ချင်သူတွေအတွက် သင်တန်းလေးနှစ်ခုရဲ့ အချိန်စာရင်းလေးတွေတင်ထားပေးလိုက်ပါပြီရှင်။
· ·
ကလေးအားလုံးရဲ့ English Journey အစ Phonics က ⭐️⭐️⭐️
ဖေဖေ၊မေမေတို့ရေ ဒီနေ့ခေတ်ကြီးထဲမှာ မိမိတို့ရဲ့ ရင်သွေးတွေကို ဘယ်လို English class တွေတက်ခိုင်းထားပါသလဲ ❓
အဲ့ဒီ English class တွေကရော 100% ထိရောက်မှု ရှိရဲ့လား ❓
သင့်ကလေးက English အသံထွက်ကို native တစ်ယောက်ကဲ့သို့ ပီသစွာထွက်နိုင်ပြီလား ❓
💁🏻♀️ ဒီမေးခွန်းတွေအတွက် အဖြေကတော့ Tr. La Won May Education Center ရဲ့ Oxford Phonics Class မှာ ရှိနေပါတယ်နော်။
ကလေးတွေအနေနဲ့ English စာကို First step ကနေစတင်မယ်ဆို Phonics Class ကနေ သေချာပေါက် စတင်သင့်ပါတယ်ရှင့်။
⭐️ Oxford Phonics သင်တန်းဟာဆိုရင်
- English အသံထွက်ကို မှန်ကန်ပီသစွာ ထွက်ဆိုနိုင်အောင် အထူးလေ့ကျင့်သင်ကြားပေးတဲ့ သင်တန်းတစ်ခုပဲ ဖြစ်ပါတယ်။
- မှန်ကန်သော အသံထွက်ဆိုနိုင်ဖို့အတွက်လည်း A to Z English alphabets များမှစတင်ပြီး တစ်လုံးချင်းစီ အသေးစိတ် အသံထွက်သင်ကြားပေးလို့ ကလေးများအနေနဲ့ ဖိအားမရှိပဲ လွယ်ကူစွာ သင်ကြားနိုင်မှာ ဖြစ်ပါတယ်ရှင့်။
- Phonics သင်ကြားမှုကို ပျော်ရွှင်စွာသင်ကြားနည်းစနစ်ကြောင့် ကလေးတို့အနေနဲ့ စာမကြောက်တော့ပဲ စာသင်ကြားရခြင်းကို အကျွမ်းတဝင်ရှိလာစေမှာပါ။
💁🏻♀️ ဒါ့အပြင်
⭐️ Level တစ်ခုကို သင်တန်းကာလ 3 လပြီးဆုံးတာနဲ့ ကလေးရဲ့ English စာတိုးတက်မှု စွမ်းရည်ဟာ သိသိသာသာမြင့်တက်လာမှာဖြစ်ပြီးတော့
⭐️ အသံထွက်ဟာလည်း native တစ်ယောက်ကဲ့သို့ မှန်ကန်လာမည့်အပြင်
⭐️ နောက်ဆက်တက်မဲ့ English 4 Skills Class တွေအတွက်ပါ အခြေခံကို ပိုင်ပိုင်နိုင်နိုင်ရရှိစေမှာပဲ ဖြစ်ပါတယ်ရှင့်။
🏫 Tr. La Won May Education Center ဟာဆိုရင် ထောင်ချီသော ကျောင်းသားဦးရေနဲ့အတူ Jolly & Oxford Phonics Class batch ပေါင်းများစွာဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါတယ်ရှင့်။
ပညာရေးလောကမှာလည်း နာမည်ရ Education center တစ်ခုဖြစ်လို့ ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ်နော် 🥰
✅ Phonics Class နဲ့ပတ်သက်ပြီး အသေးစိတ်စုံစမ်းလိုပါက
📞 09 955 578 842 (Viber) သို့လည်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင့်။
နောက်ရက်တွေမှာ စနေ၊တနင်္ဂနွေမှာ Oxford phonics & Basic English Grammar class အတွက် In person အတန်းအချိန်လေးတွေကြေငြာပေးပါမယ်ရှင့်။
Tr. La Won May Education Center မှာ အွန်လိုင်းကနေ အင်္ဂလိပ်စာကို အချိန်ကာလတစ်ခုပေးပြီး တက်ရောက်သင်ကြားနေဆဲဖြစ်တဲ့ ကျောင်းသား၊သူများရဲ့ တိုးတက်မှုကို သူတို့လေးတွေကိုယ်တွေ့ခံစားနေရပုံကို စာသင်ရင်းပြောကြားသွားပါတယ်။
Tr. La Won May Education Center မှာ သင့်ကလေးရဲ့ ပညာရေးကို ယုံကြည်စွာ အပ်နှံလိုက်ပါ 👍🏻☑️
နာမည်ရ Online Education Center တစ်ခုဖြစ်သည့်အပြင်၊ အပြင်စာသင်ဝိုင်းနဲ့ နွေရာသီကျောင်းစာသင်ဝိုင်းတွေလည်း ဖွင့်လှစ်ထားပါသေးတယ်နော် 🥰
💁🏻♀️ Tr. La Won May Education Center ဟာဆိုရင်
စတင်တည်ထောင်ဖွင့်လှစ်ချိန်မှစ၍ ယခုအချိန်အထိ ထူးချွန်ထက်မြတ်သော ကျောင်းသား၊ကျောင်းသူ ထောင်ဂဏန်းနီးပါးမွေးထုတ်ပြီးခဲ့ပြီး ဖြစ်ပါတယ်ရှင့်။
အရည်အချင်းပြည့်ဝသော ဆရာ၊ဆရာမများရဲ့ သင်ကြားမှုအောက်မှာ Online learning ရဲ့ကြယ်ပွင့်လေးတွေအဖြစ် ကလေးများစွာကို ပျိုးထောင်ပေးလျက်ရှိပါတယ် 🌟🌟🌟
တီချယ်တို့ကျောင်းမှာ ကျောင်းအပ်အများဆုံး သင်တန်းတွေကတော့…
⭐️ Jolly Phonics / Oxford Phonics Class
⭐️ English Grammar/ Basic English Grammar
⭐️ English 4 Skills Class
တို့ပဲဖြစ်ပါတယ်ရှင့်။
အထက်ပါသင်တန်းတွေအပြင် 💁🏻♀️
💫 KG မှ Grade - 12 အထိ အစိုးရသင်ရိုးသင်တန်းများ
💫 IS သင်ရိုးသင်တန်းများ
ကိုလည်း စုံစမ်းတက်ရောက်နိုင်ပါတယ်။
အသေးစိတ်ဆက်သွယ်မေးမြန်းလိုသူများအတွက်
☑️ Tr. La Won May Education Center page chat box နှင့်
📞 09 955 578 842 သို့ဖြစ်စေ (Viber)သို့ ဆယ်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
လတ်တလောလိုင်းအခြေအနေများကြောင့် ပိုမိုမြန်ဆန်တဲ့ reply ရဖို့အတွက်ဆို ဖုန်းခေါ်ပြီးတိုက်ရိုက်ဆက်သွယ်ဖို့ကိုလည်း မေတ္တာရပ်ခံချင်ပါတယ် 🥰
အားလုံးပဲ သာယာသောနေ့လေးကို ပိုင်ဆိုင်နိုင်ဖို့ Tr. La Won May Education Center မှ ဆုတောင်းမေတ္တာပို့သလိုက်ပါရစေရှင် 🙏🏻
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the school
Telephone
Website
Address
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon
Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3
No. 9 Kan Street, Hlaing Township
Yangon, 11012
Enhancing educational and career opportunities for Myanmar youth since 2009.
Yangon
တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon
Education
Yangon
We aim to teach subjects relating to the business world at affordable prices.